မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး...

By haymarnchitwai

161K 19.7K 1K

ဒီ Novel လေးက တော့ တော်တော်များများ ဖတ်ဖူးပြီးဖြစ်လောက်မှာပါ ထွေထွေထူးထူးတော့မပြောတော့ပါဘူး ကိုယ်က 112 to co... More

Note!!
( 112.1 )
( 112.2 )
( 113 )
( 114 )
( 115 )
( 116 )
( 117 )
( 118.1 )
( 118.2 )
( 119.1 )
( 119.2 )
( 120 )
( 121.1 )
( 121.2 )
( 122.1 )
( 122.2 )
( 123 )
( 124 )
( 125 )
( 126 )
( 127 )
( 128 )
( 129 )
( 130 )
( 131 )
( 132.1 )
( 132.2 )
( 133 )
( 134 )
( 135 )
( 136 )
( 137 )
( 138 )
( 139 )
( 140 )
( 141 )
( 142 )
( 144 ) Extra
( 145 ) Extra
( 146 ) Extra
( 147 ) Extra
( 148 ) Extra
Hello

( 143 ) Extra [လျန်ရှန့်]

4.1K 422 27
By haymarnchitwai

UNICODE

လျန်ရှန့်သည် မကြာသေးမီက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။မကြာသေးမီက ကျောင်းပြောင်းလာခဲ့သော ကျောင်းသူအသစ်ကို သူမုန်းနေခဲ့သည်။

စင်မြင့်ပေါ်၌ သူမကိုယ်သူမ မိတ်ဆက်နေသော ထန်ထန် ကိုကြည့်ရင်း သူ့မျက်နှာသေးသေးလေးသည် ကြမ်းပြင်ပေါ်သို့ ကျလုနီးပါးဖြစ်သွားခဲ့သည်။

ထန်ထန် သည် မကြာခဏ TV တွင် ပါလာတတ်သည်။ မကြာသေးမီက လူကြိုက်များသော ဒိုင်နိုဆော ကြော်ငြာတွင် မင်းသမီးလေးအဖြစ် သရုပ်ဆောင်ထားခဲ့သည်။ဒီအရွယ်ကလေးတွေဟာ ဒိုင်နိုဆောအရုပ်လေးတွေနဲ့ ဘာဂါတွေကိုသာ ကြိုက်နှစ်သက်ကြပြီး သူမကို ဘယ်သူမှ မသိကြပေ။

ပျော်ရွှင်မှုများကြားတွင် လျန်ရှန့်၏ မျက်နှာလေးကသာ စိတ်ပျက်စရာများနှင့် ပြည့်နှက်နေခဲ့သည်။

"ထန်ထန် သမီး ကျိုးဟောင်ဘေးမှာ ထိုင်လို့ရတယ်"

အတန်းထဲတွင် လစ်လပ်နေရာနှစ်ခုသာ ကျန်နေပြီး၊ အလယ်တန်းမှာတစ်ခုနှင့် နောက်ဆုံးတွင် တစ်ခုဖြစ်သည်။လျန်ရှန့် သည် အသက်အရွယ်တူ ယောက်ျားလေးများထက် အရပ်ပို၍ရှည်သောကြောင့် နောက်ဆုံးတွင်သာထိုင်ရသည်။
ထန်ထန်သည် ခြေဖျားလေးထောက်ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည်။သူမ လက်ညှိုးလေးက လျန်ရှန့်ကို ညွှန်ပြလိုက်ပြီး
"လောင်ရှီး(ဆရာ)သမီး အဲ့မှာ ထိုင်ချင်တယ်"

လျန်ရှန့်ရဲ့ နှလုံးသားလေးဟာ နစ်မြှုပ်သွားခဲ့သည်။

အတန်းပိုင်ဆရာက အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီး
"အဲ့နေရာက အရမ်းဝေးတယ်လေ"

ထန်ထန်က ဝပေမယ့် အရပ်မရှည်ပါဘူး၊ သူမသာနောက်မှာ ထိုင်ရင် ကျောက်သင်ပုန်းကို မြင်ဖို့ ခက်ခဲသွားလိမ့်မည်။

ထန်ထန် က ခေါင်းခါလိုက်ပြီး
"အဆင်ပြေပါတယ်၊ သမီးအဲ့မှာပဲ ထိုင်မယ်"

ပြောပြီးတာနှင့် သူမသည် သူမ၏ ကျောင်းလွယ်အိတ်ကိုယူကာ လျန်ရှန့် ဘေးရှိ စားပွဲခုံဆီသို့ လျှောက်လာခဲ့သည်။

သူ့ဘေးနားမှာထိုင်လိုက်သော ကလေးမလေးအား ကြည့်ရင်း လျန်ရှန့် ၏ မျက်လုံးများ ပြူးကျယ်သွားကာ တစ်ကိုယ်လုံး နေလို့မကောင်းတော့ပေ။

"လောင်ရှီး သား သူမနဲ့ မထိုင်ချင်ဘူး! သူသူမဒီမှာထိုင်မယ်ဆိုရင် သား ကျိုးဟောင် နဲ့ထိုင်လိုက်မယ်။"
ပြောပြီးနောက်မှာ လျန်ရှန့်သည် သူ၏ကျောင်းလွယ်အိတ်ကို စတင်ထုပ်ပိုးလိုက်တော့သည်။

ကျိုးဟောင် က သူ့လက်ကို မြှောက်လိုက်ပြီး
" လောင်ရှီး လျန်ရှန့်က အတန်းထဲမှာ အမြဲလိုလို စကားများတယ်၊ ဒါက သား စာကျက်တာကို ထိခိုက်စေတယ် သားသူနဲ့ မထိုင်ချင်ဘူး။"

လင်းလျန်ရှန့် က မျက်မှောင်ကြုတ်လိုက်ပြီး
"ငါ-ငါ စကား မများပါဘူး!"

"မင်းက စကားများတယ်၊ ပြီးတော့ မင်းက စကားများရတာကို ကြိုက်ရုံတင်မကဘူး ငါ့အိမ်စာတွေကို ခိုးကြည့်ရတာလည်း ကြိုက်သေးတယ်။"

ခုနက စကားပြောခဲ့တဲ့ ကျောင်းသားက လျန်ရှန့် ရဲ့ အရင်ကထိုင်ခုံဖော်ဖြစ်သည်၊ လျန်ရှန့်က ရိုင်းစိုင်းပြီး စကားများတတ်တဲ့အတွက်‌ကြောင့်အတန်းထဲက ဘယ်သူကမှ သူ့ကို သည်းမခံနိုင်ပေ။သူနှင့်အတူအများဆုံးအထိုင်နိုင်ဆုံးကတော့ တစ်ပတ်မျှသာဖြစ်ပြီး သို့မဟုတ်ပါက တစ်ရက်အတွင်း ထိုင်ခုံပြောင်းကြသည်။အချိန်ကြာလာသည်နှင့်အမျှ လျန်ရှန့်ဘေးရှိ ထိုင်ခုံသည် လွတ်လာခဲ့သည်။

သူသည် ငယ်ငယ်ကတည်းက ကဲ့ရဲ့ရှုံ့ချခြင်းကို ခံခဲ့ရဖူးပြီးဖြစ်၍ သူ့မျက်နှာသည် မြို့ရိုးနှင့် နှိုင်းယှဥ်လို့ရ‌အောင်ပင် ထူထပ်နေခဲ့သည်။သူ့အတန်းဖော်များဆီက ငြင်းပယ်ခံရသော်လည်း လျန်ရှန့် သည် သူ့စိတ်ထဲတွင် သိပ်မခံစားရသလို သူ့ခံစားချက်ကိုလည်း မထိခိုက်ခဲ့ပေ။သူနည်းနည်းလေး စိတ်မချမ်းသာတော့ဘူး ၊ တခြားသူတွေကလည်း သူနဲ့ မထိုင်ချင်ဘူး ၊ ထန်ထန်ကလည်း ထိုင်ခုံမပြောင်းချင်ဘူး ၊ ဆိုလိုတာက.... သူတို့ စားပွဲတစ်ခုတည်းမှာပဲ ထိုင်ရတော့မှာပေါ့!!

လျန်ရှန့် အရမ်းစိတ်ဆိုးသွားခဲ့သည်။

သူ ထန်ထန် ကို မကြိုက်သလို သူမကို မကြိုက်ရုံသာမက သူမကို မုန်းတီးခဲ့သည်။

ဒီမိန်းကလေးက ဟန်ဆောင်ပြီး ရက်စက်တတ်သည်။ တစ်ခါက သူမသည် သူ့ရဲ့ မင်းသမီးလေးလို ညီမလေးကို ငိုအောင် လုပ်ဖူးသည်။သူနဲ့ ထန်ထန်ကိုအတူတူထိုင်ခွင့်ပေးမည့်အစား သူ့ကိုချက်ချင်းသတ်ဖို့ ဓားတစ်ချောင်းပေးလိုက်တာ ပိုကောင်းဦးမယ်။

"လောင်ရှီး အတန်းနားထောင်ဖို့ ကျွန်တော်သွားထိုင်လိုက်မယ်"
သူ ကျောင်းစာအုပ်တွေကို စားပွဲပေါ်တင်လိုက်ပြီး စားပွဲနဲ့ ကုလားထိုင်ကို နောက်ဘက်ထောင့်ကိုရွှေ့လိုက်သည်။

ထန်ထန် မျက်တောင်လေးခတ်လိုက်ပြီး ခုံတန်းလေးကိုယူကာ သူ့နောက်ကို လိုက်သွားလိုက်သည်။

လျန်ရှန့် က သူ့နှုတ်ခမ်းတွေကို ဖိထားပြီး သူ့ခုံကိုယူပြီး ဆန့်ကျင်ဘက်ထောင့်ကို ရွှေ့လိုက်သည်။ထန်ထန် ကလည်း အမြန်သူ့နောက်ကို လိုက်ခဲ့ပြန်သည်။

လျန်ရှန့်က မနေနိုင်တော့ဘဲ စားပွဲကို ရိုက်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
"မင်းအရမ်း ပျင်းနေတာလား!"

ထန်ထန်က ချိုချိုသာသာ ပြုံးပြလိုက်ပြီး "မဟုတ်ပါဘူး"

လျန်ရှန့် က ဒေါသတကြီးနဲ့
"မင်းက ဘာလို့ ငါ့ကိုဒီလောက် စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်နေတာလဲ"

ထန်ထန်က သူမ သွားဖြူဖြူလေးတွေပေါ်အောင် ရယ်မောလိုက်ပြီး
"ငါက ချစ်ဖို့ကောင်းပါတယ် ကြည့်ရတာ ဘယ်တော့မှ ငြီးငွေ့စရာမ‌ကောင်းပါဘူး"

"....အရှက်ကိုမရှိဘူး"

ထန်ထန်: "အရှက်မရှိလို့ ငါနင့်ကို လိုချင်တာလေ"

လျန်ရှန့်အံ့အားသင့်သွားပြီး သူ့မျက်နှာလေးက နီမြန်းလာကာ ဒေါသတကြီးဖြင့် စားပွဲခုံကို မူလအနေအထားသို့ ပြန်ပြောင်းလိုက်သည်။

ထန်ထန်က မျက်ခုံးပင့်လိုက်ပြီး သူ့နောက်ကို လိုက်လာပြန်သည်။

"လင်းလျန်ရှန့် ထန်ထန်က ကျောင်းသူအသစ်၊ မင်းက ယောက်ျားလေးပဲ၊ သူ့ကို သည်းခံသင့်တယ်။"

လျန်ရှန့်က အေးစက်စွာ အော်ဟစ်လိုက်ပြီး "ယောက်ျားလေးတွေက မိန်းကလေးတွေကို သည်းခံရမယ်လို့ ဘယ်သူပြောလဲ။ ဒီကိစ္စမှာ ငါ ယောက်ျားလေး မဖြစ်ချင်တော့ဘူး။"

ဒီစကားကို တစ်တန်းလုံးက သဘောကျကြသည်။

"မင်းပြောတာမှန်တယ် ကောင်မလေးတွေက ငါတို့ကိုဘာလို့သည်းမခံတာလဲ?"

"ငါ့အမေက ယောက်ျားနဲ့မိန်းမ တန်းတူအခွင့်အ‌ ရေးရှိရမယ်လို့ပြောပေမဲ့ ငါတို့ အမှားလုပ်မိတိုင်း သူက ငါ့ကိုပဲ အပြစ်ပေးတယ် ငါ့ညီမလေးက တော့အဆင်ပြေတယ်"

"တန်းတူအခွင့်အရေး လိုချင်တယ်!!"

"ဟုတ်တယ်၊တန်းတူအခွင့်အရေး လိုချင်တယ်!!"

လောင်ရှီး :"......"

အင်း၊ ဒီနှစ်မူလတန်းကျောင်းသားတွေက ထိန်းဖို့တကယ်ခက်တာပဲ။

လျန်ရှန့် ကြောင့် ပထမတန်းကို ဆယ်မိနစ်ကျော် နောက်ကျခဲ့သည်။ ခေါင်းလောင်းသံမြည်ပြီးနောက်မှာ လျန်ရှန့် သည် စာသင်ခန်းအပြင်ဘက်သို့ ပြေးရန် မစောင့်နိုင်တော့ပေ။

ကောင်လေး၏သက်ဝင်လှုပ်ရှားနေသောရုပ်သွင်ကိုကြည့်ရင်း ထန်ထန် သည် သူမ၏မေးစေ့လေးကိုထောက်ကာ လေးလေးနက်နက်တွေးတောလိုက်သည်။

ဤကမ္ဘာတွင်သူမ၏တာဝန်မှာ ကျန်းထျန် ၏ချွေးမဖြစ်လာရန်ဖြစ်သည်။ လက်ရှိမှာ ကျန်းထျန် တွင် သားနှစ်ယောက်ရှိသည်။ထန်ထန်သည် သူမ၏ကိုယ်ပိုင်ဉာဏ်ရည်ဥာဏ်သွေးကို ကောင်းမွန်စွာနားလည်ထားပြီးဖြစ်၍ ကျန်းထျန်သားအကြီးဆုံးကိုမရနိုင်ကြောင်းကတော့ သူမသေချာသည်။သူမရရှိခဲ့တဲ့ အချက်အလက်တွေအရ လင်းလျန်ရှန့် ဟာ ခေါင်းမာပေမယ့် နူးညံ့သိမ်မွေ့ပြီး လှည့်စားရလွယ်ကူသည်။အရေးကြီးဆုံးအချက်က သူသည် ဉာဏ်မမီသောကြောင့်....
လျန်ရှန့် သည် သူမ၏ပစ်မှတ်ဖြစ်သည်။

ထန်ထန် သည် စာအုပ်ကိုပိတ်လိုက်ပြီး သူမ၏ပျော့ပျောင်းသောဆံပင်များကို သပ်ကာ ပေါ့ပေါ့ပါးပါးချောင်းဆိုးလိုက်ပြီး သူ့နောက်မှလိုက်သွားခဲ့သည်။

လျန်ရှန့်အနားရှိ အတန်းဖော်က သူ့လက်ကို ခေါက်လိုက်ပြီး
"မင်းရဲ့ ထိုင်ခုံဖော်အသစ်က မင်းကိုရှာဖို့ ဒီမှာရောက်နေတယ်"

သူ့မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်တော့ ထန်ထန် ကို တွေ့လိုက်ရတယ်။သူအရမ်းတုန်လှုပ်သွားပြီး ချက်ချင်း ပြေးထွက်သွားခဲ့သည်။

"လျန်ရှန့် လျန်ရှန့် နင်ငါ့ကို ကျောင်းကိုပတ်ပြဦးလေ!!"

လင်းလျန်ရှန့် သည် နောက်ပြန်လှည့်မကြည့်ဘဲ သူ့အရှိန်ကို ထိန်းကာ မြန်မြန်ပြေးလိုက်သည်။

သူ့ရှေ့မှာ ယောက်ျားလေးသန့်စင်ခန်းကို မြင်လိုက်ရတော့ အသက်ရှူမဝဖြစ်နေတဲ့ လျန်ရှန့်က သူ့ခြေလှမ်းတွေကို ရပ်လိုက်သည်။ရှုံ့မဲ့သော မျက်နှာထားဖြင့် သူ့ခေါင်းကို ထန်ထန်ဆီလှည့်ပြပြီးနောက်မှာ သူသည် ယောက်ျားလေးသန့်စင်ခန်းထဲသို့ ဝင့်ကြွားစွာ ပြေးဝင်သွားခဲ့သည်။

ထန်ထန်က မျက်တောင်ခတ်လိုက်ပြီး လက်ပိုက်ကာ တံခါးနားမှာ စောင့်နေလိုက်သည်။

လင်းလျန်ရှန့်သည် သန့်စင်ခန်းထဲတွင် ပုန်းနေသည်မှာ ဘေးကင်းမည်ဟု ထင်ခဲ့သော်လည်း ထန်ထန်၏ ထူထဲသော အသားအရည်ကို သူ လျှော့တွက်ခဲ့မိသည်။

သူထွက်လာတဲ့အချိန်မှာ ထန်ထန် က သူ့ကိုကြည့်နေခဲ့သည်။

"......"

"မင်းဘာလိုချင်လို့လဲ?"

ထန်ထန် က သူမ၏လက်‌ဖောင်းဖောင်းလေးများကို ဆန့်ထုတ်လိုက်ပြီး
"ငါ နင်နဲ့ သူငယ်ချင်းဖြစ်ချင်တယ်"

လျန်ရှန့် က မျက်မှောင်ကြုတ်လိုက်ကာ
"မင်းဘာလို့ ငါနဲ့ သူငယ်ချင်းဖြစ်ချင်တာလဲ။ ငါ မင်းသူငယ်ချင်းမဖြစ်ချင်ဘူး"

သူ့တွင် ဆံပင်ကောက်ကောက်လေးတွေရှိပြီး သူ၏ ဒေါသထွက်‌ နေသောပုံရိပ်သေးသေးလေးမှာ အလွန်ပင်ချစ်ဖို့ကောင်းသည်။

ဒေါသထွက်နေသော ဖောင်းကားနေသည့် မျက်နှာလေးကို ကြည့်ရင်း ထန်ထန်သည် သူမ၏ တံတွေးကို မြိုချလိုက်ပြီး
"လင်းလျန်ရှန့် နင်က အရမ်းအရသာရှိမဲ့ပုံပဲ"

"......"

"....???"

နောက်တစ်စက္ကန့်တွင် ထန်ထန်သည် သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ခြေဖျားထောက်လိုက်ပြီး သူ့ရဲ့ ဖောင်းကားနေသော ပါးကို ကိုက်လိုက်သည်။

လျန်ရှန့်: "...."

လျန်ရှန့်: "ဝါး--!"

သူ ကျယ်လောင်စွာ ငိုကြွေးလိုက်တော့သည်။

ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက ရန်ပွဲတွေ ဖြစ်ပေါ်လာခဲ့သည်။

တကယ်တော့ ထန်ထန်က သူမဟာ လူသားတွေကို မစားနိုင်တော့ဘူးဆိုတာ သိပေသည်။ဇွန်ဘီဘုရင်၏နောက်ဆက်တွဲသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့်၊ ဖြူဖွေးသောအသားအရည်၊ နူးညံ့ပြီး အဆီရှိသောလူသားကို သူမ မြင်သရွေ့ ဒါကိုဘယ်လိုမှ မလွန်ဆန်နိုင်ပေ။လျန်ရှန့်သည် ရုပ်ရည်ချောမောရုံသာမက သူ့မျက်နှာဝိုင်းဝိုင်း လေးတွင် ကြီးမားပြီးချစ်စရာကောင်းသော မျက်လုံးများလည်းရှိပြီး နှစ်သက်ဖွယ်ကောင်းသော အကျင့်လေးလည်း ရှိပေသည်။သူမဟုတ်ရင် ဘယ်သူကိုများ သူမ အနိုင်ကျင့်သင့်တယ်လို့ ထင်လို့လဲ?။

အချိန်အတိုင်းအတာတစ်ခုအထိ ထန်ထန် သည် လျန်ရှန့် နောက်ကို အရိပ်တစ်ခုလို လိုက်လေသည်။သူမသည် အတန်းထဲမှာ‌ရော၊ အားလပ်ချိန်မှာ‌ရော၊ ကျောင်းဆင်းချိန်မှာ‌ရောသူ့နောက်လိုက်ကာ စနေ၊ တနင်္ဂနွေများတွင်ပင် သူ့ကို လိုက်ခေါ်တတ်သည်။

လျန်ရှန့် ကအရမ်းစိတ်ဆိုးသွားသည်!။

သူ ပေါက်ကွဲလုနီးပါးဖြစ်နေပြီ!။

သူ့ညီမထက် ပိုအရှက်မဲ့တဲ့ မိန်းကလေးကို သူ တစ်ခါမှ မတွေ့ဖူးဘူး!။

နောက်ဆုံးတွင် သူသည် ထန်ထန် ၏အလိုက်ခံရခြင်းမှ လွတ်မြောက်ရန် အကြံတစ်ခုရလာခဲ့သည်။

တစ်နေ့တွင် ကျောင်းဆင်းသည်နှင့် လင်းဆွေ့ကျိုး၏ မျက်လုံးများရှိ မကျေနပ်မှုများကို လျစ်လျူရှုကာ စာအမြန်ကျက်လိုက်ပြီး ကျန်းထျန်ဆီသို့ တိုက်ရိုက်သွားလိုက်သည်။
"မားမား၊သား ကျောင်းပြောင်းချင်တယ်!"

ကျန်းထျန်သည် စာအုပ်ကိုနောက်တစ်မျက်နှာလှန်လိုက်ပြီး သူ့ကိုမကြည့်ဘဲ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
"ဘယ်ကျောင်းကိုပြောင်းချင်တာလဲ?"

လျန်ရှန့်က သူ့လက်ကိုဝေ့ရမ်းလိုက်ပြီး
"ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်၊သား အခုတက်နေတဲ့ကျောင်းကို ဆက်မတက်ချင်တော့ဘူး"

လင်းဆွေ့ကျိုးက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး
"မင်း မိန်းကလေးတစ်ယောက်အနိုင်ကျင့်တာခံခဲ့ရတယ်"

မေးခွန်းမဟုတ်ပေမယ့် သေချာနေတဲ့လေသံနှင့် ပြောလိုက်သည်။

လျန်ရှန့် ကအသက်ရှုကြပ်သွားကာ သူ့လက်သေးသေးလေးတွေက သူ့အဝတ်ထောင့်ကို မငြိမ်မသက် ဆုပ်ကိုင်လိုက်ပြီး မကျေနပ်ချက်တွေကို သူ့မျက်နှာအနှံ့ ရေးထားခဲ့သည်။

သူသည် လူကြိုက်များပြီး သူ့အတန်းထဲက ယောက်ျားလေးများနှင့် ဆက်ဆံရေးကောင်းကောင်းရှိသည်။အမျိုးသမီး ကျောင်းသူတွေက သူနဲ့ မကစားသော်လည်း သူ့ကို ရန်စဖို့ လာမှာ မဟုတ်ဘူး။အခု‌‌တော့အဲ့ဒီထန်ထန်က လျန်ရှန့်ကို မကိုင်တွယ်နိုင်အောင် ချက်ချင်းပြုလုပ်ခဲ့သည်။

လင်းဆွေ့ကျိုးက လှောင်ပြောင်လိုက်ပြီး
"မင်းကိုကြည့်ဦး မိန်းကလေးတစ်ယောက်ကတောင်မင်းကို ကျောင်းပြောင်းအောင်လုပ်နိုင်တယ်လား?"

