( 127 )

2.5K 483 24
                                    

UNICODE

ဒါက....အန်ကယ်သူ့အိတ်ထဲကို တိတ်တိတ်လေး ထည့်ပေးခဲ့တာလား။

အိုးရန် သည်  ရုတ်တရက် လင်းဆွေ့ကျိုးက သူ့ကို လက်ဖြင့်ပုတ်သည့်အခိုက်အတန့်ကို သတိရသွားခဲ့သည်။အဲ့အချိန်တုန်းက သူဒါကို သတိမထားမိလိုက်ဘူး။အခုဒါကို ပြန်တွေးကြည့်တော့ သူသတိမထားမိခင်မှာ ရည်ရွယ်ချက်ရှိရှိ ဒါကို ထည့်သွားတာပဲ။

အိုးရန်က သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး  သူ့လက်ထဲက စာရွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

သူ့အတွေးများသည် အနည်းငယ် ကမောက်ကမဖြစ်လာကာ သူ့အမြင်အာရုံတွေဟာမှုန်ဝါးလာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

အိုးရန် သူ့မျက်လုံးများကို ဖြေးညင်းစွာမှိတ်လိုက်သည်။အမှောင်ထဲမှာ ကစဉ့်ကလျားဖြစ်နေတဲ့ ပုံရိပ်မျိုးစုံဟာ သူ့ရှေ့မှာ တောက်လျှောက်ပေါ်လာခဲ့သည်။သူ့အဖွားနဲ့ အတူကုန်ဆုံးခဲ့တဲ့အချိန်တွေ၊ချူယီနဲ့ တိုက်ခိုက်ခဲ့တဲ့အချိန်တွေ ပြီးတော့ ချင်းချင်းရဲ့ ပြုံးနေတဲ့မျက်နှာလေး........

ဒါတွေက ဒီတစ်သက်မှာ သူဘယ်လိုမှမေ့ပျောက်လို့ မရတဲ့ သူ့အတွက် တန်ဖိုးအရှိဆုံး အမှတ်တရတွေဖြစ်သည်။

နောက်တစ်စက္ကန့်မှာ နာနီရဲ့ ရက်စက်သောပုံရိပ်နဲ့
ချိုးလန်ရိရဲ့ ယုတ်မာသည့်အပြုံးက သူ့ရှေ့မှာပေါ်လာခဲ့သည်။

သူ ဒီမှာ မနေချင်တော့ဘူး။

ဒီအချိန်မှာ သူ့စိတ်တွေ အရမ်းရှင်းလင်းသွားခဲ့သည်။

သူဒီနေရာကနေ ထွက်သွားရမယ်။

အိုးရန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးတွေကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်သည်။မှောင်မဲနေသည့်အခန်းကို လှည့်ပတ်ကြည့်ပြီးနောက်မှာ သူ အပေါ်ထပ်ကို မော့ကြည့်လိုက်သည်။ဘယ်သူမှအောက်ကို မဆင်းလာကြောင်း အတည်ပြုပြီးနောက်မှာ အိုးရန်ဟာ သူ့ရဲ့ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်ကို ဖုန်းဆီ ဒရွတ်တိုက်ဆွဲလာခဲ့သည်။

သူသည် တုန်ယင်နေသော လက်ကို အသုံးပြုကာဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ်များကို ဖြည်းညှင်းစွာ နှိပ်လိုက်သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now