UNICODE
နွေဦးရောက်ပြီဖြစ်တဲ့အတွက် ကျောင်းပြန်တက်ဖို့ အချိန်ရောက်ပြီဖြစ်သည်။
လျန်ရှန့်သည် သူငယ်တန်းကနေ မူလတန်းကို အောင်မြင်စွာကူးပြောင်းခဲ့ပြီဖြစ်ပြီး သူ့အစ်ကိုနဲ့အတူတူ ကျောင်းတက်ရမည်ဖြစ်တဲ့အတွက် အရမ်းပျော်ရွှင်နေခဲ့သည်။
ဒါပေမဲ့လည်း......
ချင်းချင်းကတော့မပျော်ရွှင်ပေ။
ဆိုလိုတာက သူမလေးတစ်ယောက်တည်း သူငယ်တန်းမှာ ကျန်ခဲ့ခြင်းကြောင့်ဖြစ်သည်။
မနက်အိပ်ယာထချိန်ကနေ မနက်စာစားချိန်အထိ ကလေးမလေးက တစ်ချိန်လုံး ဝမ်းနည်းနေခဲ့သည်။ကျောင်းဝတ်စုံဝတ်ထားသည့် အိုးရန် ကိုကြည့်ရင်း သူမပို၍စိတ်မကောင်းဖြစ်လာခဲ့သည်။
အိုးရန်သည် ကျောင်းပြောင်းရွှေ့ခြင်းလုပ်ငန်းစဥ်အားလုံးကို အကုန်လုံးလုပ်ဆောင်ပြီးပြီဖြစ်သည်။
ဒီအချိန်မှာ သူသည် ထမင်းစားပွဲ၌ ထိုင်နေပြီး သူ့ခြေထောက်လေးများကို အပြန်ပြန်အလှန်လှန် လှုပ်ယမ်းကာ သူ့မျက်နှာလေးမှာတော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူပျော်ရွှင်နေတယ်ဆိုတာ ကျန်းထျန်သိပေသည်။အိုးရန်ဟာ မရင်းနှီးတဲ့တိုင်းပြည်မှာ သူဘယ်လောက်သနားစရာကောင်းခဲ့လဲဆိုတာ သူထုတ်မပြောပေမဲ့လည်း သူမသိပေသည်။ယခုမှာတော့သူသည် ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ရောက်ရှိပြီး နောက်ထပ် ညီအစ်ကို နှစ်ယောက် ထပ်ရရှိလာခြင်းကြောင့် သဘာဝအတိုင်းပင် သူသည် အလွန်ပျော်ရွှင်နေပါသည်။
"ကလေးတွေ မနက်စာစားပြီးရင် ကျောင်းသွားကြတော့။သားတို့နှစ်ယောက်က သားတို့ညီလေးကို ကူပြီးဂရုစိုက်ရမယ် ရန်မဖြစ်ရဘူး၊နားလည်လား?"
အိုးရန်နဲ့ ချူယီဟာ သူတို့ခေါင်းလေးတွေကို နာနာခံခံနဲ့ညိတ်ကြသည်။
"ချင်းချင်း" ကျန်းထျန် သူမအကြည့်ကို သူမလေးပေါ်သို့ပြောင်းလိုက်သည်။
သူမလေးက ခေါင်းလေးကို မော့ကြည့်လာခဲ့သည်။
ကျန်းထျန် သူမလေးရဲ့ နူးညံ့သည့်ဆံပင်လေးတွေကို ထိလိုက်ရင်း
"နောက်နှစ်ရောက်ရင် ပေါင်ပေ့လည်း ပေါင်ပေ့ရဲ့ကောကောတွေနဲ့ကျောင်းတူသွားလိမ့်မယ်၊စာကောင်းကောင်းလုပ် ဟုတ်ပြီလား?"
ကလေးမလေးက သူမပါးပြင်လေးကို ပင့်တင်ကာ မကျေမနပ် ခေါင်းညိတ်ပြလိုက်သည်။
ကလေးတွေ ကျောင်းသွားတာနှင့်တပြိုင်နက် တစ်အိမ်လုံး တိတ်ဆိတ်သွားတော့သည်။
နောက်ဆုံးမှာတော့ ကျန်းထျန်ဟာ သူမအတွက် အချိန်ရခဲ့ပြီ။ခဏလောက်လေ့ကျင့်ခန်းလုပ်ပြီးနောက်မှာ ဆိုဖာပေါ်မှာလဲလျောင်းရင်း ဇာတ်ကားကြည့်ပြီး system ကိုစစ်ဆေးလိုက်သည်။
သူမသည် system မှလုပ်ခိုင်းသော အလုပ်များစွာကို အောင်မြင်ပြီးမြောက်အောင်လုပ်နိုင်ခဲ့သည့်အတွက် သူမ၏ဘဝသည် အခုဆိုလုံခြုံလာပြီး အရာအားလုံးကလည်း အလွန်ချောမွေ့နေပုံရသည်။
ကျန်းထျန်သည် သုံးလတစ်ကြိမ်လုပ်ခိုင်းသည့် မစ်ရှင်အသစ်ကို ကျေနပ်စွာဖြင့် ပြန်လည်ဆန်းသစ်ခဲ့ပေမဲ့ အပေါ်ကအကြောင်းအရာကို မြင်လိုက်တဲ့အခါမှာ သူမနှလုံးသားလေးဟာ အောက်ခြေကို ဆုံးဆုံးမြှုပ်သွားတော့သည်။
[သုံးလတစ်ကြိမ်မစ်ရှင် : host က နှစ်ဝက်အတွင်း လင်းချူယီကို သူ့ရဲ့ သာမန်စရိုက်ပြန်ရအောင်လုပ်ဆောင်ပေးဖို့လိုအပ်ပါသည်။အချိန်အကန့်အသတ်ကျော်လွန်ခြင်း ဒါမှမဟုတ် မစ်ရှင်ကျဆုံးပါက Host ရဲ့ ဘဝအသက် 15 နှစ် ဆုံးရှုံးမှာဖြစ်ပါသည်။]
သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်းအိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
တံခါးကိုသေချာပိတ်ထားကြောင်းစစ်ဆေးပြီးနောက်မှာ ကျန်းထျန်သည် systemရဲ့အမည်ကို အေးစက်စွာခေါ်လိုက်သည်။
"Xiao Ke၊ထွက်လာခဲ့"
[အသုံးပြုသူ သင်ခေါ်ဆိုနေခြင်းက ဝန်ဆောင်မှုတွင်မပါဝင်ပါဘူး]
"........"
ကျန်းထျန် သည် သူနှင့်အတူ ကစားရန် စိတ်မ၀င်စားသည့်အတွက် အသက်ပြင်းပြင်းရှူကာ အဓိကအကြောင်းအရာကိုသာ တည့်တည့်မေးလိုက်သည်။
"တာဝန်အသစ်က ဘာဖြစ်တာလဲ?"
သူမကို မလှည့်စားနိုင်တာကို မြင်လိုက်ရတော့ Xiao Ke လက်လျှော့လိုက်ပြီး ပြောလိုက်သည်။
"ဇာတ်ကြောင်းထဲမှာ ချူယီဗီလိန်အဖြစ်ပြောင်းသွားရတာက သူ့ရဲ့ ဒုတိယစရိုက်ကြောင့်ပဲ၊Hostက ကယ်တင်ရှင်အဖြစ်ပြောင်းပြီး ဒါကိုပြောင်းလဲပေးရမယ် ဒါကြောင့်.......အားဝူက တည်ရှိလို့မရဘူး။သူတည်နေသ၍ မသေချာတဲ့ နေ့ရက်တွေကရှိနေဦးမှာပဲ"
"Love and Miracles" ဝတ္ထုထဲမှာဆိုရင် အရက်စက်ဆုံး ဗီလိန်က လင်းဆွေ့ကျိုး ဒါမဟုတ် လင်းလျန်ရှန့် မဟုတ်ဘူး အရာအားလုံးကို နောက်ကွယ်ကနေကြိုးကိုင်နေသည့် လင်းချူယီဖြစ်ပေသည်။အတိအကျပြောရလျှင် ဒါက သူရဲ့ဒုတိယစရိုက်မှဖြစ်သည်။သူသည် သူ့ညီငယ်နှင့် ညီမငယ်လေးကို မကောင်းတာတွေလုပ်အောင် သွေးထိုးလှုပ်ဆော််ကာ မိသားစုထဲမှာ မွှေခဲ့သော်လည်း သူကတော့သူ့ရဲ့အပြစ်ကင်းသည့်အမူအရာကို ထိန်းသိမ်းထားဆဲဖြစ်ပြီး သူ့ဘေးနားကလူတွေကို သူ့အတွက် မကောင်းတဲ့အလုပ်တွေလုပ်စေခဲ့သည်။ဒါတွေကြောင့်ပဲ လင်းမိသားစုဟာ ဆုတ်ယုတ်လာခဲ့သည်။
ကျန်းထျန်၏ တာဝန်သည် မူလဇာတ်သိမ်းကိုပြောင်းလဲရန်ဖြစ်သည့်အတွက်ကြောင့် သူမသည်အစပျိုးသည့်အမြစ်အားလုံးကို ဖြုတ်ရမည်ဖြစ်သည်။ထိုအမြစ်ကတော့ အားဝူကလွဲလို့တခြားသူမဖြစ်နိုင်ပေ။
ကျန်းထျန်သည် ဒီအမှန်တရားကို သဘာဝအရပဲ နားလည်ပေသည်။
ဒါပေမဲ့......
