UNICODE
ထန်ထန်သည် လျန်ရှန့်နောက်သို့ နေ့တိုင်းလိုက်နေခဲ့တာကြောင့် သူသည် သူမကိုစိတ်ဆိုးစပြုလာခဲ့ပေမဲ့ ဒါနဲ့နေသားကျလာသည့် အခါမှာတော့ သူဘာမှမပြောတော့ပေ။
တခဏအတွင်းမှာပဲ သူတို့နှစ်ယောက်သည် အလယ်တန်းကျောင်းပြီးသွားကြပြီး အထက်တန်းကျောင်းကို အတူတူတက်ခဲ့ကြသည်။
အထက်တန်းကျောင်းသည် ဘဝရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်သည်။တခြားအလုပ်များနေကြသည့် ကျောင်းသားတွေနဲ့ ယှဉ်ရင် ထန်ထန် နှင့် လျန်ရှန့်တို့ဟာ ကျောင်းမှာ အချိန်အတော်ကြာနေခဲ့ကြပြီးဖြစ်၍ သူတို့မှာ အကျပ်အတည်း လုံးဝမရှိကြပေ။ဝမ်ဝမ်ကိုပဲကြည့် ပထမဆုံးနေ့မှာတင် သူမအရမ်းကို ကြိုးစားနေပြီဖြစ်သည်။
ဝမ်ဝမ်ရဲ့မွေးနေ့မှာ လင်းမိသားစုတစ်ခုလုံးကို ဖိတ်ကြားလွှာပေးပို့ခဲ့ပေမဲ့ လျန်ရှန့် နှင့် ထန်ထန်တို့သာ တက်ရောက်ခဲ့ကြသည်။စ
ပွဲအပြီးတွင် အဖြူရောင်ဝတ်စုံဝတ်ထားသည့်
ဝမ်ဝမ် သည် နူးညံ့သိမ်မွေ့သော အမူအရာလေးဖြင့် စင်မြင့်ပေါ်တွင် စန္ဒယားတီးခတ်ကာ ဧည့်သည်များ၏ သဘောကျမှုတွေကို ဖမ်းယူနိုင်ခဲ့သည်။
လျန်ရှန့်သည် suite ကိုဝတ်ဆင်ထားကာ ဖြောင့်တန်းသော ကိုယ်နေဟန်ထားဖြင့် ထောင့်တစ်ထောင့်တွင်ပျင်းရိစွာ juice ကို သောက်နေခဲ့ပြီး သူ့မျက်လုံးတွေကတော့ သူမ၏ပုံရိပ်လေးနားမှာပဲ တဝဲလည်လည်ဖြစ်နေခဲ့သည်။
"လင်းလျန်ရှန့် နင် စကားတစ်ခွန်းကို ကြားဖူးလား?"
ထန်ထန်သည် အမူအရာမဲ့စွာရောက်ရှိလာခဲ့သည်။
လျန်ရှန့်၏မျက်တောင်များအောက်ကျသွား တိုးတိုးလေးပြောလိုက်သည်။
"ဘာလဲ?"
ထန်ထန်၏ အမူအရာက လေးနက်သွားပြီး
"ဖားလွန်းတဲ့ လူက နောက်ဆုံးမှာ ဘာမှမရတတ်ဘူးတဲ့"
လျန်ရှန့်က မျက်ခုံးပင့်လိုက်ပြီး
"မင်း ဒီစကားတစ်ခွန်းကိုရော ကြားဖူးလား?။"
ထန်ထန် : "ဟမ်?"
သူက သူ့ရဲ့ ဖြူဖွေးနေသည့် သွား ၈ချောင်းကို ပြလိုက်ပြီး
"ဖားတဲ့သူကတော့ အဆုံးထိဖားမှာပဲတဲ့"
စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက်မှာ ထန်ထန်ကသူမမျက်လုံးတွေကို လှိမ့်လိုက်သည်။
"အရင်က နင့်ကိုပြောပြီး အခု ငါ့ကိုပြောတာပဲ"
ရေဖျန်းခြင်းမင်္ဂလာ(ခရစ်ယာန်အသင်းတော်ဝင် ဖြစ်ရန် ရေနှစ်ခြင်း)ပြီးနောက်မှာ ဒီမိန်းကလေးက သူမရဲ့ ငယ်ဘဝကံကြမ္မာကနေ လွှတ်မြောက်သွားခဲ့သည်။မပြောင်းလဲဘဲ ကျန်နေသေးသည့်အရာတွေကတော့ သူမ၏ပန်းသီးပုံစံမျက်နှာဝိုင်းဝိုင်းလေးနှင့် ပြုံးနေသည့်မျက်လုံးတွေပင်ဖြစ်သည်။
လျန်ရှန့် အံ့အားသင့်သွားပြီး အဝေးကို အမြန်အကြည့်လွဲလိုက်သည်။
ထန်ထန်က ဒီအကြောင်းထပ်မပြောတော့ဘဲ တခြားအကြောင်းအရာကို သင့်လျော်သလိုပြောင်းလိုက်သည်။
"နင်စာမေးပွဲကို ဘယ်မှာသွားဖြေမှာလဲ?"
"သူမကို ကြည့်လိုက်"
သူမဆိုလိုသည်မှာ ဝမ်ဝမ်က နူးညံ့သည်။
"ဝမ်ဝမ်က စမ်းသပ်မှုတစ်ခုကိုလုပ်ရလိမ့်မယ်။"
ထန်ထန် က ဒါကိုပြောတဲ့အခါမှာ သေချာနေသည့်ပုံစံဖြင့်ပြောလိုက်သည်။
လျန်ရှန့်က မျက်မှောင်ကြုတ်လိုက်ပြီး
"မင်းဘယ်လိုသိလဲ?"
"ဒါပေါ့၊ငါသိတယ်လေ ဒီမှာ နင့်အစ်ကိုရောက်နေတယ်"
လျန်ရှန့် ၏ မျက်လုံးများက မှေးမှိန်သွားကာ သူ့လေသံတွင် မကျေနပ်မှု အနည်းငယ်ဖြင့်
"ဒါက ငါ့အစ်ကို လေလည်တာပဲ"
စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး မဖွံ့ဖြိုးသေးသော လျန်ရှန့် ကို ကြည့်ရင်း ထန်ထန် က တွန့်ဆုတ်စွာ ခေါင်းရမ်းလိုက်ကာ သူမခြေချောင်းလေးများကို ထောက်ရင်း သူ့ပုခုံးကိုပုတ်လိုက်သည်။
"ကောင်လေး၊ဝမ်ဝမ်က နင့်အစ်ကိုကို နှစ်တွေအကြာကြီး တစ်ဖက်သတ်ကြိုက်လာခဲ့တာ။နင့်အစ်ကိုကြောင့်သာမဟုတ်ရင် သူမက နင့်ဘေးမှာ ဘယ်လိုလုပ်နေမှာလဲ ဒါက အချိန်ဖြုန်းနေတာပဲ မဟုတ်ဘူးလား?သူမစိတ်ထဲမှာတော့ နင့်ကို တာယာအပိုတစ်လုံးအဖြစ်တောင် ထည့်မတွက်ဘူး နင်အိပ်မက်က နှိုးထဖို့သင့်ပြီ။"
ထန်ထန် ၏ စကားလုံးများက သူ့နှလုံးသားတည့်တည့် ထိသွားခဲ့သည်....။
လျန်ရှန့် က တကယ်အရူးတော့ မဟုတ်ဘူး။ဝမ်ဝမ့်စိတ်ထဲမှာ သူမရှိဘူးဆိုတာကို သူသိနေတာကြာပြီဖြစ်သည်။မဟုတ်ရင် သူ့အစ်ကိုကြီးက စိမ်းစိမ်းကားကားနဲ့ လျစ်လျူရှုထားမှာမဟုတ်ဘူး ဒါပေမဲ့.....သူက မယုံခဲ့ဘူး။
လျန်ရှန့်သည် ထန်ထန်၏လက်ကို ပြင်းပြင်းထန်ထန် လွှတ်ချလိုက်ပြီး အနည်းငယ် အထီးကျန်နေသော နောက်ကျောဖြင့် ထွက်သွားပြီး သူမကို တစ်ယောက်ထဲထားခဲ့လိုက်သည်။
ထန်ထန်က ပခုံးတွန့်လိုက်ပြီး ဝိုင်နီတစ်ခွက်ကို ကောက်ယူလိုက်သည်။
ပွဲအပြီးတွင် Jiujin'er ကိုအသုံးပြုပြီး ထန်ထန်သည် ကျန်းထျန် ဆီသို့ မရေမတွက်နိုင်သော မက်ဆေ့ခ်ျများ ပေးပို့ခဲ့သည်။
"ထျန်ထျန်အားရီ ငါ နင့်ရဲ့သားကို လှည့်စားလိုက်ပြီ။နင်လည်း ပျော်တယ်မလား?"
