Unicode
တိတ်ဆိတ်နေသောဟိုတယ်ခန်းထဲ၌---
ချူချန်သည် ဆိုဖာပေါ်ထိုင်ပြီး လက်ပိုက်ထားလျက် ရှေ့တော်မှောက်မှလူသားအား အေးစက်စက်စိုက်ကြည့်နေသည်။
ကျိချင်းကျိုးကတော့ သူနဲ့မျက်နှာချင်းဆိုင် ဆိုဖာပုစိပေါ်မှာ ထိုင်ပြီး သိသိသာသာကို မကျေမနပ်တွေဖြစ်နေသည့် မိမိရှူးဂါးဒယ်ဒီအားကြည့်ရင်း နားမလည်နိုင်စွာမေးလိုက်သည်။
"ဘာဖြစ်နေတာလဲ"
"ဪ...မေးရဲသေးတယ်လား"
ချူချန်ရဲ့ချစ်သူပေါက်က ဟန်ဆောင်ကောင်းလွန်းလို့ တကယ်ကို သရုပ်ဆောင်ဖြစ်ထိုက်ပါပေတယ်! !
"ကိုယ့်ဆံပင်ဆေးရောင်အသစ်က ကြည့်ကောင်းရဲ့လား"
ကျိချင်းကျိုးတော့ ဂရုတစိုက်စူးစမ်းကြည့်ပေမယ့် ဘာမှပြောင်းလဲသွားတာမတွေ့ရပေ။
" ခင်ဗျား ဆံပင်ဆေးဆိုးထားတယ်? ။ မဟုတ်သေးပါဘူး။ အနက်ကြီးပဲကို "
အလင်းရောင်ကြောင့်များလား? ဒါနဲ့ သူလည်း မတ်တပ်ထရပ်ပြီး ချူချန်ရှေ့နားထိကပ်သွားကာ သေသေချာချာကြည့်ရင်း မရေမရာပြောလိုက်သည်။
"ကျွန်တော်သွားတုန်းကနဲ့အရောင်တူတူပါပဲ။ခင်ဗျား ဘာအရောင် ဆိုးလိုက်တာလဲ"
"ဘာအရောင်လဲ ဟုတ်လား... ဟမ့်!"
ချူချန်က လှောင်ရယ်လာသည်။
"အစိမ်းရောင်ပေါ့ကွ! မြက်စိမ်းရောင်လေ ! မြက်စိမ်းရောင်! "
ကျိချင်းကျိုးကြောင်သွားသည်။သို့သော် နောက်တစ်စက္ကန့်မှာပဲ မအောင့်အည်းနိုင်စွာ ရယ်တော့သည်။ ချူချန်ရဲ့လက်ရှိပုံစံကြီးနဲ့ ယင်းယန်ထူးဆန်နေပုံကြီးကို နားလည်သွားပါပြီ။
"လျှောက်တွေးနေပြီ..."
ကျိချင်းကျိုးက ရယ်ပြီး ဆိုဖာလေးပေါ်သွားပြန်ထိုင်သည်။
"ကောနဲ့ ကျွန်တော်က သာမန်ညီအစ်ကိုဆက်ဆံရေးပါပဲ။ခင်ဗျား ဘယ်လိုတွေ လျှောက်တွေးနေတာလဲ"
"ကိုယ်ကလျှောက်တွေးတယ်? ဒါဆို မင်းပဲ ရှင်းပြစမ်းပါဦး။ကိုယ်လာတုန်းက မင်းတို့နှစ်ယောက်ဘာတွေဖြစ်နေကြတာလဲ။အချစ်မျက်လုံးတွေနဲ့ ဆွဲဆွဲငင်ငင်ကြည့်နေရုံတင်မကသေးဘူး လျန်ကျင်းရှင်ကလည်း အင်္ကျီကစ ဝတ်ပေးချင်နေတာ တကားကားနဲ့။ သူက မင်းလက်ထောက်မို့လား။မင်းကိုကျ အင်္ကျီကူဝတ်ပေးပြီး ဘာလို့ ကိုယ့်ကိုကျ အင်္ကျီကူမဝတ်ပေးတာလဲ "
"အဲ့တာက...ကျွန်တော့်အင်္ကျီက ဇစ်ကဖြစ်နေတာ။ဆွဲတင်လို့မရဘူးလေ။ ကျွန်တော်လည်း ဆွဲတာပဲ မရတော့... သူက ကူညီပေးတာ"
"ကြီးမြတ်တဲ့ဇစ်ကြိုးပါပေ့... ဟမ့်"
ကျိချင်းကျိုးမှာ သူ့ကိုကြည့်ပြီး ဘာပြောရမလဲမသိသလို နည်းနည်းလည်း အံ့အားသင့်နေမိ၏။
"တကယ် ခက်တာပါဆို ... လျှောက်တွေးမနေပါနဲ့တော့"
"ဘာလို့ ဆွဲမရရမှာလဲ"
ချူချန်က သူ့ဆီလျှောက်လာပြီး လက်နှစ်ဖက်လုံးဖြင့် ဆိုဖာပေါ် ရှိလူကို ဆွဲမကာ ထိုဇစ်အား လက်မနှင့်လက်ညှိုးဖိညှစ်ပြီး ဆွဲတင်လိုက် ဆွဲချလိုက် ဆွဲတင်လိုက် ဆွဲချလိုက် အကြိမ်ကြိမ်လုပ်ပြလာသည်။
"လွယ်လွယ်လေးမဟုတ်လား"
သူကပြောရင်းတန်းလန်းနဲ့ ကျိချင်းကျိုးရဲ့ အနွေးထည်ကို ကူချွတ်ပေးလာသည်။
"အိမ်ထဲရောက်နေပြီကို အနွေးထည်မချွတ်ဘာမချွတ်နဲ့ မပူဘူးလား"
ခင်ဗျားကို ဘယ်လို ချော့ရမလဲပဲတွေးနေမိတာပါဆို...ကျိချင်းကျိုး စိတ်ထဲမှညည်းညူလိုက်သည်။
သူသည် ချူချန်တစ်ယောက် သူ့အဝတ်အစားတွေနားမှာ မိမိအနွေးထည်လေးသွားချိတ်လိုက်သည်ထိကြည့်နေမိကာ ရှင်းပြလိုက်သည်။
"ဘာဖြစ်ဖြစ်ပါ...ခုနက တကယ်ကို ဆွဲမရခဲ့တာ။ကျွန်တော် အဲ့နေရာမှာမကျွမ်းလို့လည်းဖြစ်နိုင်ပါတယ်။ခင်ဗျားသာဆန္ဒရှိရင် နောက်ဆို ဇစ်ကူဆွဲပေးပေါ့နော့"
ချူချန်က အင်္ကျီချိတ်ရင်း သူ့ကိုပြန်လှည့်ကြည့်လာသည်။
"ဒီမှာ မင်းက အသက်နှစ်ဆယ်နော်။နှစ်နှစ်သားမဟုတ်ဘူး။အခုထိ ပါးပါးက ဇစ်လိုက်ဆွဲပေးရဦးမယ်ပေါ့"
ကျိချင်းကျိုးက သက်ပြင်းချပြလာသည်။
"ခင်ဗျားကို ဆွဲခိုင်တော့လည်း မလုပ်ချင်။သူများကူညီပေးတော့လည်း မကြိုက်နဲ့။ပါးပါး! ခင်ဗျားရဲ့စိတ်က အရမ်းခန့်မှန်းရခက်တာပဲ"
ချူချန်က လက်ဖျောက်တီးလိုက်သည်။
"မနက်ဖြန် မင်းအနွေးထည်တွေအကုန်လုံး ကိုယ် ချိန်းပေးမယ်။ဇစ်မပါဘဲ ကြယ်သီးချည်း သီးသန့်။မင်း ဘယ်လိုတွေဆင်ခြေပေးဦးမလဲကြည့်ရတာပေါ့"
ကျိချင်းကျိုးက ခေါင်းငုံ့ပြုံးလိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ခေါင်းတဆတ်ဆတ်ညိမ့်လာသည်။
"ပြောင်းဗျာ။ ပြောင်း"
