The Villain Dressed As a Litt...

By Mimosa2002

90.2K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 29

1.3K 243 4
By Mimosa2002

လင်ရှီးထွက်သွားပြီးနောက် ချင်ရှောင်းခဏမျှသူ့ကိုစိုက်ကြည့်နေပြီး လင်ရှီးသူ့အခန်းထဲဝင်ကာတံခါးပိတ်သွားသည့်အခါမှာတော့ ချင်ရှောင်းကလှေကားမှာရပ်နေတုန်းပဲဖြစ်သည်။
[T/N- အခန်းထဲကနေလင်ရှီးနောက်ကိုလိုက်ပြီးထွက်သွားတယ်ထင်ပါရဲ့]

အချိန်အတော်ကြာပြီးမှ ‌ချင်ရှောင်းသူ့ခြေထောက်များကိုကြွကာ သူ့အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။

သူ့အခန်းထဲရောက်သောအခါ ဥယျာဉ်ထဲရှိငါးကန်ကို ထောင့်ဖြတ်အနေအထားဖြင့် ‌မြင်ရသည့်ပြူတင်းပေါက်ရှိရာသို့သွားလိုက်၏။

ချင်ရှောင်းသည် နက်မှောင်သောမျက်လုံးများဖြင့် ငါးကန်ကိုစိုက်ကြည့်နေခဲ့သည်။

သူရူးနေပြီထင်တယ်။

ညသည် လူတို့၏နှလုံးသားထဲမှာရှိသည့် လျှို့ဝှက်နက်‌နဲသောအတွေးများကို လှုံ့ဆော်ပေးနိုင်သည့် ထူးဆန်းသောမှော်အစွမ်းများရှိပုံရသည်။

‌ချင်ရှောင်းခေါင်းကိုအနည်းငယ်ခါယမ်းလိုက်၏။ အခုအရာအားလုံးကသူ့အတွက်မဟုတ်ဘူးလို့ထင်ရသည်။

တိတ်ဆိတ်သောညက လျှင်မြန်စွာကုန်ဆုံးသွားခဲ့၏။

နောက်တစ်နေ့လင်ရှီးနိုးလာသောအခါ သူ့ပိုင်ရှင်ကထွက်သွားနှင့်လေပြီ။

လှေကားမှဆင်းလာရင်း လင်ရှီးမနေ့ကသူရပ်ခဲ့သည့်လှေကားထစ်အစွန်းတွင်ရပ်လိုက်၏။ အိပ်မက်တစ်ခုဟုထင်ရသော်လည်း ၎င်းကစိတ်ကူးယဉ်အိပ်မက်မဟုတ်မှန်း လင်ရှီးရှင်းရှင်းလင်းလင်းသိသည်။

နေ့လည်ပိုင်းတွင် လင်ရှီးသည်ဆေးရုံရှိလင်ကျင့်ကိုဆက်သွယ်ခဲ့ပြီး နေ့လည်စာစားပြီးနောက် ဆေးရုံသို့အမြန်သွားခဲ့သည်။

သူဆေးရုံသို့ရောက်သောအခါ အခန်းရဲ့အခြေအနေက သူနောက်ဆုံးတစ်ခေါက် ရောက်ခဲ့တုန်းကအချိန်နဲ့အနည်းငယ်ကွာခြားနေသည်။ နောက်ထပ်ပစ္စည်းတွေအများကြီးရှိနေ၏။

လင်ရှီးဘာမှမမေးခင် လင်ကျင့်သည်ပစ္စည်းများကိုရှဲ့ဟုန်မင်ကပေးပို့ပေးခဲ့ကြောင်းထုတ်ပြောလာခဲ့သည်။

ရှဲ့ဟုန်မင်ရဲ့နာမည်ကိုကြားသောအခါ လင်ရှီးမျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားပေမယ့် တခြားအမူအရာများမပြခဲ့ပေ။

အစကလင်ရှီးသည် လင်ကျင့်ကိုဝယ်ယူခဲ့သောလူသားကလင်ကျင့်ကိုရက်စက်စွာ နှိပ်စက်ခဲ့တာကြောင့် ဒီရေသူလေးရဲ့နှလုံးသားထဲတွင်လူသားများကိုကြောက်နေလိမ့်မယ်ဟု သူတွေးခဲ့တာဖြစ်သည်။

ကြည့်ရတာတော့သူအတွေးလွန်နေတဲ့ပုံပဲ။

လင်ကျင့်၏စိတ်သည် ရိုးရှင်းပြီးဖြူစင်သည်။ တစ်စုံတစ်ယောက်ကသူ့ကို နည်းနည်းလောက်ပိုကောင်းအောင်ဆက်ဆံလိုက်တာနဲ့ ထိုသူ့ကိုလုံးဝယုံကြည်ပေးလိုက်မှာဖြစ်သည်။

လင်ရှီးသည် ပြန်လည်ကောင်းမွန်လာပြီဖြစ်သော လင်ကျင့်၏မျက်နှာလေးပေါ်ရှိ တောက်ပပြီးနူးညံ့အပြုံးလေးကိုကြည့်ရင်း လင်ကျင့်ကိုမေးခွန်းတစ်ခုမေးလိုက်၏။

"ရှဲ့ဟုန်မင်နဲ့ငါ့ကြားမှာ မင်းရွေးရမယ်ဆို ဘယ်သူ့ကိုရွေးမှာလဲ?"

ဒီမေးခွန်းကိုမေးရတာ ထူးဆန်းနေပုံရပေမယ့် လင်ရှီးကနောက်ပြောင်နေသည့်ပုံစံမဟုတ်ဘဲ အလေးအနက်ထားပြီးမေးနေပုံပေါ်သည်။

လင်ကျင့်သည် လင်ရှီးဘာကြောင့်ဒီလိုမေးတာလဲဆိုတာမသိပေမယ့် သူ့အတွေးများကိုအမှန်အတိုင်းပြောလာခဲ့သည်။

"သေချာပေါက်ငါမင်းကိုပဲရွေးမှာပေါ့"

ရုပ်ပိုင်းဆိုင်ရာအရဆိုလျှင် လင်ရှီးကလင်ကျင့်ထက်ငယ်သော်လည်း လင်ရှီးကသူပေးထားသောလင်ကျင့်ဆိုသည့်နာမည်အပါအဝင်၊ ရေသူလေးကိုသူ့ညီငယ်လေးအဖြစ်အသိအမှတ်ပြုထားတာဖြစ်သည်။

စဉ်းစားနေစရာတောင်မလိုပေ။ လင်ကျင့်ရဲ့တစ်ခုတည်းသောရွေးချယ်မှုကလည်းလင်ရှီးပင်။

လင်ရှီးကညင်သာစွာခေါင်းငြိမ့်ပြလိုက်ပြီး
"ပင်လယ်ကြီးကိုမြင်ချင်လား?"

ပင်လယ်ဟုကြားလိုက်သောအခါ လင်ကျင့်ရဲ့မျက်လုံးလေးများတောက်ပလာပြီး
"အွန်း၊ သေချာပေါက်သွားချင်တယ်"

"အနာဂတ်မှာအခွင့်အရေးရရင် ငါတို့အတူတူသွားကြမယ်"

လင်ရှီးသည်မိသားစုအပေါ်ချစ်ခင်တွယ်တာမှုအလွန်အားနည်းသည်။ ခင်မင်ရင်းနှီးမှုနှင့်ချစ်ခြင်းမေတ္တာမှာလည်းအတူတူပင်။
[T/N- ရည်းစားမရှိသူငယ်ချင်းမရှိ အဲ့လိုပါ]

ဒီကမ္ဘာမှာတော့ သူလင်ကျင့်ကိုသူညီအဖြစ်အသိအမှတ်ပြုထားသည်။

နောက်ဆုံးတော့မိသားစုရှိရတာလည်း အရမ်းဆိုးရွားတဲ့ခံစားချက်မျိုးမဟုတ်ပါဘူး။

လင်ရှီး သူ့လက်ကိုဆန့်တန်း၍ နူးညံ့ပြီးချစ်စရာကောင်းသည့်ရေသူလေး၏ ဆံပင်ရှည်လေးများကိုပွတ်သပ်ကာ လင်ရှီးသည်သူ့မိသားစုအတွက်တာဝန်သိစိတ်ဆိုတာကို ပထမဆုံးအကြိမ်ခံစားခွင့်ပြုလိုက်သည်။

"တကယ်လား"
လင်ကျင့်သည်သူ့ရဲ့ လှပသောအညိုနုရောင်မျက်လုံးလေးများကိုဖွင့်လိုက်သည်။

"တကယ်ပေါ့၊ ငါမင်းကိုဘယ်တုန်းကလိမ်ပြောဖူးလို့လဲ" လင်ရှီးအေးဆေးတည်ငြိမ်စွာပြောလိုက်၏။ သို့သော်ထိုအခိုက်အတန့်တွင် လွတ်မြောက်ဖို့အစီအစဉ်ကို စနစ်တကျပြုလုပ်သင့်သည်ဟု စိတ်ထဲမှာတွေးနေမိသည်။

