မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး...

Por haymarnchitwai

161K 19.7K 1K

ဒီ Novel လေးက တော့ တော်တော်များများ ဖတ်ဖူးပြီးဖြစ်လောက်မှာပါ ထွေထွေထူးထူးတော့မပြောတော့ပါဘူး ကိုယ်က 112 to co... Más

Note!!
( 112.1 )
( 112.2 )
( 113 )
( 114 )
( 115 )
( 116 )
( 117 )
( 118.1 )
( 118.2 )
( 119.1 )
( 119.2 )
( 120 )
( 121.1 )
( 121.2 )
( 122.1 )
( 122.2 )
( 123 )
( 124 )
( 125 )
( 126 )
( 127 )
( 128 )
( 129 )
( 130 )
( 131 )
( 132.1 )
( 133 )
( 134 )
( 135 )
( 136 )
( 137 )
( 138 )
( 139 )
( 140 )
( 141 )
( 142 )
( 143 ) Extra [လျန်ရှန့်]
( 144 ) Extra
( 145 ) Extra
( 146 ) Extra
( 147 ) Extra
( 148 ) Extra
Hello

( 132.2 )

2.3K 406 27
Por haymarnchitwai

UNICODE

ကျန်းထျန် ဗီဒီယိုကိုကျော်ကြည့်လိုက်သည်။လှုပ်ရှားနေသည့် ကင်မရာမြင်ကွင်းထဲတွင် သူမသည် လမ်းပေါ်က မိန်းမအိုကြီးရှေ့မှာ ရပ်နေခဲ့သည်။ထိုမိန်းမအိုကြီးသည် အသက်ကြီးလွန်း၍ ခါးကုန်းနေပြီး သူမ၏မျက်လုံးများသည် အားကိုးရာမဲ့မှုများ ဖြင့်ပြည့်နှက်နေခဲ့သည်။တစ်ဖက်က ကျန်းထျန်ကတော့ အေးစက်ကာ ယုတ်မာပြီး ရန်လိုသော အမူအရာဖြစ်နေခဲ့သည်။အမှန်တရားကိုမသိတဲ့သူတစ်ယောက်အတွက်ကတော့ ကျန်းထျန်က ဆင်းရဲ့တဲ့ မိန်းမအိုကြီးကို ခက်ခဲအောင်လုပ်နေတယ်လို့ အလွယ်တကူ နားလည်မှုလွဲနိုင်ပေသည်။

"Damn it." ကတိမတည်နိုင်တော့ပေ။

လက်ထောက်က ကျန်းထျန်ကိုကြည့်လိုက်ပြီး
"ကျဲ မနေ့ညက အပြင်ထွက်သေးတာလား?"

"ငါ မန်မန်အတွက် ဆေးထွက်ဝယ်သေးတယ်"

လက်ထောက်က ဂရုတစိုက်မေးလိုက်သည်။
"ဒါဆို ဒီအမျိုးသမီးက?"

ကျန်းထျန်: " သွေးစုပ်တဲ့သူလေ"

"........."

"ဟမ်?"

"ငါ့အမေ"

လက်ထောက်၏ မျက်လုံးများသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ကျန်းထျန် ခေါင်းကိုက်လာသလိုပင် ခံစားလာရသည်။သူမသည်ရှောင်ရှို့လျန် ကိုမုန်းပေမဲ့ သူမအပေါ်ဘယ်တော့မှ လက်ဝါးကြီးမအုပ်ခဲ့ပေ။သူမကို စွန့်ပစ်ခြင်းအပြင် သူမ(ကျန်းထျန်)သည် တခြားမည်သည့်အရာမှ မလုပ်ခဲ့ပေ။အဆုံးသတ်မှာ တစ်စုံတစ်ယောက်ကသူမကို သက်ကြီးရွယ်အိုတစ်ယောက်ကို ရိုက်နှက်သည်ဟု လုပ်ကြံမည်ကို သူမမထင်ထားခဲ့ပေ။

သူမသည် လက်ထောက်ကို ဖုန်းပြန်ပေးလိုက်ပြီး
"ဒါနဲ့ပတ်သတ်ပြီး မစိုးရိမ်နဲ့။ငါအလုပ်ရှုပ်နေလို့ တခြားကိစ္စတွေနဲ့ ဖြေရှင်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ မင်းကြေငြာချက်ထုတ်လိုက်ရုံပဲ။"

ဒီလိုကိစ္စမျိုးမှာ နှုတ်ဆိတ်နေခြင်းဟာ အကောင်းဆုံးရွေးချယ်မှုပဲဖြစ်သည်။

လက်ထောက်က ခေါင်းညိတ်ပြပြီး ဖုန်းကိုယူကာ ထွက်သွားတော့သည်။

သက်ကြီးရွယ်အိုများကို တိုက်ခိုက် သည်ဟူသည့်သတင်းကို ဖော်ထုတ်ပြီးနောက်မှာ  သတင်းထောက်များသည် ရိုက်ကူးရေးနေရာသို့ သုံးကြိမ်ထက်မနည်း လာရောက်ခဲ့ကြသည်။
သို့သော်လည်း တင်းကျပ်သော လုံခြုံရေးစနစ်ကြောင့် သူတို့ဟာ ကျန်းထျန် နားကို ကပ်လို့မရခဲ့ပေ။ထုတ်လုပ်ရေး အဖွဲ့သားများသည် ကျန်းထျန် နှင့် အချိန်အတော်ကြာ လက်တွဲလုပ်ခဲ့၍ သူမ၏ ပင်ကိုယ်စရိုက်ကို သိသောကြောင့် သူတို့သည် ဘာမှမ‌ပြောဘဲ သူတို့အလုပ်တွေကိုသာပုံမှန်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။အခုထိ ထိုင်မရပြုမရဖြစ်နေသူတစ်ယောက်ကတော့ လင်းဆွေ့ကျိုး သာဖြစ်သည်။သူသည် သူမကို စိတ်ပူတဲ့အတွက်ကြောင့် အချိန်မရွေး သူမကိုကာကွယ်နိုင်ရန် သက်တော်စောင့်အနည်းငယ်ကို စေလွှတ်ခဲ့သည်။

ကျန်းထျန် ကရှေ့တိုးမလာတဲ့အတွက်ကြောင့် ဤအကြောင်းအရာသည် တဖြည်းဖြည်း ချင်းပျောက်ကွယ်သွားခဲ့သည်။ကျန်းထျန် ဒီအ ကြောင်းကို တွေးနေစဉ်မှာပင် သူမရဲ့ လက်ထောက်ဆီက စာတိုတစ်စောင် လက်ခံရရှိခဲ့သည်။

ရှောင်ရှို့လျန်သည် ယခုသောကြာနေ့တွင် "Help" ဆိုသည့် ရှိုးတွင် ပါဝင်မည်ဖြစ်ပြီး ထိုရှိုးတွင် ကျန်းထျန်၏ မကောင်းမှုများကို ထုတ်ဖော်ပြသမည်ဖြစ်သည်။

ကျန်းထျန် ထိုသတင်းကိုမြင်သောအခါ သူမ၏ဒေါသသည် ထိနိးမထားန်ိုင်လောက်အောင် ပေါက်ကွဲထွက်တော့မလိုပင်ဖြစ်နေခဲ့သည်။

"Help"ဆိုသည်မှာ လူထုကိုထောက်ခံပေးသည့် စကားပြောရှိုးတစ်ခုဖြစ်ပြီး တရားသူကြီးအဖြစ် နာမည်ကြီးပုဂ္ဂိုလ်ငါးဦးကို ဖိတ်ကြားကာ လူ့အဖွဲ့အစည်းအတွင်းရှိ ပုံမှန်လူများကို ကူညီရန်၊ ဆွေမျိုးများကို ရှာဖွေရန် နှင့်အငြင်းပွားမှုများကို ဖျန်ဖြေပေးခြင်း၊ စသည်တို့ကို ကူညီပေးရန် တင်ဆက်ပေးသည့်ရှိုးတစ်ခုဖြစ်သည်။သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အမျိုးသမီးများ ကြည့်ရှုဖို့ အကြိုက်ဆုံး အစီအစဉ်တစ်ခုလည်းဖြစ်သည်။"ဘဝထဲတွင် ခရီးသွားခြင်း" အစီအစဉ်က ကြည့်ရှုနှုန်းအများဆုံးဖြစ်နေပြီး သူမ၏ရူးနေသည့်မိခင် ကစီအစဉ်တစ်ခုတွင်ပါဝင်ပြီး သူမကိုဆဲဆိုဖို့ စီစဉ်လိမ့်မည်ဟု ကျန်းထျန်မမျှော်လင့်ခဲ့ပေ။

"Help" အစီအစဉ်သည် ဒါနဲ့ပတ်သတ်လို့ တရားဝင်ကြော်ငြာထားပြီးဖြစ်ပြီး မင်းဒါကိုကြည့်ရှုနိုင်သည်။

ကျန်းထျန်သည် သူမကိုယ်သူမတည်ငြိမ်အောင် သက်ပြင်းတစ်ချက်ချလိုက်ပြီး Weibo တွင် "Help" official page ကို မရှာဖွေခင် လူပြောအများဆုံးခေါင်းစဉ်တစ်ခုကို မြင်လိုက်သည်။

[Help Official Weibo Page: သမီးတစ်ယောက်က ချမ်းသာတဲ့သူနဲ့အိမ်ထောင်ကျပြီး ဘယ်တော့မှ အိမ်ပြန်မလာတော့ဘူး။မင်းရဲ့ အသက် 60 အမေအိုကြီးက မင်းကို အိမ်ပြန်လာဖို့ပြောခဲ့တယ်]

အောက်မှာ ရှောင်ရှို့လျန် ငိုနေတဲ့ပုံပါ။

——Fu*k!! ဒါဆို ဒီ အားရီက ထျန်ရဲ့ အမေလား?

