ချိုမြိန်သော ရင်ခုန်သံ (compl...

By HlaingLay714

838K 13.5K 229

မ နဲ့ မောင်ရဲ့ Romance အိမ်ထောင်ရေး ဇတ်လမ်းလေး။ (ညဏ်+စိတ်ထားမြတ်) >>>>>>>(both unicode and zawgyi) ''မ'' နဲ... More

intro
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉🌚
အခန်း၂၀
အခန်း၂၁🌚
အခန်း၂၂
အခန်း၂၃🌚🌚
အခန်း၂၄🖤
အခန်း၂၅(End)

အခန်း၁၁

20.2K 523 6
By HlaingLay714

(unicode)

''သား ....စာမေးပွဲက မနက်ဖြန်နော်၊ အိမ်စောစောပြန်ခဲ့ ''

မနက်စာ ကော်ဖီဝိုင်းတွင် ညဏ်က ကော်ဖီသောက်နေပြီး မေမေပြောတာကို ခေါင်းညိမ့်ပြသည်။ ဖေဖေကတော့ သတင်းစာဖတ်နေပြီးသူ့ကို စိတ်မဝင်စား။

''အင်းပါ မေမေရဲ့...အခုတော့
ကျွန်တော်သွားပြီနော်...''

ကျောင်းပိတ်ရက်ပေမဲ့ ကော့ပြန်နေအောင် ဝတ်စားကာ တစ်ကိုယ်လုံးလည်း မွှေးကြိုင်ပြီးအပြင်ကို ရေးကြီးသုတ်ပြာ ထွက်သွားတဲ့ သားကိုကြည့်ပြီး ဒေါ်သူဇာလင်းမှာပူရသည်။ အရွယ်တစ်ခု ရောက်နေပေမဲ့ မတော်တရောလေးတွေနဲ့တွေ့ပြီး လူငယ်ပီပီ မှားမှာကိုတော့ စိုးရိမ်သည်။

ညဏ်သည် ဒီနေ့အထူးပျော်ရွှင်ရသည်။ မ နဲ့ချစ်သူ ဖြစ်တာ ၁၅ရက်လောက်ရှိပေမဲ့ ဖုန်းပြော၊ညနေဘက် တစ်ခါတရံသူမလေး အပြင်ထွက်ရင်စကားပြော ဒီလောက်ဘဲ ရှိသည်။ ဒါပေမဲ့ ဒီနေ့ကိုတော့ နှစ်ယောက်သား ပထမဆုံး အပြင်ကို အတူတူလျှောက်လည်မှာ ဖြစ်သည်။

'' ring....ring....''

စိတ်ထားသည် အကုန်ပြင်ဆင်ပြီးလို့ ရေမွှေးဗူးလေး ကိုင်နေတုန်း ဖုန်းက မြည်လာသည်။

''ဟဲလို....''

''မောင်ထွက်လာပြီနော်...လမ်းထိပ်က
စောင့်နေမယ်...''

''အင်း...''

အပြင်မှာ ကြီးကြီးရှိလို့ စိတ်ထားသည် အင်းတစ်လုံးသာ ပြောပြီး ဖုန်းချလိုက်သည်။ ရေမွှေးပုလင်းကို ဖွင့်လိုက်ကာ ၂ချက်လောက်ဆွတ်လိုက်ပြီး ပြင်ဆင်မှုကို အဆုံးသတ်လိုက်သည်။
ကြည်ပြာရောင် ဝမ်းဆက်လေးက ခန္ဓာကိုယ်မှာအချိုးကျစွာ ချပ်ကပ်ပြီး လည်ပင်ပုံလေးက ဖားပါးစပ်လို ပြဲပြဲလေးမို့ ဖွေးဥနေတဲ့ ညှပ်ရိုးလေးတွေနဲ့ လည်ပင်းကျော့ကျော့လေးက ထင်းနေသည်။အကုန်ပြင်ဆင်ပြီးလို့ မှန်ထဲမှာသေချာကြည့်လိုက်ပြီး ကျေနပ်ပြီဆိုမှ စလင်းဘတ်အိတ်အမဲလေးကို ယူကာ အပြင်ကို ထွက်လိုက်သည်။

''ကြီးကြီးမြတ်...သမီးသွားပြီနော်...''

''အေးအေး...သမီး ''

ထမင်းစားခန်းထဲက ကြီးကြီးကို နှုတ်ဆက်လိုက်ပြီး အိမ်ရှေ့ထွက်ခဲ့သည်။သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့သွားမယ်ဟု ညကတည်းကပြောထားပြီး အမှန်က ညဏ်နဲ့ ပထမဆုံးအပြင်မှာ dateမှာဖြစ်သည်။

