UNICODE
"ကို ချစ်ကို ဘယ်ခေါ်သွားမှာလဲ?"
လင်းဆွေ့ကျိုး သည် ကျန်းထျန်၏လက်ကို ကိုင်လိုက်ပြီး သူ့မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို တပ်ဆင်လိုက်ပြီ သူမကို ပြန်မဖြေခဲ့ပေ။
ကားသည် အဆုံးမရှိသောလမ်းများအတိုင်း မောင်းနှင်လာကာ နောက်ဆုံးတွင် အဆောက်အအုံတစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့သည်။
လင်းဆွေ့ကျိုးသည် ကျန်းထျန် ကို ကားထဲမှ ထွက်ဖို့ ကူညီပေးလိုက်သည်။
သူမသည် အဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။တံခါးဖွင့်လိုက်သည်နှင့် ကျန်းထျန်သည် မှိတ်တုတ်မှိတ်တုတ်အလင်းရောင်များနှင့် ဆလိုက်မီးတဖြတ်ဖြတ်လင်းနေတာကို တွေ့လိုက်ရသည်။
သူမ၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် တောက်ပလာပြီး မကြာမီတွင် သင့်လျော်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူမသည် date လုပ်မယ်လို့ထင်ခဲ့တဲ့အတွက်ကြောင့် အထူးသဖြင့် နူးညံ့ပြီး မိန်းမဆန်သော ဇာပါသည့်အဝါနုရောင် ၀တ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။
လင်းဆွေ့ကျိုးက သူမကို စတိတ်ပေါ်သို့ခေါ်ဆောင်သွားခဲ့သည်။သူမရဲ့ မျက်လုံးများဖြင့် ဖြတ်ခနဲ့ကြည့်လိုက်တော့ ရှဟိုင်ရွန်နဲ့ သရုပ်ဆောင်များစွာလည်း ရှိနေတာကို သတိထားခဲ့မိသည်။သူမနောက်ရှိ ကြီးမားသော ဖန်သားပြင်ပေါ်တွင်
"ဖီးနစ် အာဏာ" ဟု လက်ရာမြောက်သော လက်ရေးလှဖြင့်ရေးထားသည့် သတင်းစာရှင်းလင်းပွဲရှိနေခဲ့သည်။
"ဘာတွေဖြစ်ကုန်တာလဲ?"
ကျန်းထျန်သည် ထိုင်ခုံကိုယူလိုက်ပြီး အိုးရန်မန်မန် က သူမကို မျက်တောင်ခတ်ပြီးကြည့်နေတာကို မြင်လိုက်ရသည်။
"ဥက္ကဌလင်း နဲ့ မစ္စကျန်းထျန်က ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ လျှို့ဝှက်အထူးဧည့်သည်တွေဖြစ်နေလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး။ဒါကတစ်ကယ် အံ့ဩစရာကောင်းလွန်းတယ်။"
မှတ်ချက်ပေးပြီးတာနှင့် အစီအစဉ်မှူးသည် မိုက်ခရိုဖုန်းကို လင်းဆွေ့ကျိုး ထံသို့ လှမ်းပေးလိုက်
သည်။
လင်းဆွေ့ကျိုး ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး
"သူမကို မဒမ်လို့ခေါ်တာပိုသင့်တော်တယ်""
ကျန်းထျန် : "........."
"ကျွန်တော်တို့ ဒီကို အကြောင်းမကြားဘဲ အလျင်စလိုလာခဲ့မိတဲ့အတွက်ကြောင့် လူတိုင်းမလန့်သွားဖို့ ကျွန်တော်မျှော်လင့်ပါတယ်။"
သူ့စကားကြောင့် ခန်းမထဲရှိပရိတ်သတ်အားလုံး ကြည်နူးသွားခဲ့ကြသည်။
လင်းဆွေ့ကျိုးသည် အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး လူအများရှေ့မှာ ပေါ်ထွက်လာခဲသည်။ဒါဟာ လင်းဆွေ့ကျိုး ရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်တီဗီစီးရီးတစ်ခု ထွက်ရှိသည့် အခမ်းအနားတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
"မင်းတို့သိချင်တာရှိရင် ကျွန်တော့်မိန်းမကို မင်း မေးချင်သလောက်မေးလို့ရပါတယ်။ဒါပေါ့ ဖြေတာမဖြေတာကတော့ ကျွန်တော့်မိန်းမရဲ့ ရွေးချယ်ပိုင်ခွင့်လေ"
"........."
အဲ့တော့ ဘာပြောချင်တာလဲ?
ခဏလောက်ကြာတဲ့အခါမှာ ပရိသတ်ထဲက တစ်ယောက်ယောက်က သူ့လက်ကို မြှောက်လိုက်ပြီး လင်းဆွေ့ကျိုးက သူ့ကို စကားပြောခွင့်ပေးလိုက်သည်။
"ဒီပြဇာတ်ရဲ့ မူရင်းနာမည်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျွန်တော်ကြားခဲ့တယ်။ဒါကို ဥက္ကဌလင်းပြောပြပေးလို့များရမလား?"
လင်းဆွေ့ကျိုး ကျန်းထျန် ကိုတစ်ချက်ကြည့်လိုက်ပြီး ဖြေးညှင်းစွာပြောလိုက်သည်။
"ဒါက တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်၊မူရင်းနာမည်က 'ကျွန်တော့ ဧကရီက မိန်းမစိုး'ပါ"
ကျန်းထျန် : "........"
ဘာတွေလဲ?
ဒီတော့ ဒါက သူမရဲ့ တီဗီစီးရီး မိတ်ဆက်ပွဲပေါ့။
ဘယ်အချိန်တုန်းက စလိုက်တာလဲ?သူမကရော ဘာလို့မသိခဲ့တာလဲ?
ကျန်းထျန်က ထိတ်လန့်စွာကြည့်လိုက်သည်။
"ကျွန်တော်ကြားတာက ဒီဇာတ်ညွှန်းကို Huatianက ပထမတစ်ခေါက် ငြင်းဆန်ဖူးတယ်ဆို အမှန်ပဲလား?"
"ဟုတ်တယ်" လင်းဆွေ့ကျိုး ခေါင်းညိတ်လိုက်ပြီး
"ဒီဇာတ်ညွှန်းကို ကျွန်တော့်မိန်းမရေးတယ်ဆိုတာ အစထဲကသိခဲ့ရင် ကျွန်တော်ငြင်းလိုက်မိမှာမဟုတ်ဘူး"
အင်တာဗျူးတဲ့သူက ကျန်းထျန် ကို နောက်တစ်ကြိမ် လှည့်ကြည့်ကာ နောက်ပြောင်သည့်လေသံဖြင့် မေးလိုက်သည်။
"အငြင်းခံလိုက်ရတော့ မဒမ်လင်းကရော ဘယ်လိုခံစားလိုက်ရလဲ?"
.....သူမခံစားချက်လား?
လင်းဆွေ့ကျိုး ရဲ့ ခွေးလိုခေါင်းကို ရိုက်ဖို့ မစောင့်နိုင်တော့ဘူးလေ။
ဒါပေါ့ သူမဒီစကားလုံးတွေကို ထုတ်မပြောဘူးပေါ့။
ကျန်းထျန်သည် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး အလွန် ပုံစံကျသော တုံ့ပြန်မှုကို ပေးလိုက်သည်။
"ကျွန်မ နည်းနည်းတော့ စိတ်ပျက်ခဲ့မိပေမယ့် နားလည်နိုင်ပါတယ်။ကျွန်မက ဒီတိုင်း လူမသိတဲ့ ဇာတ်ညွှန်းရေးဆရာပေါက်စလေးလေ၊Huatian လို တင်းကျပ်တဲ့ ကုမ္ပဏီက ကျွန်မကို လက်မခံတာ ကျိုးကြောင်းဆီလျော်ပါတယ်။"
"မင်းပြောသလိုဆို Miracle Pictures က မတင်းကြပ်ဘူးလို့ ဆိုလိုတာလား။"
အိုက်ယား ဒီလူငယ်ကတော့ ကိုယ့်ဒုက္ခကို ရှာနေတာပဲ။
ကျန်းထျန်၏ အမူအရာမှာ မပြောင်းလဲပဲ
"ဒါက ဥက္ကဌရှမှာ အမြင်ကောင်းရှိတယ်ဆိုတာပြတာပဲလေ"
ရှဟိုင်ရွန်က သူ့နှုတ်ခမ်းတွေကို ပွတ်သပ်ပြီး ပြုံးပြလိုက်တော့ သူ့ပုံစံက ပိုလို့တောင် နူးညံ့လာခဲ့သည်။
သူက နူးညံ့ပြီး ချောမောပေသည်။သူတိတ်ဆိတ်နေတဲ့အချိန်မှာ သူသည် အရုပ်တစ်ရုပ်ထောင်ထားတာနှင့်ပင်တူလေသည်။သူနဲ့ မနီးမဝေးမှာ ထိုင်နေခဲ့သော အိုးရန်မန်မန်သည် သူ့ရဲ့မျက်နှာဘေးဘက်ကိုခနကြည့်လိုက်ပြီးနောက်တွင် ရုတ်တရက် သူ့အလှကို စွဲလန်းသွားခဲ့သည်။
လင်းဆွေ့ကျိုး မျက်မှောင်ကြုတ်လိုက်ပြီး
"ချစ်ဆိုလိုတာက ကိုက အမြင်ကောင်းမရှိဘူးပေါ့"
....သတင်းထောက်ထက် ကျွန်မတို့ ကျိုက်ကျိုက်လေးက ကိုင်တွယ်ဖို့ပိုခက်တာပဲ။
ကျန်းထျန်က သူ့ကို သေလောက်တဲ့ အကြည့်ပေးပြီး သူပြောတာကိုငြင်းဆန်လိုက်သည်။
"ကို့မှာသာ အမြင်ကောင်းမရှိရင် ချစ်ကို လက်မထပ်ခဲ့ဘူးလေ။"
အပြောကောင်းတာပဲ၊ နားထောင်လို့ကောင်းတယ်။
လင်းဆွေ့ကျိုး၏လက်သည် သူမ၏ နူးညံ့သောလက်ကို လျှို့ဝှက်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ဒီလိုမျိုး သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေကို ကင်မရာက ကောင်းမွန်စွာဖမ်းယူနိုင်ခဲ့သည်။ခန်းမထဲက သတင်းထောက်တွေက ခွေးစာတစ်ပန်းကန်လုံးစားလိုက်ရလို့ စားပိုးနင့်သွားသလိုကို ခံစားလိုက်ရသည်။
"ဖီးနစ် အာဏာ" ဒရမ်မာက Huatian နှင့် Miracle Pictures တို့ကြားက ပထမဆုံး ပူးပေါင်းဆောင်ရွက်တဲ့ ဒရာမာဖြစ်ပြီး ဒါကအာဏာအတွက်ကြိုးကိုင်ခြယ်လှယ်တဲ့ သူတွေအကြောင်း စိတ်ကြိုက်အချိန်ယူပြီးရိုက်ကူးထားသည့် ရှည်လျားတဲ့ ဒရမ်မာတစ်ခုဖြစ်သည်။ဥက္ကဌရှကရော ဒီပူးပေါင်းဆောင်ရွက်မှုအပေါ် ယုံကြည်မှုရှိပါသလား?။"
ရှဟိုင်ရွန်သည် မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် စကားတစ်ခွန်းတည်း ပြောလိုက်သည်။
"ရှိပါတယ်"
"ပို တိတိကျကျပြောပေးလို့ရမလား?"
"တကယ်တော့ ကျွန်တော်တို့က ရှလင်း couple လေ။ကျွန်တော်တို့မအောင်မြင်ရင် ကျွန်တော်တို့ ပရိတ်သတ်တွေကို စိတ်ပျက်စေလိမ့်မယ်"
သူ့စကားဆုံးသည်နှင့် စင်အောက်ရှိ ပရိသတ်များနှင့် သတင်းထောက်များက မနေနိုင်ဘဲ အော်လိုက်ကြသည်။
လင်းဆွေ့ကျိုး၏ မျက်ခုံးများအနည်းငယ် လှုပ်သွားပြီး
"ငါ့မိန်းမက ဒီနေရာမှာ ရှိသေးတယ်နော်"
ရှဟိုင်ရွန် ၏ မျက်လုံးထောင့်များက တောက်ပလာပြီး
"သူမ စိတ်မရှိပါဘူး"
လင်းဆွေ့ကျိုးက အမူအရာမဲ့စွာပြောလိုက်သည်။
"စကားမစပ် အဲ့တာက "လင်းရှ" ပါ ကျေးဇူးပြုပြီးမှန်အောင်ပြောပေး"
ကျန်းထျန် : "........."