သူမ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။
သစ်ပင်များသည် အဖူးအသစ်များပေါက်လာပြီး မကြာမီပင်ပွင့်တော့မည့်ပုံပေါ်နေပေသည်။
နွေဦးက ရောက်လာပြီဖြစ်ပြီး နွေရာသီကလည်းမဝေးတော့ပေ။
"ငါ ဒီ တာဝန်ကို စွန့်လွှတ်တယ်"
တိတ်ဆိတ်သော အခန်းထဲတွင် ကျန်းထျန် ၏ အသံသည် အထူးသဖြင့်ငြိမ်သက်နေခဲ့သည်။
Xiao Ke သည် သူမ၏အဖြေကြောင့် အံ့ဩသွားခဲ့သည်။အရင်တုန်းက သူမကိုပေးခဲ့သည့်တာဝန်တွေသည် မည်မျှပင် ခက်ခဲပါစေ သူမပြီးမြောက်အောင်အကောင်းဆုံးလုပ်ခဲ့ပေမဲ့ အခုတော့ သူမ တကယ်ပဲ.....
"ဟေး၊ ဒါက မင်းစတိုင်လ် မဟုတ်ဘူးလေ"
"ငါ ဒီ တာဝန်ကို စွန့်လွှတ်တယ်"
သူမ ဒါကိုပဲ ထပ်ပြောပြန်သည်။
Xiao Ke အနည်းငယ် စိတ်ရှုပ်သွားပြီး
"Host မင်းရဲ့ ဘဝသက်တမ်းအားလုံးပေါင်းကိုလည်းကြည့်လိုက်ဦး။အဲ့တာအများဆုံး ခုနှစ်ဆယ့်သုံးနှစ်လောက်ပဲရှိတာ။မင်း ဒီတန်ဖိုးရှိတဲ့ 15 နှစ်ကို စွန့်လွှတ်လိုက်မယ်ဆိုရင် မင်းအသက် 50 မှာသေလိမ့်မယ်။ဒီလိုမျိုး အတုအယောင် လူတစ်ယောက်အတွက် ဒါကမထိုက်တန်ပါဘူး"
သူ့စကားကြောင့် ကျန်းထျန် မျက်မှောင်ကြုတ်သွားပြီး သူ့ကို ပြတ်သားသောလေသံဖြင့် အမြန်ပြင်ပြောလိုက်သည်။
"သူက အတုအယောင်လူတစ်ယောက်မဟုတ်ဘူး သူက ငါ့သား"
"........"
".......ဘာလဲ?"
"လင်းဝူက ငါ့ကလေး။ငါ့ကလေးအတွက် ငါ့အသက်ကို စွန့်လွှတ်နိုင်ရင်တောင်ဒါက ထိုက်တန်တယ်။"
Xiao Ke သည် အံကြိတ်ကာ ပြောစရာစကားမဲ့သွားတော့သည်။
ကျန်းထျန် ဆက်ပြောလိုက်သည်။
"တခြားလူတွေက ချူယီက မတူညီတဲ့စရိုက်နဲ့ စိတ်ရောဂါရှိတဲ့သူလို့ ထင်ကောင်းထင်နိုင်ပြီး အရမ်းကြောက်ဖို့ကောင်းတယ်လို့လည်း ထင်နိုင်တယ် ဒါပေမဲ့ ချူယီဖြစ်ဖြစ် အားဝူဖြစ်ဖြစ် နှစ်ယောက်လုံးက ငါ့ကလေးတွေပဲ။သူတို့က ခန္ဓာကိုယ်တစ်ခုထဲကို အတူမျှဝေနေရပေမဲ့ သူတို့နှစ်ယောက်လုံးကတည်ရှိသင့်တယ်။မင်းဘာကို စိုးရိမ်နေလဲဆိုတာ ငါသိပေမဲ့ သူတို့နှစ်ယောက်လုံးက ငါ့သားတွေဖြစ်လို့ ငါမစိုးရိမ်ဘူး"
ကျန်းထျန် သူမရဲ့ လှပသော မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်ပြီး
"မင်း ငါ့ဘဝသက်တမ်း 15 နှစ်ကို ဖျက်သွားလို့ရတယ်။ငါက ဒီတာဝန်ကို စွန့်လွှတ်ဖို့ ရွေးချယ်နေဦးမှာပဲ"
Xiao Ke ပြောစရာစကားမဲ့သွားပြီး ဘာဆက်ပြောရမလဲမသိတော့ပေ။တစ်ချိန်တည်းမှာပင် သူသည် လေးစားမှုအချို့ရှိခဲ့သေးသည်။
အဖိုးတန်တဲ့ သူမအသက်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ပြီး သူမအသက်နဲ့ဘဝ သေမှာ မကြောက်ဘဲ သူမ ကလေးတွေကိုကာကွယ်ဖို့ မားမားမတ်မတ်ရပ်တည်ခဲ့သည်၊ တကယ်တော့ ဒါဟာ မိခင်တစ်ယောက်ရဲ့ စရိုက်လက္ခဏာဖြစ်ပြီး အလွန်လေးစားထိုက်ပေသည်။
နောက်တစ်စကစက္ကန့်မှာပဲ ကျန်းထျန်သည် သူမရဲ့လက်များကို ပွတ်သပ်ကာ သွေးကြီးသည့်အပြုံးပြုံးလိုက်ပြီး
"ကောင်းပြီ...ငါ့အသက် 50မှာ သေရမယ်ဆိုတာ ဘဝက အရမ်းတိုလွန်းတယ်။နောက်ထပ် အနှစ် 20 ဒါမှမဟုတ် 30 လောက် အသက်ရှင်အောင် လုပ်နိုင်တဲ့ နည်းလမ်းလေးများရှိသေးလား?"
"........."
"................"
ခုနကပြောခဲ့တဲ့စကားတွေက သူအရင်ကမပြောဖူးဘူးနော် သူရူးသွားလို့ပဲဖြစ်မယ်!
"Host တခြားတာဝန်လေးတွေတော့ လက်ခံလို့ရသေးတယ်။ဒါပေမဲ့ ဘဝသက်တမ်းဆုလာဘ်ကတော့ နည်းနည်း နိမ့်တယ်"
ကျန်းထျန် : "ဘယ်လောက်လဲ?"
Xiao Ke စဉ်းစားလိုက်ပြီး : "0.28 ရက် အဲ့လိုမျိုးလေးတွေပေါ့"
"........."
".......ထွက်သွားလိုက်တော့"
Xiao Ke : စတာပါ၊ နောက်တာပါ။ Host ကဒီသုံးလပတ်မစ်ရှင်ကို စွန့်လွှတ်လိုက်တဲ့အတွက် လာမယ့်သုံးလပတ်မှာ မစ်ရှင်အသစ်ပေါ်လာဖို့သာ hostစောင့်ဆိုင်းနိုင်တယ်၊ ဒါပေမဲ့ Host သာသုံးလတစ်ကြိမ် မစ်ရှင်ကို သုံးကြိမ်ဆက်တိုက် စွန့်လွှတ်လိုက်မယ်ဆိုရင် Hostရဲ့ဘဝသက်တမ်းကို လုံးလုံးလျားလျားကို နုတ်ယူသွားလိမ့်မယ်။"
"ငါသိပြီ ၊ငါသိပြီ"
ကျန်းထျန် နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့သည်။နေရာမှာတင် မသေရသရွေ့ ကျန်တာအားလုံးက အရေးမကြီးပေ။
"Host၊ငါထွက်မသွားခင် တစ်ခုလောက်အတည်ပြုချင်သေးတယ်"
ကျန်းထျန် အနည်းငယ် စိတ်မရှည်စွာဖြင့်
"မင်းပြောစရာရှိရင် မြန်မြန်ပြော မင်းမှာသာဖင်ရှိရင် မြန်မြန် ပိတ်ကန်ခံနေရပြီ"
ကျွတ် ကျွတ် ကျွတ် သူမကတော့ ခါတိုင်းလိုပဲ ရက်စက်လွန်းသည်။မစ္စကျန်းကတော့ အရင်က မစ္စကျန်းပဲ ဖြစ်နေသေးတယ်။
"ကျွန်တော်သေချာချင်တာကတော့ Host မင်း ဒီကမ္ဘာမှာပဲ ဆက်နေတော့မှာလား၊အဆုံးမှာ မင်းရဲ့ မူလကမ္ဘာကို မပြန်တော့ဘူးလား?"
ကျန်းထျန် မျက်မှောင်ကြုတ်လိုက်ပြီး
"ဒီအကြောင်းကို မင်းဘာလို့မေးတာလဲ?"