ညဏ်သည် ကားပေါ်မှာ ဖွင့်ထားတဲ့ သီချင်းကို လိုက်ညည်းရင်း ချစ်ရတဲ့သူလေးကို စောင့်နေလိုက်သည်။ လက်က နာရီကြည့်လိုက်တော့၈နာရီခွဲပြီး ၅မိနစ်သာ ရှိသေးသည်။ ကားတံခါးဖွင့်ဆင်းပြီး လှမ်းကြည့်လိုက်တော့ လမ်းလျှောက်လာတဲ့ သူမလေးကို တွေ့လိုက်ရသည်။ ဝမ်းတဆက်လေးနဲ့ ဖွေးဥစက်နေကာ အလှကြီးလှနေသော သူမလေးကို သဘောကျစွာ
ငေးရင်း....။

''အဟင်း...စောင့်ရတာကြာသွားလား ညဏ်''

အပြုံးလေးနဲ့ ပြောလာတဲ့ သူမလေးကို ခေါင်းယမ်းပြလိုက်ပြီး ကားတံခါးဖွင့်ပေးလိုက်သည်။

''မကြာသေးပါဘူး...မ ရဲ့ ''

စိတ်ထားက ပြုံးပြကာ သူဖွင့်ပေးတဲ့ကားပေါ်
ထိုင်လိုက်သည်။ ဒီနေ့မှ ညဏ်ဝတ်လာတဲ့အင်္ကျီကလည်း ပြာလွင်လွင်လေးမို့ သူမလေးနဲ့ ဆင်တူလို ဖြစ်နေရသည်။

''မနက်မုန့် စားပြီပြီလား...မ ''

ညဏ်က ကားမောင်းနေရင် လှည့်မေးသည်။
ညကတည်းက သွားမဲ့နေရာကို ရွေးပြီးပြီမို့ ကားကို ရွှေတိဂုံဘုရားကို ဦးတည်လိုက်သည်။

''ကော်ဖီသောက်လာတယ်...ညဏ်ရော
ပြီးပြီလား...''

''အင်း...''

ညဏ်က ကားမောင်းနေရင်း မ ရဲ့ ဖြူနုနေသောလက်ချောင်းသွယ်သွယ်လေးတွေကို လက်တစ်ဖက်ဖြင့် ထပ်လျက်အုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ကားကိုဂရုစိုက်မောင်းနေလိုက်သည်။

ကားကို သတ်မှတ်ထားတဲ့နေရာမှာ ရပ်လိုက်ပြီးဖိနပ်တွေကို ကားပေါ်မှာဘဲ ထားခဲ့ကာ ဘုရား ပေါ်ကို ညဏ်က သူမရဲ့ လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ဓာတ်လှေကားဖြင့် တက်လိုက်သည်။ မနက်၉နာရီကျော်ဘဲရှိသေး ပေမဲ့ ရင်ပြင်ပေါ်တွင် လူစည်းကားနေသည်။ဝယ်လာတဲ့ နှင်းဆီပန်းနီနီတွေကို ဘုရားမှာကပ်လိုက်ပြီး အတူတူဘုရားထိုင်ရှီခိုးလိုက်သည်။

ညဏ်က ဦး၃ကြိမ်ချပြီး ရှိခိုးပြီးပေမဲ့ ချစ်ရတဲ့အမျိုးသမီးလေးက ဘာတွေဆုတောင်းနေလဲမသိပေ။ ဘုရားရှိခိုးနေတဲ့ ပုံလေးသည် အရမ်းလှနေတာနဲ့ ဖုန်းထုတ်ပြီး ညဏ်က ဓာတ်ပုံရိုက်ယူထားလိုက်သည်။

စိတ်ထားသည် ဘုရားရှိခိုးပြီးလို့ မျက်လုံးဖွင့်ကာကြည့်လိုက်တော့ ညဏ်က မျက်တောင်မခက်စိုက်ကြည့်နေတာကို တွေ့လိုက်သည်။

''ဟင်...ညဏ်က ရှိခိုးလို့ပြီးပြီလား...''

''အင်း...မ နဲ့ပေါင်းဖက်ရပါစေလို့၊ ဆုတစ်ခုဘဲ တောင်းလိုက်တာ...''

''အဟင်း...ဟုတ်ပါပြီ ''

နှစ်ယောက်သား အတူတူဘုရားကို တစ်ပတ် ပတ်လိုက်ကြသည်။ ညဏ်ရော၊ စိတ်ထားရောအင်္ဂါတွေဘဲမို့ အင်္ဂါနေ့နံထောင့်မှာ အတူတူဘုရားရသေပ်ပါယျကွသညျ။

''ညီ...ခဏလောက်၊ အစ်ကိုတို့ကို ပုံလေးတစ်ပုံရိုက်ပေးပါလား...''

''ရပါတယ်ဗျ...ရိုက်ပေးမယ် ''

ညဏ်က သူရဲ့ဖုန်းကို ထိုကောင်လေးဆီပေးပြီးစိတ်ထားနားကို ကပ်ကာ ဘုရားနောက်ခံပုံနဲ့နှစ်ယောက်သား ဓာတ်ပုံရိုက်လိုက်ကြသည်။

''ကျေးဇူးပဲ...''

''ဟုတ်ကဲ့..''

