သီဟတစ်ယောက် အိမ်ရှေ့ဆင်ဝင်အောက်မှာ ကားရပ်ပြီး လမ်းကို ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည် ။ သခင်ကြီး လို့ ခေါ်ရင် အလုပ်ထုတ်မည် ဆိုသော ချစ်ရသူရဲ့ တစ်ချက်လွှတ်အမိန့်ကို မနာခံနိုင်သလို မဖီဆန်နိုင် ။
" အပေါ်တက်ပြီး ခေါ်လိုက်ရမလား "
" မဟုတ်သေးပါဘူး အချိန်ကျရင် ဆင်းလာမှာပေါ့ "
" ဒါပေမယ့် အဲလောက်မကြာသင့်ဘူးမလား နေ့လည်စာစားချိန်တောင်လွန်တော့မှာကို "
" ကိုသီဟ "
" ဗျာ !!!! ဟင် ဪ ရန်ရှင်း "
" ကျွန်တော် ဟိုးနားကနေ ကြည့်နေတာ ကိုသီဟတစ်ယောက် စကားတွေပြောလိုက် လမ်းလျှောက်လိုက်နဲ့ ဘာတွေဖြစ်နေတာလဲ "
" ဟို ငါ စိတ်လှုပ်ရှားနေလို့ "
" သခင်ကြီးနဲ့ တစ်နေရာရာသွားမလို့လား "
" အင်း ဟုတ်တယ် "
" ဘယ်လောက်ကြီးတဲ့ အရောင်းအဝယ်မို့လဲ ပြီးတော့ နားထားကြတာမလား "
" အင်း တော်တော်ကို ကြီးတဲ့ အရောင်းအဝယ် "
" လုပ်ငန်းပြန်စနေပြန်တာလား သခင်လေး သိရင် မလွယ်ဘူးနော် "
" မဟုတ်ပါဘူးကွာ ဒါက သပ်သပ် "
" ဟုတ်ပါပြီဗျာ ဂရုစိုက်အုံး "
ရန်ရှင်းက စကားပြောရင်း သီဟရဲ့ပုခုံးကို ဆုပ်ကိုင်ကာ အားပေးနေသေးသည် ။ သီဟနဲ့ရန်ရှင်းဆိုတာ သခင်ကြီးဆီမှာ ဆယ်ကျော်သက်ကတည်းက နေလာခဲ့ကြတာ ညီအကိုအရင်းတွေလိုပင် ။
" အဟမ်း !!!! "
ရုတ်တရက် ချောင်းဟန့်သံကြောင့် နှစ်ယောက်လုံး မတ် သွားပြီး အေးခဲသွားရသည် ။ လှည့်ကြည့်လိုက်တော့ တံခါးဝမှာ ရပ်နေတဲ့ ချစ်ရသူ ။ တစ်နည်းအားဖြင့် သခင်ကြီးပေါ့ ။ ဆင်စွယ်ရောင်စတစ်ကော်လံအင်္ကျီကို ချည်ပုဆိုးအနက်ကွက်လေးနဲ့တွဲဝတ်ထားပြီး ရှိရင်းစွဲအသက်ထက် အများကြီး ပိုနုနယ်နေတဲ့သူက ငေးမောပစ်ချင်စရာ ။
" သခင်ကြီး !!! "
နှစ်ယောက်သားခေါင်းငုံ့ကာ နှုတ်ဆက်ပေမယ့် သီဟဆီက အသံကတော့ တိုးဖျော့စွာ ။
" သီဟ သွားမယ် ရန်ရှင်း ဒီနေ့ အလုပ်သမားတွေကို နားခိုင်းလိုက်တော့ မင်းရော ပဲ "
" ဟုတ်ကဲ့ပါ သခင်ကြီး "
ရန်ရှင်းထွက်သွားတော့ သခင်ကြီးလည်း ကားပေါ်တက်လိုက်တာကြောင့် သီဟ လည်း ကားမောင်းဖို့ပြင်ရသည် ။
" ဟို ဘယ်သွားချင်တာပါလဲ "
" မင်းကြိုက်တဲ့ဆိုင် "
" ကျွန်တော်က အပြင်မှာ သိပ်မစားဖြစ်တော့ သေချာမသိ ..."
