(unicode)
၂လခန့်ကြာသော်။
''ကြီးကြီးမြတ်....ကြီးကြီးမြတ်....''
ထမင်းစားခန်းထဲက ထွက်အလာ ခွေခနဲ ကျသွားသော ကြီးကြီးမြတ်ကို စိတ်ထားက အသံပြာအောင် အော်ခေါ်ကာ အနားကို ပြေးသည်။ မေ့လဲသွားတဲ့ ကြီးကြီးမြတ်ကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ။
''အဟင့်...အီး...ကြီးကြီးမြတ်...''
ငိုနေရင်း သတိရကာ ဖုန်းကိုပြေးယူပြီး ဆေးရုံကားခေါ်ရသည်။ တူအရီးနှစ်ယောက်ဘဲ ရှိလို့အရေးကြုံလာတော့ ဘယ်သူ့အားကိုးရမလဲ မသိပေ။ စိတ်ထားသည် မျက်ရည်တွေ အတောမသတ်နိုင်အောင် ကျပြီး အိမ်ရှေ့အိမ်ကိုလည်း ပြေးခေါ်ရသည်။ လဲနေတဲ့ ကြီးကြီးမြတ် ခန္ဓာကိုယ်ကြီးကို အခုထိလည်း ဝိုင်းမ မဲ့သူကမရှိတော့ အကူအညီတောင်းရတာ ဖြစ်သည်။
''ဟယ်.. မမြတ်...မမြတ်...ဒုက္ခပါဘဲ၊ အသားတွေလည်း အေးစက်ပြီး...''
''အန်တီ..ကြီးကြီးမြတ်က ဘာမှ မဖြစ်လောက်ပါဘူးနော်...အဟင့်...ဟင့်....''
''မဖြစ်ပါဘူး...သမီးရယ်၊ စိတ်အေးအေးထား..''
ခဏနေတော့ ဆေးရုံကားက ချက်ချင်းရောက်လာပြီး ဆေးရုံကို အရေးပေါ်နဲ့ ချက်ချင်းခေါ်သွားသည်။ စိတ်ထားမှာလည်း အိမ်နေရင်းပုံစံလေးနဲ့ ပိုက်ဆံအိတ်ကောက်ယူကာ တံခါးတောင် သော့မခတ်နိုင်ဘဲ လိုက်ပါသွားရသည်။
''အေး...ငါအခုဆေးရုံရှေ့ရောက်နေပြီ....''
''....................''
''အေး...ဒါဘဲ..ဟေ့ရောင်''
ညဏ်သည် ကားကို ပါကင်မှာရပ်ပြီးတာနဲ့ ဆေးရုံထဲ ပြေးဝင်ရသည်။ ခဲတံက လှမ်းပြောလို့ သိရပြီးချက်ချင်း နောက်က လိုက်ခဲ့တာဖြစ်သည်။
''ရှင်....ဆုံးပြီ ဟုတ်လား...''
သူရောက်သွားတုန်းမှာဘဲ နာ့စ်မလေးက လာအကြောင်းကြားသည်။ ထိုအသံကို ကြားပြီးတာနဲ့စိတ်ထားရဲ့ ကိုယ်လေးဟာ အမှောင်အတိကျသွားရသည်။
''ဟာ...မ... မ...လုပ်ပါအုံးဗျာ...''
ညဏ်လည်း ပြေးပွေ့ပြီး အနီးစပ်ဆုံးအခန်းတစ်ခုယူကာ ဆရာဝန်ပြေးခေါ်ရသည်။ အရမ်းshockရသွားလို့ သတိလစ်သွားတာ ပြောပြီး ဆေးတစ်လုံး ထိုးပေးခဲ့သည်။ ညဏ်က သူမလေးကိုစောင်ခြုံပြီးတာနဲ့ ဆုံးသွားတဲ့ သူမရဲ့အဒေါ်အတွက် ပြင်ဆင်တာတွေ၊ အအေးခန်းထဲ ထည့်ဖို့တွေ သွားပြောရသည်။ အကုန်ပြီးစီးလို့ ပြန်လာတော့ အခန်းထဲမှာ သူမကို မတွေ့ရပေ။
''ဆရာမ...ဒီထဲက လူနာရော...''
''သြော်...အခုလေးတင် အပြင်ထွက်သွားပြီ
ရှင့်''
နာ့စ်မလေးပြောပြတယ်ဆို သူ့မှာ လိုက်ရှာရသည်။ ဆုံးသွားတဲ့ ကြီးကြီးမြတ်ရဲ့အခန်းထဲမှာချုံးပွဲချပြီး ငိုနေတဲ့ သူမလေး။ တစ်မျက်နှာလုံးနီရဲကာ မျက်ရည်တွေ ကျပြီး ပုခုံးလေးတွေပါတုန်နေအောင် ငိုနေတဲ့ သူမရဲ့ ကိုယ်လေးကို ညဏ်က ပုခုံးလေးက ဖက်ပြီး မျက်ရည်တွေသုတ်ပေးသည်။
''တိတ်ပါ..မ ရယ်၊ မငိုနဲ့တော့နော်...အခုဘာမှအားငယ်စရာမလိုဘူး...မ ရဲ့ ဘေးမှာ မောင်တစ်ယောက်လုံး ရှိတယ်...''
''အဟင့်...ဟင့်...အီး...''
ထိုနေ့က တစ်နေ့လုံး မျက်နှာလေးတွေလည်းဖောင်းပြီး မရပ်မနား ငိုနေတဲ့ မကို ကြည့်ပြီး
ညဏ်လည်း အတော်စိတ်မကောင်းဖြစ်ရသည်။မိဘညီအစ်ကိုမောင်နှမ မရှိတော့ဘဲ တူအရီးနှစ်ယောက်ဘဲ ရှိတော့ သူမလေး ဘယ်လောက်အထိ အားငယ်ဝမ်းနည်းနေမလဲဆိုတာ သူ အသိပါ။
ကြီးကြီးမြတ်ရဲ့ ရက်လည်ဆွမ်းသွပ်လည်းပြီးလို့ မန္တလေးက အမျိုးတွေလည်း ဒီနေ့ ပြန်ကြမှာဖြစ်သည်။ စဖြစ်တဲ့ နေ့ကတည်းက ရောက်လာကြပြီး ၁ပတ်ကြာအထိ နေပြီကြပြီမို့ ပြန်မဲ့သူတွေကို ဆွဲမထားရက်ပါဘူး။ ဒါပေမဲ့ စိတ်ထားရဲ့ရင်ထဲမှာ အားငယ်နေရတာတော့ အမှန်ဖြစ်သည်။
''သမီး...လိုက်လည်ပါလားကွယ်၊ ဒီမှာတစ်ယောက်တည်း ဖြစ်ပါ့မလား.....''
