ချိုမြိန်သော ရင်ခုန်သံ (compl...

By HlaingLay714

838K 13.5K 229

မ နဲ့ မောင်ရဲ့ Romance အိမ်ထောင်ရေး ဇတ်လမ်းလေး။ (ညဏ်+စိတ်ထားမြတ်) >>>>>>>(both unicode and zawgyi) ''မ'' နဲ... More

intro
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉🌚
အခန်း၂၀
အခန်း၂၁🌚
အခန်း၂၂
အခန်း၂၃🌚🌚
အခန်း၂၄🖤
အခန်း၂၅(End)

အခန်း၁

45.6K 720 7
By HlaingLay714

(unicode)

''civil ဒုန်း...ဒုန်း....civil ဒုန်း....ဒုန်း..''

''Ep ဒုန်း...ဒုန်း...Ep..ဒုန်း...ဒုန်း....''

နည်းပညာတက္ကသိုလ်ကြီးရဲ့ အားကစားကွင်းကျယ်ကြီးထဲမှာ ဘောလုံးပွဲ ကျင်းပနေတာဖြစ်သည်။ ကွင်းထဲမှာ အလုအယက်ပြေးလွှားကစားနေတဲ့ finalကျောင်းသားတွေဖြစ်ပြီး၊ ကွင်းအပြင်မှာ ရေသန့်ဗူးတွေတီး၊ လက်ခုပ်တွေတီးကာ အားပေးနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေက မနည်းချေ။ နေ့လည် ၁၁နာရီမို့ နေကလည်း ပိုပူပြင်းလာကာ မကြာခင် အချိန်စေ့တော့မှာမို့ အနိုင်အရှုံးအတွက် အကုန်လုံးက စိတ်ဝင်စားနေကြပြီး အော်ဟစ်အားပေးနေကြသည်။ထိုအချိန်တွင်......။

''ဂိုလ်းးးးးး........''

''ဟေး....ကိုညဏ်ကွ.....''

ကွင်းရဲ့အလယ်ကနေ ဘောလုံးအင်္ကျီအနီရောင်ဝတ်ထားတဲ့ ကျောနံပါတ်11 က နောက်ဆုံးပိတ်ဂိုးသွင်းလိုက်ပြီး civil3- Ep2 နဲ့ ပွဲက ပြီးသွားပြီ ဖြစ်သည်။

''ဟဲ့..ဂိုးသွင်းတဲ့တစ်ယောက်က ချောတယ်နော်၊ထိပ်မှာ ဆံပင်လေးတွေကို စုစည်းထားတာ ချစ်စရာ၊ အရပ်ကလည်း အမြင့်ကြီး..''

''ချောဆို..သူက finalကလေ ၊ kingထက်တောင်နာမည်ကြီးသေး...နာမည်က..
ညဏ်ရည်သျှန်တဲ့..''

ကွင်းအပြင်ဘက်မှာ မိန်းကလေးတွေက ကျွတ်စီ၊ကျွတ်စီနဲ့ အသံတွေ ထွက်နေကြသည်။

''နောက်ဆုံးနှစ်ဆိုတော့... နောက်နှစ်မတွေ့ရတော့ဘူးပေါ့..ဟုတ်လား..ဟန်နီ''

''အင်း...ဟိုနက ဂိုးသွင်းတဲ့ပုံလေး ငါပုံရိုက်ထားတယ်...ဟီးဟီး...''

ဟန်နီက ပြောတယ်ဆို ဘေးနားမှာရှိတဲ့ ၃ယောက်လုံး ဖုန်းတွေ ထုတ်ကာ အလုအယက်viberက ပို့ခိုင်းတော့သည်။

''ဟဲ့...ငါ့လည်းကူးပေး...''

''ငါအရင်နော်...ဟန်နီမ..အခုပို့..အခုပို့...''

အသားက အရမ်းမဖြူသလို၊ ညိုလည်းမညိုပေ။
အရပ်က အမြင့်ကြီးဖြစ်ပြီး ကြည်လင်တဲ့ မျက်နှာပြင်မှာ နှာတံချွန်မြမြ၊ နီးမြန်းမြန်းနှုတ်ခမ်းအစုံနဲ့ စူးရှတောက်ပတဲ့ မျက်ဝန်းအစုံကြောင့် ညဏ်ရည်သျှန်ဆိုတဲ့ သူဟာ အတော်ကို ချောမောသည်။ အရင်ရင်တွေက ဆံပင်မတိုမရှည်တွေက နဖူးပေါ်မှာ ကပိုဂရိုကျနေပြီး ၊ ဒီနေ့မှ ထိပ်တည့်တည့်မှာ ယောင်ပေစူးလေးလို လုပ်ထားတာကလည်း တစ်မျိုးကြည့်ကောင်းနေသည်။ချွေးတွေရွဲနေပြီး မျက်နှာက နီမြန်းမြန်းဖြစ်နေပေမဲ့ ဆွဲဆောင်မှုက ရှိနေတုန်းဖြစ်သည်။

''ဟေ့ရောင်..အိမ်တန်းပြန်မှာလား ၊
ကန်တင်းထိုင်အုံးမလား..''