" တစ်ဆိုင်ဆိုင်တော့ သိမှာပါ "
" ဟုတ်ကဲ့ သခင် .... အဲ မဟုတ် ..."
" ဦးဉာဏ် "
" ဗျာ .... "
" ဦးဉာဏ်လို့ခေါ် မဟုတ်ရင် အလုပ်ထွက် "
" ဗျာ "
" ဗျာ လို့ ပြီးအုံးမှာလား သီဟရာဇာ "
" ဗျာ !!! အဲ မဟုတ် "
" တော်ပီ ကားသာမောင်းစမ်းပါ "
" ဟုတ်ကဲ့ "
တစ်လမ်းလုံးတိတ်ဆိတ်နေပြီး ကား နောက်ခန်းကို မှန်ထဲကနေ ခနခန ခိုးကြည့်ရတာ အမော ... ချစ်ရသူက အပြင်ဘက်ကို ငေးရင်း လိုက်ပါလာတယ် ။ သူ ဘာတွေတွေးနေမလဲ ။ ကျွန်တော့်အကြောင်းလား ဒါမှမဟုတ် သခင်လေးအကြောင်းများလား ။
" သီဟ "
" ဗျာ "
" ဆိုင်က မရောက်သေးဘူးလား "
" ဟုတ် နည်းနည်းဝေးတဲ့ဆိုင်ရွေးလိုက်မိတယ် နေ့လည်စာစားချိန်ရောက်နေပီပဲ ဗိုက်ဆာနေလားဟင် အနီးဆုံးဆိုင်ကိုပဲ မောင်းလိုက်တော့မယ်နော် ခဏလေး ပါ တောင်းပန်ပါတယ် "
" ဟား !!!! သီဟ ရယ် ငါက မရောက်သေးဘူးလားပဲမေးမိတာကို ဘာလို့အဲလောက်တောင် ပြာယာခတ်သွားတာလဲ ငါအပြစ်လည်းတင်မနေဘဲ တောင်းပန်ပြန်ပါပြီ "
" မဟုတ်ပါဘူး သခင် အဲ ဦးဉာဏ် "
ဦးဉာဏ် ဆိုတဲ့နေရာမှာ တိုးဖျော့သွားတဲ့ လေသံလေးကို မင်းထင် သတိထားမိလိုက်တာပေါ့ ။ ဒီလိုပုံစံနဲ့ဘယ်လိုရှေ့ဆက်သွားရမလဲ နားမလည်နိုင်တော့ဘူး ။
" ကားရပ်လိုက် "
" ဗျာ !!! "
" ကားရပ်လိုက် လို့ ပြောနေတာ "
ကားကို လမ်းဘေးချရပ်လိုက်ပြီး အနောက်ခန်းကို လှည့်ကြည့်မည်အလုပ် ကားပေါ်ကနေ ဆင်းသွားပြီး နောက်ကြောင်းပြန်လျှောက်နေတဲ့ ချစ်ရသူကြောင့် သီဟ ကြောင်အ သွားတယ် ။ နောက်မှ သတိဝင်ပြီး နောက်ကနေ ပြေးလိုက်ကာ
" ဘာဖြစ်လို့လဲ ဟင် "
" ငါ မင်းကို မမြင်ချင်တော့လို့ "
" ဗျာ ကျွန်တော်တောင်းပန်ပါတယ် "
" တောင်းပန်တယ်ဟုတ်လား "
အလောတကြီး လမ်းလျှောက်နေရာကနေ ရပ်ပြီး နောက်က ကောင်လေးငယ်ကို ကြည့်ကာ အော်လိုက်မိတယ် ။
" မင်းပြောစမ်း မင်းဘာအမှားလုပ်ထားလဲ မင်းဘာမှားလို့ တောင်းပန်တာလဲ မင်းပြောစမ်း ပြောလေ သီဟ "