"အရင်ဘဝကအသက်ရယ် ဒီဘဝကအသက်တွေပေါင်းရင် ငါ့အသက်က ရာနဲ့ချီနေပြီ။နင်ငါ့ကို ကလေးတွေကို အနိုင်ကျင့်တဲ့သူလို့ပြောချင်လား?"
"ငါဘာလို့စိတ်ညစ်နေရတာလဲ..."
သူမစကားပြောနေစဉ်မှာပင် ထန်ထန်ငိုချင်လာခဲ့သည်။
သူမတွင် လူဝင်စားခြင်း ဘဝ သုံးခုရှိခဲ့ပြီး ဘဝတစ်ခုစီ၏ အခြေအနေသည် အလွန်တည်ငြိမ်ခြင်းမရှိခဲ့ပေ။ဒီဘဝသည် အလှဆုံးဖြစ်သော်လည်း... ထန်ထန်သည် အနည်းငယ်တော့ မပျော်ရွှင်သေးပေ။
ညလယ်ခေါင်ကြီးမှာ ထန်ထန်ရဲ့ ငိုကြွေးမှုတွေကို လက်ခံရရှိလိုက်သည့် ကျန်းထျန်ဟာ အရမ်းကို ကူကယ်ရာမဲ့သွားခဲ့သည်။
"မင်းကိုယ်မင်း နားလည်ရင် ငါပိုပျော်ရလိမ့်မယ်"
ထန်ထန် : " ငါက ကလေးသူငယ် ညှင်းပမ်းနှိပ်စက်သူလို့ နင်ပြောချင်တာလား?"
ကျန်းထျန် သည် သူမဘေးတွင် အိပ်ရင်း ဟောက်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။သူ့ရဲ့ လှပသော မျက်ခုံးတွေဟာ အပေါ်ကို မြှင့်တက်နေခဲ့သည်။
သူမ မညှာမတာ သူ့ခြေထောက်ကို ကန်လိုက်သည်။လင်းဆွေ့ကျိုးက ငြီးတွားလိုက်ပြီး သူမပေါင်ပေါ်သို့ သူ့လက်ကို တင်လိုက်သည်။
"မေးခွန်းတစ်ခုပဲမေးမယ် နင် နှစ်တွေ အကြာကြီးချစ်နိုင်လား?"
"......"
".........."
ထန်ထန် "... ငါက နင်လိုမျိုး ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ရှိချင်တယ်"
ကျန်းထျန် : "အဲ့ဒီ ခံစားချက်ကတော့ကောင်းပါတယ်၊လူတိုင်းက တူညီတဲ့ စစ်ဆေးမှုတွေကို လုပ်ရတယ် မင်းက ဘာလို့ အခုထိနုပျိုလှပနေသေးတာလဲ၊ ငါကတော့ အသက်ကြီးပြီး အိုနွမ်းနေပြီလေ"
အိပ်ပျော်နေသည့် လင်းဆွေ့ကျိုးဟာ ရုတ်တရက်
သူ့မျက်တောင်တွေကို ဖွင့်လိုက်ပြီး သူအသံကျယ်ကျယ်နဲ့ပြောလိုက်သည်။
"ဘယ်သူက ချစ်ကို အသက်ကြီးပြီး အိုနွမ်းနေပြီလို့ပြောတာလဲ"
သတ်လတ်ပိုင်းအရွယ်သို့ ရောက်ရှိလာသော မစ္စ ကျန်း သည် လှပနေဆဲဖြစ်ပြီး နှစ်ပေါင်းများစွာ ဖြတ်သန်းလာသော်လည်း သူမမျက်နှာပေါ်တွင် အရေးအကြောင်းများမရှိသေးပေ။အဲဒီအစား သူမဟာ ပိုပြီးတော့တောင်ချစ်စရာကောင်းလာသေးသည်။ညက တိတ်ဆိတ်နေတဲ့အခါမှာ လင်းဆွေ့ကျိုးဟာ အမြဲတမ်း သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့ပါဘူး။
သူမ စိတ်မရှည်တော့ဘဲ
"အိပ်တော့ အိပ်တော့။"
လင်းဆွေ့ကျိုး : "မိန်းမ ၊အခုချစ် ကို့ကို မထီမဲ့မြင်ပြုနေပြီထင်တယ်...."
ကျန်းထျန် သူ့ခေါင်းကို နှိမ့်ချလိုက်ပြီး စာတစ်စောင်ရေးပြလိုက်သည်။
"ရှင်ခုနက ဟောက်နေတယ်လေ မနက်ဖြန်ကျ အခန်းခွဲအိပ်ကြရအောင်"
သူစကားမပြောဘဲ အနည်းငယ် သနားစရာကောင်းတဲ့ ပုံစံဖြင့် တစ်ဖက်သို့လှည့်သွားခဲ့သည်။
[ထန်ထန် : ကျန်းအားရီ၊မစ္စကျန်း ငါ နင့်သားကို အမိ မဖမ်းနိုင်တော့ဘူးထင်တယ်]
[ကျန်းထျန် : ဒါဆို မဖမ်းနဲ့တော့]
[ထန်ထန် : မင်းရဲ့ချွေးမဖြစ်ဖို့အတွက် လျန်ရှန့် ကိုလက်ထပ်ရတာက ရှက်စရာကြီးလို့ငါထင်တယ်။
ဒါက နည်းနည်း တော့မတရားဘူး။တကယ်တော့ ငါ့ရဲ့ မူလကမ္ဘာကို ပြန်သွားချင်စိတ်မရှိတော့ဘူး...]
လူဝင်စားတာကြာလွန်းတော့ ထန်ထန်က သူမဘယ်လိုလူလဲဆိုတာကို မေ့နေတာကြာပြီဖြစ်သည် ဒါပေမယ့် ဇွန်ဘီဘုရင်ရဲ့ဘဝကိုတော့ သူမဘယ်တော့မှ မလွမ်းဘူး။
သူမ ဇွန်ဘီတစ်ကောင်ဖြစ်လာတော့ သူမအသက် ဆယ့်ရှစ်နှစ်သာရှိသေးပြီး အလောင်းတွေကနေ့တိုင်း မြို့ကို ဝိုင်းအုံနေကာ ကိုက်သူတဲ့တိုင်းကို ဖမ်းတာမျိုး ဒါမှဟုတ် ထိုခွေး ကောင်သာ သူမကို မလှည့်စားခဲ့ပါက သူမသည် ကောင်းကောင်းမွန်မွန် အသက်ရှင် နေဦးမည်ဖြစ်သည်။
[ကျန်းထျန် : ဒါဆို မင်းလက်လျှော့လိုက်မှာလား?]
လက်လျှော့ရမှာလား?
