မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး...
By haymarnchitwai
161K 19.7K 1K
ဒီ Novel လေးက တော့ တော်တော်များများ ဖတ်ဖူးပြီးဖြစ်လောက်မှာပါ ထွေထွေထူးထူးတော့မပြောတော့ပါဘူး ကိုယ်က 112 to co... More
Note!!
( 112.1 )
( 112.2 )
( 113 )
( 114 )
( 115 )
( 116 )
( 117 )
( 118.1 )
( 118.2 )
( 119.1 )
( 119.2 )
( 120 )
( 121.1 )
( 121.2 )
( 122.1 )
( 122.2 )
( 123 )
( 124 )
( 125 )
( 126 )
( 127 )
( 128 )
( 129 )
( 130 )
( 131 )
( 132.1 )
( 132.2 )
( 133 )
( 134 )
( 135 )
( 136 )
( 137 )
( 138 )
( 139 )
( 140 )
( 141 )
( 142 )
( 143 ) Extra [လျန်ရှန့်]
( 144 ) Extra
( 145 ) Extra
( 147 ) Extra
( 148 ) Extra
Hello
( 146 ) Extra
2.7K 414 11
By haymarnchitwai
UNICODE
ညစာစားပွဲပြီးတဲ့နောက်မှာ ရှဟိုင်ရွန်က ကျန်းထျန်တို့အိမ်ကို အရင်သွားလိုက်သည်။
သူမမိဘတွေ အိမ်ထဲဝင်လာတာတွေ့တဲ့အခါမှာ ဆိုဖာပေါ်တွင် အိမ်ဆောက်သည့်အတုံးလေးတွေနှင့် ဆော့က‌စားနေသော ရှမန်မန်လေးဟာ မျက်လုံးတွေတောက်ပသွားပြီး လှည့်လိုက်သည့်အတွက် ခလုတ်တိုက်မိသွားသည်။
သူမ၏ လက်တိုတိုလေးများသည် ရှဟိုင်ရွန် ၏ ခြေသလုံးကြွက်သားများကို ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာလေးဖြင့် ပျော်ရွှင်စွာ ပွတ်သပ်လိုက်သည်။
"မန်မန်"
ရှဟိုင်ရွန်က သူမကိုပွေ့ချီလိုက်ပြီး
"သမီး ဒီနေ့ ကောင်းကောင်းနေရဲ့လား?ချူယီကောကောရဲ့ စကားကိုရော နားထောင်ရဲ့လား"
ရှမန်မန်လေးက သူမလက်ချောင်းလေးတွေကို ကိုက်ရင်း ရုတ်တရက်ပြောလိုက်သည်။
"ချူယီ..."
ရှဟိုင်ရွန် အေးခဲသွားခဲ့သည်။
ကလေးမလေးက မျက်လုံးကို မှိတ်လိုက်ပြီး
"ချူယီ!"
အသံက ပိုကျယ်လာခဲ့သည်။
အိုးရန်မန်မန်သည် အနောက်တွင် ရပ်နေကာ လုံးဝ ထိတ်လန့်သွားပြီး စကားမပြောနိုင်တော့ပေ။
လျန်ရှန့်က ကျော်ပြောလိုက်သည်။
"မန်မန်က စကားပြောနိုင်တယ်၊ချူယီကောနာမည်ကို တစ်နေ့လည်လုံးခေါ်နေတာ၊သား နားတွေ ကန်းလုနီးပါးဖြစ်နေရင်တောင် ကြားနိုင်သေးတယ်"
ရှမန်မန်: "ချူယီ၊ချူယီ၊ချူယီ!"
ရှဟိုင်ရွန် :"....."
သူ့သမီးက နောက်ဆုံးတော့စကားပြောနိုင်ခဲ့ပြီ ဒယ်ဒီမဟုတ်ဘဲ တခြားကောင်လေး‌တစ်ယောက်ရဲ့ နာမည်ကိုပေါ့။
သူ အရမ်းပျော်တယ်၊ ဒါပေမယ့်လည်း နည်းနည်း တော့ရှုပ်ထွေးနေတုန်းပဲ။
"ကောင်းပြီ အိမ်အရင်ပြန်ရအောင် ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်၊နောက်နေ့ကျ သားအတွက် အန်ကယ်လက်ဆောင်ပြင်ထားမယ် လာယူဦးနော်"
သူပြုံးလိုက်ပြီး သူ့မျက်လုံးတွေက ရှဟိုင်ရွန်လက်ထဲက ကလေးမလေးဆီကျရောက်သွားခဲ့သည်။သူ အသံတိုးတိုးလေးဖြင့် ‌
"ကျေးဇူးတင်ပါတယ် အန်ကယ်ရှ၊ဂရုစိုက်ပြီးပြန်ပါ"
သူမပြန်ရတော့မယ်ဆိုတာ ကြားသည့်အခါမှာ ပြုံးနေသည့် ကလေးမလေးက ချက်ချင်းပဲ မျက်နှာလွဲသွားခဲ့သည်။
သူမလေးက ဝမ်းနည်းပူဆွေးသွားကာ သူ့ကို ပွေ့ဖက်ဖို့ လှမ်းရှာသည်။
သူက သူမလက်ချောင်းလေးကို လှမ်းဆွဲလိုက်ပြီး
တည်ငြိမ်တဲ့အသံလေးဖြင့် နူးနူးညံ့လေးပြောလိုက်သည်။
"မန်မန်က နေခဲ့ချင်လို့လား။နောက်အပတ်ကျ မန်မန်လာချင်ရင် ထပ်လာလို့ရသေးတယ်လေ"
မန်မန်က သူမခေါင်းလေးကိုရမ်းလိုက်ပြီး
"ချူယီ....."