—— သူမက သူမအမေကို ဒူးထောက်ခိုင်းပြီး ကန်ကျောက်တာကိုတော့ ငြင်းလို့မရဘူး။

—— ကဲ ဦးနှောက်သေတဲ့ ပရိသတ်တွေက သူမကို ဘယ်လိုကာကွယ်ကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

—— ဒါကမင်းအမေလေ!! မင်းမှာ အသိတရားမရှိဘူးလား?!!

—— မင်းတို့က တကယ်ကို ညီနေကြတာပဲ ဒီအားရီက သူကိုယ်တိုင် ကြိုးကိုင်နေတယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ?

—— အပေါ်က ခွေးလျှာလေးက မြန်မြန်ပေါ်လာတာပဲ။

—— ငါက ထျန်ထျန်ဘေးမှာ ရှိနေဦးမှာပဲ။ဒီကိစ္စက ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ မင်းတို့က သူမကို အပစ်တင်ဖို့ မစောင့်နိုင်ကြတော့ဘူး၊မင်းတို့ကို တစ်ယောက်ယောက်က ပိုက်ဆံပေးထားလို့လား?

—— ပိုက်ဆံယူတဲ့သူက မင်းလေ keke

"......."

"ဒီလူတွေရဲ့ မှတ်ချက်တွေက လွန်လွန်းတယ်၊ထျန်ကျဲ ဒါတွေကို ဆက်မကြည့်ပါနဲ့တော့"

ကျန်းထျန် page ကိုပိတ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"Show အဖွဲသားတွေကို သွားပြောလိုက် ငါလည်းပဲ showကို လာခဲ့မယ်လို့ ဒါပေမဲ့ ရှောင်ရှို့လျန်ကိုတော့ မသိစေနဲ့။"

လက်ထောက်က အနည်းငယ် အံ့သြသွားပြီး
"ကျဲက ပရိတ်သတ်ရှေ့ထွက်ပြမှာလား?"

"ဟုတ်တယ်" သူမပြောလိုက်သည်။
"သွား အခုထဲက သေချာအောင်စီစဉ်လိုက်တော့"

".....ကောင်းပြီ၊ငါအခုသွားလုပ်လိုက်မယ်"

လက်ထောက်က သူမကို မချေပနိုင်ဘဲ "Help" အဖွဲ့ကို ချက်ချင်း ဆက်သွယ်ခဲ့သည်။

အင်တာနက်မှာ ဒီသတင်းတွေပဲ ပြည့်နှက်နေသည့်အတွက်ကြောင့် ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးကလည်း ဒီအကြောင်းကိုသိကြပေသည်။မနက်ပိုင်းရိုက်ကူးရေးအပြီးမှာ အိုးရန်မန်မန်သည် ကျန်းထျန်ကို စိတ်ပူသဖြင့် လာရှာခဲ့သည်။

သူမခေါင်းလေးကိုငုံ့ပြီး ဂရုတစိုက်မေးလိုက်သည်။
"ထျန်ထျန်၊အဆင်ပြေရဲ့လား?"

သူမသိသလောက်ကတော့ ကျန်းထျန် သည် သူမအတွက် ဆေးသွားဝယ်ပေးသောကြောင့် ထိုအမျိုးသမီးနဲ့ တွေ့ခဲ့ခြင်းဖြစ်သည်။အမေနဲ့ သမီးကြားမှာ ဘာဖြစ်တယ်ဆိုတာ သူမသေချာ မသိပေမဲ့လည်း သူမကတော့ချွင်းချက်မရှိ ကျန်းထျန်ဘက်မှာပဲ ရပ်တည်ပေသည်။

ကျန်းထျန် သည် သူမမျက်လုံးများကို ငုံ့ထားပြီး ညည်းညူလိုက်သည်။

အိုးရန်မန်မန် သည် သူမပါးကို ပုတ်လိုက်ပြီး
"ဒီ show လား?"

"ငါလည်းပဲ ဒီshow မှာပါမှာ"

အိုးရန်မန်မန်၏မျက်လုံးတွေသည် ပြူးကျယ်သွားပြီး
"နင် နင်လည်းပဲ ဒီမှာပါမှာမှာလား?"

ကျန်းထျန် ခေါင်းညိတ်လိုက်သည်။ဒီသွေးစုပ်ကောင်က နာမည်ကြီးချင်တာမဟုတ်ဘူးလား?ဒါဆို သူမက သူမ(ရှောင်ရှို့လျန်)ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ သူမနာမည်အရမ်းကျော်ကြားလာပြီး နိုင်ငံတိုင်းက လူတိုင်းက သူမနာမည်ကို သိသွားအောင်လုပ်ပေးမယ်။

"နင် စိုးရိမ်ဖို့မလိုပါဘူး"
အိုးရန်မန်မန် စိုးရိမ်နေတယ်ဆိုတာ သူမခံစားမိတဲ့အတွက်ကြောင့် ကျန်းထျန် သူမလက်ကို ဆွဲယူပြီး နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။
"ငါဘာလုပ်ရမယ်ဆိုတာငါသိပါတယ်၊ ငါကောင်းကောင်းထိန်းနိုင်ပါတယ်။"

သူမစကားမပြောသည့်အချိန်မှာတောင် ကျန်းထျန်သည် အလွန်အေးစက်သော်လည်း ချစ်စရာကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သည်။သူမ ပြုံးလိုက်တဲ့အချိန်မှာတော့ နူးညံ့သိမ်မွေ့ပြီး ရင်ထဲထိသွားတဲ့ ခံစားချက်ကို ပေးပေသည်။

အိုးရန်မန်မန်သည် သူမခေါင်းကိုကုတ်လိုက်ပြီး
"ငါ ငါ နင့်ကို အများကြီးတော့ အကူအညီမပေးနိုင်ပေမဲ့ ငါ့အဖေကတော့ မာဖီးယားတွေနဲ့ အဆက်အသွယ်ရှိတယ်။တကယ်လို့ နင်လိုတယ်ဆို ငါ့ကို ချက်ချင်းပြောနော်"

"......"

သခင်မလေး၊ရှင်က ရှောင်ရှို့လျန် ကိုဖယ်ရှားဖို့ တစ်စုံတစ်ယောက်ကို ရှာချင်နေတာလား?

သောကြာနေ့မှာ ကျန်းထျန်သည် show မစခင်
ဆယ်မိနစ်အလိုမှာ ရုပ်မြင်သံကြားဌာနကို ရောက်ရှိသွားခဲ့သည်။

လင်းဆွေ့ကျိုးကလည်း သူမနဲ့အတူ လိုက်လာခဲ့သည်။

တချိန်လုံး ငြိမ်သက်နေသော ကျန်းထျန် ကိုကြည့်ရင်း လင်းဆွေ့ကျိုးမျက်မှောင်ကြုတ်လိုက်သည်။
"ချစ် ဒီထဲဝင်ချင်တာ သေချာလား?"

"ဘာလို့မသေချာရမှာလဲ?"
ကျန်းထျန် သူမမျက်လုံး‌တွေကို ပင့်လိုက်ရင်း
"ချစ် သူမကို တကယ်အစစ်အမှန်က ဘာလဲဆိုတာ သိစေချင်တယ်"

"ကို လုပ်နိုင်...."

ကျန်းထျန် သူ့စကားကို ဖြတ်ပြောလိုက်ပြီး
"ကို လုပ်နိုင်တယ်ဆိုတာ ချစ်သိတယ် ဒါပေမဲ့ သူမက ချစ်အမေလေ ချစ်ကိုယ်တိုင် ကိုင်တွယ်တာပိုကောင်းတယ်။ကို အိမ်မှာပဲ ကလေးတွေကို စောင့်ရှောက်နေသင့်တယ်"

လင်းဆွေ့ကျိုး : ".....ဒီနေ့က သောကြာနေ့လေ"

ကျန်းထျန် : "ဒါဆို ကို့ဟာကိုပဲ ဂရုစိုက်နေ"

"......"

ဒါဆို သူကလည်း ကလေးပဲလား??

ကျန်းထျန် လင်းဆွေ့ကျိုးကို နှုတ်ဆက်ပြီးနောက်မှာ အိတ်သေးသေးလေးကို သယ်ပြီး
အသံလွင်ရုံထဲသို့ ဒေါက်ဖိနပ်နှင့်အတူ လျှောက်ဝင်လာခဲ့သည်။

"Help"အစီအစဉ်သည် ကြည့်ရှူနှုန်းမြင့်မားသော်လည်း လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများသာ အကြည့်များသည်။ဖိတ်ကြားထားသော ဧည့်သည်များဟာလည်း သာမန်လူများဖြစ်ကြသည်။အကဲဖြတ်ဒိုင်(တရားသူကြီး)များကတော့ ဖျော်ဖြေရေးနယ်ပယ်နှင့် ဘာမှမဆိုင်တဲ့သူတွေသာဖြစ်ကြသည်။အစီအစဉ်မှူး မသိရင်တောင် ဒီလူတွေ အသံလွင့်ရုံ အပြင်ဘက်ကိုထွက်ရင်တောင် ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး။ကျန်းထျန် ဒီshow ကို ပါဝင်လာခြင်းက ထုတ်လုပ်ရေးအဖွဲ့ကို အလွန်အံ့ဩစေသလို စိတ်လှုပ်ရှားစေသည်။

