ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{43}

5.5K 852 16
By Greentealay-

Unicode

သူက အသက်ရှင်တာကြာလေလေ အတွေးများလာလေပဲလို့ လျန်ကျင်းရှင်ထင်မိတယ်။ဒီလောက်ရိုးရှင်းတဲ့အရာကိုတောင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူး။

"မင်းက ယွီအန်းယီမို့လား။မင်း ပွဲဦးစထွက်တုန်းက သာမန်လူသစ်တွေလိုမျိုး အတွေ့အကြုံမရှိဘဲ ခေါင်းဆောင်မင်းသားတန်းဖြစ်နိုင်တော့ ဒီလို ရိုးရိုးစင်းစင်းပြောနိုင်တာပေါ့။ထားလိုက်တော့ အဲ့လိုပြောတာ ယွီအန်းယီကို စော်ကားလိုက်သလိုပဲ ယွီအန်းယီကမှမင်းထက် ဉာဏ်ပိုကောင်းသေးတယ်။"

မုန့်ယွမ်ပိုင် : ………

လျန်ကျင်းရှင်သည် အခန်းဆီပြန်ပြီး အခန်းကဒ်ထုတ်၍ တံခါးဖွင့်လိုက်ကာ သူ့သူငယ်ချင်းကြီးအား နှစ်သိမ့်ပေးလိုက်သည်။

"ပြန်ပြီး သစ်ကြာသီးများများသွားစားချည်သွား"

မုန့်ယွမ်ပိုင် : ………

အဲ့လူက တကယ်ကြီး သူ့ကိုအထင်လွဲနေတယ်လို့ မုန့်ယွမ်ပိုင်လေး ခံစားနေရတယ်နော် !!!

လျန်ကျင်းရှင်းက စိတ်ပါလက်ပါနဲ့ သူ့အတွက်တွေးပေးမယ်လို့ ကျိချင်းကျိုးမမျှော်လင့်ထားခဲ့ပါ။ထို့ကြောင့် တံခါးပိတ်ပြီးသည်နှင့်သူ့ကိုယ်သူ သတိပေးလိုက်မိသည်။ တကယ်တော့ သူဘက်က "စီနီယာကော" ‌လို့ခေါ်တဲ့အချိန်မှာ လျန်ကျင်းရှင်းက "စီနီယာကောလို့မခေါ်နဲ့" ဆိုပြီး ပြောလို့ရပေမယ့် မပြောခဲ့ပေ။ထိုအစား ထိုသိုခေါ်သည်ကို သဘောတူပြီးမှသာ မျက်နှာချင်းဆိုင် စိတ်ရှည်လက်ရှည်ရှင်းပြပေးလာသည်။လျန်ကျင်းရှင်က ချူချန်နဲ့ ကျိုးချန်ဖုန်းတို့ ပြောတာထက်ပိုပြီး စိတ်ထားနူးညံ့ပုံပင်။ကျိချင်းကျိုးတော့ တကယ်ကံကောင်းတာပဲ။

ဒုတိယနေ့အဖွဲ့ဖွဲ့တဲ့အချိန်ထိ ကံကောင်းမှုလေးက ဆက်ရှိနေခဲ့သည်။သူရယ်၊လျန်ကျင်းရှင်ရယ်၊ယွီအန်းယီရယ်၊ယင်းနျန်ရယ်၊ပေ့ဝမ်ယောင်ရယ်၊နာမည်ကြီးဧည့်သည် ရှစ်ရှစ်တို့ရယ်က ပထမအဖွဲ့ဖြစ်သည်။

ယွီအန်းယီသည် အလွန်ပျော်ရွှင်သွားကာ ကျိချင်းကျိုးနား တိုးတိုးကပ်ပြောလာသည်။

"ငါတို့သုံးယောက်ကနော် ကုမ္ပဏီကလည်းတူ အဖွဲ့ကလည်း တူနဲ့"

ကျိချင်းကျိုးလည်း ခေါင်းညိမ့်လိုက်သည်။ လော့ယွီရှင်းအဖွဲ့မှာ မပါရလို့ကတော့ ကျေနပ်အားရပဲ။

"လာစမ်းပါ… ငါတို့ပဲနိုင်ရမယ်"

ယွီအန်းယီကပြောလာသည်။

အစီအစဉ်ပထမပိုင်းအတွက် ရိုက်ကူးရေးအဖွဲ့က လျှို့ဝှက်ခန်းမှလွတ်မြောက်ခြင်း + PKကြယ်ပွင့် ဟူ၍ သတ်မှတ်ထားသည်။ပထမဆုံး လျှို့ဝှက်ခန်းမှလွတ်မြောက်ခြင်းကို အဖွဲ့နှစ်ဖွဲ့ပါဝင်ရသည်။လျှို့ဝှက်ခန်းမှာက အဆင့်ငါးဆင့်ရှိပြီး အဆင့်တစ်ခုကို ဖြေရှင်းနိုင်တာနဲ့ သူ(သို့)သူမအဖွဲ့က အမှတ်တစ်မှတ်ရမည်ဖြစ်သည်။နောက်ဆုံးမှာ အမှတ်အများဆုံးရတဲ့အဖွဲ့က နောက်PKကြယ်ပွင့်အစီအစဉ်၌  itemကို အရင်ဆုံးရွေးချယ်နိုင်သည်။

ကျင်းရှင်ရဲ့အဖွဲ့ကတော့ သူကိုပဲခေါင်းဆောင်လုပ်ခိုင်းကြပြီး သူ့ဦးဆောင်မှုအောက်မှာပဲ လုပ်ဆောင်ကြသည်။ တစ်ဖက်အဖွဲ့ကတော့ မုန့်ယွမ်ပိုင်နှင့်လော့ယွီရှင်းတို့သည် ကျော်ကြားမှုအရရော အဆင့်အရရော တူညီကြသည်။ လော့ယွီရှင်းသည် သူက အခုမှရသစုံရှိုးမှာ ပါတဲ့လူသစ်တစ်ယောက်ဖြစ်တာကိုစဉ်းစားမိကာ စကားအရင်စလိုက်သည်။

"ယွမ်ပိုင်ပဲ ခေါင်းဆောင်လုပ်လိုက်ပါ"

မုန့်ယွမ်ပိုင်တစ်ယောက် သူကအဲ့လိုပြောလာမှတော့ နှိမ်ချမနေတော့ဘဲ ခေါင်းဆောင်နေရာကိုယူလိုက်သည်။သူက လျန်ကျင်းရှင်နဲ့ တစ်ခြားသူတွေနောက်လိုက်ကာ သူအဖွဲ့ကို လျှို့ဝှက်ခန်းထဲသို့ ကောင်းကောင်းမွန်မွန်ခေါ်ဆောင်သွားခဲ့သည်။

ပထမအဆင့်ရှိ အခန်းမှာ အရမ်းကိုပြောင်ရှင်းနေသည်။ဗီရိုလေးတစ်လုံး၊ကော်ဖီစားပွဲတစ်ခု၊ဆိုဖာတစ်ခုနှင့် တရုတ်ရိုးရာဆေးဗီရိုလေးတစ်လုံးသာရှိ၏။

လျန်ကျင်းရှင်ကပြောလာသည်။

"ပတ်ပတ်လည်က သဲလွန်စကိုအရင်ရှာကြတာပေါ့"

လူတိုင်းကလည်း စတင်လှုပ်ရှားကြတော့သည်။

လျန်ကျင်းရှင်သည် ဗီရိုအံဆွဲကိုဆွဲဖွင့်နေချိန် ကျိချင်းကျိုးသည်လည်း တရုတ်ရိုးရာဆေးဗီရိုဆီသွား၍ အံဆွဲဖွင့်ဖို့ကြိုးစားလိုက်သည်။ဆွဲထုတ်ရင်း ဆွဲထုတ်ရင်းနဲ့ ဖွင့်လို့မရတဲ့အံဆွဲတွေအများကြီးရှိနေတာကို တွေ့လိုက်ရ၏။

"ဒီမှာ သေတ္တာတစ်လုံး"

လျန်ကျင်းရှင်ပြောလိုက်သည်။

ယွီအန်းယီက ချက်ချင်းအနားကပ်လာပြီး

"လော့ကျနေတယ် ဂဏန်းလေးလုံးပဲ"

လျန်ကျင်းရှင်းလည်း ခေါင်းညိမ့်လိုက်ကာ

"ကုတ်နံပါတ်နဲ့ဆက်စပ်တာတစ်ခုခုရှာကြည့်ကြရအောင်"

"ဆိုဖာအခင်းအောက်မှာစာအုပ်တစ်အုပ်ဟ…"

ယင်းနျန်လည်း စာအုပ်ကိုဖွင့်ကြည့်လိုက်သည်။

"ဒီနေ့က မတ်လ3ရက်နေ့…ငါဒီမှာရှိနေတာ ခုနစ်ရက်တောင်ရှိနေပြီ…ငါပြန်မထွက်နိုင်တော့တာ အသေအချာပဲ။နောက်ပိုင်း ဒီကိုရောက်လာကြသူတွေကို ငါ့မှတ်စုလေးက ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်မိရုံပါ…"