ရေသန့်ဗူးနဲ့ မျက်နှာသစ်နေတဲ့ ညဏ်ရည်သျှန်ကိုခဲတံက မေးလိုက်သည်။ ဘောလုံးကွင်းထဲက မထွက်ရသေးဘဲ ချွေးတွေလည်း စိုရွဲနစ်နေကာ မောနေတဲ့ ညဏ်က ဘာမှပြန်မပြောနိုင်သေး။

''ညီသု..ဟေ့ရောင်...အဲ့ဒီအိတ်တွေပါ
သယ်ခဲ့ကွာ...အေး..ဟုတ်တယ်''

ညဏ်က မျက်နှာကို ခဲတံကမ်းပေးတဲ့ သဘက်အနုလေးဖြင့် ဖိပွတ်ကာ အိတ်တွေသွားသယ်နေတဲ့ ညီသုကို လှမ်းပြောလိုက်သည်။ညဏ်နဲ့ ညီသုသာ ဘောလုံးအသင်းတွင်ပါဝင်ပြီး ခဲတံက မပါဘဲ ပွဲကြည့်ပရိတ်သတ်လုပ်ပြီး ၊ ရေသန့်ဗူးပေးလိုက် သဘက်ပေးလိုက်နဲ့ သူငယ်ချင်းနှစ်ယောက်ကို ပါရမီ ဖြည့်သည်။

''မုန့်စားပြီးမှ ပြန်မယ်ကွာ....ဗိုက်ကို အရင်ဖြည့် ရမယ်...''

ညဏ်က ထိပ်မှာစုစည်းထားတဲ့ ဆံပင်လေးကို ဖြေချကာ လက်နဲ့ ခပ်ဖွဖွ ပြန်ပြုပြင်လိုက်သည်။ ပြီးတော့မှ ဘောအင်္ကျီကို လှန်ချွတ်လိုက်ပြီး...ညီသုယူလာတဲ့ အိတ်ထဲက အင်္ကျီအဖြူကို ယူလိုက်သည်။

''ဟယ်..ဟိုမှာ...ဟိုမှာရယ်...အမလေး...
ငါသေပျော်ပြီ.....အား....မိုက်လိုက်တာ''

အင်္ကျီချွတ်လိုက်လို့ ပေါ်လာတဲ့ညဏ်ရဲ့ကြွက်သားအမြှောင်းမြှောင်းကို ကြည့်ပြီး ဟန်နီတို့အဖွဲ့တွေ ဆူညံသွားပြန်ပြီ။ Epမေဂျာကပေမဲ့ crushအစ်ကိုကြီးရဲ့civilအသင်းကို လာအားပေးတယ်ဆို သူမတို့အဖွဲ့ကို တစ်တန်းလုံးက ခဲနဲ့ ပေါက်လိမ့်မည်ဆိုတာ မလွဲပေ။

''သူ့ကောင်မလေးသာ ဖြစ်လိုက်ချင်ဟယ်...
အား...ငါ့ရင်ဘက်တွေ ပေါက်ထွက်တော့မယ်..''

ကွင်းအပြင်နဲ့အထဲကို ကာထားတဲ့ သံဇကာကွက်စိပ်တွေကို ကိုယ်လုံးလေးတွေဖိကပ်ပြီး ငမ်းနေကြတဲ့အဖွဲ့ဟာ Epမေဂျာက ဒုတိယနှစ်ကျောင်းသူလေးတွေဘဲ ဖြစ်သည်။

''တီချယ်..ကျွန်တော်တို့ သွားပြီနော်..''

''အေးအေး...အိမ်ရောက်ရင် ဆေးလည်းလူးကြအုံး..''

''ဟုတ်ကဲ့..''

ညဏ်တို့ သူငယ်ချင်း ၃ဦး တီချယ်တွေကို နှုတ်ဆက်ပြီး ကွင်းအပြင်ထွက်ဖို့ပြင်သည်။

''ဟေ့ရောင်တွေ..ပြန်တော့မှာလားဟ''

''ညဏ်..တစ်ဝိုင်းနော်...မှတ်ထားမယ်...''

အသင်းထဲက ကောင်တွေက သူ့ကို လှမ်းအော်ကြပြီး စနေကြသည်။

''ကန်တင်းသွားမလို့..မင်းတို့လိုက်ခဲ့လေ..''

