The Villain Dressed As a Litt...
By Mimosa2002
90.1K 15.5K 447
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46
Chapter 22
1.4K 293 4
By Mimosa2002
    ပေါက်ကွဲမှုအကြီးကြီးမဖြစ်ခင် တစ်ရက်အလိုတွင်အသေးစားမီးလောင်မှုတစ်ခု ဖြစ်ပွါးခဲ့၏။ မီးကစတိုးဆိုင်ကနေစလောင်တာဖြစ်ပြီး အသေးစားပေါက်ကွဲမှုတောင်ဖြစ်ခဲ့သည်။
    ရဲများအပြေးအလွားသွားရောက်၍ စစ်ဆေးမှုအချို့ပြုလုပ်အပြီးမှာတော့ မီးလောင်မှုက ဆိုင်ဝန်ထမ်းအချို့ရဲ့စည်းကမ်းမဲ့အပြုအမူတို့ကြောင့်ဆိုတာ ရှာဖွေတွေ့ရှိခဲ့သည်။
    ရဲတွေကမတော်တဆမှုဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖွေတွေ့သော်လည်း ခြိမ်းခြောက်စာပို့ခံရသည့်လူတစ်ချို့က ရဲတပ်ဖွဲ့ကထိတ်လန့်မှုအကျယ်တဝင့်မဖြစ်စေရန် အချို့အကြောင်းအရာများကို တမင်သပ်သပ်ထိန်ချန်ထားသည်ဟု စတင်တွေးလာကြ၏။
    မကြာသေးမီအချိန်ကပင် အကြမ်းဖက်သမားတွေက နိုင်ငံရဲ့မတူညီတဲ့ဒေသတွေကိုတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွေကနေဆက်စပ် တွေးတောကြည့်လျှင် ခြိမ်းခြောက်စာများကအကြမ်းဖက်သမားတွေဆီက ဖြစ်နိုင်သည်။
    အကြောင်းအရင်းကသူတို့ကို ဟာသတစ်ပုဒ်လိုကြည့်ချင်လို့ပင်။
    သူတို့ကိုကြိုတင်သတိပေးပေမယ့် ဘယ်သူကမှအရေးတယူမလုပ်တာက သူတို့ကိုသေခြင်းတရားဆီပို့ပေးလိုက်တာပင်။
    တစ်ချို့လူတွေကကြောက်တတ်ပြီး သူတို့ဘဝကိုအလောင်းအစားမလုပ်ရဲပေ။ လူတွေရခဲ့တဲ့နောက်ဆုံးEmailမှာရက်စွဲပါကာ 'ဘယ်ရက်မှာ ခမ်းနားကြီးကျယ်တဲ့လက်ဆောင်သင့်ကိုပေးပါမယ်၊ အဲ့ဒီအချိန်ကျရင် လူတိုင်းပျော်ရွှင်ပါစေလို့ တောင်းဆုပြုပါတယ်' ဟုရေးသားထားသည်။
     ဘာလက်ဆောင်ဖြစ်နိုင်မှာလဲ၊ သေချာပေါက် ပေါက်ကွဲမှုပေါ့။
    သေရမှာကြောက်တဲ့တစ်ချို့ကတော့ ထိုစာရပြီးညနေမှာပဲ ပစ္စည်းတွေပြင်ဆင်ပြီး အိမ်ကနေထွက်ခွါကာ အသိမိတ်ဆွေအိမ်သွားနေတာ သို့မဟုတ် နှစ်ရက်ခန့်တည်းဖို့ နီးစပ်ရာတည်းခိုခန်းတွေကိုရှာကြသည်။
    ဆင်းရဲတဲ့ထွက်ပြေးသူအချို့ကတော့ ကုန်းကျော်တံတားအောက်က ကြမ်းပြင်ကိုပဲအိပ်ယာလုပ်လိုက်ကြတော့သည်။ ထိုလိုလုပ်တာက တစ်ဦးတည်းမဟုတ်သည့်အပြင် ပိုကောင်းတာတစ်ခုကလူတွေက သဘာဝတရားနှင့်လိုက်လျောညီထွေစွာမွေးဖွားလာခြင်းဖြစ်သည်။