လျန်ရှန့်က သူ့လည်ပင်းကို ကိုင်ထားပြီး သေမှာကို မကြောက်ဘဲ ပြောလိုက်သည်။
"ပါးပါး အရမ်းတော်တယ်၊သား မားမားပြောတာကို အမြဲတမ်းမထောင်သေးဘူး။"

"......."

သူက သူ့စာအုပ်ကိုပိတ်ပြီး အေးအေးဆေးဆေးကြည့်လိုက်သည်
"မင်းပြောတာကို ထပ်ပြောလိုက်ပါဦး"

အငွေ့အသက်တွေက သိပ်မကောင်းတော့ဘူး။

လျန်ရှန့်က သူ့တံတွေးကို မျိုချလိုက်ပြီး
"ပါးပါး-ပါးပါးက အရမ်းတော်တယ်၊ ဒါပေမယ့် သားအမေပြောတာ အားလုံးကို နားမထောင်သေးဘူး။"

ဒီစကားကို ပြောပြီးတာနဲ့ သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ကိုင်ထားပြီး သူ့မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်သည်။

လင်းဆွေ့ကျိုးက မျက်ခုံး အနည်းငယ် ပင့်လိုက်ပြီး
"မင်းမားမားက တော်လို့ ငါက မင်းမားမားပြောတာအားလုံးကိုနားထောင်တာ ဒါက ငါကမတော်လို့ နားထောင်တာလို့ မဆိုလိုဘူး"

ကျန်းထျန် : "........"

"မင်းကျောင်းပြောင်းချင်ရင် အလယ်တန်းရောက်အောင်စောင့်လိုက်ဦး အခုတော့မဟုတ်ဘူး"
ပြောပြီးတာနှင့် သူ့မျက်လုံးတွေကိုငုံ့လိုက်ပြီး စာအုပ်ကို ဆက်ဖတ်နေလိုက်သည်။

လျန့်ရှန့်က ပိုပိုဆိုးလာပြီး
"မား....."

ကျန်းထျန်က သူမသား၏ပုံစံကို လျစ်လျူရှူထားပြီးပြောလိုက်သည်။
"ဒီတစ်ကြိမ်တော့ သားပါးပါးပြောတာ နားထောင်"

"........"

ကောင်းကင်ဘုံက တကယ်တရားမျှတမှု မရှိဘူး!!

တခြားကျောင်းကိုပြောင်းဖို့ မျှော်လင့်ချက်မရှိတာကြောင့် သူလက်ရှိကျောင်းကိုပဲ ဆက်တက်ရတော့သည်။

စိတ်ရှည်သည်းခံပြီး တစ်ရက်ပြီးတစ်ရက်က ကုန်ဆုံးလာကာ စာသင်နှစ် အဆုံးကိုရောက်ရှိလာပြီဖြစ်သည် ဒီအဓိပ္ပာယ်က နောက်နှစ်လအတွင်းမှာ သူ ထန်ထန်နဲ့ ထပ်ပြီးဆက်ဆံရတော့မှာ မဟုတ်ဘူး။ဒါ‌ကြောင့်အရမ်းပျော်တယ်!။ စိတ်လှုပ်ရှားတယ်!

နွေရာသီနှင့် ဆောင်းရာသီ အားလပ်ရက်တွေမှာ သူ့မိဘတွေက သူတို့ကို ခရီးထွက်ခိုင်းကြသည်။
လျန်ရှန့်သည် ဤခရီးစဉ်ကို စောင့်မျှော်နေခဲ့ပြီး အရုပ်များနှင့် သူ၏ ခရီးဆောင်အိတ်များကို အချိန်မီ ပြင်ဆင်ထားခဲ့သော်လည်း ... သူသည် မကြာမီကပင် ပျော်ရွှင်လွန်းနေခဲ့သည်။

"လျန်ရှန့် မားမား က မင်းကို မူလတန်းကျောင်းက နွေရာသီ စခန်းမှာ စာရင်းသွင်းဖို့ လက်မှတ်ထိုးခဲ့တယ်။ မင်းက မာမားကို အားကိုးလွန်းတယ်၊ ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုခု လုပ်သင့်တယ်။"
ကျန်းထျန် စားပွဲပေါ်က သဘောတူညီချက်စာရွက်ကိုကောက်ယူလိုက်သည်။

လျန်ရှန့်အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး
"အဲ့တာက ဘာလဲ?"

"နွေရာသီစခန်းလေ အဲ့မှာကလေးတွေအများကြီးရှိတယ်။"
သူမ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ခရီးဆောင်အိတ် ထောင့်မှာ စုပုံနေတာကို တွေ့လိုက်ရတော့ သူမ အနည်းငယ် အံ့သြသွားခဲ့သည်။
"အာ လျန်ရှန့်က ကိုယ်ခရီးဆောင်အိတ်ကို ဘယ်လိုထုတ်ရမယ်ဆိုတာ သိနေပြီပဲ တော်တယ်"

သူ့ခေါင်းကိုညင်သာစွာထိပြီးနောက်မှာ သူမသီချင်း‌လေးညီးရင်းအခန်းထဲကနေထွက်သွားလိုက်ပြီး လျန်ရှန့် တစ်ယောက်ထဲကသာ တစ်ယောက်ထဲ ခြောက်ခြားမှုတွေနှင့် ကျန်ရစ်ခဲ့သည်။

လျန်ရှန့်သည် ယခင်က မည်သည့်နွေရာသီစခန်းများတွင်မျှ မပါဝင်ခဲ့ဖူးသော်လည်း နွေရာသီစခန်းများရှိ မတော်တဆမှုများအကြောင်း သတင်းများစွာကို သူဖတ်ဖူးခဲ့သည်။သူ့ နတ်ဆိုးမေမေသည် အရမ်းရက်စက်လွန်းပြီး သူ့ကို ထိုနေရာကို တစ်ယောက်ထဲသွားစေခဲ့သည်။

နွေရာသီစခန်းချခြင်းကို နီးကပ်သော စီမံခန့်ခွဲမှုဖြင့် ကျယ်ဝန်းသည့် တောတွင်း၌ကျင်းပပြီး ပါဝင်သူများသည် မူလတန်းကျောင်းသူကျောင်းသားများသာမက အလယ်တန်းကျောင်းသားများလည်းဖြစ်သည်။

လျန်ရှန့် သည် မပျော်မရွှင် ခံစားချက်ဖြင့် နွေရာသီစခန်းသို့ ရောက်ရှိလာပြီး မထင်မှတ်ထားသော လူတစ်ယောက်သည် ရုတ်တရက် ပေါ်လာခဲ့သည်။

ကလေးမလေးတစ်ယောက်သည် စိမ်းလန်းသောအရိပ်နှင့် နွေးထွေးသောနေရောင်အောက်တွင် ရပ်နေကာ သူမ၏ ပန်းရောင်ဝတ်စုံသည် ချစ်စရာကောင်းကာ တောက်ပြောင်‌နေပြီး လူကြီးတစ်ယောက်၏လက်ကို ဆုပ်ကိုင်ထားကာ သူမ၏မျက်လုံးများက လှည့်ပတ်ကြည့်နေကာ နောက်ဆုံးတွင် သူ့ဆီအရောက်မှာရပ်တန့်သွားပြီး ပန်းများထက်ပင် ပိုမိုတောက်ပနေသည့် တောက်ပသော အပြုံးကို ပြုံးလိုက်သည်။

လျန်ရှန့်၏ ပခုံးများသည် တုန်ခါသွားပြီး ကျန်းထျန် ၏နောက်တွင် ချက်ချင်း ပုန်းနေလိုက်သည်။

ကျန်းထျန်သည် သူမသား၏ မူမမှန်မှုကို သတိပြုမိလိုက်ပြီး သူ့အကြည့်ကိုလိုက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများသည် အခြားတစ်ဖက်ရှိ ချန်းကျီရှန်းနှင့် ဆုံမိသွားသည်။

"လျန်ရှန့်!!"
ထန်ထန်သည် ချန်းကျီရှန်း၏ လက်ကိုဖြုတ်လိုက်ပြီး မြင်းရိုင်းလေးတစ်ကောင်လိုမျိုး လျန်ရှန့်ဆီကို ပြေးလာလိုက်သည်။

လျန်ရှန့်က အော်ဟစ်လိုက်ပြီး ကျန်းထျန်ပေါ်ပြေးတက်လိုက်သည်။

"ထန်ထန် ပြန်လာခဲ့" ချန်းကျီရှန်းက မျက်မှောင်ကြုတ်ပြီး ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်သည်။

"ဒီကိုမလာနဲ့!"
လျန်ရှန့်ဟာ သူ့လက်တွေကို ကျန်းထျန် လည်ပင်းမှာ ဖက်ထားပြီး သူ့မျက်နှာတစ်ခုလုံးကို ကျန်းထျန် လက်မောင်းကြားမှာ နစ်မြှုပ်ထားလိုက်သည်။

ထန်ထန် မော့ကြည့်လိုက်ပြီး တောက်ပစွာပြုံးလိုက်သည်။
"တိုက်ဆိုင်လိုက်တာ၊ နင်လည်း နွေရာသီစခန်းမှာ ရောက်နေတာလား?"

"ငါ့ကိုစကားလာမပြောနဲ့"

ထန်ထန်က ကျန်းထျန်ကို ကြည့်လိုက်ပြီး
"အားရီက နတ်သမီးလေးလို အရမ်းလှတာပဲ"

ကျန်းထျန် : "......."

"ထန်ထန် သမီးကိုမားမား ပြန်လာခဲ့လို့ပြောနေ‌တယ်လေ!"

ရန်သူတွေ တွေ့ဆုံတဲ့အခါ သူတို့တစ်ယောက်ကို တစ်ယောက် ကြည့်ရတာ မုန်းတယ် လို့ ပြောကြသည်။ချန်းကျီရှန်းသည် ကျန်းထျန်၏ ဖိအားပေးခြင်းကို အကြိမ်များစွာ ခံခဲ့ရသောကြောင့် သူမ၏ ကလေးသုံးယောက်ကိုပင် သူမ မုန်းတီးနေခဲ့သည်။ကျန်းထျန်ကို ပြင်းထန်စွာ စူးစူးစိုက်စိုက်ကြည့်ပြီးနောက်မှာ သူမသည် ထန်ထန်ကို ပြန်ဖို့ တွန်းအားပေးလိုက်သည်။
"မင်း ဒီနွေရာသီစခန်းမှာ ပါဖို့ မလိုတော့ဘူး"

ထန်ထန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး
"ဘာလို့လဲ?"

ချန်းကျီရှန်းက အေးစက်စွာပြောလိုပ်သည်
"ဒါက အချိန်ဖြုန်းတာပဲ"

"မဟုတ်ဘူး"
ထန်ထန် ကချန်းကျီရှန်း ရဲ့လက်ကို ခါလိုက်ပြီး "စာမေးပွဲမှာ အမှတ် 90 ကျော်ရသရွေ့ဒါကိုပါလို့ရတယ်လို့ မားမား ကတိပေးခဲ့တယ်လေ။မားမားကတိပေးထားလို့ ဒီကတိကိုထိန်းထားရမယ်လေ မဟုတ်ရင် သမီး မားမားရဲ့သမီးမဖြစ်ချင်တော့ဘူး!"

ချန်းကျီရှန်း အလွန်ဒေါသထွက်သွားခဲ့သည်။

ဒါကိုတွေးကြည့်ရင် သူမသမီးက လျှော ပေါ်ကကျသွားပြီး ခေါင်းကို ထိသွားပြီးကတည်းက သူ့ကိုယ်ရည်ကိုယ်သွေး တစ်ခုလုံး ပြောင်းလဲသွားပြီး ပိုပိုပြီး မနာခံတတ်တော့ဘူး။

"မင်းကဘယ်သူ့သမီးဖြစ်ချင်လို့လဲ?။ ငါ့အပြင် ဘယ်သူက မင်းကို ပြုစုပျိုးထောင်ချင်မှာလဲ!!!"

ထန်ထန် သည် ကျန်းထျန်ထံသို့ အလိုအလျောက် လျှောက်သွားလိုက်ပြီး သူမ၏ လက်ကလေးကို ဆန့်ထုတ်ကာ အင်္ကျီစကို ဆွဲလိုက်သည်။သူမခေါင်းလေးကိုမော့ပြီး မျက်လုံးလေးများကို ကျယ်ကျယ်ဖွင့်ကြည့်ရင်း
"ထျန်ထျန် သမီး အားရီရဲ့ချွေးမလုပ်လို့ရမလား?"

ကျန်းထျန်၏အဖြေကို မစောင့်ဘဲနှင့် လျန်ရှန့်သည် ကျန်းထျန်ကိုဖက်ထား‌သော သူ့လက်‌ လေးကိုဖြုတ်လိုက်ပြီး မြန်မြန်ပြောလိုက်သည်။
"ကြိုးစားတာကောင်းတယ်!ဒါပေမဲ့ ငါ့အစ်ကိုအကြီးဆုံးက မင်းကို လက်ထပ်မှာမဟုတ်သလို၊ငါ့ဒုတိယအစ်ကိုကလဲ ငါ့ညီမလေးနဲ့ အတူရှိနေပြီ
ဗက်ဟက်ဟက်!"

ထန်ထန် : "ဒါဆို နင်ကရော?"

"ငါကလား ငါက...ဒါကမင်းရဲ့ကိစ္စမဟုတ်ဘူး!"

ထန်ထန် ရဲ့ လေသံက တရားမျှတမှုအပြည့်ဖြင့် "နင်ငါ့ကိုလက်ထပ်တဲ့အခါကျ၊ အဲဒါက ငါ့ကိစ္စဖြစ်လာလိမ့်မယ်။"

လျန်ရှန့်က ဒေါသထွက်လွန်းလို့ ငိုချလုနီးပါးဖြစ်သွားခဲ့သည်။
"ငါဒီတောင်ပေါ်က ခုန်ချလိုက်ပြီး သေသွားရင်တောင် မင်းကို လက်ထပ်မှာမဟုတ်ဘူး"

သူ့ရဲ့အနာဂတ်ဇနီးက သူ့ရဲ့မာမီမင်းသမီးလေးသာဖြစ်နိုင်သည်၊ဒီလိုမျိုးတင်းမာပြီး ဖောင်းကားနေတဲ့မိန်းကလေးကို သူ မည်သို့လက်ထပ်နိုင်မှာလဲ!။ဒါလုံးဝ မဖြစ်နိုင်ဘူး!။

"ထန်ထန် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့!"
စိတ်ဆိုးလွန်းသောကြောင့် ချန်းကျီရှန်း၏ မျက်နှာအသွင်အပြင်သည် တဖြည်းဖြည်း ပုံပျက်လာခဲ့သည်။သူမသမီးက သူတောင်းစားနဲ့ လက်ထပ်သွားရင်တောင် သူမသည်းခံနိုင်ပေမဲ့ ကျန်းထျန်ရဲ့ သားနဲ့ လက်ထပ်မှာကိုတော့သူမလုံးဝခွင့်ပြုမှာမဟုတ်ဘူး။ဒါက ဘယ်လောက်ရှက်စရာကောင်းလဲ!

ချန်းကျီရှန်း သည် ထန်ထန်၏ ခုခံမှုကို လျစ်လျူရှုလိုက်ပြီး သူမကို ကားထဲသို့ အတင်းတွန်းထည့်လိုက်သည်။

ကားမောင်းထွက်သွားစဉ် လျန်ရှန့်သည် ကားပြတင်းပေါက်နောက်ဘက်တွင် ထန်ထန် သည်လဲလျောင်း‌နေပြီး အပြင်ဘက်ကိုကြည့်နေသည်ကိုသတိပြုမိလိုက်သည်။သူမ၏မျက်လုံးများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပေမဲ့ အဲ့အနောက်ကအဓိပ္ပာယ်ကိုတော့ မပြော‌နိုင်‌ပေ။အချိန်အတော်ကြာမှ သူမမျက်လုံးထဲရှိအဓိပ္ပါယ်မှာ သူသာဖြစ်ကြောင်း အသေအချာသိလိုက်ရသည်။

ထိုနေ့ပြီးနောက်မှာ လျန်ရှန့်သည် ထန်ထန် ကို ထပ်မတွေ့ရတော့ပေ။စာသင်နှစ်အသစ်စသောအခါတွင် ထန်ထန်သည် နိုင်ငံခြားသို့ ကျောင်းပြောင်းသွားကြောင်း ဆရာမထံမှ သူကြားသိလိုက်ရသည်။ဤသတင်းကိုကြားလိုက်ရသည်နှင့် လျန်ရှန့် ၏ ပထမဆုံးတုံ့ပြန်မှုသည် အလွန်ပျော်ရွှင်နေခဲ့ပြီး မယုံနိုင်လောက်အောင်ပင် ပျော်ရွှင်နေခဲ့သည်။

ပြီးတာနှင့် ချက်ချင်းပဲ....

သူ့ရင်ထဲတွင် နားမလည်နိုင်သော ဆုံးရှုံးမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။

သူ့ဘေးက ထိုင်ခုံက နောက်တစ်ကြိမ်အလွတ်ဖြစ်သွားပြန်ပြီး၊ သန့်ရှင်းနေသည့် ထိုင်ခုံပေါ်မှာတော့ စားပွဲရဲ့ ထောင့်မှာ ထန်ထန် ဆွဲထားခဲ့သည့်ကောက်ကွေးနေတဲ့ ယုန်လေးတစ်ကောင်ရှိနေခဲ့သည်။စာသင်ခန်းထဲမှာ အရမ်းတိတ်ဆိတ်နေပြီး သူ့နားမှာ ဘယ်သူမှ စကားမပြောကြတော့သလို သူ့ရဲ့ မှတ်စုစာအုပ် အသေးလေးကိုလည်း ဘယ်သူမှ ဖြတ်ကျော်မသွားကြတော့ဘူး။အတန်းပြီးသွားတော့ သူ ယောက်ျားသန့်စင်ခန်းကို သွားတဲ့အချိန် ဘယ်သူမှ မလိုက်ခဲ့လို့ အရမ်းအေးချမ်းနေခဲ့သည်။

လျန်ရှန့်သည် အနည်းငယ် ဝမ်းနည်းမိသော်လည်း နောက်ထပ် ကျောင်းသားအသစ် ပြောင်းရွှေ့လာသော ကြောင့် ဤခံစားချက်သည် တစ်ပတ်သာ ကြာမြင့်ခဲ့သည်။

တောက်ပသော နေရောင်အောက်တွင် အဖြူ‌ရောင်စကတ်တိုတိုဝတ်ထားသော မိန်းမငယ်လေးသည် အနက်ရောင်ကျစ်ဆံမြီးနှစ်ချောင်းကိုကျစ်ထားပြီး စင်မြင့်ပေါ်တွင် ရပ်နေကာ ဖြူစင်သော အသားအရည်နှင့် ဖြူစင်သော ဗာဒံ‌စေ့သဏ္ဍာန်မျက်လုံးများက ရှက်ရှက်နှင့် နူးညံ့စွာ ပြုံး‌နေခဲ့သည်။

လျန်ရှန့် ၏ မျက်လုံးများသည် ပြူးကျယ်လာပြီး သူ့နှလုံးသည် ဒရမ်ကဲ့သို့ ခုန်လာခဲ့သည်။

ဒီအခိုက်အတန့်မှာ သူ့အချစ်အတွက် ရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်သည်။

‌ကျောင်းသူအသစ်လေးနာမည်က ဝမ်ဝမ်ဖြစ်ပြီး သူမနာမည်‌လေးလိုပဲ သူမသည်အထူးသဖြင့် နူးညံ့သိမ်မွေ့သည်။

သူမနှင့် အတူတွဲထိုင်ပြီးနောက်မှာ လျန်ရှန့် သည် သူ၏ ရိုင်းစိုင်းသော အပြုအမူကို ပြန်လည် လေ့ကျင့်ခဲ့ပြီး ထူးထူးခြားခြား စာကြိုးစားသူ ဖြစ်လာခဲ့သည်။သူအချိန်ရတိုင်း ကျောင်းသူသစ်ကို အကြံဉာဏ်တောင်းဖို့ ဟန်ဆောင်လေ့ရှိသည်။

အချိန်တွေ လျင်မြန်စွာ ကုန်လွန်သွားပြီး‌ နောက်မှာ လျန်ရှန့်ဟာ နောက်ထပ် ပညာရေးကို ရင်ဆိုင်နေရသည်။လျန်ရှန့် ကို ပိုကြိုးစားလေ့လာဖို့ တွန်းအားပေးခဲ့တာကတော့ ရီကျုံး ကျောင်းမှာ ဝမ်ဝမ်က ဝင်ခွင့်ရတော့မယ်လို့ သူကြားလို့ဖြစ်သည်။နေ့ခင်းဘက်တွင် စာကျက်ပြီး ညနေ ဘက်တွင် အတန်းတက်ခဲ့သည်။နောက်ဆုံးမှာတော့ သူသည် အနိမ့်ဆုံးရမှတ်ဖြင့် ရီကျုံး ကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။

ပြီးတော့ ဝမ်ဝမ်ကတော့......အထူးတန်းမှာ။သူတို့သည် တစ်ထပ်တည်းတွင်ရှိကြသော်လည်း သူတို့အဆင့်များမှာမတူညီကြပေ။

ရီကျုံး သည် အဓိက တက္ကသိုလ်တစ်ခုဖြစ်သည်။ တိုင်းပြည်ရဲ့ အတောက်ပဆုံးလူတွေက ဒီကိုရောက်နေပေမယ့်လည်း နေရာတိုင်းမှာ ခြွင်းချက်ဆိုတာရှိသည်။ရီကျုံး မှာပင် ဆူးပင်အချို့ရှိ‌နေပြီး ထိုဆူးပင်များကို အတန်း 26 တွင် စီစဉ်ပေးထားသည်။

အတန်း 26 တွင် ကျောင်းသား 40 ကျော်ရှိပြီး ယောင်္ကျားလေးနှင့် မိန်းကလေး ကျောင်းသား အချိုးမညီမျှ‌ပေ။မိန်းကလေးအရေအတွက်ကို လက်ချောင်းများဖြင့်ပင် ရေတွက်နိုင်သည်။

လျန်ရှန့်သည် ဤနေရာသို့ပထမဆုံး‌ရောက်သောအခါတွင် သူသည် ချက်ချင်းပင် အာရုံစိုက်စရာတစ်ခုဖြစ်လာခဲ့သည်။ ပထမအကြောင်းရင်းမှာ သူ့အစ်ကိုကြီးကြောင့်ဖြစ်ပြီး အခြားအကြောင်းရင်းမှာ သူ၏ချောမောမှုကြောင့်ဖြစ်သည်။

အသက် 13 နှစ်အရွယ် လျန်ရှန့်သည် အရပ် 170 cm ရှည်နေပြီဖြစ်သည်။သူ့ကျောင်းလွယ်အိတ်ကိုလွယ်ကာ စင်မြင့်ပေါ်၌ မတ်တပ်ရပ်လိုက်ပြီး အတန်းဖော်များအား ကျန်းထျန်နှင့်တူသော မြေခွေးလို မျက်လုံးများဖြင့် ကြည့်လိုက်သောအခါ၊ သူ၏ မေးစေ့သည် အနည်းငယ် မြင့်တက်လာပြီး အရေးကြီးသော ဇာတ်ကောင်တစ်ကောင်လိုမျိုးဖြစ်လာခဲ့သည်။

အတန်းထဲက မိန်းကလေး အနည်းငယ်သည် သူ့ကို ချက်ချင်း ချစ်မိသွားကြပြီး သူ့ရဲ့ လူဆိုးလေးလို အကျင့်စရိုက်မှာကို နှစ်မြုပ်သွားခဲ့ကြသည်။

ထိုင်ခုံနေရာကို မဲနှိုက်သည့်ပုံစံဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။မူလက သူ့နေရာသည်ရှေ့တန်းထိုင်ခုံမှာ ဖြစ်သော်လည်း သူသည် အရပ်ရှည်လွန်းသောကြောင့် သူ့ရဲ့ရွှေထိုင်ခုံလေးသည် ပြတင်းပေါက်ဘေးက နောက်ဆုံးအတန်းမှာ နေရာချခံလိုက်ရသည်။

သူ့လက်တစ်ဖက်ပေါ် သူ့ပါးကိုတင်ပြီး ပြတင်းပေါက်ကို ပျင်းရိစွာကြည့်နေလိုက်သည်။အခုအခြေအနေက သူ့မူလတန်းကျောင်းတုန်းက အခြေအနေကို တွေးနေရုံအပြင် မတတ်နိုင်ခဲ့ဘူး။
အဲ့အချိန်တုန်းက အဲ့မတိုင်ခင်အထိသူလည်း တစ်ယောက်တည်း ထိုင်နေခဲ့ရသည်...။

မနှစ်မြို့စရာအမှတ်တရတွေကိုတွေးရင်း လျန်ရှန့်ရဲ့မျက်နှာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ဒင်ဒေါင်။

ဝမ်ဝမ်ဆီကနေ စာတစ်စောင်ရောက်လာခဲ့သည်။

[ဝမ်ဝမ် : ဒီနေ့ကျောင်းဆင်းရင် နင်စာလေ့လာချင်လား?]

