Unicode Version
မြို့ပြင်ကိုထွက်သောလမ်းမထက်မှာ အပူတပြင်းရွေ့လျားနေသောကားတစ်စီးနှင့် ထိုကားပေါ်မှသောကများဟာ သွားရာလမ်းတစ်လျှောက် ပြန့်ကြဲနေခဲ့လေရာ ပူပြင်းသောရာသီဥတုသည်ပင် ပို၍တောက်လောင်လျက်သား...။
GPSမှာဖော်ပြနေသော တည်နေရာပြအမှတ်အသားလေးကတော့ တစ်နေရာတည်းမှာသာ မြဲမြဲမြံမြံရပ်တန့်နေလေသည်။
ထို့ကြောင့် စွမ်းစေတမာန်တို့ကလည်း ထိုနေရာကို မြန်နိုင်သမျှမြန်မြန်မောင်းနှင်လာခဲ့ကြသည်။ ထိုနေရာသည်ကား လူသူပြတ်လပ်သောဧရိယာတစ်ခုအတွင်းတွင် တည်ရှိလေရာ သူတို့လည်း ကားကို ခပ်ဝေးဝေးမှာရပ်ထားခဲ့ပြီး ထိုနေရာအထိရောက်ဖို့ကိုတော့ သူတို့၏ခြေထောက်များကိုသာ အားကိုးခဲ့ကြသည်။
ရည်ရွယ်ရာနေရာသို့ရောက်သောအခါ အိုမင်းဟောင်းနွမ်းနေသောအိမ်တစ်လုံးကို တွေ့လိုက်ရသည်။ အသံဗလံတို့ကား တိတ်ဆိတ်လျက်။ လူရိပ်သူရိပ်လည်း လုံးဝမတွေ့ရချေ။
အဖွဲ့ထဲမှာ အသက်အကြီးဆုံးလူဖြစ်သော ဦးထွန်းရှိန်က အဆောတလျင်မလှုပ်ရှားရန် အချက်ပြလာသဖြင့် သူတို့လူငယ်တစ်သိုက်လည်း အိမ်ကြီး၏ပတ်ပတ်လည်ကို ဦးစွာစစ်ဆေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
ထိုအခါ အိမ်ကြီး၏ အနောက်ဘက်ခြမ်းတွင်ရပ်ထားသော ခပ်သေးသေးထရပ်ကားတစ်စီးကိုသွားတွေ့သည်။ ရုတ်တရက်ဆိုသလို ထရပ်ကားပေါ်မှလူတစ်ယောက်ပြေးဆင်းလာသဖြင့် သူတို့မှာ အလျင်အမြန်ပြန်ပုန်းလိုက်ရသေးသည်။
ထိုလူက နောက်ဖေးပေါက်မှတစ်ဆင့် အိမ်ကြီးထဲကိုဝင်သွားပြီး အတွင်းရှိလူတချို့နှင့် စကားပြောနေသည်ကို သူတို့ကြားနေရသည်။ အသံများကိုနားထောင်ကြည့်ပုံအရ အိမ်ထဲမှာ လူသုံးယောက်ခန့်ရှိနေသည်ဟု ခန့်မှန်းလိုက်နိုင်သည်။
"ဝင်မလား.."
နံရံကိုအကာအကွယ်ယူရင်း အတွင်းဘက်ကိုချောင်းကြည့်နေသော စွမ်းစေတမာန်က ဦးထွန်းရှိန်အား လှမ်းမေးလိုက်သည်။
ဦးထွန်းရှိန် ဘာမှပြန်မဖြေနိုင်ခင်မှာပင် သူတို့၏အနောက်ဘက်ဆီမှ ခပ်ဆတ်ဆတ်အသံတစ်သံက ကျယ်လောင်စွာပေါ်ထွက်လာသည်။
"မင်းတို့ ဘယ်သူတွေလဲ။ ဒီမှာ ဘာလုပ်နေကြတာလဲ"
ထိုအသံကြောင့် အိမ်ထဲရှိလူများထံမှ လှုပ်ရှားသံတချို့ကိုကြားလိုက်ရသည့်အတွက် စွမ်းစေတမာန်တို့လည်း မတတ်သာဘဲ စတင်တိုက်ခိုက်ရတော့သည်။
သို့သော် ထူးဆန်းစွာပင် ထိုလူတို့ဟာ ကိုင်တွယ်ရလွယ်ကူလွန်းနေသည့်အတွက် ငါးမိနစ်အကြာမှာပင် အမှောက်လှဲသိပ်နိုင်ခဲ့သည်။ သူတို့အားလုံး၏စိတ်ထဲ တစ်စုံတစ်ရာထူးဆန်းနေတာကိုတော့ အာရုံခံနိုင်ခဲ့သည်။
"တစ်ခုခုတော့ထူးဆန်းနေသလိုပဲ"
မြေပြင်ပေါ်မှာလဲကျပြီး မထနိုင်လောက်အောင်ဖြစ်နေသည့်လူများကိုကြည့်ရင်း စွမ်းစေတမာန်နှင့် ဦးထွန်းရှိန်မှာ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်မိကြသည်။
ထို့နောက် နှစ်ယောက်သားတိုင်ပင်မထားပါဘဲ အိမ်ကြီးထဲသို့အတူပြေးဝင်ကာ နေရာအနှံ့ကိုစစ်ဆေးသည်။ နေရာတစ်ခုလုံးကား ညစ်ပေရှုပ်ပွနေရုံမှလွဲ၍ အခြားဘာမှမရှိ။
"ကျွန်တော်တို့လှည့်စားခံလိုက်ရပြီ"
အားမလိုအားမရရေရွတ်ရင်း တောက်တစ်ချက်ခေါက်လိုက်သောစွမ်းစေတမာန်ကြောင့် စေတသိုက်၊ညီမိုးဆွေနှင့် စျာန်မင်းသော်တို့သုံးယောက်ခမျာ ပါးစပ်အဟောင်းသား..။ ဝဠာဟိန်းပိုင်ကတော့ တိတ်တဆိတ်ဖြင့် အခြေအနေကိုသုံးသပ်နေဆဲ။
ဦးထွန်းရှိန်ကတော့ မြေပြင်ပေါ်မှာ တုံးလုံးပက်လက်လဲနေကြသောလူတွေထဲမှ တစ်ယောက်ကိုဆွဲထူပြီး ဒေါသတကြီးစစ်မေးနေတော့သည်။
"သူဘယ်မှာလဲ"
စွမ်းစေတမာန်ကတော့ အိမ်ကြီး၏နောက်ဖေးဘက်မှာရပ်ထားသောထရပ်ကားပေါ်သို့တက်ကာ တစ်စုံတစ်ခုကိုမွှေနှောက်ရှာဖွေနေတော့သည်။ စေတသိုက်တို့ကလည်း သဘောပေါက်သွားသဖြင့် သူတို့ပါဝင်ရှာပေးလေရာ ခဏအတွင်းမှာပင် သူတို့ရှာနေသောအရာကိုတွေ့သည်။
နှိုင်းအမြုတေ၏နာရီပင်။ နာရီမှပြသောတည်နေရာအတိုင်း သူတို့လိုက်နေခဲ့သော်လည်း တစ်ဖက်က ရိပ်မိသွားဟန်ပင်။
ဦးထွန်းရှိန်ကလည်း ထိုနာရီကိုမြင်သည်နှင့် စွမ်းစေတမာန် သူ့သားအတွက်ပေးထားသောနာရီဖြစ်ကြောင်း တန်းသိလိုက်သည်။ သူတို့ ရေလိုက်လွဲလာခဲ့ခြင်းပင်။ တစ်ဖက်က သူတို့ကိုလှည့်စားလိုက်လေပြီ။ ဤလူတစ်စုမှာ ဘာမှမဆိုင်သောအပြင်လူများသာ ဖြစ်ချေသည်။
"ဘာဆက်လုပ်ကြမလဲ"
စေတသိုက်က လမ်းပျောက်နေဟန်ဖြင့်မေးခွန်းထုတ်လာသည့်အခါ ကျန်နှစ်ယောက်ကပါ စွမ်းစေတမာန်အား မရေမရာလှည့်ကြည့်လာကြသည်။
"ဘယ်နေရာမှာလွဲသွားတာလဲ"
