မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး...

By haymarnchitwai

168K 19.8K 1K

ဒီ Novel လေးက တော့ တော်တော်များများ ဖတ်ဖူးပြီးဖြစ်လောက်မှာပါ ထွေထွေထူးထူးတော့မပြောတော့ပါဘူး ကိုယ်က 112 to co... More

Note!!
( 112.1 )
( 112.2 )
( 113 )
( 114 )
( 115 )
( 116 )
( 117 )
( 118.1 )
( 118.2 )
( 119.1 )
( 119.2 )
( 120 )
( 121.1 )
( 121.2 )
( 122.1 )
( 122.2 )
( 123 )
( 124 )
( 125 )
( 126 )
( 127 )
( 128 )
( 129 )
( 130 )
( 131 )
( 132.1 )
( 132.2 )
( 133 )
( 134 )
( 135 )
( 136 )
( 137 )
( 138 )
( 139 )
( 140 )
( 141 )
( 143 ) Extra [လျန်ရှန့်]
( 144 ) Extra
( 145 ) Extra
( 146 ) Extra
( 147 ) Extra
( 148 ) Extra
Hello

( 142 )

3.9K 457 22
By haymarnchitwai

UNICODE

အခုအခြေအနေက နည်းနည်းပိုရှုပ်ထွေးလာပြီဖြစ်သည်။

ကျန်းထျန် သည် သူမ ခင်ပွန်းဖြစ်သူကို ကလေးပုံစံနှင့် တွေ့ဆုံရလိမ့်မည်ဟု တစ်သက်လုံး မမျှော်လင့်ခဲ့ပေ။

သူမပါးကို သူမလက်လေးနှစ်ဖက်ဖြင့်  ထောက်ပြီး ကုတင်ပေါ်တွင် ထိုင်ကာ သတိမထားမိဘဲ ဆယ်ကျော်သက်လေးကို မျက်တောင်မခတ်ဘဲကြည့်‌နေမိသည်။

ထိုကောင်လေးသည်  အသက် ဆယ့်လေးနှစ် သို့မဟုတ် ဆယ့်ငါးနှစ် အရွယ်လောက်ရှိပြီး သူ့တွင် ထူထဲသော အနက်ရောင်ဆံပင်များလည်းရှိသည်။သူအိပ်နေတာတောင်မှ သူ့မျက်ခုံးနှစ်ဖက်က ကြုံ့နေပြီး ကျန်းထျန် သူမလက်လေးကိုဆန့်ထုတ်ကာ သူ့ရဲ့နှုတ်ခမ်းပါးပါးကို ဂရုတစိုက်ထိလိုက်သည်။

ကောင်ငယ်လေးက စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းပြီး မျက်မှောင်ကြုတ်လိုက်သည်။သူတစ်ဖက်ကိုလှည့်လိုက်သည့်အခါမှာ ပါးလွှာတဲ့‌ စောင်က သူ့ခန္ဓာကိုယ်အောက်ကို ပြုတ်ကျသွားပြီး သူ့ရဲ့ အပြည့်အဝ မဖွံ့ဖြိုးတဲ့ ပုံသဏ္ဍာန်ကို ပေါ်လွင်သွားစေသည်။

ဖြူဖွေးလတ်ဆတ်သည့်အသားတုံးတွေကိုကြည့်ရင်း ကျန်းထျန်သည် သူမလျှာကို မနေနိုင်ဘဲ ကိုက်မိသွားသည်။

ရုတ်တရက်ပဲ ဆယ်ကျော်သက်လေးဟာ သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။သူမကို အတင်းအကြပ်ဖမ်းပြီး အိပ်ယာပေါ်မှာ ဖိကပ်ထားလိုက်သည်။သူ့လက်ချောင်းများက ကျန်းထျန်၏ဖြူဖွေးနုနယ်သောလည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ သူအလိုရှိပါက သူမကို အလွယ်တကူ နှိပ်စက်နိုင်ပေသည်။

သူ့မျက်လုံးတွေဟာနက်မှောင်နေပြီး ရမ္မက်တွေကို ရေခဲနှင့်ဖိနှိပ်ထားသလိုမျိုး အေးစက်နေကာ ညို့‌ငင်နေပြီး အရွယ်ရောက်သူတစ်ယောက်၏ နူးညံ့မှုနှင့် တည်ငြိမ်မှုမျိုးလုံးဝမရှိပေ။ကျန်းထျန် သည် အံ့အားသင့်သွားကာ အနည်းငယ် အသက်ရှုရကြပ်သွားသည်။

"မင်းဘယ်သူလဲ?"

ကျန်းထျန် ပြန်မဖြေနိုင်ခင်မှာပဲ တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။ချူယီက တံခါးကို ဂရုတစိုက်တွန်းဖွင့်လိုက်ပြီး သူ့လေသံက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
"ပါးပါး၊မားမား၊ လျန်ရှန့် နဲ့ တခြားသူတွေက အပြင်သွားကြတယ်၊ဒီအခန်းက အရမ်းထူးဆန်းနေတယ်....."

လင်းဆွေ့ကျိုး ၏ မျက်တောင်များက အနည်းငယ် တုန်သွားခဲ့သည်။သူ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည့်အခါမှာ အံ့ဩသွားခဲ့သည်။

မနီးမဝေးမှာ ရပ်နေတဲ့ ကလေးလေးဟာ အသက် ခုနစ်နှစ် ရှစ်နှစ်လောက်ရှိပြီဖြစ်ပြီး သူ့အသွင်အပြင်က သူနဲ့ အနည်းငယ် ကွဲပြားတယ်ဆိုပေမဲ့လည်း တော်တော်များများတူနေသည်။

ချူယီ က ခေါင်းညိတ်လိုက်ပြီး
"ပါးပါး?"

လင်းဆွေ့ကျိုးက မျက်မှောင်ကြုတ်ပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။
"ဘယ်သူက မင်းပါးပါးလဲ?မင်း နေမကောင်းဘူးလား?"

ပြောပြီးတာနှင့် သူက ကျန်းထျန်ကို လွှတ်ပေးလိုက်သည်။

ချူယီသည် ဉာဏ်ကောင်းသည့်ကလေးဖြစ်သည့်အတွက် သိပ္ပံသဘောတရားထက်ကျော်လွန်သည့် သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း မကြာမီမှာပဲ သိရှိသွား‌တော့သည်။သူ ကျန်းထျန်ကို လှည့်ကြည့်လိုက်သည့်အချိန်မှာ သူမ မပြောင်းလဲ သွားတာ တွေ့တော့မှ သူစိတ်သက်သာရာ ရသွားတော့သည်။

ချူယီသည် လင်းဆွေ့ကျိုး ၏သတိပေးသောအကြည့်အောက်တွင် ဖြည်းညှင်းစွာလျှောက်လာပြီး ကျန်းထျန် ၏လက်နှစ်ဖက်ထဲသို့ သူ့ကိုယ်သူ ဖြည်းညှင်းစွာပစ်ဝင်လိုက်ကာ သူ့မျက်လုံးကြီးကြီးများဖြင့် သူ့ဒယ်ဒီကို တည့်တည့်စိုက်ကြည့်နေလိုက်သည်။

လင်းဆွေ့ကျိုးသည် ချူယီကို ပြင်းထန်သောအကြည့်ဖြင့် စေ့စေ့ကြည့်ပြီး အကဲခတ်နေသည်။

သူတို့နှစ်ယောက်အချင်းချင်း သေစေနိုင်လောက်တဲ့ အကြည့်ဖြင့်ကြည့်နေကြစဉ် ‌ကျန်းထျန်က လင်းဆွေ့ကျိုး၏ ခြေထောက်ကို ကန်လိုက်သည်။
"မင်းဘာကြည့်နေတာလဲ?"

အကြောင်းပြချက်မရှိဘဲ အကန်ခံလိုက်ရသော လင်းဆွေ့ကျိုး : ".......F*CK!"

ချူယီ၏ အမူအရာသည် နစ်မြှုပ်သွားပြီး
"ပါးပါး၊ဆဲလို့မရဘူးလေ"

လင်းဆွေ့ကျိုး : "......"

လင်းဆွေ့ကျိုးကလှောင်ပြောင်လိုက်သည်။
"မင်းပါးပါးက သရဲလား?"

ချူယီ: "သရဲဆိုတာ လူတွေသေပြီးမှဖြစ်လာတာလေ၊ပါးပါးကိုယ့်ကိုယ်ကို မကျိန်ဆဲပါနဲ့"

"......"

"The f*ck!"

"ပါးပါးဆဲလို့မရဘူးလို့ သားပြောတယ်လေ"

"......."

"..........."

သူရူးနေတာလား?

လင်းဆွေ့ကျိုးက သူ့ဆံပင်တွေကို ဝရုန်းသုန်းကား ပွတ်သပ်ရင်း ကုတင်ပေါ်ကနေ ဆင်းကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။နံပါတ်များကို နှိပ်လိုက်ပြီးနောက်မှာ လိုင်းက လျှင်မြန်စွာ ချိတ်ဆက်သွားခဲ့သည်။
"လုံခြုံရေး၊ မသင်္ကာစရာလူနှစ်ယောက်က ငါ့အခန်းထဲကို ဝင်လာတယ် သူတို့ကိုရဲစခန်းကို အမြန်ပို့ပေး"

သူက ရေချိုးခန်းထဲမဝင်မှီ မျက်ခုံးပင့်ကာ ကျန်းထျန် ကို အထင်အမြင်သေးစွာ တစ်ချက်ကြည့်လိုက်သည်။

ရေချိုးခန်းထဲက ရေကျသံတွေကို နားထောင်ရင်း ကျန်းထျန်ဟာ အတွေးလွန်နေခဲ့သည်။သူမတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းက လင်းဆွေ့ကျိုးရဲ့ စိတ်နေစိတ်ထားက ဆိုးရွားနေပြီလို့ သူမထင်ခဲ့ပေမဲ့ ဆယ်ကျော်သက်အရွယ် လင်းဆွေ့ကျိုးက အဆိုးဆုံးဖြစ်နေလိမ့်မည်ဟုတော့ သူမ မျှော်လင့်မထားခဲ့ပေ။သူ့မှာ အရွယ်မတိုင်ခင်က ချစ်ဖို့ကောင်းမှုမျိုးပင် မရှိခဲ့ပေ။

သူမအိပ်ယာပေါ်က ဆင်းလိုက်ချိန်တွင် သူမမျက်ခုံးများက အနည်းငယ်ကြုံ့သွားခဲ့သည်။

"မားမား၊သားအိမ်ပြန်ချင်တယ်...."

ချူယီက ဒီလိုမျိုး ကြုံဖူးတာ ဒါပထမဆုံးဖြစ်သည့်အတွက် ဒါက သူ့ကို အရမ်းစိတ်မသက်မသာဖြစ်စေသည်။

သူမသားကြီး၏ ပျော့ပျောင်းသောဆံပင်ကို ညင်သာစွာ ပွတ်သပ်နေစဉ်တွင် တံခါးအပြင်ဘက်က ခြေသံများကိုကြားလိုက်ပြီး လုံခြုံရေးအစောင့်အချို့က တွန်းဝင်လာခဲ့သည်။
"သံသယရှိသူက ဘယ်မှာလဲ?

သံသယရှိသူ ကျန်းထျန် : "......."

သံသယရှိသူ ချူယီ : "........"

