မင်းထင် ထမင်းစားခန်းထဲမှာ ထိုင်စောင့်နေရင်း တစ်နာရီလောက်အကြာမှာ ညီ ဆင်းလာတယ် ။
" အကို နေ့လည်စာ မစားရသေးဘူးလား "
" ဟုတ်တယ် ညီ "
" နောက်ကျနေပြီလေ ကျွန်တော့်ကိုစောင့်နေတာလား "
" ညီ တစ်ယောက်ထဲဖြစ်နေမှာဆိုးလို့ "
" အာ ..... အကိုကလဲ အစာလွန်နေပါမယ် "
" ရပါတယ် လာလေ စားကြမယ် "
" ဟုတ် "
ညီ ထိုင်လိုက်တာနဲ့ အဒေါ်ကြီးက ထမင်းခူးပေးခဲ့ကာ အပြင်ကိုထွက်သွားလေရဲ့ ။
" ညီ ကြိုက်တဲ့ ဂဏန်းပေါင်းလုပ်ခိုင်းထားတယ် "
" အကိုကလဲ အထူးအဆန်းလုပ်လို့ ကျွန်တော်ရောက်ကတည်းက ထမင်းစားပွဲပေါ်က ဟင်းတွေအကုန်က ကျွန်တော့်အကြိုက်တွေချည်းပဲပြည့်နေစေတာကို "
" ဟုတ်လား အဲ့လိုဖြစ်သွားတယ် "
" ကျွန်တော့်ကိုတခြားသူတွေကြည့်မရတာ အဲ့တာကြောင့်လဲပါတယ် အကိုရဲ့ "
ညီ က ပုစွန်ပန်းကန်ကို လှမ်းယူရင်း ပြောလာတော့ ကျွန်တော်ထမင်းဆက်မစားဘဲ ကြည့်နေမိလိုက်တယ် ။
" ဘာကိုလဲ ညီ "
" ကျွန်တော့်မှာ အကိုရှိနေတယ်လေ အဲ့တာကပဲ ကျွန်တော့်ရဲ့အကြီးဆုံး ခံတပ်လိုဖြစ်နေတာ "
" ဘာများလဲလို့ ညီ ရယ် "
" အကို "
" ပြောလေ ညီ "
" ကျွန်တော် ဦးမိုးအာကာ နောက်ကို လိုက်ချင်တယ် "
" ဘယ်က ဦးမိုးအာကာလဲ "
" မိုး ဆေးဝါးကုမ္ပဏီပိုင်ရှင် "
မင်းထင် ထမင်းစားနေရင်း ဇွန်း လွတ်ကျတာကြောင့် ကြွေပန်းကန်အနားနဲ့ထိမိတဲ့အသံက တိတိကျကျကြီး ထွက်လာသည် ။
" မိုးအာကာ ဆိုတဲ့သူကို ညီ က ဘယ်လိုသိတာလဲ "
" အကို သိတာလား "
" သိတာပေါ့ အကိုတို့လောကမှာ မသိတဲ့သူမှမရှိတာ "
" ဟင့်အင်း အကိုသိတဲ့ပုံက အဲ့လိုပုံ မဟုတ်ဘူး "