သူထွက်ပြေးဖို့စီစဉ်တိုင်း ကံကြမ္မာကသူ့ကိုသတိမပေးပဲ လှည့်ကွက်တွေအများကြီးလုပ်တတ်တာကြောင့် လင်ရှီးအတွက်စိတ်ကူးယဉ်ဖို့တောင်ခက်ခဲသည်။

လင်ရှီးကို ကပွဲပါတီတွင်တွေ့ခဲ့သောရေသူမလေးကသတိပေးစကားပြောခဲ့ပြီး ရေသူတွေကအရက်အလွန်အကျွံမသောက်သင့်ကောင်းနဲ့ သောက်မိပါကမူးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

အဲ့တာကလင်ရှီးကိုဝိုင်သောက်ခြင်းမှ ဝေးဝေးရှောင်သွားစေသော်လည်း လင်ရှီး၏အဆုံးမဲ့သောစိတ်ဝင်စား(စပ်စု)မှုကိုနှိုးဆွပေးခဲ့သည်။

လင်ရှီးအွန်လိုင်းကနေ သစ်သီးဝိုင်အချို့ကိုတိတ်တိတ်လေးဝယ်ထားသည်။

သစ်သီးဝိုင်တွင်alcoholပါဝင်မှုနိမ့်သည်။ လင်ရှီးအနာဂတ်ကမ္ဘာကဝိုင်အရသာကိုသာ မြည်းစမ်းကြည့်ချင်တာဖြစ်ပြီး မူးသွားဖို့တော့ဘယ်တုန်းကမှမတွေးခဲ့ပေ။

သူကဝိုင်ကိုရုပ်ပိုင်းဆိုင်ရာအရနှစ်သက်တာမျိုးမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရပိုနှစ်သက်သည်။
[T/N- မသောက်ရမနေနိုင်စွဲလမ်းနေတာမဟုတ်ပဲ တစ်ခါတစ်လေသောက်ရတာကိုကြိုက်တဲ့ပုံစံမျိုးပါ]

အဲ့ဒါကမြင်လိုက်ရပြီး အနံ့ခံလိုက်တာနဲ့တင်စိတ်ကျေနပ်သွားစေမည့် ဝိုင်မျိုးဖြစ်သည်။ သောက်ပြီးဗိုက်‌ထဲမှာအီလည်လည်ကြီးဖြစ်သွားစေမယ့်ဝိုင်မျိုးမဟုတ်ချေ။

လင်ရှီးရဲ့အမြင်အရထွက်ပြေးမယ့်ကိစ္စက တစ်ရက်နှစ်ရက်အတွင်းအလျင်စလိုလုပ်လို့ရသည့်ကိစ္စမဟုတ်ပေ။ ဝိုင်လေးတစ်ငုံလောက်သောက်တာကအကျိုးသက်ရောက်မှုသိပ်မရှိဘူးဟုသူထင်သည်။
(ချိဖကအမြဲဒီလိုပဲအစားငမ်း😂😂)

တစ်ငုံသောက်ရုံ‌နဲ့တော့ ဘာမှနှောင့်နှေးမယ်လို့မထင်ထားပေ။

အဲ့ဒါကလင်ရှီးသူ့ကိုသူအလေးအနက်မထားမိအောင် လှည့်စားမိနေသည့်အတွေးများဟုပင်ပြောလို့ရသည်။
/[T/N- စာမရပေမယ့်ကြိုမကျက်ပဲ အနားနီးမှကျက်မယ်အေးဆေးဆိုတဲ့ ကိုယ်တွေရဲ့အတွေးလိုမျိုးပါ]

သူ့ရဲ့ရေသူခန္ဓာကိုယ်က လူသားဘဝတုန်းကနှင့်မတူဘူးဆိုတာကို သူမေ့သွားပုံရ၏။

အစတုန်းကပင်လယ်စာစားရတာ မကြိုက်သလို၊ မုန့်လည်းမစားပေ။

ရလဒ်ကတော့ ရေသူဖြစ်ပြီးနောက် လင်ရှီးထိုအစားအစာနှစ်မျိုးကို နှစ်သက်ရုံသာမကပဲ အလွန်ကြိုက်သည်ဟုတောင် ဆိုနိုင်ပေသည်။

သူအသီးဝိုင်တော်တော်များများကိုအွန်လိုင်းကနေဝယ်ခဲ့သည်။ သူတို့ကတော်တော်လေးများတယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့သေးသေးလေး....။

လင်ရှီးအဲ့တာတွေကိုမြည့်စမ်းကြည့်ဖို့စီစဉ်ထားသော်လည်း ဘလူးဘယ်ရီဝိုင်ကိုသောက်ပြီးနောက် သူအံ့ဩသွားခဲ့၏။

အဲ့တာကတော်တော်အံ့အားသင့်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

သူ့ရဲ့နောက်ဆုံးဘဝမှာ ဒီလောက်အရသာရှိတဲ့ဝိုင်ကိုမသောက်ဖူးဘူး။ နူးညံ့သိမ်မွေ့မှုကသူ့လည်ချောင်းထဲမှာပေါက်ထွက်သွားပြီး သူ့ခြေတွေလက်တွေခေါင်းတွေဆီ ပြေးသွားပြီးရုတ်တရက်ပေါက်ကွဲသွားသလိုပဲ။ ကျေနပ်အားရမှုနဲ့ ပျော်ရွှင်မှုက‌လင်ရှီးကို သက်ပြင်းချစေသည်။

ထို့ကြောင့်တစ်ကျိုက်သောက်လိုက်ပြီးသည်နှင့် ချက်ချင်းပင်ပုလင်းကိုင်၍ တိုက်ရိုက်သောက်ခြင်းဆီသို့ပြောင်းလဲသွား၏။

လင်ရှီး ဝိုင်ပုလင်းငယ်ကို နှစ်လုပ်သုံးလုပ်မျှဖြင့်အပြတ်ဖြတ်လိုက်သည်။

သောက်ပြီးနောက် သူ့နှုတ်ခမ်းတစ်ဝိုက်ကို လျှာဖျားလေးဖြင့်သပ်လိုက်၏။ ဝိုင်ကောင်း၏ရနံ့သည် သူ့နှုတ်ခမ်းများနှင့်သွားများတွင်ထင်ကျန်နေခဲ့သည်။ လင်ရှီးသူ့ခန္ဓာကိုယ်ကိုလန်းဆန်းမှုဖြစ်စေသည့် အရသာကိုခံစားရန်အတွက် မျက်လုံးကိုအနည်းငယ်မှိတ်ထားလိုက်၏။

ပင်လယ်စာနဲ့အချိုတွေစားတုန်းကထက်တောင် ပိုကောင်းသည်။

အဲ့တာကကောင်းလွန်း၍ လင်ရှီးဒီဝိုင်ကကမ္ဘာပေါ်တွင်အလှပဆုံးအရာဟု ခံစားမိလုနီးပါးပင်။

လင်ရှီးဝိုင်၏ပြုစားမှုကိုခံလိုက်ရ၏။ ထိုအတွေးများဝင်လာတာတောင်မှ သူမူးနေပြီဆိုတာကို သူ့ကိုယ်သူမသိသေးပုံရသည်။

အခန်းထဲမှာသောက်တာကမမှန်သလိုမျိုး လင်ရှီးလက်နှစ်ဘက်လုံးတွင်ဝိုင်ပုလင်းကိုကိုင်ကာ အဆောက်အဦးခေါင်မိုးထပ်သို့လျှောက်သွားလိုက်၏။

ခေါင်မိုးထပ်သို့လျှောက်လာရင်း လင်ရှီးဝိုင်ကိုဘေးဖယ်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိအပိုအဝတ်များကိုဆွဲချွတ်လိုက်ပြီး ငါးကန်၏အစွန်းကိုကိုင်၍ ရေထဲသို့ခုန်ဆင်းလိုက်ရာ မှင်လိုနက်မှောင်နေသည့်အမြှီးကြီးက ရေထဲကိုအရင်ကျသွားသည်။

ရေများကနေရာအနှံ့ပြန့်ကျဲသွားပြီး သူ့ခန္ဓာကိုယ်သည်ရေထဲသို့နစ်မြုပ်သွား၏။ အရက်ကြောင့်၊ အရက်၏ပြင်းထန်သောအာနိသင်ကြောင့် လင်ရှီး၏ငါးတစ်ကိုယ်လုံး စိတ်လှုပ်ရှားနေပုံရပြီး ငါးအမြှီးသည်ရေမျက်နှာပြင်ကိုပျော်ရွှင်စွာရိုက်ခတ်နေသည်။

