(unicode)
အိမ်ရှေ့အိမ်က ဘုန်းကြီးဆွမ်းကပ်ကို မနက်တည်းက ကြီးကြီးမြတ်နဲ့အတူ စိတ်ထားလည်းလာဝိုင်းလုပ်နေတာဖြစ်သည်။ ရက်ကွက်ထဲမှာအခင်ဆုံးအိမ်လည်ဖြစ်ကာ ကြီးကြီးမြတ်ရဲ့ သူငယ်ချင်းအိမ်လည်းဖြစ်လို့ အကုန်ပြီးစီးသွားပေမဲ့ လူကြီးတွေ စကားပြောနေတဲ့ နေရာမှာ စိတ်ထားလည်း ထိုင်နေလိုက်သည်။
''အို..''
စိတ်ထားရဲ့ တည့်တည့်က ထမင်းစားပွဲမှာ ထမင်းစားနေတဲ့ ချာတိတ်တစ်ယောက်။ဟိုနေ့က အိမ်ကို ငေးနေတဲ့သူမှန်း သိလိုက်သည်။ ဘေးနားမှာ ခဲတံလည်း ရှိနေတော့ သူရဲ့သူငယ်ချင်း ဖြစ်ဟန်တူသည်။ စိတ်ထားရဲ့ မျက်နှာလေးကို အကြည့်စူးစူးဖြင့် ခပ်ရဲရဲစိုက်ကြည့်နေသောကြောင့် သူမရဲ့ မျက်နှာလေးကို မနေတက်စွာဟိုဘက်လွဲလိုက်သည်။ အိမ်ထဲစဝင်လာကတည်းက သတိထားမိပါသည်။ စိတ်ထားထက် ငယ်ပုံပေါ်ပေမဲ့ မြင့်မားတဲ့အရပ်နဲ့ ထွားကြိုင်းတဲ့ ကိုယ်ခန္ဓာကြောင့် မသိရင် ရွယ်တူလို့ထင်ရသည်။
''ဟေ့ရောင်..အရမ်းမကြည့်နဲ့လေ၊ တော်ကြာလူကြီးတွေ ရိပ်မိမယ်....''
ခဲတံက ညဏ်ကို ခပ်တိုးတိုးသတိပေးလိုက်သည်။ ခဲတံက သတိပေးလိုက်ပေမဲ့ ညဏ်ကတော့ ဂရုမစိုက်စွာ စိုက်ကြည့်နေတုန်းဖြစ်သည်။
''အဟွန်း..မသိပါဘူးကွ ''
ပန်းသွေးရောင်နှစ်ထပ်ဇာ ဝမ်းဆက်လေးနဲ့ အလှကြီး လှနေသော အမျိုးသမီးလေးကို ကြည့်ပြီး ညဏ်သည် ပါးစပ်ထဲက ထမင်းအရသာနဲ့ဟင်းအရသာက ဘာမှန်းမသိအောင်အထိ စျာန်ဝင်နေရသည်။ ဆံပင်တွေကို တလွှာ ခပ်မြှင့်မြှင့်လေး စည်းထားပြီး နားထင်စပ်က ဆံစလေးတွေက ရှိန်းမြမြနဲ့မို့ အသည်းယားစရာ။သူစိုက်ကြည့်နေတာကို ရိပ်မိသွားလို့ထင်သည်၊ မျက်နှာနုနုလေးက တစ်ဖက်သို့လွဲထားပြီး ခပ်တည်တည်လေး လုပ်ထားသည်။
''ကြီးကြီးမြတ်... သမီးပြန်နှင့်တော့မယ် ''
စကားမပြတ်သေးတဲ့ ကြီးကြီးမြတ်ကို စိတ်ထားက အနားကပ်ပြောရင်း ပြန်ဖို့ပြင်သည်။လူကိုအနေရခက်အောင်အထိ ခပ်ရဲရဲ စိုက်ကြည့်နေတဲ့လူကြောင့် စိတ်ထားရဲ့ မျက်ခုံးလှလှလေးတွေကိုစုကျုံ့ရင်း အိမ်အပြင်ထွက်ခဲ့သည်။
ဆံပင်ရှည်တွေ တနွဲ့နွဲ့ ၊ ပြေပြစ်တင်းပြည့်နေတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အပြင်ထွက်သွားတဲ့မ ရဲ့နောက်ကျောလှလှလေးကို ကြည့်ပြီး ညဏ်သည် သက်ပြင်းဖွဖွချကာ ထမင်းစားခြင်းကိုလက်စသတ်လိုက်သည်။
''မင်းက တော်ပြီလားဟ ၊ ထမင်းတွေအများကြီး ကျန်သေးတာကို..''
''အင်း....''
ညီသုကတော့ သူ့အကြောင်းကို ရိပ်မိသလို ခွီးခနဲရယ်သည်။ အခုဆိုရင် အိမ်လည်ရုံသာမက ထမင်းပါ လာစားနေတဲ့ ညဏ်ဟာ တကယ့်ကိုအချစ်ရူး သမားဖြစ်နေသည်။
>>>>>>>>>
''တောက်...''
ခေါ်မရတဲ့ ဖုန်းကို ထပ်ခါထပ်ခါ ခေါ်နေပြီး နောက်ဆုံးမှာ စိတ်တိုလာရကာ ခပ်ပြင်းပြင်းတောက်ခေါက်လိုက်သည်။ဘေးနားက ဖြတ်သွားတဲ့ မေမေက လှည့်ကြည့်ပြီး မျက်မှောင်ကုတ်မှ..။
''ဆောရီး..မေမေ့ကို ခေါက်တာမဟုတ်ဘူးနော်၊ ဖုန်းကို ခေါက်တာ...အဟွန်း..''
ဒေါ်သူဇာလင်း လက်ထဲက ကိုင်လာတဲ့ ပုဆိုးတွေကို ဘေးနားအသာချပြီး သားရဲ့အနားကပ်ထိုင်လိုက်သည်။
''ဒီနေ့ရော ကျောင်းမသွားဘူးလား..သား''
''အင်း...ဒီနေ့က အရေးမကြီးလို့ ''
ညဏ်က ဖုန်းကြည့်နေပေမဲ့ ခေါင်းထဲမှာ အကြံထုတ်နေမိသည်။ သူရဲ့ဖုန်းကို blacklistလုပ်ထားတဲ့ သူမလေးရဲ့အနားကို ဘယ်လို ချဥ်းကပ်ရမလဲဟု တွေးရင်း....။
''မေမေ..အဲ့ဒီပုဆိုးတွေက ချုပ်ပြီးသားလား''
ဒေါ်သူဇာလင်းဘေးနားက ပါကင်အိတ်ထဲက ပုဆိုးနက်ပြာတွေကို ကြည့်ပြီး ညဏ်က အကြံရသွားသလို မေးသည်။
''မချုပ်ရသေးဘူး...သားက အရပ်ရှည်တော့
ကွင်းအကြီးတွေ ယူလာတာ ပြန်ချုပ်ရမှာ.. ''
''ဟုတ်ပြီ..အဟွန်း...ဟွန်း...''