ကောင်းပြီ၊ အခုကစပြီး သူမစိတ်ထဲထားလိုက်ပြီ။
သတင်းစာရှင်းလင်းပွဲ ပြီးသွားတဲ့အချိန်မှာတော့ ညနေစောင်းနေပြီဖြစ်သည်။
နွေးထွေးသော ကောင်းကင်ကြီးကို ကြည့်ရင်း သူမသည် လင်းဆွေ့ကျိုး၏ လက်မောင်းကို တံတောင်ဆစ်ဖြင့် ထိလိုက်သည်။
"ဒီပရောဂျက်အကြောင်း ကိုချစ်ကို ဘာမှလဲမပြောခဲ့ဘူး"
လင်းဆွေ့ကျိုးသည် သူ့လက်မောင်းကို သဘာဝအတိုင်းပဲ သူမ၏ပခုံးပေါ်တင်ကာ ထားလိုက်သည်။
"ကိုကချစ်ကို suprise လုပ်ချင်လို့ပါ"
suprise လုပ်ချင်လို့?
ဒီတစ်ခေါက်တော့တကယ်ကို suprise ဖြစ်သွားတယ်။
သူမ နှုတ်ခမ်းလေးကို ဖိလိုက်သည်။
"ကိုဘယ်အချိန်က ဇာတ်ကောင်ရွေးလိုက်တာလဲ?"
"အရင်နှစ်က။အဲ့အချိန်းတုန်းက ဒါကိုစီစဉ်နေတုန်းပဲရှိသေးတယ်၊နောက်ဆုံးမှာတော့ အိုးရန်မန်မန်ကိုပဲ ရွေးလိုက်တယ်လေ"
အိုးရန်မန်မန် ၏ ခန္ဓာကိုယ်နှင့် မျက်နှာအသွင်အပြင်သည် အလွန်ထင်ရှားပြီး ဇာတ်ညွှန်းတွင်ဖော်ပြထားသော ဘုရင်မ၏ပုံနှင့် အလွန်လိုက်ဖက်ပေသည်။
"ချစ်က အခု ဒီဒရာမာရဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်နေပြီ၊ချစ်အလုပ်ကောင်းကောင်းလုပ်လိမ့်မယ်လို့ကိုမျှော်လင့်တယ်။"
သူမ မျက်ခုံးပင့်လိုက်ပြီး "ဒါပေါ့။"
လင်းဆွေ့ကျိုး၏ အပြုံးသည် ပိုနက်ရှိုင်းလာပြီး သူမကို ကားထဲသို့ဆွဲသွင်းလိုက်တော့သည်။
"ဖီးနစ် အာဏာ"၏ရိုက်ကူးရေးတည်နေရာသည် မြို့တော် C ရှိ ရှုခင်းလှသာနေရာများအပါအဝင် မြို့တော် C ၏ရှေးဟောင်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုတွင်ဖြစ်သည်။ဒီဒရာမာမှာ အပိုင်း 50 ပါရှိတာကြောင့် ရိုက်ကူးပြီးစီးဖို့ တစ်နှစ်ထက်မနည်း အချိန်ယူရမှာ ဖြစ်သည်။
ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ် ကျန်းထျန်သည် ထုတ်လုပ်ရေး အဖွဲ့သားများနှင့်အတူ အချိန်တိုင်း ပါဝင်နေရမည်ဖြစ်သည်။
Huatian နှင့် Miracle Pictures တို့သည် ဒီပရောဂျက်မှာ အများအပြားရင်းနှီးမြှုပ်နှံထားကြသည်။အဝတ်အစားမှသည် သရုပ်ဆောင်များအထိ အကောင်းဆုံးကိုသာ သူတို့ရွေးချယ်ခဲ့ကြသည်။ဇာတ်ညွှန်းရေးသူအသစ်ဖြစ်သော်ငြား ကျန်းထျန် တွင် ထူးခြားသောအမြင်ရှိသည်။တစ်လအတွင်း သူမသည် အဖွဲ့သားများထံမှ တညီတညွတ်တည်း ချီးမွမ်းခြင်းကိုခံရပြီး မင်းသမီးများစွာနှင့်လည်း အလွန်ရင်းနှီးလာခဲ့သည်။
မေလရောက်တော့ ရာသီဥတုသည်တော်တော်လေးပူလာခဲ့သည်။
ရိုက်ကူးရေးက တစ်လကျော်လောက်ကြာပြီဖြစ်သည်။နေ့ခင်းဘက်တွင် နေက တော်တော်လေးပူနေတာဖြစ်သည်။ထို့ကြောင့် အဖွဲ့သားများနှင့် သရုပ်ဆောင်များ အားလုံးသည် အေးမြသောနေရာတွင် အနားယူနေကြသည်။
အိုးရန်မန်မန်သည် နက်မှောင်သောအရောင်ရှိသည့် မိန်းမစိုးဝတ်စုံကို ၀တ်ဆင်ထားပြီး လက်တစ်ဖက်တွင် ဦးထုပ်ကိုကိုင်ထားကာ နောက်လက်တစ်ဖက်က လက်ကိုင်ပန်ကာအသေးကို ကိုင်ရင်း လေအေးရရှိရန် သူမ၏မျက်နှာကို မှုတ်နေခဲ့သည်။
အလွှာများစွာပါသည့် ရှေးခေတ်ဝတ်စုံကို ၀တ်ဆင်ထားရသော သရုပ်ဆောင်များနှင့် နှိုင်းယှဉ်ပါက ကျန်းထျန် သည် အလွန်ကံကောင်းသည်ဟု ယူဆရပါသည်။သူဇာတ်ညွှန်းကို လှန်လိုက်ပြီး အိုးရန်မန်မန်ကို မျက်လုံးထောင့်ကနေ တစ်ချက်ကြည့်လိုက်သည်။
"ရှင် ရေခဲမုန့်စားမလား?"
"တော်ပြီ ၊တော်ပြီ ကျွန်မအခုရာသီလာနေလို့"
အိုးရန်မန်မန်က သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့ အားမရှိစွာ လှဲချလိုက်သည်။
ကျန်းထျန်ပြုံးလိုက်ပြီး
"မင်း ပုံရိပ်ကို ဂရုစိုက်ပါဦး။"
"ကျွန်မတို့က မိသားစုတွေပဲ။ကျွန်မပုံရိပ်ကို ဂရုစိုက်စရာမလိုပါဘူး။"
သူမတို့စကားပြောနေစဉ် ခြေသံများ ချဉ်းကပ်လာခဲ့သည်။
ကျန်းထျန်က သူမခေါင်းလေးကိုမော့ကာ မျက်ခုံးပင့်လိုက်ပြီး
"ဥက္ကဌရှက ဒီမှာပဲ"
အိုးရန်မန်မန် ကသူမ ခန္ဓာကိုယ်ကို အပေါ်ရောက်အောင် လှမ့်လိုက်ပြီး
"ကျွန်မကို လာလှည့်စားမနေနဲ့"
ကျန်းထျန် ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"ကျွန်မတကယ်ပြောတာ ဥက္ကဌရှက ဒီမှာရောက်နေပြီ"
သူမစကားဆုံးသွားတာနှင့် သူ့ခြေသံတွေက သူမတို့ဘေးမှာ ရပ်သွားခဲ့သည်။
အိုးရန်မန်မန်ရဲ့ ခေါင်းကို အရိပ်တစ်ခုက ဖုံးလွှမ်းသွားခဲ့သည်။သူမက တစ်စုံတစ်ခုကို သတိပြုလိုက်မိပုံရပြီး သူမရဲ့မျက်ခွံများကို ပျင်းရိစွာ မော့ကြည့်လိုက်သည်။
သူမရဲ့ မျက်လုံးလေးတွေသည် အမျိုးသားတစ်ယောက်၏ နူးညံ့သိမ်မွေ့စွာ ပြုံးနေသော မျက်နှာနှင့် ဆုံလိုက်ရသည်။
အိုးရန်မန်မန်၏ နှလုံးသားလေးသည် ခုန်ပေါက်သွားကာ ဖြောင့်ဖြောင့်တန်းတန်းထထိုင်လိုက်ပြီး သူမကိုယ်သူမ အကျင့်စာရိတ္တကောင်းမွန်ပြီး ချစ်စရာကောင်းသည့် မိန်းမငယ်လေးတစ်ယောက်ပုံစံ ပြင်ဆင်လိုက်သည်။
ကျန်းထျန်က သူမရယ်တာကို ထိန်းဖို့ကြိုးစားလိုက်ပြီး
"ဥက္ကဌရှက ဒီကို ဘယ်လိုရောက်လာတာလဲ?"
"ကျွန်တော်ဒီကို လူတိုင်းစားဖို့ ရေခဲမုန့်လာပို့ပေးတာပါ"
သူက လွယ်အိတ်ကို စားပွဲဝိုင်းပေါ်တင်လိုက်ပြီး မုန့်နှစ်ထုပ်ကို ထုတ်ကာ ကျန်းထျန် နှင့် အိုးရန်မန်မန် ကို လှမ်းပေးလိုက်သည်။
"မန်မန်က ဒါကို စားလောက်မှာမဟုတ်ဘူး၊သူမက....."
"ကျွန်မဒါကိုအရမ်းကြိုက်တယ်"
အိုးရန်မန်မန် သည် ရေခဲမုန့်ကို အလျင်အမြန်ယူလိုက်ပြီး အထုပ်ကိုဖွင့်ကာ တစ်ထိုင်တည်း စားလိုက်သည်။ထို့နောက် သူမသည် လက်ကိုဆန့်ကာ ရှဟိုင်ရွန် ကိုမေးလိုက်သည်။
"ဥက္ကဌရှ ကျွန်မကို နောက်တစ်ခုပေးပါဦး"
".........."
"..............."
မင်းရဲ့ နိယာမတွေ ဘယ်ရောက်ကုန်ပြီလဲ??
ရှဟိုင်ရွန် တိုးတိုးလေးရယ်မောလိုက်ပြီး နောက်ထပ် ရေခဲတုတ်နှစ်ချောင်းကို ပေးလိုက်သည်။
"ရှင် ဒီကို ရေခဲမုန့်လာပို့ဖို့ပဲ လာခဲ့တာလား"
ကျန်းထျန် ရေခဲချောင်းကို လျက်ရင်း သူမမျက်လုံးတွေကို သူ့အနောက်ကို ရွှေ့လိုက်သည်။
သူမဘာတွေတွေးနေလဲဆိုတာသိသည့်အတွက်
ရှဟိုင်ရွန် ရယ်လိုက်ပြီး
"ထပ်ကြည့်မနေနဲ့တော့ လင်းဆွေ့ကျိုး ပါမလာဘူး"
ဟမ်.......
ကျန်းထျန် သည် သူရဲ့ တည့်ပြောသောစကားကို ကြားပြီးနောက်မှာ သူမရှက်ရွံ့တာကို ဖုံးကွယ်ဖို့တိတ်တဆိတ် သူမခေါင်းလေးကိုငုံ့ကာ ရေခဲမုန့်ကို စားလိုက်သည်။
"ကျွန်တော် ဒီကို အလုပ်ကိစ္စနဲ့ လာရင်း မင်းဆီ လာလည်တာ။ရေခဲမုန့်ပေးပြီးရင် ပြန်တော့မှာ။"
"အိုး"
ကျန်းထျန်ရဲ့ သဘောထားသည် ပို၍ အေးစက်လာခဲ့သည်။
"ကျွန်တော်အခုပဲ ပြန်တော့မယ်"
ကျန်းထျန် : "အိုး"
အိုးရန်မန်မန် က သူ့ကို အားတက်သရော လက်ပြလိုက်ပြီး
"ကောင်းကောင်းပြန်ပါ ဥက္ကဌရှ။နောက်လဲ ကျွန်မတို့ဆီလာလည်ပါဦး ဥက္ကဌရှ!"
ညရောက်တော့။
ဝန်ထမ်းတွေနဲ့ သရုပ်ဆောင်တွေဟာ တစ်နေကုန် ရိုက်ကူးရေးလုပ်ခဲ့ကြသည့်အတွက် ဟိုတယ်ကို ပြန်လာပြီး အနားယူဖို့ မစောင့်နိုင်ကြတော့ဘူး။
ရေချိုးပြီးနောက်မှာ ကျန်းထျန်သည် သူမ၏ ဖုန်းကို ထုတ်လိုက်ပြီး ကလေးတွေကို ဖုန်းခေါ်ခါနီးတွင် တံခါးဘဲလ်ဟာ ရုတ်တရက် မြည်လာခဲ့သည်။
သူမ လူချောင်းပေါက်ကတဆင့် ကြည့်လိုက်သည့်အခါ အိုးရန်မန်မန် သည်တံခါးဝတွင်ရပ်နေပြီး သူမသည် နာကျင်စွာ ဗိုက်ကိုတင်းတင်းဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ကျန်းထျန် တံခါးကို ဖွင့်လိုက်သည်။
"......ထျန်ထျန်"
ကျန်းထျန်အေးစက်စွာပြောလိုက်သည်။
"ကျဲကျဲလို့ခေါ် "
"ထျန်ထျန်ကျဲကျဲ"
သူမရဲ့အားနည်းနေသည့်လက်တစ်ဖက်ကို သုံးပြီး နံရံကို ထောက်လိုက်သည်။
ကျန်းထျန် သူမကို ကုတင်ပေါ်ကိုခေါ်သွားလိုက်ပြီး
"မင်းဗိုက်နာနေတာလား?"