သူစကားဆုံးဆုံးချင်း ချူချန်က စကားပြောဟန်ပြင်လိုက်စဉ် တံခါးခေါက်သံကြားလိုက်ရသည်။ကျိချင်းကျိုးသည် ချူချန်အား ခဏစောင့် ခိုင်းကာ တံခါးသွားဖွင့်တော့ အပြင်မှာ လျန်ကျင်းရှင်က မတ်တပ်ရပ်နေ၏။
"ဘာလို့လဲ ? ကော"
"ဒီမနက်က မင်း ကိုယ့်ကို ပေးစရာရှိတယ်လို့ပြောခဲ့တယ်မဟုတ်လား။ဒါနဲ့ သတိလာပေးတာပါ"
ကျိချင်းကျိုးက "အော်" ဟုအသံပြုကာ -
"ခဏနော်"
"ဒီမှာပဲရပ်စောင့်ရမှာလား"
လျန်ကျင်းရှင်သည် ခြေထောက်အောက်မှ မြေကြီအား လက်ညှိုးထိုးပြလာသည်။
ကျိချင်းကျိုးက မြန်မြန်ပဲ တံခါးဖွင့်ပေးလိုက်ပြီး သူဝင်လို့ရအောင်နေရာဖယ်ပေးလိုက်သည်။
"အဲ့လိုမဟုတ်ပါဘူး။အထဲဝင်ပါ ကော"
လျန်ကျင်းရှင်မှာ အထဲဝင်ဝင်ချင်း မည်းမှောင်သောမျက်နှာထားဖြင့် သူ့ကိုကြည့်နေသော ချူချန်ကိုတွေ့လိုက်ရသည်။သူ ပြုံးပြလိုက်ကာ ယဉ်ယဉ်ကျေးကျေးပဲနှုတ်ဆက်လိုက်တယ်။
"ချူရှောက်...မတွေ့တာကြာပြီနော်"
ချူချန်ကမူ အထင်သေးတဲ့အပြုံးကြီးဖြင့် -
"မတွေ့ကြတာပဲပိုကောင်းပါတယ်"
လျန်ကျင်းရှင်သည်ကား သူ့ရဲ့ ထူဆန်းတဲ့စကားအသွားအလာကိုနားထောင်ရင်း အတွေးတွေက ပိုပိုပြီး သေချာလာခဲ့သည်။
ထို့နောက် သူက တမင်တကာ စကားစလိုက်သည်။
"ချင်းကျိုးက ကိုယ့်ကို ပေးစရာရှိတယ်ပြောလို့လေ။ဒါနဲ့ သူဆီလာလိုက်တာ"
စကားဆုံးသည့်အချိန်မှာပဲ ကျိချင်းကျိုးက သိပ်မဝေးသည့်နေရာမှ ရေနွေးအိုးလေးယူလာပြီး သူ့လက်ထဲထည့်ပေးလာသည်။
"ဒီနှစ်ရက်အတွင်း ကော လည်ချောင်း နာနေတယ်မဟုတ်လား။ဒီရေနွေးက ကောအတွက်ပါ။ရေနွေးပူပူလေးသောက်တာ ကောင်းတယ်"
လျန်ကျင်းရှင်ကမူ မမျှော်လင့်ထားသည့် လက်ဆောင်ဖြစ်၍
မင်သက်နေမိသည်။အရင်နှစ်ရက်က သူ့အခန်းထဲက ရေပူစက်က ပျက်သွားပြီး ရေပူမရတော့ပေ။သူ့လက်ထောက်က ကောင်တာကိုသွားပြောရာ ကောင်တာက အသစ်တစ်ခုတပ်ပေးပါမယ် ပြောသော်ငြား အခုထိမရသေးပေ။လျန်ကျင်းရှင်ကိုယ်၌ကလည်း ရေနွေးမကြာမကြာသောက်တတ်သူမဟုတ်၍ သိပ်မတွေးနေခဲ့။ဒါပေမယ့် ကျိချင်းကျိုးကတော့ မှတ်ထားခဲ့သည်။
"ကျေးဇူးပါ"
လျန်ကျင်းရှင်ပြောလိုက်သည်။
"ရပါတယ်၊ကော"
ကျိချင်းကျိုးလည်း ရေနွေးကရားလေး သူ့ကိုပေးလိုက်သည်။
"ကော သုံးကြည့်ပါဦး"
"အသုံးတဲ့သွားတယ်ကွာ။အရင်နှစ်ရက် ကိုယ်တို့အနားယူတုန်းကတောင် ရှောင်ဟူကပြောနေတာရယ် သူ တစ်အိုးသွားဝယ်ဦးမယ်တဲ့"
"ဒါဆို အဆင်ပြေသွားတာပေါ့။ဘာဖြစ်ဖြစ်ပါ ကျွန်တော် အိုးကို ဆေးပြီးပြီမို့ ကော ပြန်ရောက်တာနဲ့ ချက်ချင်းတန်းသုံးလို့ရတယ်"
ကျိချင်းကျိုးက ရေနွေးအိုအား သေတ္တာထဲမထည့်ဘဲ သူ့လက်ထဲ တိုက်ရိုက်ထည့်ပေးတာက ဒါကြောင့်ကိုး။
"မင်းက အတော်လေး ဂရုစိုက်တတ်တယ်နော်"
ကျိချင်းကျိုးက ကိုးရိုးကားရားပြုံးပြလာသည်။
ချူချန်ဟာဆိုရင်ဖြင့် မိမိရှေ့တော်မှောက် အပြုံးပန်းဝေနေသူနှစ်ဦးအား ဟိုကြည့်လိုက် သည်ကြည့်လိုက် လုပ်နေရသည်။ကြည်နူးဖွယ် အခြေအနေလေးကို ဖန်တီးနေကြသူ နှစ်ဦးနှင့်သူ! ဒါက သုံးပွင့်ဆိုင် ဇာတ်လမ်းကြီးဆိုတာ လုံးဝအသိအသာပင်။သူကရော ဘာလို့ ဖြတ်လျောက်လုပ်နေရမှာလဲ?
"ပို့ဆောင်ဆယ်သွယ်လို့ ပြီးကြပြီလား"
ချူချန်က တည်တည်ငြိမ်ငြိမ်ဆိုလာသည်။
"လျန်ကျင်းရှင်ကလည်း ယူပြီးရင် ပြန်လို့ရပြီ"
ကျိချင်းကျိုးမှာ သူ့အသံကြားမှ စိတ်အခြေအနေမကောင်းနေတဲ့ ကိုယ့်ရှူးဂါးဒယ်ဒီကိုယ် သတိရသွားပြီး လျန်ကျင်းရှင်ကို စကားဖြတ်လိုက်ရသည်။
"အဲ ကော အရင်ပြန်လိုက်ပါ။ကျွန်တော်ပေးချင်ဆိုတာက ဒါလေးလေ"
"အင်း အင်း"
လျန်ကျင်းရှင်က ရည်ရွယ်ချက်ရှိရှိပြောလိုက်ပြန်သည်။
"ဒါဆို ပြီးရင် ကိုယ့်ဆီလာပြီး ဇာတ်ညွှန်းလာဖတ်ဖို့မမေ့နဲ့ဦးနော်"
"သူမအားဘူး"
ကျိချင်းကျိုးက စကားဆိုရန် ပြင်ရုံပင်ရှိသေး ချူချန် ကဖြတ်ပြောလိုက်သည်။
"ဟုတ်လား"
လျန်ကျင်းရှင်က ကျိချင်းကျိုးကိုကြည့်၍မေးလာသည်။
ကျိချင်းကျိုး ဘာတတ်နိုင်မှာလဲ ခေါင်းညိမ့်ပြရုံပေါ့။
"မနက်ဖြန်ရိုက်ကူးရေးမှ တွေ့တော့မယ်ကော"
"အင်း"
လျန်ကျင်းရှင်က သူ့ကို နေရခက်အောင်မလုပ်တော့ပေ။
"ဒါဆို ကိုယ်အရင်ပြန်တော့မယ်"
"အမ်း... goodbye ကော"
"goodbye"
လျန်ကျင်းရှင်က ထိုစကားဆိုပြီး အိုးလေးယူကာ ထွက်သွားတော့သည်။
သူထွက်သွားမှပဲ ကျိချင်းကျိုးက အနောက်ရှိ ရှူးဂါးဒယ်ဒီကိုကြည့်လာသည်။ချူချန်ကလည်း သူ့ကိုပြန်ကြည့်နေပြီး မျက်နှာထက် အပြုံးခပ်ကြီးကြီးကအထင်သား။