ပတ်ပတ်လည်ကိုကြည့်ပြီးနောက်မှာ သူတို့ရဲ့မျက်လုံးတွေက ကျန်းထျန်အပေါ်ကျရောက်သွားခဲ့ကြသည်။

သူမသည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ဆံပင်ရှည်များကိုချထားကာ သူမ၏မျက်နှာသွင်ပြင်က နူးညံ့ပြီးလှပပေသည်။သူမသည် သံသယရှိသူထက် လှပသော နတ်သမီးလေးနှင့်ပင် ပိုတူပေသည်။

အမျိုးသမီးနှင့် ကလေးငယ်တစ်ဦးကို အင်အားသုံးခြင်းသည် မသင့်လျော်သောကြောင့် လုံခြုံရေးအစောင့်သည် ကျန်းထျန်ဆီသို့ ယဉ်ကျေးစွာ လမ်းလျှောက်သွားခဲ့သည်။
"‌မိန်းကလေး ကျေးဇူးပြုပြီး အပြင်ကို ထွက်ပေးပါ"

ကျန်းထျန်က လုံးဝ မရွှေ့ပေ။

ချူယီသည် သူ၏စိုစွတ်သော မျက်လုံးများဖြင့် မော့ကြည့်သည်မှာ အလွန်သနားစရာ ကောင်းလှသည်။

ရေချိုးခန်းထဲက ရေသံတွေ ရပ်သွားပြီးတော့ လင်းဆွေ့ကျိုး က ရေချိုးဝတ်စုံကိုပတ်ပြီးထွက်လာခဲ့သည်။အခန်းထဲမှာ လူတွေပြည့်နေတာတွေ့တော့ သူ့စိတ်က သိပ်မကြည်တော့ပေ။
"မြန်မြန်လုပ်"

"မိန်းကလေး၊မင်းစိတ်နဲ့မင်း ထွက်သွားတာ ပိုကောင်းပါမယ်"

လုံခြုံရေးအစောင့်များသည် သူတို့မျက်နှာပေါ်မှာ တည်ငြိမ်သက်နေရသော်လည်း သူတို့၏စိတ်ထဲတွင် ထိတ်လန့်မှုအပြည့်ရှိနေကြသည်။လင်းမိသားစု၏ လုံခြုံရေးစနစ်သည် အလွန်တင်းကျပ်ပြီး ပုံမှန်အားဖြင့် ယင်ကောင်များပင် မဝင်ရောက်နိုင်ပေ။ဒါပေမယ့် ဒီနေ့မှာတော့ ဒီလူစိမ်းနှစ်ယောက်က သူတို့ လုံးဝသတိမထားမိဘဲ လွယ်လွယ်နဲ့ ဝင်လာကြသည်။

"ကောင်းပြီ၊ဒါဆို ကျွန်မ မထွက်သွားခင် ဒီကသခင်လေးနဲ့ စကားပြောလို့ရမလား?"

လင်းဆွေ့ကျိုး က ပွင့်ပွင့်လင်းလင်း ငြင်းလိုက်သည်။
"မရဘူး"

လုံခြုံရေး အစောင့်တွေကတော့ တော်တော်လေး ထိန့်လန့်နေတဲ့ အခြေအနေရောက်နေကြပြီဖြစ်သည်။

သူမထပြီး လင်းဆွေ့ကျိုးဆီကို လျှောက်သွားလိုက်သည်။သူ ကောင်းကောင်း ကြီးပျင်းလာတာပဲ။အသက် 15 မှာတောင် သူ့အရပ်က 175 cmရှိနေပြီ၊သူ့ရဲ့ သွယ်လျတဲ့ ခြေတံတွေနဲ့ တစ်သီးတစ်သန့်နေတတ်တဲ့ စိတ်နေစိတ်ထားက ဒီနေ့ခေတ်ကောင်မလေးတွေရဲ့ အကြိုက်ဆုံး စတိုင်မျိုးပင်ဖြစ်သည်။

ကျန်းထျန်က ပြုံးလိုက်ပြီး လင်းဆွေ့ကျိုး၏ နား နားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မင်းယုံမှာတော့မဟုတ်ဘူး၊ ငါက အနာဂတ်က မင်းမိန်းမပဲ"

"........"

အချိန်အတော်ကြာ ထိတ်လန့်သွားပြီးနောက်မှာ လင်းဆွေ့ကျိုးက ရယ်မောလိုက်သည်။

သူက လုံခြုံးအစောင့်ကို လှည့်ကြည့်လိုက်ပြီး
"မင်း သူမကို စိတ်ကျန်းမာရေးဆေးရုံကိုသာ တိုက်ရိုက် ပို့ပေးလိုက်တော့"

သူမ ရောဂါက ပေါ့သေးသေးမဟုတ်ဘူး။

ကျန်းထျန်၏ အမူအရာက မပြောင်းလဲသွားဘဲ ဖြေးညင်းစွာပြောလိုက်သည်။
"မင်းရဲ့ တင်ပါးမှာ အချိုးညီတဲ့ မဲ့နှစ်လုံးရှိတယ်။
မင်းက ချိုတဲ့ အစားအစာတွေကြိုက်ပေမဲ့ စပ်တဲ့ဟာတွေတော့ မကြိုက်ဘူး။အိုး ပြီးတော့ မင်း ပေါင်အတွင်းပိုင်းမှာ ......."

သူမ စကားမဆုံးခင်မှာပဲ လက်တစ်စုံက သူမပါးစပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားလိုက်သည်။

လင်းဆွေ့ကျိုး၏ နားရွက်များသည်အနည်းငယ်နီနေပြီး သူမကို စိုက်ကြည့်နေသည်။

ကျန်းထျန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားတာက လင်းဆွေ့ကျိုးကို ဒေါသ ထွက်သွားစေသည်။

"......သခင်လေး?"

သူ ဘေးကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းတို့အရင်ထွက်သွားလိုက်တော့"

လုံခြုံရေးအစောင့်များသည် လင်းဆွေ့ကျိုးကိုကြည့်ပြီးနောက်မှာ ကျန်းထျန်ကို ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ အခန်းထဲကနေ တိတ်တဆိတ်ထွက်သွားကြတော့သည်။

အခန်းထဲတွင် လူသုံးယောက်သာ ကျန်နေတော့ပြီး အထူးတိတ်ဆိတ်နေခဲ့သည်။

သူမ၏ မျက်တောင်လေးတွေဟာ အနည်းငယ်လှုပ်ရှားသွားပြီး သူ့ရဲ့ လက်ဖဝါးပူပူကို သူမရဲ့နှုတ်ခမ်းတွေနှင့်စုပ်ယူနမ်းရှိုက်လိုက်သည်။လူငယ်လေးဟာအံ့ဩသွားကာ သူ့ရဲ့မျက်လုံးတွေပြူးကျယ်သွားပြီး သူ့လက်ကို အမြန်ပဲ ဆွဲယူလိုက်သည်။သူ့ရဲ့အပြစ်ကင်းပြီး အကူအညီမဲ့နေတဲ့ အမူအရာလေးကို မြင်တော့ ကျန်းထျန်က အကျယ်ကြီး ရယ်မောလိုက်‌တော့သည်။

လင်းဆွေ့ကျိုး နှင့် ရှဟိုင်ရွန်တို့ အတူတူတွဲသွားတွဲလာလုပ်နေကတည်းက သူ့ကို အရူးလုပ်ပြီး စနောက်ရန် ပိုခက်ခဲလာတာဖြစ်သည်။အများအားဖြင့် သူမကသာ သူအရူးလုပ်တာကိုခံခဲ့ရသူဖြစ်သည်။အခုတော့ ဒီဖြူစင်ပြီး အပြစ်ကင်းတဲ့ သူမရဲ့ အကောင်ပေါက်လေးကသာ ချစ်စရာအကောင်းဆုံးထင်သည်။

"သား ဒီကိုလာခဲ့"

ကျန်းထျန် သူမလက်ကို‌ဝေ့ရမ်းပြီး ချူယီကိုခေါ်လိုက်သည်။

ချူယီက နာနာခံခံနဲ့ပဲ လျှောက်လာခဲ့သည်။

"ဒယ်ဒီလို့ ခေါ်လိုက်"

ချူယီသည် ကျန်းထျန်အနားတွင် ရပ်နေပြီး သူ(လင်းဆွေ့ကျိုး)နှင့်တူသော မျက်ခုံး၊ မျက်လုံးများဖြင့် နူညံ့ပြီး ကြည့်ကောင်းနေပေသည်။
"ဒယ်ဒီ"

လင်းဆွေ့ကျိုး......

လင်းဆွေ့ကျိုး သည် ယခုအချိန်တွင် သူ့စိတ်ခံစားချက်ကို မည်သို့ဖော်ပြရမည်ကို မသိသော်လည်း တစ်နည်းနည်းဖြင့် ရင်ထဲတွင်တင်းကျပ်နေသည်။

"ငါ့ကိုယ်ကို အရင်မိတ်ဆက်ပါရစေဦး၊ငါက ကျန်းထျန် မင်းမိန်းမ"

"......"

လင်းဆွေ့ကျိုး သည် သူမအား အနီးကပ် လေ့လာလိုက်သည်။

လှပတယ်။

အသားဖြူတယ်။

ရင်သားကြီးကြီးတွေလဲ ရှိတယ်။

သူမနေနိုင်ဘဲ အကြာကြီး စိုက်ကြည့်မိသွားသည်။

ကျန်းထျန် နှုတ်ခမ်းလေးတွေက ကွေးတက်သွားပြီး ဒီတိုင်းပဲ မေးလိုက်သည်။
"မင်း ဒါကို ထိကြည့်ချင်လို့လား?"

လင်းဆွေ့ကျိုး ကသူ့မျက်လုံးများကို မှိတ်လိုက်ကာ အဝေးကို လှမ်းကြည့်လိုက်ပြီး "အတုကြီး" ဟု အေးစက်စွာ ပြောလိုက်သည်။

ကျန်းထျန် ကအနည်းငယ် စိတ်ဆိုးသွားပြီး "ချာတိတ်၊ မင်းက ငါ့ကို အရင်စိုက်ကြည့်တဲ့သူပဲ။
ငါက မင်းကို ကြင်နာစွာနဲ့ အခွင့်အရေးပေးပေမဲ့ မင်းကအခွင့်အရေးကို လက်လွှတ်လိုက်ရုံမကပဲ ငါ့ဟာကိုပါ အတုလို့ပြောသေးတယ်။ဒါ တရားလို့လား?"

"ဟမ့်!"

"......."

ဟမ့်လား မင်းနိုင်နိုင်းကိုပဲ သွားဟမ့်။

သူက ကျန်းထျန်းကို မောင်းထုတ်ဖို့ လူတွေကို ခွင့်မပြုပေးခဲ့သော်လည်း သူ့ရဲ့ စိတ်အားထက်သန်မှုကိုတော့ ထုတ်မပြခဲ့ပေ။လင်းဆွေ့ကျိုးက အရူးမဟုတ်ပေမဲ့ ကျန်းထျန်ပြောသမျှကိုတော့ ယုံကြည်နေခဲ့သည်။သူသာ သူတို့က အန္တရာယ်မရှိဘူးလို့ မမြင်ရင် သူတို့ကို ဒီမှာ ရပ်ခွင့်ပေးမှာမဟုတ်ဘူး။

ကျောင်းဝတ်စုံလဲပြီးနောက်မှာ သူကအောက်ထပ်ကိုဆင်းပြီး ထမင်းစားခန်းထဲကို သွားလိုက်သည်။
အာဟာရပြည့်ဝသော နံနက်စာကပြင်ဆင်ထားပြီးပြီဖြစ်သည်။

ကျန်းထျန် က သူ့နောက်ကို လိုက်သွားပြီး အတိတ်က သူမတို့အိမ်ကို ကောင်းကောင်းကြည့်ဖို့ အခွင့်အရေးကိုရယူလိုက်သည်။

အိမ်ပရိဘောဂအပြင်အဆင်များ အပြောင်းအလဲမရှိ‌ပေမဲ့ ကလေးတွေကစားသည့် ကစားစရာ အရုပ်များနှင့် နံရံဆေးရေးပန်းချီများသာ ပျောက်ဆုံးနေသည်။အိမ်ကြီးက ရုတ်ရက် ကျယ်ဝန်းပြီး လူသူကင်းမဲ့သလိုဖြစ်နေခဲ့သည်။

ဂလူး။

ရုတ်တရက်အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

လင်းဆွေ့ကျိုးက မျက်လုံးပင့်ပြီးကြည့်လိုက်သည်။

ချူယီက သူ့ဗိုက်လေးကို ဖုံးပြီး တိုးတိုးလေးပြောလိုက်သည်။
"သားတောင်းပန်ပါတယ်"

သူဒီနေ့မနက် အစောကြီးနိုးလာတဲ့အချိန်မှာတစ်ခုခုမမှန်တာကိုတွေ့တော့ သူ့မိသားစုကို စိုးရိမ်တကြီးနဲ့လိုက်ရှာ‌နေရတဲ့အတွက် မနက်စာစားဖို့ ဂရုမစိုက်နိုင်‌လိုက်သောကြောင့် သူအခုဗိုက်ဆာနေပြီဖြစ်သည်။

လင်းဆွေ့ကျိုး သည် သူ့ဓားနှင့် ခက်ရင်းကို ချလိုက်ပြီး ပန်းကန်ပြားပေါ်မှ မစားရသေးသော မုန့်များကို စားပွဲတစ်ဖက်သို့ တွန်းပေးလိုက်သည်။ထို့နောက် သူထကာ ကျောင်းလွယ်အိတ်ကိုယူပြီး စကားမပြောဘဲ လှည့်ထွက်သွားခဲ့သည်၊သူ့နောက်ကျောသည် မောက်မာမှုအပြည့်နှင့်ဖြစ်နေခဲ့သည်။