လင်ရှီးခဏလောက်သတိပြန်ဝင်လာတော့ သူမူးနေမှန်းသိလိုက်ရ၏။

ဒါပေမယ့်အဲ့တာကိုတွေးမိပြီးနောက် သူတကယ်မူးနေပုံရပေမယ့် အဆိုးဆုံးအခြေအနေဖြစ်နေရင်တောင် မနက်သူနိုးလာတာနဲ့ သူနေလို့ကောင်းသွားမည်ဟုလင်ရှီးတွေးမိသည်။

သူ့ပိုင်ရှင်အတွက်ကတော့ သူအိပ်ပျော်နေတဲ့အခါ သူ့အကြောင်းတွေးမိနိုင်ပေမယ့် လူတစ်ယောက်မဟုတ်ပဲ ငါးတစ်ကောင်ပုံစံဖြစ်နေတာကြောင့် အဲ့ဒီလူကသူ့ကိုဘာမှလုပ်နိုင်မှာမဟုတ်ပေ။

အဲ့အကြောင်းတွေးပြီးနောက်လင်ရှီး မူးနေပြီဆိုသည့်စိတ်ဓာတ်နှင့် ဝိုင်နှစ်ပုလင်းကိုချက်ချင်းဖွင့်ကာ တစ်ပုလင်းကိုအရင်သောက်လိုက်၏။

ထို့နောက်လက်ကျန်ပုလင်းကို ဖြေးညှင်းစွာသောက်လိုက်သည်။

ဝိုင်ပုလင်းများစွာသောက်ပြီးနောက် လင်ရှီး၏အနက်ရောင်အကြေးခွံများဖုံးထားသော ငါးအမြှီးမှလွဲ၍ လင်ရှီး၏မျက်နှာလေးနှင့် သူခန္ဓာကိုယ်၏ကျန်‌အစိတ်အပိုင်းများတွင် အနီရောင်အလွှာတစ်ထပ်ဖုံးအုပ်ထားသကဲ့သို့ဖြစ်နေ၏။

အနီရောင်အလွှာပါးလေးသည် လှပပြီးဆွဲဆောင်မှုရှိ၏။ အကယ်၍တစ်ယောက်ယောက်သာ ငါးကန်ရှေ့မှာရပ်ပြီး ဒီမြင်ကွင်းမျိုးကိုမြင်လိုက်ပါက အနက်ရောင်ရေသူလေး၏ဆွဲဆောင်မှုကို ကျိမ်းသေပေါက်ခံရမှာဖြစ်သည်။

ဝိုင်သုံးပုလင်းသောက်ပြီးနောက် လင်ရှီးလုံးဝမူးသွားခဲ့သည်။

ငါးကန်၏အစွန်းကို ဆုပ်ကိုင်ဖို့ကြိုးစားလိုက်တဲ့အခါ လက်ချောင်းရိုးများက အားနည်းနေတာကြောင့် ခိုင်မြဲစွာဆုပ်ကိုင်နိုင်ရန်မလွယ်ကူပေ။

ယခင်ကလင်ရှီးအတွက် လွယ်ကူသောအလုပ်ဖြစ်ခဲ့သော်လည်း အရက်မူးနေချိန်‌မှာတော့ ဤငါးကန်ထဲမှမတက်နိုင်ပုံပင်။

လင်ရှီးအကြိမ်ကြိမ်ကြိုးစားပြီးနောက် လက်လျှော့လိုက်ကာ မူးမူးနဲ့ရေထဲသို့နစ်မြုပ်သွား၏။

အတိတ်သို့တိတ်တဆိတ်ပြန်ရောက်သွားသလိုခံစားလိုက်ရသည်။

စာအုပ်ထဲရှိ အရင်ကမ္ဘာသို့ပြန်ရောက်သွား၏။ စာအုပ်ထဲတွင်သူသည် သူ့ကိုယ်ပိုင်ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး အခြားသူများကသူ့အမိန့်ကိုလိုက်နာကြသည်။

အဆုံးသတ်တွင် သူကျရှုံးခဲ့သော်လည်း သူသည်မည်သည့်ထိန်းချုပ်မှုအောက်တွင်မှ မရှိခဲ့ပဲ သူ့ကိုယ်သူသတ်သေဖို့ရွေးချယ်ခဲ့သည်။

သေပြီနောက်ရေသူဘဝသို့ကူးပြောင်းလာခဲ့သည်။

သူကံကောင်းသည်မှာ သူ့ပိုင်ရှင်ကချင်ရှောင်းဖြစ်ပြီး တခြားလူတွေကဲ့သို့မဟုတ်ပေ။

ချင်ရှောင်းအကြောင်းတွေးပြီးနောက် သူ့ရေသူခန္ဓာကိုယ်အကြောင်းကို တွေးနေပြန်သည်။

ချောမွေ့သောအနက်ရောင်အကြေးခွံများနှင့် ဖုံးအုပ်ထားသည့် သူ့ကိုယ်ပိုင်ငါးအမြှီးကို ပုံစံအမျိုးမျိုးလုပ်၍ကြည့်လိုက်၏။ အစတည်းကချင်ရှောင်းလို ခန္ဓာကိုယ်ထဲရောက်ခဲ့ရင်ကောင်းမယ်...။

အဲ့ဒီလိုမျိုးတစ်ဖက်မှာ လူသားတွေရဲ့စောင့်ကြည့်ခံရတဲ့ကံကြမ္မာကနေ အစီစဉ်မျိုးစုံချမှတ်ပြီးထွက်ပြေးရတာကိုသူလည်းမလိုချင်ပေ။ ဘယ်လိုအမှားမျိုးမဆိုထွက်ပြေးမဲ့အစီစဉ်ကို ရှုံးနိမ့်နိုင်တာကြောင့် အချိန်ကောင်းတစ်ခုသတ်မှတ်ရပေမည်။

သူကျရှုံးသွားသည်နှင့် ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က သူလွတ်မြောက်သွားပြီဆိုတာကို သိသွားပြီဆိုတာနှင့် သူ့အားဘယ်လိုအရာတွေကစောင့်နေမလဲဆိုတာကို လင်ရှီးမခန့်မှန်းနိုင်ပေ။

ဒီရက်တွေမှာ ချင်ရှောင်းကိုနားလည်သဘောပေါက်သွားပြီဟု မူလကသူထင်ခဲ့ပေမယ့် အဲ့ဒီပွဲကပြန်လာပြီးနောက် ဖြစ်ပျက်ခဲ့တာတွေက လင်ရှီးကိုထိုယောက်ျား၏နှလုံးသားက ပင်လယ်အောက်ခြေကအပ်တစ်ချောင်းလိုမျိုးဆိုတာကို လင်ရှီးအားသိစေခဲ့သည်။
[T/N- မမြင်နိုင်ဘူး၊ ရှာရခက်တယ် etc...]

သူချင်ရှောင်းကိုလုံးဝသတိမထားမိတာလည်းဖြစ်နိုင်သည်။

ဒါပေမဲ့ ဒါတွေကသူနဲ့မဆိုင်တော့ဘူး။ သူကမကြာခင်မှာလင်ကျင့်နဲ့အတူတူထွက်သွားတော့မှာ....

သူတို့တွေပင်လယ်ကြီးဆီသွားပြီး ပင်လယ်ရဲ့အနက်ဆုံးအပိုင်းသို့ သွားမှာပင်။

လင်ရှီး သူထွက်ခွာသွားပြီးနောက် လွတ်လပ်ပြီးအနှောင့်အယှက်ကင်းသည့်ဘဝကို စိတ်ကူးယဉ်နေခဲ့သည်။

ထိုအကြောင်းစဉ်းစားရင်း သူ့မျက်ခွံများတဖြည်းဖြည်းလေးလံလာပြီး အိပ်ပျော်သွားတော့သည်။

ဒီနေ့လင်ရှီး၏အခြေအနေသည် ခါတိုင်းနှင့်မတူပေ။ သူကအရက်သောက်ထားပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းအသားအရည်သည် ထူးဆန်းစွာနီမြန်းနေခဲ့သည်။ သူ့ပိုင်ရှင်ပြန်လာသောအခါတွင် ဥယျာဉ်ထဲကရေကူးကန် သို့မဟုတ် အောက်ထပ်ဧည့်ခန်းထဲတွင်လင်ရှီး၏ပုံရိပ်ကိုမတွေ့ခဲ့ရချေ။ ဒီနေ့ပြန်လာချိန်စောသည်။ များသောအားဖြင့် ယခုအချိန်တွင်ချင်ရှောင်းသည် အပြင်ဘက်၌သူ့အလုပ်ကိစ္စများလုပ်ကိုင်နေဆဲဖြစ်သည်။