Xiao Ke : "Host သိရမှာ တစ်ခုရှိတယ်။Host ရဲ့ မူလ ကမ္ဘာမှာ Host က မီးလောင်ခံရတဲ့ အတွက် ကိုမာဝင်နေတယ်။Host ဒီမှာနေဖို့ ရွေးချယ်လိုက်ပြီဆိုရင် Host ရဲ့ မူလကမ္ဘာက ဘဝက ချက်ချင်းပြီးဆုံးသွားလိမ့်မယ်။တကယ်လို့ Host ရဲ့ မူလ ကမ္ဘာကို ပြန်မယ်လို့ရွေးချယ်မယ်ဆိုရင် ဒီကမ္ဘာရဲ့အသက်ကို Host ဆန္ဒတစ်ခုနဲ့ လဲလှယ်နိုင်တယ်။Host ဒါနဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းတွေးနိုင်ဖို့ မျှော်လင့်ပါတယ်"
ပြောပြီးတာနှင့် system က ပျောက်ကွယ်သွားတော့သည်။
ကျန်းထျန် ခြေချိတ်ထိုင်ရင်း သူမရဲ့ မေးစေ့လေးကို လက်တစ်ဖက်နဲ့ ထောက်ထားလိုက်သည်။Xiao Ke က သူမကိုသတိမပေးဘူးဆိုရင်တောင် လက်တွေ့ကမ္ဘာမှာ သူမအခြေအနေက မကောင်းဘူးဆိုတာ သူမ ခန့်မှန်းနိုင်ပေသည်။မီးက အရမ်းကြီးပေသည်။သူမမလုပ်ခဲ့ဘူးဆိုရင်တောင် မသန်မစွမ်းဖြစ်ရင် ခက်ခဲပေလိမ့်မည်။သူမရဲ့ တကယ့်ကမ္ဘာမှာ ကျန်းထျန်မှာ ဆွေမျိုးတွေလည်းမရှိသလို ရင်းနှီးသည့်သူငယ်ချင်းတွေလည်းမရှိပေ။
သူမအတွက် ဝမ်းနည်းပြီး ငိုမယ့်သူတွေက သူမပရိတ်သတ်တွေပဲရှိပေလိမ့်မည်။သူတို့အတွက် သူမအနည်းငယ်စိတ်မကောင်းတာ ခံစားရပေမဲ့လည်း....... သူမပြန်မသွားဖို့ ဆုံးဖြတ်လိုက်သည်။
အဲ့ဒီကမ္ဘာမှာ စိုးရိမ်ပူပန်မှုတွေရှိနေရင် အတိတ်ကို လွမ်းဆွတ်တွယ်တာနေရတော့မှာလဲ။အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲ့တာတွေကို အိပ်မက်တစ်ခုလို့ပဲ မှတ်ယူလိုက်တော့မယ်။
Group chatကိုမဖွင့်မီ သူမရဲ့စိတ်ခံစားချက်တွေကို ဖြေလျှော့ရန် သူမမျက်ခုံးတွေကို ပွတ်သပ်လိုက်သည်။သူမသည် သူတို့ကို မတွေ့တာကြာပြီဖြစ်၍ စစ်ဆေးကြည့်ချင်မိသည်။
Group chat က အရမ်းကို လူသူကင်းမဲ့နေကြောင်း ကျန်းထျန် တွေ့ရှိလိုက်ရသည်။နောက်ဆုံးပေးပို့ထားတဲ့ မှတ်တမ်းတွေက လွန်ခဲ့တဲ့တစ်လလောက်ကဖြစ်သည်။ကြည့်ရတာ တော်တော်လေးစိတ်မကောင်းဖြစ်စရာပဲ။
[ဇနီးကောင်းနဲ့ ချစ်ရတဲ့ မေမေ -ကျန်းထျန်ထျန်:
ရှင်တို့အားလုံး သေကုန်ပြီလား?ဘာလို့တစ်ယောက်မှ chatting မထိုင်ကြတာလဲ?]
[ကြီးမြတ်သည့် မိန်းမစိုး-နင်းလင်း : date လုပ်ဖို့ အလုပ်ရှုပ်နေတယ်၊ chatting ထိုင်ဖို့ အချိန်မရှိဘူး]
[ဇွန်ဘီ ဘုရင်-ထန်ထန် : date လုပ်ဖို့ အလုပ်ရှုပ်နေတယ်၊ chatting ထိုင်ဖို့ အချိန်မရှိဘူး]
[စေတန်-မြင့်မြတ်သောအမေ: date လုပ်ဖို့ အလုပ်ရှုပ်နေတယ်၊ chatting ထိုင်ဖို့ အချိန်မရှိဘူး]
[မြင့်မြတ်သောအမေ-စေတန် :date လုပ်ဖို့ အလုပ်ရှုပ်နေတယ်၊ chatting ထိုင်ဖို့ အချိန်မရှိဘူး]
[ဇနီးကောင်းနဲ့ ချစ်ရတဲ့ မေမေ -ကျန်းထျန်ထျန်:
"........."]
........သူတို့ တကယ်ပဲလား?
[ဇွန်ဘီ ဘုရင်-ထန်ထန် : စင်ဂယ်ဒေါ့တစ်ကောင်ပဲ နေ့တိုင်း အင်တာနက်သုံးပြီး အချိန်ကုန်နေလိမ့်မယ်။ငါအခု ငါ့ဟာငါ ပြုပြင်မွန်းမံနေတယ်]
[ကြီးမြတ်သည့် မိန်းမစိုး-နင်းလင်း : ငါကအခုဆို တိုင်းပြည်ရဲ့ ဘုရင်ဖြစ်သွားပြီလေ။ကောင်းကင်ဘုံက ခမည်းတော်ရဲ့ ထိန်းချုပ်မှုကို ခံယူနိုင်တဲ့နေ့ကျရင် ငါ ဒီgroup က နှုတ်ထွက်တော့မယ်။ဒီအခွင့်အရေးကိုအသုံးပြုပြီး ငါလူတိုင်းကို ကြိုပြီး နှုတ်ဆက်ထားချင်တယ်။]
[စေတန်-မြင့်မြတ်သောအမေ: ငါလည်း နဲနဲရှက်ပေမဲ့ အဲ့လိုပါပဲ ]
[ဇနီးကောင်းနဲ့ ချစ်ရတဲ့ မေမေ -ကျန်းထျန်ထျန်:
.......ရှင်တို့အားလုံးပြောင်းလဲသွားပြီပဲ]
[ဇွန်ဘီ ဘုရင်-ထန်ထန် :ဟုတ်တယ် ငါပြောင်းလဲသွားပြီ။ထျန်ထျန် မင်းအလုပ်ကြိုးစားပြီး အမေကောင်းတစ်ယောက်နဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်အောင်လုပ်ရမယ်။အာ!ဒီနေ့ကစပြီး ငါတို့မင်းကို ဘယ်တော့မှ မနာလိုမဖြစ်တော့ဘူး။]
ဒီအခြေအနေမှာ ကျန်းထျန်သည် သူမကိုယ်သူမ ထုတ်ဖော်မပြနိုင်အောင် မည်သို့တားဆီးရမှန်းမသိတော့ပေ။
သူမသက်ပြင်းချလိုက်ပြီး စာတစ်စောင်ကို ဖြေးဖြေးချင်းစရိုက်လိုက်သည်။
"အိုက်ယား၊ကျွန်မက အခုဆို ကလေးခြောက်ယောက် မာမီဖြစ်နေပြီလေ ဒါပေါ့ ရှင်တို့နဲ့ ဘယ်တူပါ့မလဲ။ဒါပေမယ့် ကျွန်မလည်းပဲကြိုပြီး နှုတ်ဆက်ရမှာပေါ့။"
[စေတန်-မြင့်မြတ်သောအမေ : ?? ဂျူနီယာလေး၊မင်း ဘယ်လိုတောင်လဲ? လူသားတစ်ယောက်ကအနည်းဆုံး ဆယ်လ ကိုယ်ဝန်ဆောင်ရတာမို့လား?မင်းက လမစေ့ဘဲ အမြွှာကလေးမွေးထားတာလား?]
[ဇွန်ဘီ ဘုရင်-ထန်ထန် : နိုး နိုး နိုး မဟုတ်သေးဘူး။ ဘယ်လောက်ပဲ လမစေ့ဘဲ မွေးဖွားလာပါစေ၊ ငါတို့လူသားတွေက ဒီလောက် မြန်မြန်မွေးလို့မရဘူး။ဖြစ်နိုင်တာ သူမက ဥနှစ်လုံးတစ်ပြိုင်ထဲဥခဲ့တာဖြစ်ရမယ်၊ဟဟဟ]
ဒီလူတွေ သူမကို ဟာသနေတာကိုကြားတဲ့အခါမှာ ကျန်းထျန်ဟာ ဒေါသတကြီး chat window ကို ပိတ်လိုက်သည်။
Group ထဲကဒီလူတွေက သူမကို မနာလိုနေကြတာပဲ!
ဘာကို ကြီးကျယ်တဲ့ dating လဲ?အခုသူမမှာ မိသားစုရှိနေပြီလေ သူမကတော့ သူတို့ကို လုံးဝ မနာလိုပါဘူးနော် ဟမ်။
နောက်တစ်စက္ကန့်မှာပဲ ကျန်းထျန် လင်းဆွေ့ကျိုး ဖုန်းကိုခေါ်လိုက်သည်။ဖုန်းကိုင်လိုက်သည်နှင့် ကျန်းထျန်က နှုတ်ခမ်းစူကာ ညုတုတုအသံနှင့် ပြောလိုက်သည်။
"ချစ်ရဲ့ ဝံပုလွေရိုင်းလေး ချစ်နဲ့ ဒီည date လုပ်ချင်လား?"
ဖုန်းရဲ့တစ်ခြားတစ်ဖက်မှာတော့။
ခန်းမကျယ်ကြီးသည် တိတ်ဆိတ်သွားခဲ့သည်။
လက်ထောက်သည် ရှက်ရွံ့ဟန်ဖြင့် ဖုန်းကိုလှမ်းကိုင်လိုက်စဉ် စပီကာကို မတော်တဆဖွင့်လိုက်မိသည်။
လင်းဆွေ့ကျိုး ၏ အမူအရာသည် အနည်းငယ် တင်းမာနေပြီး အမူအရာမဲ့စွာ ဖုန်းကို လှမ်းယူလိုက်သည်။စပီကာကို ပိတ်လိုက်ပြီးနောက်မှာ သူပြောလိုက်သည်။
"ကို အခု အစည်းအဝေးခန်းထဲမှာ"
သူ့စကားလုံးတွေက အေးစက်နေခဲ့သည်။
သူမရဲ့အပြုံးဟာအေးခဲသွားပြီး
"အိုး၊ကို ဆက်လုပ်လိုက်ဦး"
လင်းဆွေ့ကျိုး၏ သေးသွယ်သောလက်ချောင်းများက စားပွဲပေါ်ကို ညင်သာစွာ ပုတ်လိုက်ပြီး သူ၏ နက်မှောင်သော မျက်လုံးများသည် နူးညံ့သော အပြုံးဖြင့် ဖြည်းညှင်းစွာ လှိုင်းဂယက်များထသွားခဲ့သည်။
"ကို ခဏလောက်နေရင် ပြန်ခေါ်လိုက်မယ်"
ကျန်းထျန် မြန်မြန် ပြန်ဖြေလိုက်သည်။
"အလျင်မလိုပါဘူး။ကိုအစည်းအဝေးရှိနေတာပဲ ချစ်ကို့ကို မနှောက်ယှက်တော့ပါဘူး"
"အင်း"
ဖုန်းချခါနီးတွင် သူ့ရဲ့ စိတ်အေးလက်အေးအသံသည် ဖုန်းလိုင်းကနေ ဖြေးညှင်းစွာဖြတ်သန်းသွားတော့သည်။
"အနာဂတ်မှာ ကို့ကို ဝံပုလွေကြီးတစ်ကောင်လို့ပဲခေါ်ပါ။ကိုက ယဉ်ပါးပါတယ် မရိုင်းစိုင်းပါဘူး"
"........"
