Unicode
ကျိချင်းကျိုးကမူ အရုပ်ထဲမှာတစ်ခုခုရှိနေလိမ့်မယ်လို့ မထင်ထားခဲ့၍ အရုပ်အား ဖျစ်ညှစ်လိုက်သည်။အမှန်ပင် နည်းနည်းမာတဲ့အရာလေးတစ်ခုရှိနေသည်။သူ မြန်မြန်ပဲကတ်ကြေးရှာပြီး အရုပ်အားညှပ်ဖျက်လိုက်ချိန် ဒီဝံပုလွေရုပ်သေးသေးလေး၏ဗိုက်ထဲ၌ လက်ထိပ်ရှိနေတာကိုသာတွေ့လိုက်ရသည်။
သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တအံ့တဩဖြင့်ကြည့်ကာ ပြုံးမိသွားသည်။
"အဲ့မှတ်စုစာအုပ်ပိုင်ရှင်ကိုရှာဖို့ပဲကျန်တော့တာပေါ့"
"ဒါပေမယ့်…"
ကျိချင်းကျိုး သိချင်စိတ်ဖြင့်--
"သူက လူဘယ်လိုသတ်တာလဲ"
ကျိချင်းကျိုးတစ်ယောက်အသည်းအသန်စဉ်းစားနေချိန် ယင်းနျန်သည် တစ်ဖက်ခန်းမှ စာအုပ်တစ်အုပ်တွေ့လာ၏။
"24 Billys"
ယင်းနျန်သည် စာအုပ်ကိုကြည့်ရင်း ဘေးက လျန်ကျင်းရှင်ကိုမေးလိုက်သည်။
"ဒီစာအုပ်က စိတ်တ္တဇရောဂါသည်အကြောင်းမလား"
လျန်ကျင်းရှင်က ခေါင်းညိမ့်ပြလာသည်။
"ဘာလို့ဒီလိုစာအုပ်တစ်အုပ်ကိုလျှို့ဝှက်ခန်းမှာထား ထားတာလဲ"
ယင်းနျန်တစ်ယောက် သိချင်လာရသည်။
လျန်ကျင်းရှင်သည် ခဏကြာတွေးတောကာ ရုတ်တရက် ခန့်မှန်းချက်တစ်ခုရှိလာပြီးယင်းနျန်ကိုမေးလိုက်သည်။
"ဒီလျှို့ဝှက်ခန်းရဲ့အဓိကဆိုလိုရင်းက ဘာဖြစ်မလဲ။ရှိုးအဖွဲ့က ဘာမှမပြောခဲ့ဘူးလား။"
ယင်းနျန်က တွေးဆဆဖြင့်ပြောလာသည်။
"မရှိဘူးထင်တယ်"
" ဒီလျှို့ဝှက်ခန်းရဲ့နောက်ခံဇာတ်ကြောင်းက မင်းတွေ့ထားတဲ့မှတ်စုစာအုပ်ပဲလေ။လူခုနစ်ယောက်က ရတနာရှာဖို့ရောက်လာကြတာလို့ပြောထားပြီး ခြောက်ယောက်ကလည်းတဖြည်းဖြည်းပျောက်သွားတယ်။အဆုံးမှာ မှတ်စုစာအုပ်ပိုင်ရှင်တစ်ယောက်ပဲအသက်ရှင်နေသေးတယ်။ဖြစ်နိုင်တာက ရတနာဆိုတာ နိဒါန်းတစ်ခုသာသာပဲ။သူတို့ ပြောချင်နေတာက ရတနာမုဆိုးမဟုတ်ဘဲ စိတ်ဝေဒနာသည်ဖြစ်မယ်။အစကနေအဆုံးထိ မှတ်စုပိုင်ရှင်ဆိုတဲ့လူတစ်ယောက်တည်းရှိတာ။နောက်ဆုံးထိလည်း လူခြောက်ယောက်ဘယ်လိုပျောက်သွားလဲရောဘာကြောင့်ပျောက်သွားတာလဲရော မရှင်းပြထားဘူးလေ"
ယင်းနျန်လည်း ဖြစ်နိုင်တယ်လို့ထင်မိသည်။
"ဒီတော့ရိုက်ကူးရေးအဖွဲ့ "24 Billys"စာအုပ်ကိုကျွန်တော်တို့ကိုသတိပေးဖို့ထားထားတာပေါ့။ ဘာလို့လဲ။ကျွန်တော်တို့ကိုသတ်ချင်တဲ့ မှတ်စုစာအုပ်ပိုင်ရှင်ရဲ့လျို့ဝှက်ချက်ကိုထိန်းထားချင်လို့လား။ "
"အမှန်ပဲ" လျန်ကျင်းရှင်ကပြန်ပြောလာသည်။
"ဒါနဲ့သူက ဘယ်လိုသတ်တာလဲ"
ယင်းနျန်က အော်ပြောလာသည်။
"ထိပြီးသတ်တာလား။ရိုက်ပြီးလား။လှုပ်ရှားမှုလား ဒါမှမဟုတ် ပစ္စည်းတွေနဲ့လား။ ပစ္စည်းတွေနဲ့ဆို ဘာပစ္စည်းတွေလဲ"
သူ ထိုအကြောင်းတွေးနေချိန် ရုတ်တရက်အခန်းထဲမှ အသံနက်နက်ကြီး ကြားလိုက်ရသည်။
"ကျိုးရှုရှန်း အခန်းထဲကထွက်သွားပေးပါ"
ကျိုးရှုရှန်းကြည့်ရတာ ဇဝေဇဝါဖြစ်နေပုံပင်။
" ကျွန်တော် ? ကျွန်တော်အသတ်ခံလိုက်ရတာလား? "
ကျိချင်းကျိုးကစူးစမ်းကြည့်ဖို့ အနားကပ်သွားပေမယ့် ဒါရိုက်တာအဖွဲ့ရဲ့ သတိပေးသံကိုကြားလိုက်ရသည်။
"အနားမကပ်ပါနဲ့ ကျိုးရှုရှန်း အခန်းထဲကထွက်သွားပေးပါ"
ကျိုးရှုရှန်းလူတိုင်းကို ကြိုးစားကြပါလို့ပြောပြီး အခန်းထဲကထွက်သွားသည်။
"သူ့အပေါ်ပိုင်းကိုကြည့်ကြည့်"
ကျိချင်းကျိုးဟာ ထိုသူ၏ဘောင်းဘီနှင့်ရှူးဖိနပ်များကိုအသေအချာကြည့်လျက် ယွီအန်းယီကိုမြန်မြန်ပြောလိုက်သည်။
ယွီအန်းယီမှာ ဘာမသိညာမသိဖြင့် ကျိချင်းကျိုးစကားအတိုင်း သူ့ရှပ်အင်္ကျီနှင့် ပေါ်နေသော လည်ပင်းနဲ့လက်တွေအား ဂရုတစိုက်စူးစိုက်ကြည့်လိုက်သည်။
ကျိုးရှုရှန်းထွက်သွားချိန် ကျိချင်းကျိုးက သူမကိုမေးလာသည်။
"ထူးခြားတာတစ်ခုခုတွေ့လိုက်လား"
ယွီအန်းယီခေါင်းယမ်းလိုက်သည်။
"မတွေ့ဘူး"
ကျိချင်းကျိုးမှာ စကားမဆိုတော့ဘဲ သူအခုပဲတွေ့ခဲ့တဲ့ ကျိုးရှုရှန်းရဲ့ ခန္ဓာကိုယ်အောက်ပိုင်းအား ပြန်ပြီးသေသေချာချာတွေးကြည့်လိုက်သည်။အပြင်ရောင် ဂျင်းဘောင်းဘီ၊အားကစားဖိနပ်အနက်ရောင်နှင့် ဘာမှထူးခြားတာမရှိ။ကပ်ခွာကြောင့်ဖယ်ထုတ်ခံရတာမဟုတ်ဘူးဆို ထိမိတာလား။ဒါမှမဟုတ် လှုပ်ရှားမှုကြောင့်လား။အဲ့လိုဆို အခုပဲ ကျိုးရှုရှန်ကိုဘယ်သူထိခဲ့တာလဲ?