ဒီနေ့ကအခြေအနေများအနည်းငယ်ပြောင်းလဲသွားသဖြင့် ချင်ရှောင်းအိမ်‌သို့စောစောပြန်လာခဲ့ခြင်းပင်။

အိမ်အတွင်းအပြင်တွင်လင်ရှီး၏အရိပ်အယောင်ကိုမတွေ့ရပေ။ ချင်ရှောင်း လင်ရှီးရဲ့အိပ်ခန်းရှိရာသို့သွားသောအခါ အခန်းတံခါးကမထင်မှတ်ပဲပွင့်လာပြီး အခန်းအတွင်းရှိအိပ်ယာသည် အနည်းငယ်ရှုပ်ပွနေ၏။ လင်ရှီးအခုမှထွက်သွားခြင်းဖြစ်ကြောင်းထင်ရှားသည်။ သိပ်မကြာသေးပေ။

အခန်းထဲတွင်ဘယ်သူမှမရှိတာကြောင့် အကြီးမားဆုံးဖြစ်နိုင်ချေမှာ‌ ခေါင်မိုးထပ်တွင်ရှိနေခြင်းဖြစ်သည်။

ချင်ရှောင်း ခေါင်မိုးထပ်သို့အမြန်လျှောက်သွားပြီး သူအပေါ်ထပ်သို့ရောက်တာနှင့် ငါးကန်ထဲမှာမျောနေသည့်အနက်ရောင်ရေသူလေးကို သူ့မျက်လုံးထဲချက်ချင်းဖမ်းမိလိုက်သည်။

လေထဲမှာဝိုင်နံ့သင်းသင်းလေးရနေတာကြောင့် ချင်ရှောင်းမျက်မှောင်ကြုတ်ကာ ငါးကန်ဘေးသို့ကြည့်လိုက်တော့ ပုလင်းအလွတ်နှစ်ခုကိုတွေ့လိုက်ရ၏။

ပုလင်း၏အပြင်ပိုင်းကို လက်ရာမြောက်သောပန်းချီကားများဖြင့်ဖုံးအုပ်ထားပြိး ထိုပုလင်းမှဝိုင်နံ့များထုတ်လွှတ်နေသည်။

ချင်ရှောင်းဝိုင်ပုလင်းတွေကို ခေတ္တမျှစိုက်ကြည့်ပြီးနောက် သူ့မျက်ဝန်းနက်နက်တွေကို ရေသူလေးထံပြန်လှည့်လိုက်၏။

ရေကဖောက်ထွင်းမြင်ရလောက်အောင်ကြည်‌လင်နေသောကြောင့် ရေထဲတွင်ရှိသောရေသူလေး၏ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

လင်ရှီးရဲ့တစ်ကိုယ်လုံးကရေထဲတွင်‌နစ်မြုပ်နေသော်လည်း ချင်ရှောင်းသည် လင်ရှီးရဲ့ပါးပြင်ပေါ်ရှိ‌မူးဝေခြင်းကြောင့်ဖြစ်ပေါ်နေသည့် အနီရောင်အစက်များက်ုမြင်လိုက်ရသည်။

အဲ့ဒါက ချင်ရှောင်းရဲ့နှလုံးသားကို တိုက်ရိုက်ထိမိသည့် လှပသည့်ပုံရိပ်လေးတစ်ခုဖြစ်သည်။

ရေသူလေးကရေထဲတွင် ငြိမ်ငြိမ်သက်သက်လေးအိပ်နေပြီး သူ့ရဲ့လှပတဲ့မျက်နှာလေးပေါ်ရှိမျက်ခွံလေးများကို ညင်သာစွာပိတ်ထားသည်။ သူ့ရဲ့နှာတံလေးကသေးငယ်ဖြောင့်စင်းကာ သူ့နှုတ်ခမ်းလေးများကစိန်တုံးလေးများကဲ့သို့ပင်။

တစ်ချိန်က နှင်းလိုဖြူဖွေးသောအသားအရည်လေးသည် အခုတော့ကြက်သွေးရောင်ပြေပြေလေးသမ်းနေပြီး အလွန်ဆွဲဆောင်မှုရှိကာ ဆွဲဆောင်ပြီးရင်းဆွဲဆောင်နေသည်။

ယစ်မူးပြီးအိပ်ပျော်နေသောရေသူလေးသည် ယခုအချိန်တွင်မှည့်နေသောသစ်သီးလေးနှင့်တူကာ ထိုအသီးလေးက သူ့ကိုစိုက်ကြည့်နေတဲ့လူသားများကို တိတ်တဆိတ်ဖိတ်ခေါ်မှုများပေးနေသလိုပင်။

ဒီလို ဖိတ်ခေါ်မှုကို ရင်ဆိုင်လိုက်ရတော့ ချင်ရှောင်း ရှေ့ကို ခြေတစ်လှမ်းတိုးပြီး သူ့လက်ကို မြှောက်လိုက်ကာဖန်နံရံကို ဖိလိုက်၏။ သူ့လက်များကဖန်နံရံကိုဖြတ်၍ ရေထဲကရေသူလေး၏နတ်သမီးလိုမျက်နှာလေးကိုပွတ်သပ်ချင်နေသည်။

ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် လိုအင်ဆန္ဒများက ချင်ရှောင်းစိတ်ထဲတွင်လွန်ဆွဲနေကြပြီး မကြာမီ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက အသာစီးရရှိသွား၏။

ဒီရေသူလေးက သူ့နှလုံးသားထဲတိတ်တဆိတ်ဝင်ရောက်ပြီး အရေးကြီးတဲ့နေရာကိုသိမ်းပိုက်ထားကြောင်းချင်ရှောင်းသိထားပြီးဖြစ်သည်။

သို့သော်ချင်ရှောင်းသည် တခြားသူများသတိလက်လွတ်ဖြစ်နေတာကို အခွင့်ကောင်းယူခြင်းကဲ့‌သို့သောအရာများလုပ်ဆောင်ရန်စိတ်မဝင်စားပါချေ။

#22.11.2022

ဒီအပိုင်းကလောင်ရှီးရေးထားတာမရှင်းလို့အစပိုင်းမှာတအားခေါင်းစားရပါတယ် အဲ့တာကြောင့်ကိုယ်အဆင်ပြေသလိုပြန်ထားတာဖြစ်လို့မူရင်းဝတ္ထုနဲ့ကွဲလွဲခဲ့သည်ရှိသော်ကြိုတင်ခွင့်လွှတ်မှုများတောင်းခံထားပါသည်😢
ပွဲကြောက်လို့ပါ😢😢😢

နှစ်ခေါင်းပေါင်းပြီးစဉ်းစားရင်းအချင်းချင်းလည်းထသတ်မိတော့မလိုပါပဲ။



~~Zawgyi~~

လင္ရွီးထြက္သြားၿပီးေနာက္ ခ်င္ေရွာင္းခဏမွ်သူ႕ကိုစိုက္ၾကည့္ေနၿပီး လင္ရွီးသူ႕အခန္းထဲဝင္ကာတံခါးပိတ္သြားသည့္အခါမွာေတာ့ ခ်င္ေရွာင္းကေလွကားမွာရပ္ေနတုန္းပဲျဖစ္သည္။
[T/N- အခန္းထဲကေနလင္ရွီးေနာက္ကိုလိုက္ၿပီးထြက္သြားတယ္ထင္ပါရဲ႕]

အခ်ိန္အေတာ္ၾကာၿပီးမွ ခ်င္ေရွာင္းသူ႕ေျခေထာက္မ်ားကိုႂကြကာ သူ႕အခန္းထဲသို႔ျပန္ဝင္လာခဲ့သည္။

သူ႕အခန္းထဲေရာက္ေသာအခါ ဥယ်ာဥ္ထဲရွိငါးကန္ကို ေထာင့္ျဖတ္အေနအထားျဖင့္ ျမင္ရသည့္ျပဴတင္းေပါက္ရွိရာသို႔သြားလိုက္၏။

ခ်င္ေရွာင္းသည္ နက္ေမွာင္ေသာမ်က္လုံးမ်ားျဖင့္ ငါးကန္ကိုစိုက္ၾကည့္ေနခဲ့သည္။

သူ႐ူးေနၿပီထင္တယ္။

ညသည္ လူတို႔၏ႏွလုံးသားထဲမွာရွိသည့္ လွ်ို႔ဝွက္နက္နဲေသာအေတြးမ်ားကို လႈံ႕ေဆာ္ေပးနိုင္သည့္ ထူးဆန္းေသာေမွာ္အစြမ္းမ်ားရွိပုံရသည္။

ခ်င္ေရွာင္းေခါင္းကိုအနည္းငယ္ခါယမ္းလိုက္၏။ အခုအရာအားလုံးကသူ႕အတြက္မဟုတ္ဘူးလို႔ထင္ရသည္။

