ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

Oleh Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... Lebih Banyak

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{55}

5.2K 892 24
Oleh Greentealay-


Unicode

'လင်းလော့ဖုန်း' ရဲ့ပြီးပြည့်စုံတဲ့ဇာတ်ကောင်အနေအထားနှင့်ယှဉ်ရင် ကျိချင်းကျိုးရဲ့လူရွေးပွဲဖြေရမယ့်ဇာတ်ကောင် 'လင်းလော့ယန်'က အလွန်သေးငယ်သည်လို့ပြောလို့ရသည်။အခန်းအများကြီးမရှိဘဲ ဇာက်ကွက်နည်းနည်းမှာသာပါသည်။'ဟယ့်ဝမ်' နေရာကလူနဲ့သရုပ်ဆောင်ရမယ့်တစ်ပိုင်းကလွဲပြီး ကျန်တဲ့အခန်းတွေအကုန်လုံး လျန်ကျင်းရှင်နဲ့ဖြစ်သည်။

သူ့တည်ရှိမှုက 'လင်းလော့ဖုန်း' ရဲ့ပုံရိပ်ကိုပိုပြီး ပြည့်စုံစေရန်သာဖြစ်သည်။

ကျိချင်းကျိုးသည် သူဖြေရမည့် ဇာတ်ညွှန်းကိုကြည့်လိုက်၏။ဇာတ်ကွက်ကတအားရိုးရှင်းသည်။ 'လင်းလော့ဖုန်း' နဲ့ 'လင်းလော့ယန်'တို့ကြားက အိမ်မှာနေရင်းနေ့စဉ်အပြုအမူလေးတွေဖြစ်သည်။ဇာတ်ညွှန်းအရဆို သူ့က 'လင်းလော့ယန်' ရဲ့ နူးညံ့တဲ့ဘက်ခြမ်းကိုမြင်နိုင်ရမှာဖြစ်သည်။သူ့ရဲ့သည်းခံတတ်မှုတွေ၊သူ့အစ်ကို ပေါ်လေးစားမှုတွေ၊လူငယ်ဆန်ဆန်ကလေးဆန်တာလေးတွေကိုလည်းတွေ့ရမှာဖြစ်သည်။သရုပ်ဆောင်ရတာမခက်ပေ။နည်းနည်းလေးဇာတ်ကွက်ကျဲရင်တောင် သဘာဝကျသည်။အဆုံးသတ်တော့ သူက ခေါင်းဆောင်မင်းသားမှမဟုတ်တာ‌။

သူ့က အဝတ်အစားလဲပြီး ပြင်ဆင်လိုက်သည်။မိတ်ကပ်ဆရာက နူးညံ့တဲ့သူ့မျက်နှာလေးကိုကြည့်ပြီး ပိုပြီးငယ်ရွယ်မှုတွေထင်ဟပ်အောင်ရိုးရိုးလေးပဲပြင်ပေးလာ၏။

"လင်းလော့ယန်က ၁၈ နှစ်ပဲရှိသေးတယ်။ပထမနှစ်တက္ကသိုလ် ကျောင်းသားလေးလေ။မင်းလည်း သူနဲ့ရွယ်တူလေးလိုပဲနော်"

"ကျေးဇူးပါ"

ကျိချင်းကျိုးပြောလိုက်သည်။

"ရပါတယ်ရှင်"

လျှောက်ထားတဲ့အချိန်ကနောက်ကျသည့်အတွက် ကျိချင်းကျိုးက လူရွေးပွဲဖြေရမည့် နောက်ဆုံးတစ်ယောက်ပင်။အကြာကြီးစောင့်ရဦးမယ်ထင်မိ‌ပေမယ့် မကြာခင်မှာပဲ သူ့အလှည့်ရောက်လာသည်။အကောင်းဆုံးရွေးချယ်မှုလုပ်ဖို့အတွက် ဒီတစ်ခါ လူရွေးပွဲ၌ ဒါရိုက်တာကြီးက လျန်ကျင်းရှင်ကိုပါ တွဲသရုပ်ဆောင်ပေးဖို့ တောင်းဆိုထားတာဖြစ်၏။ကျိချင်းကျိုးတစ်ယောက် လျန်ကျင်းရှင်ကိုမြင်သောအခါ ချက်ချင်း စိတ်သက်သာရာရသွားပြီး စိတ်ထဲ၌ ဒိုင်ယာလော့များအား ပြန်ရွတ်လိုက်ပြီးမှ မျက်လုံးပြန်ဖွင့်လိုက်ပြီး ဒါရိုက်တာကြီးအား ယဉ်ကျေးစွာခေါင်းညွှတ်နှုတ်ဆက်လိုက်သည်။

"စကြစို့" ဒါရိုက်တာကပြောလာသည်။

လျန်ကျင်းရှင်က ကြားကြားချင်း မတ်တပ်ထရပ်လာပြီး သူ့ထိုင်ခုံကနေ ကျိချင်းကျိုးဆီလျှောက်လာသည်။သူ့သရုပ်ဆောင်စကေးက အရမ်းကောင်းမွန်သည်။ခြေလှမ်းနည်းနည်းလေးလှမ်းလိုက်ရုံနဲ့ ကျိချင်းကျိုးရဲ့ စီနီယာအစ်ကိုကြီး လျန်ကျင်းရှင်ကနေ လင်းလော့ယန်ရဲ့ အစ်ကို လင်းလော့ဖုန်း တန်းဖြစ်သွားသည်။

"ကိုကိုပြန်လာပြီနော်…ဒီနေ့အပြင်မှာအေးလိုက်တာကွာ…ယန်ယန်ရော ဟင်းချက်လိုက်ပြီလား။မချက်ရသေးရင် ကိုကိုတို့ ဟော့ပေါ့စားကြမယ်လေ"

သူကပြောရင်းဆိုရင်း အင်္ကျီချွတ်လိုက်ကာ အင်္ကျီချိတ်စင်ပေါ်မှာ ချိတ်လိုက်ပြီး ကျိချင်းကျိုးအနားကို လျှောက်လာ၏။

ကျိချင်းကျိုးကမူ သူ့ရှေ့က ဆေးထားသည့်ပန်းကန်လေးတွေနှင့်အိုးအလွတ်ကိုလက်ညှိုးထိုးပြလိုက်၏။သူက လျန်ကျင်းရှင်ကိုပြုံးပြလိုက်သည်။သူ့အသွင်အပြင်နှင့်စိတ်နေစိတ်ထား‌ကြောင့်  ပြုံးလိုက်ရင် တအားလှသည်။အရမ်းဖြူစင်သည့်ပုံမျိုးလေးဖြစ်၍ ကျောင်းတက်နေဆဲ ကျောင်းသားလေးတစ်ယောက်နဲ့လည်း တကယ်တူ၏။

"ယန်ယန်တို့ကတော့လေ အရွက်တွေပဲဆေးထားပြီး လှီးတောင်မလှီးပေးထားဘူး။ဟော့ပေါ့တွက် အဆင်သင့်ဖြစ်အောင်ပေါ့လေ"

လျန်ကျင်းရှင်က ပြောလာသည်။

ကျိချင်းကျိုးကမစားချင်ပေ။သူ့ကိုကိုနှင့်အတူ ဟော့ပေါ့ကို သုံးရက်လုံးလုံးစားထားရသည့်အတွက် ဟော့ပေါ့ပဲမစားချင်တော့။သူက လက်ယမ်းပြလိုက်ပြီး ဘယ်ဘက်လက်ဖြင့် အစားအစာကိုင်ထားသည့်ပုံမျိုးလုပ်ကာ ညာဘက်လက်ကတော့ ဓားလေးကို သုံးပြီး အသီးအရွက်လေးတွေ လှီးတဲ့ပုံစံလေးစပြီးလုပ်ပြလိုက်သည်။လျန်ကျင်းရှင်က သူအသီးအရွက်လှီးသည့်ပုံလုပ်ပြတော့ မြန်မြန်ပဲ မီးဖိုခန်းထဲက ဓားကိုဆွဲယူလိုက်သည်။ကျိချင်းကျိုးက ရှောင်ရင်း သူ့ကိုထိခိုက်မိသွားမှာ စိုးရိမ်သဖြင့် နောက်ဆုံး စိတ်မပါတပါနဲ့ဓားကိုဘေးချလိုက်ကာ သူ့ကိုကိုအား မကျေမနပ်ဖြစ်သလိုမျိုး မျက်မှောင်ကြုတ်ပြီးကြည့်လာသည်။

လျန်ကျင်းရှင်ကမူ ပြုံးလာ၏။

"နောက်နေ့မှစားကြမယ်နော်"

ကျိချင်းကျိုးက ဖုန်းဆွဲထုတ်ပြီး စိတ်တိုစွာဖြင့်စာရိုက်လိုက်သည်။

ကိုကိုကအချိန်တိုင်းအဲ့လိုပြောတာပဲလေ!

