UNICODE
ကျန်းထျန် ဗီဒီယိုကိုကျော်ကြည့်လိုက်သည်။လှုပ်ရှားနေသည့် ကင်မရာမြင်ကွင်းထဲတွင် သူမသည် လမ်းပေါ်က မိန်းမအိုကြီးရှေ့မှာ ရပ်နေခဲ့သည်။ထိုမိန်းမအိုကြီးသည် အသက်ကြီးလွန်း၍ ခါးကုန်းနေပြီး သူမ၏မျက်လုံးများသည် အားကိုးရာမဲ့မှုများ ဖြင့်ပြည့်နှက်နေခဲ့သည်။တစ်ဖက်က ကျန်းထျန်ကတော့ အေးစက်ကာ ယုတ်မာပြီး ရန်လိုသော အမူအရာဖြစ်နေခဲ့သည်။အမှန်တရားကိုမသိတဲ့သူတစ်ယောက်အတွက်ကတော့ ကျန်းထျန်က ဆင်းရဲ့တဲ့ မိန်းမအိုကြီးကို ခက်ခဲအောင်လုပ်နေတယ်လို့ အလွယ်တကူ နားလည်မှုလွဲနိုင်ပေသည်။
"Damn it." ကတိမတည်နိုင်တော့ပေ။
လက်ထောက်က ကျန်းထျန်ကိုကြည့်လိုက်ပြီး
"ကျဲ မနေ့ညက အပြင်ထွက်သေးတာလား?""ငါ မန်မန်အတွက် ဆေးထွက်ဝယ်သေးတယ်"
လက်ထောက်က ဂရုတစိုက်မေးလိုက်သည်။
"ဒါဆို ဒီအမျိုးသမီးက?"ကျန်းထျန်: " သွေးစုပ်တဲ့သူလေ"
"........."
"ဟမ်?"
"ငါ့အမေ"
လက်ထောက်၏ မျက်လုံးများသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျန်းထျန် ခေါင်းကိုက်လာသလိုပင် ခံစားလာရသည်။သူမသည်ရှောင်ရှို့လျန် ကိုမုန်းပေမဲ့ သူမအပေါ်ဘယ်တော့မှ လက်ဝါးကြီးမအုပ်ခဲ့ပေ။သူမကို စွန့်ပစ်ခြင်းအပြင် သူမ(ကျန်းထျန်)သည် တခြားမည်သည့်အရာမှ မလုပ်ခဲ့ပေ။အဆုံးသတ်မှာ တစ်စုံတစ်ယောက်ကသူမကို သက်ကြီးရွယ်အိုတစ်ယောက်ကို ရိုက်နှက်သည်ဟု လုပ်ကြံမည်ကို သူမမထင်ထားခဲ့ပေ။
သူမသည် လက်ထောက်ကို ဖုန်းပြန်ပေးလိုက်ပြီး
"ဒါနဲ့ပတ်သတ်ပြီး မစိုးရိမ်နဲ့။ငါအလုပ်ရှုပ်နေလို့ တခြားကိစ္စတွေနဲ့ ဖြေရှင်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ မင်းကြေငြာချက်ထုတ်လိုက်ရုံပဲ။"ဒီလိုကိစ္စမျိုးမှာ နှုတ်ဆိတ်နေခြင်းဟာ အကောင်းဆုံးရွေးချယ်မှုပဲဖြစ်သည်။
လက်ထောက်က ခေါင်းညိတ်ပြပြီး ဖုန်းကိုယူကာ ထွက်သွားတော့သည်။
YOU ARE READING
မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓
Romanceဒီ Novel လေးက တော့ တော်တော်များများ ဖတ်ဖူးပြီးဖြစ်လောက်မှာပါ ထွေထွေထူးထူးတော့မပြောတော့ပါဘူး ကိုယ်က 112 to completed ထိကို ဆက်ဘာသာပြန်ပြီး တင်ပေးသွားမှာပါ 1 to 111 ကိုကတော့ Pure__Taro ဆိုတဲ့ acc မှာ သွားရှာဖတ်လို့ရပါတယ် Start Date - 13 Sep,2022 End...