တိတ္ဆိတ္ေသာညက လွ်င္ျမန္စြာကုန္ဆုံးသြားခဲ့၏။

ေနာက္တစ္ေန႕လင္ရွီးနိုးလာေသာအခါ သူ႕ပိုင္ရွင္ကထြက္သြားႏွင့္ေလၿပီ။

ေလွကားမွဆင္းလာရင္း လင္ရွီးမေန႕ကသူရပ္ခဲ့သည့္ေလွကားထစ္အစြန္းတြင္ရပ္လိုက္၏။ အိပ္မက္တစ္ခုဟုထင္ရေသာ္လည္း ၎ကစိတ္ကူးယဥ္အိပ္မက္မဟုတ္မွန္း လင္ရွီးရွင္းရွင္းလင္းလင္းသိသည္။

ေန႕လည္ပိုင္းတြင္ လင္ရွီးသည္ေဆး႐ုံရွိလင္က်င့္ကိုဆက္သြယ္ခဲ့ၿပီး ေန႕လည္စာစားၿပီးေနာက္ ေဆး႐ုံသို႔အျမန္သြားခဲ့သည္။

သူေဆး႐ုံသို႔ေရာက္ေသာအခါ အခန္းရဲ႕အေျခအေနက သူေနာက္ဆုံးတစ္ေခါက္ ေရာက္ခဲ့တုန္းကအခ်ိန္နဲ႕အနည္းငယ္ကြာျခားေနသည္။ ေနာက္ထပ္ပစၥည္းေတြအမ်ားႀကီးရွိေန၏။

လင္ရွီးဘာမွမေမးခင္ လင္က်င့္သည္ပစၥည္းမ်ားကိုရွဲ႕ဟုန္မင္ကေပးပို႔ေပးခဲ့ေၾကာင္းထုတ္ေျပာလာခဲ့သည္။

ရွဲ႕ဟုန္မင္ရဲ႕နာမည္ကိုၾကားေသာအခါ လင္ရွီးမ်က္လုံးမ်ားအနည္းငယ္က်ဥ္းေျမာင္းသြားေပမယ့္ တျခားအမူအရာမ်ားမျပခဲ့ေပ။

အစကလင္ရွီးသည္ လင္က်င့္ကိုဝယ္ယူခဲ့ေသာလူသားကလင္က်င့္ကိုရက္စက္စြာ ႏွိပ္စက္ခဲ့တာေၾကာင့္ ဒီေရသူေလးရဲ႕ႏွလုံးသားထဲတြင္လူသားမ်ားကိုေၾကာက္ေနလိမ့္မယ္ဟု သူေတြးခဲ့တာျဖစ္သည္။

ၾကည့္ရတာေတာ့သူအေတြးလြန္ေနတဲ့ပုံပဲ။

လင္က်င့္၏စိတ္သည္ ရိုးရွင္းၿပီးျဖဴစင္သည္။ တစ္စုံတစ္ေယာက္ကသူ႕ကို နည္းနည္းေလာက္ပိုေကာင္းေအာင္ဆက္ဆံလိုက္တာနဲ႕ ထိုသူ႕ကိုလုံးဝယုံၾကည္ေပးလိုက္မွာျဖစ္သည္။

လင္ရွီးသည္ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေသာ လင္က်င့္၏မ်က္ႏွာေလးေပၚရွိ ေတာက္ပၿပီးႏူးညံ့အၿပဳံးေလးကိုၾကည့္ရင္း လင္က်င့္ကိုေမးခြန္းတစ္ခုေမးလိုက္၏။

"ရွဲ႕ဟုန္မင္နဲ႕ငါ့ၾကားမွာ မင္းေ႐ြးရမယ္ဆို ဘယ္သူ႕ကိုေ႐ြးမွာလဲ?"

ဒီေမးခြန္းကိုေမးရတာ ထူးဆန္းေနပုံရေပမယ့္ လင္ရွီးကေနာက္ေျပာင္ေနသည့္ပုံစံမဟုတ္ဘဲ အေလးအနက္ထားၿပီးေမးေနပုံေပၚသည္။

လင္က်င့္သည္ လင္ရွီးဘာေၾကာင့္ဒီလိုေမးတာလဲဆိုတာမသိေပမယ့္ သူ႕အေတြးမ်ားကိုအမွန္အတိုင္းေျပာလာခဲ့သည္။

"ေသခ်ာေပါက္ငါမင္းကိုပဲေ႐ြးမွာေပါ့"

႐ုပ္ပိုင္းဆိုင္ရာအရဆိုလွ်င္ လင္ရွီးကလင္က်င့္ထက္ငယ္ေသာ္လည္း လင္ရွီးကသူေပးထားေသာလင္က်င့္ဆိုသည့္နာမည္အပါအဝင္၊ ေရသူေလးကိုသူ႕ညီငယ္ေလးအျဖစ္အသိအမွတ္ျပဳထားတာျဖစ္သည္။

စဥ္းစားေနစရာေတာင္မလိုေပ။ လင္က်င့္ရဲ႕တစ္ခုတည္းေသာေ႐ြးခ်ယ္မႈကလည္းလင္ရွီးပင္။

လင္ရွီးကညင္သာစြာေခါင္းၿငိမ့္ျပလိုက္ၿပီး
"ပင္လယ္ႀကီးကိုျမင္ခ်င္လား?"

ပင္လယ္ဟုၾကားလိုက္ေသာအခါ လင္က်င့္ရဲ႕မ်က္လုံးေလးမ်ားေတာက္ပလာၿပီး
"အြန္း၊ ေသခ်ာေပါက္သြားခ်င္တယ္"

"အနာဂတ္မွာအခြင့္အေရးရရင္ ငါတို႔အတူတူသြားၾကမယ္"

လင္ရွီးသည္မိသားစုအေပၚခ်စ္ခင္တြယ္တာမႈအလြန္အားနည္းသည္။ ခင္မင္ရင္းႏွီးမႈႏွင့္ခ်စ္ျခင္းေမတၱာမွာလည္းအတူတူပင္။
[T/N- ရည္းစားမရွိသူငယ္ခ်င္းမရွိ အဲ့လိုပါ]

ဒီကမၻာမွာေတာ့ သူလင္က်င့္ကိုသူညီအျဖစ္အသိအမွတ္ျပဳထားသည္။

ေနာက္ဆုံးေတာ့မိသားစုရွိရတာလည္း အရမ္းဆိုး႐ြားတဲ့ခံစားခ်က္မ်ိဳးမဟုတ္ပါဘူး။

လင္ရွီး သူ႕လက္ကိုဆန႔္တန္း၍ ႏူးညံ့ၿပီးခ်စ္စရာေကာင္းသည့္ေရသူေလး၏ ဆံပင္ရွည္ေလးမ်ားကိုပြတ္သပ္ကာ လင္ရွီးသည္သူ႕မိသားစုအတြက္တာဝန္သိစိတ္ဆိုတာကို ပထမဆုံးအႀကိမ္ခံစားခြင့္ျပဳလိုက္သည္။

"တကယ္လား"
လင္က်င့္သည္သူ႕ရဲ႕ လွပေသာအညိုႏုေရာင္မ်က္လုံးေလးမ်ားကိုဖြင့္လိုက္သည္။

"တကယ္ေပါ့၊ ငါမင္းကိုဘယ္တုန္းကလိမ္ေျပာဖူးလို႔လဲ" လင္ရွီးေအးေဆးတည္ၿငိမ္စြာေျပာလိုက္၏။ သို႔ေသာ္ထိုအခိုက္အတန႔္တြင္ လြတ္ေျမာက္ဖို႔အစီအစဥ္ကို စနစ္တက်ျပဳလုပ္သင့္သည္ဟု စိတ္ထဲမွာေတြးေနမိသည္။

သူထြက္ေျပးဖို႔စီစဥ္တိုင္း ကံၾကမၼာကသူ႕ကိုသတိမေပးပဲ လွည့္ကြက္ေတြအမ်ားႀကီးလုပ္တတ္တာေၾကာင့္ လင္ရွီးအတြက္စိတ္ကူးယဥ္ဖို႔ေတာင္ခက္ခဲသည္။

လင္ရွီးကို ကပြဲပါတီတြင္ေတြ႕ခဲ့ေသာေရသူမေလးကသတိေပးစကားေျပာခဲ့ၿပီး ေရသူေတြကအရက္အလြန္အကြၽံမေသာက္သင့္ေကာင္းနဲ႕ ေသာက္မိပါကမူးသြားမည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။

အဲ့တာကလင္ရွီးကိုဝိုင္ေသာက္ျခင္းမွ ေဝးေဝးေရွာင္သြားေစေသာ္လည္း လင္ရွီး၏အဆုံးမဲ့ေသာစိတ္ဝင္စား(စပ္စု)မႈကိုႏွိုးဆြေပးခဲ့သည္။