''သားကြီးရေ..နောက်မှ...''

ညဏ်က အသာပြုံးပြပြီး နည်းနည်းနာသွားတဲ့ ခြေထောက်ကြောင့် ခဲတံကို အားပြု၍ သစ်ပင်ရိပ်မှာ ရပ်ထားတဲ့ ကားဆီကို အတူတူ၃ယောက်လျှောက်လာလိုက်သည်။

''ညဏ်..မင်းကားမောင်းနိုင်ပါ့မလား..''

ညီသုက ကားနားရောက်မှ လှည့်မေးသည်။ ကားအကွယ်ရောက်မှ ပုဆိုးပြန်ဝတ်ကြပြီး လက်ထဲမှာ ကိုင်လာတဲ့ ဖိနပ်ထုပ်တွေကို နောက်ဖုံးထဲ သွားထည့်ပြီး အင်္ကျီလက်ကိုပါ ကျကျနန ပြန်ခေါက်လိုက်သည်။

''ရပါတယ်ကွ..လီဗာလောက်တော့ နင်းနိုင်တယ်..အဟွန်း...မင်းရဲ့ယောက်ဖက အကောင်းကြီးရှိသေးတယ်၊ ပူမနေနဲ့...''

ညဏ်က ခပ်ဟဟရယ်ကာပြောရင်း ကားကို
ကန်တင်းဘက်မောင်းလိုက်သည်။

''အဲ့ဒါဆို...မင်းညီမ ငါ့ပေးလေ..''

''ခွေးသား..မင်းအစ်မ ငါယူမှာ...''

ညီသုနဲ့ ညဏ်က တစ်ယောက်တစ်ခွန်း စကားနိုင်လုနေကြတာကို ခဲတံက ကြားထဲကနေ ချောင်းဟန့်ပြီး...။

''အဟမ်း...ဒီမှာ မင်းတို့အဖေ ထိုင်နေတယ်..
နားညီးတယ်ကွာ...''

''သဒေါင်းစား.....''

ညဏ်နဲ့ ညီသုက ပြိုင်တူဘဲ ပစ်ပစ်နှစ်နှစ်ဆဲလိုက်သည်။ သူငယ်ချင်း၃ယောက် ပထမနှစ်ကတည်းပေါင်းခဲ့ကြတာ အခုဆို ၆နှစ်ပြည့်တော့မည်။ စိတ်တူကိုယ်တူ ပြောမနာဆိုမနာတွေမို့ ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်နေရသည်။ ခဲတံနဲ့ ညဏ်က ၂ရက်ကွက်ဘဲ ကျော်တော့ ကျောင်းကအစ အတူသွား၊ အတူလာပြီး ညီသုက သူ့ဘာသာ ကားနဲ့ သပ်သပ်လာတက်သည်။ ဒီနေ့က ဘောပွဲရှိလို့သာ ၃ယောက်သား မနက်ကတည်းက ညဏ်ရဲ့ ကားနဲ့သာ လာကြတာဖြစ်သည်။

''ထမင်းပေါင်း၃ပွဲ၊ shark 3ဗူးချပေး ညီလေး''

ခဲတံက ဝိတ်တာ ညီလေးကို မှာနေပြီး ညဏ်က စီးကရက်ဖွာနေလိုက်သည်။ ညီသုကတော့ ထိုင်ကတည်းက သူရဲ့ အချစ်တော်ဆီစာပို့ပြီး မျက်နှာကြီးက ပြုံးဖြဲပြီး သွားမစေ့ပေ။

''နွားပြာကြီး အောက်သွားမရှိ...အဟွန်း..''

ညဏ်က ညီသုကို ပြောပြီး စီးကရက်အငွေ့တွေကိုခပ်မျှင်းမျှင်းမှုတ်ထုတ်နေလိုက်သည်။နေ့လည်ခင်းမို့ ကန်တင်းမှာ ဆူညံပွက်လောရိုက်နေကြပြီးမျက်စိတွေလည်း ရှုပ်နေရသည်။ ဒီကြားထဲ ဟိုဘက်ဝိုင်းက ချာတိတ်မတွေက သူ့ကို ကြည့်လိုက်၊ရယ်လိုက်နဲ့ ဘာမှန်းမသိ။

''အေးလေ....အခုမှ ရည်းစားထားဖူးမှန်း
သိသာလိုက်တာ....ဟားဟား...''