ထန်ထန် မသေချာဘူး။
သူမ အသက်ခြောက်နှစ်ထဲက လျန်ရှန့်နောက်ကို လိုက်ခဲ့တာဖြစ်သည်။ယခုမူ အစကတည်းက လျန်ရှန့်သည် သူမ၏ ပန်းတိုင်ဖြစ်သည်။လင်းလျန်ရှန့်သည် သူမ ဘဝ၏ အရင်းခံ၊ ဘဝ၏ တွန်းအား ဖြစ်သည်ဟု သူတော်ကောင်းယောင်ဆောင်သူများက ပြောကြသည်။လျန်ရှန့်ဘေးနားမှာ သူငယ်ချင်းလည်းမရှိ လူမှုရေးလှုပ်ရှားမှုတွေလည်း မရှိတာက ဝမ်းနည်းပြီး သနားဖို့ကောင်းလွန်းသည်။
[ထန်ထန် : တကယ်တော့ system က အလုပ်ပြီးမြောက်ချိန်ကို အနှစ် 60 ပေးထားတယ် ဆိုလိုတာက ငါက အသက် 67 နှစ်မတိုင်ခင် လက်ထပ်ခဲ့ရင်တောင် တာဝန်ပြီးမြှောက်တယ်လို့ပြောလို့ရတယ်။ငါ ဒါကိုစဉ်းစားကြည့် တော့ငါ့အသက် ၆၇ နှစ်ထိ နေလို့ရပြီး တာဝန်ကို မပြီးသေးရင် တောင် ဘာမှမဖြစ်ဘူး။ဒီကွာခြားချက်ကြောင့် ငါ့ကမ္ဘာကို ပြန်သွားကြည့်ဖို့ ငါ ဆုံးဖြတ်လိုက်တယ်။]
[ကျန်းထျန် : တော်တော်လေးသတိကောင်းတာပဲ]
[ထန်ထန် : နင် အဆုံးထိ အသက်ရှင်နိုင်တယ်ဆို
နင့်ရဲ့ သတိကလည်းမြင့်လာလိမ့်မယ်]
ဟေ့ကောင်တို့ နေ့တိုင်း ရန်ဖြစ်ပြီး သတ်နေရတာက ဟာသမဟုတ်ဘူး။ညနေခင်း ဧည့်ခံပွဲ အပြီးတွင် ထန်ထန် သည် သူမရဲ့ဘဝ ငြိမ်းချမ်းဖို့ ပြောင်းလဲဖို့ လိုတယ်ဆိုတာကို ရုတ်တရက် သိလိုက်ရသည်။ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက်မရှိဘူး။လျန်လျန် ဖြစ်ဖို့အတွက်လည်း အကြောင်းပြချက်မရှိဘူး။သူမ နောက်ထပ်အများကြီး ရှာနိုင်သေးတယ် ဟုတ်ပြီလား။
[ကျန်းထျန် : တကယ်တော့ ငါက နင့်ကို ငါ့ချွေးမအဖြစ် သတ်မှတ်ထားတာကြပြီ]
[ထန်ထန် : ဘာလဲ?ငါနဲ့ လျန်ရှန့်ကို အတင်းအကြပ်လက်ထပ်ပေးမလို့လား? ဒါကြီးက မကောင်းဘူးနော်]
[ကျန်းထျန် : ငါ့မိသားစုက Erha dog တစ်ကောင်
မွေးထားသေးတယ်။နင်အဲ့တာကို ကြိုက်တယ်လို့ထင်လား?]
ထန်ထန့်အသံ ထွက်မလာတော့ပေ။
နေ့တစ်ဝက်လောက်ကြာအောင်ဖုန်းပြောပြီး 12 နာရီထိုးသည့်အချိန်မှာ သူမဖုန်းကိုချလိုက်ပြီး ပြန်အိပ်မလို့လုပ်သည့်အချိန်တွင် လင်းဆွေ့ကျိုးက မျက်လုံးပြူးပြီး အိပ်မပျော်သေးတာကို တွေ့လိုက်ရသည်။
ကျန်းထျန် အံ့ဩသွားပြီး
"ကို မအိပ်သေးဘူးလား?"
ဒါက အသက်အရွယ်ကြောင့်ဆိုတာ ခန့်မှန်းလို့ရသည်။လင်းဆွေ့ကျိုးသည် အရင်က အိပ်မပျော်တဲ့ရောဂါဟာ သက်သာလာပြီး အလွယ်တကူအိပ်ပျော်နိုင်နေပြီဖြစ်သည်။ပုံမှန်ဆိုရင် သူသည် ခေါင်းအုံးပေါ် ခေါင်းချကျသည်နှင့် အရုဏ်တက်အထိ ကောင်းကောင်းအိပ်ပျော်သည်။
လင်းဆွေ့ကျိုး ၏ မျက်လုံးများသည် လေးနက်နေပြီး အောက်မှ အသံတွင် သတိထားစရာ လက္ခဏာအချို့ပါရှိနေခဲ့သည်။
"ကိုမအိပ်ခင် မင်းအရင်အိပ်ပျော်သွားဖို့ စောင့်နေတာ ၊ကို ချစ်နဲ့အခန်းခွဲ မအိပ်ချင်ဘူး"
"....."
သူမ နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ သူ့လက်နှစ်ဖက်ထဲသို့ လှိမ့်ဝင်လိုက်ပြီး သူ့မျက်နှာကို လှမ်းဆွဲကာ မျက်နှာကို တင်းတင်းဆုပ်လိုက်သည်။
"ချစ်က နောက်နေတာပါ၊ ညက တိတ်ဆိတ်လွန်းတယ်။ကိုသာမဟောက်ရင် ချစ် ကြောက်နေလိမ့်မယ်။"
လင်းဆွေ့ကျိုး၏ လေသံတွင် သံသယအချို့ရှိနေခဲ့ပြီး
"တကယ်လား?"
ကျန်းထျန် : "တကယ်"
သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမကို ဖက်လိုက်သည်။
"ချစ် ကိုနဲ့သာဆို ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်လိမ့်မယ်"
သူ့စကားဆုံးသွားသည်နှင့် တပြိုင်နက် ဟောက်သံ တိုးတိုးလေး ကြားရပြန်သည်။
ကျန်းထျန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး စောင်ကိုဆွဲတင်လိုက်ကာ ခိုင်ခံ့ထူထပ်သည့် သူ့ ရင်ဘတ်ကို မျက်လုံးမှိတ်ပြီးမှီထားလိုက်သည်။
အဲ့ဒီနေ့က အရက်မူးပြီးထဲက ထန်ထန်သည် သူမက လျန်ရှန့်နောက်သို့ ဆက်မလိုက်သင့်တော့ဘဲ သူမအမေရဲ့ စကားအတိုင်းစပြီးလေ့လာသင့်တော့ကြောင်း ရုတ်တရက်သဘောပေါက်သွားခဲ့သည်။ဒါပေါ့ ထန်ထန်သညါဖျော်ဖြေရေးနယ်ပယ်ထဲသို့ဝင်သွားခဲ့ပြီး ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်လိုက်သည်။
လူသားတွေရဲ့ အနှစ်သာရက စျေးပေါသည်။ ထန်ထန်သည် လျန်ရှန့် နောက်သို့လိုက်သောအခါက လျန်ရှန့်သည် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရကာ အခုသူမ သူ့နောက်သို့ ဆက်မလိုက်တော့သောအခါတွင် သူသက်တောင့်သက်သာ မဖြစ်တော့ပေ။သူ့အာရုံက ဝမ်ဝမ် ကနေ ထန်ထန် ဆီသို့ တဖြည်းဖြည်းပြောင်းလဲသွားပြီး သူ့စိတ်ထဲတွင် သူမနှင့် စကားပြောချင်သော်လည်း သူအပယ်ခံတစ်ယောက်ထပ်မဖြစ်ချင်တော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ နေ့ရက်များဟာလည်း ကုန်ဆုံးလာခဲ့သည်။
အထက်တန်းကျောင်းပြီးသောအခါတွင် ထန်ထန်သည် စာရင်းထဲတွင် ပါဝင်လာခဲ့သည်။ချန်းကျီရှန်းနဲ့ သူမမိသားစုဟာ သူမကို နိုင်ငံရပ်ခြားကို ပညာသင်ကြားဖို့ စေလွှတ်ဖို့ ငွေကြေးများစွာသုံးစွဲခဲ့ကြသည်။
သူမထွက်သွားသောနေ့သည် ခရစ္စမတ်နေ့ဖြစ်ပြီး မြို့တော် Aမြို့တွင် ပထမဆုံးနှင်းကျခဲ့သည်။
လျန်ရှန့်သည် သူမထွက်ခွာသွားသည်ကို နောက်ဆုံးသိလိုက်ရသောသူဖြစ်သည်။
ထိုအချိန်တွင် ထိတ်လန့်မှုနှင့် နောင်တရမှုများသည် သူ့နှလုံးသားထဲသို့ စိမ့်ဝင်လာခဲ့သည်။
ဆယ်ကျော်သက်လေးဟာ ငယ်ငယ်တုန်းကလို ပဲ လေဆိပ်ကို ကားမောင်းသွားခဲ့သည်။
လေဆိပ်အတွင်းတွင် လူတွေအများကြီးရှိနေပြီး လမ်းခွဲမှုများနှင့် ပြန်လည်ဆုံဆည်းမှုများလည်းရှိနေခဲ့သည်။အရပ်ရှည်ပြီး ချောမောသော ကောင်ငယ်လေးသည် မရင်းနှီးသည့်လူအုပ်ကြားမှ ဖြတ်ပြေးသွားကာ နောက်ဆုံးမှာ အတားအဆီးဂိတ်တွင် ရင်းနှီးနေသော နောက်ကျောလေးကို တွေ့လိုက်ရသည်။
ထန်ထန် သည် ခပ်တိုတို အနီရောင် အင်္ကျီကို ၀တ်ဆင်ထားပြီး အဝေးကကြည့်ရင် အလယ်တန်းကျောင်းသူလေးနှင့်ပင်တူသည်။
သူ ပါးစပ်ဟပြီး သူမနာမည်ကို အရှက်မဲ့စွာ အော် ခေါ်လိုက်သည်။
သူ့အရှေ့မှလမ်းလျှောက်နေသော ထန်ထန် သည် သတိထားပြီး လှည့်ကြည့်လိုက်သည်။တစ်ယောက်ကို တစ်ယောက် စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်ပြီးနောက်မှာ မျက်လုံးကို ငုံ့ကာ ပြုံးလိုက်သည်။
"လျန်ရှန့်၊နင်ငါ့ကို လိုက်ပို့ပေးဖို့ ဒီကိုရောက်လာတာလား?"