ချူယီက မုန့်နှစ်ခုကို ကောက်ကိုင်လိုက်ပြီး ကျန်းထျန် အား တစ်လုံးပေးသော်လည်း သူမကခေါင်းယမ်းကာ ကောင်လေးထွက်သွားသည့်လမ်းကြောင်းကိုသာ ကြည့်နေခဲ့သည်။

ချူယီ ဗိုက်ပြည့်သွားသည်ကိုမြင်ပြီးနောက်မှာ ကျန်းထျန်သည် နာနီထံမှ အဝတ်တစ်ထည်ကို ငှားပြီး ချူယီကိုလဲပေးလိုက်ကာ ချူယီကိုသူမနှင့်အတူ‌ ခေါ်ပြီး သူသွားသည့်နောက်သို့လိုက်လာခဲ့သည်။သူမ မှတ်မိတာ မမှားပါက လင်းဆွေ့ကျိုးသည် ရီကျုံး‌တွင် အလယ်တန်းတက်နေတာဖြစ်သည်။သူသည် စာသင်ခြင်းနှင့် အကျင့်စာရိတ္တတွင် ထူးချွန်သူဖြစ်ပြီး သူ၏ ဆရာများနှင့် မိန်းကလေး အတန်းဖော်များက သူ့ကိုအလွန်နှစ်သက်ကြသည်။

ဧပြီလရှိ ရာသီဥတုသည် အနည်းငယ်အေးနေပြီး လမ်းနှစ်ဖက်ရှိ သစ်ပင်များသည် ရင်းနှီးသလိုလိုနှင့် မရင်းနှီးပေ။ကျောင်းသားများသည် လမ်း၏ တစ်ဖက်တစ်ချက်စီတွင် အရှိန်ပြင်းပြင်းဖြင့် လျှောက်လာကြသည်။သူမသည် ချူယီ၏လက်ကို ဆုပ်ကိုင်ထားပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းသူလေးတစ်စုနှင့် ရောနှောကာ သူမကိုယ်သူမပင် ငယ်သည်ဟု ခံစားနေရသည်။

ကျန်းထျန် သည် အလွန်လှပပြီး ဆွဲဆောင်မှုရှိကာ သူမသည် ရိုးရှင်းသောအ၀တ်အစားများကို ၀တ်ထားသော်လည်း လူအများ၏ အာရုံစိုက်မှုကို ခံနေရဆဲဖြစ်သည်။

ဒီအချိန်ကကျောင်းချိန်ဖြစ်သည့်အတွက် ဘာမှလုပ်စရာမရှိလို့ သူမသားကိုခေါ်ပြီး လမ်းပေါ်မှာသာ လမ်းလျှောက်ခိုင်းလိုက်သည်။

"မားမား၊သားတို့ ဘယ်အချိန်မှ ပြန်သွားလို့ရမှာလဲ?"

ကျန်းထျန် ခေါင်းရမ်းလိုက်ပြီး "မားမားလည်းမသိဘူး"

ဒီအခြေအနေကြီးက ရုတ်တရက်ဖြစ်သွားခဲ့တာဖြစ်သည်။ကမ္ဘာကူးပြောင်းဖူးသည့်အတွေ့အကြုံရှိသည့်ကျန်းထျန်တောင်မှ လက်ရှိအခြေအနေကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာမသိဘဲ ယခုအချိန်မှာ သူမလုပ်နိုင်သမျှက အလိုက်သင့်လေး နေထိုင်ရုံသာဖြစ်သည်။

ချူယီက သူ့ရဲ့အောက်နှုတ်ခမ်းလေးကိုကိုက်လိုက်ပြီး
"သား ဒီပါးပါးကို မကြိုက်ဘူး"

"ဟမ်?"

သူက သူ့မေးစေ့လေးကို ပုတ်လိုက်ပြီး
"သူက မားမားကို မကြင်နာဘူးလေ"

သူကသူ့ခံစားချက်ကိုဖုံးကွယ်ပြီး တုန်လှုပ်ခြောက်ခြားသည့်အမူအရာနှင့်ပြောလိုက်သည်။
"သူမားမားကို မကြင်နာ တာကို သားမကြိုက်ဘူး"

ကျန်းထျန် က မျက်မှောင်ကြုတ်လိုက်ပြီး သူမသားအကြီးဆုံးကို ပွေ့ချီဖို့ ဒူးကွေးလိုက်သည်။
လေးလံမှုကို သူမခံစားလိုက်ရပြီး မနေနိုင်ဘဲ နောက်ပြောင်လိုက်သည်။
"ချူယီက ပိုပြီးလေးလာပြီ မားမား အနာဂတ်ကျရင် သားကို ထပ်မပွေ့နိုင်လောက်တော့ဘူးထင်တယ်"

ချူယီ သည် ကျန်းထျန် ၏လည်ပင်းကို သိုင်းဖက်ထားပြီး
"အဲ့အချိန်ရောက်ရင် သားက မားမားကို ပြန်ပွေ့မှာပေါ့"

သစ်ပင်ကြီးတွေရဲ့ အရိပ်အောက်မှာ အရိပ်နှစ်ခုက အကြီးကြီးတစ်ခုနဲ့  သေးသေးလေးတစ်ခုက တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုအပြည့်ဖြင့်ပွေ့ဖက်နေကြသည်။

နွေဦးလေညင်းသည် သစ်ပင်များ၏ အရိပ်များကို ဖြတ်တိုက်ကာ အေးစိမ့်သောလေကို သယ်ဆောင်လာသည်။

လျှပ်တစ်ပြက်ပဲ။

ကျောင်းလွယ်အိတ်တစ်လုံးက ကျန်း‌ထျန်နောက်ကိုပြုတ်ကျလာပြီး သူမခေါင်းကိုလှည့်ကြည့်လိုက်တဲ့အခါမှာ ထိုအိတ်က ရင်းနှီးနေသလို ခံစားလိုက်ရသည်။

သူမ အတွေးတွေနှင့်ရှုပ်ထွေးနေချိန်တွင်၊ လူငယ်‌လေးတစ်ယောက်၏ ထက်မြက်သော အသွင်အပြင်သည် သူမ၏ မျက်လုံးများရှေ့တွင် ပေါ်လာပြီး သူ၏ သန်မာသော လက်များက နံရံကို ထောက်ကာ အထဲက‌နေ အလွယ်တကူ ကုပ်တက်လာခဲ့သည်။သူက ကျန်းထျန်ကိုသတိမထားမိဘဲ ကျောင်းလွယ်အိတ်ကိုယူရန် ငုံ့လိုက်ပြီး အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကိုယူကာ မီးညှိလိုက်သည်။

သူက နံရံကို ပျင်းရိစွာ မှီ၍ သူ့မျက်ခွံများကိုတစ်၀က်မှိတ်ထားပြီး အထိန်းအကွပ်မဲ့ကာ ဂရုမစိုက်ဘဲ ဆေးလိပ်ငွေ့များမှုတ်ထုတ်လိုက်သောအခါ လေထုထဲတွင် ဆေးလိပ်ငွေ့များဖြင့်ပြည့်နှက်သွားတော့သည်။

ရုတ်တရက်ပဲ တခြား ကျောင်းလွယ်အိတ်တစ်လုံးပြုတ်ကျလာခဲ့ပြန်သည်။

"F*ck လင်းဆွေ့ကျိုး မင်းခိုးထွက်တာကို ဘာလို့ ငါ့ကို မခေါ်တာလဲ?"
အရပ်ရှည်ပြီး သန်မာတဲ့ကောင်လေးတစ်ယောက်က လင်းဆွေ့ကျိုး ဆီကို လျှောက်လာခဲ့သည်။
"ငါ့ကို တစ်ခုပေး"

သူက ဆေးလိပ်တစ်ဘူးလုံးကို ထိုကောင်လေးဆီတိုက်ရိုက်ပစ်ပေးလိုက်သည်။

အတန်းဖော် ကောင်လေးက ဆေးလိပ်မီးညှိရင်း စကားပြောလိုက်သည်။ထိုအချိန်တွင် သူ့မျက်လုံးထောင့်ကနေ သစ်ပင်အရိပ်အောက်တွင် ရပ်နေသော ကျန်းထျန်နှင့် ချူယီကို မတော်တဆ တစ်ချက်ကြည့်မိသွားသည်။

ခဏတာ အံ့အားသင့်သွားပြီးနောက်မှာ မီးခိုးငွေ့များကို သူ့လည်ချောင်းထဲ ရှူရှိုက်လိုက်သည်။

လင်းဆွေ့ကျိုးသည် သူ့မျက်ခွံများကို ပင့်လိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်သည်။

"ပါးပါး ဆေးလိပ်သောက်လို့မရဘူးလေ"
ချူယီ သည် ကျန်းထျန် ၏ လက်မောင်းထဲက‌ နေ ထွက်လာပြီး ရှေ့သို့ လျှောက်လာကာ သူ့လက်ချောင်းထိပ်ကြားရှိ စီးကရက်တစ်လိပ်ကို လုယူလိုက်သည်။သူက မြေကြီးပေါ်ကို ချနင်းပြီး မီးသတ်လိုက်ပေမဲ့ အမှိုက်ပုံးထဲ ပစ်ထည့်ဖို့ကိုလည်း မမေ့ခဲ့ဘူး။

ကျန်းထျန် ရှေ့ကိုလျှောက်လာလိုက်ပြီး
"မင်း ကျောင်းပြေးလာတာလား?"

ချူယီရဲ့ မျက်နှာလေးမှာ မကျေနပ်မှုများ ပြည့်နှက်လာပြီး
"ပါးပါး၊ကျောင်းပြေးလို့မရဘူးလေ၊ကျောင်းပြေးတာက မကောင်းဘူး"

"What the hell!! လင်းဆွေ့ကျိုး မင်းသားက ဒီလောက်ကြီးနေပြီလား?"
အတန်းဖော်‌ ကောင်လေးက သူ့ပေါင်သူ ရိုက်လိုက်ပြီး သူ့မျက်နှာမှာ ထိတ်လန့်မှုတွေနှင့်ပြည့်နှက်သွားတော့သည်။

လင်းဆွေ့ကျိုးသူ့ကို မျက်လုံးလှမ့်ပြလိုက်ပြီး
"မင်းဦးနှောက်ကို သွားစစ်ကြည့်လိုက်ဦး"

"မေ့လိုက်တော့၊ ငါဗိုက်ဆာနေပြီ၊ မင်းငါ့ကို တစ်ခုခုစားဖို့ခေါ်သွားဦး" 
ကျန်းထျန်သည် သူမ၏ ဗိုက်ကို ပွတ်လိုက်ပြီး လင်းဆွေ့ကျိုး၏ လက်ကို အလိုအလျောက် ဆုပ်ကိုင်လိုက်သည်။ရုတ်တရက် အနီးကပ်ထိတွေ့မှုကြောင့် လင်းဆွေ့ကျိုးအနည်းငယ် ထိတ်လန့်သွားကာ မြန်မြန်တုံ့ပြန်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူမကို တွန်းထုတ်လိုက်သည်။

ကျန်းထျန်က စိတ်မဆိုးဘဲ သူ့ကို‌ပြုံးပြကာ
"ငါက ကိုယ်ဝန်ရှိနေတာနော် မင်းပိုပြီး ဂရုစိုက်သင့်တယ်"

ခဏလောက်ရပ်လိုက်ပြီး
"ပြီးတော့ အဲ့တာက မင်းကလေး"

"......."

သူမရဲ့အသံက အရမ်းမကျယ်ပေမဲ့ လူနှစ်ယောက်ကြားနိုင်ဖို့အတွက်တော့ လုံလောက်ပါသည်။လင်းဆွေ့ကျိုး၏အမူအရာသည် အမျိုးမျိုးပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူမ လုပ်ချင်သမျှကို လုပ်ခွင့်ပေးလိုက်သည်။

သူ့အတန်းဖော်က ဆေးလိပ်သောက်တယ်၊အတန်းလစ်တယ်၊တခြားသူတွေနဲ့ ရန်ဖြစ်တယ်ဆိုပေမဲ့လည်း သူက လူကောင်းလေးတစ်ယောက်‌ဖြစ်နေသေးသည်။ပုံမှန်အားဖြင့်သူဟာ ဒီလို ရုပ်ချောချော မိန်းကလေးမျိုးကို စိတ်တိုအောင်မလုပ်ရဲပေ။သူ့ရှေ့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက သူ့ကို မကျေမနပ်ဖြစ်‌စေခဲ့သည်။နောက်ဆုံးမှာ သူက သူ့ကျောင်းလွယ်အိတ်ကိုပြန်ကောက်ကာ နံရံကိုကျော်တက်ပြီး ကျောင်းကိုပြန်သွားခဲ့သည်။ဤနေရာနှင့် နှိုင်းယှဥ်ကြည့်လျှင် စာအုပ်ပင်လယ်သည် သူ၏နောက်ဆုံးပန်းတိုင်ဟု သူခံစားရသည်။

လင်းဆွေ့ကျိုးက အသက်ပြင်းပြင်းရှူလိုက်ပြီး
"မင်း ဘာစားချင်လို့လဲ?"

