Unicode
{ငါလည်း အခုတလော TVရော ရုပ်ရှင်ကားတွေပါစောင့်ကြည့်နေတာပါကွာ။သူနဲ့သင့်တော်တာလေးမရှိသေးလို့။ပြီးတော့ ငါ့ဘက်က သူရိုက်တဲ့ကားမှာ အရင်းနှီးထည့်ထားတာလည်းမကြာသေးတော့ နောက်တစ်ခါထပ်ပေးရင် ကျိချင်းကျိုးလည်း လက်ခံဖို့အဆင်မပြေလောက်ဘူး။အရင်တစ်ခါ အရင်အနှီးထည့်တုန်းကတောင် သိပ်ကျေနပ်ချင်တာမဟုတ်ဘူး။ငါ့ပိုက်ဆံရှုံးမှာကြောက်နေတာ}
ချူချန်ပြောလိုက်သည်။
{သူနဲ့သင့်တော်တာလေးရှိမှပဲ ပေးတော့မယ်။အခုတော့ ရိုးရိုးလေးပဲပေးချင်တာ}
{ဒါဆို တိုက်ခန်းဝယ်ပေးလိုက်ပါလား}
ဒီတစ်ခုက သင့်တော်တယ်လို့ ယွီအန်းမင်ထင်မိတယ်။
{အခုချိန်ကြီး တိုက်ခန်းပေးဖို့ကစောလွန်းတယ်။အခုမှ ခရစ္စမတ်ပဲရှိသေးတဲ့ဟာ။နှစ်သစ်ကူးနေ့တို့ ချစ်သူများနေ့တို့ရှိသေးတယ်လေ။ဟေးး ချစ်သူများနေ့လည်း အတူတူကုန်ဆုံးကြမှာမလား။မင်းပေးရမယ့်နေ့တွေအများကြီးရှိသေးတယ်မဟုတ်လား}
ချူချန်ကမူ ချစ်သူများနေ့ဆိုသည့် စကားလုံးကိုသာ မြင်နေပြီး အခိုင်အမာပြောလိုက်သည်။
{ဒါပေမယ့် ! ငါတို့က ချစ်သူမှမဟုတ်တာကွ ! }
{ဒါပေမယ့် ကျိချင်းကျိူးက မင်းရဲ့အချစ်လေးလေ။အဲ့လိုတွေးနေတာ အတော်လေးမသင့်လျော်ဘူးကွ}
ယောက်ရှိုးယွမ်ကပြောလာသည်။
ပထမဆုံးအကြိမ်ပင်။ချူချန်ရဲ့ ချစ်သူများနေ့ကို တစ်စုံတစ်ယောက်က ဒီလိုပုံစံနဲ့ ဝင်ရောက်လာခဲ့တာ ပထမဆုံးအကြိမ်ပင်။သူက ပြောစရာစကားမရှိတော့သလိုမျိုး ယောက်ရှိုးယွမ်ဆီ ပါးစပ်ပိတ်ထားစမ်း(emoji)လေးပို့လိုက်သည်။
ဆွေးနွေးပွဲပြီးသည်နှင့် လူတိုင်က ကာတစ်စီးပို့တာက ပိုပြီးသင့်တော်ကြောင်းဆုံးဖြတ်လိုက်ကြသည်။ချူချန်ကလည်း ကျိချင်းကျိုးမှာ အခုထိ ကားမရှိသေးတာကိုတွေးမိလာ၏။ဒါနဲ့ သယ်ယူပို့ဆောင်ပေးမည့်အဓိပ္ပါယ်လေးအား ဝယ်ရတော့မည့်အချိန်ပင်။
{ဒါပဲလေ...}
{ဒီတော့ အစည်းအဝေးပြီးပြီလား}
ယောက်ရှိုးယွမ် မေးလိုက်သည်။
{အမ်း...အစည်းအဝေးပြီးပြီ}
ချူချန်ပြောလိုက်တယ်။
ထို့နောက်မှာတော့ လူစုကွဲသွားကြပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြတော့သည်။
ချူချန်ကတော့ ကျိချင်းကျိုးတွက် Porsche တစ်စီးလက်ဆောင်ပေးဖို့ရန် ကားကုမ္ပဏီဆီသွားလိုက်သည်။
ကျိချင်းကျိုး သူ့အတွက် ဘယ်လိုလက်ဆောင်ပြင်ထားမလဲ သိချင်မိတယ်။ထို့ကြောင့် ယွီအန်းယီကို ခဏခဏမေးခဲ့သော်လည်း ယွီအန်းယီပါးစပ်က စည်သွပ်ဘူးအဖုံးလောက်ကို တင်းကြပ်နေလို့ သူလုံးဝဖွင့်မရပေ။ထို့ကြောင့် နောက်ဆုံးကျ သူပဲလက်လျော့လိုက်ရသည်။
ချူချန်ရဲ့စပ်စုနေချိန် အတော်တွင်းမှာပဲ ကျိချင်းကျိုးက ရသစုံရှိုး ရိုက်ကူးရေးပြီလို့ပြန်လာခဲ့သည်။
သူက အိမ်ကိုတန်းမသွားဘဲ ဖန်ဘူးအဝိုင်းလေးဝယ်ပြီး ဟိုနေ့က ကြယ်လေးတွေအားထည့်လိုက်သည်။ကျိချင်းကျိုးက အစကကြယ်ပုံစံဖန်ဘူးလေးဝယ်ဖို့တွေးထားခဲ့ပေမယ့် အဲ့ဘူးအပြည့်သူ့ကြယ်တွေက မရှိပေ။ပြီးတော့ ကြယ်ပုံစံဘူးလေးက ကြည့်ရတာဟာလာဟင်းလင်းကြီးဖြစ်နေ၍ ဘူးအဝိုင်လေးကပဲ ပိုကောင်းလေသည်။
ထို့ပြင် သူ လျှို့ဝှက်အခန်းထဲမှ ရလိုက်သည့် UV pen လေးကိုပါ တည့်လိုက်သည်။ရိုက်ကူးရေးပြီးနောက် ပရိုဂရမ်အဖွဲ့ကလည်း သူ့ကို ပြန်ယူခွင့်ပြုထားတာဖြစ်သည်။ကျိချင်းကျိုးတစ်ယောက် မိမိရှေ့မှ ဖန်ဘူးလေးအားကြည့်၍ဂရုတစိုက်လေး ထုပ်ပိုးပြီးအံဆွဲထဲထည့်လိုက်၏။စိတ်ထဲမှလည်း ခရစ္စမတ်လက်ဆောင်အား ချူချန်ကြိုက်ဖို့မျှော်လင့်မိသည်။
ယွီအန်းယီကတော့ အိမ်ပြန်ရောက်တဲ့နေ့မှာပဲ ကျိချင်းကျိုးကြိုက်သော ကျောက်စိမ်းအပိုင်းလေးအား ချူချန်ရဲ့ကုမ္ပဏီထိသွားပေးလိုက်သည်။
"နင့်ကလေးပေါက်က ဒါကြိုက်တယ်တဲ့"
"မင်းအဲ့အကြောင်းပြောပြလိုက်တာလား"
"ဘယ်ကသာ...ငါက surpriseတွေဘာတွေနားမလည်တဲ့လူမဟုတ်ပါဘူး။သူ့ကိုဘယ်တစ်ခုကြိုက်လဲလို့မေးပြီး သူကြိုက်တာလေး မှတ်ထားပေးရုံပဲ"
ချူချန်က ခေါင်းညိမ့်လိုက်ကာ-
"ကောင်းပြီလေ။ဘယ်လောက်ကျလဲ။ငါပိုက်ဆံပေးလိုက်မယ်"
"ထားပါ"
ယွီအန်းယီက နို့လက်ဖက်ရည်တစ်ငုံသောက်ပြီး ငြင်းဆန်လာသည်။
" နင့်ကိုလက်ဆောင်ပေးတယ်လို့သဘောထားလိုက်ချည်"
"မလိုချင်ပါဘူး"
ချူချန်ကသူမကိုကြည့်လိုက်သည်။
"တစ်ခြားပစ္စည်းဆိုရင်တော့ မင်းပေးတာရပေမယ့် အခုက ငါလက်ဆောင်ပေးဖို့ ရည်ရွယ်ထားတဲ့ ပစ္စည်းမို့ဝယ်မှရမယ်။မင်းကငါ့ကိုပေး။ငါကသူ့ကိုပေး။ဘာကြီးဖြစ်သွားပြီတုန်း။စိန်နားကပ်ရောင်နဲ့ပါးပြောင်သလိုဖြစ်နေပြီ" *
(*နီးစပ်တဲ့မြန်မာစကားပုံထည့်ထားတာပါ။)
ဒီတစ်ခါတော့ သူအတည်ကြီးပြောနေတာပင်။ယွီအန်းယီတောင်သတိထားမိတယ်။
"ဒါဆိုလည်း WeChat ကနေ ယွမ်၂၀၀စာအိတ်နီတစ်ခုပို့ပေးလိုက်။ရပြီလား"
"မိန်းကလေး...ငါပြောချင်တာကို မင်းနားမလည်ဘူး။ငါ ဒီကျောက်စိမ်းကို မင်းဆီကဝယ်တယ်ဆိုတာ မင်းလက်ဝယ်ရှိထားတဲ့ ပစ္စည်းတွေအကုန် အရည်အသွေးကောင်းလို့ ငါကလည်း အရည်အသွေးကောင်းတဲ့ပစ္စည်းမှလိုချင်လို့လေ။အဲ့တာကြောင့် လုပ်ရိုးလုပ်စဉ် အရောင်းအဝယ်ကိစ္စအတိုင်းပဲသွားကြမယ်။ သူငယ်ချင်ဖြစ်လို့လျော့တာတွေဘာတွေလုပ်မနေနဲ့။မဟုတ်ရင် ဒီကျောက်စိမ်းကိုမြင်တာနဲ့ မင်းအလကားပေးထားတာကိုတွေးမိနေမှာ။အဲ့လိုဆို မင်းက ကျိချင်းကျိုးကို ပေးသလိုကြီးဖြစ်မနေဘူးလား"