''ဘာတွေဟုတ်နေတာလဲ...သားက ''
ပုဆိုးထုပ်တွေ လှမ်းယူပြီး ပြုံးနေတဲ့ သားကို
ကြည့်ပြီး ဒေါ်သူဇာလင်းက မေးလိုက်သည်။
''သြော်...ကျွန်တော့်သူငယ်ချင်းမလေးက
ပုဆိုးအလကား ချုပ်ပေးမယ်ပြောလို့..အဲ့ဒါ''
''အဟင်း...သားရယ် ချုပ်ခက ဘယ်လောက်မှ မရှိဘူး..သွားမချုပ်ခိုင်းပါနဲ့၊ မေမေဆိုင်မှာအပ် လိုက်မယ်၊ သူများကို မခိုင်းနဲ့...''
''နေ..နေ..ရတယ် မေမေကလည်း၊ ကျွန်တော် ချုပ်ခိုင်းမှ ဖြစ်မှာမလို့...''
ပုဆိုးထုပ်တွေ ကောက်ကိုင်ပြီး ကားပေါ်တက်သွားတဲ့ သားကို ကြည့်ပြီး ဒေါ်သူဇာလင်းမှာ
ခေါင်းယမ်းလိုက်သည်။ အမြဲတမ်းလုပ်ချင်ပြီ
လိုချင်ပြီဆို ဇွတ်တရွတ်ဆန်တာဟာ သူ့အဖေတူတာလည်းမဟုတ်သလို၊ မွေးရာပါဗီဇ ဖြစ်သည်။
''အေး...ငါထွက်လာပြီ...''
''...................''
ညဏ်က ကားမောင်းနေရင်း ခဲတံကို လှမ်းပြောပြနေတာဖြစ်သည်။ ဟိုဘက်ကနေ မဖြစ်ဘူး၊ မဖြစ်ဘူးဆိုတဲ့ ခဲတံရဲ့ အသံကို မကြားချင်သလိုဖုန်းကို ချပစ်လိုက်သည်။
''ring....ring....''
ဖုန်းက အဆက်မပြတ်မြည်နေပေမဲ့ သူ မကိုင်ဘဲကားကိုသာ ဂရုစိုက်မောင်းနေသည်။ခဏအကြာတွင် ကားက ရက်ကွက်ထဲရောက်လာတော့ ညဏ်မှာ ရင်တွေခုန်လာရသည်။ ကားကို လမ်းအကျယ်ကြီးရဲ့ လွတ်တဲ့နေရာမှာ ကပ်ရပ်ထားလိုက်ပြီး ပုဆိုးထုပ်ကို ယူကာ သူ ကားပေါ်က ဆင်းလိုက်သည်။ထို့နောက် ကားကို lockချရင်းတက်ကြွသော ခြေလှမ်းများဖြင့် သူမလေးတို့ အိမ်ဆီသို့။
စိတ်ထားသည် ဒီနေ့ ကြီးကြီးက အသိအိမ်
သွားလို့ တစ်ယောက်တည်းဖြစ်နေရသည်။
မနေ့ကတည်းက ပြီးတော့မဲ့ အင်္ကျီလေးကို
လက်စသပ်ရင်း စက်ခုံတွင်ထိုင်ကာ အေးအေးဆေးဆေး ချုပ်နေလိုက်သည်။
''ပုဆိုးချုပ်ချင်လို့ပါခင်ဗျာ...ဝင်လာလို့ရမလား''
ခြံတံခါးဖွင့်ထားတာကို အခွင့်ကောင်းယူကာ
အိမ်အပေါက်ဝထိ ရောက်လာတဲ့ လူကြောင့်
စိတ်ထားမှာ လန့်သွားရသည်။ ဟိုနေ့က ချာတိတ်မှန်း သိလိုက်လို့ မျက်နှာလေးကို တင်းပစ်လိုက်သည်။
''မရဘူး...ငါတခြားအပ်ထည်တွေ လက်မခံဘူး အဲ့ဒါကြောင့် မင်း ပြန်ပါ...''
စိတ်ထားရဲ့ ခက်ထန်နေသော မျက်နှာလေးကို ကြည့်ပြီး ညဏ်က သက်ပြင်းဖွဖွချလိုက်ကာ မျက်နှာကို သနားစရာကောင်းတဲ့ပုံလုပ်လိုက်ပြီး။
''ကျွန်တော်ပုဆိုးတွေ ကြွက်ကိုက်ကုန်လို့ပါ၊
ပြီးတော့ ဒီပုဆိုးတွေက မနက်ကျောင်းသွားရင်ဝတ်ရမှာမလို့ပါ ကူညီပါဗျာ...''
စိတ်ထား မြင်အောင် ပုဆိုးနက်ပြာတွေကို ညဏ်က ပြလိုက်ပြီး အသံခပ်တိုးတိုးဖြင့် ဟန်ဆောင်လိုက်သည်။ ကိုယ်ရဲ့ အခုပုံစံကို ဟိုဘက်အိမ်က ခဲတံတစ်ယောက်ချောင်းကြည့်ပြီး အခုချိန်ဆို ခွက်ထိုးခွက်လန် ရယ်နေပြီး အူတက်နေလောက်သည်။ မတက်နိုင် သူများတွေ ဘယ်လိုဖြစ်နေဖြစ်နေ ၊ ညဏ်ကတော့ လုံးဝ လက်လျှော့မှာမဟုတ်။
''တခြားဆိုင်တွေ သွားချုပ်ပေါ့၊ ဒီလောက်အများကြီး..''
''သိမှမသိတာ..ကျွန်တော်သိတာ ဒီတစ်ဆိုင်ဘဲရှိတာ ၊အဲ့ဒါကြောင့်...ကူညီမယ်မလားဟင်..''