"ငါးကင်။ရှေ့က ငါးကင်ဆိုင်က အရမ်းအရသာရှိတယ်"

သူကစကားမပြောဘဲ ရှေ့ကိုသာ တိတ်တဆိတ် လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် စားသောက်ဆိုင်တွင် စားသုံးသူအများအပြားမရှိပေ။အဝေးက ထောင့်တစ်နေရာရှိ စားပွဲတစ်ခုမှာ သူတို့ထိုင်လိုက်ကြသည်။လင်းဆွေ့ကျိုးသည် အစပ်အစားအစာကို မကြိုက်သလို ငါးစားသူလည်း မဟုတ်ပေ။ထို့ကြောင့် ဟင်းလျာများ ချပြီးနောက်မှာ သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ ဖုန်းကစားနေလိုက်သည်။

"ပါးပါး၊ပါးပါးအတွက် ဒါကမစပ်ဘူး"
ချူယီသည် ငါးဗိုက်သားတစ်ပိုင်းကို ကောက်ယူပြီး မျက်နှာပြင်ပေါ်ရှိ အစပ်ဆီများကို ရေနွေးပူပူဖြင့် ပွတ်ပြီးနောက်မှာ လင်းဆွေ့ကျိုး ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

လင်းဆွေ့ကျိုး၏ လက်ချောင်းများ ရပ်တန့်သွားပြီး "မစားဘူး"လို့ ဘာသိဘာသာနဲ့ ပြောလိုက်သည်။

ချူယီက သူ့တူ တွေကို ကိုင်ထားဆဲဖြစ်ပေမဲ့ နက်မှောင်တဲ့ သူ့မျက်လုံးတွေကလည်း သူ့ဒယ်ဒီကိုပဲ စိုက်ကြည့်နေဆဲဖြစ်သည်။

လင်းဆွေ့ကျိုး သက်ပြင်းချလိုက်ပြီး ငါးကို သူ့ပါးစပ်ထဲထည့်လိုက်သည်။ဒါကိုမြင်တဲ့အခါမှာ စိတ်သက်သာရာရသွားသည့်အပြုံးတစ်ခုက ချူယီမျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။

နေ့လယ်စာစားပြီးနောက်မှာ ကျန်းထျန်သည် လင်းဆွေ့ကျိုး ကို အခြားနေရာများသို့ ခေါ်သွားခိုင်းပြီး စိတ်အနှောင့်အယှက်ပေးခဲ့သည်။နေ့တစ်ဝက်လောက် ကစားပြီးနောက်မှာ သူတို့သည် အပန်းဖြေဥယျာဉ်ထဲက ကြီးမားသော Ferris wheel ကို တက်စီးကြသည်။ချူယီက ပင်ပန်းနေပြီဖြစ်သည့်အတွက် ကျန်းထျန်လက်မောင်းပေါ်မှာ မှီပြီး အိပ်ပျော်သွားခဲ့သည်။

နီယွန်မီးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် မနေ့ညက သူတို့နောက်ဆုံးတွေ့ခဲ့သော မြင်ကွင်းလိုပဲ ညမြင်ကွင်းသည် စွဲမက်ဖွယ်ကောင်းလှသည်။

သူသည် ငြီးငွေ့လာပြီး ပြတင်းပေါက် အပြင်ဘက်ရှိ မြို့ကို မှင်သက်စွာ ကြည့်နေလေသည်။

လင်းဆွေ့ကျိုး၏ အကျင်းစရိုက်နဲ့ဆိုရင် သူငယ်စဉ်ကပင် ဖျော်ဖြေရေး ပါတီကို တခါမှ မရောက်ဖူးဘဲ ယနေ့သည် သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

သူက မလှုပ်မယက်နှင့် ဘေးနားရှိ ကျန်းထျန်နှင့်ချုယီကို တစ်ချက်ကြည့်လိုက်သည့်အခါ ထိုအမျိုးသမီးလေးက သူမမျက်လုံးထဲတွင် နူးညံ့မှုအပြည့်ဖြင့် ကောင်ငယ်လေးကို ပွေ့ထားခဲ့သည်။
သူ သူမကို စူးစူးစိုက်စိုက်စိုက်ကြည့်နေရင်း အကြောင်းပြချက်မရှိဘဲ ရုတ်တရက် သူ့နှလုံးသား ငြိမ်းချမ်းသွားခဲ့သည်။သူရူးသွားတာဖြစ်နိုင်သည် ထိုအခိုက်အတန့်တွင် သူမတို့နှစ်ယောက်က အနာဂတ်ကလာတယ်ဆိုတာကို သူယုံကြည်သွားမိသည်။

"ကျွန်တော့မှာ ဒီသားတစ်ယောက်ထဲရှိတာလား?"

ကျန်းထျန် ခဏလောက်တွေးလိုက်ပြီး
"ငါ အရင် ရေတွက်ကြည့်ပါရစေဦး"

အရင် ရေတွက်ဦးမှာ?

မင်း ရေတွက်ကြည့်ဖို့ လိုသေးတာလား?

"မင်းမှာအခု ကလေး လေးယောက်ရှိတယ်"
ကျန်းထျန်က တည်ငြိမ်သည့်အသံဖြင့်ပြောလိုက်သည်။

လင်းဆွေ့ကျိုး၏ လျစ်လျူရှုသောအမူအရာသည် နောက်ဆုံးတွင် တုံ့ပြန်မှုအချို့ရှိခဲ့ပြီး သူ၏မျက်လုံးများသည် သူမ၏ဗိုက်ချပ်ချပ်ကို မသိစိတ်ဖြင့် လှမ်းစိုက်ကြည့်လိုက်သည်။

ကျန်းထျန်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး သူ့ကို တမင်တကာ လှည့်စားလိုက်ကာ
"ငါ့ဗိုက်ထဲက တစ်ယောက်ကိုပါ ထည့်တွက်မယ်ဆိုရင် အားလုံးပေါင်း ငါးယောက်"

လင်းဆွေ့ကျိုးက ပင့်သက်ရှိုက်လိုက်ပြီး
"မင်းဥဥနေတာများလား?"

"မင်းဘာပြောတာလဲ?မင်းကသာ ဥဥနေတဲ့သူ"
ကျန်းထျန်သူ့ကို မနေနိုင်ဘဲ ကန်လိုက်ပြီး
"မင်းမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတာ ပျော်နေသင့်တယ်"

လင်းဆွေ့ကျိုးက အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်ပြီး
"ကျွန်တော့မှာ သမီးတစ်ယောက်ကော ရှိတာလား?"

"ဟုတ်တယ်၊ဒါပေမဲ့ သူမက မကြာခင်မှာပဲ တစ်စုံ‌တစ်ယောက်ရဲ့ ဇနီးဖြစ်တော့မှာ မင်းနဲ့ ဘာမှမဆိုင်တော့ဘူး"
အိုးရန်နဲ့သာ လက်ထပ်ပြီးသွားရင် သူမလေးက သူနဲ့ဘာမှမဆိုင်တော့ပေ။

သူသည် ယခုအချိန်တွင် ချစ်ခြင်းမေတ္တာမရှိ၊ မိသားစုနှင့် သားသမီးအပေါ် အယူအဆမရှိသော အပြစ်ကင်းသော ကောင်လေးတစ်ယောက်မျှသာဖြစ်သည်။သဘာဝအရပဲ၊ သူသည် ထိုကဲ့သို့သော စကားများကို ကြားသောအခါ တုံ့ပြန်မှု များများစားစား မရှိသော်လည်း  ယောင်ဝါးဝါးနဲ့ ထူးထူးဆန်းဆန်းခံစားချက်ကိုသာ ခံစားရသည်။

ဇနီး၊ကလေးတွေ၊မိသားစု။

သူသည် အနာဂတ်တွင် ထိုသို့သောဘဝမျိုးကို တွေ့ကြုံရလိမ့်မည်၊ ဒီလိုဘဝမျိုးကို သူ မရင်းနှီးသေးသည့်တိုင် တမ်းတမိသည်။

ဒါဟာ ….

လင်းဆွေ့ကျိုး သည် အနည်းငယ် နာကျင်နေသော ဒူးခေါင်းကို ပွတ်သပ်လိုက်သည်။ဒီလို ရက်စက်တဲ့ မိန်းမကို ရှာတွေ့ဖို့ဆိုရင် အနာဂတ်မှာ သူ့ ဦးနှောက်က ပျက်စီးနေတာများလား???

ZAWGYI

အခုအေျခအေနက နည္းနည္းပိုရႈပ္ေထြးလာၿပီျဖစ္သည္။

က်န္းထ်န္ သည္ သူမ ခင္ပြန္းျဖစ္သူကို ကေလးပုံစံႏွင့္ ေတြ႕ဆုံရလိမ့္မည္ဟု တစ္သက္လုံး မေမွ်ာ္လင့္ခဲ့ေပ။

သူမပါးကို သူမလက္ေလးႏွစ္ဖက္ျဖင့္  ေထာက္ၿပီး ကုတင္ေပၚတြင္ ထိုင္ကာ သတိမထားမိဘဲ ဆယ္ေက်ာ္သက္ေလးကို မ်က္ေတာင္မခတ္ဘဲၾကည့္‌ေနမိသည္။

ထိုေကာင္ေလးသည္  အသက္ ဆယ့္ေလးႏွစ္ သို႔မဟုတ္ ဆယ့္ငါးႏွစ္ အ႐ြယ္ေလာက္ရွိၿပီး သူ႔တြင္ ထူထဲေသာ အနက္ေရာင္ဆံပင္မ်ားလည္းရွိသည္။သူအိပ္ေနတာေတာင္မွ သူ႔မ်က္ခုံးႏွစ္ဖက္က ႀကဳံ႔ေနၿပီး က်န္းထ်န္ သူမလက္ေလးကိုဆန႔္ထုတ္ကာ သူ႔ရဲ႕ႏႈတ္ခမ္းပါးပါးကို ဂ႐ုတစိုက္ထိလိုက္သည္။

ေကာင္ငယ္ေလးက စိတ္မရွည္စြာ လက္ကို ေဝွ႔ယမ္းၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။သူတစ္ဖက္ကိုလွည့္လိုက္သည့္အခါမွာ ပါးလႊာတဲ့‌ ေစာင္က သူ႔ခႏၶာကိုယ္ေအာက္ကို ျပဳတ္က်သြားၿပီး သူ႔ရဲ႕ အျပည့္အဝ မဖြံ႕ၿဖိဳးတဲ့ ပုံသ႑ာန္ကို ေပၚလြင္သြားေစသည္။

ျဖဴေဖြးလတ္ဆတ္သည့္အသားတုံးေတြကိုၾကည့္ရင္း က်န္းထ်န္သည္ သူမလွ်ာကို မေနႏိုင္ဘဲ ကိုက္မိသြားသည္။

႐ုတ္တရက္ပဲ ဆယ္ေက်ာ္သက္ေလးဟာ သူ႔မ်က္လုံးေတြကို ဖြင့္လိုက္သည္။သူမကို အတင္းအၾကပ္ဖမ္းၿပီး အိပ္ယာေပၚမွာ ဖိကပ္ထားလိုက္သည္။သူ႔လက္ေခ်ာင္းမ်ားက က်န္းထ်န္၏ျဖဴေဖြးႏုနယ္ေသာလည္ပင္းကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားကာ သူအလိုရွိပါက သူမကို အလြယ္တကူ ႏွိပ္စက္ႏိုင္ေပသည္။

သူ႔မ်က္လုံးေတြဟာနက္ေမွာင္ေနၿပီး ရမၼက္ေတြကို ေရခဲႏွင့္ဖိႏွိပ္ထားသလိုမ်ိဳး ေအးစက္ေနကာ ညိဳ႕‌ငင္ေနၿပီး အ႐ြယ္ေရာက္သူတစ္ေယာက္၏ ႏူးညံ့မႈႏွင့္ တည္ၿငိမ္မႈမ်ိဳးလုံးဝမရွိေပ။က်န္းထ်န္ သည္ အံ့အားသင့္သြားကာ အနည္းငယ္ အသက္ရႈရၾကပ္သြားသည္။

"မင္းဘယ္သူလဲ?"