[လင်းလျန်ရှန့် : နင်အားလို့လား?]

[ဝမ်ဝမ်: ငါ့အိမ်မှာ ဧည့်သည်တွေရှိတယ်၊ဒါကြောင့် ငါတို့ နင့်အိမ်ကိုပဲ သွားလို့ရမှာ။]

[လင်းလျန်ရှန့် : အိုး]

သူတို့နှစ်ဦးသည် ယခင်က ထိုင်ခုံဖော်များဖြစ်သောကြောင့် မကြာခဏဆိုသလို စာလေ့လာရာမှာတစ်ယောက်ကိုတစ်ယောက် လေ့လာကူညီခဲ့ကြသည်။ဝမ်ဝမ်သည် သူ့အိမ်ကို မကြာခဏ လာလေ့ရှိပြီး သူလည်း သူမနေရာသို့ သွားခဲ့သည်။

သူ စာပို့နေတုန်း သူ့ရှေ့စားပွဲက လူက သူ့ပခုံးကို လှုပ်လိုက်ပြီး
"ဟေး လင်းလျန်ရှန့်"

သူ မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်ဆိုးသွားပြီး
"ဘာလဲ?"

"မပေါ်လာသေးတဲ့ကျောင်းသားတစ်ယောက်ရှိသေးတယ် သိလား? မင်းလိုပဲ ကြယ်ပွင့်တွေရဲ့ ဒုတိယမျိုးဆက် ကျောင်းသူတစ်ယောက်လို့ ငါကြားတယ်။"

လျန်ရှန့် အော်ဟစ်လိုက်ပြီး
"ငါ့ကိစ္စမဟုတ်ဘူး"

....ဒီကောင်က ပေါင်းဖို့ ခက်တာပဲ။

ရှေ့ခုံက ကျောင်းသားလေးဟာ သူ့ရဲ့ပူနွေးနေသည့်မျက်နှာလေးကို အေးစက်နေတဲ့ ဖင်ထဲ နောက်တစ်ကြိမ်ထည့်ထားချင်စိတ်တောင်မရှိတော့ဘူး။

ခဏလောက်ကြာတဲ့နောက်မှာ....

လျန်ရှန့်ဟာ တကယ်ပဲ သူ့ကိစ္စဆိုတာ သိသွားတော့သည်!။

နှစ်ပေါင်းများစွာကြာပြီးနောက်မှာ လင်းလျန်ရှန့်သည် ထန်ထန် နှင့် နောက်တစ်ကြိမ်တွေ့ဆုံနိုင်ခဲ့သည်။

သူမသည် အများကြီးမကြီးထွားလာသော်လည်း ယခင်ကထက် အနည်းငယ် ပိန်သွားခဲ့သည်။သူမသည် ပန်းချီကားထဲက ကံကောင်းတဲ့ အရုပ်လေးလို ပန်းသီးပုံစံမျက်နှာဝိုင်းဝိုင်းလေးနှင့်ဖြစ်သည်။

ထန်ထန်အတန်းထဲဝင်လာတော့ လျန်ရှန့်ကို တစ်ချက်ကြည့်လိုက်သည်။သူမ မျက်ခုံးပင့်ကာ ကောင်လေးဘေးက ခုံဆီသို့ တည့်တည့်သွားလိုက်သည်။

"လင်းလျန်ရှန့်"

လျန်ရှန့်သည် သူ့လက်ဖြင့် သူ့နဖူးကိုရိုက်လိုက်ပြီး သူ့ကိုယ်သူကျန်ဆဲလိုက်ချင်တော့သည်။

"နင့်အတွက် ငါပြန်လာပြီ၊နင်စိတ်မလှုပ်ရှားဘူးလား?"

"......"

စိတ်လှုပ်ရှားလွန်းလို့ ကြက်သီးပါထတယ်။

"ငါနင့်ကို စကားပြောနေတယ်လေ"
ထန်ထန်သည် သူမလက်လေးကို ဆန့်ထုတ်ကာသူ့နားကို တိုက်ရိုက်ဆွဲလိုက်ပြီး
"ငါ့မျက်လုံးတွေကိုကြည့်ပြီးစကားပြော"

အားများလွန်းသဖြင့် လျန်ရှန့်သည် နာကျင်သွားပြီး သူ့သွားများကိုပင် ကိုက်မိသွားသည်။
"လွှတ်လိုက်--!"

ထန်ထန်က ငြင်းဆန်လိုက်ပြီး
"ငါ့ကို လျစ်လျူရှုထားဖို့ ဘယ်သူပြောလဲ?"

"မင်းနဲ့ ငါ မရင်းနှီးဘူး"

ထန်ထန်က အားပိုထည့်လိုက်ပြီး
"ဒါက နင့်ရဲ့ အနာဂတ် ဇနီးလောင်းအပေါ်မှာထားတဲ့ နင့်သဘောထားလား?"

ဒီစကားထွက်လာတာနှင့် အတန်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

အပျိုဖော်ဝင်စအရွယ်ရှိ ဆယ်ကျော်သက် မိန်းကလေးများ အားလုံး အံ့အားသင့်သွားကြပြီး
"လင်းလျန်ရှန့် နင် ကလေးဘဝထဲက စေ့စပ်ခဲ့တာလား?"

"သူက နင့်ရဲ့ဇနီးလောင်းလား?"

"ဒါဆို ငါအခုထဲက မင်းတို့မင်္လာဆောင်အတွက် ပိုက်ဆံစုထားတော့မယ်"

"......"

လူတိုင်း ရယ်မောလိုက်ကြသည်။

လျန်ရှန့်သည် ဒေါသတကြီးဖြင့် ရှက်ရွံ့စွာ စိုက်ကြည့်ရင်း
"အဓိပ္ပာယ်မရှိတာ‌တွေမပြောနဲ့။ပြောတဲ့သူရဲ့ ပါးစပ်ကို မျက်ရည်ကျတဲ့အထိ ငါရိုက်ပစ်မယ်!"

သူ၏ပြင်းထန်သောအမူအရာနှင့်သတိပေးချက်ကြောင့် သက်ဝင်လှုပ်ရှားနေသော အတန်းတစ်ခုလုံးသည် သေသွားသလိုမျိုး တိတ်ဆိတ်သွားကြသည်။

"ငါ့ကိုလွှတ်လိုက်!"
လျန်ရှန့်သည် ထန်ထန် ၏လက်ကို အတင်းဆွဲထုတ်လိုက်ရာ သူ့နားသည် အလွန်နာကျင်သွားခဲ့သည်။သူက ထန်ထန် ရဲ့အကြည့်ကို ရှောင်လိုက်ပြီး
"ငါ့နဲ့ဝေးဝေးနေ။"

ထို့နောက် သူက စားပွဲကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည်။

ထိုနှစ်တွင် သူမပြောခဲ့သောစကားသည် ချန်းကျီရှန်းကိုဒေါသအရမ်းထွက်စေခဲ့ပြီး သူမကို သည်းခံနိုင်ပဲ အမေရိကားကိုပို့လိုက်သည်။ကလေး တစ်ယောက်က ဘာလုပ်နိုင်မှာလဲ?။ငိုပြီး ကမောက်ကမ လုပ်တာကလွဲလို့ ဘာမှမလုပ်နိုင်ဘူး။ထန်ထန်၏ စိတ်ဝိညာဉ်သည် အရွယ်ရောက်နေပြီဖြစ်ပြီး ဇွန်ဘီဘုရင်ဖြစ်ခဲ့သည်မှာလည်း တစ်နှစ်ခွဲကျော်ရှိပြီဖြစ်သည်။သေမင်း၏ရှင်ဘုရင်ပင်လျှင် ရှင်ဘုရင်ဖြစ်နေဆဲဖြစ်သောကြောင့် အကျင့်စာရိတ္တ‌ ကောင်းပုံဟန်ဆောင်ကာ ကြိုးစားအားထုတ်ပြီး ကောင်းစွာလုပ်ဆောင်နိုင်ခဲ့သည်။နောက်ဆုံးတော့ သူမ ပြန်လာနိုင်ခဲ့ပြီဖြစ်သည်။

အခု သူမမှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်!

ထျန်ကောအာ ၏ချွေးမဖြစ်လာဖို့ :")!

အတန်းခေါင်းလောင်းသံ မြည်လာပြီး ကျောင်းသားများသည် နာခံမှုပြည့်ဖြင့် ထိုင်လိုက်ကြသည်။

ထန်ထန် က လင်းလျန်ရှန့် ဘက်ကို ငုံ့ကြည့်ပြီး "ဟေ့ ထျန်ကောအာ ရောဘယ်လိုနေလဲ?"

လျန်ရှန့်က အေးစက်စွာပြောလိုက်သည်။
"ထျန်ကောအာက ဘယ်သူလဲ? ငါမသိဘူး"

"နင့်မာမီလေ၊သူမ ဘာတွေ လုပ်နေလဲ?"

သူမအသက်အရွယ်အရ ကျန်းထျန်သည် ယခုအသက်သုံးဆယ်ရှိသင့်ပြီဖြစ်သည်။

လျန်ရှန့်က အသက်ပြင်းပြင်းရှူလိုက်ပြီး အံကြိတ်ပြီးပြောလိုက်သည်။
"ငါ့မာမီကို နာမည်ပြောင်မပေးနဲ့၊ငါ့မာမီက သကြားလုံးမဟုတ်ဘူး။"

လျန်ရှန့်သည် မစ္စ ကျန်း ကို သူ၏မင်းသမီးလေးအဖြစ် သဘောထားကာ ကြီးပြင်းလာခဲ့ပြီး သူ့ရဲ့ မကောင်းဆိုးဝါး နဂါးဒယ်ဒီကြီးထံမှ ပြန်လည်ရယူလိုခဲ့သည်။လျန်ရှန့်သည် ကြီးပြင်းလာပြီး အရာရာနားလည်သောအခါတွင်ပင် လင်းလျန်ရှန့် လေးသည် သူ့မာမီကို သူ့ဘဝတွင် အချစ်ဆုံးနှင့် အမြင့်မြတ်ဆုံးသော မင်းသမီးအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။

"အိုကေ၊အိုကေ၊အိုကေ နင့်မာမီကသကြားလုံးမဟုတ်ဘူး ဒါပေမဲ့....."
ထန်ထန် သည် သူမ၏ပါးပြင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ့မျက်နှာကို စိုက်ကြည့်နေသည်။

ကောင်ငယ်လေး၏ ကလေးဆန်မှုသည် မှေးမှိန်မသွားဘဲ သူ့မျက်နှာတွင် ကလေးအဆီများပင် ရှိနေသေးသည်။သူ့ရဲ့ စိတ်အနှောက်အယှက်ဖြစ်နေတဲ့ အမူအရာက ကြည့်ရတာ စိတ်မသက်မသာဖြစ်ပေမဲ့ အရမ်းချစ်စရာကောင်းတယ်။ အရေးကြီးဆုံးက....သူက ကြည့်ရတာ အရသာရှိမဲ့ပုံပဲ။

"လျန်ရှန့်"

"ဘာလဲ?"

ထန်ထန်၏ မျက်လုံးလေးများသည် တောက်ပလာပြီး သူမ၏ အသံသေးသေးလေးက နူးညံ့ပြီး စေးကပ်နေကာ:
"နင်က အရသာရှိတယ်~"

သူ့မျက်လုံးများသည် တင်းကြပ်သွားပြီး သူ့မျက်နှာကို အမြန်ဖုံးလိုက်သည်။

ထန်ထန် က သူမနှုတ်ခမ်းကို ဖွဖွပိတ်ရင်း တိုးတိုးလေး ရယ်မောလိုက်သည်။

ကျောင်းဆင်းတာနှင့် ဒရိုက်ဘာက က သူတို့ကိုလာကြိုခဲ့သည်။ချူယီနှင့် အိုးရန်တို့သည် စာသင်ခန်းအပြီးတွင် နောက်ထပ် တစ်နာရီကြာ လှုပ်ရှားမှုများ ရှိသောကြောင့် လျန်ရှန့်နှင့် ဝမ်ဝမ် တို့က ကားပေါ်တွင် စောင့်နေခဲ့ရသည်။

ဝမ်ဝမ်၏ စိတ်နေသဘောထားသည် ရေကဲ့သို့ နူးညံ့သိမ်မွေ့ပြီး သူမ၏ ကျောင်းဝတ်စုံသည်လည်း သန့်ရှင်းသပ်ရပ်နေခဲ့သည်။

လျန်ရှန့်သည် ခြေချိတ်ထိုင်နေကာ သူ့မျက်လုံးထောင့်ကနေ ပြတင်းပေါက်ကိုကြည့်နေပြီး သူ့အမူအရာက ဂရုမစိုက်သည့်ပုံစံပေါက်နေခဲ့သည်။

ရုတ်ရက်ပဲ လျန်ရှန့်၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားကာ ကားမှန်ကိုချလိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။

မဝေးလှသည့် acacia ပင် အောက်တွင် မိန်းကလေးတစ်ချို့ ဝိုင်းခံနေရသည့် ထန်ထန်နှင့်တူသည့် မိန်းကလေးကို လျန်ရှန့်တွေ့လိုက်ရသည်။

"လျန်ရှန့် ဘာဖြစ်လို့လဲ?"

လျန်ရှန့် မျက်မှောင်ကြုတ်လိုက်ပြီး
"ဘာမှမဟုတ်ပါဘူး"

ဝမ်ဝမ် က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"နင်နည်းနည်းတော့ မပျော်သလိုပဲ"

သူ့ခေါင်းကို တစ်ဖက် လှည့်လိုက်ပြီး
"နင် အတွေးလွန်နေတာပါ။"
ထို့နောက် သူ အပြင်ကို ဆက်ကြည့်နေလိုက်သည်။

ကားသည် တဖြည်းဖြည်း မောင်းထွက်သွားပြီး သစ်ပင်ရိပ်ရှိ ထန်ထန် ၏ပုံရိပ်သည် မကြာမီပင်ပျောက်ကွယ်သွား‌တော့သည်။သူ့စိတ်မငြိမ်မသက်ဖြစ်လာပြီး နောက်ဆုံးမှာ ကြာကြာထိန်းမထားနိုင်တာကြောင့် ယာဉ်မောင်းကို ကားရပ်ခိုင်းဖို့ပြောလိုက်ပြီး အမြန်ပြေးဆင်းလာခဲ့သည်။

"လျန်ရှန့်၊နင်ဘယ်သွားမလို့လဲ?"

သူပြန်မဖြေတော့ဘဲ သူ့ပုံရိပ်က လေတိုက်သလို အမြန်ပြေးသွားတော့သည်။

"ဟေး၊ထန်ထန်"

ရုတ်​တရက်​ ထွက်လာသည့်အသံက သူတို့ကို ထိတ်​လန့်​သွားစေသည်​။သူတို့လှည့်ကြည့်လိုက်သောအခါ လျန်ရှန့်၏ ရက်စက်သော အကြည့်ကို တွေ့လိုက်ရသည်။

ထန်ထန်၏ မျက်လုံးများသည် စက်ဝိုင်းလို အကြိမ်အနည်းငယ် လှိမ့်ကာ ငိုယိုပြီး သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။
"လျန်ရှန့် သူတို့က ငါ့ကို အနိုင်ကျင့်တယ်!"

"......."

ထူးဆန်းတာက တခြားသူတွေရဲ့ အားကိုးတာခံရတဲ့ ခံစားချက်က တော်တော်ကောင်းတာပဲ။

လျန်ရှန့်က ထန်ထန်ကို ကာကွယ်လိုက်ပြီး
"မင်းတို့ဘာလုပ်နေတာလဲ?"

"ငါတို့...."
မိန်းကလေးအဖွဲ့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး
"ငါတို့က သူ့ လက်မှတ် လိုချင်လို့... "

ဒီအရွယ် ဆယ်ကျော်သက်လေးတွေဟာ ဒိုင်နိုဆော ကြော်ငြာလေးတွေကို ကြည့်ရင်း ကြီးပြင်းလာကြပြီး တကယ့်လူအစစ်ကို တွေ့ဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုမို့ သူတို့နဲ့ နီးစပ်ဖို့ အခွင့်အရေးကို မယူပဲ ဘယ်လိုနေနိုင်မှာလဲ။

လေထုသည် တိတ်ဆိတ်သွားပြီး အနည်းငယ် အဆင်မပြေဖြစ်လာခဲ့သည်။

ထန်ထန် သည် သူမ၏လက်များကို လွှတ်လိုက်ပြီး ခေါင်းငုံ့ကာ သူတို့ကို ရှက်ရွံ့စွာကြည့်နေလေသည်။

လျန်ရှန့်၏ပါးစပ်က တုန်လှုပ်သွားပြီး
"မေ့လိုက်တော့ သူတို့အတွက် လက်မှတ်ထိုးပေးရုံပါပဲ။"

သူသည် လက်ပိုက်ကာ သူ့နောက်ဘက်ရှိ acaciaပင်ပေါ်တွင် ပျင်းရိစွာ လှဲနေလိုက်သည်။

ထန်ထန် က တယောက်ပြီး တယောက် လက်မှတ် ရေးထိုး‌ပေးခဲ့ပြီး သူထွက်သွားတော့မယ်ဆိုတာမြင်လိုက်ရသည့်အခါမှာတော့ သူမရဲ့ နှလုံးသားက တအားခုန်နေပြီး အရှက်မဲ့စွာ ပြေးသွားခဲ့သည်။
"လျန်ရှန့်...."

"ဘာလဲ?"

"ငါတို့က ချိုမြိန်တဲ့ ငယ်ချစ်‌ လေးတွေလို့ နင်ထင်လား?"

လျန်ရှန့်က မောက်မာစွာ အော်ဟစ်လိုက်ပြီး "သရဲ ကပဲ မင်းရဲ့ ငယ်ချစ်"

"ဒီနေ့ ငါနင့်အိမ်ကို သွားလည်လို့ရမလား?"

သူသတိထားကြည့်လိုက်ပြီး
"မင်းဘာလို့ငါ့အိမ်ကိုလာလည်ချင်တာလဲ?"

"ငါ့အိမ်မှာ ဘယ်သူမှမရှိဘူး၊ပြီးတော့ငါ ထျန်ကိုလွမ်းတယ်...အဲ ထျန်ထျန်အားရီကိုလည်းလွမ်းလို့"

ဒီကမ္ဘာမှာ ကျန်းထျန်ကသာသူမ၏အတိတ်အကြောင်းကို သိပြီး သူမကို ဂရုစိုက်သည့် တစ်ဦးတည်း သောသူဖြစ်သည်။အသက်အရွယ် ကွာခြားသော်လည်း သူမကို အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် မှတ်ယူနေဆဲဖြစ်သည်။မရေမတွက်နိုင်သော ဓားဖျားပေါ်ရှိ သွေးများကို လျှာဖျားတွင် စို့နေသော ရက်ညများတွင်၊ အဖွဲ့အတွင်းရှိ လူအနည်းငယ်ကသာ သူမအား အားကိုးမှုနှင့် နွေးထွေးမှုအချို့ကို ပေးစွမ်းနိုင်သည်။ဒီတစ်သက်မှာ တစ်ယောက်နှင့်တစ်ယောက် မတွေ့ရတော့ဘူးဆိုတာ သူမ သိပေမယ့်လည်း သူတို့ကို သူမရဲ့အခင်ဆုံးသူငယ်ချင်းတွေအဖြစ် အမြဲမှတ်ယူနေဆဲ‌ဖြစ်သည်။

ဒီကိုရောက်လာတာက မတော်တဆဖြစ်ပြီး ကျန်းထျန်နှင့်တွေ့ဆုံမှုကလည်း တစ်သန်းမှာ တစ်ယောက်ရဲ့ ကံကြမ္မာပဲဖြစ်သည်

လျန်ရှန့် က မျက်မှောင်ကြုတ်လိုက်ပြီး
"မင်း ငါ့ကို နောက်နေတာလား?"