စိတ်ထားရဲ့အနားကို ပြန်လာကာ ဖုန်းထဲက ပုံကိုညဏ်က ပြနေသည်။ အတူတူယဥ်ရပ်လိုက်တော့ညဏ်ရဲ့ ရင်ခွင်နားမှာ စိတ်ထားရဲ့ကိုယ်လေးဟာမြုပ်နေရသည်။

''မ ကချစ်စရာလေး...အဟွန်း..''

ညဏ်က ပြောပြီး ပုံလေးကို cover photoချိန်းလိုက်သည်။

''စိတ်ထားကိုလည်း viberက ပို့ပေးနော် ''

''ပို့ပေးမှာပေါ့...မရဲ့ ''

နှစ်ယောက်သား စကားတပြောပြောနဲ့ အလှူငွေလည်း ထည့်လိုက်ပြီး ဘုရားပေါ်က ပြန်ဆင်းလာကြသည်။

''ဒါနဲ့....စာမေးပွဲနီးပြီဆို... နင်စာတွေရော ရရဲ့လား ''

ညဏ်က ကားမောင်းနေရင်း မျက်မှောင်ကုပ်ကာ လှည့်ကြည့်ပြီး...... ။

'' မ ကလည်း.. ချစ်သူဖြစ်တာဘဲ ကြာပြီ၊အခုထိမောင်လို့ မခေါ်ဘူး ...၊ ''နင်''လို့ပြောတာက တစိမ်းဆန်တယ် ''

''မသိဘူး...ငါပါးစပ်မရဲသေးဘူး ပြီးတော့
တစ်မျိုးဘဲ...''

စိတ်ထားသည် တကယ်ကို ပါးစပ်မရဲသေးတာဖြစ်သည်။ အခုချိန်ထိ ရည်းစားလည်း မထားခဲ့ဖူးသလို၊ ယောကျာ်းတွေနဲ့လည်း အရောတဝင်မရှိခဲ့ဖူးပေ။ အခုလည်း မောင်ဆိုတာ ခေါ်ဖို့ ဝန်လေးနေမိသည်။

''အဟွန်း...နောက်ကြရင်တော့ ခေါ်နိုင်အောင်
ကြိုးစားနော်....''

''အင်းပါ...''

ညဏ်က ပြောပြီး ကားကို ကန်တော်ကြီးစောင်းမှာ ရပ်လိုက်သည်။ ကားမှန်တွေကို ချလိုက်တော့အပြင်က လေပြေနုနုလေးတွေက တိုက်ခတ်လာသည်။

'' မ.... ကျွန်တော်ကို ချစ်လား..''

ညဏ်က သူခန္ဓာကိုယ်ကိုပါ သူမရဲ့အနားအနည်းငယ်တိုးကပ်ပြီး ခပ်တိုးတိုးမေးသည်။
စိတ်ထားက ပုခုံးလေးကျုံ့ထားပြီး ကန်ရေပြင်ကို ငေးရင်း ခေါင်းလေး ညိမ့်ပြလိုက်သည်။

''ပါးစပ်နဲ့ဖြေလေ...မ ရဲ့ ဒီနေရာမှာ မ နဲ့
ကျွန်တော်ဘဲ ရှိတာ၊ ဘယ်သူ့ကိုရှက်နေတာလဲ''

စိတ်ထားသည် အကြောင်းမဲ့ လက်ကလေးကို
ပွတ်ချေရင်း အရှက်ဖြေနေရသည်။ ညဏ်ဆီကရတဲ့ ရေမွှေးနံ့တချို့ကြောင့် ရင်တွေလည်း ခုန်နေရသည်။ စိတ်ထဲကနေတော့ နင့်ကိုဘဲ ရှက်တာဟု အကြိမ်ကြိမ်အော်ရင်း...........။

''ညဏ်နော်...ချစ်လို့ ဒီနေရာထိရောက်လာတာပေါ့၊ နေတိုင်းအဲ့တာဘဲ မေးနေ....မမောဘူးလား''

ညဏ်က ရယ်လိုက်ပြီး သူမရဲ့ပုခုံးစွန်းလေးကို လှမ်းဖက်သည်။

''မရဘူးကွာ...မောင်ကတော့ နေ့တိုင်းမေးမှာဘဲ မ ရဲ့ပါးစပ်လေးထဲက ချစ်တယ်ဆိုတဲ့စကားတစ်ခါကြားရတိုင်း မောင်ရဲ့နှလုံးသားလေးကလည်း အားဆေးသောက်ရသလိုဘဲ...အဟွန်း''

''ပိုပြီ...အဟင်း.... ဟင်း... ''

ရယ်နေတဲ့ သူမလေးရဲ့ ပုခုံးစွန်းလေးကို သူ
ခိုးနမ်းလိုက်သည်။ ကျောင်းပြီးတာနဲ့ မေမေတို့ကိုဖွင့်ပြောပြီး သူမလေးကို လက်ထပ်ခွင့်တောင်းမယ်၊ ခွင့်မပြုရင် ကားတင်ပြေးမယ်ဟု စိတ်ထဲကနေ၊ ညဏ်က ကြိမ်းဝါးလိုက်သည်။

''စာမေးပွဲဖြေပြီးရင် ရုပ်ရှင်အတူသွားကြည့်
ရအောင်.... နော်....မ ''

''အင်း...သွားကြည့်မယ်...''