"............"
တီ တီ.....
ဖုန်းဟာ ချက်ချင်းပဲကျသွားခဲ့သည်။
လင်းဆွေ့ကျိုးဟာ နူးညံ့စွာ ချောင်းဆိုးလိုက်ပြီး သူ့လက်ထဲရှိ စာရွက်စာတမ်းများကို စတင်ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်၊အစည်းအဝေးကို ဆက်ရအောင်"
ဒရိုက်တာတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ သူတို့ဘာမှမမြင်လိုက်ရပုံ ဟန်ဆောင်လိုက်ကြတော့သည်။ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့——သူတို့ရဲ့ ဘောစ့်က အပြင်ဘက်မှာ အေးစက်ပေမဲ့ အတွင်းစိတ်ကတော့ နက်ရှိုင်းပြီးစိတ်အားထက်သန်တဲ့သူဖြစ်နေတာပဲ!!
မဟုတ်ဘူး!
သူက အရမ်းကိုကလူတတ်တာပဲ!
အရမ်းကလူတာက မသင့်လျော်ဘူး။
ဖုန်းချပြီးနှင့် ကျန်းထျန် အိပ်ယာပေါ်သို့ လှဲအိပ်လိုက်သည်။သူမသည် လူငယ်တွေရဲ့ ပျော်ရွှင်ဖွယ်အချစ်ရေးကနေ သင်ယူချင်ခဲ့ပေမဲ့လည်း အဆုံးမှာတော့ သူမဟာလှောင်ပြောင်ခံရခြင်းနဲ့သာအဆုံးသတ်ခဲ့သည်။ဒါရဲ့ ဒဏ်ကို လင်းဆွေ့ကျိုးခံနိုင်တယ်ဆိုတာ သူမအံ့ဩခဲ့မိသည်.....။
နောက်တစ်ကြိမ်သူမထပ်ပြီး သူ့ကို ကလူချင်စိတ်ရှိလာရင် သူ့ကို အချိန်မတိုင်ခင် အရင်အကြောင်းကြားထားသင့်တယ်။
နေ့လည်ရောက်တော့
ကျန်းထျန်ကလေးတွေကို ကျောင်းကနေသွားကြိုဖို့ပြင်လိုက်သည်။သူမကားသော့ကိုယူရင်း လင်းဆွေ့ကျိုးမောင်းနှင်လာသောကားသည် ကားဂိုဒေါင်ထဲသို့ ဝင်လာတာကို တစ်ချက်ကြည့်လိုက်သည်။
သူမ အနည်းငယ် မျက်ခုံးပင့်လိုက်ရင်း သူ့ဆီလျှောက်သွားလိုက်သည်။
ထိုအမျိုးသားသည် ကားပေါ်မှ ဆင်းကာ အဓိပ္ပါယ်ရှိသော အကြည့်များဖြင့် သူမကို စိုက်ကြည့်နေခဲ့သည်။
သူမ မနက်ကလုပ်လိုက်မိသည့် ရူးကြောင်ကြောင်အရာကိုတွေးမိပြီး ကျန်းထျန်ရဲ့မျက်နှာလေးသည် နီရဲသွားခဲ့သည်။
သူမ နူးညံ့ချောင်းဆိုးလိုက်ပြီးနောက်မှာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး
"ကို ဒီနေ့ အိမ်ကို စောစောပြန်လာတာပဲ"
လင်းဆွေ့ကျိုး၏ မျက်လုံးများသည် နူးညံ့သိမ်မွေ့သွားကာ အနည်းငယ် ကွေးတက်သွားပြီး
"ကို့မိန်းမက အိမ်မှာလေ သဘာဝအရပဲဒီလောင်ကုန်းက အိမ်စောစောပြန်လာချင်တာပေါ့"
"........."
"ကိုစကားပြောရင်း ဘာလို့အရမ်းကို ကပ်လာရတာလဲ?
သူမခေါင်းလေးကို လှည့်လိုက်ပြီး လင်းဆွေ့ကျိုးကို ရှက်ရွံ့စွာ တွန်းထုတ်လိုက်သည်။
လင်းဆွေ့ကျိုး လေးလေးနက်နက် ပြုံးလိုက်ပြီး သူမကို အပေါ်အောက် စိုက်ကြည့်လိုက်သည်။
ကျန်းထျန် သည် မကြာသေးမီက လူမှုရေး လှုပ်ရှားမှုများစွာ မပြုလုပ်ရတဲ့အတွက်ကြောင့် ကောင်းကောင်း၀တ်ဆင်ရန် ပျင်းရိခဲ့ပေသည်။
အိမ်မှာနေရင်း သက်တောင့်သက်သာနှင့် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အဝတ်အစားတွေသာ ဝတ်ပြီး မျက်နှာပြောင်ဖြင့်သာနေလေ့ရှိသည်။သူမဟာ အဝတ်အစားတွေ ပွပွပွပွတွေကိုသာ ၀တ်ဆင်ထားပေမယ့် သူမရဲ့ ကောင်းမွန်တဲ့ ရုပ်ရည်ကို တော့ဖုံးကွယ်ထားလို့ မရပေ။
လင်းဆွေ့ကျိုးသည် သူမ၏ ပျော့ပျောင်းသောခါးကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"အင်္ကျီသွားလဲကြစို့"
ကျန်းထျန် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး
"ဘာလို့လဲ?ချစ်ကရုပ်ဆိုးနေတယ်လို့ ကိုထင်လို့လား?"
သူပြောလိုက်သည်။
"ကိုတို့ ချိန်းတွေ့ကြမယ်လေ"
ကျန်းထျန် ခေါင်းလေးကိုငုံ့ပြီး သူမကိုယ်သူမ စစ်ဆေးလိုက်ပြီး
"ချစ် ဒိီတိုင်းသွားလို့လဲရတယ်"
လင်းဆွေ့ကျိုး သူ့မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ပြီး
"ကို့ကို တခြားယောင်္ကျားတွေက မနာလိုစေချင်တယ် ဒါကြောင့်......ချစ်ကို အဝတ်လဲခိုင်းဖို့ ကိုဒုက္ခပေးပါရစေ"
ကျန်းထျန် ပြုံးလိုက်ပြီး သူ့မျက်နှာကို ညှစ်ဖို့ လက်ကို ဆန့်လိုက်ပြီး
"ကို့ရဲ့ပါးစပ်လေးက ပါးရည်စမ်းထားသလား?စကားချိုချိုလေးတွေပြောတတ်တာပဲ"
ကျန်းထျန် အာရုံမထားမိချိန်မှာ သူရုတ်တရက်သူ့ခေါင်းလေးကိုငုံ့လိုက်ပြီး သူမရဲ့ ပါးစပ်ကို စုတ်လိုက်ပြီး သူမရဲ့လှပသော နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။ပြီးနောက်မှာ သူအသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"အခု ပျားရည်စမ်းလိုက်ပြီ"
"......."
ကောင်းပြီ၊ သူမ လင်းဆွေ့ကျိုးနဲ့မယှဉ်နိုင်ဘူး။သူမရဲ့ ကျိုးလေးက ပြောင်းလဲသွားပြီ။အရင်ကလို အထီးကျန်ပြီး အပြင်ပန်း အေးစက်တဲ့ကောင် လေးမျိုးတော့ မဟုတ်တော့ဘူး။
ZAWGYI
ေႏြဦးေရာက္ၿပီျဖစ္တဲ့အတြက္ ေက်ာင္းျပန္တက္ဖို႔ အခ်ိန္ေရာက္ၿပီျဖစ္သည္။
လ်န္ရွန႔္သည္ သူငယ္တန္းကေန မူလတန္းကို ေအာင္ျမင္စြာကူးေျပာင္းခဲ့ၿပီျဖစ္ၿပီး သူ႔အစ္ကိုနဲ႔အတူတူ ေက်ာင္းတက္ရမည္ျဖစ္တဲ့အတြက္ အရမ္းေပ်ာ္႐ႊင္ေနခဲ့သည္။
ဒါေပမဲ့လည္း......
ခ်င္းခ်င္းကေတာ့မေပ်ာ္႐ႊင္ေပ။
ဆိုလိုတာက သူမေလးတစ္ေယာက္တည္း သူငယ္တန္းမွာ က်န္ခဲ့ျခင္းေၾကာင့္ျဖစ္သည္။
မနက္အိပ္ယာထခ်ိန္ကေန မနက္စာစားခ်ိန္အထိ ကေလးမေလးက တစ္ခ်ိန္လုံး ဝမ္းနည္းေနခဲ့သည္။ေက်ာင္းဝတ္စုံဝတ္ထားသည့္ အိုးရန္ ကိုၾကည့္ရင္း သူမပို၍စိတ္မေကာင္းျဖစ္လာခဲ့သည္။
အိုးရန္သည္ ေက်ာင္းေျပာင္းေ႐ႊ႕ျခင္းလုပ္ငန္းစဥ္အားလုံးကို အကုန္လုံးလုပ္ေဆာင္ၿပီးၿပီျဖစ္သည္။
ဒီအခ်ိန္မွာ သူသည္ ထမင္းစားပြဲ၌ ထိုင္ေနၿပီး သူ႔ေျခေထာက္ေလးမ်ားကို အျပန္ျပန္အလွန္လွန္ လႈပ္ယမ္းကာ သူ႔မ်က္ႏွာေလးမွာေတာ့ စိတ္လႈပ္ရွားမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့သည္။
သူေပ်ာ္႐ႊင္ေနတယ္ဆိုတာ က်န္းထ်န္သိေပသည္။အိုးရန္ဟာ မရင္းႏွီးတဲ့တိုင္းျပည္မွာ သူဘယ္ေလာက္သနားစရာေကာင္းခဲ့လဲဆိုတာ သူထုတ္မေျပာေပမဲ့လည္း သူမသိေပသည္။ယခုမွာေတာ့သူသည္ ရင္းႏွီးတဲ့ ပတ္ဝန္းက်င္ကို ျပန္လည္ေရာက္ရွိၿပီး ေနာက္ထပ္ ညီအစ္ကို ႏွစ္ေယာက္ ထပ္ရရွိလာျခင္းေၾကာင့္ သဘာဝအတိုင္းပင္ သူသည္ အလြန္ေပ်ာ္႐ႊင္ေနပါသည္။
"ကေလးေတြ မနက္စာစားၿပီးရင္ ေက်ာင္းသြားၾကေတာ့။သားတို႔ႏွစ္ေယာက္က သားတို႔ညီေလးကို ကူၿပီးဂ႐ုစိုက္ရမယ္ ရန္မျဖစ္ရဘူး၊နားလည္လား?"
