ဒီရက်ပိုင်းရာသီဥတုက တော်တော့်ကို အေးတဲ့ဘက်ရောက်နေသည် ။ ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ တိုးဝင်လာတဲ့လေကအစ ရင်ထဲထိ အေးစိမ့်တက်စေတာမျိုးပေါ့ ။ မင်းထင် ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး အပြင်သဘာဝကို ကြည့်မိသည်။ မင်းထင်ရဲ့အိမ်ရှေ့တည့်တည့်ဘက်အခြမ်းက ခေတ်မှီနေရာတစ်ခုဖြစ်နေပေမယ့် အိမ်အနောက်ဘက်ကိုတော့ စိမ်းစိုနေတဲ့ သစ်တောတစ်ခုလိုဖြစ်အောင်ပြုပြင်ထားခြင်းပင်။ ပြတင်းပေါက်ကတစ်ဆင့်မြင်နေရတဲ့ ခုံဖြူဖြူလေးကို အတော်ကြာကြာ ငေးကြည့်နေမိသည် ။
" ကျွန်တော် ဉာဏ်မင်းမောင် " ဆိုတဲ့ တစ်ခုခုကိုစိုးရွံ့နေတဲ့လေသံဖျော့ဖျော့နဲ့ပြောလာပြီး မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်တတ်တဲ့ ကလေးကိုပါ မြင်ယောင်လာမိစေသည် ။
ဒေါက် ဒေါက်
" ဝင်ခဲ့ "
" သခင်ကြီး မနက်စာ အဆင်သင့်ဖြစ်ပါပြီ "
" ညီရော "
" သခင်လေးက မနိုးသေးဘူးထင်ပါတယ် "
" အေးအေး "
မင်းထင် လဲ ပြတင်းပေါက်ကိုပြန်ပိတ်ပြီး ဘေးချင်းကပ်က ညီ့အခန်းဆီ ထွက်လာလိုက်တယ် ။ ခရီးသွားရမယ်ပြောထားပေမယ့် အိပ်တာနောက်ကျသည်ထင် ။ ညီ က ဒီအချိန်ဆို နိုးနေကြပါ ။
" ညီ ကိုယ်တို့ ဆယ်နာရီ ကားထွက်မှာနော် "
အခန်း ဝ ကနေ မင်းထင် လှမ်းပြောပေမယ့် ညီ က အတော်အိပ်မောကျနေသလိုပင် ။ မင်းထင် လဲ ကုတင်ဘေးထိလျှောက်သွားပြီး ကြည့်တော့ ညီ က အိပ်မောကျလျက် ။
နဖူးပေါ်ဝဲကျနေတဲ့ ငွေမင်ရောင် ဆံပင်တွေကို ခပ်ဖွဖွသပ်တင်ပေးမိသည် ။ အမှန်ဆို ဒီလိုပြုမူတာကို ညီ မကြိုက်ပါ ။ ဘာလို့မှန်းမသိ သူ့ဆံပင်တွေကို သပ်ပေးရင် ညီ က ရှောင်ဖယ်တတ်သည် ။
" ညီ ကိုယ်တို့ ဆယ်နာရီလောက်ထွက်မှာနော် လမ်းမှာ အိပ်ပါလား "
" အင်း ...... "
တစ်ဖက်ကို ပြန်လှည့်သွားကာ စောင်ကို ဆွဲခြုံပြီး ကွေးနေသေးသည် ။
" ကိုယ် မနက်စာစားဖို့စောင့်နေမယ် "
မင်းထင် လဲ အခန်းထဲက ပြန်ထွက်လာလိုက်သည် ။ သေချာသည် အခုလောက်ဆို ဒီကလေး ရေချိုးခန်းထဲရောက်ပါပြီ ။