ချန်းကျီရှန်းနဲ့ သူ့အမေဟာ အမြဲတမ်း ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ကြသည်။ဆိုရှယ်မီဒီယာပေါ်မှာ နှစ်ရက်သုံးရက်တိုင်း တစ်ယောက်ကိုတစ်ယောက် ကိုက်ဖြတ်ကြပြီး ချန်းကျီရှန်း ဟာ အချိန်တိုင်း ရှုံးနိမ့်ခဲ့သည်။သူ မှတ်မိသေးသည် သူငယ်ငယ်တုန်းက ထန်ထန်သည် သူ့အမေရဲ့ အဝတ်ကို ညစ်ပတ်သွားအောင်လုပ်ခဲ့ဖူးသည်....။

"နောက်နေတာမဟုတ်ဘူး၊ ငါအတည်‌ပြောနေတာ။"

သူက မျက်လုံးကို ငုံ့ပြီး သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

ထန်ထန်၏မျက်လုံးများသည် ရိုးသားပြီး လိမ်ညာနေပုံမပေါ်ပေ။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လျန်ရှန့်က မကျေမနပ် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒါပေမဲ့ အကြာကြီးနေလို့တော့မရဘူး။ငါစာကျက်ရဦးမှာ"

ထန်ထန်က ဝမ်းသာအားရ သဘောတူလိုက်ပြီး သူ့‌နောက်ကိုလိုက်ကာ ကားဆီသွားလိုက်သည်။

ကားအတွင်းမှ ဝမ်ဝမ်က ထန်ထန် ကိုတွေ့သောအခါတွင် စိတ်မပါတပါပြုံးပြလိုက်သည်။

ထန်ထန်သည် ဝမ်ဝမ် ၏ကျော်ကြားမှုအကြောင်းကို ကြားပြီးပြီဖြစ်သည်။ဉာဏ်ရည်ထက်မြက်တဲ့ ကျောင်းအလှ လေး ပြီးတော့ လင်းလျန်ရှန့် ရဲ့ ချိုမြိန်တဲ့ ငယ်ချစ်လေး။သူတို့နှစ်ဦးဟာ အနာဂတ်မှာ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိလာလိမ့်မည်ဟု လူတိုင်းက ထင်ကြသည်။

သို့သော်လည်း....

ထန်ထန်ကတော့ ဒီလိုမထင်ပေ။

အရွယ်ရောက်ပြီးသူရဲ့အမြင်အရ လျန်ရှန့်၊ ဒီကောင်လေးဟာ ဝမ်ဝမ်လို နူးညံ့သိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်ကို ချစ်မိသွားခဲ့တာဖြစ်နိုင်ပေမဲ့ ဒီကောင်မလေးကတော့သူနဲ့ထပ်တူမခံစားရတာ ဆိုးလွန်းသည်။သူ သူမ(ဝမ်ဝမ်)ကို နီးကပ်အောင်ကြိုးစားတဲ့ ဖြစ်နိုင်ချေနှစ်ခုရှိသည်၊ပထမတစ်ခုက သူမက ချစ်စရာကောင်းလို့ဖြစ်ပြီး ဒုတိယတစ်ခုကတော့ သူမ(ထန်ထန်)လည်း နားမလည်သေးဘူး။ထန်ထန်ကတော့ ဝမ်ဝမ်ဟာ အခြားလူတစ်ယောက်နဲ့ အတူရှိသွားမယ်ဆိုတာ သေချာသိပေသည်။

ကျန်းထျန် တွင် ကလေးလေးယောက်ရှိပြီး ချူယီ သည် ကလေးတွင်ထဲတွင် ဝမ်ဝမ်ကဲ့သို့ ဉာဏ်အကောင်းဆုံးဖြစ်သည်။

ထန်ထန် သည် မျက်ခုံးပင့်လိုက်ပြီး သူမ၏ အတွေးတွင် ဘာမှမမှားကြောင်း ခံစားလိုက်ရသည်။

သူတို့အိမ်ပြန်ရောက်တော့ ညနေ ခုနစ်နာရီလောက်ရှိပြီဖြစ်သည်။အိမ်ထိန်းက သူ့ထံမှ ကျောင်းလွယ်အိတ်ကို ယူလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
"မစ္စတာနဲ့ မစ္စက အပြင်ထွက်သွားကြတယ် ညစာစားဖို့ပြန်မလာတော့တဲ့အကြောင်းလဲပြောသွားတယ်"

လျန်ရှန့်သည် ဒီစကား‌တွေက အရင်ထဲကကြားဖူးပြီးဖြစ်၍ ထူးပြီးမအံ့သြတော့ပေ။သူတို့
မောင်နှမတွေ အရွယ်ရောက်ကြီးပျင်းလာထဲက သူတို့မိဘများသည် တစ်ယောက်နဲ့တစ်ယောက် တစ်ပူးပူး ပိုဖြစ်လာကြသည်။တစ်ခါတလေကျရင် သူတို့အိမ်မပြန်လာတာ နှစ်လလောက်တောင်ရှိသည်။

"ဒါက....."
အိမ်တော်ထိန်း‌သည် နောက်ကလိုက်လာသော ထန်ထန်ကို သတိထားမိသွားသည်။

"ကျွန်တော့် အတန်းဖော်"
လျန်ရှန်က အများကြီး မပြောတော့ဘဲ သူမဘက်ကိုလှည့်လိုက်သည်။
"ကံဆိုးတာပဲ၊ငါ့မာမီက အိမ်မှာမရှိဘူး"

သူပြောချင်တာက မင်းပြန်လို့ရပြီပေါ့။

ထန်ထန်သည် ရှင်းထုတ်ဖို့မလွယ်တဲ့သူဖြစ်ပြီး သူမသည် လျန်ရှန့်ကို ပေါ့ပေါ့ပါးပါးဖြတ်လျှောက်သွားပြီး ဧည့်ခန်းထဲသို့ ဝင်သွားခဲ့သည်။
"နင်စိတ်မရှိရင် ငါနင်နဲ့အတူ စာကျက်ချင်တယ်။
ငါ အမေရိကားက ပြန်လာတာ မကြာသေးဘူးဆိုတာ နင်သိပါတယ်ပြီးတော့ ဒီကအတန်းတွေအကြောင်းလဲ သိပ်မသိဘူးလေ။ဝမ်ဝမ် နင်ရော စိတ်မရှိဘူးမို့လား?"

ဝမ်ဝမ် အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်သည်။

သူမက ပြုံးလိုက်ပြီး "လျန်ရှန့်ကော ဘယ်လိုလဲ?။"

"......"

ဝမ်ဝမ်ကသဘောတူပြီးသားဆိုတော့ သူဘာမှမပြောနိုင်‌တော့ပေမဲ့... နည်းနည်းတော့ စိတ်တိုနေမိသည်!!

ထန်ထန်သည် လျန်ရှန့်၏အိမ်တွင် အရှက်မရှိစွာနေခဲ့သည်။ ညစာစားပြီးနောက် သူတို့သုံးယောက်သည် စာကျက်ရန်သွားကာ မနက်ဖြန်အတွက် လုပ်ရမည့် အိမ်စာများကို စတင်လုပ်ကြသည်။

ဝမ်ဝမ်သည် စကားလုံးတိုင်းကို စိတ်အားထက်သန်စွာပြော‌နေခဲ့ပြီး လျန်ရှန့်သည် သူ့စာအုပ်ထဲတွင် မှတ်စု ရေးနေခဲ့ကာ ရံဖန်ရံခါ သူမအား စိုက်ကြည့်နေခဲ့သည်။ ဒီကောင်ငယ်လေးက အချစ်မှာ နစ်မြောနေတာပဲ။

"ဒီအကြောင်းပဲ။လျန်ရှန့် နင်က ပုံသေနည်းရဲ့အဓိကအချက်တွေကို အလွတ်ကျက်ဖို့ပဲလိုတယ်။"

လျန်ရှန့်သည် အာရုံများပြန်ရောက်လာပြီး ခေါင်းကို ဖြည်းညှင်းစွာညိတ်လိုက်သည်။

သူမ၏ ကျောင်းလွယ်အိတ်ကို ထုပ်ပိုးနေစဉ်တွင် သူမ၏ မျက်တောင်များသည် အနည်းငယ်တုန်သွားပြီး
"နင့် အစ်ကိုတွေက ပြန်မလာသေးဘူးလား" ဟု မေးလိုက်သည်။

"သူတို့မကြာခင်ပဲပြန်လာတော့မယ်လို့တော့ငါထင်တယ် သူတို့ ကျောင်းဆင်းရင် လှုပ်ရှားမှုတစ်ချို့လုပ်ဖို့ရှိနေသေးလို့"

ဝမ်ဝမ် သည် နောက်ထပ်မေးခွန်းများမမေးတော့ဘဲ ကျောင်းလွယ်အိတ်ကို ကျောတွင်ထားကာ ထွက်လာခဲ့လိုက်သည်။ဒါကိုမြင်တော့ ထန်ထန်က ထပြီး နောက်က လိုက်လာခဲ့လိုက်သည်။

သူတို့သုံးယောက်သား အောက်ထပ်သို့ဆင်းလာသောအခါ တံခါးဝမှ ချူယီနှင့် အိုးရန်တို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။

ဝမ်ဝမ် သည် သူမ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး အခြားသူများနှင့် စကားပြောနေသော ကောင်လေးကို ကြောင်‌ကြောင်လေးစိုက်ကြည့်နေသည်။

သူ့ကျောင်းဝတ်စုံက သန့်ရှင်းသပ်ရပ်နေပြီး သူ့အင်္ကျီကြယ်သီးတွေကိုလည်း သေသေချာချာ တပ်ထားသည်။သူ့တွင် အနက်ရောင်ဆံပင်၊ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော မျက်နှာနှင့် သူ့မျက်ခုံးမွှေးများသည် ပန်းချီကားမှ ကူးယူထားသလိုမျိုး နွေးထွေးသိမ်မွေ့သည့်ပုံပေါက်သည်။

တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေသည်ဆိုတာ ခံစားလိုက်ရပုံရသောချူယီသည် နောက်ကိုလှည့်ကြည့်လိုက်သည့်အခါ တခဏချင်းမှာပဲ သူ့မျက်လုံးထဲက နူးညံ့သိမ်မွေ့မှုက ပျောက်ကွယ်သွားပြီး လျစ်လျူရှုခြင်းတွေနှင့် အစားထိုးသွားခဲ့သည်။

"အတန်းဖော် ဝမ်ဝမ် ၊မင်းဒီကို လျန်ရှန့်ကို စာသင်ပေးဖို့ ထပ်လာတာလား?"
လူငယ်လေး၏ အသံသည် ပြတ်သားပြီး စူးရှသည်။

ဝမ်ဝမ်၏ နားရွက်များသည် အနည်းငယ်နီမြန်းနေပြီး သူမ၏အသံမှာ အနည်းငယ်တုန်ယင်နေသည်။
"ငါ-ငါ အားလုံးကို မနှောင့်ယှက်ချင်ပါဘူး၊ ငါအရင်သွားတော့မယ်။"

သူမ‌ ပြောပြီးတာနဲ့ အိမ်အပြင်ကို ပြေးထွက်သွားတော့သည်။

သူမနောက်တွင် ငြိမ်သက်စွာရပ်နေသော ထန်ထန်သည် သူမ၏မျက်ခုံးများကို ကျဉ်းမြောင်းလိုက်သည်။သူမ မှန်နေတာပဲ၊ ဒီကလေးမလေးကလင်းမိသားစုရဲ့ သူဌေးလေးကို သဘောကျနေတယ်။

ကောင်းပြီ၊ဒီအကြီးဆုံးသားလေးက အရမ်းကြည့်ကောင်းတယ်။သူ သာဉာဏ်သိပ်မကောင်းရင် သူမလည်း သူနဲ့ချိန်းတွေ့ချင်တယ်။

"လျန်ရှန့် မင်းအနောက်က တစ်ယောက်က မင်းအတန်းဖော်လား?"

သူ့ရဲ့နတ်ဘုရားမ‌လေးထွက်သွားတာကို စောင့်ကြည့်နေတဲ့ လျန်ရှန့်က ထန်ထန်ရဲ့ ဖြစ်တည်မှုကို သတိရသွားခဲ့သည်။သူက သူ့နှုတ်ခမ်းလေးကိုဆူပြီး ထန်ထန်ကို အရှေ့ကို ဆွဲယူလိုက်သည်။
"မင်းကိုယ်မင်း မိတ်ဆက်လိုက်"

ထန်ထန် ကဂရုမစိုက်ဘဲပြုံးလိုက်ပြီး
"တွေ့ရတာဝမ်းသာပါတယ် ချူယီကောကောနဲ့ အိုးရန်ကောကော ငါက ထန်ထန်ပါ"

.....ထန်ထန်

သူမရဲ့နာမည်က ဘာလို့အရမ်းရင်းနှီးနေရတာလဲ?

"ငါ့အမေက ချန်းကျီရှန်းလေ"

"......."

"............."

သေလုနီးပါးတိတ်ဆိတ်သွားခဲ့သည်။

အိုးရန်သည် မျက်နှာအနည်းငယ်ပြောင်းလဲသွားသော ချူယီကိုကြည့်ကာ ကြီးမားသောသေနတ်နှင့်ပစ်ခံလိုက်ရပုံ‌ ပေါ်သော လျန်ရှန့် ကိုကြည့်ပြီးစကားမပြောမီ ခြေလှမ်းနှစ်လှမ်းဆုတ်သွားသည်။
"ငါ ချင်းချင်းကို သွားကြိုလိုက်ဦးမယ် သူမ မကြာခင်ပြန်ရောက်တော့မှာ"

သူ ထိုစကားကို နောက်ပြန်မလှည့်ဘဲ ပြောလိုက်ပြီး ချက်ခြင်း ရှောင်ထွက်သွားခဲ့သည်။

ချူယီ၏ နှုတ်ခမ်းထောင့်မှ အပြုံးလေးတစ်ခု ထွက်ပေါ်လာပြီး
"ငါ မင်းအမေရိကားကိုသွားတယ်လို့ကြာခဲ့တယ်။မင်းထွက်သွားတုန်းကဆို လျန်ရှန့်က အကြာကြီး ဝမ်းနည်းနေခဲ့သေးတယ်"

ထန်ထန်သည် ဒီစကားကိုကြားသောအခါ အနည်းငယ် အံ့သြသွားပြီး မနေနိုင်ဘဲ လျန်ရှန့် ကို တစ်ချက်ကြည့်လိုက်သည်။

လျန်ရှန့်သည် သူ့အစ်ကို၏ မှတ်ချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး သူ့မျက်နှာတွင် နီရဲနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
"အဓိပ္ပာယ်မရှိတာတွေမပြောနဲ့ချူယီ။ ငါဘာမှ ဝမ်းမနည်းဘူး!။အရူးပဲ ဝမ်းနည်းမှာပေါ့!! မင်းအဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် ငါ မင်းကို လျစ်လျူရှုထားတော့မှာ!"

သူဒေါသတကြီးနဲ့ ခြေထောက်ကို ဆောင့်ပြီး အပေါ်ထပ်ကို ပြေးတက်သွားသည်။

ချူယီ က ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး
"လျန်ရှန့်က မင်း ပြန်လာလို့ ဝမ်းသာနေတာ"

ထန်ထန် အံသြသွားပြီး "ဟမ်?"

ချူယီ သည် သူ့မျက်လုံးများကို အနည်းငယ်မှိတ်ချလိုက်ပြီး
"လျန်ရှန့်ရဲ့ ပါးစပ်က မကောင်းပေမယ့် သူ့စရိုက်က မဆိုးပါဘူး။မင်းတို့ အတန်းဖော်တွေ ပြန်ဖြစ်လာတော့ ငါ့ညီလေးကို ဂရုစိုက်ပေးပါ"

သူက ထန်ထန်ရဲ့ မျက်လုံးများနှင့် ဆုံအောင် သူ့ခါးကို အနည်းငယ်ကွေးလိုက်သည်။သူသည် အသက် 14 နှစ်သာရှိသေးသော်လည်း ထန်ထန် သည် နားမလည်နိုင်သော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။

ထန်ထန်ခေါင်းညိတ်လိုက်ပြီး
"သေချာတာပေါ့ လောင်တကော၊ဒါကပြဿနာမရှိပါဘူး။လောင်တကော!"

ချူယီခဏလောက် အေးခဲသွားပြီး နောက်မှာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။သူရဲ့ အပြုံးသည် ဧပြီလ၏ နွေဦးလေပြေ ကဲ့သို့ တောင်တန်းများရှိ နှင်းများနှင့် ရေခဲများကို တခဏချင်းပင် အရည်ပျော်သွားစေနိုင်သည်။

T.N sorry for late update

acacia tree


ZAWGYI

လ်န္ရွန႔္သည္ မၾကာေသးမီက အနည္းငယ္ စိတ္အေႏွာင့္အယွက္ျဖစ္ေနခဲ့သည္။မၾကာေသးမီက ေက်ာင္းေျပာင္းလာခဲ့ေသာ ေက်ာင္းသူအသစ္ကို သူမုန္းေနခဲ့သည္။

စင္ျမင့္ေပၚ၌ သူမကိုယ္သူမ မိတ္ဆက္ေနေသာ ထန္ထန္ ကိုၾကည့္ရင္း သူ႔မ်က္ႏွာေသးေသးေလးသည္ ၾကမ္းျပင္ေပၚသို႔ က်လုနီးပါးျဖစ္သြားခဲ့သည္။

ထန္ထန္ သည္ မၾကာခဏ TV တြင္ ပါလာတတ္သည္။ မၾကာေသးမီက လူႀကိဳက္မ်ားေသာ ဒိုင္ႏိုေဆာ ေၾကာ္ျငာတြင္ မင္းသမီးေလးအျဖစ္ သ႐ုပ္ေဆာင္ထားခဲ့သည္။ဒီအ႐ြယ္ကေလးေတြဟာ ဒိုင္ႏိုေဆာအ႐ုပ္ေလးေတြနဲ႔ ဘာဂါေတြကိုသာ ႀကိဳက္ႏွစ္သက္ၾကၿပီး သူမကို ဘယ္သူမွ မသိၾကေပ။

ေပ်ာ္႐ႊင္မႈမ်ားၾကားတြင္ လ်န္ရွန႔္၏ မ်က္ႏွာေလးကသာ စိတ္ပ်က္စရာမ်ားႏွင့္ ျပည့္ႏွက္ေနခဲ့သည္။

"ထန္ထန္ သမီး က်ိဳးေဟာင္ေဘးမွာ ထိုင္လို႔ရတယ္"

အတန္းထဲတြင္ လစ္လပ္ေနရာႏွစ္ခုသာ က်န္ေနၿပီး၊ အလယ္တန္းမွာတစ္ခုႏွင့္ ေနာက္ဆုံးတြင္ တစ္ခုျဖစ္သည္။လ်န္ရွန္႔ သည္ အသက္အ႐ြယ္တူ ေယာက္်ားေလးမ်ားထက္ အရပ္ပို၍ရွည္ေသာေၾကာင့္ ေနာက္ဆုံးတြင္သာထိုင္ရသည္။
ထန္ထန္သည္ ေျခဖ်ားေလးေထာက္ၿပီး ပတ္ပတ္လည္ကိုၾကည့္လိုက္သည္။သူမ လက္ညႇိဳးေလးက လ်န္ရွန႔္ကို ၫႊန္ျပလိုက္ၿပီး
"ေလာင္ရွီး(ဆရာ)သမီး အဲ့မွာ ထိုင္ခ်င္တယ္"

လ်န္ရွန႔္ရဲ႕ ႏွလုံးသားေလးဟာ နစ္ျမႇဳပ္သြားခဲ့သည္။

အတန္းပိုင္ဆရာက အနည္းငယ္ ခ်ီတုံခ်တုံ ျဖစ္ေနၿပီး
"အဲ့ေနရာက အရမ္းေဝးတယ္ေလ"

ထန္ထန္က ဝေပမယ့္ အရပ္မရွည္ပါဘူး၊ သူမသာေနာက္မွာ ထိုင္ရင္ ေက်ာက္သင္ပုန္းကို ျမင္ဖို႔ ခက္ခဲသြားလိမ့္မည္။

ထန္ထန္ က ေခါင္းခါလိုက္ၿပီး
"အဆင္ေျပပါတယ္၊ သမီးအဲ့မွာပဲ ထိုင္မယ္"

ေျပာၿပီးတာႏွင့္ သူမသည္ သူမ၏ ေက်ာင္းလြယ္အိတ္ကိုယူကာ လ်န္ရွန္႔ ေဘးရွိ စားပြဲခုံဆီသို႔ ေလွ်ာက္လာခဲ့သည္။

သူ႔ေဘးနားမွာထိုင္လိုက္ေသာ ကေလးမေလးအား ၾကည့္ရင္း လ်န္ရွန႔္ ၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားကာ တစ္ကိုယ္လုံး ေနလို႔မေကာင္းေတာ့ေပ။

"ေလာင္ရွီး သား သူမနဲ႔ မထိုင္ခ်င္ဘူး! သူသူမဒီမွာထိုင္မယ္ဆိုရင္ သား က်ိဳးေဟာင္ နဲ႔ထိုင္လိုက္မယ္။"
ေျပာၿပီးေနာက္မွာ လ်န္ရွန႔္သည္ သူ၏ေက်ာင္းလြယ္အိတ္ကို စတင္ထုပ္ပိုးလိုက္ေတာ့သည္။

က်ိဳးေဟာင္ က သူ႔လက္ကို ေျမႇာက္လိုက္ၿပီး
" ေလာင္ရွီး လ်န္ရွန႔္က အတန္းထဲမွာ အၿမဲလိုလို စကားမ်ားတယ္၊ ဒါက သား စာက်က္တာကို ထိခိုက္ေစတယ္ သားသူနဲ႔ မထိုင္ခ်င္ဘူး။"

လင္းလ်န္ရွန႔္ က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"ငါ-ငါ စကား မမ်ားပါဘူး!"

"မင္းက စကားမ်ားတယ္၊ ၿပီးေတာ့ မင္းက စကားမ်ားရတာကို ႀကိဳက္႐ုံတင္မကဘူး ငါ့အိမ္စာေတြကို ခိုးၾကည့္ရတာလည္း ႀကိဳက္ေသးတယ္။"

ခုနက စကားေျပာခဲ့တဲ့ ေက်ာင္းသားက လ်န္ရွန႔္ ရဲ႕ အရင္ကထိုင္ခုံေဖာ္ျဖစ္သည္၊ လ်န္ရွန႔္က ႐ိုင္းစိုင္းၿပီး စကားမ်ားတတ္တဲ့အတြက္‌ေၾကာင့္အတန္းထဲက ဘယ္သူကမွ သူ႔ကို သည္းမခံႏိုင္ေပ။သူႏွင့္အတူအမ်ားဆုံးအထိုင္ႏိုင္ဆုံးကေတာ့ တစ္ပတ္မွ်သာျဖစ္ၿပီး သို႔မဟုတ္ပါက တစ္ရက္အတြင္း ထိုင္ခုံေျပာင္းၾကသည္။အခ်ိန္ၾကာလာသည္ႏွင့္အမွ် လ်န္ရွန႔္ေဘးရွိ ထိုင္ခုံသည္ လြတ္လာခဲ့သည္။

သူသည္ ငယ္ငယ္ကတည္းက ကဲ့ရဲ႕ရႈံ႕ခ်ျခင္းကို ခံခဲ့ရဖူးၿပီးျဖစ္၍ သူ႔မ်က္ႏွာသည္ ၿမိဳ႕႐ိုးႏွင့္ ႏႈိင္းယွဥ္လို႔ရ‌ေအာင္ပင္ ထူထပ္ေနခဲ့သည္။သူ႔အတန္းေဖာ္မ်ားဆီက ျငင္းပယ္ခံရေသာ္လည္း လ်န္ရွန႔္ သည္ သူ႔စိတ္ထဲတြင္ သိပ္မခံစားရသလို သူ႔ခံစားခ်က္ကိုလည္း မထိခိုက္ခဲ့ေပ။သူနည္းနည္းေလး စိတ္မခ်မ္းသာေတာ့ဘူး ၊ တျခားသူေတြကလည္း သူနဲ႔ မထိုင္ခ်င္ဘူး ၊ ထန္ထန္ကလည္း ထိုင္ခုံမေျပာင္းခ်င္ဘူး ၊ ဆိုလိုတာက.... သူတို႔ စားပြဲတစ္ခုတည္းမွာပဲ ထိုင္ရေတာ့မွာေပါ့!!