"နှစ်ယောက်သားက ဆက်ဆံရေးကောင်းပုံပဲနော်"
"မဆိုးပါဘူး"
"မင်းက သူ့ပေါ်အရမ်းသိတတ်တာပဲ။သူ လည်ချောင်း နာမနာလည်း ဂရုစိုက်ပေးတယ်။ရေနွေးပူပူလေးသောက်ဖို့တောင် သတိပေးသေးတယ်။မင်းက အဖြောင့်မို့လား။ရေနွေးပိုသောက်ပါ ဘာပါနဲ့"
ကျိချင်းကျိုးတစ်ယောက် မပြုံးချင်ပြုံးချင် ပြုံးလိုက်ရသည်။
ထို့ပြင် ချူချန်ကလည်း ထပ်ပြောလာသည်။
"ဘာပြုံးတာလဲ။ ကိုယ်အခန်းထဲရောက်တာဖြင့် အရမ်းကြာနေပြီ ။မင်းကို တွေ့ဖို့ အဝေးကြီးကနေ လာရတာ... ဒါမဲ့ မင်း! ရေနွေးမပြောနဲ့ ရေတစ်ခွက်တောင် ကိုယ့်ကို မတိုက်ခဲ့ဘူး! "
ကျိချင်းကျိုးက ချက်ချင်းလက်ငင်းပဲ ရေကရားကနေ ရေဖန်ခွက်အပြည့်ထည့်လိုက်ပြီး ချူချန်ဆီပေးလိုက်သည်။
"ဒီမှာ"
ချူချန်ကမူ အေးတိအေးစက်နှာခေါင်းရှုံ့လာသည်။
"ဟမ့်! ကိုယ်က ရေနွေးပဲသောက်ချင်တာ"
ကျိချင်းကျိုး ဖွီးခနဲထရယ်မိလုနီးနီးပင်။မနည်းထိန်းချုပ်ပြီး ပြုံးတဲ့ပုံလေးလုပ်ပြနေရသည်။ ချူချန်ရှေ့မှာ သူတကယ်မရယ်ရဲဘူး။
"ကျွန်တော် သွားကျိုလိုက်မယ်"
သူ့အခန်းမှာက ရေပူစက်လေးမတပ်ဆင်ထား၍ ဟိုတယ်က ရေနွေးအိုးတွေကလည်း မသန့်မှာစိုးရိမ်ရသည်။ ထို့ကြောင့် သူရောက်တာနဲ့ ရှောင်ချန်းအား ရေနွေးအိုးလေးဝယ်ခိုင်းလိုက်တာဖြစ်သည်။ကျိချင်းကျိုးတစ်ယောက် အိုးထဲရေထည့်ပြီး ပလပ်ပေါက်ထိုးကာ ချူချန်ဘေးနားပြန်လာထိုင်သည်။
"တင်ထားပြီးပြီ။ခဏနေ ခင်ဗျားသောက်ဖို့ ရေနွေးရပြီ"
ချူချန်တို့က မကျေနပ်သေး။
"ကိုယ်က သတိပေးနေရတယ်။ မင်းဘက်က အရင်လုပ်ပေးလို့မရဘူးလား။လျန်ကျင်းရှင်နဲ့ကျ အရမ်းတက်ကြွနေပြီး လည်ချောင်း နာ မနာ စိတ်ပူနေတယ်။ ကိုယ်လည်း လည်ချောင်း နာနေတာပဲကို"
ကျိချင်းကျိုးတစ်ယောက် သူ့ကိုကြည့်ပြီး ဆွံ့အနေမိသည်။
"ခင်ဗျားပဲ ကျွန်တော်ဘက်က တရင်းတနှီးတွေမလုပ်ပါနဲ့ဆိုပြီးပြောထားတာမဟုတ်ဘူးလား။နောက်ဆို ခင်ဗျားပဲ ဘာမဆိုလုပ်မယ်။ခင်ဗျားဘက်ကပဲ တရင်းတနှီးအပြုအမူတွေလုပ်မယ်။ကျွန်တော်က လက်ခံပေးရုံပဲဆို။"
"ဒါဆို မင်းက လျန်ကျင်းရှင်နဲ့ကျ ရင်းရင်းနှီးနှီးနေမယ်ပေါ့ အဲ့လိုလား"
"စီနီယာကောနဲ့ ကျွန်တော်က ရိုးရိုးသားသားပဲ။လူတိုင်းကိုလည်း အဲ့လိုပဲဆက်ဆံတာ။ခင်ဗျားက တစ်ခါကူညီပေးဖူးရင် ကျွန်တော်ကလည်း တစ်ခါပြန်ကူညီမယ်။ခင်ဗျားက ကောင်းကောင်းဆက်ဆံရင် ကျွန်တော်ကလည်း ကောင်းကောင်းဆက်ဆံမယ်။စီနီယာကောက ခင်ဗျားလိုမဟုတ်ဘူး။ ကျွန်တော့်ကို တရင်းတနှီးလာမနေနဲ့ ဆိုပြီးမပြောခဲ့ဘူး။ကျွန်တော်...သဘာဝကျကျပဲ ကျွန်တော်က သူပေးခဲ့တဲ့ အကူညီတွေတိုင်းပြန်ကူညီပေးနေတာ"
"အတော်လေးအကျိုးကြောင်းသင့်တယ်လို့ မင်းထင်တယ်ပေါ့"
"ဒါဆို ကျွန်တော်က မသိချင်ယောင်ဆောင်နေရမှာလား"
ကျိချင်းကျိုးမှာ မိမိ၏ရှူးဂါးဒယ်ဒီကို ဝန်ဆောင်မှုပေးဖို့ တကယ်ခက်ခဲလွန်းတယ်ဟုခံစားလာရသည်။
"ပိုပြီးအကျိုးသင့်အကြောင်းသင့်မရှိတဲ့လူက ဒယ်ဒီလုပ်နေတဲ့ ခင်ဗျားပဲ! တရင်းတနှီးမနေပါနဲ့ဆိုလို့ ခင်ဗျားပြောသလို ရင်းနှီးတဲ့အပြုမူတွေမလုပ်ခဲ့ဘူး။ကျွန်တော့်ဘက်က နီးနီးကပ်ကပ် မနေပြန်တော့လည်း ကျွန်တော်ကအရင် ဘာမှမလုပ်ပေးလို့ ဆိုလာပြန်တယ်။ ခင်ဗျား ကျွန်တော့်ကို ဘာဖြစ်စေချင်နေတာလဲ"
ချူချန် : ..................
ကျိချင်းကျိုးက သူနဲ့ဆွေးနွေးလိုက်သည်။
"ဒီလိုလုပ်ကြရအောင် နှိုးစက်နဲ့မှတ်စုလုပ်ထားကြမယ်။ ကျွန်တော်က မနက်ခင်းတစ်ခါ၊ နေ့လည်ခင်းတစ်ခါ၊ ညခင်းတစ်ခါ ခင်ဗျားအနားကပ်ရမဲ့အချိန်ကို နှိုးစက်ပေးထားမယ်။ကျန်တဲ့အချိန်တွေ ခင်ဗျားအနားကို လုံးဝမကပ်ဘူး။ ဒီလိုလုပ်လိုက်ရင် ကျွန်တော့်ကို ရင်းရင်းနှီးနှီးမနေစေချင်တဲ့ ခင်ဗျားရဲ့တောင်းဆိုချက်ကို ဖြည့်ပြီးသွားသလို ကျွန်တော့်ရဲ့ခပ်ခွာခွာနေတာကို ခင်ဗျားမကျေနပ်တာတွေတွက်လည်း အဆင်ပြေသွားတာပေါ့"
"ကိုယ်က မင်းရဲ့အလုပ်ကြီးတစ်ခုလား? အချိန်တွေမှတ်ထားဖို့တောင် လိုနေတယ်ပေါ့လေ"
"ဒါက ခင်ဗျားကို ဝန်ဆောင်မှုကောင်းကောင်းပေးရမယ့် ကျွန်တော့်အလုပ်ပဲမဟုတ်ဘူးလား? ကျွန်တော့် ! ဒယ်ဒီကြီးရဲ့ !"
ကျိချင်းကျိုး သက်ပြင်းချလိုက်သည်။
"ဒီအလုပ်က တကယ်ပဲ အရမ်းအရမ်းခက်ခဲလွန်းတယ်"
ချူချန် : ................