ညီသုကတော့ သူတို့နှစ်ယောက် ဘာပြောပြော ဖုန်းကိုပါထုတ်ပြီး ပြောနေတာ မပြီးနိုင်၊ မစီးနိုင်။ အရင်တုန်းက ညဏ်လည်း အပျင်းပြေ ရည်းစားထားခဲ့ပေမဲ့ အရစ်သန်ပြီး အားနေစိတ်ကောက်နေတဲ့ အတွက်
ကြောင့် နာညီးဒဏ်၊ စိတ်ရှုပ်ဒဏ်မခံနိုင်လို့ သူဘက်က စပြီး ဖျက်ခဲ့တာဖြစ်သည်။ ခဲတံကတော့ တွဲတိုင်းပြတ်ပြီး ရည်းစားတစ်ခုလပ်ဖြစ်သည်။

''ဟေ့ရောင်...ပြီးမှ ပြောဟ၊ ထမင်းပေါင်းက အေးရင် စားမကောင်းဘူး..''

အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းပေါင်းပန်းကန်ကို ညီသုဘက်တိုးလိုက်ရင်း ခဲတံက ပြောသည်။ညီသုက တိုးတိုးပြောနေရာမှ ဖုန်းကို ပါးစပ်ဖြင့်ကပ်လိုက်ကာ....။

''အင်း..အာဘွား....''

''ဖွီး....အဟွတ်..ဟားဟား......''

ညီသုက ဖုန်းချခံနီး အာဘွားပေးလိုက်တာကို ခဲတံက ကြားပြီး သီးသွားကာ ထမင်းပေါင်းကလမ်းကြောင်းလွဲသွားရသည်။

''ဟားဟား.... ဒီဝိုင်း မင်းဘဲရှင်းလိုက်...
ညီသု''

''ဟိုခွေးသားက ဘာတွေသီး...အဟွန်း...''

ညဏ်နဲ့ ခဲတံက ဝါးလုံးကွဲရယ်ပြီး အတောမသတ်နိုင်။ ညီသုက မျက်နှာနီတီတီဖြင့် ခဲတံကို ခပ်တည်တည်မေးလိုက်သည်။ ညဏ်က တစ်ရှုးကို ယူပြီး လုံးကာ ညီသုရဲ့ မျက်နှာကို ပစ်ပေါက်လိုက်ပြီး ပုခုံးတွေလှုပ်အောင်အထိ ရယ်နေသည်။

''ဝဲစားလေးတွေ...ဝဋ်လည်မယ်...''

ညီသုက ကျိန်ဆဲရင်း မထိုးတက်ထိုးတက်ဖြင့် မျက်စောင်းတစ်ချက် လွှတ်လိုက်သည်။

ကန်တင်းမှာ တော်တော်ကြာ အချိန်ဖြုန်းပြီး၊ အကုန်လုံးစားသောက်ပြီးတော့ ပြန်ဖို့ ထရပ်ကြသည်။ ညီသုနဲ့ ခဲတံက အရင်ထွက်သွားပြီး ညဏ်က လက်ကျန်စီးကရက်ကို စားပွဲစွန်းနဲ့ ဖိချေကာ မီးကို သတ်လိုက်ပြီးမှ နောက်က လိုက်သည်။

''အဲ့ဒီနောက်ဆုံးက တစ်ယောက်ပေါ့..ဟိုနက
ဂိုးသွင်းတာ...ပုံစံက မိတယ်နော်...''

''ဟုတ်ပ..ချောလိုက်တာဟာ..မျက်ခုံးထူထူ
တန်းတန်းလေးနဲ့ လမ်းလျှောက်ပုံကအစ မိုက်တယ်...တကယ်ကြွေတယ်ဟာ...''