"ဟုတ်တယ်"
အိုးရန်မန်မန် ၏ပါးစပ်ထောင့်လေး ကြေကွဲနေပုံက ချင်းချင်းသူမနေမကောင်းဖြစ်နေချိန်ကလိုမျိုး သနားစရာကောင်းနေခဲ့သည်။
ကျန်းထျန်သည် သူမသမီးကို မတွေ့ရတာ ကြာပြီဖြစ်တဲ့အတွက်ကြောင့် ရုတ်တရက် မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာ ပူပန်မှုမျိုး သူမတွင်ဖြစ်ပေါ်လာခဲ့သည်။သူမရေနွေးပူပူကို ခွက်တစ်ခွက်ထဲသို့ ထည့်ပြီး သူမလက်ထဲကိုထည့် ပေးလိုက်သည်။
"မှန်မှန်ကန်ကန်နေစမ်းပါ ဘယ်သူကမင်းကို ရေခဲချောင်းတွေစားခိုင်းလို့လဲ?"
သူမ အားနည်းစွာငြင်းဆန်လိုက်သည်။
"အဲ့ဒါက ဥက္ကဌရှပေးတာလေ....."
ကျန်းထျန် မနေနိုင်စွာ သူမမျက်လုံးကို လှိမ့်လိုက်ပြီး
"ငါ မင်းကိုမေးမယ် အဲ့လူကပိုအရေးကြီးလား မင်းခန္ဓာကိုယ်ကပိုအရေးကြီးလား?"
အိုးရန်မန်မန် မဆိုင်းမတွပဲ ပြန်ဖြေလိုက်သည်။
"အဲ့လူက ပိုအရေးကြီးတယ်"
"......."
"............"
ပြောစရာစကားတောင်မရှိတော့ဘူး။
"ထျန်ထျန်၊ကျွန်မရဲ့ ဗိုက်က တကယ်အရမ်းနာတာပဲ။"
အိုးရန်မန်မန် အိပ်ယာပေါ် လဲချလိုက်ပြီး
"ဘယ်လိုလုပ်ရမလဲ?"
သူမရဲ့ လှပမှုသည် နာကျင်မှုကြောင့်ကြေမွနေပြီး သူမရဲ့နဖူးမှာလည်း ချွေးအေးတွေနှင့် ဖုံးလွမ်းနေခဲ့သည်။
ကျန်းထျန် ထလိုက်ပြီး သူမခရီးဆောင်အိတ်ကို ဖွင့်လိုက်သည်။သူမနှင့်အတူယူဆောင်လာခဲ့သော ဆေးအိတ်ထဲတွင် Ibuprofen(အကိုက်ခဲပျောက်ဆေး) ကိုရှာဖွေသော်လည်း အလွတ်သာတွေ့ရှိခဲ့သည်။
"မင်း မင်းနဲ့အတူ ဘာဆေးမှ ယူမလာဘူးလား?"
အိုးရန်မန်မန် ခေါင်းခါလိုက်သည်။
"သကြားညိုရောပါခဲ့လား?"
သူမ ခေါင်းယမ်းလိုက်ပြန်သည်။
ကျန်းထျန် ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ပြီး
"ငါမင်းအတွက် အဲ့တာသွားဝယ်ပေးမယ် ဒီမှာပဲ ခဏလောက်စောင့်နေဦး"
"ကိစ္စမရှိပါဘူး"
အိုးရန်မန်မန် မြန်မြန်မတ်တပ်ရပ်လိုက်ပြီး
"အပြင်မှာမလုံခြုံဘူး။ရှင် အန္တရာယ်တွေ့ရင်ဘယ်လိုလုပ်မလဲ?"
"မင်းဒီလို ဝေဒနာမျိုး ခံစားနေရတာကို ငါခွင့်မပြုနိုင်ဘူး။ငါ့ကို ခဏပဲစောင့်"
သူမ ပိုက်ဆံအိတ်နဲ့ ဖုန်းကို ကောက်ယူပြီး အိုးရန်မန်မန်ရဲ့ စိုးရိမ်နေသည့်အကြည့်အောက်မှာပဲ အခန်းထဲက ထွက်သွားလိုက်သည်။
ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအတွက် ရှေးခေတ်စတူဒီယိုများသည် အလင်းရောင်များဖြင့် တောက်ပနေဆဲဖြစ်သည်။ဆေးဆိုင်ကအပြင်ဘက်မှာရှိတာဖြစ်၍ အဲ့ဒီကိုသွားရန် ဆယ်မိနစ်ခန့်အချိန်ယူရသည်။
ဂိတ်ပေါက်ကနေထွက်ပြီးနောက်မှာ လမ်းနှစ်ဘက်ခြမ်းရှိ ဆိုင်များသည် ဖွင့်ထားဆဲဖြစ်ကြောင်း ကျန်းထျန် တွေ့ရှိလိုက်သည်။သူမသည် ဆေးကို အရင်သွားဝယ်လိုက်ပြီးနောက်မှာ ဂျင်းနှင့်သကြားညိုဝယ်ရန် နို့လက်ဖက်ရည်ဆိုင်သို့ သွားခဲ့သည်။အဲဒီနောက်မှာ သူမအဝတ်အစားတွေကို တင်းတင်းကြပ်ကြပ် ထုပ်ပြီး ပြန်လာခဲ့လိုက်သည်။
ရုတ်တရက် အနည်းငယ်ဝသော အမျိုးသမီးတစ်ယောက်သည် လမ်းတစ်ဘက်မှ ပြေးလာခဲ့သည်။သူမက အရမ်းမြန်သည်၊ ကျန်းထျန် မတုံ့ပြန်နိုင်ခင်မှာပင် ထိုအမျိုးသမီးက သူမအင်္ကျီအိတ်တွေကို ဆွဲထုတ်နေပြီဖြစ်သည်။
ကျန်းထျန်အံ့ဩသွားပြီး သူမကိုကြည့်လိုက်သည်။
ထိုအမျိုးသမီးသည် အရပ်ပုပြီး ဝကာ ရှပ်အင်္ကျီအကွက်ကို ၀တ်ဆင်ထားပြီး ရှုပ်ပွနေသော ဆံပင်နှင့် ဖယောင်းလိုမျိုးအဝါရောင် အသားအရည်ရှိသည်။ကြည့်ရသည်က သူမသည် အလွန်ခံစားခဲ့ရပြီး သူမ၏ မျက်လုံးများသည် သွေးထွက်သံယိုများဖြင့် ဖုံးလွှမ်းသွားနေခဲ့သည်။
ခဏတာ ထိတ်လန့်သွားပြီးနောက်မှာ ကျန်းထျန်သည် သူမအား စိတ်မရှည်စွာ ဆုပ်ကိုင်ထားရာမှ ရုန်းထွက်လိုက်ပြီး အဝေးကို လှမ်းကြည့်ကာ သူမကို လုံးဝ လျစ်လျူရှုလိုက်သည်။
"ငါ့ရဲ့ထျန်လေး"
ရှောင်ရှို့လျန် သည် သူမနောက်သို့ ပြင်းပြင်းထန်ထန် လိုက်လာခဲ့သည်။
"ထျန်၊မင်း အမေကို လျစ်လျူမရှုလိုက်ပါနဲ့"
"ထွက်သွား"
အိတ်ကို သယ်ထားရင်း သူမ ဘာမှမထူးခြားစွာ ကြည့်လိုက်သည်။
"ငါကမင်းအမေလေ မင်းဘယ်လိုတောင် ငါ့ကို ဒီလိုမျိုးပြောနိုင်ရတာလဲ?"
ရှောင်ရှို့လျန်သည် ကျန်းထျန် ကို ပိတ်ဆို့ရန် ရှေ့သို့ လျှောက်သွားလိုက်ပြီး ရုတ်တရက် ဒူးထောက်၍ လဲကျသွားခဲ့သည်။
ရှောင်ရှို့လျန် သည် ကျန်းထျန် ၏ဘောင်းဘီကို ဆွဲကိုင်လိုက်ပြီး စိတ်ပျက်မှုတွေဖြင့်ပြည့်နေသော သူမ၏မျက်နှာကို မော့ကြည့်လိုက်သည်။
ရှောင်ရှို့လျန် က မျက်ရည်များဝဲကာ
"မားမား အမှားတွေကို မားမားသိပါတယ်။မားမားအဲ့တာတွေကို အကုန်ပြင်မယ်လေ၊မားမားကိုတော့ လျစ်လျူမရှုပါနဲ့"
ကျန်းထျန်သည် မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို စိုက်ကြည့်နေခဲ့သည်။
"မားမား ယွမ် 5 သန်းအကြွေးတင်နေတယ်။
နောက်လမှာ ပိုက်ဆံပြန်မဆပ်နိုင်ရင် မားမားခေါင်းကို ဖြတ်ပစ်မယ်လို့ အကြွေးရှင်က ပြောတယ်။ထျန်အာ၊ ငါဘယ်လောက်ပဲမှားခဲ့ပါစေ မင်းကိုမွေးပြီး ကြီးပြင်းလာအောင် စောင့်ရှောက်ခဲ့တယ် မင်းလှည့်ထွက်သွားမယ်ဆို ငါ့ကိုသေခွင့်သာပေးလိုက်။မင်းနဲ့ လင်းဆွေ့ကျိုး အတွက်တော့ ယွမ် ၅သန်းဆိုတာ မပြောပလောက်တဲ့ ပမာဏပါ၊အဲ့တာကို မင်းတို့တစ်ရက်အတွင်းပြန်ရှာလို့တောင်ရသေးတယ်။ငါ့မှာ အိမ်လည်းမရှိတော့ဘူး၊ကားလည်းမရှိတော့ဘူး၊စားစရာတောင် လုံလုံလောက်လောက်မရှိတော့ဘူး။ထျန်၊ ကျေးဇူးပြုပြီး မားမားကို ကယ်ပေးပါ၊မားမားမင်းကို ကန်တော့ပါတယ်။"
သူမရဲ့လက်နှစ်ဖက်စလုံးကို မြေကြီးပေါ်တင်ကာ ခေါင်းကို ငါးကြိမ်ခြောက်ကြိမ်လောက် ဦးညွှတ်လိုက်သည်။
ကျန်းထျန်၏ အမူအရာမှာ ဘာမှမထူးခြားသလို မတုန်လှုပ်ဘဲရှိနေပြီး
"ရှင့်သမီးကသေသွားပြီ။ဒီစကားတွေကို သူမနောက်လိုက်ပြီး တမလွန်ကျမှ သူမကိုရှင်ပြောတာပိုကောင်းလိမ့်မယ်။"
ရှောင်ရှို့လျန်ရဲ့ အမူအရာက ပြောင်းလဲသွားပြီး
"မင်းကိုယ့်ကိုယ်တောင် ဒီလိုကျိန်ဆဲနိုင်တယ်ပေါ့?"
ကျန်းထျန် လှောင်ပြောင်လိုက်သည်။
ဒါက ကျိန်ဆဲတာ မဟုတ်ပေမဲ့ အမှန်တရားပဲ။သူမသမီးသေသွားတာဖြင့်ကြာပြီ။သူမက အခြားကမ္ဘာတစ်ခုမှာတောင် လူပြန်ဝင်စားနေလောက်တာတောင် ဖြစ်နိုင်သည်။
ကျန်းထျန် က ရှောင်ရှို့လျန်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး
"အဲဒီနေ့က ကျွန်မတို့ ရှင်းရှင်းလေးပြောပြီးသွားပြီလေ ရှင်ပိုက်ဆံယူပြီး ကျွန်မတို့ဘဝထဲက ပျောက်ကွယ်သွားပေးမယ်လို့ပြောခဲ့ပေမယ့် ရှင်မလုပ်နိုင်ခဲ့ဘူး။ရှင့်ကတိကို ရှင်မတည်နိုင်ပေမဲ့ ကျွန်မကတော့ တည်အောင်လုပ်ရမယ်"
ရှောင်ရှို့လျန် နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာပြီး
"မင်း ငါ့သေမှာကိုကြည့်နေနိုင်တာလား?"
"ဘာအတွက်လဲ?"
သူမ မျက်ခုံးပင့်လိုက်ပြီး
"ရှင့်အတွက် ဝမ်းနည်းဖွယ်အထိန်းအမှတ်အဝတ်အစားဝတ်ဖို့ရှင်မျှော်လင့်နေတာလား?အိပ်မက် မက်နေလိုက်"
ရှောင်ရှို့လျန်က သူမသမီးကို ဒီလောက် အကြင်နာကင်းမဲ့မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
သူမ အသက်ပြင်းပြင်းရှုလိုက်ရင်း
"ငါသေရင်တောင် နင်တကယ် ဂရုမစိုက်တာလား?"