အိမ်ရှေ့မှာ မတ်တပ်ကြီးရပ်နေတော့ လမ်းထဲက လူတွေက ကွက်ကြည့်၊ ကွက်ကြည့်လုပ်ကြသည်။စိတ်ထားလည်း ထိုမျက်လုံးတွေကြောင့် နောက်ဆုံးမှာ ကူညီဖို့ ဆုံးဖြတ်လိုက်သည်။
''ဝင်ခဲ့...''
ညဏ်ရဲ့ မျက်နှာဟာ ချက်ချင်းပြုံးရိပ်ဆင်သွားပြီး အိမ်ထဲဝင်လာလိုက်သည်။ ဧည့်ခန်းကျဥ်းကျဥ်းလေးပေမဲ့ ကျွန်းဆက်တီအဝါရောင်ခုံလေးတွေနဲ့ ခေတ်မှီစွာ ဖွဲ့စည်းထားသည်။ နရံဘက်တွေမှာ ချိတ်ထားတဲ့ မ ရဲ့ဓာတ်ပုံလှလှလေးတွေကို သူလိုက်ငေးရင်း...။
''ဒီမှာ...ချုပ်မယ်ဆို ပေးလေ ''
ထိုင်ခုံမှာ ထိုင်နေတဲ့ သူရဲ့အနားကိုလာကာ ပုဆိုးတောင်းနေတဲ့ သူမလေးကို အသာပြုံးပြပြီး ပေးလိုက်သည်။ ဖြူနုပြည့်ဖောင်းနေတဲ့ လက်ကလေးတွေကို ကြည့်ပြီး ညဏ်သည် စိတ်ထဲက အသည်းယား သွားရသည်။ စကားတခွန်းမှ ထပ်မပြောတော့ဘဲ စက်နင်းနေတဲ့ သူမလေးရဲ့ နောက်ကျောကို ကြည့်ရင်း ညဏ်ရဲ့ ရင်ထဲက ရင်ခုန်သံတွေက စည်းချက်မမှန် ဖြစ်နေရသည်။
စိတ်ထားမှာ ချုပ်သာ ချုပ်နေရတာ စိတ်က မလုံပေ။ နောက်ကျောကနေ ကျိန်းသေကြည့်နေမှာကို သူမ တပ်အပ်သိသည်။ လူပုံကတော့ ခပ်ချောချော၊ ခပ်ဖြောင့်ဖြောင့် ဖြစ်ကာ စိတ်ထားရဲ့ အရပ်ကလေးကို အုပ်မိုးနေတဲ့အထိ သူက အရပ်မြင့်သည်။ ချုပ်နေရင်း အတွေးတွေကို လက်စသတ်ကာ အိမ်မှာ ကြီးကြီးမြတ်လည်း မရှိတော့ အမြန်ပြီးစီးအောင် ပုဆိုးကို ချုပ်နေလိုက်သည်။
''ချုပ်ခက ၂ထောင်ဘဲ ကျတယ်၊ ရော့..''
ပုဆိုးကို သေသေသပ်သပ်ပြန်ခေါက်ကာ အိတ်ထဲပြန်ထည့်ပေးရင်း စိတ်ထားက ပြောသည်။ ညဏ်က ဘောင်းဘီအိတ်ကပ်ထဲ လက်တွေထည့်လိုက်ကာ မတ်တပ်ရပ်လိုက်ပြီး သူမလေးရဲ့အနားလျှောက်လာလိုက်သည်။
''အို..ဘာလို့နီးနီးကပ်ကပ်လာရပ်တာလဲ..''
စက်ခုံဘေးမှာ ရပ်နေတဲ့ စိတ်ထားရဲ့ ကိုယ်လေးနားကို လာကပ်ရပ်တာကြောင့် အသံလေးက ခပ်ဆက်ဆက်လေး ထွက်သွားရသည်။သူကတော့ ဟိုနက ပုဆိုးချုပ်ပေးပါဆိုတဲ့ မျက်နှာမျိုးမဟုတ်တော့ဘဲ ဂျစ်ကန်ကန်မျက်နှာပေးနဲ့ မကြားသလို အနားထပ်တိုးလာသည်။
''အဟွန်း..အရမ်းစွာတာဘဲနော်၊ ဘာလို့ဖုန်းကို blacklistလုပ်ထားတာလဲ.. ''
''ဟင် ''
ညဏ်က သူရဲ့ရင်ခွင်မှီအရပ်လေး ဖြစ်နေတဲ့
အမျိုးသမီးလေးကို ငုံ့မိုးကြည့်ကာ အနီးကပ်မြင်လိုက်မှ အစက်အပြောက်တွေ ကင်းစင်ကာ လှပနုထွတ်နေတဲ့ သူမလေးရဲ့ မျက်နှာကို ကြည့်ရင်းသူ့မှာ ရင်ခုန်စိတ်လှုပ်ရှားလာရတဲ့ စိတ်ကို မနည်းပြန်ထိန်းကာ အသာပြုံးလိုက်သည်။
စိတ်ထားရဲ့ မျက်နှာလေးကို ရွှန်းရွှန်းစားစား
စိုက်ကြည့်နေတဲ့ သူကြောင့် စိတ်ထားသည် မျက်လွှာလေးကို ချရင်း မနေတက်ဖြစ်လာရသည်။
''ကျွန်တော်မေးတာ ဖြေလေ၊ ဘာလို့block
လိုက်တာလဲ...''
''နေပါအုံး..မင်းနဲ့ငါ ဘယ်လိုပတ်သတ်နေလို့
အခုလို လာပြောနေရလဲ၊ ပြီးတော့ blockတယ်အဲ့တာ ဘာကိုပြောချင်တာလဲ...''
စိတ်ထားမှာ အနည်းငယ်စိတ်တိုလာရသည်။
ဒီလိုမှန်းသိရင် သူမဝင်ခွင့်ပေးပြီး ကူညီခဲ့မှာ
မဟုတ်ပါ။ အခုတော့ ကြည့်ပုံတွေကအစ
လူကို ဝါးမြိုမတက်။ စိတ်ထဲက အနည်းငယ်
လန့်ပေမဲ့ အပြင်မှာတော့ မျက်နှာလေးကို တင်းထားလိုက်သည်။
''ကျွန်တော်နာမည် ညဏ်ရည်သျှန်...၊ပြီးတော့စကားပြောရင် ''မင်း'' လို့ မသုံးဘဲ
ညဏ်လို့ ခေါ်ပေးပါလား...မေတ္တာရပ်ခံတာ ''
''မခေါ်နိုင်ဘူး..မကျေနပ်လည်မတက်နိုင်ဘူး..ဘာတဲ့..နာမည်က ညဏ်ရည်သျှန် ဟုတ်လား''
စိတ်ထားသည် လွန်ခဲ့သော နှစ်ရက်ခန့်က ဖုန်းထဲက အသံကို သတိရသွားကာ သေချာအောင်ထပ်မေးလိုက်သည်။
''အင်း..ဒီထက်ရှင်းအောင်ပြောရရင် ခင်ဗျားကို စိတ်ဝင်စားနေတယ်ဆိုတဲ့
တစ်ယောက်...''