သူ့သမီး၏ တုံ့ဆိုင်းနေသောအမူအရာကိုကြည့်ရင်း ရှဟိုင်ရွန် စိတ်ထဲမှာ အနည်းငယ်ခံစားလိုက်ရသည်။သူ့သမီးရဲ့ နူးညံ့သည့်ဆံပင်လေးတွေကို ထိလိုက်ပြီးနောက်မှာ သူက သူမလေးကို လင်းမိသားစုကနေ ခေါ်လာခဲ့လိုက်တော့သည်။သူမလေးက ရှဟိုင်ရွန်ရဲ့ ပခုံးပေါ်မှာ မှီနေရင်း ညအမှောင်ထဲမှာ သူ့ပုံရိပ်လေးပျောက်ကွယ်သွားသည့်အထိ သူ့ကို ကြည့်နေခဲ့သည်။
ရှမန်မန်လေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုသည် တခြားသာမန်ကလေးတွေထက် နှေးကွေးသည်။သူမ လေးနှစ်အရွယ်တွင် တချို့စကားလုံးအနည်းငယ်ကိုသာပြောနိုင်ခဲ့ပြီး ငါးနှစ်အရွယ်တွင်တော့ အတားအဆီးမရှိဘဲ လူအများနှင့် လုံးဝဆက်သွယ်နိုင်ခဲ့သည်။သူမ သူငယ်တန်းရောက်တဲ့အခါ မှာ တခြားကလေးတွေက သုံးလေးခါလောက်နှင့်သင်ယူနိုင်ပေမယ့် သူမကတော့ အကြိမ်နှစ်ဆယ်လောက် ကြိုးစားခဲ့ရသည်။
ကျောင်းဆင်းတဲ့တစ်ခု‌သောညနေခင်းမှာ သူမလေးရဲ့မိဘတွေက လူမှုဆက်ဆံရေးအတွက် အပြင်ထွက်ဖို့လိုသည့်အတွက် ကလေးမလေးကိုကျောင်းကြိုဖို့ လင်းချူယီက သူငယ်တန်းကို ရောက်လာခဲ့သည်။
၁၃ နှစ်သား ကောင်ငယ်လေးသည် သပ်ရပ်သော ကျောင်းဝတ်စုံကို ၀တ်ဆင်ထားပြီး ပါးလွှာဖြောင့်စင်းကာ နက်မှောင်သောဆံပင်အောက်တွင် သူ့အသားအရေက နွေးထွေးဖြူစင်ကာ ကျောက်စိမ်းနှင့်တူသော နွေးထွေးသည့် သူ့မျက်လုံးလေးများက တောက်ပနေခဲ့သည်။
သူက သဘောထားကြီးစွာဖြင့် တံခါးနားမှာ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။
ပထမဆုံး ကျောင်းလာကြိုသည့် ဖိုးဖိုး၊ဖွားဖွားတွေရောက်လာကြသည်။သူတို့ဟာ ဒီလိုကြည့်ကောင်းသည့်ကလေးမျိုးကို မမြင်ဖူးသည့်အတွက်သူ့ကို တစ်ကြိမ်ထက်ပိုပြီး မကြာခဏ လှည့်လှည့်ကြည့်ကြသည်။
ကျောင်းခေါင်းလောင်းထိုးသည်နှင့် တံခါးပွင့်လာပြီး ကလေးတွေက အတွင်းကနေ တန်းစီနေကြသည်။အကြည့်တစ်ချက်နှင့်တင် လူအုပ်ရဲ့အလယ်မှာ လမ်းလျှောက်နေသော ကလေးမလေးကို သူမြင်လိုက်သည်။
ကလေးမလေးသည် အနီရောင်အင်္ကျီနှင့် အဖြူရောင် ယူနီဖောင်းစကပ်ကို ၀တ်ဆင်ထားပြီး ကျောင်းလွယ်အိတ် သေးသေးလေးကို သူမကျောနောက်မှာလွယ်ထားကာ  သူမခေါင်းပေါ်က ပိုနီတေး သေးသေးလေးနှစ်ခုက သူမလမ်းလျှောက်တိုင်းအနည်းငယ် လှုပ်ခါသွားပြီး သူမ၏ ပျော့ပျောင်းသော ဆံပင်များက သူမလေး၏ သန့်ရှင်းသည့်မျက်နှာဝိုင်းဝိုင်းလေးကို ဖြတ်သွားသည်။
"မန်မန်"
ဆယ်ကျော်သက်လေး၏ အသံက နိုက်တင်ဂေးလိုမျိုး သန့်ရှင်းနူးညံ့ပေသည်။
ရှမန်မန်လေးက သူမခေါင်းကို မော့လိုက်သည့်အခါ သူမလေး၏လှပသည့် မျက်လုံးဝိုင်းဝိုင်းလေးက ကွက်ကွက်ကွင်းကွင်းပေါ်လာခဲ့သည်။
သူခေါင်းကိုငုံ့လိုက်ပြီး သူမလေးကို အမြန် ပွေ့ချီလိုက်သည်။
ကားက ဖြေးညှင်းစွာစထွက်သည့်အခါမှာ သူက သူမလေးရဲ့ကျောင်းလွယ်အိတ်ကိုချွတ်ပေးလိုက်ပြီး သူမကိုရေတိုက်သည့်အခါမှာ သူမလေးက တစ်ငုံသောက်လိုက်သည်။
"အန်ကယ်နဲ့ အန်တီက  ဒီနေ့ အိမ်ပြန်နောက်ကျမှာမို့ မန်မန်က ကိုကိုတို့အိမ်ကို အရင်လိုက်ခဲ့နော်"
ရှမန်မန်လေးဟာ ကျန်းထျန်တို့အိမ်တွင် မကြာခဏနေ‌လေ့ရှိဖြစ်သည်။ကျန်းထျန် သည် ကလေးမလေးကို သက်တောင့်သက်သာရှိစေမည့် အခန်းကိုပင် သူမ‌လေးအတွက်ပြင်ဆင်ပေးထားခဲ့သည်။
သူမလေးက မျက်တောင်ခတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
သူက အနည်းငယ် ငုံ့ကာ တိုးတိုးလေး မေးလိုက်သည်။
"မန်မန် မပျော်ဘူးလား?"
ဒီကလေးမလေးက သူ့မျက်စိရှေ့မှာတင် ကြီးပျင်းလာတာဖြစ်၍ သူမပျော်နေလား ဝမ်းနည်းနေလားဆိုတာကို သူ အကြည့်တစ်ချက်နှင့်ပင်ပြောနိုင်ပေသည်။
မန်မန်က သူမခေါင်းလေးကိုမော့လိုက်ပြီး
"သမီးက အရူးလား?"
သူမလေး ရုတ်တရက်မေးလိုက်သည့်အတွက် သူလန့်သွားခဲ့သည်။
သူမြန်မြန်ပဲ သတိပြန်ဝင်လာပြီး နူးညံ့စွာမေးလိုက်သည်။
"ဘယ်သူကပြောတာလဲ?"
မန်မန်၏ ပါးစပ်လေးက ဟစိဟစိ ဖြစ်သွားပြီး သူမ၏အသံလေးသည် ချည်သကြားလုံးလေးလိုမျိုး  နူးညံ့ပျော့ပျောင်းသည်။
"ဆရာမကပြောတာ ‌ဆရာမက ပြောတာ မန်မန်က အရူးတဲ့ မဟုတ်ရင် ဘယ်လိုလုပ် 12 ခါလောက် ကြိုးစားနေစရာလိုမှာလဲတဲ့"
သူ့မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး လှပသော သူ့လက်ချောင်းများက သူမလေး၏ နှာသီးဖျားလေးကို အသာအယာ ပုတ်လိုက်သည်။
"မန်မန်က အရူးမဟုတ်ပါဘူး"
သူမ ခေါင်းလေးကို ငုံ့ထားပြီး သူမမျက်လုံးများက ရှုပ်ထွေးနေပြီး
"ဒါဆို ဆရာမနဲ့ အတန်းဖော်တွေက ဘာလို့ ဒီလိုပြောတာလဲ?"
သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"မန်မန်က အရူးမဟုတ်ပါဘူး မန်မန်လေးက တခြားသူတွေထက် နည်းနည်းလေးပိုနှေးနေရုံပါ"
မန်မန်က အသံတိုးတိုးလေးဖြင့်
"ဘာလို့လဲ..."