စိတ်ထားလည်း မကြည့်တာကြာနေပြီဖြစ်သောကြောင့် သဘောတူလိုက်သည်။

''ဒါနဲ့...ညဏ်ရဲ့ စာမေးပွဲက ဘယ်တော့လဲ ''

စိတ်ထားမေးတော့မှ ညဏ်က မချိုမချဥ်ပြုံးပြီးမျက်ခုံးကို လက်နဲ့ခြစ်နေသည်။

''ဘယ်တော့လဲလို့....ဖြေလေ ''

ညဏ်မဖြေချင်ပေမဲ့ အတင်းမေးနေတာနဲ့
နောက်ဆုံးမှာ ဖြေလိုက်ရသည်။

''မနက်ဖြန်....''

စိတ်ထားမှာ မျက်လုံးပြူးသွားရသည်။ မနက်ဖြန်စာမေးပွဲဆိုတာ မပြောဘဲ သူမနဲ့ အေးဆေးdateနေတဲ့ သူ့ကို မျက်စောင်းထိုးပစ်ပြီး..... ။

''ကားပြန်မောင်း...အခုပြန်မယ်...''

ညဏ်ရဲ့ မျက်နှာသည် ရှုံ့မဲ့သွားရသည်။ အပြင်မှာ အေးဆေးdateရလို့ ပျော်နေတုန်းရှိသေးပြန်ဖို့ပြောနေတဲ့ သူမလေးကြောင့် သူရဲ့ထူတန်းနေသော မျက်ခုံးများကို တွန့်ချိုးလိုက်သည်။

''စာက ရပြီသား...အဲ့ဒါကြောင့် ဒီနေ့တော့
အေးဆေးနေပြီးမှ ပြန်မယ်လေ...မ ကလည်း''

''မရဘူး ..အခုပြန်ပြီး စာကျက်ရမယ်...''

ညဏ်က စိတ်ရှုပ်သွားသလို ကားစတီယာပေါ် မျက်နှာအပ်ပြီး မပြန်ချင်သေးပုံလုပ်နေသည်။

''ပြန်မယ်ဆို ..ဒါလေးတော့ ခွင့်ပြုကွာ ....''

''အို...ညဏ်နော်....ဟင့်အင်း...''

ညဏ်က ပြောပြီး သူမရဲ့မျက်နှာလေးနားတိုးကပ်လာကာ အနမ်းတွေကို နုနုညံ့ညံ့ပေးနေသည်။
ပါးလေးတွေ နဖူးလေးတွေကိုလည်း နမ်းပြီး..
ခဏရပ်လိုက်ကာ...သူမရဲ့ မျက်နှာလေးကို စိုက်ကြည့်ပြီး....။

''အားရပါရ အရမ်းနမ်းပစ်ချင်တာ...
အဟွန်း...''