     လူတွေကမလုပ်ဖူးတဲ့အရာတစ်ခု လုပ်ဖို့ဆိုရင်သတ္တိအများကြီးလိုအပ်ပေသည်။
   တကယ်လို့လုပ်တဲ့သူကအရမ်းများနေရင် လူအများကြားမှာကိုယ်တစ်ယောက်တည်း ပေါ်လွင်မနေတော့ချေ။ သဘာဝကျကျပင် သတ္တိတွေလည်းထွက်လာ၏။
     တစ်ချို့သောသတင်းမီဒီယာတွေက လူတွေအိမ်ကထွက်သွားကြတာကို သတင်းတင်ပေးခဲ့သော်လည်း လူအရေအတွက်နည်းတာကြောင့် အစိုးရကလွယ်လွယ်ကူကူပဲ သိပ်ဂရုမစိုက်ခဲ့ချေ။ တကယ်လို့ကြီးကြီးမားမားနှောင့်ယှက်မှုသာမဟုတ်ပါက ကိစ္စအကုန်လုံးအတွက်မျက်လုံးတစ်ဖက်ကိုဖွင့်ပြီး တစ်ဖက်ကိုမှိတ်ထားမှာပင်။
[T/N- တစ်ချို့အရာတွေကိုမမြင်ချင်ယောင်ဆောင်ထားပေးမယ်]
     လင်ရှီးဒီသတင်းတွေကိုဖတ်လိုက်၏။ အကြမ်းဖက်သမားတွေတိုက်ခိုက်မှာကို လူတိုင်းကမယုံကြည်ကြသော်ငြား လင်ရှီးလုပ်တာကထိရောက်ကြောင်းကိုတော့ သက်သေပြနိုင်ခဲ့သည်။
      မယုံကြည်ကြတဲ့လူတွေအတွက်တော့ လင်ရှီးဘာမှလုပ်ပေးလို့မရပေ။ သူ သူတို့ကိုရွေးချယ်ဖို့အခွင့်အရေးပေးခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကမယုံကြည်ကြတာဖြစ်သည်။
      မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူကြိုမြင်ခဲ့တဲ့အရာတွေက တကယ်ဖြစ်လာမလားဆိုတာကို အတည်ပြုရမည့်နေ့ရောက်လာခဲ့ပေပြီ။
    လက်အောက်ငယ်သားတစ်ဖြစ်လဲ ချင်ရှောင်းရဲ့သူငယ်ချင်းဖြစ်သူကအိမ်ကို မျှော်လင့်မထားစွာရောက်လာခဲ့သည်။
    လင်ရှီး ချင်ရှောင်းနှင့်မနက်စာအတူစားနေချိန်မှာရောက်လာခြင်းဖြစ်သည်။
     ရှဲ့ဟုန်မင်ဝင်လာပြီးမကြာခင်မှာပဲ သူကကိုယ့်အိမ်ကိုယ့်ယာရောက်နေသကဲ့သို့ လင်ရှီးရဲ့ဘေးမှာဝင်ထိုင်လိုက်၏။
      လင်ရှီးကစားသောက်ချင်စိတ်ကြီးမားတာကြောင့် မနက်စာပင်ဖြစ်သော်ငြား စားပွဲပေါ်ကအစားအသောက်တွေက လူအချို့စားလို့ရအောင်ရှိနေသည်။ ရှဲ့ဟုန်မင်က လင်ရှီးစားသောက်တာကို တစ်ခါမှမမြင်ဖူးတာကြောင့် လင်ရှီးအများကြီးစားနိုင်တာကိုသူမသိပေ။ သူကအံ့ဩသွားပြီး
    "ငါဒီနေ့လာမယ်ဆိုတာကိုကြိုသိလို့ မင်းတို့ဒီလောက်အများကြီးကြိုပြင်ထားတာမဟုတ်လား"
ချင်ရှောင်းကအေးစက်စက်အကြည့်အချို့ပစ်လွှတ်လိုက်ကာ မျက်နှာအမူအရာတစ်ခုလုံးကအတိအကျကိုရှဲ့ဟုန်မင်ရဲ့ဟာသကို အာရုံစိုက်ချင်စိတ်ရှိမနေပေ။
     သူငယ်ချင်းဖြစ်သူရဲ့အကျင့်စရိုက်ကိုသိတာကြောင့် ရှဲ့ဟုန်မင်သူ့ရဲ့လခြမ်းကွေးလိုမျက်လုံးတွေကို လင်ရှီးဘက်လှည့်လိုက်၏။