ကျန်းထျန်၏အမည်သည် ဒီစကားဝိုင်းခေါင်းစဉ်ကို ကိုယ်စားပြုသည်။ဆိုလိုသည်က သူမအမည်သည် show မှာ ဆွေးနွေးတာကို ဇာတ်ရှိန်မြင့်တက်စေသည်။ကျန်းထျန် မဖြေနိုင်လောက်တဲ့ မေးခွန်းပေါင်း တစ်ထောင်လောက်ကို သူတို့တွေးခဲ့ကြပေမယ့် သူမကို တကယ်တွေ့လိုက်ရတဲ့အခါမှာတော့ အစီအစဉ်တင်ဆက်သူနှင့် ဒါရိုက်တာတို့သည် အံ့အားသင့်သွားခဲ့ပြီး သူတို့ရဲ့ ဦးနှောက်‌ တွေဟာ ကွက်လပ်ဖြစ်သွားခဲ့သည်။

ဒီနေ့မှာတော့ သူမဆံပင်ကို ပိုနီတေးပုံစံရိုးရိုးရှင်းရှင်းစည်းထားကာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ်အချွန်ကို ဝတ်ဆင်ထားခဲ့သည်။သူမမှာ ဖြူစင်သောအသားအရေနှင့် နူးညံ့သောမျက်နှာအသွင်အပြင်လေးလည်းရှိသည်။သူမ၏ မြေခွေးနှင့်တူသော မျက်လုံးများသည် အလွန်စူးရှပေသည်။တံခါးနားမှာ တိတ်ဆိတ်စွာ ရပ်နေရုံနဲ့ကို ဖိနှိပ်တဲ့အော်ရာတွေ ထုတ်လုပ်နေခဲ့သည်။တကယ်တော့ သူမမှာ လင်းဆွေ့ကျိုးရဲ့ အရိပ် အနည်းငယ်လည်း ရှိနေပုံရသည်။

ကျန်းထျန် တစ်ယောက်ထဲကတောင် တစ်ခန်းလုံးကို ချေမှုန်းနိုင်နေပြီ။

အနီရောင်ပန်းပွင့်တွေနှင့် အစိမ်းရောင် သစ်ရွက်တွေသည် သူမရှေ့မှာ အစည်းအထားတစ်ခုလိုဖြစ်လာပြီး သူတို့မျက်လုံးတွေက အဲ့တာကို ကျော်ကြည့်လိုက်တဲ့အခါမှာ ဖိအားအများအပြားကို သူတို့ခံစားရပေသည်။

အဲ့ဒီအမျိုးသမီး ဝဝကြီးက ဒီလို ချောမောလှပတဲ့ မိန်းမပျိုလေးကို ဘယ်လိုများမွေးဖွားလိုက်တာလဲ?

ခဏလောက်တော့ အားလုံးက နည်းနည်းတော့ သံသယဖြစ်သွားကြသည်။

"တောင်းပန်ပါတယ်၊ကျွန်မနည်းနည်းနောက်ကျသွားတယ်"
သူမသည် ရှေ့တည့်တည့်သို့ လျှောက်သွားလိုက်ကာ ရှေ့ကို လှမ်းကြည့်လိုက်သည်။

ဒါရိုက်တာသည် သတိပြန်ဝင်လာပြီး
"မနောက်ကျပါဘူး၊မနောက်ကျပါဘူး"

ကျန်းထျန် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ အစီအစဉ်တင်ဆက်သူ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။အမျိုးသမီးသည် အနီရောင် dress ကို ဝတ်ထားပြီး အမျိုးသားကတော့ နေဗီပြာရောင် suite နှင့် မျက်မှန်ကို တပ်ဆင်ထားကာ နည်းနည်းလေး အရပ်ပုပုံပေါ်သည်။

သူမ အကြည့်ကို ရွှေ့လိုက်ပြီး ဆိုဖာပေါ်တွင် တည်ငြိမ်သော အမူအရာဖြင့် ဝင်ထိုင်လိုက်သည်။
"ကျွန်မဒီကို လာမယ့်အကြောင်း ရှင် ကျွန်မအမေကို မပြောထားဘူးမို့လား?"

"ဟုတ်ပါတယ်၊ အပြင်ကပရိသတ်တွေကလည်း မင်းလာမယ်ဆိုတာ မသိကြဘူး။"

"ဒါကောင်းတယ်" သူမ ခေါင်းညိတ်လိုက်ပြီး
"ရှင် စီစဉ်စရာရှိတာတွေကိုသာ သွားလုပ်ပါ"

ကျန်းထျန် သည် အေးစက်ပြီး ဘာမှမထူးခြားပုံပေါက်သော်လည်း သူမ၏ ပြောဆိုဆက်ဆံပုံမှာ အလွန်ကောင်းမွန်ပေသည်။

မကြာခင်မှာပဲ show ဟာ စတင်ခဲ့ပြီး အစီအစဉ်တင်ဆက်သူနှစ်ယောက်ဟာ ဝင်လာခဲ့ကြသည်။

အဖွင့်အမှာစကားပြောကြားပြီးနောက်မှာ ရှောင်ရှို့လျန် သည် စင်မြင့်ပေါ်တွင် ပေါ်လာခဲ့သည်။

သူမသည် ထိုနေ့ကထက်ပင် ဟောင်းနွမ်းနေသည့် အဝတ်အစားများကို ၀တ်ဆင်ထားခဲ့သည်။သူမ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားကာ မျက်လုံးများသည် ညှိုးနွမ်းနေပြီ သူမ၏ နောက်ကျောတစ်ခုတည်းကပင် လူများကို ငိုစေအောင် လုံလောက်ပေသည်။

အစီအစဉ်တင်ဆက်သူက သူမကို မိုက်ခရိုဖုန်း လှမ်းပေးလိုက်သည်။

ရှောင်ရှို့လျန်သည် စင်ပေါ်မှနေ၍ ပရိသတ်နှင့် တရားသူကြီး(အကဲဖြတ်ဒိုင်)များကို လေးလေးနက်နက် ဦးညွှတ်လိုက်သည့်အခါ လက်ခုပ်သြဘာသံများရရှိခဲ့သည်။

ကျန်းထျန်သည် သူမ၏ ခြေတံရှည်များကို ချိတ်၍ ထိုင်ကာ စင်နောက်ရှိ နားနေခန်းတွင် သူမ(ရှောင်ရှို့လျန်)၏ ဖျော်ဖြေမှုကို ဂရုမစိုက်တဲ့ပုံစံဖြင့် ကြည့်နေခဲ့သည်။

"ရှောင်အားရီ ‌ဒီနေ့ဒီကို လာခဲ့တာ အကူအညီတောင်းဖို့ မလား?"

ရှောင်ရှို့လျန် ခေါင်းညိတ်လိုက်သည်။

အစီအစဉ်တင်ဆက်သူအမျိုးသား မေးလိုက်သည်။
"ဘယ်လိုအကူအညီမျိုးကို အားရီက ရချင်တာလဲ?"

သူမက ကင်မရာကို သတိထားပြီး ကြည့်လိုက်ပြီး
"ကျွန်မ... ကျွန်မသမီးက ကျွန်မကိုအိမ်ပြန်ခေါ်စေချင်တယ်"

"ဒီထက်ပိုပြီး တိတိကျကျပြောပေးနိုင်မလား?"

ဒါက ရှောင်ရှို့လျန် ရဲ့ ပထမဆုံးအကြိမ် စင်ပေါ်တက်ဖူးတာဖြစ်သဖြင့် သူမ အနည်းငယ်တုန်လှုပ်နေခဲ့သည်။စင်အောက်ရှိ ပရိတ်သတ်များကို ကြည့်ပြီး သူမတစ်ကိုယ်လုံး တုန်ခါနေကာ သူမပါးစပ်ကို ‌ဖွင့်ဖို့ နေ့တစ်ဝက်လောက်ကြာအောင် ကြိုးပမ်းခဲ့ပေမဲ့လည်း ဘာသံမှ ထွက်မလာခဲ့ဘူး။

အစီအစဉ်တင်ဆက်သူအမျိုးသမီးက သူမ ပုခုံးပေါ်ကို ပုတ်ပြီး နူးညံ့စွာ နှစ်သိမ့်ပေးသည်။
"အဆင်ပြေပါတယ်၊စိတ်မလှုပ်ရှားနဲ့ အားရီကို ဒီအကြောင်းဆွေးနွေးနိုင်ဖို့ အချိန်ပေးမယ်"

ရှောင်ရှို့လျန်က ခေါင်းကို ထပ်ခါ ထပ်ခါညိတ်လိုက်ပြီး
"ကောင်းပြီ၊ကျွန်မ အချိန်ယူမယ်၊အချိန်ယူမယ်။
ကျွန်မသမီးက ကျွန်မကို အိမ်ပြန်ခေါ်စေချင်လို့ပါ"

"ရှင့်သမီးက အခုဘယ်မှာလဲ?"

"မင်းတို့အားလုံး ငါ့သမီး ကျန့်ထျန်ကို သိပါတယ်။သူမယောင်္ကျားက Huatian Entertainment က ဥက္ကဌလေ"

သူမ အပေါ်ကလိုပြောပြီးသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ကျန်းထျန် လှောင်ပြောင်လိုက်သည်။

အစီအစဉ် တင်ဆက်သူတွေက ဒါကိုသိပြီးသားဖြစ်ပေမဲ့လည်း ဟန်ဆောင် အံ့ဩလိုက်ကြပြီး
"အားရီပြောတာက....ကျန်းထျန်က အားရီရဲ့သမီးပေါ့"

"ဟုတ်တယ် ကျွန်မသမီးအရင်း"
ရှောင်ရှို့လျန်က မရပ်မနားခေါင်းညိတ်လိုက်သည်။

အမျိုးသမီးအစီအစဉ်တင်ဆက်သူ၏အသံသည် နူးညံ့လာပြီး
"အားရီ‌ပြောတာကက သူမ အားရီကိုအိမ်ပြန်ခေါ်စေချင်တယ်လို့ပြောတယ်ဆိုတော့ အားရီက အခုတလော အပြင်မှာပဲနေခဲ့တာလား?"