ပန်းနုရောင်သမ်းနေသော နှုတ်ခမ်းလေးကို
အကြာကြီး ယစ်မူးချင်ပေမဲ့ သူမလေးနဲ့ ပထမဆုံးအပြင်မှာတွေ့ရတာကတစ်ကြောင်း၊ သူ့ကို စိတ်ဆိုးသွားမှာလည်း ကြောက်လို့ ဆက်ချင်သေးပေမဲ့ ညဏ်က စိတ်ထိန်းလိုက်ရသည်။ ထိုနေ့က အေးဆေးdateရမယ်လို့ တွေးခဲ့သော်လည်း နေ့လည် ၁၂နာရီတောင်မထိုးသေးဘဲ သူမလေးကို ပြန်ပို့လိုက်ရသည်။

~~~~~~ဆက်ရန်။

(zawgyi)

''သား ....စာေမးပြဲက မနက္ျဖန္ေနာ္၊ အိမ္ေစာေစာျပန္ခဲ့ ''

မနက္စာ ေကာ္ဖီဝိုင္းတြင္ ညဏ္က ေကာ္ဖီေသာက္ေနၿပီး ေမေမေျပာတာကို ေခါင္းညိမ့္ျပသည္။ ေဖေဖကေတာ့ သတင္းစာဖတ္ေနၿပီးသူ႕ကို စိတ္မဝင္စား။

''အင္းပါ ေမေမရဲ႕...အခုေတာ့
ကြၽန္ေတာ္သြားၿပီေနာ္...''

ေက်ာင္းပိတ္ရက္ေပမဲ့ ေကာ့ျပန္ေနေအာင္ ဝတ္စားကာ တစ္ကိုယ္လုံးလည္း ေမႊးႀကိဳင္ၿပီးအျပင္ကို ေရးႀကီးသုတ္ျပာ ထြက္သြားတဲ့ သားကိုၾကည့္ၿပီး ေဒၚသူဇာလင္းမွာပူရသည္။ အ႐ြယ္တစ္ခု ေရာက္ေနေပမဲ့ မေတာ္တေရာေလးေတြနဲ႕ေတြ႕ၿပီး လူငယ္ပီပီ မွားမွာကိုေတာ့ စိုးရိမ္သည္။

ညဏ္သည္ ဒီေန႕အထူးေပ်ာ္႐ႊင္ရသည္။ မ နဲ႕ခ်စ္သူ ျဖစ္တာ ၁၅ရက္ေလာက္ရွိေပမဲ့ ဖုန္းေျပာ၊ညေနဘက္ တစ္ခါတရံသူမေလး အျပင္ထြက္ရင္စကားေျပာ ဒီေလာက္ဘဲ ရွိသည္။ ဒါေပမဲ့ ဒီေန႕ကိုေတာ့ ႏွစ္ေယာက္သား ပထမဆုံး အျပင္ကို အတူတူေလွ်ာက္လည္မွာ ျဖစ္သည္။

'' ring....ring....''

စိတ္ထားသည္ အကုန္ျပင္ဆင္ၿပီးလို႔ ေရေမႊးဗူးေလး ကိုင္ေနတုန္း ဖုန္းက ျမည္လာသည္။

''ဟဲလို....''

''ေမာင္ထြက္လာၿပီေနာ္...လမ္းထိပ္က
ေစာင့္ေနမယ္...''

''အင္း...''

အျပင္မွာ ႀကီးႀကီးရွိလို႔ စိတ္ထားသည္ အင္းတစ္လုံးသာ ေျပာၿပီး ဖုန္းခ်လိဳက္သည္။ ေရေမႊးပုလင္းကို ဖြင့္လိုက္ကာ ၂ခ်က္ေလာက္ဆြတ္လိုက္ၿပီး ျပင္ဆင္မႈကို အဆုံးသတ္လိုက္သည္။
ၾကည္ျပာေရာင္ ဝမ္းဆက္ေလးက ခႏၶာကိုယ္မွာအခ်ိဳးက်စြာ ခ်ပ္ကပ္ၿပီး လည္ပင္ပုံေလးက ဖားပါးစပ္လို ၿပဲၿပဲေလးမို႔ ေဖြးဥေနတဲ့ ညွပ္ရိုးေလးေတြနဲ႕ လည္ပင္းေက်ာ့ေက်ာ့ေလးက ထင္းေနသည္။အကုန္ျပင္ဆင္ၿပီးလို႔ မွန္ထဲမွာေသခ်ာၾကည့္လိုက္ၿပီး ေက်နပ္ၿပီဆိုမွ စလင္းဘတ္အိတ္အမဲေလးကို ယူကာ အျပင္ကို ထြက္လိုက္သည္။

''ႀကီးႀကီးျမတ္...သမီးသြားၿပီေနာ္...''

''ေအးေအး...သမီး ''

ထမင္းစားခန္းထဲက ႀကီးႀကီးကို ႏႈတ္ဆက္လိုက္ၿပီး အိမ္ေရွ႕ထြက္ခဲ့သည္။သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ေမြးေန႕သြားမယ္ဟု ညကတည္းကေျပာထားၿပီး အမွန္က ညဏ္နဲ႕ ပထမဆုံးအျပင္မွာ dateမွာျဖစ္သည္။