စိတ်ထားရဲ့ အနားလာထိုင်ကာ အန်တီချစ်က လာမေးသည်။ ဟိုရက်က မန္တလေးမှာ လိုက်ပြောင်းနေဖို့ ပြောပေမဲ့ စိတ်ထားက သဘောမတူခဲ့ပါ။
''အဟင်း..နောက်ကြရင်တော့ လာလည်မယ်လေ၊ အခုတော့ သမီးဘာသာ အေးဆေးပဲ နေချင်သေးလို့...မလိုက်တော့ဘူးနော် အန်တီချစ် ''
''အေးပါကွယ်...သမီးသဘောပါ၊ အချိန်မရွေး
အန်တီတို့ဆီ လာနေလို့ ရတယ်နော်.... ''
''ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် အန်တီချစ်''
ဆွေမျိုးသားချင်းတွေလည်း ပြန်သွားကြပြီး
အိမ်ထဲမှာလည်း တိတ်ဆိတ်သွားရသည်။ အိမ်ရှေ့က ဆက်တီခုံမှာ စိတ်ထား တစ်ယောက်တည်း ခပ်ငိုင်ငိုင်လေး ထိုင်နေလိုက်ပြီး ရှေ့ဆက်ရမဲ့ ဘဝမှာ တစ်ယောက်တည်းဖြတ်သန်းဖို့ စဥ်းစားရင်း အတွေးတွေက လွင့်မျှောနေရသည်။
''မ...ကျွန်တော်ဝင်ခဲ့မယ်နော် ''
အိမ်ရှေ့မှာ ကားရပ်ကတည်းက မောင်ဆိုတာ သူမ သိပါသည်။ ကြီးကြီးနာရေးကိစ္စမှာ လူရောစိတ်ရော နှစ်ကာ အစစအရာရာ ဝိုင်းဝန်းကူညီပေးတဲ့ မောင့်ကိုလည်း ကျေးဇူးတင်မိပါသည်။
''ဟိတ်..ရေလည်မချိုးဘဲ မှိုင်နေတာလား ''
မျက်နှာပြောင်လေးနဲ့ ထိုင်နေတဲ့ သူမကို မောင်ကမေးပြီး အနားကပ်ထိုင်သည်။ သူကတော့ ရေချိုးလာတဲ့ပုံနဲ့ တစ်ကိုယ်လုံး သပ်ရပ်ကာ မွှေးကြိုင်နေသည်။
''မောင်... ထမင်းစားပြီပြီလား...''
ညဏ်က ပြုံးပြပြီး ခေါင်းယမ်းသည်။ နေ့လည်၁နာရီရှိပေမဲ့ သူမလည်း မစားရသေးပါ။
''ဟင့်အင်း....အခုလာတာလည်း အဲ့ကိစ္စဘဲ''
စိတ်ထားက စားပွဲခုံပေါ်က စာအုပ်တွေ၊ ယပ်တောင်တွေကို ဘေးတစ်ဖက်ကပ်လိုက်ပြီးမောင့်ကို ခေါင်းညိမ့်ပြသည်။
''မေမေက ထမင်းစားဖို့ ခေါ်ခိုင်းလိုက်တာ''
''ဟင် ''
စိတ်ထား ထင်နေတာက သူမဆီကို မောင်က ထမင်းလာစားတယ် ထင်နေတာဖြစ်သည်။အခုကြတော့ သူက ထမင်းစားလာခေါ်တာတဲ့။ ကြီးကြီးနာရေးရက်အတွင်းက အင်္ကျီအမြဲလာချုပ်နေတဲ့ အန်တီက ညဏ်ရဲ့အမေမှန်း သူမ သိသွားတာဖြစ်သည်။ ပြီးတော့ ညဏ်က ချစ်နေတဲ့ အကြောင်းပါ ဖွင့်ပြောလိုက်တော့ ညဏ်ရဲ့မိဘတွေလည်း သိသွားကြသည်။ အခုချိန်ထိ ပြုံးပြုံးရယ်ရယ်နဲ့ သမီးဆိုပြီး ပါးစပ်ဖြားက မချတဲ့ညဏ်ရဲ့ အမေသည် သူမတို့နှစ်ဦးကို ရာခိုင်နှုန်းအပြည့် သဘောတူနေမှန်း သိသာလှသည်။
''အန်တီကိုတော့ အားနာပါတယ်၊ ဒါပေမဲ့
မလိုက်ချင်ဘူး...မောင်ရယ် ''
ညဏ်က မျက်မှောင်ကုပ်ပြီး အနားလျှောက်လာသည်။ မ ဆီက ရတဲ့ ကိုယ်သင်းနံ့လေးသည် ရေမချိုးရသေးပေမဲ့ ချစ်စရာအနံ့လေးဖြစ်နေသည်။ အနားကပ်မှ ရင်ခုန်စိတ်လှုပ်ရှားလာတဲ့စိတ်ကို ထိန်းပြီး သူ့မှာစကားပြောသည်။
''ဘာလို့လဲ...မ ရဲ့ ၊ ဒီမှာတစ်ယောက်တည်း
ပျင်းနေရမှာ လိုက်ခဲ့ပါကွာ...''