"ရှင့်ရဲ့သမီးကို ရှက့်အကျိုးအမြတ်အတွက် ရောင်းစားခဲ့တုန်းက ကျွန်မအတွက် ရှင်စဉ်းစားဖူးလို့လား။"
ရှောင်ရှို့လျန်၏ အသံကျယ်လာပြီး
"နင်အခု ကောင်းကောင်းနေ နေရတာပဲ။ငါ့ကိုအပစ်တင်နေတာလား?"
ကျန်းထျန်သူမကို တိုက်ရိုက်ကြည့်လိုက်ပြီး စကားတစ်ခွန်းချင်းပြောလိုက်သည်။
"ကျွန်မကိုယ်တိုင်ကြိုးစားပြီးရခဲ့တဲ့ဘဝကို ကျွန်မကောင်းကောင်းဖြတ်သန်းနေတယ်။
ဒါကရှင်နဲ့ ဘာမှမဆိုင်ဘူး ရှောင်ရှို့လျန်! ဟုတ်တယ် ယွမ်ငါးသန်းဆိုတာ စကားထဲတောင်ထည့်ပြောစရာမလိုဘူး ကျွန်မတို့အတွက် ပမာဏနည်းနည်းလေးပဲ။ကျွန်မရှင့်ကို ယွမ်ဆယ်သန်း ဒါမှမဟုတ် ယွမ် သန်း ငါးဆယ်တောင်ပေးနိုင်သေးတယ် ဒါပေမဲ့ ကျွန်မ မပေးချင်ဘူး။ကျွန်မ မပေးချင်ဘူးဆိုရင်ရော ရှင်ဘာလုပ်နိုင်မှာမို့လဲ?"
သူမ ရှောင်ရှို့လျန်ကို လှောင်ပြောင်ကာ နောက်ပြန်လှည့်မကြည့်ဘဲ စတူဒီယိုသို့ ပြန်သွားခဲ့သည်။
ရှောင်ရှို့လျန် ထိတ်လန့်သွားခဲ့သည်။
အမှန်ပဲ၊ သူမသမီးကို သူမဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်။
တကယ်တော့ ရှောင်ရှို့လျန်နဲ့ သူမခင်ပွန်းက သားတစ်ယောက်ကိုလိုချင်ခဲ့တာဖြစ်သည်။
သားတစ်ယောက်ကသာလျှင် သူတို့သေတဲ့အထိ ကောင်းမွန်တဲ့ ဘဝကို ထောက်ပံ့ပေးနိုင်မှာဖြစ်သည်။ဒါပေမယ့် အဆုံးမှာတော့ သူမဟာ ပိုက်ဆံဆုံးရှုံးနိုင်တဲ့ မိန်းမကလေးတစ်ယောက်ကိုသာ မွေးဖွားခဲ့သည်။သူမ(ရှောင်ရှို့လျန်) ဘယ်လောက်ပဲဆိုးဆိုးလေ သူမက သူမ(ကျန်းထျန်)ကို မြေတောင်မြှောက်ပေးခဲ့ကာ သစ်ကိုင်းအမြင့်တွေဆီရောက်အောင်ပျံသန်းစေခဲ့ပြီး ဖီးနစ်တစ်ကောင်ဖြစ်လာစေတာပဲလေ။
ကျန်းထျန် မှာ အခုရှိနေတဲ့စည်းစိမ်နှင့်အဆင့်အတန်း အားလုံးရအောင် သူမ က တိုက်ခိုက်ပေးခဲ့တာလေ။
ရှောင်ရှို့လျန် က နာကြည်းစွာဖြင့် အံကြိတ်လိုက်သည်။သူမသမီးက သူမကို နောက်ကြောင်းပြန်လှည့်ကြည့်ပြီး ကူညီချင်စိတ်မရှိတဲ့အတွက်ကြောင့် သူမကိုလည်းနှလုံးသားမရှိတဲ့ မိခင်တစ်ယောက်လို့တော့ အပြစ်မတင်နဲ့။
ဟိုတယ်ပြန်ရောက်တဲ့အခါမှာ ကျန်းထျန် က အိုးရန်မန်မန် ကို သကြားညိုထည့်ထားသည့်ဂျင်းလက်ဖက်ရည် နှင့် ဆေးကိုပေးလိုက်သည်။
"ရှင်ဘာလို့ကြာနေတာလဲ?ကျွန်မရဲကိုတောင် ခေါ်တော့မလို့"
အိုးရန်မန်မန် သည် ကုတင်ပေါ်ကနေ ဖြည်းညှင်းစွာထလိုက်ပြီး ဆေးလုံးကိုယူကာ ရေနှင့်မျိုချလိုက်သည်။
"သကြားအညိုက နည်းနည်းအေးနေပြီ ငါ မင်းအတွက် အပူပေးပေးမယ်။"
သူမသည် အေးနေသည့်သောက်စရာကိုအပူပေးဖို့လှည့်ထွက်လာကာ အိုးရန်မန်မန်ကို ဖြတ်သန်းပြီးနောက်မှာ ရေနွေးအိတ်ကိုပါ သူမအတွက် အပူပေးလိုက်သည်။
သက်တောင့်သက်သာဖြစ်အောင်ဝန်ဆောင်မှုပေးခံနေရသည့် အိုးရန်မန်မန် သည် မနေနိုင်စွာ သက်ပြင်းချလိုက်ပြီး
"ထျန်ထျန်ရှင်က အရမ်းထောက်ထားညှာတာတတ်တာပဲ။ကျွန်မသာ ယောင်္ကျားလေးဆိုရင် ရှင့်နဲ့ပဲ အိပ်ယာပေါ်မှာ လူးလှိမ့်မှာ"
ကျန်းထျန် :"......"
ကျန်းထျန် : "မလုပ်ပါနဲ့၊ဥက္ကဌလင်းသာသိရင် သူမင်းခြေထောက်တွေကို ချိုးပစ်လိမ့်မယ်"
ကျန်းထျန်သည် မူလဇာတ်ကြောင်းထဲက ဗီလိန်လင်းဆွေ့ကျိုးအကြောင်းတွေးမိလိုက်တဲ့အခါမှာ သူမခန္ဓာကိုယ်သည် တုန်လှုပ်သွားခဲ့သည်။
အိုးရန်မန်မန် သည် သူမကိုယ်သူမစောင်ထဲတွင် ကျုံ့ထားလိုက်ပြီး သူမ၏ မျက်လုံးကြီးကြီးတစ်စုံကိုသာ ဖော်ထားလေသည်။
"ထျန်ထျန်....."
"ဘာလဲ?"
"ဒီည ကျွန်မရှင်နဲ့အိပ်လို့ရမလား?ရှင့်ရဲ့ ရင်သားကြီးကြီးတွေနားကို ကျွန်မ မကပ်ပဲကောင်းကောင်းအိပ်ပါ့မယ်"
ကျန်းထျန် : "........."
ကျန်းထျန် : "မင်းက ဆိုးတာပဲ"
အိုးရန်မန်မန် သည် ရယ်မောလိုက်ပြီး ရေနွေးအိတ်နှင့်အတူ ကုတင်ဘေးသို့ လှိမ့်လိုက်ကာ သူမဗိုက်ကို ပူနွေးစေလိုက်သည်။
မကြာခင်မှာပဲ သူမအိပ်မောကျသွားတော့သည်။
ကျန်းထျန်သည် သူမလှဲမအိပ်ခင် သူမ(အိုးရန်မန်မန်)ကို တစ်ချက်ကြည့်လိုက်ပြီး သူမမျက်လုံးတွေကို မှိတ်လိုက်သည်။
ကောင်းသောညလေးပါ။
နောက်တစ်နေ့ ရိုက်ကူးရေးလုပ်နေစဉ် ကျန်းထျန်၏ လက်ထောက်သည် သူမထံသို့ ရုတ်တရက် ပြေးလာခဲ့သည်။
"ထျန်ကျဲ သတင်းဆိုး"
သူမရဲ့စိုးရိမ်နေသောအကြည့်က ကျန်းထျန် ကို မျက်မှောင်ကြုတ်သွားစေပြီး
"ဘာဖြစ်လို့လဲ?"
"ထျန်ကျဲ သက်ကြီးရွယ်အိုတစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုတစ်ခု အင်တာနက်မှာ ပျံ့နေတယ်။"
????
ကျန်းထျန် အနည်းငယ် စိတ်ရှုပ်သွားပြီး အဲ့တာကို ရှာကြည့်ဖို့ သူမဖုန်းကို ဆွဲထုတ်လိုက်သည်။
[သတင်းထောက်: သတင်းထောက်တစ်ယောက်က ရှေးဟောင်းရုပ်ရှင်နဲ့ ရုပ်မြင်သံကြားစတူဒီယိုရှေ့မှာ ကျန်းထျန်က သက်ကြီးရွယ်အိုတစ်ယောက်ကို ခြေထောက်နဲ့ကန်ပြီး ဒူးထောက်ခိုင်းတာနေတာကို ရိုက်ကူးခဲ့မိတယ်။ [Video]]
................
ဒီအပိုင်းကတော်တော်လေးရှည်တယ် ကိုယ် translate လို့အကုန်မပြီးသေးလို့ ပြီးသလောက်လေးအရင် တင်ပေးလိုက်တယ်နော်
ZAWGYI
"ကို ခ်စ္ကို ဘယ္ေခၚသြားမွာလဲ?"
လင္းေဆြ႕က်ိဳး သည္ က်န္းထ်န္၏လက္ကို ကိုင္လိုက္ၿပီး သူ႔မ်က္ႏွာေပၚတြင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ အၿပဳံးတစ္ခုကို တပ္ဆင္လိုက္ၿပီ သူမကို ျပန္မေျဖခဲ့ေပ။
ကားသည္ အဆုံးမရွိေသာလမ္းမ်ားအတိုင္း ေမာင္းႏွင္လာကာ ေနာက္ဆုံးတြင္ အေဆာက္အအုံတစ္ခုေရွ႕တြင္ ရပ္တန္႔သြားခဲ့သည္။
လင္းေဆြ႕က်ိဳးသည္ က်န္းထ်န္ ကို ကားထဲမွ ထြက္ဖို႔ ကူညီေပးလိုက္သည္။
သူမသည္ အေဆာက္အဦးထဲသို႔ ဝင္လိုက္သည္ႏွင့္ သူ႔လက္ကို တင္းတင္းဆုပ္ကိုင္ထားလိုက္သည္။တံခါးဖြင့္လိုက္သည္ႏွင့္ က်န္းထ်န္သည္ မွိတ္တုတ္မွိတ္တုတ္အလင္းေရာင္မ်ားႏွင့္ ဆလိုက္မီးတျဖတ္ျဖတ္လင္းေနတာကို ေတြ႕လိုက္ရသည္။
သူမ၏ မ်က္လုံးမ်ားသည္ အံ့ၾသျခင္းမ်ားျဖင့္ ေတာက္ပလာၿပီး မၾကာမီတြင္ သင့္ေလ်ာ္ေသာ အၿပဳံးတစ္ခု ထြက္ေပၚလာခဲ့သည္။
သူမသည္ date လုပ္မယ္လို႔ထင္ခဲ့တဲ့အတြက္ေၾကာင့္ အထူးသျဖင့္ ႏူးညံ့ၿပီး မိန္းမဆန္ေသာ ဇာပါသည့္အဝါႏုေရာင္ ၀တ္စုံကို ေျပာင္းလဲဝတ္ဆင္ခဲ့ျခင္းျဖစ္သည္။
လင္းေဆြ႕က်ိဳးက သူမကို စတိတ္ေပၚသို႔ေခၚေဆာင္သြားခဲ့သည္။သူမရဲ႕ မ်က္လုံးမ်ားျဖင့္ ျဖတ္ခနဲ႔ၾကည့္လိုက္ေတာ့ ရွဟိုင္႐ြန္နဲ႔ သ႐ုပ္ေဆာင္မ်ားစြာလည္း ရွိေနတာကို သတိထားခဲ့မိသည္။သူမေနာက္ရွိ ႀကီးမားေသာ ဖန္သားျပင္ေပၚတြင္
"ဖီးနစ္ အာဏာ" ဟု လက္ရာေျမာက္ေသာ လက္ေရးလွျဖင့္ေရးထားသည့္ သတင္းစာရွင္းလင္းပြဲရွိေနခဲ့သည္။
"ဘာေတြျဖစ္ကုန္တာလဲ?"