သူက ဖုန်းကို လျန်ကျင်းရှင်ရှေ့ ထိုးပြလိုက်ပေမယ့် တစ်ဖက်လူက ခေါင်းလှည့်သွားသည်။

"ကိုကိုမကြည့်ဘူး"

ကျိချင်းကျိုးက သူမြင်အောင် လက်ဆန့်ပြပေမယ့် နှစ်ယောက်သားက သိသိသာသာအရပ်ကွာခြားနေတော့ ဒေါသထွက်စွာ ဖုန်းကိုဘေးဖယ်လိုက်ရပြီး လျန်ကျင်းရှင်ကိုပဲ တွန်းထုတ်လိုက်ရသည်။

လျန်ကျင်းရှင်က သူနဲ့ညှိနှိုင်းပြီး အလျော့ပေးလာ၏။

"ဒီတစ်နေ့ပါပဲကွာ၊နောက်နေ့ကျ ယန်ယန်ကြိုက်တာကျွေးမယ်နော်၊ကိုကိုကတိပေးတယ်၊ကိုကို့ကိုယုံ"

သို့သော် ကျိချင်းကျိုးက သူ့ကိုအတင်းတွန်းထုတ်ပြီး တံခါးပိတ်လိုက်၏။ ထို့နောက် မှန်တံခါးကနေ သူ့ကိုပြန်ချောင်းကြည့်လာပြီး တစ်ဖက်လှည့်သွားတော့သည်။

ဒီဇာတ်ကွက်မှာကျိချင်းကျိုးရဲ့ဖုန်းလေးကလွဲပြီး တစ်ခြား ဇာတ်ဝင်ပစ္စည်းတွေမပါချေ။သရုပ်ဆောင်တွေအားလုံးကလည်း သူတို့ကိုယ်ပိုင်နည်းဟန်တွေနဲ့ သရုပ်ဆောင်ပြကြပေမယ့် ဒါရိုက်တာကြီးကတော့ကျိချင်းကျိုးရဲ့ သရုပ်ဆောင်ပြမှုကို တစ်အားကျေနပ်အားရနေ၏။သူ့ပုံစံလေးက ဇာတ်ကားထဲမှ 'လင်းလော့ယန်' ၏ တည်ဆောက်ပုံအတိုင်း ရိုးသားတယ်၊ဖြူစင်တယ်၊နူးညံ့သိမ်မွေ့တယ်၊အပြစ်ကင်းစင်ပြီး အရေးကြီးဆုံးအချက်ကတော့ ငယ်ရွယ်သည်ဆိုတဲ့ စည်းမျဉ်းတွေနဲ့အလွန်ကိုက်ညီတာ ထင်ရှားနေသည်။သူ့ပုံစံလေးကလည်းထိုအတိုင်းပင်။ သူက အရွယ်ရောက်သေးတယ်ဆိုရုံအသက်၁၈နှစ်မှာ သေဆုံးခဲ့တာဖြစ်၍ ပရိသတ်အားလုံးက ကြေကွဲဝမ်းနည်းကြကာ 'လင်းလော့ဖုန်း' ရဲ့ ဇာတ်ကောင်အပြောင်းအလဲပေါ်မှာ ပိုပြီး နားလည်လာကြသည်။

ကျိချင်းကျိုးနှင့် လျန်ကျင်းရှင်ကြားက ပြောဆိုပုံလေးတွေသည် လူရွေးပွဲလာဖြေကြသည့်သရုပ်ဆောင်များထဲတွင် သဘာဝအကျဆုံးဖြစ်သည်။သူတို့နှစ်ယောက်ကြားက အပြုအမှုလေးတွေက အလွန်အမင်းသဘာဝကျကျဖြင့် chemistry မိသည်။အပြုအမူတိုင်းကအပိုအလိုမရှိ။ကျိချင်းကျိုး လျန်ကျင်းရှင်းကိုကြည့်တဲ့အချိန်တိုင်း သူ့အစ်ကိုပေါ်လေးစားကြင်နာမှုတွေနဲ့ လျန်ကျင်းရှင်ရဲ့တကယ့်ညီလေးလို့တောင်ထင်ရသည်။ဒါ့ပြင် သူ့ကောရဲ့ ကတိမတည်မှုကြောင့် အကူညီမဲ့နေပုံလည်းထင်ဟပ်နေ၏။

ဒါရိုက်တာကြီးက အရမ်းသဘောကျသွားပြီး ဒီစီနီယာနဲ့ဂျူနီယာညီအစ်ကိုနှစ်ယောက်က တိတ်တိတ်လေးလေ့ကျင့်ထားကြတယ်လို့တောင်ထင်နေမိသည်။သူတို့လေ့ကျင့်ထားမှပဲ ဒီလိုကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရမှာလေ။သူက ကျိချင်းကျိုးကို ချက်ချင်းကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်းအေးဂျင့်ကို စာချုပ်ချုပ်ဖို့ ငါ့ဆီလွှတ်လိုက်ချည်။မင်းကိုလည်း မြန်မြန်လေးရိုက်ကူးရေးထဲဝင်စေချင်တယ်"

ကျိချင်းကျိုးကပျော်ရွှင်စွာပြောလိုက်သည်။

"ကျေးဇူးပါ ဒါရိုက်တာကြီး"

"မင်းရဲ့အစ်ကိုကြီးကိုပဲကျေးဇူးတင်လိုက်ပါ"

ဒါရိုက်တာကပြုံးလိုက်သည်။

သူ လျန်ကျင်းရှင်ဘေးနားက ဖြတ်သွားသည့်အချိန်မှာတော့ အသံနှိမ့်ပြီး လျန်ကျင်းရှင်ကိုမေးလိုက်သည်။

"ဒီအခန်းကို မင်းဂျူနီယာလေးနဲ့သီးသန့်လေ့ကျင့်ဖူးလို့လား"

"မဟုတ်ပါဘူး။ကျွန်တော်က အဲ့လိုလူစားမျိုးလား"

လျန်ကျင်းရှင်က သူ့ကိုကြည့်လာသည်။

"ဒါဆို မင်းဂျူနီယာလေးက မဆိုးဘူးကွ။ မင်းတို့မန်နေဂျာက အမြင်ကောင်းသားပဲ"

ဒါရိုက်တာကြီးက စကားဆုံးသည်နှင့်ပြုံးပြုံးကြီးထွက်သွားသည်။

ကျိချင်းကျိုးကတော့ ဒါရိုက်တာကြီးရော ဇာတ်ညွှန်းရေးဆရာပါ ထွက်သွားသည်နှင့် လျန်ကျင်းရှင်ထံပြေးလာသည်။

"ကျေးဇူးပါ…ကော"

"ရပါတယ်ကွာ မင်းဘာသာမင်းဖြေထားတာကို ကိုယ်ဘာမှလည်း မလုပ်ပေးရပါဘူး"

သူ အဲ့လိုပြောပေမယ့် ကျိချင်းကျိုးသိပါတယ် လျန်ကျင်းရှင်ရဲ့ ထောက်ခံပေးချက်မပါဘဲ သူဘယ်လိုလူရွေးပွဲဖြေရမလဲမသိခဲ့ချေ။လျန်ကျင်းရှင်အား တကယ်ကျေးဇူးတင်မိပေမယ့် အပိုလုပ်တယ်လည်း ထင်မှာကြောက်ကာ

"ကောကို ကျွန်တော် ညစာလိုက်ကျွေးမယ်လေ"

လျန်ကျင်းရှင်ကလည်း ဗိုက်ဆာနေတာဖြစ်၍ ချက်ချင်းသဘောတူလိုက်သည်။

"အင်း ကိုယ်တို့ အခုပဲ ဟော့ပေါ့အကြောင်းပြောနေတာဆိုတော့ ဟော့ပေါ့ပဲသွားစားကြမယ်"

ကျိချင်းကျိုးကတော့ လင်းလော့ဖုန်း လွှမ်းမိုးနေတဲ့လူကြောင့်ရယ်လိုက်ကာ သဘောတူလိုက်သည်။

"ကောင်းတာပေါ့"

သူရယ်၊လျန်ကျင်းရှင်ရယ်၊ကျိုးချန်ဖုန်းရယ် အတူတူ ဟော့ပေါ့သွားစားကြသည်။ကျိုးချန်ဖုန်းကတော့ အရမ်းပျော်ရွှင်နေ၏။