ခပ်တိုးတိုးရေရွတ်ရင်း အားမလိုအားမရဖြစ်နေသောစွမ်းစေတမာန်မှာလည်း လမ်းစပျောက်နေလေ၏။
ထိုအခါ တစ်ချိန်လုံးငြိမ်သက်နေသောဝဠာဟိန်းပိုင်က စတင်လှုပ်ရှားလာပြီး အထင်လွဲပြီးအထိုးအနှက်ခံထားရသောလူတွေနားကို လျှောက်သွားသည်။
ထိုလူတို့မှာလည်း သူတို့နားသို့ ဝဠာဟိန်းပိုင်ကပ်လာသည်ကိုမြင်သည်နှင့် ကြောက်လန့်တကြားနောက်ဆုတ်သွားကြသော်လည်း ထွက်ပြေးဖို့တော့ အင်အားမရှိတော့ချေ။
"စိတ်မပူနဲ့။ ခင်ဗျားတို့ကို တစ်ခုလောက်မေးချင်ရုံပဲ"
"ဘာ.. ဘာမေးမှာလဲ"
တစ်ဖက်ကအမျိုးသားကြီးခမျာ ဝဠာဟိန်းပိုင်ကို မဝံ့မရဲကြည့်ကာ မယုံကြည်နိုင်ဖြစ်နေဆဲပင်။ သူသည် ဝဠာဟိန်းပိုင်က သူ့အား စိတ်မထင်လျှင်မထင်သလို ထရိုက်မှာကြောက်နေသေးရှာသည်။
"ခင်ဗျားတို့ ဒီထရပ်ကားနဲ့တစ်နေရာရာကပြန်လာတာမလား"
"ဟုတ်တယ်လေ။ ငါတို့အလုပ်ပြီးလို့ မြို့ထဲကနေဖြတ်ပြီးပြန်လာတာ"
"လမ်းကြောင်းကိုပြော"
"ဟမ်"
ရုတ်ချည်းဆိုသလို ဝဠာဟိန်းပိုင်သိချင်နေသောအကြောင်းအရာနှင့်ပတ်သက်ပြီး သဘောပေါက်သွားသော ဥာဏ်လျင်သူနှစ်ယောက်ကတော့ ဦးထွန်းရှိန်နှင့်စွမ်းစေတမာန်ပင်။
ထို့ကြောင့် သူတို့လည်း ထိုစကားဝိုင်းထဲသို့ဝင်ရောက်လာသည်။
"မင်းတို့လာခဲ့တဲ့လမ်းကြောင်းကို အတိအကျပြော.."
တစ်ဖက်လူက တုံ့နှေးနှေးလုပ်နေသဖြင့် စိတ်မရှည်တော့သောဦးထွန်းရှိန်က လေသံခပ်ပြတ်ပြတ်ဖြင့်အော်ဟစ်လေတော့သည်။ ထိုအခါ ထိုလူကြီးကလည်း ဦးထွန်းရှိန်၏ကြောက်စရာကောင်းသောအရှိန်အဝါကို မတွန်းလှန်နိုင်တော့ဘဲ အကုန်ပြောပြရှာသည်။
"ဟိုင်းဝေးလမ်းကနေ မြို့ပတ်လမ်းအထိ.."
"ခဏလေး ခဏလေး ဆယ်နာရီနောက်ပိုင်းမှာ ရောက်နေတဲ့နေရာကိုပဲပြောတော့"
ဆယ်နာရီနောက်ပိုင်းမှာ အရှုပ်အထွေးများစတင်ချိန်မို့ ထိုအချိန်နောက်ပိုင်းကိုသာ ဦးစားပေး၍စဥ်းစားရမည်သာ။ ထို့အတွက် စွမ်းစေတမာန်က အမြော်အမြင်ရှိရှိဖြင့် အချိန်အပိုင်းအခြားကန့်သတ်ပေးလိုက်ခြင်းပင်။
"ဆယ်နာရီနောက်ပိုင်းမှာ ကျွန်တော်တို့က မြို့လယ်ခေါင်က အမျိုးသားပြတိုက်နားမှာရှိနေတာ"
"သေချာလား"
"သေချာပါတယ်"
"ဘာလို့အချိန်အတိအကျနဲ့နေရာအတိအကျကိုမှတ်မိနေတာလဲ"
စျာန်မင်းသော်က သူသံသယရှိသည့်အချက်ကို ဝင်မေးလာသည့်အခါ ထိုသံသယဟာ သဘာဝကျသည်မို့ ကျန်လူများကလည်း တစ်ဖက်လူဘာပြန်ဖြေလာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ဆိုင်းနေကြ၏။
ထိုလူပြန်ဖြေလာသည်မှာ...
"အဲ့ဒီတုန်းက ကျွန်တော်တို့အလုပ်ပြီးလို့အိမ်ပြန်ဖို့ထွက်လာခဲ့ကြတာလေ။ မနက်စာလည်းမစားရသေးတော့ ဆယ်နာရီတိတိမှာပဲ အဲ့ဒီနားက စားနေကျဆိုင်မှာဝင်စားနေတာ"
"ဒါဆို ကားကိုလည်းဆိုင်ရှေ့မှာပဲရပ်ထားခဲ့တာပေါ့"
ဦးထွန်းရှိန်၏မေးခွန်းကို ထိုလူကလည်း ခေါင်းညိတ်ပြ၍ဖြေသည်။
စွမ်းစေတမာန်နှင့်ဦးထွန်းရှိန်တို့ကတော့ လျှပ်တပြက်အတွင်း ခေါင်းထဲမှာတွက်ချက်မှုတချို့လုပ်ပြီး ခပ်သွက်သွက်လှုပ်ရှားရန် ကျန်လူများကိုပါလောဆော်လိုက်သည်။
"မြန်မြန်လာ.. သွားကြမယ်"
ရှေ့ဆုံးမှ အဆောတလျင်နိုင်စွာပြေးသွားသည့် စွမ်းစေတမာန်နှင့်ဦးထွန်းရှိန်တို့၏အနောက်ကို ဝဠာဟိန်းပိုင်က ထပ်ကြပ်မကွာလိုက်နေလေရာ ကျန်နေသောစေတသိုက်တို့ကလည်း ဘာမှနားမလည်သေးသော်ငြား အနောက်မှခပ်မြန်မြန်လိုက်လာခဲ့ကြသည်။
မလှမ်းမကမ်းမှာရပ်ထားခဲ့သော သူတို့ကားပေါ်သို့ လူစုံတက်စုံရောက်ကြသည့်အခါမှာ ဦးထွန်းရှိန်က ကားမောင်းသူနေရာမှာဝင်ထိုင်လိုက်ပြီး ထိုနေရာမှခပ်သွက်သွက်မောင်းထွက်လာလေတော့သည်။
စွမ်းစေတမာန်ကတော့ သူ့အဘိုးဆီသို့ဖုန်းဆက်ပြီး တစ်စုံတစ်ခုကို အကူအညီတောင်းနေ၏။
"ဘာတွေဖြစ်နေတာလဲ"
ညီမိုးဆွေက ဝဠာဟိန်းပိုင်ကိုလှမ်းကြည့်လိုက်၊ စွမ်းစေတမာန်ကိုလှမ်းကြည့်လိုက်နှင့် အလုပ်ရှုပ်နေရှာ၏။
"ခုနကလူတွေက မြို့ပတ်လမ်းဘက်ကနေလာပြီး မြို့လယ်ခေါင်မှာနားနေကြတာ။ GPSထဲမှာပြနေတဲ့လမ်းကြောင်းက အစပိုင်းမှာ ဟိုတယ်ကနေ လမ်းမကြီးပေါ်ကိုရောက်တယ်။ ပြီးတော့ လမ်းကြိုလမ်းကြားတွေထဲကို ပတ်မောင်းတယ်။ နောက်တော့မှ မြို့လယ်ခေါင်ကလမ်းမကြီးပေါ်ကိုတက်သွားတာ။ ဒီတော့ ဒီလမ်းကြောင်းနှစ်ခုမှာ ဗဟိုဖြစ်နေတာက မြို့လယ်ခေါင်ပဲ"
အဆုံးမှာ အဖြေပေးလာသူကား ဝဠာဟိန်းပိုင်ပင်။ ဦးထွန်းရှိန်နှင့် စွမ်းစေတမာန်က ဖုန်းကိုယ်စီနှင့်အလုပ်ရှုပ်နေသောကြောင့် သူတို့ကို ဂရုမစိုက်အားချေ။
"အဲ့ဒီတော့.."