သူက သိပ်အလေးအနက်မထားတတ်ပေမယ့် အခုတော့ အရမ်းတွေဖြစ်ပျက်နေသလိုပင်။ယွီအန်းယီလည်း ပြိုင်မငြင်းနေတော့ဘဲ ချူချန်ဆီ ဖုန်းနံပါတ်တစ်ခုပို့ပေးလိုက်သည်။
"ပြီးမှ ပိုက်ဆံလွှဲပေးလိုက်မယ်"
"ဘယ်အချိန်လွှဲလွှဲပါ။ဒါနဲ့ ကျိချင်းကျိုးတွက် ခရစ္စမတ်လက်ဆောင်ပြင်ပြီးပြီလား"
"မင်းကျတော့ သူ့လက်ဆောင်အကြောင်းငါ့ကိုမပြောပြဘဲ။ ငါ့ဆီက သိချင်နေသေးတယ်။"
" နင်ဘာလို့ ဒီလောက် စိတ်ထားသေးသိမ်ရတာလဲ။အကုန်လိုက်တွက်ချက်နေတာဘဲ"
ချူချန်ကရယ်မောလိုက်သည်။
"ဇီဇာကြောင်ရုံပဲဟာ"
ယွီအန်းယီက သူ့ကို ပူမနေချေ။သူမပြောပြလည်း ပြန်ရောက်တာနဲ့ သူမကောကို မေးလိုက်လို့ရသည်။သူမ နည်းနည်းတော့ဝမ်းနည်မိ၏။
"တကယ်ဆို ဒီကျောက်လေးကို ခရစ္စမတ်မှာပေးသင့်တာ။ဒါပေမယ့် အချိန်ကကပ်သွားတော့ ပေးဖို့နောက်ကျသွားပြီလေ"
မကြာမီသူမက မြန်မြန်ဖြည့်ပြောလာသည်။
"အာ ဟုတ်သားပဲ...ချစ်သူများနေ့မှာပေးလို့ရသေးတယ်လေ"
ချူချန်နားမလည်တော့ချေ။ဘာလို့ လူတိုင်းက ချစ်သူများနေ့မှာ သူက ကျိချင်းကျိုးနဲ့အတူတူ ဖြတ်သန်းမယ်လို့ ထင်နေကြတာလဲ။သူလုံးဝ ကျိချင်းကျိုးနဲ့ကုန်ဆုံးမဟုတ်ဘူး။အိုကေလား။
"မင်းအတွေးလွန်နေပြီ"
"ငါပြောတာတွေကြောင့် ဟတ်ထိသွားတာလား"
ယွီအန်းယီကမူ သူ့ရဲ့ဆွံ့အမူအရာကြီးကိုကြည့်ပြီးယုံကြည်ချက်ရှိရှိမေးလိုက်သည်။
ချူချန်ကတော့ ရယ်လာ၏။
"မင်းအတွေးလွန်နေပြီလို့ပြောတာလေ။ သွားကြစို့ မင်းကိုအိမ်ပြန်ပို့ပေးမယ် "
ခရစ္စမတ်နေ့တွင် ချူချန်တစ်ယောက် အလုပ်စောစောဆင်းပြီး ဝမ်ဖန်းဆီသွားလည်တဲ့ ကျိချင်းကျိုးအား သွားပြန်ခေါ်လိုက်သည်။
ကိုယ့်ဘာသာလည်း အယုံသွင်းနေမိတယ်။သူက ကျိချင်းကျိုးအား သူနဲ့ခပ်ခွာခွာနေပေးဖို့ နောက်ရက်အနည်းငယ်တွင်းပြောတော့မှာဖြစ်၍ ကျိချင်းကျိုး ဝမ်းနည်းသွားမှာအသေအချာပင်။ထို့ကြောင့် အခုချိန်မှာတော့ ကျိချင်းကျိုးအား ပျော်ပျော်လေးနေစေချင်သည်။
ကျိချင်းကျိုးကတော့ သူ့ကိုလာခေါ်သည့်ချူချန်ကိုတွေ့ချိန် အလွန်ပျော်ရွှင်သွား၏။
"ဒီနေ့အလုပ်စောစောဆင်တာလား"
"မင်းပြန်လာတာလည်း ပွဲအတူတူကျင်ပဖို့မဟုတ်ဘူးလား"
ချူချန်က သူ့ကိုပြန်မေးလိုက်သည်။
ကျိချင်းကျိုးတစ်ယောက် ပြုံးရွှင်ပြီး စိတ်ထဲမှာလည်း ချိုမြိန်သွားခဲ့တယ်။သူတစ်ယောက်တည်းရှိနေတဲ့အချိန်ဒီလိုပွဲတော်မျိးကြံုတွေ့ရတာ ခပ်ရှားရှားပင်။သူ့စိတ်ကူးထဲမှ ခရစ္စမတ်ကား ပြားပန်းခတ်နေသည့်လူအုပ်ကြီးနှင့်မိုးထိအောင်ဈေးကြီးတဲ့ ပန်းသီတွေအပြင် မုတ်ဆိတ်မွှေးဖြူဖြူကြီးနှင့် ဆန်တာကလော့စ်ကြီးရယ်ပင်။အခုတော့ ရုပ်တရက်ကြီးချူချန်နှင့်ကျိချင်းကျိုးဆိုတဲ့လူနှစ်ယောက်ဖြစ်လာသည်။ကျိချင်းကျိုးလည်း ဘာလုပ်ရမှန်းမသိစွာ ချူချန်ကိုမေးလိုက်ရသည်။
"ဆိုတော့ ကျွန်တော်တို့ ဘယ်လိုဖြတ်သန်းကြမလဲ"
အမေးခံနေရသည် ချူချန်ကလည်း ထိုစကားကြောင့် တန့်သွား၏။သူတို့အုပ်စုကြီးက ပွဲတော်တွေဘာတွေစိတ်မဝင်စားကြဘဲ အချိန်အများစုကို အသောက်အစားနဲ့ အားကစားလုပ်တာတွေမှာ ကုန်ဆုံးကြသည်။ဒါက ပထမဆုံးအကြိမ် ချူချန်တစ်ယောက်တည်းကျန်နေခဲ့တာဖြစ်သည်။သူစဉ်းစားကြည့်လိုက်ပြီး ထိုဘောလုံးကြီးအား ကျိချင်းကျိုးဆီပြန်ပုတ်ထုတ်လိုက်သည်။
"ပွဲကျင်းပချင်တာမင်မဟုတ်ဘူးလာကွာ။ပြော မင်းဘာလုပ်ချင်လဲ"
ဘောလုံးပြန်အပုတ်ခံလိုက်ရသည့် ကျိချင်းကျိုးကလည်း ခရီးသည်ခုံမှာထိုင်ပြီး အတန်ကြာစဉ်းစားပြီကာမှ နောက်ဆုံးတော့ ထုတ်ပြောလာသည်။
"ရုပ်ရှင်သွားကြည့်ကြမယ်လေ။သူတို့အားလုံးလည်း အဲ့လိုဖြတ်သန်းကြတာမလား"
အဲ့တာက သူတို့က အတွဲမို့လေကွာ။ဒါ့ပြင် ပွဲတော်ရက်မှာ ဘယ်သူက ရုပ်ရှင်ကြည့်မှာတုန်း? လက်မှတ်တွေဈေကြီးနေပြီလေ။ချူချန်က တိတ်တိတ်လေးသက်ပြင်းချကာ မိမိအချစ်လေးက တကယ်ကိုစည်းကျော်ချင်နေပြီနဲ့တူတယ်ဟု တွေးလိုက်မိ၏။
ကျိချင်းကျိုးက ရုပ်ရှင်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် လိုင်းပေါ်ကနေ ဇာတ်ကားနာမည်တွေရှာကြည့်လိုက်သည်။သူက လိုက်စစ်ကြည့်ပြီးဇာတ်ကား နာမည်တစ်ခုပြီးတစ်ခု ချူချန်ကိုရွတ်ပြလိုက်ပြီး သူ့ဘာသာဆုံးဖြတ်ခိုင်းလိုက်သည်။
ချူချန်ကား ဟာသကားတစ်ကားရွေးလိုက်၏။အားလပ်ရက်ကြည့်တာဖြစ်သည့်အတွက် စိတ်အပန်းပြေစေရန်သာဖြစ်သည်။
ကျိချင်းကျိုးက လက်မှတ်ဝယ်၍ အရင်တစ်ခေါက် မိမိရိုက်ကွင်းအား ချူချန်လာလည်ချိန် ရုပ်ရှင်လိုက်ပြသည့်အားသတိရသွားကာ ခပ်ဖွဖွပြောလိုက်သည်။
"ဒီတစ်ခါ ကျွန်တော်လိုက်ပြမယ်နော်။ဖိတ်ခေါ်ပါတယ်ဗျ"
"4Dပဲလား"
ချူချန်ကမူ အရင်တစ်ခါတည်းက 4Dကြည့်ရမှာလက်လန်သွားသူကြောင့် တမင်တကာမေးလိုက်တာဖြစ်သည်။
ကျိချင်းကျိုးမှာ "ဟွန်း"ခနဲ နှာခေါင်းရှုံ့လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဆိုလာသည်။
"3Dပဲကြည့်မှာ!"