ရင်ဘက်ကို တွန်းကာ တွန်းကာ နဲ့ ဒေါသတကြီးပြောနေတဲ့သူ့ကိုတောင်မကြည့်ဘဲ ခေါင်းကို ငုံ့ကာ မြေကြီးပေါက်ထွက်မတတ်ကြည့်နေတဲ့ ဒင်းကြောင့် ဒေါသက ပိုထွက်လာရသည် ။
" ပြောလေ မင်းမပြောဘူးလား "
" ချစ်လို့ ပါ "
မထင်ထားတဲ့အဖြေကြောင့် မင်းထင် ကြောင်အသွားတယ် ။
" ဘာ !!!! "
" ကျွန်တော် ဦးဉာဏ်ကို ချစ်လို့ မြတ်နိုးလို့ ယုယလို့ ဦးဉာဏ် စိတ်ကွက်မှာ စိတ်ရှုပ်သွားမှာကို မလိုချင်လို့ ခုဏကလည်း ကျွန်တော့်ကြောင့် အဆာလွန်နေတယ်ထင်ပြီး တောင်းပန်မိတာ အစစအရာရာက ကျွန်တော့်အမှားကြောင့်ပဲဖြစ်လာတာမို့ ကျွန်တော် ... "
ရုတ်တရက် ဆွဲဖက်ခံလိုက်ရတဲ့ အခြေအနေတစ်ခု သီဟ ပြောစရာစကားတို့ပျောက်ရှသွားရတယ် ။ အခု ဒီနေရာမှာ ၊ လမ်းမကြီးမှာ ၊ လူတွေရဲ့အမြင်အာရုံတွေရှေ့မှာ ကျွန်တော့်ကို ကျွန်တော့်လို အညတရ တစ်ယောက်က သခင်ကြီးက နုနုယွယွလေး ထွေးဖက်ထားတာ ။
" အဲလောက်တောင်လား ငါ့အပေါ်ကိုလေ "
" အဲထက်တောင်ပိုပါတယ် "
" ငါကမင်းအပေါ်ကောင်းခဲ့ရဲ့လား "
" စကားလုံးတွေနဲ့ဖော်ပြလို့မရအောင်ကို ကောင်းပေးခဲ့ပါတယ် "
" အခုရော .... "
" အနှိုင်းမဲ့ပါပဲ ဦးဉာဏ် "
" မင်းကွာ ......... "
ခပ်ဖွဖွလေးပွတ်သပ်ပေးလာတဲ့ ခေါင်းထက်က အထိအတွေ့ကြောင့် ထိန်းထားတဲ့မျက်ရည်တွေက ချစ်ရသူရဲ့ ပခုံးကို ကျဆင်းကုန်တယ် ။ ဒီလူသားရဲ့ ရင်ခွင် ၊ ဒီလူသားရဲ့ အငွေ့အသက် ၊ ဒီလူသားရဲ့ အထိအတွေ့ကို ဟိုး အဝေးကြီးမှာရှိတဲ့ကြယ်လေးတွေလို ငေးမောခဲ့ရတာ ဆယ်စုနှစ်တစ်ခုကိုတောင် ကျော်လွန်ခဲ့ရပြီ။ အခုတော့ ဒီလူသားရဲ့ လေသံဖျော့ဖျော့လေးတွေ ၊ စူးရှတဲ့အကြည့်တွေ ၊ နူးညံ့တဲ့အထိအတွေ့တွေက ကိုယ်ဆီကို တည့်တည့်မတ်မတ်ကြီး ကျရောက်လာနေတာကြောင့် ဒီအခိုက်အတန့်ကို ရပ်လိုက်မိချင်တယ် ။
စိုစွတ်လာတဲ့ပခုံးထက်က အထိအတွေ့ နဲ့ တင်းကြပ်လာတဲ့ လက်အစုံကြောင့် ဒီကောင်လေး ငိုနေတာ သိလိုက်ရတယ် ။ တစ်ဖက်သတ်အချစ်က သိပ်ကို ပင်ပန်းလွန်းတာမို့ ဒီကောင်လေးကို သူထွေးပွေ့ထားချင်လာမိတယ် ။ သူ့လို ပင်ပန်းပူလောင်နေရမှာကို မလိုချင်ဘူး ။ ဒီကောင်လေးက ငယ်ရွယ်စဉ်ကတည်းက အကို့ကို စောင့်ရှောက်မယ်ဆိုပြီး ဖြစ်တည်လာတဲ့ သက်ရှိလူသားမို့ သူ မြတ်နိုးချင်မိလာတယ် ။