သူက သူမခေါင်းလေးကို ထိလိုက်ပြီး
"ဘာလို့လဲဆို‌တော့ ဘုရားသခင်က မန်မန့်ကို မြန်မြန်အရွယ်မရောက်စေချင်လို့လေ"
သူမ နားလည်သွားပုံပေါ်သည်။
သူတိုးတိုးလေးရယ်လိုက်ပြီး
"မန်မန်က ဉာဏ်ကောင်းဖို့ မလိုပါဘူး မန်မန်သာ ဉာဏ်ကောင်းရင် စာတွေကိုဘယ်လိုဖတ်ရမလဲဆိုတာ သင်ပေးဖို့ ကိုကို့ကို မလိုအပ်တော့ဘူးလေ"
ဒါကိုကြားတဲ့အခါမှာ မူလက အထီးကျန်နေသော ကလေးမလေးဟာ ရုတ်တရက်ပြုံးလာခဲ့သည်။
ထိုနေ့ပြီး ‌ဒုတိယမြောက်အပတ်မှာ ရှမန်မန်ရဲ့အတန်းပိုင် ဆရာမဟာ ပြောင်းသွားခဲ့သည်။ဆရာမအသစ်က ငယ်ရွယ်ပြီး ကလေးမျက်နှာလေးနှင့် ပြုံးပြုံး‌ သေးသေးလေး တွေလည်းရှိသည်။မန့်မန့် အတွက် အထူးသီးသန့် အနေနဲ့သူမဟာ စိတ်ရှည်သည်းခံပြီး 100% စောင့်ရှောက်မှုပေးခဲ့သည်။
မန်မန်လေးဟာ သူမကို အရမ်းအရမ်းကို ကြိုက်သည်။
ဆရာမကို တွေ့တဲ့ ပထမဆုံးနေ့ကစပြီး သူမလေးဟာ ဆရာမကိုကောင်းတဲ့စကားလုံး အမျိုးမျိုးနဲ့ ချီးကျူးပါတော့သည်။တစ်ခါ နှစ်ခါဆိုရင်တော့ ဒါက အဆင်ပြေသေးသည်။အချိန်တွေကြာလာတာနှင့် အမျှ နားထောင်ရတာ ပထမဆုံးနေ့ကလောက် အရသာမရှိတော့ဘူး။
မန်မန်ဟာ တုံ့ပြန်မှုနှေးကွေးပေမဲ့လည်း အရူးမဟုတ်ပါဘူး။သူမဟာ သူနားထောင်ရပျင်းနေပြီဆိုတာကို ရှင်းရှင်းလင်း ခံစားမိပါသည်။သူမလေးဟာ သူမမျက်လုံးတွေကို လှိမ့်လိုက်ပြီး သူ့လက်ထဲက စာအုပ်ကို ဆွဲချလိုက်သည်။
ဒါက စက္ကန့်အနည်းငယ်ပဲ ကြာလိုက်သည်။
စာအုပ်ကို သူမလက်အနောက်မှာ ဝှက်လိုက်ပြီး
ကဗျာရွတ်သလိုပြောလိုက်သည်။
"သမီးက ကိုကို့လိုမျိုးဖြစ်လာချင်လို့ ကြိုးကြိုးစားစား စာလေ့လာနေတာ"
ငယ်ရွယ်တဲ့ရှမန်မန်ရဲ့ နှလုံးသားလေးထဲမှာ သူဟာ သူမအဖေတောင် မယှဉ်နိုင်သည့် နတ်ဘုရားတစ်ပါးဖြစ်သည်။
သူဟာ သူမ‌လေးနောက်နေတယ်လို့ထင်လိုက်ပြီး သူမကို တစ်ယောက်ထဲထားခဲ့လိုက်သည်။တစ်ကယ်တော့ ကလေးမလေးဟာ ‌နောက်နေတာမဟုတ်ပါဘူး။ထိုအချိန်မှစ၍ သူမသည် စနောက်ခဲ့သည့်အချိန်များကို နှမြောခဲ့ပြီး သိသာထင်ရှားသော လွယ်ကူသည့်အရာများကို သင်ယူရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမအတွက်မူ ဒါတွေက အယ်လ်ပိုင်းဂဏန်းသင်္ချာနှင့် ကဗျာတွေလိုမျိုး ခက်ခဲနေခဲ့သည်။
ကောင်းဖူကနေ ရလဒ်တွေထွက်လာခဲ့သည်။ဂဏန်းသင်္ချာစမ်းသပ်မှုတွင် မန်မန်သည် အနီရောင်ပန်းပွင့်လေးငါးပွင့်ကို ရရှိခဲ့သည်။သူမလေးသည် ကလေးတစ်ယောက်လို စာရွက်လေးကို အိတ်ကပ်ထဲတွင် သေသေသပ်သပ်ခေါက်ထည့်လိုက်ပြီး ပထမတန်းကျောင်းရှိရာကနေ အလယ်တန်းကျောင်းသို့ အမြန်ပြေးကာ ကျောင်းတံခါးအပြင်ဘက်တည့်တည့်တွင် စောင့်နေလိုက်သည်။
အဲဒီနေ့က ကားပေါ်မှာ ထီးမပါခဲ့ဘူး။ဒရိုက်ဘာက သူမလေး နေမကောင်းဖြစ်မည်ကို စိုးရိမ်သဖြင့် ပြန်ခေါ်ရန် တွေးနေမိသည်။မန်မန် က ခေါင်းခါလိုက်ပြီး ခေါင်းမာမာနဲ့ ရပ်နေလိုက်သည်။
ဒရိုက်ဘာဟာ ရွေးချယ်စရာမရှိတော့ဘဲ သူ့ကုတ်အင်္ကျီကိုချွတ်ကာ မန့်မန့်ခေါင်းပေါ် ဆောင်းပေးထားလိုက်တော့သည်။
"အန်ကယ်၊အန်ကယ်က ဒီလောက်တောင်ရေတွေစိုနေတာ ဒီတိုင်းဆို ဖျားသွားလိမ့်မယ်"
ဒရိုက်ဘာက ပြုံးလိုက်ပြီး
"အန်ကယ်က ကျန်းမာရေးကောင်းတယ် လွယ်လွယ်နဲ့ မဖျားပါဘူး"
သူမလေးက မျက်တောင်ခတ်လိုက်ပြီး သူ့အင်္ကျီထောင့်နားက ဆွဲလိုက်ပြီး
"ကားပေါ်ပြန်တက်ရအောင်"
"သမီးစောင့်နေတာမဟုတ်ဘူးလား?"