သူ့ပတ်ပတ်လည်အားလှည့်ကြည့်ကာလေ့လာကြည့်လိုက်သည်။စတုရန်းပုံစံအခန်းဖြစ်၍ လေးဘက်လေးတန်နှင့်ထောင့်လေးထောင့်ရှိ၏။ကျိုးရှုရှန်းက တံခါးမြောက်ဘက်ခြမ်းမှာရှိခဲ့တာပင်။သူနဲ့အနီးဆုံးလူတွေကတော့ သူတို့အဖွဲ့က လော့ယွီရှင်း၊ချိုင့်လိ၊မုန့်ယွမ်ပိုင်နှင့် မိမိအဖွဲ့မှ လျန်ကျင်းရှင်နဲ့ယင်းနျန်တို့ရှိနေ၏။ဝူဖုန်းနှင့်ပေ့ဝမ်ယောင်တို့အပြင် တစ်ခြားဧည့်သည်သရုပ်ဆောင်များကလည်း သူနဲ့ခပ်လှမ်းလှမ်းမှာရှိနေကြ၏။
ထို့ကြောင့် အနေအထားအရ ဖြစ်နိုင်ခြေအရှိဆုံးလူငါးယောက်ရှိနေသည်။သူတို့က လော့ယွီရှင်း၊ချိုင့်လိ၊မုန့်ယွမ်ပိုင်၊လျန်ကျင်းရှင်နှင့်ယင်းနျန်တို့ဖြစ်ကြသည်။ကျိချင်းကျိုးရဲ့စိတ်ထဲမှပိုပြီးဖြစ်စေချင်သည်မှာ လော့ယွီရှင်း၊ချိုင့်လိနဲ့မုန့်ယွမ်ပိုင်တို့သာဖြစ်ဖို့ပင်။ဘာလို့ဆို လျန်ကျင်းရှင်နှင့်ယင်းနျန်ကမိမိအဖွဲ့မှဖြစ်ကာ အထူးသဖြင့် လျန်ကျင်းရှင်အားမဖြစ်စေချင်ပေ။ကျိချင်းကျိုးမှာ လျန်ကျင်းရှင်အပေါ်လည်း အကောင်းမြင်စိတ်တွေရှိနေသည့်အတွက် သူ့ကိုသံသယမဝင်ချင်ပေ။သို့စေကာမူ နည်းလမ်းကျကျလေ့လာကြည့်မယ်ဆိုရင် ဒီလိုဇာတ်ကောင်နေရာမျိုးဆို ပထမအပိုင်းအစီအစဉ်မှာတင် လူသစ်တစ်ယောက်ကိုရွေးချယ်ရမည့်အစား လူဟောင်းကိုရွေးချယ်ရတာကပိုပြီး လုံခြုံမှုရှိသည်။အဲ့လိုဆိုတော့ကာ လူဟောင်းကစားသမားလေးယောက်ဖြစ်သည့် ချိုင့်လိ၊မုန့်ယွမ်ပိုင်၊လျန်ကျင်းရှင်နှင့်ယင်းနျန်တို့ကပိုပြီးသံသယဖြစ်ဖို့ကောင်းနေသည်။
ကျိချင်းကျိုးသည် စဉ်းလည်းစဉ်းစားရင်းဗီရိုတွေကိုလည်းလှန်လှောရင်းရှာဖွေမှုဆက်လုပ်နေတော့၏။
စိုးရိမ်နေသူက လော့ယွီရှင်းပင်။သူ့မှာအချိန်အများကြီးမရှိတော့ပေ။သူ့သရုပ်ဆောင်မှုကလည်း ကျေနပ်မှုရှိအောင်မကောင်း။အထူးသဖြင့် ကျိချင်းကျိုးအား မှတ်စုစာအုပ်ပိုင်ရှင်ဖြစ်နိုင်တယ်လို့ သူညွှန်ပြလိုက်တည်းက ကျိချင်းကျိုးကလည်း သူ့ကိုပြန်ခုခံတော့မှာဖြစ်သည်။လော့ယွီရှင်းတစ်ယောက် စိတ်ဖိအားတွေဖြစ်ပေါ်နေလျက်ပင်။သူက ဉာဏ်ကောင်းတဲ့တွက် ရိုက်ကူးရေးအဖွဲ့ကလည်း သူ့အတွက် ဒီလျှို့ဝှက်အခန်းအားထည့်ကာ ထင်ပေါ်အောင်လုပ်ပေးခဲ့သည်။အဲ့လိုဆို ဖန်တွေက ဒီရသစုံရှိုးကနေ သူ့ရဲ့အရည်အချင်းတွေကိုမြင်နိုင်ပြီး အမြဲတမ်းပါဝင်သူအသစ်အနေနဲ့ အမြန်ဆုံးလက်ခံလာနိုင်စေရန်ဖြစ်သည်။အခုတော့ကာ တစ်ခြားသူတွက် မင်္ဂလာဆောင်ဝတ်စုံ ချုပ်ပေးနေရသလိုပင်ဖြစ်နေတော့သည်။
လော့ယွီရှင်းသည် ကျိချင်းကျိုးအား တစ်ချက်ဝေ့ကြည့်လိုက်ကာ အေးအေးဆေးဆေးပင်။သူ့စိတ်ထဲ၌မူ ကျိချင်းကျိုးက သူ့ထက်ပိုတော်ပြီး ပိုပြီးစမတ်ကျလိမ့်မယ်လို့မထင်ထားခဲ့။တစ်ပါးသူရဲ့အစားထိုးလိုမျိုးနေရတဲ့သူက ဘယ်လိုဖြစ်ပြီးသူ့ထက်ပိုတော်နိုင်မှာလဲ။ခုနဟာတွေက ကံကောင်းသွားရုံပါပဲ။
သူကိုယ်သူ နှစ်သိမ့်လိုက်သည်။ဂိမ်းက မဆုံးသေးသလို သူ့အတွက်လည်း အခွင့်အရေးပြန်ရဖို့ရှိနေသေးတယ်။သူဆိုတာ အဆင့်ငါးရဲ့သော့ချက် အချက်အလက်တွေကိုသိတဲ့အပြင် မှတ်စုစာအုပ်ပိုင်ရှင်ရဲ့ သော့ချက်နဲ့ပတ်သက်တာတွေကိုလည်း သိတယ်။အဲ့တော့ မှတ်စုစာအုပ်ပိုင်ရှင်နဲ့အဆင့်ငါးကို သူသာဖြတ်ကျော်နိုင်ပါက ဒီအပိုင်းမှာ သူ့ရဲ့ အရည်အချင်းတွေကိုထုတ်ပြနိုင်ဦးမှာပင်။
လက်စွပ်!!!!