ညဏ္သည္ ကားေပၚမွာ ဖြင့္ထားတဲ့ သီခ်င္းကို လိုက္ညည္းရင္း ခ်စ္ရတဲ့သူေလးကို ေစာင့္ေနလိုက္သည္။ လက္က နာရီၾကည့္လိုက္ေတာ့၈နာရီခြဲၿပီး ၅မိနစ္သာ ရွိေသးသည္။ ကားတံခါးဖြင့္ဆင္းၿပီး လွမ္းၾကည့္လိုက္ေတာ့ လမ္းေလွ်ာက္လာတဲ့ သူမေလးကို ေတြ႕လိုက္ရသည္။ ဝမ္းတဆက္ေလးနဲ႕ ေဖြးဥစက္ေနကာ အလွႀကီးလွေနေသာ သူမေလးကို သေဘာက်စြာ
ေငးရင္း....။

''အဟင္း...ေစာင့္ရတာၾကာသြားလား ညဏ္''

အၿပဳံးေလးနဲ႕ ေျပာလာတဲ့ သူမေလးကို ေခါင္းယမ္းျပလိုက္ၿပီး ကားတံခါးဖြင့္ေပးလိုက္သည္။

''မၾကာေသးပါဘူး...မ ရဲ႕ ''

စိတ္ထားက ၿပဳံးျပကာ သူဖြင့္ေပးတဲ့ကားေပၚ
ထိုင္လိုက္သည္။ ဒီေန႕မွ ညဏ္ဝတ္လာတဲ့အကၤ်ီကလည္း ျပာလြင္လြင္ေလးမို႔ သူမေလးနဲ႕ ဆင္တူလို ျဖစ္ေနရသည္။

''မနက္မုန့္ စားၿပီၿပီလား...မ ''

ညဏ္က ကားေမာင္းေနရင္ လွည့္ေမးသည္။
ညကတည္းက သြားမဲ့ေနရာကို ေ႐ြးၿပီးၿပီမို႔ ကားကို ေ႐ႊတိဂုံဘုရားကို ဦးတည္လိုက္သည္။

''ေကာ္ဖီေသာက္လာတယ္...ညဏ္ေရာ
ၿပီးၿပီလား...''

''အင္း...''

ညဏ္က ကားေမာင္းေနရင္း မ ရဲ႕ ျဖဴႏုေနေသာလက္ေခ်ာင္းသြယ္သြယ္ေလးေတြကို လက္တစ္ဖက္ျဖင့္ ထပ္လ်က္အုပ္ကိုင္ကာ က်န္လက္တစ္ဖက္ျဖင့္ ကားကိုဂ႐ုစိုက္ေမာင္းေနလိုက္သည္။

ကားကို သတ္မွတ္ထားတဲ့ေနရာမွာ ရပ္လိုက္ၿပီးဖိနပ္ေတြကို ကားေပၚမွာဘဲ ထားခဲ့ကာ ဘုရား ေပၚကို ညဏ္က သူမရဲ႕ လက္ကေလးကို ခပ္တင္းတင္းဆုပ္ကိုင္ကာ ဓာတ္ေလွကားျဖင့္ တက္လိုက္သည္။ မနက္၉နာရီေက်ာ္ဘဲရွိေသး ေပမဲ့ ရင္ျပင္ေပၚတြင္ လူစည္းကားေနသည္။ဝယ္လာတဲ့ ႏွင္းဆီပန္းနီနီေတြကို ဘုရားမွာကပ္လိုက္ၿပီး အတူတူဘုရားထိုင္ရွီခိုးလိုက္သည္။

ညဏ္က ဦး၃ႀကိမ္ခ်ၿပီး ရွိခိုးၿပီးေပမဲ့ ခ်စ္ရတဲ့အမ်ိဳးသမီးေလးက ဘာေတြဆုေတာင္းေနလဲမသိေပ။ ဘုရားရွိခိုးေနတဲ့ ပုံေလးသည္ အရမ္းလွေနတာနဲ႕ ဖုန္းထုတ္ၿပီး ညဏ္က ဓာတ္ပုံရိုက္ယူထားလိုက္သည္။

စိတ္ထားသည္ ဘုရားရွိခိုးၿပီးလို႔ မ်က္လုံးဖြင့္ကာၾကည့္လိုက္ေတာ့ ညဏ္က မ်က္ေတာင္မခက္စိုက္ၾကည့္ေနတာကို ေတြ႕လိုက္သည္။

''ဟင္...ညဏ္က ရွိခိုးလို႔ၿပီးၿပီလား...''

''အင္း...မ နဲ႕ေပါင္းဖက္ရပါေစလို႔၊ ဆုတစ္ခုဘဲ ေတာင္းလိုက္တာ...''

''အဟင္း...ဟုတ္ပါၿပီ ''

ႏွစ္ေယာက္သား အတူတူဘုရားကို တစ္ပတ္ ပတ္လိုက္ၾကသည္။ ညဏ္ေရာ၊ စိတ္ထားေရာအဂၤါေတြဘဲမို႔ အဂၤါေန႕နံေထာင့္မွာ အတူတူဘုရားရေသပ္ပါယ်ကြသည်။

''ညီ...ခဏေလာက္၊ အစ္ကိုတို႔ကို ပုံေလးတစ္ပုံရိုက္ေပးပါလား...''

''ရပါတယ္ဗ်...ရိုက္ေပးမယ္ ''

ညဏ္က သူရဲ႕ဖုန္းကို ထိုေကာင္ေလးဆီေပးၿပီးစိတ္ထားနားကို ကပ္ကာ ဘုရားေနာက္ခံပုံနဲ႕ႏွစ္ေယာက္သား ဓာတ္ပုံရိုက္လိုက္ၾကသည္။

''ေက်းဇူးပဲ...''

''ဟုတ္ကဲ့..''