''မဖြစ်ပါဘူး...မောင်ကလည်း ၊ ဘာမှလည်း
မဆိုင်ကြသေးဘဲ မိဘတွေဆီ မလိုက်ချင်ဘူးပြီးတော့ ကြီးကြီးရက်လည်ပြီးတာလည်း မကြာသေးတော့ လူကဲ့ရဲ့မယ် ''
''လူတွေကို ဂရုစိုက်ဖို့ မလိုဘူး...အဓိက က
မောင်တို့အဆင်ပြေရင် ပြီးတာဘဲကို ''
စိတ်ထားက ပြုံးပြီး ခေါင်းယမ်းသည်။ အခုတောင် အိမ်ထဲကို မောင်ဝင်ထွက်နေတာကို
ကဲ့ရဲ့နေလောက်မည်။
''တော်ပါ...နောက်ကြရင် မောင်လည်း အိမ်ထဲကိုစွတ်စွတ်မဝင်ရဘူး...သူများတွေ ကဲ့ရဲ့မယ်''
ညဏ်ရဲ့ မျက်နှာဟာ ရှုံမဲ့သွားပြီး သူမရဲ့လက်ကလေးကို လှမ်းကိုင်သည်။ ပါးစပ်ကလည်း ကျွတ်သပ်လျှက် စိတ်ရှုပ်စွာ။
''အဲ့ဒီကိစ္စလည်း မောင်ပြောမလို့ ၊ ဒါပေမဲ့..
အခုတော့ ဒီမှာဘဲ မနဲ့အတူ ထမင်းစားလို့ရတယ်မလား....မောင် ဗိုက်ဆာနေပြီ....''
''အင်း...စားမယ်လေ ''
ထမင်းစားခန်းထဲဝင်ကာ ချက်ပြုတ်ထားတဲ့
ထမင်းနဲ့ ဟင်းတွေကို ခူးခပ်ပြီး မောင်နဲ့အတူ
ထမင်းစားလိုက်သည်။
''မ ရဲ့ လက်ရာကအရမ်းကောင်းတယ်ကွာ ၊
မောင်ကတော့ နေတိုင်း စားချင်နေပြီ...''
''အင်း...မောင်ကြိုက်ရင် များများထည့်စား၊
ဒီကင်ပွန်းချည်ရည်ဟင်းလေးလည်း သောက်...''
မျက်နှာလေးချောင်ကျသွားကာ သူ့ကို ဟင်းတွေတစ်မျိုးပြီး တစ်မျိုး ထည့်ပေးနေတဲ့ သူမလေးကစကားပြောနေပေမဲ့ မျက်နှာလေးက ဝမ်းနည်းရိပ်တွေ ထင်းနေသည်။ ထမင်းကိုလည်း နည်းနည်းဘဲ စားပြီး လတ်စသတ်လိုက်သည်။ညဏ်ကတော့ စားကောင်းတဲ့ ဟင်းလက်ရာလေးမို့ ထမင်း၂ပန်းကန်ကုန်သွားရသည်။
နှစ်ယောက်သား စားသောက်ပြီး အိမ်ရှေ့က ဧည့်ခန်းလေးမှာ အတူထိုင်ပြီး သူမလေးက သူ့အတွက် အသီးတစ်ပန်ကန် ခွဲပြီး ချပေးသည်။
''မ ဘာလို့ထမင်းနည်းနည်းဘဲ စားတာလဲ..
ခံတွင်းမတွေ့ဘူးလား..''
ညဏ်က ခွဲပေးထားတဲ့ အသီးတစ်စိပ်ယူပြီး
စားရင်း မေးလိုက်သည်။
''သိပ်မဆာလို့ပါ....မောင်ရဲ့ ''
စိတ်ထားက ညာလိုက်သည်။ ဟိုရက်တွေကတည်းက ကြီးကြီးကို လွမ်းတဲ့ စိတ်နဲ့အတူ
ထမင်းစားလို့က မဝင်တာဖြစ်သည်။
''မ တစ်ယောက်တည်း...စိတ်မချဘူးကွာ..
မောင်တို့ လက်ထပ်ကြမယ် ''
ညဏ်က ဆုံးဖြတ်ပြီးသွားလို့ ပြောလိုက်သည်။မေမေတို့ကို ဖွင့်ပြောတော့ ကျောင်းမပြီးသေးပေမဲ့ သူမလေးတစ်ယောက်တည်းဆိုတာ သိလို့ ခွင့်ပြုပေးခဲ့သည်။
''မောင်နော်...ဖြစ်နိုင်တာဘဲပြော ၊ ကြီးကြီးဆုံးတာ ၁လမပြည့်သေးဘူး တူမလုပ်သူက ယောကျာ်းယူလို့ ကောင်းမလား ''
စိတ်ထားက မျက်စောင်းလေးချီလျက်ပြောလိုက်သည်။ ဆွေမျိုးသားချင်း မရှိပေမဲ့ ပတ်ဝန်းကျင်ဆိုတာ ရှိသေးတော့ လုပ်ချင်ရာ လုပ်လို့မရပေ။
''ဒီအိမ်မှာ မိန်းကလေးတစ်ယောက်တည်း
ဘယ်လိုနေမလဲ...မောင်ကတော့ လုံးဝစိတ်မချဘူးကွာ..အဲ့ဒါကြောင့် လက်ထပ်ကြရအောင် နော်...မ ''
စိတ်ထားက သက်ပြင်းလေးချပြီး ခေါင်းယမ်းသည်။ သူမလည်း တစ်ယောက်တည်း နေရမှာအားငယ်ပေမဲ့ ချက်ချင်းယောကျာ်းယူဖို့ကြမဖြစ်နိုင်ပေ။
''အဲ့ဒါဆို မောင်အစီအစဥ်ကို ခဏနားထောင်ကွာ....ပြီးရင် မ သဘောထားကို ပြော ''
''အင်း...''
ညဏ်က ချောင်းဟန့်လိုက်ပြီး သူမရဲ့ မျက်နှာလေးကို စိုက်ကြည့်ကာ ပြုံးလိုက်ပြီး.....။
''ပထမဆုံး ရုံးမှာ လက်မှတ်ထိုးထားမယ်၊မ နဲ့အတူ တိုက်ခန်းမှာ နေမယ်၊လက်ထပ်ပွဲကိုတော့နွေရောက်မှ ကျင်းပမယ်...''