က်န္းထ်န္သည္ ထိုင္ခုံကိုယူလိုက္ၿပီး အိုးရန္မန္မန္ က သူမကို မ်က္ေတာင္ခတ္ၿပီးၾကည့္ေနတာကို ျမင္လိုက္ရသည္။
"ဥကၠဌလင္း နဲ႔ မစၥက်န္းထ်န္က ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ရဲ႕ လွ်ိဳ႕ဝွက္အထူးဧည့္သည္ေတြျဖစ္ေနလိမ့္မယ္လို႔ ကြၽန္ေတာ္မထင္ထားခဲ့ဘူး။ဒါကတစ္ကယ္ အံ့ဩစရာေကာင္းလြန္းတယ္။"
မွတ္ခ်က္ေပးၿပီးတာႏွင့္ အစီအစဥ္မႉးသည္ မိုက္ခ႐ိုဖုန္းကို လင္းေဆြ႕က်ိဳး ထံသို႔ လွမ္းေပးလိုက္
သည္။
လင္းေဆြ႕က်ိဳး ေပါ့ေပါ့ပါးပါးၿပဳံးလိုက္ၿပီး
"သူမကို မဒမ္လို႔ေခၚတာပိုသင့္ေတာ္တယ္""
က်န္းထ်န္ : "........."
"ကြၽန္ေတာ္တို႔ ဒီကို အေၾကာင္းမၾကားဘဲ အလ်င္စလိုလာခဲ့မိတဲ့အတြက္ေၾကာင့္ လူတိုင္းမလန္႔သြားဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။"
သူ႔စကားေၾကာင့္ ခန္းမထဲရွိပရိတ္သတ္အားလုံး ၾကည္ႏူးသြားခဲ့ၾကသည္။
လင္းေဆြ႕က်ိဳးသည္ အၿမဲတမ္း တိတ္တိတ္ဆိတ္ဆိတ္ေနတတ္ၿပီး လူအမ်ားေရွ႕မွာ ေပၚထြက္လာခဲသည္။ဒါဟာ လင္းေဆြ႕က်ိဳး ရဲ႕သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္တီဗီစီးရီးတစ္ခု ထြက္ရွိသည့္ အခမ္းအနားတြင္ ပါဝင္လာခဲ့ျခင္းျဖစ္သည္။
"မင္းတို႔သိခ်င္တာရွိရင္ ကြၽန္ေတာ့္မိန္းမကို မင္း ေမးခ်င္သေလာက္ေမးလို႔ရပါတယ္။ဒါေပါ့ ေျဖတာမေျဖတာကေတာ့ ကြၽန္ေတာ့္မိန္းမရဲ႕ ေ႐ြးခ်ယ္ပိုင္ခြင့္ေလ"
"........."
အဲ့ေတာ့ ဘာေျပာခ်င္တာလဲ?
ခဏေလာက္ၾကာတဲ့အခါမွာ ပရိသတ္ထဲက တစ္ေယာက္ေယာက္က သူ႔လက္ကို ေျမႇာက္လိုက္ၿပီး လင္းေဆြ႕က်ိဳးက သူ႔ကို စကားေျပာခြင့္ေပးလိုက္သည္။
"ဒီျပဇာတ္ရဲ႕ မူရင္းနာမည္က အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ ကြၽန္ေတာ္ၾကားခဲ့တယ္။ဒါကို ဥကၠဌလင္းေျပာျပေပးလို႔မ်ားရမလား?"
လင္းေဆြ႕က်ိဳး က်န္းထ်န္ ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ေျဖးညႇင္းစြာေျပာလိုက္သည္။
"ဒါက တကယ္စိတ္ဝင္စားဖို႔ေကာင္းပါတယ္၊မူရင္းနာမည္က 'ကြၽန္ေတာ့ ဧကရီက မိန္းမစိုး'ပါ"
က်န္းထ်န္ : "........"
ဘာေတြလဲ?
ဒီေတာ့ ဒါက သူမရဲ႕ တီဗီစီးရီး မိတ္ဆက္ပြဲေပါ့။
ဘယ္အခ်ိန္တုန္းက စလိုက္တာလဲ?သူမကေရာ ဘာလို႔မသိခဲ့တာလဲ?
က်န္းထ်န္က ထိတ္လန႔္စြာၾကည့္လိုက္သည္။
"ကြၽန္ေတာ္ၾကားတာက ဒီဇာတ္ၫႊန္းကို Huatianက ပထမတစ္ေခါက္ ျငင္းဆန္ဖူးတယ္ဆို အမွန္ပဲလား?"
"ဟုတ္တယ္" လင္းေဆြ႕က်ိဳး ေခါင္းညိတ္လိုက္ၿပီး
"ဒီဇာတ္ၫႊန္းကို ကြၽန္ေတာ့္မိန္းမေရးတယ္ဆိုတာ အစထဲကသိခဲ့ရင္ ကြၽန္ေတာ္ျငင္းလိုက္မိမွာမဟုတ္ဘူး"
အင္တာဗ်ဴးတဲ့သူက က်န္းထ်န္ ကို ေနာက္တစ္ႀကိမ္ လွည့္ၾကည့္ကာ ေနာက္ေျပာင္သည့္ေလသံျဖင့္ ေမးလိုက္သည္။
"အျငင္းခံလိုက္ရေတာ့ မဒမ္လင္းကေရာ ဘယ္လိုခံစားလိုက္ရလဲ?"
.....သူမခံစားခ်က္လား?
လင္းေဆြ႕က်ိဳး ရဲ႕ ေခြးလိုေခါင္းကို ႐ိုက္ဖို႔ မေစာင့္ႏိုင္ေတာ့ဘူးေလ။
ဒါေပါ့ သူမဒီစကားလုံးေတြကို ထုတ္မေျပာဘူးေပါ့။
က်န္းထ်န္သည္ ေပါ့ေပါ့ပါးပါး ေခ်ာင္းဆိုးလိုက္ၿပီး အလြန္ ပုံစံက်ေသာ တုံ႔ျပန္မႈကို ေပးလိုက္သည္။
"ကြၽန္မ နည္းနည္းေတာ့ စိတ္ပ်က္ခဲ့မိေပမယ့္ နားလည္ႏိုင္ပါတယ္။ကြၽန္မက ဒီတိုင္း လူမသိတဲ့ ဇာတ္ၫႊန္းေရးဆရာေပါက္စေလးေလ၊Huatian လို တင္းက်ပ္တဲ့ ကုမၸဏီက ကြၽန္မကို လက္မခံတာ က်ိဳးေၾကာင္းဆီေလ်ာ္ပါတယ္။"
"မင္းေျပာသလိုဆို Miracle Pictures က မတင္းၾကပ္ဘူးလို႔ ဆိုလိုတာလား။"
အိုက္ယား ဒီလူငယ္ကေတာ့ ကိုယ့္ဒုကၡကို ရွာေနတာပဲ။
က်န္းထ်န္၏ အမူအရာမွာ မေျပာင္းလဲပဲ
"ဒါက ဥကၠဌရွမွာ အျမင္ေကာင္းရွိတယ္ဆိုတာျပတာပဲေလ"
ရွဟိုင္႐ြန္က သူ႔ႏႈတ္ခမ္းေတြကို ပြတ္သပ္ၿပီး ၿပဳံးျပလိုက္ေတာ့ သူ႔ပုံစံက ပိုလို႔ေတာင္ ႏူးညံ့လာခဲ့သည္။
သူက ႏူးညံ့ၿပီး ေခ်ာေမာေပသည္။သူတိတ္ဆိတ္ေနတဲ့အခ်ိန္မွာ သူသည္ အ႐ုပ္တစ္႐ုပ္ေထာင္ထားတာႏွင့္ပင္တူေလသည္။သူနဲ႔ မနီးမေဝးမွာ ထိုင္ေနခဲ့ေသာ အိုးရန္မန္မန္သည္ သူ႔ရဲ႕မ်က္ႏွာေဘးဘက္ကိုခနၾကည့္လိုက္ၿပီးေနာက္တြင္ ႐ုတ္တရက္ သူ႔အလွကို စြဲလန္းသြားခဲ့သည္။
လင္းေဆြ႕က်ိဳး မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"ခ်စ္ဆိုလိုတာက ကိုက အျမင္ေကာင္းမရွိဘူးေပါ့"
....သတင္းေထာက္ထက္ ကြၽန္မတို႔ က်ိဳက္က်ိဳက္ေလးက ကိုင္တြယ္ဖို႔ပိုခက္တာပဲ။
က်န္းထ်န္က သူ႔ကို ေသေလာက္တဲ့ အၾကည့္ေပးၿပီး သူေျပာတာကိုျငင္းဆန္လိုက္သည္။
"ကို႔မွာသာ အျမင္ေကာင္းမရွိရင္ ခ်စ္ကို လက္မထပ္ခဲ့ဘူးေလ။"
အေျပာေကာင္းတာပဲ၊ နားေထာင္လို႔ေကာင္းတယ္။
လင္းေဆြ႕က်ိဳး၏လက္သည္ သူမ၏ ႏူးညံ့ေသာလက္ကို လွ်ိဳ႕ဝွက္စြာ ဆုပ္ကိုင္ထားလိုက္သည္။
ဒီလိုမ်ိဳး သိမ္ေမြ႕တဲ့ လႈပ္ရွားမႈေတြကို ကင္မရာက ေကာင္းမြန္စြာဖမ္းယူႏိုင္ခဲ့သည္။ခန္းမထဲက သတင္းေထာက္ေတြက ေခြးစာတစ္ပန္းကန္လုံးစားလိုက္ရလို႔ စားပိုးနင့္သြားသလိုကို ခံစားလိုက္ရသည္။
"ဖီးနစ္ အာဏာ" ဒရမ္မာက Huatian ႏွင့္ Miracle Pictures တို႔ၾကားက ပထမဆုံး ပူးေပါင္းေဆာင္႐ြက္တဲ့ ဒရာမာျဖစ္ၿပီး ဒါကအာဏာအတြက္ႀကိဳးကိုင္ျခယ္လွယ္တဲ့ သူေတြအေၾကာင္း စိတ္ႀကိဳက္အခ်ိန္ယူၿပီး႐ိုက္ကူးထားသည့္ ရွည္လ်ားတဲ့ ဒရမ္မာတစ္ခုျဖစ္သည္။ဥကၠဌရွကေရာ ဒီပူးေပါင္းေဆာင္႐ြက္မႈအေပၚ ယုံၾကည္မႈရွိပါသလား?။"
ရွဟိုင္႐ြန္သည္ မိုက္ခ႐ိုဖုန္းကို ေကာက္ကိုင္လိုက္ၿပီး ယုံၾကည္မႈအျပည့္ျဖင့္ စကားတစ္ခြန္းတည္း ေျပာလိုက္သည္။
"ရွိပါတယ္"
"ပို တိတိက်က်ေျပာေပးလို႔ရမလား?"
"တကယ္ေတာ့ ကြၽန္ေတာ္တို႔က ရွလင္း couple ေလ။ကြၽန္ေတာ္တို႔မေအာင္ျမင္ရင္ ကြၽန္ေတာ္တို႔ ပရိတ္သတ္ေတြကို စိတ္ပ်က္ေစလိမ့္မယ္"
သူ႔စကားဆုံးသည္ႏွင့္ စင္ေအာက္ရွိ ပရိသတ္မ်ားႏွင့္ သတင္းေထာက္မ်ားက မေနႏိုင္ဘဲ ေအာ္လိုက္ၾကသည္။
လင္းေဆြ႕က်ိဳး၏ မ်က္ခုံးမ်ားအနည္းငယ္ လႈပ္သြားၿပီး
"ငါ့မိန္းမက ဒီေနရာမွာ ရွိေသးတယ္ေနာ္"
ရွဟိုင္႐ြန္ ၏ မ်က္လုံးေထာင့္မ်ားက ေတာက္ပလာၿပီး
"သူမ စိတ္မရွိပါဘူး"
လင္းေဆြ႕က်ိဳးက အမူအရာမဲ့စြာေျပာလိုက္သည္။
"စကားမစပ္ အဲ့တာက "လင္းရွ" ပါ ေက်းဇူးျပဳၿပီးမွန္ေအာင္ေျပာေပး"
က်န္းထ်န္ : "........."
ေကာင္းၿပီ၊ အခုကစၿပီး သူမစိတ္ထဲထားလိုက္ၿပီ။
သတင္းစာရွင္းလင္းပြဲ ၿပီးသြားတဲ့အခ်ိန္မွာေတာ့ ညေနေစာင္းေနၿပီျဖစ္သည္။
ေႏြးေထြးေသာ ေကာင္းကင္ႀကီးကို ၾကည့္ရင္း သူမသည္ လင္းေဆြ႕က်ိဳး၏ လက္ေမာင္းကို တံေတာင္ဆစ္ျဖင့္ ထိလိုက္သည္။
"ဒီပေရာဂ်က္အေၾကာင္း ကိုခ်စ္ကို ဘာမွလဲမေျပာခဲ့ဘူး"
လင္းေဆြ႕က်ိဳးသည္ သူ႔လက္ေမာင္းကို သဘာဝအတိုင္းပဲ သူမ၏ပခုံးေပၚတင္ကာ ထားလိုက္သည္။
"ကိုကခ်စ္ကို suprise လုပ္ခ်င္လို႔ပါ"
suprise လုပ္ခ်င္လို႔?