သိပ်ကိုနာခံတတ်လွန်းပြီး သူ့ကိုယ်သူထက် ကိုယ့်ကိုပိုချစ်တဲ့ ဒီကောင်လေးကို သူ ထပ်ပြီး လွှတ်ပေးမိမှာမဟုတ်တော့ပါဘူး ။ တရိပ်ရိပ်နဲ့သွားနေတဲ့ ကားတွေ ၊ တရွေ့ရွေ့သွားနေတဲ့ လူတွေရဲ့ အကြည့်တွေကြားမှာပဲ ဒီကောင်လေးငယ်ကို သူချစ်ကြောင်း ဝန်ခံခဲ့မိပါတော့တယ် ။
“ အထွန်း ” ရဲ့ Extra တွေအကုန် ဒီနေရာမှာပဲ အဆုံးသတ်ခဲ့ပါပြီ ။ အရင်က မင်းထင် နဲ့ သီဟ ကို သပ်သပ် Story တစ်ပုဒ် ဖန်တီးဖို့ ပြင်ဆင်ထားခဲ့ပေမယ့် စာမရေးနိုင်တော့တဲ့အခြေအနေမို့ ဒီမှာပဲ အဆုံးသတ်ခဲ့ပါပြီ ။ ဒီတစ်လျှောက်လုံး အတူတူရှိပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် ။
( Zawgyi )
သီဟတစ္ေယာက္ အိမ္ေရွ႕ဆင္ဝင္ေအာက္မွာ ကားရပ္ၿပီး လမ္းကို ေခါက္တုန္႔ေခါက္ျပန္ေလွ်ာက္ေနမိသည္ ။ သခင္ႀကီး လို႔ ေခၚရင္ အလုပ္ထုတ္မည္ ဆိုေသာ ခ်စ္ရသူရဲ႕ တစ္ခ်က္လႊတ္အမိန္႔ကို မနာခံႏိုင္သလို မဖီဆန္ႏိုင္ ။
" အေပၚတက္ၿပီး ေခၚလိုက္ရမလား "
" မဟုတ္ေသးပါဘူး အခ်ိန္က်ရင္ ဆင္းလာမွာေပါ႔ "
" ဒါေပမယ့္ အဲေလာက္မၾကာသင့္ဘူးမလား ေန႔လည္စာစားခ်ိန္ေတာင္လြန္ေတာ့မွာကို "
" ကိုသီဟ "
" ဗ်ာ !!!! ဟင္ ဪ ရန္ရွင္း "
" ကြၽန္ေတာ္ ဟိုးနားကေန ၾကည့္ေနတာ ကိုသီဟတစ္ေယာက္ စကားေတြေျပာလိုက္ လမ္းေလွ်ာက္လိုက္နဲ႔ ဘာေတြျဖစ္ေနတာလဲ "
" ဟို ငါ စိတ္လႈပ္ရွားေနလို႔ "
" သခင္ႀကီးနဲ႔ တစ္ေနရာရာသြားမလို႔လား "
" အင္း ဟုတ္တယ္ "
" ဘယ္ေလာက္ႀကီးတဲ့ အေရာင္းအဝယ္မို႔လဲ ၿပီးေတာ့ နားထားၾကတာမလား "
" အင္း ေတာ္ေတာ္ကို ႀကီးတဲ့ အေရာင္းအဝယ္ "
" လုပ္ငန္းျပန္စေနျပန္တာလား သခင္ေလး သိရင္ မလြယ္ဘူးေနာ္ "
" မဟုတ္ပါဘူးကြာ ဒါက သပ္သပ္ "
" ဟုတ္ပါၿပီဗ်ာ ဂ႐ုစိုက္အုံး "