''မဖြစ်ပါဘူး..အတူတူဘဲကို မောင်ကလည်း ''
ညဏ်က သူမရဲ့ လက်ကလေးကို ဖျစ်ညှစ်လိုက်ပြီး သက်ပြင်းဖွဖွချကာ ။
''ဘာလို့မဖြစ်ရမှာလဲ...လက်ထပ်ပြီးရင် ဒီအိမ်မှာ မ နဲ့အတူ ပြန်နေမယ်လေ...မရဘူးလား...''
''အန်တီတို့ကရော သဘောတူပါ့မလား...''
ညဏ်က ပြုံးလိုက်ပြီး သူမလေးရဲ့ ပါးကို ခပ်ဖွဖွနမ်းလိုက်ရင်း ခေါင်းညိမ့်ပြသည်။
''အဟွန်း...မောင့်မိဘတွေက တစ်ခါတည်း လက်ထပ်ခိုင်းပြီး အိမ်ကို လာနေခိုင်းတာ၊
အဲ့ဒါကြောင့် အခု မ ရဲ့ သဘောထားဘဲ လိုတာ''
စိတ်ထားသည် မောင်ရဲ့အစီအစဥ်ကို စဥ်းစားနေလိုက်သည်။ အိမ်မှာလည်း ညရေးညတာက ဘယ်လိုမှ တစ်ယောက်အဆင်ပြေမှာ မဟုတ်ပေ။အရင်တည်းက လန့်တက်တဲ့ အကျင့်က ရှိပြီး ကြီးကြီးက ဖြစ်သွားတော့ ပိုဆိုးသည်။ ကိုယ့်ကြီးကြီးပေမဲ့ သူမကတော့ သရဲကြောက်မိသည်။
''အင်း...လက်ခံချင်ပေမဲ့ ရက်ကွက်ထဲက
လူတွေက ဒီအိမ်မှာ စိတ်ထားမနေဘဲ တခြားပြောင်းသွားရင် ယုံပါ့မလား...ပြီးတော့ ဒီနားတဝိုက်က လူတွေက မောင့်ကိုလည်း သိတယ်လေ ''
''ကိုယ့်ဆွေမျိုးတွေမှ မဟုတ်တာ၊ သူတို့လည်း အာရုံစိုက်နေမှာ မဟုတ်ဘူး...၊ ပြီးတော့ မောင့်သူငယ်ချင်း ခဲတံကိုလည်း ပါးစပ်ပိတ်ခိုင်းထားမယ်ကွာ..အဲ့ဒါကြောင့် စိတ်မပူနဲ့ ဟုတ်ပြီလား ''
စိတ်ထားက သေချာစဥ်းစားနေပြီး မောင်ရဲ့ မျက်နှာခပ်ချောချောကို ငေးကာ ။
''ဟို....လက်မှတ်ထိုးရင် လူကြီးတွေကိုလည်း
မဖိတ်ဘူးနော် မောင်၊ အသိသက်သေလောက်ဘဲခေါ်ပြီး ရုံးကိုသွားမယ်...ပြီးတော့ မောင်တို့မိဘအိမ်မှာ မနေဘူး...လက်မထပ်ရသေးဘဲ စိတ်ထား မနေချင်ဘူး...''
''အင်းပါ...မ ရဲ့၊ အဲ့ဒါတွေကို မပူနဲ့...အခုက
အိမ်မှာ သိမ်းဆည်းပြီး မရဲ့အဝတ်အစားတွေ
အကုန်သိမ်းဆည်းထား... မနက်ဖြန်ပြောင်းရအောင်...''
''ဟင်...မနက်ဖြန်လား...''
ညဏ်က ခေါင်းညိမ့်ပြပြီး သူမရဲ့ နဖူးလေးကို
နမ်းသည်။ ဘာလို့ဆို ဒီအိမ်ထဲမှာ သူမကို တစ်ယောက်တည်း နေခိုင်းရမှာ စိတ်မချပါ။
''ညကြရင် မ ရဲ့ သူငယ်ချင်းလာအိပ်မှာမလား..အဲ့ဒါကြောင့် သူ့ကို မန္တလေးသွားမလို့ဆိုပြီး ပြောပေါ့၊ တကယ်လို့ မ ဘက်က ယုံကြည်တယ်ဆိုလည်း ရင်ဖွင့်လိုက်နော် ''
''အင်းပါ...အခုတော့ မောင်ပြန်တော့၊ ဒီမှာ လုပ်စရာတွေ ရှိသေးတယ်...''
''အဟွန်း...ဟုတ်ပါပြီကွာ၊ မောင်လည်း စီစဥ်စရာ ရှိတာ စီစဥ်ရအုံးမယ်...''
မောင်က နှုတ်ဆက်အနမ်းပေးပြီး ထွက်သွားသည်။ စိတ်ထားမှာသာ အတွေများစွာနဲ့
ရှိပြီး အခုကိစ္စအတွက် မှန်လား၊ မှားလား လည်းမသိတော့ဘဲ....ကံကြမ္မာစေရာအတိုင်းဘဲလို့လက်ခံထားလိုက်သည်။
~~~~~~ဆက်ရန်။
(zawgyi)
(unicode)
၂လခန့္ၾကာေသာ္။
''ႀကီးႀကီးျမတ္....ႀကီးႀကီးျမတ္....''
ထမင္းစားခန္းထဲက ထြက္အလာ ေခြခနဲ က်သြားေသာ ႀကီးႀကီးျမတ္ကို စိတ္ထားက အသံျပာေအာင္ ေအာ္ေခၚကာ အနားကို ေျပးသည္။ ေမ့လဲသြားတဲ့ ႀကီးႀကီးျမတ္ကို ၾကည့္ၿပီး ဘာလုပ္ရမွန္းမသိ။
''အဟင့္...အီး...ႀကီးႀကီးျမတ္...''