လ်န္ရွန႔္ အရမ္းစိတ္ဆိုးသြားခဲ့သည္။

သူ ထန္ထန္ ကို မႀကိဳက္သလို သူမကို မႀကိဳက္႐ုံသာမက သူမကို မုန္းတီးခဲ့သည္။

ဒီမိန္းကေလးက ဟန္ေဆာင္ၿပီး ရက္စက္တတ္သည္။ တစ္ခါက သူမသည္ သူ႔ရဲ႕ မင္းသမီးေလးလို ညီမေလးကို ငိုေအာင္ လုပ္ဖူးသည္။သူနဲ႔ ထန္ထန္ကိုအတူတူထိုင္ခြင့္ေပးမည့္အစား သူ႔ကိုခ်က္ခ်င္းသတ္ဖို႔ ဓားတစ္ေခ်ာင္းေပးလိုက္တာ ပိုေကာင္းဦးမယ္။

"ေလာင္ရွီး အတန္းနားေထာင္ဖို႔ ကြၽန္ေတာ္သြားထိုင္လိုက္မယ္"
သူ ေက်ာင္းစာအုပ္ေတြကို စားပြဲေပၚတင္လိုက္ၿပီး စားပြဲနဲ႔ ကုလားထိုင္ကို ေနာက္ဘက္ေထာင့္ကိုေ႐ႊ႕လိုက္သည္။

ထန္ထန္ မ်က္ေတာင္ေလးခတ္လိုက္ၿပီး ခုံတန္းေလးကိုယူကာ သူ႔ေနာက္ကို လိုက္သြားလိုက္သည္။

လ်န္ရွန႔္ က သူ႔ႏႈတ္ခမ္းေတြကို ဖိထားၿပီး သူ႔ခုံကိုယူၿပီး ဆန႔္က်င္ဘက္ေထာင့္ကို ေ႐ႊ႕လိုက္သည္။ထန္ထန္ ကလည္း အျမန္သူ႔ေနာက္ကို လိုက္ခဲ့ျပန္သည္။

လ်န္ရွန္႔က မေနႏိုင္ေတာ့ဘဲ စားပြဲကို ႐ိုက္လိုက္ၿပီး မတ္တပ္ထရပ္လိုက္သည္။
"မင္းအရမ္း ပ်င္းေနတာလား!"

ထန္ထန္က ခ်ိဳခ်ိဳသာသာ ၿပဳံးျပလိုက္ၿပီး "မဟုတ္ပါဘူး"

လ်န္ရွန႔္ က ေဒါသတႀကီးနဲ႔
"မင္းက ဘာလို႔ ငါ့ကိုဒီေလာက္ စိတ္အေႏွာက္အယွက္ျဖစ္ေအာင္လုပ္ေနတာလဲ"

ထန္ထန္က သူမ သြားျဖဴျဖဴေလးေတြေပၚေအာင္ ရယ္ေမာလိုက္ၿပီး
"ငါက ခ်စ္ဖို႔ေကာင္းပါတယ္ ၾကည့္ရတာ ဘယ္ေတာ့မွ ၿငီးေငြ႕စရာမ‌ေကာင္းပါဘူး"

"....အရွက္ကိုမရွိဘူး"

ထန္ထန္: "အရွက္မရွိလို႔ ငါနင့္ကို လိုခ်င္တာေလ"

လ်န္ရွန႔္အံ့အားသင့္သြားၿပီး သူ႔မ်က္ႏွာေလးက နီျမန္းလာကာ ေဒါသတႀကီးျဖင့္ စားပြဲခုံကို မူလအေနအထားသို႔ ျပန္ေျပာင္းလိုက္သည္။

ထန္ထန္က မ်က္ခုံးပင့္လိုက္ၿပီး သူ႔ေနာက္ကို လိုက္လာျပန္သည္။

"လင္းလ်န္ရွန႔္ ထန္ထန္က ေက်ာင္းသူအသစ္၊ မင္းက ေယာက္်ားေလးပဲ၊ သူ႔ကို သည္းခံသင့္တယ္။"

လ်န္ရွန႔္က ေအးစက္စြာ ေအာ္ဟစ္လိုက္ၿပီး "ေယာက္်ားေလးေတြက မိန္းကေလးေတြကို သည္းခံရမယ္လို႔ ဘယ္သူေျပာလဲ။ ဒီကိစၥမွာ ငါ ေယာက္်ားေလး မျဖစ္ခ်င္ေတာ့ဘူး။"

ဒီစကားကို တစ္တန္းလုံးက သေဘာက်ၾကသည္။

"မင္းေျပာတာမွန္တယ္ ေကာင္မေလးေတြက ငါတို႔ကိုဘာလို႔သည္းမခံတာလဲ?"

"ငါ့အေမက ေယာက္်ားနဲ႔မိန္းမ တန္းတူအခြင့္အ‌ ေရးရွိရမယ္လို႔ေျပာေပမဲ့ ငါတို႔ အမွားလုပ္မိတိုင္း သူက ငါ့ကိုပဲ အျပစ္ေပးတယ္ ငါ့ညီမေလးက ေတာ့အဆင္ေျပတယ္"

"တန္းတူအခြင့္အေရး လိုခ်င္တယ္!!"

"ဟုတ္တယ္၊တန္းတူအခြင့္အေရး လိုခ်င္တယ္!!"

ေလာင္ရွီး :"......"

အင္း၊ ဒီႏွစ္မူလတန္းေက်ာင္းသားေတြက ထိန္းဖို႔တကယ္ခက္တာပဲ။

လ်န္ရွန႔္ ေၾကာင့္ ပထမတန္းကို ဆယ္မိနစ္ေက်ာ္ ေနာက္က်ခဲ့သည္။ ေခါင္းေလာင္းသံျမည္ၿပီးေနာက္မွာ လ်န္ရွန႔္ သည္ စာသင္ခန္းအျပင္ဘက္သို႔ ေျပးရန္ မေစာင့္ႏိုင္ေတာ့ေပ။

ေကာင္ေလး၏သက္ဝင္လႈပ္ရွားေနေသာ႐ုပ္သြင္ကိုၾကည့္ရင္း ထန္ထန္ သည္ သူမ၏ေမးေစ့ေလးကိုေထာက္ကာ ေလးေလးနက္နက္ေတြးေတာလိုက္သည္။

ဤကမာၻတြင္သူမ၏တာဝန္မွာ က်န္းထ်န္ ၏ေခြၽးမျဖစ္လာရန္ျဖစ္သည္။ လက္ရွိမွာ က်န္းထ်န္ တြင္ သားႏွစ္ေယာက္ရွိသည္။ထန္ထန္သည္ သူမ၏ကိုယ္ပိုင္ဉာဏ္ရည္ဥာဏ္ေသြးကို ေကာင္းမြန္စြာနားလည္ထားၿပီးျဖစ္၍ က်န္းထ်န္သားအႀကီးဆုံးကိုမရႏိုင္ေၾကာင္းကေတာ့ သူမေသခ်ာသည္။သူမရရွိခဲ့တဲ့ အခ်က္အလက္ေတြအရ လင္းလ်န္ရွန႔္ ဟာ ေခါင္းမာေပမယ့္ ႏူးညံ့သိမ္ေမြ႕ၿပီး လွည့္စားရလြယ္ကူသည္။အေရးႀကီးဆုံးအခ်က္က သူသည္ ဉာဏ္မမီေသာေၾကာင့္....
လ်န္ရွန႔္ သည္ သူမ၏ပစ္မွတ္ျဖစ္သည္။

ထန္ထန္ သည္ စာအုပ္ကိုပိတ္လိုက္ၿပီး သူမ၏ေပ်ာ့ေပ်ာင္းေသာဆံပင္မ်ားကို သပ္ကာ ေပါ့ေပါ့ပါးပါးေခ်ာင္းဆိုးလိုက္ၿပီး သူ႔ေနာက္မွလိုက္သြားခဲ့သည္။

လ်န္ရွန႔္အနားရွိ အတန္းေဖာ္က သူ႔လက္ကို ေခါက္လိုက္ၿပီး
"မင္းရဲ႕ ထိုင္ခုံေဖာ္အသစ္က မင္းကိုရွာဖို႔ ဒီမွာေရာက္ေနတယ္"

သူ႔မ်က္လုံးေထာင့္ကေန လွမ္းၾကည့္လိုက္ေတာ့ ထန္ထန္ ကို ေတြ႕လိုက္ရတယ္။သူအရမ္းတုန္လႈပ္သြားၿပီး ခ်က္ခ်င္း ေျပးထြက္သြားခဲ့သည္။

"လ်န္ရွန႔္ လ်န္ရွန႔္ နင္ငါ့ကို ေက်ာင္းကိုပတ္ျပဦးေလ!!"

လင္းလ်န္ရွန႔္ သည္ ေနာက္ျပန္လွည့္မၾကည့္ဘဲ သူ႔အရွိန္ကို ထိန္းကာ ျမန္ျမန္ေျပးလိုက္သည္။

သူ႔ေရွ႕မွာ ေယာက္်ားေလးသန႔္စင္ခန္းကို ျမင္လိုက္ရေတာ့ အသက္ရွဴမဝျဖစ္ေနတဲ့ လ်န္ရွန႔္က သူ႔ေျခလွမ္းေတြကို ရပ္လိုက္သည္။ရႈံ႕မဲ့ေသာ မ်က္ႏွာထားျဖင့္ သူ႔ေခါင္းကို ထန္ထန္ဆီလွည့္ျပၿပီးေနာက္မွာ သူသည္ ေယာက္်ားေလးသန႔္စင္ခန္းထဲသို႔ ဝင့္ႂကြားစြာ ေျပးဝင္သြားခဲ့သည္။

ထန္ထန္က မ်က္ေတာင္ခတ္လိုက္ၿပီး လက္ပိုက္ကာ တံခါးနားမွာ ေစာင့္ေနလိုက္သည္။

လင္းလ်န္ရွန႔္သည္ သန႔္စင္ခန္းထဲတြင္ ပုန္းေနသည္မွာ ေဘးကင္းမည္ဟု ထင္ခဲ့ေသာ္လည္း ထန္ထန္၏ ထူထဲေသာ အသားအရည္ကို သူ ေလွ်ာ့တြက္ခဲ့မိသည္။

သူထြက္လာတဲ့အခ်ိန္မွာ ထန္ထန္ က သူ႔ကိုၾကည့္ေနခဲ့သည္။

"......"

"မင္းဘာလိုခ်င္လို႔လဲ?"

ထန္ထန္ က သူမ၏လက္‌ေဖာင္းေဖာင္းေလးမ်ားကို ဆန႔္ထုတ္လိုက္ၿပီး
"ငါ နင္နဲ႔ သူငယ္ခ်င္းျဖစ္ခ်င္တယ္"

လ်န္ရွန႔္ က မ်က္ေမွာင္ၾကဳတ္လိုက္ကာ
"မင္းဘာလို႔ ငါနဲ႔ သူငယ္ခ်င္းျဖစ္ခ်င္တာလဲ။ ငါ မင္းသူငယ္ခ်င္းမျဖစ္ခ်င္ဘူး"

သူ႔တြင္ ဆံပင္ေကာက္ေကာက္ေလးေတြရွိၿပီး သူ၏ ေဒါသထြက္‌ ေနေသာပုံရိပ္ေသးေသးေလးမွာ အလြန္ပင္ခ်စ္ဖို႔ေကာင္းသည္။

ေဒါသထြက္ေနေသာ ေဖာင္းကားေနသည့္ မ်က္ႏွာေလးကို ၾကည့္ရင္း ထန္ထန္သည္ သူမ၏ တံေတြးကို ၿမိဳခ်လိုက္ၿပီး
"လင္းလ်န္ရွန႔္ နင္က အရမ္းအရသာရွိမဲ့ပုံပဲ"

"......"

"....???"

ေနာက္တစ္စကၠန႔္တြင္ ထန္ထန္သည္ သူ႔မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ကာ ေျခဖ်ားေထာက္လိုက္ၿပီး သူ႔ရဲ႕ ေဖာင္းကားေနေသာ ပါးကို ကိုက္လိုက္သည္။

လ်န္ရွန႔္: "...."

လ်န္ရွန႔္: "ဝါး--!"

သူ က်ယ္ေလာင္စြာ ငိုေႂကြးလိုက္ေတာ့သည္။

ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ၾကားက ရန္ပြဲေတြ ျဖစ္ေပၚလာခဲ့သည္။

တကယ္ေတာ့ ထန္ထန္က သူမဟာ လူသားေတြကို မစားႏိုင္ေတာ့ဘူးဆိုတာ သိေပသည္။ဇြန္ဘီဘုရင္၏ေနာက္ဆက္တြဲသည္ နက္ရႈိင္းစြာ အျမစ္တြယ္ေနေသာေၾကာင့္၊ ျဖဴေဖြးေသာအသားအရည္၊ ႏူးညံ့ၿပီး အဆီရွိေသာလူသားကို သူမ ျမင္သေ႐ြ႕ ဒါကိုဘယ္လိုမွ မလြန္ဆန္ႏိုင္ေပ။လ်န္ရွန္႔သည္ ႐ုပ္ရည္ေခ်ာေမာ႐ုံသာမက သူ႔မ်က္ႏွာဝိုင္းဝိုင္း ေလးတြင္ ႀကီးမားၿပီးခ်စ္စရာေကာင္းေသာ မ်က္လုံးမ်ားလည္းရွိၿပီး ႏွစ္သက္ဖြယ္ေကာင္းေသာ အက်င့္ေလးလည္း ရွိေပသည္။သူမဟုတ္ရင္ ဘယ္သူကိုမ်ား သူမ အႏိုင္က်င့္သင့္တယ္လို႔ ထင္လို႔လဲ?။

အခ်ိန္အတိုင္းအတာတစ္ခုအထိ ထန္ထန္ သည္ လ်န္ရွန႔္ ေနာက္ကို အရိပ္တစ္ခုလို လိုက္ေလသည္။သူမသည္ အတန္းထဲမွာ‌ေရာ၊ အားလပ္ခ်ိန္မွာ‌ေရာ၊ ေက်ာင္းဆင္းခ်ိန္မွာ‌ေရာသူ႔ေနာက္လိုက္ကာ စေန၊ တနဂၤေႏြမ်ားတြင္ပင္ သူ႔ကို လိုက္ေခၚတတ္သည္။

လ်န္ရွန႔္ ကအရမ္းစိတ္ဆိုးသြားသည္!။

သူ ေပါက္ကြဲလုနီးပါးျဖစ္ေနၿပီ!။

သူ႔ညီမထက္ ပိုအရွက္မဲ့တဲ့ မိန္းကေလးကို သူ တစ္ခါမွ မေတြ႕ဖူးဘူး!။

ေနာက္ဆုံးတြင္ သူသည္ ထန္ထန္ ၏အလိုက္ခံရျခင္းမွ လြတ္ေျမာက္ရန္ အႀကံတစ္ခုရလာခဲ့သည္။

တစ္ေန႔တြင္ ေက်ာင္းဆင္းသည္ႏွင့္ လင္းေဆြ႕က်ိဳး၏ မ်က္လုံးမ်ားရွိ မေက်နပ္မႈမ်ားကို လ်စ္လ်ဴရႈကာ စာအျမန္က်က္လိုက္ၿပီး က်န္းထ်န္ဆီသို႔ တိုက္႐ိုက္သြားလိုက္သည္။
"မားမား၊သား ေက်ာင္းေျပာင္းခ်င္တယ္!"

က်န္းထ်န္သည္ စာအုပ္ကိုေနာက္တစ္မ်က္ႏွာလွန္လိုက္ၿပီး သူ႔ကိုမၾကည့္ဘဲ ေပါ့ေပါ့ပါးပါးေမးလိုက္သည္။
"ဘယ္ေက်ာင္းကိုေျပာင္းခ်င္တာလဲ?"

လ်န္ရွန႔္က သူ႔လက္ကိုေဝ့ရမ္းလိုက္ၿပီး
"ဘယ္ေနရာျဖစ္ျဖစ္ အဆင္ေျပတယ္၊သား အခုတက္ေနတဲ့ေက်ာင္းကို ဆက္မတက္ခ်င္ေတာ့ဘူး"

လင္းေဆြ႕က်ိဳးက သူ႔ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး
"မင္း မိန္းကေလးတစ္ေယာက္အႏိုင္က်င့္တာခံခဲ့ရတယ္"

ေမးခြန္းမဟုတ္ေပမယ့္ ေသခ်ာေနတဲ့ေလသံႏွင့္ ေျပာလိုက္သည္။

လ်န္ရွန႔္ ကအသက္ရႈၾကပ္သြားကာ သူ႔လက္ေသးေသးေလးေတြက သူ႔အဝတ္ေထာင့္ကို မၿငိမ္မသက္ ဆုပ္ကိုင္လိုက္ၿပီး မေက်နပ္ခ်က္ေတြကို သူ႔မ်က္ႏွာအႏွံ႔ ေရးထားခဲ့သည္။

သူသည္ လူႀကိဳက္မ်ားၿပီး သူ႔အတန္းထဲက ေယာက္်ားေလးမ်ားႏွင့္ ဆက္ဆံေရးေကာင္းေကာင္းရွိသည္။အမ်ိဳးသမီး ေက်ာင္းသူေတြက သူနဲ႔ မကစားေသာ္လည္း သူ႔ကို ရန္စဖို႔ လာမွာ မဟုတ္ဘူး။အခု‌‌ေတာ့အဲ့ဒီထန္ထန္က လ်န္ရွန႔္ကို မကိုင္တြယ္ႏိုင္ေအာင္ ခ်က္ခ်င္းျပဳလုပ္ခဲ့သည္။

လင္းေဆြ႕က်ိဳးက ေလွာင္ေျပာင္လိုက္ၿပီး
"မင္းကိုၾကည့္ဦး မိန္းကေလးတစ္ေယာက္ကေတာင္မင္းကို ေက်ာင္းေျပာင္းေအာင္လုပ္ႏိုင္တယ္လား?"

လ်န္ရွန႔္က သူ႔လည္ပင္းကို ကိုင္ထားၿပီး ေသမွာကို မေၾကာက္ဘဲ ေျပာလိုက္သည္။
"ပါးပါး အရမ္းေတာ္တယ္၊သား မားမားေျပာတာကို အၿမဲတမ္းမေထာင္ေသးဘူး။"

"......."

သူက သူ႔စာအုပ္ကိုပိတ္ၿပီး ေအးေအးေဆးေဆးၾကည့္လိုက္သည္
"မင္းေျပာတာကို ထပ္ေျပာလိုက္ပါဦး"

အေငြ႕အသက္ေတြက သိပ္မေကာင္းေတာ့ဘူး။

လ်န္ရွန႔္က သူ႔တံေတြးကို မ်ိဳခ်လိုက္ၿပီး
"ပါးပါး-ပါးပါးက အရမ္းေတာ္တယ္၊ ဒါေပမယ့္ သားအေမေျပာတာ အားလုံးကို နားမေထာင္ေသးဘူး။"

ဒီစကားကို ေျပာၿပီးတာနဲ႔ သူ႔ေခါင္းကို လက္ႏွစ္ဖက္နဲ႔ကိုင္ထားၿပီး သူ႔မ်က္လုံးေတြကို တင္းတင္းမွိတ္ထားလိုက္သည္။

လင္းေဆြ႕က်ိဳးက မ်က္ခုံး အနည္းငယ္ ပင့္လိုက္ၿပီး
"မင္းမားမားက ေတာ္လို႔ ငါက မင္းမားမားေျပာတာအားလုံးကိုနားေထာင္တာ ဒါက ငါကမေတာ္လို႔ နားေထာင္တာလို႔ မဆိုလိုဘူး"

က်န္းထ်န္ : "........"

"မင္းေက်ာင္းေျပာင္းခ်င္ရင္ အလယ္တန္းေရာက္ေအာင္ေစာင့္လိုက္ဦး အခုေတာ့မဟုတ္ဘူး"
ေျပာၿပီးတာႏွင့္ သူ႔မ်က္လုံးေတြကိုငုံ႔လိုက္ၿပီး စာအုပ္ကို ဆက္ဖတ္ေနလိုက္သည္။

လ်န႔္ရွန႔္က ပိုပိုဆိုးလာၿပီး
"မား....."

က်န္းထ်န္က သူမသား၏ပုံစံကို လ်စ္လ်ဴရွဴထားၿပီးေျပာလိုက္သည္။
"ဒီတစ္ႀကိမ္ေတာ့ သားပါးပါးေျပာတာ နားေထာင္"

"........"

ေကာင္းကင္ဘုံက တကယ္တရားမွ်တမႈ မရွိဘူး!!

တျခားေက်ာင္းကိုေျပာင္းဖို႔ ေမွ်ာ္လင့္ခ်က္မရွိတာေၾကာင့္ သူလက္ရွိေက်ာင္းကိုပဲ ဆက္တက္ရေတာ့သည္။

စိတ္ရွည္သည္းခံၿပီး တစ္ရက္ၿပီးတစ္ရက္က ကုန္ဆုံးလာကာ စာသင္ႏွစ္ အဆုံးကိုေရာက္ရွိလာၿပီျဖစ္သည္ ဒီအဓိပၸာယ္က ေနာက္ႏွစ္လအတြင္းမွာ သူ ထန္ထန္နဲ႔ ထပ္ၿပီးဆက္ဆံရေတာ့မွာ မဟုတ္ဘူး။ဒါ‌ေၾကာင့္အရမ္းေပ်ာ္တယ္!။ စိတ္လႈပ္ရွားတယ္!