အိမ်ပေါ်ထိ မိုက်ရူးရဲဆန်စွာ ရည်းစားစကား
တက်ပြောနေတဲ့ ညဏ်ရည်သျှန်ဆိုတဲ့ သူကို
စိတ်ထားက နှုတ်ခမ်းလေးကို သွားနဲ့ဖိကိုက်ကာ ဒေါသထွက်စွာ ကြည့်လိုက်သည်။
''မင်း..ထွက်သွား..အခုချက်ချင်း...''
လက်ညိုးလေးထိုးပြီး ထွက်သွားခိုင်းနေတဲ့ သူမလေးကို ကြည့်ပြီး ညဏ်က ခပ်တိုးတိုးရယ်သည်။
''အဟွန်း..အဲ့တာဆို ကျွန်တော်ဖုန်းကို
blacklistက ထုတ်ပြီး စကားပြန်ပြောမှာလား''
''မင်းခိုင်းတိုင်း လုပ်ရအောင်..ငါ့ကို ဘာထင်နေလဲ..၊ မကြာခင် ကြီးကြီးလည်း ပြန်လာတော့မှာ အဲ့ဒါကြောင့် အိမ်ထဲက ထွက်ပါ ''
''မရဘူး..ကျွန်တော့်ကို ကတိမပေးမချင်း မသွားဘူး..ကြီးကြီးလာလည်း ကျွန်တော်က မ ကို ချစ်နေတဲ့အကြောင်းပါ ဖွင့်ပြောမှာ...''
''ဘာ..နင်ရူးနေလား...''
ဒီလိုမျိုးဘယ်သူမှမရှိတဲ့အိမ်ထဲမှာ ကြီးကြီးမြတ်သာ သူမတို့နှစ်ယောက်ကို မြင်သွားရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ သူဘက်က မဟုတ်တာတွေလျှောက်ပြောရင် သွားပြီ...။စိတ်ထား တွေးရင်းစိတ်မောလာရသည်။
''အရမ်းချစ်တယ်...ကျွန်တော်ကို စဥ်းစားပေးနိုင်မလား...''
''ဟင့်အင်း..အဓိပ်ပါယျမရှိတာတှေ လာမပြောနဲ့ ငါ လက်မခံဘူး ''
စိတ်ထားရဲ့ မျက်နှာလေးမှာ ပန်းသီးလေးတစ်လုံးလို နီရဲလာရသည်။ အိမ်ပေါ်ထိ ချစ်စကားလာဆိုတဲ့ သူ့ကို တကယ်လက်ဖျားခါသည်။ ပြီးတော့ရင်ထဲမှာလည်း ကတုန်ကရင်ဖြစ်လာကာ အသံတွေ မတုန်အောင်ပင် သူမမှာ ထိန်းပြောရသည်။
''ညကြရင် ဖုန်းဆက်မယ်..တကယ်လို့မကိုင်ရင် ၊ကျွန်တော် မနက်ဖြန် အိမ်အထိ လိုက်လာမှာ''
ညဏ်က ပြောပြီး ဘောင်းဘီအိတ်ကပ်ထဲက ပိုက်ဆံထောင်တန် အသစ်လေး နှစ်ရွက်ကို စက်ခုံပေါ်လှမ်းတင်ပြီး သူမရဲ့ မျက်နှာလေးကို သေချာစိုက်ကြည့်လိုက်သည်။
''မ ကို အရမ်းချစ်မိနေလို့...ဒီလိုနေရာထိချစ်
စကားလာဆိုရတာ တောင်းပန်ပါတယ် ''
''နင်ပိုက်ဆံလည်း မလိုချင်ဘူး၊ နင့်အသံလည်းဆက်မကြားချင်တော့လို့ အိမ်ထဲက အခုချက်ချင်း ထွက်သွား....''
''အဟွန်း...တကယ့်ဒေါသအိုးလေးနော် ''
စိတ်ထားရဲ့ နားကို ခပ်တိုးတိုးကပ်ပြောပြီး အိမ်အပြင်ပြန်ထွက်သွားတဲ့ သူ့ကို အမြင်ကပ်စွာ ကြည့်ရင်း ဒီနေ့က ပြသာဒါးနေ့ဆိုတာ ကျိန်းသေသွားသည်။
''တောက်...လူးပါးဝတဲ့ကောင် ...
မုန်းလိုက်တာ ၊ရုပ်ကလေး သနားကမားနဲ့...''
စိတ်ထားပါးစပ်က မကျေမနပ်ပြောရင်း သူချထားခဲ့တဲ့ ပိုက်ဆံကို အမြင်ကတ်စွာ မျက်စောင်းထိုးလိုက်သည်။
~~~~~~~~ဆက်ရန်။
(zawgyi)
(unicode)
အိမ္ေရွ႕အိမ္က ဘုန္းႀကီးဆြမ္းကပ္ကို မနက္တည္းက ႀကီးႀကီးျမတ္နဲ႕အတူ စိတ္ထားလည္းလာဝိုင္းလုပ္ေနတာျဖစ္သည္။ ရက္ကြက္ထဲမွာအခင္ဆုံးအိမ္လည္ျဖစ္ကာ ႀကီးႀကီးျမတ္ရဲ႕ သူငယ္ခ်င္းအိမ္လည္းျဖစ္လို႔ အကုန္ၿပီးစီးသြားေပမဲ့ လူႀကီးေတြ စကားေျပာေနတဲ့ ေနရာမွာ စိတ္ထားလည္း ထိုင္ေနလိုက္သည္။
''အို..''