စာရင်းမသွင်းမီ ဆယ်မိနစ်အလိုမှာ ထန်ထန် က သူမလက်ကိုင်ဖုန်းဖြင့် သူ့ဆီဖုန်းခေါ်လိုက်သည်။
လျန်ရှန့်ရဲ့ မျက်တောင်လေးတွေဟာ တုန်ခါသွားပြီး
"မင်း ထွက်သွားတော့မှာလား?"
"ဟုတ်တယ်" သူမ နွေးထွေးစွာ ပြုံးလိုက်ပြီး
"တရုတ်ဒရာမာတစ်ခုကို audition သွားဖြေတုန်းက ငါ့အသွင်အပြင်ကြောင့် မအောင်ခဲ့ဘူး။ဒါပေါ့ တခြားအကြောင်းတွေလဲရှိသေးတယ်လေ။ငါတစ်ယောက်ထဲတော့မဟုတ်ပါဘူး။"
သူမသည် အထူးတလည် ကြည့်ကောင်းသူ မဟုတ်ပေ။ချစ်စရာကောင်းတယ်လို့ပဲ ပြောလို့ရသည်။သူမမျက်နှာတစ်ခုလုံးက အကောင်းဆုံးအစိတ်အပိုင်းကတော့ သူမမျက်လုံးများဖြစ်ပြီး ပြုံးနေသောသူမမျက်လုံးများက သူမကို ပိုပြီးကြည့်ကောင်းစေသည်။
လျန်ရှန့်က သူ့ရဲ့ လက်သီးကို ဆုပ်ထားပြီး
"ဒါဆို မင်းပြန်လာဦးမှာလား?"
ထန်ထန်က သူမနှုတ်ခမ်းတွေကိုက်လိုက်ပြီး
"ဒါက ငါ့ကိုစောင့်နေတဲ့သူတွေရှိလား မရှိလားဆိုတာမှာ မူတည်တယ်"
သူ့လည်ချောင်းက အနည်းငယ် ခြောက်ကပ်သွားပြီး သူ့မျက်လုံးများက ရုတ်တရက် နီရဲလာခဲ့သည်။
"ငါမင်းကို စောင့်နေမယ်လို့ပြောရင်ရော?"
သူမ၏မျက်လုံးများသည် လူပင်လယ်ပြင်ကိုဖြတ်သွားကာ လျန်ရှန့် ပေါ်သို့ တည့်တည့်ကျရောက်သွားပြီး အပြစ်ကင်းစင်ခြင်းမရှိတော့ဘဲ သူမမျက်လုံးများရှိ အကြည့်များက နက်နဲလာခဲ့သည်။
"လျန်ရှန့်၊ကမ္ဘာကြီးက အကြီးကြီးပဲ။ရှေ့ဆက်ရမယ့်ခရီးက ဝေးလွန်းတယ်၊နင်နဲ့ငါက အရမ်းငယ်သေးတယ်၊နင်နဲ့ငါ ရင့်ကျက်လာတဲ့ အခါကျ နင့်ဆီ ငါပြန်လာခဲ့မယ် ဟုတ်ပြီလား။"
လျန်ရှန့် ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး "ကောင်းပြီ " ဟု တစ်ခွန်းတည်း သူပြောလိုက်သည်။
ထန်ထန်က သူမလက်ကိုင်ဖုန်းကို ချလိုက်ကာ သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကိုချန်ထားခဲ့ပြီး ထွက်ခွာသွားတော့သည်။
လျန်ရှန့် ရဲ့နှာခေါင်းက ချဉ်စုပ်စုပ်ပြီး သူမျက်ရည်တွေကို အတင်းထိန်းထားလိုက်ပြီးနောက်မှာ သူလည်းလေဆိပ်ကနေ ထွက်ခွာလာခဲ့သည်။
ကောင်းကင်ကြီးက ပြာနေပြီး လေယာဉ်စက်သံ တစ်ခုထဲသာ ကြားနေရသည်...။
သူ့မျက်လုံးကိုစွေကြည့်လိုက်သည့်အခါမှာ ကောင်းကင်ကနေ နှင်းပွင့်များ တစ်ခုပြီးတစ်ခု ကျလာသည်ကိုတွေ့လိုက်ရသည်။ဒီနေ့ကစပြီး သူတို့ဟာ လူငယ်ဘဝကို နှုတ်ဆက်ရတော့မည်။
T.N ဒီအပိုင်းက Chinese ကနေ Etran ကို Google translate နဲ့ပြန်ထားတာထင်တယ် လျန်ရှန့်ကိုလည်း she တွေ ဟာတွေနဲ့ ရှုပ်နေတာပဲ ကိုယ်ကြိုးစားပြီးတော့ ဖတ်လို့အဆင်ပြေအောင်ပြန်ပေးထားပါတယ်။ဖတ်ရတာထောက်သွားရင်တော့ တောင်းပန်ပါတယ်နော်။
ZAWGYI
ထန္ထန္သည္ လ်န္ရွန႔္ေနာက္သို႔ ေန႔တိုင္းလိုက္ေနခဲ့တာေၾကာင့္ သူသည္ သူမကိုစိတ္ဆိုးစျပဳလာခဲ့ေပမဲ့ ဒါနဲ႔ေနသားက်လာသည့္ အခါမွာေတာ့ သူဘာမွမေျပာေတာ့ေပ။
တခဏအတြင္းမွာပဲ သူတို႔ႏွစ္ေယာက္သည္ အလယ္တန္းေက်ာင္းၿပီးသြားၾကၿပီး အထက္တန္းေက်ာင္းကို အတူတူတက္ခဲ့ၾကသည္။
အထက္တန္းေက်ာင္းသည္ ဘဝရဲ႕ အေရးအႀကီးဆုံးအစိတ္အပိုင္းျဖစ္သည္။တျခားအလုပ္မ်ားေနၾကသည့္ ေက်ာင္းသားေတြနဲ႔ ယွဥ္ရင္ ထန္ထန္ ႏွင့္ လ်န္ရွန႔္တို႔ဟာ ေက်ာင္းမွာ အခ်ိန္အေတာ္ၾကာေနခဲ့ၾကၿပီးျဖစ္၍ သူတို႔မွာ အက်ပ္အတည္း လုံးဝမရွိၾကေပ။ဝမ္ဝမ္ကိုပဲၾကည့္ ပထမဆုံးေန႔မွာတင္ သူမအရမ္းကို ႀကိဳးစားေနၿပီျဖစ္သည္။
ဝမ္ဝမ္ရဲ႕ေမြးေန႔မွာ လင္းမိသားစုတစ္ခုလုံးကို ဖိတ္ၾကားလႊာေပးပို႔ခဲ့ေပမဲ့ လ်န္ရွန႔္ ႏွင့္ ထန္ထန္တို႔သာ တက္ေရာက္ခဲ့ၾကသည္။စ
ပြဲအၿပီးတြင္ အျဖဴေရာင္ဝတ္စုံဝတ္ထားသည့္
ဝမ္ဝမ္ သည္ ႏူးညံ့သိမ္ေမြ႕ေသာ အမူအရာေလးျဖင့္ စင္ျမင့္ေပၚတြင္ စႏၵယားတီးခတ္ကာ ဧည့္သည္မ်ား၏ သေဘာက်မႈေတြကို ဖမ္းယူႏိုင္ခဲ့သည္။
လ်န္ရွန႔္သည္ suite ကိုဝတ္ဆင္ထားကာ ေျဖာင့္တန္းေသာ ကိုယ္ေနဟန္ထားျဖင့္ ေထာင့္တစ္ေထာင့္တြင္ပ်င္းရိစြာ juice ကို ေသာက္ေနခဲ့ၿပီး သူ႔မ်က္လုံးေတြကေတာ့ သူမ၏ပုံရိပ္ေလးနားမွာပဲ တဝဲလည္လည္ျဖစ္ေနခဲ့သည္။
"လင္းလ်န္ရွန႔္ နင္ စကားတစ္ခြန္းကို ၾကားဖူးလား?"