ချူချန်တစ်ယောက်ရယ်လိုက်ကာ :
" မင်းကလေ တစ်ခါလေးပိုးထိဖူးပါတယ်။ဆယ်နှစ်လောက်ကြိုးမြင်တာနဲ့ကြောက် ဆိုသလိုဖြစ်နေပြီ"
"ပညာရှိဆိုတာနှစ်ခါလှည့်စားမခံဘူးလို့ပြောရမှာ။ကျွန်တော်ကလည်း တူညီတဲ့အမှားတစ်ခုကိုဘယ်တော့မှ နှစ်ခါထပ်မလုပ်ဘူး"
ချူချန်ကတော့ ပြုံးကာ ခေါင်းတစ်ခါခါဖြင့် လိပ်စာမေးပြီး ရုပ်ရှင်ရုံသာတန်းမောင်းလိုက်တော့သည်။
နှစ်ယောက်သား ပြောင်းဖူးပေါက်ပေါက်နဲ့ကိုလာဝယ်ပြီး ရုံထဲဝင်လိုက်ကြသည်။ကျိချင်းကျိုးကမူ သူ့ရှေ့က အတွဲခုံကြီးကိုကြည့်ပြီး အံ့ဩသွားမိသည်။
"အို့! ဘာလို့အတွဲခုံကြီးလဲ"
ချူချန်ရဲ့စိတ်ထဲ၌မူ အမလေး ဟန်ဆောင်နေတာကျန်း ။ ဟန်ဆောင်နေတာများ သူ့ဘာသာပဲ ရုပ်ရှင်ရုံရွေးပြီး အတွဲခုံတွေပါတာမသိဘူးပေါ့လေ။
ကျိချင်းကျိုး တကယ်သတိမထားမိတာပင်။ရုပ်ရှင်ရုံအများစုက ခရစ္စမတ်နေ့ဖြစ်၍ အပြည့်နေပြီး ထိုင်ခုံကောင်းကောင်းတွေလည်း မကျန်တော့ပေ။ထို့ကြောင့် သူမြန်မြန်ရွေးပြီး နှစ်ယောက်စာအတွက် ဖြစ်သလိုသာ ရွေးလိုက်တာဖြစ်၏။ထိုင်ခုံကောင်းတာမကောင်းတာလည်း သူဂရုမစိုက်ခဲ့သလို ဘာရုံလဲတောင် စိတ်မဝင်စားခဲ့ပေ။ကျိချင်းကျိုးတစ်ယောက် နည်းနည်းအနေခက်သွားပေမယ့် မကြာမီပင် ယောင်္ကျားလေးချင်း ယောင်္ကျားလေးချင်း ထိုင်နေသူတွေ မိန်းကလေးချင်း မိန်းကလေးချင်း ထိုင်နေသူတွေကိုမြင်သွားကာ ချူချန်ဘက်လှည့်ပြီး ပြောလိုက်သည်။
"ကြည့်ကြည့်...သူတို့အားလုံးအတွဲမှမဟုတ်ကြတာ"
"သူတို့အတွဲတွေဆိုရင်ရော...ဂေးတွေနဲ့အလှဆင်ထားတာလေ"
"ဘယ်လိုဖြစ်နိုင်မှာလဲ။ဂေးတွေက အနည်းစုပဲရှိသေးတယ်။ဟုတ်ပြီလား"
ကျိချင်းကျိုးသည် အထဲမှ ထိုင်ခုံတော်တော်များများကိုကြည့်ပြီး ချူချန်ကိုကြည့်လိုက်သည်။
"တစ်ခြားရုပ်ရှင်ရုံသွားကြမလား"
"မင်းရော"
"ရပါတယ်"
ကျိချင်းကျိုးပြောလိုက်သည်။
အမောင်ချူချန်တို့က ထိုစကားတွေယုံမနေချေ။ကျိချင်းကျိုးကစည်းကျော်ချင်တယ်လို့ပဲသူတွေးနေသည်။ဘယ်လိုပဲကြည့်ကြည့် ကျိချင်းကျိုးတစ်ယောက် ရည်ရွယ်ချက်ရှိရှိထိုင်ခုံမှားရွေးကာသူနှင့်အတူ အတွဲခုံမှာထိုင်ချင်တယ်လို့ပဲခံစားနေရသည်။ချူချန်က ဘယ်လိုဖြစ်ဖြစ်ထားလိုက်ဖို့ မိမိကိုယ်ကိုဖြေသိမ့်လိုက်သည်။ကျိချင်းကျိုးအား ဒီနှစ်ရက်အတွင်းသတိပေးတော့မှာဖြစ်၍ ဒီလိုအရာတွေမရှိနိုင်တော့ပေ။ထို့ကြောင့် ခရစ္စမတ်ဆောင်ပေးတယ်လို့ စဉ်းစားပြီး သူဖြစ်စေချင်တဲ့အတိုင်း အတွဲထိုင်ခုံမှာ ထိုင်ပေးနိုင်ပါတယ်။
"ဒီမှာပဲထိုင်လိုက်မယ်။ ဒုက္ခခံမနေနဲ့တော့...ရုပ်ရှင်စနေပြီ"
ကျိချင်းကျိုးလည်းသဘောတူလိုက်ကာ သူတို့ထိုင်ခုံဆီသွားလိုက်သည်။
မိန်းကလေးတွေက သူတို့ကိုလိုက်ကြည့်နေတယ်လို့ ကျိချင်းကျိုးခံစားနေရသည်။ သူတို့အတွဲတွေဆိုပြီး တစ်ခြားသူတွေအထင်လွဲမှာ စိတ်ပူလာမိ၏။ထို့ကြောင့် ထိုင်ချပြီးချင်းချင်းပဲ ဟန်ဆောင်ပန်ဆောင်ဖြင့် တမင်တကာပြောလိုက်သည်။
"သားကြီးတို့ကတော့တန်တယ်ကွာ။ငါ့ကောင်မလေးသာ ဒီညအချိန်ပိုဆင်းမနေရရင် ဒီလိုအကျိုးအမြတ်မျိုး မင်းဘယ်လိုရနိုင်မှာလဲ။ဒါပေမယ့် နောက်တစ်ခါတော့ မင်း အသားလိုက်ကျွေးကွာ"
ချူချန် : ? ? ?
"သာကြီးကလည်း ထိုင်လေကွာ"
ကျိချင်းကျိုးက သူ့ဘေးဘက်ကိုပုတ်ပြလိုက်သည်။
ချူချန်ကမူ သူ့ဘေးမှာထိုင်ပြီး သတိထားကြည့်လာသည်။
"ကောင်မလေး?"
ကျိချင်းကျိုး သူ့နားကပ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ကျွန်တော်တို့ကိုကြည့်နေကြတာမမြင်ဘူးလား။တစ်ခုခုအကြောင်းပြမှရမှာပေါ့ မဟုတ်ရင် အတွဲလို့ထင်ကုန်ကြဦးမယ်"
မင်းအဲ့လိုဖြစ်ချင်တာမဟုတ်ဘူးလား? ပွဲအတူတူကျင်းပချင်တယ်။ရုပ်ရှင်ကြည့်ချင်တယ်။အတွဲခုံမှာထိုင်ချင်တယ်။ဒါတွေအားလုံးက ငါတို့အတွဲတွေလို့ထင်အောင်လုပ်နေတာမဟုတ်ဘူးလား ? ! !
"ခင်ဗျားမျက်လုံးကြီးက ဘယ်လိုကြီးကြည့်နေတာလဲ"
ကျိချင်းကျိုးမေးလိုက်သည်။
မျက်လုံးကအတွင်းစိတ်တွေကိုဖော်ပြနိုင်သည့်နေရာပင်။
ကျိချင်းကျိုးကမူ သူ့စကားကြောင့် မကျေမနပ်ဖြစ်သွားတယ်ထင်သွား၏။တစ်ခြားသူတွေရဲ့မျက်လုံးထဲမှာ ဆိုရှူးဂါးဒယ်ဒီ နှင့် အချစ်လေးကလည်း အတွဲတွေလို့ထင်စေနိုင်ပုံပင်။ထို့ကြောင့်သူလည်း ချိုသာတဲ့အသံလေးနှင့် ချူချန်ကိုနှစ်သိမ့်လိုက်သည်။
"ကျွန်တော်တို့က အတွဲလို့ရှားရှားပါးပါး အထင်ခံရပေမယ့် အပြင်မှာဆိုတော့ မသိသာအောင်နေတာ ပိုကောင်းတယ်လေ"
ချု ချန် : .......