"အဆင်ပြေသွားတာပေါ့ကွာ။မင်းတို့နှစ်ယောက်က တစ်နေရာတည်းဆိုတော့ ငါလည်း ဟိုပြေးဒီပြေးလုပ်စရာမလိုတော့ဘူး"

"ကျွန်တော် ဒီနေ့ပြန်မို့ တအားနောက်ကျသွားလို့မပြန်ဖြစ်တာ။မနက်ဖြန်တွက်လေယာဉ်လက်မှတ်ဝယ်ပြီးပြန်မှရမယ်။ပြန်သွားပြီး အဝတ်အစားတွေသွားပြန်ယူရဦးမှာ။ကျွန်တော်က ရသစုံရှိုးပဲရိုက်ရမယ်ဆိုပြီး အဝတ်အစားအများကြီးမယူခဲ့မိဘူး။"

ကျိချင်းကျိုးပြောလိုက်သည်။

"အင်း…နက်ဖြန်ကျ ရှောင်ချန်းနဲ့ပြန်လေ။ငါတော့လိုက်လို့မရဘူး"

"အမ်း"

ကျိချင်းကျိုးပြန်လာမည့်အကြောင်း သူ့ကိုပြောတော့ ချူချန်က သူနဲ့ညစာစားချင်သည်။သို့တိုင် ကျိချင်းကျိုးကပြောလာ၏။

{မရဘူး…ကျွန်တော်က အပြန်လေယာဉ်လက်မှတ်ပါဝယ်ထားတာ။မနက်ဖြန်လာပြီးတာနဲ့ မနက်ဖြန်ဘဲပြန်ရမှာ။အချိန်သိပ်မရှိလို့}

{အဲ့လောက်တောင် အလျင်လိုနေတာလား}

{ရိုက်ကူးရေးကအဆင်သင့်ဖြစ်နေပြီ။အရင်သရုပ်ဆောင်တုန်းက ဒါရိုက်တာကြီးရဲ့ စည်းမျဉ်းကို မလိုက်နာလို့ ထုတ်လိုက်တာလေ။အဲ့တာကြောင့် အခုအချိန်တွေတအားကျပ်နေတာ။ကျိုးကောကလည်း ကျွန်တော်ဇာတ်ညွှန်းဖတ်ပြီးရုံအချိန်အတွင်း စာချုပ်ချုပ်တဲ့ကိစ္စတွေပါ လုပ်ပြီးသွားပြီတဲ့။ ကျွန်တော် အခု ပြန်ဖတ်နေရတာ}

သူပြောတာလည်း အကျိုးအကြောင်းသင့်၍ ချူချန်က အထွန့်မတက်တော့ချေ။

{ကိုယ်လာကြိုမို့ လေယာဉ်အချိန်ပြောထားဦး…}

ကျိချင်းကျိုးက စဉ်းစားလိုက်ကာ-

{၁၀နာရီခွဲထင်တယ်}

{ဘယ်အချိန်ပြန်မှာလဲ}

ကျိချင်းကျိုးက ခဏကြာစဉ်းစားပြီး --

{ခဏနော်}

သူက WeChat ကနေ ရှောင်ချန်းဆီစာပို့လိုက်သည်။

{လက်မှတ်ဝယ်ပြီးပြီလား}

ရှောင်ချန်းကမြန်မြန်စာပြန်လာသည်။

{ကျွန်တော်လည်းကြည့်နေတာ ကျိကော။ကျွန်တော် လေးနာရီလက်မှတ်ဝယ်ရမလား၊ငါးနာရီလက်မှတ်ဝယ်ရမလား၊ခြောက်နာရီလက်မှတ်ဝယ်ရမလားဗျ}

ကျိချင်းကျိုး : { ခြောက်နာရီဆို ဘယ်အချိန်ပြန်ရောက်မှာလဲ}

ရှောင်ချန်း : {ရှစ်နာရီ သုံးဆယ်ရှစ်ကျော်ကျော်လောက်ပေါ့}

ကျိချင်းကျိုး : {အဲ့ဒါပဲယူလိုက်တော့}

ရှောင်ချန်းနဲ့ပြောပြီး‌နောက် သူက ချူချန်ကိုပြန်ပြောလိုက်သည်။

{ရှောင်ချန်းကိုတော့ ခြောက်နာရီလက်မှတ်ဝယ်ဖို့ ပြောထားတယ်။အဲ့ဒါဆို  ခင်ဗျားနဲ့အတူတူစား‌သောက်ပြီးမှ ကျွန်တော်အိမ်ပြန်ပြီး အဝတ်အစားတွေယူလိုက်မယ်လေ}

ချူချန်ကလည်း ပိုပြီးအဆင်ပြေတယ်ထင်မိသည်။

{ကောင်းပြီလေ။ဒါမဲ့ လေယာဉ်ပေါ်မတက်ခင် ကိုယ့်ဆီဖုန်းခေါ်ဦးနော်}

{အင်း}

ကျိချင်းကျိုးက သဘောတူလိုက်သည်။

သူ ဖုန်းချလိုက်ပြီး အာရုံတစ်စိုက်နဲ့ ဇာတ်ညွှန်းပြန်ဖတ်လိုက်တော့သည်။

နောက်တစ်နေ့မနက်၌ …
ကျိချင်းကျိုးလေဆိပ်ဆင်းတော့ ချူချန် သူ့ကိုပေးထားသည့် Porscheကိုတွေ့လိုက်ရသည်။သူက ရှောင်ချန်းနဲ့ စကားနည်းနည်းပြောလိုက်ပြီး ချူချန်ရဲ့ကားဆီ လျှောက်သွားကာ ကားမှန်ကိုခေါက်လိုက်သည်။

ချူချန်ကမူ ကားမှန်ချပြီး မကြည်မသာပြောလာသည်။

"ဘေးခုံတစ်ခါးကိုဖွင့်ပေးထားတာမမြင်ဘူးလားကွာ။တန်းဝင်လာရုံပဲ"

ကျိချင်းကျိုးကနှာခေါင်းရှုံ့လိုက်ပြီး တစ်ခြားဘက်ကိုသွားလိုက်တော့ အမှန်ပင်ကားတံခါးပွင့်နေ၏။သူက ဝင်ထိုင်လိုက်ပြီး ချူချန်ကိုပြောလိုက်သည်။

"တစ်ခြားသူတွေဝင်ထိုင်မှာမကြောက်မရွံ့နဲ့"

"မင်းကလွဲပြီး ဘယ်သူဝင်လာလာ ကိုယ်က ကန်ထုတ်ပစ်မှာ"

ကျိချင်းကျိုးက သဘောတကျရယ်လိုက်သည်။သူက ကားအတွင်းပိုင်းပြင်ဆင်မှုကို သေသေချာချာလိုက်ကြည့်ပြီး-

"မိုက်ပါတယ်" 

" မင်းအတွက် ကိုယ်ဝယ်ပေးထားတဲ့လက်ဆောင်ဆိုမှတော့ မမိုက်ဘဲနေပါ့မလား"

"ကျေးဇူးပါ။ ကျွန်တော် အတော်လေးသဘောကျတယ်"

ကျိချင်းကျိုးပြောလိုက်သည်။

"မင်းသဘောကျရင်ပြီးတာပါပဲ။ကဲ အခုတော့ စားသောက်ဆိုင်သွားကြမယ် ။ကိုယ် သီးသန့်ခန်းမှာထားပြီးသားမို့ မင်း လုံးဝကြိုက်သွားစေရမယ်"

ကျိချင်းကျိုးက ခေါင်းညိမ့်လိုက်သည်။

"အင်း"

စားသောက်ဆိုင်က မြို့လယ်ခေါင်မှာဖြစ်သည်။လေဆိပ်နှင့်နည်းနည်းဝေးသည့်အတွက် အဲ့ရောက်တော့ ၁၁ နာရီပင်ခွဲနေချေပြီ။

ချူချန်က သီးသန့်ခန်းမှာထားပြီးသားဖြစ်၍ သူတို့ ရောက်တာနဲ့ စားပွဲထိုးတွေက ဟင်ပွဲတွေစပြင်ပေးလာတော့သည်။

"မြည်းကြည့်လေ"

ချူချန်ကပြောလာသည်။

ကျိချင်းကျိုးလည်း မြည်းကြည့်လိုက်တော့ တကယ်ကို အရသာရှိလွန်းသည်။

"အရသာရှိလိုက်တာ"

"လွန်ခဲ့တဲ့နှစ်နှစ်ကမှ ဒီစားသောက်ဆိုင်ဖွင့်ထားတာလေ။အရသာလည်းမဆိုးဘူး။ကိုယ်ဆို သူတို့ဆိုင်ရဲ့ အထူးဟင်လျာတွေကိုအတော်လေးကြိုက်တာ…"