အိုးရန္နဲ႔ ခ်ဴယီဟာ သူတို႔ေခါင္းေလးေတြကို နာနာခံခံနဲ႔ညိတ္ၾကသည္။
"ခ်င္းခ်င္း" က်န္းထ်န္ သူမအၾကည့္ကို သူမေလးေပၚသို႔ေျပာင္းလိုက္သည္။
သူမေလးက ေခါင္းေလးကို ေမာ့ၾကည့္လာခဲ့သည္။
က်န္းထ်န္ သူမေလးရဲ႕ ႏူးညံ့သည့္ဆံပင္ေလးေတြကို ထိလိုက္ရင္း
"ေနာက္ႏွစ္ေရာက္ရင္ ေပါင္ေပ့လည္း ေပါင္ေပ့ရဲ႕ေကာေကာေတြနဲ႔ေက်ာင္းတူသြားလိမ့္မယ္၊စာေကာင္းေကာင္းလုပ္ ဟုတ္ၿပီလား?"
ကေလးမေလးက သူမပါးျပင္ေလးကို ပင့္တင္ကာ မေက်မနပ္ ေခါင္းညိတ္ျပလိုက္သည္။
ကေလးေတြ ေက်ာင္းသြားတာႏွင့္တၿပိဳင္နက္ တစ္အိမ္လုံး တိတ္ဆိတ္သြားေတာ့သည္။
ေနာက္ဆုံးမွာေတာ့ က်န္းထ်န္ဟာ သူမအတြက္ အခ်ိန္ရခဲ့ၿပီ။ခဏေလာက္ေလ့က်င့္ခန္းလုပ္ၿပီးေနာက္မွာ ဆိုဖာေပၚမွာလဲေလ်ာင္းရင္း ဇာတ္ကားၾကည့္ၿပီး system ကိုစစ္ေဆးလိုက္သည္။
သူမသည္ system မွလုပ္ခိုင္းေသာ အလုပ္မ်ားစြာကို ေအာင္ျမင္ၿပီးေျမာက္ေအာင္လုပ္ႏိုင္ခဲ့သည့္အတြက္ သူမ၏ဘဝသည္ အခုဆိုလုံၿခဳံလာၿပီး အရာအားလုံးကလည္း အလြန္ေခ်ာေမြ႕ေနပုံရသည္။
က်န္းထ်န္သည္ သုံးလတစ္ႀကိမ္လုပ္ခိုင္းသည့္ မစ္ရွင္အသစ္ကို ေက်နပ္စြာျဖင့္ ျပန္လည္ဆန္းသစ္ခဲ့ေပမဲ့ အေပၚကအေၾကာင္းအရာကို ျမင္လိုက္တဲ့အခါမွာ သူမႏွလုံးသားေလးဟာ ေအာက္ေျခကို ဆုံးဆုံးျမႇဳပ္သြားေတာ့သည္။
[သုံးလတစ္ႀကိမ္မစ္ရွင္ : host က ႏွစ္ဝက္အတြင္း လင္းခ်ဴယီကို သူ႔ရဲ႕ သာမန္စ႐ိုက္ျပန္ရေအာင္လုပ္ေဆာင္ေပးဖို႔လိုအပ္ပါသည္။အခ်ိန္အကန႔္အသတ္ေက်ာ္လြန္ျခင္း ဒါမွမဟုတ္ မစ္ရွင္က်ဆုံးပါက Host ရဲ႕ ဘဝအသက္ 15 ႏွစ္ ဆုံးရႈံးမွာျဖစ္ပါသည္။]
သူမရဲ႕ ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္ရင္းအိပ္ခန္းထဲသို႔ ျပန္ဝင္လာခဲ့သည္။
တံခါးကိုေသခ်ာပိတ္ထားေၾကာင္းစစ္ေဆးၿပီးေနာက္မွာ က်န္းထ်န္သည္ systemရဲ႕အမည္ကို ေအးစက္စြာေခၚလိုက္သည္။
"Xiao Ke၊ထြက္လာခဲ့"
[အသုံးျပဳသူ သင္ေခၚဆိုေနျခင္းက ဝန္ေဆာင္မႈတြင္မပါဝင္ပါဘူး]
"........"
က်န္းထ်န္ သည္ သူႏွင့္အတူ ကစားရန္ စိတ္မ၀င္စားသည့္အတြက္ အသက္ျပင္းျပင္းရွဴကာ အဓိကအေၾကာင္းအရာကိုသာ တည့္တည့္ေမးလိုက္သည္။
"တာဝန္အသစ္က ဘာျဖစ္တာလဲ?"
သူမကို မလွည့္စားႏိုင္တာကို ျမင္လိုက္ရေတာ့ Xiao Ke လက္ေလွ်ာ့လိုက္ၿပီး ေျပာလိုက္သည္။
"ဇာတ္ေၾကာင္းထဲမွာ ခ်ဴယီဗီလိန္အျဖစ္ေျပာင္းသြားရတာက သူ႔ရဲ႕ ဒုတိယစ႐ိုက္ေၾကာင့္ပဲ၊Hostက ကယ္တင္ရွင္အျဖစ္ေျပာင္းၿပီး ဒါကိုေျပာင္းလဲေပးရမယ္ ဒါေၾကာင့္.......အားဝူက တည္ရွိလို႔မရဘူး။သူတည္ေနသ၍ မေသခ်ာတဲ့ ေန႔ရက္ေတြကရွိေနဦးမွာပဲ"
"Love and Miracles" ဝတၳဳထဲမွာဆိုရင္ အရက္စက္ဆုံး ဗီလိန္က လင္းေဆြ႕က်ိဳး ဒါမဟုတ္ လင္းလ်န္ရွန႔္ မဟုတ္ဘူး အရာအားလုံးကို ေနာက္ကြယ္ကေနႀကိဳးကိုင္ေနသည့္ လင္းခ်ဴယီျဖစ္ေပသည္။အတိအက်ေျပာရလွ်င္ ဒါက သူရဲ႕ဒုတိယစ႐ိုက္မွျဖစ္သည္။သူသည္ သူ႔ညီငယ္ႏွင့္ ညီမငယ္ေလးကို မေကာင္းတာေတြလုပ္ေအာင္ ေသြးထိုးလႈပ္ေဆာ္္ကာ မိသားစုထဲမွာ ေမႊခဲ့ေသာ္လည္း သူကေတာ့သူ႔ရဲ႕အျပစ္ကင္းသည့္အမူအရာကို ထိန္းသိမ္းထားဆဲျဖစ္ၿပီး သူ႔ေဘးနားကလူေတြကို သူ႔အတြက္ မေကာင္းတဲ့အလုပ္ေတြလုပ္ေစခဲ့သည္။ဒါေတြေၾကာင့္ပဲ လင္းမိသားစုဟာ ဆုတ္ယုတ္လာခဲ့သည္။
က်န္းထ်န္၏ တာဝန္သည္ မူလဇာတ္သိမ္းကိုေျပာင္းလဲရန္ျဖစ္သည့္အတြက္ေၾကာင့္ သူမသည္အစပ်ိဳးသည့္အျမစ္အားလုံးကို ျဖဳတ္ရမည္ျဖစ္သည္။ထိုအျမစ္ကေတာ့ အားဝူကလြဲလို႔တျခားသူမျဖစ္ႏိုင္ေပ။
က်န္းထ်န္သည္ ဒီအမွန္တရားကို သဘာဝအရပဲ နားလည္ေပသည္။
ဒါေပမဲ့......
သူမ ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္လိုက္သည္။
သစ္ပင္မ်ားသည္ အဖူးအသစ္မ်ားေပါက္လာၿပီး မၾကာမီပင္ပြင့္ေတာ့မည့္ပုံေပၚေနေပသည္။
ေႏြဦးက ေရာက္လာၿပီျဖစ္ၿပီး ေႏြရာသီကလည္းမေဝးေတာ့ေပ။
"ငါ ဒီ တာဝန္ကို စြန႔္လႊတ္တယ္"
တိတ္ဆိတ္ေသာ အခန္းထဲတြင္ က်န္းထ်န္ ၏ အသံသည္ အထူးသျဖင့္ၿငိမ္သက္ေနခဲ့သည္။
Xiao Ke သည္ သူမ၏အေျဖေၾကာင့္ အံ့ဩသြားခဲ့သည္။အရင္တုန္းက သူမကိုေပးခဲ့သည့္တာဝန္ေတြသည္ မည္မွ်ပင္ ခက္ခဲပါေစ သူမၿပီးေျမာက္ေအာင္အေကာင္းဆုံးလုပ္ခဲ့ေပမဲ့ အခုေတာ့ သူမ တကယ္ပဲ.....