     လင်ရှီးလူအသွင်ပြောင်းပြီး ချင်ရှောင်းနှင့်ထမင်းစားပွဲတစ်ခုတည်းမှာထိုင်နေ‌တာမြင်တော့ ရှဲ့ဟုန်မင်ဒီရက်တွေမှာ ဒီနှစ်ယောက်ကဘယ်လိုလဲဆိုတာ စူးစမ်းချင်မိသွားသည်။ ကြည့်ရတာစိတ်ဝင်စားစရာတစ်ခုခုဖြစ်သွားပုံပဲ။
     "မင်းအခု လူသားအစားအစာတွေကိုလည်းစားနေတာလား။ စားလို့ရ(အကျင့်ဖြစ်)သွားပြီလား" ရှဲ့ဟုန်မင်ဂရုတစိုက်နဲ့မေးလိုက်သည်။
    လင်ရှီးခေါင်းငြိမ့်ကာဖြေလိုက်ပေမယ့် ရှဲ့ဟုန်မင်ရဲ့စိတ်အားထက်သန်နေမှုကြီးကို အရမ်းကြီးမတုန့်ပြန်လိုက်ပေ။
    "အွန်း"
     "မင်းကြည့်ရတာ အရမ်းကိုပိန်နေသေးသလိုပဲ အများကြီးမစားနိုင်ဘူးလား" ရှဲ့ဟုန်မင်လင်ရှီးကိုကြည့်လိုက်၏။ ရေသူလေးရဲ့ခန္ဓာကိုယ်က ပိန်ပါးသေးသွယ်ကာအလွယ်တကူကောက်ချီလို့တောင်ရနိုင်သည်။ ဘယ်လောက်ပဲကြည့်ပါစေ အာဟာရချို့တဲ့နေသူလိုပဲ။
     "ဟင့်အင်း"
   လင်ရှီးစိတ်ထဲကနေပြောမိတာကတော့ ' ခဏနေကျရင် ခင်များကျုပ်စားတာများမများ သိလိမ့်မည်' ဟုပင်။
       လင်ရှီးကရှဲ့ဟုန်မင်ရဲ့ ငွေနဲ့အဝယ်ခံရပြီးချင်ရှောင်းကိုပေးထားတာပင်။ ရှဲ့ဟုန်မင်ရဲ့နွေးထွေးတဲ့ပင်ကိုယ်စရိုက်ကြောင့် ထမင်းဝိုင်းမှာလင်ရှီးသူ့ပန်းကန်ထဲ အသီးအရွက်တွေသိပ်မထည့်‌တာတွေ့ရသောအခါ လင်ရှီးကရှက်နေတာပဲဟုတွေးမိပြီး လင်ရှီးပန်းကန်ထဲအသီးအရွက်တွေထပ်ထည့်ပေးလိုက်သည်။
     "များများစား၊ မင်းကအရမ်းပိန်တာပဲ" ရှဲ့ဟုန်မင်အသီးအရွက်တွေထည့်ပေးနေရင်းပြောလိုက်၏။
      လင်ရှီးပန်းကန်လုံးထဲကအစားအသောက်ပုံကြီးကိုကြည့်လိုက်ပြီး သူ့မျက်လုံးအကြည့်နဲ့ပဲ ရှဲ့ဟုန်မင်ကိုကျေးဇူးတင်လိုက်သည်။
     အေးစက်စက်မျက်နှာ‌လေးက အမူအရာသိပ်မရှိပေမယ့်လည်း ကြည့်ကောင်းနေတာကြောင့် ဘယ်သူကမှလင်ရှီးကို ရိုင်းစိုင်းတယ်ဆိုပြီးအပြစ်တင်မှာနဟုတ်ပေ။ အလှတရားက ဦးစားပေးဆက်ဆံတာကိုခံရသင့်သည်။
    ရှဲ့ဟုန်မင် ဒီထပ်ပိုပြီးမတတ်နိုင်တော့ချေ။ ရေသူလေးကိုနီးနီးကပ်ကပ်ကြည့်ရတာက ဘယ်လိုကြည့်ကြည့် ကြည့်လို့ကောင်းပြီး သူ့ကိုချစ်ခင်လာစေတယ်လို့မခံစားရပဲမနေနိုင်ပေ။
    လုံးဝကိုကလေးသတို့သမီးလေးလိုပင်။
    သို့သော်ရေသူလေးက အရောင်းခံလိုက်ရတုန်းက အသက်ပြည့်ပြီးပုံပင်။ ဒါကြောင့်ကလေးသတို့သမီးဆိုတာမဖြစ်နိုင်ဘူး။