ချူချန်တော့သူ့အချစ်လေးနှင့်မြန်မြန်ရင်ဆိုင်ဖြေရှင်းရန်တွေ့လိုက်မိသည်။အခုဆိုအချစ်လေးက သူတို့ကအတွဲ တွေ လို့တောင်တွေးနေပြီ!ဘာအတွဲလဲ? အတွဲဟုတ်လား ! ပထမဆုံး စာကြောင်း၌ ခံစားချက်တွေထက် အစောကြီးတည်းက ပိုက်ဆံအကြောင်းကိုပြောခဲ့ကြပေမယ့် ဒုတိယစာကြောင်းမှာတော့ သူစိတ်မပါဘဲ ထိုကိစ္စကို လုပ်နိုင်ပြီး စည်းတွေမကျော်ဖို့ ချက်ချင်းအပြစ်တင်နိုင်သည်။
ချူချန်သည် ကျိချင်းကျိုးအား ပြောင်းဖူးပေါက်ပေါက်လက်တစ်ဆုပ်ကျွေးလိုက်သည်။
"ကြည့်တော့လေ ရုပ်ရှင်လည်းစနေပြီ"
"အော်"
ကျိချင်းကျိုးက ပြောပြီးသည်နှင့် သူ့လက်ထဲက ပြောင်းဖူးပေါက်ပေါက်တွေကိုစားလိုက်ပြီး ပါးစပ်အပြည့်ကုတ်သောက်နေရင်း ချူချန်ကိုပြောလိုက်သည်။
"နောက်ထပ်ပေးဦး"
ချူချန် : ......
ချူချန်ကတော့ သူ့လက်ထဲ ပေါက်ပေါက်ဘူးထည့်ပေးလိုက်သည်။
"ကိုယ့်ဘာသာယူ"
ကျိချင်းကျိကလည်း ယူပြီး ရုပ်ရှင်လေးကြည့်လိုက်စားလိုက်နှင့် ချူချန်ကိုလည်း လှမ်းလှမ်းကျွေးသေးသည်။ချူချန်ကတော့ ပေါက်ပေါက်မကြိုက်ပေ။ကျိချင်းကျိုးကျွေးရင် စားပေမယ့် မကျွေးရင် ယူမစားချေ။
ရုပ်ရှင်ကြည့်ပြီးနောက် ပေါက်ပေါက်တွေကုန်သွားမှ ချူချန် မေးလိုက်သည်။
"ကောင်းလား"
ကျိချင်းကျိုးက ခေါင်းယမ်းပြလာသည်။
"ပေါတောတောကြီးနဲ့"
ချူချန် ရယ်လိုက်ကာ--
"ဟာသကားတွေအကုန်လုံး အဲ့လိုပဲလေ"
"ဒါဆိုလည်း ကျွန်တော်ကသာ ဟာသကားတွေကြည့်ရတာမကြိုက်လို့နေမယ်"
"မင်းကဘယ်လိုကားတွေကြိုက်တာလဲ"
"မှုခင်းရုပ်ရှင်တွေကြည့်ပြီးခန့်မှန်းရတာ"
ကျိချင်းကျိုးပြောလိုက်သည်။
"ဒါပေမယ့် အဲ့ရုပ်ရှင်တွေမှာကျ ကောင်းတာသိပ်မရှိဘူး"
"မင်းကအတော်လေးဇီဇာကြောင်တာပဲ"
ကျိချင်းကျိုးကပြုံးလိုက်ပြီး သူ့ဘေးနားထိလျှောက်သွားကာ မေးလိုက်သည်။
"အခုဘာလုပ်ကြမလဲ။ညစာစားကြမလား"
"ဘာစားမလဲ"
ကျိချင်းကျိုး အတန်ကြာစဉ်းစားလိုက်ကာ-
"အနောက်တိုင်းအစားအစာဆိုရင်ရော"
"ဘာလို့ ဖယောင်းတိုင်မီးလေးထွန်းပြီးညစာစားမယ်မပြောတာလဲ"
ချူချန်က သူ့ကိုကြည့်လာသည်။
"ခင်ဗျားလုပ်ချင်လုပ်လေ"
ကျိချင်းကျိုးက ဂရုမထားမိပေ။
"အနောက်တိုင်ညစာတွေက ဖတောင်းတိုင်မီးလေးနဲ့မှကောင်းတာမဟုတ်လား"
တကယ့်ကို Sima Zhao ရဲ့စိတ်ဓာတ်မျိုးရှိနေတာပဲ။စိတ်ထဲမကွယ်ဝှက်ဘဲ အင်းလို့ပြောရဲတယ်။သူ့စိတ်ထဲကစည်းကျော်ချင်တာတွေကို ချူချန်သိသွားမှာမကြောက်ဘူးလား။ကျိချင်းကျိုးဆိုတဲ့နာမည်က သူ့ရဲ့သတ္တိတွေ ရည်မှန်းချက်တွေနဲ့မလိုက်ဖက်ဘဲ လတ်တလော သူ့အပြုအမူတွေနဲ့ လိုက်ဖက်ညီအောင် Sima Zhouလို့ပြောင်းလိုက်သင့်သည်။
###############
စာရေးသူမှာပြောစရာရှိပါတယ် :
ပြဇာတ်ငယ်<၁>
ချူချန် : ပွဲတော်တွေအတူတူကျင်းပတယ်!အတွဲခုံမှာထိုင်တယ်!မီးရောင်စုံညစာစားပွဲလေးလုပ်ချင်တယ်! Sima Zhou ရဲ့ နှလုံးသားကို လူတိုင်းသိနေပြီနော် !
ကျိုးကျိုး : ထိုင်ခုံမှာရွေးမိတဲ့အတွက် နည်းနည်းရှက်မိပေမယ့် အတူတူပွဲတော်ကုန်ဆုံးရတာ ပျော်စရာကြီးပါ~~~~~~
ကျိုးကျိုးက ရိုးရိုးပဲတွေးပြီး လုပ်ရိုးလုပ်စဉ်အတိုင်းပဲနေတာပါ။ချူချန်ကသာ လောင်နေတာ [မျက်နှာအုပ်လျက်]
ပြဇာတ်ငယ်<၂>
ချူချန် : ကိုယ် ကျိုးကျိုးနဲ့လုံးဝပွဲမကျင်းပချင်ဘူးနော်။တကယ်ပြောတာ။
ကျိုးကျိုး : ဒီညတွေ့ကြမယ်နော်
ချူချန် : မင်းဆေးရုံမှာစောင့်နေရတော့ ကိုယ် မင်းကိုဝင်ခေါ်မို့ အလုပ်စောစောဆင်းခဲ့တာ။
ကျိုးကျိုး : ရုပ်ရှင်ကြည့်ကြမလား?
ချူချန် : ကောင်းတာပေါ့
ကျိုးကျိုး : အနောက်တိုင်းအစားစာ စားကြမယ်။
ချူချန် : OK
ကျိုးကျိုး : အိမ်ရောက်ရင် လက်ဆောင်ပေးမယ်နော်
ချူချန် : ကိုယ်လည်း မင်းအတွက် လက်ဆောင်ပြင်ထားတယ်။
ကျိုးကျိုး : ပျော်လိုက်တာ *^▽^*
ချူချန် : ကိုယ် ကျိုးကျိုးနဲ့လုံးဝပွဲမကျင်းပဘူးနော်။တကယ်ပြောတာ။
###########################
Zawgyi
{ငါလည္း အခုတေလာ TVေရာ ႐ုပ္႐ွင္ကားေတြပါေစာင့္ၾကည့္ေနတာပါကြာ။သူနဲ႔သင့္ေတာ္တာေလးမ႐ွိေသးလို႔။ၿပီးေတာ့ ငါ့ဘက္က သူ႐ိုက္တဲ့ကားမွာ အရင္းႏွီးထည့္ထားတာလည္းမၾကာေသးေတာ့ ေနာက္တစ္ခါထပ္ေပးရင္ က်ိခ်င္းက်ိဳးလည္း လက္ခံဖို႔အဆင္မေျပေလာက္ဘူး။အရင္တစ္ခါ အရင္အႏွီးထည့္တုန္းကေတာင္ သိပ္ေက်နပ္ခ်င္တာမဟုတ္ဘူး။ငါ့ပိုက္ဆံ႐ႈံးမွာေၾကာက္ေနတာ}
ခ်ဴခ်န္ေျပာလိုက္သည္။
{သူနဲ႔သင့္ေတာ္တာေလး႐ွိမွပဲ ေပးေတာ့မယ္။အခုေတာ့ ႐ိုး႐ိုးေလးပဲေပးခ်င္တာ}
{ဒါဆို တိုက္ခန္းဝယ္ေပးလိုက္ပါလား}
ဒီတစ္ခုက သင့္ေတာ္တယ္လို႔ ယြီအန္းမင္ထင္မိတယ္။