"အဲ့ဒီတော့ မြို့လယ်ခေါင်ကိုမရောက်ခင်ကအထိ ငါတို့ခြေရာခံမိနေတာက သွန်းစေဖြိုးရဲ့ကားဆိုတာ သေချာတယ်။ မြို့လယ်ခေါင်ကိုရောက်တော့မှ သူတို့ကားက ရုတ်တရက်ကြီးလမ်းကြောင်းပြောင်းပြီး လမ်းမကြီးပေါ်ကိုတက်လာတယ်။ ဘာလို့လဲတော့ငါမသိဘူး။ ပိုလုံခြုံချင်ရင် စီစီတီဗီတွေနေရာအနှံ့ရှိနေတဲ့လမ်းမကြီးပေါ်ကိုတက်မလာတာအကောင်းဆုံးပဲ။ သူတို့ရူးတာလားဘာလားတော့မပြောတတ်ဘူး။ ဒါပေမဲ့ သူတို့လမ်းမကြီးပေါ်ကိုတက်လာတယ်။ ပြီးတော့ သူတို့ နှိုင်းအမြုတေရဲ့နာရီကို ခုနကလူတွေရဲ့ကားပေါ်ကို ပစ်တင်ခဲ့ပြီး ငါတို့ကိုလမ်းကြောင်းလွှဲလိုက်တယ်.. အဲ့ဒါပဲ"
"သြော်.. ဒီတော့ ငါတို့က ခုနကလူတွေရဲ့ကားကို စီစီတီဗီကနေခြေရာခံလိုက်ရင် ပြန်ပေးဆွဲသွားတဲ့ကောင်တွေရဲ့ကားကိုပါ ခြေရာခံမိမယ်ပေါ့"
ယခုမှသာ ကိစ္စတွေကိုရေရေရာရာနားလည်သွားကြသော စေတသိုက်တို့တစ်တွေဟာလည်း အခြေအနေကို မှန်ကန်စွာသုံးသပ်နိုင်သွားကြလေသည်။
"အဲ့ဒီသဘောပဲ"
စီစီတီဗီထဲမှခြေရာခံနိုင်လျှင်တောင် တည်နေရာအတိအကျကို သိနိုင်မှာမဟုတ်။ သွန်းစေဖြိုးတို့ဟာ သေချာပေါက် စီစီတီဗီမရှိသည့်လမ်းကြောင်းအတိုင်းဆက်သွားမှာ ကျိန်းသေပင်။ သို့သော် သူတို့အဖို့တော့ သွန်းစေဖြိုးထွက်ပြေးသွားသောလမ်းကြောင်းလေးကို သိရရုံမျှဖြင့် လုံလောက်သည်။
နောက်ပိုင်းကိစ္စများကို စွမ်းစေတမာန်၏အဘိုးထံမှအကူအညီဖြင့် နယ်မြေခံရဲများနှင့်အတူချိတ်ဆက်ပြီး ဆက်လုပ်သွားလျှင်ဖြစ်သည်။
မျှော်လင့်ချက်ရောင်ခြည်ကား တစ်ဖန်ပြန်လင်းလက်လာပြီမို့ သူတို့၏စိတ်တွေလည်း သိပ်မလေးလံတော့ချေ။ သို့သော် နှိုင်းအမြုတေ အန္တရာယ်ကင်းဖို့ကိုတော့ တိတ်တိတ်လေးဆုတောင်းနေရဆဲပင်။
အငြှိုးအတေးကြောင့်ဖြစ်သည့် ပြန်ပေးဆွဲမှုမျိုးမှာ ဓားစာခံဟာ အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်သည်။
.......