      တကယ်လိုဒီလိုချစ်ဖို့ကောင်းတဲ့တစ်ယောက်ယောက်သာ ဘေးမှာရှိခဲ့ရင် သူတူလေးကိုင်တာကိုတောင် တွန့်တိုပြီး သူ့ရဲ့ရင်ခွင်ထဲမှာပဲထွေးပိုက်ထားကာထမင်းခွံ့ကျွေးမိနိုင်သည်။
     ရှဲ့ဟုန်မင်လင်ရှီးရဲ့ ပန်းလိုမျက်နှာလှလှလေးကိုကြည့်ရင်း စိတ်ကူးတွေယဉ်နေမိ၏။
    ရုတ်တရက် လေဖိအားနည်းရပ်ဝန်းတစ်ခုကသူ့အနားမှာဖြတ်သွားတာကြောင့် ရှဲ့ဟုန်မင်အတွေးယာဉ်ကြောကိုဖြတ်ပြီးပြန်လှည့်ကြည့်လိုက်သည်။
    ချင်ရှောင်းရဲ့ရေခဲတုံးလိုမျက်လုံးတွေက သူ့ကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရကာ အခန်းတစ်ခုလုံးရဲ့အပူချိန်က ရုတ်ချည်းပင် ဒီဂရီအနည်းငယ်လောက်ကျဆင်းသွား၏။
    ဒါကမကြုံဖူးတဲ့မြင်ကွင်းအသစ်အဆန်းပဲ။
    သူငယ်ချင်းဖြစ်သူရဲ့ တုန့်ပြန်မှုကိုမြင်ချင်တာကြောင့် ရှဲ့ဟုန်မင်လင်ရှီးပန်းကန်ထဲ အသားတစ်ဖက်ကိုထည့်ပေးလိုက်၏။
    ချင်ရှောင်းအရင်စကားမပြောခင် လင်ရှီးသူ့ပန်းကန်လုံးကိုဘေးမှာချလိုက်ကာ ရှဲ့ဟုန်မင်ကိုမျက်လုံးနက်နက်တွေနှင့်စိုက်ကြည့်လိုက်သည်။
      "ကျေးဇူးတင်ပါတယ်၊ ကိုယ့်ဘာသာကိုယ်လုပ်ပါ့မယ်" လင်ရှီး‌ပြုံးနေပေမယ့် သူ့အပြုံးတွေကမျက်လုံးထိမရောက်ပေ။
     ရှဲ့ဟုန်မင်ရဲ့မျက်လုံးတွေက လင်ရှီးနဲ့ချင်ရှောင်းကို အပြန်ပြန်အလှန်လှန်နှစ်ခါမျှကြည့်ပြီး သူတစ်ခုခုကိုသဘောပေါက်သွားသလို ရရယ်ချလိုက်သည်။
      ရှဲ့ဟုန်မင်ပုခုံးတွန့်ပြလိုက်ရင်းပြောလိုက်၏။
    "ကောင်းပြီလေ"
    နောက်ထပ်ဖြစ်လာတဲ့အရာတွေက ရှဲ့ဟုန်မင်ကိုအထိတ်တလန့်ဖြစ်သွားစေတယ်လို့တောင် ပြောလို့ရလောက်သည်။
    လင်ရှီးရဲ့အစာအိမ်သေးသေးလေးထဲ အစားအသောက်တွေကဘယ်လိုဝင်သွားလဲဆိုတာကို သူပုံမဖော်နိုင်တော့ပေ။
    သူနဲ့ချင်ရှောင်းစားသောက်ပြီးသွားတော့ အစားအစာအများစုကစားပွဲပေါ်မှာကျန်ခဲ့သည်။ အဲ့ဒီနောက် တစ်ဝက်ထက်ပိုတဲ့အစားအသောက်တွေက တစ်လုပ်ပြီးတစ်လုပ်လင်ရှီးဗိုက်ထဲရောက်သွားလေသည်။
     ရှဲ့ဟုန်မင်ရဲ့မျက်လုံးအစုံက လင်ရှီးရဲ့ပိန်ပါးကျဉ်းမြောင်းတဲ့ခါးဆီသို့ ရောက်သွား၏။ သူ့ဗိုက်ကပြားနေသည်။ သူကအစားအသောက်ကို သာမန်လူတွေထပ် အကြိမ်များစွားပိုစားခဲ့တာတောင် သူ့ဗိုက်ကပူဖောင်းမည့်လက္ခဏာမမြင်ရသေးပေ။