ချူချန်က ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေသည်။အခုလက်ရှိ သူ့ခံစားချက်တွေ ကောင်းမနေဘူး။သူနဲ့ကျိချင်းကျိုးတို့ အများကြီး စကားနိုင်လုခဲ့ကြဖူးပေမယ့် ရှူးဂါးဒယ်ဒီရဲ့ဂုဏ်သိက္ခာကို အတော်လေးထိခိုက်စေသည့် ကျိချင်းကျိုးကြောင့်ဆွံ့အမင်သက်မိနေတာက ပထမဆုံးအကြိမ်ပင်။
ကျိချင်းကျိုးကတော့ ရေနွေးဆူအောင်စောင့်ပြီးဖန်ခွက်လေးထဲလောင်းထည့်လိုက်သည်။ရေနွေးကတအားပူလွန်းမှာ စိုးရိမ်သဖြင့် ရေသန့်နည်းနည်းရောလိုက်ပြီးမှ သူ့ရှေ့ချပေးလိုက်သည်။
"ရေနွေးသောက်လို့ရပြီ"
ချူချန်ဘေးမှာပဲ ထိုင်ချလိုက်တယ်။
ချူချန်က တစ်ငုံယူသောက်လိုက်သည်။ကျိချင်းကျိုးကတော့ သူ့ကိုသာ လိုက်ကြည့်နေ၏။
"ဘာတွေကြည့်နေတာလဲ"
ချူချန် မေးလိုက်သည်။
"ခင်ဗျား စိတ်ဆိုးနေသေးလားကြည့်ကြည့်တာ"
ချူချန်က သူ့ကိုဝေ့ကြည့်လာ၏။
"နောက်ဆို လျန်ကျင်းရှင်နဲ့ ဝေးဝေးမှာနေ"
"သဝန်တိုလို့လား"
ကျိချင်းကျိုး မေးလိုက်သည်။
ချူချန်ကတော့ ရယ်မောလျက်-
"ကိုယ်က? သဝန်တိုတယ်?ဝေ့ မင်းဘာတွေတွေးနေတာလဲ။မင်းအရင်ကလို လှည့်ကွက်တွေသုံးပြီး ကိုယ့်အပေါ်လှည့်စားမှာစိတ်ပူရုံပါပဲ။လျန်ကျင်းရှင်ရဲ့ အခြေအနေက ဖန်ယောင်ရွှမ်းထက် အများကြီးပိုကောင်းတယ်လေ။မင်းမှာ ဘာအကြံမှမရှိတော့ပါဘူးလို့ အာမ မခံနိုင်ဘူး"
ကျိချင်းကျိုးက ခေါင်းနှိမ့်ပြီး ပြုံးလိုက်သည်။
"ကျွန်တော်က ဘာတွေးရမှာလဲ။ စီနီယာကောအနေနဲ့ပဲ သဘောထားတာပါ"
"ဘယ်ခေတ်ရောက်နေပြီလဲ။အခုထိ စီနီယာကောနေတုန်း"
"ဒါဆို ...... လျန်ကော ? "
ချူချန်က လှည့်ကြည့်လာသည်။
"သူ့ကို နာမည်ပဲခေါ်လို့မရဘူးလား။မင်းရဲ့ကောကောအစစ်က ဒီမှာ ထိုင်နေတုန်းပဲနော်"
ဒါလည်း ခင်ဗျား သဝန်တိုတယ်ပေါ့! ကျိချင်းကျိုး တွေးလိုက်မိသည်။ဒါပေမယ့် လျန်ကျင်းရှင်ရဲ့နာမည်ကိုတော့ သူ မခေါ်လိုပါဘူး။
"နာမည်ကြီးတပ်ခေါ်ရင် အဆင်မပြေဘူးလေ။ကျွန်တော်က သူ့ထက်အသက်ငယ်သလို လူသစ်လေးပဲရှိသေးတဲ့ဟာ"
"ကိုယ်လည်း မင်းထက်အသက်ကြီးတာပဲလေ။ကိုယ့်ကိုကျ ကောကောလို့ ခေါ်တာမကြားဖူးဘူး"
ချူချန်က ခပ်မတ်မတ်ပြင်ထိုင်လိုက်သည်။
"လာ! ကောကောလို့ ခေါ်ကြည့်! ကိုယ်နားစွင့်နေပြီနော် !"
သူက ကလေးနဲ့တူတယ်လို့ ကျိချင်းကျိုးခံစားနေရပေမယ့် ချူချန်ပြောသမျှ အမြဲနားထောင်နေကျဖြစ်၍ နာနာခံခံနှင့်နူးညံ့သိမ်မွှေ့စွာ "ကောကော" ဟုခေါ်လိုက်ရပေသည်။
ချူချန်က တအား ကျေနပ်သွားသည်။
"အင်း"
"အခု စိတ်အခြေအနေပိုကောင်းလာပြီလား"
"ကောင်းတယ်ဆိုရုံပဲရှိသေးတယ်"
ချူချန်ကပြောလာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် လျန်ကျင်းရှင်နဲ့ ခပ်ခွာခွာလေးနေသင့်တယ်။သူပရိသတ်တွေပြောသလိုဆို သူ အရင်က တစ်ခြားသူတွေပေါ် ကောင်းကောင်းမဆက်ဆံဖူးဘူးတဲ့"
"ခင်ဗျားက သူ့ပရိသတ်တွေပြောတာအကုန်လုံး ယုံပေးနိုင်တာလား။ကျွန်တော့် ပရိသတ်တွေဆို ကျွန်တော်က နေ့တိုင်း ခက်ခဲပင်ပန်းပြီးအလုပ်ကြိုးစားတယ်ပြောကြသလို ကောင်းကင်ဘုံက နတ်သားလို့လည်း ပြောကြတာပဲရော်။တကယ်က အဲ့လိုဟုတ်မနေဘူးလေ။ပရိသတ်တွေပြောစကားက ဆယ်ပုံမှာ သုံးပုံက မှန်ပြီး ခုနစ်ပုံလောက်က ချဲ့ကားထားကြတာ။ကျွန်တော့်ကောနဲ့ ကျွန်တော်က ညီအစ်ကိုတွေလို ရိုးရိုးသားသားပဲ။ဒီဇာတ်လမ်းထဲမှာသူက ကျွန်တော့်အစ်ကိုအနေနဲ့ သရုပ်ဆောင်ရတော့ တစ်ခါတစ်လေ နည်းနည်း ဇာတ်ကောင်ထဲနစ်မြောသွားပြီး မသိစိတ်က ကျွန်တော့်အစ်ကိုလို သတ်မှတ်မိနေတာ။အဲ့ဒါနဲ့ အရင်ကထက်ပိုပြီး ရင်းနှီးလာတာဆိုပါတော့"
" မင်းက ညီလေးတစ်ယောက်လို သရုပ်ဆောင်လိုက်ရတော့ သူ့ကိုပါ အစ်ကိုတစ်ယောက်လို မြင်လာတယ်။ ဒါဆို တကယ်လို့များ ချစ်သူကောင်လေးအဖြစ် သရုပ်ဆောင်ရရင်ရော ... သူတို့ကို မင်းကောင်မလေးလို့ မြင်သွားမှာလား"
___________________________
💙
ကောဆို အစ်ကို ။ ကောကောဆို ကိုကိုပေါ့ကွာ။ချူချန်က လူလည် ။ ကိုယ်က တရုတ်ကနေ ယူပြန်တာပါ အဲ့မှာ သူကိုယ်တိုင်က ကောကော လို့ခေါ်ခိုင်းတာပါရှင်😊
ကောကော= (ကိုကို) (ကိုကြီးလို့လည်းပြောလို့ရတယ် ဘာလို့ဆို ကောကော (哥哥) အဓိပ္ပါယ်က elder brother မို့ပါ )
ရည်းစားမလိုချင်တော့ပါဘူး။ ရစ်ကြတယ်ဟ😂 ကိုယ့်ဘာသာ ဘာသာပြန်ရင်း လည်နေတယ်... ခါးသက်သက်လေးနော် နောက်လည်း အဲ့လိုလေးပါဦးမှာ... ကျိုးကျိုးလို ရှင်းပြနိုင်မှ ပါးချူ ဘဝထဲဝင်လာခဲ့ပါတဲ့ နေရာမရှိတော့ပေမယ့် အိမ်စောင့်တော့ရပါတယ်😂 ဟုတ်တယ်လေ သူတို့နှစ်ယောက်က အဝေးရောက်ချစ်သူလိုပဲ အိမ်မှာ မရှိတာများနေတော့ အိမ်စောင့်ရှာနေကြတာပါ😂😂😂
(ကျိချင်းကျိုး - ၄ ချူချန် - ၀) 😂🤣
မနက်ဖြန် တွက် ဒီနေ့အပ်လိုက်မယ်နော်😚
-------------------------------------------------------------
Zawgyi
တိတ္ဆိတ္ေနေသာဟိုတယ္ခန္းထဲ၌---
ခ်ဴခ်န္သည္ ဆိုဖာေပၚထိုင္ၿပီး လက္ပိုက္ထားလ်က္ ေ႐ွ႕ေတာ္ေမွာက္မွလူသားအား ေအးစက္စက္စိုက္ၾကည့္ေနသည္။
က်ိခ်င္းက်ိဳးကေတာ့ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ ဆိုဖာပုစိေပၚမွာ ထိုင္ၿပီး သိသိသာသာကို မေက်မနပ္ေတြျဖစ္ေနသည့္ မိမိ႐ွဴးဂါးဒယ္ဒီအားၾကည့္ရင္း နားမလည္ႏိုင္စြာေမးလိုက္သည္။
"ဘာျဖစ္ေနတာလဲ"
"ဪ...ေမးရဲေသးတယ္လား"
ခ်ဴခ်န္ရဲ႕ခ်စ္သူေပါက္က ဟန္ေဆာင္ေကာင္းလြန္းလို႔ တကယ္ကို သ႐ုပ္ေဆာင္ျဖစ္ထိုက္ပါေပတယ္! !
"ကိုယ့္ဆံပင္ေဆးေရာင္အသစ္က ၾကည့္ေကာင္းရဲ႕လား"
က်ိခ်င္းက်ိဳးေတာ့ ဂ႐ုတစိုက္စူးစမ္းၾကည့္ေပမယ့္ ဘာမွေျပာင္းလဲသြားတာမေတြ႕ရေပ။
" ခင္ဗ်ား ဆံပင္ေဆးဆိုးထားတယ္? ။ မဟုတ္ေသးပါဘူး။ အနက္ႀကီးပဲကို "
အလင္းေရာင္ေၾကာင့္မ်ားလား? ဒါနဲ႔ သူလည္း မတ္တပ္ထရပ္ၿပီး ခ်ဴခ်န္ေ႐ွ႕နားထိကပ္သြားကာ ေသေသခ်ာခ်ာၾကည့္ရင္း မေရမရာေျပာလိုက္သည္။
"ကြၽန္ေတာ္သြားတုန္းကနဲ႔အေရာင္တူတူပါပဲ။ခင္ဗ်ား ဘာအေရာင္ ဆိုးလိုက္တာလဲ"
"ဘာအေရာင္လဲ ဟုတ္လား... ဟမ့္!"