ကန်တင်းမှာရှိတဲ့ မိန်းကလေးတွေရဲ့ မျက်လုံးများက ကားပေါ်တက်သွားတဲ့ ညဏ်ရည်သျှန်
ဆိုတဲ့ ဆီမှာ အကုန်စုပြုံရောက်ရင်း.......။

~~~~~~~~~~ဆက်ရန်။

(zawgyi)

(unicode)

''civil ဒုန္း...ဒုန္း....civil ဒုန္း....ဒုန္း..''

''Ep ဒုန္း...ဒုန္း...Ep..ဒုန္း...ဒုန္း....''

နည္းပညာတကၠသိုလ္ႀကီးရဲ႕ အားကစားကြင္းက်ယ္ႀကီးထဲမွာ ေဘာလုံးပြဲ က်င္းပေနတာျဖစ္သည္။ ကြင္းထဲမွာ အလုအယက္ေျပးလႊားကစားေနတဲ့ finalေက်ာင္းသားေတြျဖစ္ၿပီး၊ ကြင္းအျပင္မွာ ေရသန့္ဗူးေတြတီး၊ လက္ခုပ္ေတြတီးကာ အားေပးေနတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြက မနည္းေခ်။ ေန႕လည္ ၁၁နာရီမို႔ ေနကလည္း ပိုပူျပင္းလာကာ မၾကာခင္ အခ်ိန္ေစ့ေတာ့မွာမို႔ အနိုင္အရႈံးအတြက္ အကုန္လုံးက စိတ္ဝင္စားေနၾကၿပီး ေအာ္ဟစ္အားေပးေနၾကသည္။ထိုအခ်ိန္တြင္......။

''ဂိုလ္းးးးးး........''

''ေဟး....ကိုညဏ္ကြ.....''

ကြင္းရဲ႕အလယ္ကေန ေဘာလုံးအကၤ်ီအနီေရာင္ဝတ္ထားတဲ့ ေက်ာနံပါတ္11 က ေနာက္ဆုံးပိတ္ဂိုးသြင္းလိုက္ၿပီး civil3- Ep2 နဲ႕ ပြဲက ၿပီးသြားၿပီ ျဖစ္သည္။

''ဟဲ့..ဂိုးသြင္းတဲ့တစ္ေယာက္က ေခ်ာတယ္ေနာ္၊ထိပ္မွာ ဆံပင္ေလးေတြကို စုစည္းထားတာ ခ်စ္စရာ၊ အရပ္ကလည္း အျမင့္ႀကီး..''

''ေခ်ာဆို..သူက finalကေလ ၊ kingထက္ေတာင္နာမည္ႀကီးေသး...နာမည္က.. ညဏ္ရည္သွ်န္တဲ့..''

ကြင္းအျပင္ဘက္မွာ မိန္းကေလးေတြက ကြၽတ္စီ၊ကြၽတ္စီနဲ႕ အသံေတြ ထြက္ေနၾကသည္။

''ေနာက္ဆုံးႏွစ္ဆိုေတာ့... ေနာက္ႏွစ္မေတြ႕ရေတာ့ဘူးေပါ့..ဟုတ္လား..ဟန္နီ''

''အင္း...ဟိုနက ဂိုးသြင္းတဲ့ပုံေလး ငါပုံရိုက္ထားတယ္...ဟီးဟီး...''

ဟန္နီက ေျပာတယ္ဆို ေဘးနားမွာရွိတဲ့ ၃ေယာက္လုံး ဖုန္းေတြ ထုတ္ကာ အလုအယက္viberက ပို႔ခိုင္းေတာ့သည္။

''ဟဲ့...ငါ့လည္းကူးေပး...''

''ငါအရင္ေနာ္...ဟန္နီမ..အခုပို႔..အခုပို႔...''

အသားက အရမ္းမျဖဴသလို၊ ညိုလည္းမညိုေပ။
အရပ္က အျမင့္ႀကီးျဖစ္ၿပီး ၾကည္လင္တဲ့ မ်က္ႏွာျပင္မွာ ႏွာတံခြၽန္ျမျမ၊ နီးျမန္းျမန္းႏႈတ္ခမ္းအစုံနဲ႕ စူးရွေတာက္ပတဲ့ မ်က္ဝန္းအစုံေၾကာင့္ ညဏ္ရည္သွ်န္ဆိုတဲ့ သူဟာ အေတာ္ကို ေခ်ာေမာသည္။ အရင္ရင္ေတြက ဆံပင္မတိုမရွည္ေတြက နဖူးေပၚမွာ ကပိုဂရိုက်ေနၿပီး ၊ ဒီေန႕မွ ထိပ္တည့္တည့္မွာ ေယာင္ေပစူးေလးလို လုပ္ထားတာကလည္း တစ္မ်ိဳးၾကည့္ေကာင္းေနသည္။ေခြၽးေတြ႐ြဲေနၿပီး မ်က္ႏွာက နီျမန္းျမန္းျဖစ္ေနေပမဲ့ ဆြဲေဆာင္မႈက ရွိေနတုန္းျဖစ္သည္။