"မတ်လ3ရက်"

လော့ယွီရှင်းက တွေးဆဆလုပ်ကာ

"သူရောက်နေတာခုနစ်ရက်ရှိပြီဆိုတော့ ဖေဖော်ဝါရီလ 25 ,26ရက်နေ့တည်းက ဒီမှာရှိနေတာဖြစ်မယ်။လျန်ကော 0225ဖြစ်ဖြစ်0226ဖြစ်ဖြစ်ကြိုးစားကြည့်ပါလား"

လျန်ကျင်းရှင်းလည်း စမ်းကြည့်လိုက်သည်။

"ဒါမဟုတ်ဘူး"

"ယင်းနျန် ဆက်ပြီးဖတ်ကြည့်ပါဦး"

လော့ယွီရှင်းကပြောလာ၏။

ယင်းနျန်ကခေါင်းညိမ့်ကာ

"ငါတို့ကလူခုနစ်ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ရတနာတူးဖို့ ဒီကိုရောက်လာကြတာ။ဒါပေမယ့် ငါတို့ဒီနေရာကို ရောက်မဆိုက်မှာပဲ တစ်ယောက်ပြီးတစ်ယောက် ပျောက်ပျောက်သွားကြတယ်။ပထမဆုံးတစ်ယောက်က ဘုရင်အိုကြီးပဲ တစ်ညမှာ သူပျောက်သွားခဲ့တယ်။ငါသိလိုက်ရတာက 11:30pm ရှိပြီဆိုတာ…"

"11:30"

လော့ယွီရှင်းကပြောလာသည်။

လျန်ကျင်းရှင်းလည်း ကြိုးစားကြည့်လိုက်သည်။

"မဟုတ်သေးဘူး"

ကျိချင်းကျိုးသည် မိမိရှေ့မှ တရုတ်ရိုးရာဆေးဗီရိုအားကြည့်၍ ဒီအံဆွဲတွေအများကြီးက ဘာအတွက်ရှိနေတာလဲ တွေးနေမိသည်။တစ်ချို့ကျ ဖွင့်လို့ရပြီး တစ်ချို့ကျဘာလို့ ဖွင့်လို့မရတာလဲ။ခဏလေး…တစ်ခြားအံဆွဲတွေကိုဖွင့်လို့ရတယ်ဆို မဖွင့်နိုင်တဲ့အံဆွဲတွေလည်း ဖွင့်လို့ရမှလော့ဂျစ်ကျမှာပေါ့ ။ဒါပေမယ့် သော့မှမရှိတာ။ဆိုတော့ သော့က ဘယ်နေရာမှာရှိလောက်မလဲ။အဲ့သေတ္တာထဲမှာဖြစ်နိုင်လား။အဲ့သေတ္တာထဲမှာသာဆို သေတ္တာကိုဖွင့်မည့်သော့က ဖွင့်လို့မရတဲ့ အံဆွဲထဲမှာ ရှိလောက်တယ်။

ကျိချင်းကျိုးသည် အတွေးများနှင့် သူ့ရှေ့မှဖွင့်မရသော အံဆွဲတွေကို ဂရုတစိုက်ကြည့်ရှူလိုက်တော့ တစ်ခြားဖွင့်လို့ရတဲ့အံဆွဲတွေနှင့်မတူသည်ကိုတွေ့လိုက်ရသည်။ထိုအံဆွဲတွေပေါ်မှာ အမျိုးမျိုးရေးခြစ်ထားခဲ့သည်။ပြောရရင်တော့ အံဆွဲလေးခုမှာ ဂဏန်းလေးလုံးလိုမျိုး ရေးခြစ်ထားသည်။သူက ဆွဲထုတ်လို့မရတဲ့ အံဆွဲရဲ့နံပါတ်တွေကို ရေတွက်လိုက်သည်။သုံးခုထက်မကပိုရှိလေသည်။

ကျိချင်းကျိုးသည် လေးဆင့်မြောက်အံဆွဲပေါ်ကခြစ်ရာကိုမြန်မြန်ရှာတွေ့သွားပြီးအံဆွဲတစ်ခုချင်းစီက ခြစ်ရာတွေကိုသေချာရေတွက်လိုက်ကာ လျန်ကျင်းရှင်ဆီအမြန်ပြေးသွားလိုက်သည်။

"3145ကိုစမ်းကြည့်ဦး"

လျန်ကျင်းရှင် ကြိုးစားကြည့်လိုက်ချိန် သေတ္တာကပွင့်သွား၏။လော့ယွီရှင်းသည်ကား အမူအရာမရှိဘဲ ကျိချင်းကျိုးထံကြည့်လာသည်။ယွီအန်းယီကမူ စိတ်လှုပ်ရှားစွာဖြင့်

"ဝိုးးးးးး တကယ်ကြီးရတယ်ကျန်း…ကျိချင်းကျိုးရယ် နင်ဘယ်လိုတောင်သိတာလဲ"

ကျိချင်းကျိုး သေတ္တာဆီလျှောက်သွားတော့ အမှန်ပင် အထဲ၌ သော့တစ်ချောင်းရှိနေ၏။သူ သော့ကိုကောက်ယူပြီး  မိမိအတွေးအား ယွီအန်းယီကိုရှင်းပြလိုက်ကာ သော့ပါ မြှောက်ပြလိုက်သည်။

"ဒီသော့တွေက တရုတ်ရိုးရာဆေးသေတ္တာရဲ့ထိပ်ဆုံးအံဆွဲကိုဖွင့်လို့ရမယ့်သော့လေ"

ယွီအန်းယီသည် ပလုပ်တုတ်လေးလို့ ခေါင်းအကြိမ်ကြိမ်
ညိမ့်ကာ သူ့ကိုပြောလာသည်။

"ဒါဆိုလည်းကြည့်ရအောင် ဖွင့်တော့လေ "

ကျိချင်းကျိုး တရုတ်ရိုးရာဆေးသေတ္တာဆီသွား၍ အံဆွဲဖွင့်လိုက်တော့ အံဆွဲလေးခုရှိနေ၏။နှစ်ခုကဘာမှမရှိသော်ငြား တစ်ခြားနှစ်ခုမှာတော့ တစ်ခုထဲ၌ UV pen တစ်ချောင်ရှိကာ တစ်ခုမှာတော့ သော့တစ်ချောင်းရှိလေသည်။
「*UV pen ဆိုတာကလေ ကိုယ်တို့ကျောင်းတုန်းကတော့ကစားဖူးတယ်။penနဲ့စာအုပ်ပေါ်ရေးလိုက်ရင် ဘာမှမမြင်ရဘဲ ပြီးမှ penမှာပါတဲ့ မီးရောင်နဲ့ကြည့်မှ စာတွေမြင်ရတာလေ ပုံလေးအောက်မှာပေးထားပါတယ်」

"ဘယ်လို့လော့မို့ ဒီသော့နဲ့ဖွင့်ရတာလဲ"

ယွီအန်းယီက သူ့ကိုမေးလာသည်။

ကျိချင်းကျိုး ပတ်ပတ်လည်အားစူးစမ်းလိုက်ကာ နောက်ဆုံးကျ ပိတ်ထားသော တံခါးဆီလျှောက်သွားလိုက်သည်။သူ သော့ထည့်ပြီး ဖြည်းဖြည်းလေးလှည့်လိုက်တော့ တံခါးလည်းပွင့်သွား၏။

"အရမ်းလွယ်တာပဲနော်"

ယွီအန်းယီတစ်ယောက် အံ့ဩနေခဲ့သည်။

"နောက်ပိုင်းပိုခက်မယ်နဲ့တူတယ်"

ကျိချင်းကျိုးပြောလိုက်သည်။

"တကယ်တော့ ပထမအဆင့်ပဲရှိသေးလို့ပါ။လေးဆင့်ကျန်သေးတယ်လေ"

ယွီအန်းယီကလည်း တက်ကြွထက်သန်နေကာ သူ့ပခုံးကိုပုတ်ရင်းပြောလာသည်။

"မြန်မြန်လုပ်ကြတာပေါ့။နောက်ပိုင်း ဘယ်လိုတွေခက်ခဲမလဲငါတကယ်ကြီးကြည့်ချင်နေပြီ"

သူမကပြောတဲ့အတိုင်း ဒုတိယတံခါးထဲအရင်ဝင်သွားတော့ တစ်ခြားသူတွေလည်း နောက်ကလိုက်ဝင်ကြသည်။

လော့ယွီရှင်းသည် ကျိချင်းကျိုး၏နောက်ကျောကိုကြည့်ပြီး ဒီမနက်စောစောက ဒါရိုက်တာကြီး သူ့ဆီရောက်လာပြီး ပြောသည့်စကားအားတွေးနေမိသည်။