      ရှဲ့ဟုန်မင် အံ့ဩမှုကြောင့်မိန်းမောတွေဝေနေ၏။ လင်ရှီးကအစားအသောက်တွေကို စားသောက်တွေကိုစားသောက်ခြင်းဖြင့်ဗိုက်ထဲမှာဖွက်လိုက်သည်။ ဒါပေမယ့်လည်းသူ့အကုန်လုံးကို သူ့ကိုယ်ပိုင်မျက်လုံးနဲ့တွေ့လိုက်တာလေ။
   ရှဲ့ဟုန်မင်လင်ရှီးကြောင့်ပြောင်သလင်းခါနေတဲ့စားပွဲကို မယုံနိုင်စွာစိုက်ကြည့်နေမိသည်။ ခုနကတင်အစားအသောက်တွေနဲ့ပြည့်နေတဲ့ ပန်းကန်တွေက မျက်တောင်တစ်ခတ်စာအတွင်း ပြောင်သလင်းခါသွားပေပြီ။
    လင်ရှီးထိုင်ခုံနောက်မှီကို မှီချလိုက်ပြီးသူ့ဗိုက်ကိုသူထိလိုက်ကာ သူ့မျက်နှာအမူအယာက သူဗိုက်မပြည့်သေးဘူးဟုဆိုနေသလိုပင်။
      ရှဲ့ဟုန်မင်ချင်ရှောင်းကိုကြည့်လိုက်ကာ သူရုတ်ချည်းပင် ချင်ရှောင်းအပေါ်တောင်းပန်ချင်စိတ်လေးအနည်းငယ်ကို ခံစားလိုက်ရသည်။ အဲ့ဒီတုန်းကသူ လင်ရှီးရဲ့မျက်နှာလေးကိုပဲကြည့်ခဲ့ပြီး လင်ရှီးဒီလောက်ကြီးစားနိုင်သောက်နိုင်လိမ့်မည်ဟု မသိခဲ့ပေ။ လင်ရှီးရဲ့စားသောက်မှုကြောင့် ချင်ရှောင်းဆင်းရဲသွားမှာတောင်သူစိုးရိမ်မိသည်။ ချဲ့ကားပြောတယ်ဆိုပေမယ့်လည်း ရှဲ့ဟုန်မင်တကယ်ကြီးအံ့သြသွားတာဖြစ်သည်။
      စားသောက်ပြီးနောက် ရှဲ့ဟုန်မင်နဲ့ချင်ရှောင်းကကော်ဖီစားပွဲမှာထိုင်နေကြသည်။ ကော်ဖီစားပွဲမှာ သစ်သီးတွေရှိပြီး လင်ရှီးကပန်းသီးကြီးကြီးတစ်လုံးကိုယူလိုက်ကာ စားရင်းတန်းလန်းအပြင်သို့ လမ်းလျှောက်ထွက်သွားသည်။
    "ခွပ်" ဆိုတဲ့အသံနှင့်အတူ လင်ရှီးပါးစပ်ဖွင့်ပြီးအကိုက်ကြီးကြီးတစ်ကိုက် ကိုက်လိုက်သည်။ ဆိုဖာပေါ်ရှိရှဲ့ဟုန်မင်က တံ‌ခါးပေါက်ကနေထွက်သွားတဲ့လင်ရှီးရဲ့အားနည်းတဲ့ပုံရိပ်လေးကိုကြည့်ရင်း တုံ့ပြန်ဖို့အချိန်ခဏလောက်ယူလိုက်ရသည်။
     သူချင်ရှောင်းရဲ့အမူအရာကိုလှမ်းကြည့်လိုက်တော့ ရှင်းရှင်းလင်းလင်းပဲ ဒီသူငယ်ချင်းကအေးဆေး‌နေပြီးသားပင်။
       ရှဲ့ဟုန်မင်သူ့နှုတ်ခမ်းမှာအပြုံးလေးချိတ်ဆွဲလိုက်၏။ အစားကြီးတာကလည်း ထူးခြားတဲ့ပင်ကိုယ်လက္ခဏာတစ်ခုပင်။ အများနှသ့်မတူကွဲပြားသည့် ဒီထူးခြားတဲ့ပင်ကိုယ်လက္ခဏာက လင်ရှီးနဲ့ချင်ရှောင်းကိုအကြာကြီး အရမ်းလိုက်လျောညီထွေမှုဖြစ်စေတာဖြစ်နိုင်သည်။
       "မကြာသေးခင်က အရှေ့ဘက်မြို့ ဆင်ခြေဖုံးမှာဘာဖြစ်သွားလဲမင်းသိလား" လင်ရှီးထွက်သွားပြီးနောက် ရှဲ့ဟုန်မင်မေးလိုက်သည်။
       ချင်ရှောင်ူရဲ့အမူအရာကမပြောင်းလဲပဲပြန်မေးလိုက်၏။ "ဘာကိစ္စလဲ?"