''ေဟ့ေရာင္..အိမ္တန္းျပန္မွာလား ၊ ကန္တင္းထိုင္အုံးမလား..''

ေရသန့္ဗူးနဲ႕ မ်က္ႏွာသစ္ေနတဲ့ ညဏ္ရည္သွ်န္ကိုခဲတံက ေမးလိုက္သည္။ ေဘာလုံးကြင္းထဲက မထြက္ရေသးဘဲ ေခြၽးေတြလည္း စို႐ြဲနစ္ေနကာ ေမာေနတဲ့ ညဏ္က ဘာမွျပန္မေျပာနိုင္ေသး။

''ညီသု..ေဟ့ေရာင္...အဲ့ဒီအိတ္ေတြပါ သယ္ခဲ့ကြာ...ေအး..ဟုတ္တယ္''

ညဏ္က မ်က္ႏွာကို ခဲတံကမ္းေပးတဲ့ သဘက္အႏုေလးျဖင့္ ဖိပြတ္ကာ အိတ္ေတြသြားသယ္ေနတဲ့ ညီသုကို လွမ္းေျပာလိုက္သည္။ညဏ္နဲ႕ ညီသုသာ ေဘာလုံးအသင္းတြင္ပါဝင္ၿပီး ခဲတံက မပါဘဲ ပြဲၾကည့္ပရိတ္သတ္လုပ္ၿပီး ၊ ေရသန့္ဗူးေပးလိုက္ သဘက္ေပးလိုက္နဲ႕ သူငယ္ခ်င္းႏွစ္ေယာက္ကို ပါရမီ ျဖည့္သည္။

''မုန့္စားၿပီးမွ ျပန္မယ္ကြာ....ဗိုက္ကို အရင္ျဖည့္ ရမယ္...''

ညဏ္က ထိပ္မွာစုစည္းထားတဲ့ ဆံပင္ေလးကို ေျဖခ်ကာ လက္နဲ႕ ခပ္ဖြဖြ ျပန္ျပဳျပင္လိုက္သည္။ ၿပီးေတာ့မွ ေဘာအကၤ်ီကို လွန္ခြၽတ္လိုက္ၿပီး...ညီသုယူလာတဲ့ အိတ္ထဲက အကၤ်ီအျဖဴကို ယူလိုက္သည္။

''ဟယ္..ဟိုမွာ...ဟိုမွာရယ္...အမေလး...
ငါေသေပ်ာ္ၿပီ.....အား....မိုက္လိုက္တာ''

အကၤ်ီခြၽတ္လိုက္လို႔ ေပၚလာတဲ့ညဏ္ရဲ႕ႂကြက္သားအျမႇောင္းျမႇောင္းကို ၾကည့္ၿပီး ဟန္နီတို႔အဖြဲ႕ေတြ ဆူညံသြားျပန္ၿပီ။ Epေမဂ်ာကေပမဲ့ crushအစ္ကိုႀကီးရဲ႕civilအသင္းကို လာအားေပးတယ္ဆို သူမတို႔အဖြဲ႕ကို တစ္တန္းလုံးက ခဲနဲ႕ ေပါက္လိမ့္မည္ဆိုတာ မလြဲေပ။

''သူ႕ေကာင္မေလးသာ ျဖစ္လိုက္ခ်င္ဟယ္...
အား...ငါ့ရင္ဘက္ေတြ ေပါက္ထြက္ေတာ့မယ္..''

ကြင္းအျပင္နဲ႕အထဲကို ကာထားတဲ့ သံဇကာကြက္စိပ္ေတြကို ကိုယ္လုံးေလးေတြဖိကပ္ၿပီး ငမ္းေနၾကတဲ့အဖြဲ႕ဟာ Epေမဂ်ာက ဒုတိယႏွစ္ေက်ာင္းသူေလးေတြဘဲ ျဖစ္သည္။

''တီခ်ယ္..ကြၽန္ေတာ္တို႔ သြားၿပီေနာ္..''

''ေအးေအး...အိမ္ေရာက္ရင္ ေဆးလည္းလူးၾကအုံး..''

''ဟုတ္ကဲ့..''

ညဏ္တို႔ သူငယ္ခ်င္း ၃ဦး တီခ်ယ္ေတြကို ႏႈတ္ဆက္ၿပီး ကြင္းအျပင္ထြက္ဖို႔ျပင္သည္။

''ေဟ့ေရာင္ေတြ..ျပန္ေတာ့မွာလားဟ''

''ညဏ္..တစ္ဝိုင္းေနာ္...မွတ္ထားမယ္...''

အသင္းထဲက ေကာင္ေတြက သူ႕ကို လွမ္းေအာ္ၾကၿပီး စေနၾကသည္။

''ကန္တင္းသြားမလို႔..မင္းတို႔လိုက္ခဲ့ေလ..''

''သားႀကီးေရ..ေနာက္မွ...''

ညဏ္က အသာၿပဳံးျပၿပီး နည္းနည္းနာသြားတဲ့ ေျခေထာက္ေၾကာင့္ ခဲတံကို အားျပဳ၍ သစ္ပင္ရိပ္မွာ ရပ္ထားတဲ့ ကားဆီကို အတူတူ၃ေယာက္ေလွ်ာက္လာလိုက္သည္။