သူမပြောလိုက်သည်။
"သမီးက အန်ကယ်ဖျားသွားမှာကြောက်လို့။သမီးကသူများကို ဒုက္ခရောက်အောင်မလုပ်သင့်ဘူးလေ"
သူမလေးရဲ့မျက်လုံးတွေက လိမ္မာပါးနပ်ပြီး လေသံကလည်း ရိုးသားသည်။ဒရိုက်ဘာရဲ့ အပြုံးက နွေးထွေးလာခဲ့သည်။ဒရိုင်ဘာက သူမကို ကားပေါ်တက်ခိုင်းခါနီးမှာ ကျောင်းတံခါး ပွင့်သွားခဲ့သည်။ခဏကြာတော့ အိုးရန်က ချူယီနှင့် ပြုံးပြီးစကားပြောရင်းထွက်လာခဲ့သည်။
ရှမန်မန်၏ မျက်လုံးလေးတွေဟာ တောက်ပလာပြီး ဒရိုက်ဘာရဲ့လက်ကိုဖြုတ်လိုက်ပြိး သူ့ဆီသို့ ပြေးသွားခဲ့သည်။သူမသည် အလွန်စိုးရိမ်နေခဲ့ပြီး ပျော်ရွှင်မှုအပြည့်ဖြင့် ချူယီ အား သူမ၏အောင်မြင်မှုများကို ပြသချင်ခဲ့သည်။သူမ‌လေးဟာ ချော်နေသော ခြေဖဝါးများကို သတိမထားမိဘဲ မြေပေါ်သို့လဲကျသွားခဲ့သည်။
သူမ အိတ်ကပ်ထဲမှ စာရွက်လေးသည် ပေါ့ပေါ့ပါးပါးနှင့် ချော်ထွက်သွားပြီး မကြာမီမှာပဲ မိုးစိုသွားခဲ့သည်။
ရှမန်မန်လေးက စာရွက်ပါးပါးလေးကို ကောက်ကိုင်လိုက်ပြီး လက်ရေးက မှုန်ဝါးနေကာ အနီရောင် ပန်းပွင့်လေးဟာ မိုးရေကြောင့် စွန်းထင်း နေခဲ့ပြီး အထက်ဖော်ပြပါ အကြောင်းအရာကိုပင် သူမ သေချာ မခွဲခြားနိုင်တော့ပေ။သူမ ထိတ်လန့်သွားခဲ့ပြီး နောက်စက္ကန့်တွင် မျက်ရည်ပေါက်များ ကျလာခဲ့သည်။
"မန်မန်"
သူက ခြေလှမ်းအကြီးကြီးဖြင့် ရောက်ရှိလာပြီးသူမကို အေးစက်နေတဲ့ မြေပြင်ပေါ်ကနေ လှမ်းထူလိုက်သည်။
သူမအဝတ်အစားတွေက ညစ်ပတ်နေကာ ဒူးလေးတွေစုတ်ပြဲနေပြီး သူမရဲ့ သေးငယ်ပြီး ငိုနေသည့် မျက်နှာလေးက သနားစရာကောင်းနေခဲ့သည်။
"နာနေလား?"
သူ့လက်တစ်ဖက်က သူမအတွက် ထီးမိုးပေးထားပြီး နောက်လက်တစ်ဖက်က လက်ကိုင်ပုဝါကို လှမ်းယူလိုက်သည်။
မန်မန်က ဆက်ငိုနေခဲ့သည်။
သူကသူမလေးကိုဖက်ထားပြီး သူမကျောလေးကို ပုတ်ပေးနေကာ
"မန်မန် မငိုနဲ့တော့"
"ငါ ကိုင်ပေးထားမယ်"
အိုးရန် ရောက်လာပြီး ထီးကို ကိုင်ထားပေးလိုက်သည်။
သူသည် မိန်းမငယ်လေး၏ မျက်နှာပေါ်ရှိ အညစ်အကြေးများကို လက်ကိုင်ပုဝါဖြင့် သေချာသုတ်ပေးကာ သန့်ရှင်းသည့် အဝတ်စ‌လေးကို ဆွဲထုတ်လိုက်သည်။သူက သူမလေးရဲ့ဒူးဒဏ်ရာကို ဂရုတစိုက်နဲ့ ကုသပေးသည်။ဒဏ်ရာက မပြင်းထန်ပေမဲ့ အရေပြားက ကွဲသွားသည့်အတွက် ဒါက ဆယ်ကျော်သက်လေးကို ဆိုးဆိုးရွားရွား ခံစားသွားစေလောက်အောင်ပင် ပြုလုပ်နိုင်သည်။
သူ့ရှေ့က ကလေးမလေးက သူ့ပြုစုစောင့်ရှောက်တာခံရင်း ကြီးပြင်းလာတာဖြစ်သည်။သူငယ်ငယ်ကတည်းက သူ ဘယ်လောက်ဒဏ်ရာရရ ဒီလို မခံစားခဲ့ရပါဘူး။
ခဏကြာတဲ့အခါမှာ သူက သူ့ကျောင်းယူနီဖောင်းအင်္ကျီကို ချွတ်လိုက်ပြီး သူမလေးကို သေချာ ထုတ်ပိုးထားလိုက်သည်။သူ့ရဲ့ သွယ်လျသော လက်ချောင်းထိပ်များက သူမလေးရဲ့ နဖူးပေါ်ရှိ ဆံပင်များကို သပ်တင်ပေးလိုက်ရင်း
"မန်မန်ဘာလို့ ကိုကို့ဆီရုတ်တရက်ရောက်လာရတာလဲ?"
သူ မမေးတာပဲ ကောင်းပါတယ် သူ မေးလိုက်တဲ့အခါမှာ သူမက အလွန်ဝမ်းနည်းစွာပဲ ငိုတော့သည်။
ရှမန်မန်လေးရဲ့ နှာခေါင်းသည်နီနေပြီး နှစ်ကြိမ်‌‌ လောက်ရှိုက်ပြီးနောက်မှာ စုတ်ပြဲနေသော စာသားမှတ်တမ်းကို သူ့ဆီလှမ်းပေးလိုက်သည်။
"မန်မန်၊မန်မန်က အနီရောင်ပန်းပွင့်လေးတွေရခဲ့တယ် ဆရာမလီကပြောတယ် မန်မန်က အရမ်းဉာဏ်ကောင်းတယ်တဲ့ မန်မန်က ကိုကို့ကို ပြချင်ခဲ့တာ..."
ဒါပေမဲ့....