ငြိမ်းသံလွင်ခက်နှင့်သွန်းစေဖြိုးတို့၏ ငြင်းခုန်မှုကြီးက မပြီးဆုံးသေးချေ။
အစပိုင်းတုန်းက ငြိမ်းသံလွင်ခက်ဟာ သူ့အိမ်မှာရှိနေခြင်းပင်။ နောက်မှသာ နှိုင်းအမြုတေကိုပြန်ပေးဆွဲမည့် သွန်းစေဖြိုး၏အစီအစဥ်ကိုသိလိုက်ရပြီး သွန်းစေဖြိုးကို အပူတပြင်းလိုက်ရှာသည်။
သွန်းစေဖြိုးတို့စီးလာသောကားကို သူရှာတွေ့သည့်အခါ ထိုကားကိုရပ်တန့်သွားအောင်လုပ်ပြီး ကားဒရိုင်ဘာကိုကားထဲမှဆွဲထုတ်ကာ သူကိုယ်တိုင် ထိုကားကိုမောင်းပြီး ကားကို လမ်းမကြီးပေါ်ကိုပြန်လှည့်လိုက်သည်။
သူ့အစီအစဥ်ကတော့ ရှင်းသည်။ ဦးထွန်းရှိန်ထံသို့ သူ့သားကိုပြန်အပ်ပြီး ခွင့်လွှတ်မှုကိုတောင်းခံလိုခြင်းပင်။ သူတို့ဘက်ကသာ ခြေလွန်လက်လွန်မဖြစ်သရွေ့ သူတို့၏အသနားခံမှုသည်လည်း အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်မှာပင်။
သို့သော် အမုန်းတရားတို့ကြောင့်ရူးသွပ်နေသော သွန်းစေဖြိုးကတော့ သူ့စကားကို နားမဝင်ပေ။ ထို့ကြောင့် သူတို့ အကြာကြီးစကားများနေကြရသည်။ ပြေလည်ဖို့ထက် ရှုပ်ထွေးမှုကပိုလာသည့်အခါ သူတို့လည်း ဆက်ငြင်းခုံမနေဘဲ တစ်ယောက်ကိုတစ်ယောက်မျက်နှာလွှဲကာ ငြိမ်နေမိကြသည်။
ထိုအခိုက်မှာပင် သွန်းစေဖြိုးက နှိုင်းအမြုတေ၏လက်ကနာရီကို သတိပြုမိသွားသည်။ ထိုနာရီက ဘယ်လိုလုပ်ဆောင်ချက်မျိုးရှိကြောင်း သိထားပြီးဖြစ်သောကြောင့် ထိုနာရီကိုမြင်သည်နှင့် နှိုင်းအမြုတေထံမှ ကပျာကယာဆွဲလုပြီး အနီးအနားရှိကားပေါ်သို့ လွှင့်ပစ်ကာ အစအနဖျောက်ပစ်လိုက်သည်။
သူတို့အား ခြေရာခံနေတာကို သဘောပေါက်သွားသည့်အခါ အနည်းဆုံးတော့ သူတို့ ဤနေရာမှာမနေသင့်တော့ကြောင်း နားလည်လိုက်သဖြင့် ငြိမ်းသံလွင်ခက်ကိုနားချကာ ထိုနေရာမှထွက်လာခဲ့လိုက်ကြတော့သည်။
သို့တိုင် သူတို့ဟာ သဘောထားကွဲလွဲနေကြဆဲပင်။ သွန်းစေဖြိုးစီစဥ်ထားသောနေရာသို့ ရောက်သည့်အခါ ထိုနေရာမှာအဆင်သင့်စောင့်ဆိုင်းနေကြသောလူတစ်စုကို နှိုင်းအမြုတေအား စောင့်ကြည့်ဖို့မှာထားခဲ့ပြီး ငြိမ်းသံလွင်ခက်နှင့်သွန်းစေဖြိုးတို့ကတော့ သူတို့၏ငြင်းခုန်မှုကို ပြန်လည်စတင်ကြပြန်သည်။
"ကိုကို ဘာတွေကြောက်နေတာလဲ။ နောက်ခံတောင့်တဲ့ စွမ်းစေတမာန်ကိုကျတော့ ဆန့်ကျင်ရဲပြီး နှိုင်းအမြုတေကိုမှ အရမ်းတွေကာကွယ်ပြနေတဲ့အကြောင်းလေး ရှင်းပါဦး"
ငြင်းခုန်သည့်အဆင့်မှ ရန်ဖြစ်လုဆဲဆဲအခြေအနေသို့ရောက်လာသောအခါ သူတို့၏အမူအရာတွေကလည်း ပျက်သည်ထက်ပျက်လာလေ၏။
"ဒီဟာကြီးကိုပဲ ထပ်ခါထပ်ခါရှင်းပြနေရဦးမှာလား။ ငါကတော့လေ စွမ်းစေတမာန်ရဲ့နောက်ခံတွေထက် နှိုင်းအမြုတေရဲ့အဖေလိုလူမျိုးတွေကို ပိုကြောက်တယ် သိလား။ မင်းလည်း အဲ့ဒီလူကဘယ်လိုတွေလုပ်တတ်တယ်ဆိုတာ ကိုယ်တွေ့ကြုံပြီးပြီပဲ။ သဘောမပေါက်နိုင်သေးဘူးလား"
ပေကပ်ကပ်နိုင်လှသော သွန်းစေဖြိုးကတော့ တုံဏှိဘာဝေလုပ်နေဆဲပင်။ ထို့ကြောင့် ငြိမ်းသံလွင်ခက်မှာ ဒေါသထွက်ပြီးရင်းထွက်လာသည်။ သူ့မှာ အော်ဟစ်သောင်းကြမ်းပစ်လိုက်ချင်သော်လည်း စိတ်ရိုင်းဆန္ဒကို ဦးနှောက်က အပြင်းအထန်တားမြစ်နေ၏။
"စွမ်းစေတမာန်ရဲ့နောက်ခံတွေက လူတစ်ယောက်ကို ဘယ်လောက်ပဲမုန်းမုန်း အနည်းဆုံးတော့ အသက်ရှူပေါက်လေးတော့ပေးတယ်။ သူတို့ရဲ့သိက္ခာရဲ့ငဲ့ပြီးတော့ပဲဖြစ်ဖြစ် တခြားဘာအတွက်ဖြစ်ဖြစ် သူတို့က တစ်ဖက်လူကို ချောင်ပိတ်ပြီးမရိုက်ဘူး။ ဆရာကောင်းနဲ့စွမ်းစေတမာန်ရဲ့ပြဿနာကို မင်းသိပြီးပြီမလား။ စွမ်းစေတမာန်ကို ဒီလောက်ရွံစရာကောင်းတဲ့ကိစ္စမျိုးလုပ်ဖို့ကြံတာတောင် ဘာများအလုပ်ခံရလို့လဲ။ နိုင်ငံထဲကိုပြန်မလာရဘူးဆိုတဲ့ကတိလေးနဲ့ပြီးသွားတာ.. အနည်းဆုံးတော့ သူတို့က သူတို့အသိုင်းအဝိုင်းနဲ့ သူတို့မိသားစုရဲ့ဂုဏ်သိက္ခာကိုထိန်းရသေးတယ်"
ဤသည်မှာ အမှန်တရားများပင်။ ဆရာကောင်းသည် ထိုစဥ်က နာမည်ဖျက်ခံရပြီး ပညာရေးလောကမှာ အမည်ပျက်စာရင်းသွင်းခံခဲ့ရသော်လည်း အကြောင်းအရင်းရေရေရာရာကို ထုတ်ပြန်ခြင်းမရှိခဲ့ချေ။ ထို့ကြောင့် နှစ်တွေကြာလာသည့်အခါ လူတော်တော်များများဟာ ထိုသတင်းကိုအတုအယောင်မျှသာဟု ထင်မှတ်လာကြသည့်အထိပင်။
"ဒါပေမဲ့ ဦးထွန်းရှိန်ဆိုတဲ့လူကတော့ မတူဘူး။ အဲ့ဒီလူအကြောင်း ငါက မင်းထက်ပိုသိတာပေါ့။ သူ့အတွက်တော့ သူ့သားက သူ့ရဲ့ဂုဏ်သိက္ခာပဲ။ သူ့ကိုအပြစ်လုပ်မိလို့ ငါနဲ့ငါ့အဖေ လမ်းဘေးရောက်မတတ်ဖြစ်သွားတာရော မှတ်မိလား။ အဲ့ဒီလူသာ စိတ်ပိုင်းဖြတ်လိုက်ရင် မင်းဘာအပြစ်မှလုပ်မထားလည်း သူက လူသတ်မှုလို့ပြောလိုက်တာနဲ့ မင်း တကယ်လူသတ်မှုတစ်ခုမှာတရားခံဖြစ်နေမှာ"
"အဲ့လောက်ထိကြောက်နေရင်လည်း နှိုင်းအမြုတေနဲ့လမ်းခွဲပြီး ဘာလို့ ကျွန်တော်နဲ့လာတွဲသေးလဲ။ အဲ့ဒီကြီးကျယ်မြင့်မြတ်တဲ့သားအဖဆီမှာပဲ ခစားပြီး ဘဝကိုသာသာယာယာဖြတ်သန်းနေပါတော့လား"
သွန်းစေဖြိုးကလည်း လေသံနည်းနည်းမျှမလျှော့။ ငြိမ်းသံလွင်ခက်ကလည်း ခပ်တင်းတင်း။
"ငါလည်း အဲ့လောက်ထိအောက်မကျို့နိုင်ဘူးကွ။ ဟုတ်တယ်။ ငါ သူတို့ကိုဆန့်ကျင်ခဲ့ဖူးတယ်။ ငါလွတ်လပ်ချင်လို့လေ။ ဘာဖြစ်လဲ။ အနည်းဆုံးတော့ ငါက ဘယ်လိုအချိန် ဘယ်လိုအခြေအနေမှာ ရပ်သင့်လဲဆိုတာကို သိတယ်။ ဘယ်လိုကိစ္စမျိုးကိုတော့ ရှောင်သင့်လဲဆိုတာသိတယ်။ အခု မင်းလုပ်နေတာက နောက်ဆုံးစည်းကိုကျော်ပစ်နေတာပဲ။ ငါပြောတဲ့အဓိပ္ပါယ်ကိုနားလည်လား။ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲလို့..."