"ပထမပိုင်းက လျှို့ဝှက်ခန်းမှလွတ်မြောက်ခြင်းပဲ။ဒီဂိမ်းက ဉာဏ်စမ်းဂိမ်းလေ။မင်းကဉာဏ်ကောင်းတော့ ငါတို့ရှိုးအတွက် တာဝန်ယူပေးရမယ်။မင်းရဲ့အိမ်ကွင်းဆိုတော့ အထူးစဉ်းစားစရာမလိုပါဘူး။အစတည်းက မင်းရဲ့ပညာရှိမှုကိုလည်းသက်သေပြနိုင်ဖို့ ယွီရှင်းက တစ်ချို့သော့ချက်တွေကိုကြိုတင်ပြီး သိနေဖို့လိုအပ်တယ်။"

လော့ယွီရှင်းကမူ ယခုလိုမျိုး လှည့်စားမှုမျိုးတွေအသုံးပြုရတာကို စိတ်မဝင်‌စားသောကြောင့် ငြင်းဆန်လိုက်သည်။သူဆိုတာ စမတ်ကျတဲ့လူတစ်ယောက်လို့ပဲ အမြဲတွေးနေကျဖြစ်၍ ဇာတ်ကောင်တစ်ခုကိုသက်သေပြနိုင်ဖို့အတွက်နဲ့ ဒီလိုနည်းလမ်းမျိုးပေါ်မှီခိုစရာမလိုပေ။လိုရမည်ရအနေနဲ့တော့ နောက်ဆုံးအဆင့်ရဲ့ သော့ချက်အား ဒါရိုက်တာကို မေးကြည့်ခဲ့သည်။လော့ယွီရှင်တစ်ယောက် ထိုအကြောင်းကို အတွေးပွားကာ အခုလေးတင် မတည်မငြိမ်ဖြစ်သွားသောစိတ်နှလုံးမှာ တဖန်ဒုံးဒုံးကျသွားပြန်၏။ ကျိချင်းကျိုးပထမဆုံးအဆင့်ကိုဖော်ထုတ်လိုက်ရင်တောင် ကိစ္စမရှိပါဘူး ပထမအဆင့်က အရမ်းလွယ်လွန်းတယ်လေ။သူက ကံကောင်းသွားရုံပါပဲ။ဘာဖြစ်ဖြစ် နောက်ဆုံးအဆင့်ကျရင်တော့ သူပဲဖော်ထုတ်နိုင်မှာဆိုတော့ ခဏတော့ သူ့ကို မာန်တက်ခွင့်ပေးရတာပေါ့လေ။

လော့ယွီရှင်းသည် ပြုံးပြီး ဒုတိယအခန်းတွင်းသို့ သူ့အဖွဲ့နှင့်အတူ လိုက်ဝင်သွားလေသည်။

ဒုတိယအခန်းကပထမအခန်းထက်သိသိသာသာကိုပိုကြီး၏။ဘယ်ဘက်ခြမ်းရှိနံရံပေါ်၌ နာရီတစ်လုံးချိတ်ဆွဲထားသည်။အောက်မှာတော့ အရွယ်အစားမတူသည့်ဗီရိုသုံးလုံးရှိ၏။ညာဘက်ခြမ်းလောက်မှာလည်း ဗီရိုအများကြီးရှိကာ ဗီရိုတစ်ခုစီပေါ်၌ သဲနာရီတစ်လုံးစီချထား၏။တစ်ဝက်လောက်ထိလောင်ကျွမ်းနေသောနံ့သာတိုင်တစ်ချောင်းနှင့် ခွက်တစ်ဝက်ခန့်သောက်ထားသည့် ကော်ဖီခွက်တစ်ခွက်လည်း ရှိလေသည်။သူတို့နှင့်မျက်နှာချင်းဆိုင်နံရံပေါ်တွင် တပြေးညီရှိနေသောလျှောသံချောင်းများနှင့်ကောရစ်တာကိုးခုရှိပြီး ကော်ရစ်တာတွေ၏ထိပ်ပိုင်း၌ သုညကနေ ကိုးအထိ နံပါတ်များအားရေးသားထား၏။

ယွီအန်းယီသည် ဗီရိုဖွင့်ဖို့အမြန်ပြေးတော့သည်။နှစ်ဖက်လုံးရှိတစ်ချို့ဗီရိုတွေသာဖွင့်လို့ရပြီး တစ်ခြားဗီရိုတွေဖွင့်မရတာကိုတွေ့လိုက်ရသည်။

"ငါတို့သော့ရှာဖို့လိုသေးတယ်။ဖွင့်လို့မရတဲ့အံဆွဲအတွက်သော့ရယ်။ဒီတံခါးသော့ရယ်"

အရင်အဆင့်က ကျိချင်းကျိုးကိုနမူနာယူ၍ ဒီတစ်ကြိမ်၌ လူအများက အံဆွဲတွေဆီအရင်စူးစမ်းကြတော့သည်။

လျန်ကျင်းရှင်သည် နံရံပေါ်ချိတ်ထားသည့် နာရီအားကြည့်၍ ထိုနာရီက ရပ်နေသည်ကိုမြင်လိုက်ရသည်။ရုတ်ခြည်း ပထမအခန်းထဲမှ စာကြောင်းက အတွေးထဲဝင်လာသည်။

"ငါသိလိုက်ရတာက 11:30 ပြီဆိုတာပဲ…"

သူ ဗီရိုရှေ့ဆီချက်ချင်းလှမ်းသွားမိကာ နာရီအား 11:30 သို့ ချိန်လိုက်သည်။

"ဘန်း" ခနဲအသံနှင့်အတူ ညာဘက်ဗီရိုက အံဆွဲတစ်ခုထွက်လာသည်။ကျိချင်းကျိုး ခပ်မြန်မြန်သွားပြီး ကြည့်လိုက်တော့ သေတ္တာတစ်လုံးဖြစ်ကာ အထဲ၌ စာအုပ်တစ်အုပ်ရှိနေ၏။သူ လက်လှမ်းပြီးယူလိုက်သော်ငြား ချိုင့်လိလက်အားထိမိသွားသည်။ချိုင့်လိက သူမလက်အား ချက်ချင်းပြန်ရုတ်ကာ ဒေါသတကြီးစိုက်ကြည့်လာ၏။

သူမအကြည့်ကြောင့် ကျိချင်းကျိုးမှာ စိတ်ရှုပ်သွားရသော်လည်း စဉ်းစားနေချိန်မရှိပေ။ထို့ကြောင့် သေတ္တာထဲမှစာအုပ်ကိုသာယူထုတ်လိုက်သည်။

"သော့ဖွင့်ရမယ့်အက္ခရာတွဲက ဂဏန်းသုံးလုံးပဲ"

သူပြောလိုက်သည်။

သူ့လက်ထဲရှိစာအုပ်အားလှန်လှောကြည့်လိုက်၏။

"ဘာစာလုံးမှလဲမရှိတော့ဘူး။ကွက်လပ်ကြီးလား"

ကျိချင်းကျိုးသည် တစ်ခုခုအားမြန်မြန်သဘောပေါက်သွားလျက် အရင်အဆင့်က သူရရှိထားသော UV penဖြင့် ထိုးကြည့်လိုက်တော့မှ စကားလုံးအနည်းငယ်ထွက်ပေါလာလေသည်။

"378"

သူ ဂဏန်းတွေနဲ့စမ်းဖွင့်ကြည့်လိုက်တော့ မည်သည့်အားစိုက်မှုမှမလိုပါဘဲ အက္ခရာအတွဲကြီးပွင့်သွားကာ အထဲမှာသော့တစ်ချောင်းရှိနေသည်ကိုတွေ့လိုက်ရသည်။

ကျိချင်းကျိုးသည် သော့အား ယွီအန်းယီဆီလွှဲပေးလိုက်၏။ယွီအန်းယီက အ‌မွှေးပွအရုပ်တစ်ရုပ်နှင့် သေတ္တာတစ်ခုရှိနေသောသူမဘေးမှအံဆွဲအားဖွင့်လိုက်သည်။

သူမလက်ထဲရှိအမွှေးပွအရုပ်အားကြည့်ကာ

"ဘာကြီးလဲ။ဟက်စကီးတော့မဖြစ်နိုင်ဘူး…ဝံပုလွေများလား။"

ကျိချင်းကျိုးသည်ကား သူမလက်ထဲမှသေတ္တာစီအကြည့်ရောက်လျက်

"ဒါဖွင့်ဖို့ သော့လိုတယ်"

"ဒါဆိုသော့ရှာတာပေါ့"

မိမိအဖွဲ့မှာဖိနှိပ်ခံရတယ်လို့ ခံစားနေရပုံပေါ်တဲ့ မုန့်ယွမ်ပိုင်က စကားဆိုလာသည်။

ထိုစကားကြာသည်နှင့် ကျိချင်းကျိုးတစ်ယောက် ပျာယာခတ်ပြီး ဗီရိုထဲမှာလှန်လှောရှာဖွေဖို့လုပ်လိုက်‌ပေမယ့်   ချိုင့်လိအား မတော်တဆတိုက်မိသွား၏။ချိုင့်လိက စိတ်မရှည်သလိုမျိုး သူ့ကိုစူးစိုက်ကြည့်လာသည်။

ကျိချင်းကျိုးတစ်ယောက် သူမရဲ့စိတ်အခြေအနေကထူဆန်းနေတယ်လိုခံစားရ၍ ကောင်းကောင်းမွန်မွန်တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်"