လော့ယွီရှင်းသည် ရိုက်ကူးရေးအဖွဲ့သူ့ကိုပေးထားသည့်သော့ချက်အား တွေးမိသွား၏။မှတ်စုစာအုပ်ပိုင်ရှင်က လက်စွပ်ဝတ်ထားတဲ့သူပဲ။သူ ခေါင်းနှိမ့်ကာ ပတ်ဝန်းကျင်အား တိတ်တဆိတ်လှည့်ပတ်ကြည့်လိုက်သည်။သို့တိုင် ဒီအဆင့်နဲ့လိုက်ဖက်ညီအောင် လူတိုင်းဟာ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေဝတ်ထားသည့်အတွက် အများစုက သူတို့အဝတ်အစားတွေနဲ့လိုက်ဖက်ညီအောင် လက်စွပ်တွေတောင်ဝတ်ထားကြသဖြင့် ရှာနေရတဲ့သူ့မှာ အံ့ဩသွားရ၏။
ယွီအန်းယီက ပြာလဲ့လဲ့နီလာလက်စွပ်လေးအားဝတ်ဆင်ထားပြီး ချိုင့်လိကမူ လတ်တလော ကြေညာထားတဲ့လက်စွပ်ကိုဝတ်ဆင်ထား၏။မုန့်ယွမ်ပိုင်ကတော့ သူ့အဝတ်အစားနှင့်ကိုက်ညီသည့် ဈေးကြီးလက်စွပ်အားဝတ်ဆင်ထားကာ ယင်းနျန်ကတော့ အရမ်းကိုမှသာမန်ဆန်တဲ့လက်စွပ်လေးအားဝတ်ထားပြီး ဝူဖုန်းကမူ ဆန်းသစ်တဲ့လက်စွပ်အားဝတ်ထား၏။
လော့ယွီရှင်းမှာ အတော်ကြာတောင့်တင်းသွားပြီး သူတို့ထဲကဘယ်တစ်ယောက်ကို မသင်္ကာဖြစ်ရမှန်းမသိတော့ပေ။
သူခင်မျာ ဘယ်သူ့ကိုသံသယဖြစ်ရမလဲမသိနေချိန်လေး မုန့်ယွမ်ပိုင်က ကံကောင်းစွာ သေတ္တာတစ်လုံးရှာတွေ့သွား၏။
"ကဲ ခုနကသော့ဘယ်မှာလဲ။ဒီသေတ္တာကိုဖွင့်ကြည့်ရအောင်။ပန်းအိုတွေထဲမှာလည်းကြည့်ပြီးပြီ။ခုနမှာဟော့ဒိက ငါ့လက်တွေနဲ့ ရွှံ့တွေတူးထုတ်ထားရတာ။သုတ်စရာဘာတစ်ရှူးမှလည်းမရှိပါလား"
"ကျွန်မမှာရှိတယ်"
ယွီအန်းယီကပြောလိုက်သည်။သူမက အပြင်ထွက်ချိန်ဆို တစ်ရှူးထည့်လေ့ရှိတယ်။ထို့ကြောင့် အိတ်ကပ်ထဲမှာယူထုတ်လိုက်သော်ငြား အိတ်ကပ်ကိုပဲ ထိမိနေ၏။နောက်မှာ သူမသတိရသွားသည်။ဒီနေ့ သူအဝတ်အစားလဲလာတယ်လေ။သူမရှပ်အင်္ကျီပေါ်က အိတ်ကပ်ကလည်း အလှဆင်တို့ထည့်ထားတဲ့ အိပ်ကပ်ပုံစံလေးသာဖြစ်၏။ထို့ကြောင့် လက်ပြန်ရုတ်ကာ ရှက်ရှက်နဲ့ပြောလိုက်သည်။
"ဒီအင်္ကျီမှာအိတ်ကပ်မပါတာ ကျွန်မမေ့သွားတယ်။တစ်ရှူးတွေကလည်း လွယ်အိတ်ထဲထည့်ထားတာမို့ မယူခဲ့မိဘူး"
"မင်းအင်္ကျီမှာအိတ်ကပ်တွေပါတယ်မဟုတ်လား"
မုန့်ယွမ်ပိုင်ကပြောရင်း သူမအင်္ကျီကိုကြည့်လိုက်သည်။
"ဒါက အိတ်ကပ်ပုံစံအလှထည့်ထားတာလေ"
သူမစကားဆုံးသည်နှင့် မုန့်ယွမ်ပိုင်လက်ထဲသို့ တစ်ရှူးတစ်ထုပ်ပြုတ်ကျလာ၍ သူ့မှာမြန်မြန်ဖမ်းလိုက်ရင်း လျန်ကျင်းရှင်အား ကျေးဇူးတင်စကားဆိုလိုက်သည်။
"မင်းလက်ကိုမြန်မြန်သုတ်ပြီး သေတ္တာဖွင့်တော့"
လျန်ကျင်းရှင်ကပြောလာသည်။
မုန့်ယွမ်ပိုင်လည်း အိတ်ဖွင့်ပြီး တစ်ရှူးတွေထုတ်လိုက်သည်။ယွီအန်းယီသည် အကွာအဝေးတစ်ခုမှ သူလုပ်နေတာတွေကြည့်နေတာဖြစ်၍ လျန်ကျင်းရှင်နဲ့ သူမ သုံးတဲ့ တစ်ရှူးတံဆိပ်က တူတူပင်ဆိုတာတွေ့သွားရ၏။သူမ အံ့အားသင့်မိသွားလျက် ပါးစပ်ဖွင့်ခါနီးမှာပဲ သူမစကားတွေက cp fan တွေကို အရူးအမူးဖြစ်စေနိုင်ကြောင်းတွေးမိသွားသည်။ဒီလို တစ်ရှူးစလေးကလည်း သူတို့က တကယ့်အတွဲဖြစ်ပါတယ်ဆိုပြီး ရေးလို့ရတယ်လေ။ထို့ကြောင့် စကားလုံးတွေကိုပြန်မျိုချပြီး မုန့်ယွမ်ပိုင်တစ်ယောက် လက်သုတ်ပြီး သေတ္တာဖွင့်တာကိုသာ စောင့်နေလိုက်သည်။
ကျိချင်းကျိုးတစ်ယောက်ကတော့ ယွီအန်းယီရှပ်အင်္ကျီကအလှ အိတ်ကပ်များဆီအကြည့်ရောက်နေပြီး သူမအခုပဲပြောသွားသည့် " အိတ်ကပ်ပုံစံအလှထည့်ထားတာလေ " ဆိုသည့်စကားအားပြန်တွေးကာ သူ့စိတ်ထဲမှ ပုံရိပ်တစ်ချို့ကလည်း ဖျတ်ခနဲပြန်ပေါ်လာ၏။သူတွေ့မိလိုက်သည့် ကျိုးရှုရှန်းဖိနပ်အား ပြန်တွေးကာ ယွီအန်းယီကိုမေးလိုက်သည်။
"မင်းမှတ်မိလား…ကျိုးရှုရှန်းအစကဝတ်ထားတဲ့ဖိနပ်က စက်ဝိုင်းအလယ်မှာ ကြယ်ငါးပွင့်ရှိနေတာမလား"
ယွီအန်းယီက တန့်သွားကာ
"ရုတ်တရက်ကြီးဘာလို့မေးတာလဲ"
"အရင်ဆုံးစဉ်းစားကြည့်စမ်းပါ ဟုတ်တယ်မလား"
"ငါကဘယ်လိုသိမှာလဲ"
ယွီအန်းယီသည် စိတ်ရှုပ်နေသောအမူအရာဖြင့် သူ့အားကြည့်လာ၏။
"သူ ဘာရှူးဖိနပ်ဝတ်ထားမှန်းတောင်ငါမသိဘူး ဟုတ်ပြီလား"
ကျိချင်းကျိုးမှာ လျန်ကျင်းရှင်နဲ့ယင်းနျန်အားမေးကြည့်ချင်ပါသော်လည်း သူတို့နှစ်ယောက်အနက် တစ်ယောက်က မှတ်စုစာအုပ်ပိုင်ရှင်ဖြစ်မှာ စိုးရိမ်မိသည်။ဒါက သတိမထားမိဘဲ ရန်သူကို သတိပေးသလိုဖြစ်သွားလိမ့်မည်ပင်။