စိတ္ထားရဲ႕ တည့္တည့္က ထမင္းစားပြဲမွာ ထမင္းစားေနတဲ့ ခ်ာတိတ္တစ္ေယာက္။ဟိုေန႕က အိမ္ကို ေငးေနတဲ့သူမွန္း သိလိုက္သည္။ ေဘးနားမွာ ခဲတံလည္း ရွိေနေတာ့ သူရဲ႕သူငယ္ခ်င္း ျဖစ္ဟန္တူသည္။ စိတ္ထားရဲ႕ မ်က္ႏွာေလးကို အၾကည့္စူးစူးျဖင့္ ခပ္ရဲရဲစိုက္ၾကည့္ေနေသာေၾကာင့္ သူမရဲ႕ မ်က္ႏွာေလးကို မေနတက္စြာဟိုဘက္လြဲလိုက္သည္။ အိမ္ထဲစဝင္လာကတည္းက သတိထားမိပါသည္။ စိတ္ထားထက္ ငယ္ပုံေပၚေပမဲ့ ျမင့္မားတဲ့အရပ္နဲ႕ ထြားႀကိဳင္းတဲ့ ကိုယ္ခႏၶာေၾကာင့္ မသိရင္ ႐ြယ္တူလို႔ထင္ရသည္။
''ေဟ့ေရာင္..အရမ္းမၾကည့္နဲ႕ေလ၊ ေတာ္ၾကာလူႀကီးေတြ ရိပ္မိမယ္....''
ခဲတံက ညဏ္ကို ခပ္တိုးတိုးသတိေပးလိုက္သည္။ ခဲတံက သတိေပးလိုက္ေပမဲ့ ညဏ္ကေတာ့ ဂ႐ုမစိုက္စြာ စိုက္ၾကည့္ေနတုန္းျဖစ္သည္။
''အဟြန္း..မသိပါဘူးကြ ''
ပန္းေသြးေရာင္ႏွစ္ထပ္ဇာ ဝမ္းဆက္ေလးနဲ႕ အလွႀကီး လွေနေသာ အမ်ိဳးသမီးေလးကို ၾကည့္ၿပီး ညဏ္သည္ ပါးစပ္ထဲက ထမင္းအရသာနဲ႕ဟင္းအရသာက ဘာမွန္းမသိေအာင္အထိ စ်ာန္ဝင္ေနရသည္။ ဆံပင္ေတြကို တလႊာ ခပ္ျမႇင့္ျမႇင့္ေလး စည္းထားၿပီး နားထင္စပ္က ဆံစေလးေတြက ရွိန္းျမျမနဲ႕မို႔ အသည္းယားစရာ။သူစိုက္ၾကည့္ေနတာကို ရိပ္မိသြားလို႔ထင္သည္၊ မ်က္ႏွာႏုႏုေလးက တစ္ဖက္သို႔လြဲထားၿပီး ခပ္တည္တည္ေလး လုပ္ထားသည္။
''ႀကီးႀကီးျမတ္... သမီးျပန္ႏွင့္ေတာ့မယ္ ''
စကားမျပတ္ေသးတဲ့ ႀကီးႀကီးျမတ္ကို စိတ္ထားက အနားကပ္ေျပာရင္း ျပန္ဖို႔ျပင္သည္။လူကိုအေနရခက္ေအာင္အထိ ခပ္ရဲရဲ စိုက္ၾကည့္ေနတဲ့လူေၾကာင့္ စိတ္ထားရဲ႕ မ်က္ခုံးလွလွေလးေတြကိုစုက်ဳံ႕ရင္း အိမ္အျပင္ထြက္ခဲ့သည္။
ဆံပင္ရွည္ေတြ တႏြဲ႕ႏြဲ႕ ၊ ေျပျပစ္တင္းျပည့္ေနတဲ့ ခႏၶာကိုယ္အခ်ိဳးအစားနဲ႕ အျပင္ထြက္သြားတဲ့မ ရဲ႕ေနာက္ေက်ာလွလွေလးကို ၾကည့္ၿပီး ညဏ္သည္ သက္ျပင္းဖြဖြခ်ကာ ထမင္းစားျခင္းကိုလက္စသတ္လိုက္သည္။
''မင္းက ေတာ္ၿပီလားဟ ၊ ထမင္းေတြအမ်ားႀကီး က်န္ေသးတာကို..''
''အင္း....''
ညီသုကေတာ့ သူ႕အေၾကာင္းကို ရိပ္မိသလို ခြီးခနဲရယ္သည္။ အခုဆိုရင္ အိမ္လည္႐ုံသာမက ထမင္းပါ လာစားေနတဲ့ ညဏ္ဟာ တကယ့္ကိုအခ်စ္႐ူး သမားျဖစ္ေနသည္။
>>>>>>>>>
''ေတာက္...''
ေခၚမရတဲ့ ဖုန္းကို ထပ္ခါထပ္ခါ ေခၚေနၿပီး ေနာက္ဆုံးမွာ စိတ္တိုလာရကာ ခပ္ျပင္းျပင္းေတာက္ေခါက္လိုက္သည္။ေဘးနားက ျဖတ္သြားတဲ့ ေမေမက လွည့္ၾကည့္ၿပီး မ်က္ေမွာင္ကုတ္မွ..။
''ေဆာရီး..ေမေမ့ကို ေခါက္တာမဟုတ္ဘူးေနာ္၊ ဖုန္းကို ေခါက္တာ...အဟြန္း..''
ေဒၚသူဇာလင္း လက္ထဲက ကိုင္လာတဲ့ ပုဆိုးေတြကို ေဘးနားအသာခ်ၿပီး သားရဲ႕အနားကပ္ထိုင္လိုက္သည္။
''ဒီေန႕ေရာ ေက်ာင္းမသြားဘူးလား..သား''
''အင္း...ဒီေန႕က အေရးမႀကီးလို႔ ''
ညဏ္က ဖုန္းၾကည့္ေနေပမဲ့ ေခါင္းထဲမွာ အႀကံထုတ္ေနမိသည္။ သူရဲ႕ဖုန္းကို blacklistလုပ္ထားတဲ့ သူမေလးရဲ႕အနားကို ဘယ္လို ခ်ဥ္းကပ္ရမလဲဟု ေတြးရင္း....။
''ေမေမ..အဲ့ဒီပုဆိုးေတြက ခ်ဳပ္ၿပီးသားလား''
ေဒၚသူဇာလင္းေဘးနားက ပါကင္အိတ္ထဲက ပုဆိုးနက္ျပာေတြကို ၾကည့္ၿပီး ညဏ္က အႀကံရသြားသလို ေမးသည္။
''မခ်ဳပ္ရေသးဘူး...သားက အရပ္ရွည္ေတာ့
ကြင္းအႀကီးေတြ ယူလာတာ ျပန္ခ်ဳပ္ရမွာ.. ''
''ဟုတ္ၿပီ..အဟြန္း...ဟြန္း...''