{အခုခ်ိန္ႀကီး တိုက္ခန္းေပးဖို႔ကေစာလြန္းတယ္။အခုမွ ခရစၥမတ္ပဲ႐ွိေသးတဲ့ဟာ။ႏွစ္သစ္ကူးေန႔တို႔ ခ်စ္သူမ်ားေန႔တို႔႐ွိေသးတယ္ေလ။ေဟးး ခ်စ္သူမ်ားေန႔လည္း အတူတူကုန္ဆုံးၾကမွာမလား။မင္းေပးရမယ့္ေန႔ေတြအမ်ားႀကီး႐ွိေသးတယ္မဟုတ္လား}
ခ်ဴခ်န္ကမူ ခ်စ္သူမ်ားေန႔ဆိုသည့္ စကားလုံးကိုသာ ျမင္ေနၿပီး အခိုင္အမာေျပာလိုက္သည္။
{ဒါေပမယ့္ ! ငါတို႔က ခ်စ္သူမွမဟုတ္တာကြ ! }
{ဒါေပမယ့္ က်ိခ်င္းက်ိဴးက မင္းရဲ႕အခ်စ္ေလးေလ။အဲ့လိုေတြးေနတာ အေတာ္ေလးမသင့္ေလ်ာ္ဘူးကြ}
ေယာက္႐ိႈးယြမ္ကေျပာလာသည္။
ပထမဆုံးအႀကိမ္ပင္။ခ်ဴခ်န္ရဲ႕ ခ်စ္သူမ်ားေန႔ကို တစ္စုံတစ္ေယာက္က ဒီလိုပုံစံနဲ႔ ဝင္ေရာက္လာခဲ့တာ ပထမဆုံးအႀကိမ္ပင္။သူက ေျပာစရာစကားမ႐ွိေတာ့သလိုမ်ိဳး ေယာက္႐ိႈးယြမ္ဆီ ပါးစပ္ပိတ္ထားစမ္း(emoji)ေလးပို႔လိုက္သည္။
ေဆြးေႏြးပြဲၿပီးသည္ႏွင့္ လူတိုင္က ကာတစ္စီးပို႔တာက ပိုၿပီးသင့္ေတာ္ေၾကာင္းဆုံးျဖတ္လိုက္ၾကသည္။ခ်ဴခ်န္ကလည္း က်ိခ်င္းက်ိဳးမွာ အခုထိ ကားမ႐ွိေသးတာကိုေတြးမိလာ၏။ဒါနဲ႔ သယ္ယူပို႔ေဆာင္ေပးမည့္အဓိပၸါယ္ေလးအား ဝယ္ရေတာ့မည့္အခ်ိန္ပင္။
{ဒါပဲေလ...}
{ဒီေတာ့ အစည္းအေဝးၿပီးၿပီလား}
ေယာက္႐ိႈးယြမ္ ေမးလိုက္သည္။
{အမ္း...အစည္းအေဝးၿပီးၿပီ}
ခ်ဴခ်န္ေျပာလိုက္တယ္။
ထို႔ေနာက္မွာေတာ့ လူစုကြဲသြားၾကၿပီး ကိုယ့္အလုပ္ကိုယ္လုပ္ၾကေတာ့သည္။
ခ်ဴခ်န္ကေတာ့ က်ိခ်င္းက်ိဳးတြက္ Porsche တစ္စီးလက္ေဆာင္ေပးဖို႔ရန္ ကားကုမၸဏီဆီသြားလိုက္သည္။
က်ိခ်င္းက်ိဳး သူ႕အတြက္ ဘယ္လိုလက္ေဆာင္ျပင္ထားမလဲ သိခ်င္မိတယ္။ထို႔ေၾကာင့္ ယြီအန္းယီကို ခဏခဏေမးခဲ့ေသာ္လည္း ယြီအန္းယီပါးစပ္က စည္သြပ္ဘူးအဖုံးေလာက္ကို တင္းၾကပ္ေနလို႔ သူလုံးဝဖြင့္မရေပ။ထို႔ေၾကာင့္ ေနာက္ဆုံးက် သူပဲလက္ေလ်ာ့လိုက္ရသည္။
ခ်ဴခ်န္ရဲ႕စပ္စုေနခ်ိန္ အေတာ္တြင္းမွာပဲ က်ိခ်င္းက်ိဳးက ရသစုံ႐ိႈး ႐ိုက္ကူးေရးၿပီလို႔ျပန္လာခဲ့သည္။
သူက အိမ္ကိုတန္းမသြားဘဲ ဖန္ဘူးအဝိုင္းေလးဝယ္ၿပီး ဟိုေန႔က ၾကယ္ေလးေတြအားထည့္လိုက္သည္။က်ိခ်င္းက်ိဳးက အစကၾကယ္ပုံစံဖန္ဘူးေလးဝယ္ဖို႔ေတြးထားခဲ့ေပမယ့္ အဲ့ဘူးအျပည့္သူ႕ၾကယ္ေတြက မ႐ွိေပ။ၿပီးေတာ့ ၾကယ္ပုံစံဘူးေလးက ၾကည့္ရတာဟာလာဟင္းလင္းႀကီးျဖစ္ေန၍ ဘူးအဝိုင္ေလးကပဲ ပိုေကာင္းေလသည္။
ထို႔ျပင္ သူ လွ်ိဳ႕ဝွက္အခန္းထဲမွ ရလိုက္သည့္ UV pen ေလးကိုပါ တည့္လိုက္သည္။႐ိုက္ကူးေရးၿပီးေနာက္ ပ႐ိုဂရမ္အဖြဲ႕ကလည္း သူ႕ကို ျပန္ယူခြင့္ျပဳထားတာျဖစ္သည္။က်ိခ်င္းက်ိဳးတစ္ေယာက္ မိမိေ႐ွ႕မွ ဖန္ဘူးေလးအားၾကည့္၍ဂ႐ုတစိုက္ေလး ထုပ္ပိုးၿပီးအံဆြဲထဲထည့္လိုက္၏။စိတ္ထဲမွလည္း ခရစၥမတ္လက္ေဆာင္အား ခ်ဴခ်န္ႀကိဳက္ဖို႔ေမွ်ာ္လင့္မိသည္။
ယြီအန္းယီကေတာ့ အိမ္ျပန္ေရာက္တဲ့ေန႔မွာပဲ က်ိခ်င္းက်ိဳးႀကိဳက္ေသာ ေက်ာက္စိမ္းအပိုင္းေလးအား ခ်ဴခ်န္ရဲ႕ကုမၸဏီထိသြားေပးလိုက္သည္။
"နင့္ကေလးေပါက္က ဒါႀကိဳက္တယ္တဲ့"
"မင္းအဲ့အေၾကာင္းေျပာျပလိုက္တာလား"
"ဘယ္ကသာ...ငါက surpriseေတြဘာေတြနားမလည္တဲ့လူမဟုတ္ပါဘူး။သူ႕ကိုဘယ္တစ္ခုႀကိဳက္လဲလို႔ေမးၿပီး သူႀကိဳက္တာေလး မွတ္ထားေပး႐ုံပဲ"
ခ်ဴခ်န္က ေခါင္းညိမ့္လိုက္ကာ-
"ေကာင္းၿပီေလ။ဘယ္ေလာက္က်လဲ။ငါပိုက္ဆံေပးလိုက္မယ္"
"ထားပါ"
ယြီအန္းယီက ႏို႔လက္ဖက္ရည္တစ္ငုံေသာက္ၿပီး ျငင္းဆန္လာသည္။
" နင့္ကိုလက္ေဆာင္ေပးတယ္လို႔သေဘာထားလိုက္ခ်ည္"
"မလိုခ်င္ပါဘူး"
ခ်ဴခ်န္ကသူမကိုၾကည့္လိုက္သည္။
"တစ္ျခားပစၥည္းဆိုရင္ေတာ့ မင္းေပးတာရေပမယ့္ အခုက ငါလက္ေဆာင္ေပးဖို႔ ရည္႐ြယ္ထားတဲ့ ပစၥည္းမို႔ဝယ္မွရမယ္။မင္းကငါ့ကိုေပး။ငါကသူ႕ကိုေပး။ဘာႀကီးျဖစ္သြားၿပီတုန္း။စိန္နားကပ္ေရာင္နဲ႔ပါးေျပာင္သလိုျဖစ္ေနၿပီ" *
(*နီးစပ္တဲ့ျမန္မာစကားပုံထည့္ထားတာပါ။)
ဒီတစ္ခါေတာ့ သူအတည္ႀကီးေျပာေနတာပင္။ယြီအန္းယီေတာင္သတိထားမိတယ္။
"ဒါဆိုလည္း WeChat ကေန ယြမ္၂၀၀စာအိတ္နီတစ္ခုပို႔ေပးလိုက္။ရၿပီလား"
"မိန္းကေလး...ငါေျပာခ်င္တာကို မင္းနားမလည္ဘူး။ငါ ဒီေက်ာက္စိမ္းကို မင္းဆီကဝယ္တယ္ဆိုတာ မင္းလက္ဝယ္႐ွိထားတဲ့ ပစၥည္းေတြအကုန္ အရည္အေသြးေကာင္းလို႔ ငါကလည္း အရည္အေသြးေကာင္းတဲ့ပစၥည္းမွလိုခ်င္လို႔ေလ။အဲ့တာေၾကာင့္ လုပ္႐ိုးလုပ္စဥ္ အေရာင္းအဝယ္ကိစၥအတိုင္းပဲသြားၾကမယ္။ သူငယ္ခ်င္ျဖစ္လို႔ေလ်ာ့တာေတြဘာေတြလုပ္မေနနဲ႔။မဟုတ္ရင္ ဒီေက်ာက္စိမ္းကိုျမင္တာနဲ႔ မင္းအလကားေပးထားတာကိုေတြးမိေနမွာ။အဲ့လိုဆို မင္းက က်ိခ်င္းက်ိဳးကို ေပးသလိုႀကီးျဖစ္မေနဘူးလား"
သူက သိပ္အေလးအနက္မထားတတ္ေပမယ့္ အခုေတာ့ အရမ္းေတြျဖစ္ပ်က္ေနသလိုပင္။ယြီအန္းယီလည္း ၿပိဳင္မျငင္းေနေတာ့ဘဲ ခ်ဴခ်န္ဆီ ဖုန္းနံပါတ္တစ္ခုပို႔ေပးလိုက္သည္။