ရန္ရွင္းက စကားေျပာရင္း သီဟရဲ႕ပုခုံးကို ဆုပ္ကိုင္ကာ အားေပးေနေသးသည္ ။ သီဟနဲ႔ရန္ရွင္းဆိုတာ သခင္ႀကီးဆီမွာ ဆယ္ေက်ာ္သက္ကတည္းက ေနလာခဲ့ၾကတာ ညီအကိုအရင္းေတြလိုပင္ ။
" အဟမ္း !!!! "
႐ုတ္တရက္ ေခ်ာင္းဟန္႔သံေၾကာင့္ ႏွစ္ေယာက္လုံး မတ္ သြားၿပီး ေအးခဲသြားရသည္ ။ လွည့္ၾကည့္လိုက္ေတာ့ တံခါးဝမွာ ရပ္ေနတဲ့ ခ်စ္ရသူ ။ တစ္နည္းအားျဖင့္ သခင္ႀကီးေပါ႔ ။ ဆင္စြယ္ေရာင္စတစ္ေကာ္လံအကႌ်ကို ခ်ည္ပုဆိုးအနက္ကြက္ေလးနဲ႔တြဲဝတ္ထားၿပီး ရွိရင္းစြဲအသက္ထက္ အမ်ားႀကီး ပိုႏုနယ္ေနတဲ့သူက ေငးေမာပစ္ခ်င္စရာ ။
" သခင္ႀကီး !!! "
ႏွစ္ေယာက္သားေခါင္းငုံ႔ကာ ႏႈတ္ဆက္ေပမယ့္ သီဟဆီက အသံကေတာ့ တိုးေဖ်ာ့စြာ ။
" သီဟ သြားမယ္ ရန္ရွင္း ဒီေန႔ အလုပ္သမားေတြကို နားခိုင္းလိုက္ေတာ့ မင္းေရာ ပဲ "
" ဟုတ္ကဲ့ပါ သခင္ႀကီး "
ရန္ရွင္းထြက္သြားေတာ့ သခင္ႀကီးလည္း ကားေပၚတက္လိုက္တာေၾကာင့္ သီဟ လည္း ကားေမာင္းဖို႔ျပင္ရသည္ ။
" ဟို ဘယ္သြားခ်င္တာပါလဲ "
" မင္းႀကိဳက္တဲ့ဆိုင္ "
" ကြၽန္ေတာ္က အျပင္မွာ သိပ္မစားျဖစ္ေတာ့ ေသခ်ာမသိ ..."
" တစ္ဆိုင္ဆိုင္ေတာ့ သိမွာပါ "
" ဟုတ္ကဲ့ သခင္ .... အဲ မဟုတ္ ..."
" ဦးဉာဏ္ "
" ဗ်ာ .... "
" ဦးဉာဏ္လို႔ေခၚ မဟုတ္ရင္ အလုပ္ထြက္ "
" ဗ်ာ "
" ဗ်ာ လို႔ ၿပီးအုံးမွာလား သီဟရာဇာ "
" ဗ်ာ !!! အဲ မဟုတ္ "
" ေတာ္ပီ ကားသာေမာင္းစမ္းပါ "
" ဟုတ္ကဲ့ "
တစ္လမ္းလုံးတိတ္ဆိတ္ေနၿပီး ကား ေနာက္ခန္းကို မွန္ထဲကေန ခနခန ခိုးၾကည့္ရတာ အေမာ ... ခ်စ္ရသူက အျပင္ဘက္ကို ေငးရင္း လိုက္ပါလာတယ္ ။ သူ ဘာေတြေတြးေနမလဲ ။ ကြၽန္ေတာ့္အေၾကာင္းလား ဒါမွမဟုတ္ သခင္ေလးအေၾကာင္းမ်ားလား ။
" သီဟ "
" ဗ်ာ "
" ဆိုင္က မေရာက္ေသးဘူးလား "
" ဟုတ္ နည္းနည္းေဝးတဲ့ဆိုင္ေရြးလိုက္မိတယ္ ေန႔လည္စာစားခ်ိန္ေရာက္ေနပီပဲ ဗိုက္ဆာေနလားဟင္ အနီးဆုံးဆိုင္ကိုပဲ ေမာင္းလိုက္ေတာ့မယ္ေနာ္ ခဏေလး ပါ ေတာင္းပန္ပါတယ္ "
