( 130 )

2.7K 447 24
                                    

UNICODE

မနေ့ညက နှင်းတွေ ရပ်သွားပြီး မကြာခင်မှာပဲနှင်းတွေ အရည်ပျော်သွားကြသည်။

ချင်းချင်း သည် မနေ့ညက နှင်းလူသားရုပ်များပြုလုပ်သော ဝင်းထဲသို့ ရောက်ရှိလာပြီး အဖြူရောင်မြေပြင်ကြီးကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေခဲ့သည်။

"ချင်းချင်း" အိုးရန် သူမလေးကို ခေါ်လိုက်သည်။

ဒီနေ့က အရမ်းအေးတဲ့အတွက်ကြောင့် မိနစ်အနည်းငယ်အတွင်းမှာပဲ သူမရဲ့မျက်နှာလေးဟာ အေးစက်နေတဲ့ ရာသီဥတုကြောင့် နီရဲသွားခဲ့သည်။

ချင်းချင်းသည် သူမခေါင်းလေးကို အနည်းငယ် မော့လိုက်ပြီး ကြောင်‌ပေါက်လေးကဲ့သို့ သူမရဲ့ မျက်လုံးလေးများသည် နာကျည်းမှုများ အကူအညီမဲ့မှုများနှင့် ပြည့်နှက်နေခဲ့သည်။အိုးရန်သည် သူမ‌လေး ဒီလိုမျိုးဖြစ်နေသည်ကိုမြင်လိုက်သောအခါ စိုးရွံ့သွားပြီးတစ်စုံတစ်ယောက်က သူမ‌‌လေးကို အနိုင်ကျင့်သည်ဟုထင်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ?"အိုးရန် ငုံ့လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

ချင်းချင်းရဲ့၏ မျက်တောင်လေးများဟာ တုန်ခါသွားပြီးဝမ်းနည်းစွာလိုက်ပြောသည်။
"......နှင်းလူသားရုပ် လေးတွေအကုန်သေသွားပြီ"

အိုးရန် အနည်းငယ် လန့်သွားခဲ့သည်။

"သူတို့အားလုံးသေ‌ကုန်ပြီ ၊အဲ့တာတွေအကုန်လုံးက အိုးရန်ကောကောနဲ့ ချင်းချင်းအတူတူ‌လုပ်ထားတာတွေလေ...."

ချင်းချင်း ကသူမလေးရဲ့ ပါးများကို ဖောင်းလိုက်ပြီး သူမနှလုံးသားထဲမှ ဝမ်းနည်းမှုကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း နောက်တစက္ကန့်မှာပင် သူမ၏ ရှည်လျားသော အနက်ရောင် မျက်တောင်များပေါ်တွင် မျက်ရည်များ တွဲကျလာတော့သည်။

သူမလေးရဲ့ ဝမ်းနည်းမှုကို မြင်လိုက်ရတဲ့အခါမှာ အိုးရန်ရဲ့ နှလုံးသားလေးနာကျင်သွားခဲ့သည်။
သူအမြန်ပဲ သူ့လက်လေးကို ဆန့်ထုတ်လိုက်ကာ သူမလေးကိုဖက်လိုက်သည်။
"ချင်းချင်း မငိုပါနဲ့။နှင်းလူသားအရုပ်လေးတွေက မသေဘူး၊ချင်းချင်းလိုချင်သလောက် နှင်းလူသားရုပ်တွေကို ကောကောလုပ်ပေးမယ်၊ဟုတ်ပြီလား?"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now