ငိုေနရင္း သတိရကာ ဖုန္းကိုေျပးယူၿပီး ေဆး႐ုံကားေခၚရသည္။ တူအရီးႏွစ္ေယာက္ဘဲ ရွိလို႔အေရးႀကဳံလာေတာ့ ဘယ္သူ႕အားကိုးရမလဲ မသိေပ။ စိတ္ထားသည္ မ်က္ရည္ေတြ အေတာမသတ္နိုင္ေအာင္ က်ၿပီး အိမ္ေရွ႕အိမ္ကိုလည္း ေျပးေခၚရသည္။ လဲေနတဲ့ ႀကီးႀကီးျမတ္ ခႏၶာကိုယ္ႀကီးကို အခုထိလည္း ဝိုင္းမ မဲ့သူကမရွိေတာ့ အကူအညီေတာင္းရတာ ျဖစ္သည္။
''ဟယ္.. မျမတ္...မျမတ္...ဒုကၡပါဘဲ၊ အသားေတြလည္း ေအးစက္ၿပီး...''
''အန္တီ..ႀကီးႀကီးျမတ္က ဘာမွ မျဖစ္ေလာက္ပါဘူးေနာ္...အဟင့္...ဟင့္....''
''မျဖစ္ပါဘူး...သမီးရယ္၊ စိတ္ေအးေအးထား..''
ခဏေနေတာ့ ေဆး႐ုံကားက ခ်က္ခ်င္းေရာက္လာၿပီး ေဆး႐ုံကို အေရးေပၚနဲ႕ ခ်က္ခ်င္းေခၚသြားသည္။ စိတ္ထားမွာလည္း အိမ္ေနရင္းပုံစံေလးနဲ႕ ပိုက္ဆံအိတ္ေကာက္ယူကာ တံခါးေတာင္ ေသာ့မခတ္နိုင္ဘဲ လိုက္ပါသြားရသည္။
''ေအး...ငါအခုေဆး႐ုံေရွ႕ေရာက္ေနၿပီ....''
''....................''
''ေအး...ဒါဘဲ..ေဟ့ေရာင္''
ညဏ္သည္ ကားကို ပါကင္မွာရပ္ၿပီးတာနဲ႕ ေဆး႐ုံထဲ ေျပးဝင္ရသည္။ ခဲတံက လွမ္းေျပာလို႔ သိရၿပီးခ်က္ခ်င္း ေနာက္က လိုက္ခဲ့တာျဖစ္သည္။
''ရွင္....ဆုံးၿပီ ဟုတ္လား...''
သူေရာက္သြားတုန္းမွာဘဲ နာ့စ္မေလးက လာအေၾကာင္းၾကားသည္။ ထိုအသံကို ၾကားၿပီးတာနဲ႕စိတ္ထားရဲ႕ ကိုယ္ေလးဟာ အေမွာင္အတိက်သြားရသည္။
''ဟာ...မ... မ...လုပ္ပါအုံးဗ်ာ...''
ညဏ္လည္း ေျပးေပြ႕ၿပီး အနီးစပ္ဆုံးအခန္းတစ္ခုယူကာ ဆရာဝန္ေျပးေခၚရသည္။ အရမ္းshockရသြားလို႔ သတိလစ္သြားတာ ေျပာၿပီး ေဆးတစ္လုံး ထိုးေပးခဲ့သည္။ ညဏ္က သူမေလးကိုေစာင္ၿခဳံၿပီးတာနဲ႕ ဆုံးသြားတဲ့ သူမရဲ႕အေဒၚအတြက္ ျပင္ဆင္တာေတြ၊ အေအးခန္းထဲ ထည့္ဖို႔ေတြ သြားေျပာရသည္။ အကုန္ၿပီးစီးလို႔ ျပန္လာေတာ့ အခန္းထဲမွာ သူမကို မေတြ႕ရေပ။
''ဆရာမ...ဒီထဲက လူနာေရာ...''
''ေၾသာ္...အခုေလးတင္ အျပင္ထြက္သြားၿပီ
ရွင့္''
နာ့စ္မေလးေျပာျပတယ္ဆို သူ႕မွာ လိုက္ရွာရသည္။ ဆုံးသြားတဲ့ ႀကီးႀကီးျမတ္ရဲ႕အခန္းထဲမွာခ်ဳံးပြဲခ်ၿပီး ငိုေနတဲ့ သူမေလး။ တစ္မ်က္ႏွာလုံးနီရဲကာ မ်က္ရည္ေတြ က်ၿပီး ပုခုံးေလးေတြပါတုန္ေနေအာင္ ငိုေနတဲ့ သူမရဲ႕ ကိုယ္ေလးကို ညဏ္က ပုခုံးေလးက ဖက္ၿပီး မ်က္ရည္ေတြသုတ္ေပးသည္။
''တိတ္ပါ..မ ရယ္၊ မငိုနဲ႕ေတာ့ေနာ္...အခုဘာမွအားငယ္စရာမလိုဘူး...မ ရဲ႕ ေဘးမွာ ေမာင္တစ္ေယာက္လုံး ရွိတယ္...''
''အဟင့္...ဟင့္...အီး...''
ထိုေန႕က တစ္ေန႕လုံး မ်က္ႏွာေလးေတြလည္းေဖာင္းၿပီး မရပ္မနား ငိုေနတဲ့ မကို ၾကည့္ၿပီး
ညဏ္လည္း အေတာ္စိတ္မေကာင္းျဖစ္ရသည္။မိဘညီအစ္ကိုေမာင္ႏွမ မရွိေတာ့ဘဲ တူအရီးႏွစ္ေယာက္ဘဲ ရွိေတာ့ သူမေလး ဘယ္ေလာက္အထိ အားငယ္ဝမ္းနည္းေနမလဲဆိုတာ သူ အသိပါ။
ႀကီးႀကီးျမတ္ရဲ႕ ရက္လည္ဆြမ္းသြပ္လည္းၿပီးလို႔ မႏၱေလးက အမ်ိဳးေတြလည္း ဒီေန႕ ျပန္ၾကမွာျဖစ္သည္။ စျဖစ္တဲ့ ေန႕ကတည္းက ေရာက္လာၾကၿပီး ၁ပတ္ၾကာအထိ ေနၿပီၾကၿပီမို႔ ျပန္မဲ့သူေတြကို ဆြဲမထားရက္ပါဘူး။ ဒါေပမဲ့ စိတ္ထားရဲ႕ရင္ထဲမွာ အားငယ္ေနရတာေတာ့ အမွန္ျဖစ္သည္။
''သမီး...လိုက္လည္ပါလားကြယ္၊ ဒီမွာတစ္ေယာက္တည္း ျဖစ္ပါ့မလား.....''