နှစ်ယောက်သား သူအော်ကိုယ်အော်ဖြင့် သောင်းကြမ်းနေကြချိန်မှာ တစ်ဖက်မှာတော့ အဖွဲ့နှစ်ဖွဲ့ဟာ ညီညီညွတ်ညွတ်ဖြင့် သူတို့နောက်ကို ခြေရာခံ၍လိုက်လာနေသည်။ တစ်ဖွဲ့က စွမ်းစေတမာန်တို့ဖြစ်ပြီး နောက်တစ်ဖွဲ့ကတော့ ပိုင်စိုးမိုးသူပင်။
ပိုင်စိုးမိုးသူက နေရာအတိအကျကို ခြေရာခံနိုင်သွားချိန်မှာ စွမ်းစေတမာန်ကတော့ စီစီတီဗီကိုစစ်ဆေးနေဆဲသာ။
သွန်းစေဖြိုးအား တစ်စစီစုတ်ဖြဲပစ်ချင်လောက်သည်အထိ အမျက်ထွက်နေသောပိုင်စိုးမိုးသူသည် ထိုနေရာသို့ရောက်သွားသည့်အခါ တစ်နေရာလုံးအား သူ၏ထိန်းချုပ်မှုအောက်သို့သွပ်သွင်းလိုက်ပြီး ထွက်ပြေးဖို့ကြိုးစားနေသောသွန်းစေဖြိုးကို ရိုက်နှက်ဆုံးမပါတော့သည်။
"မင်း.. အမျိုးယုတ်.. ငါ့အစီအစဥ်တွေကို ဘယ်လောက်ထိဖျက်စီးပစ်လိုက်ပြီလဲ သိလားကွ"
"ငါမင်းကိုပြောသားပဲ။ နှိုင်းအမြုတေကို ငါ့လက်ထဲထည့်ထားပေးပါဆိုတာကို မင်းမှလက်မခံတာ"
တစ်ယောက်နှင့်တစ်ယောက် ဆွဲလားရမ်းလားဖြင့် ပွက်လောရိုက်နေသည်မှာ ဤအခြေအနေနှင့်မသင့်တော်မှန်း သိကြသော်ငြား ဒေါသတို့လောင်မြိုက်နေသောကြောင့် ဘယ်သူကမှ အသိတရားကိုလက်ကိုင်မဆုပ်ထားချင်ကြတော့ချေ။
ဝရုန်းသုန်းကားဖြစ်နေသော ထိုအခြေအနေမှာ နှိုင်းအမြုတေကတော့ ဘယ်လိုအမြတ်ထုတ်သင့်ကြောင်း တိတ်တဆိတ်စဥ်းစားနေ၏။
သူဟာ အခန်းထဲမှာ ပတ်ပတ်လည်ဝန်းရံထားသောလူတစ်စုကို အကဲခတ်လိုက်သည်။ ထို့နောက်မှာတော့ သူသည် သူ၏လွတ်မြောက်ရာလမ်းစကို ရုတ်တရက်ရှာတွေ့လိုက်သည်။
အဖွဲ့ထဲမှကွဲထွက်နေသော ငြိမ်းသံလွင်ခက်သည်လည်း သူ့လိုပင် အခြေအနေကိုအကဲခတ်ပြီး တစ်စုံတစ်ခုလှုပ်ရှားဖို့ပြင်နေချေ၏။
သူနှင့်ငြိမ်းသံလွင်ခက်ဟာ သိပ်မဝေးသောနေရာမှာရှိနေကြသည့်အတွက် နှစ်ယောက်သား အချိန်းအချက်လုပ်ဖို့သိပ်မခက်ခဲလိုက်ချေ။
သူက သူ့နားကိုကပ်လာခဲ့ဖို့ မျက်နှာရိပ်မျက်နှာကဲပြလိုက်သည့်အခါ ငြိမ်းသံလွင်ခက်ကလည်း အချင်းများနေသောအုပ်စုကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့အနားကို တဖြည်းဖြည်းကပ်လာသည်။
"ငါ့ကိုကူညီပေး.. မင်းဘာမှမဖြစ်စေရဘူးလို့ ငါအာမခံတယ်"
ထိုစကားမှာ နှိုင်းအမြုတေက ငြိမ်းသံလွင်ခက်နှင့်အပေးအယူလုပ်ဖို့ စဥ်းစားထားသောစကားပင်။ သို့သော် သူတောင် ဘာမှမပြောရသေးခင်မှာပင် ငြိမ်းသံလွင်ခက်ဟာ ဖုန်းကိုထုတ်လိုက်ပြီး ထိိုဖုန်းကို အခြားလူများမမြင်အောင် ခန္ဓာကိုယ်နှင့်ကွယ်ကာ ဖုန်းထဲရှိတစ်စုံတစ်ခုကို သူမြင်အောင်ပြနေလေသည်။
ထိုအရာမှာကား မက်ဆေ့ချ်နှစ်စောင်ပင်။ ပထမဆုံးမက်ဆေ့ချ်မှာ "မင်းရဲ့ဘယ်ဘက်ကိုလှည့်ကြည့်လိုက်"ဟူ၍ပင်။
ဒုတိယမက်ဆေ့ချ်ကတော့..