ဒီတစ္ေခါက္ေတာ့တကယ္ကို suprise ျဖစ္သြားတယ္။
သူမ ႏႈတ္ခမ္းေလးကို ဖိလိုက္သည္။
"ကိုဘယ္အခ်ိန္က ဇာတ္ေကာင္ေ႐ြးလိုက္တာလဲ?"
"အရင္ႏွစ္က။အဲ့အခ်ိန္းတုန္းက ဒါကိုစီစဥ္ေနတုန္းပဲရွိေသးတယ္၊ေနာက္ဆုံးမွာေတာ့ အိုးရန္မန္မန္ကိုပဲ ေ႐ြးလိုက္တယ္ေလ"
အိုးရန္မန္မန္ ၏ ခႏၶာကိုယ္ႏွင့္ မ်က္ႏွာအသြင္အျပင္သည္ အလြန္ထင္ရွားၿပီး ဇာတ္ၫႊန္းတြင္ေဖာ္ျပထားေသာ ဘုရင္မ၏ပုံႏွင့္ အလြန္လိုက္ဖက္ေပသည္။
"ခ်စ္က အခု ဒီဒရာမာရဲ႕ ဇာတ္ၫႊန္းေရးဆရာျဖစ္ေနၿပီ၊ခ်စ္အလုပ္ေကာင္းေကာင္းလုပ္လိမ့္မယ္လို႔ကိုေမွ်ာ္လင့္တယ္။"
သူမ မ်က္ခုံးပင့္လိုက္ၿပီး "ဒါေပါ့။"
လင္းေဆြ႕က်ိဳး၏ အၿပဳံးသည္ ပိုနက္ရႈိင္းလာၿပီး သူမကို ကားထဲသို႔ဆြဲသြင္းလိုက္ေတာ့သည္။
"ဖီးနစ္ အာဏာ"၏႐ိုက္ကူးေရးတည္ေနရာသည္ ၿမိဳ႕ေတာ္ C ရွိ ရႈခင္းလွသာေနရာမ်ားအပါအဝင္ ၿမိဳ႕ေတာ္ C ၏ေရွးေဟာင္း႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားစတူဒီယိုတြင္ျဖစ္သည္။ဒီဒရာမာမွာ အပိုင္း 50 ပါရွိတာေၾကာင့္ ႐ိုက္ကူးၿပီးစီးဖို႔ တစ္ႏွစ္ထက္မနည္း အခ်ိန္ယူရမွာ ျဖစ္သည္။
ဇာတ္ၫႊန္းေရးဆရာတစ္ေယာက္အျဖစ္ က်န္းထ်န္သည္ ထုတ္လုပ္ေရး အဖြဲ႕သားမ်ားႏွင့္အတူ အခ်ိန္တိုင္း ပါဝင္ေနရမည္ျဖစ္သည္။
Huatian ႏွင့္ Miracle Pictures တို႔သည္ ဒီပေရာဂ်က္မွာ အမ်ားအျပားရင္းႏွီးျမႇဳပ္ႏွံထားၾကသည္။အဝတ္အစားမွသည္ သ႐ုပ္ေဆာင္မ်ားအထိ အေကာင္းဆုံးကိုသာ သူတို႔ေ႐ြးခ်ယ္ခဲ့ၾကသည္။ဇာတ္ၫႊန္းေရးသူအသစ္ျဖစ္ေသာ္ျငား က်န္းထ်န္ တြင္ ထူးျခားေသာအျမင္ရွိသည္။တစ္လအတြင္း သူမသည္ အဖြဲ႕သားမ်ားထံမွ တညီတၫြတ္တည္း ခ်ီးမြမ္းျခင္းကိုခံရၿပီး မင္းသမီးမ်ားစြာႏွင့္လည္း အလြန္ရင္းႏွီးလာခဲ့သည္။
ေမလေရာက္ေတာ့ ရာသီဥတုသည္ေတာ္ေတာ္ေလးပူလာခဲ့သည္။
႐ိုက္ကူးေရးက တစ္လေက်ာ္ေလာက္ၾကာၿပီျဖစ္သည္။ေန႔ခင္းဘက္တြင္ ေနက ေတာ္ေတာ္ေလးပူေနတာျဖစ္သည္။ထို႔ေၾကာင့္ အဖြဲ႕သားမ်ားႏွင့္ သ႐ုပ္ေဆာင္မ်ား အားလုံးသည္ ေအးျမေသာေနရာတြင္ အနားယူေနၾကသည္။
အိုးရန္မန္မန္သည္ နက္ေမွာင္ေသာအေရာင္ရွိသည့္ မိန္းမစိုးဝတ္စုံကို ၀တ္ဆင္ထားၿပီး လက္တစ္ဖက္တြင္ ဦးထုပ္ကိုကိုင္ထားကာ ေနာက္လက္တစ္ဖက္က လက္ကိုင္ပန္ကာအေသးကို ကိုင္ရင္း ေလေအးရရွိရန္ သူမ၏မ်က္ႏွာကို မႈတ္ေနခဲ့သည္။
အလႊာမ်ားစြာပါသည့္ ေရွးေခတ္ဝတ္စုံကို ၀တ္ဆင္ထားရေသာ သ႐ုပ္ေဆာင္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက က်န္းထ်န္ သည္ အလြန္ကံေကာင္းသည္ဟု ယူဆရပါသည္။သူဇာတ္ၫႊန္းကို လွန္လိုက္ၿပီး အိုးရန္မန္မန္ကို မ်က္လုံးေထာင့္ကေန တစ္ခ်က္ၾကည့္လိုက္သည္။
"ရွင္ ေရခဲမုန႔္စားမလား?"
"ေတာ္ၿပီ ၊ေတာ္ၿပီ ကြၽန္မအခုရာသီလာေနလို႔"
အိုးရန္မန္မန္က သူမလက္ကို ေဝွ႔ယမ္းလိုက္ၿပီး ၾကမ္းျပင္ေပၚသို႔ အားမရွိစြာ လွဲခ်လိုက္သည္။
က်န္းထ်န္ၿပဳံးလိုက္ၿပီး
"မင္း ပုံရိပ္ကို ဂ႐ုစိုက္ပါဦး။"
"ကြၽန္မတို႔က မိသားစုေတြပဲ။ကြၽန္မပုံရိပ္ကို ဂ႐ုစိုက္စရာမလိုပါဘူး။"
သူမတို႔စကားေျပာေနစဥ္ ေျခသံမ်ား ခ်ဥ္းကပ္လာခဲ့သည္။
က်န္းထ်န္က သူမေခါင္းေလးကိုေမာ့ကာ မ်က္ခုံးပင့္လိုက္ၿပီး
"ဥကၠဌရွက ဒီမွာပဲ"
အိုးရန္မန္မန္ ကသူမ ခႏၶာကိုယ္ကို အေပၚေရာက္ေအာင္ လွမ့္လိုက္ၿပီး
"ကြၽန္မကို လာလွည့္စားမေနနဲ႔"
က်န္းထ်န္ ကူကယ္ရာမဲ့စြာေျပာလိုက္သည္။
"ကြၽန္မတကယ္ေျပာတာ ဥကၠဌရွက ဒီမွာေရာက္ေနၿပီ"
သူမစကားဆုံးသြားတာႏွင့္ သူ႔ေျခသံေတြက သူမတို႔ေဘးမွာ ရပ္သြားခဲ့သည္။
အိုးရန္မန္မန္ရဲ႕ ေခါင္းကို အရိပ္တစ္ခုက ဖုံးလႊမ္းသြားခဲ့သည္။သူမက တစ္စုံတစ္ခုကို သတိျပဳလိုက္မိပုံရၿပီး သူမရဲ႕မ်က္ခြံမ်ားကို ပ်င္းရိစြာ ေမာ့ၾကည့္လိုက္သည္။
သူမရဲ႕ မ်က္လုံးေလးေတြသည္ အမ်ိဳးသားတစ္ေယာက္၏ ႏူးညံ့သိမ္ေမြ႕စြာ ၿပဳံးေနေသာ မ်က္ႏွာႏွင့္ ဆုံလိုက္ရသည္။
အိုးရန္မန္မန္၏ ႏွလုံးသားေလးသည္ ခုန္ေပါက္သြားကာ ေျဖာင့္ေျဖာင့္တန္းတန္းထထိုင္လိုက္ၿပီး သူမကိုယ္သူမ အက်င့္စာရိတၱေကာင္းမြန္ၿပီး ခ်စ္စရာေကာင္းသည့္ မိန္းမငယ္ေလးတစ္ေယာက္ပုံစံ ျပင္ဆင္လိုက္သည္။
က်န္းထ်န္က သူမရယ္တာကို ထိန္းဖို႔ႀကိဳးစားလိုက္ၿပီး
"ဥကၠဌရွက ဒီကို ဘယ္လိုေရာက္လာတာလဲ?"
"ကြၽန္ေတာ္ဒီကို လူတိုင္းစားဖို႔ ေရခဲမုန႔္လာပို႔ေပးတာပါ"
သူက လြယ္အိတ္ကို စားပြဲဝိုင္းေပၚတင္လိုက္ၿပီး မုန႔္ႏွစ္ထုပ္ကို ထုတ္ကာ က်န္းထ်န္ ႏွင့္ အိုးရန္မန္မန္ ကို လွမ္းေပးလိုက္သည္။
"မန္မန္က ဒါကို စားေလာက္မွာမဟုတ္ဘူး၊သူမက....."
"ကြၽန္မဒါကိုအရမ္းႀကိဳက္တယ္"
အိုးရန္မန္မန္ သည္ ေရခဲမုန႔္ကို အလ်င္အျမန္ယူလိုက္ၿပီး အထုပ္ကိုဖြင့္ကာ တစ္ထိုင္တည္း စားလိုက္သည္။ထို႔ေနာက္ သူမသည္ လက္ကိုဆန႔္ကာ ရွဟိုင္႐ြန္ ကိုေမးလိုက္သည္။
"ဥကၠဌရွ ကြၽန္မကို ေနာက္တစ္ခုေပးပါဦး"
".........."
"..............."
မင္းရဲ႕ နိယာမေတြ ဘယ္ေရာက္ကုန္ၿပီလဲ??
ရွဟိုင္႐ြန္ တိုးတိုးေလးရယ္ေမာလိုက္ၿပီး ေနာက္ထပ္ ေရခဲတုတ္ႏွစ္ေခ်ာင္းကို ေပးလိုက္သည္။
"ရွင္ ဒီကို ေရခဲမုန႔္လာပို႔ဖို႔ပဲ လာခဲ့တာလား"
က်န္းထ်န္ ေရခဲေခ်ာင္းကို လ်က္ရင္း သူမမ်က္လုံးေတြကို သူ႔အေနာက္ကို ေ႐ႊ႕လိုက္သည္။
သူမဘာေတြေတြးေနလဲဆိုတာသိသည့္အတြက္
ရွဟိုင္႐ြန္ ရယ္လိုက္ၿပီး
"ထပ္ၾကည့္မေနနဲ႔ေတာ့ လင္းေဆြ႕က်ိဳး ပါမလာဘူး"
ဟမ္.......
က်န္းထ်န္ သည္ သူရဲ႕ တည့္ေျပာေသာစကားကို ၾကားၿပီးေနာက္မွာ သူမရွက္႐ြံ႕တာကို ဖုံးကြယ္ဖို႔တိတ္တဆိတ္ သူမေခါင္းေလးကိုငုံ႔ကာ ေရခဲမုန႔္ကို စားလိုက္သည္။
"ကြၽန္ေတာ္ ဒီကို အလုပ္ကိစၥနဲ႔ လာရင္း မင္းဆီ လာလည္တာ။ေရခဲမုန႔္ေပးၿပီးရင္ ျပန္ေတာ့မွာ။"
"အိုး"
က်န္းထ်န္ရဲ႕ သေဘာထားသည္ ပို၍ ေအးစက္လာခဲ့သည္။
"ကြၽန္ေတာ္အခုပဲ ျပန္ေတာ့မယ္"
က်န္းထ်န္ : "အိုး"
အိုးရန္မန္မန္ က သူ႔ကို အားတက္သေရာ လက္ျပလိုက္ၿပီး
"ေကာင္းေကာင္းျပန္ပါ ဥကၠဌရွ။ေနာက္လဲ ကြၽန္မတို႔ဆီလာလည္ပါဦး ဥကၠဌရွ!"