ဒီမေးခွန်းကိုကြားတာနှင့် ရှောင်ရှို့လျန်၏ရင်ဘတ်တွေဟာ တဆတ်ဆတ်တုန်လာကာ ပါးပြင်တွေတုန်ပြီး သူမရဲ့မျက်လုံးတွေကနေမျက်ရည်တွေ စီးကျလာခဲ့သည်။

"ကျွန်မတို့မိသားစုမှာ ကျန်းထျန်ဆိုတဲ့ သမီးလေးတစ်ယောက်ပဲရှိခဲ့တာ။သူမရဲ့အဖေက ဆုံးသွားတာကြာလှပါပြီ။ကျွန်မက သူမကို ကျွေးမွေးဖို့အတွက် single mom တစ်ယောက်အနေနဲ့ အလုပ်တွေကြိုးစားခဲ့တယ်။နောက်ပိုင်း...နောက်ပိုင်းမှာ သူမက ဘဝကိုကောင်းကောင်းမနေဘဲ လက်မထပ်ခင် ကိုယ်ဝန်ရခဲ့တယ်။နောက်ကျတော့ သူမရဲ့အခုလက်ရှိယောင်္ကျားနဲ့ သူမလက်ထပ်ခဲ့တယ်။
လင်းမိသားစုမှာ လုပ်ငန်းကြီးကြီးမားမားတွေရှိပြီး သူမကိုလည်း ငွေကြေးအရ ထောက်ပံ့ပေးနိုင်မယ်လို့ ကျွန်မထင်ခဲ့တယ်၊ အနည်းဆုံးတော့ ကျွန်မနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ဘဝနဲ့ နေနေစရာ မလိုတော့တဲ့အတွက် ကျွန်မသူမကို လက်ထပ်ခွင့်ပြုလိုက်တယ်။"

ဒီလိုသတင်းအချက်အလက် ပမာဏက ရယူဖို့ ခက်ခဲလွန်းတဲ့အတွက် အစီအစဉ်တင်ဆက်သူများပင် အံ့ဩလွန်း၍ ပြောစရာစကားမဲ့သွားခဲ့ကြသည်။

လင်းဆွေ့ကျိုးသည် သိုသိုသိပ်သိပ်နေတတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။အရင်က သူနဲ့ပတ်သက်တဲ့ အတင်းအဖျင်းသတင်းတွေ မရှိခဲ့သလို အိမ်ထောင်ကျပြီနဲ့ ကလေးမွေးထားတာကိုတောင် သူတို့နှစ်ယောက်က ဖော်ထုတ်ခဲ့လို့သိခဲ့ရခြင်းဖြစ်သည်။အခု ကျန်းထျန်က လက်မထပ်ခင် ကိုယ်ဝန်ရှိသွားတာလို့ သူမပြောလိုက်တာလား?တခြားစကားနဲ့ပြောရရင် သူတို့က ကိုယ်ဝန်ရှိသွားတဲ့အတွက် အလျင်အမြန်မင်္ဂလာဆောင်လိုက်ရတာလား?

တရားသူကြီးများသည် ဆက်ထိုင်မနေနိုင်တော့ဘဲ စားပွဲပေါ်ရှိ မိုက်ခကိုဖုန်းကိုကောက်ယူလိုက်ပြီး
"သူတို့ ဘယ်အချိန်ကလက်ထပ်ခဲ့ကြတာလဲ?"

ရှောင်ရှို့လျန် ပြောလိုက်သည်။
"သူတို့ ကောလိပ်မှာတုန်းကပေါ့။ကျန်းထျန်က သူမရဲ့ ပထမဆုံးကလေးကို သူမကောလိပ်ဝင်ဝင်ချင်းမှာပဲရခဲ့တာ"

အသံလွှင့်ခန်းတစ်ခုလုံးသည် လေအေးများဖြင့် ပြည့်နှက်သွားခဲ့သည်။

"သူတို့ လက်ထပ်ပြီးတော့ အားရီဘယ်လိုနေခဲ့လဲ?"

ရှောင်ရှို့လျန် သည် ပိုငိုလိုက်ပြီး
"လင်းမိသားစုက ဘယ်လောက်ချမ်းသာ ချမ်းသာ ကျွန်မက အပြင်လူတစ်ယောက်လေ၊
သူတို့ဆီက ပိုက်ဆံတောင်းဖို့ကတော့ ခက်ခဲတယ်လေ။အစပိုင်းမှာတော့ သူမက ကျွန်မကို အကူညီပေးခဲ့ပေမယ့် နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ ကျွန်မကို အိမ်ထဲမှာ မထားချင်တော့ဘူး။သူတို့ လင်မယားရန်ဖြစ်ပြီး ကျန်းထျန်ကအိမ်ထွက်သွားခဲ့တယ်။ကျွန်မက ကျန်းထျန်ကို ဖြောင်းဖြဖို့ သွားခဲ့ပေမဲ့ ကျန်းထျန်က ကျွန်မကို ပါးရိုက်ခဲ့တယ်။
သူမက ကျွန်မသမီးဖြစ်လို့ သူမက ကျွန်မကို ရိုက်ရင်တောင် ကျွန်မဘာမှမလုပ်နိုင်ဘူး။ဒါပေမဲ့ အခု...အခုတော့ ကျွန်မ ထောင့်တစ်ထောင့်ကို နှင်ထုတ်ခံလိုက်ရပြီ"

"ထောင့်တစ်ထောင့်ကိုနှင်ထုတ်တယ် အားရီဘာကိုဆိုလိုချင်တာလဲမသိဘူး?"

ရှောင်ရှို့လျန် ကမျက်ရည်များဝဲကာ
"သူမကို ထောက်ပံ့ပေးဖို့အတွက် ကျွန်မ လူတွေဆီက ပိုက်ဆံချေးခဲ့တယ်၊အချိန်တွေကြာလာတာနဲ့အမျှ အတိုးတွေနဲ့ပေါင်းပြီး ဆပ်ရမှာတွေများလာခဲ့တယ်၊အခုအဲ့လူတွေက ပိုက်ဆံပြန်တောင်းနေကြပြီ ကျွန်မတစ်ကယ်ပဲ လမ်းအဆုံးကို ရောက်နေပြီ။ကျွန်မက ကျွန်မသမီးကို အကူအညီတောင်းခဲ့ပေမဲ့ ရှင်တို့မြင်တဲ့အတိုင်းပဲ သူမက ကျွန်မကို မကူညီချင်တဲ့အပြင် ကျွန်မကို ကန်တောင် ကန်ခဲ့သေးတယ်"

ကျန်းထျန် နှင့် ရှောင်ရှို့လျန် ၏ထိပ်တိုက်တွေ့ဆုံမှု ဗီဒီယိုဖိုင်ကို နောက်ခံစခရင်တွင် ပြသထားသည်။

ဒါကိုမြင်တော့ အမှန်တရားကို မသိတဲ့ တရားသူကြီးတွေနဲ့ ပရိတ်သတ်တွေဟာ ဒေါသတွေနဲ့ ပြည့်နှက်သွားကြသည်။

ZAWGYI

က်န္းထ်န္ ဗီဒီယိုကိုေက်ာ္ၾကည့္လိုက္သည္။လႈပ္ရွားေနသည့္ ကင္မရာျမင္ကြင္းထဲတြင္ သူမသည္ လမ္းေပၚက မိန္းမအိုႀကီးေရွ႕မွာ ရပ္ေနခဲ့သည္။ထိုမိန္းမအိုႀကီးသည္ အသက္ႀကီးလြန္း၍ ခါးကုန္းေနၿပီး သူမ၏မ်က္လုံးမ်ားသည္ အားကိုးရာမဲ့မႈမ်ား ျဖင့္ျပည့္ႏွက္ေနခဲ့သည္။တစ္ဖက္က က်န္းထ်န္ကေတာ့ ေအးစက္ကာ ယုတ္မာၿပီး ရန္လိုေသာ အမူအရာျဖစ္ေနခဲ့သည္။အမွန္တရားကိုမသိတဲ့သူတစ္ေယာက္အတြက္ကေတာ့ က်န္းထ်န္က ဆင္းရဲ႕တဲ့ မိန္းမအိုႀကီးကို ခက္ခဲေအာင္လုပ္ေနတယ္လို႔ အလြယ္တကူ နားလည္မႈလြဲႏိုင္ေပသည္။

"Damn it." ကတိမတည္ႏိုင္ေတာ့ေပ။

လက္ေထာက္က က်န္းထ်န္ကိုၾကည့္လိုက္ၿပီး
"က်ဲ မေန႔ညက အျပင္ထြက္ေသးတာလား?"

"ငါ မန္မန္အတြက္ ေဆးထြက္ဝယ္ေသးတယ္"

လက္ေထာက္က ဂ႐ုတစိုက္ေမးလိုက္သည္။
"ဒါဆို ဒီအမ်ိဳးသမီးက?"

က်န္းထ်န္: " ေသြးစုပ္တဲ့သူေလ"

"........."

"ဟမ္?"