ကျိချင်းကျိုးတစ်ယောက် သူကြိုက်တဲ့ဟင်းလျာတွေကို သင်ပြီး အိမ်မှာ ချက်ကျွေးလို့ရအောင် ဘာဟင်းတွေလည်း မေးကြည့်ချင်ပေမယ့် နည်းနည်းစိတ်ဝင်စားတဲ့ပုံမျိုးထင်ဟပ်နေ၍ ခေါင်းသာညိမ့်ပြလိုက်ပြီး ဘာမှထပ်မမေးလိုက်ချေ။

သူ့ဘက်ကမမေးလာသဖြင့် ချူချန်ကပဲ အရင်ပြောပြလိုက်သော်ငြား ကျိချင်းကျိုးဆိုတဲ့ဟာလေးက "အမ်း" လို့သာပြောပြီး ခေါင်းလေးတညိမ့်ညိမ့်နားထောင်နေသည်တဲ့…

" အမ်း ပဲလား"

"မဟုတ်ရင်ဘာပြောရဦးမှာလဲ"

ကျိချင်းကျိုးကပြန်မေးလာသည်။

ချူချန်က သူ့ကိုပြူးကြည့်ကာ-

"မင်း မသင်ချင်ဘူးလား"

ကျိချင်းကျိုးပေါက်စက မျက်စိလေးပေကလပ်ပေကလပ်ဖြင့်။

ချူချန်ကတော့ သူ့ကိုသာကြည့်နေသည်။ အဲ့လူကို သူပြောနေ‌တာ အရမ်း သိသာလွန်းနေပြီလေ။သူ့မှာတော့ ဒီရက်တွေထဲ ကျိချင်းကျိုးချက်ကျွေးတဲ့ဟင်းတွေပဲစားခဲ့ရ၍ အပြင်အစားအစာတွေထက် သူချက်တာပဲ ပိုကောင်းတယ်ဟုထင်လာမိသည်။ထို့ကြောင့် ဒီဆိုင်ထဲဝင်ထိုင်ပြီးချင်း ကျိချင်းကျိုးသာ ဒီဆိုင်ရဲ့အထူးဟင်းလျာတွေကိုလေ့လာပြီး နောက်ပိုင်း အိမ်မှာ တူတူချက်စားကြမယ်ဆိုတဲ့ အတွေးလေးဝင်လာသည်။

သို့သော် သူ့ချစ်သူလေးက အဲ့လောက်ထိ အတွေးရောက်တဲ့ပုံမပေါ်ချေ။

"ကျွန်တော်ကိုသင်စေချင်လို့လား"

"မင်းမသင်ချင်ဘူးလား"

ကျိချင်းကျိုး၏စိတ်ထဲ၌ ဟိုနေ့က သူ့သင်ကြားမှုတွေရှိနေဆဲပင်။ထို့ကြောင့် လုံးဝစ‌ပြီးမပြောခဲ့။

"မသင်ချင်ပါဘူး။လုပ်တတ်စရာမှမလိုတာ"

ချူချန် : .................. 

"ဒါမှမဟုတ် ခင်ဗျားက သင်စေချင်လို့လား"

"မဟုတ်တာကွာ…"

ချူချန်ကပေကတ်ကတ်နိုင်စွာထိုအကြောင်းလေးထပ်ပြောလိုက်သည်။

"ကိုယ်က သင်စေချင်တယ်လို့လည်းမဟုတ်ပါဘူး... ဒီလိုပဲ...ဘာရယ်မဟုတ်ပြောလိုက်တာပါ။အသီးအရွက်တွေစားဦး"

ကျိချင်းကျိုးကတော့ ပြုံးသာပြုံးလိုက်သည်။ချူချန်သင်စေချင်နေတာကို သူသိပါရဲ့။မဟုတ်ရင် ထိုကိစ္စကိုသူ့ဘက်က အရင်စပြောမှာမဟုတ်ချေ။သူ တွေးလိုက်ပြီးတည်းက ဟင်းပွဲတွေရောက်လာသည်နှင့် အသေအချာထားပြီးလေ့လာလိုက်သည်။အမှန်တော့ သူ့ဘာသာတိတ်တိတ်လေးလေ့လာပြီး ထုတ်ပြမှာမဟုတ်ပေ။မဟုတ်ရင် သူ့ရဲ့ရှူးဂါးဒယ်ဒီကြီးက သူမထိန်းချုပ်ဘဲထပ်ပြီးနီးနီးကပ်ကပ်နေလာပြန်ပြီလို့ထင်နေဦးမည်ပင်။

သို့သော် ထိန်းထိန်းသိမ်းသိမ်းနေလိုပြီးလက်ဦးမှု‌တွေပြန်ရယူလိုသည့် ရှူးဂါးဒယ်ဒီကြီးချူချန်မှာ သူ့ရဲ့ချစ်သူလေး စဉ်းစားနေတာကိုမသိခဲ့သည့်အပြင်  သူ့ချစ်သူလေးကတစ်နေ့လုံး ဂရုမစိုက်သည့်အတွက် တိတ်တိတ်လေးစိတ်ဓာတ်ကျနေခဲ့လေတော့သည်။

________________________________

စာရေးသူမှာပြောစရာရှိပါတယ် ;

ချူချန် : ဘေဘီက ဒယ်ဒီရဲ့jacketလေးဖြစ်နေသေးတယ်မလား။

ကျိုးကျိုး : လုံးဝပဲ...

ချူချန် : ? ? ? မင်း ကိုယ့်ကိုခြေစုန်ကန်ချင်တယ်ပေါ့လေ ? ?

ကျိုးကျိုး : ကျွန်တော်က ဒယ်ဒီပြောတာနားထောင်ရုံပဲနော်။ဒယ်ဒီမနာကျင်စေရပါဘူး။

ချူချန် : ဒါပေမယ့် ဒယ်ဒီတကယ်နာကျင်နေရပြီကွ !

ကျိုးကျိုး : ? ? ? ?

_______________________________

💙: 😂🤣 ‌(ကျိုးကျိုး - ၁ ၊ ချူချန် - ၀ ) 😂 လာဦးမှာနော်🤣

ချူချန် - ဟာဂျီးးးးးးးးးမားးးးးးးးးဘေဘီ!!!!🤣🤣🤣🤣

Double update!!!
ဒီနေ့မှပြန်ရောက်တာဟဲဟဲ🤭🤭🤭

——————————————

Zawgyi

'လင္းေလာ့ဖုန္း' ရဲ႕ၿပီးျပည့္စုံတဲ့ဇာတ္ေကာင္အေနအထားႏွင့္ယွဥ္ရင္ က်ိခ်င္းက်ိဳးရဲ႕လူေ႐ြးပြဲေျဖရမယ့္ဇာတ္ေကာင္ 'လင္းေလာ့ယန္'က အလြန္ေသးငယ္သည္လို႔ေျပာလို႔ရသည္။အခန္းအမ်ားႀကီးမ႐ွိဘဲ ဇာက္ကြက္နည္းနည္းမွာသာပါသည္။'ဟယ့္ဝမ္' ေနရာကလူနဲ႔သ႐ုပ္ေဆာင္ရမယ့္တစ္ပိုင္းကလြဲၿပီး က်န္တဲ့အခန္းေတြအကုန္လုံး လ်န္က်င္း႐ွင္နဲ႔ျဖစ္သည္။

သူ႕တည္႐ွိမႈက 'လင္းေလာ့ဖုန္း' ရဲ႕ပုံရိပ္ကိုပိုၿပီး ျပည့္စုံေစရန္သာျဖစ္သည္။

က်ိခ်င္းက်ိဳးသည္ သူေျဖရမည့္ ဇာတ္ၫႊန္းကိုၾကည့္လိုက္၏။ဇာတ္ကြက္ကတအား႐ိုး႐ွင္းသည္။ 'လင္းေလာ့ဖုန္း' နဲ႔ 'လင္းေလာ့ယန္'တို႔ၾကားက အိမ္မွာေနရင္းေန႔စဥ္အျပဳအမူေလးေတြျဖစ္သည္။ဇာတ္ၫႊန္းအရဆို သူ႕က 'လင္းေလာ့ယန္' ရဲ႕ ႏူးညံ့တဲ့ဘက္ျခမ္းကိုျမင္ႏိုင္ရမွာျဖစ္သည္။သူ႕ရဲ႕သည္းခံတတ္မႈေတြ၊သူ႕အစ္ကို ေပၚေလးစားမႈေတြ၊လူငယ္ဆန္ဆန္ကေလးဆန္တာေလးေတြကိုလည္းေတြ႕ရမွာျဖစ္သည္။သ႐ုပ္ေဆာင္ရတာမခက္ေပ။နည္းနည္းေလးဇာတ္ကြက္က်ဲရင္ေတာင္ သဘာဝက်သည္။အဆုံးသတ္ေတာ့ သူက ေခါင္းေဆာင္မင္းသားမွမဟုတ္တာ‌။