က်န္းထ်န္ ျပန္မေျဖႏိုင္ခင္မွာပဲ တံခါးေခါက္သံထြက္ေပၚလာခဲ့သည္။ခ်ဴယီက တံခါးကို ဂ႐ုတစိုက္တြန္းဖြင့္လိုက္ၿပီး သူ႔ေလသံက အနည္းငယ္ ထိတ္လန႔္သြားခဲ့သည္။
"ပါးပါး၊မားမား၊ လ်န္ရွန႔္ နဲ႔ တျခားသူေတြက အျပင္သြားၾကတယ္၊ဒီအခန္းက အရမ္းထူးဆန္းေနတယ္....."

လင္းေဆြ႕က်ိဳး ၏ မ်က္ေတာင္မ်ားက အနည္းငယ္ တုန္သြားခဲ့သည္။သူ ပတ္ပတ္လည္ကို လွည့္ၾကည့္လိုက္သည့္အခါမွာ အံ့ဩသြားခဲ့သည္။

မနီးမေဝးမွာ ရပ္ေနတဲ့ ကေလးေလးဟာ အသက္ ခုနစ္ႏွစ္ ရွစ္ႏွစ္ေလာက္ရွိၿပီျဖစ္ၿပီး သူ႔အသြင္အျပင္က သူနဲ႔ အနည္းငယ္ ကြဲျပားတယ္ဆိုေပမဲ့လည္း ေတာ္ေတာ္မ်ားမ်ားတူေနသည္။

ခ်ဴယီ က ေခါင္းညိတ္လိုက္ၿပီး
"ပါးပါး?"

လင္းေဆြ႕က်ိဳးက မ်က္ေမွာင္ၾကဳတ္ၿပီး ၾကမ္းတမ္းစြာ ေျပာလိုက္သည္။
"ဘယ္သူက မင္းပါးပါးလဲ?မင္း ေနမေကာင္းဘူးလား?"

ေျပာၿပီးတာႏွင့္ သူက က်န္းထ်န္ကို လႊတ္ေပးလိုက္သည္။

ခ်ဴယီသည္ ဉာဏ္ေကာင္းသည့္ကေလးျဖစ္သည့္အတြက္ သိပၸံသေဘာတရားထက္ေက်ာ္လြန္သည့္ သဘာဝလြန္ျဖစ္ရပ္တစ္ခုကို ႀကဳံေတြ႕ခဲ့ရေၾကာင္း မၾကာမီမွာပဲ သိရွိသြား‌ေတာ့သည္။သူ က်န္းထ်န္ကို လွည့္ၾကည့္လိုက္သည့္အခ်ိန္မွာ သူမ မေျပာင္းလဲ သြားတာ ေတြ႕ေတာ့မွ သူစိတ္သက္သာရာ ရသြားေတာ့သည္။

ခ်ဴယီသည္ လင္းေဆြ႕က်ိဳး ၏သတိေပးေသာအၾကည့္ေအာက္တြင္ ျဖည္းညႇင္းစြာေလွ်ာက္လာၿပီး က်န္းထ်န္ ၏လက္ႏွစ္ဖက္ထဲသို႔ သူ႔ကိုယ္သူ ျဖည္းညႇင္းစြာပစ္ဝင္လိုက္ကာ သူ႔မ်က္လုံးႀကီးႀကီးမ်ားျဖင့္ သူ႔ဒယ္ဒီကို တည့္တည့္စိုက္ၾကည့္ေနလိုက္သည္။

လင္းေဆြ႕က်ိဳးသည္ ခ်ဴယီကို ျပင္းထန္ေသာအၾကည့္ျဖင့္ ေစ့ေစ့ၾကည့္ၿပီး အကဲခတ္ေနသည္။

သူတို႔ႏွစ္ေယာက္အခ်င္းခ်င္း ေသေစႏိုင္ေလာက္တဲ့ အၾကည့္ျဖင့္ၾကည့္ေနၾကစဥ္ ‌က်န္းထ်န္က လင္းေဆြ႕က်ိဳး၏ ေျခေထာက္ကို ကန္လိုက္သည္။
"မင္းဘာၾကည့္ေနတာလဲ?"

အေၾကာင္းျပခ်က္မရွိဘဲ အကန္ခံလိုက္ရေသာ လင္းေဆြ႕က်ိဳး : ".......F*CK!"

ခ်ဴယီ၏ အမူအရာသည္ နစ္ျမႇဳပ္သြားၿပီး
"ပါးပါး၊ဆဲလို႔မရဘူးေလ"

လင္းေဆြ႕က်ိဳး : "......"

လင္းေဆြ႕က်ိဳးကေလွာင္ေျပာင္လိုက္သည္။
"မင္းပါးပါးက သရဲလား?"

ခ်ဴယီ: "သရဲဆိုတာ လူေတြေသၿပီးမွျဖစ္လာတာေလ၊ပါးပါးကိုယ့္ကိုယ္ကို မက်ိန္ဆဲပါနဲ႔"

"......"

"The f*ck!"

"ပါးပါးဆဲလို႔မရဘူးလို႔ သားေျပာတယ္ေလ"

"......."

"..........."

သူ႐ူးေနတာလား?

လင္းေဆြ႕က်ိဳးက သူ႔ဆံပင္ေတြကို ဝ႐ုန္းသုန္းကား ပြတ္သပ္ရင္း ကုတင္ေပၚကေန ဆင္းကာ ဖုန္းကို ေကာက္ကိုင္လိုက္သည္။နံပါတ္မ်ားကို ႏွိပ္လိုက္ၿပီးေနာက္မွာ လိုင္းက လွ်င္ျမန္စြာ ခ်ိတ္ဆက္သြားခဲ့သည္။
"လုံၿခဳံေရး၊ မသကၤာစရာလူႏွစ္ေယာက္က ငါ့အခန္းထဲကို ဝင္လာတယ္ သူတို႔ကိုရဲစခန္းကို အျမန္ပို႔ေပး"

သူက ေရခ်ိဳးခန္းထဲမဝင္မွီ မ်က္ခုံးပင့္ကာ က်န္းထ်န္ ကို အထင္အျမင္ေသးစြာ တစ္ခ်က္ၾကည့္လိုက္သည္။

ေရခ်ိဳးခန္းထဲက ေရက်သံေတြကို နားေထာင္ရင္း က်န္းထ်န္ဟာ အေတြးလြန္ေနခဲ့သည္။သူမတို႔ႏွစ္ေယာက္ ပထမဆုံးစေတြ႕တုန္းက လင္းေဆြ႕က်ိဳးရဲ႕ စိတ္ေနစိတ္ထားက ဆိုး႐ြားေနၿပီလို႔ သူမထင္ခဲ့ေပမဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ လင္းေဆြ႕က်ိဳးက အဆိုးဆုံးျဖစ္ေနလိမ့္မည္ဟုေတာ့ သူမ ေမွ်ာ္လင့္မထားခဲ့ေပ။သူ႔မွာ အ႐ြယ္မတိုင္ခင္က ခ်စ္ဖို႔ေကာင္းမႈမ်ိဳးပင္ မရွိခဲ့ေပ။

သူမအိပ္ယာေပၚက ဆင္းလိုက္ခ်ိန္တြင္ သူမမ်က္ခုံးမ်ားက အနည္းငယ္ႀကဳံ႔သြားခဲ့သည္။

"မားမား၊သားအိမ္ျပန္ခ်င္တယ္...."

ခ်ဴယီက ဒီလိုမ်ိဳး ႀကဳံဖူးတာ ဒါပထမဆုံးျဖစ္သည့္အတြက္ ဒါက သူ႔ကို အရမ္းစိတ္မသက္မသာျဖစ္ေစသည္။

သူမသားႀကီး၏ ေပ်ာ့ေပ်ာင္းေသာဆံပင္ကို ညင္သာစြာ ပြတ္သပ္ေနစဥ္တြင္ တံခါးအျပင္ဘက္က ေျခသံမ်ားကိုၾကားလိုက္ၿပီး လုံၿခဳံေရးအေစာင့္အခ်ိဳ႕က တြန္းဝင္လာခဲ့သည္။
"သံသယရွိသူက ဘယ္မွာလဲ?

သံသယရွိသူ က်န္းထ်န္ : "......."

သံသယရွိသူ ခ်ဴယီ : "........"

ပတ္ပတ္လည္ကိုၾကည့္ၿပီးေနာက္မွာ သူတို႔ရဲ႕မ်က္လုံးေတြက က်န္းထ်န္အေပၚက်ေရာက္သြားခဲ့ၾကသည္။

သူမသည္ ညအိပ္ဝတ္စုံကို ဝတ္ဆင္ထားၿပီး သူမ၏ဆံပင္ရွည္မ်ားကိုခ်ထားကာ သူမ၏မ်က္ႏွာသြင္ျပင္က ႏူးညံ့ၿပီးလွပေပသည္။သူမသည္ သံသယရွိသူထက္ လွပေသာ နတ္သမီးေလးႏွင့္ပင္ ပိုတူေပသည္။

အမ်ိဳးသမီးႏွင့္ ကေလးငယ္တစ္ဦးကို အင္အားသုံးျခင္းသည္ မသင့္ေလ်ာ္ေသာေၾကာင့္ လုံၿခဳံေရးအေစာင့္သည္ က်န္းထ်န္ဆီသို႔ ယဥ္ေက်းစြာ လမ္းေလွ်ာက္သြားခဲ့သည္။
"‌မိန္းကေလး ေက်းဇူးျပဳၿပီး အျပင္ကို ထြက္ေပးပါ"

က်န္းထ်န္က လုံးဝ မေ႐ႊ႕ေပ။

ခ်ဴယီသည္ သူ၏စိုစြတ္ေသာ မ်က္လုံးမ်ားျဖင့္ ေမာ့ၾကည့္သည္မွာ အလြန္သနားစရာ ေကာင္းလွသည္။

ေရခ်ိဳးခန္းထဲက ေရသံေတြ ရပ္သြားၿပီးေတာ့ လင္းေဆြ႕က်ိဳး က ေရခ်ိဳးဝတ္စုံကိုပတ္ၿပီးထြက္လာခဲ့သည္။အခန္းထဲမွာ လူေတြျပည့္ေနတာေတြ႕ေတာ့ သူ႔စိတ္က သိပ္မၾကည္ေတာ့ေပ။
"ျမန္ျမန္လုပ္"

"မိန္းကေလး၊မင္းစိတ္နဲ႔မင္း ထြက္သြားတာ ပိုေကာင္းပါမယ္"

လုံၿခဳံေရးအေစာင့္မ်ားသည္ သူတို႔မ်က္ႏွာေပၚမွာ တည္ၿငိမ္သက္ေနရေသာ္လည္း သူတို႔၏စိတ္ထဲတြင္ ထိတ္လန႔္မႈအျပည့္ရွိေနၾကသည္။လင္းမိသားစု၏ လုံၿခဳံေရးစနစ္သည္ အလြန္တင္းက်ပ္ၿပီး ပုံမွန္အားျဖင့္ ယင္ေကာင္မ်ားပင္ မဝင္ေရာက္ႏိုင္ေပ။ဒါေပမယ့္ ဒီေန႔မွာေတာ့ ဒီလူစိမ္းႏွစ္ေယာက္က သူတို႔ လုံးဝသတိမထားမိဘဲ လြယ္လြယ္နဲ႔ ဝင္လာၾကသည္။

"ေကာင္းၿပီ၊ဒါဆို ကြၽန္မ မထြက္သြားခင္ ဒီကသခင္ေလးနဲ႔ စကားေျပာလို႔ရမလား?"

လင္းေဆြ႕က်ိဳး က ပြင့္ပြင့္လင္းလင္း ျငင္းလိုက္သည္။
"မရဘူး"

လုံၿခဳံေရး အေစာင့္ေတြကေတာ့ ေတာ္ေတာ္ေလး ထိန႔္လန႔္ေနတဲ့ အေျခအေနေရာက္ေနၾကၿပီျဖစ္သည္။

သူမထၿပီး လင္းေဆြ႕က်ိဳးဆီကို ေလွ်ာက္သြားလိုက္သည္။သူ ေကာင္းေကာင္း ႀကီးပ်င္းလာတာပဲ။အသက္ 15 မွာေတာင္ သူ႔အရပ္က 175 cmရွိေနၿပီ၊သူ႔ရဲ႕ သြယ္လ်တဲ့ ေျခတံေတြနဲ႔ တစ္သီးတစ္သန႔္ေနတတ္တဲ့ စိတ္ေနစိတ္ထားက ဒီေန႔ေခတ္ေကာင္မေလးေတြရဲ႕ အႀကိဳက္ဆုံး စတိုင္မ်ိဳးပင္ျဖစ္သည္။

က်န္းထ်န္က ၿပဳံးလိုက္ၿပီး လင္းေဆြ႕က်ိဳး၏ နား နားကို ကပ္ၿပီး တိုးတိုးေလးေျပာလိုက္သည္။
"မင္းယုံမွာေတာ့မဟုတ္ဘူး၊ ငါက အနာဂတ္က မင္းမိန္းမပဲ"

"........"