''ဘာေတြဟုတ္ေနတာလဲ...သားက ''
ပုဆိုးထုပ္ေတြ လွမ္းယူၿပီး ၿပဳံးေနတဲ့ သားကို
ၾကည့္ၿပီး ေဒၚသူဇာလင္းက ေမးလိုက္သည္။
''ေၾသာ္...ကြၽန္ေတာ့္သူငယ္ခ်င္းမေလးက
ပုဆိုးအလကား ခ်ဳပ္ေပးမယ္ေျပာလို႔..အဲ့ဒါ''
''အဟင္း...သားရယ္ ခ်ဳပ္ခက ဘယ္ေလာက္မွ မရွိဘူး..သြားမခ်ဳပ္ခိုင္းပါနဲ႕၊ ေမေမဆိုင္မွာအပ္ လိုက္မယ္၊ သူမ်ားကို မခိုင္းနဲ႕...''
''ေန..ေန..ရတယ္ ေမေမကလည္း၊ ကြၽန္ေတာ္ ခ်ဳပ္ခိုင္းမွ ျဖစ္မွာမလို႔...''
ပုဆိုးထုပ္ေတြ ေကာက္ကိုင္ၿပီး ကားေပၚတက္သြားတဲ့ သားကို ၾကည့္ၿပီး ေဒၚသူဇာလင္းမွာ
ေခါင္းယမ္းလိုက္သည္။ အၿမဲတမ္းလုပ္ခ်င္ၿပီ
လိုခ်င္ၿပီဆို ဇြတ္တ႐ြတ္ဆန္တာဟာ သူ႕အေဖတူတာလည္းမဟုတ္သလို၊ ေမြးရာပါဗီဇ ျဖစ္သည္။
''ေအး...ငါထြက္လာၿပီ...''
''...................''
ညဏ္က ကားေမာင္းေနရင္း ခဲတံကို လွမ္းေျပာျပေနတာျဖစ္သည္။ ဟိုဘက္ကေန မျဖစ္ဘူး၊ မျဖစ္ဘူးဆိုတဲ့ ခဲတံရဲ႕ အသံကို မၾကားခ်င္သလိုဖုန္းကို ခ်ပစ္လိုက္သည္။
''ring....ring....''
ဖုန္းက အဆက္မျပတ္ျမည္ေနေပမဲ့ သူ မကိုင္ဘဲကားကိုသာ ဂ႐ုစိုက္ေမာင္းေနသည္။ခဏအၾကာတြင္ ကားက ရက္ကြက္ထဲေရာက္လာေတာ့ ညဏ္မွာ ရင္ေတြခုန္လာရသည္။ ကားကို လမ္းအက်ယ္ႀကီးရဲ႕ လြတ္တဲ့ေနရာမွာ ကပ္ရပ္ထားလိုက္ၿပီး ပုဆိုးထုပ္ကို ယူကာ သူ ကားေပၚက ဆင္းလိုက္သည္။ထို႔ေနာက္ ကားကို lockခ်ရင္းတက္ႂကြေသာ ေျခလွမ္းမ်ားျဖင့္ သူမေလးတို႔ အိမ္ဆီသို႔။
စိတ္ထားသည္ ဒီေန႕ ႀကီးႀကီးက အသိအိမ္
သြားလို႔ တစ္ေယာက္တည္းျဖစ္ေနရသည္။
မေန႕ကတည္းက ၿပီးေတာ့မဲ့ အကၤ်ီေလးကို
လက္စသပ္ရင္း စက္ခုံတြင္ထိုင္ကာ ေအးေအးေဆးေဆး ခ်ဳပ္ေနလိုက္သည္။
''ပုဆိုးခ်ဳပ္ခ်င္လို႔ပါခင္ဗ်ာ...ဝင္လာလို႔ရမလား''
ၿခံတံခါးဖြင့္ထားတာကို အခြင့္ေကာင္းယူကာ
အိမ္အေပါက္ဝထိ ေရာက္လာတဲ့ လူေၾကာင့္
စိတ္ထားမွာ လန့္သြားရသည္။ ဟိုေန႕က ခ်ာတိတ္မွန္း သိလိုက္လို႔ မ်က္ႏွာေလးကို တင္းပစ္လိုက္သည္။
''မရဘူး...ငါတျခားအပ္ထည္ေတြ လက္မခံဘူး အဲ့ဒါေၾကာင့္ မင္း ျပန္ပါ...''
စိတ္ထားရဲ႕ ခက္ထန္ေနေသာ မ်က္ႏွာေလးကို ၾကည့္ၿပီး ညဏ္က သက္ျပင္းဖြဖြခ်လိဳက္ကာ မ်က္ႏွာကို သနားစရာေကာင္းတဲ့ပုံလုပ္လိုက္ၿပီး။
''ကြၽန္ေတာ္ပုဆိုးေတြ ႂကြက္ကိုက္ကုန္လို႔ပါ၊
ၿပီးေတာ့ ဒီပုဆိုးေတြက မနက္ေက်ာင္းသြားရင္ဝတ္ရမွာမလို႔ပါ ကူညီပါဗ်ာ...''
စိတ္ထား ျမင္ေအာင္ ပုဆိုးနက္ျပာေတြကို ညဏ္က ျပလိုက္ၿပီး အသံခပ္တိုးတိုးျဖင့္ ဟန္ေဆာင္လိုက္သည္။ ကိုယ္ရဲ႕ အခုပုံစံကို ဟိုဘက္အိမ္က ခဲတံတစ္ေယာက္ေခ်ာင္းၾကည့္ၿပီး အခုခ်ိန္ဆို ခြက္ထိုးခြက္လန္ ရယ္ေနၿပီး အူတက္ေနေလာက္သည္။ မတက္နိုင္ သူမ်ားေတြ ဘယ္လိုျဖစ္ေနျဖစ္ေန ၊ ညဏ္ကေတာ့ လုံးဝ လက္ေလွ်ာ့မွာမဟုတ္။
''တျခားဆိုင္ေတြ သြားခ်ဳပ္ေပါ့၊ ဒီေလာက္အမ်ားႀကီး..''
''သိမွမသိတာ..ကြၽန္ေတာ္သိတာ ဒီတစ္ဆိုင္ဘဲရွိတာ ၊အဲ့ဒါေၾကာင့္...ကူညီမယ္မလားဟင္..''