အခုတော့ ဘာမှမရှိတော့ဘူး။
တည်ငြိမ်နေသည့် သူ့မျက်နှာမှာ သူ့မျက်လုံးလေးတွေကတော့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူမ‌လေးရဲ့စိတ်ထဲမှာ သူ့ကို သဘောကျသလောက် သူမ ပျော်ရွှင်မှုတွေကို သူနဲ့အတူဝေမျှချင်ပေမယ့် သူမလေးကဘာမဆို ကောင်းကောင်းလုပ်နိုင်ဖို့ မိုက်မဲလွန်းနေသေးသည်။
မန်မန်က မျက်လုံးလေးမှိတ်ကာ သူမနှုတ်ခမ်းလေးကို ဖွဖွကိုက်ရင်း ငိုရှိုက်နေခဲ့သည်။
သူ အသက်ပြင်းပြင်းရှုလိုက်ပြီး မိုးမိသွားလို့ လက်ထဲမှာ ရေစိုသွားသည့် စာရွက်ကို သူ့လက်ထဲရောက်အောင် ဖြည်းဖြည်းချင်း ယူလိုက်သည်။တချို့နေရာတွေက မှုန်ဝါးနေပေမယ့် ဝက်ဝံလို ကောက်ကွေးသည့် သူမလက်‌ရေးလေးကို သူမှတ်မိနေသေးသည်၊ ဒါက နည်းနည်း‌ လေးတော့ရုပ်ဆိုးပေမယ့် သေသေချာချာ သပ်သပ်ရပ်ရပ်ရေးထားတယ်ဆိုတာသေချာပေသည်။
သူ့နှုတ်ခမ်းလေးတွေကွေးညွှတ်သွားပြီး သူမလေးကို ကြည့်လိုက်သည်။
"မန်မန်က အရမ်းတော်မှန်း ကိုကိုသိပါတယ်"
ကောင်းကင်က ကြည်လင်လာပြီး တိမ်မည်းတွေ ကင်းစင်သွားကာ နေက ကမ္ဘာမြေကြီးဆီ ပြန်ရောက်လာခဲ့သည်။ဆယ်ကျော်သက်လေးဟာနွေးထွေးသော နွေဦးကဲ့သို့ ပြုံးပျော်နေခဲ့သည်။သူမ မငိုတော့ဘဲ သူမ၏ အတွင်းစိတ်က မကျေမနပ်ဖြစ်တာ‌တွေက သူ့အပြုံးတွေကြောင့် လွယ်လွယ်ကူကူပဲ ပျောက်ကွယ်သွားခဲ့သည်။
"မန်မန်က ကိုကို့ကို ပထမဆုံးလာပြောပြတဲ့အတွက် ကိုကိုအ‌ရမ်းပျော်တယ်"
သူ ထပ်ပေါင်းပြီးပြောလိုက်သည်။
"ဒါပေမဲ့ နောက်ခါကျ မန်မန်ဒီလိုမျိုး မပြေးရဘူးနော်"
မန်မန်က သူမမျက်ရည်တွေကို လက်လေးနဲ့သုတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
သူငယ်တန်းကျောင်းက အားလပ်ရက်‌ပေးပြီး ရှ မိဘတွေကလည်း နိုင်ငံခြားသို့ ခရီးထွက်သွားသောအခါ ရှမန်မန်လေး သည် ကျန်းထျန်တို့အိမ်တွင်ပဲ နေခဲ့ရသည်။
လူအိုကြီးလင်းနှင့် ဆယ်ကျော်သက်လင်း တို့ကသူမကို အရမ်းအရမ်းကို ကြိုက်နှစ်သက်ကြသည်။အထူးသဖြင့် သူမအား အချစ်ရဆုံး ကလေးကလေးတစ်ယောက်အ‌ဖြစ် ဆက်ဆံ‌တတ်သည့်လင်းဆွေ့ကျိုးပေါ့။သူမလေးက နာခံမှုရှိပြီး ဉာဏ်ကောင်းသူဖြစ်သည်။ ပြီးတော့ သူမလေးသည် ချစ်စရာကောင်းပြီး လိမ္မာပါးနပ်သေးသည်။အရေးကြီးဆုံးက သူမလေးက သူ့သမီးထက် ပိုတော်နေတာပဲ။
သူ(ချူယီ)ပိုပြီး သတိထားလာ‌လေ ပိုစိတ်မချလေဖြစ်လာပြီး သူအ‌ဖေအိုကြီးရဲ့ မျက်လုံးတွေကို လုံးဝ မကြည့်ရဲတော့ဘူး။
အားလပ်ရက် ပထမနေ့တွင် ချင်းချင်း သည်သူမသူငယ်ချင်းအနည်းငယ်နှင့် အပြင်ထွက်၍ဆော့ကစားချင်သည့်အတွက် လင်းဆွေ့ကျိုးက သူမ လုံခြုံမှုအတွက် လျန်ရှန့် နှင့် အိုးရန်တို့ကို သူမနောက်သို့လိုက်ခိုင်းခဲ့ပြီး အရပ်ဝတ် ကိုယ်ရံတော် အနည်းငယ်လည်း ထည့်ပေးလိုက်သေးသည်။
ဒီနေ့မှာတော့  ကျန်းထျန်တို့လင်မယားနှစ်ယောက်၊ မန်မန် နှင့် သတင်းကြည့်နေသော ချူယီသာ အိမ်မှာရှိကြသည်။
တိုင်းပြည်အရေးကို အတော်လေး ဂရုစိုက်တတ်တဲ့ သူမသားကို ကြည့်လိုက်ရင်း ဆိုဖာပေါ်မှာ လဲလျောင်းနေပြီး Weibo သုံးနေသော ကျန်းထျန် က အရမ်းဝမ်းနည်းသွားခဲ့သည်။ဒီကလေးက  အသက်ပိုကြီးလာတာနှင့် ပိုရင့်ကျက်လာပုံရသည်။
သူမ ပါးစပ်ထဲက ဖရဲစေ့အရေခွံကို ထွေးထုတ်လိုက်ပြီး
"လိုင်း ပြောင်းလိုက်"
ချူယီက အနောက်ကို လှည့်ကြည့်လိုက်ပြီး
"သားဒါကို အပြီးထိကြည့်လို့မရဘူးလား?"
သူသည် ယခုအခါ အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေး ပြဿနာများကို စိုးရိမ်နေပြီး ဒါနဲ့ပတ်သတ်ပြီးသူ အမြဲတမ်း စိုးရိမ်နေခဲ့တာဖြစ်သည်။
ကျန်းထျန် : " မားမားက ဝက်ဝံလေးတွေ သွားတာလာတာကို ကြည့်ချင်တာ။သားမားမားအတွက် channel ပြောင်းပေးလို့မရဘူးလား?
မားမား တကယ်ကို ဝက်ဝံလေးတွေ သွားတာလာတာကို ကြည့်ချင်တာပါ"
အဲ့လိုမျိုး သုံးခေါက်လောက် သူမ ပြောနေလိုက်သည်။
ချူယီဟာ ကူကယ်ရာမဲ့စွာနဲ့ ရိမုဒ်ကို ယူပြီး channel ပြောင်းပေးလိုက်ရတော့သည်။
ကျန်းထျန်က ကျေနပ်စွာနဲ့ခေါင်းညိတ်လိုက်သည်။ထိုအချိန်မှာပဲ သူမသားက အပေါ်ထပ်ကို တက်သွားတာကို သူမ မြင်လိုက်ရသည်။
"ချူယီ၊သား ဒါကို မားမား နဲ့အတူ ကြည့်သင့်တယ်"
သူ ရပ်လိုက်ပြီး
"သား ကာတွန်းကား မကြိုက်ဘူး"
ကျန်းထျန် က သိပ်စိတ်မ၀င်စားတဲ့ပုံစံဖြင့်
"မားမား ဂရုမစိုက်ဘူး၊သား ဒါကို မားမားနဲ့အတူ လိုက်ကြည့်ရမယ်!"