အခ်ိန္အေတာ္ၾကာ ထိတ္လန႔္သြားၿပီးေနာက္မွာ လင္းေဆြ႕က်ိဳးက ရယ္ေမာလိုက္သည္။

သူက လုံၿခဳံးအေစာင့္ကို လွည့္ၾကည့္လိုက္ၿပီး
"မင္း သူမကို စိတ္က်န္းမာေရးေဆး႐ုံကိုသာ တိုက္႐ိုက္ ပို႔ေပးလိုက္ေတာ့"

သူမ ေရာဂါက ေပါ့ေသးေသးမဟုတ္ဘူး။

က်န္းထ်န္၏ အမူအရာက မေျပာင္းလဲသြားဘဲ ေျဖးညင္းစြာေျပာလိုက္သည္။
"မင္းရဲ႕ တင္ပါးမွာ အခ်ိဳးညီတဲ့ မဲ့ႏွစ္လုံးရွိတယ္။
မင္းက ခ်ိဳတဲ့ အစားအစာေတြႀကိဳက္ေပမဲ့ စပ္တဲ့ဟာေတြေတာ့ မႀကိဳက္ဘူး။အိုး ၿပီးေတာ့ မင္း ေပါင္အတြင္းပိုင္းမွာ ......."

သူမ စကားမဆုံးခင္မွာပဲ လက္တစ္စုံက သူမပါးစပ္ကို တင္းတင္းက်ပ္က်ပ္ ပိတ္ဆို႔ထားလိုက္သည္။

လင္းေဆြ႕က်ိဳး၏ နား႐ြက္မ်ားသည္အနည္းငယ္နီေနၿပီး သူမကို စိုက္ၾကည့္ေနသည္။

က်န္းထ်န္၏ ႏႈတ္ခမ္းေထာင့္မ်ား ေကြးတက္သြားတာက လင္းေဆြ႕က်ိဳးကို ေဒါသ ထြက္သြားေစသည္။

"......သခင္ေလး?"

သူ ေဘးကို တစ္ခ်က္ၾကည့္လိုက္ၿပီး
"မင္းတို႔အရင္ထြက္သြားလိုက္ေတာ့"

လုံၿခဳံေရးအေစာင့္မ်ားသည္ လင္းေဆြ႕က်ိဳးကိုၾကည့္ၿပီးေနာက္မွာ က်န္းထ်န္ကို ၾကည့္လိုက္ၿပီး ေနာက္ဆုံးမွာေတာ့ အခန္းထဲကေန တိတ္တဆိတ္ထြက္သြားၾကေတာ့သည္။

အခန္းထဲတြင္ လူသုံးေယာက္သာ က်န္ေနေတာ့ၿပီး အထူးတိတ္ဆိတ္ေနခဲ့သည္။

သူမ၏ မ်က္ေတာင္ေလးေတြဟာ အနည္းငယ္လႈပ္ရွားသြားၿပီး သူ႔ရဲ႕ လက္ဖဝါးပူပူကို သူမရဲ႕ႏႈတ္ခမ္းေတြႏွင့္စုပ္ယူနမ္းရႈိက္လိုက္သည္။လူငယ္ေလးဟာအံ့ဩသြားကာ သူ႔ရဲ႕မ်က္လုံးေတြျပဴးက်ယ္သြားၿပီး သူ႔လက္ကို အျမန္ပဲ ဆြဲယူလိုက္သည္။သူ႔ရဲ႕အျပစ္ကင္းၿပီး အကူအညီမဲ့ေနတဲ့ အမူအရာေလးကို ျမင္ေတာ့ က်န္းထ်န္က အက်ယ္ႀကီး ရယ္ေမာလိုက္‌ေတာ့သည္။

လင္းေဆြ႕က်ိဳး ႏွင့္ ရွဟိုင္႐ြန္တို႔ အတူတူတြဲသြားတြဲလာလုပ္ေနကတည္းက သူ႔ကို အ႐ူးလုပ္ၿပီး စေနာက္ရန္ ပိုခက္ခဲလာတာျဖစ္သည္။အမ်ားအားျဖင့္ သူမကသာ သူအ႐ူးလုပ္တာကိုခံခဲ့ရသူျဖစ္သည္။အခုေတာ့ ဒီျဖဴစင္ၿပီး အျပစ္ကင္းတဲ့ သူမရဲ႕ အေကာင္ေပါက္ေလးကသာ ခ်စ္စရာအေကာင္းဆုံးထင္သည္။

"သား ဒီကိုလာခဲ့"

က်န္းထ်န္ သူမလက္ကို‌ေဝ့ရမ္းၿပီး ခ်ဴယီကိုေခၚလိုက္သည္။

ခ်ဴယီက နာနာခံခံနဲ႔ပဲ ေလွ်ာက္လာခဲ့သည္။

"ဒယ္ဒီလို႔ ေခၚလိုက္"

ခ်ဴယီသည္ က်န္းထ်န္အနားတြင္ ရပ္ေနၿပီး သူ(လင္းေဆြ႕က်ိဳး)ႏွင့္တူေသာ မ်က္ခုံး၊ မ်က္လုံးမ်ားျဖင့္ ႏူညံ့ၿပီး ၾကည့္ေကာင္းေနေပသည္။
"ဒယ္ဒီ"

လင္းေဆြ႕က်ိဳး......

လင္းေဆြ႕က်ိဳး သည္ ယခုအခ်ိန္တြင္ သူ႔စိတ္ခံစားခ်က္ကို မည္သို႔ေဖာ္ျပရမည္ကို မသိေသာ္လည္း တစ္နည္းနည္းျဖင့္ ရင္ထဲတြင္တင္းက်ပ္ေနသည္။

"ငါ့ကိုယ္ကို အရင္မိတ္ဆက္ပါရေစဦး၊ငါက က်န္းထ်န္ မင္းမိန္းမ"

"......"

လင္းေဆြ႕က်ိဳး သည္ သူမအား အနီးကပ္ ေလ့လာလိုက္သည္။

လွပတယ္။

အသားျဖဴတယ္။

ရင္သားႀကီးႀကီးေတြလဲ ရွိတယ္။

သူမေနႏိုင္ဘဲ အၾကာႀကီး စိုက္ၾကည့္မိသြားသည္။

က်န္းထ်န္ ႏႈတ္ခမ္းေလးေတြက ေကြးတက္သြားၿပီး ဒီတိုင္းပဲ ေမးလိုက္သည္။
"မင္း ဒါကို ထိၾကည့္ခ်င္လို႔လား?"

လင္းေဆြ႕က်ိဳး ကသူ႔မ်က္လုံးမ်ားကို မွိတ္လိုက္ကာ အေဝးကို လွမ္းၾကည့္လိုက္ၿပီး "အတုႀကီး" ဟု ေအးစက္စြာ ေျပာလိုက္သည္။

က်န္းထ်န္ ကအနည္းငယ္ စိတ္ဆိုးသြားၿပီး "ခ်ာတိတ္၊ မင္းက ငါ့ကို အရင္စိုက္ၾကည့္တဲ့သူပဲ။
ငါက မင္းကို ၾကင္နာစြာနဲ႔ အခြင့္အေရးေပးေပမဲ့ မင္းကအခြင့္အေရးကို လက္လႊတ္လိုက္႐ုံမကပဲ ငါ့ဟာကိုပါ အတုလို႔ေျပာေသးတယ္။ဒါ တရားလို႔လား?"

"ဟမ့္!"

"......."

ဟမ့္လား မင္းႏိုင္ႏိုင္းကိုပဲ သြားဟမ့္။

သူက က်န္းထ်န္းကို ေမာင္းထုတ္ဖို႔ လူေတြကို ခြင့္မျပဳေပးခဲ့ေသာ္လည္း သူ႔ရဲ႕ စိတ္အားထက္သန္မႈကိုေတာ့ ထုတ္မျပခဲ့ေပ။လင္းေဆြ႕က်ိဳးက အ႐ူးမဟုတ္ေပမဲ့ က်န္းထ်န္ေျပာသမွ်ကိုေတာ့ ယုံၾကည္ေနခဲ့သည္။သူသာ သူတို႔က အႏၲရာယ္မရွိဘူးလို႔ မျမင္ရင္ သူတို႔ကို ဒီမွာ ရပ္ခြင့္ေပးမွာမဟုတ္ဘူး။

ေက်ာင္းဝတ္စုံလဲၿပီးေနာက္မွာ သူကေအာက္ထပ္ကိုဆင္းၿပီး ထမင္းစားခန္းထဲကို သြားလိုက္သည္။
အာဟာရျပည့္ဝေသာ နံနက္စာကျပင္ဆင္ထားၿပီးၿပီျဖစ္သည္။

က်န္းထ်န္ က သူ႔ေနာက္ကို လိုက္သြားၿပီး အတိတ္က သူမတို႔အိမ္ကို ေကာင္းေကာင္းၾကည့္ဖို႔ အခြင့္အေရးကိုရယူလိုက္သည္။

အိမ္ပရိေဘာဂအျပင္အဆင္မ်ား အေျပာင္းအလဲမရွိ‌ေပမဲ့ ကေလးေတြကစားသည့္ ကစားစရာ အ႐ုပ္မ်ားႏွင့္ နံရံေဆးေရးပန္းခ်ီမ်ားသာ ေပ်ာက္ဆုံးေနသည္။အိမ္ႀကီးက ႐ုတ္ရက္ က်ယ္ဝန္းၿပီး လူသူကင္းမဲ့သလိုျဖစ္ေနခဲ့သည္။

ဂလူး။

႐ုတ္တရက္အသံတစ္ခုက တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္သည္။

လင္းေဆြ႕က်ိဳးက မ်က္လုံးပင့္ၿပီးၾကည့္လိုက္သည္။

ခ်ဴယီက သူ႔ဗိုက္ေလးကို ဖုံးၿပီး တိုးတိုးေလးေျပာလိုက္သည္။
"သားေတာင္းပန္ပါတယ္"

သူဒီေန႔မနက္ အေစာႀကီးႏိုးလာတဲ့အခ်ိန္မွာတစ္ခုခုမမွန္တာကိုေတြ႕ေတာ့ သူ႔မိသားစုကို စိုးရိမ္တႀကီးနဲ႔လိုက္ရွာ‌ေနရတဲ့အတြက္ မနက္စာစားဖို႔ ဂ႐ုမစိုက္ႏိုင္‌လိုက္ေသာေၾကာင့္ သူအခုဗိုက္ဆာေနၿပီျဖစ္သည္။

လင္းေဆြ႕က်ိဳး သည္ သူ႔ဓားႏွင့္ ခက္ရင္းကို ခ်လိုက္ၿပီး ပန္းကန္ျပားေပၚမွ မစားရေသးေသာ မုန႔္မ်ားကို စားပြဲတစ္ဖက္သို႔ တြန္းေပးလိုက္သည္။ထို႔ေနာက္ သူထကာ ေက်ာင္းလြယ္အိတ္ကိုယူၿပီး စကားမေျပာဘဲ လွည့္ထြက္သြားခဲ့သည္၊သူ႔ေနာက္ေက်ာသည္ ေမာက္မာမႈအျပည့္ႏွင့္ျဖစ္ေနခဲ့သည္။

ခ်ဴယီက မုန႔္ႏွစ္ခုကို ေကာက္ကိုင္လိုက္ၿပီး က်န္းထ်န္ အား တစ္လုံးေပးေသာ္လည္း သူမကေခါင္းယမ္းကာ ေကာင္ေလးထြက္သြားသည့္လမ္းေၾကာင္းကိုသာ ၾကည့္ေနခဲ့သည္။