"အခုချိန်ပြန်လှည့်ရင် မီသေးတယ်။ ငါတို့နဲ့ပူးပေါင်း။ ငါတို့အချက်ပြတာနဲ့ မင်းက နှိုင်းကိုခေါ်ပြီး အနီးဆုံးအခန်းတစ်ခုထဲကိုပြေးပုန်း။ ငါတို့က ဒီအခန်းကိုဝင်စီးမယ်။ ငါတို့ပြောသလိုလုပ်မယ်ဆိုရင် ငါတို့ မင်းကို ဒီပြန်ပေးဆွဲမှုထဲကနေ ထုတ်ပေးမယ်။ မဟုတ်ရင်တော့ ငါ့ရဲ့ကျည်တစ်တောင့်က မင်းကို ဘယ်နှမိနစ်ကြာမှ ဇီဝိန်ချုပ်နိုင်မလဲဆိုတာ စမ်းကြည့်ကြတာပေါ့"
အောက်ဆုံးမှာတော့ ငြိမ်းသံလွင်ခက်ဘက်က "လက်ခံတယ်"ဟုပို့ထားသောမက်ဆေ့ချ်ကို ပို့ထားလေသည်။
ထိုမက်ဆေ့ချ်များကိုဖတ်ရင်း နှိုင်းအမြုတေသည် သူ့ဦးနှောက်ကို လျင်လျင်မြန်မြန်အလုပ်လုပ်လိုက်ရသည်။ သူ့အကြည့်ကလည်း ဟိုဟိုသည်သည်လှည့်လည်သွားလာလျက်..။ ထို့နောက်မှာတော့ အခြေအနေတချို့ကို သူနားလည်လိုက်သည်။
မတိုင်မီက ငြိမ်းသံလွင်ခက်ရပ်နေသောနေရာမှာ မှန်ပြတင်းတစ်ချပ်ရှိသည်။
အဖြစ်အပျက်ကိုအကျဥ်းချုပ်လိုက်သော် သူသိလိုက်ရသည့်အချက်ဟာ ထိုပြတင်းပေါက်၏နောက်ဘက်မှာ စွမ်းစေတမာန်ရောက်နေခြင်းပင်။
စွမ်းစေတမာန်သည် ထိုပြတင်းပေါက်နားမှာ ငြိမ်းသံလွင်ခက်မတ်တပ်ရပ်နေတာကိုမြင်ပြီး ငြိမ်းသံလွင်ခက်နှင့်ဆက်သွယ်ဖို့ ကြိုးစားနေခြင်းဖြစ်ရမည်ဟု သူကောက်ချက်ချလိုက်သည်။
အခြေအနေအရပ်ရပ်ကို နားလည်သွားသည့်နောက်မှာတော့ နှိုင်းအမြုတေလည်း သူ၏တုံ့ပြန်မှုကို တိတ်တဆိတ်စောင့်ဆိုင်းနေသောငြိမ်းသံလွင်ခက်ကို အသာခေါင်းညိတ်ပြလိုက်သည်။
လက်ရှိမှာ သူသည် ကြိုးတုပ်ခြင်းခံထားရသည့်အပြင် စိတ်ပိုင်းဆိုင်ရာဖိအားပေးခံထားရခြင်း၏ နောက်ဆက်တွဲအင်အားပြတ်လပ်မှုများကြောင့် လှုပ်ရှားဖို့အဆင်မပြေချေ။ ထို့ကြောင့် ငြိမ်းသံလွင်ခက်ကို အားကိုးရမည်သာ။
ငြိမ်းသံလွင်ခက်ကလည်း သူခေါင်းညိတ်ပြတာကိုမြင်သည်နှင့် အချက်ပြသည့်အခါ သူတို့အပြေးသွားရမည့်အခန်းကို လက်ညှိုးထိုးပြသည်။
ထို့နောက် သူတို့နှစ်ယောက်သား တစ်ဖက်ကအချက်ပြမည့်အချိန်ကို တိတ်တိတ်လေးစောင့်ဆိုင်းနေကြသည်။
အခန်းထဲရှိအဖွဲ့နှစ်ဖွဲ့ကတော့ အခြေအနေတင်းမာနေကြဆဲပင်။ ပိုင်စိုးမိုးသူကလည်း နှိုင်းအမြုတေအား ဤနေရာမှခေါ်ထုတ်သွားဖို့အရေး ပျာယာခတ်နေသလို သွန်းစေဖြိုးကလည်း သာသနာဖျက်လုပ်နေဆဲ..။
ထို့နောက်မှာတော့ အရာအားလုံးဟာ တဒင်္ဂအတွင်း ဖြစ်ပျက်သွားသည်။
ငြိမ်းသံလွင်ခက်၏ဖုန်းထဲသို့ တိတ်တဆိတ်ဝင်ရောက်လာသော မက်ဆေ့ချ်တစ်စောင်ရယ်..။
ရုတ်တရက်ဆိုသလိုထွက်ပေါ်လာသော ဆူညံပွက်လောရိုက်သံများရယ်..။
ထိုဆူညံသံတို့ကိုချန်ထားရစ်ခဲ့ပြီး အခန်းတစ်ခုထဲသို့ အပြေးပုန်းကြရသောလူငယ်နှစ်ယောက်ရယ်...။
တရားခံများကို တစ်ယောက်မှအလွတ်မပေးလိုဟန်ဖြင့် ကြမ်းကြမ်းရမ်းရမ်းကိုင်တွယ်နေသော ဖခင်တစ်ယောက်ရယ်...။
အရှုပ်အထွေးများကြားမှာ ချစ်ရသူကိုသာ အပြင်းအထန်ရှာဖွေနေသောလူငယ်လေးတစ်ယောက်ရယ်..။
••••••••••••
A/N: "နွားကွဲတော့ ကျားဆွဲ"ဆိုတာ ဒါမျိုးပေါ့ ကိုယ့်လူတို့ရေ.. ┐( ˘_˘)┌
********
ZawGyi Version
ၿမိဳ႕ျပင္ကိုထြက္ေသာလမ္းမထက္မွာ အပူတျပင္းေ႐ြ႕လ်ားေနေသာကားတစ္စီးႏွင့္ ထိုကားေပၚမွေသာကမ်ားဟာ သြားရာလမ္းတစ္ေလွ်ာက္ ျပန္႔ႀကဲေနခဲ့ေလရာ ပူျပင္းေသာရာသီဥတုသည္ပင္ ပို၍ေတာက္ေလာင္လ်က္သား...။
GPSမွာေဖာ္ျပေနေသာ တည္ေနရာျပအမွတ္အသားေလးကေတာ့ တစ္ေနရာတည္းမွာသာ ၿမဲၿမဲျမံျမံရပ္တန္႔ေနေလသည္။
ထို႔ေၾကာင့္ စြမ္းေစတမာန္တို႔ကလည္း ထိုေနရာကို ျမန္ႏိုင္သမွ်ျမန္ျမန္ေမာင္းႏွင္လာခဲ့ၾကသည္။ ထိုေနရာသည္ကား လူသူျပတ္လပ္ေသာဧရိယာတစ္ခုအတြင္းတြင္ တည္႐ွိေလရာ သူတို႔လည္း ကားကို ခပ္ေဝးေဝးမွာရပ္ထားခဲ့ၿပီး ထိုေနရာအထိေရာက္ဖို႔ကိုေတာ့ သူတို႔၏ေျခေထာက္မ်ားကိုသာ အားကိုးခဲ့ၾကသည္။
ရည္႐ြယ္ရာေနရာသို႔ေရာက္ေသာအခါ အိုမင္းေဟာင္းႏြမ္းေနေသာအိမ္တစ္လုံးကို ေတြ႕လိုက္ရသည္။ အသံဗလံတို႔ကား တိတ္ဆိတ္လ်က္။ လူရိပ္သူရိပ္လည္း လုံးဝမေတြ႕ရေခ်။
အဖြဲ႕ထဲမွာ အသက္အႀကီးဆုံးလူျဖစ္ေသာ ဦးထြန္း႐ွိန္က အေဆာတလ်င္မလႈပ္႐ွားရန္ အခ်က္ျပလာသျဖင့္ သူတို႔လူငယ္တစ္သိုက္လည္း အိမ္ႀကီး၏ပတ္ပတ္လည္ကို ဦးစြာစစ္ေဆးၾကည့္ဖို႔ဆုံးျဖတ္လိုက္သည္။
ထိုအခါ အိမ္ႀကီး၏ အေနာက္ဘက္ျခမ္းတြင္ရပ္ထားေသာ ခပ္ေသးေသးထရပ္ကားတစ္စီးကိုသြားေတြ႕သည္။ ႐ုတ္တရက္ဆိုသလို ထရပ္ကားေပၚမွလူတစ္ေယာက္ေျပးဆင္းလာသျဖင့္ သူတို႔မွာ အလ်င္အျမန္ျပန္ပုန္းလိုက္ရေသးသည္။
ထိုလူက ေနာက္ေဖးေပါက္မွတစ္ဆင့္ အိမ္ႀကီးထဲကိုဝင္သြားၿပီး အတြင္း႐ွိလူတခ်ိဳ႕ႏွင့္ စကားေျပာေနသည္ကို သူတို႔ၾကားေနရသည္။ အသံမ်ားကိုနားေထာင္ၾကည့္ပုံအရ အိမ္ထဲမွာ လူသုံးေယာက္ခန္႔႐ွိေနသည္ဟု ခန္႔မွန္းလိုက္ႏိုင္သည္။
"ဝင္မလား.."