သို့သော် ချိုင့်လိက သူ့ကိုမရှိသလိုသဘောထားလာ၏။

ကျိချင်းကျိုးမှာ ဆက်မတောင်းပန်တော့ဘဲ သော့ကိုပဲဆက်ရှာနေလိုက်တော့သည်။

လျန်ကျင်းရှင်သည် ဗီရိုပေါ်က ပရိဘောကတွေကို လိုက်ကြည့်ရင်း ယင်းနျန်ကိုပြန်လှည့်လိုက်သည်။

"မင်းခုနကရှာတွေ့ခဲ့တဲ့အဲ့စာအုပ်ဘယ်မှာလဲ"

ယင်းနျန် သူ့လက်ထဲစာအုပ်ထည့်ပေးလာသည်နှင့် ထိုစာအုပ်ထဲမှရေးထားသည်များအားဖတ်ရှူလိုက်သည်။

"အဲ့နောက်တော့ ရှောင်လီ၊လောင်ကျန်းနဲ့တစ်ခြားသူတွေလည်း တစ်ယောက်ပြီးတစ်ယောက်ပျောက်သွားကြတယ်။သူတို့ပျောက်တဲ့အချိန်ကို ငါမှတ်ထားတာတော့ မနက်ခင်း 7:10 ,2:25pm,8:15pm, 4am, 10:30pmမှာပဲ ”

လျန်ကျင်းရှင် ကြည့်နေရင်း စိတ်‌ထဲမှတွက်ချက်လိုက်သည်။

"1, 5, 8, 11, 3, 12"

သူက နံပါတ်တွေရေးထားသည့်နံရံဆီလျှောက်သွားလိုက်သည်။ထို့နောက်  နံပါတ်တစ်ခုချင်းဆီအောက်မှအရွယ်တူလေးထောင့်ကွက် တစ်ခုစီကို နံပါတ်အတိုင်းဖိနှိပ်လိုက်၏။11ကဲ့သို့ ဂဏန်းနှစ်လုံးကျတော့ အပေါ်တန်းနှင့်အောက်တန်းဆိုပြီး စီစဉ်ထားကြသည်။

ရလဒ်ကတော့ နံပါတ်နှစ်အား တွဲတွဲပြီးချင်း "ဘန်း" ဆိုသောအသံနှင့်အတူ ဖွင့်မရသည့်တစ်ခြားအံဆွဲတစ်ခုပွင့်လာခဲ့သည်။ယွီအန်းယီသည် မြန်မြန်ပြေးလာပြီး အံဆွဲထဲမှသော့ကိုလာထုတ်ကာ သူ့လက်ထဲက သေတ္တာကိုဖွင့်၍ ပျော်ရွှင်စွာပြောလာသည်။

"ဒီမှာလည်းသော့ပဲ။ငါတို့တံခါးဖွင့်လို့ရမယ့်သောဖြစ်လိမ့်မယ်"

သူမကပြောရင်းဆိုရင်း တံခါးဆီလျှောက်သွား၏။အမှန်ပင်။ဒုတိယတံခါးချက်လည်း ပွင့်သွားခဲ့သည်။

ယွီအန်းယီသည် လျန်ကျင်းရှင်အားတအံ့တဩကြည့်လျက်

"ရှင်အရမ်းတော်တာပဲ"

လျန်ကျင်းရှင်ကမူ ဘာမပြောလာဘဲ ပြုံးပြုံးလေးပင်။

"ဘာဆက်လုပ်ကြမလဲ"

မုန့်ယွမ်ပိုင်ကမေးလာသည်။

လျန်ရှင်တစ်ယောက် ဗီရိုပေါ်က ပစ္စည်းတွေဆီမေးပေါ့ပြလိုက်သည်။

"ဒီပစ္စည်းတွေအကုန်လုံးမှာ အချိန်သတ်မှတ်ဖို့အတွက် ပုံမှန်လုပ်ဆောင်ချက်တစ်ခုရှိတယ်။ငါတို့ဝင်လာတော့ နာရီကိုတိုက်မိသွားပြီးယန္တရားတွေကအသက်ဝင်လာတော့ ပထမဗီရိုပွင့်လာတယ်။ပြောချင်တာကကွာ ဒီအခန်းထဲက ယန္တရားက အချိန်နဲ့ဆက်စပ်နေတာဖြစ်ရမယ်။ချင်းကျိုးက သူအရင်အဆင့်မှာရခဲ့တဲ့ UVကိုသုံးပြီး သော့ရလို့ သေတ္တာဖွင့်ခဲ့တယ်လေ။အဲ့ဒါက အဆင့်တစ်ခုချင်းစီကဆက်စပ်နေတယ်လို့ မီးမှောင်းထိုးပြနေတာပဲ။အဲ့လိုပဲ အထူးသဖြင့် ဒီနံရံတွေရှိနေတာက ဒီအဆင့်ကိုဖျက်ဖို့ သော့ဖြစ်ရမယ်ဆိုပြီး ငါလည်း အရင်အဆင့်နဲ့ဆက်စပ်တာတွေရော အချိန်ဆက်စပ်ချက်တွေရောတွေးလိုက်တာလေ။ဒါကြောင့် ဆယ်နှစ်နာရီပဲကျန်တော့တာ။"

"ရှေးခေတ်က အချိန်ကိုဆို ကော်ဖီတစ်ခွက်နဲ့ နံသာတိုင်းတစ်ချောင်းဆိုပြီး အမြဲသုံးနေကျမဟုတ်လား။အချက်အလက်တွေက အချိန်နဲ့ဆက်စပ်နေတယ်လေ။အဲ့တော့ မူလပိုင်ရှင်က လူတစ်ယောက်ပျောက်သွားတဲ့အချိန်ကို  ယင်းနျန်လက်ထဲက မှတ်စုစာအုပ်ထဲမှာရေးထားခဲ့တယ်။ပထမဆုံးလူပျောက်တဲ့အချိန်ကို ရှေးခေတ်အချိန်အတိုင်းသတ်မှတ်မယ်ဆို ပထမတစ်ယောက်ပျောက်တာက 11နာရီခွဲ။ 11ခွဲဆို ရှေးခေတ်အချိန်က ကျစ်ရှီ။ကျစ်ရှီက အရင်လာတာ‌ဆိုတော့ 1လေ ။ ပြီးတော့ ဆက်ပြီး တွေးကြည့်တော့ 1, 5, 8, 11, 3, 12ဆိုပြီးဖြစ်လာတာကွာ"

#########

UV pen

ကျိုးကျိုး‌ အောင်မြင်မယ့်အချိန်တွေနီးလာပါပြီ။

ကြာသွားတယ်နော်🤭 နောက်လည်း အပ်ဒိတ်ကျဲဦးမှာမို့ စောင့်ပေးကြပါဦးရှင်💙💙💙

##################

Zawgyi

သူက အသက္႐ွင္တာၾကာေလေလ အေတြးမ်ားလာေလပဲလို႔ လ်န္က်င္း႐ွင္ထင္မိတယ္။ဒီေလာက္႐ိုး႐ွင္းတဲ့အရာကိုေတာင္ ႐ွင္း႐ွင္းလင္းလင္းမျမင္ႏိုင္ဘူး။

"မင္းက ယြီအန္းယီမို႔လား။မင္း ပြဲဦးစထြက္တုန္းက သာမန္လူသစ္ေတြလိုမ်ိဳး အေတြ႕အၾကဳံမ႐ွိဘဲ ေခါင္းေဆာင္မင္းသားတန္းျဖစ္ႏိုင္ေတာ့ ဒီလို ႐ိုး႐ိုးစင္းစင္းေျပာႏိုင္တာေပါ့။ထားလိုက္ေတာ့ အဲ့လိုေျပာတာ ယြီအန္းယီကို ေစာ္ကားလိုက္သလိုပဲ ယြီအန္းယီကမွမင္းထက္ ဉာဏ္ပိုေကာင္းေသးတယ္။"

မုန္႔ယြမ္ပိုင္ : ………

လ်န္က်င္း႐ွင္သည္ အခန္းဆီျပန္ၿပီး အခန္းကဒ္ထုတ္၍ တံခါးဖြင့္လိုက္ကာ သူ႕သူငယ္ခ်င္းႀကီးအား ႏွစ္သိမ့္ေပးလိုက္သည္။

"ျပန္ၿပီး သစ္ၾကာသီးမ်ားမ်ားသြားစားခ်ည္သြား"

မုန္႔ယြမ္ပိုင္ : ………

အဲ့လူက တကယ္ႀကီး သူ႕ကိုအထင္လြဲေနတယ္လို႔ မုန္႔ယြမ္ပိုင္ေလး ခံစားေနရတယ္ေနာ္ !!!