အိမ္ေရွ႕မွာ မတ္တပ္ႀကီးရပ္ေနေတာ့ လမ္းထဲက လူေတြက ကြက္ၾကည့္၊ ကြက္ၾကည့္လုပ္ၾကသည္။စိတ္ထားလည္း ထိုမ်က္လုံးေတြေၾကာင့္ ေနာက္ဆုံးမွာ ကူညီဖို႔ ဆုံးျဖတ္လိုက္သည္။
''ဝင္ခဲ့...''
ညဏ္ရဲ႕ မ်က္ႏွာဟာ ခ်က္ခ်င္းၿပဳံးရိပ္ဆင္သြားၿပီး အိမ္ထဲဝင္လာလိုက္သည္။ ဧည့္ခန္းက်ဥ္းက်ဥ္းေလးေပမဲ့ ကြၽန္းဆက္တီအဝါေရာင္ခုံေလးေတြနဲ႕ ေခတ္မွီစြာ ဖြဲ႕စည္းထားသည္။ နရံဘက္ေတြမွာ ခ်ိတ္ထားတဲ့ မ ရဲ႕ဓာတ္ပုံလွလွေလးေတြကို သူလိုက္ေငးရင္း...။
''ဒီမွာ...ခ်ဳပ္မယ္ဆို ေပးေလ ''
ထိုင္ခုံမွာ ထိုင္ေနတဲ့ သူရဲ႕အနားကိုလာကာ ပုဆိုးေတာင္းေနတဲ့ သူမေလးကို အသာၿပဳံးျပၿပီး ေပးလိုက္သည္။ ျဖဴႏုျပည့္ေဖာင္းေနတဲ့ လက္ကေလးေတြကို ၾကည့္ၿပီး ညဏ္သည္ စိတ္ထဲက အသည္းယား သြားရသည္။ စကားတခြန္းမွ ထပ္မေျပာေတာ့ဘဲ စက္နင္းေနတဲ့ သူမေလးရဲ႕ ေနာက္ေက်ာကို ၾကည့္ရင္း ညဏ္ရဲ႕ ရင္ထဲက ရင္ခုန္သံေတြက စည္းခ်က္မမွန္ ျဖစ္ေနရသည္။
စိတ္ထားမွာ ခ်ဳပ္သာ ခ်ဳပ္ေနရတာ စိတ္က မလုံေပ။ ေနာက္ေက်ာကေန က်ိန္းေသၾကည့္ေနမွာကို သူမ တပ္အပ္သိသည္။ လူပုံကေတာ့ ခပ္ေခ်ာေခ်ာ၊ ခပ္ေျဖာင့္ေျဖာင့္ ျဖစ္ကာ စိတ္ထားရဲ႕ အရပ္ကေလးကို အုပ္မိုးေနတဲ့အထိ သူက အရပ္ျမင့္သည္။ ခ်ဳပ္ေနရင္း အေတြးေတြကို လက္စသတ္ကာ အိမ္မွာ ႀကီးႀကီးျမတ္လည္း မရွိေတာ့ အျမန္ၿပီးစီးေအာင္ ပုဆိုးကို ခ်ဳပ္ေနလိုက္သည္။
''ခ်ဳပ္ခက ၂ေထာင္ဘဲ က်တယ္၊ ေရာ့..''
ပုဆိုးကို ေသေသသပ္သပ္ျပန္ေခါက္ကာ အိတ္ထဲျပန္ထည့္ေပးရင္း စိတ္ထားက ေျပာသည္။ ညဏ္က ေဘာင္းဘီအိတ္ကပ္ထဲ လက္ေတြထည့္လိုက္ကာ မတ္တပ္ရပ္လိုက္ၿပီး သူမေလးရဲ႕အနားေလွ်ာက္လာလိုက္သည္။
''အို..ဘာလို႔နီးနီးကပ္ကပ္လာရပ္တာလဲ..''
စက္ခုံေဘးမွာ ရပ္ေနတဲ့ စိတ္ထားရဲ႕ ကိုယ္ေလးနားကို လာကပ္ရပ္တာေၾကာင့္ အသံေလးက ခပ္ဆက္ဆက္ေလး ထြက္သြားရသည္။သူကေတာ့ ဟိုနက ပုဆိုးခ်ဳပ္ေပးပါဆိုတဲ့ မ်က္ႏွာမ်ိဳးမဟုတ္ေတာ့ဘဲ ဂ်စ္ကန္ကန္မ်က္ႏွာေပးနဲ႕ မၾကားသလို အနားထပ္တိုးလာသည္။
''အဟြန္း..အရမ္းစြာတာဘဲေနာ္၊ ဘာလို႔ဖုန္းကို blacklistလုပ္ထားတာလဲ.. ''
''ဟင္ ''
ညဏ္က သူရဲ႕ရင္ခြင္မွီအရပ္ေလး ျဖစ္ေနတဲ့
အမ်ိဳးသမီးေလးကို ငုံ႕မိုးၾကည့္ကာ အနီးကပ္ျမင္လိုက္မွ အစက္အေျပာက္ေတြ ကင္းစင္ကာ လွပႏုထြတ္ေနတဲ့ သူမေလးရဲ႕ မ်က္ႏွာကို ၾကည့္ရင္းသူ႕မွာ ရင္ခုန္စိတ္လႈပ္ရွားလာရတဲ့ စိတ္ကို မနည္းျပန္ထိန္းကာ အသာၿပဳံးလိုက္သည္။
စိတ္ထားရဲ႕ မ်က္ႏွာေလးကို ႐ႊန္း႐ႊန္းစားစား
စိုက္ၾကည့္ေနတဲ့ သူေၾကာင့္ စိတ္ထားသည္ မ်က္လႊာေလးကို ခ်ရင္း မေနတက္ျဖစ္လာရသည္။
''ကြၽန္ေတာ္ေမးတာ ေျဖေလ၊ ဘာလို႔block
လိုက္တာလဲ...''
''ေနပါအုံး..မင္းနဲ႕ငါ ဘယ္လိုပတ္သတ္ေနလို႔
အခုလို လာေျပာေနရလဲ၊ ၿပီးေတာ့ blockတယ္အဲ့တာ ဘာကိုေျပာခ်င္တာလဲ...''