ေႏြရာသီႏွင့္ ေဆာင္းရာသီ အားလပ္ရက္ေတြမွာ သူ႔မိဘေတြက သူတို႔ကို ခရီးထြက္ခိုင္းၾကသည္။
လ်န္ရွန႔္သည္ ဤခရီးစဥ္ကို ေစာင့္ေမွ်ာ္ေနခဲ့ၿပီး အ႐ုပ္မ်ားႏွင့္ သူ၏ ခရီးေဆာင္အိတ္မ်ားကို အခ်ိန္မီ ျပင္ဆင္ထားခဲ့ေသာ္လည္း ... သူသည္ မၾကာမီကပင္ ေပ်ာ္႐ႊင္လြန္းေနခဲ့သည္။

"လ်န္ရွန႔္ မားမား က မင္းကို မူလတန္းေက်ာင္းက ေႏြရာသီ စခန္းမွာ စာရင္းသြင္းဖို႔ လက္မွတ္ထိုးခဲ့တယ္။ မင္းက မာမားကို အားကိုးလြန္းတယ္၊ ကိုယ္ကာယေလ့က်င့္ခန္းတစ္ခုခု လုပ္သင့္တယ္။"
က်န္းထ်န္ စားပြဲေပၚက သေဘာတူညီခ်က္စာ႐ြက္ကိုေကာက္ယူလိုက္သည္။

လ်န္ရွန႔္အနည္းငယ္ စိတ္ရႈပ္ေထြးသြားၿပီး
"အဲ့တာက ဘာလဲ?"

"ေႏြရာသီစခန္းေလ အဲ့မွာကေလးေတြအမ်ားႀကီးရွိတယ္။"
သူမ ပတ္ပတ္လည္ကို ၾကည့္လိုက္ေတာ့ ခရီးေဆာင္အိတ္ ေထာင့္မွာ စုပုံေနတာကို ေတြ႕လိုက္ရေတာ့ သူမ အနည္းငယ္ အံ့ၾသသြားခဲ့သည္။
"အာ လ်န္ရွန႔္က ကိုယ္ခရီးေဆာင္အိတ္ကို ဘယ္လိုထုတ္ရမယ္ဆိုတာ သိေနၿပီပဲ ေတာ္တယ္"

သူ႔ေခါင္းကိုညင္သာစြာထိၿပီးေနာက္မွာ သူမသီခ်င္း‌ေလးညီးရင္းအခန္းထဲကေနထြက္သြားလိုက္ၿပီး လ်န္ရွန႔္ တစ္ေယာက္ထဲကသာ တစ္ေယာက္ထဲ ေျခာက္ျခားမႈေတြႏွင့္ က်န္ရစ္ခဲ့သည္။

လ်န္ရွန္႔သည္ ယခင္က မည္သည့္ေႏြရာသီစခန္းမ်ားတြင္မွ် မပါဝင္ခဲ့ဖူးေသာ္လည္း ေႏြရာသီစခန္းမ်ားရွိ မေတာ္တဆမႈမ်ားအေၾကာင္း သတင္းမ်ားစြာကို သူဖတ္ဖူးခဲ့သည္။သူ႔ နတ္ဆိုးေမေမသည္ အရမ္းရက္စက္လြန္းၿပီး သူ႔ကို ထိုေနရာကို တစ္ေယာက္ထဲသြားေစခဲ့သည္။

ေႏြရာသီစခန္းခ်ျခင္းကို နီးကပ္ေသာ စီမံခန႔္ခြဲမႈျဖင့္ က်ယ္ဝန္းသည့္ ေတာတြင္း၌က်င္းပၿပီး ပါဝင္သူမ်ားသည္ မူလတန္းေက်ာင္းသူေက်ာင္းသားမ်ားသာမက အလယ္တန္းေက်ာင္းသားမ်ားလည္းျဖစ္သည္။

လ်န္ရွန႔္ သည္ မေပ်ာ္မ႐ႊင္ ခံစားခ်က္ျဖင့္ ေႏြရာသီစခန္းသို႔ ေရာက္ရွိလာၿပီး မထင္မွတ္ထားေသာ လူတစ္ေယာက္သည္ ႐ုတ္တရက္ ေပၚလာခဲ့သည္။

ကေလးမေလးတစ္ေယာက္သည္ စိမ္းလန္းေသာအရိပ္ႏွင့္ ေႏြးေထြးေသာေနေရာင္ေအာက္တြင္ ရပ္ေနကာ သူမ၏ ပန္းေရာင္ဝတ္စုံသည္ ခ်စ္စရာေကာင္းကာ ေတာက္ေျပာင္‌ေနၿပီး လူႀကီးတစ္ေယာက္၏လက္ကို ဆုပ္ကိုင္ထားကာ သူမ၏မ်က္လုံးမ်ားက လွည့္ပတ္ၾကည့္ေနကာ ေနာက္ဆုံးတြင္ သူ႔ဆီအေရာက္မွာရပ္တန႔္သြားၿပီး ပန္းမ်ားထက္ပင္ ပိုမိုေတာက္ပေနသည့္ ေတာက္ပေသာ အၿပဳံးကို ၿပဳံးလိုက္သည္။

လ်န္ရွန႔္၏ ပခုံးမ်ားသည္ တုန္ခါသြားၿပီး က်န္းထ်န္ ၏ေနာက္တြင္ ခ်က္ခ်င္း ပုန္းေနလိုက္သည္။

က်န္းထ်န္သည္ သူမသား၏ မူမမွန္မႈကို သတိျပဳမိလိုက္ၿပီး သူ႔အၾကည့္ကိုလိုက္ၾကည့္လိုက္ရာ သူမ၏ မ်က္လုံးမ်ားသည္ အျခားတစ္ဖက္ရွိ ခ်န္းက်ီရွန္းႏွင့္ ဆုံမိသြားသည္။

"လ်န္ရွန႔္!!"
ထန္ထန္သည္ ခ်န္းက်ီရွန္း၏ လက္ကိုျဖဳတ္လိုက္ၿပီး ျမင္း႐ိုင္းေလးတစ္ေကာင္လိုမ်ိဳး လ်န္ရွန႔္ဆီကို ေျပးလာလိုက္သည္။

လ်န္ရွန႔္က ေအာ္ဟစ္လိုက္ၿပီး က်န္းထ်န္ေပၚေျပးတက္လိုက္သည္။

"ထန္ထန္ ျပန္လာခဲ့" ခ်န္းက်ီရွန္းက မ်က္ေမွာင္ၾကဳတ္ၿပီး ေျခလွမ္းေတြကို အရွိန္ျမႇင့္လိုက္သည္။

"ဒီကိုမလာနဲ႔!"
လ်န္ရွန႔္ဟာ သူ႔လက္ေတြကို က်န္းထ်န္ လည္ပင္းမွာ ဖက္ထားၿပီး သူ႔မ်က္ႏွာတစ္ခုလုံးကို က်န္းထ်န္ လက္ေမာင္းၾကားမွာ နစ္ျမႇဳပ္ထားလိုက္သည္။

ထန္ထန္ ေမာ့ၾကည့္လိုက္ၿပီး ေတာက္ပစြာၿပဳံးလိုက္သည္။
"တိုက္ဆိုင္လိုက္တာ၊ နင္လည္း ေႏြရာသီစခန္းမွာ ေရာက္ေနတာလား?"

"ငါ့ကိုစကားလာမေျပာနဲ႔"

ထန္ထန္က က်န္းထ်န္ကို ၾကည့္လိုက္ၿပီး
"အားရီက နတ္သမီးေလးလို အရမ္းလွတာပဲ"

က်န္းထ်န္ : "......."

"ထန္ထန္ သမီးကိုမားမား ျပန္လာခဲ့လို႔ေျပာေန‌တယ္ေလ!"

ရန္သူေတြ ေတြ႕ဆုံတဲ့အခါ သူတို႔တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ရတာ မုန္းတယ္ လို႔ ေျပာၾကသည္။ခ်န္းက်ီရွန္းသည္ က်န္းထ်န္၏ ဖိအားေပးျခင္းကို အႀကိမ္မ်ားစြာ ခံခဲ့ရေသာေၾကာင့္ သူမ၏ ကေလးသုံးေယာက္ကိုပင္ သူမ မုန္းတီးေနခဲ့သည္။က်န္းထ်န္ကို ျပင္းထန္စြာ စူးစူးစိုက္စိုက္ၾကည့္ၿပီးေနာက္မွာ သူမသည္ ထန္ထန္ကို ျပန္ဖို႔ တြန္းအားေပးလိုက္သည္။
"မင္း ဒီေႏြရာသီစခန္းမွာ ပါဖို႔ မလိုေတာ့ဘူး"

ထန္ထန္၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားၿပီး
"ဘာလို႔လဲ?"

ခ်န္းက်ီရွန္းက ေအးစက္စြာေျပာလိုပ္သည္
"ဒါက အခ်ိန္ျဖဳန္းတာပဲ"

"မဟုတ္ဘူး"
ထန္ထန္ ကခ်န္းက်ီရွန္း ရဲ႕လက္ကို ခါလိုက္ၿပီး "စာေမးပြဲမွာ အမွတ္ 90 ေက်ာ္ရသေ႐ြ႕ဒါကိုပါလို႔ရတယ္လို႔ မားမား ကတိေပးခဲ့တယ္ေလ။မားမားကတိေပးထားလို႔ ဒီကတိကိုထိန္းထားရမယ္ေလ မဟုတ္ရင္ သမီး မားမားရဲ႕သမီးမျဖစ္ခ်င္ေတာ့ဘူး!"

ခ်န္းက်ီရွန္း အလြန္ေဒါသထြက္သြားခဲ့သည္။

ဒါကိုေတြးၾကည့္ရင္ သူမသမီးက ေလွ်ာ ေပၚကက်သြားၿပီး ေခါင္းကို ထိသြားၿပီးကတည္းက သူ႔ကိုယ္ရည္ကိုယ္ေသြး တစ္ခုလုံး ေျပာင္းလဲသြားၿပီး ပိုပိုၿပီး မနာခံတတ္ေတာ့ဘူး။

"မင္းကဘယ္သူ႔သမီးျဖစ္ခ်င္လို႔လဲ?။ ငါ့အျပင္ ဘယ္သူက မင္းကို ျပဳစုပ်ိဳးေထာင္ခ်င္မွာလဲ!!!"

ထန္ထန္ သည္ က်န္းထ်န္ထံသို႔ အလိုအေလ်ာက္ ေလွ်ာက္သြားလိုက္ၿပီး သူမ၏ လက္ကေလးကို ဆန႔္ထုတ္ကာ အက်ႌစကို ဆြဲလိုက္သည္။သူမေခါင္းေလးကိုေမာ့ၿပီး မ်က္လုံးေလးမ်ားကို က်ယ္က်ယ္ဖြင့္ၾကည့္ရင္း
"ထ်န္ထ်န္ သမီး အားရီရဲ႕ေခြၽးမလုပ္လို႔ရမလား?"

က်န္းထ်န္၏အေျဖကို မေစာင့္ဘဲႏွင့္ လ်န္ရွန္႔သည္ က်န္းထ်န္ကိုဖက္ထား‌ေသာ သူ႔လက္‌ ေလးကိုျဖဳတ္လိုက္ၿပီး ျမန္ျမန္ေျပာလိုက္သည္။
"ႀကိဳးစားတာေကာင္းတယ္!ဒါေပမဲ့ ငါ့အစ္ကိုအႀကီးဆုံးက မင္းကို လက္ထပ္မွာမဟုတ္သလို၊ငါ့ဒုတိယအစ္ကိုကလဲ ငါ့ညီမေလးနဲ႔ အတူရွိေနၿပီ
ဗက္ဟက္ဟက္!"

ထန္ထန္ : "ဒါဆို နင္ကေရာ?"

"ငါကလား ငါက...ဒါကမင္းရဲ႕ကိစၥမဟုတ္ဘူး!"

ထန္ထန္ ရဲ႕ ေလသံက တရားမွ်တမႈအျပည့္ျဖင့္ "နင္ငါ့ကိုလက္ထပ္တဲ့အခါက်၊ အဲဒါက ငါ့ကိစၥျဖစ္လာလိမ့္မယ္။"

လ်န္ရွန႔္က ေဒါသထြက္လြန္းလို႔ ငိုခ်လုနီးပါးျဖစ္သြားခဲ့သည္။
"ငါဒီေတာင္ေပၚက ခုန္ခ်လိုက္ၿပီး ေသသြားရင္ေတာင္ မင္းကို လက္ထပ္မွာမဟုတ္ဘူး"

သူ႔ရဲ႕အနာဂတ္ဇနီးက သူ႔ရဲ႕မာမီမင္းသမီးေလးသာျဖစ္ႏိုင္သည္၊ဒီလိုမ်ိဳးတင္းမာၿပီး ေဖာင္းကားေနတဲ့မိန္းကေလးကို သူ မည္သို႔လက္ထပ္ႏိုင္မွာလဲ!။ဒါလုံးဝ မျဖစ္ႏိုင္ဘူး!။

"ထန္ထန္ အဓိပၸာယ္မရွိတာေတြ မေျပာနဲ႔!"
စိတ္ဆိုးလြန္းေသာေၾကာင့္ ခ်န္းက်ီရွန္း၏ မ်က္ႏွာအသြင္အျပင္သည္ တျဖည္းျဖည္း ပုံပ်က္လာခဲ့သည္။သူမသမီးက သူေတာင္းစားနဲ႔ လက္ထပ္သြားရင္ေတာင္ သူမသည္းခံႏိုင္ေပမဲ့ က်န္းထ်န္ရဲ႕ သားနဲ႔ လက္ထပ္မွာကိုေတာ့သူမလုံးဝခြင့္ျပဳမွာမဟုတ္ဘူး။ဒါက ဘယ္ေလာက္ရွက္စရာေကာင္းလဲ!

ခ်န္းက်ီရွန္း သည္ ထန္ထန္၏ ခုခံမႈကို လ်စ္လ်ဴရႈလိုက္ၿပီး သူမကို ကားထဲသို႔ အတင္းတြန္းထည့္လိုက္သည္။

ကားေမာင္းထြက္သြားစဥ္ လ်န္ရွန႔္သည္ ကားျပတင္းေပါက္ေနာက္ဘက္တြင္ ထန္ထန္ သည္လဲေလ်ာင္း‌ေနၿပီး အျပင္ဘက္ကိုၾကည့္ေနသည္ကိုသတိျပဳမိလိုက္သည္။သူမ၏မ်က္လုံးမ်ားသည္ မွိတ္တုတ္မွိတ္တုတ္ျဖစ္ေနေပမဲ့ အဲ့အေနာက္ကအဓိပၸာယ္ကိုေတာ့ မေျပာ‌ႏိုင္‌ေပ။အခ်ိန္အေတာ္ၾကာမွ သူမမ်က္လုံးထဲရွိအဓိပၸါယ္မွာ သူသာျဖစ္ေၾကာင္း အေသအခ်ာသိလိုက္ရသည္။

ထိုေန႔ၿပီးေနာက္မွာ လ်န္ရွန႔္သည္ ထန္ထန္ ကို ထပ္မေတြ႕ရေတာ့ေပ။စာသင္ႏွစ္အသစ္စေသာအခါတြင္ ထန္ထန္သည္ ႏိုင္ငံျခားသို႔ ေက်ာင္းေျပာင္းသြားေၾကာင္း ဆရာမထံမွ သူၾကားသိလိုက္ရသည္။ဤသတင္းကိုၾကားလိုက္ရသည္ႏွင့္ လ်န္ရွန႔္ ၏ ပထမဆုံးတုံ႔ျပန္မႈသည္ အလြန္ေပ်ာ္႐ႊင္ေနခဲ့ၿပီး မယုံႏိုင္ေလာက္ေအာင္ပင္ ေပ်ာ္႐ႊင္ေနခဲ့သည္။

ၿပီးတာႏွင့္ ခ်က္ခ်င္းပဲ....

သူ႔ရင္ထဲတြင္ နားမလည္ႏိုင္ေသာ ဆုံးရႈံးမႈတစ္ခုျဖစ္ေပၚလာခဲ့သည္။

သူ႔ေဘးက ထိုင္ခုံက ေနာက္တစ္ႀကိမ္အလြတ္ျဖစ္သြားျပန္ၿပီး၊ သန႔္ရွင္းေနသည့္ ထိုင္ခုံေပၚမွာေတာ့ စားပြဲရဲ႕ ေထာင့္မွာ ထန္ထန္ ဆြဲထားခဲ့သည့္ေကာက္ေကြးေနတဲ့ ယုန္ေလးတစ္ေကာင္ရွိေနခဲ့သည္။စာသင္ခန္းထဲမွာ အရမ္းတိတ္ဆိတ္ေနၿပီး သူ႔နားမွာ ဘယ္သူမွ စကားမေျပာၾကေတာ့သလို သူ႔ရဲ႕ မွတ္စုစာအုပ္ အေသးေလးကိုလည္း ဘယ္သူမွ ျဖတ္ေက်ာ္မသြားၾကေတာ့ဘူး။အတန္းၿပီးသြားေတာ့ သူ ေယာက္်ားသန႔္စင္ခန္းကို သြားတဲ့အခ်ိန္ ဘယ္သူမွ မလိုက္ခဲ့လို႔ အရမ္းေအးခ်မ္းေနခဲ့သည္။

လ်န္ရွန႔္သည္ အနည္းငယ္ ဝမ္းနည္းမိေသာ္လည္း ေနာက္ထပ္ ေက်ာင္းသားအသစ္ ေျပာင္းေ႐ႊ႕လာေသာ ေၾကာင့္ ဤခံစားခ်က္သည္ တစ္ပတ္သာ ၾကာျမင့္ခဲ့သည္။

ေတာက္ပေသာ ေနေရာင္ေအာက္တြင္ အျဖဴ‌ေရာင္စကတ္တိုတိုဝတ္ထားေသာ မိန္းမငယ္ေလးသည္ အနက္ေရာင္က်စ္ဆံၿမီးႏွစ္ေခ်ာင္းကိုက်စ္ထားၿပီး စင္ျမင့္ေပၚတြင္ ရပ္ေနကာ ျဖဴစင္ေသာ အသားအရည္ႏွင့္ ျဖဴစင္ေသာ ဗာဒံ‌ေစ့သ႑ာန္မ်က္လုံးမ်ားက ရွက္ရွက္ႏွင့္ ႏူးညံ့စြာ ၿပဳံး‌ေနခဲ့သည္။

လ်န္ရွန႔္ ၏ မ်က္လုံးမ်ားသည္ ျပဴးက်ယ္လာၿပီး သူ႔ႏွလုံးသည္ ဒရမ္ကဲ့သို႔ ခုန္လာခဲ့သည္။

ဒီအခိုက္အတန႔္မွာ သူ႔အခ်စ္အတြက္ ေရွ႕ဆက္ဖို႔ ဆုံးျဖတ္လိုက္သည္။

‌ေက်ာင္းသူအသစ္ေလးနာမည္က ဝမ္ဝမ္ျဖစ္ၿပီး သူမနာမည္‌ေလးလိုပဲ သူမသည္အထူးသျဖင့္ ႏူးညံ့သိမ္ေမြ႕သည္။

သူမႏွင့္ အတူတြဲထိုင္ၿပီးေနာက္မွာ လ်န္ရွန႔္ သည္ သူ၏ ႐ိုင္းစိုင္းေသာ အျပဳအမူကို ျပန္လည္ ေလ့က်င့္ခဲ့ၿပီး ထူးထူးျခားျခား စာႀကိဳးစားသူ ျဖစ္လာခဲ့သည္။သူအခ်ိန္ရတိုင္း ေက်ာင္းသူသစ္ကို အႀကံဉာဏ္ေတာင္းဖို႔ ဟန္ေဆာင္ေလ့ရွိသည္။

အခ်ိန္ေတြ လ်င္ျမန္စြာ ကုန္လြန္သြားၿပီး‌ ေနာက္မွာ လ်န္ရွန႔္ဟာ ေနာက္ထပ္ ပညာေရးကို ရင္ဆိုင္ေနရသည္။လ်န္ရွန႔္ ကို ပိုႀကိဳးစားေလ့လာဖို႔ တြန္းအားေပးခဲ့တာကေတာ့ ရီက်ဳံး ေက်ာင္းမွာ ဝမ္ဝမ္က ဝင္ခြင့္ရေတာ့မယ္လို႔ သူၾကားလို႔ျဖစ္သည္။ေန႔ခင္းဘက္တြင္ စာက်က္ၿပီး ညေန ဘက္တြင္ အတန္းတက္ခဲ့သည္။ေနာက္ဆုံးမွာေတာ့ သူသည္ အနိမ့္ဆုံးရမွတ္ျဖင့္ ရီက်ဳံး ေက်ာင္းသို႔ ဝင္ခြင့္ရခဲ့သည္။

ၿပီးေတာ့ ဝမ္ဝမ္ကေတာ့......အထူးတန္းမွာ။သူတို႔သည္ တစ္ထပ္တည္းတြင္ရွိၾကေသာ္လည္း သူတို႔အဆင့္မ်ားမွာမတူညီၾကေပ။

ရီက်ဳံး သည္ အဓိက တကၠသိုလ္တစ္ခုျဖစ္သည္။ တိုင္းျပည္ရဲ႕ အေတာက္ပဆုံးလူေတြက ဒီကိုေရာက္ေနေပမယ့္လည္း ေနရာတိုင္းမွာ ႁခြင္းခ်က္ဆိုတာရွိသည္။ရီက်ဳံး မွာပင္ ဆူးပင္အခ်ိဳ႕ရွိ‌ေနၿပီး ထိုဆူးပင္မ်ားကို အတန္း 26 တြင္ စီစဥ္ေပးထားသည္။

အတန္း 26 တြင္ ေက်ာင္းသား 40 ေက်ာ္ရွိၿပီး ေယာက်ၤားေလးႏွင့္ မိန္းကေလး ေက်ာင္းသား အခ်ိဳးမညီမွ်‌ေပ။မိန္းကေလးအေရအတြက္ကို လက္ေခ်ာင္းမ်ားျဖင့္ပင္ ေရတြက္ႏိုင္သည္။

လ်န္ရွန႔္သည္ ဤေနရာသို႔ပထမဆုံး‌ေရာက္ေသာအခါတြင္ သူသည္ ခ်က္ခ်င္းပင္ အာ႐ုံစိုက္စရာတစ္ခုျဖစ္လာခဲ့သည္။ ပထမအေၾကာင္းရင္းမွာ သူ႔အစ္ကိုႀကီးေၾကာင့္ျဖစ္ၿပီး အျခားအေၾကာင္းရင္းမွာ သူ၏ေခ်ာေမာမႈေၾကာင့္ျဖစ္သည္။

အသက္ 13 ႏွစ္အ႐ြယ္ လ်န္ရွန္႔သည္ အရပ္ 170 cm ရွည္ေနၿပီျဖစ္သည္။သူ႔ေက်ာင္းလြယ္အိတ္ကိုလြယ္ကာ စင္ျမင့္ေပၚ၌ မတ္တပ္ရပ္လိုက္ၿပီး အတန္းေဖာ္မ်ားအား က်န္းထ်န္ႏွင့္တူေသာ ေျမေခြးလို မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္ေသာအခါ၊ သူ၏ ေမးေစ့သည္ အနည္းငယ္ ျမင့္တက္လာၿပီး အေရးႀကီးေသာ ဇာတ္ေကာင္တစ္ေကာင္လိုမ်ိဳးျဖစ္လာခဲ့သည္။

အတန္းထဲက မိန္းကေလး အနည္းငယ္သည္ သူ႔ကို ခ်က္ခ်င္း ခ်စ္မိသြားၾကၿပီး သူ႔ရဲ႕ လူဆိုးေလးလို အက်င့္စ႐ိုက္မွာကို ႏွစ္ျမဳပ္သြားခဲ့ၾကသည္။

ထိုင္ခုံေနရာကို မဲႏႈိက္သည့္ပုံစံျဖင့္ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။မူလက သူ႔ေနရာသည္ေရွ႕တန္းထိုင္ခုံမွာ ျဖစ္ေသာ္လည္း သူသည္ အရပ္ရွည္လြန္းေသာေၾကာင့္ သူ႔ရဲ႕ေ႐ႊထိုင္ခုံေလးသည္ ျပတင္းေပါက္ေဘးက ေနာက္ဆုံးအတန္းမွာ ေနရာခ်ခံလိုက္ရသည္။

သူ႔လက္တစ္ဖက္ေပၚ သူ႔ပါးကိုတင္ၿပီး ျပတင္းေပါက္ကို ပ်င္းရိစြာၾကည့္ေနလိုက္သည္။အခုအေျခအေနက သူ႔မူလတန္းေက်ာင္းတုန္းက အေျခအေနကို ေတြးေန႐ုံအျပင္ မတတ္ႏိုင္ခဲ့ဘူး။
အဲ့အခ်ိန္တုန္းက အဲ့မတိုင္ခင္အထိသူလည္း တစ္ေယာက္တည္း ထိုင္ေနခဲ့ရသည္...။

မႏွစ္ၿမိဳ႕စရာအမွတ္တရေတြကိုေတြးရင္း လ်န္ရွန႔္ရဲ႕မ်က္ႏွာက ခ်က္ခ်င္းေျပာင္းလဲသြားခဲ့သည္။

ဒင္ေဒါင္။

ဝမ္ဝမ္ဆီကေန စာတစ္ေစာင္ေရာက္လာခဲ့သည္။

[ဝမ္ဝမ္ : ဒီေန႔ေက်ာင္းဆင္းရင္ နင္စာေလ့လာခ်င္လား?]