ထန္ထန္သည္ အမူအရာမဲ့စြာေရာက္ရွိလာခဲ့သည္။
လ်န္ရွန႔္၏မ်က္ေတာင္မ်ားေအာက္က်သြား တိုးတိုးေလးေျပာလိုက္သည္။
"ဘာလဲ?"
ထန္ထန္၏ အမူအရာက ေလးနက္သြားၿပီး
"ဖားလြန္းတဲ့ လူက ေနာက္ဆုံးမွာ ဘာမွမရတတ္ဘူးတဲ့"
လ်န္ရွန႔္က မ်က္ခုံးပင့္လိုက္ၿပီး
"မင္း ဒီစကားတစ္ခြန္းကိုေရာ ၾကားဖူးလား?။"
ထန္ထန္ : "ဟမ္?"
သူက သူ႔ရဲ႕ ျဖဴေဖြးေနသည့္ သြား ၈ေခ်ာင္းကို ျပလိုက္ၿပီး
"ဖားတဲ့သူကေတာ့ အဆုံးထိဖားမွာပဲတဲ့"
စကၠန႔္အနည္းငယ္ေလာက္ တိတ္ဆိတ္သြားၿပီးေနာက္မွာ ထန္ထန္ကသူမမ်က္လုံးေတြကို လွိမ့္လိုက္သည္။
"အရင္က နင့္ကိုေျပာၿပီး အခု ငါ့ကိုေျပာတာပဲ"
ေရဖ်န္းျခင္းမဂၤလာ(ခရစ္ယာန္အသင္းေတာ္ဝင္ ျဖစ္ရန္ ေရႏွစ္ျခင္း)ၿပီးေနာက္မွာ ဒီမိန္းကေလးက သူမရဲ႕ ငယ္ဘဝကံၾကမၼာကေန လႊတ္ေျမာက္သြားခဲ့သည္။မေျပာင္းလဲဘဲ က်န္ေနေသးသည့္အရာေတြကေတာ့ သူမ၏ပန္းသီးပုံစံမ်က္ႏွာဝိုင္းဝိုင္းေလးႏွင့္ ၿပဳံးေနသည့္မ်က္လုံးေတြပင္ျဖစ္သည္။
လ်န္ရွန႔္ အံ့အားသင့္သြားၿပီး အေဝးကို အျမန္အၾကည့္လြဲလိုက္သည္။
ထန္ထန္က ဒီအေၾကာင္းထပ္မေျပာေတာ့ဘဲ တျခားအေၾကာင္းအရာကို သင့္ေလ်ာ္သလိုေျပာင္းလိုက္သည္။
"နင္စာေမးပြဲကို ဘယ္မွာသြားေျဖမွာလဲ?"
"သူမကို ၾကည့္လိုက္"
သူမဆိုလိုသည္မွာ ဝမ္ဝမ္က ႏူးညံ့သည္။
"ဝမ္ဝမ္က စမ္းသပ္မႈတစ္ခုကိုလုပ္ရလိမ့္မယ္။"
ထန္ထန္ က ဒါကိုေျပာတဲ့အခါမွာ ေသခ်ာေနသည့္ပုံစံျဖင့္ေျပာလိုက္သည္။
လ်န္ရွန႔္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"မင္းဘယ္လိုသိလဲ?"
"ဒါေပါ့၊ငါသိတယ္ေလ ဒီမွာ နင့္အစ္ကိုေရာက္ေနတယ္"
လ်န္ရွန႔္ ၏ မ်က္လုံးမ်ားက ေမွးမွိန္သြားကာ သူ႔ေလသံတြင္ မေက်နပ္မႈ အနည္းငယ္ျဖင့္
"ဒါက ငါ့အစ္ကို ေလလည္တာပဲ"
စိတ္ပိုင္းဆိုင္ရာ ဉာဏ္ရည္ဉာဏ္ေသြး မဖြံ႕ၿဖိဳးေသးေသာ လ်န္ရွန႔္ ကို ၾကည့္ရင္း ထန္ထန္ က တြန႔္ဆုတ္စြာ ေခါင္းရမ္းလိုက္ကာ သူမေျခေခ်ာင္းေလးမ်ားကို ေထာက္ရင္း သူ႔ပုခုံးကိုပုတ္လိုက္သည္။
"ေကာင္ေလး၊ဝမ္ဝမ္က နင့္အစ္ကိုကို ႏွစ္ေတြအၾကာႀကီး တစ္ဖက္သတ္ႀကိဳက္လာခဲ့တာ။နင့္အစ္ကိုေၾကာင့္သာမဟုတ္ရင္ သူမက နင့္ေဘးမွာ ဘယ္လိုလုပ္ေနမွာလဲ ဒါက အခ်ိန္ျဖဳန္းေနတာပဲ မဟုတ္ဘူးလား?သူမစိတ္ထဲမွာေတာ့ နင့္ကို တာယာအပိုတစ္လုံးအျဖစ္ေတာင္ ထည့္မတြက္ဘူး နင္အိပ္မက္က ႏႈိးထဖို႔သင့္ၿပီ။"
ထန္ထန္ ၏ စကားလုံးမ်ားက သူ႔ႏွလုံးသားတည့္တည့္ ထိသြားခဲ့သည္....။
လ်န္ရွန႔္ က တကယ္အ႐ူးေတာ့ မဟုတ္ဘူး။ဝမ္ဝမ့္စိတ္ထဲမွာ သူမရွိဘူးဆိုတာကို သူသိေနတာၾကာၿပီျဖစ္သည္။မဟုတ္ရင္ သူ႔အစ္ကိုႀကီးက စိမ္းစိမ္းကားကားနဲ႔ လ်စ္လ်ဴရႈထားမွာမဟုတ္ဘူး ဒါေပမဲ့.....သူက မယုံခဲ့ဘူး။
လ်န္ရွန႔္သည္ ထန္ထန္၏လက္ကို ျပင္းျပင္းထန္ထန္ လႊတ္ခ်လိုက္ၿပီး အနည္းငယ္ အထီးက်န္ေနေသာ ေနာက္ေက်ာျဖင့္ ထြက္သြားၿပီး သူမကို တစ္ေယာက္ထဲထားခဲ့လိုက္သည္။
ထန္ထန္က ပခုံးတြန႔္လိုက္ၿပီး ဝိုင္နီတစ္ခြက္ကို ေကာက္ယူလိုက္သည္။
ပြဲအၿပီးတြင္ Jiujin'er ကိုအသုံးျပဳၿပီး ထန္ထန္သည္ က်န္းထ်န္ ဆီသို႔ မေရမတြက္ႏိုင္ေသာ မက္ေဆ့ခ္်မ်ား ေပးပို႔ခဲ့သည္။
"ထ်န္ထ်န္အားရီ ငါ နင့္ရဲ႕သားကို လွည့္စားလိုက္ၿပီ။နင္လည္း ေပ်ာ္တယ္မလား?"
"အရင္ဘဝကအသက္ရယ္ ဒီဘဝကအသက္ေတြေပါင္းရင္ ငါ့အသက္က ရာနဲ႔ခ်ီေနၿပီ။နင္ငါ့ကို ကေလးေတြကို အႏိုင္က်င့္တဲ့သူလို႔ေျပာခ်င္လား?"
"ငါဘာလို႔စိတ္ညစ္ေနရတာလဲ..."