သူ သက်ပြင်းချလိုက်ပြီး ပြန်ဆင်းလာခဲ့သည်။
မန်မန်နဲ့ အတူ အရုပ်ဆက်တိုင်း ကစားပေးနေသော လင်းဆွေ့ကျိုးသည် သူ့ နား နားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မင်းမာမီက ကိုင်တွယ်ဖို့ ပိုပိုပြီး ခက်ခဲလာပြီ"
သူက သဘောတူစွာနဲ့ ခေါင်းညိတ်လိုက်သည်။
"မန်မန်က ချိုမြိန်တဲ့ သကြားလုံးလေးလို မာမီကို ကိုင်တွယ်နိုင်ပါတယ်၊မန်မန် ချိုမြိန်တဲ့ သကြားလုံးလေးလို မာမီကို မစွန့်လွှတ်ချင်ဘူး"
မန်မန် လေးသည် ချစ်သူတစ်ယောက်လိုမျိုး ကျန်းထျန် ထံသို့ ပြေးသွားပြီး သူမ၏ လက်ဖောင်းဖောင်းလေးတွေက ကျန်းထျန်လည်ပင်းကို ဖက်လိုက်ပြီး သူမ နှုတ်ခမ်းကို နမ်းလိုက်သည်။
သူမကလေးများဆီမှ အနမ်းမခံရတာ ကြာပြီ‌ဖြစ်သော ကျန်းထျန်သည် မျက်ရည်ကျလုမတတ်ဖြစ်သွားခဲ့သည်။ 
"မန်မန်ကတကယ့်ကို ချိုမြိန်တဲ့ သကြားလုံး‌လေးပဲ၊နးအနာဂတ်ကျရင် မားမားတို့မိသားစုထဲကို လက်ထပ်ပြီး ဇနီးမယားအဖြစ် မဝင်ချင်ဘူးလား?"
မန်မန်က သူမလက်သည်းလေးကို ကိုက်လိုက်သည်။
ကျန်းထျန်က သူမလေးရဲ့ ဖရဲသီးစေ့လိုခေါင်းလုံးလုံးလေးကို ထိလိုက်ပြီး
"မန်မန်က အနာဂတ်ကျရင် လျန်ရှန့်ကို လက်ထပ်ချင်လား?"
အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှာ သူမ ချက်ချင်း ငြင်းလိုက်သည်။
"မဟုတ်ဘူး လျန်ရှန့်က အရူးလေ၊ ဟေး မန်မန် သမီး ချူယီကို လက်ထပ်ပါလား၊ ချူယီက ဉာဏ်ကောင်းတယ်"
မန်မန်က သူမအောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး
"ဒါပေမဲ့ မန်မန်ကလည်း အရူးပဲကို"
"ကောင်းပြီ"
ကျန်းထျန် သူမလက်ကို ဝေ့ရမ်းလိုက်ပြီး
"ငါတို့အိမ်မှာ ဉာဏ်ကောင်းတဲ့သူက တစ်ယောက်ထဲရှိတာပဲ"
"......."
".........."
ကလေးမလေးက ပြင်းပြင်းထန်ထန်  တွေးနေတာကို မြင်လိုက်ရတဲ့အခါမှာ သူ ထပ်ပြီး ထိုင်မနေနိုင်တော့ဘဲ
"မားမား အန်ကယ်ရှသာသိရင် သူ သားကို ရိုက်လိမ့်မယ်"
အစကတည်းက သူ့ကို ခွင့်လွှတ်ဖို့ ရည်ရွယ်ခဲ့တာကြောင့် အကြောင်းအရာက မြန်မြန်ပဲပြောင်းလဲသွားခဲ့သည်။လင်းဆွေ့ကျိုးက ရုတ်တရက် ဝင်ပြောလိုက်သည်။
"အ‌ဆင်ပြေတယ် သူ မရိုက်ရဲပါဘူး"
သူမရိုက်ရဲဘူး။
ပေါ့ပေါ့ပါးပါး စကားလေးသုံးလုံးသာဖြစ်ပေမဲ့လည်း လေးနက်ဟန်ဆောင်နေကြသည်။
ထိုနေ့က လူကြီးတွေက စနောက်နေရုံသာဖြစ်ပေမဲ့လည်း ရှမန်မန်လေးရဲ့ အနက်ရှိုင်းဆုံးနှလုံးသားထဲမှာတော့ ဒါကို အတည်လို့ ထင်မှတ်သွားခဲ့သည်။
အချိန်တွေကမြန်မြန်ပဲကုန်သွားခဲ့ကာ ရှမန်မန်လေးသည် အသက် 13 နှစ်တွင် အလယ်တန်းကျောင်းသို့ ဝင်ရောက်ခဲ့သည်။
သူမလေးဟာ ဉာဏ်မထက်သည့်အတွက် အရည်အချင်းရှိသော အလယ်တန်းကျောင်းများကိုမတက်ရောက်နိုင်သည်မှာ သဘာဝပင်ဖြစ်သည်။ရှဟိုင်ရွန်သည် သူ့သမီးလေး ကျောင်းမှာ အနိုင်ကျင့်ခံရမည်ကို ကြောက်ရွံ့နေခဲ့သည်။
ထို့ကြောင့် သူသည် ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုအား ရွေးချယ်ခဲ့ပြီး သူမလေး အလယ်တန်း၊အထက်တန်းကျောင်းတက်စဉ် အနိုင်ကျင့်မခံရဖို့သေချာစေရန် သူမ၏ကျောင်းတစ်ခုလုံးကို ထောက်ပံ့ခဲ့သည်။
ရှမန်မန်လေးသည် ကိုယ်လုံးကိုယ်ပေါက်သေးသွယ်ပြီး အကျင့်စာရိတ္တကောင်းမွန်ကာ၊ သူမ၏ အသားအရည်သည် အဖြူနှင့် အနီရောင် ရောယှက်နေပြီး သူမ၏ မျက်တောင်များကဖျပ်ဖျပ်ခတ်နေကာ သူမ၏ မျက်လုံးလေးများသည် ကြည်လင်သန့်ရှင်းနေသည်။အတန်းဖော်တွေရော ဆရာမရော သူမကို သဘောကျကြပေမယ့် တချို့က သူမလေးကို သဘောကျကြသလို တချို့ကလည်း သူမလေးကို မုန်းကြသည်။
ပစ္စည်းယူခြင်းကိုအမည်ခံပြီး ရှမန်မန်ကို သူမ အတန်းဖော်များစွာက ကျောင်း၏သိုလှောင်ခန်းတွင် သော့ခတ်ထားခဲ့သည်။
သိုလှောင်ခန်းသည် ပဉ္စမထပ်၏ အတွင်းဘက်အကျဆုံးအခန်းဖြစ်ပြီး မှောင်ပြီး ကျဉ်းမြောင်းကာ ဘေးနှစ်ဖက်စလုံးမှာ ပျက်စီးနေသည့်စင်များကို စုပုံထားသည်။
ကျောင်းဝန်ထမ်းတွေမှလွဲ၍ ဤအခန်းသို့ လူအနည်းငယ်သာ လာကြသည်။ ယခုအချိန်တွင် သူမသည် အမှောင်ထဲတွင် ပိတ်မိနေသော တစ်ဦးတည်းသော သူဖြစ်သည်။
ရှမန်မန်သည် စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့နေမိသည်။သူမ ဖန်ခွက်ပေါ် ခြေဖျားထောက်လိုက်ပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။မည်သူမျှမရှိ‌သော လူသွားလမ်းတွင် သူမ၏ပုံရိပ်လေးတစ်ဝက်ကိုပင် မမြင်နိုင်ပေ။
သူမဝမ်းဗိုက်က တင်းမာလာပြီး ခန္ဓာကိုယ်အောက်ပိုင်း ပူနွေးလာသည်ကိုခံစားလိုက်ရပြီး အရည်စီးကြောင်းများက သူမခန္ဓာကိုယ်အောက်သို့ စီးဆင်းသွားကြသည်။
သူမ တင်ပါးနောက်က သွေးတွေကို သုတ်လိုက်သည်။
ရှမန်မန်ရဲ့ နှုတ်ခမ်း‌‌လေးတွေဟာ တဆတ်ဆတ်တုန်နေပြီး သူမဦးနှောက်က ဗလာကျင်းနေခဲ့သည်။
ရုတ်တရက်ပဲ ပြတ်သားသည့် ဖုန်းမြည်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ထိုအချိန်မှသာ သူမသည် သူမ၏ ဆဲလ်ဖုန်းကို ကိုင်ဆောင်ထားဆဲဖြစ်ကြောင်း သတိရလိုက်ပြီး ပန်းရောင် ဆဲလ်ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။ ခေါ်ဆိုသူ ID သည် ပထမနှင့် ဒုတိယစကားလုံးများကိုသာ ရှင်းလင်းစွာပြသထားသည်။
ဖုန်းက ချိတ်ဆက်သွားပြီး မန်မန်ကအသံသေးသေးလေးဖြင့်
"ဟယ်လို...."
