( 119.2 )

3K 416 12
                                    

UNICODE

"ဦးဦး ဆေးလိပ်‌သောက်တာက မကောင်းဘူး၊ ဦးဦးရဲ့ ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်"

တိတ်ဆိတ်သောညတွင် ကလေးလေး၏ နူးညံ့သောအသံ‌လေးသည် အထူးသဖြင့် စူးရှရှနှင့် ကျယ်လောင်စွာထွက်ပေါ်လာသည်။ဒါရိုက်တာသည် သူ့လက်တွေကိုရွှေ့လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။

အလင်းရောင်သည် စူးရှတောက်ပနေပြီး ကလေးမလေးသည် အဝါရောင် ဘဲဦးထုပ်နှင့် ချည်စကတ်လေးကို ၀တ်ဆင်ထားပြီး သူမ၏ မျက်လုံးကြီးများသည် စပျစ်သီးများကဲ့သို့ နက်မှောင်နေသည်။ဒါရိုက်တာက အံ့အားသင့်သွားပြီး သူ့ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ဖြောင့်တန်းသည့်ပေါ်ပလာပင်လိုမျိုး ပြီးပြည့်စုံသည့်ကိုယ်နေဟန်ထားနှင့် အမှောင်ထဲမှာရပ်နေသည့်လူကို သူတွေ့လိုက်ရပြီး ထိုသူ၏နက်မှောင်တဲ့ မျက်လုံးများက သူ့ကို အေးစက်စက်နှင့် ညှဉ်းဆဲသော ရောင်ဝါများ အပြည့်ဖြင့် ကြည့်နေသည်။

"ဥက္ကဌ...ဥက္ကဌလင်း?" ဒါရိုက်တာက မြန်မြန်မတ်တပ်ရပ်လိုက်သည်။

လင်းဆွေ့ကျိုး ဘာမှမပြောဘဲ သူ့မျက်လုံးတွေကတော့ ထောင့်နားမှာထိုင်နေသည့် ကျန်းထျန်ပေါ်ကို ကျရောက်နေသည်။သူမ၏ မေးစေ့ကို လက်ပေါ်တင်ကာ အိပ်ချင်နေသောသူမ၏မျက်လုံးများသည် ငုံ့လာကာ ဇာတ်ညွှန်းစာမျက်နှာကို လက်ချောင်းထိပ်များဖြင့်စာမျက်နှာတစ်ခုပြီးတစ်ခု လှန်ကြည့်‌နေသည်။
သေချာ‌တာပေါ့၊သူမခင်ပွန်းနဲ့ ကလေးတွေရောက်လာတာကို သူမသတိမပြုမိလိုက်ဘူး။

လင်းဆွေ့ကျိုး မျက်ခုံးပင့်လိုက်ပြီး သူ့နောက်မှာပုန်းနေသောလျန်ရှန့်ကို ငုံကြည့်ပြီး တွန်းထုတ်လိုက်သည်။

လျန်ရှန့်သည် သူ့ဆံပင်ကို ပိုနီတေးထုံးထားပြီး တွန့်နေသော ရှပ်အင်္ကျီနှင့် ဘောင်းဘီပွပွကိုဝတ်ဆင်ထားသည်။လျန်ရှန့်ကသေးသေးလေးဖြစ်နေသော်လည်း အနိုင်ကျင့်တတ်သည့်ကောင်လေးလိုမျိုး တိတ်ဆိတ်နေသည်။သူကနည်းနည်းရှက်နေသည့်အတွက် သူ့လက်နှစ်ဖက်လုံးကို နောက်ပစ်ထားပြီး ချူယီကို အကူအညီတောင်းခံဖို့အတွက် လှည့်ကြည့်လိုက်သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now