လ်န္က်င္း႐ွင္းက စိတ္ပါလက္ပါနဲ႔ သူ႕အတြက္ေတြးေပးမယ္လို႔ က်ိခ်င္းက်ိဳးမေမွ်ာ္လင့္ထားခဲ့ပါ။ထို႔ေၾကာင့္ တံခါးပိတ္ၿပီးသည္ႏွင့္သူ႕ကိုယ္သူ သတိေပးလိုက္မိသည္။ တကယ္ေတာ့ သူဘက္က "စီနီယာေကာ" ‌လို႔ေခၚတဲ့အခ်ိန္မွာ လ်န္က်င္း႐ွင္းက "စီနီယာေကာလို႔မေခၚနဲ႔" ဆိုၿပီး ေျပာလို႔ရေပမယ့္ မေျပာခဲ့ေပ။ထိုအစား ထိုသိုေခၚသည္ကို သေဘာတူၿပီးမွသာ မ်က္ႏွာခ်င္းဆိုင္ စိတ္႐ွည္လက္႐ွည္႐ွင္းျပေပးလာသည္။လ်န္က်င္း႐ွင္က ခ်ဴခ်န္နဲ႔ က်ိဳးခ်န္ဖုန္းတို႔ ေျပာတာထက္ပိုၿပီး စိတ္ထားႏူးညံ့ပုံပင္။က်ိခ်င္းက်ိဳးေတာ့ တကယ္ကံေကာင္းတာပဲ။

ဒုတိယေန႔အဖြဲ႕ဖြဲ႕တဲ့အခ်ိန္ထိ ကံေကာင္းမႈေလးက ဆက္႐ွိေနခဲ့သည္။သူရယ္၊လ်န္က်င္း႐ွင္ရယ္၊ယြီအန္းယီရယ္၊ယင္းႏ်န္ရယ္၊ေပ့ဝမ္ေယာင္ရယ္၊နာမည္ႀကီးဧည့္သည္ ႐ွစ္႐ွစ္တို႔ရယ္က ပထမအဖြဲ႕ျဖစ္သည္။

ယြီအန္းယီသည္ အလြန္ေပ်ာ္႐ႊင္သြားကာ က်ိခ်င္းက်ိဳးနား တိုးတိုးကပ္ေျပာလာသည္။

"ငါတို႔သုံးေယာက္ကေနာ္ ကုမၸဏီကလည္းတူ အဖြဲ႕ကလည္း တူနဲ႔"

က်ိခ်င္းက်ိဳးလည္း ေခါင္းညိမ့္လိုက္သည္။ ေလာ့ယြီ႐ွင္းအဖြဲ႕မွာ မပါရလို႔ကေတာ့ ေက်နပ္အားရပဲ။

"လာစမ္းပါ… ငါတို႔ပဲႏိုင္ရမယ္"

ယြီအန္းယီကေျပာလာသည္။

အစီအစဥ္ပထမပိုင္းအတြက္ ႐ိုက္ကူးေရးအဖြဲ႕က လွ်ိဳ႕ဝွက္ခန္းမွလြတ္ေျမာက္ျခင္း + PKၾကယ္ပြင့္ ဟူ၍ သတ္မွတ္ထားသည္။ပထမဆုံး လွ်ိဳ႕ဝွက္ခန္းမွလြတ္ေျမာက္ျခင္းကို အဖြဲ႕ႏွစ္ဖြဲ႕ပါဝင္ရသည္။လွ်ိဳ႕ဝွက္ခန္းမွာက အဆင့္ငါးဆင့္႐ွိၿပီး အဆင့္တစ္ခုကို ေျဖ႐ွင္းႏိုင္တာနဲ႔ သူ(သို႔)သူမအဖြဲ႕က အမွတ္တစ္မွတ္ရမည္ျဖစ္သည္။ေနာက္ဆုံးမွာ အမွတ္အမ်ားဆုံးရတဲ့အဖြဲ႕က ေနာက္PKၾကယ္ပြင့္အစီအစဥ္၌  itemကို အရင္ဆုံးေ႐ြးခ်ယ္ႏိုင္သည္။

က်င္း႐ွင္ရဲ႕အဖြဲ႕ကေတာ့ သူကိုပဲေခါင္းေဆာင္လုပ္ခိုင္းၾကၿပီး သူ႕ဦးေဆာင္မႈေအာက္မွာပဲ လုပ္ေဆာင္ၾကသည္။ တစ္ဖက္အဖြဲ႕ကေတာ့ မုန္႔ယြမ္ပိုင္ႏွင့္ေလာ့ယြီ႐ွင္းတို႔သည္ ေက်ာ္ၾကားမႈအရေရာ အဆင့္အရေရာ တူညီၾကသည္။ ေလာ့ယြီ႐ွင္းသည္ သူက အခုမွရသစုံ႐ိႈးမွာ ပါတဲ့လူသစ္တစ္ေယာက္ျဖစ္တာကိုစဥ္းစားမိကာ စကားအရင္စလိုက္သည္။

"ယြမ္ပိုင္ပဲ ေခါင္းေဆာင္လုပ္လိုက္ပါ"

မုန္႔ယြမ္ပိုင္တစ္ေယာက္ သူကအဲ့လိုေျပာလာမွေတာ့ ႏွိမ္ခ်မေနေတာ့ဘဲ ေခါင္းေဆာင္ေနရာကိုယူလိုက္သည္။သူက လ်န္က်င္း႐ွင္နဲ႔ တစ္ျခားသူေတြေနာက္လိုက္ကာ သူအဖြဲ႕ကို လွ်ိဳ႕ဝွက္ခန္းထဲသို႔ ေကာင္းေကာင္းမြန္မြန္ေခၚေဆာင္သြားခဲ့သည္။

ပထမအဆင့္႐ွိ အခန္းမွာ အရမ္းကိုေျပာင္႐ွင္းေနသည္။ဗီ႐ိုေလးတစ္လုံး၊ေကာ္ဖီစားပြဲတစ္ခု၊ဆိုဖာတစ္ခုႏွင့္ တ႐ုတ္႐ိုးရာေဆးဗီ႐ိုေလးတစ္လုံးသာ႐ွိ၏။

လ်န္က်င္း႐ွင္ကေျပာလာသည္။

"ပတ္ပတ္လည္က သဲလြန္စကိုအရင္႐ွာၾကတာေပါ့"

လူတိုင္းကလည္း စတင္လႈပ္႐ွားၾကေတာ့သည္။

လ်န္က်င္း႐ွင္သည္ ဗီ႐ိုအံဆြဲကိုဆြဲဖြင့္ေနခ်ိန္ က်ိခ်င္းက်ိဳးသည္လည္း တ႐ုတ္႐ိုးရာေဆးဗီ႐ိုဆီသြား၍ အံဆြဲဖြင့္ဖို႔ႀကိဳးစားလိုက္သည္။ဆြဲထုတ္ရင္း ဆြဲထုတ္ရင္းနဲ႔ ဖြင့္လို႔မရတဲ့အံဆြဲေတြအမ်ားႀကီး႐ွိေနတာကို ေတြ႕လိုက္ရ၏။

"ဒီမွာ ေသတၱာတစ္လုံး"

လ်န္က်င္း႐ွင္ေျပာလိုက္သည္။

ယြီအန္းယီက ခ်က္ခ်င္းအနားကပ္လာၿပီး

"ေလာ့က်ေနတယ္ ဂဏန္းေလးလုံးပဲ"

လ်န္က်င္း႐ွင္းလည္း ေခါင္းညိမ့္လိုက္ကာ

"ကုတ္နံပါတ္နဲ႔ဆက္စပ္တာတစ္ခုခု႐ွာၾကည့္ၾကရေအာင္"

"ဆိုဖာအခင္းေအာက္မွာစာအုပ္တစ္အုပ္ဟ…"

ယင္းႏ်န္လည္း စာအုပ္ကိုဖြင့္ၾကည့္လိုက္သည္။

"ဒီေန႔က မတ္လ3ရက္ေန႔…ငါဒီမွာ႐ွိေနတာ ခုနစ္ရက္ေတာင္႐ွိေနၿပီ…ငါျပန္မထြက္ႏိုင္ေတာ့တာ အေသအခ်ာပဲ။ေနာက္ပိုင္း ဒီကိုေရာက္လာၾကသူေတြကို ငါ့မွတ္စုေလးက ကူညီႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိ႐ုံပါ…"

"မတ္လ3ရက္"

ေလာ့ယြီ႐ွင္းက ေတြးဆဆလုပ္ကာ

"သူေရာက္ေနတာခုနစ္ရက္႐ွိၿပီဆိုေတာ့ ေဖေဖာ္ဝါရီလ 25 ,26ရက္ေန႔တည္းက ဒီမွာ႐ွိေနတာျဖစ္မယ္။လ်န္ေကာ 0225ျဖစ္ျဖစ္0226ျဖစ္ျဖစ္ႀကိဳးစားၾကည့္ပါလား"

လ်န္က်င္း႐ွင္းလည္း စမ္းၾကည့္လိုက္သည္။

"ဒါမဟုတ္ဘူး"

"ယင္းႏ်န္ ဆက္ၿပီးဖတ္ၾကည့္ပါဦး"

