အပိုင်း ၄ / အပိုင္း ၄

18.2K 2.3K 104
                                    

“ အေ့ ကျွတ် ကျွတ် ကျွတ် ”

အထွန်းတစ်ယောက် မြေကြီးထဲက လူးလှိမ့်ထကာ ဘေးဘီဝဲယာကို အကဲခတ်ကြည့်တော့...

“ ဟင် ဒါက ဆရာလေးတို့ ဝိုင်းမလား ”

တစ်ဖက်ကို လှည့်လိုက်သည့် အချိန် လှေကားပေါ်က ဆင်းလာသော သဘတ်စောင်ကို ဂုတ်ပေါ်တင်ကာ ရေခွက်ကိုင်ထားသည့် ဆရာလေး။

“ ဟင် ဟို အထွန်းမလား ခြံထဲ ဘယ်လိုရောက်နေတာလဲဗျ ”

“ ဟုတ်တယ်ဗျို့ ကျုပ်လဲမသိဘူး ကျုပ်ဝိုင်းကျုပ်ပြန်တာ ဘယ့်နှယ့် ဒီဝိုင်းထဲ ရောက်နေလဲမဆိုနိုင်ဘူး ”

“ အခု မြေကြီးပေါ်မှာ အိပ်ပြီးတော့ ထ လာတာလား ”

အထွန်းရဲ့ပုဆိုးရော၊ အကျီရော၊ အောက်ခံအဖြစ်ဝတ်ထားသည့် ဘောင်းဘီအတိုမှာလဲ ဖုန်တွေသဲတွေ ပွစာတက်လျက်...။

“ ဟုတ်မယ်ဗျို့ ကျုပ်မယ်ဒီက ထ လာတာပဲ အခုနိုးပြီဆိုတော့ သွားမယ်ဗျို့ ”

ကိုယ်လုံးကို ဖုန်တွေဘာတွေခါပြီး ခြံတံခါးဖွင့်ကာ ရွာလမ်းအတိုင်း ထွက်သွားသည့် အထွန်း ကို လင်းလက် ကြည့်နေမိသည်။ သည်ကောင်လေးကတော့ တကယ် မနိုင်စိန်လေးထင်သည်။ လင်းလက် မျက်နှာသစ်ပြီး အိမ်ပေါ်ပြန်တက်လာတော့ မဟာ လဲ အခန်းထဲက ထွက်လာသည်။

“ မဟာ ဟိုကောင်လေးလေ အထွန်းဆိုတာ ခြံထဲလာအိပ်နေတယ် ”

“ အဲ ငမွှေထွန်း က ခုထိ မ ထ သေးဘူးလား ”

“ ထ ပြီးပြန်သွားပြီ ဒါနဲ့ သူအိပ်နေတာ မဟာ သိတာလား ”

“ ကျွန်တော်ပဲ သွားဆွဲခေါ်လာတဲ့ ခြံရှေ့လမ်းမှာ ပိတ်ပြီး အိပ်နေလို့လေ ”

“ ဪ ဒါနဲ့များမဟာရယ် အိမ်ထဲခေါ်လိုက်တာမဟုတ် ”

“ ကိုလင်းကလဲ သူကဖြင့် လူမှန်းသူမှန်းမသိ ခေါင်းတောင် မထောင်နိုင်တာ ခြံထဲဆွဲသွင်းပေးထားတာပဲ ကျေးဇူးတင်ရမှာ ”

“ အေးပါ မဟာရယ် ကဲ မျက်နှာသစ် တစ်ခုခုစားဖို့စီစဉ်ရအောင် ”

“ ဟုတ် ကိုလင်း ”

ဒီအကောင်ကို ဘာလို့များအိမ်ထဲ ခေါ်သွင်းရမှာလဲ။ အပေအတေကောင် ဝေါ့...။

အထွန်း / အထြန္း ( Completed )Where stories live. Discover now