"ေဟး၊ ဒါက မင္းစတိုင္လ္ မဟုတ္ဘူးေလ"
"ငါ ဒီ တာဝန္ကို စြန႔္လႊတ္တယ္"
သူမ ဒါကိုပဲ ထပ္ေျပာျပန္သည္။
Xiao Ke အနည္းငယ္ စိတ္ရႈပ္သြားၿပီး
"Host မင္းရဲ႕ ဘဝသက္တမ္းအားလုံးေပါင္းကိုလည္းၾကည့္လိုက္ဦး။အဲ့တာအမ်ားဆုံး ခုႏွစ္ဆယ့္သုံးႏွစ္ေလာက္ပဲရွိတာ။မင္း ဒီတန္ဖိုးရွိတဲ့ 15 ႏွစ္ကို စြန႔္လႊတ္လိုက္မယ္ဆိုရင္ မင္းအသက္ 50 မွာေသလိမ့္မယ္။ဒီလိုမ်ိဳး အတုအေယာင္ လူတစ္ေယာက္အတြက္ ဒါကမထိုက္တန္ပါဘူး"
သူ႔စကားေၾကာင့္ က်န္းထ်န္ မ်က္ေမွာင္ၾကဳတ္သြားၿပီး သူ႔ကို ျပတ္သားေသာေလသံျဖင့္ အျမန္ျပင္ေျပာလိုက္သည္။
"သူက အတုအေယာင္လူတစ္ေယာက္မဟုတ္ဘူး သူက ငါ့သား"
"........"
".......ဘာလဲ?"
"လင္းဝူက ငါ့ကေလး။ငါ့ကေလးအတြက္ ငါ့အသက္ကို စြန႔္လႊတ္ႏိုင္ရင္ေတာင္ဒါက ထိုက္တန္တယ္။"
Xiao Ke သည္ အံႀကိတ္ကာ ေျပာစရာစကားမဲ့သြားေတာ့သည္။
က်န္းထ်န္ ဆက္ေျပာလိုက္သည္။
"တျခားလူေတြက ခ်ဴယီက မတူညီတဲ့စ႐ိုက္နဲ႔ စိတ္ေရာဂါရွိတဲ့သူလို႔ ထင္ေကာင္းထင္ႏိုင္ၿပီး အရမ္းေၾကာက္ဖို႔ေကာင္းတယ္လို႔လည္း ထင္ႏိုင္တယ္ ဒါေပမဲ့ ခ်ဴယီျဖစ္ျဖစ္ အားဝူျဖစ္ျဖစ္ ႏွစ္ေယာက္လုံးက ငါ့ကေလးေတြပဲ။သူတို႔က ခႏၶာကိုယ္တစ္ခုထဲကို အတူမွ်ေဝေနရေပမဲ့ သူတို႔ႏွစ္ေယာက္လုံးကတည္ရွိသင့္တယ္။မင္းဘာကို စိုးရိမ္ေနလဲဆိုတာ ငါသိေပမဲ့ သူတို႔ႏွစ္ေယာက္လုံးက ငါ့သားေတြျဖစ္လို႔ ငါမစိုးရိမ္ဘူး"
က်န္းထ်န္ သူမရဲ႕ လွပေသာ မ်က္ခုံးကို အနည္းငယ္ ပင့္တင္လိုက္ၿပီး
"မင္း ငါ့ဘဝသက္တမ္း 15 ႏွစ္ကို ဖ်က္သြားလို႔ရတယ္။ငါက ဒီတာဝန္ကို စြန႔္လႊတ္ဖို႔ ေ႐ြးခ်ယ္ေနဦးမွာပဲ"
Xiao Ke ေျပာစရာစကားမဲ့သြားၿပီး ဘာဆက္ေျပာရမလဲမသိေတာ့ေပ။တစ္ခ်ိန္တည္းမွာပင္ သူသည္ ေလးစားမႈအခ်ိဳ႕ရွိခဲ့ေသးသည္။
အဖိုးတန္တဲ့ သူမအသက္ကို ျပတ္ျပတ္သားသား စြန႔္လႊတ္ၿပီး သူမအသက္နဲ႔ဘဝ ေသမွာ မေၾကာက္ဘဲ သူမ ကေလးေတြကိုကာကြယ္ဖို႔ မားမားမတ္မတ္ရပ္တည္ခဲ့သည္၊ တကယ္ေတာ့ ဒါဟာ မိခင္တစ္ေယာက္ရဲ႕ စ႐ိုက္လကၡဏာျဖစ္ၿပီး အလြန္ေလးစားထိုက္ေပသည္။
ေနာက္တစ္စကစကၠန႔္မွာပဲ က်န္းထ်န္သည္ သူမရဲ႕လက္မ်ားကို ပြတ္သပ္ကာ ေသြးႀကီးသည့္အၿပဳံးၿပဳံးလိုက္ၿပီး
"ေကာင္းၿပီ...ငါ့အသက္ 50မွာ ေသရမယ္ဆိုတာ ဘဝက အရမ္းတိုလြန္းတယ္။ေနာက္ထပ္ အႏွစ္ 20 ဒါမွမဟုတ္ 30 ေလာက္ အသက္ရွင္ေအာင္ လုပ္ႏိုင္တဲ့ နည္းလမ္းေလးမ်ားရွိေသးလား?"
"........."
"................"
ခုနကေျပာခဲ့တဲ့စကားေတြက သူအရင္ကမေျပာဖူးဘူးေနာ္ သူ႐ူးသြားလို႔ပဲျဖစ္မယ္!
"Host တျခားတာဝန္ေလးေတြေတာ့ လက္ခံလို႔ရေသးတယ္။ဒါေပမဲ့ ဘဝသက္တမ္းဆုလာဘ္ကေတာ့ နည္းနည္း နိမ့္တယ္"
က်န္းထ်န္ : "ဘယ္ေလာက္လဲ?"
Xiao Ke စဥ္းစားလိုက္ၿပီး : "0.28 ရက္ အဲ့လိုမ်ိဳးေလးေတြေပါ့"
"........."
".......ထြက္သြားလိုက္ေတာ့"
Xiao Ke : စတာပါ၊ ေနာက္တာပါ။ Host ကဒီသုံးလပတ္မစ္ရွင္ကို စြန႔္လႊတ္လိုက္တဲ့အတြက္ လာမယ့္သုံးလပတ္မွာ မစ္ရွင္အသစ္ေပၚလာဖို႔သာ hostေစာင့္ဆိုင္းႏိုင္တယ္၊ ဒါေပမဲ့ Host သာသုံးလတစ္ႀကိမ္ မစ္ရွင္ကို သုံးႀကိမ္ဆက္တိုက္ စြန႔္လႊတ္လိုက္မယ္ဆိုရင္ Hostရဲ႕ဘဝသက္တမ္းကို လုံးလုံးလ်ားလ်ားကို ႏုတ္ယူသြားလိမ့္မယ္။"
"ငါသိၿပီ ၊ငါသိၿပီ"
က်န္းထ်န္ ေနာက္ဆုံးေတာ့ စိတ္သက္သာရာ ရသြားခဲ့သည္။ေနရာမွာတင္ မေသရသေ႐ြ႕ က်န္တာအားလုံးက အေရးမႀကီးေပ။
"Host၊ငါထြက္မသြားခင္ တစ္ခုေလာက္အတည္ျပဳခ်င္ေသးတယ္"
က်န္းထ်န္ အနည္းငယ္ စိတ္မရွည္စြာျဖင့္
"မင္းေျပာစရာရွိရင္ ျမန္ျမန္ေျပာ မင္းမွာသာဖင္ရွိရင္ ျမန္ျမန္ ပိတ္ကန္ခံေနရၿပီ"
ကြၽတ္ ကြၽတ္ ကြၽတ္ သူမကေတာ့ ခါတိုင္းလိုပဲ ရက္စက္လြန္းသည္။မစၥက်န္းကေတာ့ အရင္က မစၥက်န္းပဲ ျဖစ္ေနေသးတယ္။
"ကြၽန္ေတာ္ေသခ်ာခ်င္တာကေတာ့ Host မင္း ဒီကမာၻမွာပဲ ဆက္ေနေတာ့မွာလား၊အဆုံးမွာ မင္းရဲ႕ မူလကမာၻကို မျပန္ေတာ့ဘူးလား?"
က်န္းထ်န္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"ဒီအေၾကာင္းကို မင္းဘာလို႔ေမးတာလဲ?"
Xiao Ke : "Host သိရမွာ တစ္ခုရွိတယ္။Host ရဲ႕ မူလ ကမာၻမွာ Host က မီးေလာင္ခံရတဲ့ အတြက္ ကိုမာဝင္ေနတယ္။Host ဒီမွာေနဖို႔ ေ႐ြးခ်ယ္လိုက္ၿပီဆိုရင္ Host ရဲ႕ မူလကမာၻက ဘဝက ခ်က္ခ်င္းၿပီးဆုံးသြားလိမ့္မယ္။တကယ္လို႔ Host ရဲ႕ မူလ ကမာၻကို ျပန္မယ္လို႔ေ႐ြးခ်ယ္မယ္ဆိုရင္ ဒီကမာၻရဲ႕အသက္ကို Host ဆႏၵတစ္ခုနဲ႔ လဲလွယ္ႏိုင္တယ္။Host ဒါနဲ႔ပတ္သတ္ၿပီး ရွင္းရွင္းလင္းလင္းေတြးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္"
ေျပာၿပီးတာႏွင့္ system က ေပ်ာက္ကြယ္သြားေတာ့သည္။
က်န္းထ်န္ ေျခခ်ိတ္ထိုင္ရင္း သူမရဲ႕ ေမးေစ့ေလးကို လက္တစ္ဖက္နဲ႔ ေထာက္ထားလိုက္သည္။Xiao Ke က သူမကိုသတိမေပးဘူးဆိုရင္ေတာင္ လက္ေတြ႕ကမာၻမွာ သူမအေျခအေနက မေကာင္းဘူးဆိုတာ သူမ ခန႔္မွန္းႏိုင္ေပသည္။မီးက အရမ္းႀကီးေပသည္။သူမမလုပ္ခဲ့ဘူးဆိုရင္ေတာင္ မသန္မစြမ္းျဖစ္ရင္ ခက္ခဲေပလိမ့္မည္။သူမရဲ႕ တကယ့္ကမာၻမွာ က်န္းထ်န္မွာ ေဆြမ်ိဳးေတြလည္းမရွိသလို ရင္းႏွီးသည့္သူငယ္ခ်င္းေတြလည္းမရွိေပ။
သူမအတြက္ ဝမ္းနည္းၿပီး ငိုမယ့္သူေတြက သူမပရိတ္သတ္ေတြပဲရွိေပလိမ့္မည္။သူတို႔အတြက္ သူမအနည္းငယ္စိတ္မေကာင္းတာ ခံစားရေပမဲ့လည္း....... သူမျပန္မသြားဖို႔ ဆုံးျဖတ္လိုက္သည္။
အဲ့ဒီကမာၻမွာ စိုးရိမ္ပူပန္မႈေတြရွိေနရင္ အတိတ္ကို လြမ္းဆြတ္တြယ္တာေနရေတာ့မွာလဲ။အတိတ္မွာ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အဲ့တာေတြကို အိပ္မက္တစ္ခုလို႔ပဲ မွတ္ယူလိုက္ေတာ့မယ္။
Group chatကိုမဖြင့္မီ သူမရဲ႕စိတ္ခံစားခ်က္ေတြကို ေျဖေလွ်ာ့ရန္ သူမမ်က္ခုံးေတြကို ပြတ္သပ္လိုက္သည္။သူမသည္ သူတို႔ကို မေတြ႕တာၾကာၿပီျဖစ္၍ စစ္ေဆးၾကည့္ခ်င္မိသည္။
Group chat က အရမ္းကို လူသူကင္းမဲ့ေနေၾကာင္း က်န္းထ်န္ ေတြ႕ရွိလိုက္ရသည္။ေနာက္ဆုံးေပးပို႔ထားတဲ့ မွတ္တမ္းေတြက လြန္ခဲ့တဲ့တစ္လေလာက္ကျဖစ္သည္။ၾကည့္ရတာ ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္စရာပဲ။
[ဇနီးေကာင္းနဲ႔ ခ်စ္ရတဲ့ ေမေမ -က်န္းထ်န္ထ်န္:
ရွင္တို႔အားလုံး ေသကုန္ၿပီလား?ဘာလို႔တစ္ေယာက္မွ chatting မထိုင္ၾကတာလဲ?]