"ၿပီးမွ ပိုက္ဆံလႊဲေပးလိုက္မယ္"
"ဘယ္အခ်ိန္လႊဲလႊဲပါ။ဒါနဲ႔ က်ိခ်င္းက်ိဳးတြက္ ခရစၥမတ္လက္ေဆာင္ျပင္ၿပီးၿပီလား"
"မင္းက်ေတာ့ သူ႕လက္ေဆာင္အေၾကာင္းငါ့ကိုမေျပာျပဘဲ။ ငါ့ဆီက သိခ်င္ေနေသးတယ္။"
" နင္ဘာလို႔ ဒီေလာက္ စိတ္ထားေသးသိမ္ရတာလဲ။အကုန္လိုက္တြက္ခ်က္ေနတာဘဲ"
ခ်ဴခ်န္ကရယ္ေမာလိုက္သည္။
"ဇီဇာေၾကာင္႐ုံပဲဟာ"
ယြီအန္းယီက သူ႕ကို ပူမေနေခ်။သူမေျပာျပလည္း ျပန္ေရာက္တာနဲ႔ သူမေကာကို ေမးလိုက္လို႔ရသည္။သူမ နည္းနည္းေတာ့ဝမ္းနည္မိ၏။
"တကယ္ဆို ဒီေက်ာက္ေလးကို ခရစၥမတ္မွာေပးသင့္တာ။ဒါေပမယ့္ အခ်ိန္ကကပ္သြားေတာ့ ေပးဖို႔ေနာက္က်သြားၿပီေလ"
မၾကာမီသူမက ျမန္ျမန္ျဖည့္ေျပာလာသည္။
"အာ ဟုတ္သားပဲ...ခ်စ္သူမ်ားေန႔မွာေပးလို႔ရေသးတယ္ေလ"
ခ်ဴခ်န္နားမလည္ေတာ့ေခ်။ဘာလို႔ လူတိုင္းက ခ်စ္သူမ်ားေန႔မွာ သူက က်ိခ်င္းက်ိဳးနဲ႔အတူတူ ျဖတ္သန္းမယ္လို႔ ထင္ေနၾကတာလဲ။သူလုံးဝ က်ိခ်င္းက်ိဳးနဲ႔ကုန္ဆုံးမဟုတ္ဘူး။အိုေကလား။
"မင္းအေတြးလြန္ေနၿပီ"
"ငါေျပာတာေတြေၾကာင့္ ဟတ္ထိသြားတာလား"
ယြီအန္းယီကမူ သူ႕ရဲ႕ဆြံ႕အမူအရာႀကီးကိုၾကည့္ၿပီးယုံၾကည္ခ်က္႐ွိ႐ွိေမးလိုက္သည္။
ခ်ဴခ်န္ကေတာ့ ရယ္လာ၏။
"မင္းအေတြးလြန္ေနၿပီလို႔ေျပာတာေလ။ သြားၾကစို႔ မင္းကိုအိမ္ျပန္ပို႔ေပးမယ္ "
ခရစၥမတ္ေန႔တြင္ ခ်ဴခ်န္တစ္ေယာက္ အလုပ္ေစာေစာဆင္းၿပီး ဝမ္ဖန္းဆီသြားလည္တဲ့ က်ိခ်င္းက်ိဳးအား သြားျပန္ေခၚလိုက္သည္။
ကိုယ့္ဘာသာလည္း အယုံသြင္းေနမိတယ္။သူက က်ိခ်င္းက်ိဳးအား သူနဲ႔ခပ္ခြာခြာေနေပးဖို႔ ေနာက္ရက္အနည္းငယ္တြင္းေျပာေတာ့မွာျဖစ္၍ က်ိခ်င္းက်ိဳး ဝမ္းနည္းသြားမွာအေသအခ်ာပင္။ထို႔ေၾကာင့္ အခုခ်ိန္မွာေတာ့ က်ိခ်င္းက်ိဳးအား ေပ်ာ္ေပ်ာ္ေလးေနေစခ်င္သည္။
က်ိခ်င္းက်ိဳးကေတာ့ သူ႕ကိုလာေခၚသည့္ခ်ဴခ်န္ကိုေတြ႕ခ်ိန္ အလြန္ေပ်ာ္႐ႊင္သြား၏။
"ဒီေန႔အလုပ္ေစာေစာဆင္တာလား"
"မင္းျပန္လာတာလည္း ပြဲအတူတူက်င္ပဖို႔မဟုတ္ဘူးလား"
ခ်ဴခ်န္က သူ႕ကိုျပန္ေမးလိုက္သည္။
က်ိခ်င္းက်ိဳးတစ္ေယာက္ ျပဳံး႐ႊင္ၿပီး စိတ္ထဲမွာလည္း ခ်ိဳၿမိန္သြားခဲ့တယ္။သူတစ္ေယာက္တည္း႐ွိေနတဲ့အခ်ိန္ဒီလိုပြဲေတာ္မ်ိးၾကံဳေတြ႕ရတာ ခပ္႐ွား႐ွားပင္။သူ႕စိတ္ကူးထဲမွ ခရစၥမတ္ကား ျပားပန္းခတ္ေနသည့္လူအုပ္ႀကီးႏွင့္မိုးထိေအာင္ေဈးႀကီးတဲ့ ပန္းသီေတြအျပင္ မုတ္ဆိတ္ေမႊးျဖဴျဖဴႀကီးႏွင့္ ဆန္တာကေလာ့စ္ႀကီးရယ္ပင္။အခုေတာ့ ႐ုပ္တရက္ႀကီးခ်ဴခ်န္ႏွင့္က်ိခ်င္းက်ိဳးဆိုတဲ့လူႏွစ္ေယာက္ျဖစ္လာသည္။က်ိခ်င္းက်ိဳးလည္း ဘာလုပ္ရမွန္းမသိစြာ ခ်ဴခ်န္ကိုေမးလိုက္ရသည္။
"ဆိုေတာ့ ကြၽန္ေတာ္တို႔ ဘယ္လိုျဖတ္သန္းၾကမလဲ"
အေမးခံေနရသည္ ခ်ဴခ်န္ကလည္း ထိုစကားေၾကာင့္ တန္႔သြား၏။သူတို႔အုပ္စုႀကီးက ပြဲေတာ္ေတြဘာေတြစိတ္မဝင္စားၾကဘဲ အခ်ိန္အမ်ားစုကို အေသာက္အစားနဲ႔ အားကစားလုပ္တာေတြမွာ ကုန္ဆုံးၾကသည္။ဒါက ပထမဆုံးအႀကိမ္ ခ်ဴခ်န္တစ္ေယာက္တည္းက်န္ေနခဲ့တာျဖစ္သည္။သူစဥ္းစားၾကည့္လိုက္ၿပီး ထိုေဘာလုံးႀကီးအား က်ိခ်င္းက်ိဳးဆီျပန္ပုတ္ထုတ္လိုက္သည္။
"ပြဲက်င္းပခ်င္တာမင္မဟုတ္ဘူးလာကြာ။ေျပာ မင္းဘာလုပ္ခ်င္လဲ"
ေဘာလုံးျပန္အပုတ္ခံလိုက္ရသည့္ က်ိခ်င္းက်ိဳးကလည္း ခရီးသည္ခုံမွာထိုင္ၿပီး အတန္ၾကာစဥ္းစားၿပီကာမွ ေနာက္ဆုံးေတာ့ ထုတ္ေျပာလာသည္။
"႐ုပ္႐ွင္သြားၾကည့္ၾကမယ္ေလ။သူတို႔အားလုံးလည္း အဲ့လိုျဖတ္သန္းၾကတာမလား"
အဲ့တာက သူတို႔က အတြဲမို႔ေလကြာ။ဒါ့ျပင္ ပြဲေတာ္ရက္မွာ ဘယ္သူက ႐ုပ္႐ွင္ၾကည့္မွာတုန္း? လက္မွတ္ေတြေဈႀကီးေနၿပီေလ။ခ်ဴခ်န္က တိတ္တိတ္ေလးသက္ျပင္းခ်ကာ မိမိအခ်စ္ေလးက တကယ္ကိုစည္းေက်ာ္ခ်င္ေနၿပီနဲ႔တူတယ္ဟု ေတြးလိုက္မိ၏။
က်ိခ်င္းက်ိဳးက ႐ုပ္႐ွင္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည့္အတြက္ လိုင္းေပၚကေန ဇာတ္ကားနာမည္ေတြ႐ွာၾကည့္လိုက္သည္။သူက လိုက္စစ္ၾကည့္ၿပီးဇာတ္ကား နာမည္တစ္ခုၿပီးတစ္ခု ခ်ဴခ်န္ကို႐ြတ္ျပလိုက္ၿပီး သူ႕ဘာသာဆုံးျဖတ္ခိုင္းလိုက္သည္။
ခ်ဴခ်န္ကား ဟာသကားတစ္ကားေ႐ြးလိုက္၏။အားလပ္ရက္ၾကည့္တာျဖစ္သည့္အတြက္ စိတ္အပန္းေျပေစရန္သာျဖစ္သည္။
က်ိခ်င္းက်ိဳးက လက္မွတ္ဝယ္၍ အရင္တစ္ေခါက္ မိမိ႐ိုက္ကြင္းအား ခ်ဴခ်န္လာလည္ခ်ိန္ ႐ုပ္႐ွင္လိုက္ျပသည့္အားသတိရသြားကာ ခပ္ဖြဖြေျပာလိုက္သည္။
"ဒီတစ္ခါ ကြၽန္ေတာ္လိုက္ျပမယ္ေနာ္။ဖိတ္ေခၚပါတယ္ဗ်"
"4Dပဲလား"
ခ်ဴခ်န္ကမူ အရင္တစ္ခါတည္းက 4Dၾကည့္ရမွာလက္လန္သြားသူေၾကာင့္ တမင္တကာေမးလိုက္တာျဖစ္သည္။
က်ိခ်င္းက်ိဳးမွာ "ဟြန္း"ခနဲ ႏွာေခါင္း႐ႈံ႕လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ဆိုလာသည္။
"3Dပဲၾကည့္မွာ!"
