အပိုင်း ၁၉ / အပိုင္း ၁၉

10.1K 1.3K 137
                                    


နိုးနေကြအတိုင်း မနက် ၇ နာရီထိုး မျက်လုံးဖွင့်လိုက်တော့ ရင်ဘတ်ပေါ်မှာ ခေါင်းတင်ကာ အိပ်ပျော်နေတဲ့ ဂျစ်တူး ။

" ဂျစ်တူးကတော့လေ တကယ်ကို ချွဲ နေတာပဲ "

မဟာ လဲ ပြုံးရင်း အုန်းမုတ်ခွက်ဆံပင်လေးကို သပ်တင်ပေးနေမိသည် ။ မနက်တိုင်းဒီလိုလေးသာနိုးထရရင် ဘယ်လောက်ကောင်းတဲ့အခိုက်အတန့်တွေဖြစ်မလဲ ။

ဒီကောင်လေးကိုချစ်ခဲ့ခြင်းမှာ နောင်တတရားရယ်လို့ စိုးစဉ်းမျှ မတွေ့ ။ တစ်နေ့တစ်ခြား ပိုပို ချစ်လာတာကတော့ သံသယပင်ဖြစ်စရာမလို ။

ဖြေးဖြေးချင်းခေါင်းလေးကို အောက်ချပြီး မဟာ အပြင်ထွက်လာတော့ ဧည့်ခန်းထဲက မြင်ကွင်းကြောင့် သွေးဆောင့်တက်သွားသည်က အမှန်ပင် ။

" မာမီ !!!! "

" မဟာ ဘာလို့လဲ မာမီ့ကိုမြင်တာ အဲ့လောက်လန့်သွားစရာလား "

" ဟို ဟို မလန့်ပါဘူး မာမီရဲ့ အံ့ဩသွားရုံပါ "

" ဟုတ်ပါပြီ ကဲ ရေလေးချိုးလိုက်ပါဦး နောက်မှ မာမီနဲ့စကားပြောကြတာပေါ့ "

" ဟုတ် မာမီ "

မာမီ့ဘေးမှာ ထိုင်နေတဲ့ ကိုလင်း ကို ကြည့်တော့ ကိုလင်းကလဲ သူမသိဘူးဆိုတဲ့ပုံစံမျိုးနဲ့ မဟာ့ကို ပြန်ကြည့်နေသည် ။ မဟာလဲ ရေမိုးချိုးပြီးတာနဲ့ ပုံမပျက်ထိုင်နေတဲ့ မာမီ့ရှေ့မှာ ဝင်ထိုင်လိုက်သည် ။

" မာမီ ဘာလို့လိုက်လာလဲ သိလား "

" မသိဘူး မာမီ "

" မာမီ သား ဒီကိုလာမယ်ပြောတုန်းက မာမီတားခဲ့လား "

" မတားပါဘူး မာမီ "

" သား ဘာပဲလုပ်ချင်ချင် မာမီတားခဲ့ဖူးလား "

" မတားခဲ့ပါဘူး မာမီ "

" ဟုတ်ပြီ အဲ့တာဆို မာမီအခုမေးမယ် ဒါက ဘာသဘောလဲ "

မာမီ ပစ်တင်လိုက်တဲ့စားပွဲပေါ်ကစာရွက်တွေကို မဟာ ယူကြည့်မိတော့ ရှေ့နေကို မဟာ ပြင်ခိုင်းထားတဲ့ တိုက်ခန်းအရောင်းအဝယ်စာချုပ် ။

" ဟို သား သားစုထားတဲ့ပိုက်ဆံနဲ့ အခန်းတစ်ခန်းဝယ်ရုံ ..."

" မဟာအာကာ !!!!! မင်းစကားပြောနေတာ မင်းအမေနော် အများကြီးစိတ်လျှော့ထားတဲ့အတွက် ဖြေရှင်းချက်ကောင်းကောင်းကို ပေးပါ အဲ့စာချုပ်ပေါ်မှာ ရေးထားတဲ့ တင်မောင်ထွန်းညို ဆိုတာ ဘယ်သူလဲ "

အထွန်း / အထြန္း ( Completed )Where stories live. Discover now