နံရံကိုအကာအကြယ္ယူရင္း အတြင္းဘက္ကိုေခ်ာင္းၾကည့္ေနေသာ စြမ္းေစတမာန္က ဦးထြန္း႐ွိန္အား လွမ္းေမးလိုက္သည္။
ဦးထြန္း႐ွိန္ ဘာမွျပန္မေျဖႏိုင္ခင္မွာပင္ သူတို႔၏အေနာက္ဘက္ဆီမွ ခပ္ဆတ္ဆတ္အသံတစ္သံက က်ယ္ေလာင္စြာေပၚထြက္လာသည္။
"မင္းတို႔ ဘယ္သူေတြလဲ။ ဒီမွာ ဘာလုပ္ေနၾကတာလဲ"
ထိုအသံေၾကာင့္ အိမ္ထဲ႐ွိလူမ်ားထံမွ လႈပ္႐ွားသံတခ်ိဳ႕ကိုၾကားလိုက္ရသည့္အတြက္ စြမ္းေစတမာန္တို႔လည္း မတတ္သာဘဲ စတင္တိုက္ခိုက္ရေတာ့သည္။
သို႔ေသာ္ ထူးဆန္းစြာပင္ ထိုလူတို႔ဟာ ကိုင္တြယ္ရလြယ္ကူလြန္းေနသည့္အတြက္ ငါးမိနစ္အၾကာမွာပင္ အေမွာက္လွဲသိပ္ႏိုင္ခဲ့သည္။ သူတို႔အားလုံး၏စိတ္ထဲ တစ္စုံတစ္ရာထူးဆန္းေနတာကိုေတာ့ အာ႐ုံခံႏိုင္ခဲ့သည္။
"တစ္ခုခုေတာ့ထူးဆန္းေနသလိုပဲ"
ေျမျပင္ေပၚမွာလဲက်ၿပီး မထႏိုင္ေလာက္ေအာင္ျဖစ္ေနသည့္လူမ်ားကိုၾကည့္ရင္း စြမ္းေစတမာန္ႏွင့္ ဦးထြန္း႐ွိန္မွာ တစ္ေယာက္ကိုတစ္ေယာက္ လွည့္ၾကည့္မိၾကသည္။
ထို႔ေနာက္ ႏွစ္ေယာက္သားတိုင္ပင္မထားပါဘဲ အိမ္ႀကီးထဲသို႔အတူေျပးဝင္ကာ ေနရာအႏွံ႔ကိုစစ္ေဆးသည္။ ေနရာတစ္ခုလုံးကား ညစ္ေပ႐ႈပ္ပြေန႐ုံမွလြဲ၍ အျခားဘာမွမ႐ွိ။
"ကြၽန္ေတာ္တို႔လွည့္စားခံလိုက္ရၿပီ"
အားမလိုအားမရေရ႐ြတ္ရင္း ေတာက္တစ္ခ်က္ေခါက္လိုက္ေသာစြမ္းေစတမာန္ေၾကာင့္ ေစတသိုက္၊ညီမိုးေဆြႏွင့္ စ်ာန္မင္းေသာ္တို႔သုံးေယာက္ခမ်ာ ပါးစပ္အေဟာင္းသား..။ ဝဠာဟိန္းပိုင္ကေတာ့ တိတ္တဆိတ္ျဖင့္ အေျခအေနကိုသုံးသပ္ေနဆဲ။
ဦးထြန္း႐ွိန္ကေတာ့ ေျမျပင္ေပၚမွာ တုံးလုံးပက္လက္လဲေနၾကေသာလူေတြထဲမွ တစ္ေယာက္ကိုဆြဲထူၿပီး ေဒါသတႀကီးစစ္ေမးေနေတာ့သည္။
"သူဘယ္မွာလဲ"
စြမ္းေစတမာန္ကေတာ့ အိမ္ႀကီး၏ေနာက္ေဖးဘက္မွာရပ္ထားေသာထရပ္ကားေပၚသို႔တက္ကာ တစ္စုံတစ္ခုကိုေမႊေႏွာက္႐ွာေဖြေနေတာ့သည္။ ေစတသိုက္တို႔ကလည္း သေဘာေပါက္သြားသျဖင့္ သူတို႔ပါဝင္႐ွာေပးေလရာ ခဏအတြင္းမွာပင္ သူတို႔႐ွာေနေသာအရာကိုေတြ႕သည္။
ႏိႈင္းအျမဳေတ၏နာရီပင္။ နာရီမွျပေသာတည္ေနရာအတိုင္း သူတို႔လိုက္ေနခဲ့ေသာ္လည္း တစ္ဖက္က ရိပ္မိသြားဟန္ပင္။
ဦးထြန္း႐ွိန္ကလည္း ထိုနာရီကိုျမင္သည္ႏွင့္ စြမ္းေစတမာန္ သူ႕သားအတြက္ေပးထားေသာနာရီျဖစ္ေၾကာင္း တန္းသိလိုက္သည္။ သူတို႔ ေရလိုက္လြဲလာခဲ့ျခင္းပင္။ တစ္ဖက္က သူတို႔ကိုလွည့္စားလိုက္ေလၿပီ။ ဤလူတစ္စုမွာ ဘာမွမဆိုင္ေသာအျပင္လူမ်ားသာ ျဖစ္ေခ်သည္။
"ဘာဆက္လုပ္ၾကမလဲ"
ေစတသိုက္က လမ္းေပ်ာက္ေနဟန္ျဖင့္ေမးခြန္းထုတ္လာသည့္အခါ က်န္ႏွစ္ေယာက္ကပါ စြမ္းေစတမာန္အား မေရမရာလွည့္ၾကည့္လာၾကသည္။
"ဘယ္ေနရာမွာလြဲသြားတာလဲ"
ခပ္တိုးတိုးေရ႐ြတ္ရင္း အားမလိုအားမရျဖစ္ေနေသာစြမ္းေစတမာန္မွာလည္း လမ္းစေပ်ာက္ေနေလ၏။
ထိုအခါ တစ္ခ်ိန္လုံးၿငိမ္သက္ေနေသာဝဠာဟိန္းပိုင္က စတင္လႈပ္႐ွားလာၿပီး အထင္လြဲၿပီးအထိုးအႏွက္ခံထားရေသာလူေတြနားကို ေလွ်ာက္သြားသည္။
ထိုလူတို႔မွာလည္း သူတို႔နားသို႔ ဝဠာဟိန္းပိုင္ကပ္လာသည္ကိုျမင္သည္ႏွင့္ ေၾကာက္လန္႔တၾကားေနာက္ဆုတ္သြားၾကေသာ္လည္း ထြက္ေျပးဖို႔ေတာ့ အင္အားမ႐ွိေတာ့ေခ်။
"စိတ္မပူနဲ႔။ ခင္ဗ်ားတို႔ကို တစ္ခုေလာက္ေမးခ်င္႐ုံပဲ"
"ဘာ.. ဘာေမးမွာလဲ"
တစ္ဖက္ကအမ်ိဳးသားႀကီးခမ်ာ ဝဠာဟိန္းပိုင္ကို မဝံ့မရဲၾကည့္ကာ မယုံၾကည္ႏိုင္ျဖစ္ေနဆဲပင္။ သူသည္ ဝဠာဟိန္းပိုင္က သူ႕အား စိတ္မထင္လွ်င္မထင္သလို ထ႐ိုက္မွာေၾကာက္ေနေသး႐ွာသည္။
"ခင္ဗ်ားတို႔ ဒီထရပ္ကားနဲ႔တစ္ေနရာရာကျပန္လာတာမလား"
"ဟုတ္တယ္ေလ။ ငါတို႔အလုပ္ၿပီးလို႔ ၿမိဳ႕ထဲကေနျဖတ္ၿပီးျပန္လာတာ"
"လမ္းေၾကာင္းကိုေျပာ"
"ဟမ္"
႐ုတ္ခ်ည္းဆိုသလို ဝဠာဟိန္းပိုင္သိခ်င္ေနေသာအေၾကာင္းအရာႏွင့္ပတ္သက္ၿပီး သေဘာေပါက္သြားေသာ ဥာဏ္လ်င္သူႏွစ္ေယာက္ကေတာ့ ဦးထြန္း႐ွိန္ႏွင့္စြမ္းေစတမာန္ပင္။
ထို႔ေၾကာင့္ သူတို႔လည္း ထိုစကားဝိုင္းထဲသို႔ဝင္ေရာက္လာသည္။
"မင္းတို႔လာခဲ့တဲ့လမ္းေၾကာင္းကို အတိအက်ေျပာ.."