လင္ရွီးအြန္လိုင္းကေန သစ္သီးဝိုင္အခ်ိဳ႕ကိုတိတ္တိတ္ေလးဝယ္ထားသည္။

သစ္သီးဝိုင္တြင္alcoholပါဝင္မႈနိမ့္သည္။ လင္ရွီးအနာဂတ္ကမၻာကဝိုင္အရသာကိုသာ ျမည္းစမ္းၾကည့္ခ်င္တာျဖစ္ၿပီး မူးသြားဖို႔ေတာ့ဘယ္တုန္းကမွမေတြးခဲ့ေပ။

သူကဝိုင္ကို႐ုပ္ပိုင္းဆိုင္ရာအရႏွစ္သက္တာမ်ိဳးမဟုတ္ဘဲ စိတ္ပိုင္းဆိုင္ရာအရပိုႏွစ္သက္သည္။
[T/N- မေသာက္ရမေနနိုင္စြဲလမ္းေနတာမဟုတ္ပဲ တစ္ခါတစ္ေလေသာက္ရတာကိုႀကိဳက္တဲ့ပုံစံမ်ိဳးပါ]

အဲ့ဒါကျမင္လိုက္ရၿပီး အနံ႕ခံလိုက္တာနဲ႕တင္စိတ္ေက်နပ္သြားေစမည့္ ဝိုင္မ်ိဳးျဖစ္သည္။ ေသာက္ၿပီးဗိုက္ထဲမွာအီလည္လည္ႀကီးျဖစ္သြားေစမယ့္ဝိုင္မ်ိဳးမဟုတ္ေခ်။

လင္ရွီးရဲ႕အျမင္အရထြက္ေျပးမယ့္ကိစၥက တစ္ရက္ႏွစ္ရက္အတြင္းအလ်င္စလိုလုပ္လို႔ရသည့္ကိစၥမဟုတ္ေပ။ ဝိုင္ေလးတစ္ငုံေလာက္ေသာက္တာကအက်ိဳးသက္ေရာက္မႈသိပ္မရွိဘူးဟုသူထင္သည္။
(ခ်ိဖကအၿမဲဒီလိုပဲအစားငမ္း😂😂)

တစ္ငုံေသာက္႐ုံနဲ႕ေတာ့ ဘာမွႏွောင့္ႏွေးမယ္လို႔မထင္ထားေပ။

အဲ့ဒါကလင္ရွီးသူ႕ကိုသူအေလးအနက္မထားမိေအာင္ လွည့္စားမိေနသည့္အေတြးမ်ားဟုပင္ေျပာလို႔ရသည္။
/[T/N- စာမရေပမယ့္ႀကိဳမက်က္ပဲ အနားနီးမွက်က္မယ္ေအးေဆးဆိုတဲ့ ကိုယ္ေတြရဲ႕အေတြးလိုမ်ိဳးပါ]

သူ႕ရဲ႕ေရသူခႏၶာကိုယ္က လူသားဘဝတုန္းကႏွင့္မတူဘူးဆိုတာကို သူေမ့သြားပုံရ၏။

အစတုန္းကပင္လယ္စာစားရတာ မႀကိဳက္သလို၊ မုန႔္လည္းမစားေပ။

ရလဒ္ကေတာ့ ေရသူျဖစ္ၿပီးေနာက္ လင္ရွီးထိုအစားအစာႏွစ္မ်ိဳးကို ႏွစ္သက္႐ုံသာမကပဲ အလြန္ႀကိဳက္သည္ဟုေတာင္ ဆိုနိုင္ေပသည္။

သူအသီးဝိုင္ေတာ္ေတာ္မ်ားမ်ားကိုအြန္လိုင္းကေနဝယ္ခဲ့သည္။ သူတို႔ကေတာ္ေတာ္ေလးမ်ားတယ္လို႔ထင္ရေပမယ့္ တကယ္တမ္းက်ေတာ့ေသးေသးေလး....။

လင္ရွီးအဲ့တာေတြကိုျမည့္စမ္းၾကည့္ဖို႔စီစဥ္ထားေသာ္လည္း ဘလူးဘယ္ရီဝိုင္ကိုေသာက္ၿပီးေနာက္ သူအံ့ဩသြားခဲ့၏။

အဲ့တာကေတာ္ေတာ္အံ့အားသင့္ဖြယ္ေကာင္းသည္ဟု ဆိုနိုင္သည္။

သူ႕ရဲ႕ေနာက္ဆုံးဘဝမွာ ဒီေလာက္အရသာရွိတဲ့ဝိုင္ကိုမေသာက္ဖူးဘူး။ ႏူးညံ့သိမ္ေမြ႕မႈကသူ႕လည္ေခ်ာင္းထဲမွာေပါက္ထြက္သြားၿပီး သူ႕ေျခေတြလက္ေတြေခါင္းေတြဆီ ေျပးသြားၿပီး႐ုတ္တရက္ေပါက္ကြဲသြားသလိုပဲ။ ေက်နပ္အားရမႈနဲ႕ ေပ်ာ္႐ႊင္မႈကလင္ရွီးကို သက္ျပင္းခ်ေစသည္။

ထို႔ေၾကာင့္တစ္က်ိဳက္ေသာက္လိုက္ၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ပုလင္းကိုင္၍ တိုက္ရိုက္ေသာက္ျခင္းဆီသို႔ေျပာင္းလဲသြား၏။

လင္ရွီး ဝိုင္ပုလင္းငယ္ကို ႏွစ္လုပ္သုံးလုပ္မွ်ျဖင့္အျပတ္ျဖတ္လိုက္သည္။

ေသာက္ၿပီးေနာက္ သူ႕ႏႈတ္ခမ္းတစ္ဝိုက္ကို လွ်ာဖ်ားေလးျဖင့္သပ္လိုက္၏။ ဝိုင္ေကာင္း၏ရနံ႕သည္ သူ႕ႏႈတ္ခမ္းမ်ားႏွင့္သြားမ်ားတြင္ထင္က်န္ေနခဲ့သည္။ လင္ရွီးသူ႕ခႏၶာကိုယ္ကိုလန္းဆန္းမႈျဖစ္ေစသည့္ အရသာကိုခံစားရန္အတြက္ မ်က္လုံးကိုအနည္းငယ္မွိတ္ထားလိုက္၏။

ပင္လယ္စာနဲ႕အခ်ိဳေတြစားတုန္းကထက္ေတာင္ ပိုေကာင္းသည္။

အဲ့တာကေကာင္းလြန္း၍ လင္ရွီးဒီဝိုင္ကကမၻာေပၚတြင္အလွပဆုံးအရာဟု ခံစားမိလုနီးပါးပင္။

လင္ရွီးဝိုင္၏ျပဳစားမႈကိုခံလိုက္ရ၏။ ထိုအေတြးမ်ားဝင္လာတာေတာင္မွ သူမူးေနၿပီဆိုတာကို သူ႕ကိုယ္သူမသိေသးပုံရသည္။

အခန္းထဲမွာေသာက္တာကမမွန္သလိုမ်ိဳး လင္ရွီးလက္ႏွစ္ဘက္လုံးတြင္ဝိုင္ပုလင္းကိုကိုင္ကာ အေဆာက္အဦးေခါင္မိုးထပ္သို႔ေလွ်ာက္သြားလိုက္၏။

ေခါင္မိုးထပ္သို႔ေလွ်ာက္လာရင္း လင္ရွီးဝိုင္ကိုေဘးဖယ္ကာ သူ႕ခႏၶာကိုယ္ေပၚရွိအပိုအဝတ္မ်ားကိုဆြဲခြၽတ္လိုက္ၿပီး ငါးကန္၏အစြန္းကိုကိုင္၍ ေရထဲသို႔ခုန္ဆင္းလိုက္ရာ မွင္လိုနက္ေမွာင္ေနသည့္အျမႇီးႀကီးက ေရထဲကိုအရင္က်သြားသည္။

ေရမ်ားကေနရာအႏွံ႕ျပန႔္က်ဲသြားၿပီး သူ႕ခႏၶာကိုယ္သည္ေရထဲသို႔နစ္ျမဳပ္သြား၏။ အရက္ေၾကာင့္၊ အရက္၏ျပင္းထန္ေသာအာနိသင္ေၾကာင့္ လင္ရွီး၏ငါးတစ္ကိုယ္လုံး စိတ္လႈပ္ရွားေနပုံရၿပီး ငါးအျမႇီးသည္ေရမ်က္ႏွာျပင္ကိုေပ်ာ္႐ႊင္စြာရိုက္ခတ္ေနသည္။