" ဟား !!!! သီဟ ရယ္ ငါက မေရာက္ေသးဘူးလားပဲေမးမိတာကို ဘာလို႔အဲေလာက္ေတာင္ ျပာယာခတ္သြားတာလဲ ငါအျပစ္လည္းတင္မေနဘဲ ေတာင္းပန္ျပန္ပါၿပီ "
" မဟုတ္ပါဘူး သခင္ အဲ ဦးဉာဏ္ "
ဦးဉာဏ္ ဆိုတဲ့ေနရာမွာ တိုးေဖ်ာ့သြားတဲ့ ေလသံေလးကို မင္းထင္ သတိထားမိလိုက္တာေပါ႔ ။ ဒီလိုပုံစံနဲ႔ဘယ္လိုေရွ႕ဆက္သြားရမလဲ နားမလည္ႏိုင္ေတာ့ဘူး ။
" ကားရပ္လိုက္ "
" ဗ်ာ !!! "
" ကားရပ္လိုက္ လို႔ ေျပာေနတာ "
ကားကို လမ္းေဘးခ်ရပ္လိုက္ၿပီး အေနာက္ခန္းကို လွည့္ၾကည့္မည္အလုပ္ ကားေပၚကေန ဆင္းသြားၿပီး ေနာက္ေၾကာင္းျပန္ေလွ်ာက္ေနတဲ့ ခ်စ္ရသူေၾကာင့္ သီဟ ေၾကာင္အ သြားတယ္ ။ ေနာက္မွ သတိဝင္ၿပီး ေနာက္ကေန ေျပးလိုက္ကာ
" ဘာျဖစ္လို႔လဲ ဟင္ "
" ငါ မင္းကို မျမင္ခ်င္ေတာ့လို႔ "
" ဗ်ာ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ "
" ေတာင္းပန္တယ္ဟုတ္လား "
အေလာတႀကီး လမ္းေလွ်ာက္ေနရာကေန ရပ္ၿပီး ေနာက္က ေကာင္ေလးငယ္ကို ၾကည့္ကာ ေအာ္လိုက္မိတယ္ ။
" မင္းေျပာစမ္း မင္းဘာအမွားလုပ္ထားလဲ မင္းဘာမွားလို႔ ေတာင္းပန္တာလဲ မင္းေျပာစမ္း ေျပာေလ သီဟ "
ရင္ဘက္ကို တြန္းကာ တြန္းကာ နဲ႔ ေဒါသတႀကီးေျပာေနတဲ့သူ့ကိုေတာင္မၾကည့္ဘဲ ေခါင္းကို ငုံ႔ကာ ေျမႀကီးေပါက္ထြက္မတတ္ၾကည့္ေနတဲ့ ဒင္းေၾကာင့္ ေဒါသက ပိုထြက္လာရသည္ ။
" ေျပာေလ မင္းမေျပာဘူးလား "
" ခ်စ္လို႔ ပါ "
မထင္ထားတဲ့အေျဖေၾကာင့္ မင္းထင္ ေၾကာင္အသြားတယ္ ။
" ဘာ !!!! "
" ကြၽန္ေတာ္ ဦးဉာဏ္ကို ခ်စ္လို႔ ျမတ္ႏိုးလို႔ ယုယလို႔ ဦးဉာဏ္ စိတ္ကြက္မွာ စိတ္ရႈပ္သြားမွာကို မလိုခ်င္လို႔ ခုဏကလည္း ကြၽန္ေတာ့္ေၾကာင့္ အဆာလြန္ေနတယ္ထင္ၿပီး ေတာင္းပန္မိတာ အစစအရာရာက ကြၽန္ေတာ့္အမွားေၾကာင့္ပဲျဖစ္လာတာမို႔ ကြၽန္ေတာ္ ... "
႐ုတ္တရက္ ဆြဲဖက္ခံလိုက္ရတဲ့ အေျခအေနတစ္ခု သီဟ ေျပာစရာစကားတို႔ေပ်ာက္ရွသြားရတယ္ ။ အခု ဒီေနရာမွာ ၊ လမ္းမႀကီးမွာ ၊ လူေတြရဲ႕အျမင္အာ႐ုံေတြေရွ႕မွာ ကြၽန္ေတာ့္ကို ကြၽန္ေတာ့္လို အညတရ တစ္ေယာက္က သခင္ႀကီးက ႏုႏုယြယြေလး ေထြးဖက္ထားတာ ။