မိုက်ကရိုဖုန်းမှတစ်ဆင့်ထွက်လာသော လူငယ်လေး၏အသံသည် တော်တော်လေး နှစ်လိုဖွယ်ကောင်းသည်။
"မန်မန်ကျောင်းဆင်းပြီလား"
သူ့အသံကိုကြားလိုက်ရသည့်အချိန်တွင် မန်မန်၏မျက်လုံးများသည် ရုတ်တရက်နီရဲလာခဲ့ပြီး
"ဝူး ကိုကို"
စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည်။
သူ့လေသံက လေးနက်လာပြီး
"တစ်‌ယောက်တစ်ယောက်က မင်းကို အနိုင်ကျင့်ခဲ့တာလား?"
ရှမန်မန်က သူမလျှာကို ကိုက်လိုက်ပြီး အသက်ပြင်းပြင်းရှူရင်း မျက်ရည်တွေကို ထိန်းကာ
"မန်မန် ဗိုက်နာတယ်၊ပြီးတော့ သွေးတွေလည်းထွက်နေတယ်၊ မဟုတ်ဘူး၊ အခု မန်မန်ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။"
သူမ နောက်တစ်ခေါက် ငိုချလုနီးပါးဖြစ်သွားပြန်သည်။
သူ့လေသံကတုန်တုန်ယင်ယင်ဖြင့် ဖြည်းညှင်းစွာ တိုးတိုးလေးပြောလိုက်သည်
"မန်မန်အခု ဘယ်မှာလဲ?"
"ကျောင်းသိုလှောင်ခန်းမှာ"
"ကိုကို့ကို စောင့်နိုင်တယ်မလား?"
ရှမန်မန် က ဒါကို အာရုံစိုက်လိုက်သည်။
ခဏကြာတော့ ဖုန်းလက်ခံရရှိတဲ့ ကျောင်းဝန်ထမ်းက တံခါးကိုဖွင့်ပြီး အခန်းထဲမှာ ရှမန်မန်ကို တွေ့လိုက်ရသည်။အဘွားကြီးက စိတ်သက်သာရာရသွားပြီး ညည်းညူဖို့ မမေ့ဘဲနှင့်
"ဒီကလေးက အရမ်းဂရုမစိုက်တတ်တာပဲ ဘာကြောင့်လဲ?ကံကောင်းလို့ပေါ့ ငါအလုပ်နောက်ကျနေလို့ မဟုတ်ရင် ကျောင်းမှာဘယ်သူမှရှိမှာမဟုတ်ဘူး၊ မင်းတစ်ညလုံးပိတ်ခံထားရလိမ့်မယ်။"
သူမက ခေါင်းလေးကို ငုံ့လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
အဘွားကြီးက သူမ ကြောက်ရွံ့ထိတ်လန့်နေသည်ကို မြင်လိုက်သဖြင့်
"အိမ်ပြန်‌တော့မင်းမိသားစု‌တွေ စိတ်ပူနေလိမ့်မယ်" ဟု ဆက်ပြောလိုက်သည်။
ရှမန်မန်သည် သူမ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမတင်ပါးနောက်ကို သူမလက်လေးနှင့်ဖုံးပြီး လေလိုအမြန်နှုန်းဖြင့် ပြေးထွက်သွားတော့သည်။
ကျောင်းဆင်းသွားတာကြာပြီဆိုတော့ စာသင်ခန်းတံခါးတွေကိုလည်း သော့ခတ်ထားကြသည်။သူမ‌လေးဟာကျောင်းပေါက်ဝမှာ နံရံကို ကျောမှီပြီး တစ်ယောက်တည်း ရပ်နေခဲ့သည်။သူမ ဗိုက်က အရမ်းနာနေတာကြောင့် သူမကောင်းကောင်းတောင် မရပ်နိုင်ဘူး။
"မန်မန်"
သူမတွေဝေနေချိန်မှာတော့ တစ်စုံတစ်ယောက်က သူမကို ခေါ်နေတာကို ကြားလိုက်ရသည်။သူမ မျက်တောင်လေး‌တွေ အနည်းငယ်လှုပ်သွားပြီး အသံလာရာကို ဂရုတစိုက်ကြည့်လိုက်သည်။
နေဝင်ချိန်၏ အလင်းရောင်အောက်တွင် သူမထံသို့ ရောက်ရှိလာသော အမျိုးသားလေးသည် ကောင်းချီးပေးခံထားရသော ကြော့ရှင်းမှုနှင့်ပြေပြစ်သော သူ့မျက်လုံးများသည် မာနကြီးမှုကြောင့် အနည်းငယ် ခပ်တန်းတန်းဖြစ်နေခဲ့သည်။သူမဆီလျှောက်လာပြီးနောက်မှာ သူမတစ်ကိုယ်လုံးသည် သူ့ပုံရိပ်အောက်မှာ လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။
လင်းချူယီကို မြင်လိုက်သည့်အခိုက်တွင် သူမ၏ အတွင်းစိတ်ထဲက ကြောက်ရွံ့မှုများ အပြည့်အ၀ ထွက်ပေါ်လာခဲ့သည်။
"ချူယီ၊နာတယ်..."