လင္ရွီးခဏေလာက္သတိျပန္ဝင္လာေတာ့ သူမူးေနမွန္းသိလိုက္ရ၏။

ဒါေပမယ့္အဲ့တာကိုေတြးမိၿပီးေနာက္ သူတကယ္မူးေနပုံရေပမယ့္ အဆိုးဆုံးအေျခအေနျဖစ္ေနရင္ေတာင္ မနက္သူနိုးလာတာနဲ႕ သူေနလို႔ေကာင္းသြားမည္ဟုလင္ရွီးေတြးမိသည္။

သူ႕ပိုင္ရွင္အတြက္ကေတာ့ သူအိပ္ေပ်ာ္ေနတဲ့အခါ သူ႕အေၾကာင္းေတြးမိနိုင္ေပမယ့္ လူတစ္ေယာက္မဟုတ္ပဲ ငါးတစ္ေကာင္ပုံစံျဖစ္ေနတာေၾကာင့္ အဲ့ဒီလူကသူ႕ကိုဘာမွလုပ္နိုင္မွာမဟုတ္ေပ။

အဲ့အေၾကာင္းေတြးၿပီးေနာက္လင္ရွီး မူးေနၿပီဆိုသည့္စိတ္ဓာတ္ႏွင့္ ဝိုင္ႏွစ္ပုလင္းကိုခ်က္ခ်င္းဖြင့္ကာ တစ္ပုလင္းကိုအရင္ေသာက္လိုက္၏။

ထို႔ေနာက္လက္က်န္ပုလင္းကို ေျဖးညွင္းစြာေသာက္လိုက္သည္။

ဝိုင္ပုလင္းမ်ားစြာေသာက္ၿပီးေနာက္ လင္ရွီး၏အနက္ေရာင္အေၾကးခြံမ်ားဖုံးထားေသာ ငါးအျမႇီးမွလြဲ၍ လင္ရွီး၏မ်က္ႏွာေလးႏွင့္ သူခႏၶာကိုယ္၏က်န္အစိတ္အပိုင္းမ်ားတြင္ အနီေရာင္အလႊာတစ္ထပ္ဖုံးအုပ္ထားသကဲ့သို႔ျဖစ္ေန၏။

အနီေရာင္အလႊာပါးေလးသည္ လွပၿပီးဆြဲေဆာင္မႈရွိ၏။ အကယ္၍တစ္ေယာက္ေယာက္သာ ငါးကန္ေရွ႕မွာရပ္ၿပီး ဒီျမင္ကြင္းမ်ိဳးကိုျမင္လိုက္ပါက အနက္ေရာင္ေရသူေလး၏ဆြဲေဆာင္မႈကို က်ိမ္းေသေပါက္ခံရမွာျဖစ္သည္။

ဝိုင္သုံးပုလင္းေသာက္ၿပီးေနာက္ လင္ရွီးလုံးဝမူးသြားခဲ့သည္။

ငါးကန္၏အစြန္းကို ဆုပ္ကိုင္ဖို႔ႀကိဳးစားလိုက္တဲ့အခါ လက္ေခ်ာင္းရိုးမ်ားက အားနည္းေနတာေၾကာင့္ ခိုင္ၿမဲစြာဆုပ္ကိုင္နိုင္ရန္မလြယ္ကူေပ။

ယခင္ကလင္ရွီးအတြက္ လြယ္ကူေသာအလုပ္ျဖစ္ခဲ့ေသာ္လည္း အရက္မူးေနခ်ိန္မွာေတာ့ ဤငါးကန္ထဲမွမတက္နိုင္ပုံပင္။

လင္ရွီးအႀကိမ္ႀကိမ္ႀကိဳးစားၿပီးေနာက္ လက္ေလွ်ာ့လိုက္ကာ မူးမူးနဲ႕ေရထဲသို႔နစ္ျမဳပ္သြား၏။

အတိတ္သို႔တိတ္တဆိတ္ျပန္ေရာက္သြားသလိုခံစားလိုက္ရသည္။

စာအုပ္ထဲရွိ အရင္ကမၻာသို႔ျပန္ေရာက္သြား၏။ စာအုပ္ထဲတြင္သူသည္ သူ႕ကိုယ္ပိုင္ကုမၸဏီကိုပိုင္ဆိုင္ထားၿပီး အျခားသူမ်ားကသူ႕အမိန႔္ကိုလိုက္နာၾကသည္။

အဆုံးသတ္တြင္ သူက်ရႈံးခဲ့ေသာ္လည္း သူသည္မည္သည့္ထိန္းခ်ဳပ္မႈေအာက္တြင္မွ မရွိခဲ့ပဲ သူ႕ကိုယ္သူသတ္ေသဖို႔ေ႐ြးခ်ယ္ခဲ့သည္။

ေသၿပီေနာက္ေရသူဘဝသို႔ကူးေျပာင္းလာခဲ့သည္။

သူကံေကာင္းသည္မွာ သူ႕ပိုင္ရွင္ကခ်င္ေရွာင္းျဖစ္ၿပီး တျခားလူေတြကဲ့သို႔မဟုတ္ေပ။

ခ်င္ေရွာင္းအေၾကာင္းေတြးၿပီးေနာက္ သူ႕ေရသူခႏၶာကိုယ္အေၾကာင္းကို ေတြးေနျပန္သည္။

ေခ်ာေမြ႕ေသာအနက္ေရာင္အေၾကးခြံမ်ားႏွင့္ ဖုံးအုပ္ထားသည့္ သူ႕ကိုယ္ပိုင္ငါးအျမႇီးကို ပုံစံအမ်ိဳးမ်ိဳးလုပ္၍ၾကည့္လိုက္၏။ အစတည္းကခ်င္ေရွာင္းလို ခႏၶာကိုယ္ထဲေရာက္ခဲ့ရင္ေကာင္းမယ္...။

အဲ့ဒီလိုမ်ိဳးတစ္ဖက္မွာ လူသားေတြရဲ႕ေစာင့္ၾကည့္ခံရတဲ့ကံၾကမၼာကေန အစီစဥ္မ်ိဳးစုံခ်မွတ္ၿပီးထြက္ေျပးရတာကိုသူလည္းမလိုခ်င္ေပ။ ဘယ္လိုအမွားမ်ိဳးမဆိုထြက္ေျပးမဲ့အစီစဥ္ကို ရႈံးနိမ့္နိုင္တာေၾကာင့္ အခ်ိန္ေကာင္းတစ္ခုသတ္မွတ္ရေပမည္။

သူက်ရႈံးသြားသည္ႏွင့္ ဆိုလိုသည္မွာ တစ္စုံတစ္ေယာက္က သူလြတ္ေျမာက္သြားၿပီဆိုတာကို သိသြားၿပီဆိုတာႏွင့္ သူ႕အားဘယ္လိုအရာေတြကေစာင့္ေနမလဲဆိုတာကို လင္ရွီးမခန႔္မွန္းနိုင္ေပ။

ဒီရက္ေတြမွာ ခ်င္ေရွာင္းကိုနားလည္သေဘာေပါက္သြားၿပီဟု မူလကသူထင္ခဲ့ေပမယ့္ အဲ့ဒီပြဲကျပန္လာၿပီးေနာက္ ျဖစ္ပ်က္ခဲ့တာေတြက လင္ရွီးကိုထိုေယာက္်ား၏ႏွလုံးသားက ပင္လယ္ေအာက္ေျခကအပ္တစ္ေခ်ာင္းလိုမ်ိဳးဆိုတာကို လင္ရွီးအားသိေစခဲ့သည္။
[T/N- မျမင္နိုင္ဘူး၊ ရွာရခက္တယ္ etc...]

သူခ်င္ေရွာင္းကိုလုံးဝသတိမထားမိတာလည္းျဖစ္နိုင္သည္။

ဒါေပမဲ့ ဒါေတြကသူနဲ႕မဆိုင္ေတာ့ဘူး။ သူကမၾကာခင္မွာလင္က်င့္နဲ႕အတူတူထြက္သြားေတာ့မွာ....