ခ်ဴယီ ဗိုက္ျပည့္သြားသည္ကိုျမင္ၿပီးေနာက္မွာ က်န္းထ်န္သည္ နာနီထံမွ အဝတ္တစ္ထည္ကို ငွားၿပီး ခ်ဴယီကိုလဲေပးလိုက္ကာ ခ်ဴယီကိုသူမႏွင့္အတူ‌ ေခၚၿပီး သူသြားသည့္ေနာက္သို႔လိုက္လာခဲ့သည္။သူမ မွတ္မိတာ မမွားပါက လင္းေဆြ႕က်ိဳးသည္ ရီက်ဳံး‌တြင္ အလယ္တန္းတက္ေနတာျဖစ္သည္။သူသည္ စာသင္ျခင္းႏွင့္ အက်င့္စာရိတၱတြင္ ထူးခြၽန္သူျဖစ္ၿပီး သူ၏ ဆရာမ်ားႏွင့္ မိန္းကေလး အတန္းေဖာ္မ်ားက သူ႔ကိုအလြန္ႏွစ္သက္ၾကသည္။

ဧၿပီလရွိ ရာသီဥတုသည္ အနည္းငယ္ေအးေနၿပီး လမ္းႏွစ္ဖက္ရွိ သစ္ပင္မ်ားသည္ ရင္းႏွီးသလိုလိုႏွင့္ မရင္းႏွီးေပ။ေက်ာင္းသားမ်ားသည္ လမ္း၏ တစ္ဖက္တစ္ခ်က္စီတြင္ အရွိန္ျပင္းျပင္းျဖင့္ ေလွ်ာက္လာၾကသည္။သူမသည္ ခ်ဴယီ၏လက္ကို ဆုပ္ကိုင္ထားၿပီး အလယ္တန္းႏွင့္ အထက္တန္းေက်ာင္းသူေလးတစ္စုႏွင့္ ေရာေႏွာကာ သူမကိုယ္သူမပင္ ငယ္သည္ဟု ခံစားေနရသည္။

က်န္းထ်န္ သည္ အလြန္လွပၿပီး ဆြဲေဆာင္မႈရွိကာ သူမသည္ ႐ိုးရွင္းေသာအ၀တ္အစားမ်ားကို ၀တ္ထားေသာ္လည္း လူအမ်ား၏ အာ႐ုံစိုက္မႈကို ခံေနရဆဲျဖစ္သည္။

ဒီအခ်ိန္ကေက်ာင္းခ်ိန္ျဖစ္သည့္အတြက္ ဘာမွလုပ္စရာမရွိလို႔ သူမသားကိုေခၚၿပီး လမ္းေပၚမွာသာ လမ္းေလွ်ာက္ခိုင္းလိုက္သည္။

"မားမား၊သားတို႔ ဘယ္အခ်ိန္မွ ျပန္သြားလို႔ရမွာလဲ?"

က်န္းထ်န္ ေခါင္းရမ္းလိုက္ၿပီး "မားမားလည္းမသိဘူး"

ဒီအေျခအေနႀကီးက ႐ုတ္တရက္ျဖစ္သြားခဲ့တာျဖစ္သည္။ကမာၻကူးေျပာင္းဖူးသည့္အေတြ႕အႀကဳံရွိသည့္က်န္းထ်န္ေတာင္မွ လက္ရွိအေျခအေနကိုဘယ္လိုေျဖရွင္းရမယ္ဆိုတာမသိဘဲ ယခုအခ်ိန္မွာ သူမလုပ္ႏိုင္သမွ်က အလိုက္သင့္ေလး ေနထိုင္႐ုံသာျဖစ္သည္။

ခ်ဴယီက သူ႔ရဲ႕ေအာက္ႏႈတ္ခမ္းေလးကိုကိုက္လိုက္ၿပီး
"သား ဒီပါးပါးကို မႀကိဳက္ဘူး"

"ဟမ္?"

သူက သူ႔ေမးေစ့ေလးကို ပုတ္လိုက္ၿပီး
"သူက မားမားကို မၾကင္နာဘူးေလ"

သူကသူ႔ခံစားခ်က္ကိုဖုံးကြယ္ၿပီး တုန္လႈပ္ေျခာက္ျခားသည့္အမူအရာႏွင့္ေျပာလိုက္သည္။
"သူမားမားကို မၾကင္နာ တာကို သားမႀကိဳက္ဘူး"

က်န္းထ်န္ က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူမသားအႀကီးဆုံးကို ေပြ႕ခ်ီဖို႔ ဒူးေကြးလိုက္သည္။
ေလးလံမႈကို သူမခံစားလိုက္ရၿပီး မေနႏိုင္ဘဲ ေနာက္ေျပာင္လိုက္သည္။
"ခ်ဴယီက ပိုၿပီးေလးလာၿပီ မားမား အနာဂတ္က်ရင္ သားကို ထပ္မေပြ႕ႏိုင္ေလာက္ေတာ့ဘူးထင္တယ္"

ခ်ဴယီ သည္ က်န္းထ်န္ ၏လည္ပင္းကို သိုင္းဖက္ထားၿပီး
"အဲ့အခ်ိန္ေရာက္ရင္ သားက မားမားကို ျပန္ေပြ႕မွာေပါ့"

သစ္ပင္ႀကီးေတြရဲ႕ အရိပ္ေအာက္မွာ အရိပ္ႏွစ္ခုက အႀကီးႀကီးတစ္ခုနဲ႔  ေသးေသးေလးတစ္ခုက တစ္ေယာက္နဲ႔တစ္ေယာက္ ေႏြးေထြးမႈအျပည့္ျဖင့္ေပြ႕ဖက္ေနၾကသည္။

ေႏြဦးေလညင္းသည္ သစ္ပင္မ်ား၏ အရိပ္မ်ားကို ျဖတ္တိုက္ကာ ေအးစိမ့္ေသာေလကို သယ္ေဆာင္လာသည္။

လွ်ပ္တစ္ျပက္ပဲ။

ေက်ာင္းလြယ္အိတ္တစ္လုံးက က်န္း‌ထ်န္ေနာက္ကိုျပဳတ္က်လာၿပီး သူမေခါင္းကိုလွည့္ၾကည့္လိုက္တဲ့အခါမွာ ထိုအိတ္က ရင္းႏွီးေနသလို ခံစားလိုက္ရသည္။

သူမ အေတြးေတြႏွင့္ရႈပ္ေထြးေနခ်ိန္တြင္၊ လူငယ္‌ေလးတစ္ေယာက္၏ ထက္ျမက္ေသာ အသြင္အျပင္သည္ သူမ၏ မ်က္လုံးမ်ားေရွ႕တြင္ ေပၚလာၿပီး သူ၏ သန္မာေသာ လက္မ်ားက နံရံကို ေထာက္ကာ အထဲက‌ေန အလြယ္တကူ ကုပ္တက္လာခဲ့သည္။သူက က်န္းထ်န္ကိုသတိမထားမိဘဲ ေက်ာင္းလြယ္အိတ္ကိုယူရန္ ငုံ႔လိုက္ၿပီး အိတ္ကပ္ထဲမွ စီးကရက္တစ္လိပ္ကိုယူကာ မီးညႇိလိုက္သည္။

သူက နံရံကို ပ်င္းရိစြာ မွီ၍ သူ႔မ်က္ခြံမ်ားကိုတစ္၀က္မွိတ္ထားၿပီး အထိန္းအကြပ္မဲ့ကာ ဂ႐ုမစိုက္ဘဲ ေဆးလိပ္ေငြ႕မ်ားမႈတ္ထုတ္လိုက္ေသာအခါ ေလထုထဲတြင္ ေဆးလိပ္ေငြ႕မ်ားျဖင့္ျပည့္ႏွက္သြားေတာ့သည္။

႐ုတ္တရက္ပဲ တျခား ေက်ာင္းလြယ္အိတ္တစ္လုံးျပဳတ္က်လာခဲ့ျပန္သည္။

"F*ck လင္းေဆြ႕က်ိဳး မင္းခိုးထြက္တာကို ဘာလို႔ ငါ့ကို မေခၚတာလဲ?"
အရပ္ရွည္ၿပီး သန္မာတဲ့ေကာင္ေလးတစ္ေယာက္က လင္းေဆြ႕က်ိဳး ဆီကို ေလွ်ာက္လာခဲ့သည္။
"ငါ့ကို တစ္ခုေပး"

သူက ေဆးလိပ္တစ္ဘူးလုံးကို ထိုေကာင္ေလးဆီတိုက္႐ိုက္ပစ္ေပးလိုက္သည္။

အတန္းေဖာ္ ေကာင္ေလးက ေဆးလိပ္မီးညႇိရင္း စကားေျပာလိုက္သည္။ထိုအခ်ိန္တြင္ သူ႔မ်က္လုံးေထာင့္ကေန သစ္ပင္အရိပ္ေအာက္တြင္ ရပ္ေနေသာ က်န္းထ်န္ႏွင့္ ခ်ဴယီကို မေတာ္တဆ တစ္ခ်က္ၾကည့္မိသြားသည္။

ခဏတာ အံ့အားသင့္သြားၿပီးေနာက္မွာ မီးခိုးေငြ႕မ်ားကို သူ႔လည္ေခ်ာင္းထဲ ရွဴရႈိက္လိုက္သည္။

လင္းေဆြ႕က်ိဳးသည္ သူ႔မ်က္ခြံမ်ားကို ပင့္လိုက္ၿပီး အေပၚကို ေမာ့ၾကည့္လိုက္သည္။

"ပါးပါး ေဆးလိပ္ေသာက္လို႔မရဘူးေလ"
ခ်ဴယီ သည္ က်န္းထ်န္ ၏ လက္ေမာင္းထဲက‌ ေန ထြက္လာၿပီး ေရွ႕သို႔ ေလွ်ာက္လာကာ သူ႔လက္ေခ်ာင္းထိပ္ၾကားရွိ စီးကရက္တစ္လိပ္ကို လုယူလိုက္သည္။သူက ေျမႀကီးေပၚကို ခ်နင္းၿပီး မီးသတ္လိုက္ေပမဲ့ အမႈိက္ပုံးထဲ ပစ္ထည့္ဖို႔ကိုလည္း မေမ့ခဲ့ဘူး။

က်န္းထ်န္ ေရွ႕ကိုေလွ်ာက္လာလိုက္ၿပီး
"မင္း ေက်ာင္းေျပးလာတာလား?"

ခ်ဴယီရဲ႕ မ်က္ႏွာေလးမွာ မေက်နပ္မႈမ်ား ျပည့္ႏွက္လာၿပီး
"ပါးပါး၊ေက်ာင္းေျပးလို႔မရဘူးေလ၊ေက်ာင္းေျပးတာက မေကာင္းဘူး"

"What the hell!! လင္းေဆြ႕က်ိဳး မင္းသားက ဒီေလာက္ႀကီးေနၿပီလား?"
အတန္းေဖာ္‌ ေကာင္ေလးက သူ႔ေပါင္သူ ႐ိုက္လိုက္ၿပီး သူ႔မ်က္ႏွာမွာ ထိတ္လန႔္မႈေတြႏွင့္ျပည့္ႏွက္သြားေတာ့သည္။

လင္းေဆြ႕က်ိဳးသူ႔ကို မ်က္လုံးလွမ့္ျပလိုက္ၿပီး
"မင္းဦးေႏွာက္ကို သြားစစ္ၾကည့္လိုက္ဦး"

"ေမ့လိုက္ေတာ့၊ ငါဗိုက္ဆာေနၿပီ၊ မင္းငါ့ကို တစ္ခုခုစားဖို႔ေခၚသြားဦး" 
က်န္းထ်န္သည္ သူမ၏ ဗိုက္ကို ပြတ္လိုက္ၿပီး လင္းေဆြ႕က်ိဳး၏ လက္ကို အလိုအေလ်ာက္ ဆုပ္ကိုင္လိုက္သည္။႐ုတ္တရက္ အနီးကပ္ထိေတြ႕မႈေၾကာင့္ လင္းေဆြ႕က်ိဳးအနည္းငယ္ ထိတ္လန႔္သြားကာ ျမန္ျမန္တုံ႔ျပန္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ သူမကို တြန္းထုတ္လိုက္သည္။

က်န္းထ်န္က စိတ္မဆိုးဘဲ သူ႔ကို‌ၿပဳံးျပကာ
"ငါက ကိုယ္ဝန္ရွိေနတာေနာ္ မင္းပိုၿပီး ဂ႐ုစိုက္သင့္တယ္"

ခဏေလာက္ရပ္လိုက္ၿပီး
"ၿပီးေတာ့ အဲ့တာက မင္းကေလး"

"......."