ခ်ဴခ်န္က ေလွာင္ရယ္လာသည္။
"အစိမ္းေရာင္ေပါ့ကြ! ျမက္စိမ္းေရာင္ေလ ! ျမက္စိမ္းေရာင္! "
က်ိခ်င္းက်ိဳးေၾကာင္သြားသည္။သို႔ေသာ္ ေနာက္တစ္စကၠန္႔မွာပဲ မေအာင့္အည္းႏိုင္စြာ ရယ္ေတာ့သည္။ ခ်ဴခ်န္ရဲ႕လက္႐ွိပုံစံႀကီးနဲ႔ ယင္းယန္ထူးဆန္ေနပုံႀကီးကို နားလည္သြားပါၿပီ။
"ေလွ်ာက္ေတြးေနၿပီ..."
က်ိခ်င္းက်ိဳးက ရယ္ၿပီး ဆိုဖာေလးေပၚသြားျပန္ထိုင္သည္။
"ေကာနဲ႔ ကြၽန္ေတာ္က သာမန္ညီအစ္ကိုဆက္ဆံေရးပါပဲ။ခင္ဗ်ား ဘယ္လိုေတြ ေလွ်ာက္ေတြးေနတာလဲ"
"ကိုယ္ကေလွ်ာက္ေတြးတယ္? ဒါဆို မင္းပဲ ႐ွင္းျပစမ္းပါဦး။ကိုယ္လာတုန္းက မင္းတို႔ႏွစ္ေယာက္ဘာေတြျဖစ္ေနၾကတာလဲ။အခ်စ္မ်က္လုံးေတြနဲ႔ ဆြဲဆြဲငင္ငင္ၾကည့္ေန႐ုံတင္မကေသးဘူး လ်န္က်င္း႐ွင္ကလည္း အက်ႌကစ ဝတ္ေပးခ်င္ေနတာ တကားကားနဲ႔။ သူက မင္းလက္ေထာက္မို႔လား။မင္းကိုက် အက်ႌကူဝတ္ေပးၿပီး ဘာလို႔ ကိုယ့္ကိုက် အက်ႌကူမဝတ္ေပးတာလဲ "
"အဲ့တာက...ကြၽန္ေတာ့္အက်ႌက ဇစ္ကျဖစ္ေနတာ။ဆြဲတင္လို႔မရဘူးေလ။ ကြၽန္ေတာ္လည္း ဆြဲတာပဲ မရေတာ့... သူက ကူညီေပးတာ"
"ႀကီးျမတ္တဲ့ဇစ္ႀကိဳးပါေပ့... ဟမ့္"
က်ိခ်င္းက်ိဳးမွာ သူ႕ကိုၾကည့္ၿပီး ဘာေျပာရမလဲမသိသလို နည္းနည္းလည္း အံ့အားသင့္ေနမိ၏။
"တကယ္ ခက္တာပါဆို ... ေလွ်ာက္ေတြးမေနပါနဲ႔ေတာ့"
"ဘာလို႔ ဆြဲမရရမွာလဲ"
ခ်ဴခ်န္က သူ႕ဆီေလွ်ာက္လာၿပီး လက္ႏွစ္ဖက္လုံးျဖင့္ ဆိုဖာေပၚ ႐ွိလူကို ဆြဲမကာ ထိုဇစ္အား လက္မႏွင့္လက္ညိႇဳးဖိညႇစ္ၿပီး ဆြဲတင္လိုက္ ဆြဲခ်လိုက္ ဆြဲတင္လိုက္ ဆြဲခ်လိုက္ အႀကိမ္ႀကိမ္လုပ္ျပလာသည္။
"လြယ္လြယ္ေလးမဟုတ္လား"
သူကေျပာရင္းတန္းလန္းနဲ႔ က်ိခ်င္းက်ိဳးရဲ႕ အေႏြးထည္ကို ကူခြၽတ္ေပးလာသည္။
"အိမ္ထဲေရာက္ေနၿပီကို အေႏြးထည္မခြၽတ္ဘာမခြၽတ္နဲ႔ မပူဘူးလား"
ခင္ဗ်ားကို ဘယ္လို ေခ်ာ့ရမလဲပဲေတြးေနမိတာပါဆို...က်ိခ်င္းက်ိဳး စိတ္ထဲမွညည္းညဴလိုက္သည္။
သူသည္ ခ်ဴခ်န္တစ္ေယာက္ သူ႕အဝတ္အစားေတြနားမွာ မိမိအေႏြးထည္ေလးသြားခ်ိတ္လိုက္သည္ထိၾကည့္ေနမိကာ ႐ွင္းျပလိုက္သည္။
"ဘာျဖစ္ျဖစ္ပါ...ခုနက တကယ္ကို ဆြဲမရခဲ့တာ။ကြၽန္ေတာ္ အဲ့ေနရာမွာမကြၽမ္းလို႔လည္းျဖစ္ႏိုင္ပါတယ္။ခင္ဗ်ားသာဆႏၵ႐ွိရင္ ေနာက္ဆို ဇစ္ကူဆြဲေပးေပါ့ေနာ့"
ခ်ဴခ်န္က အက်ႌခ်ိတ္ရင္း သူ႕ကိုျပန္လွည့္ၾကည့္လာသည္။
"ဒီမွာ မင္းက အသက္ႏွစ္ဆယ္ေနာ္။ႏွစ္ႏွစ္သားမဟုတ္ဘူး။အခုထိ ပါးပါးက ဇစ္လိုက္ဆြဲေပးရဦးမယ္ေပါ့"
က်ိခ်င္းက်ိဳးက သက္ျပင္းခ်ျပလာသည္။
"ခင္ဗ်ားကို ဆြဲခိုင္ေတာ့လည္း မလုပ္ခ်င္။သူမ်ားကူညီေပးေတာ့လည္း မႀကိဳက္နဲ႔။ပါးပါး! ခင္ဗ်ားရဲ႕စိတ္က အရမ္းခန္႔မွန္းရခက္တာပဲ"
ခ်ဴခ်န္က လက္ေဖ်ာက္တီးလိုက္သည္။
"မနက္ျဖန္ မင္းအေႏြးထည္ေတြအကုန္လုံး ကိုယ္ ခ်ိန္းေပးမယ္။ဇစ္မပါဘဲ ၾကယ္သီးခ်ည္း သီးသန္႔။မင္း ဘယ္လိုေတြဆင္ေျခေပးဦးမလဲၾကည့္ရတာေပါ့"
က်ိခ်င္းက်ိဳးက ေခါင္းငုံ႔ျပဳံးလိုက္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေခါင္းတဆတ္ဆတ္ညိမ့္လာသည္။
"ေျပာင္းဗ်ာ။ ေျပာင္း"
သူစကားဆုံးဆုံးခ်င္း ခ်ဴခ်န္က စကားေျပာဟန္ျပင္လိုက္စဥ္ တံခါးေခါက္သံၾကားလိုက္ရသည္။က်ိခ်င္းက်ိဳးသည္ ခ်ဴခ်န္အား ခဏေစာင့္ ခိုင္းကာ တံခါးသြားဖြင့္ေတာ့ အျပင္မွာ လ်န္က်င္း႐ွင္က မတ္တပ္ရပ္ေန၏။
"ဘာလို႔လဲ ? ေကာ"
"ဒီမနက္က မင္း ကိုယ့္ကို ေပးစရာ႐ွိတယ္လို႔ေျပာခဲ့တယ္မဟုတ္လား။ဒါနဲ႔ သတိလာေပးတာပါ"
က်ိခ်င္းက်ိဳးက "ေအာ္" ဟုအသံျပဳကာ -
"ခဏေနာ္"
"ဒီမွာပဲရပ္ေစာင့္ရမွာလား"
လ်န္က်င္း႐ွင္သည္ ေျခေထာက္ေအာက္မွ ေျမႀကီအား လက္ညိႇဳးထိုးျပလာသည္။
က်ိခ်င္းက်ိဳးက ျမန္ျမန္ပဲ တံခါးဖြင့္ေပးလိုက္ၿပီး သူဝင္လို႔ရေအာင္ေနရာဖယ္ေပးလိုက္သည္။
"အဲ့လိုမဟုတ္ပါဘူး။အထဲဝင္ပါ ေကာ"
လ်န္က်င္း႐ွင္မွာ အထဲဝင္ဝင္ခ်င္း မည္းေမွာင္ေသာမ်က္ႏွာထားျဖင့္ သူ႕ကိုၾကည့္ေနေသာ ခ်ဴခ်န္ကိုေတြ႕လိုက္ရသည္။သူ ျပဳံးျပလိုက္ကာ ယဥ္ယဥ္ေက်းေက်းပဲႏႈတ္ဆက္လိုက္တယ္။
