( 113 )

3.6K 471 6
                                    

UNICODE

" ချူယီ "

ရှောင်းမူဟာ သူ၏သူငယ်ချင်းနဲ့မတွေ့ရတာကြာပြီဖြစ်တဲ့အတွက်ကြောင့် သူ့ကို(ချူယီ)မြင်တာနဲ့တစ်ပြိုင်နက် သူ့ရဲ့(ရှောင်းမူ)လက်မောင်းတွေကိုဖွင့်ပြီး စိတ်လှုပ်ရှားစွာနဲ့ပြေးသွားခဲ့သည်။

ရှောင်းမူဟာ မူလက ရှဟိုင်ရွန်နှင့်အတူနေတာဖြစ်သော်လည်း ရိုက်ကူးရေးအတွက်ကြောင့် လီချန်းဖုန်းနှင့် ခေတ္တခနအတူနေရမည်ဖြစ်ကြောင်း ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက သူ့ကိုပြောလေသည်။ထို့အတွက်ကြောင့်သူက အလွန်ကိုမပျော်မရွှင်ဖြစ်နေခဲ့သည်။

" ရှောင်းမူ " ချူယီက သူ့ကို နွေးထွေးစွာပြုံးပြလေသည်။

လီချန်ဖုန်းဟာ သော့ကို သူ့လက်ထဲမှာ တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ရှေ့ကိုဖြေးညင်းစွာလျှောက်သွားလိုက်သည်။သူ့မျက်လုံးထောင့်က လင်းဆွေ့ကျိုးကို ဘာသိဘာသာဖြတ်သွားသော်လည်း အပြုံးမပျက်ဖြင့်ပြောလိုက်သည်။

"ဒီနေ့ ဥက္ကဌ‌လင်း ကိုစိတ်အနှောက်အယှက်ဖြစ်စေမိတဲ့အတွက်တောင်းပန်ပါတယ်"

လင်းဆွေ့ကျိုး ဘေးဘက်ကိုလှည့်ကာ အကွာအဝေးတစ်ခုထားပြီး ယဉ်ကျေးစွာဖြင့်

"စိတ်အနှောက်အယှက်မဖြစ်ပါဘူး။ အားလုံးပဲ အထဲဝင်ကြရအောင်"

လူတစ်စုဟာ အိမ်ထဲကို တစ်ယောက်ပြီး တစ်ယောက်ဝင်လာကြသည်။

လျန်ရှန့်နှင့်ချင်းချင်းဟာ သူတို့ကို အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့ကြသည်။သူတို့သူငယ်ချင်းတွေရောက်လာတဲ့အခါမှာတော့သူတို့(လျန်ရှန့်နဲ့ ချင်းချင်း)ဟာ သူတို့ကို(တစ်ခြား guest တွေရဲ့ကလေးတွေ) သူတို့(လျန်ရှန့်နဲ့ ချင်းချင်း)ပြင်ဆင်ထားတဲ့အရုပ်တွေနဲ့ဆော့ဖို့ ချက်ချင်းခေါ်သွားကြလေသည်။

အိမ်ရှင်ဖြစ်တဲ့ကျန်းထျန်ဟာလဲ ဧည့်သည်တွေအတွက် လက်ဖက်ရည်နဲ့ သစ်သီးတွေကို စေ့စေ့စပ်စပ်ပြင်ဆင်ပေးထားခဲ့သည်။

ကျန်းထျန်ကိုကြည့်ရင်း ထန်ချင်း၏ဇနီး ကျီယန်လန်ဟာ အကူအညီမဲ့စွာပြုံးရင်း
"Mrs.လင်းက အရမ်းလှတာပဲ"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now