( 136 )

2.6K 421 12
                                    

UNICODE

သူမ အိပ်မောကျနေရာမှ ပြန်နှိုးလာသည့် အခါမှာ သူမ ဆေးရုံကို ရောက်နေပြီဖြစ်သည်။

ပြတင်းပေါက်နားက အဝါရောင်ပန်းပွင့်လေးတွေက နွေရာသီရဲ့ နွေးထွေးမှုကို ပေးစွမ်းပြီး လှပစွာ ဖူးပွင့်နေကြသည်။

ကျန်းထျန်သည် သူမမျက်လုံးများကို မှိတ်ထားလိုက်သည်။သူမ မှိန်းနေစဥ်အချိန်မှာ နူးညံ့ပြီး နို့နံ့သင်းသည့်လက်လေးတွေက သူမရဲ့ နဖူးပေါ်ကို ရုတ်တရက် တင်လာခဲ့သည်။သူမအကြည့်ကို ဘေးဘက်ကို ရွှေ့လိုက်တော့ ကလေးမလေးရဲ့ မျက်ရည်တွေပြည့်နေသည့် မျက်လုံးကြီးကြီးတွေနှင့် ဆုံလိုက်ရသည်။

သူမလေးက ပါးစပ်ဟပြီး ရှိုက်ကြီးတငင် အသံဖြင့် ပြောလိုက်သည်။
"မားမား...."

ကျန်းထျန်သူမပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါမှာ ချူယီနှင့် လင်းဆွေ့ကျိုး ကလွဲ၍ တစ်မိသားစုလုံး ထိုနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

"ချူယီရော ဘယ်မှာလဲ?"
သူမရဲ့ ခေါင်းမှာ နည်းနည်း နာနေသေးသော်လည်း ကျန်းထျန် သူမနဖူးကို လက်ဖြင့်အုပ်လိုက်ပြီး အိုးရန်ရဲ့ အကူအညီဖြင့် ဖြေးဖြေးချင်းထထိုင်လိုက်သည်။

"သား ဒီမှာ "
တစ်ချိန်ထဲမှာပဲ ချူယီက အပြင်ကနေ လှမ်းဝင်လာခဲ့သည်။

ကျန်းထျန် သူ့ကို အပေါ်အောက် တစ်ချက်စစ်ဆေးကြည့်လိုက်သည်။သူဒဏ်ရာ မရကြောင်း သူမသေချာစစ်ဆေးပြီးနောက်မှာ သူမနှလုံးသားလေးဟာ နောက်ဆုံးတော့ သက်သာရာရသွားတော့သည်။

"သား အဆင်ပြေလား?"

ချူယီခေါင်းညိတ်လိုက်သည်။

"မားမား၊မားမား အိပ်နေတာ ကြာလှပြီ"
လျန်ရှန့်သည် ဆေးရုံကုတင်ပေါ်သို့တက်လိုက်ပြီး သူမရင်ခွင်ထဲ ပစ်ဝင်လိုက်မည်ဟု တွေးကာ သူ့ကိုယ်သူ ဆိုးသွမ်းတဲ့ကလေးတစ်ယောက်လို ဟန်ဆောင်‌လိုက်ပေမဲ့ ကျန်းထျန်သည် အခုထိ ဒဏ်ရာတွေမသက်သာသေးကြောင်းတွေးမိသွားပြီး သူ့ကိုယ်သူပြန်ထိန်းလိုက်သည်။

သူ့သားလေးက သနားစရာကောင်းတဲ့ ခွေး‌ပေါက်လေးလို ပုံစံပေါက်နေတာကို မြင်လိုက်ရတော့ ကျန်းထျန်ရဲ့ အမူအရာက ပျော့ပြောင်းသွားခဲ့သည်။
သူမရဲ့လက်ကို ဆန့်ထုတ်ပြီး သူ့ကို သူမလက်မောင်းထဲ ဆွဲမသွင်းခင် သူ့ဆံပင်လေးတွေကို ပွတ်လိုက်သည်။ဘေးတွင်ရပ်နေသော ချင်းချင်း နှင့် အိုးရန် က မနာလိုစွာ ကြည့်နေကြသည်။သူမအပြုံးက ပိုပြီး နက်နဲသွားပြီး ကလေးသုံးယောက်လုံးကို ဖက်လိုက်သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now