ခ်ဴခ်န္တစ္ေယာက္ရယ္လိုက္ကာ :
" မင္းကေလ တစ္ခါေလးပိုးထိဖူးပါတယ္။ဆယ္ႏွစ္ေလာက္ႀကိဳးျမင္တာနဲ႔ေၾကာက္ ဆိုသလိုျဖစ္ေနၿပီ"
"ပညာ႐ွိဆိုတာႏွစ္ခါလွည့္စားမခံဘူးလို႔ေျပာရမွာ။ကြၽန္ေတာ္ကလည္း တူညီတဲ့အမွားတစ္ခုကိုဘယ္ေတာ့မွ ႏွစ္ခါထပ္မလုပ္ဘူး"
ခ်ဴခ်န္ကေတာ့ ျပဳံးကာ ေခါင္းတစ္ခါခါျဖင့္ လိပ္စာေမးၿပီး ႐ုပ္႐ွင္႐ုံသာတန္းေမာင္းလိုက္ေတာ့သည္။
ႏွစ္ေယာက္သား ေျပာင္းဖူးေပါက္ေပါက္နဲ႔ကိုလာဝယ္ၿပီး ႐ုံထဲဝင္လိုက္ၾကသည္။က်ိခ်င္းက်ိဳးကမူ သူ႕ေ႐ွ႕က အတြဲခုံႀကီးကိုၾကည့္ၿပီး အံ့ဩသြားမိသည္။
"အို႔! ဘာလို႔အတြဲခုံႀကီးလဲ"
ခ်ဴခ်န္ရဲ႕စိတ္ထဲ၌မူ အမေလး ဟန္ေဆာင္ေနတာက်န္း ။ ဟန္ေဆာင္ေနတာမ်ား သူ႕ဘာသာပဲ ႐ုပ္႐ွင္႐ုံေ႐ြးၿပီး အတြဲခုံေတြပါတာမသိဘူးေပါ့ေလ။
က်ိခ်င္းက်ိဳး တကယ္သတိမထားမိတာပင္။႐ုပ္႐ွင္႐ုံအမ်ားစုက ခရစၥမတ္ေန႔ျဖစ္၍ အျပည့္ေနၿပီး ထိုင္ခုံေကာင္းေကာင္းေတြလည္း မက်န္ေတာ့ေပ။ထို႔ေၾကာင့္ သူျမန္ျမန္ေ႐ြးၿပီး ႏွစ္ေယာက္စာအတြက္ ျဖစ္သလိုသာ ေ႐ြးလိုက္တာျဖစ္၏။ထိုင္ခုံေကာင္းတာမေကာင္းတာလည္း သူဂ႐ုမစိုက္ခဲ့သလို ဘာ႐ုံလဲေတာင္ စိတ္မဝင္စားခဲ့ေပ။က်ိခ်င္းက်ိဳးတစ္ေယာက္ နည္းနည္းအေနခက္သြားေပမယ့္ မၾကာမီပင္ ေယာက်ၤားေလးခ်င္း ေယာက်ၤားေလးခ်င္း ထိုင္ေနသူေတြ မိန္းကေလးခ်င္း မိန္းကေလးခ်င္း ထိုင္ေနသူေတြကိုျမင္သြားကာ ခ်ဴခ်န္ဘက္လွည့္ၿပီး ေျပာလိုက္သည္။
"ၾကည့္ၾကည့္...သူတို႔အားလုံးအတြဲမွမဟုတ္ၾကတာ"
"သူတို႔အတြဲေတြဆိုရင္ေရာ...ေဂးေတြနဲ႔အလွဆင္ထားတာေလ"
"ဘယ္လိုျဖစ္ႏိုင္မွာလဲ။ေဂးေတြက အနည္းစုပဲ႐ွိေသးတယ္။ဟုတ္ၿပီလား"
က်ိခ်င္းက်ိဳးသည္ အထဲမွ ထိုင္ခုံေတာ္ေတာ္မ်ားမ်ားကိုၾကည့္ၿပီး ခ်ဴခ်န္ကိုၾကည့္လိုက္သည္။
"တစ္ျခား႐ုပ္႐ွင္႐ုံသြားၾကမလား"
"မင္းေရာ"
"ရပါတယ္"
က်ိခ်င္းက်ိဳးေျပာလိုက္သည္။
အေမာင္ခ်ဴခ်န္တို႔က ထိုစကားေတြယုံမေနေခ်။က်ိခ်င္းက်ိဳးကစည္းေက်ာ္ခ်င္တယ္လို႔ပဲသူေတြးေနသည္။ဘယ္လိုပဲၾကည့္ၾကည့္ က်ိခ်င္းက်ိဳးတစ္ေယာက္ ရည္႐ြယ္ခ်က္႐ွိ႐ွိထိုင္ခုံမွားေ႐ြးကာသူႏွင့္အတူ အတြဲခုံမွာထိုင္ခ်င္တယ္လို႔ပဲခံစားေနရသည္။ခ်ဴခ်န္က ဘယ္လိုျဖစ္ျဖစ္ထားလိုက္ဖို႔ မိမိကိုယ္ကိုေျဖသိမ့္လိုက္သည္။က်ိခ်င္းက်ိဳးအား ဒီႏွစ္ရက္အတြင္းသတိေပးေတာ့မွာျဖစ္၍ ဒီလိုအရာေတြမ႐ွိႏိုင္ေတာ့ေပ။ထို႔ေၾကာင့္ ခရစၥမတ္ေဆာင္ေပးတယ္လို႔ စဥ္းစားၿပီး သူျဖစ္ေစခ်င္တဲ့အတိုင္း အတြဲထိုင္ခုံမွာ ထိုင္ေပးႏိုင္ပါတယ္။
"ဒီမွာပဲထိုင္လိုက္မယ္။ ဒုကၡခံမေနနဲ႔ေတာ့...႐ုပ္႐ွင္စေနၿပီ"
က်ိခ်င္းက်ိဳးလည္းသေဘာတူလိုက္ကာ သူတို႔ထိုင္ခုံဆီသြားလိုက္သည္။
မိန္းကေလးေတြက သူတို႔ကိုလိုက္ၾကည့္ေနတယ္လို႔ က်ိခ်င္းက်ိဳးခံစားေနရသည္။ သူတို႔အတြဲေတြဆိုၿပီး တစ္ျခားသူေတြအထင္လြဲမွာ စိတ္ပူလာမိ၏။ထို႔ေၾကာင့္ ထိုင္ခ်ၿပီးခ်င္းခ်င္းပဲ ဟန္ေဆာင္ပန္ေဆာင္ျဖင့္ တမင္တကာေျပာလိုက္သည္။
"သားႀကီးတို႔ကေတာ့တန္တယ္ကြာ။ငါ့ေကာင္မေလးသာ ဒီညအခ်ိန္ပိုဆင္းမေနရရင္ ဒီလိုအက်ိဳးအျမတ္မ်ိဳး မင္းဘယ္လိုရႏိုင္မွာလဲ။ဒါေပမယ့္ ေနာက္တစ္ခါေတာ့ မင္း အသားလိုက္ေကြၽးကြာ"
ခ်ဴခ်န္ : ? ? ?
"သာႀကီးကလည္း ထိုင္ေလကြာ"
က်ိခ်င္းက်ိဳးက သူ႕ေဘးဘက္ကိုပုတ္ျပလိုက္သည္။
ခ်ဴခ်န္ကမူ သူ႕ေဘးမွာထိုင္ၿပီး သတိထားၾကည့္လာသည္။
"ေကာင္မေလး?"
က်ိခ်င္းက်ိဳး သူ႕နားကပ္လိုက္ၿပီး ခပ္တိုးတိုးေျပာလိုက္သည္။
"ကြၽန္ေတာ္တို႔ကိုၾကည့္ေနၾကတာမျမင္ဘူးလား။တစ္ခုခုအေၾကာင္းျပမွရမွာေပါ့ မဟုတ္ရင္ အတြဲလို႔ထင္ကုန္ၾကဦးမယ္"
မင္းအဲ့လိုျဖစ္ခ်င္တာမဟုတ္ဘူးလား? ပြဲအတူတူက်င္းပခ်င္တယ္။႐ုပ္႐ွင္ၾကည့္ခ်င္တယ္။အတြဲခုံမွာထိုင္ခ်င္တယ္။ဒါေတြအားလုံးက ငါတို႔အတြဲေတြလို႔ထင္ေအာင္လုပ္ေနတာမဟုတ္ဘူးလား ? ! !