ေလာ့ယြီ႐ွင္းကေျပာလာ၏။

ယင္းႏ်န္ကေခါင္းညိမ့္ကာ

"ငါတို႔ကလူခုနစ္ေယာက္ပါတဲ့ အဖြဲ႕တစ္ဖြဲ႕ပါ။ရတနာတူးဖို႔ ဒီကိုေရာက္လာၾကတာ။ဒါေပမယ့္ ငါတို႔ဒီေနရာကို ေရာက္မဆိုက္မွာပဲ တစ္ေယာက္ၿပီးတစ္ေယာက္ ေပ်ာက္ေပ်ာက္သြားၾကတယ္။ပထမဆုံးတစ္ေယာက္က ဘုရင္အိုႀကီးပဲ တစ္ညမွာ သူေပ်ာက္သြားခဲ့တယ္။ငါသိလိုက္ရတာက 11:30pm ႐ွိၿပီဆိုတာ…"

"11:30"

ေလာ့ယြီ႐ွင္းကေျပာလာသည္။

လ်န္က်င္း႐ွင္းလည္း ႀကိဳးစားၾကည့္လိုက္သည္။

"မဟုတ္ေသးဘူး"

က်ိခ်င္းက်ိဳးသည္ မိမိေ႐ွ႕မွ တ႐ုတ္႐ိုးရာေဆးဗီ႐ိုအားၾကည့္၍ ဒီအံဆြဲေတြအမ်ားႀကီးက ဘာအတြက္႐ွိေနတာလဲ ေတြးေနမိသည္။တစ္ခ်ိဳ႕က် ဖြင့္လို႔ရၿပီး တစ္ခ်ိဳ႕က်ဘာလို႔ ဖြင့္လို႔မရတာလဲ။ခဏေလး…တစ္ျခားအံဆြဲေတြကိုဖြင့္လို႔ရတယ္ဆို မဖြင့္ႏိုင္တဲ့အံဆြဲေတြလည္း ဖြင့္လို႔ရမွေလာ့ဂ်စ္က်မွာေပါ့ ။ဒါေပမယ့္ ေသာ့မွမ႐ွိတာ။ဆိုေတာ့ ေသာ့က ဘယ္ေနရာမွာ႐ွိေလာက္မလဲ။အဲ့ေသတၱာထဲမွာျဖစ္ႏိုင္လား။အဲ့ေသတၱာထဲမွာသာဆို ေသတၱာကိုဖြင့္မည့္ေသာ့က ဖြင့္လို႔မရတဲ့ အံဆြဲထဲမွာ ႐ွိေလာက္တယ္။

က်ိခ်င္းက်ိဳးသည္ အေတြးမ်ားႏွင့္ သူ႕ေ႐ွ႕မွဖြင့္မရေသာ အံဆြဲေတြကို ဂ႐ုတစိုက္ၾကည့္႐ွဴလိုက္ေတာ့ တစ္ျခားဖြင့္လို႔ရတဲ့အံဆြဲေတြႏွင့္မတူသည္ကိုေတြ႕လိုက္ရသည္။ထိုအံဆြဲေတြေပၚမွာ အမ်ိဳးမ်ိဳးေရးျခစ္ထားခဲ့သည္။ေျပာရရင္ေတာ့ အံဆြဲေလးခုမွာ ဂဏန္းေလးလုံးလိုမ်ိဳး ေရးျခစ္ထားသည္။သူက ဆြဲထုတ္လို႔မရတဲ့ အံဆြဲရဲ႕နံပါတ္ေတြကို ေရတြက္လိုက္သည္။သုံးခုထက္မကပို႐ွိေလသည္။

က်ိခ်င္းက်ိဳးသည္ ေလးဆင့္ေျမာက္အံဆြဲေပၚကျခစ္ရာကိုျမန္ျမန္႐ွာေတြ႕သြားၿပီးအံဆြဲတစ္ခုခ်င္းစီက ျခစ္ရာေတြကိုေသခ်ာေရတြက္လိုက္ကာ လ်န္က်င္း႐ွင္ဆီအျမန္ေျပးသြားလိုက္သည္။

"3145ကိုစမ္းၾကည့္ဦး"

လ်န္က်င္း႐ွင္ ႀကိဳးစားၾကည့္လိုက္ခ်ိန္ ေသတၱာကပြင့္သြား၏။ေလာ့ယြီ႐ွင္းသည္ကား အမူအရာမ႐ွိဘဲ က်ိခ်င္းက်ိဳးထံၾကည့္လာသည္။ယြီအန္းယီကမူ စိတ္လႈပ္႐ွားစြာျဖင့္

"ဝိုးးးးးး တကယ္ႀကီးရတယ္က်န္း…က်ိခ်င္းက်ိဳးရယ္ နင္ဘယ္လိုေတာင္သိတာလဲ"

က်ိခ်င္းက်ိဳး ေသတၱာဆီေလွ်ာက္သြားေတာ့ အမွန္ပင္ အထဲ၌ ေသာ့တစ္ေခ်ာင္း႐ွိေန၏။သူ ေသာ့ကိုေကာက္ယူၿပီး  မိမိအေတြးအား ယြီအန္းယီကို႐ွင္းျပလိုက္ကာ ေသာ့ပါ ေျမႇာက္ျပလိုက္သည္။

"ဒီေသာ့ေတြက တ႐ုတ္႐ိုးရာေဆးေသတၱာရဲ႕ထိပ္ဆုံးအံဆြဲကိုဖြင့္လို႔ရမယ့္ေသာ့ေလ"

ယြီအန္းယီသည္ ပလုပ္တုတ္ေလးလို႔ ေခါင္းအႀကိမ္ႀကိမ္
ညိမ့္ကာ သူ႕ကိုေျပာလာသည္။

"ဒါဆိုလည္းၾကည့္ရေအာင္ ဖြင့္ေတာ့ေလ "

က်ိခ်င္းက်ိဳး တ႐ုတ္႐ိုးရာေဆးေသတၱာဆီသြား၍ အံဆြဲဖြင့္လိုက္ေတာ့ အံဆြဲေလးခု႐ွိေန၏။ႏွစ္ခုကဘာမွမ႐ွိေသာ္ျငား တစ္ျခားႏွစ္ခုမွာေတာ့ တစ္ခုထဲ၌ UV pen တစ္ေခ်ာင္႐ွိကာ တစ္ခုမွာေတာ့ ေသာ့တစ္ေခ်ာင္း႐ွိေလသည္။
「*UV pen ဆိုတာကေလ ကိုယ္တို႔ေက်ာင္းတုန္းကေတာ့ကစားဖူးတယ္။penနဲ႔စာအုပ္ေပၚေရးလိုက္ရင္ ဘာမွမျမင္ရဘဲ ၿပီးမွ penမွာပါတဲ့ မီးေရာင္နဲ႔ၾကည့္မွ စာေတြျမင္ရတာေလ ပုံေလးေအာက္မွာေပးထားပါတယ္」

"ဘယ္လို႔ေလာ့မို႔ ဒီေသာ့နဲ႔ဖြင့္ရတာလဲ"

ယြီအန္းယီက သူ႕ကိုေမးလာသည္။

က်ိခ်င္းက်ိဳး ပတ္ပတ္လည္အားစူးစမ္းလိုက္ကာ ေနာက္ဆုံးက် ပိတ္ထားေသာ တံခါးဆီေလွ်ာက္သြားလိုက္သည္။သူ ေသာ့ထည့္ၿပီး ျဖည္းျဖည္းေလးလွည့္လိုက္ေတာ့ တံခါးလည္းပြင့္သြား၏။

"အရမ္းလြယ္တာပဲေနာ္"

ယြီအန္းယီတစ္ေယာက္ အံ့ဩေနခဲ့သည္။

"ေနာက္ပိုင္းပိုခက္မယ္နဲ႔တူတယ္"

က်ိခ်င္းက်ိဳးေျပာလိုက္သည္။

"တကယ္ေတာ့ ပထမအဆင့္ပဲ႐ွိေသးလို႔ပါ။ေလးဆင့္က်န္ေသးတယ္ေလ"

ယြီအန္းယီကလည္း တက္ႂကြထက္သန္ေနကာ သူ႕ပခုံးကိုပုတ္ရင္းေျပာလာသည္။

"ျမန္ျမန္လုပ္ၾကတာေပါ့။ေနာက္ပိုင္း ဘယ္လိုေတြခက္ခဲမလဲငါတကယ္ႀကီးၾကည့္ခ်င္ေနၿပီ"

သူမကေျပာတဲ့အတိုင္း ဒုတိယတံခါးထဲအရင္ဝင္သြားေတာ့ တစ္ျခားသူေတြလည္း ေနာက္ကလိုက္ဝင္ၾကသည္။

ေလာ့ယြီ႐ွင္းသည္ က်ိခ်င္းက်ိဳး၏ေနာက္ေက်ာကိုၾကည့္ၿပီး ဒီမနက္ေစာေစာက ဒါ႐ိုက္တာႀကီး သူ႕ဆီေရာက္လာၿပီး ေျပာသည့္စကားအားေတြးေနမိသည္။