      "အင်တာနက်ပေါ်က အမည်မသိလူအချို့က တစ်ချို့ပြည်သူတွေကို သတိပေးမက်ဆေ့ခ်ျတွေပို့နေတယ်တဲ့၊ ဒီနေ့ညနေမှာအကြမ်းဖက် တိုက်ခိုက်မှုရှိနိုင်တယ်ဆိုပြီး ပြောထားတယ်"
      ကံကောင်းတယ်လို့ပြောရမည်။ လူတွေနီးစပ်ရာကိုပြောင်းရွှေ့နေတာကို ရှဲ့ဟုန်မင်သိသွားတာကအဲ့ဒီပတ်ဝန်းကျင်မှ သူ့သူငယ်ချင်းတစ်ယောက်က ဟိုတယ်ဖွင့်ထားပြီး အဲ့ဒီသူငယ်ချင်းကလည်းသတိပေးစာရရှိခဲ့လို့ပင်။
      "ဒီနေ့ညနေမှာ? စစ်ဆေးပြီးပြီလား"
ချင်ရှောင်းက ဒီလိုအတင်းအဖျင်းတွေကိုစိတ်မဝင်စားတာကြောင့် သာမန်ကာလျှံကာပဲမေးလိုက်သည်။
     "စစ်ဆေးပြီးပြီ၊ ဟက်ကာဖြစ်နေပုံပဲ။ တစ်ဖက်ကတော်တော်အပုန်းကောင်းတယ်၊ အသုံးဝင်တဲ့အချက်အလက်တစ်ခုမှရှာလို့မရဘူး။ ကြည့်ရတာတော့ စနောက်နေသလိုပဲ"
    သိပ်မကြာခင်ကပဲအကြမ်းဖက်တိုက်ခိုက်မှုများမကြာခဏဖြစ်ပွါးခဲ့သည်။ ဒါကိုအကြမ်းဖက်အဖွဲ့အစည်းမှ တစ်‌စုံတစ်ယောက်တည်းကလုပ်တာမဖြစ်နိုင်ပေ။
     လူတွေကဒါကို အလေးအနက်ထားပြီးကြိုတင်ပြေးခဲ့ရင် နောက်ပိုင်းတိုက်ခိုက်မှုတွေကဘာမှမဟုတ်တော့သလိုဖြစ်သွားမှာပင်။
[T/N- လူမထိတော့သူတို့တိုက်ခိုက်လဲအလကားပဲလို့ဆိုလိုတာပါ]
     ရှဲ့ဟုန်မင်ရဲ့ ကိုယ်ပိုင်ယူဆချက်အရတော့အကြမ်းဖက်အဖွဲ့အစည်းထဲက လူတွေကတော့သတိပေးစာပို့မှာမဟုတ်ပေ။ ဒါပေမဲ့ ဒါကိုလုပ်တဲ့နောက်ကွယ်ကလူကိုတော့ ရှဲ့ဟုန်မင်အတော်လေးစိတ်ထဲထည့်ထားပေသည်။
    ဒီလိုကိစ္စကို စနောက်သလိုလုပ်တာက ယောက်ျားကောင်းမဟုတ်ပေ။ အကယ်၍သူသာ သူ့ကိုဖမ်းမိခဲ့ရင် မကောင်းတဲ့ကလေးကိုမှတ်လောက်သားလောက်ဖြစ်အောင် သင်ခန်းစာပေးပစ်မည်။
      ချင်ရှောင်းကအကြားအာရုံစူးရှထက်မြက်တာကြောင့် အိမ်အပြင်က ဆူဆူညံညံအသံတွေကို သူကြားလိုက်ရသည်။
     အဲ့ဒါက 'ပလုံ' ဆိုတဲ့အသံဖြစ်ပြီး နံရံများကာဆီးထားပေမယ့် ချင်ရှောင်းလုံးဝကို လင်ရှီးရေထဲခုန်ဆင်းသွားတာကိုပုံဖော်နိုင်သည်။
     အနက်ရောင်ငါးမြှီးက အဖြူရောင်ဖြာထွက်မှုကြီးတစ်ခုဖြစ်အောင်လုပ်မှာဖြစ်ပြီး ရေထဲဆင်းသွားပြီးနောက် ငါးအမြှီးပြန်ပြောင်းလိုက်တဲ့ရေသူလေးက ရေထဲကပြန်ခုန်ထွက်လာပြီး ဒိုင်ဗင်ထိုးဆင်းကာ ငါးကန်ထဲမှာသူ့အမြှီးနဲ့လျင်လျင်မြန်မြန်ကူးခတ်နေမှာဖြစ်သည်။ [လင်းပိုင်လေးတွေရေကူးသလိုလေ]