သူ႕က အဝတ္အစားလဲၿပီး ျပင္ဆင္လိုက္သည္။မိတ္ကပ္ဆရာက ႏူးညံ့တဲ့သူ႕မ်က္ႏွာေလးကိုၾကည့္ၿပီး ပိုၿပီးငယ္႐ြယ္မႈေတြထင္ဟပ္ေအာင္႐ိုး႐ိုးေလးပဲျပင္ေပးလာ၏။

"လင္းေလာ့ယန္က ၁၈ ႏွစ္ပဲ႐ွိေသးတယ္။ပထမႏွစ္တကၠသိုလ္ ေက်ာင္းသားေလးေလ။မင္းလည္း သူနဲ႔႐ြယ္တူေလးလိုပဲေနာ္"

"ေက်းဇူးပါ"

က်ိခ်င္းက်ိဳးေျပာလိုက္သည္။

"ရပါတယ္႐ွင္"

ေလွ်ာက္ထားတဲ့အခ်ိန္ကေနာက္က်သည့္အတြက္ က်ိခ်င္းက်ိဳးက လူေ႐ြးပြဲေျဖရမည့္ ေနာက္ဆုံးတစ္ေယာက္ပင္။အၾကာႀကီးေစာင့္ရဦးမယ္ထင္မိ‌ေပမယ့္ မၾကာခင္မွာပဲ သူ႕အလွည့္ေရာက္လာသည္။အေကာင္းဆုံးေ႐ြးခ်ယ္မႈလုပ္ဖို႔အတြက္ ဒီတစ္ခါ လူေ႐ြးပြဲ၌ ဒါ႐ိုက္တာႀကီးက လ်န္က်င္း႐ွင္ကိုပါ တြဲသ႐ုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုထားတာျဖစ္၏။က်ိခ်င္းက်ိဳးတစ္ေယာက္ လ်န္က်င္း႐ွင္ကိုျမင္ေသာအခါ ခ်က္ခ်င္း စိတ္သက္သာရာရသြားၿပီး စိတ္ထဲ၌ ဒိုင္ယာေလာ့မ်ားအား ျပန္႐ြတ္လိုက္ၿပီးမွ မ်က္လုံးျပန္ဖြင့္လိုက္ၿပီး ဒါ႐ိုက္တာႀကီးအား ယဥ္ေက်းစြာေခါင္းၫႊတ္ႏႈတ္ဆက္လိုက္သည္။

"စၾကစို႔" ဒါ႐ိုက္တာကေျပာလာသည္။

လ်န္က်င္း႐ွင္က ၾကားၾကားခ်င္း မတ္တပ္ထရပ္လာၿပီး သူ႕ထိုင္ခုံကေန က်ိခ်င္းက်ိဳးဆီေလွ်ာက္လာသည္။သူ႕သ႐ုပ္ေဆာင္စေကးက အရမ္းေကာင္းမြန္သည္။ေျခလွမ္းနည္းနည္းေလးလွမ္းလိုက္႐ုံနဲ႔ က်ိခ်င္းက်ိဳးရဲ႕ စီနီယာအစ္ကိုႀကီး လ်န္က်င္း႐ွင္ကေန လင္းေလာ့ယန္ရဲ႕ အစ္ကို လင္းေလာ့ဖုန္း တန္းျဖစ္သြားသည္။

"ကိုကိုျပန္လာၿပီေနာ္…ဒီေန႔အျပင္မွာေအးလိုက္တာကြာ…ယန္ယန္ေရာ ဟင္းခ်က္လိုက္ၿပီလား။မခ်က္ရေသးရင္ ကိုကိုတို႔ ေဟာ့ေပါ့စားၾကမယ္ေလ"

သူကေျပာရင္းဆိုရင္း အက်ႌခြၽတ္လိုက္ကာ အက်ႌခ်ိတ္စင္ေပၚမွာ ခ်ိတ္လိုက္ၿပီး က်ိခ်င္းက်ိဳးအနားကို ေလွ်ာက္လာ၏။

က်ိခ်င္းက်ိဳးကမူ သူ႕ေ႐ွ႕က ေဆးထားသည့္ပန္းကန္ေလးေတြႏွင့္အိုးအလြတ္ကိုလက္ညိႇဳးထိုးျပလိုက္၏။သူက လ်န္က်င္း႐ွင္ကိုျပဳံးျပလိုက္သည္။သူ႕အသြင္အျပင္ႏွင့္စိတ္ေနစိတ္ထား‌ေၾကာင့္  ျပဳံးလိုက္ရင္ တအားလွသည္။အရမ္းျဖဴစင္သည့္ပုံမ်ိဳးေလးျဖစ္၍ ေက်ာင္းတက္ေနဆဲ ေက်ာင္းသားေလးတစ္ေယာက္နဲ႔လည္း တကယ္တူ၏။

"ယန္ယန္တို႔ကေတာ့ေလ အ႐ြက္ေတြပဲေဆးထားၿပီး လွီးေတာင္မလွီးေပးထားဘူး။ေဟာ့ေပါ့တြက္ အဆင္သင့္ျဖစ္ေအာင္ေပါ့ေလ"

လ်န္က်င္း႐ွင္က ေျပာလာသည္။

က်ိခ်င္းက်ိဳးကမစားခ်င္ေပ။သူ႕ကိုကိုႏွင့္အတူ ေဟာ့ေပါ့ကို သုံးရက္လုံးလုံးစားထားရသည့္အတြက္ ေဟာ့ေပါ့ပဲမစားခ်င္ေတာ့။သူက လက္ယမ္းျပလိုက္ၿပီး ဘယ္ဘက္လက္ျဖင့္ အစားအစာကိုင္ထားသည့္ပုံမ်ိဳးလုပ္ကာ ညာဘက္လက္ကေတာ့ ဓားေလးကို သုံးၿပီး အသီးအ႐ြက္ေလးေတြ လွီးတဲ့ပုံစံေလးစၿပီးလုပ္ျပလိုက္သည္။လ်န္က်င္း႐ွင္က သူအသီးအ႐ြက္လွီးသည့္ပုံလုပ္ျပေတာ့ ျမန္ျမန္ပဲ မီးဖိုခန္းထဲက ဓားကိုဆြဲယူလိုက္သည္။က်ိခ်င္းက်ိဳးက ေ႐ွာင္ရင္း သူ႕ကိုထိခိုက္မိသြားမွာ စိုးရိမ္သျဖင့္ ေနာက္ဆုံး စိတ္မပါတပါနဲ႔ဓားကိုေဘးခ်လိုက္ကာ သူ႕ကိုကိုအား မေက်မနပ္ျဖစ္သလိုမ်ိဳး မ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္လာသည္။

လ်န္က်င္း႐ွင္ကမူ ျပဳံးလာ၏။

"ေနာက္ေန႔မွစားၾကမယ္ေနာ္"

က်ိခ်င္းက်ိဳးက ဖုန္းဆြဲထုတ္ၿပီး စိတ္တိုစြာျဖင့္စာ႐ိုက္လိုက္သည္။

ကိုကိုကအခ်ိန္တိုင္းအဲ့လိုေျပာတာပဲေလ!