ကျိုးရှုရှန်းရဲ့ဖိနပ်ကို သူသေသေချာချာကြီး မှတ်မိပါတယ်။ဘယ်ဘက်ရှိစက်ဝိုင်းထဲမှာကြယ်ပွင့်ငါးပွင့်ပုံစံမရှိဘဲ ညာဘက်ကျတော့ရှိနေသည်။ရှူးဖိနပ်မှာ ဒီဇိုင်းထွင်ထားတာဖြစ်မယ်လို့ သူထင်မိပေမယ့် အစတည်းက မပါတာဆိုရင်ရော။ဒါဆို မှတ်စုစာအုပ်ပိုင်ရှင်ရဲ့ လူသတ်လက်နက်က တံဆိတ်တုံးလိုမျိုးအရာနဲ့ သတ်တာဖြစ်မယ်။သူက တစ်ကြိမ်တံဆိပ်ခတ်နှိပ်လိုက်သည်နှင့် လူတစ်ယောက်သေပြီး ထိုလူကလည်း ဖယ်ထုတ်ခံရမည်ဖြစ်သည်။
ဒါပေမယ့် တကယ်သာ တံဆိပ်တုံးဆို ဘယ်မှာ ဝှက်ထားလိမ့်မလဲ။အိတ်ကပ်ထဲမှာလား။အဲ့လိုဆို ယူလိုက်ထုတ်လိုက်နဲ့ အချိန်တိုင်းဒုက္ခများနေတော့မပေါ့။အိတ်ကပ်ထဲမှာမဟုတ်ဘူးဆိုရင် ဘယ်မှာထားရမှာလဲ။ သူသာဆိုရင်ရော ဘယ်နေရာမှာထားဖို့ ရွေးလိမ့်မလဲ။
မုန့်ယွမ်ပိုင်သည် လော့ယွီရှင်းအရင်ရထားသည့်သော့အားသုံး၍ သေတ္တာအား အောင်အောင်မြင်မြင်ဖွင့်လိုက်နိုင်ကာ လက်ထိပ်တစ်စုံနှင့် တတိယတံခါးသော့ပါရကာဖွင့်လိုက်နိုင်သည်။လူအုပ်ကြီးမှာ အောင်မြင်စွာဖြင့် စတုတ္ထတံခါးထဲဝင်ရောက်လာနိုင်သည်။
ဒီတစ်ကြိမ်၌ ကျိချင်းကျိုးက အဆိုပြုလာသည်။
"ရှာကြစို့ ! "
သူကပြောလာသည်။
"မှတ်စုစာအုပ်ပိုင်ရှင်လူသတ်တဲ့နည်းလမ်းက သူ့ကိုယ်ပေါ်မှာပဲရှိမှာ။မဟုတ်လည်း ရိုက်ကူးရေးအဖွဲ့က အကူအညီအနေနဲ့ ပစ္စည်းတွေဘာတွေပေးထားမှာပဲလေ။လူတိုင်းမှာရှိတဲ့ပစ္စည်းတွေကိုစစ်ဆေးကြည့်ရအောင်"
"ဟုတ်တယ်"
လျန်ကျင်းရှင်ကဝင်ထောက်သည်။
သူကဝင်ပြောလာတော့ တစ်ခြားသူတွေလည်း သဘာဝကျကျပင် စောဒကတက်စရာမရှိတော့။အစီအစဉ်ရိုက်ကူးရေးတွက် လူတိုင်းကပစ္စည်းနည်းနည်းတော့ယူခဲ့ကြသည်။လျန်ကျင်းရှင်ယူခဲ့တဲ့ တစ်ရှူးထုပ် နှင့် ကျိချင်းကျိုးယူခဲ့တဲ့ UV penကလွဲရင် တစ်ခြားယောင်္ကျားလေးတွေကဘာမှမယူခဲ့ကြပေ။မိန်းကလေးတွေကတော့ ပေ့ဝမ်ယောင်က နှုတ်ခမ်းနီဘူးတစ်ဘူး။ချိုင့်လိက မှန်တစ်ချပ်ယူခဲ့သည်။ ကျိချင်းကျိုးသည် ပေ့ဝမ်ယောင်၏နှုတ်ခမ်းနီဘူးအားစစ်ဆေးပေးဖို့ ယွီအန်းယီကိုတောင်းဆိုလိုက်တော့ ယွီအန်းယီမှာ စိတ်တောင်မကောင်းဖြစ်သွား၏။
"တကယ်ကြီးနှုတ်ခမ်းနီပါဟယ်။အဲ့တာငါအကြိုက်ဆုံးbrandလေးပါ"
ကျိချင်းကျိုး ခေါင်းညိမ့်လိုက်ပေမယ့် အတွေးမပျက်ပေ။မှတ်စုစာအုပ်ပိုင်ရှင်သာ အထိအတွေ့နဲ့ သတ်တာမဟုတ်ပါက တံဆိပ်တုံးကိုဖွက်ဖို့ နည်းလမ်းကောင်းတစ်ခုရှိကိုရှိရမည်။အဲ့နည်းလမ်းက ကော ဘာဖြစ်လိမ့်မလဲ။
သူ့အတွေးတွေအား ယွီအန်းယီကိုပြောပြလိုက်သည်။
ယွီအန်းယီတစ်ယောက် ထိုသူက တိတ်တိတ်လေးဖြင့် ဒီလောက်အများကြီးတွေးနိုင်တာကို အံ့ဩလို့မဆုံးဖြစ်ရကာ သူ့ကိုမေးလိုက်သည်။
"ငါ့ကိုဘယ်လိုကူညီစေချင်လဲ အခုပဲပွင့်ပွင့်လင်းလင်းပြောလိုက်တော့"
"နည်းနည်းလေးပါ…ဒါပေမယ့် ငါပိုပြီးစိုးရိမ်တာက ငါတို့ရှာနေတာကို ရန်သူက သတိပြုမိသွားမှာပဲ။မှတ်စုစာအုပ်ပိုင်ရှင်လည်း ငါသံသယဖြစ်နေတဲ့အရာကို ခန့်မှန်းမိမှာပဲ။မှန်သွားရင်တော့ အဆင်ပြေပါရဲ့။ဒါပေမယ့် မှန်တာကို သူသိသွားရင် ငါ့ကို ဒီအဆင့်မှာတင်သတ်ပစ်လိမ့်မယ်။အဲ့တော့ ငါသေသွားရင် မင်းဒီအချက်အလက်နဲ့ဆက်ပြီးခန့်မှန်းနိုင်အောင်လေ"
ယွီအန်းယီ၏မျက်လုံးများက ချက်ချင်းပြူးကျယ်လာကာ
"အဲ့တော့…"
သူမပခုံးက အရမ်းလေးလံလာသလိုခံစားလိုက်ရသည်။
"ငါ ဉာဏ်ကောင်းတာမှန်ပေမယ့် ဒီလိုအရာတွေမှာမဟုတ်ဘူးလေ။ငါ့ကိုဒီအချက်လက်တွေပြောပြလည်း မျက်ကန်းကို ပန်းချီဆွဲပြသလိုဖြစ်နေမှာပေါ့။ပန်းချီက လှလားဆိုတော့။လှတယ်လေ။ဒါပေမယ့် မျက်ကန်းကြီးကမှမမြင်နိုင်တာဟ"
ကျိချင်းကျိုးမှာ ဆွံ့အလျက်
"ဒါပေမယ့် … မင်းကလွဲပြီး သူတို့ကမှတ်စုစာအုပ်ပိုင်ရှင်ဟုတ်မဟုတ်ဆိုတာ ငါတပ်အပ်မပြောနိုင်ဘူးလေ…"
##################
ပါးချူကိုလွမ်းတယ်🧘🧘🧘
ကိုယ် update မှန်တော့မှာပါနော် ချစ်ရင် အာဘွားပေးသွား😘😘😘
###################
Zawgyi