စိတ္ထားမွာ အနည္းငယ္စိတ္တိုလာရသည္။
ဒီလိုမွန္းသိရင္ သူမဝင္ခြင့္ေပးၿပီး ကူညီခဲ့မွာ
မဟုတ္ပါ။ အခုေတာ့ ၾကည့္ပုံေတြကအစ
လူကို ဝါးၿမိဳမတက္။ စိတ္ထဲက အနည္းငယ္
လန့္ေပမဲ့ အျပင္မွာေတာ့ မ်က္ႏွာေလးကို တင္းထားလိုက္သည္။
''ကြၽန္ေတာ္နာမည္ ညဏ္ရည္သွ်န္...၊ၿပီးေတာ့စကားေျပာရင္ ''မင္း'' လို႔ မသုံးဘဲ
ညဏ္လို႔ ေခၚေပးပါလား...ေမတၱာရပ္ခံတာ ''
''မေခၚနိုင္ဘူး..မေက်နပ္လည္မတက္နိုင္ဘူး..ဘာတဲ့..နာမည္က ညဏ္ရည္သွ်န္ ဟုတ္လား''
စိတ္ထားသည္ လြန္ခဲ့ေသာ ႏွစ္ရက္ခန့္က ဖုန္းထဲက အသံကို သတိရသြားကာ ေသခ်ာေအာင္ထပ္ေမးလိုက္သည္။
''အင္း..ဒီထက္ရွင္းေအာင္ေျပာရရင္ ခင္ဗ်ားကို စိတ္ဝင္စားေနတယ္ဆိုတဲ့
တစ္ေယာက္...''
အိမ္ေပၚထိ မိုက္႐ူးရဲဆန္စြာ ရည္းစားစကား
တက္ေျပာေနတဲ့ ညဏ္ရည္သွ်န္ဆိုတဲ့ သူကို
စိတ္ထားက ႏႈတ္ခမ္းေလးကို သြားနဲ႕ဖိကိုက္ကာ ေဒါသထြက္စြာ ၾကည့္လိုက္သည္။
''မင္း..ထြက္သြား..အခုခ်က္ခ်င္း...''
လက္ညိုးေလးထိုးၿပီး ထြက္သြားခိုင္းေနတဲ့ သူမေလးကို ၾကည့္ၿပီး ညဏ္က ခပ္တိုးတိုးရယ္သည္။
''အဟြန္း..အဲ့တာဆို ကြၽန္ေတာ္ဖုန္းကို
blacklistက ထုတ္ၿပီး စကားျပန္ေျပာမွာလား''
''မင္းခိုင္းတိုင္း လုပ္ရေအာင္..ငါ့ကို ဘာထင္ေနလဲ..၊ မၾကာခင္ ႀကီးႀကီးလည္း ျပန္လာေတာ့မွာ အဲ့ဒါေၾကာင့္ အိမ္ထဲက ထြက္ပါ ''
''မရဘူး..ကြၽန္ေတာ့္ကို ကတိမေပးမခ်င္း မသြားဘူး..ႀကီးႀကီးလာလည္း ကြၽန္ေတာ္က မ ကို ခ်စ္ေနတဲ့အေၾကာင္းပါ ဖြင့္ေျပာမွာ...''
''ဘာ..နင္႐ူးေနလား...''
ဒီလိုမ်ိဳးဘယ္သူမွမရွိတဲ့အိမ္ထဲမွာ ႀကီးႀကီးျမတ္သာ သူမတို႔ႏွစ္ေယာက္ကို ျမင္သြားရင္ ဘယ္လိုလုပ္မလဲ၊ ၿပီးေတာ့ သူဘက္က မဟုတ္တာေတြေလွ်ာက္ေျပာရင္ သြားၿပီ...။စိတ္ထား ေတြးရင္းစိတ္ေမာလာရသည္။
''အရမ္းခ်စ္တယ္...ကြၽန္ေတာ္ကို စဥ္းစားေပးနိုင္မလား...''
''ဟင့္အင္း..အဓိပ္ပါယ်မရွိတာေတွ လာမေျပာနဲ႕ ငါ လက္မခံဘူး ''
စိတ္ထားရဲ႕ မ်က္ႏွာေလးမွာ ပန္းသီးေလးတစ္လုံးလို နီရဲလာရသည္။ အိမ္ေပၚထိ ခ်စ္စကားလာဆိုတဲ့ သူ႕ကို တကယ္လက္ဖ်ားခါသည္။ ၿပီးေတာ့ရင္ထဲမွာလည္း ကတုန္ကရင္ျဖစ္လာကာ အသံေတြ မတုန္ေအာင္ပင္ သူမမွာ ထိန္းေျပာရသည္။
''ညၾကရင္ ဖုန္းဆက္မယ္..တကယ္လို႔မကိုင္ရင္ ၊ကြၽန္ေတာ္ မနက္ျဖန္ အိမ္အထိ လိုက္လာမွာ''
ညဏ္က ေျပာၿပီး ေဘာင္းဘီအိတ္ကပ္ထဲက ပိုက္ဆံေထာင္တန္ အသစ္ေလး ႏွစ္႐ြက္ကို စက္ခုံေပၚလွမ္းတင္ၿပီး သူမရဲ႕ မ်က္ႏွာေလးကို ေသခ်ာစိုက္ၾကည့္လိုက္သည္။
''မ ကို အရမ္းခ်စ္မိေနလို႔...ဒီလိုေနရာထိခ်စ္
စကားလာဆိုရတာ ေတာင္းပန္ပါတယ္ ''
''နင္ပိုက္ဆံလည္း မလိုခ်င္ဘူး၊ နင့္အသံလည္းဆက္မၾကားခ်င္ေတာ့လို႔ အိမ္ထဲက အခုခ်က္ခ်င္း ထြက္သြား....''
''အဟြန္း...တကယ့္ေဒါသအိုးေလးေနာ္ ''
စိတ္ထားရဲ႕ နားကို ခပ္တိုးတိုးကပ္ေျပာၿပီး အိမ္အျပင္ျပန္ထြက္သြားတဲ့ သူ႕ကို အျမင္ကပ္စြာ ၾကည့္ရင္း ဒီေန႕က ျပသာဒါးေန႕ဆိုတာ က်ိန္းေသသြားသည္။
''ေတာက္...လူးပါးဝတဲ့ေကာင္ ...
မုန္းလိုက္တာ ၊႐ုပ္ကေလး သနားကမားနဲ႕...''
စိတ္ထားပါးစပ္က မေက်မနပ္ေျပာရင္း သူခ်ထားခဲ့တဲ့ ပိုက္ဆံကို အျမင္ကတ္စြာ မ်က္ေစာင္းထိုးလိုက္သည္။
~~~~~~~~ဆက္ရန္။