သူက ဖုန္းကို လ်န္က်င္း႐ွင္ေ႐ွ႕ ထိုးျပလိုက္ေပမယ့္ တစ္ဖက္လူက ေခါင္းလွည့္သြားသည္။

"ကိုကိုမၾကည့္ဘူး"

က်ိခ်င္းက်ိဳးက သူျမင္ေအာင္ လက္ဆန္႔ျပေပမယ့္ ႏွစ္ေယာက္သားက သိသိသာသာအရပ္ကြာျခားေနေတာ့ ေဒါသထြက္စြာ ဖုန္းကိုေဘးဖယ္လိုက္ရၿပီး လ်န္က်င္း႐ွင္ကိုပဲ တြန္းထုတ္လိုက္ရသည္။

လ်န္က်င္း႐ွင္က သူနဲ႔ညႇိႏိႈင္းၿပီး အေလ်ာ့ေပးလာ၏။

"ဒီတစ္ေန႔ပါပဲကြာ၊ေနာက္ေန႔က် ယန္ယန္ႀကိဳက္တာေကြၽးမယ္ေနာ္၊ကိုကိုကတိေပးတယ္၊ကိုကို႔ကိုယုံ"

သို႔ေသာ္ က်ိခ်င္းက်ိဳးက သူ႕ကိုအတင္းတြန္းထုတ္ၿပီး တံခါးပိတ္လိုက္၏။ ထို႔ေနာက္ မွန္တံခါးကေန သူ႕ကိုျပန္ေခ်ာင္းၾကည့္လာၿပီး တစ္ဖက္လွည့္သြားေတာ့သည္။

ဒီဇာတ္ကြက္မွာက်ိခ်င္းက်ိဳးရဲ႕ဖုန္းေလးကလြဲၿပီး တစ္ျခား ဇာတ္ဝင္ပစၥည္းေတြမပါေခ်။သ႐ုပ္ေဆာင္ေတြအားလုံးကလည္း သူတို႔ကိုယ္ပိုင္နည္းဟန္ေတြနဲ႔ သ႐ုပ္ေဆာင္ျပၾကေပမယ့္ ဒါ႐ိုက္တာႀကီးကေတာ့က်ိခ်င္းက်ိဳးရဲ႕ သ႐ုပ္ေဆာင္ျပမႈကို တစ္အားေက်နပ္အားရေန၏။သူ႕ပုံစံေလးက ဇာတ္ကားထဲမွ 'လင္းေလာ့ယန္' ၏ တည္ေဆာက္ပုံအတိုင္း ႐ိုးသားတယ္၊ျဖဴစင္တယ္၊ႏူးညံ့သိမ္ေမြ႕တယ္၊အျပစ္ကင္းစင္ၿပီး အေရးႀကီးဆုံးအခ်က္ကေတာ့ ငယ္႐ြယ္သည္ဆိုတဲ့ စည္းမ်ဥ္းေတြနဲ႔အလြန္ကိုက္ညီတာ ထင္႐ွားေနသည္။သူ႕ပုံစံေလးကလည္းထိုအတိုင္းပင္။ သူက အ႐ြယ္ေရာက္ေသးတယ္ဆို႐ုံအသက္၁၈ႏွစ္မွာ ေသဆုံးခဲ့တာျဖစ္၍ ပရိသတ္အားလုံးက ေၾကကြဲဝမ္းနည္းၾကကာ 'လင္းေလာ့ဖုန္း' ရဲ႕ ဇာတ္ေကာင္အေျပာင္းအလဲေပၚမွာ ပိုၿပီး နားလည္လာၾကသည္။

က်ိခ်င္းက်ိဳးႏွင့္ လ်န္က်င္း႐ွင္ၾကားက ေျပာဆိုပုံေလးေတြသည္ လူေ႐ြးပြဲလာေျဖၾကသည့္သ႐ုပ္ေဆာင္မ်ားထဲတြင္ သဘာဝအက်ဆုံးျဖစ္သည္။သူတို႔ႏွစ္ေယာက္ၾကားက အျပဳအမႈေလးေတြက အလြန္အမင္းသဘာဝက်က်ျဖင့္ chemistry မိသည္။အျပဳအမူတိုင္းကအပိုအလိုမ႐ွိ။က်ိခ်င္းက်ိဳး လ်န္က်င္း႐ွင္းကိုၾကည့္တဲ့အခ်ိန္တိုင္း သူ႕အစ္ကိုေပၚေလးစားၾကင္နာမႈေတြနဲ႔ လ်န္က်င္း႐ွင္ရဲ႕တကယ့္ညီေလးလို႔ေတာင္ထင္ရသည္။ဒါ့ျပင္ သူ႕ေကာရဲ႕ ကတိမတည္မႈေၾကာင့္ အကူညီမဲ့ေနပုံလည္းထင္ဟပ္ေန၏။

ဒါ႐ိုက္တာႀကီးက အရမ္းသေဘာက်သြားၿပီး ဒီစီနီယာနဲ႔ဂ်ဴနီယာညီအစ္ကိုႏွစ္ေယာက္က တိတ္တိတ္ေလးေလ့က်င့္ထားၾကတယ္လို႔ေတာင္ထင္ေနမိသည္။သူတို႔ေလ့က်င့္ထားမွပဲ ဒီလိုေကာင္းမြန္တဲ့အက်ိဳးသက္ေရာက္မႈရမွာေလ။သူက က်ိခ်င္းက်ိဳးကို ခ်က္ခ်င္းၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

"မင္းေအးဂ်င့္ကို စာခ်ဳပ္ခ်ဳပ္ဖို႔ ငါ့ဆီလႊတ္လိုက္ခ်ည္။မင္းကိုလည္း ျမန္ျမန္ေလး႐ိုက္ကူးေရးထဲဝင္ေစခ်င္တယ္"

က်ိခ်င္းက်ိဳးကေပ်ာ္႐ႊင္စြာေျပာလိုက္သည္။

"ေက်းဇူးပါ ဒါ႐ိုက္တာႀကီး"

"မင္းရဲ႕အစ္ကိုႀကီးကိုပဲေက်းဇူးတင္လိုက္ပါ"

ဒါ႐ိုက္တာကျပဳံးလိုက္သည္။

သူ လ်န္က်င္း႐ွင္ေဘးနားက ျဖတ္သြားသည့္အခ်ိန္မွာေတာ့ အသံႏွိမ့္ၿပီး လ်န္က်င္း႐ွင္ကိုေမးလိုက္သည္။

"ဒီအခန္းကို မင္းဂ်ဴနီယာေလးနဲ႔သီးသန္႔ေလ့က်င့္ဖူးလို႔လား"

"မဟုတ္ပါဘူး။ကြၽန္ေတာ္က အဲ့လိုလူစားမ်ိဳးလား"

လ်န္က်င္း႐ွင္က သူ႕ကိုၾကည့္လာသည္။

"ဒါဆို မင္းဂ်ဴနီယာေလးက မဆိုးဘူးကြ။ မင္းတို႔မန္ေနဂ်ာက အျမင္ေကာင္းသားပဲ"

ဒါ႐ိုက္တာႀကီးက စကားဆုံးသည္ႏွင့္ျပဳံးျပဳံးႀကီးထြက္သြားသည္။

က်ိခ်င္းက်ိဳးကေတာ့ ဒါ႐ိုက္တာႀကီးေရာ ဇာတ္ၫႊန္းေရးဆရာပါ ထြက္သြားသည္ႏွင့္ လ်န္က်င္း႐ွင္ထံေျပးလာသည္။

"ေက်းဇူးပါ…ေကာ"

"ရပါတယ္ကြာ မင္းဘာသာမင္းေျဖထားတာကို ကိုယ္ဘာမွလည္း မလုပ္ေပးရပါဘူး"

သူ အဲ့လိုေျပာေပမယ့္ က်ိခ်င္းက်ိဳးသိပါတယ္ လ်န္က်င္း႐ွင္ရဲ႕ ေထာက္ခံေပးခ်က္မပါဘဲ သူဘယ္လိုလူေ႐ြးပြဲေျဖရမလဲမသိခဲ့ေခ်။လ်န္က်င္း႐ွင္အား တကယ္ေက်းဇူးတင္မိေပမယ့္ အပိုလုပ္တယ္လည္း ထင္မွာေၾကာက္ကာ

"ေကာကို ကြၽန္ေတာ္ ညစာလိုက္ေကြၽးမယ္ေလ"

လ်န္က်င္း႐ွင္ကလည္း ဗိုက္ဆာေနတာျဖစ္၍ ခ်က္ခ်င္းသေဘာတူလိုက္သည္။

"အင္း ကိုယ္တို႔ အခုပဲ ေဟာ့ေပါ့အေၾကာင္းေျပာေနတာဆိုေတာ့ ေဟာ့ေပါ့ပဲသြားစားၾကမယ္"

က်ိခ်င္းက်ိဳးကေတာ့ လင္းေလာ့ဖုန္း လႊမ္းမိုးေနတဲ့လူေၾကာင့္ရယ္လိုက္ကာ သေဘာတူလိုက္သည္။

"ေကာင္းတာေပါ့"

သူရယ္၊လ်န္က်င္း႐ွင္ရယ္၊က်ိဳးခ်န္ဖုန္းရယ္ အတူတူ ေဟာ့ေပါ့သြားစားၾကသည္။က်ိဳးခ်န္ဖုန္းကေတာ့ အရမ္းေပ်ာ္႐ႊင္ေန၏။

"အဆင္ေျပသြားတာေပါ့ကြာ။မင္းတို႔ႏွစ္ေယာက္က တစ္ေနရာတည္းဆိုေတာ့ ငါလည္း ဟိုေျပးဒီေျပးလုပ္စရာမလိုေတာ့ဘူး"