"ပထမပိုင္းက လွ်ိဳ႕ဝွက္ခန္းမွလြတ္ေျမာက္ျခင္းပဲ။ဒီဂိမ္းက ဉာဏ္စမ္းဂိမ္းေလ။မင္းကဉာဏ္ေကာင္းေတာ့ ငါတို႔႐ိႈးအတြက္ တာဝန္ယူေပးရမယ္။မင္းရဲ႕အိမ္ကြင္းဆိုေတာ့ အထူးစဥ္းစားစရာမလိုပါဘူး။အစတည္းက မင္းရဲ႕ပညာ႐ွိမႈကိုလည္းသက္ေသျပႏိုင္ဖို႔ ယြီ႐ွင္းက တစ္ခ်ိဳ႕ေသာ့ခ်က္ေတြကိုႀကိဳတင္ၿပီး သိေနဖို႔လိုအပ္တယ္။"

ေလာ့ယြီ႐ွင္းကမူ ယခုလိုမ်ိဳး လွည့္စားမႈမ်ိဳးေတြအသုံးျပဳရတာကို စိတ္မဝင္‌စားေသာေၾကာင့္ ျငင္းဆန္လိုက္သည္။သူဆိုတာ စမတ္က်တဲ့လူတစ္ေယာက္လို႔ပဲ အၿမဲေတြးေနက်ျဖစ္၍ ဇာတ္ေကာင္တစ္ခုကိုသက္ေသျပႏိုင္ဖို႔အတြက္နဲ႔ ဒီလိုနည္းလမ္းမ်ိဳးေပၚမွီခိုစရာမလိုေပ။လိုရမည္ရအေနနဲ႔ေတာ့ ေနာက္ဆုံးအဆင့္ရဲ႕ ေသာ့ခ်က္အား ဒါ႐ိုက္တာကို ေမးၾကည့္ခဲ့သည္။ေလာ့ယြီ႐ွင္တစ္ေယာက္ ထိုအေၾကာင္းကို အေတြးပြားကာ အခုေလးတင္ မတည္မၿငိမ္ျဖစ္သြားေသာစိတ္ႏွလုံးမွာ တဖန္ဒုံးဒုံးက်သြားျပန္၏။ က်ိခ်င္းက်ိဳးပထမဆုံးအဆင့္ကိုေဖာ္ထုတ္လိုက္ရင္ေတာင္ ကိစၥမ႐ွိပါဘူး ပထမအဆင့္က အရမ္းလြယ္လြန္းတယ္ေလ။သူက ကံေကာင္းသြား႐ုံပါပဲ။ဘာျဖစ္ျဖစ္ ေနာက္ဆုံးအဆင့္က်ရင္ေတာ့ သူပဲေဖာ္ထုတ္ႏိုင္မွာဆိုေတာ့ ခဏေတာ့ သူ႕ကို မာန္တက္ခြင့္ေပးရတာေပါ့ေလ။

ေလာ့ယြီ႐ွင္းသည္ ျပဳံးၿပီး ဒုတိယအခန္းတြင္းသို႔ သူ႕အဖြဲ႕ႏွင့္အတူ လိုက္ဝင္သြားေလသည္။

ဒုတိယအခန္းကပထမအခန္းထက္သိသိသာသာကိုပိုႀကီး၏။ဘယ္ဘက္ျခမ္း႐ွိနံရံေပၚ၌ နာရီတစ္လုံးခ်ိတ္ဆြဲထားသည္။ေအာက္မွာေတာ့ အ႐ြယ္အစားမတူသည့္ဗီ႐ိုသုံးလုံး႐ွိ၏။ညာဘက္ျခမ္းေလာက္မွာလည္း ဗီ႐ိုအမ်ားႀကီး႐ွိကာ ဗီ႐ိုတစ္ခုစီေပၚ၌ သဲနာရီတစ္လုံးစီခ်ထား၏။တစ္ဝက္ေလာက္ထိေလာင္ကြၽမ္းေနေသာနံ႔သာတိုင္တစ္ေခ်ာင္းႏွင့္ ခြက္တစ္ဝက္ခန္႔ေသာက္ထားသည့္ ေကာ္ဖီခြက္တစ္ခြက္လည္း ႐ွိေလသည္။သူတို႔ႏွင့္မ်က္ႏွာခ်င္းဆိုင္နံရံေပၚတြင္ တေျပးညီ႐ွိေနေသာေလွ်ာသံေခ်ာင္းမ်ားႏွင့္ေကာရစ္တာကိုးခု႐ွိၿပီး ေကာ္ရစ္တာေတြ၏ထိပ္ပိုင္း၌ သုညကေန ကိုးအထိ နံပါတ္မ်ားအားေရးသားထား၏။

ယြီအန္းယီသည္ ဗီ႐ိုဖြင့္ဖို႔အျမန္ေျပးေတာ့သည္။ႏွစ္ဖက္လုံး႐ွိတစ္ခ်ိဳ႕ဗီ႐ိုေတြသာဖြင့္လို႔ရၿပီး တစ္ျခားဗီ႐ိုေတြဖြင့္မရတာကိုေတြ႕လိုက္ရသည္။

"ငါတို႔ေသာ့႐ွာဖို႔လိုေသးတယ္။ဖြင့္လို႔မရတဲ့အံဆြဲအတြက္ေသာ့ရယ္။ဒီတံခါးေသာ့ရယ္"

အရင္အဆင့္က က်ိခ်င္းက်ိဳးကိုနမူနာယူ၍ ဒီတစ္ႀကိမ္၌ လူအမ်ားက အံဆြဲေတြဆီအရင္စူးစမ္းၾကေတာ့သည္။

လ်န္က်င္း႐ွင္သည္ နံရံေပၚခ်ိတ္ထားသည့္ နာရီအားၾကည့္၍ ထိုနာရီက ရပ္ေနသည္ကိုျမင္လိုက္ရသည္။႐ုတ္ျခည္း ပထမအခန္းထဲမွ စာေၾကာင္းက အေတြးထဲဝင္လာသည္။

"ငါသိလိုက္ရတာက 11:30 ၿပီဆိုတာပဲ…"

သူ ဗီ႐ိုေ႐ွ႕ဆီခ်က္ခ်င္းလွမ္းသြားမိကာ နာရီအား 11:30 သို႔ ခ်ိန္လိုက္သည္။

"ဘန္း" ခနဲအသံႏွင့္အတူ ညာဘက္ဗီ႐ိုက အံဆြဲတစ္ခုထြက္လာသည္။က်ိခ်င္းက်ိဳး ခပ္ျမန္ျမန္သြားၿပီး ၾကည့္လိုက္ေတာ့ ေသတၱာတစ္လုံးျဖစ္ကာ အထဲ၌ စာအုပ္တစ္အုပ္႐ွိေန၏။သူ လက္လွမ္းၿပီးယူလိုက္ေသာ္ျငား ခ်ိဳင့္လိလက္အားထိမိသြားသည္။ခ်ိဳင့္လိက သူမလက္အား ခ်က္ခ်င္းျပန္႐ုတ္ကာ ေဒါသတႀကီးစိုက္ၾကည့္လာ၏။

သူမအၾကည့္ေၾကာင့္ က်ိခ်င္းက်ိဳးမွာ စိတ္႐ႈပ္သြားရေသာ္လည္း စဥ္းစားေနခ်ိန္မ႐ွိေပ။ထို႔ေၾကာင့္ ေသတၱာထဲမွစာအုပ္ကိုသာယူထုတ္လိုက္သည္။

"ေသာ့ဖြင့္ရမယ့္အကၡရာတြဲက ဂဏန္းသုံးလုံးပဲ"

သူေျပာလိုက္သည္။

သူ႕လက္ထဲ႐ွိစာအုပ္အားလွန္ေလွာၾကည့္လိုက္၏။

"ဘာစာလုံးမွလဲမ႐ွိေတာ့ဘူး။ကြက္လပ္ႀကီးလား"

က်ိခ်င္းက်ိဳးသည္ တစ္ခုခုအားျမန္ျမန္သေဘာေပါက္သြားလ်က္ အရင္အဆင့္က သူရ႐ွိထားေသာ UV penျဖင့္ ထိုးၾကည့္လိုက္ေတာ့မွ စကားလုံးအနည္းငယ္ထြက္ေပါလာေလသည္။

"378"

သူ ဂဏန္းေတြနဲ႔စမ္းဖြင့္ၾကည့္လိုက္ေတာ့ မည္သည့္အားစိုက္မႈမွမလိုပါဘဲ အကၡရာအတြဲႀကီးပြင့္သြားကာ အထဲမွာေသာ့တစ္ေခ်ာင္း႐ွိေနသည္ကိုေတြ႕လိုက္ရသည္။

က်ိခ်င္းက်ိဳးသည္ ေသာ့အား ယြီအန္းယီဆီလႊဲေပးလိုက္၏။ယြီအန္းယီက အ‌ေမႊးပြအ႐ုပ္တစ္႐ုပ္ႏွင့္ ေသတၱာတစ္ခု႐ွိေနေသာသူမေဘးမွအံဆြဲအားဖြင့္လိုက္သည္။

သူမလက္ထဲ႐ွိအေမႊးပြအ႐ုပ္အားၾကည့္ကာ

"ဘာႀကီးလဲ။ဟက္စကီးေတာ့မျဖစ္ႏိုင္ဘူး…ဝံပုေလြမ်ားလား။"