က်ိခ်င္းက်ိဳးကမူ အ႐ုပ္ထဲမွာတစ္ခုခု႐ွိေနလိမ့္မယ္လို႔ မထင္ထားခဲ့၍ အ႐ုပ္အား ဖ်စ္ညႇစ္လိုက္သည္။အမွန္ပင္ နည္းနည္းမာတဲ့အရာေလးတစ္ခု႐ွိေနသည္။သူ ျမန္ျမန္ပဲကတ္ေၾကး႐ွာၿပီး အ႐ုပ္အားညႇပ္ဖ်က္လိုက္ခ်ိန္ ဒီဝံပုေလြ႐ုပ္ေသးေသးေလး၏ဗိုက္ထဲ၌ လက္ထိပ္႐ွိေနတာကိုသာေတြ႕လိုက္ရသည္။
သူတို႔ႏွစ္ေယာက္မွာ တစ္ေယာက္ကိုတစ္ေယာက္ တအံ့တဩျဖင့္ၾကည့္ကာ ျပဳံးမိသြားသည္။
"အဲ့မွတ္စုစာအုပ္ပိုင္႐ွင္ကို႐ွာဖို႔ပဲက်န္ေတာ့တာေပါ့"
"ဒါေပမယ့္…"
က်ိခ်င္းက်ိဳး သိခ်င္စိတ္ျဖင့္--
"သူက လူဘယ္လိုသတ္တာလဲ"
က်ိခ်င္းက်ိဳးတစ္ေယာက္အသည္းအသန္စဥ္းစားေနခ်ိန္ ယင္းႏ်န္သည္ တစ္ဖက္ခန္းမွ စာအုပ္တစ္အုပ္ေတြ႕လာ၏။
"24 Billys"
ယင္းႏ်န္သည္ စာအုပ္ကိုၾကည့္ရင္း ေဘးက လ်န္က်င္း႐ွင္ကိုေမးလိုက္သည္။
"ဒီစာအုပ္က စိတ္တၱဇေရာဂါသည္အေၾကာင္းမလား"
လ်န္က်င္း႐ွင္က ေခါင္းညိမ့္ျပလာသည္။
"ဘာလို႔ဒီလိုစာအုပ္တစ္အုပ္ကိုလွ်ိဳ႕ဝွက္ခန္းမွာထား ထားတာလဲ"
ယင္းႏ်န္တစ္ေယာက္ သိခ်င္လာရသည္။
လ်န္က်င္း႐ွင္သည္ ခဏၾကာေတြးေတာကာ ႐ုတ္တရက္ ခန္႔မွန္းခ်က္တစ္ခု႐ွိလာၿပီးယင္းႏ်န္ကိုေမးလိုက္သည္။
"ဒီလွ်ိဳ႕ဝွက္ခန္းရဲ႕အဓိကဆိုလိုရင္းက ဘာျဖစ္မလဲ။႐ိႈးအဖြဲ႕က ဘာမွမေျပာခဲ့ဘူးလား။"
ယင္းႏ်န္က ေတြးဆဆျဖင့္ေျပာလာသည္။
"မ႐ွိဘူးထင္တယ္"
" ဒီလွ်ိဳ႕ဝွက္ခန္းရဲ႕ေနာက္ခံဇာတ္ေၾကာင္းက မင္းေတြ႕ထားတဲ့မွတ္စုစာအုပ္ပဲေလ။လူခုနစ္ေယာက္က ရတနာ႐ွာဖို႔ေရာက္လာၾကတာလို႔ေျပာထားၿပီး ေျခာက္ေယာက္ကလည္းတျဖည္းျဖည္းေပ်ာက္သြားတယ္။အဆုံးမွာ မွတ္စုစာအုပ္ပိုင္႐ွင္တစ္ေယာက္ပဲအသက္႐ွင္ေနေသးတယ္။ျဖစ္ႏိုင္တာက ရတနာဆိုတာ နိဒါန္းတစ္ခုသာသာပဲ။သူတို႔ ေျပာခ်င္ေနတာက ရတနာမုဆိုးမဟုတ္ဘဲ စိတ္ေဝဒနာသည္ျဖစ္မယ္။အစကေနအဆုံးထိ မွတ္စုပိုင္႐ွင္ဆိုတဲ့လူတစ္ေယာက္တည္း႐ွိတာ။ေနာက္ဆုံးထိလည္း လူေျခာက္ေယာက္ဘယ္လိုေပ်ာက္သြားလဲေရာဘာေၾကာင့္ေပ်ာက္သြားတာလဲေရာ မ႐ွင္းျပထားဘူးေလ"
ယင္းႏ်န္လည္း ျဖစ္ႏိုင္တယ္လို႔ထင္မိသည္။
"ဒီေတာ့႐ိုက္ကူးေရးအဖြဲ႕ "24 Billys"စာအုပ္ကိုကြၽန္ေတာ္တို႔ကိုသတိေပးဖို႔ထားထားတာေပါ့။ ဘာလို႔လဲ။ကြၽန္ေတာ္တို႔ကိုသတ္ခ်င္တဲ့ မွတ္စုစာအုပ္ပိုင္႐ွင္ရဲ႕လ်ိဳ႕ဝွက္ခ်က္ကိုထိန္းထားခ်င္လို႔လား။ "
"အမွန္ပဲ" လ်န္က်င္း႐ွင္ကျပန္ေျပာလာသည္။
"ဒါနဲ႔သူက ဘယ္လိုသတ္တာလဲ"
ယင္းႏ်န္က ေအာ္ေျပာလာသည္။
"ထိၿပီးသတ္တာလား။႐ိုက္ၿပီးလား။လႈပ္႐ွားမႈလား ဒါမွမဟုတ္ ပစၥည္းေတြနဲ႔လား။ ပစၥည္းေတြနဲ႔ဆို ဘာပစၥည္းေတြလဲ"
သူ ထိုအေၾကာင္းေတြးေနခ်ိန္ ႐ုတ္တရက္အခန္းထဲမွ အသံနက္နက္ႀကီး ၾကားလိုက္ရသည္။
"က်ိဳး႐ႈ႐ွန္း အခန္းထဲကထြက္သြားေပးပါ"
က်ိဳး႐ႈ႐ွန္းၾကည့္ရတာ ဇေဝဇဝါျဖစ္ေနပုံပင္။
" ကြၽန္ေတာ္ ? ကြၽန္ေတာ္အသတ္ခံလိုက္ရတာလား? "
က်ိခ်င္းက်ိဳးကစူးစမ္းၾကည့္ဖို႔ အနားကပ္သြားေပမယ့္ ဒါ႐ိုက္တာအဖြဲ႕ရဲ႕ သတိေပးသံကိုၾကားလိုက္ရသည္။
"အနားမကပ္ပါနဲ႔ က်ိဳး႐ႈ႐ွန္း အခန္းထဲကထြက္သြားေပးပါ"
က်ိဳး႐ႈ႐ွန္းလူတိုင္းကို ႀကိဳးစားၾကပါလို႔ေျပာၿပီး အခန္းထဲကထြက္သြားသည္။
"သူ႕အေပၚပိုင္းကိုၾကည့္ၾကည့္"
က်ိခ်င္းက်ိဳးဟာ ထိုသူ၏ေဘာင္းဘီႏွင့္႐ွဴးဖိနပ္မ်ားကိုအေသအခ်ာၾကည့္လ်က္ ယြီအန္းယီကိုျမန္ျမန္ေျပာလိုက္သည္။
ယြီအန္းယီမွာ ဘာမသိညာမသိျဖင့္ က်ိခ်င္းက်ိဳးစကားအတိုင္း သူ႕႐ွပ္အက်ႌႏွင့္ ေပၚေနေသာ လည္ပင္းနဲ႔လက္ေတြအား ဂ႐ုတစိုက္စူးစိုက္ၾကည့္လိုက္သည္။
က်ိဳး႐ႈ႐ွန္းထြက္သြားခ်ိန္ က်ိခ်င္းက်ိဳးက သူမကိုေမးလာသည္။
"ထူးျခားတာတစ္ခုခုေတြ႕လိုက္လား"
ယြီအန္းယီေခါင္းယမ္းလိုက္သည္။
"မေတြ႕ဘူး"
က်ိခ်င္းက်ိဳးမွာ စကားမဆိုေတာ့ဘဲ သူအခုပဲေတြ႕ခဲ့တဲ့ က်ိဳး႐ႈ႐ွန္းရဲ႕ ခႏၶာကိုယ္ေအာက္ပိုင္းအား ျပန္ၿပီးေသေသခ်ာခ်ာေတြးၾကည့္လိုက္သည္။အျပင္ေရာင္ ဂ်င္းေဘာင္းဘီ၊အားကစားဖိနပ္အနက္ေရာင္ႏွင့္ ဘာမွထူးျခားတာမ႐ွိ။ကပ္ခြာေၾကာင့္ဖယ္ထုတ္ခံရတာမဟုတ္ဘူးဆို ထိမိတာလား။ဒါမွမဟုတ္ လႈပ္႐ွားမႈေၾကာင့္လား။အဲ့လိုဆို အခုပဲ က်ိဳး႐ႈ႐ွန္ကိုဘယ္သူထိခဲ့တာလဲ?