စိတ္ထားရဲ႕ အနားလာထိုင္ကာ အန္တီခ်စ္က လာေမးသည္။ ဟိုရက္က မႏၱေလးမွာ လိုက္ေျပာင္းေနဖို႔ ေျပာေပမဲ့ စိတ္ထားက သေဘာမတူခဲ့ပါ။
''အဟင္း..ေနာက္ၾကရင္ေတာ့ လာလည္မယ္ေလ၊ အခုေတာ့ သမီးဘာသာ ေအးေဆးပဲ ေနခ်င္ေသးလို႔...မလိုက္ေတာ့ဘူးေနာ္ အန္တီခ်စ္ ''
''ေအးပါကြယ္...သမီးသေဘာပါ၊ အခ်ိန္မေ႐ြး
အန္တီတို႔ဆီ လာေနလို႔ ရတယ္ေနာ္.... ''
''ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္ အန္တီခ်စ္''
ေဆြမ်ိဳးသားခ်င္းေတြလည္း ျပန္သြားၾကၿပီး
အိမ္ထဲမွာလည္း တိတ္ဆိတ္သြားရသည္။ အိမ္ေရွ႕က ဆက္တီခုံမွာ စိတ္ထား တစ္ေယာက္တည္း ခပ္ငိုင္ငိုင္ေလး ထိုင္ေနလိုက္ၿပီး ေရွ႕ဆက္ရမဲ့ ဘဝမွာ တစ္ေယာက္တည္းျဖတ္သန္းဖို႔ စဥ္းစားရင္း အေတြးေတြက လြင့္ေမွ်ာေနရသည္။
''မ...ကြၽန္ေတာ္ဝင္ခဲ့မယ္ေနာ္ ''
အိမ္ေရွ႕မွာ ကားရပ္ကတည္းက ေမာင္ဆိုတာ သူမ သိပါသည္။ ႀကီးႀကီးနာေရးကိစၥမွာ လူေရာစိတ္ေရာ ႏွစ္ကာ အစစအရာရာ ဝိုင္းဝန္းကူညီေပးတဲ့ ေမာင့္ကိုလည္း ေက်းဇူးတင္မိပါသည္။
''ဟိတ္..ေရလည္မခ်ိဳးဘဲ မွိုင္ေနတာလား ''
မ်က္ႏွာေျပာင္ေလးနဲ႕ ထိုင္ေနတဲ့ သူမကို ေမာင္ကေမးၿပီး အနားကပ္ထိုင္သည္။ သူကေတာ့ ေရခ်ိဳးလာတဲ့ပုံနဲ႕ တစ္ကိုယ္လုံး သပ္ရပ္ကာ ေမႊးႀကိဳင္ေနသည္။
''ေမာင္... ထမင္းစားၿပီၿပီလား...''
ညဏ္က ၿပဳံးျပၿပီး ေခါင္းယမ္းသည္။ ေန႕လည္၁နာရီရွိေပမဲ့ သူမလည္း မစားရေသးပါ။
''ဟင့္အင္း....အခုလာတာလည္း အဲ့ကိစၥဘဲ''
စိတ္ထားက စားပြဲခုံေပၚက စာအုပ္ေတြ၊ ယပ္ေတာင္ေတြကို ေဘးတစ္ဖက္ကပ္လိုက္ၿပီးေမာင့္ကို ေခါင္းညိမ့္ျပသည္။
''ေမေမက ထမင္းစားဖို႔ ေခၚခိုင္းလိုက္တာ''
''ဟင္ ''
စိတ္ထား ထင္ေနတာက သူမဆီကို ေမာင္က ထမင္းလာစားတယ္ ထင္ေနတာျဖစ္သည္။အခုၾကေတာ့ သူက ထမင္းစားလာေခၚတာတဲ့။ ႀကီးႀကီးနာေရးရက္အတြင္းက အကၤ်ီအၿမဲလာခ်ဳပ္ေနတဲ့ အန္တီက ညဏ္ရဲ႕အေမမွန္း သူမ သိသြားတာျဖစ္သည္။ ၿပီးေတာ့ ညဏ္က ခ်စ္ေနတဲ့ အေၾကာင္းပါ ဖြင့္ေျပာလိုက္ေတာ့ ညဏ္ရဲ႕မိဘေတြလည္း သိသြားၾကသည္။ အခုခ်ိန္ထိ ၿပဳံးၿပဳံးရယ္ရယ္နဲ႕ သမီးဆိုၿပီး ပါးစပ္ျဖားက မခ်တဲ့ညဏ္ရဲ႕ အေမသည္ သူမတို႔ႏွစ္ဦးကို ရာခိုင္ႏႈန္းအျပည့္ သေဘာတူေနမွန္း သိသာလွသည္။
''အန္တီကိုေတာ့ အားနာပါတယ္၊ ဒါေပမဲ့
မလိုက္ခ်င္ဘူး...ေမာင္ရယ္ ''
ညဏ္က မ်က္ေမွာင္ကုပ္ၿပီး အနားေလွ်ာက္လာသည္။ မ ဆီက ရတဲ့ ကိုယ္သင္းနံ႕ေလးသည္ ေရမခ်ိဳးရေသးေပမဲ့ ခ်စ္စရာအနံ႕ေလးျဖစ္ေနသည္။ အနားကပ္မွ ရင္ခုန္စိတ္လႈပ္ရွားလာတဲ့စိတ္ကို ထိန္းၿပီး သူ႕မွာစကားေျပာသည္။
''ဘာလို႔လဲ...မ ရဲ႕ ၊ ဒီမွာတစ္ေယာက္တည္း
ပ်င္းေနရမွာ လိုက္ခဲ့ပါကြာ...''