"ခင္ဗ်ားမ်က္လုံးႀကီးက ဘယ္လိုႀကီးၾကည့္ေနတာလဲ"
က်ိခ်င္းက်ိဳးေမးလိုက္သည္။
မ်က္လုံးကအတြင္းစိတ္ေတြကိုေဖာ္ျပႏိုင္သည့္ေနရာပင္။
က်ိခ်င္းက်ိဳးကမူ သူ႕စကားေၾကာင့္ မေက်မနပ္ျဖစ္သြားတယ္ထင္သြား၏။တစ္ျခားသူေတြရဲ႕မ်က္လုံးထဲမွာ ဆို႐ွဴးဂါးဒယ္ဒီ ႏွင့္ အခ်စ္ေလးကလည္း အတြဲေတြလို႔ထင္ေစႏိုင္ပုံပင္။ထို႔ေၾကာင့္သူလည္း ခ်ိဳသာတဲ့အသံေလးႏွင့္ ခ်ဴခ်န္ကိုႏွစ္သိမ့္လိုက္သည္။
"ကြၽန္ေတာ္တို႔က အတြဲလို႔႐ွား႐ွားပါးပါး အထင္ခံရေပမယ့္ အျပင္မွာဆိုေတာ့ မသိသာေအာင္ေနတာ ပိုေကာင္းတယ္ေလ"
ခ်ဳ ခ်န္ : .......
ခ်ဴခ်န္ေတာ့သူ႕အခ်စ္ေလးႏွင့္ျမန္ျမန္ရင္ဆိုင္ေျဖ႐ွင္းရန္ေတြ႕လိုက္မိသည္။အခုဆိုအခ်စ္ေလးက သူတို႔ကအတြဲ ေတြ လို႔ေတာင္ေတြးေနၿပီ!ဘာအတြဲလဲ? အတြဲဟုတ္လား ! ပထမဆုံး စာေၾကာင္း၌ ခံစားခ်က္ေတြထက္ အေစာႀကီးတည္းက ပိုက္ဆံအေၾကာင္းကိုေျပာခဲ့ၾကေပမယ့္ ဒုတိယစာေၾကာင္းမွာေတာ့ သူစိတ္မပါဘဲ ထိုကိစၥကို လုပ္ႏိုင္ၿပီး စည္းေတြမေက်ာ္ဖို႔ ခ်က္ခ်င္းအျပစ္တင္ႏိုင္သည္။
ခ်ဴခ်န္သည္ က်ိခ်င္းက်ိဳးအား ေျပာင္းဖူးေပါက္ေပါက္လက္တစ္ဆုပ္ေကြၽးလိုက္သည္။
"ၾကည့္ေတာ့ေလ ႐ုပ္႐ွင္လည္းစေနၿပီ"
"ေအာ္"
က်ိခ်င္းက်ိဳးက ေျပာၿပီးသည္ႏွင့္ သူ႕လက္ထဲက ေျပာင္းဖူးေပါက္ေပါက္ေတြကိုစားလိုက္ၿပီး ပါးစပ္အျပည့္ကုတ္ေသာက္ေနရင္း ခ်ဴခ်န္ကိုေျပာလိုက္သည္။
"ေနာက္ထပ္ေပးဦး"
ခ်ဴခ်န္ : ......
ခ်ဴခ်န္ကေတာ့ သူ႕လက္ထဲ ေပါက္ေပါက္ဘူးထည့္ေပးလိုက္သည္။
"ကိုယ့္ဘာသာယူ"
က်ိခ်င္းက်ိကလည္း ယူၿပီး ႐ုပ္႐ွင္ေလးၾကည့္လိုက္စားလိုက္ႏွင့္ ခ်ဴခ်န္ကိုလည္း လွမ္းလွမ္းေကြၽးေသးသည္။ခ်ဴခ်န္ကေတာ့ ေပါက္ေပါက္မႀကိဳက္ေပ။က်ိခ်င္းက်ိဳးေကြၽးရင္ စားေပမယ့္ မေကြၽးရင္ ယူမစားေခ်။
႐ုပ္႐ွင္ၾကည့္ၿပီးေနာက္ ေပါက္ေပါက္ေတြကုန္သြားမွ ခ်ဴခ်န္ ေမးလိုက္သည္။
"ေကာင္းလား"
က်ိခ်င္းက်ိဳးက ေခါင္းယမ္းျပလာသည္။
"ေပါေတာေတာႀကီးနဲ႔"
ခ်ဴခ်န္ ရယ္လိုက္ကာ--
"ဟာသကားေတြအကုန္လုံး အဲ့လိုပဲေလ"
"ဒါဆိုလည္း ကြၽန္ေတာ္ကသာ ဟာသကားေတြၾကည့္ရတာမႀကိဳက္လို႔ေနမယ္"
"မင္းကဘယ္လိုကားေတြႀကိဳက္တာလဲ"
"မႈခင္း႐ုပ္႐ွင္ေတြၾကည့္ၿပီးခန္႔မွန္းရတာ"
က်ိခ်င္းက်ိဳးေျပာလိုက္သည္။
"ဒါေပမယ့္ အဲ့႐ုပ္႐ွင္ေတြမွာက် ေကာင္းတာသိပ္မ႐ွိဘူး"
"မင္းကအေတာ္ေလးဇီဇာေၾကာင္တာပဲ"
က်ိခ်င္းက်ိဳးကျပဳံးလိုက္ၿပီး သူ႕ေဘးနားထိေလွ်ာက္သြားကာ ေမးလိုက္သည္။
"အခုဘာလုပ္ၾကမလဲ။ညစာစားၾကမလား"
"ဘာစားမလဲ"
က်ိခ်င္းက်ိဳး အတန္ၾကာစဥ္းစားလိုက္ကာ-
"အေနာက္တိုင္းအစားအစာဆိုရင္ေရာ"
"ဘာလို႔ ဖေယာင္းတိုင္မီးေလးထြန္းၿပီးညစာစားမယ္မေျပာတာလဲ"
ခ်ဴခ်န္က သူ႕ကိုၾကည့္လာသည္။
"ခင္ဗ်ားလုပ္ခ်င္လုပ္ေလ"
က်ိခ်င္းက်ိဳးက ဂ႐ုမထားမိေပ။
"အေနာက္တိုင္ညစာေတြက ဖေတာင္းတိုင္မီးေလးနဲ႔မွေကာင္းတာမဟုတ္လား"
တကယ့္ကို Sima Zhao ရဲ႕စိတ္ဓာတ္မ်ိဳး႐ွိေနတာပဲ။စိတ္ထဲမကြယ္ဝွက္ဘဲ အင္းလို႔ေျပာရဲတယ္။သူ႕စိတ္ထဲကစည္းေက်ာ္ခ်င္တာေတြကို ခ်ဴခ်န္သိသြားမွာမေၾကာက္ဘူးလား။က်ိခ်င္းက်ိဳးဆိုတဲ့နာမည္က သူ႕ရဲ႕သတၱိေတြ ရည္မွန္းခ်က္ေတြနဲ႔မလိုက္ဖက္ဘဲ လတ္တေလာ သူ႕အျပဳအမူေတြနဲ႔ လိုက္ဖက္ညီေအာင္ Sima Zhouလို႔ေျပာင္းလိုက္သင့္သည္။
###############
စာေရးသူမွာေျပာစရာ႐ွိပါတယ္ :
ျပဇာတ္ငယ္<၁>
ခ်ဴခ်န္ : ပြဲေတာ္ေတြအတူတူက်င္းပတယ္!အတြဲခုံမွာထိုင္တယ္!မီးေရာင္စုံညစာစားပြဲေလးလုပ္ခ်င္တယ္! Sima Zhou ရဲ႕ ႏွလုံးသားကို လူတိုင္းသိေနၿပီေနာ္ !
က်ိဳးက်ိဳး : ထိုင္ခုံမွာေ႐ြးမိတဲ့အတြက္ နည္းနည္း႐ွက္မိေပမယ့္ အတူတူပြဲေတာ္ကုန္ဆုံးရတာ ေပ်ာ္စရာႀကီးပါ~~~~~~
က်ိဳးက်ိဳးက ႐ိုး႐ိုးပဲေတြးၿပီး လုပ္႐ိုးလုပ္စဥ္အတိုင္းပဲေနတာပါ။ခ်ဴခ်န္ကသာ ေလာင္ေနတာ [မ်က္ႏွာအုပ္လ်က္]
ျပဇာတ္ငယ္<၂>
ခ်ဴခ်န္ : ကိုယ္ က်ိဳးက်ိဳးနဲ႔လုံးဝပြဲမက်င္းပခ်င္ဘူးေနာ္။တကယ္ေျပာတာ။
က်ိဳးက်ိဳး : ဒီညေတြ႕ၾကမယ္ေနာ္
ခ်ဴခ်န္ : မင္းေဆး႐ုံမွာေစာင့္ေနရေတာ့ ကိုယ္ မင္းကိုဝင္ေခၚမို႔ အလုပ္ေစာေစာဆင္းခဲ့တာ။
က်ိဳးက်ိဳး : ႐ုပ္႐ွင္ၾကည့္ၾကမလား?
ခ်ဴခ်န္ : ေကာင္းတာေပါ့
က်ိဳးက်ိဳး : အေနာက္တိုင္းအစားစာ စားၾကမယ္။
ခ်ဴခ်န္ : OK
က်ိဳးက်ိဳး : အိမ္ေရာက္ရင္ လက္ေဆာင္ေပးမယ္ေနာ္
ခ်ဴခ်န္ : ကိုယ္လည္း မင္းအတြက္ လက္ေဆာင္ျပင္ထားတယ္။
က်ိဳးက်ိဳး : ေပ်ာ္လိုက္တာ *^▽^*
ခ်ဴခ်န္ : ကိုယ္ က်ိဳးက်ိဳးနဲ႔လုံးဝပြဲမက်င္းပဘူးေနာ္။တကယ္ေျပာတာ။
###########################