သူ႕ပတ္ပတ္လည္အားလွည့္ၾကည့္ကာေလ့လာၾကည့္လိုက္သည္။စတုရန္းပုံစံအခန္းျဖစ္၍ ေလးဘက္ေလးတန္ႏွင့္ေထာင့္ေလးေထာင့္႐ွိ၏။က်ိဳး႐ႈ႐ွန္းက တံခါးေျမာက္ဘက္ျခမ္းမွာ႐ွိခဲ့တာပင္။သူနဲ႔အနီးဆုံးလူေတြကေတာ့ သူတို႔အဖြဲ႕က ေလာ့ယြီ႐ွင္း၊ခ်ိဳင့္လိ၊မုန္႔ယြမ္ပိုင္ႏွင့္ မိမိအဖြဲ႕မွ လ်န္က်င္း႐ွင္နဲ႔ယင္းႏ်န္တို႔႐ွိေန၏။ဝူဖုန္းႏွင့္ေပ့ဝမ္ေယာင္တို႔အျပင္ တစ္ျခားဧည့္သည္သ႐ုပ္ေဆာင္မ်ားကလည္း သူနဲ႔ခပ္လွမ္းလွမ္းမွာ႐ွိေနၾက၏။
ထို႔ေၾကာင့္ အေနအထားအရ ျဖစ္ႏိုင္ေျခအ႐ွိဆုံးလူငါးေယာက္႐ွိေနသည္။သူတို႔က ေလာ့ယြီ႐ွင္း၊ခ်ိဳင့္လိ၊မုန္႔ယြမ္ပိုင္၊လ်န္က်င္း႐ွင္ႏွင့္ယင္းႏ်န္တို႔ျဖစ္ၾကသည္။က်ိခ်င္းက်ိဳးရဲ႕စိတ္ထဲမွပိုၿပီးျဖစ္ေစခ်င္သည္မွာ ေလာ့ယြီ႐ွင္း၊ခ်ိဳင့္လိနဲ႔မုန္႔ယြမ္ပိုင္တို႔သာျဖစ္ဖို႔ပင္။ဘာလို႔ဆို လ်န္က်င္း႐ွင္ႏွင့္ယင္းႏ်န္ကမိမိအဖြဲ႕မွျဖစ္ကာ အထူးသျဖင့္ လ်န္က်င္း႐ွင္အားမျဖစ္ေစခ်င္ေပ။က်ိခ်င္းက်ိဳးမွာ လ်န္က်င္း႐ွင္အေပၚလည္း အေကာင္းျမင္စိတ္ေတြ႐ွိေနသည့္အတြက္ သူ႕ကိုသံသယမဝင္ခ်င္ေပ။သို႔ေစကာမူ နည္းလမ္းက်က်ေလ့လာၾကည့္မယ္ဆိုရင္ ဒီလိုဇာတ္ေကာင္ေနရာမ်ိဳးဆို ပထမအပိုင္းအစီအစဥ္မွာတင္ လူသစ္တစ္ေယာက္ကိုေ႐ြးခ်ယ္ရမည့္အစား လူေဟာင္းကိုေ႐ြးခ်ယ္ရတာကပိုၿပီး လုံျခဳံမႈ႐ွိသည္။အဲ့လိုဆိုေတာ့ကာ လူေဟာင္းကစားသမားေလးေယာက္ျဖစ္သည့္ ခ်ိဳင့္လိ၊မုန္႔ယြမ္ပိုင္၊လ်န္က်င္း႐ွင္ႏွင့္ယင္းႏ်န္တို႔ကပိုၿပီးသံသယျဖစ္ဖို႔ေကာင္းေနသည္။
က်ိခ်င္းက်ိဳးသည္ စဥ္းလည္းစဥ္းစားရင္းဗီ႐ိုေတြကိုလည္းလွန္ေလွာရင္း႐ွာေဖြမႈဆက္လုပ္ေနေတာ့၏။
စိုးရိမ္ေနသူက ေလာ့ယြီ႐ွင္းပင္။သူ႕မွာအခ်ိန္အမ်ားႀကီးမ႐ွိေတာ့ေပ။သူ႕သ႐ုပ္ေဆာင္မႈကလည္း ေက်နပ္မႈ႐ွိေအာင္မေကာင္း။အထူးသျဖင့္ က်ိခ်င္းက်ိဳးအား မွတ္စုစာအုပ္ပိုင္႐ွင္ျဖစ္ႏိုင္တယ္လို႔ သူၫႊန္ျပလိုက္တည္းက က်ိခ်င္းက်ိဳးကလည္း သူ႕ကိုျပန္ခုခံေတာ့မွာျဖစ္သည္။ေလာ့ယြီ႐ွင္းတစ္ေယာက္ စိတ္ဖိအားေတြျဖစ္ေပၚေနလ်က္ပင္။သူက ဉာဏ္ေကာင္းတဲ့တြက္ ႐ိုက္ကူးေရးအဖြဲ႕ကလည္း သူ႕အတြက္ ဒီလွ်ိဳ႕ဝွက္အခန္းအားထည့္ကာ ထင္ေပၚေအာင္လုပ္ေပးခဲ့သည္။အဲ့လိုဆို ဖန္ေတြက ဒီရသစုံ႐ိႈးကေန သူ႕ရဲ႕အရည္အခ်င္းေတြကိုျမင္ႏိုင္ၿပီး အၿမဲတမ္းပါဝင္သူအသစ္အေနနဲ႔ အျမန္ဆုံးလက္ခံလာႏိုင္ေစရန္ျဖစ္သည္။အခုေတာ့ကာ တစ္ျခားသူတြက္ မဂၤလာေဆာင္ဝတ္စုံ ခ်ဳပ္ေပးေနရသလိုပင္ျဖစ္ေနေတာ့သည္။
ေလာ့ယြီ႐ွင္းသည္ က်ိခ်င္းက်ိဳးအား တစ္ခ်က္ေဝ့ၾကည့္လိုက္ကာ ေအးေအးေဆးေဆးပင္။သူ႕စိတ္ထဲ၌မူ က်ိခ်င္းက်ိဳးက သူ႕ထက္ပိုေတာ္ၿပီး ပိုၿပီးစမတ္က်လိမ့္မယ္လို႔မထင္ထားခဲ့။တစ္ပါးသူရဲ႕အစားထိုးလိုမ်ိဳးေနရတဲ့သူက ဘယ္လိုျဖစ္ၿပီးသူ႕ထက္ပိုေတာ္ႏိုင္မွာလဲ။ခုနဟာေတြက ကံေကာင္းသြား႐ုံပါပဲ။
သူကိုယ္သူ ႏွစ္သိမ့္လိုက္သည္။ဂိမ္းက မဆုံးေသးသလို သူ႕အတြက္လည္း အခြင့္အေရးျပန္ရဖို႔႐ွိေနေသးတယ္။သူဆိုတာ အဆင့္ငါးရဲ႕ေသာ့ခ်က္ အခ်က္အလက္ေတြကိုသိတဲ့အျပင္ မွတ္စုစာအုပ္ပိုင္႐ွင္ရဲ႕ ေသာ့ခ်က္နဲ႔ပတ္သက္တာေတြကိုလည္း သိတယ္။အဲ့ေတာ့ မွတ္စုစာအုပ္ပိုင္႐ွင္နဲ႔အဆင့္ငါးကို သူသာျဖတ္ေက်ာ္ႏိုင္ပါက ဒီအပိုင္းမွာ သူ႕ရဲ႕ အရည္အခ်င္းေတြကိုထုတ္ျပႏိုင္ဦးမွာပင္။
လက္စြပ္!!!!