     ချင်ရှောင်းသူ့အတွေးတွေရဲ့ ဆွဲဆောင်ခြင်းကိုခံလိုက်ရကာ သူပြန်မတုံ့ပြန်နိုင်ခင်အထိ ရှဲ့ဟုန်မင်အကြိမ်အနည်းငယ်လောက်ခေါ်လိုက်ရသည်။
    "ဘာကိစ္စလဲ?" ချင်ရှောင်းပြောပြီးလို့မကြာခင်မှာပဲ ရှဲ့ဟုန်မင်ရဲ့မျက်နှာကြီးက သူ့မျက်လုံးရှေ့မှာပေါ်လာလေသည်။ ချင်ရှောင်းကဘယ်သူ့ကိုမဆို သူ့နားအရမ်းကပ်လာတာကိုမကြိုက်တာကြောင့် ရှဲ့ဟုန်မင်ကိုတွန်းထုတ်ပစ်လိုက်၏။
      ရှဲ့ဟုန်မင်က ဘေးကိုတွန်းခံလိုက်ရတာကြောင့် ပြန်ထိုင်လိုက်ကာ ချင်ရှောင်းကိုစေ့စေ့စပ်စပ်ကြည့်ပြီးစစ်‌ဆေးလိုက်သည်။
     "ခုနကဘာတွေတွေးနေတာမို့လို့ ဒီလောက်အတွေးထဲနစ်မြောနေရတာလဲ၊ အပြင်ကအဲ့ဒီရေသူလေးကိုတွေးနေတာလို့တော့ ငါ့ကိုမပြောနဲ့နော်" ရှဲ့ဟုန်မင်ပုံစံက စိတ်ဝင်စားမှုအပြည့်နှင့်ပင်။
    အစကချင်ရှောင်းအဲ့တာကိုချက်ချင်းငြင်းလိုက်ချင်ပေမယ့် သူနှစ်စက္ကန့်သုံးစက္ကန့်လောက် တုံ့ဆိုင်းသွားသည်။
     ရှဲ့ဟုန်မင်က ထိုနှစ်စက္ကန့်သုံးစက္ကန့်အတွင်းဖမ်းမိသွား၏။
     "ငါသိပါတယ် မင်းသူ့ကိုကြိုက်တယ်ဆိုတာ၊ ဘာလို့မစားလိုက်တာလဲ" ရှဲ့ဟုန်မင်ချင်ရှောင်းရဲ့ ‌လူတွေကိုအေးခဲစေတဲ့အကြည့်ကိုမကြောက်ပေ။ ဒါ့အပြင်ချင်ရှောင်းရဲ့ပုခုံးပေါ်လက်တင်လိုက်သေးသည်။
      ရှဲ့ဟုန်မင်ရဲ့ ရှင်းပြလို့မရတဲ့အကြည့်ကနေ ဒီမှာသုံးလိုက်တဲ့'စားတယ်'ဆိုတဲ့အဓိပ္ပါယ်ကိုနားလည်ဖို့ ချင်ရှောင်းအချိန်ခဏမျှယူလိုက်ရသည်။
     "ငါကအဲ့လို လူယုတ်မာမဟုတ်ဘူး" ချင်ရှောင်းပုခုံးကိုနှိမ့်ချလိုက်ကာ တစ်ချိန်တည်းမှာပဲရှဲ့ဟုန်မင်ရဲ့ လက်ကိုဖယ်ချလိုက်ပြီး ရှဲ့ဟုန်မင်ကို ကိုယ့်အပြုအမူကိုယ်အာရုံစိုက်ဖို့ အန္တရာယ်ရှိတဲ့အကြည့်နဲ့သတိပေးလိုက်သည်။
     ရှဲ့ဟုန်မင်ကအတိုင်းအတာမရှိတဲ့လူတစ်ယောက်တော့မဟုတ်ပါချေ။ ချင်ရှောင်းရဲ့အောက်ခြေလိုင်းကို စိမ်ခေါ်ပြီး ဘာမှမလုပ်သင့်ကြောင်းကိုတော့သူသိပါသေးသည်။ အမြဲတမ်းလိုလို အသင့်တော်ဆုံးအ‌ခြေအနေမှာသူထိန်းထားနိုင်သည်။