"ငါ့အေမ"

လက္ေထာက္၏ မ်က္လုံးမ်ားသည္ အံ့အားသင့္မႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့သည္။

က်န္းထ်န္ ေခါင္းကိုက္လာသလိုပင္ ခံစားလာရသည္။သူမသည္ေရွာင္ရႈိ႕လ်န္ ကိုမုန္းေပမဲ့ သူမအေပၚဘယ္ေတာ့မွ လက္ဝါးႀကီးမအုပ္ခဲ့ေပ။သူမကို စြန႔္ပစ္ျခင္းအျပင္ သူမ(က်န္းထ်န္)သည္ တျခားမည္သည့္အရာမွ မလုပ္ခဲ့ေပ။အဆုံးသတ္မွာ တစ္စုံတစ္ေယာက္ကသူမကို သက္ႀကီး႐ြယ္အိုတစ္ေယာက္ကို ႐ိုက္ႏွက္သည္ဟု လုပ္ႀကံမည္ကို သူမမထင္ထားခဲ့ေပ။

သူမသည္ လက္ေထာက္ကို ဖုန္းျပန္ေပးလိုက္ၿပီး
"ဒါနဲ႔ပတ္သတ္ၿပီး မစိုးရိမ္နဲ႔။ငါအလုပ္ရႈပ္ေနလို႔ တျခားကိစၥေတြနဲ႔ ေျဖရွင္းဖို႔ ရည္႐ြယ္ခ်က္မရွိဘူးလို႔ မင္းေၾကျငာခ်က္ထုတ္လိုက္႐ုံပဲ။"

ဒီလိုကိစၥမ်ိဳးမွာ ႏႈတ္ဆိတ္ေနျခင္းဟာ အေကာင္းဆုံးေ႐ြးခ်ယ္မႈပဲျဖစ္သည္။

လက္ေထာက္က ေခါင္းညိတ္ျပၿပီး ဖုန္းကိုယူကာ ထြက္သြားေတာ့သည္။

သက္ႀကီး႐ြယ္အိုမ်ားကို တိုက္ခိုက္ သည္ဟူသည့္သတင္းကို ေဖာ္ထုတ္ၿပီးေနာက္မွာ  သတင္းေထာက္မ်ားသည္ ႐ိုက္ကူးေရးေနရာသို႔ သုံးႀကိမ္ထက္မနည္း လာေရာက္ခဲ့ၾကသည္။
သို႔ေသာ္လည္း တင္းက်ပ္ေသာ လုံၿခဳံေရးစနစ္ေၾကာင့္ သူတို႔ဟာ က်န္းထ်န္ နားကို ကပ္လို႔မရခဲ့ေပ။ထုတ္လုပ္ေရး အဖြဲ႕သားမ်ားသည္ က်န္းထ်န္ ႏွင့္ အခ်ိန္အေတာ္ၾကာ လက္တြဲလုပ္ခဲ့၍ သူမ၏ ပင္ကိုယ္စ႐ိုက္ကို သိေသာေၾကာင့္ သူတို႔သည္ ဘာမွမ‌ေျပာဘဲ သူတို႔အလုပ္ေတြကိုသာပုံမွန္အတိုင္း လုပ္ေဆာင္ခဲ့ၾကသည္။အခုထိ ထိုင္မရျပဳမရျဖစ္ေနသူတစ္ေယာက္ကေတာ့ လင္းေဆြ႕က်ိဳး သာျဖစ္သည္။သူသည္ သူမကို စိတ္ပူတဲ့အတြက္ေၾကာင့္ အခ်ိန္မေ႐ြး သူမကိုကာကြယ္ႏိုင္ရန္ သက္ေတာ္ေစာင့္အနည္းငယ္ကို ေစလႊတ္ခဲ့သည္။

က်န္းထ်န္ ကေရွ႕တိုးမလာတဲ့အတြက္ေၾကာင့္ ဤအေၾကာင္းအရာသည္ တျဖည္းျဖည္း ခ်င္းေပ်ာက္ကြယ္သြားခဲ့သည္။က်န္းထ်န္ ဒီအ ေၾကာင္းကို ေတြးေနစဥ္မွာပင္ သူမရဲ႕ လက္ေထာက္ဆီက စာတိုတစ္ေစာင္ လက္ခံရရွိခဲ့သည္။

ေရွာင္ရႈိ႕လ်န္သည္ ယခုေသာၾကာေန႔တြင္ "Help" ဆိုသည့္ ရႈိးတြင္ ပါဝင္မည္ျဖစ္ၿပီး ထိုရႈိးတြင္ က်န္းထ်န္၏ မေကာင္းမႈမ်ားကို ထုတ္ေဖာ္ျပသမည္ျဖစ္သည္။

က်န္းထ်န္ ထိုသတင္းကိုျမင္ေသာအခါ သူမ၏ေဒါသသည္ ထိနိးမထားန္ိုင္ေလာက္ေအာင္ ေပါက္ကြဲထြက္ေတာ့မလိုပင္ျဖစ္ေနခဲ့သည္။

"Help"ဆိုသည္မွာ လူထုကိုေထာက္ခံေပးသည့္ စကားေျပာရႈိးတစ္ခုျဖစ္ၿပီး တရားသူႀကီးအျဖစ္ နာမည္ႀကီးပုဂၢိဳလ္ငါးဦးကို ဖိတ္ၾကားကာ လူ႔အဖြဲ႕အစည္းအတြင္းရွိ ပုံမွန္လူမ်ားကို ကူညီရန္၊ ေဆြမ်ိဳးမ်ားကို ရွာေဖြရန္ ႏွင့္အျငင္းပြားမႈမ်ားကို ဖ်န္ေျဖေပးျခင္း၊ စသည္တို႔ကို ကူညီေပးရန္ တင္ဆက္ေပးသည့္ရႈိးတစ္ခုျဖစ္သည္။သက္လတ္ပိုင္းႏွင့္ သက္ႀကီးပိုင္း အမ်ိဳးသမီးမ်ား ၾကည့္ရႈဖို႔ အႀကိဳက္ဆုံး အစီအစဥ္တစ္ခုလည္းျဖစ္သည္။"ဘဝထဲတြင္ ခရီးသြားျခင္း" အစီအစဥ္က ၾကည့္ရႈႏႈန္းအမ်ားဆုံးျဖစ္ေနၿပီး သူမ၏႐ူးေနသည့္မိခင္ ကစီအစဥ္တစ္ခုတြင္ပါဝင္ၿပီး သူမကိုဆဲဆိုဖို႔ စီစဥ္လိမ့္မည္ဟု က်န္းထ်န္မေမွ်ာ္လင့္ခဲ့ေပ။

"Help" အစီအစဥ္သည္ ဒါနဲ႔ပတ္သတ္လို႔ တရားဝင္ေၾကာ္ျငာထားၿပီးျဖစ္ၿပီး မင္းဒါကိုၾကည့္ရႈႏိုင္သည္။

က်န္းထ်န္သည္ သူမကိုယ္သူမတည္ၿငိမ္ေအာင္ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး Weibo တြင္ "Help" official page ကို မရွာေဖြခင္ လူေျပာအမ်ားဆုံးေခါင္းစဥ္တစ္ခုကို ျမင္လိုက္သည္။

[Help Official Weibo Page: သမီးတစ္ေယာက္က ခ်မ္းသာတဲ့သူနဲ႔အိမ္ေထာင္က်ၿပီး ဘယ္ေတာ့မွ အိမ္ျပန္မလာေတာ့ဘူး။မင္းရဲ႕ အသက္ 60 အေမအိုႀကီးက မင္းကို အိမ္ျပန္လာဖို႔ေျပာခဲ့တယ္]

ေအာက္မွာ ေရွာင္ရႈိ႕လ်န္ ငိုေနတဲ့ပုံပါ။

——Fu*k!! ဒါဆို ဒီ အားရီက ထ်န္ရဲ႕ အေမလား?

—— သူမက သူမအေမကို ဒူးေထာက္ခိုင္းၿပီး ကန္ေက်ာက္တာကိုေတာ့ ျငင္းလို႔မရဘူး။

—— ကဲ ဦးေႏွာက္ေသတဲ့ ပရိသတ္ေတြက သူမကို ဘယ္လိုကာကြယ္ၾကမလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။

—— ဒါကမင္းအေမေလ!! မင္းမွာ အသိတရားမရွိဘူးလား?!!

—— မင္းတို႔က တကယ္ကို ညီေနၾကတာပဲ ဒီအားရီက သူကိုယ္တိုင္ ႀကိဳးကိုင္ေနတယ္ဆိုရင္ေရာ ဘယ္လိုလုပ္မလဲ?

—— အေပၚက ေခြးလွ်ာေလးက ျမန္ျမန္ေပၚလာတာပဲ။

—— ငါက ထ်န္ထ်န္ေဘးမွာ ရွိေနဦးမွာပဲ။ဒီကိစၥက ရွင္းရွင္းလင္းလင္း မသိရေသးေပမဲ့ မင္းတို႔က သူမကို အပစ္တင္ဖို႔ မေစာင့္ႏိုင္ၾကေတာ့ဘူး၊မင္းတို႔ကို တစ္ေယာက္ေယာက္က ပိုက္ဆံေပးထားလို႔လား?

—— ပိုက္ဆံယူတဲ့သူက မင္းေလ keke

"......."

"ဒီလူေတြရဲ႕ မွတ္ခ်က္ေတြက လြန္လြန္းတယ္၊ထ်န္က်ဲ ဒါေတြကို ဆက္မၾကည့္ပါနဲ႔ေတာ့"

က်န္းထ်န္ page ကိုပိတ္လိုက္ၿပီး တည္ၿငိမ္စြာေျပာလိုက္သည္။
"Show အဖြဲသားေတြကို သြားေျပာလိုက္ ငါလည္းပဲ showကို လာခဲ့မယ္လို႔ ဒါေပမဲ့ ေရွာင္ရႈိ႕လ်န္ကိုေတာ့ မသိေစနဲ႔။"

လက္ေထာက္က အနည္းငယ္ အံ့ၾသသြားၿပီး
"က်ဲက ပရိတ္သတ္ေရွ႕ထြက္ျပမွာလား?"