ေလာ့ယြီ႐ွင္းသည္ ႐ိုက္ကူးေရးအဖြဲ႕သူ႕ကိုေပးထားသည့္ေသာ့ခ်က္အား ေတြးမိသြား၏။မွတ္စုစာအုပ္ပိုင္႐ွင္က လက္စြပ္ဝတ္ထားတဲ့သူပဲ။သူ ေခါင္းႏွိမ့္ကာ ပတ္ဝန္းက်င္အား တိတ္တဆိတ္လွည့္ပတ္ၾကည့္လိုက္သည္။သို႔တိုင္ ဒီအဆင့္နဲ႔လိုက္ဖက္ညီေအာင္ လူတိုင္းဟာ ေပါ့ေပါ့ပါးပါးအဝတ္အစားေတြဝတ္ထားသည့္အတြက္ အမ်ားစုက သူတို႔အဝတ္အစားေတြနဲ႔လိုက္ဖက္ညီေအာင္ လက္စြပ္ေတြေတာင္ဝတ္ထားၾကသျဖင့္ ႐ွာေနရတဲ့သူ႕မွာ အံ့ဩသြားရ၏။
ယြီအန္းယီက ျပာလဲ့လဲ့နီလာလက္စြပ္ေလးအားဝတ္ဆင္ထားၿပီး ခ်ိဳင့္လိကမူ လတ္တေလာ ေၾကညာထားတဲ့လက္စြပ္ကိုဝတ္ဆင္ထား၏။မုန္႔ယြမ္ပိုင္ကေတာ့ သူ႕အဝတ္အစားႏွင့္ကိုက္ညီသည့္ ေဈးႀကီးလက္စြပ္အားဝတ္ဆင္ထားကာ ယင္းႏ်န္ကေတာ့ အရမ္းကိုမွသာမန္ဆန္တဲ့လက္စြပ္ေလးအားဝတ္ထားၿပီး ဝူဖုန္းကမူ ဆန္းသစ္တဲ့လက္စြပ္အားဝတ္ထား၏။
ေလာ့ယြီ႐ွင္းမွာ အေတာ္ၾကာေတာင့္တင္းသြားၿပီး သူတို႔ထဲကဘယ္တစ္ေယာက္ကို မသကၤာျဖစ္ရမွန္းမသိေတာ့ေပ။
သူခင္မ်ာ ဘယ္သူ႕ကိုသံသယျဖစ္ရမလဲမသိေနခ်ိန္ေလး မုန္႔ယြမ္ပိုင္က ကံေကာင္းစြာ ေသတၱာတစ္လုံး႐ွာေတြ႕သြား၏။
"ကဲ ခုနကေသာ့ဘယ္မွာလဲ။ဒီေသတၱာကိုဖြင့္ၾကည့္ရေအာင္။ပန္းအိုေတြထဲမွာလည္းၾကည့္ၿပီးၿပီ။ခုနမွာေဟာ့ဒိက ငါ့လက္ေတြနဲ႔ ႐ႊံ႕ေတြတူးထုတ္ထားရတာ။သုတ္စရာဘာတစ္႐ွဴးမွလည္းမ႐ွိပါလား"
"ကြၽန္မမွာ႐ွိတယ္"
ယြီအန္းယီကေျပာလိုက္သည္။သူမက အျပင္ထြက္ခ်ိန္ဆို တစ္႐ွဴးထည့္ေလ့႐ွိတယ္။ထို႔ေၾကာင့္ အိတ္ကပ္ထဲမွာယူထုတ္လိုက္ေသာ္ျငား အိတ္ကပ္ကိုပဲ ထိမိေန၏။ေနာက္မွာ သူမသတိရသြားသည္။ဒီေန႔ သူအဝတ္အစားလဲလာတယ္ေလ။သူမ႐ွပ္အက်ႌေပၚက အိတ္ကပ္ကလည္း အလွဆင္တို႔ထည့္ထားတဲ့ အိပ္ကပ္ပုံစံေလးသာျဖစ္၏။ထို႔ေၾကာင့္ လက္ျပန္႐ုတ္ကာ ႐ွက္႐ွက္နဲ႔ေျပာလိုက္သည္။
"ဒီအက်ႌမွာအိတ္ကပ္မပါတာ ကြၽန္မေမ့သြားတယ္။တစ္႐ွဴးေတြကလည္း လြယ္အိတ္ထဲထည့္ထားတာမို႔ မယူခဲ့မိဘူး"
"မင္းအက်ႌမွာအိတ္ကပ္ေတြပါတယ္မဟုတ္လား"
မုန္႔ယြမ္ပိုင္ကေျပာရင္း သူမအက်ႌကိုၾကည့္လိုက္သည္။
"ဒါက အိတ္ကပ္ပုံစံအလွထည့္ထားတာေလ"
သူမစကားဆုံးသည္ႏွင့္ မုန္႔ယြမ္ပိုင္လက္ထဲသို႔ တစ္႐ွဴးတစ္ထုပ္ျပဳတ္က်လာ၍ သူ႕မွာျမန္ျမန္ဖမ္းလိုက္ရင္း လ်န္က်င္း႐ွင္အား ေက်းဇူးတင္စကားဆိုလိုက္သည္။
"မင္းလက္ကိုျမန္ျမန္သုတ္ၿပီး ေသတၱာဖြင့္ေတာ့"
လ်န္က်င္း႐ွင္ကေျပာလာသည္။
မုန္႔ယြမ္ပိုင္လည္း အိတ္ဖြင့္ၿပီး တစ္႐ွဴးေတြထုတ္လိုက္သည္။ယြီအန္းယီသည္ အကြာအေဝးတစ္ခုမွ သူလုပ္ေနတာေတြၾကည့္ေနတာျဖစ္၍ လ်န္က်င္း႐ွင္နဲ႔ သူမ သုံးတဲ့ တစ္႐ွဴးတံဆိပ္က တူတူပင္ဆိုတာေတြ႕သြားရ၏။သူမ အံ့အားသင့္မိသြားလ်က္ ပါးစပ္ဖြင့္ခါနီးမွာပဲ သူမစကားေတြက cp fan ေတြကို အ႐ူးအမူးျဖစ္ေစႏိုင္ေၾကာင္းေတြးမိသြားသည္။ဒီလို တစ္႐ွဴးစေလးကလည္း သူတို႔က တကယ့္အတြဲျဖစ္ပါတယ္ဆိုၿပီး ေရးလို႔ရတယ္ေလ။ထို႔ေၾကာင့္ စကားလုံးေတြကိုျပန္မ်ိဳခ်ၿပီး မုန္႔ယြမ္ပိုင္တစ္ေယာက္ လက္သုတ္ၿပီး ေသတၱာဖြင့္တာကိုသာ ေစာင့္ေနလိုက္သည္။
က်ိခ်င္းက်ိဳးတစ္ေယာက္ကေတာ့ ယြီအန္းယီ႐ွပ္အက်ႌကအလွ အိတ္ကပ္မ်ားဆီအၾကည့္ေရာက္ေနၿပီး သူမအခုပဲေျပာသြားသည့္ " အိတ္ကပ္ပုံစံအလွထည့္ထားတာေလ " ဆိုသည့္စကားအားျပန္ေတြးကာ သူ႕စိတ္ထဲမွ ပုံရိပ္တစ္ခ်ိဳ႕ကလည္း ဖ်တ္ခနဲျပန္ေပၚလာ၏။သူေတြ႕မိလိုက္သည့္ က်ိဳး႐ႈ႐ွန္းဖိနပ္အား ျပန္ေတြးကာ ယြီအန္းယီကိုေမးလိုက္သည္။
"မင္းမွတ္မိလား…က်ိဳး႐ႈ႐ွန္းအစကဝတ္ထားတဲ့ဖိနပ္က စက္ဝိုင္းအလယ္မွာ ၾကယ္ငါးပြင့္႐ွိေနတာမလား"
ယြီအန္းယီက တန္႔သြားကာ
"႐ုတ္တရက္ႀကီးဘာလို႔ေမးတာလဲ"
"အရင္ဆုံးစဥ္းစားၾကည့္စမ္းပါ ဟုတ္တယ္မလား"
"ငါကဘယ္လိုသိမွာလဲ"
ယြီအန္းယီသည္ စိတ္႐ႈပ္ေနေသာအမူအရာျဖင့္ သူ႕အားၾကည့္လာ၏။
"သူ ဘာ႐ွဴးဖိနပ္ဝတ္ထားမွန္းေတာင္ငါမသိဘူး ဟုတ္ၿပီလား"
က်ိခ်င္းက်ိဳးမွာ လ်န္က်င္း႐ွင္နဲ႔ယင္းႏ်န္အားေမးၾကည့္ခ်င္ပါေသာ္လည္း သူတို႔ႏွစ္ေယာက္အနက္ တစ္ေယာက္က မွတ္စုစာအုပ္ပိုင္႐ွင္ျဖစ္မွာ စိုးရိမ္မိသည္။ဒါက သတိမထားမိဘဲ ရန္သူကို သတိေပးသလိုျဖစ္သြားလိမ့္မည္ပင္။