သူမစကားေျပာေနစဥ္မွာပင္ ထန္ထန္ငိုခ်င္လာခဲ့သည္။
သူမတြင္ လူဝင္စားျခင္း ဘဝ သုံးခုရွိခဲ့ၿပီး ဘဝတစ္ခုစီ၏ အေျခအေနသည္ အလြန္တည္ၿငိမ္ျခင္းမရွိခဲ့ေပ။ဒီဘဝသည္ အလွဆုံးျဖစ္ေသာ္လည္း... ထန္ထန္သည္ အနည္းငယ္ေတာ့ မေပ်ာ္႐ႊင္ေသးေပ။
ညလယ္ေခါင္ႀကီးမွာ ထန္ထန္ရဲ႕ ငိုေႂကြးမႈေတြကို လက္ခံရရွိလိုက္သည့္ က်န္းထ်န္ဟာ အရမ္းကို ကူကယ္ရာမဲ့သြားခဲ့သည္။
"မင္းကိုယ္မင္း နားလည္ရင္ ငါပိုေပ်ာ္ရလိမ့္မယ္"
ထန္ထန္ : " ငါက ကေလးသူငယ္ ညႇင္းပမ္းႏွိပ္စက္သူလို႔ နင္ေျပာခ်င္တာလား?"
က်န္းထ်န္ သည္ သူမေဘးတြင္ အိပ္ရင္း ေဟာက္ေနေသာ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားကို တစ္ခ်က္ၾကည့္လိုက္သည္။သူ႔ရဲ႕ လွပေသာ မ်က္ခုံးေတြဟာ အေပၚကို ျမႇင့္တက္ေနခဲ့သည္။
သူမ မညႇာမတာ သူ႔ေျခေထာက္ကို ကန္လိုက္သည္။လင္းေဆြ႕က်ိဳးက ၿငီးတြားလိုက္ၿပီး သူမေပါင္ေပၚသို႔ သူ႔လက္ကို တင္လိုက္သည္။
"ေမးခြန္းတစ္ခုပဲေမးမယ္ နင္ ႏွစ္ေတြ အၾကာႀကီးခ်စ္ႏိုင္လား?"
"......"
".........."
ထန္ထန္ "... ငါက နင္လိုမ်ိဳး ရင္းႏွီးတဲ့ ဆက္ဆံေရးတစ္ခု ရွိခ်င္တယ္"
က်န္းထ်န္ : "အဲ့ဒီ ခံစားခ်က္ကေတာ့ေကာင္းပါတယ္၊လူတိုင္းက တူညီတဲ့ စစ္ေဆးမႈေတြကို လုပ္ရတယ္ မင္းက ဘာလို႔ အခုထိႏုပ်ိဳလွပေနေသးတာလဲ၊ ငါကေတာ့ အသက္ႀကီးၿပီး အိုႏြမ္းေနၿပီေလ"
အိပ္ေပ်ာ္ေနသည့္ လင္းေဆြ႕က်ိဳးဟာ ႐ုတ္တရက္
သူ႔မ်က္ေတာင္ေတြကို ဖြင့္လိုက္ၿပီး သူအသံက်ယ္က်ယ္နဲ႔ေျပာလိုက္သည္။
"ဘယ္သူက ခ်စ္ကို အသက္ႀကီးၿပီး အိုႏြမ္းေနၿပီလို႔ေျပာတာလဲ"
သတ္လတ္ပိုင္းအ႐ြယ္သို႔ ေရာက္ရွိလာေသာ မစၥ က်န္း သည္ လွပေနဆဲျဖစ္ၿပီး ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းလာေသာ္လည္း သူမမ်က္ႏွာေပၚတြင္ အေရးအေၾကာင္းမ်ားမရွိေသးေပ။အဲဒီအစား သူမဟာ ပိုၿပီးေတာ့ေတာင္ခ်စ္စရာေကာင္းလာေသးသည္။ညက တိတ္ဆိတ္ေနတဲ့အခါမွာ လင္းေဆြ႕က်ိဳးဟာ အၿမဲတမ္း သူ႔ကိုယ္သူ ႐ုန္းမထြက္ႏိုင္ေတာ့ပါဘူး။
သူမ စိတ္မရွည္ေတာ့ဘဲ
"အိပ္ေတာ့ အိပ္ေတာ့။"
လင္းေဆြ႕က်ိဳး : "မိန္းမ ၊အခုခ်စ္ ကို႔ကို မထီမဲ့ျမင္ျပဳေနၿပီထင္တယ္...."
က်န္းထ်န္ သူ႔ေခါင္းကို ႏွိမ့္ခ်လိုက္ၿပီး စာတစ္ေစာင္ေရးျပလိုက္သည္။
"ရွင္ခုနက ေဟာက္ေနတယ္ေလ မနက္ျဖန္က် အခန္းခြဲအိပ္ၾကရေအာင္"
သူစကားမေျပာဘဲ အနည္းငယ္ သနားစရာေကာင္းတဲ့ ပုံစံျဖင့္ တစ္ဖက္သို႔လွည့္သြားခဲ့သည္။
[ထန္ထန္ : က်န္းအားရီ၊မစၥက်န္း ငါ နင့္သားကို အမိ မဖမ္းႏိုင္ေတာ့ဘူးထင္တယ္]
[က်န္းထ်န္ : ဒါဆို မဖမ္းနဲ႔ေတာ့]
[ထန္ထန္ : မင္းရဲ႕ေခြၽးမျဖစ္ဖို႔အတြက္ လ်န္ရွန႔္ ကိုလက္ထပ္ရတာက ရွက္စရာႀကီးလို႔ငါထင္တယ္။
ဒါက နည္းနည္း ေတာ့မတရားဘူး။တကယ္ေတာ့ ငါ့ရဲ႕ မူလကမာၻကို ျပန္သြားခ်င္စိတ္မရွိေတာ့ဘူး...]
လူဝင္စားတာၾကာလြန္းေတာ့ ထန္ထန္က သူမဘယ္လိုလူလဲဆိုတာကို ေမ့ေနတာၾကာၿပီျဖစ္သည္ ဒါေပမယ့္ ဇြန္ဘီဘုရင္ရဲ႕ဘဝကိုေတာ့ သူမဘယ္ေတာ့မွ မလြမ္းဘူး။
သူမ ဇြန္ဘီတစ္ေကာင္ျဖစ္လာေတာ့ သူမအသက္ ဆယ့္ရွစ္ႏွစ္သာရွိေသးၿပီး အေလာင္းေတြကေန႔တိုင္း ၿမိဳ႕ကို ဝိုင္းအုံေနကာ ကိုက္သူတဲ့တိုင္းကို ဖမ္းတာမ်ိဳး ဒါမွဟုတ္ ထိုေခြး ေကာင္သာ သူမကို မလွည့္စားခဲ့ပါက သူမသည္ ေကာင္းေကာင္းမြန္မြန္ အသက္ရွင္ ေနဦးမည္ျဖစ္သည္။
[က်န္းထ်န္ : ဒါဆို မင္းလက္ေလွ်ာ့လိုက္မွာလား?]
လက္ေလွ်ာ့ရမွာလား?