စိတ္ထားရဲ႕အနားကို ျပန္လာကာ ဖုန္းထဲက ပုံကိုညဏ္က ျပေနသည္။ အတူတူယဥ္ရပ္လိုက္ေတာ့ညဏ္ရဲ႕ ရင္ခြင္နားမွာ စိတ္ထားရဲ႕ကိုယ္ေလးဟာျမဳပ္ေနရသည္။

''မ ကခ်စ္စရာေလး...အဟြန္း..''

ညဏ္က ေျပာၿပီး ပုံေလးကို cover photoခ်ိန္းလိုက္သည္။

''စိတ္ထားကိုလည္း viberက ပို႔ေပးေနာ္ ''

''ပို႔ေပးမွာေပါ့...မရဲ႕ ''

ႏွစ္ေယာက္သား စကားတေျပာေျပာနဲ႕ အလႉေငြလည္း ထည့္လိုက္ၿပီး ဘုရားေပၚက ျပန္ဆင္းလာၾကသည္။

''ဒါနဲ႕....စာေမးပြဲနီးၿပီဆို... နင္စာေတြေရာ ရရဲ႕လား ''

ညဏ္က ကားေမာင္းေနရင္း မ်က္ေမွာင္ကုပ္ကာ လွည့္ၾကည့္ၿပီး...... ။

'' မ ကလည္း.. ခ်စ္သူျဖစ္တာဘဲ ၾကာၿပီ၊အခုထိေမာင္လို႔ မေခၚဘူး ...၊ ''နင္''လို႔ေျပာတာက တစိမ္းဆန္တယ္ ''

''မသိဘူး...ငါပါးစပ္မရဲေသးဘူး ၿပီးေတာ့
တစ္မ်ိဳးဘဲ...''

စိတ္ထားသည္ တကယ္ကို ပါးစပ္မရဲေသးတာျဖစ္သည္။ အခုခ်ိန္ထိ ရည္းစားလည္း မထားခဲ့ဖူးသလို၊ ေယာက်ာ္းေတြနဲ႕လည္း အေရာတဝင္မရွိခဲ့ဖူးေပ။ အခုလည္း ေမာင္ဆိုတာ ေခၚဖို႔ ဝန္ေလးေနမိသည္။

''အဟြန္း...ေနာက္ၾကရင္ေတာ့ ေခၚနိုင္ေအာင္
ႀကိဳးစားေနာ္....''

''အင္းပါ...''

ညဏ္က ေျပာၿပီး ကားကို ကန္ေတာ္ႀကီးေစာင္းမွာ ရပ္လိုက္သည္။ ကားမွန္ေတြကို ခ်လိဳက္ေတာ့အျပင္က ေလေျပႏုႏုေလးေတြက တိုက္ခတ္လာသည္။

'' မ.... ကြၽန္ေတာ္ကို ခ်စ္လား..''

ညဏ္က သူခႏၶာကိုယ္ကိုပါ သူမရဲ႕အနားအနည္းငယ္တိုးကပ္ၿပီး ခပ္တိုးတိုးေမးသည္။
စိတ္ထားက ပုခုံးေလးက်ဳံ႕ထားၿပီး ကန္ေရျပင္ကို ေငးရင္း ေခါင္းေလး ညိမ့္ျပလိုက္သည္။

''ပါးစပ္နဲ႕ေျဖေလ...မ ရဲ႕ ဒီေနရာမွာ မ နဲ႕
ကြၽန္ေတာ္ဘဲ ရွိတာ၊ ဘယ္သူ႕ကိုရွက္ေနတာလဲ''

စိတ္ထားသည္ အေၾကာင္းမဲ့ လက္ကေလးကို
ပြတ္ေခ်ရင္း အရွက္ေျဖေနရသည္။ ညဏ္ဆီကရတဲ့ ေရေမႊးနံ႕တခ်ိဳ႕ေၾကာင့္ ရင္ေတြလည္း ခုန္ေနရသည္။ စိတ္ထဲကေနေတာ့ နင့္ကိုဘဲ ရွက္တာဟု အႀကိမ္ႀကိမ္ေအာ္ရင္း...........။

''ညဏ္ေနာ္...ခ်စ္လို႔ ဒီေနရာထိေရာက္လာတာေပါ့၊ ေနတိုင္းအဲ့တာဘဲ ေမးေန....မေမာဘူးလား''

ညဏ္က ရယ္လိုက္ၿပီး သူမရဲ႕ပုခုံးစြန္းေလးကို လွမ္းဖက္သည္။

''မရဘူးကြာ...ေမာင္ကေတာ့ ေန႕တိုင္းေမးမွာဘဲ မ ရဲ႕ပါးစပ္ေလးထဲက ခ်စ္တယ္ဆိုတဲ့စကားတစ္ခါၾကားရတိုင္း ေမာင္ရဲ႕ႏွလုံးသားေလးကလည္း အားေဆးေသာက္ရသလိုဘဲ...အဟြန္း''

''ပိုၿပီ...အဟင္း.... ဟင္း... ''

ရယ္ေနတဲ့ သူမေလးရဲ႕ ပုခုံးစြန္းေလးကို သူ
ခိုးနမ္းလိုက္သည္။ ေက်ာင္းၿပီးတာနဲ႕ ေမေမတို႔ကိုဖြင့္ေျပာၿပီး သူမေလးကို လက္ထပ္ခြင့္ေတာင္းမယ္၊ ခြင့္မျပဳရင္ ကားတင္ေျပးမယ္ဟု စိတ္ထဲကေန၊ ညဏ္က ႀကိမ္းဝါးလိုက္သည္။

''စာေမးပြဲေျဖၿပီးရင္ ႐ုပ္ရွင္အတူသြားၾကည့္
ရေအာင္.... ေနာ္....မ ''