"ခ်ဴေ႐ွာက္...မေတြ႕တာၾကာၿပီေနာ္"
ခ်ဴခ်န္ကမူ အထင္ေသးတဲ့အျပဳံးႀကီးျဖင့္ -
"မေတြ႕ၾကတာပဲပိုေကာင္းပါတယ္"
လ်န္က်င္း႐ွင္သည္ကား သူ႕ရဲ႕ ထူဆန္းတဲ့စကားအသြားအလာကိုနားေထာင္ရင္း အေတြးေတြက ပိုပိုၿပီး ေသခ်ာလာခဲ့သည္။
ထို႔ေနာက္ သူက တမင္တကာ စကားစလိုက္သည္။
"ခ်င္းက်ိဳးက ကိုယ့္ကို ေပးစရာ႐ွိတယ္ေျပာလို႔ေလ။ဒါနဲ႔ သူဆီလာလိုက္တာ"
စကားဆုံးသည့္အခ်ိန္မွာပဲ က်ိခ်င္းက်ိဳးက သိပ္မေဝးသည့္ေနရာမွ ေရေႏြးအိုးေလးယူလာၿပီး သူ႕လက္ထဲထည့္ေပးလာသည္။
"ဒီႏွစ္ရက္အတြင္း ေကာ လည္ေခ်ာင္း နာေနတယ္မဟုတ္လား။ဒီေရေႏြးက ေကာအတြက္ပါ။ေရေႏြးပူပူေလးေသာက္တာ ေကာင္းတယ္"
လ်န္က်င္း႐ွင္ကမူ မေမွ်ာ္လင့္ထားသည့္ လက္ေဆာင္ျဖစ္၍
မင္သက္ေနမိသည္။အရင္ႏွစ္ရက္က သူ႕အခန္းထဲက ေရပူစက္က ပ်က္သြားၿပီး ေရပူမရေတာ့ေပ။သူ႕လက္ေထာက္က ေကာင္တာကိုသြားေျပာရာ ေကာင္တာက အသစ္တစ္ခုတပ္ေပးပါမယ္ ေျပာေသာ္ျငား အခုထိမရေသးေပ။လ်န္က်င္း႐ွင္ကိုယ္၌ကလည္း ေရေႏြးမၾကာမၾကာေသာက္တတ္သူမဟုတ္၍ သိပ္မေတြးေနခဲ့။ဒါေပမယ့္ က်ိခ်င္းက်ိဳးကေတာ့ မွတ္ထားခဲ့သည္။
"ေက်းဇူးပါ"
လ်န္က်င္း႐ွင္ေျပာလိုက္သည္။
"ရပါတယ္၊ေကာ"
က်ိခ်င္းက်ိဳးလည္း ေရေႏြးကရားေလး သူ႕ကိုေပးလိုက္သည္။
"ေကာ သုံးၾကည့္ပါဦး"
"အသုံးတဲ့သြားတယ္ကြာ။အရင္ႏွစ္ရက္ ကိုယ္တို႔အနားယူတုန္းကေတာင္ ေ႐ွာင္ဟူကေျပာေနတာရယ္ သူ တစ္အိုးသြားဝယ္ဦးမယ္တဲ့"
"ဒါဆို အဆင္ေျပသြားတာေပါ့။ဘာျဖစ္ျဖစ္ပါ ကြၽန္ေတာ္ အိုးကို ေဆးၿပီးၿပီမို႔ ေကာ ျပန္ေရာက္တာနဲ႔ ခ်က္ခ်င္းတန္းသုံးလို႔ရတယ္"
က်ိခ်င္းက်ိဳးက ေရေႏြးအိုအား ေသတၱာထဲမထည့္ဘဲ သူ႕လက္ထဲ တိုက္႐ိုက္ထည့္ေပးတာက ဒါေၾကာင့္ကိုး။
"မင္းက အေတာ္ေလး ဂ႐ုစိုက္တတ္တယ္ေနာ္"
က်ိခ်င္းက်ိဳးက ကိုး႐ိုးကားရားျပဳံးျပလာသည္။
ခ်ဴခ်န္ဟာဆိုရင္ျဖင့္ မိမိေ႐ွ႕ေတာ္ေမွာက္ အျပဳံးပန္းေဝေနသူႏွစ္ဦးအား ဟိုၾကည့္လိုက္ သည္ၾကည့္လိုက္ လုပ္ေနရသည္။ၾကည္ႏူးဖြယ္ အေျခအေနေလးကို ဖန္တီးေနၾကသူ ႏွစ္ဦးႏွင့္သူ! ဒါက သုံးပြင့္ဆိုင္ ဇာတ္လမ္းႀကီးဆိုတာ လုံးဝအသိအသာပင္။သူကေရာ ဘာလို႔ ျဖတ္ေလ်ာက္လုပ္ေနရမွာလဲ?
"ပို႔ေဆာင္ဆယ္သြယ္လို႔ ၿပီးၾကၿပီလား"
ခ်ဴခ်န္က တည္တည္ၿငိမ္ၿငိမ္ဆိုလာသည္။
"လ်န္က်င္း႐ွင္ကလည္း ယူၿပီးရင္ ျပန္လို႔ရၿပီ"
က်ိခ်င္းက်ိဳးမွာ သူ႕အသံၾကားမွ စိတ္အေျခအေနမေကာင္းေနတဲ့ ကိုယ့္႐ွဴးဂါးဒယ္ဒီကိုယ္ သတိရသြားၿပီး လ်န္က်င္း႐ွင္ကို စကားျဖတ္လိုက္ရသည္။
"အဲ ေကာ အရင္ျပန္လိုက္ပါ။ကြၽန္ေတာ္ေပးခ်င္ဆိုတာက ဒါေလးေလ"
"အင္း အင္း"
လ်န္က်င္း႐ွင္က ရည္႐ြယ္ခ်က္႐ွိ႐ွိေျပာလိုက္ျပန္သည္။
"ဒါဆို ၿပီးရင္ ကိုယ့္ဆီလာၿပီး ဇာတ္ၫႊန္းလာဖတ္ဖို႔မေမ့နဲ႔ဦးေနာ္"
"သူမအားဘူး"
က်ိခ်င္းက်ိဳးက စကားဆိုရန္ ျပင္႐ုံပင္႐ွိေသး ခ်ဴခ်န္ ကျဖတ္ေျပာလိုက္သည္။
"ဟုတ္လား"
လ်န္က်င္း႐ွင္က က်ိခ်င္းက်ိဳးကိုၾကည့္၍ေမးလာသည္။
က်ိခ်င္းက်ိဳး ဘာတတ္ႏိုင္မွာလဲ ေခါင္းညိမ့္ျပ႐ုံေပါ့။
"မနက္ျဖန္႐ိုက္ကူးေရးမွ ေတြ႕ေတာ့မယ္ေကာ"
"အင္း"
လ်န္က်င္း႐ွင္က သူ႕ကို ေနရခက္ေအာင္မလုပ္ေတာ့ေပ။
"ဒါဆို ကိုယ္အရင္ျပန္ေတာ့မယ္"
"အမ္း... goodbye ေကာ"
"goodbye"
လ်န္က်င္း႐ွင္က ထိုစကားဆိုၿပီး အိုးေလးယူကာ ထြက္သြားေတာ့သည္။
သူထြက္သြားမွပဲ က်ိခ်င္းက်ိဳးက အေနာက္႐ွိ ႐ွဴးဂါးဒယ္ဒီကိုၾကည့္လာသည္။ခ်ဴခ်န္ကလည္း သူ႕ကိုျပန္ၾကည့္ေနၿပီး မ်က္ႏွာထက္ အျပဳံးခပ္ႀကီးႀကီးကအထင္သား။
"ႏွစ္ေယာက္သားက ဆက္ဆံေရးေကာင္းပုံပဲေနာ္"
"မဆိုးပါဘူး"
"မင္းက သူ႕ေပၚအရမ္းသိတတ္တာပဲ။သူ လည္ေခ်ာင္း နာမနာလည္း ဂ႐ုစိုက္ေပးတယ္။ေရေႏြးပူပူေလးေသာက္ဖို႔ေတာင္ သတိေပးေသးတယ္။မင္းက အေျဖာင့္မို႔လား။ေရေႏြးပိုေသာက္ပါ ဘာပါနဲ႔"
က်ိခ်င္းက်ိဳးတစ္ေယာက္ မျပဳံးခ်င္ျပဳံးခ်င္ ျပဳံးလိုက္ရသည္။