[လင္းလ်န္ရွန႔္ : နင္အားလို႔လား?]

[ဝမ္ဝမ္: ငါ့အိမ္မွာ ဧည့္သည္ေတြရွိတယ္၊ဒါေၾကာင့္ ငါတို႔ နင့္အိမ္ကိုပဲ သြားလို႔ရမွာ။]

[လင္းလ်န္ရွန႔္ : အိုး]

သူတို႔ႏွစ္ဦးသည္ ယခင္က ထိုင္ခုံေဖာ္မ်ားျဖစ္ေသာေၾကာင့္ မၾကာခဏဆိုသလို စာေလ့လာရာမွာတစ္ေယာက္ကိုတစ္ေယာက္ ေလ့လာကူညီခဲ့ၾကသည္။ဝမ္ဝမ္သည္ သူ႔အိမ္ကို မၾကာခဏ လာေလ့ရွိၿပီး သူလည္း သူမေနရာသို႔ သြားခဲ့သည္။

သူ စာပို႔ေနတုန္း သူ႔ေရွ႕စားပြဲက လူက သူ႔ပခုံးကို လႈပ္လိုက္ၿပီး
"ေဟး လင္းလ်န္ရွန႔္"

သူ မ်က္ေမွာင္ၾကဳတ္ကာ အနည္းငယ္ စိတ္ဆိုးသြားၿပီး
"ဘာလဲ?"

"မေပၚလာေသးတဲ့ေက်ာင္းသားတစ္ေယာက္ရွိေသးတယ္ သိလား? မင္းလိုပဲ ၾကယ္ပြင့္ေတြရဲ႕ ဒုတိယမ်ိဳးဆက္ ေက်ာင္းသူတစ္ေယာက္လို႔ ငါၾကားတယ္။"

လ်န္ရွန႔္ ေအာ္ဟစ္လိုက္ၿပီး
"ငါ့ကိစၥမဟုတ္ဘူး"

....ဒီေကာင္က ေပါင္းဖို႔ ခက္တာပဲ။

ေရွ႕ခုံက ေက်ာင္းသားေလးဟာ သူ႔ရဲ႕ပူေႏြးေနသည့္မ်က္ႏွာေလးကို ေအးစက္ေနတဲ့ ဖင္ထဲ ေနာက္တစ္ႀကိမ္ထည့္ထားခ်င္စိတ္ေတာင္မရွိေတာ့ဘူး။

ခဏေလာက္ၾကာတဲ့ေနာက္မွာ....

လ်န္ရွန႔္ဟာ တကယ္ပဲ သူ႔ကိစၥဆိုတာ သိသြားေတာ့သည္!။

ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္မွာ လင္းလ်န္ရွန႔္သည္ ထန္ထန္ ႏွင့္ ေနာက္တစ္ႀကိမ္ေတြ႕ဆုံႏိုင္ခဲ့သည္။

သူမသည္ အမ်ားႀကီးမႀကီးထြားလာေသာ္လည္း ယခင္ကထက္ အနည္းငယ္ ပိန္သြားခဲ့သည္။သူမသည္ ပန္းခ်ီကားထဲက ကံေကာင္းတဲ့ အ႐ုပ္ေလးလို ပန္းသီးပုံစံမ်က္ႏွာဝိုင္းဝိုင္းေလးႏွင့္ျဖစ္သည္။

ထန္ထန္အတန္းထဲဝင္လာေတာ့ လ်န္ရွန္႔ကို တစ္ခ်က္ၾကည့္လိုက္သည္။သူမ မ်က္ခုံးပင့္ကာ ေကာင္ေလးေဘးက ခုံဆီသို႔ တည့္တည့္သြားလိုက္သည္။

"လင္းလ်န္ရွန႔္"

လ်န္ရွန႔္သည္ သူ႔လက္ျဖင့္ သူ႔နဖူးကို႐ိုက္လိုက္ၿပီး သူ႔ကိုယ္သူက်န္ဆဲလိုက္ခ်င္ေတာ့သည္။

"နင့္အတြက္ ငါျပန္လာၿပီ၊နင္စိတ္မလႈပ္ရွားဘူးလား?"

"......"

စိတ္လႈပ္ရွားလြန္းလို႔ ၾကက္သီးပါထတယ္။

"ငါနင့္ကို စကားေျပာေနတယ္ေလ"
ထန္ထန္သည္ သူမလက္ေလးကို ဆန႔္ထုတ္ကာသူ႔နားကို တိုက္႐ိုက္ဆြဲလိုက္ၿပီး
"ငါ့မ်က္လုံးေတြကိုၾကည့္ၿပီးစကားေျပာ"

အားမ်ားလြန္းသျဖင့္ လ်န္ရွန႔္သည္ နာက်င္သြားၿပီး သူ႔သြားမ်ားကိုပင္ ကိုက္မိသြားသည္။
"လႊတ္လိုက္--!"

ထန္ထန္က ျငင္းဆန္လိုက္ၿပီး
"ငါ့ကို လ်စ္လ်ဴရႈထားဖို႔ ဘယ္သူေျပာလဲ?"

"မင္းနဲ႔ ငါ မရင္းႏွီးဘူး"

ထန္ထန္က အားပိုထည့္လိုက္ၿပီး
"ဒါက နင့္ရဲ႕ အနာဂတ္ ဇနီးေလာင္းအေပၚမွာထားတဲ့ နင့္သေဘာထားလား?"

ဒီစကားထြက္လာတာႏွင့္ အတန္းထဲမွာ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားခဲ့သည္။

အပ်ိဳေဖာ္ဝင္စအ႐ြယ္ရွိ ဆယ္ေက်ာ္သက္ မိန္းကေလးမ်ား အားလုံး အံ့အားသင့္သြားၾကၿပီး
"လင္းလ်န္ရွန႔္ နင္ ကေလးဘဝထဲက ေစ့စပ္ခဲ့တာလား?"

"သူက နင့္ရဲ႕ဇနီးေလာင္းလား?"

"ဒါဆို ငါအခုထဲက မင္းတို႔မလၤာေဆာင္အတြက္ ပိုက္ဆံစုထားေတာ့မယ္"

"......"

လူတိုင္း ရယ္ေမာလိုက္ၾကသည္။

လ်န္ရွန္႔သည္ ေဒါသတႀကီးျဖင့္ ရွက္႐ြံ႕စြာ စိုက္ၾကည့္ရင္း
"အဓိပၸာယ္မရွိတာ‌ေတြမေျပာနဲ႔။ေျပာတဲ့သူရဲ႕ ပါးစပ္ကို မ်က္ရည္က်တဲ့အထိ ငါ႐ိုက္ပစ္မယ္!"

သူ၏ျပင္းထန္ေသာအမူအရာႏွင့္သတိေပးခ်က္ေၾကာင့္ သက္ဝင္လႈပ္ရွားေနေသာ အတန္းတစ္ခုလုံးသည္ ေသသြားသလိုမ်ိဳး တိတ္ဆိတ္သြားၾကသည္။

"ငါ့ကိုလႊတ္လိုက္!"
လ်န္ရွန႔္သည္ ထန္ထန္ ၏လက္ကို အတင္းဆြဲထုတ္လိုက္ရာ သူ႔နားသည္ အလြန္နာက်င္သြားခဲ့သည္။သူက ထန္ထန္ ရဲ႕အၾကည့္ကို ေရွာင္လိုက္ၿပီး
"ငါ့နဲ႔ေဝးေဝးေန။"

ထို႔ေနာက္ သူက စားပြဲကို ျပတင္းေပါက္ဘက္သို႔ လွည့္လိုက္သည္။

ထိုႏွစ္တြင္ သူမေျပာခဲ့ေသာစကားသည္ ခ်န္းက်ီရွန္းကိုေဒါသအရမ္းထြက္ေစခဲ့ၿပီး သူမကို သည္းခံႏိုင္ပဲ အေမရိကားကိုပို႔လိုက္သည္။ကေလး တစ္ေယာက္က ဘာလုပ္ႏိုင္မွာလဲ?။ငိုၿပီး ကေမာက္ကမ လုပ္တာကလြဲလို႔ ဘာမွမလုပ္ႏိုင္ဘူး။ထန္ထန္၏ စိတ္ဝိညာဥ္သည္ အ႐ြယ္ေရာက္ေနၿပီျဖစ္ၿပီး ဇြန္ဘီဘုရင္ျဖစ္ခဲ့သည္မွာလည္း တစ္ႏွစ္ခြဲေက်ာ္ရွိၿပီျဖစ္သည္။ေသမင္း၏ရွင္ဘုရင္ပင္လွ်င္ ရွင္ဘုရင္ျဖစ္ေနဆဲျဖစ္ေသာေၾကာင့္ အက်င့္စာရိတၱ‌ ေကာင္းပုံဟန္ေဆာင္ကာ ႀကိဳးစားအားထုတ္ၿပီး ေကာင္းစြာလုပ္ေဆာင္ႏိုင္ခဲ့သည္။ေနာက္ဆုံးေတာ့ သူမ ျပန္လာႏိုင္ခဲ့ၿပီျဖစ္သည္။

အခု သူမမွာ ရည္႐ြယ္ခ်က္တစ္ခုပဲရွိတယ္!

ထ်န္ေကာအာ ၏ေခြၽးမျဖစ္လာဖို႔ :")!

အတန္းေခါင္းေလာင္းသံ ျမည္လာၿပီး ေက်ာင္းသားမ်ားသည္ နာခံမႈျပည့္ျဖင့္ ထိုင္လိုက္ၾကသည္။

ထန္ထန္ က လင္းလ်န္ရွန႔္ ဘက္ကို ငုံ႔ၾကည့္ၿပီး "ေဟ့ ထ်န္ေကာအာ ေရာဘယ္လိုေနလဲ?"

လ်န္ရွန႔္က ေအးစက္စြာေျပာလိုက္သည္။
"ထ်န္ေကာအာက ဘယ္သူလဲ? ငါမသိဘူး"

"နင့္မာမီေလ၊သူမ ဘာေတြ လုပ္ေနလဲ?"

သူမအသက္အ႐ြယ္အရ က်န္းထ်န္သည္ ယခုအသက္သုံးဆယ္ရွိသင့္ၿပီျဖစ္သည္။

လ်န္ရွန႔္က အသက္ျပင္းျပင္းရွဴလိုက္ၿပီး အံႀကိတ္ၿပီးေျပာလိုက္သည္။
"ငါ့မာမီကို နာမည္ေျပာင္မေပးနဲ႔၊ငါ့မာမီက သၾကားလုံးမဟုတ္ဘူး။"

လ်န္ရွန္႔သည္ မစၥ က်န္း ကို သူ၏မင္းသမီးေလးအျဖစ္ သေဘာထားကာ ႀကီးျပင္းလာခဲ့ၿပီး သူ႔ရဲ႕ မေကာင္းဆိုးဝါး နဂါးဒယ္ဒီႀကီးထံမွ ျပန္လည္ရယူလိုခဲ့သည္။လ်န္ရွန္႔သည္ ႀကီးျပင္းလာၿပီး အရာရာနားလည္ေသာအခါတြင္ပင္ လင္းလ်န္ရွန္႔ ေလးသည္ သူ႔မာမီကို သူ႔ဘဝတြင္ အခ်စ္ဆုံးႏွင့္ အျမင့္ျမတ္ဆုံးေသာ မင္းသမီးအျဖစ္ သတ္မွတ္ထားဆဲျဖစ္သည္။

"အိုေက၊အိုေက၊အိုေက နင့္မာမီကသၾကားလုံးမဟုတ္ဘူး ဒါေပမဲ့....."
ထန္ထန္ သည္ သူမ၏ပါးျပင္မ်ားကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ကာ သူ႔မ်က္ႏွာကို စိုက္ၾကည့္ေနသည္။

ေကာင္ငယ္ေလး၏ ကေလးဆန္မႈသည္ ေမွးမွိန္မသြားဘဲ သူ႔မ်က္ႏွာတြင္ ကေလးအဆီမ်ားပင္ ရွိေနေသးသည္။သူ႔ရဲ႕ စိတ္အေႏွာက္အယွက္ျဖစ္ေနတဲ့ အမူအရာက ၾကည့္ရတာ စိတ္မသက္မသာျဖစ္ေပမဲ့ အရမ္းခ်စ္စရာေကာင္းတယ္။ အေရးႀကီးဆုံးက....သူက ၾကည့္ရတာ အရသာရွိမဲ့ပုံပဲ။

"လ်န္ရွန႔္"

"ဘာလဲ?"

ထန္ထန္၏ မ်က္လုံးေလးမ်ားသည္ ေတာက္ပလာၿပီး သူမ၏ အသံေသးေသးေလးက ႏူးညံ့ၿပီး ေစးကပ္ေနကာ:
"နင္က အရသာရွိတယ္~"

သူ႔မ်က္လုံးမ်ားသည္ တင္းၾကပ္သြားၿပီး သူ႔မ်က္ႏွာကို အျမန္ဖုံးလိုက္သည္။

ထန္ထန္ က သူမႏႈတ္ခမ္းကို ဖြဖြပိတ္ရင္း တိုးတိုးေလး ရယ္ေမာလိုက္သည္။

ေက်ာင္းဆင္းတာႏွင့္ ဒ႐ိုက္ဘာက က သူတို႔ကိုလာႀကိဳခဲ့သည္။ခ်ဴယီႏွင့္ အိုးရန္တို႔သည္ စာသင္ခန္းအၿပီးတြင္ ေနာက္ထပ္ တစ္နာရီၾကာ လႈပ္ရွားမႈမ်ား ရွိေသာေၾကာင့္ လ်န္ရွန႔္ႏွင့္ ဝမ္ဝမ္ တို႔က ကားေပၚတြင္ ေစာင့္ေနခဲ့ရသည္။

ဝမ္ဝမ္၏ စိတ္ေနသေဘာထားသည္ ေရကဲ့သို႔ ႏူးညံ့သိမ္ေမြ႕ၿပီး သူမ၏ ေက်ာင္းဝတ္စုံသည္လည္း သန႔္ရွင္းသပ္ရပ္ေနခဲ့သည္။

လ်န္ရွန႔္သည္ ေျခခ်ိတ္ထိုင္ေနကာ သူ႔မ်က္လုံးေထာင့္ကေန ျပတင္းေပါက္ကိုၾကည့္ေနၿပီး သူ႔အမူအရာက ဂ႐ုမစိုက္သည့္ပုံစံေပါက္ေနခဲ့သည္။

႐ုတ္ရက္ပဲ လ်န္ရွန႔္၏အမူအရာသည္ အနည္းငယ္ေျပာင္းလဲသြားကာ ကားမွန္ကိုခ်လိုက္ၿပီး အျပင္ဘက္ကို ၾကည့္လိုက္သည္။

မေဝးလွသည့္ acacia ပင္ ေအာက္တြင္ မိန္းကေလးတစ္ခ်ိဳ႕ ဝိုင္းခံေနရသည့္ ထန္ထန္ႏွင့္တူသည့္ မိန္းကေလးကို လ်န္ရွန႔္ေတြ႕လိုက္ရသည္။

"လ်န္ရွန႔္ ဘာျဖစ္လို႔လဲ?"

လ်န္ရွန႔္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"ဘာမွမဟုတ္ပါဘူး"

ဝမ္ဝမ္ က ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးလိုက္ၿပီး
"နင္နည္းနည္းေတာ့ မေပ်ာ္သလိုပဲ"

သူ႔ေခါင္းကို တစ္ဖက္ လွည့္လိုက္ၿပီး
"နင္ အေတြးလြန္ေနတာပါ။"
ထို႔ေနာက္ သူ အျပင္ကို ဆက္ၾကည့္ေနလိုက္သည္။

ကားသည္ တျဖည္းျဖည္း ေမာင္းထြက္သြားၿပီး သစ္ပင္ရိပ္ရွိ ထန္ထန္ ၏ပုံရိပ္သည္ မၾကာမီပင္ေပ်ာက္ကြယ္သြား‌ေတာ့သည္။သူ႔စိတ္မၿငိမ္မသက္ျဖစ္လာၿပီး ေနာက္ဆုံးမွာ ၾကာၾကာထိန္းမထားႏိုင္တာေၾကာင့္ ယာဥ္ေမာင္းကို ကားရပ္ခိုင္းဖို႔ေျပာလိုက္ၿပီး အျမန္ေျပးဆင္းလာခဲ့သည္။

"လ်န္ရွန႔္၊နင္ဘယ္သြားမလို႔လဲ?"

သူျပန္မေျဖေတာ့ဘဲ သူ႔ပုံရိပ္က ေလတိုက္သလို အျမန္ေျပးသြားေတာ့သည္။

"ေဟး၊ထန္ထန္"

႐ုတ္​တရက္​ ထြက္လာသည့္အသံက သူတို႔ကို ထိတ္​လန႔္​သြားေစသည္​။သူတို႔လွည့္ၾကည့္လိုက္ေသာအခါ လ်န္ရွန႔္၏ ရက္စက္ေသာ အၾကည့္ကို ေတြ႕လိုက္ရသည္။

ထန္ထန္၏ မ်က္လုံးမ်ားသည္ စက္ဝိုင္းလို အႀကိမ္အနည္းငယ္ လွိမ့္ကာ ငိုယိုၿပီး သူ႔ရင္ခြင္ထဲသို႔ ပစ္ဝင္လိုက္သည္။
"လ်န္ရွန႔္ သူတို႔က ငါ့ကို အႏိုင္က်င့္တယ္!"

"......."

ထူးဆန္းတာက တျခားသူေတြရဲ႕ အားကိုးတာခံရတဲ့ ခံစားခ်က္က ေတာ္ေတာ္ေကာင္းတာပဲ။

လ်န္ရွန႔္က ထန္ထန္ကို ကာကြယ္လိုက္ၿပီး
"မင္းတို႔ဘာလုပ္ေနတာလဲ?"

"ငါတို႔...."
မိန္းကေလးအဖြဲ႕က တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၿပီး
"ငါတို႔က သူ႔ လက္မွတ္ လိုခ်င္လို႔... "

ဒီအ႐ြယ္ ဆယ္ေက်ာ္သက္ေလးေတြဟာ ဒိုင္ႏိုေဆာ ေၾကာ္ျငာေလးေတြကို ၾကည့္ရင္း ႀကီးျပင္းလာၾကၿပီး တကယ့္လူအစစ္ကို ေတြ႕ဖို႔ ရွားရွားပါးပါး အခြင့္အေရးတစ္ခုမို႔ သူတို႔နဲ႔ နီးစပ္ဖို႔ အခြင့္အေရးကို မယူပဲ ဘယ္လိုေနႏိုင္မွာလဲ။

ေလထုသည္ တိတ္ဆိတ္သြားၿပီး အနည္းငယ္ အဆင္မေျပျဖစ္လာခဲ့သည္။

ထန္ထန္ သည္ သူမ၏လက္မ်ားကို လႊတ္လိုက္ၿပီး ေခါင္းငုံ႔ကာ သူတို႔ကို ရွက္႐ြံ႕စြာၾကည့္ေနေလသည္။

လ်န္ရွန္႔၏ပါးစပ္က တုန္လႈပ္သြားၿပီး
"ေမ့လိုက္ေတာ့ သူတို႔အတြက္ လက္မွတ္ထိုးေပး႐ုံပါပဲ။"

သူသည္ လက္ပိုက္ကာ သူ႔ေနာက္ဘက္ရွိ acaciaပင္ေပၚတြင္ ပ်င္းရိစြာ လွဲေနလိုက္သည္။

ထန္ထန္ က တေယာက္ၿပီး တေယာက္ လက္မွတ္ ေရးထိုး‌ေပးခဲ့ၿပီး သူထြက္သြားေတာ့မယ္ဆိုတာျမင္လိုက္ရသည့္အခါမွာေတာ့ သူမရဲ႕ ႏွလုံးသားက တအားခုန္ေနၿပီး အရွက္မဲ့စြာ ေျပးသြားခဲ့သည္။
"လ်န္ရွန႔္...."

"ဘာလဲ?"

"ငါတို႔က ခ်ိဳၿမိန္တဲ့ ငယ္ခ်စ္‌ ေလးေတြလို႔ နင္ထင္လား?"

လ်န္ရွန႔္က ေမာက္မာစြာ ေအာ္ဟစ္လိုက္ၿပီး "သရဲ ကပဲ မင္းရဲ႕ ငယ္ခ်စ္"

"ဒီေန႔ ငါနင့္အိမ္ကို သြားလည္လို႔ရမလား?"

သူသတိထားၾကည့္လိုက္ၿပီး
"မင္းဘာလို႔ငါ့အိမ္ကိုလာလည္ခ်င္တာလဲ?"