''ညဏ္..မင္းကားေမာင္းနိုင္ပါ့မလား..''

ညီသုက ကားနားေရာက္မွ လွည့္ေမးသည္။ ကားအကြယ္ေရာက္မွ ပုဆိုးျပန္ဝတ္ၾကၿပီး လက္ထဲမွာ ကိုင္လာတဲ့ ဖိနပ္ထုပ္ေတြကို ေနာက္ဖုံးထဲ သြားထည့္ၿပီး အကၤ်ီလက္ကိုပါ က်က်နန ျပန္ေခါက္လိုက္သည္။

''ရပါတယ္ကြ..လီဗာေလာက္ေတာ့ နင္းနိုင္တယ္..အဟြန္း...မင္းရဲ႕ေယာက္ဖက အေကာင္းႀကီးရွိေသးတယ္၊ ပူမေနနဲ႕...''

ညဏ္က ခပ္ဟဟရယ္ကာေျပာရင္း ကားကို
ကန္တင္းဘက္ေမာင္းလိုက္သည္။

''အဲ့ဒါဆို...မင္းညီမ ငါ့ေပးေလ..''

''ေခြးသား..မင္းအစ္မ ငါယူမွာ...''

ညီသုနဲ႕ ညဏ္က တစ္ေယာက္တစ္ခြန္း စကားနိုင္လုေနၾကတာကို ခဲတံက ၾကားထဲကေန ေခ်ာင္းဟန့္ၿပီး...။

''အဟမ္း...ဒီမွာ မင္းတို႔အေဖ ထိုင္ေနတယ္..
နားညီးတယ္ကြာ...''

''သေဒါင္းစား.....''

ညဏ္နဲ႕ ညီသုက ၿပိဳင္တူဘဲ ပစ္ပစ္ႏွစ္ႏွစ္ဆဲလိုက္သည္။ သူငယ္ခ်င္း၃ေယာက္ ပထမႏွစ္ကတည္းေပါင္းခဲ့ၾကတာ အခုဆို ၆ႏွစ္ျပည့္ေတာ့မည္။ စိတ္တူကိုယ္တူ ေျပာမနာဆိုမနာေတြမို႔ ငယ္ေပါင္းႀကီးေဖာ္ေတြလို ျဖစ္ေနရသည္။ ခဲတံနဲ႕ ညဏ္က ၂ရက္ကြက္ဘဲ ေက်ာ္ေတာ့ ေက်ာင္းကအစ အတူသြား၊ အတူလာၿပီး ညီသုက သူ႕ဘာသာ ကားနဲ႕ သပ္သပ္လာတက္သည္။ ဒီေန႕က ေဘာပြဲရွိလို႔သာ ၃ေယာက္သား မနက္ကတည္းက ညဏ္ရဲ႕ ကားနဲ႕သာ လာၾကတာျဖစ္သည္။

''ထမင္းေပါင္း၃ပြဲ၊ shark 3ဗူးခ်ေပး ညီေလး''

ခဲတံက ဝိတ္တာ ညီေလးကို မွာေနၿပီး ညဏ္က စီးကရက္ဖြာေနလိုက္သည္။ ညီသုကေတာ့ ထိုင္ကတည္းက သူရဲ႕ အခ်စ္ေတာ္ဆီစာပို႔ၿပီး မ်က္ႏွာႀကီးက ၿပဳံးၿဖဲၿပီး သြားမေစ့ေပ။

''ႏြားျပာႀကီး ေအာက္သြားမရွိ...အဟြန္း..''

ညဏ္က ညီသုကို ေျပာၿပီး စီးကရက္အေငြ႕ေတြကိုခပ္မွ်င္းမွ်င္းမႈတ္ထုတ္ေနလိုက္သည္။ေန႕လည္ခင္းမို႔ ကန္တင္းမွာ ဆူညံပြက္ေလာရိုက္ေနၾကၿပီးမ်က္စိေတြလည္း ရႈပ္ေနရသည္။ ဒီၾကားထဲ ဟိုဘက္ဝိုင္းက ခ်ာတိတ္မေတြက သူ႕ကို ၾကည့္လိုက္၊ရယ္လိုက္နဲ႕ ဘာမွန္းမသိ။

''ေအးေလ....အခုမွ ရည္းစားထားဖူးမွန္း
သိသာလိုက္တာ....ဟားဟား...''

ညီသုကေတာ့ သူတို႔ႏွစ္ေယာက္ ဘာေျပာေျပာ ဖုန္းကိုပါထုတ္ၿပီး ေျပာေနတာ မၿပီးနိုင္၊ မစီးနိုင္။ အရင္တုန္းက ညဏ္လည္း အပ်င္းေျပ ရည္းစားထားခဲ့ေပမဲ့ အရစ္သန္ၿပီး အားေနစိတ္ေကာက္ေနတဲ့ အတြက္
ေၾကာင့္ နာညီးဒဏ္၊ စိတ္ရႈပ္ဒဏ္မခံနိုင္လို႔ သူဘက္က စၿပီး ဖ်က္ခဲ့တာျဖစ္သည္။ ခဲတံကေတာ့ တြဲတိုင္းျပတ္ၿပီး ရည္းစားတစ္ခုလပ္ျဖစ္သည္။