ထန္ထန္ မေသခ်ာဘူး။
သူမ အသက္ေျခာက္ႏွစ္ထဲက လ်န္ရွန႔္ေနာက္ကို လိုက္ခဲ့တာျဖစ္သည္။ယခုမူ အစကတည္းက လ်န္ရွန႔္သည္ သူမ၏ ပန္းတိုင္ျဖစ္သည္။လင္းလ်န္ရွန္႔သည္ သူမ ဘဝ၏ အရင္းခံ၊ ဘဝ၏ တြန္းအား ျဖစ္သည္ဟု သူေတာ္ေကာင္းေယာင္ေဆာင္သူမ်ားက ေျပာၾကသည္။လ်န္ရွန႔္ေဘးနားမွာ သူငယ္ခ်င္းလည္းမရွိ လူမႈေရးလႈပ္ရွားမႈေတြလည္း မရွိတာက ဝမ္းနည္းၿပီး သနားဖို႔ေကာင္းလြန္းသည္။
[ထန္ထန္ : တကယ္ေတာ့ system က အလုပ္ၿပီးေျမာက္ခ်ိန္ကို အႏွစ္ 60 ေပးထားတယ္ ဆိုလိုတာက ငါက အသက္ 67 ႏွစ္မတိုင္ခင္ လက္ထပ္ခဲ့ရင္ေတာင္ တာဝန္ၿပီးေျမႇာက္တယ္လို႔ေျပာလို႔ရတယ္။ငါ ဒါကိုစဥ္းစားၾကည့္ ေတာ့ငါ့အသက္ ၆၇ ႏွစ္ထိ ေနလို႔ရၿပီး တာဝန္ကို မၿပီးေသးရင္ ေတာင္ ဘာမွမျဖစ္ဘူး။ဒီကြာျခားခ်က္ေၾကာင့္ ငါ့ကမာၻကို ျပန္သြားၾကည့္ဖို႔ ငါ ဆုံးျဖတ္လိုက္တယ္။]
[က်န္းထ်န္ : ေတာ္ေတာ္ေလးသတိေကာင္းတာပဲ]
[ထန္ထန္ : နင္ အဆုံးထိ အသက္ရွင္ႏိုင္တယ္ဆို
နင့္ရဲ႕ သတိကလည္းျမင့္လာလိမ့္မယ္]
ေဟ့ေကာင္တို႔ ေန႔တိုင္း ရန္ျဖစ္ၿပီး သတ္ေနရတာက ဟာသမဟုတ္ဘူး။ညေနခင္း ဧည့္ခံပြဲ အၿပီးတြင္ ထန္ထန္ သည္ သူမရဲ႕ဘဝ ၿငိမ္းခ်မ္းဖို႔ ေျပာင္းလဲဖို႔ လိုတယ္ဆိုတာကို ႐ုတ္တရက္ သိလိုက္ရသည္။ခ်စ္ျမတ္ႏိုးဖို႔အတြက္ အေၾကာင္းျပခ်က္မရွိဘူး။လ်န္လ်န္ ျဖစ္ဖို႔အတြက္လည္း အေၾကာင္းျပခ်က္မရွိဘူး။သူမ ေနာက္ထပ္အမ်ားႀကီး ရွာႏိုင္ေသးတယ္ ဟုတ္ၿပီလား။
[က်န္းထ်န္ : တကယ္ေတာ့ ငါက နင့္ကို ငါ့ေခြၽးမအျဖစ္ သတ္မွတ္ထားတာၾကၿပီ]
[ထန္ထန္ : ဘာလဲ?ငါနဲ႔ လ်န္ရွန႔္ကို အတင္းအၾကပ္လက္ထပ္ေပးမလို႔လား? ဒါႀကီးက မေကာင္းဘူးေနာ္]
[က်န္းထ်န္ : ငါ့မိသားစုက Erha dog တစ္ေကာင္
ေမြးထားေသးတယ္။နင္အဲ့တာကို ႀကိဳက္တယ္လို႔ထင္လား?]
ထန္ထန႔္အသံ ထြက္မလာေတာ့ေပ။
ေန႔တစ္ဝက္ေလာက္ၾကာေအာင္ဖုန္းေျပာၿပီး 12 နာရီထိုးသည့္အခ်ိန္မွာ သူမဖုန္းကိုခ်လိုက္ၿပီး ျပန္အိပ္မလို႔လုပ္သည့္အခ်ိန္တြင္ လင္းေဆြ႕က်ိဳးက မ်က္လုံးျပဴးၿပီး အိပ္မေပ်ာ္ေသးတာကို ေတြ႕လိုက္ရသည္။
က်န္းထ်န္ အံ့ဩသြားၿပီး
"ကို မအိပ္ေသးဘူးလား?"
ဒါက အသက္အ႐ြယ္ေၾကာင့္ဆိုတာ ခန႔္မွန္းလို႔ရသည္။လင္းေဆြ႕က်ိဳးသည္ အရင္က အိပ္မေပ်ာ္တဲ့ေရာဂါဟာ သက္သာလာၿပီး အလြယ္တကူအိပ္ေပ်ာ္ႏိုင္ေနၿပီျဖစ္သည္။ပုံမွန္ဆိုရင္ သူသည္ ေခါင္းအုံးေပၚ ေခါင္းခ်က်သည္ႏွင့္ အ႐ုဏ္တက္အထိ ေကာင္းေကာင္းအိပ္ေပ်ာ္သည္။
လင္းေဆြ႕က်ိဳး ၏ မ်က္လုံးမ်ားသည္ ေလးနက္ေနၿပီး ေအာက္မွ အသံတြင္ သတိထားစရာ လကၡဏာအခ်ိဳ႕ပါရွိေနခဲ့သည္။
"ကိုမအိပ္ခင္ မင္းအရင္အိပ္ေပ်ာ္သြားဖို႔ ေစာင့္ေနတာ ၊ကို ခ်စ္နဲ႔အခန္းခြဲ မအိပ္ခ်င္ဘူး"
"....."
သူမ ႏႈတ္ခမ္းကို ဖိကိုက္လိုက္ကာ သူ႔လက္ႏွစ္ဖက္ထဲသို႔ လွိမ့္ဝင္လိုက္ၿပီး သူ႔မ်က္ႏွာကို လွမ္းဆြဲကာ မ်က္ႏွာကို တင္းတင္းဆုပ္လိုက္သည္။
"ခ်စ္က ေနာက္ေနတာပါ၊ ညက တိတ္ဆိတ္လြန္းတယ္။ကိုသာမေဟာက္ရင္ ခ်စ္ ေၾကာက္ေနလိမ့္မယ္။"
လင္းေဆြ႕က်ိဳး၏ ေလသံတြင္ သံသယအခ်ိဳ႕ရွိေနခဲ့ၿပီး
"တကယ္လား?"
က်န္းထ်န္ : "တကယ္"
သူ႔လက္ကို ဆန႔္ထုတ္လိုက္ၿပီး သူမကို ဖက္လိုက္သည္။
"ခ်စ္ ကိုနဲ႔သာဆို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနႏိုင္လိမ့္မယ္"
သူ႔စကားဆုံးသြားသည္ႏွင့္ တၿပိဳင္နက္ ေဟာက္သံ တိုးတိုးေလး ၾကားရျပန္သည္။
က်န္းထ်န္က ကူကယ္ရာမဲ့စြာ ၿပဳံးလိုက္ၿပီး ေစာင္ကိုဆြဲတင္လိုက္ကာ ခိုင္ခံ့ထူထပ္သည့္ သူ႔ ရင္ဘတ္ကို မ်က္လုံးမွိတ္ၿပီးမွီထားလိုက္သည္။
အဲ့ဒီေန႔က အရက္မူးၿပီးထဲက ထန္ထန္သည္ သူမက လ်န္ရွန႔္ေနာက္သို႔ ဆက္မလိုက္သင့္ေတာ့ဘဲ သူမအေမရဲ႕ စကားအတိုင္းစၿပီးေလ့လာသင့္ေတာ့ေၾကာင္း ႐ုတ္တရက္သေဘာေပါက္သြားခဲ့သည္။ဒါေပါ့ ထန္ထန္သညါေဖ်ာ္ေျဖေရးနယ္ပယ္ထဲသို႔ဝင္သြားခဲ့ၿပီး ဟာသသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာဖို႔ ဆုံးျဖတ္လိုက္သည္။
လူသားေတြရဲ႕ အႏွစ္သာရက ေစ်းေပါသည္။ ထန္ထန္သည္ လ်န္ရွန႔္ ေနာက္သို႔လိုက္ေသာအခါက လ်န္ရွန႔္သည္ စိတ္အေႏွာက္အယွက္ျဖစ္ခဲ့ရကာ အခုသူမ သူ႔ေနာက္သို႔ ဆက္မလိုက္ေတာ့ေသာအခါတြင္ သူသက္ေတာင့္သက္သာ မျဖစ္ေတာ့ေပ။သူ႔အာ႐ုံက ဝမ္ဝမ္ ကေန ထန္ထန္ ဆီသို႔ တျဖည္းျဖည္းေျပာင္းလဲသြားၿပီး သူ႔စိတ္ထဲတြင္ သူမႏွင့္ စကားေျပာခ်င္ေသာ္လည္း သူအပယ္ခံတစ္ေယာက္ထပ္မျဖစ္ခ်င္ေတာ့ေပ။
အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေန႔ရက္မ်ားဟာလည္း ကုန္ဆုံးလာခဲ့သည္။
အထက္တန္းေက်ာင္းၿပီးေသာအခါတြင္ ထန္ထန္သည္ စာရင္းထဲတြင္ ပါဝင္လာခဲ့သည္။ခ်န္းက်ီရွန္းနဲ႔ သူမမိသားစုဟာ သူမကို ႏိုင္ငံရပ္ျခားကို ပညာသင္ၾကားဖို႔ ေစလႊတ္ဖို႔ ေငြေၾကးမ်ားစြာသုံးစြဲခဲ့ၾကသည္။
သူမထြက္သြားေသာေန႔သည္ ခရစၥမတ္ေန႔ျဖစ္ၿပီး ၿမိဳ႕ေတာ္ Aၿမိဳ႕တြင္ ပထမဆုံးႏွင္းက်ခဲ့သည္။
လ်န္ရွန္႔သည္ သူမထြက္ခြာသြားသည္ကို ေနာက္ဆုံးသိလိုက္ရေသာသူျဖစ္သည္။
ထိုအခ်ိန္တြင္ ထိတ္လန႔္မႈႏွင့္ ေနာင္တရမႈမ်ားသည္ သူ႔ႏွလုံးသားထဲသို႔ စိမ့္ဝင္လာခဲ့သည္။
ဆယ္ေက်ာ္သက္ေလးဟာ ငယ္ငယ္တုန္းကလို ပဲ ေလဆိပ္ကို ကားေမာင္းသြားခဲ့သည္။
ေလဆိပ္အတြင္းတြင္ လူေတြအမ်ားႀကီးရွိေနၿပီး လမ္းခြဲမႈမ်ားႏွင့္ ျပန္လည္ဆုံဆည္းမႈမ်ားလည္းရွိေနခဲ့သည္။အရပ္ရွည္ၿပီး ေခ်ာေမာေသာ ေကာင္ငယ္ေလးသည္ မရင္းႏွီးသည့္လူအုပ္ၾကားမွ ျဖတ္ေျပးသြားကာ ေနာက္ဆုံးမွာ အတားအဆီးဂိတ္တြင္ ရင္းႏွီးေနေသာ ေနာက္ေက်ာေလးကို ေတြ႕လိုက္ရသည္။
ထန္ထန္ သည္ ခပ္တိုတို အနီေရာင္ အက်ႌကို ၀တ္ဆင္ထားၿပီး အေဝးကၾကည့္ရင္ အလယ္တန္းေက်ာင္းသူေလးႏွင့္ပင္တူသည္။
သူ ပါးစပ္ဟၿပီး သူမနာမည္ကို အရွက္မဲ့စြာ ေအာ္ ေခၚလိုက္သည္။
သူ႔အေရွ႕မွလမ္းေလွ်ာက္ေနေသာ ထန္ထန္ သည္ သတိထားၿပီး လွည့္ၾကည့္လိုက္သည္။တစ္ေယာက္ကို တစ္ေယာက္ စကၠန႔္အနည္းငယ္ၾကာေအာင္ စိုက္ၾကည့္ၿပီးေနာက္မွာ မ်က္လုံးကို ငုံ႔ကာ ၿပဳံးလိုက္သည္။
"လ်န္ရွန႔္၊နင္ငါ့ကို လိုက္ပို႔ေပးဖို႔ ဒီကိုေရာက္လာတာလား?"
စာရင္းမသြင္းမီ ဆယ္မိနစ္အလိုမွာ ထန္ထန္ က သူမလက္ကိုင္ဖုန္းျဖင့္ သူ႔ဆီဖုန္းေခၚလိုက္သည္။
လ်န္ရွန႔္ရဲ႕ မ်က္ေတာင္ေလးေတြဟာ တုန္ခါသြားၿပီး
"မင္း ထြက္သြားေတာ့မွာလား?"
"ဟုတ္တယ္" သူမ ေႏြးေထြးစြာ ၿပဳံးလိုက္ၿပီး
"တ႐ုတ္ဒရာမာတစ္ခုကို audition သြားေျဖတုန္းက ငါ့အသြင္အျပင္ေၾကာင့္ မေအာင္ခဲ့ဘူး။ဒါေပါ့ တျခားအေၾကာင္းေတြလဲရွိေသးတယ္ေလ။ငါတစ္ေယာက္ထဲေတာ့မဟုတ္ပါဘူး။"
သူမသည္ အထူးတလည္ ၾကည့္ေကာင္းသူ မဟုတ္ေပ။ခ်စ္စရာေကာင္းတယ္လို႔ပဲ ေျပာလို႔ရသည္။သူမမ်က္ႏွာတစ္ခုလုံးက အေကာင္းဆုံးအစိတ္အပိုင္းကေတာ့ သူမမ်က္လုံးမ်ားျဖစ္ၿပီး ၿပဳံးေနေသာသူမမ်က္လုံးမ်ားက သူမကို ပိုၿပီးၾကည့္ေကာင္းေစသည္။
လ်န္ရွန႔္က သူ႔ရဲ႕ လက္သီးကို ဆုပ္ထားၿပီး
"ဒါဆို မင္းျပန္လာဦးမွာလား?"
ထန္ထန္က သူမႏႈတ္ခမ္းေတြကိုက္လိုက္ၿပီး
"ဒါက ငါ့ကိုေစာင့္ေနတဲ့သူေတြရွိလား မရွိလားဆိုတာမွာ မူတည္တယ္"
သူ႔လည္ေခ်ာင္းက အနည္းငယ္ ေျခာက္ကပ္သြားၿပီး သူ႔မ်က္လုံးမ်ားက ႐ုတ္တရက္ နီရဲလာခဲ့သည္။
"ငါမင္းကို ေစာင့္ေနမယ္လို႔ေျပာရင္ေရာ?"
သူမ၏မ်က္လုံးမ်ားသည္ လူပင္လယ္ျပင္ကိုျဖတ္သြားကာ လ်န္ရွန႔္ ေပၚသို႔ တည့္တည့္က်ေရာက္သြားၿပီး အျပစ္ကင္းစင္ျခင္းမရွိေတာ့ဘဲ သူမမ်က္လုံးမ်ားရွိ အၾကည့္မ်ားက နက္နဲလာခဲ့သည္။
"လ်န္ရွန႔္၊ကမာၻႀကီးက အႀကီးႀကီးပဲ။ေရွ႕ဆက္ရမယ့္ခရီးက ေဝးလြန္းတယ္၊နင္နဲ႔ငါက အရမ္းငယ္ေသးတယ္၊နင္နဲ႔ငါ ရင့္က်က္လာတဲ့ အခါက် နင့္ဆီ ငါျပန္လာခဲ့မယ္ ဟုတ္ၿပီလား။"
လ်န္ရွန႔္ ၏ မ်က္လုံးမ်ားက မွိတ္တုတ္မွိတ္တုတ္ျဖစ္သြားၿပီး "ေကာင္းၿပီ " ဟု တစ္ခြန္းတည္း သူေျပာလိုက္သည္။
ထန္ထန္က သူမလက္ကိုင္ဖုန္းကို ခ်လိုက္ကာ သူမလက္ကို ေဝွ႔ယမ္းလိုက္ၿပီး သူ႔ကိုခ်န္ထားခဲ့ၿပီး ထြက္ခြာသြားေတာ့သည္။
လ်န္ရွန႔္ ရဲ႕ႏွာေခါင္းက ခ်ဥ္စုပ္စုပ္ၿပီး သူမ်က္ရည္ေတြကို အတင္းထိန္းထားလိုက္ၿပီးေနာက္မွာ သူလည္းေလဆိပ္ကေန ထြက္ခြာလာခဲ့သည္။
ေကာင္းကင္ႀကီးက ျပာေနၿပီး ေလယာဥ္စက္သံ တစ္ခုထဲသာ ၾကားေနရသည္...။
သူ႔မ်က္လုံးကိုေစြၾကည့္လိုက္သည့္အခါမွာ ေကာင္းကင္ကေန ႏွင္းပြင့္မ်ား တစ္ခုၿပီးတစ္ခု က်လာသည္ကိုေတြ႕လိုက္ရသည္။ဒီေန႔ကစၿပီး သူတို႔ဟာ လူငယ္ဘဝကို ႏႈတ္ဆက္ရေတာ့မည္။
T.N ဒီအပိုင္းက Chinese ကေန Etran ကို Google translate နဲ႔ျပန္ထားတာထင္တယ္ လ်န္ရွန႔္ကိုလည္း she ေတြ ဟာေတြနဲ႔ ရႈပ္ေနတာပဲ ကိုယ္ႀကိဳးစားၿပီးေတာ့ ဖတ္လို႔အဆင္ေျပေအာင္ျပန္ေပးထားပါတယ္။ဖတ္ရတာေထာက္သြားရင္ေတာ့ ေတာင္းပန္ပါတယ္ေနာ္။