[ႀကီးျမတ္သည့္ မိန္းမစိုး-နင္းလင္း : date လုပ္ဖို႔ အလုပ္ရႈပ္ေနတယ္၊ chatting ထိုင္ဖို႔ အခ်ိန္မရွိဘူး]
[ဇြန္ဘီ ဘုရင္-ထန္ထန္ : date လုပ္ဖို႔ အလုပ္ရႈပ္ေနတယ္၊ chatting ထိုင္ဖို႔ အခ်ိန္မရွိဘူး]
[ေစတန္-ျမင့္ျမတ္ေသာအေမ: date လုပ္ဖို႔ အလုပ္ရႈပ္ေနတယ္၊ chatting ထိုင္ဖို႔ အခ်ိန္မရွိဘူး]
[ျမင့္ျမတ္ေသာအေမ-ေစတန္ :date လုပ္ဖို႔ အလုပ္ရႈပ္ေနတယ္၊ chatting ထိုင္ဖို႔ အခ်ိန္မရွိဘူး]
[ဇနီးေကာင္းနဲ႔ ခ်စ္ရတဲ့ ေမေမ -က်န္းထ်န္ထ်န္:
"........."]
........သူတို႔ တကယ္ပဲလား?
[ဇြန္ဘီ ဘုရင္-ထန္ထန္ : စင္ဂယ္ေဒါ့တစ္ေကာင္ပဲ ေန႔တိုင္း အင္တာနက္သုံးၿပီး အခ်ိန္ကုန္ေနလိမ့္မယ္။ငါအခု ငါ့ဟာငါ ျပဳျပင္မြန္းမံေနတယ္]
[ႀကီးျမတ္သည့္ မိန္းမစိုး-နင္းလင္း : ငါကအခုဆို တိုင္းျပည္ရဲ႕ ဘုရင္ျဖစ္သြားၿပီေလ။ေကာင္းကင္ဘုံက ခမည္းေတာ္ရဲ႕ ထိန္းခ်ဳပ္မႈကို ခံယူႏိုင္တဲ့ေန႔က်ရင္ ငါ ဒီgroup က ႏႈတ္ထြက္ေတာ့မယ္။ဒီအခြင့္အေရးကိုအသုံးျပဳၿပီး ငါလူတိုင္းကို ႀကိဳၿပီး ႏႈတ္ဆက္ထားခ်င္တယ္။]
[ေစတန္-ျမင့္ျမတ္ေသာအေမ: ငါလည္း နဲနဲရွက္ေပမဲ့ အဲ့လိုပါပဲ ]
[ဇနီးေကာင္းနဲ႔ ခ်စ္ရတဲ့ ေမေမ -က်န္းထ်န္ထ်န္:
.......ရွင္တို႔အားလုံးေျပာင္းလဲသြားၿပီပဲ]
[ဇြန္ဘီ ဘုရင္-ထန္ထန္ :ဟုတ္တယ္ ငါေျပာင္းလဲသြားၿပီ။ထ်န္ထ်န္ မင္းအလုပ္ႀကိဳးစားၿပီး အေမေကာင္းတစ္ေယာက္နဲ႔ ဇနီးေကာင္းတစ္ေယာက္ျဖစ္ေအာင္လုပ္ရမယ္။အာ!ဒီေန႔ကစၿပီး ငါတို႔မင္းကို ဘယ္ေတာ့မွ မနာလိုမျဖစ္ေတာ့ဘူး။]
ဒီအေျခအေနမွာ က်န္းထ်န္သည္ သူမကိုယ္သူမ ထုတ္ေဖာ္မျပႏိုင္ေအာင္ မည္သို႔တားဆီးရမွန္းမသိေတာ့ေပ။
သူမသက္ျပင္းခ်လိုက္ၿပီး စာတစ္ေစာင္ကို ေျဖးေျဖးခ်င္းစ႐ိုက္လိုက္သည္။
"အိုက္ယား၊ကြၽန္မက အခုဆို ကေလးေျခာက္ေယာက္ မာမီျဖစ္ေနၿပီေလ ဒါေပါ့ ရွင္တို႔နဲ႔ ဘယ္တူပါ့မလဲ။ဒါေပမယ့္ ကြၽန္မလည္းပဲႀကိဳၿပီး ႏႈတ္ဆက္ရမွာေပါ့။"
[ေစတန္-ျမင့္ျမတ္ေသာအေမ : ?? ဂ်ဴနီယာေလး၊မင္း ဘယ္လိုေတာင္လဲ? လူသားတစ္ေယာက္ကအနည္းဆုံး ဆယ္လ ကိုယ္ဝန္ေဆာင္ရတာမို႔လား?မင္းက လမေစ့ဘဲ အႁမႊာကေလးေမြးထားတာလား?]
[ဇြန္ဘီ ဘုရင္-ထန္ထန္ : ႏိုး ႏိုး ႏိုး မဟုတ္ေသးဘူး။ ဘယ္ေလာက္ပဲ လမေစ့ဘဲ ေမြးဖြားလာပါေစ၊ ငါတို႔လူသားေတြက ဒီေလာက္ ျမန္ျမန္ေမြးလို႔မရဘူး။ျဖစ္ႏိုင္တာ သူမက ဥႏွစ္လုံးတစ္ၿပိဳင္ထဲဥခဲ့တာျဖစ္ရမယ္၊ဟဟဟ]
ဒီလူေတြ သူမကို ဟာသေနတာကိုၾကားတဲ့အခါမွာ က်န္းထ်န္ဟာ ေဒါသတႀကီး chat window ကို ပိတ္လိုက္သည္။
Group ထဲကဒီလူေတြက သူမကို မနာလိုေနၾကတာပဲ!
ဘာကို ႀကီးက်ယ္တဲ့ dating လဲ?အခုသူမမွာ မိသားစုရွိေနၿပီေလ သူမကေတာ့ သူတို႔ကို လုံးဝ မနာလိုပါဘူးေနာ္ ဟမ္။
ေနာက္တစ္စကၠန႔္မွာပဲ က်န္းထ်န္ လင္းေဆြ႕က်ိဳး ဖုန္းကိုေခၚလိုက္သည္။ဖုန္းကိုင္လိုက္သည္ႏွင့္ က်န္းထ်န္က ႏႈတ္ခမ္းစူကာ ညဳတုတုအသံႏွင့္ ေျပာလိုက္သည္။
"ခ်စ္ရဲ႕ ဝံပုေလြ႐ိုင္းေလး ခ်စ္နဲ႔ ဒီည date လုပ္ခ်င္လား?"
ဖုန္းရဲ႕တစ္ျခားတစ္ဖက္မွာေတာ့။
ခန္းမက်ယ္ႀကီးသည္ တိတ္ဆိတ္သြားခဲ့သည္။
လက္ေထာက္သည္ ရွက္႐ြံ႕ဟန္ျဖင့္ ဖုန္းကိုလွမ္းကိုင္လိုက္စဥ္ စပီကာကို မေတာ္တဆဖြင့္လိုက္မိသည္။
လင္းေဆြ႕က်ိဳး ၏ အမူအရာသည္ အနည္းငယ္ တင္းမာေနၿပီး အမူအရာမဲ့စြာ ဖုန္းကို လွမ္းယူလိုက္သည္။စပီကာကို ပိတ္လိုက္ၿပီးေနာက္မွာ သူေျပာလိုက္သည္။
"ကို အခု အစည္းအေဝးခန္းထဲမွာ"
သူ႔စကားလုံးေတြက ေအးစက္ေနခဲ့သည္။
သူမရဲ႕အၿပဳံးဟာေအးခဲသြားၿပီး
"အိုး၊ကို ဆက္လုပ္လိုက္ဦး"
လင္းေဆြ႕က်ိဳး၏ ေသးသြယ္ေသာလက္ေခ်ာင္းမ်ားက စားပြဲေပၚကို ညင္သာစြာ ပုတ္လိုက္ၿပီး သူ၏ နက္ေမွာင္ေသာ မ်က္လုံးမ်ားသည္ ႏူးညံ့ေသာ အၿပဳံးျဖင့္ ျဖည္းညႇင္းစြာ လႈိင္းဂယက္မ်ားထသြားခဲ့သည္။
"ကို ခဏေလာက္ေနရင္ ျပန္ေခၚလိုက္မယ္"
က်န္းထ်န္ ျမန္ျမန္ ျပန္ေျဖလိုက္သည္။
"အလ်င္မလိုပါဘူး။ကိုအစည္းအေဝးရွိေနတာပဲ ခ်စ္ကို႔ကို မေႏွာက္ယွက္ေတာ့ပါဘူး"
"အင္း"
ဖုန္းခ်ခါနီးတြင္ သူ႔ရဲ႕ စိတ္ေအးလက္ေအးအသံသည္ ဖုန္းလိုင္းကေန ေျဖးညႇင္းစြာျဖတ္သန္းသြားေတာ့သည္။
"အနာဂတ္မွာ ကို႔ကို ဝံပုေလြႀကီးတစ္ေကာင္လို႔ပဲေခၚပါ။ကိုက ယဥ္ပါးပါတယ္ မ႐ိုင္းစိုင္းပါဘူး"
"........"