ညေရာက္ေတာ့။
ဝန္ထမ္းေတြနဲ႔ သ႐ုပ္ေဆာင္ေတြဟာ တစ္ေနကုန္ ႐ိုက္ကူးေရးလုပ္ခဲ့ၾကသည့္အတြက္ ဟိုတယ္ကို ျပန္လာၿပီး အနားယူဖို႔ မေစာင့္ႏိုင္ၾကေတာ့ဘူး။
ေရခ်ိဳးၿပီးေနာက္မွာ က်န္းထ်န္သည္ သူမ၏ ဖုန္းကို ထုတ္လိုက္ၿပီး ကေလးေတြကို ဖုန္းေခၚခါနီးတြင္ တံခါးဘဲလ္ဟာ ႐ုတ္တရက္ ျမည္လာခဲ့သည္။
သူမ လူေခ်ာင္းေပါက္ကတဆင့္ ၾကည့္လိုက္သည့္အခါ အိုးရန္မန္မန္ သည္တံခါးဝတြင္ရပ္ေနၿပီး သူမသည္ နာက်င္စြာ ဗိုက္ကိုတင္းတင္းဆုပ္ကိုင္ထားသည္ကို ေတြ႕လိုက္ရသည္။
က်န္းထ်န္ တံခါးကို ဖြင့္လိုက္သည္။
"......ထ်န္ထ်န္"
က်န္းထ်န္ေအးစက္စြာေျပာလိုက္သည္။
"က်ဲက်ဲလို႔ေခၚ "
"ထ်န္ထ်န္က်ဲက်ဲ"
သူမရဲ႕အားနည္းေနသည့္လက္တစ္ဖက္ကို သုံးၿပီး နံရံကို ေထာက္လိုက္သည္။
က်န္းထ်န္ သူမကို ကုတင္ေပၚကိုေခၚသြားလိုက္ၿပီး
"မင္းဗိုက္နာေနတာလား?"
"ဟုတ္တယ္"
အိုးရန္မန္မန္ ၏ပါးစပ္ေထာင့္ေလး ေၾကကြဲေနပုံက ခ်င္းခ်င္းသူမေနမေကာင္းျဖစ္ေနခ်ိန္ကလိုမ်ိဳး သနားစရာေကာင္းေနခဲ့သည္။
က်န္းထ်န္သည္ သူမသမီးကို မေတြ႕ရတာ ၾကာၿပီျဖစ္တဲ့အတြက္ေၾကာင့္ ႐ုတ္တရက္ မိခင္တစ္ေယာက္၏ ခ်စ္ျခင္းေမတၱာ ပူပန္မႈမ်ိဳး သူမတြင္ျဖစ္ေပၚလာခဲ့သည္။သူမေရေႏြးပူပူကို ခြက္တစ္ခြက္ထဲသို႔ ထည့္ၿပီး သူမလက္ထဲကိုထည့္ ေပးလိုက္သည္။
"မွန္မွန္ကန္ကန္ေနစမ္းပါ ဘယ္သူကမင္းကို ေရခဲေခ်ာင္းေတြစားခိုင္းလို႔လဲ?"
သူမ အားနည္းစြာျငင္းဆန္လိုက္သည္။
"အဲ့ဒါက ဥကၠဌရွေပးတာေလ....."
က်န္းထ်န္ မေနႏိုင္စြာ သူမမ်က္လုံးကို လွိမ့္လိုက္ၿပီး
"ငါ မင္းကိုေမးမယ္ အဲ့လူကပိုအေရးႀကီးလား မင္းခႏၶာကိုယ္ကပိုအေရးႀကီးလား?"
အိုးရန္မန္မန္ မဆိုင္းမတြပဲ ျပန္ေျဖလိုက္သည္။
"အဲ့လူက ပိုအေရးႀကီးတယ္"
"......."
"............"
ေျပာစရာစကားေတာင္မရွိေတာ့ဘူး။
"ထ်န္ထ်န္၊ကြၽန္မရဲ႕ ဗိုက္က တကယ္အရမ္းနာတာပဲ။"
အိုးရန္မန္မန္ အိပ္ယာေပၚ လဲခ်လိုက္ၿပီး
"ဘယ္လိုလုပ္ရမလဲ?"
သူမရဲ႕ လွပမႈသည္ နာက်င္မႈေၾကာင့္ေၾကမြေနၿပီး သူမရဲ႕နဖူးမွာလည္း ေခြၽးေအးေတြႏွင့္ ဖုံးလြမ္းေနခဲ့သည္။
က်န္းထ်န္ ထလိုက္ၿပီး သူမခရီးေဆာင္အိတ္ကို ဖြင့္လိုက္သည္။သူမႏွင့္အတူယူေဆာင္လာခဲ့ေသာ ေဆးအိတ္ထဲတြင္ Ibuprofen(အကိုက္ခဲေပ်ာက္ေဆး) ကိုရွာေဖြေသာ္လည္း အလြတ္သာေတြ႕ရွိခဲ့သည္။
"မင္း မင္းနဲ႔အတူ ဘာေဆးမွ ယူမလာဘူးလား?"
အိုးရန္မန္မန္ ေခါင္းခါလိုက္သည္။
"သၾကားညိဳေရာပါခဲ့လား?"
သူမ ေခါင္းယမ္းလိုက္ျပန္သည္။
က်န္းထ်န္ ကူကယ္ရာမဲ့စြာသက္ျပင္းခ်လိုက္ၿပီး
"ငါမင္းအတြက္ အဲ့တာသြားဝယ္ေပးမယ္ ဒီမွာပဲ ခဏေလာက္ေစာင့္ေနဦး"
"ကိစၥမရွိပါဘူး"
အိုးရန္မန္မန္ ျမန္ျမန္မတ္တပ္ရပ္လိုက္ၿပီး
"အျပင္မွာမလုံၿခဳံဘူး။ရွင္ အႏၲရာယ္ေတြ႕ရင္ဘယ္လိုလုပ္မလဲ?"
"မင္းဒီလို ေဝဒနာမ်ိဳး ခံစားေနရတာကို ငါခြင့္မျပဳႏိုင္ဘူး။ငါ့ကို ခဏပဲေစာင့္"
သူမ ပိုက္ဆံအိတ္နဲ႔ ဖုန္းကို ေကာက္ယူၿပီး အိုးရန္မန္မန္ရဲ႕ စိုးရိမ္ေနသည့္အၾကည့္ေအာက္မွာပဲ အခန္းထဲက ထြက္သြားလိုက္သည္။
႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားအတြက္ ေရွးေခတ္စတူဒီယိုမ်ားသည္ အလင္းေရာင္မ်ားျဖင့္ ေတာက္ပေနဆဲျဖစ္သည္။ေဆးဆိုင္ကအျပင္ဘက္မွာရွိတာျဖစ္၍ အဲ့ဒီကိုသြားရန္ ဆယ္မိနစ္ခန္႔အခ်ိန္ယူရသည္။
ဂိတ္ေပါက္ကေနထြက္ၿပီးေနာက္မွာ လမ္းႏွစ္ဘက္ျခမ္းရွိ ဆိုင္မ်ားသည္ ဖြင့္ထားဆဲျဖစ္ေၾကာင္း က်န္းထ်န္ ေတြ႕ရွိလိုက္သည္။သူမသည္ ေဆးကို အရင္သြားဝယ္လိုက္ၿပီးေနာက္မွာ ဂ်င္းႏွင့္သၾကားညိဳဝယ္ရန္ ႏို႔လက္ဖက္ရည္ဆိုင္သို႔ သြားခဲ့သည္။အဲဒီေနာက္မွာ သူမအဝတ္အစားေတြကို တင္းတင္းၾကပ္ၾကပ္ ထုပ္ၿပီး ျပန္လာခဲ့လိုက္သည္။
႐ုတ္တရက္ အနည္းငယ္ဝေသာ အမ်ိဳးသမီးတစ္ေယာက္သည္ လမ္းတစ္ဘက္မွ ေျပးလာခဲ့သည္။သူမက အရမ္းျမန္သည္၊ က်န္းထ်န္ မတုံ႔ျပန္ႏိုင္ခင္မွာပင္ ထိုအမ်ိဳးသမီးက သူမအက်ႌအိတ္ေတြကို ဆြဲထုတ္ေနၿပီျဖစ္သည္။
က်န္းထ်န္အံ့ဩသြားၿပီး သူမကိုၾကည့္လိုက္သည္။
ထိုအမ်ိဳးသမီးသည္ အရပ္ပုၿပီး ဝကာ ရွပ္အက်ႌအကြက္ကို ၀တ္ဆင္ထားၿပီး ရႈပ္ပြေနေသာ ဆံပင္ႏွင့္ ဖေယာင္းလိုမ်ိဳးအဝါေရာင္ အသားအရည္ရွိသည္။ၾကည့္ရသည္က သူမသည္ အလြန္ခံစားခဲ့ရၿပီး သူမ၏ မ်က္လုံးမ်ားသည္ ေသြးထြက္သံယိုမ်ားျဖင့္ ဖုံးလႊမ္းသြားေနခဲ့သည္။
ခဏတာ ထိတ္လန႔္သြားၿပီးေနာက္မွာ က်န္းထ်န္သည္ သူမအား စိတ္မရွည္စြာ ဆုပ္ကိုင္ထားရာမွ ႐ုန္းထြက္လိုက္ၿပီး အေဝးကို လွမ္းၾကည့္ကာ သူမကို လုံးဝ လ်စ္လ်ဴရႈလိုက္သည္။
"ငါ့ရဲ႕ထ်န္ေလး"
ေရွာင္ရႈိ႕လ်န္ သည္ သူမေနာက္သို႔ ျပင္းျပင္းထန္ထန္ လိုက္လာခဲ့သည္။
"ထ်န္၊မင္း အေမကို လ်စ္လ်ဴမရႈလိုက္ပါနဲ႔"
"ထြက္သြား"
အိတ္ကို သယ္ထားရင္း သူမ ဘာမွမထူးျခားစြာ ၾကည့္လိုက္သည္။
"ငါကမင္းအေမေလ မင္းဘယ္လိုေတာင္ ငါ့ကို ဒီလိုမ်ိဳးေျပာႏိုင္ရတာလဲ?"
ေရွာင္ရႈိ႕လ်န္သည္ က်န္းထ်န္ ကို ပိတ္ဆို႔ရန္ ေရွ႕သို႔ ေလွ်ာက္သြားလိုက္ၿပီး ႐ုတ္တရက္ ဒူးေထာက္၍ လဲက်သြားခဲ့သည္။
ေရွာင္ရႈိ႕လ်န္ သည္ က်န္းထ်န္ ၏ေဘာင္းဘီကို ဆြဲကိုင္လိုက္ၿပီး စိတ္ပ်က္မႈေတြျဖင့္ျပည့္ေနေသာ သူမ၏မ်က္ႏွာကို ေမာ့ၾကည့္လိုက္သည္။
ေရွာင္ရႈိ႕လ်န္ က မ်က္ရည္မ်ားဝဲကာ
"မားမား အမွားေတြကို မားမားသိပါတယ္။မားမားအဲ့တာေတြကို အကုန္ျပင္မယ္ေလ၊မားမားကိုေတာ့ လ်စ္လ်ဴမရႈပါနဲ႔"
က်န္းထ်န္သည္ မ်က္ေမွာင္ၾကဳတ္ကာ ပတ္ဝန္းက်င္ကို စိုက္ၾကည့္ေနခဲ့သည္။
"မားမား ယြမ္ 5 သန္းအေႂကြးတင္ေနတယ္။
ေနာက္လမွာ ပိုက္ဆံျပန္မဆပ္ႏိုင္ရင္ မားမားေခါင္းကို ျဖတ္ပစ္မယ္လို႔ အေႂကြးရွင္က ေျပာတယ္။ထ်န္အာ၊ ငါဘယ္ေလာက္ပဲမွားခဲ့ပါေစ မင္းကိုေမြးၿပီး ႀကီးျပင္းလာေအာင္ ေစာင့္ေရွာက္ခဲ့တယ္ မင္းလွည့္ထြက္သြားမယ္ဆို ငါ့ကိုေသခြင့္သာေပးလိုက္။မင္းနဲ႔ လင္းေဆြ႕က်ိဳး အတြက္ေတာ့ ယြမ္ ၅သန္းဆိုတာ မေျပာပေလာက္တဲ့ ပမာဏပါ၊အဲ့တာကို မင္းတို႔တစ္ရက္အတြင္းျပန္ရွာလို႔ေတာင္ရေသးတယ္။ငါ့မွာ အိမ္လည္းမရွိေတာ့ဘူး၊ကားလည္းမရွိေတာ့ဘူး၊စားစရာေတာင္ လုံလုံေလာက္ေလာက္မရွိေတာ့ဘူး။ထ်န္၊ ေက်းဇူးျပဳၿပီး မားမားကို ကယ္ေပးပါ၊မားမားမင္းကို ကန္ေတာ့ပါတယ္။"
သူမရဲ႕လက္ႏွစ္ဖက္စလုံးကို ေျမႀကီးေပၚတင္ကာ ေခါင္းကို ငါးႀကိမ္ေျခာက္ႀကိမ္ေလာက္ ဦးၫႊတ္လိုက္သည္။
က်န္းထ်န္၏ အမူအရာမွာ ဘာမွမထူးျခားသလို မတုန္လႈပ္ဘဲရွိေနၿပီး
"ရွင့္သမီးကေသသြားၿပီ။ဒီစကားေတြကို သူမေနာက္လိုက္ၿပီး တမလြန္က်မွ သူမကိုရွင္ေျပာတာပိုေကာင္းလိမ့္မယ္။"
ေရွာင္ရႈိ႕လ်န္ရဲ႕ အမူအရာက ေျပာင္းလဲသြားၿပီး
"မင္းကိုယ့္ကိုယ္ေတာင္ ဒီလိုက်ိန္ဆဲႏိုင္တယ္ေပါ့?"