က်ိခ်င္းက်ိဳးသည္ကား သူမလက္ထဲမွေသတၱာစီအၾကည့္ေရာက္လ်က္

"ဒါဖြင့္ဖို႔ ေသာ့လိုတယ္"

"ဒါဆိုေသာ့႐ွာတာေပါ့"

မိမိအဖြဲ႕မွာဖိႏွိပ္ခံရတယ္လို႔ ခံစားေနရပုံေပၚတဲ့ မုန္႔ယြမ္ပိုင္က စကားဆိုလာသည္။

ထိုစကားၾကာသည္ႏွင့္ က်ိခ်င္းက်ိဳးတစ္ေယာက္ ပ်ာယာခတ္ၿပီး ဗီ႐ိုထဲမွာလွန္ေလွာ႐ွာေဖြဖို႔လုပ္လိုက္‌ေပမယ့္   ခ်ိဳင့္လိအား မေတာ္တဆတိုက္မိသြား၏။ခ်ိဳင့္လိက စိတ္မ႐ွည္သလိုမ်ိဳး သူ႕ကိုစူးစိုက္ၾကည့္လာသည္။

က်ိခ်င္းက်ိဳးတစ္ေယာက္ သူမရဲ႕စိတ္အေျခအေနကထူဆန္းေနတယ္လိုခံစားရ၍ ေကာင္းေကာင္းမြန္မြန္ေတာင္းပန္လိုက္သည္။

"ေတာင္းပန္ပါတယ္"

သို႔ေသာ္ ခ်ိဳင့္လိက သူ႕ကိုမ႐ွိသလိုသေဘာထားလာ၏။

က်ိခ်င္းက်ိဳးမွာ ဆက္မေတာင္းပန္ေတာ့ဘဲ ေသာ့ကိုပဲဆက္႐ွာေနလိုက္ေတာ့သည္။

လ်န္က်င္း႐ွင္သည္ ဗီ႐ိုေပၚက ပရိေဘာကေတြကို လိုက္ၾကည့္ရင္း ယင္းႏ်န္ကိုျပန္လွည့္လိုက္သည္။

"မင္းခုနက႐ွာေတြ႕ခဲ့တဲ့အဲ့စာအုပ္ဘယ္မွာလဲ"

ယင္းႏ်န္ သူ႕လက္ထဲစာအုပ္ထည့္ေပးလာသည္ႏွင့္ ထိုစာအုပ္ထဲမွေရးထားသည္မ်ားအားဖတ္႐ွဴလိုက္သည္။

"အဲ့ေနာက္ေတာ့ ေ႐ွာင္လီ၊ေလာင္က်န္းနဲ႔တစ္ျခားသူေတြလည္း တစ္ေယာက္ၿပီးတစ္ေယာက္ေပ်ာက္သြားၾကတယ္။သူတို႔ေပ်ာက္တဲ့အခ်ိန္ကို ငါမွတ္ထားတာေတာ့ မနက္ခင္း 7:10 ,2:25pm,8:15pm, 4am, 10:30pmမွာပဲ ”

လ်န္က်င္း႐ွင္ ၾကည့္ေနရင္း စိတ္‌ထဲမွတြက္ခ်က္လိုက္သည္။

"1, 5, 8, 11, 3, 12"

သူက နံပါတ္ေတြေရးထားသည့္နံရံဆီေလွ်ာက္သြားလိုက္သည္။ထို႔ေနာက္  နံပါတ္တစ္ခုခ်င္းဆီေအာက္မွအ႐ြယ္တူေလးေထာင့္ကြက္ တစ္ခုစီကို နံပါတ္အတိုင္းဖိႏွိပ္လိုက္၏။11ကဲ့သို႔ ဂဏန္းႏွစ္လုံးက်ေတာ့ အေပၚတန္းႏွင့္ေအာက္တန္းဆိုၿပီး စီစဥ္ထားၾကသည္။

ရလဒ္ကေတာ့ နံပါတ္ႏွစ္အား တြဲတြဲၿပီးခ်င္း "ဘန္း" ဆိုေသာအသံႏွင့္အတူ ဖြင့္မရသည့္တစ္ျခားအံဆြဲတစ္ခုပြင့္လာခဲ့သည္။ယြီအန္းယီသည္ ျမန္ျမန္ေျပးလာၿပီး အံဆြဲထဲမွေသာ့ကိုလာထုတ္ကာ သူ႕လက္ထဲက ေသတၱာကိုဖြင့္၍ ေပ်ာ္႐ႊင္စြာေျပာလာသည္။

"ဒီမွာလည္းေသာ့ပဲ။ငါတို႔တံခါးဖြင့္လို႔ရမယ့္ေသာျဖစ္လိမ့္မယ္"

သူမကေျပာရင္းဆိုရင္း တံခါးဆီေလွ်ာက္သြား၏။အမွန္ပင္။ဒုတိယတံခါးခ်က္လည္း ပြင့္သြားခဲ့သည္။

ယြီအန္းယီသည္ လ်န္က်င္း႐ွင္အားတအံ့တဩၾကည့္လ်က္

"႐ွင္အရမ္းေတာ္တာပဲ"

လ်န္က်င္း႐ွင္ကမူ ဘာမေျပာလာဘဲ ျပဳံးျပဳံးေလးပင္။

"ဘာဆက္လုပ္ၾကမလဲ"

မုန္႔ယြမ္ပိုင္ကေမးလာသည္။

လ်န္႐ွင္တစ္ေယာက္ ဗီ႐ိုေပၚက ပစၥည္းေတြဆီေမးေပါ့ျပလိုက္သည္။

"ဒီပစၥည္းေတြအကုန္လုံးမွာ အခ်ိန္သတ္မွတ္ဖို႔အတြက္ ပုံမွန္လုပ္ေဆာင္ခ်က္တစ္ခု႐ွိတယ္။ငါတို႔ဝင္လာေတာ့ နာရီကိုတိုက္မိသြားၿပီးယႏၲရားေတြကအသက္ဝင္လာေတာ့ ပထမဗီ႐ိုပြင့္လာတယ္။ေျပာခ်င္တာကကြာ ဒီအခန္းထဲက ယႏၲရားက အခ်ိန္နဲ႔ဆက္စပ္ေနတာျဖစ္ရမယ္။ခ်င္းက်ိဳးက သူအရင္အဆင့္မွာရခဲ့တဲ့ UVကိုသုံးၿပီး ေသာ့ရလို႔ ေသတၱာဖြင့္ခဲ့တယ္ေလ။အဲ့ဒါက အဆင့္တစ္ခုခ်င္းစီကဆက္စပ္ေနတယ္လို႔ မီးေမွာင္းထိုးျပေနတာပဲ။အဲ့လိုပဲ အထူးသျဖင့္ ဒီနံရံေတြ႐ွိေနတာက ဒီအဆင့္ကိုဖ်က္ဖို႔ ေသာ့ျဖစ္ရမယ္ဆိုၿပီး ငါလည္း အရင္အဆင့္နဲ႔ဆက္စပ္တာေတြေရာ အခ်ိန္ဆက္စပ္ခ်က္ေတြေရာေတြးလိုက္တာေလ။ဒါေၾကာင့္ ဆယ္ႏွစ္နာရီပဲက်န္ေတာ့တာ။"

"ေ႐ွးေခတ္က အခ်ိန္ကိုဆို ေကာ္ဖီတစ္ခြက္နဲ႔ နံသာတိုင္းတစ္ေခ်ာင္းဆိုၿပီး အၿမဲသုံးေနက်မဟုတ္လား။အခ်က္အလက္ေတြက အခ်ိန္နဲ႔ဆက္စပ္ေနတယ္ေလ။အဲ့ေတာ့ မူလပိုင္႐ွင္က လူတစ္ေယာက္ေပ်ာက္သြားတဲ့အခ်ိန္ကို  ယင္းႏ်န္လက္ထဲက မွတ္စုစာအုပ္ထဲမွာေရးထားခဲ့တယ္။ပထမဆုံးလူေပ်ာက္တဲ့အခ်ိန္ကို ေ႐ွးေခတ္အခ်ိန္အတိုင္းသတ္မွတ္မယ္ဆို ပထမတစ္ေယာက္ေပ်ာက္တာက 11နာရီခြဲ။ 11ခြဲဆို ေ႐ွးေခတ္အခ်ိန္က က်စ္႐ွီ။က်စ္႐ွီက အရင္လာတာ‌ဆိုေတာ့ 1ေလ ။ ၿပီးေတာ့ ဆက္ၿပီး ေတြးၾကည့္ေတာ့ 1, 5, 8, 11, 3, 12ဆိုၿပီးျဖစ္လာတာကြာ"

#########

UV pen


က်ိဳးက်ိဳး‌ ေအာင္ျမင္မယ့္အခ်ိန္ေတြနီးလာပါၿပီ။

ၾကာသြားတယ္ေနာ္🤭 ေနာက္လည္း အပ္ဒိတ္က်ဲဦးမွာမို႔ ေစာင့္ေပးၾကပါဦး႐ွင္💙💙💙

##################

Continue Reading

You'll Also Like

1.1M 87K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
196K 33.1K 89
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
364K 36.3K 112
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1M 53.6K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...