" အဲေလာက္ေတာင္လား ငါ႔အေပၚကိုေလ "
" အဲထက္ေတာင္ပိုပါတယ္ "
" ငါကမင္းအေပၚေကာင္းခဲ့ရဲ႕လား "
" စကားလုံးေတြနဲ႔ေဖာ္ျပလို႔မရေအာင္ကို ေကာင္းေပးခဲ့ပါတယ္ "
" အခုေရာ .... "
" အႏႈိင္းမဲ့ပါပဲ ဦးဉာဏ္ "
" မင္းကြာ ......... "
ခပ္ဖြဖြေလးပြတ္သပ္ေပးလာတဲ့ ေခါင္းထက္က အထိအေတြ႕ေၾကာင့္ ထိန္းထားတဲ့မ်က္ရည္ေတြက ခ်စ္ရသူရဲ႕ ပခုံးကို က်ဆင္းကုန္တယ္ ။ ဒီလူသားရဲ႕ ရင္ခြင္ ၊ ဒီလူသားရဲ႕ အေငြ႕အသက္ ၊ ဒီလူသားရဲ႕ အထိအေတြ႕ကို ဟိုး အေဝးႀကီးမွာရွိတဲ့ၾကယ္ေလးေတြလို ေငးေမာခဲ့ရတာ ဆယ္စုႏွစ္တစ္ခုကိုေတာင္ ေက်ာ္လြန္ခဲ့ရၿပီ။ အခုေတာ့ ဒီလူသားရဲ႕ ေလသံေဖ်ာ့ေဖ်ာ့ေလးေတြ ၊ စူးရွတဲ့အၾကည့္ေတြ ၊ ႏူးညံ့တဲ့အထိအေတြ႕ေတြက ကိုယ္ဆီကို တည့္တည့္မတ္မတ္ႀကီး က်ေရာက္လာေနတာေၾကာင့္ ဒီအခိုက္အတန္႔ကို ရပ္လိုက္မိခ်င္တယ္ ။
စိုစြတ္လာတဲ့ပခုံးထက္က အထိအေတြ႕ နဲ႔ တင္းၾကပ္လာတဲ့ လက္အစုံေၾကာင့္ ဒီေကာင္ေလး ငိုေနတာ သိလိုက္ရတယ္ ။ တစ္ဖက္သတ္အခ်စ္က သိပ္ကို ပင္ပန္းလြန္းတာမို႔ ဒီေကာင္ေလးကို သူေထြးေပြ႕ထားခ်င္လာမိတယ္ ။ သူ့လို ပင္ပန္းပူေလာင္ေနရမွာကို မလိုခ်င္ဘူး ။ ဒီေကာင္ေလးက ငယ္ရြယ္စဉ္ကတည္းက အကို႔ကို ေစာင့္ေရွာက္မယ္ဆိုၿပီး ျဖစ္တည္လာတဲ့ သက္ရွိလူသားမို႔ သူ ျမတ္ႏိုးခ်င္မိလာတယ္ ။
သိပ္ကိုနာခံတတ္လြန္းၿပီး သူ့ကိုယ္သူထက္ ကိုယ့္ကိုပိုခ်စ္တဲ့ ဒီေကာင္ေလးကို သူ ထပ္ၿပီး လႊတ္ေပးမိမွာမဟုတ္ေတာ့ပါဘူး ။ တရိပ္ရိပ္နဲ႔သြားေနတဲ့ ကားေတြ ၊ တေရြ႕ေရြ႕သြားေနတဲ့ လူေတြရဲ႕ အၾကည့္ေတြၾကားမွာပဲ ဒီေကာင္ေလးငယ္ကို သူခ်စ္ေၾကာင္း ဝန္ခံခဲ့မိပါေတာ့တယ္ ။
“ အထြန္း ” ရဲ႕ Extra ေတြအကုန္ ဒီေနရာမွာပဲ အဆုံးသတ္ခဲ့ပါၿပီ ။ အရင္က မင္းထင္ နဲ႔ သီဟ ကို သပ္သပ္ Story တစ္ပုဒ္ ဖန္တီးဖို႔ ျပင္ဆင္ထားခဲ့ေပမယ့္ စာမေရးႏိုင္ေတာ့တဲ့အေျခအေနမို႔ ဒီမွာပဲ အဆုံးသတ္ခဲ့ပါၿပီ ။ ဒီတစ္ေလွ်ာက္လုံး အတူတူရွိေပးၾကတဲ့အတြက္ ေက်းဇူးအထူးတင္ရွိပါတယ္ ။