''ေဟ့ေရာင္...ၿပီးမွ ေျပာဟ၊ ထမင္းေပါင္းက ေအးရင္ စားမေကာင္းဘူး..''

အေငြ႕တေထာင္းေထာင္းထေနတဲ့ ထမင္းေပါင္းပန္းကန္ကို ညီသုဘက္တိုးလိုက္ရင္း ခဲတံက ေျပာသည္။ညီသုက တိုးတိုးေျပာေနရာမွ ဖုန္းကို ပါးစပ္ျဖင့္ကပ္လိုက္ကာ....။

''အင္း..အာဘြား....''

''ဖြီး....အဟြတ္..ဟားဟား......''

ညီသုက ဖုန္းခ်ခံနီး အာဘြားေပးလိုက္တာကို ခဲတံက ၾကားၿပီး သီးသြားကာ ထမင္းေပါင္းကလမ္းေၾကာင္းလြဲသြားရသည္။

''ဟားဟား.... ဒီဝိုင္း မင္းဘဲရွင္းလိုက္...
ညီသု''

''ဟိုေခြးသားက ဘာေတြသီး...အဟြန္း...''

ညဏ္နဲ႕ ခဲတံက ဝါးလုံးကြဲရယ္ၿပီး အေတာမသတ္နိုင္။ ညီသုက မ်က္ႏွာနီတီတီျဖင့္ ခဲတံကို ခပ္တည္တည္ေမးလိုက္သည္။ ညဏ္က တစ္ရႈးကို ယူၿပီး လုံးကာ ညီသုရဲ႕ မ်က္ႏွာကို ပစ္ေပါက္လိုက္ၿပီး ပုခုံးေတြလႈပ္ေအာင္အထိ ရယ္ေနသည္။

''ဝဲစားေလးေတြ...ဝဋ္လည္မယ္...''

ညီသုက က်ိန္ဆဲရင္း မထိုးတက္ထိုးတက္ျဖင့္ မ်က္ေစာင္းတစ္ခ်က္ လႊတ္လိုက္သည္။

ကန္တင္းမွာ ေတာ္ေတာ္ၾကာ အခ်ိန္ျဖဳန္းၿပီး၊ အကုန္လုံးစားေသာက္ၿပီးေတာ့ ျပန္ဖို႔ ထရပ္ၾကသည္။ ညီသုနဲ႕ ခဲတံက အရင္ထြက္သြားၿပီး ညဏ္က လက္က်န္စီးကရက္ကို စားပြဲစြန္းနဲ႕ ဖိေခ်ကာ မီးကို သတ္လိုက္ၿပီးမွ ေနာက္က လိုက္သည္။

''အဲ့ဒီေနာက္ဆုံးက တစ္ေယာက္ေပါ့..ဟိုနက
ဂိုးသြင္းတာ...ပုံစံက မိတယ္ေနာ္...''

''ဟုတ္ပ..ေခ်ာလိုက္တာဟာ..မ်က္ခုံးထူထူ
တန္းတန္းေလးနဲ႕ လမ္းေလွ်ာက္ပုံကအစ မိုက္တယ္...တကယ္ေႂကြတယ္ဟာ...''

ကန္တင္းမွာရွိတဲ့ မိန္းကေလးေတြရဲ႕ မ်က္လုံးမ်ားက ကားေပၚတက္သြားတဲ့ ညဏ္ရည္သွ်န္
ဆိုတဲ့ ဆီမွာ အကုန္စုၿပဳံေရာက္ရင္း.......။

~~~~~~~~~~ဆက္ရန္။

Continue Reading

You'll Also Like

67.6K 9.9K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
7.2K 736 42
သစ္လြင္ေသာဆူး "ဒီမွာ...ရွင္ လူႀကီး လူေကာင္း မဟုတ္ဘူးလား...ညီမနဲ႕ လက္ထပ္ထားၿပီး သူ႕အစ္မကို ကိုယ္အစ္မလို သေဘာထားရမွာ မသိဘူးလား.." "မသိဘူး..." "ရွင္..ဘာ...
506K 11.8K 42
အရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့
166K 6.3K 27
အတိတ္​ကျဖစ္​ရပ္​တစ္​ခု​ေၾကာင္​့​ေနာက္​ထပ္​ ထပ္​ၿပီးခ်စ္​မိသြားမွာကို​ေၾကာက္​​ေနတဲ့ဟန္​႐ွဳိင္​းခန္​႔တစ္​​ေယာက္​ အဖိုး​ေပးစားတဲ့ ​အ​ေမႊစိန္​မ​ေလးတစ္​​ေ...