က်န္းထ်န္ ေလွာင္ေျပာင္လိုက္သည္။
ဒါက က်ိန္ဆဲတာ မဟုတ္ေပမဲ့ အမွန္တရားပဲ။သူမသမီးေသသြားတာျဖင့္ၾကာၿပီ။သူမက အျခားကမာၻတစ္ခုမွာေတာင္ လူျပန္ဝင္စားေနေလာက္တာေတာင္ ျဖစ္ႏိုင္သည္။
က်န္းထ်န္ က ေရွာင္ရႈိ႕လ်န္ကို အထင္အျမင္ေသးစြာ ၾကည့္လိုက္ၿပီး
"အဲဒီေန႔က ကြၽန္မတို႔ ရွင္းရွင္းေလးေျပာၿပီးသြားၿပီေလ ရွင္ပိုက္ဆံယူၿပီး ကြၽန္မတို႔ဘဝထဲက ေပ်ာက္ကြယ္သြားေပးမယ္လို႔ေျပာခဲ့ေပမယ့္ ရွင္မလုပ္ႏိုင္ခဲ့ဘူး။ရွင့္ကတိကို ရွင္မတည္ႏိုင္ေပမဲ့ ကြၽန္မကေတာ့ တည္ေအာင္လုပ္ရမယ္"
ေရွာင္ရႈိ႕လ်န္ ႏႈတ္ခမ္းေတြ တဆတ္ဆတ္တုန္လာၿပီး
"မင္း ငါ့ေသမွာကိုၾကည့္ေနႏိုင္တာလား?"
"ဘာအတြက္လဲ?"
သူမ မ်က္ခုံးပင့္လိုက္ၿပီး
"ရွင့္အတြက္ ဝမ္းနည္းဖြယ္အထိန္းအမွတ္အဝတ္အစားဝတ္ဖို႔ရွင္ေမွ်ာ္လင့္ေနတာလား?အိပ္မက္ မက္ေနလိုက္"
ေရွာင္ရႈိ႕လ်န္က သူမသမီးကို ဒီေလာက္ အၾကင္နာကင္းမဲ့မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ေပ။
သူမ အသက္ျပင္းျပင္းရႈလိုက္ရင္း
"ငါေသရင္ေတာင္ နင္တကယ္ ဂ႐ုမစိုက္တာလား?"
"ရွင့္ရဲ႕သမီးကို ရွက့္အက်ိဳးအျမတ္အတြက္ ေရာင္းစားခဲ့တုန္းက ကြၽန္မအတြက္ ရွင္စဥ္းစားဖူးလို႔လား။"
ေရွာင္ရႈိ႕လ်န္၏ အသံက်ယ္လာၿပီး
"နင္အခု ေကာင္းေကာင္းေန ေနရတာပဲ။ငါ့ကိုအပစ္တင္ေနတာလား?"
က်န္းထ်န္သူမကို တိုက္႐ိုက္ၾကည့္လိုက္ၿပီး စကားတစ္ခြန္းခ်င္းေျပာလိုက္သည္။
"ကြၽန္မကိုယ္တိုင္ႀကိဳးစားၿပီးရခဲ့တဲ့ဘဝကို ကြၽန္မေကာင္းေကာင္းျဖတ္သန္းေနတယ္။
ဒါကရွင္နဲ႔ ဘာမွမဆိုင္ဘူး ေရွာင္ရႈိ႕လ်န္! ဟုတ္တယ္ ယြမ္ငါးသန္းဆိုတာ စကားထဲေတာင္ထည့္ေျပာစရာမလိုဘူး ကြၽန္မတို႔အတြက္ ပမာဏနည္းနည္းေလးပဲ။ကြၽန္မရွင့္ကို ယြမ္ဆယ္သန္း ဒါမွမဟုတ္ ယြမ္ သန္း ငါးဆယ္ေတာင္ေပးႏိုင္ေသးတယ္ ဒါေပမဲ့ ကြၽန္မ မေပးခ်င္ဘူး။ကြၽန္မ မေပးခ်င္ဘူးဆိုရင္ေရာ ရွင္ဘာလုပ္ႏိုင္မွာမို႔လဲ?"
သူမ ေရွာင္ရႈိ႕လ်န္ကို ေလွာင္ေျပာင္ကာ ေနာက္ျပန္လွည့္မၾကည့္ဘဲ စတူဒီယိုသို႔ ျပန္သြားခဲ့သည္။
ေရွာင္ရႈိ႕လ်န္ ထိတ္လန႔္သြားခဲ့သည္။
အမွန္ပဲ၊ သူမသမီးကို သူမဆိုးဆိုး႐ြား႐ြား ဆက္ဆံခဲ့တယ္။
တကယ္ေတာ့ ေရွာင္ရႈိ႕လ်န္နဲ႔ သူမခင္ပြန္းက သားတစ္ေယာက္ကိုလိုခ်င္ခဲ့တာျဖစ္သည္။
သားတစ္ေယာက္ကသာလွ်င္ သူတို႔ေသတဲ့အထိ ေကာင္းမြန္တဲ့ ဘဝကို ေထာက္ပံ့ေပးႏိုင္မွာျဖစ္သည္။ဒါေပမယ့္ အဆုံးမွာေတာ့ သူမဟာ ပိုက္ဆံဆုံးရႈံးႏိုင္တဲ့ မိန္းမကေလးတစ္ေယာက္ကိုသာ ေမြးဖြားခဲ့သည္။သူမ(ေရွာင္ရႈိ႕လ်န္) ဘယ္ေလာက္ပဲဆိုးဆိုးေလ သူမက သူမ(က်န္းထ်န္)ကို ေျမေတာင္ေျမႇာက္ေပးခဲ့ကာ သစ္ကိုင္းအျမင့္ေတြဆီေရာက္ေအာင္ပ်ံသန္းေစခဲ့ၿပီး ဖီးနစ္တစ္ေကာင္ျဖစ္လာေစတာပဲေလ။
က်န္းထ်န္ မွာ အခုရွိေနတဲ့စည္းစိမ္ႏွင့္အဆင့္အတန္း အားလုံးရေအာင္ သူမ က တိုက္ခိုက္ေပးခဲ့တာေလ။
ေရွာင္ရႈိ႕လ်န္ က နာၾကည္းစြာျဖင့္ အံႀကိတ္လိုက္သည္။သူမသမီးက သူမကို ေနာက္ေၾကာင္းျပန္လွည့္ၾကည့္ၿပီး ကူညီခ်င္စိတ္မရွိတဲ့အတြက္ေၾကာင့္ သူမကိုလည္းႏွလုံးသားမရွိတဲ့ မိခင္တစ္ေယာက္လို႔ေတာ့ အျပစ္မတင္နဲ႔။
ဟိုတယ္ျပန္ေရာက္တဲ့အခါမွာ က်န္းထ်န္ က အိုးရန္မန္မန္ ကို သၾကားညိဳထည့္ထားသည့္ဂ်င္းလက္ဖက္ရည္ ႏွင့္ ေဆးကိုေပးလိုက္သည္။
"ရွင္ဘာလို႔ၾကာေနတာလဲ?ကြၽန္မရဲကိုေတာင္ ေခၚေတာ့မလို႔"
အိုးရန္မန္မန္ သည္ ကုတင္ေပၚကေန ျဖည္းညႇင္းစြာထလိုက္ၿပီး ေဆးလုံးကိုယူကာ ေရႏွင့္မ်ိဳခ်လိုက္သည္။
"သၾကားအညိဳက နည္းနည္းေအးေနၿပီ ငါ မင္းအတြက္ အပူေပးေပးမယ္။"
သူမသည္ ေအးေနသည့္ေသာက္စရာကိုအပူေပးဖို႔လွည့္ထြက္လာကာ အိုးရန္မန္မန္ကို ျဖတ္သန္းၿပီးေနာက္မွာ ေရေႏြးအိတ္ကိုပါ သူမအတြက္ အပူေပးလိုက္သည္။
သက္ေတာင့္သက္သာျဖစ္ေအာင္ဝန္ေဆာင္မႈေပးခံေနရသည့္ အိုးရန္မန္မန္ သည္ မေနႏိုင္စြာ သက္ျပင္းခ်လိုက္ၿပီး
"ထ်န္ထ်န္ရွင္က အရမ္းေထာက္ထားညႇာတာတတ္တာပဲ။ကြၽန္မသာ ေယာက်ၤားေလးဆိုရင္ ရွင့္နဲ႔ပဲ အိပ္ယာေပၚမွာ လူးလွိမ့္မွာ"
က်န္းထ်န္ :"......"
က်န္းထ်န္ : "မလုပ္ပါနဲ႔၊ဥကၠဌလင္းသာသိရင္ သူမင္းေျခေထာက္ေတြကို ခ်ိဳးပစ္လိမ့္မယ္"
က်န္းထ်န္သည္ မူလဇာတ္ေၾကာင္းထဲက ဗီလိန္လင္းေဆြ႕က်ိဳးအေၾကာင္းေတြးမိလိုက္တဲ့အခါမွာ သူမခႏၶာကိုယ္သည္ တုန္လႈပ္သြားခဲ့သည္။
အိုးရန္မန္မန္ သည္ သူမကိုယ္သူမေစာင္ထဲတြင္ က်ဳံ႔ထားလိုက္ၿပီး သူမ၏ မ်က္လုံးႀကီးႀကီးတစ္စုံကိုသာ ေဖာ္ထားေလသည္။
"ထ်န္ထ်န္....."
"ဘာလဲ?"
"ဒီည ကြၽန္မရွင္နဲ႔အိပ္လို႔ရမလား?ရွင့္ရဲ႕ ရင္သားႀကီးႀကီးေတြနားကို ကြၽန္မ မကပ္ပဲေကာင္းေကာင္းအိပ္ပါ့မယ္"
က်န္းထ်န္ : "........."
က်န္းထ်န္ : "မင္းက ဆိုးတာပဲ"
အိုးရန္မန္မန္ သည္ ရယ္ေမာလိုက္ၿပီး ေရေႏြးအိတ္ႏွင့္အတူ ကုတင္ေဘးသို႔ လွိမ့္လိုက္ကာ သူမဗိုက္ကို ပူေႏြးေစလိုက္သည္။
မၾကာခင္မွာပဲ သူမအိပ္ေမာက်သြားေတာ့သည္။
က်န္းထ်န္သည္ သူမလွဲမအိပ္ခင္ သူမ(အိုးရန္မန္မန္)ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူမမ်က္လုံးေတြကို မွိတ္လိုက္သည္။
ေကာင္းေသာညေလးပါ။
ေနာက္တစ္ေန႔ ႐ိုက္ကူးေရးလုပ္ေနစဥ္ က်န္းထ်န္၏ လက္ေထာက္သည္ သူမထံသို႔ ႐ုတ္တရက္ ေျပးလာခဲ့သည္။
"ထ်န္က်ဲ သတင္းဆိုး"
သူမရဲ႕စိုးရိမ္ေနေသာအၾကည့္က က်န္းထ်န္ ကို မ်က္ေမွာင္ၾကဳတ္သြားေစၿပီး
"ဘာျဖစ္လို႔လဲ?"
"ထ်န္က်ဲ သက္ႀကီး႐ြယ္အိုတစ္ေယာက္ကို တိုက္ခိုက္ခဲ့တဲ့ ဗီဒီယိုတစ္ခု အင္တာနက္မွာ ပ်ံ႕ေနတယ္။"
????
က်န္းထ်န္ အနည္းငယ္ စိတ္ရႈပ္သြားၿပီး အဲ့တာကို ရွာၾကည့္ဖို႔ သူမဖုန္းကို ဆြဲထုတ္လိုက္သည္။
[သတင္းေထာက္: သတင္းေထာက္တစ္ေယာက္က ေရွးေဟာင္း႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကားစတူဒီယိုေရွ႕မွာ က်န္းထ်န္က သက္ႀကီး႐ြယ္အိုတစ္ေယာက္ကို ေျခေထာက္နဲ႔ကန္ၿပီး ဒူးေထာက္ခိုင္းတာေနတာကို ႐ိုက္ကူးခဲ့မိတယ္။ [Video]]
................
ဒီအပိုင္းကေတာ္ေတာ္ေလးရွည္တယ္ ကိုယ္ translate လို႔အကုန္မၿပီးေသးလို႔ ၿပီးသေလာက္ေလးအရင္ တင္ေပးလိုက္တယ္ေနာ္