''မျဖစ္ပါဘူး...ေမာင္ကလည္း ၊ ဘာမွလည္း
မဆိုင္ၾကေသးဘဲ မိဘေတြဆီ မလိုက္ခ်င္ဘူးၿပီးေတာ့ ႀကီးႀကီးရက္လည္ၿပီးတာလည္း မၾကာေသးေတာ့ လူကဲ့ရဲ႕မယ္ ''
''လူေတြကို ဂ႐ုစိုက္ဖို႔ မလိုဘူး...အဓိက က
ေမာင္တို႔အဆင္ေျပရင္ ၿပီးတာဘဲကို ''
စိတ္ထားက ၿပဳံးၿပီး ေခါင္းယမ္းသည္။ အခုေတာင္ အိမ္ထဲကို ေမာင္ဝင္ထြက္ေနတာကို
ကဲ့ရဲ႕ေနေလာက္မည္။
''ေတာ္ပါ...ေနာက္ၾကရင္ ေမာင္လည္း အိမ္ထဲကိုစြတ္စြတ္မဝင္ရဘူး...သူမ်ားေတြ ကဲ့ရဲ႕မယ္''
ညဏ္ရဲ႕ မ်က္ႏွာဟာ ရႈံမဲ့သြားၿပီး သူမရဲ႕လက္ကေလးကို လွမ္းကိုင္သည္။ ပါးစပ္ကလည္း ကြၽတ္သပ္လွ်က္ စိတ္ရႈပ္စြာ။
''အဲ့ဒီကိစၥလည္း ေမာင္ေျပာမလို႔ ၊ ဒါေပမဲ့..
အခုေတာ့ ဒီမွာဘဲ မနဲ႕အတူ ထမင္းစားလို႔ရတယ္မလား....ေမာင္ ဗိုက္ဆာေနၿပီ....''
''အင္း...စားမယ္ေလ ''
ထမင္းစားခန္းထဲဝင္ကာ ခ်က္ျပဳတ္ထားတဲ့
ထမင္းနဲ႕ ဟင္းေတြကို ခူးခပ္ၿပီး ေမာင္နဲ႕အတူ
ထမင္းစားလိုက္သည္။
''မ ရဲ႕ လက္ရာကအရမ္းေကာင္းတယ္ကြာ ၊
ေမာင္ကေတာ့ ေနတိုင္း စားခ်င္ေနၿပီ...''
''အင္း...ေမာင္ႀကိဳက္ရင္ မ်ားမ်ားထည့္စား၊
ဒီကင္ပြန္းခ်ည္ရည္ဟင္းေလးလည္း ေသာက္...''
မ်က္ႏွာေလးေခ်ာင္က်သြားကာ သူ႕ကို ဟင္းေတြတစ္မ်ိဳးၿပီး တစ္မ်ိဳး ထည့္ေပးေနတဲ့ သူမေလးကစကားေျပာေနေပမဲ့ မ်က္ႏွာေလးက ဝမ္းနည္းရိပ္ေတြ ထင္းေနသည္။ ထမင္းကိုလည္း နည္းနည္းဘဲ စားၿပီး လတ္စသတ္လိုက္သည္။ညဏ္ကေတာ့ စားေကာင္းတဲ့ ဟင္းလက္ရာေလးမို႔ ထမင္း၂ပန္းကန္ကုန္သြားရသည္။
ႏွစ္ေယာက္သား စားေသာက္ၿပီး အိမ္ေရွ႕က ဧည့္ခန္းေလးမွာ အတူထိုင္ၿပီး သူမေလးက သူ႕အတြက္ အသီးတစ္ပန္ကန္ ခြဲၿပီး ခ်ေပးသည္။
''မ ဘာလို႔ထမင္းနည္းနည္းဘဲ စားတာလဲ..
ခံတြင္းမေတြ႕ဘူးလား..''
ညဏ္က ခြဲေပးထားတဲ့ အသီးတစ္စိပ္ယူၿပီး
စားရင္း ေမးလိုက္သည္။
''သိပ္မဆာလို႔ပါ....ေမာင္ရဲ႕ ''
စိတ္ထားက ညာလိုက္သည္။ ဟိုရက္ေတြကတည္းက ႀကီးႀကီးကို လြမ္းတဲ့ စိတ္နဲ႕အတူ
ထမင္းစားလို႔က မဝင္တာျဖစ္သည္။
''မ တစ္ေယာက္တည္း...စိတ္မခ်ဘဴးကြာ..
ေမာင္တို႔ လက္ထပ္ၾကမယ္ ''
ညဏ္က ဆုံးျဖတ္ၿပီးသြားလို႔ ေျပာလိုက္သည္။ေမေမတို႔ကို ဖြင့္ေျပာေတာ့ ေက်ာင္းမၿပီးေသးေပမဲ့ သူမေလးတစ္ေယာက္တည္းဆိုတာ သိလို႔ ခြင့္ျပဳေပးခဲ့သည္။
''ေမာင္ေနာ္...ျဖစ္နိုင္တာဘဲေျပာ ၊ ႀကီးႀကီးဆုံးတာ ၁လမျပည့္ေသးဘူး တူမလုပ္သူက ေယာက်ာ္းယူလို႔ ေကာင္းမလား ''
စိတ္ထားက မ်က္ေစာင္းေလးခ်ီလ်က္ေျပာလိုက္သည္။ ေဆြမ်ိဳးသားခ်င္း မရွိေပမဲ့ ပတ္ဝန္းက်င္ဆိုတာ ရွိေသးေတာ့ လုပ္ခ်င္ရာ လုပ္လို႔မရေပ။
''ဒီအိမ္မွာ မိန္းကေလးတစ္ေယာက္တည္း
ဘယ္လိုေနမလဲ...ေမာင္ကေတာ့ လုံးဝစိတ္မခ်ဘဴးကြာ..အဲ့ဒါေၾကာင့္ လက္ထပ္ၾကရေအာင္ ေနာ္...မ ''
စိတ္ထားက သက္ျပင္းေလးခ်ၿပီး ေခါင္းယမ္းသည္။ သူမလည္း တစ္ေယာက္တည္း ေနရမွာအားငယ္ေပမဲ့ ခ်က္ခ်င္းေယာက်ာ္းယူဖို႔ၾကမျဖစ္နိုင္ေပ။
''အဲ့ဒါဆို ေမာင္အစီအစဥ္ကို ခဏနားေထာင္ကြာ....ၿပီးရင္ မ သေဘာထားကို ေျပာ ''
''အင္း...''