''အင္း...သြားၾကည့္မယ္...''

စိတ္ထားလည္း မၾကည့္တာၾကာေနၿပီျဖစ္ေသာေၾကာင့္ သေဘာတူလိုက္သည္။

''ဒါနဲ႕...ညဏ္ရဲ႕ စာေမးပြဲက ဘယ္ေတာ့လဲ ''

စိတ္ထားေမးေတာ့မွ ညဏ္က မခ်ိဳမခ်ဥ္ၿပဳံးၿပီးမ်က္ခုံးကို လက္နဲ႕ျခစ္ေနသည္။

''ဘယ္ေတာ့လဲလို႔....ေျဖေလ ''

ညဏ္မေျဖခ်င္ေပမဲ့ အတင္းေမးေနတာနဲ႕
ေနာက္ဆုံးမွာ ေျဖလိုက္ရသည္။

''မနက္ျဖန္....''

စိတ္ထားမွာ မ်က္လုံးျပဴးသြားရသည္။ မနက္ျဖန္စာေမးပြဲဆိုတာ မေျပာဘဲ သူမနဲ႕ ေအးေဆးdateေနတဲ့ သူ႕ကို မ်က္ေစာင္းထိုးပစ္ၿပီး..... ။

''ကားျပန္ေမာင္း...အခုျပန္မယ္...''

ညဏ္ရဲ႕ မ်က္ႏွာသည္ ရႈံ႕မဲ့သြားရသည္။ အျပင္မွာ ေအးေဆးdateရလို႔ ေပ်ာ္ေနတုန္းရွိေသးျပန္ဖို႔ေျပာေနတဲ့ သူမေလးေၾကာင့္ သူရဲ႕ထူတန္းေနေသာ မ်က္ခုံးမ်ားကို တြန့္ခ်ိဳးလိုက္သည္။

''စာက ရၿပီသား...အဲ့ဒါေၾကာင့္ ဒီေန႕ေတာ့
ေအးေဆးေနၿပီးမွ ျပန္မယ္ေလ...မ ကလည္း''

''မရဘူး ..အခုျပန္ၿပီး စာက်က္ရမယ္...''

ညဏ္က စိတ္ရႈပ္သြားသလို ကားစတီယာေပၚ မ်က္ႏွာအပ္ၿပီး မျပန္ခ်င္ေသးပုံလုပ္ေနသည္။

''ျပန္မယ္ဆို ..ဒါေလးေတာ့ ခြင့္ျပဳကြာ ....''

''အို...ညဏ္ေနာ္....ဟင့္အင္း...''

ညဏ္က ေျပာၿပီး သူမရဲ႕မ်က္ႏွာေလးနားတိုးကပ္လာကာ အနမ္းေတြကို ႏုႏုညံ့ညံ့ေပးေနသည္။
ပါးေလးေတြ နဖူးေလးေတြကိုလည္း နမ္းၿပီး..
ခဏရပ္လိုက္ကာ...သူမရဲ႕ မ်က္ႏွာေလးကို စိုက္ၾကည့္ၿပီး....။

''အားရပါရ အရမ္းနမ္းပစ္ခ်င္တာ...
အဟြန္း...''

ပန္းႏုေရာင္သမ္းေနေသာ ႏႈတ္ခမ္းေလးကို
အၾကာႀကီး ယစ္မူးခ်င္ေပမဲ့ သူမေလးနဲ႕ ပထမဆုံးအျပင္မွာေတြ႕ရတာကတစ္ေၾကာင္း၊ သူ႕ကို စိတ္ဆိုးသြားမွာလည္း ေၾကာက္လို႔ ဆက္ခ်င္ေသးေပမဲ့ ညဏ္က စိတ္ထိန္းလိုက္ရသည္။ ထိုေန႕က ေအးေဆးdateရမယ္လို႔ ေတြးခဲ့ေသာ္လည္း ေန႕လည္ ၁၂နာရီေတာင္မထိုးေသးဘဲ သူမေလးကို ျပန္ပို႔လိုက္ရသည္။

~~~~~~ဆက္ရန္။

Continue Reading

You'll Also Like

133K 1.7K 53
"ကိုယ်အမှားတွေကနေ ဟန်နီရဲ့အချစ်ကြောင့် ကိုယ်ရဲ့နှလုံးခုန်သံလှိုင်တွေကမြန်ဆန်လာရတာပါ။ "ကိုယ်မင်းကို" "သိပ် ချစ်တယ် မြတ်နိုးတယ်" ...
929K 24.8K 40
Start : 19.3.2022 Finish : 30.4.2022 "အမေ အခုကျွန်တော့်ကို ၁၉နှစ်အရွယ် ကလေးသာသာကောင်မလေးနဲ့ လက်ထပ်ခိုင်းနေတာလား" "ဘုန်းမြတ်မင်းသွေး" "အကိုက မှူးကို...
11.2K 413 12
လူတစ်ယောက်ကို တစ်ဖက်သတ်ချစ်ခဲ့ဖူးလား Base on true story This is my owncreation Peachရဲ့ ဒုတိယ ficလေးပါ။ ဝေဖန်အကြံပြုပေးကြပါအုံးနော်။ Zawgyi unicodeန...
506K 11.8K 42
အရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့