သူတို႔ေတြပင္လယ္ႀကီးဆီသြားၿပီး ပင္လယ္ရဲ႕အနက္ဆုံးအပိုင္းသို႔ သြားမွာပင္။

လင္ရွီး သူထြက္ခြာသြားၿပီးေနာက္ လြတ္လပ္ၿပီးအႏွောင့္အယွက္ကင္းသည့္ဘဝကို စိတ္ကူးယဥ္ေနခဲ့သည္။

ထိုအေၾကာင္းစဥ္းစားရင္း သူ႕မ်က္ခြံမ်ားတျဖည္းျဖည္းေလးလံလာၿပီး အိပ္ေပ်ာ္သြားေတာ့သည္။

ဒီေန႕လင္ရွီး၏အေျခအေနသည္ ခါတိုင္းႏွင့္မတူေပ။ သူကအရက္ေသာက္ထားၿပီး သူ႕ခႏၶာကိုယ္အေပၚပိုင္းအသားအရည္သည္ ထူးဆန္းစြာနီျမန္းေနခဲ့သည္။ သူ႕ပိုင္ရွင္ျပန္လာေသာအခါတြင္ ဥယ်ာဥ္ထဲကေရကူးကန္ သို႔မဟုတ္ ေအာက္ထပ္ဧည့္ခန္းထဲတြင္လင္ရွီး၏ပုံရိပ္ကိုမေတြ႕ခဲ့ရေခ်။ ဒီေန႕ျပန္လာခ်ိန္ေစာသည္။ မ်ားေသာအားျဖင့္ ယခုအခ်ိန္တြင္ခ်င္ေရွာင္းသည္ အျပင္ဘက္၌သူ႕အလုပ္ကိစၥမ်ားလုပ္ကိုင္ေနဆဲျဖစ္သည္။

ဒီေန႕ကအေျခအေနမ်ားအနည္းငယ္ေျပာင္းလဲသြားသျဖင့္ ခ်င္ေရွာင္းအိမ္သို႔ေစာေစာျပန္လာခဲ့ျခင္းပင္။

အိမ္အတြင္းအျပင္တြင္လင္ရွီး၏အရိပ္အေယာင္ကိုမေတြ႕ရေပ။ ခ်င္ေရွာင္း လင္ရွီးရဲ႕အိပ္ခန္းရွိရာသို႔သြားေသာအခါ အခန္းတံခါးကမထင္မွတ္ပဲပြင့္လာၿပီး အခန္းအတြင္းရွိအိပ္ယာသည္ အနည္းငယ္ရႈပ္ပြေန၏။ လင္ရွီးအခုမွထြက္သြားျခင္းျဖစ္ေၾကာင္းထင္ရွားသည္။ သိပ္မၾကာေသးေပ။

အခန္းထဲတြင္ဘယ္သူမွမရွိတာေၾကာင့္ အႀကီးမားဆုံးျဖစ္နိုင္ေခ်မွာ ေခါင္မိုးထပ္တြင္ရွိေနျခင္းျဖစ္သည္။

ခ်င္ေရွာင္း ေခါင္မိုးထပ္သို႔အျမန္ေလွ်ာက္သြားၿပီး သူအေပၚထပ္သို႔ေရာက္တာႏွင့္ ငါးကန္ထဲမွာေမ်ာေနသည့္အနက္ေရာင္ေရသူေလးကို သူ႕မ်က္လုံးထဲခ်က္ခ်င္းဖမ္းမိလိုက္သည္။

ေလထဲမွာဝိုင္နံ႕သင္းသင္းေလးရေနတာေၾကာင့္ ခ်င္ေရွာင္းမ်က္ေမွာင္ၾကဳတ္ကာ ငါးကန္ေဘးသို႔ၾကည့္လိုက္ေတာ့ ပုလင္းအလြတ္ႏွစ္ခုကိုေတြ႕လိုက္ရ၏။

ပုလင္း၏အျပင္ပိုင္းကို လက္ရာေျမာက္ေသာပန္းခ်ီကားမ်ားျဖင့္ဖုံးအုပ္ထားၿပိး ထိုပုလင္းမွဝိုင္နံ႕မ်ားထုတ္လႊတ္ေနသည္။

ခ်င္ေရွာင္းဝိုင္ပုလင္းေတြကို ေခတၱမွ်စိုက္ၾကည့္ၿပီးေနာက္ သူ႕မ်က္ဝန္းနက္နက္ေတြကို ေရသူေလးထံျပန္လွည့္လိုက္၏။

ေရကေဖာက္ထြင္းျမင္ရေလာက္ေအာင္ၾကည္လင္ေနေသာေၾကာင့္ ေရထဲတြင္ရွိေသာေရသူေလး၏ခႏၶာကိုယ္ကို ရွင္းရွင္းလင္းလင္းျမင္ေနရသည္။

လင္ရွီးရဲ႕တစ္ကိုယ္လုံးကေရထဲတြင္နစ္ျမဳပ္ေနေသာ္လည္း ခ်င္ေရွာင္းသည္ လင္ရွီးရဲ႕ပါးျပင္ေပၚရွိမူးေဝျခင္းေၾကာင့္ျဖစ္ေပၚေနသည့္ အနီရောင်အစက်များက်ုမြင်လိုက်ရသည်။

အဲ့ဒါက ခ်င္ေရွာင္းရဲ႕ႏွလုံးသားကို တိုက္ရိုက္ထိမိသည့္ လွပသည့္ပုံရိပ္ေလးတစ္ခုျဖစ္သည္။

ေရသူေလးကေရထဲတြင္ ၿငိမ္ၿငိမ္သက္သက္ေလးအိပ္ေနၿပီး သူ႕ရဲ႕လွပတဲ့မ်က္ႏွာေလးေပၚရွိမ်က္ခြံေလးမ်ားကို ညင္သာစြာပိတ္ထားသည္။ သူ႕ရဲ႕ႏွာတံေလးကေသးငယ္ေျဖာင့္စင္းကာ သူ႕ႏႈတ္ခမ္းေလးမ်ားကစိန္တုံးေလးမ်ားကဲ့သို႔ပင္။

တစ္ခ်ိန္က ႏွင္းလိုျဖဴေဖြးေသာအသားအရည္ေလးသည္ အခုေတာ့ၾကက္ေသြးေရာင္ေျပေျပေလးသမ္းေနၿပီး အလြန္ဆြဲေဆာင္မႈရွိကာ ဆြဲေဆာင္ၿပီးရင္းဆြဲေဆာင္ေနသည္။

ယစ္မူးၿပီးအိပ္ေပ်ာ္ေနေသာေရသူေလးသည္ ယခုအခ်ိန္တြင္မွည့္ေနေသာသစ္သီးေလးႏွင့္တူကာ ထိုအသီးေလးက သူ႕ကိုစိုက္ၾကည့္ေနတဲ့လူသားမ်ားကို တိတ္တဆိတ္ဖိတ္ေခၚမႈမ်ားေပးေနသလိုပင္။

ဒီလို ဖိတ္ေခၚမႈကို ရင္ဆိုင္လိုက္ရေတာ့ ခ်င္ေရွာင္း ေရွ႕ကို ေျခတစ္လွမ္းတိုးၿပီး သူ႕လက္ကို ျမႇောက္လိုက္ကာဖန္နံရံကို ဖိလိုက္၏။ သူ႕လက္မ်ားကဖန္နံရံကိုျဖတ္၍ ေရထဲကေရသူေလး၏နတ္သမီးလိုမ်က္ႏွာေလးကိုပြတ္သပ္ခ်င္ေနသည္။

က်ိဳးေၾကာင္းဆင္ျခင္နိုင္စြမ္းႏွင့္ လိုအင္ဆႏၵမ်ားက ခ်င္ေရွာင္းစိတ္ထဲတြင္လြန္ဆြဲေနၾကၿပီး မၾကာမီ က်ိဳးေၾကာင္းဆင္ျခင္နိုင္စြမ္းက အသာစီးရရွိသြား၏။

ဒီေရသူေလးက သူ႕ႏွလုံးသားထဲတိတ္တဆိတ္ဝင္ေရာက္ၿပီး အေရးႀကီးတဲ့ေနရာကိုသိမ္းပိုက္ထားေၾကာင္းခ်င္ေရွာင္းသိထားၿပီးျဖစ္သည္။

သို႔ေသာ္ခ်င္ေရွာင္းသည္ တျခားသူမ်ားသတိလက္လြတ္ျဖစ္ေနတာကို အခြင့္ေကာင္းယူျခင္းကဲ့သို႔ေသာအရာမ်ားလုပ္ေဆာင္ရန္စိတ္မဝင္စားပါေခ်။

#22.11.2022

ဒီအပိုင္းကေလာင္ရွီးေရးထားတာမရွင္းလို႔အစပိုင္းမွာတအားေခါင္းစားရပါတယ္ အဲ့တာေၾကာင့္ကိုယ္အဆင္ေျပသလိုျပန္ထားတာျဖစ္လို႔မူရင္းဝတၳဳနဲ႕ကြဲလြဲခဲ့သည္ရွိေသာ္ႀကိဳတင္ခြင့္လႊတ္မႈမ်ားေတာင္းခံထားပါသည္😢
ပြဲေၾကာက္လို႔ပါ😢😢😢

ႏွစ္ေခါင္းေပါင္းၿပီးစဥ္းစားရင္းအခ်င္းခ်င္းလည္းထသတ္မိေတာ့မလိုပါပဲ။






Continue Reading

You'll Also Like

4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
38.8K 7.1K 106
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
1.1M 61.1K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...