ညဏ္က ေခ်ာင္းဟန့္လိုက္ၿပီး သူမရဲ႕ မ်က္ႏွာေလးကို စိုက္ၾကည့္ကာ ၿပဳံးလိုက္ၿပီး.....။
''ပထမဆုံး ႐ုံးမွာ လက္မွတ္ထိုးထားမယ္၊မ နဲ႕အတူ တိုက္ခန္းမွာ ေနမယ္၊လက္ထပ္ပြဲကိုေတာ့ႏြေေရာက္မွ က်င္းပမယ္...''
''မျဖစ္ပါဘူး..အတူတူဘဲကို ေမာင္ကလည္း ''
ညဏ္က သူမရဲ႕ လက္ကေလးကို ဖ်စ္ညွစ္လိုက္ၿပီး သက္ျပင္းဖြဖြခ်ကာ ။
''ဘာလို႔မျဖစ္ရမွာလဲ...လက္ထပ္ၿပီးရင္ ဒီအိမ္မွာ မ နဲ႕အတူ ျပန္ေနမယ္ေလ...မရဘူးလား...''
''အန္တီတို႔ကေရာ သေဘာတူပါ့မလား...''
ညဏ္က ၿပဳံးလိုက္ၿပီး သူမေလးရဲ႕ ပါးကို ခပ္ဖြဖြနမ္းလိုက္ရင္း ေခါင္းညိမ့္ျပသည္။
''အဟြန္း...ေမာင့္မိဘေတြက တစ္ခါတည္း လက္ထပ္ခိုင္းၿပီး အိမ္ကို လာေနခိုင္းတာ၊
အဲ့ဒါေၾကာင့္ အခု မ ရဲ႕ သေဘာထားဘဲ လိုတာ''
စိတ္ထားသည္ ေမာင္ရဲ႕အစီအစဥ္ကို စဥ္းစားေနလိုက္သည္။ အိမ္မွာလည္း ညေရးညတာက ဘယ္လိုမွ တစ္ေယာက္အဆင္ေျပမွာ မဟုတ္ေပ။အရင္တည္းက လန့္တက္တဲ့ အက်င့္က ရွိၿပီး ႀကီးႀကီးက ျဖစ္သြားေတာ့ ပိုဆိုးသည္။ ကိုယ့္ႀကီးႀကီးေပမဲ့ သူမကေတာ့ သရဲေၾကာက္မိသည္။
''အင္း...လက္ခံခ်င္ေပမဲ့ ရက္ကြက္ထဲက
လူေတြက ဒီအိမ္မွာ စိတ္ထားမေနဘဲ တျခားေျပာင္းသြားရင္ ယုံပါ့မလား...ၿပီးေတာ့ ဒီနားတဝိုက္က လူေတြက ေမာင့္ကိုလည္း သိတယ္ေလ ''
''ကိုယ့္ေဆြမ်ိဳးေတြမွ မဟုတ္တာ၊ သူတို႔လည္း အာ႐ုံစိုက္ေနမွာ မဟုတ္ဘူး...၊ ၿပီးေတာ့ ေမာင့္သူငယ္ခ်င္း ခဲတံကိုလည္း ပါးစပ္ပိတ္ခိုင္းထားမယ္ကြာ..အဲ့ဒါေၾကာင့္ စိတ္မပူနဲ႕ ဟုတ္ၿပီလား ''
စိတ္ထားက ေသခ်ာစဥ္းစားေနၿပီး ေမာင္ရဲ႕ မ်က္ႏွာခပ္ေခ်ာေခ်ာကို ေငးကာ ။
''ဟို....လက္မွတ္ထိုးရင္ လူႀကီးေတြကိုလည္း
မဖိတ္ဘူးေနာ္ ေမာင္၊ အသိသက္ေသေလာက္ဘဲေခၚၿပီး ႐ုံးကိုသြားမယ္...ၿပီးေတာ့ ေမာင္တို႔မိဘအိမ္မွာ မေနဘူး...လက္မထပ္ရေသးဘဲ စိတ္ထား မေနခ်င္ဘူး...''
''အင္းပါ...မ ရဲ႕၊ အဲ့ဒါေတြကို မပူနဲ႕...အခုက
အိမ္မွာ သိမ္းဆည္းၿပီး မရဲ႕အဝတ္အစားေတြ
အကုန္သိမ္းဆည္းထား... မနက္ျဖန္ေျပာင္းရေအာင္...''
''ဟင္...မနက္ျဖန္လား...''
ညဏ္က ေခါင္းညိမ့္ျပၿပီး သူမရဲ႕ နဖူးေလးကို
နမ္းသည္။ ဘာလို႔ဆို ဒီအိမ္ထဲမွာ သူမကို တစ္ေယာက္တည္း ေနခိုင္းရမွာ စိတ္မခ်ပါ။
''ညၾကရင္ မ ရဲ႕ သူငယ္ခ်င္းလာအိပ္မွာမလား..အဲ့ဒါေၾကာင့္ သူ႕ကို မႏၱေလးသြားမလို႔ဆိုၿပီး ေျပာေပါ့၊ တကယ္လို႔ မ ဘက္က ယုံၾကည္တယ္ဆိုလည္း ရင္ဖြင့္လိုက္ေနာ္ ''
''အင္းပါ...အခုေတာ့ ေမာင္ျပန္ေတာ့၊ ဒီမွာ လုပ္စရာေတြ ရွိေသးတယ္...''
''အဟြန္း...ဟုတ္ပါၿပီကြာ၊ ေမာင္လည္း စီစဥ္စရာ ရွိတာ စီစဥ္ရအုံးမယ္...''
ေမာင္က ႏႈတ္ဆက္အနမ္းေပးၿပီး ထြက္သြားသည္။ စိတ္ထားမွာသာ အေတြမ်ားစြာနဲ႕
ရွိၿပီး အခုကိစၥအတြက္ မွန္လား၊ မွားလား လည္းမသိေတာ့ဘဲ....ကံၾကမၼာေစရာအတိုင္းဘဲလို႔လက္ခံထားလိုက္သည္။
~~~~~~ဆက္ရန္။