သူမရဲ႕အသံက အရမ္းမက်ယ္ေပမဲ့ လူႏွစ္ေယာက္ၾကားႏိုင္ဖို႔အတြက္ေတာ့ လုံေလာက္ပါသည္။လင္းေဆြ႕က်ိဳး၏အမူအရာသည္ အမ်ိဳးမ်ိဳးေျပာင္းလဲသြားၿပီး ေနာက္ဆုံးတြင္ သူမ လုပ္ခ်င္သမွ်ကို လုပ္ခြင့္ေပးလိုက္သည္။

သူ႔အတန္းေဖာ္က ေဆးလိပ္ေသာက္တယ္၊အတန္းလစ္တယ္၊တျခားသူေတြနဲ႔ ရန္ျဖစ္တယ္ဆိုေပမဲ့လည္း သူက လူေကာင္းေလးတစ္ေယာက္‌ျဖစ္ေနေသးသည္။ပုံမွန္အားျဖင့္သူဟာ ဒီလို ႐ုပ္ေခ်ာေခ်ာ မိန္းကေလးမ်ိဳးကို စိတ္တိုေအာင္မလုပ္ရဲေပ။သူ႔ေရွ႕တြင္ ျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္မ်ားက သူ႔ကို မေက်မနပ္ျဖစ္‌ေစခဲ့သည္။ေနာက္ဆုံးမွာ သူက သူ႔ေက်ာင္းလြယ္အိတ္ကိုျပန္ေကာက္ကာ နံရံကိုေက်ာ္တက္ၿပီး ေက်ာင္းကိုျပန္သြားခဲ့သည္။ဤေနရာႏွင့္ ႏႈိင္းယွဥ္ၾကည့္လွ်င္ စာအုပ္ပင္လယ္သည္ သူ၏ေနာက္ဆုံးပန္းတိုင္ဟု သူခံစားရသည္။

လင္းေဆြ႕က်ိဳးက အသက္ျပင္းျပင္းရွဴလိုက္ၿပီး
"မင္း ဘာစားခ်င္လို႔လဲ?"

"ငါးကင္။ေရွ႕က ငါးကင္ဆိုင္က အရမ္းအရသာရွိတယ္"

သူကစကားမေျပာဘဲ ေရွ႕ကိုသာ တိတ္တဆိတ္ ေလွ်ာက္သြားလိုက္သည္။

ထိုအခ်ိန္တြင္ စားေသာက္ဆိုင္တြင္ စားသုံးသူအမ်ားအျပားမရွိေပ။အေဝးက ေထာင့္တစ္ေနရာရွိ စားပြဲတစ္ခုမွာ သူတို႔ထိုင္လိုက္ၾကသည္။လင္းေဆြ႕က်ိဳးသည္ အစပ္အစားအစာကို မႀကိဳက္သလို ငါးစားသူလည္း မဟုတ္ေပ။ထို႔ေၾကာင့္ ဟင္းလ်ာမ်ား ခ်ၿပီးေနာက္မွာ သူ႔ေမးေစ့ကို လက္တစ္ဖက္ျဖင့္ ေထာက္ကာ ဖုန္းကစားေနလိုက္သည္။

"ပါးပါး၊ပါးပါးအတြက္ ဒါကမစပ္ဘူး"
ခ်ဴယီသည္ ငါးဗိုက္သားတစ္ပိုင္းကို ေကာက္ယူၿပီး မ်က္ႏွာျပင္ေပၚရွိ အစပ္ဆီမ်ားကို ေရေႏြးပူပူျဖင့္ ပြတ္ၿပီးေနာက္မွာ လင္းေဆြ႕က်ိဳး ၏ ပန္းကန္ထဲသို႔ ထည့္ေပးလိုက္သည္။

လင္းေဆြ႕က်ိဳး၏ လက္ေခ်ာင္းမ်ား ရပ္တန႔္သြားၿပီး "မစားဘူး"လို႔ ဘာသိဘာသာနဲ႔ ေျပာလိုက္သည္။

ခ်ဴယီက သူ႔တူ ေတြကို ကိုင္ထားဆဲျဖစ္ေပမဲ့ နက္ေမွာင္တဲ့ သူ႔မ်က္လုံးေတြကလည္း သူ႔ဒယ္ဒီကိုပဲ စိုက္ၾကည့္ေနဆဲျဖစ္သည္။

လင္းေဆြ႕က်ိဳး သက္ျပင္းခ်လိုက္ၿပီး ငါးကို သူ႔ပါးစပ္ထဲထည့္လိုက္သည္။ဒါကိုျမင္တဲ့အခါမွာ စိတ္သက္သာရာရသြားသည့္အၿပဳံးတစ္ခုက ခ်ဴယီမ်က္ႏွာေပၚမွာ ေပၚလာခဲ့သည္။

ေန႔လယ္စာစားၿပီးေနာက္မွာ က်န္းထ်န္သည္ လင္းေဆြ႕က်ိဳး ကို အျခားေနရာမ်ားသို႔ ေခၚသြားခိုင္းၿပီး စိတ္အေႏွာင့္အယွက္ေပးခဲ့သည္။ေန႔တစ္ဝက္ေလာက္ ကစားၿပီးေနာက္မွာ သူတို႔သည္ အပန္းေျဖဥယ်ာဥ္ထဲက ႀကီးမားေသာ Ferris wheel ကို တက္စီးၾကသည္။ခ်ဴယီက ပင္ပန္းေနၿပီျဖစ္သည့္အတြက္ က်န္းထ်န္လက္ေမာင္းေပၚမွာ မွီၿပီး အိပ္ေပ်ာ္သြားခဲ့သည္။

နီယြန္မီးမ်ား မွိတ္တုတ္မွိတ္တုတ္ျဖင့္ မေန႔ညက သူတို႔ေနာက္ဆုံးေတြ႕ခဲ့ေသာ ျမင္ကြင္းလိုပဲ ညျမင္ကြင္းသည္ စြဲမက္ဖြယ္ေကာင္းလွသည္။

သူသည္ ၿငီးေငြ႕လာၿပီး ျပတင္းေပါက္ အျပင္ဘက္ရွိ ၿမိဳ႕ကို မွင္သက္စြာ ၾကည့္ေနေလသည္။

လင္းေဆြ႕က်ိဳး၏ အက်င္းစ႐ိုက္နဲ႔ဆိုရင္ သူငယ္စဥ္ကပင္ ေဖ်ာ္ေျဖေရး ပါတီကို တခါမွ မေရာက္ဖူးဘဲ ယေန႔သည္ သူ႔အတြက္ ပထမဆုံးအႀကိမ္ ျဖစ္သည္။

သူက မလႈပ္မယက္ႏွင့္ ေဘးနားရွိ က်န္းထ်န္ႏွင့္ခ်ဳယီကို တစ္ခ်က္ၾကည့္လိုက္သည့္အခါ ထိုအမ်ိဳးသမီးေလးက သူမမ်က္လုံးထဲတြင္ ႏူးညံ့မႈအျပည့္ျဖင့္ ေကာင္ငယ္ေလးကို ေပြ႕ထားခဲ့သည္။
သူ သူမကို စူးစူးစိုက္စိုက္စိုက္ၾကည့္ေနရင္း အေၾကာင္းျပခ်က္မရွိဘဲ ႐ုတ္တရက္ သူ႔ႏွလုံးသား ၿငိမ္းခ်မ္းသြားခဲ့သည္။သူ႐ူးသြားတာျဖစ္ႏိုင္သည္ ထိုအခိုက္အတန႔္တြင္ သူမတို႔ႏွစ္ေယာက္က အနာဂတ္ကလာတယ္ဆိုတာကို သူယုံၾကည္သြားမိသည္။

"ကြၽန္ေတာ့မွာ ဒီသားတစ္ေယာက္ထဲရွိတာလား?"

က်န္းထ်န္ ခဏေလာက္ေတြးလိုက္ၿပီး
"ငါ အရင္ ေရတြက္ၾကည့္ပါရေစဦး"

အရင္ ေရတြက္ဦးမွာ?

မင္း ေရတြက္ၾကည့္ဖို႔ လိုေသးတာလား?

"မင္းမွာအခု ကေလး ေလးေယာက္ရွိတယ္"
က်န္းထ်န္က တည္ၿငိမ္သည့္အသံျဖင့္ေျပာလိုက္သည္။

လင္းေဆြ႕က်ိဳး၏ လ်စ္လ်ဴရႈေသာအမူအရာသည္ ေနာက္ဆုံးတြင္ တုံ႔ျပန္မႈအခ်ိဳ႕ရွိခဲ့ၿပီး သူ၏မ်က္လုံးမ်ားသည္ သူမ၏ဗိုက္ခ်ပ္ခ်ပ္ကို မသိစိတ္ျဖင့္ လွမ္းစိုက္ၾကည့္လိုက္သည္။

က်န္းထ်န္၏ ႏႈတ္ခမ္းေထာင့္က တြန႔္ေကြးသြားၿပီး သူ႔ကို တမင္တကာ လွည့္စားလိုက္ကာ
"ငါ့ဗိုက္ထဲက တစ္ေယာက္ကိုပါ ထည့္တြက္မယ္ဆိုရင္ အားလုံးေပါင္း ငါးေယာက္"

လင္းေဆြ႕က်ိဳးက ပင့္သက္ရႈိက္လိုက္ၿပီး
"မင္းဥဥေနတာမ်ားလား?"

"မင္းဘာေျပာတာလဲ?မင္းကသာ ဥဥေနတဲ့သူ"
က်န္းထ်န္သူ႔ကို မေနႏိုင္ဘဲ ကန္လိုက္ၿပီး
"မင္းမွာ သားႏွစ္ေယာက္နဲ႔ သမီးတစ္ေယာက္ရွိတာ ေပ်ာ္ေနသင့္တယ္"

လင္းေဆြ႕က်ိဳးက အံ့အားသင့္စြာ မ်က္ခုံးပင့္လိုက္ၿပီး
"ကြၽန္ေတာ့မွာ သမီးတစ္ေယာက္ေကာ ရွိတာလား?"

"ဟုတ္တယ္၊ဒါေပမဲ့ သူမက မၾကာခင္မွာပဲ တစ္စုံ‌တစ္ေယာက္ရဲ႕ ဇနီးျဖစ္ေတာ့မွာ မင္းနဲ႔ ဘာမွမဆိုင္ေတာ့ဘူး"
အိုးရန္နဲ႔သာ လက္ထပ္ၿပီးသြားရင္ သူမေလးက သူနဲ႔ဘာမွမဆိုင္ေတာ့ေပ။

သူသည္ ယခုအခ်ိန္တြင္ ခ်စ္ျခင္းေမတၱာမရွိ၊ မိသားစုႏွင့္ သားသမီးအေပၚ အယူအဆမရွိေသာ အျပစ္ကင္းေသာ ေကာင္ေလးတစ္ေယာက္မွ်သာျဖစ္သည္။သဘာဝအရပဲ၊ သူသည္ ထိုကဲ့သို႔ေသာ စကားမ်ားကို ၾကားေသာအခါ တုံ႔ျပန္မႈ မ်ားမ်ားစားစား မရွိေသာ္လည္း  ေယာင္ဝါးဝါးနဲ႔ ထူးထူးဆန္းဆန္းခံစားခ်က္ကိုသာ ခံစားရသည္။

ဇနီး၊ကေလးေတြ၊မိသားစု။

သူသည္ အနာဂတ္တြင္ ထိုသို႔ေသာဘဝမ်ိဳးကို ေတြ႕ႀကဳံရလိမ့္မည္၊ ဒီလိုဘဝမ်ိဳးကို သူ မရင္းႏွီးေသးသည့္တိုင္ တမ္းတမိသည္။

ဒါဟာ ….

လင္းေဆြ႕က်ိဳး သည္ အနည္းငယ္ နာက်င္ေနေသာ ဒူးေခါင္းကို ပြတ္သပ္လိုက္သည္။ဒီလို ရက္စက္တဲ့ မိန္းမကို ရွာေတြ႕ဖို႔ဆိုရင္ အနာဂတ္မွာ သူ႔ ဦးေႏွာက္က ပ်က္စီးေနတာမ်ားလား???

Continue Reading

You'll Also Like

308K 20.7K 108
Season -1❗Completed ❗ Zawgyi ~~~~~~~ Lyana လို႔ေခၚတဲ့မိန္းကေလးတစ္ေယာက္ကR-19သံုးပြင့္ဆိုင္ Novel တစ္ပုဒ္ထဲကိုေရာက္သြားၿပီး သူမကိုယ္တိုင္ေတာင္ဘယ္သူမွန္...
396K 16.1K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
886K 98.4K 200
Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတ...
227K 19.6K 49
"ငါ​ေလးက ဇာတ္​လိုက္​ကိုကာကြယ္​​ေပးရမယ္​ မလုပ္​ဘူး လံုး၀လံုး၀ လံုး၀ကိုမလုပ္​ဘူး" [မလုပ္​ရင္​​​ေသမွာပါhost] 'Fuck ' "ငါလေးက ဇာတ်လိုက်ကိုကာကွယ်ပေးရမယ် မ...