ရှမန်မန်မော့ကြည့်လိုက်သည့်အခါ သူ့မျက်နှာက မကျေမနပ်ဖြစ်နေတာကိုတွေ့လိုက်ရသည်။
"ထနိုင်လား"
သူကသူမကို ဆွဲထူလိုက်သည်။
သူ့လက်ဖဝါးက ခွန်အားတွေဖြင့် ရှမန်မန်သည်ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
ချူယီသည် သွယ်လျသော လူကြီးတစ်ယောက်အဖြစ် ကြီးပျင်းလာပြီး ရှမန်မန်၏ အရပ် 150 cm သည် သူ့ရင်ဘတ်နားမှာ ဖြစ်သည့်တိုင်အောင် သူသည် သူမတစ်ကိုယ်လုံးကို သူ့လက်မောင်းထဲမှာ လွယ်လွယ်ကူကူပဲ ပွေ့ထားနိုင်ဆဲဖြစ်သည်။
သူအောက်ကိုငုံ့ကြည့်လိုက်ပြီး အကြည့်တစ်ချက်နှင့်တင် ကျောင်းယူနီဖောင်းစကပ်က သွေးတွေကို သတိပြုမိလိုက်သည်။
.....ဒါ သူမလေးကဒီအရွယ်တောင် ရောက်နေပြီပေါ့။
သူစိတ်သက်သာရာရသွားပြီး သူ့နှုတ်ခမ်းထောင့်စွန်းလေးက ကွေးတက်သွားကာ သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီးသူမလေး၏ပခုံးပေါ်ကို အုပ်ပေးလိုက်သည်။
"သွားစို့"
ရှမန်မန် က သူမမျက်လုံးလေးတွေကို ပွတ်သပ်လိုက်ပြီး ချူယီရဲ့ ဘေးကနေလိမ္မာပါးနပ်စွာ လိုက်သွားခဲ့သည်။
ကျောင်းဘေးက စူပါမားကတ် တံခါးနားမှာ ရပ်လိုက်ပြီး သူတစ်ယောက်တည်း ဝင်သွားခဲ့ကာအပြင်ထွက်လာတော့ သူ့လက်ထဲမှာ အိတ်အပိုတစ်ခု ပါလာခဲ့သည်။
"ရော့"
ရှမန်မန် က အိတ်ကိုယူပြီး စူးစမ်းချင်စိတ်ဖြင့် အတွင်းကို ကြည့်လိုက်သည်။
ကပ်ခွာများနှင့် အတွင်းခံအသစ်များဖြစ်သည်။
ချူယီရဲ့လေသံကို နူးညံ့နေဆဲဖြစ်ပြီး
"ဇီဗေဒ ဆရာက ဘယ်လိုသင်ပေးထားလဲဆိုတာ သိတယ်မလား?"
မန်မန်က ခေါင်းညိတ်လိုက်သည်။
"ဟိုမှာ အများသုံးအိမ်သာ မန်မန် သွားလိုက်၊ကိုကို ဒီမှာစောင့်နေမယ်။"
သူမ ညီးညူးလိုက်ပြီး အိမ်သာထဲကို ဝင်သွားလိုက်သည်။(ဗိုက်နာလို့ ညီးတာထင်ပါတယ်)
သူမပြန်ထွက်လာသည့်အခါမှာ သူက ခုနကတင်ဝယ်ထားတဲ့ ပဲနို့ပူပူလေးကို ကိုင်ရင်းစောင့်နေခဲ့သည်။
"ဒါသောက်ပြီးရင် မနာတော့ဘူး"
ရှမန်မန်က သူမပါးစပ်ကို မြည်းကြည့်လိုက်ပြီး သူမလျှာဖျားလေးကို တစ်လစ်ထုတ်လိုက်သည်။
"ပူတယ်"
သူမမှာ ကြောင်လိုမျိုးလျှာလေးရှိသည့်အတွက်အပူချိန်အနည်းငယ်ပင် မခံနိုင်ပေ။
ချူယီက ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"ဖြေးဖြေးချင်းသောက်"
ရှမန်မန်သည် ချိုမြိန်သော အနီရောင်ရက်စွဲနှင့် ပဲနို့ကို ဖြည်းဖြည်းချင်း သောက်လိုက်သည်။
"အခု ပိုကောင်းလာပြီမို့လား?"
"ဟုတ်တယ်" သူမခေါင်းညိတ်လိုက်သည်။
"ပိုကောင်းလာပြီ"
"ဒါကောင်းတယ်"
သူစိတ်သက်သာရာရသွားပြီး သူ့ရဲ့အနက်ရောင်မျက်လုံးများက ပဲနို့ကိုဖြည်းဖြည်းချင်းသောက်နေသော ကလေးမလေးအား တိတ်တဆိတ်စိုက်ကြည့်နေသည်။ခဏလောက်ကြာတဲ့ အခါမှာ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ထွက်ပေါ်လာခဲ့သည်။
ရှမန်မန်သည် ခဏလောက် အေးခဲသွားပြီး သူမမျက်နှာက နီမြန်းလာကာ ခေါင်းလေးကို ငုံ့ပြီး သူ့ကို ထပ်မကြည့်ဝံ့တော့ပေ။
ZAWGYI
"မန်မန်"
"ချူယီ..."
"ချူယီ!"
အသံက ပိုကျယ်လာခဲ့သည်။
ရှဟိုင်ရွန် :"....."
"ချူယီ....."
"မန်မန်"
"မန်မန် မပျော်ဘူးလား?"
"သမီးက အရူးလား?"
"ဘယ်သူကပြောတာလဲ?"
"ဘာလို့လဲ..."
သူမပြောလိုက်သည်။
"မန်မန်"
"နာနေလား?"
"မန်မန် မငိုနဲ့တော့"
"ငါ ကိုင်ပေးထားမယ်"
ဒါပေမဲ့....
"လိုင်း ပြောင်းလိုက်"
သူ ရပ်လိုက်ပြီး
"ကောင်းပြီ"
"......."
".........."
သူမရိုက်ရဲဘူး။
"ဟယ်လို...."
"ဝူး ကိုကို"
"မန်မန်အခု ဘယ်မှာလဲ?"
"မန်မန်"
"ချူယီ၊နာတယ်..."
"ထနိုင်လား"
"သွားစို့"
"ရော့"
"ပူတယ်"
"ဖြေးဖြေးချင်းသောက်"
"ပိုကောင်းလာပြီ"
"ဒါကောင်းတယ်"
ရှမန်မန်သည် ခဏလောက် အေးခဲသွားပြီး သူမမျက်နှာက နီမြန်းလာကာ ခေါင်းလေးကို ငုံ့ပြီး သူ့ကို ထပ်မကြည့်ဝံ့တော့ေ။
Continue Reading
You'll Also Like
112K 9K 22
Villain Girl( Arc-1) ရဲ့အဆက် Arc-2 ပါနော်။ အားပေးကြပါဦး။ Own creation Unicode only
1.2M 63.3K 50
83.4K 8.4K 58
ရှောင်ကောကောတွေကို သ ဘောတကျ ငမ်းတတ်တဲ့ မြန်မာပြည်က မိန်းက လေး အလည်အပတ်ခရီး သွားရာ က အချိန်ခရီးပါ သွားမိတဲ့ သူမ သူမရဲ့ ဖူးစာ ဟာ အချိန်စက်ဝန်းကို ကေ...
348K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...