     "ဘယ်လိုလုပ် လူယုတ်မာလို့ခေါ်နိုင်ရတာလဲ၊ လူတွေကချစ်စရာကောင်းတဲ့ ရေသူလေးတွေကိုဝယ်ပြီး 'စား'တာမလုပ်လို့လား၊ တကယ်အလှမွေးငါးပဲလား?" ရှဲ့ဟုန်မင်ပြုံးကာ သူ့ခေါင်းကိုယမ်းလိုက်သည်။
      ချင်ရှောင်းကတကယ်ကြီး လင်ရှီးကိုမိသားစုလို့တွေးပြီးစောင့်ကြည့်နေတယ်လို့တော့မပြောနဲ့နော်။
    ယခုရှဲ့ဟုန်မင်ထိုသို့ပြောလိုက်တော့မှ ချင်ရှောင်း တကယ်တမ်းအိမ်မွေးရေသူလေးက ပျော်ရွှင်မှုကိုသာ‌ယူလာပေးတာမဟုတ်ကြောင်းသဘောပေါက်သွား၏။
     ချက်ချင်းခလုတ်တစ်ခုကိုနှိပ်လိုက်မိသလိုမျိုး ချင်ရှောင်းမကြာသေးခင်က မိုးခြိမ်းတဲ့နေ့ကိုသတိရသွား၏။ ရေသူလေးကမိုးခြိမ်းသံကိုကြောက်ပြီး သူ့ကိုလာဖက်သည်လေ။ ။
#24.10.2022
ဒီအပိုင်းကအကြွေးဆပ်တာပါ။ ကိုယ်စဉ်းစားနေတာလေ တစ်ပတ်သုံးပိုင်းလို့ပဲတင်လိုက်တော့မလားလို့။ တင်မဲ့ရက်ဆိုအပ်ဒိတ်မမှန်တော့အားနာတယ်ရယ်။ တစ်ပတ်သုံးပိုင်းတော့ပြည့်အောင်အပ်ဒိတ်ပေးမှာပါ။ ဒီအပတ်အတွက်အပိုင်းက ဒီနေ့မဟုတ်ရင်မနက်ဖြန်ပါ။
   ပြီးတော့ကိုယ်အလှူခံချင်ပါတယ်။ ဒီnovelကိုစကိုင်တာလည်းတလရအတွက်တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နိုင်မလားလို့ပါ။ အခုကော့ကရိတ်အတွက်အလှူခံချင်ပါတယ် ငါးဆယ်ဖြစ်စေတစ်ရာဖြစ်စေတတ်နိုင်သမျှလေးလှူပေးကြပါဦး။ မလှူနိုင်ရင်လည်းတတ်နိုင်သလောက်ကလစ်ပေးကြပါ။ လှူချင်ရင်တော့ဒီအကောင့်လေးကိုထည့်ပေးပါနော်🙇🙇🙇။
~~Zawgyi ~~
  "အွန်း"
  "ဟင့်အင်း"
  "ကောင်းပြီလေ"
   ချင်ရှောင်ူရဲ့အမူအရာကမပြောင်းလဲပဲပြန်မေးလိုက်၏။ "ဘာကိစၥလဲ?"
   ရှဲ့ဟုန်မင်ရဲ့ ရှင်းပြလို့မရတဲ့အကြည့်ကနေ ဒီမှာသုံးလိုက်တဲ့'စားတယ်'ဆိုတဲ့အဓိပ်ပါယျကိုနားလညျဖို့ ချင်ရှောင်းအချိန်ခဏမျှယူလိုက်ရသည်။
#24.10.2022
Continue Reading
You'll Also Like
220K 36.5K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
257K 27.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
240K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.7M 69.6K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...