ထို႔ျပင္ ခ်ဴခ်န္ကလည္း ထပ္ေျပာလာသည္။
"ဘာျပဳံးတာလဲ။ ကိုယ္အခန္းထဲေရာက္တာျဖင့္ အရမ္းၾကာေနၿပီ ။မင္းကို ေတြ႕ဖို႔ အေဝးႀကီးကေန လာရတာ... ဒါမဲ့ မင္း! ေရေႏြးမေျပာနဲ႔ ေရတစ္ခြက္ေတာင္ ကိုယ့္ကို မတိုက္ခဲ့ဘူး! "
က်ိခ်င္းက်ိဳးက ခ်က္ခ်င္းလက္ငင္းပဲ ေရကရားကေန ေရဖန္ခြက္အျပည့္ထည့္လိုက္ၿပီး ခ်ဴခ်န္ဆီေပးလိုက္သည္။
"ဒီမွာ"
ခ်ဴခ်န္ကမူ ေအးတိေအးစက္ႏွာေခါင္း႐ႈံ႕လာသည္။
"ဟမ့္! ကိုယ္က ေရေႏြးပဲေသာက္ခ်င္တာ"
က်ိခ်င္းက်ိဳး ဖြီးခနဲထရယ္မိလုနီးနီးပင္။မနည္းထိန္းခ်ဳပ္ၿပီး ျပဳံးတဲ့ပုံေလးလုပ္ျပေနရသည္။ ခ်ဴခ်န္ေ႐ွ႕မွာ သူတကယ္မရယ္ရဲဘူး။
"ကြၽန္ေတာ္ သြားက်ိဳလိုက္မယ္"
သူ႕အခန္းမွာက ေရပူစက္ေလးမတပ္ဆင္ထား၍ ဟိုတယ္က ေရေႏြးအိုးေတြကလည္း မသန္႔မွာစိုးရိမ္ရသည္။ ထို႔ေၾကာင့္ သူေရာက္တာနဲ႔ ေ႐ွာင္ခ်န္းအား ေရေႏြးအိုးေလးဝယ္ခိုင္းလိုက္တာျဖစ္သည္။က်ိခ်င္းက်ိဳးတစ္ေယာက္ အိုးထဲေရထည့္ၿပီး ပလပ္ေပါက္ထိုးကာ ခ်ဴခ်န္ေဘးနားျပန္လာထိုင္သည္။
"တင္ထားၿပီးၿပီ။ခဏေန ခင္ဗ်ားေသာက္ဖို႔ ေရေႏြးရၿပီ"
ခ်ဴခ်န္တို႔က မေက်နပ္ေသး။
"ကိုယ္က သတိေပးေနရတယ္။ မင္းဘက္က အရင္လုပ္ေပးလို႔မရဘူးလား။လ်န္က်င္း႐ွင္နဲ႔က် အရမ္းတက္ႂကြေနၿပီး လည္ေခ်ာင္း နာ မနာ စိတ္ပူေနတယ္။ ကိုယ္လည္း လည္ေခ်ာင္း နာေနတာပဲကို"
က်ိခ်င္းက်ိဳးတစ္ေယာက္ သူ႕ကိုၾကည့္ၿပီး ဆြံ႕အေနမိသည္။
"ခင္ဗ်ားပဲ ကြၽန္ေတာ္ဘက္က တရင္းတႏွီးေတြမလုပ္ပါနဲ႔ဆိုၿပီးေျပာထားတာမဟုတ္ဘူးလား။ေနာက္ဆို ခင္ဗ်ားပဲ ဘာမဆိုလုပ္မယ္။ခင္ဗ်ားဘက္ကပဲ တရင္းတႏွီးအျပဳအမူေတြလုပ္မယ္။ကြၽန္ေတာ္က လက္ခံေပး႐ုံပဲဆို။"
"ဒါဆို မင္းက လ်န္က်င္း႐ွင္နဲ႔က် ရင္းရင္းႏွီးႏွီးေနမယ္ေပါ့ အဲ့လိုလား"
"စီနီယာေကာနဲ႔ ကြၽန္ေတာ္က ႐ိုး႐ိုးသားသားပဲ။လူတိုင္းကိုလည္း အဲ့လိုပဲဆက္ဆံတာ။ခင္ဗ်ားက တစ္ခါကူညီေပးဖူးရင္ ကြၽန္ေတာ္ကလည္း တစ္ခါျပန္ကူညီမယ္။ခင္ဗ်ားက ေကာင္းေကာင္းဆက္ဆံရင္ ကြၽန္ေတာ္ကလည္း ေကာင္းေကာင္းဆက္ဆံမယ္။စီနီယာေကာက ခင္ဗ်ားလိုမဟုတ္ဘူး။ ကြၽန္ေတာ့္ကို တရင္းတႏွီးလာမေနနဲ႔ ဆိုၿပီးမေျပာခဲ့ဘူး။ကြၽန္ေတာ္...သဘာဝက်က်ပဲ ကြၽန္ေတာ္က သူေပးခဲ့တဲ့ အကူညီေတြတိုင္းျပန္ကူညီေပးေနတာ"
"အေတာ္ေလးအက်ိဳးေၾကာင္းသင့္တယ္လို႔ မင္းထင္တယ္ေပါ့"
"ဒါဆို ကြၽန္ေတာ္က မသိခ်င္ေယာင္ေဆာင္ေနရမွာလား"
က်ိခ်င္းက်ိဳးမွာ မိမိ၏႐ွဴးဂါးဒယ္ဒီကို ဝန္ေဆာင္မႈေပးဖို႔ တကယ္ခက္ခဲလြန္းတယ္ဟုခံစားလာရသည္။
"ပိုၿပီးအက်ိဳးသင့္အေၾကာင္းသင့္မ႐ွိတဲ့လူက ဒယ္ဒီလုပ္ေနတဲ့ ခင္ဗ်ားပဲ! တရင္းတႏွီးမေနပါနဲ႔ဆိုလို႔ ခင္ဗ်ားေျပာသလို ရင္းႏွီးတဲ့အျပဳမူေတြမလုပ္ခဲ့ဘူး။ကြၽန္ေတာ့္ဘက္က နီးနီးကပ္ကပ္ မေနျပန္ေတာ့လည္း ကြၽန္ေတာ္ကအရင္ ဘာမွမလုပ္ေပးလို႔ ဆိုလာျပန္တယ္။ ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာျဖစ္ေစခ်င္ေနတာလဲ"
ခ်ဴခ်န္ : ..................
က်ိခ်င္းက်ိဳးက သူနဲ႔ေဆြးေႏြးလိုက္သည္။
"ဒီလိုလုပ္ၾကရေအာင္ ႏိႈးစက္နဲ႔မွတ္စုလုပ္ထားၾကမယ္။ ကြၽန္ေတာ္က မနက္ခင္းတစ္ခါ၊ ေန႔လည္ခင္းတစ္ခါ၊ ညခင္းတစ္ခါ ခင္ဗ်ားအနားကပ္ရမဲ့အခ်ိန္ကို ႏိႈးစက္ေပးထားမယ္။က်န္တဲ့အခ်ိန္ေတြ ခင္ဗ်ားအနားကို လုံးဝမကပ္ဘူး။ ဒီလိုလုပ္လိုက္ရင္ ကြၽန္ေတာ့္ကို ရင္းရင္းႏွီးႏွီးမေနေစခ်င္တဲ့ ခင္ဗ်ားရဲ႕ေတာင္းဆိုခ်က္ကို ျဖည့္ၿပီးသြားသလို ကြၽန္ေတာ့္ရဲ႕ခပ္ခြာခြာေနတာကို ခင္ဗ်ားမေက်နပ္တာေတြတြက္လည္း အဆင္ေျပသြားတာေပါ့"
"ကိုယ္က မင္းရဲ႕အလုပ္ႀကီးတစ္ခုလား? အခ်ိန္ေတြမွတ္ထားဖို႔ေတာင္ လိုေနတယ္ေပါ့ေလ"
"ဒါက ခင္ဗ်ားကို ဝန္ေဆာင္မႈေကာင္းေကာင္းေပးရမယ့္ ကြၽန္ေတာ့္အလုပ္ပဲမဟုတ္ဘူးလား? ကြၽန္ေတာ့္ ! ဒယ္ဒီႀကီးရဲ႕ !"
က်ိခ်င္းက်ိဳး သက္ျပင္းခ်လိုက္သည္။
"ဒီအလုပ္က တကယ္ပဲ အရမ္းအရမ္းခက္ခဲလြန္းတယ္"
ခ်ဴခ်န္ : ................