"ကြၽန္ေတာ္ ဒီေန႔ျပန္မို႔ တအားေနာက္က်သြားလို႔မျပန္ျဖစ္တာ။မနက္ျဖန္တြက္ေလယာဥ္လက္မွတ္ဝယ္ၿပီးျပန္မွရမယ္။ျပန္သြားၿပီး အဝတ္အစားေတြသြားျပန္ယူရဦးမွာ။ကြၽန္ေတာ္က ရသစုံ႐ိႈးပဲ႐ိုက္ရမယ္ဆိုၿပီး အဝတ္အစားအမ်ားႀကီးမယူခဲ့မိဘူး။"

က်ိခ်င္းက်ိဳးေျပာလိုက္သည္။

"အင္း…နက္ျဖန္က် ေ႐ွာင္ခ်န္းနဲ႔ျပန္ေလ။ငါေတာ့လိုက္လို႔မရဘူး"

"အမ္း"

က်ိခ်င္းက်ိဳးျပန္လာမည့္အေၾကာင္း သူ႕ကိုေျပာေတာ့ ခ်ဴခ်န္က သူနဲ႔ညစာစားခ်င္သည္။သို႔တိုင္ က်ိခ်င္းက်ိဳးကေျပာလာ၏။

{မရဘူး…ကြၽန္ေတာ္က အျပန္ေလယာဥ္လက္မွတ္ပါဝယ္ထားတာ။မနက္ျဖန္လာၿပီးတာနဲ႔ မနက္ျဖန္ဘဲျပန္ရမွာ။အခ်ိန္သိပ္မ႐ွိလို႔}

{အဲ့ေလာက္ေတာင္ အလ်င္လိုေနတာလား}

{႐ိုက္ကူးေရးကအဆင္သင့္ျဖစ္ေနၿပီ။အရင္သ႐ုပ္ေဆာင္တုန္းက ဒါ႐ိုက္တာႀကီးရဲ႕ စည္းမ်ဥ္းကို မလိုက္နာလို႔ ထုတ္လိုက္တာေလ။အဲ့တာေၾကာင့္ အခုအခ်ိန္ေတြတအားက်ပ္ေနတာ။က်ိဳးေကာကလည္း ကြၽန္ေတာ္ဇာတ္ၫႊန္းဖတ္ၿပီး႐ုံအခ်ိန္အတြင္း စာခ်ဳပ္ခ်ဳပ္တဲ့ကိစၥေတြပါ လုပ္ၿပီးသြားၿပီတဲ့။ ကြၽန္ေတာ္ အခု ျပန္ဖတ္ေနရတာ}

သူေျပာတာလည္း အက်ိဳးအေၾကာင္းသင့္၍ ခ်ဴခ်န္က အထြန္႔မတက္ေတာ့ေခ်။

{ကိုယ္လာႀကိဳမို႔ ေလယာဥ္အခ်ိန္ေျပာထားဦး…}

က်ိခ်င္းက်ိဳးက စဥ္းစားလိုက္ကာ-

{၁၀နာရီခြဲထင္တယ္}

{ဘယ္အခ်ိန္ျပန္မွာလဲ}

က်ိခ်င္းက်ိဳးက ခဏၾကာစဥ္းစားၿပီး --

{ခဏေနာ္}

သူက WeChat ကေန ေ႐ွာင္ခ်န္းဆီစာပို႔လိုက္သည္။

{လက္မွတ္ဝယ္ၿပီးၿပီလား}

ေ႐ွာင္ခ်န္းကျမန္ျမန္စာျပန္လာသည္။

{ကြၽန္ေတာ္လည္းၾကည့္ေနတာ က်ိေကာ။ကြၽန္ေတာ္ ေလးနာရီလက္မွတ္ဝယ္ရမလား၊ငါးနာရီလက္မွတ္ဝယ္ရမလား၊ေျခာက္နာရီလက္မွတ္ဝယ္ရမလားဗ်}

က်ိခ်င္းက်ိဳး : { ေျခာက္နာရီဆို ဘယ္အခ်ိန္ျပန္ေရာက္မွာလဲ}

ေ႐ွာင္ခ်န္း : {႐ွစ္နာရီ သုံးဆယ္႐ွစ္ေက်ာ္ေက်ာ္ေလာက္ေပါ့}

က်ိခ်င္းက်ိဳး : {အဲ့ဒါပဲယူလိုက္ေတာ့}

ေ႐ွာင္ခ်န္းနဲ႔ေျပာၿပီး‌ေနာက္ သူက ခ်ဴခ်န္ကိုျပန္ေျပာလိုက္သည္။

{ေ႐ွာင္ခ်န္းကိုေတာ့ ေျခာက္နာရီလက္မွတ္ဝယ္ဖို႔ ေျပာထားတယ္။အဲ့ဒါဆို  ခင္ဗ်ားနဲ႔အတူတူစား‌ေသာက္ၿပီးမွ ကြၽန္ေတာ္အိမ္ျပန္ၿပီး အဝတ္အစားေတြယူလိုက္မယ္ေလ}

ခ်ဴခ်န္ကလည္း ပိုၿပီးအဆင္ေျပတယ္ထင္မိသည္။

{ေကာင္းၿပီေလ။ဒါမဲ့ ေလယာဥ္ေပၚမတက္ခင္ ကိုယ့္ဆီဖုန္းေခၚဦးေနာ္}

{အင္း}

က်ိခ်င္းက်ိဳးက သေဘာတူလိုက္သည္။

သူ ဖုန္းခ်လိုက္ၿပီး အာ႐ုံတစ္စိုက္နဲ႔ ဇာတ္ၫႊန္းျပန္ဖတ္လိုက္ေတာ့သည္။

ေနာက္တစ္ေန႔မနက္၌ …
က်ိခ်င္းက်ိဳးေလဆိပ္ဆင္းေတာ့ ခ်ဴခ်န္ သူ႕ကိုေပးထားသည့္ Porscheကိုေတြ႕လိုက္ရသည္။သူက ေ႐ွာင္ခ်န္းနဲ႔ စကားနည္းနည္းေျပာလိုက္ၿပီး ခ်ဴခ်န္ရဲ႕ကားဆီ ေလွ်ာက္သြားကာ ကားမွန္ကိုေခါက္လိုက္သည္။

ခ်ဴခ်န္ကမူ ကားမွန္ခ်ၿပီး မၾကည္မသာေျပာလာသည္။

"ေဘးခုံတစ္ခါးကိုဖြင့္ေပးထားတာမျမင္ဘူးလားကြာ။တန္းဝင္လာ႐ုံပဲ"

က်ိခ်င္းက်ိဳးကႏွာေခါင္း႐ႈံ႕လိုက္ၿပီး တစ္ျခားဘက္ကိုသြားလိုက္ေတာ့ အမွန္ပင္ကားတံခါးပြင့္ေန၏။သူက ဝင္ထိုင္လိုက္ၿပီး ခ်ဴခ်န္ကိုေျပာလိုက္သည္။

"တစ္ျခားသူေတြဝင္ထိုင္မွာမေၾကာက္မ႐ြံ႕နဲ႔"

"မင္းကလြဲၿပီး ဘယ္သူဝင္လာလာ ကိုယ္က ကန္ထုတ္ပစ္မွာ"

က်ိခ်င္းက်ိဳးက သေဘာတက်ရယ္လိုက္သည္။သူက ကားအတြင္းပိုင္းျပင္ဆင္မႈကို ေသေသခ်ာခ်ာလိုက္ၾကည့္ၿပီး-

"မိုက္ပါတယ္" 

" မင္းအတြက္ ကိုယ္ဝယ္ေပးထားတဲ့လက္ေဆာင္ဆိုမွေတာ့ မမိုက္ဘဲေနပါ့မလား"

"ေက်းဇူးပါ။ ကြၽန္ေတာ္ အေတာ္ေလးသေဘာက်တယ္"

က်ိခ်င္းက်ိဳးေျပာလိုက္သည္။

"မင္းသေဘာက်ရင္ၿပီးတာပါပဲ။ကဲ အခုေတာ့ စားေသာက္ဆိုင္သြားၾကမယ္ ။ကိုယ္ သီးသန္႔ခန္းမွာထားၿပီးသားမို႔ မင္း လုံးဝႀကိဳက္သြားေစရမယ္"

က်ိခ်င္းက်ိဳးက ေခါင္းညိမ့္လိုက္သည္။

"အင္း"