"............"
တီ တီ.....
ဖုန္းဟာ ခ်က္ခ်င္းပဲက်သြားခဲ့သည္။
လင္းေဆြ႕က်ိဳးဟာ ႏူးညံ့စြာ ေခ်ာင္းဆိုးလိုက္ၿပီး သူ႔လက္ထဲရွိ စာ႐ြက္စာတမ္းမ်ားကို စတင္ၾကည့္လိုက္သည္။
"ေတာင္းပန္ပါတယ္၊အစည္းအေဝးကို ဆက္ရေအာင္"
ဒ႐ိုက္တာေတြက တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၿပီး ေခါင္းငုံ႔ကာ သူတို႔ဘာမွမျမင္လိုက္ရပုံ ဟန္ေဆာင္လိုက္ၾကေတာ့သည္။ဒါေပမဲ့ သူတို႔စိတ္ထဲမွာေတာ့——သူတို႔ရဲ႕ ေဘာစ့္က အျပင္ဘက္မွာ ေအးစက္ေပမဲ့ အတြင္းစိတ္ကေတာ့ နက္ရႈိင္းၿပီးစိတ္အားထက္သန္တဲ့သူျဖစ္ေနတာပဲ!!
မဟုတ္ဘူး!
သူက အရမ္းကိုကလူတတ္တာပဲ!
အရမ္းကလူတာက မသင့္ေလ်ာ္ဘူး။
ဖုန္းခ်ၿပီးႏွင့္ က်န္းထ်န္ အိပ္ယာေပၚသို႔ လွဲအိပ္လိုက္သည္။သူမသည္ လူငယ္ေတြရဲ႕ ေပ်ာ္႐ႊင္ဖြယ္အခ်စ္ေရးကေန သင္ယူခ်င္ခဲ့ေပမဲ့လည္း အဆုံးမွာေတာ့ သူမဟာေလွာင္ေျပာင္ခံရျခင္းနဲ႔သာအဆုံးသတ္ခဲ့သည္။ဒါရဲ႕ ဒဏ္ကို လင္းေဆြ႕က်ိဳးခံႏိုင္တယ္ဆိုတာ သူမအံ့ဩခဲ့မိသည္.....။
ေနာက္တစ္ႀကိမ္သူမထပ္ၿပီး သူ႔ကို ကလူခ်င္စိတ္ရွိလာရင္ သူ႔ကို အခ်ိန္မတိုင္ခင္ အရင္အေၾကာင္းၾကားထားသင့္တယ္။
ေန႔လည္ေရာက္ေတာ့
က်န္းထ်န္ကေလးေတြကို ေက်ာင္းကေနသြားႀကိဳဖို႔ျပင္လိုက္သည္။သူမကားေသာ့ကိုယူရင္း လင္းေဆြ႕က်ိဳးေမာင္းႏွင္လာေသာကားသည္ ကားဂိုေဒါင္ထဲသို႔ ဝင္လာတာကို တစ္ခ်က္ၾကည့္လိုက္သည္။
သူမ အနည္းငယ္ မ်က္ခုံးပင့္လိုက္ရင္း သူ႔ဆီေလွ်ာက္သြားလိုက္သည္။
ထိုအမ်ိဳးသားသည္ ကားေပၚမွ ဆင္းကာ အဓိပၸါယ္ရွိေသာ အၾကည့္မ်ားျဖင့္ သူမကို စိုက္ၾကည့္ေနခဲ့သည္။
သူမ မနက္ကလုပ္လိုက္မိသည့္ ႐ူးေၾကာင္ေၾကာင္အရာကိုေတြးမိၿပီး က်န္းထ်န္ရဲ႕မ်က္ႏွာေလးသည္ နီရဲသြားခဲ့သည္။
သူမ ႏူးညံ့ေခ်ာင္းဆိုးလိုက္ၿပီးေနာက္မွာ ေျခလွမ္းအနည္းငယ္လွမ္းလိုက္ၿပီး
"ကို ဒီေန႔ အိမ္ကို ေစာေစာျပန္လာတာပဲ"
လင္းေဆြ႕က်ိဳး၏ မ်က္လုံးမ်ားသည္ ႏူးညံ့သိမ္ေမြ႕သြားကာ အနည္းငယ္ ေကြးတက္သြားၿပီး
"ကို႔မိန္းမက အိမ္မွာေလ သဘာဝအရပဲဒီေလာင္ကုန္းက အိမ္ေစာေစာျပန္လာခ်င္တာေပါ့"
"........."
"ကိုစကားေျပာရင္း ဘာလို႔အရမ္းကို ကပ္လာရတာလဲ?
သူမေခါင္းေလးကို လွည့္လိုက္ၿပီး လင္းေဆြ႕က်ိဳးကို ရွက္႐ြံ႕စြာ တြန္းထုတ္လိုက္သည္။
လင္းေဆြ႕က်ိဳး ေလးေလးနက္နက္ ၿပဳံးလိုက္ၿပီး သူမကို အေပၚေအာက္ စိုက္ၾကည့္လိုက္သည္။
က်န္းထ်န္ သည္ မၾကာေသးမီက လူမႈေရး လႈပ္ရွားမႈမ်ားစြာ မျပဳလုပ္ရတဲ့အတြက္ေၾကာင့္ ေကာင္းေကာင္း၀တ္ဆင္ရန္ ပ်င္းရိခဲ့ေပသည္။
အိမ္မွာေနရင္း သက္ေတာင့္သက္သာႏွင့္ ေပါ့ေပါ့ပါးပါးျဖစ္တဲ့ အဝတ္အစားေတြသာ ဝတ္ၿပီး မ်က္ႏွာေျပာင္ျဖင့္သာေနေလ့ရွိသည္။သူမဟာ အဝတ္အစားေတြ ပြပြပြပြေတြကိုသာ ၀တ္ဆင္ထားေပမယ့္ သူမရဲ႕ ေကာင္းမြန္တဲ့ ႐ုပ္ရည္ကို ေတာ့ဖုံးကြယ္ထားလို႔ မရေပ။
လင္းေဆြ႕က်ိဳးသည္ သူမ၏ ေပ်ာ့ေပ်ာင္းေသာခါးကို ဆုပ္ကိုင္လိုက္ၿပီး ေျပာလိုက္သည္။
"အက်ႌသြားလဲၾကစို႔"
က်န္းထ်န္ သူ႔ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး
"ဘာလို႔လဲ?ခ်စ္က႐ုပ္ဆိုးေနတယ္လို႔ ကိုထင္လို႔လား?"
သူေျပာလိုက္သည္။
"ကိုတို႔ ခ်ိန္းေတြ႕ၾကမယ္ေလ"
က်န္းထ်န္ ေခါင္းေလးကိုငုံ႔ၿပီး သူမကိုယ္သူမ စစ္ေဆးလိုက္ၿပီး
"ခ်စ္ ဒိီတိုင္းသြားလို႔လဲရတယ္"
လင္းေဆြ႕က်ိဳး သူ႔မ်က္လုံးမ်ားျဖင့္ စူးစိုက္ၾကည့္လိုက္ၿပီး
"ကို႔ကို တျခားေယာက်ၤားေတြက မနာလိုေစခ်င္တယ္ ဒါေၾကာင့္......ခ်စ္ကို အဝတ္လဲခိုင္းဖို႔ ကိုဒုကၡေပးပါရေစ"
က်န္းထ်န္ ၿပဳံးလိုက္ၿပီး သူ႔မ်က္ႏွာကို ညႇစ္ဖို႔ လက္ကို ဆန႔္လိုက္ၿပီး
"ကို႔ရဲ႕ပါးစပ္ေလးက ပါးရည္စမ္းထားသလား?စကားခ်ိဳခ်ိဳေလးေတြေျပာတတ္တာပဲ"
က်န္းထ်န္ အာ႐ုံမထားမိခ်ိန္မွာ သူ႐ုတ္တရက္သူ႔ေခါင္းေလးကိုငုံ႔လိုက္ၿပီး သူမရဲ႕ ပါးစပ္ကို စုတ္လိုက္ၿပီး သူမရဲ႕လွပေသာ ႏႈတ္ခမ္းမ်ားကို ပြတ္သပ္လိုက္သည္။ၿပီးေနာက္မွာ သူအသံတိုးတိုးေလးျဖင့္ ေျပာလိုက္သည္။
"အခု ပ်ားရည္စမ္းလိုက္ၿပီ"
"......."
ေကာင္းၿပီ၊ သူမ လင္းေဆြ႕က်ိဳးနဲ႔မယွဥ္ႏိုင္ဘူး။သူမရဲ႕ က်ိဳးေလးက ေျပာင္းလဲသြားၿပီ။အရင္ကလို အထီးက်န္ၿပီး အျပင္ပန္း ေအးစက္တဲ့ေကာင္ ေလးမ်ိဳးေတာ့ မဟုတ္ေတာ့ဘူး။