ခ်ဴခ်န္က ဆိုဖာေပၚမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနသည္။အခုလက္႐ွိ သူ႕ခံစားခ်က္ေတြ ေကာင္းမေနဘူး။သူနဲ႔က်ိခ်င္းက်ိဳးတို႔ အမ်ားႀကီး စကားႏိုင္လုခဲ့ၾကဖူးေပမယ့္ ႐ွဴးဂါးဒယ္ဒီရဲ႕ဂုဏ္သိကၡာကို အေတာ္ေလးထိခိုက္ေစသည့္ က်ိခ်င္းက်ိဳးေၾကာင့္ဆြံ႕အမင္သက္မိေနတာက ပထမဆုံးအႀကိမ္ပင္။
က်ိခ်င္းက်ိဳးကေတာ့ ေရေႏြးဆူေအာင္ေစာင့္ၿပီးဖန္ခြက္ေလးထဲေလာင္းထည့္လိုက္သည္။ေရေႏြးကတအားပူလြန္းမွာ စိုးရိမ္သျဖင့္ ေရသန္႔နည္းနည္းေရာလိုက္ၿပီးမွ သူ႕ေ႐ွ႕ခ်ေပးလိုက္သည္။
"ေရေႏြးေသာက္လို႔ရၿပီ"
ခ်ဴခ်န္ေဘးမွာပဲ ထိုင္ခ်လိုက္တယ္။
ခ်ဴခ်န္က တစ္ငုံယူေသာက္လိုက္သည္။က်ိခ်င္းက်ိဳးကေတာ့ သူ႕ကိုသာ လိုက္ၾကည့္ေန၏။
"ဘာေတြၾကည့္ေနတာလဲ"
ခ်ဴခ်န္ ေမးလိုက္သည္။
"ခင္ဗ်ား စိတ္ဆိုးေနေသးလားၾကည့္ၾကည့္တာ"
ခ်ဴခ်န္က သူ႕ကိုေဝ့ၾကည့္လာ၏။
"ေနာက္ဆို လ်န္က်င္း႐ွင္နဲ႔ ေဝးေဝးမွာေန"
"သဝန္တိုလို႔လား"
က်ိခ်င္းက်ိဳး ေမးလိုက္သည္။
ခ်ဴခ်န္ကေတာ့ ရယ္ေမာလ်က္-
"ကိုယ္က? သဝန္တိုတယ္?ေဝ့ မင္းဘာေတြေတြးေနတာလဲ။မင္းအရင္ကလို လွည့္ကြက္ေတြသုံးၿပီး ကိုယ့္အေပၚလွည့္စားမွာစိတ္ပူ႐ုံပါပဲ။လ်န္က်င္း႐ွင္ရဲ႕ အေျခအေနက ဖန္ေယာင္႐ႊမ္းထက္ အမ်ားႀကီးပိုေကာင္းတယ္ေလ။မင္းမွာ ဘာအၾကံမွမ႐ွိေတာ့ပါဘူးလို႔ အာမ မခံႏိုင္ဘူး"
က်ိခ်င္းက်ိဳးက ေခါင္းႏွိမ့္ၿပီး ျပဳံးလိုက္သည္။
"ကြၽန္ေတာ္က ဘာေတြးရမွာလဲ။ စီနီယာေကာအေနနဲ႔ပဲ သေဘာထားတာပါ"
"ဘယ္ေခတ္ေရာက္ေနၿပီလဲ။အခုထိ စီနီယာေကာေနတုန္း"
"ဒါဆို ...... လ်န္ေကာ ? "
ခ်ဴခ်န္က လွည့္ၾကည့္လာသည္။
"သူ႕ကို နာမည္ပဲေခၚလို႔မရဘူးလား။မင္းရဲ႕ေကာေကာအစစ္က ဒီမွာ ထိုင္ေနတုန္းပဲေနာ္"
ဒါလည္း ခင္ဗ်ား သဝန္တိုတယ္ေပါ့! က်ိခ်င္းက်ိဳး ေတြးလိုက္မိသည္။ဒါေပမယ့္ လ်န္က်င္း႐ွင္ရဲ႕နာမည္ကိုေတာ့ သူ မေခၚလိုပါဘူး။
"နာမည္ႀကီးတပ္ေခၚရင္ အဆင္မေျပဘူးေလ။ကြၽန္ေတာ္က သူ႕ထက္အသက္ငယ္သလို လူသစ္ေလးပဲ႐ွိေသးတဲ့ဟာ"
"ကိုယ္လည္း မင္းထက္အသက္ႀကီးတာပဲေလ။ကိုယ့္ကိုက် ေကာေကာလို႔ ေခၚတာမၾကားဖူးဘူး"
ခ်ဴခ်န္က ခပ္မတ္မတ္ျပင္ထိုင္လိုက္သည္။
"လာ! ေကာေကာလို႔ ေခၚၾကည့္! ကိုယ္နားစြင့္ေနၿပီေနာ္ !"
သူက ကေလးနဲ႔တူတယ္လို႔ က်ိခ်င္းက်ိဳးခံစားေနရေပမယ့္ ခ်ဴခ်န္ေျပာသမွ် အၿမဲနားေထာင္ေနက်ျဖစ္၍ နာနာခံခံႏွင့္ႏူးညံ့သိမ္ေမႊ႕စြာ "ေကာေကာ" ဟုေခၚလိုက္ရေပသည္။
ခ်ဴခ်န္က တအား ေက်နပ္သြားသည္။
"အင္း"
"အခု စိတ္အေျခအေနပိုေကာင္းလာၿပီလား"
"ေကာင္းတယ္ဆို႐ုံပဲ႐ွိေသးတယ္"
ခ်ဴခ်န္ကေျပာလာသည္။
"ဘယ္လိုပဲျဖစ္ျဖစ္ လ်န္က်င္း႐ွင္နဲ႔ ခပ္ခြာခြာေလးေနသင့္တယ္။သူပရိသတ္ေတြေျပာသလိုဆို သူ အရင္က တစ္ျခားသူေတြေပၚ ေကာင္းေကာင္းမဆက္ဆံဖူးဘူးတဲ့"
"ခင္ဗ်ားက သူ႕ပရိသတ္ေတြေျပာတာအကုန္လုံး ယုံေပးႏိုင္တာလား။ကြၽန္ေတာ့္ ပရိသတ္ေတြဆို ကြၽန္ေတာ္က ေန႔တိုင္း ခက္ခဲပင္ပန္းၿပီးအလုပ္ႀကိဳးစားတယ္ေျပာၾကသလို ေကာင္းကင္ဘုံက နတ္သားလို႔လည္း ေျပာၾကတာပဲေရာ္။တကယ္က အဲ့လိုဟုတ္မေနဘူးေလ။ပရိသတ္ေတြေျပာစကားက ဆယ္ပုံမွာ သုံးပုံက မွန္ၿပီး ခုနစ္ပုံေလာက္က ခ်ဲ႕ကားထားၾကတာ။ကြၽန္ေတာ့္ေကာနဲ႔ ကြၽန္ေတာ္က ညီအစ္ကိုေတြလို ႐ိုး႐ိုးသားသားပဲ။ဒီဇာတ္လမ္းထဲမွာသူက ကြၽန္ေတာ့္အစ္ကိုအေနနဲ႔ သ႐ုပ္ေဆာင္ရေတာ့ တစ္ခါတစ္ေလ နည္းနည္း ဇာတ္ေကာင္ထဲနစ္ေျမာသြားၿပီး မသိစိတ္က ကြၽန္ေတာ့္အစ္ကိုလို သတ္မွတ္မိေနတာ။အဲ့ဒါနဲ႔ အရင္ကထက္ပိုၿပီး ရင္းႏွီးလာတာဆိုပါေတာ့"
" မင္းက ညီေလးတစ္ေယာက္လို သ႐ုပ္ေဆာင္လိုက္ရေတာ့ သူ႕ကိုပါ အစ္ကိုတစ္ေယာက္လို ျမင္လာတယ္။ ဒါဆို တကယ္လို႔မ်ား ခ်စ္သူေကာင္ေလးအျဖစ္ သ႐ုပ္ေဆာင္ရရင္ေရာ ... သူတို႔ကို မင္းေကာင္မေလးလို႔ ျမင္သြားမွာလား"
___________________________
💙
ေကာဆို အစ္ကို ။ ေကာေကာဆို ကိုကိုေပါ့ကြာ။ခ်ဴခ်န္က လူလည္ ။ ကိုယ္က တ႐ုတ္ကေန ယူျပန္တာပါ အဲ့မွာ သူကိုယ္တိုင္က ေကာေကာ လို႔ေခၚခိုင္းတာပါ႐ွင္😊
ေကာေကာ= (ကိုကို) (ကိုႀကီးလို႔လည္းေျပာလို႔ရတယ္ ဘာလို႔ဆို ေကာေကာ (哥哥) အဓိပၸါယ္က elder brother မို႔ပါ )
ရည္းစားမလိုခ်င္ေတာ့ပါဘူး။ ရစ္ၾကတယ္ဟ😂 ကိုယ့္ဘာသာ ဘာသာျပန္ရင္း လည္ေနတယ္... ခါးသက္သက္ေလးေနာ္ ေနာက္လည္း အဲ့လိုေလးပါဦးမွာ... က်ိဳးက်ိဳးလို ႐ွင္းျပႏိုင္မွ ပါးခ်ဴ ဘဝထဲဝင္လာခဲ့ပါတဲ့ ေနရာမ႐ွိေတာ့ေပမယ့္ အိမ္ေစာင့္ေတာ့ရပါတယ္😂 ဟုတ္တယ္ေလ သူတို႔ႏွစ္ေယာက္က အေဝးေရာက္ခ်စ္သူလိုပဲ အိမ္မွာ မ႐ွိတာမ်ားေနေတာ့ အိမ္ေစာင့္႐ွာေနၾကတာပါ😂😂😂
(က်ိခ်င္းက်ိဳး - ၄ ခ်ဴခ်န္ - ၀) 😂🤣
မနက္ျဖန္ တြက္ ဒီေန႔အပ္လိုက္မယ္ေနာ္😚
-------------------------------------------------------------