က်ိဳး႐ႈ႐ွန္းရဲ႕ဖိနပ္ကို သူေသေသခ်ာခ်ာႀကီး မွတ္မိပါတယ္။ဘယ္ဘက္႐ွိစက္ဝိုင္းထဲမွာၾကယ္ပြင့္ငါးပြင့္ပုံစံမ႐ွိဘဲ ညာဘက္က်ေတာ့႐ွိေနသည္။႐ွဴးဖိနပ္မွာ ဒီဇိုင္းထြင္ထားတာျဖစ္မယ္လို႔ သူထင္မိေပမယ့္ အစတည္းက မပါတာဆိုရင္ေရာ။ဒါဆို မွတ္စုစာအုပ္ပိုင္႐ွင္ရဲ႕ လူသတ္လက္နက္က တံဆိတ္တုံးလိုမ်ိဳးအရာနဲ႔ သတ္တာျဖစ္မယ္။သူက တစ္ႀကိမ္တံဆိပ္ခတ္ႏွိပ္လိုက္သည္ႏွင့္ လူတစ္ေယာက္ေသၿပီး ထိုလူကလည္း ဖယ္ထုတ္ခံရမည္ျဖစ္သည္။
ဒါေပမယ့္ တကယ္သာ တံဆိပ္တုံးဆို ဘယ္မွာ ဝွက္ထားလိမ့္မလဲ။အိတ္ကပ္ထဲမွာလား။အဲ့လိုဆို ယူလိုက္ထုတ္လိုက္နဲ႔ အခ်ိန္တိုင္းဒုကၡမ်ားေနေတာ့မေပါ့။အိတ္ကပ္ထဲမွာမဟုတ္ဘူးဆိုရင္ ဘယ္မွာထားရမွာလဲ။ သူသာဆိုရင္ေရာ ဘယ္ေနရာမွာထားဖို႔ ေ႐ြးလိမ့္မလဲ။
မုန္႔ယြမ္ပိုင္သည္ ေလာ့ယြီ႐ွင္းအရင္ရထားသည့္ေသာ့အားသုံး၍ ေသတၱာအား ေအာင္ေအာင္ျမင္ျမင္ဖြင့္လိုက္ႏိုင္ကာ လက္ထိပ္တစ္စုံႏွင့္ တတိယတံခါးေသာ့ပါရကာဖြင့္လိုက္ႏိုင္သည္။လူအုပ္ႀကီးမွာ ေအာင္ျမင္စြာျဖင့္ စတုတၳတံခါးထဲဝင္ေရာက္လာႏိုင္သည္။
ဒီတစ္ႀကိမ္၌ က်ိခ်င္းက်ိဳးက အဆိုျပဳလာသည္။
"႐ွာၾကစို႔ ! "
သူကေျပာလာသည္။
"မွတ္စုစာအုပ္ပိုင္႐ွင္လူသတ္တဲ့နည္းလမ္းက သူ႕ကိုယ္ေပၚမွာပဲ႐ွိမွာ။မဟုတ္လည္း ႐ိုက္ကူးေရးအဖြဲ႕က အကူအညီအေနနဲ႔ ပစၥည္းေတြဘာေတြေပးထားမွာပဲေလ။လူတိုင္းမွာ႐ွိတဲ့ပစၥည္းေတြကိုစစ္ေဆးၾကည့္ရေအာင္"
"ဟုတ္တယ္"
လ်န္က်င္း႐ွင္ကဝင္ေထာက္သည္။
သူကဝင္ေျပာလာေတာ့ တစ္ျခားသူေတြလည္း သဘာဝက်က်ပင္ ေစာဒကတက္စရာမ႐ွိေတာ့။အစီအစဥ္႐ိုက္ကူးေရးတြက္ လူတိုင္းကပစၥည္းနည္းနည္းေတာ့ယူခဲ့ၾကသည္။လ်န္က်င္း႐ွင္ယူခဲ့တဲ့ တစ္႐ွဴးထုပ္ ႏွင့္ က်ိခ်င္းက်ိဳးယူခဲ့တဲ့ UV penကလြဲရင္ တစ္ျခားေယာက်ၤားေလးေတြကဘာမွမယူခဲ့ၾကေပ။မိန္းကေလးေတြကေတာ့ ေပ့ဝမ္ေယာင္က ႏႈတ္ခမ္းနီဘူးတစ္ဘူး။ခ်ိဳင့္လိက မွန္တစ္ခ်ပ္ယူခဲ့သည္။ က်ိခ်င္းက်ိဳးသည္ ေပ့ဝမ္ေယာင္၏ႏႈတ္ခမ္းနီဘူးအားစစ္ေဆးေပးဖို႔ ယြီအန္းယီကိုေတာင္းဆိုလိုက္ေတာ့ ယြီအန္းယီမွာ စိတ္ေတာင္မေကာင္းျဖစ္သြား၏။
"တကယ္ႀကီးႏႈတ္ခမ္းနီပါဟယ္။အဲ့တာငါအႀကိဳက္ဆုံးbrandေလးပါ"
က်ိခ်င္းက်ိဳး ေခါင္းညိမ့္လိုက္ေပမယ့္ အေတြးမပ်က္ေပ။မွတ္စုစာအုပ္ပိုင္႐ွင္သာ အထိအေတြ႕နဲ႔ သတ္တာမဟုတ္ပါက တံဆိပ္တုံးကိုဖြက္ဖို႔ နည္းလမ္းေကာင္းတစ္ခု႐ွိကို႐ွိရမည္။အဲ့နည္းလမ္းက ေကာ ဘာျဖစ္လိမ့္မလဲ။
သူ႕အေတြးေတြအား ယြီအန္းယီကိုေျပာျပလိုက္သည္။
ယြီအန္းယီတစ္ေယာက္ ထိုသူက တိတ္တိတ္ေလးျဖင့္ ဒီေလာက္အမ်ားႀကီးေတြးႏိုင္တာကို အံ့ဩလို႔မဆုံးျဖစ္ရကာ သူ႕ကိုေမးလိုက္သည္။
"ငါ့ကိုဘယ္လိုကူညီေစခ်င္လဲ အခုပဲပြင့္ပြင့္လင္းလင္းေျပာလိုက္ေတာ့"
"နည္းနည္းေလးပါ…ဒါေပမယ့္ ငါပိုၿပီးစိုးရိမ္တာက ငါတို႔႐ွာေနတာကို ရန္သူက သတိျပဳမိသြားမွာပဲ။မွတ္စုစာအုပ္ပိုင္႐ွင္လည္း ငါသံသယျဖစ္ေနတဲ့အရာကို ခန္႔မွန္းမိမွာပဲ။မွန္သြားရင္ေတာ့ အဆင္ေျပပါရဲ႕။ဒါေပမယ့္ မွန္တာကို သူသိသြားရင္ ငါ့ကို ဒီအဆင့္မွာတင္သတ္ပစ္လိမ့္မယ္။အဲ့ေတာ့ ငါေသသြားရင္ မင္းဒီအခ်က္အလက္နဲ႔ဆက္ၿပီးခန္႔မွန္းႏိုင္ေအာင္ေလ"
ယြီအန္းယီ၏မ်က္လုံးမ်ားက ခ်က္ခ်င္းျပဴးက်ယ္လာကာ
"အဲ့ေတာ့…"
သူမပခုံးက အရမ္းေလးလံလာသလိုခံစားလိုက္ရသည္။
"ငါ ဉာဏ္ေကာင္းတာမွန္ေပမယ့္ ဒီလိုအရာေတြမွာမဟုတ္ဘူးေလ။ငါ့ကိုဒီအခ်က္လက္ေတြေျပာျပလည္း မ်က္ကန္းကို ပန္းခ်ီဆြဲျပသလိုျဖစ္ေနမွာေပါ့။ပန္းခ်ီက လွလားဆိုေတာ့။လွတယ္ေလ။ဒါေပမယ့္ မ်က္ကန္းႀကီးကမွမျမင္ႏိုင္တာဟ"
က်ိခ်င္းက်ိဳးမွာ ဆြံ႕အလ်က္
"ဒါေပမယ့္ … မင္းကလြဲၿပီး သူတို႔ကမွတ္စုစာအုပ္ပိုင္႐ွင္ဟုတ္မဟုတ္ဆိုတာ ငါတပ္အပ္မေျပာႏိုင္ဘူးေလ…"
##################
ပါးခ်ဴကိုလြမ္းတယ္🧘🧘🧘
ကိုယ္updateမွန္ေတာ့မွာပါေနာ္ ခ်စ္ရင္အာဘြားေပးၾက😘😘😘
###################