"ဟုတ္တယ္" သူမေျပာလိုက္သည္။
"သြား အခုထဲက ေသခ်ာေအာင္စီစဥ္လိုက္ေတာ့"

".....ေကာင္းၿပီ၊ငါအခုသြားလုပ္လိုက္မယ္"

လက္ေထာက္က သူမကို မေခ်ပႏိုင္ဘဲ "Help" အဖြဲ႕ကို ခ်က္ခ်င္း ဆက္သြယ္ခဲ့သည္။

အင္တာနက္မွာ ဒီသတင္းေတြပဲ ျပည့္ႏွက္ေနသည့္အတြက္ေၾကာင့္ ႐ိုက္ကူးေရးအဖြဲ႕သားေတြအားလုံးကလည္း ဒီအေၾကာင္းကိုသိၾကေပသည္။မနက္ပိုင္း႐ိုက္ကူးေရးအၿပီးမွာ အိုးရန္မန္မန္သည္ က်န္းထ်န္ကို စိတ္ပူသျဖင့္ လာရွာခဲ့သည္။

သူမေခါင္းေလးကိုငုံ႔ၿပီး ဂ႐ုတစိုက္ေမးလိုက္သည္။
"ထ်န္ထ်န္၊အဆင္ေျပရဲ႕လား?"

သူမသိသေလာက္ကေတာ့ က်န္းထ်န္ သည္ သူမအတြက္ ေဆးသြားဝယ္ေပးေသာေၾကာင့္ ထိုအမ်ိဳးသမီးနဲ႔ ေတြ႕ခဲ့ျခင္းျဖစ္သည္။အေမနဲ႔ သမီးၾကားမွာ ဘာျဖစ္တယ္ဆိုတာ သူမေသခ်ာ မသိေပမဲ့လည္း သူမကေတာ့ခြၽင္းခ်က္မရွိ က်န္းထ်န္ဘက္မွာပဲ ရပ္တည္ေပသည္။

က်န္းထ်န္ သည္ သူမမ်က္လုံးမ်ားကို ငုံ႔ထားၿပီး ညည္းညဴလိုက္သည္။

အိုးရန္မန္မန္ သည္ သူမပါးကို ပုတ္လိုက္ၿပီး
"ဒီ show လား?"

"ငါလည္းပဲ ဒီshow မွာပါမွာ"

အိုးရန္မန္မန္၏မ်က္လုံးေတြသည္ ျပဴးက်ယ္သြားၿပီး
"နင္ နင္လည္းပဲ ဒီမွာပါမွာမွာလား?"

က်န္းထ်န္ ေခါင္းညိတ္လိုက္သည္။ဒီေသြးစုပ္ေကာင္က နာမည္ႀကီးခ်င္တာမဟုတ္ဘူးလား?ဒါဆို သူမက သူမ(ေရွာင္ရႈိ႕လ်န္)ဆႏၵကို ျဖည့္ဆည္းေပးရေတာ့မွာေပါ့ သူမနာမည္အရမ္းေက်ာ္ၾကားလာၿပီး ႏိုင္ငံတိုင္းက လူတိုင္းက သူမနာမည္ကို သိသြားေအာင္လုပ္ေပးမယ္။

"နင္ စိုးရိမ္ဖို႔မလိုပါဘူး"
အိုးရန္မန္မန္ စိုးရိမ္ေနတယ္ဆိုတာ သူမခံစားမိတဲ့အတြက္ေၾကာင့္ က်န္းထ်န္ သူမလက္ကို ဆြဲယူၿပီး ႏူးညံ့စြာ ႏွစ္သိမ့္ေပးလိုက္သည္။
"ငါဘာလုပ္ရမယ္ဆိုတာငါသိပါတယ္၊ ငါေကာင္းေကာင္းထိန္းႏိုင္ပါတယ္။"

သူမစကားမေျပာသည့္အခ်ိန္မွာေတာင္ က်န္းထ်န္သည္ အလြန္ေအးစက္ေသာ္လည္း ခ်စ္စရာေကာင္းေသာ အမ်ိဳးသမီးတစ္ဦးျဖစ္သည္။သူမ ၿပဳံးလိုက္တဲ့အခ်ိန္မွာေတာ့ ႏူးညံ့သိမ္ေမြ႕ၿပီး ရင္ထဲထိသြားတဲ့ ခံစားခ်က္ကို ေပးေပသည္။

အိုးရန္မန္မန္သည္ သူမေခါင္းကိုကုတ္လိုက္ၿပီး
"ငါ ငါ နင့္ကို အမ်ားႀကီးေတာ့ အကူအညီမေပးႏိုင္ေပမဲ့ ငါ့အေဖကေတာ့ မာဖီးယားေတြနဲ႔ အဆက္အသြယ္ရွိတယ္။တကယ္လို႔ နင္လိုတယ္ဆို ငါ့ကို ခ်က္ခ်င္းေျပာေနာ္"

"......"

သခင္မေလး၊ရွင္က ေရွာင္ရႈိ႕လ်န္ ကိုဖယ္ရွားဖို႔ တစ္စုံတစ္ေယာက္ကို ရွာခ်င္ေနတာလား?

ေသာၾကာေန႔မွာ က်န္းထ်န္သည္ show မစခင္
ဆယ္မိနစ္အလိုမွာ ႐ုပ္ျမင္သံၾကားဌာနကို ေရာက္ရွိသြားခဲ့သည္။

လင္းေဆြ႕က်ိဳးကလည္း သူမနဲ႔အတူ လိုက္လာခဲ့သည္။

တခ်ိန္လုံး ၿငိမ္သက္ေနေသာ က်န္းထ်န္ ကိုၾကည့္ရင္း လင္းေဆြ႕က်ိဳးမ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ခ်စ္ ဒီထဲဝင္ခ်င္တာ ေသခ်ာလား?"

"ဘာလို႔မေသခ်ာရမွာလဲ?"
က်န္းထ်န္ သူမမ်က္လုံး‌ေတြကို ပင့္လိုက္ရင္း
"ခ်စ္ သူမကို တကယ္အစစ္အမွန္က ဘာလဲဆိုတာ သိေစခ်င္တယ္"

"ကို လုပ္ႏိုင္...."

က်န္းထ်န္ သူ႔စကားကို ျဖတ္ေျပာလိုက္ၿပီး
"ကို လုပ္ႏိုင္တယ္ဆိုတာ ခ်စ္သိတယ္ ဒါေပမဲ့ သူမက ခ်စ္အေမေလ ခ်စ္ကိုယ္တိုင္ ကိုင္တြယ္တာပိုေကာင္းတယ္။ကို အိမ္မွာပဲ ကေလးေတြကို ေစာင့္ေရွာက္ေနသင့္တယ္"

လင္းေဆြ႕က်ိဳး : ".....ဒီေန႔က ေသာၾကာေန႔ေလ"

က်န္းထ်န္ : "ဒါဆို ကို႔ဟာကိုပဲ ဂ႐ုစိုက္ေန"

"......"

ဒါဆို သူကလည္း ကေလးပဲလား??

က်န္းထ်န္ လင္းေဆြ႕က်ိဳးကို ႏႈတ္ဆက္ၿပီးေနာက္မွာ အိတ္ေသးေသးေလးကို သယ္ၿပီး
အသံလြင္႐ုံထဲသို႔ ေဒါက္ဖိနပ္ႏွင့္အတူ ေလွ်ာက္ဝင္လာခဲ့သည္။

"Help"အစီအစဥ္သည္ ၾကည့္ရွဴႏႈန္းျမင့္မားေသာ္လည္း လူလတ္ပိုင္းႏွင့္ သက္ႀကီး႐ြယ္အိုမ်ားသာ အၾကည့္မ်ားသည္။ဖိတ္ၾကားထားေသာ ဧည့္သည္မ်ားဟာလည္း သာမန္လူမ်ားျဖစ္ၾကသည္။အကဲျဖတ္ဒိုင္(တရားသူႀကီး)မ်ားကေတာ့ ေဖ်ာ္ေျဖေရးနယ္ပယ္ႏွင့္ ဘာမွမဆိုင္တဲ့သူေတြသာျဖစ္ၾကသည္။အစီအစဥ္မႉး မသိရင္ေတာင္ ဒီလူေတြ အသံလြင့္႐ုံ အျပင္ဘက္ကိုထြက္ရင္ေတာင္ ဘယ္သူမွ မွတ္မိမွာ မဟုတ္ဘူး။က်န္းထ်န္ ဒီshow ကို ပါဝင္လာျခင္းက ထုတ္လုပ္ေရးအဖြဲ႕ကို အလြန္အံ့ဩေစသလို စိတ္လႈပ္ရွားေစသည္။

က်န္းထ်န္၏အမည္သည္ ဒီစကားဝိုင္းေခါင္းစဥ္ကို ကိုယ္စားျပဳသည္။ဆိုလိုသည္က သူမအမည္သည္ show မွာ ေဆြးေႏြးတာကို ဇာတ္ရွိန္ျမင့္တက္ေစသည္။က်န္းထ်န္ မေျဖႏိုင္ေလာက္တဲ့ ေမးခြန္းေပါင္း တစ္ေထာင္ေလာက္ကို သူတို႔ေတြးခဲ့ၾကေပမယ့္ သူမကို တကယ္ေတြ႕လိုက္ရတဲ့အခါမွာေတာ့ အစီအစဥ္တင္ဆက္သူႏွင့္ ဒါ႐ိုက္တာတို႔သည္ အံ့အားသင့္သြားခဲ့ၿပီး သူတို႔ရဲ႕ ဦးေႏွာက္‌ ေတြဟာ ကြက္လပ္ျဖစ္သြားခဲ့သည္။