စားေသာက္ဆိုင္က ၿမိဳ႕လယ္ေခါင္မွာျဖစ္သည္။ေလဆိပ္ႏွင့္နည္းနည္းေဝးသည့္အတြက္ အဲ့ေရာက္ေတာ့ ၁၁ နာရီပင္ခြဲေနေခ်ၿပီ။

ခ်ဴခ်န္က သီးသန္႔ခန္းမွာထားၿပီးသားျဖစ္၍ သူတို႔ ေရာက္တာနဲ႔ စားပြဲထိုးေတြက ဟင္ပြဲေတြစျပင္ေပးလာေတာ့သည္။

"ျမည္းၾကည့္ေလ"

ခ်ဴခ်န္ကေျပာလာသည္။

က်ိခ်င္းက်ိဳးလည္း ျမည္းၾကည့္လိုက္ေတာ့ တကယ္ကို အရသာ႐ွိလြန္းသည္။

"အရသာ႐ွိလိုက္တာ"

"လြန္ခဲ့တဲ့ႏွစ္ႏွစ္ကမွ ဒီစားေသာက္ဆိုင္ဖြင့္ထားတာေလ။အရသာလည္းမဆိုးဘူး။ကိုယ္ဆို သူတို႔ဆိုင္ရဲ႕ အထူးဟင္လ်ာေတြကိုအေတာ္ေလးႀကိဳက္တာ…"

က်ိခ်င္းက်ိဳးတစ္ေယာက္ သူႀကိဳက္တဲ့ဟင္းလ်ာေတြကို သင္ၿပီး အိမ္မွာ ခ်က္ေကြၽးလို႔ရေအာင္ ဘာဟင္းေတြလည္း ေမးၾကည့္ခ်င္ေပမယ့္ နည္းနည္းစိတ္ဝင္စားတဲ့ပုံမ်ိဳးထင္ဟပ္ေန၍ ေခါင္းသာညိမ့္ျပလိုက္ၿပီး ဘာမွထပ္မေမးလိုက္ေခ်။

သူ႕ဘက္ကမေမးလာသျဖင့္ ခ်ဴခ်န္ကပဲ အရင္ေျပာျပလိုက္ေသာ္ျငား က်ိခ်င္းက်ိဳးဆိုတဲ့ဟာေလးက "အမ္း" လို႔သာေျပာၿပီး ေခါင္းေလးတညိမ့္ညိမ့္နားေထာင္ေနသည္တဲ့…

" အမ္း ပဲလား"

"မဟုတ္ရင္ဘာေျပာရဦးမွာလဲ"

က်ိခ်င္းက်ိဳးကျပန္ေမးလာသည္။

ခ်ဴခ်န္က သူ႕ကိုျပဴးၾကည့္ကာ-

"မင္း မသင္ခ်င္ဘူးလား"

က်ိခ်င္းက်ိဳးေပါက္စက မ်က္စိေလးေပကလပ္ေပကလပ္ျဖင့္။

ခ်ဴခ်န္ကေတာ့ သူ႕ကိုသာၾကည့္ေနသည္။ အဲ့လူကို သူေျပာေန‌တာ အရမ္း သိသာလြန္းေနၿပီေလ။သူ႕မွာေတာ့ ဒီရက္ေတြထဲ က်ိခ်င္းက်ိဳးခ်က္ေကြၽးတဲ့ဟင္းေတြပဲစားခဲ့ရ၍ အျပင္အစားအစာေတြထက္ သူခ်က္တာပဲ ပိုေကာင္းတယ္ဟုထင္လာမိသည္။ထို႔ေၾကာင့္ ဒီဆိုင္ထဲဝင္ထိုင္ၿပီးခ်င္း က်ိခ်င္းက်ိဳးသာ ဒီဆိုင္ရဲ႕အထူးဟင္းလ်ာေတြကိုေလ့လာၿပီး ေနာက္ပိုင္း အိမ္မွာ တူတူခ်က္စားၾကမယ္ဆိုတဲ့ အေတြးေလးဝင္လာသည္။

သို႔ေသာ္ သူ႕ခ်စ္သူေလးက အဲ့ေလာက္ထိ အေတြးေရာက္တဲ့ပုံမေပၚေခ်။

"ကြၽန္ေတာ္ကိုသင္ေစခ်င္လို႔လား"

"မင္းမသင္ခ်င္ဘူးလား"

က်ိခ်င္းက်ိဳး၏စိတ္ထဲ၌ ဟိုေန႔က သူ႕သင္ၾကားမႈေတြ႐ွိေနဆဲပင္။ထို႔ေၾကာင့္ လုံးဝစ‌ၿပီးမေျပာခဲ့။

"မသင္ခ်င္ပါဘူး။လုပ္တတ္စရာမွမလိုတာ"

ခ်ဴခ်န္ : .................. 

"ဒါမွမဟုတ္ ခင္ဗ်ားက သင္ေစခ်င္လို႔လား"

"မဟုတ္တာကြာ…"

ခ်ဴခ်န္ကေပကတ္ကတ္ႏိုင္စြာထိုအေၾကာင္းေလးထပ္ေျပာလိုက္သည္။

"ကိုယ္က သင္ေစခ်င္တယ္လို႔လည္းမဟုတ္ပါဘူး... ဒီလိုပဲ...ဘာရယ္မဟုတ္ေျပာလိုက္တာပါ။အသီးအ႐ြက္ေတြစားဦး"

က်ိခ်င္းက်ိဳးကေတာ့ ျပဳံးသာျပဳံးလိုက္သည္။ခ်ဴခ်န္သင္ေစခ်င္ေနတာကို သူသိပါရဲ႕။မဟုတ္ရင္ ထိုကိစၥကိုသူ႕ဘက္က အရင္စေျပာမွာမဟုတ္ေခ်။သူ ေတြးလိုက္ၿပီးတည္းက ဟင္းပြဲေတြေရာက္လာသည္ႏွင့္ အေသအခ်ာထားၿပီးေလ့လာလိုက္သည္။အမွန္ေတာ့ သူ႕ဘာသာတိတ္တိတ္ေလးေလ့လာၿပီး ထုတ္ျပမွာမဟုတ္ေပ။မဟုတ္ရင္ သူ႕ရဲ႕႐ွဴးဂါးဒယ္ဒီႀကီးက သူမထိန္းခ်ဳပ္ဘဲထပ္ၿပီးနီးနီးကပ္ကပ္ေနလာျပန္ၿပီလို႔ထင္ေနဦးမည္ပင္။

သို႔ေသာ္ ထိန္းထိန္းသိမ္းသိမ္းေနလိုၿပီးလက္ဦးမႈ‌ေတြျပန္ရယူလိုသည့္ ႐ွဴးဂါးဒယ္ဒီႀကီးခ်ဴခ်န္မွာ သူ႕ရဲ႕ခ်စ္သူေလး စဥ္းစားေနတာကိုမသိခဲ့သည့္အျပင္  သူ႕ခ်စ္သူေလးကတစ္ေန႔လုံး ဂ႐ုမစိုက္သည့္အတြက္ တိတ္တိတ္ေလးစိတ္ဓာတ္က်ေနခဲ့ေလေတာ့သည္။

________________________________

စာေရးသူမွာေျပာစရာ႐ွိပါတယ္ ;

ခ်ဴခ်န္ : ေဘဘီက ဒယ္ဒီရဲ႕jacketေလးျဖစ္ေနေသးတယ္မလား။

က်ိဳးက်ိဳး : လုံးဝပဲ...

ခ်ဴခ်န္ : ? ? ? မင္း ကိုယ့္ကိုေျခစုန္ကန္ခ်င္တယ္ေပါ့ေလ ? ?

က်ိဳးက်ိဳး : ကြၽန္ေတာ္က ဒယ္ဒီေျပာတာနားေထာင္႐ုံပဲေနာ္။ဒယ္ဒီမနာက်င္ေစရပါဘူး။

ခ်ဴခ်န္ : ဒါေပမယ့္ ဒယ္ဒီတကယ္နာက်င္ေနရၿပီကြ !

က်ိဳးက်ိဳး : ? ? ? ?

_______________________________

💙: 😂🤣 ‌(က်ိဳးက်ိဳး - ၁ ၊ ခ်ဴခ်န္ - ၀ ) 😂 လာဦးမွာေနာ္🤣

ခ်ဴခ်န္ - ဟာဂ်ီးးးးးးးးးမားးးးးးးးးေဘဘီ!!!!🤣🤣🤣🤣

——————————————

Lanjutkan Membaca

Kamu Akan Menyukai Ini

439K 23K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
915K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
156K 8K 33
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
187K 19.1K 115
ဘာသာပြန်သူ - စွဲညို့အသင်း