"ငါ့အိမ္မွာ ဘယ္သူမွမရွိဘူး၊ၿပီးေတာ့ငါ ထ်န္ကိုလြမ္းတယ္...အဲ ထ်န္ထ်န္အားရီကိုလည္းလြမ္းလို႔"

ဒီကမာၻမွာ က်န္းထ်န္ကသာသူမ၏အတိတ္အေၾကာင္းကို သိၿပီး သူမကို ဂ႐ုစိုက္သည့္ တစ္ဦးတည္း ေသာသူျဖစ္သည္။အသက္အ႐ြယ္ ကြာျခားေသာ္လည္း သူမကို အရင္းႏွီးဆုံး သူငယ္ခ်င္းအျဖစ္ မွတ္ယူေနဆဲျဖစ္သည္။မေရမတြက္ႏိုင္ေသာ ဓားဖ်ားေပၚရွိ ေသြးမ်ားကို လွ်ာဖ်ားတြင္ စို႔ေနေသာ ရက္ညမ်ားတြင္၊ အဖြဲ႕အတြင္းရွိ လူအနည္းငယ္ကသာ သူမအား အားကိုးမႈႏွင့္ ေႏြးေထြးမႈအခ်ိဳ႕ကို ေပးစြမ္းႏိုင္သည္။ဒီတစ္သက္မွာ တစ္ေယာက္ႏွင့္တစ္ေယာက္ မေတြ႕ရေတာ့ဘူးဆိုတာ သူမ သိေပမယ့္လည္း သူတို႔ကို သူမရဲ႕အခင္ဆုံးသူငယ္ခ်င္းေတြအျဖစ္ အၿမဲမွတ္ယူေနဆဲ‌ျဖစ္သည္။

ဒီကိုေရာက္လာတာက မေတာ္တဆျဖစ္ၿပီး က်န္းထ်န္ႏွင့္ေတြ႕ဆုံမႈကလည္း တစ္သန္းမွာ တစ္ေယာက္ရဲ႕ ကံၾကမၼာပဲျဖစ္သည္

လ်န္ရွန႔္ က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"မင္း ငါ့ကို ေနာက္ေနတာလား?"

ခ်န္းက်ီရွန္းနဲ႔ သူ႔အေမဟာ အၿမဲတမ္း ဆန႔္က်င္ဘက္ေတြ ျဖစ္ခဲ့ၾကသည္။ဆိုရွယ္မီဒီယာေပၚမွာ ႏွစ္ရက္သုံးရက္တိုင္း တစ္ေယာက္ကိုတစ္ေယာက္ ကိုက္ျဖတ္ၾကၿပီး ခ်န္းက်ီရွန္း ဟာ အခ်ိန္တိုင္း ရႈံးနိမ့္ခဲ့သည္။သူ မွတ္မိေသးသည္ သူငယ္ငယ္တုန္းက ထန္ထန္သည္ သူ႔အေမရဲ႕ အဝတ္ကို ညစ္ပတ္သြားေအာင္လုပ္ခဲ့ဖူးသည္....။

"ေနာက္ေနတာမဟုတ္ဘူး၊ ငါအတည္‌ေျပာေနတာ။"

သူက မ်က္လုံးကို ငုံ႔ၿပီး သူမကို ျပင္းျပင္းထန္ထန္ စိုက္ၾကည့္လိုက္သည္။

ထန္ထန္၏မ်က္လုံးမ်ားသည္ ႐ိုးသားၿပီး လိမ္ညာေနပုံမေပၚေပ။ တခဏမွ် တုံ႔ဆိုင္းသြားၿပီးေနာက္ လ်န္ရွန္႔က မေက်မနပ္ ေခါင္းညိတ္လိုက္သည္။
"ေကာင္းၿပီ ဒါေပမဲ့ အၾကာႀကီးေနလို႔ေတာ့မရဘူး။ငါစာက်က္ရဦးမွာ"

ထန္ထန္က ဝမ္းသာအားရ သေဘာတူလိုက္ၿပီး သူ႔‌ေနာက္ကိုလိုက္ကာ ကားဆီသြားလိုက္သည္။

ကားအတြင္းမွ ဝမ္ဝမ္က ထန္ထန္ ကိုေတြ႕ေသာအခါတြင္ စိတ္မပါတပါၿပဳံးျပလိုက္သည္။

ထန္ထန္သည္ ဝမ္ဝမ္ ၏ေက်ာ္ၾကားမႈအေၾကာင္းကို ၾကားၿပီးၿပီျဖစ္သည္။ဉာဏ္ရည္ထက္ျမက္တဲ့ ေက်ာင္းအလွ ေလး ၿပီးေတာ့ လင္းလ်န္ရွန႔္ ရဲ႕ ခ်ိဳၿမိန္တဲ့ ငယ္ခ်စ္ေလး။သူတို႔ႏွစ္ဦးဟာ အနာဂတ္မွာ ပိုမိုနက္ရႈိင္းတဲ့ ဆက္ဆံေရး ရွိလာလိမ့္မည္ဟု လူတိုင္းက ထင္ၾကသည္။

သို႔ေသာ္လည္း....

ထန္ထန္ကေတာ့ ဒီလိုမထင္ေပ။

အ႐ြယ္ေရာက္ၿပီးသူရဲ႕အျမင္အရ လ်န္ရွန႔္၊ ဒီေကာင္ေလးဟာ ဝမ္ဝမ္လို ႏူးညံ့သိမ္ေမြ႕တဲ့မိန္းကေလးတစ္ေယာက္ကို ခ်စ္မိသြားခဲ့တာျဖစ္ႏိုင္ေပမဲ့ ဒီေကာင္မေလးကေတာ့သူနဲ႔ထပ္တူမခံစားရတာ ဆိုးလြန္းသည္။သူ သူမ(ဝမ္ဝမ္)ကို နီးကပ္ေအာင္ႀကိဳးစားတဲ့ ျဖစ္ႏိုင္ေခ်ႏွစ္ခုရွိသည္၊ပထမတစ္ခုက သူမက ခ်စ္စရာေကာင္းလို႔ျဖစ္ၿပီး ဒုတိယတစ္ခုကေတာ့ သူမ(ထန္ထန္)လည္း နားမလည္ေသးဘူး။ထန္ထန္ကေတာ့ ဝမ္ဝမ္ဟာ အျခားလူတစ္ေယာက္နဲ႔ အတူရွိသြားမယ္ဆိုတာ ေသခ်ာသိေပသည္။

က်န္းထ်န္ တြင္ ကေလးေလးေယာက္ရွိၿပီး ခ်ဴယီ သည္ ကေလးတြင္ထဲတြင္ ဝမ္ဝမ္ကဲ့သို႔ ဉာဏ္အေကာင္းဆုံးျဖစ္သည္။

ထန္ထန္ သည္ မ်က္ခုံးပင့္လိုက္ၿပီး သူမ၏ အေတြးတြင္ ဘာမွမမွားေၾကာင္း ခံစားလိုက္ရသည္။

သူတို႔အိမ္ျပန္ေရာက္ေတာ့ ညေန ခုနစ္နာရီေလာက္ရွိၿပီျဖစ္သည္။အိမ္ထိန္းက သူ႔ထံမွ ေက်ာင္းလြယ္အိတ္ကို ယူလိုက္ၿပီး ႏူးညံ့စြာေျပာလိုက္သည္။
"မစၥတာနဲ႔ မစၥက အျပင္ထြက္သြားၾကတယ္ ညစာစားဖို႔ျပန္မလာေတာ့တဲ့အေၾကာင္းလဲေျပာသြားတယ္"

လ်န္ရွန႔္သည္ ဒီစကား‌ေတြက အရင္ထဲကၾကားဖူးၿပီးျဖစ္၍ ထူးၿပီးမအံ့ၾသေတာ့ေပ။သူတို႔
ေမာင္ႏွမေတြ အ႐ြယ္ေရာက္ႀကီးပ်င္းလာထဲက သူတို႔မိဘမ်ားသည္ တစ္ေယာက္နဲ႔တစ္ေယာက္ တစ္ပူးပူး ပိုျဖစ္လာၾကသည္။တစ္ခါတေလက်ရင္ သူတို႔အိမ္မျပန္လာတာ ႏွစ္လေလာက္ေတာင္ရွိသည္။

"ဒါက....."
အိမ္ေတာ္ထိန္း‌သည္ ေနာက္ကလိုက္လာေသာ ထန္ထန္ကို သတိထားမိသြားသည္။

"ကြၽန္ေတာ့္ အတန္းေဖာ္"
လ်န္ရွန္က အမ်ားႀကီး မေျပာေတာ့ဘဲ သူမဘက္ကိုလွည့္လိုက္သည္။
"ကံဆိုးတာပဲ၊ငါ့မာမီက အိမ္မွာမရွိဘူး"

သူေျပာခ်င္တာက မင္းျပန္လို႔ရၿပီေပါ့။

ထန္ထန္သည္ ရွင္းထုတ္ဖို႔မလြယ္တဲ့သူျဖစ္ၿပီး သူမသည္ လ်န္ရွန႔္ကို ေပါ့ေပါ့ပါးပါးျဖတ္ေလွ်ာက္သြားၿပီး ဧည့္ခန္းထဲသို႔ ဝင္သြားခဲ့သည္။
"နင္စိတ္မရွိရင္ ငါနင္နဲ႔အတူ စာက်က္ခ်င္တယ္။
ငါ အေမရိကားက ျပန္လာတာ မၾကာေသးဘူးဆိုတာ နင္သိပါတယ္ၿပီးေတာ့ ဒီကအတန္းေတြအေၾကာင္းလဲ သိပ္မသိဘူးေလ။ဝမ္ဝမ္ နင္ေရာ စိတ္မရွိဘူးမို႔လား?"

ဝမ္ဝမ္ အံ့အားသင့္သြားၿပီး ေခါင္းယမ္းလိုက္သည္။

သူမက ၿပဳံးလိုက္ၿပီး "လ်န္ရွန႔္ေကာ ဘယ္လိုလဲ?။"

"......"

ဝမ္ဝမ္ကသေဘာတူၿပီးသားဆိုေတာ့ သူဘာမွမေျပာႏိုင္‌ေတာ့ေပမဲ့... နည္းနည္းေတာ့ စိတ္တိုေနမိသည္!!

ထန္ထန္သည္ လ်န္ရွန႔္၏အိမ္တြင္ အရွက္မရွိစြာေနခဲ့သည္။ ညစာစားၿပီးေနာက္ သူတို႔သုံးေယာက္သည္ စာက်က္ရန္သြားကာ မနက္ျဖန္အတြက္ လုပ္ရမည့္ အိမ္စာမ်ားကို စတင္လုပ္ၾကသည္။

ဝမ္ဝမ္သည္ စကားလုံးတိုင္းကို စိတ္အားထက္သန္စြာေျပာ‌ေနခဲ့ၿပီး လ်န္ရွန႔္သည္ သူ႔စာအုပ္ထဲတြင္ မွတ္စု ေရးေနခဲ့ကာ ရံဖန္ရံခါ သူမအား စိုက္ၾကည့္ေနခဲ့သည္။ ဒီေကာင္ငယ္ေလးက အခ်စ္မွာ နစ္ေျမာေနတာပဲ။

"ဒီအေၾကာင္းပဲ။လ်န္ရွန႔္ နင္က ပုံေသနည္းရဲ႕အဓိကအခ်က္ေတြကို အလြတ္က်က္ဖို႔ပဲလိုတယ္။"

လ်န္ရွန႔္သည္ အာ႐ုံမ်ားျပန္ေရာက္လာၿပီး ေခါင္းကို ျဖည္းညႇင္းစြာညိတ္လိုက္သည္။

သူမ၏ ေက်ာင္းလြယ္အိတ္ကို ထုပ္ပိုးေနစဥ္တြင္ သူမ၏ မ်က္ေတာင္မ်ားသည္ အနည္းငယ္တုန္သြားၿပီး
"နင့္ အစ္ကိုေတြက ျပန္မလာေသးဘူးလား" ဟု ေမးလိုက္သည္။

"သူတို႔မၾကာခင္ပဲျပန္လာေတာ့မယ္လို႔ေတာ့ငါထင္တယ္ သူတို႔ ေက်ာင္းဆင္းရင္ လႈပ္ရွားမႈတစ္ခ်ိဳ႕လုပ္ဖို႔ရွိေနေသးလို႔"

ဝမ္ဝမ္ သည္ ေနာက္ထပ္ေမးခြန္းမ်ားမေမးေတာ့ဘဲ ေက်ာင္းလြယ္အိတ္ကို ေက်ာတြင္ထားကာ ထြက္လာခဲ့လိုက္သည္။ဒါကိုျမင္ေတာ့ ထန္ထန္က ထၿပီး ေနာက္က လိုက္လာခဲ့လိုက္သည္။

သူတို႔သုံးေယာက္သား ေအာက္ထပ္သို႔ဆင္းလာေသာအခါ တံခါးဝမွ ခ်ဴယီႏွင့္ အိုးရန္တို႔ ဝင္လာသည္ကို ေတြ႕လိုက္ရသည္။

ဝမ္ဝမ္ သည္ သူမ၏ ေျခလွမ္းမ်ားကို ရပ္လိုက္ၿပီး အျခားသူမ်ားႏွင့္ စကားေျပာေနေသာ ေကာင္ေလးကို ေၾကာင္‌ေၾကာင္ေလးစိုက္ၾကည့္ေနသည္။

သူ႔ေက်ာင္းဝတ္စုံက သန႔္ရွင္းသပ္ရပ္ေနၿပီး သူ႔အက်ႌၾကယ္သီးေတြကိုလည္း ေသေသခ်ာခ်ာ တပ္ထားသည္။သူ႔တြင္ အနက္ေရာင္ဆံပင္၊ ေက်ာက္စိမ္းကဲ့သို႔ ျဖဴေဖြးေသာ မ်က္ႏွာႏွင့္ သူ႔မ်က္ခုံးေမႊးမ်ားသည္ ပန္းခ်ီကားမွ ကူးယူထားသလိုမ်ိဳး ေႏြးေထြးသိမ္ေမြ႕သည့္ပုံေပါက္သည္။

တစ္စုံတစ္ေယာက္က သူ႔ကိုၾကည့္ေနသည္ဆိုတာ ခံစားလိုက္ရပုံရေသာခ်ဴယီသည္ ေနာက္ကိုလွည့္ၾကည့္လိုက္သည့္အခါ တခဏခ်င္းမွာပဲ သူ႔မ်က္လုံးထဲက ႏူးညံ့သိမ္ေမြ႕မႈက ေပ်ာက္ကြယ္သြားၿပီး လ်စ္လ်ဴရႈျခင္းေတြႏွင့္ အစားထိုးသြားခဲ့သည္။

"အတန္းေဖာ္ ဝမ္ဝမ္ ၊မင္းဒီကို လ်န္ရွန္႔ကို စာသင္ေပးဖို႔ ထပ္လာတာလား?"
လူငယ္ေလး၏ အသံသည္ ျပတ္သားၿပီး စူးရွသည္။

ဝမ္ဝမ္၏ နား႐ြက္မ်ားသည္ အနည္းငယ္နီျမန္းေနၿပီး သူမ၏အသံမွာ အနည္းငယ္တုန္ယင္ေနသည္။
"ငါ-ငါ အားလုံးကို မေႏွာင့္ယွက္ခ်င္ပါဘူး၊ ငါအရင္သြားေတာ့မယ္။"

သူမ‌ ေျပာၿပီးတာနဲ႔ အိမ္အျပင္ကို ေျပးထြက္သြားေတာ့သည္။

သူမေနာက္တြင္ ၿငိမ္သက္စြာရပ္ေနေသာ ထန္ထန္သည္ သူမ၏မ်က္ခုံးမ်ားကို က်ဥ္းေျမာင္းလိုက္သည္။သူမ မွန္ေနတာပဲ၊ ဒီကေလးမေလးကလင္းမိသားစုရဲ႕ သူေဌးေလးကို သေဘာက်ေနတယ္။

ေကာင္းၿပီ၊ဒီအႀကီးဆုံးသားေလးက အရမ္းၾကည့္ေကာင္းတယ္။သူ သာဉာဏ္သိပ္မေကာင္းရင္ သူမလည္း သူနဲ႔ခ်ိန္းေတြ႕ခ်င္တယ္။

"လ်န္ရွန႔္ မင္းအေနာက္က တစ္ေယာက္က မင္းအတန္းေဖာ္လား?"

သူ႔ရဲ႕နတ္ဘုရားမ‌ေလးထြက္သြားတာကို ေစာင့္ၾကည့္ေနတဲ့ လ်န္ရွန႔္က ထန္ထန္ရဲ႕ ျဖစ္တည္မႈကို သတိရသြားခဲ့သည္။သူက သူ႔ႏႈတ္ခမ္းေလးကိုဆူၿပီး ထန္ထန္ကို အေရွ႕ကို ဆြဲယူလိုက္သည္။
"မင္းကိုယ္မင္း မိတ္ဆက္လိုက္"

ထန္ထန္ ကဂ႐ုမစိုက္ဘဲၿပဳံးလိုက္ၿပီး
"ေတြ႕ရတာဝမ္းသာပါတယ္ ခ်ဴယီေကာေကာနဲ႔ အိုးရန္ေကာေကာ ငါက ထန္ထန္ပါ"

.....ထန္ထန္

သူမရဲ႕နာမည္က ဘာလို႔အရမ္းရင္းႏွီးေနရတာလဲ?

"ငါ့အေမက ခ်န္းက်ီရွန္းေလ"

"......."

"............."

ေသလုနီးပါးတိတ္ဆိတ္သြားခဲ့သည္။

အိုးရန္သည္ မ်က္ႏွာအနည္းငယ္ေျပာင္းလဲသြားေသာ ခ်ဴယီကိုၾကည့္ကာ ႀကီးမားေသာေသနတ္ႏွင့္ပစ္ခံလိုက္ရပုံ‌ ေပၚေသာ လ်န္ရွန႔္ ကိုၾကည့္ၿပီးစကားမေျပာမီ ေျခလွမ္းႏွစ္လွမ္းဆုတ္သြားသည္။
"ငါ ခ်င္းခ်င္းကို သြားႀကိဳလိုက္ဦးမယ္ သူမ မၾကာခင္ျပန္ေရာက္ေတာ့မွာ"

သူ ထိုစကားကို ေနာက္ျပန္မလွည့္ဘဲ ေျပာလိုက္ၿပီး ခ်က္ျခင္း ေရွာင္ထြက္သြားခဲ့သည္။

ခ်ဴယီ၏ ႏႈတ္ခမ္းေထာင့္မွ အၿပဳံးေလးတစ္ခု ထြက္ေပၚလာၿပီး
"ငါ မင္းအေမရိကားကိုသြားတယ္လို႔ၾကာခဲ့တယ္။မင္းထြက္သြားတုန္းကဆို လ်န္ရွန႔္က အၾကာႀကီး ဝမ္းနည္းေနခဲ့ေသးတယ္"

ထန္ထန္သည္ ဒီစကားကိုၾကားေသာအခါ အနည္းငယ္ အံ့ၾသသြားၿပီး မေနႏိုင္ဘဲ လ်န္ရွန႔္ ကို တစ္ခ်က္ၾကည့္လိုက္သည္။

လ်န္ရွန႔္သည္ သူ႔အစ္ကို၏ မွတ္ခ်က္ေၾကာင့္ အနည္းငယ္ အံ့အားသင့္သြားၿပီး သူ႔မ်က္ႏွာတြင္ နီရဲေနသည့္ အရိပ္အေယာင္မ်ား ထြက္ေပၚလာခဲ့သည္။
"အဓိပၸာယ္မရွိတာေတြမေျပာနဲ႔ခ်ဴယီ။ ငါဘာမွ ဝမ္းမနည္းဘူး!။အ႐ူးပဲ ဝမ္းနည္းမွာေပါ့!! မင္းအဓိပၸာယ္မရွိတာေတြ ဆက္ေျပာေနမယ္ဆိုရင္ ငါ မင္းကို လ်စ္လ်ဴရႈထားေတာ့မွာ!"

သူေဒါသတႀကီးနဲ႔ ေျခေထာက္ကို ေဆာင့္ၿပီး အေပၚထပ္ကို ေျပးတက္သြားသည္။

ခ်ဴယီ က ေပါ့ေပါ့ပါးပါး ရယ္လိုက္ၿပီး
"လ်န္ရွန႔္က မင္း ျပန္လာလို႔ ဝမ္းသာေနတာ"

ထန္ထန္ အံၾသသြားၿပီး "ဟမ္?"

ခ်ဴယီ သည္ သူ႔မ်က္လုံးမ်ားကို အနည္းငယ္မွိတ္ခ်လိုက္ၿပီး
"လ်န္ရွန႔္ရဲ႕ ပါးစပ္က မေကာင္းေပမယ့္ သူ႔စ႐ိုက္က မဆိုးပါဘူး။မင္းတို႔ အတန္းေဖာ္ေတြ ျပန္ျဖစ္လာေတာ့ ငါ့ညီေလးကို ဂ႐ုစိုက္ေပးပါ"

သူက ထန္ထန္ရဲ႕ မ်က္လုံးမ်ားႏွင့္ ဆုံေအာင္ သူ႔ခါးကို အနည္းငယ္ေကြးလိုက္သည္။သူသည္ အသက္ 14 ႏွစ္သာရွိေသးေသာ္လည္း ထန္ထန္ သည္ နားမလည္ႏိုင္ေသာ ဖိႏွိပ္မႈကို ခံစားလိုက္ရသည္။

ထန္ထန္ေခါင္းညိတ္လိုက္ၿပီး
"ေသခ်ာတာေပါ့ ေလာင္တေကာ၊ဒါကျပႆနာမရွိပါဘူး။ေလာင္တေကာ!"

ခ်ဴယီခဏေလာက္ ေအးခဲသြားၿပီး ေနာက္မွာ ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္သည္။သူရဲ႕ အၿပဳံးသည္ ဧၿပီလ၏ ေႏြဦးေလေျပ ကဲ့သို႔ ေတာင္တန္းမ်ားရွိ ႏွင္းမ်ားႏွင့္ ေရခဲမ်ားကို တခဏခ်င္းပင္ အရည္ေပ်ာ္သြားေစႏိုင္သည္။

T.N sorry for late update

Continue Reading

You'll Also Like

406K 15.4K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
834K 71.4K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...
107K 13.8K 54
႐ိုး႐ိုးေလးနဲ႔ေအးခ်မ္းစြာေနတတ္ေသာ အိုးရန္ေျမာင္ေျမာင္တစ္ေယာက္ အသစ္ေျပာင္းလာေသာ ေက်ာင္းသားသစ္ေလးတစ္ေယာက္ေၾကာင့္ ဘယ္လိုအဆီအေငၚမတည့္ျဖစ္ၿပီး ျပသနာေတြ ျ...
143K 10.1K 20
မိဘမဲ့တစ်ကောင်ကြွက်ဖြစ်တဲ့ဝမ်ရှီးတစ်ယောက် တစ်ကိုယ်ထဲခရီးသွားရင်း ထူးဆန်းတဲ့ရေကန်ထဲပြုတ်ကျသွားပြီး အမှောင်လောကထဲရောက်သွားတဲ့အခါ Systemကပေးတဲ့ရွေးခြယ်မ...