ဒီေန႔မွာေတာ့ သူမဆံပင္ကို ပိုနီေတးပုံစံ႐ိုး႐ိုးရွင္းရွင္းစည္းထားကာ အနက္ေရာင္ဝတ္စုံကိုဝတ္ဆင္ထားၿပီး ေဒါက္ျမင့္ဖိနပ္အခြၽန္ကို ဝတ္ဆင္ထားခဲ့သည္။သူမမွာ ျဖဴစင္ေသာအသားအေရႏွင့္ ႏူးညံ့ေသာမ်က္ႏွာအသြင္အျပင္ေလးလည္းရွိသည္။သူမ၏ ေျမေခြးႏွင့္တူေသာ မ်က္လုံးမ်ားသည္ အလြန္စူးရွေပသည္။တံခါးနားမွာ တိတ္ဆိတ္စြာ ရပ္ေန႐ုံနဲ႔ကို ဖိႏွိပ္တဲ့ေအာ္ရာေတြ ထုတ္လုပ္ေနခဲ့သည္။တကယ္ေတာ့ သူမမွာ လင္းေဆြ႕က်ိဳးရဲ႕ အရိပ္ အနည္းငယ္လည္း ရွိေနပုံရသည္။

က်န္းထ်န္ တစ္ေယာက္ထဲကေတာင္ တစ္ခန္းလုံးကို ေခ်မႈန္းႏိုင္ေနၿပီ။

အနီေရာင္ပန္းပြင့္ေတြႏွင့္ အစိမ္းေရာင္ သစ္႐ြက္ေတြသည္ သူမေရွ႕မွာ အစည္းအထားတစ္ခုလိုျဖစ္လာၿပီး သူတို႔မ်က္လုံးေတြက အဲ့တာကို ေက်ာ္ၾကည့္လိုက္တဲ့အခါမွာ ဖိအားအမ်ားအျပားကို သူတို႔ခံစားရေပသည္။

အဲ့ဒီအမ်ိဳးသမီး ဝဝႀကီးက ဒီလို ေခ်ာေမာလွပတဲ့ မိန္းမပ်ိဳေလးကို ဘယ္လိုမ်ားေမြးဖြားလိုက္တာလဲ?

ခဏေလာက္ေတာ့ အားလုံးက နည္းနည္းေတာ့ သံသယျဖစ္သြားၾကသည္။

"ေတာင္းပန္ပါတယ္၊ကြၽန္မနည္းနည္းေနာက္က်သြားတယ္"
သူမသည္ ေရွ႕တည့္တည့္သို႔ ေလွ်ာက္သြားလိုက္ကာ ေရွ႕ကို လွမ္းၾကည့္လိုက္သည္။

ဒါ႐ိုက္တာသည္ သတိျပန္ဝင္လာၿပီး
"မေနာက္က်ပါဘူး၊မေနာက္က်ပါဘူး"

က်န္းထ်န္ ေဘးပတ္ပတ္လည္ကို ၾကည့္လိုက္ရာ အစီအစဥ္တင္ဆက္သူ အမ်ိဳးသားတစ္ေယာက္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။အမ်ိဳးသမီးသည္ အနီေရာင္ dress ကို ဝတ္ထားၿပီး အမ်ိဳးသားကေတာ့ ေနဗီျပာေရာင္ suite ႏွင့္ မ်က္မွန္ကို တပ္ဆင္ထားကာ နည္းနည္းေလး အရပ္ပုပုံေပၚသည္။

သူမ အၾကည့္ကို ေ႐ႊ႕လိုက္ၿပီး ဆိုဖာေပၚတြင္ တည္ၿငိမ္ေသာ အမူအရာျဖင့္ ဝင္ထိုင္လိုက္သည္။
"ကြၽန္မဒီကို လာမယ့္အေၾကာင္း ရွင္ ကြၽန္မအေမကို မေျပာထားဘူးမို႔လား?"

"ဟုတ္ပါတယ္၊ အျပင္ကပရိသတ္ေတြကလည္း မင္းလာမယ္ဆိုတာ မသိၾကဘူး။"

"ဒါေကာင္းတယ္" သူမ ေခါင္းညိတ္လိုက္ၿပီး
"ရွင္ စီစဥ္စရာရွိတာေတြကိုသာ သြားလုပ္ပါ"

က်န္းထ်န္ သည္ ေအးစက္ၿပီး ဘာမွမထူးျခားပုံေပါက္ေသာ္လည္း သူမ၏ ေျပာဆိုဆက္ဆံပုံမွာ အလြန္ေကာင္းမြန္ေပသည္။

မၾကာခင္မွာပဲ show ဟာ စတင္ခဲ့ၿပီး အစီအစဥ္တင္ဆက္သူႏွစ္ေယာက္ဟာ ဝင္လာခဲ့ၾကသည္။

အဖြင့္အမွာစကားေျပာၾကားၿပီးေနာက္မွာ ေရွာင္ရႈိ႕လ်န္ သည္ စင္ျမင့္ေပၚတြင္ ေပၚလာခဲ့သည္။

သူမသည္ ထိုေန႔ကထက္ပင္ ေဟာင္းႏြမ္းေနသည့္ အဝတ္အစားမ်ားကို ၀တ္ဆင္ထားခဲ့သည္။သူမ၏ ေျခလွမ္းမ်ား တုံ႔ဆိုင္းသြားကာ မ်က္လုံးမ်ားသည္ ညႇိဳးႏြမ္းေနၿပီ သူမ၏ ေနာက္ေက်ာတစ္ခုတည္းကပင္ လူမ်ားကို ငိုေစေအာင္ လုံေလာက္ေပသည္။

အစီအစဥ္တင္ဆက္သူက သူမကို မိုက္ခ႐ိုဖုန္း လွမ္းေပးလိုက္သည္။

ေရွာင္ရႈိ႕လ်န္သည္ စင္ေပၚမွေန၍ ပရိသတ္ႏွင့္ တရားသူႀကီး(အကဲျဖတ္ဒိုင္)မ်ားကို ေလးေလးနက္နက္ ဦးၫႊတ္လိုက္သည့္အခါ လက္ခုပ္ၾသဘာသံမ်ားရရွိခဲ့သည္။

က်န္းထ်န္သည္ သူမ၏ ေျခတံရွည္မ်ားကို ခ်ိတ္၍ ထိုင္ကာ စင္ေနာက္ရွိ နားေနခန္းတြင္ သူမ(ေရွာင္ရႈိ႕လ်န္)၏ ေဖ်ာ္ေျဖမႈကို ဂ႐ုမစိုက္တဲ့ပုံစံျဖင့္ ၾကည့္ေနခဲ့သည္။

"ေရွာင္အားရီ ‌ဒီေန႔ဒီကို လာခဲ့တာ အကူအညီေတာင္းဖို႔ မလား?"

ေရွာင္ရႈိ႕လ်န္ ေခါင္းညိတ္လိုက္သည္။

အစီအစဥ္တင္ဆက္သူအမ်ိဳးသား ေမးလိုက္သည္။
"ဘယ္လိုအကူအညီမ်ိဳးကို အားရီက ရခ်င္တာလဲ?"

သူမက ကင္မရာကို သတိထားၿပီး ၾကည့္လိုက္ၿပီး
"ကြၽန္မ... ကြၽန္မသမီးက ကြၽန္မကိုအိမ္ျပန္ေခၚေစခ်င္တယ္"

"ဒီထက္ပိုၿပီး တိတိက်က်ေျပာေပးႏိုင္မလား?"

ဒါက ေရွာင္ရႈိ႕လ်န္ ရဲ႕ ပထမဆုံးအႀကိမ္ စင္ေပၚတက္ဖူးတာျဖစ္သျဖင့္ သူမ အနည္းငယ္တုန္လႈပ္ေနခဲ့သည္။စင္ေအာက္ရွိ ပရိတ္သတ္မ်ားကို ၾကည့္ၿပီး သူမတစ္ကိုယ္လုံး တုန္ခါေနကာ သူမပါးစပ္ကို ‌ဖြင့္ဖို႔ ေန႔တစ္ဝက္ေလာက္ၾကာေအာင္ ႀကိဳးပမ္းခဲ့ေပမဲ့လည္း ဘာသံမွ ထြက္မလာခဲ့ဘူး။

အစီအစဥ္တင္ဆက္သူအမ်ိဳးသမီးက သူမ ပုခုံးေပၚကို ပုတ္ၿပီး ႏူးညံ့စြာ ႏွစ္သိမ့္ေပးသည္။
"အဆင္ေျပပါတယ္၊စိတ္မလႈပ္ရွားနဲ႔ အားရီကို ဒီအေၾကာင္းေဆြးေႏြးႏိုင္ဖို႔ အခ်ိန္ေပးမယ္"

ေရွာင္ရႈိ႕လ်န္က ေခါင္းကို ထပ္ခါ ထပ္ခါညိတ္လိုက္ၿပီး
"ေကာင္းၿပီ၊ကြၽန္မ အခ်ိန္ယူမယ္၊အခ်ိန္ယူမယ္။
ကြၽန္မသမီးက ကြၽန္မကို အိမ္ျပန္ေခၚေစခ်င္လို႔ပါ"

"ရွင့္သမီးက အခုဘယ္မွာလဲ?"

"မင္းတို႔အားလုံး ငါ့သမီး က်န႔္ထ်န္ကို သိပါတယ္။သူမေယာက်ၤားက Huatian Entertainment က ဥကၠဌေလ"

သူမ အေပၚကလိုေျပာၿပီးသည္ႏွင့္ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားခဲ့သည္။

က်န္းထ်န္ ေလွာင္ေျပာင္လိုက္သည္။

အစီအစဥ္ တင္ဆက္သူေတြက ဒါကိုသိၿပီးသားျဖစ္ေပမဲ့လည္း ဟန္ေဆာင္ အံ့ဩလိုက္ၾကၿပီး
"အားရီေျပာတာက....က်န္းထ်န္က အားရီရဲ႕သမီးေပါ့"

"ဟုတ္တယ္ ကြၽန္မသမီးအရင္း"
ေရွာင္ရႈိ႕လ်န္က မရပ္မနားေခါင္းညိတ္လိုက္သည္။

အမ်ိဳးသမီးအစီအစဥ္တင္ဆက္သူ၏အသံသည္ ႏူးညံ့လာၿပီး
"အားရီ‌ေျပာတာကက သူမ အားရီကိုအိမ္ျပန္ေခၚေစခ်င္တယ္လို႔ေျပာတယ္ဆိုေတာ့ အားရီက အခုတေလာ အျပင္မွာပဲေနခဲ့တာလား?"

ဒီေမးခြန္းကိုၾကားတာႏွင့္ ေရွာင္ရႈိ႕လ်န္၏ရင္ဘတ္ေတြဟာ တဆတ္ဆတ္တုန္လာကာ ပါးျပင္ေတြတုန္ၿပီး သူမရဲ႕မ်က္လုံးေတြကေနမ်က္ရည္ေတြ စီးက်လာခဲ့သည္။

"ကြၽန္မတို႔မိသားစုမွာ က်န္းထ်န္ဆိုတဲ့ သမီးေလးတစ္ေယာက္ပဲရွိခဲ့တာ။သူမရဲ႕အေဖက ဆုံးသြားတာၾကာလွပါၿပီ။ကြၽန္မက သူမကို ေကြၽးေမြးဖို႔အတြက္ single mom တစ္ေယာက္အေနနဲ႔ အလုပ္ေတြႀကိဳးစားခဲ့တယ္။ေနာက္ပိုင္း...ေနာက္ပိုင္းမွာ သူမက ဘဝကိုေကာင္းေကာင္းမေနဘဲ လက္မထပ္ခင္ ကိုယ္ဝန္ရခဲ့တယ္။ေနာက္က်ေတာ့ သူမရဲ႕အခုလက္ရွိေယာက်ၤားနဲ႔ သူမလက္ထပ္ခဲ့တယ္။
လင္းမိသားစုမွာ လုပ္ငန္းႀကီးႀကီးမားမားေတြရွိၿပီး သူမကိုလည္း ေငြေၾကးအရ ေထာက္ပံ့ေပးႏိုင္မယ္လို႔ ကြၽန္မထင္ခဲ့တယ္၊ အနည္းဆုံးေတာ့ ကြၽန္မနဲ႔အတူ ခက္ခဲၾကမ္းတမ္းတဲ့ဘဝနဲ႔ ေနေနစရာ မလိုေတာ့တဲ့အတြက္ ကြၽန္မသူမကို လက္ထပ္ခြင့္ျပဳလိုက္တယ္။"

ဒီလိုသတင္းအခ်က္အလက္ ပမာဏက ရယူဖို႔ ခက္ခဲလြန္းတဲ့အတြက္ အစီအစဥ္တင္ဆက္သူမ်ားပင္ အံ့ဩလြန္း၍ ေျပာစရာစကားမဲ့သြားခဲ့ၾကသည္။

လင္းေဆြ႕က်ိဳးသည္ သိုသိုသိပ္သိပ္ေနတတ္ၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ ပုဂၢိဳလ္တစ္ဦးျဖစ္သည္။အရင္က သူနဲ႔ပတ္သက္တဲ့ အတင္းအဖ်င္းသတင္းေတြ မရွိခဲ့သလို အိမ္ေထာင္က်ၿပီနဲ႔ ကေလးေမြးထားတာကိုေတာင္ သူတို႔ႏွစ္ေယာက္က ေဖာ္ထုတ္ခဲ့လို႔သိခဲ့ရျခင္းျဖစ္သည္။အခု က်န္းထ်န္က လက္မထပ္ခင္ ကိုယ္ဝန္ရွိသြားတာလို႔ သူမေျပာလိုက္တာလား?တျခားစကားနဲ႔ေျပာရရင္ သူတို႔က ကိုယ္ဝန္ရွိသြားတဲ့အတြက္ အလ်င္အျမန္မဂၤလာေဆာင္လိုက္ရတာလား?

တရားသူႀကီးမ်ားသည္ ဆက္ထိုင္မေနႏိုင္ေတာ့ဘဲ စားပြဲေပၚရွိ မိုက္ခကိုဖုန္းကိုေကာက္ယူလိုက္ၿပီး
"သူတို႔ ဘယ္အခ်ိန္ကလက္ထပ္ခဲ့ၾကတာလဲ?"

ေရွာင္ရႈိ႕လ်န္ ေျပာလိုက္သည္။
"သူတို႔ ေကာလိပ္မွာတုန္းကေပါ့။က်န္းထ်န္က သူမရဲ႕ ပထမဆုံးကေလးကို သူမေကာလိပ္ဝင္ဝင္ခ်င္းမွာပဲရခဲ့တာ"

အသံလႊင့္ခန္းတစ္ခုလုံးသည္ ေလေအးမ်ားျဖင့္ ျပည့္ႏွက္သြားခဲ့သည္။

"သူတို႔ လက္ထပ္ၿပီးေတာ့ အားရီဘယ္လိုေနခဲ့လဲ?"

ေရွာင္ရႈိ႕လ်န္ သည္ ပိုငိုလိုက္ၿပီး
"လင္းမိသားစုက ဘယ္ေလာက္ခ်မ္းသာ ခ်မ္းသာ ကြၽန္မက အျပင္လူတစ္ေယာက္ေလ၊
သူတို႔ဆီက ပိုက္ဆံေတာင္းဖို႔ကေတာ့ ခက္ခဲတယ္ေလ။အစပိုင္းမွာေတာ့ သူမက ကြၽန္မကို အကူညီေပးခဲ့ေပမယ့္ ေနာက္ပိုင္းမွာတျဖည္းျဖည္းနဲ႔ ကြၽန္မကို အိမ္ထဲမွာ မထားခ်င္ေတာ့ဘူး။သူတို႔ လင္မယားရန္ျဖစ္ၿပီး က်န္းထ်န္ကအိမ္ထြက္သြားခဲ့တယ္။ကြၽန္မက က်န္းထ်န္ကို ေျဖာင္းျဖဖို႔ သြားခဲ့ေပမဲ့ က်န္းထ်န္က ကြၽန္မကို ပါး႐ိုက္ခဲ့တယ္။
သူမက ကြၽန္မသမီးျဖစ္လို႔ သူမက ကြၽန္မကို ႐ိုက္ရင္ေတာင္ ကြၽန္မဘာမွမလုပ္ႏိုင္ဘူး။ဒါေပမဲ့ အခု...အခုေတာ့ ကြၽန္မ ေထာင့္တစ္ေထာင့္ကို ႏွင္ထုတ္ခံလိုက္ရၿပီ"

"ေထာင့္တစ္ေထာင့္ကိုႏွင္ထုတ္တယ္ အားရီဘာကိုဆိုလိုခ်င္တာလဲမသိဘူး?"

ေရွာင္ရႈိ႕လ်န္ ကမ်က္ရည္မ်ားဝဲကာ
"သူမကို ေထာက္ပံ့ေပးဖို႔အတြက္ ကြၽန္မ လူေတြဆီက ပိုက္ဆံေခ်းခဲ့တယ္၊အခ်ိန္ေတြၾကာလာတာနဲ႔အမွ် အတိုးေတြနဲ႔ေပါင္းၿပီး ဆပ္ရမွာေတြမ်ားလာခဲ့တယ္၊အခုအဲ့လူေတြက ပိုက္ဆံျပန္ေတာင္းေနၾကၿပီ ကြၽန္မတစ္ကယ္ပဲ လမ္းအဆုံးကို ေရာက္ေနၿပီ။ကြၽန္မက ကြၽန္မသမီးကို အကူအညီေတာင္းခဲ့ေပမဲ့ ရွင္တို႔ျမင္တဲ့အတိုင္းပဲ သူမက ကြၽန္မကို မကူညီခ်င္တဲ့အျပင္ ကြၽန္မကို ကန္ေတာင္ ကန္ခဲ့ေသးတယ္"

က်န္းထ်န္ ႏွင့္ ေရွာင္ရႈိ႕လ်န္ ၏ထိပ္တိုက္ေတြ႕ဆုံမႈ ဗီဒီယိုဖိုင္ကို ေနာက္ခံစခရင္တြင္ ျပသထားသည္။

ဒါကိုျမင္ေတာ့ အမွန္တရားကို မသိတဲ့ တရားသူႀကီးေတြနဲ႔ ပရိတ္သတ္ေတြဟာ ေဒါသေတြနဲ႔ ျပည့္ႏွက္သြားၾကသည္။

Seguir leyendo

También te gustarán

319K 7.9K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
25.5K 1.9K 23
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
83.4K 8.4K 58
ေရွာင္ေကာေကာေတြကို သ ေဘာတက် ငမ္းတတ္တဲ႕ ျမန္မာျပည္က မိန္းက ေလး အလည္အပတ္ခရီး သြားရာ က အခ်ိန္ခရီးပါ သြားမိတဲ႕ သူမ သူမရဲ႕ ဖူးစာ ဟာ အခ်ိန္စက္ဝန္းကို ေက...
268K 13.9K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...