တစ္ဖက္လူက တုံ႔ေႏွးေႏွးလုပ္ေနသျဖင့္ စိတ္မ႐ွည္ေတာ့ေသာဦးထြန္း႐ွိန္က ေလသံခပ္ျပတ္ျပတ္ျဖင့္ေအာ္ဟစ္ေလေတာ့သည္။ ထိုအခါ ထိုလူႀကီးကလည္း ဦးထြန္း႐ွိန္၏ေၾကာက္စရာေကာင္းေသာအ႐ွိန္အဝါကို မတြန္းလွန္ႏိုင္ေတာ့ဘဲ အကုန္ေျပာျပ႐ွာသည္။
"ဟိုင္းေဝးလမ္းကေန ၿမိဳ႕ပတ္လမ္းအထိ.."
"ခဏေလး ခဏေလး ဆယ္နာရီေနာက္ပိုင္းမွာ ေရာက္ေနတဲ့ေနရာကိုပဲေျပာေတာ့"
ဆယ္နာရီေနာက္ပိုင္းမွာ အ႐ႈပ္အေထြးမ်ားစတင္ခ်ိန္မို႔ ထိုအခ်ိန္ေနာက္ပိုင္းကိုသာ ဦးစားေပး၍စဥ္းစားရမည္သာ။ ထို႔အတြက္ စြမ္းေစတမာန္က အေျမာ္အျမင္႐ွိ႐ွိျဖင့္ အခ်ိန္အပိုင္းအျခားကန္႔သတ္ေပးလိုက္ျခင္းပင္။
"ဆယ္နာရီေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔က ၿမိဳ႕လယ္ေခါင္က အမ်ိဳးသားျပတိုက္နားမွာ႐ွိေနတာ"
"ေသခ်ာလား"
"ေသခ်ာပါတယ္"
"ဘာလို႔အခ်ိန္အတိအက်နဲ႔ေနရာအတိအက်ကိုမွတ္မိေနတာလဲ"
စ်ာန္မင္းေသာ္က သူသံသယ႐ွိသည့္အခ်က္ကို ဝင္ေမးလာသည့္အခါ ထိုသံသယဟာ သဘာဝက်သည္မို႔ က်န္လူမ်ားကလည္း တစ္ဖက္လူဘာျပန္ေျဖလာမလဲဆိုတာကို စိတ္ဝင္တစားေစာင့္ဆိုင္းေနၾက၏။
ထိုလူျပန္ေျဖလာသည္မွာ...
"အဲ့ဒီတုန္းက ကြၽန္ေတာ္တို႔အလုပ္ၿပီးလို႔အိမ္ျပန္ဖို႔ထြက္လာခဲ့ၾကတာေလ။ မနက္စာလည္းမစားရေသးေတာ့ ဆယ္နာရီတိတိမွာပဲ အဲ့ဒီနားက စားေနက်ဆိုင္မွာဝင္စားေနတာ"
"ဒါဆို ကားကိုလည္းဆိုင္ေ႐ွ႕မွာပဲရပ္ထားခဲ့တာေပါ့"
ဦးထြန္း႐ွိန္၏ေမးခြန္းကို ထိုလူကလည္း ေခါင္းညိတ္ျပ၍ေျဖသည္။
စြမ္းေစတမာန္ႏွင့္ဦးထြန္း႐ွိန္တို႔ကေတာ့ လွ်ပ္တျပက္အတြင္း ေခါင္းထဲမွာတြက္ခ်က္မႈတခ်ိဳ႕လုပ္ၿပီး ခပ္သြက္သြက္လႈပ္႐ွားရန္ က်န္လူမ်ားကိုပါေလာေဆာ္လိုက္သည္။
"ျမန္ျမန္လာ.. သြားၾကမယ္"
ေ႐ွ႕ဆုံးမွ အေဆာတလ်င္ႏိုင္စြာေျပးသြားသည့္ စြမ္းေစတမာန္ႏွင့္ဦးထြန္း႐ွိန္တို႔၏အေနာက္ကို ဝဠာဟိန္းပိုင္က ထပ္ၾကပ္မကြာလိုက္ေနေလရာ က်န္ေနေသာေစတသိုက္တို႔ကလည္း ဘာမွနားမလည္ေသးေသာ္ျငား အေနာက္မွခပ္ျမန္ျမန္လိုက္လာခဲ့ၾကသည္။
မလွမ္းမကမ္းမွာရပ္ထားခဲ့ေသာ သူတို႔ကားေပၚသို႔ လူစုံတက္စုံေရာက္ၾကသည့္အခါမွာ ဦးထြန္း႐ွိန္က ကားေမာင္းသူေနရာမွာဝင္ထိုင္လိုက္ၿပီး ထိုေနရာမွခပ္သြက္သြက္ေမာင္းထြက္လာေလေတာ့သည္။
စြမ္းေစတမာန္ကေတာ့ သူ႕အဘိုးဆီသို႔ဖုန္းဆက္ၿပီး တစ္စုံတစ္ခုကို အကူအညီေတာင္းေန၏။
"ဘာေတြျဖစ္ေနတာလဲ"
ညီမိုးေဆြက ဝဠာဟိန္းပိုင္ကိုလွမ္းၾကည့္လိုက္၊ စြမ္းေစတမာန္ကိုလွမ္းၾကည့္လိုက္ႏွင့္ အလုပ္႐ႈပ္ေန႐ွာ၏။
"ခုနကလူေတြက ၿမိဳ႕ပတ္လမ္းဘက္ကေနလာၿပီး ၿမိဳ႕လယ္ေခါင္မွာနားေနၾကတာ။ GPSထဲမွာျပေနတဲ့လမ္းေၾကာင္းက အစပိုင္းမွာ ဟိုတယ္ကေန လမ္းမႀကီးေပၚကိုေရာက္တယ္။ ၿပီးေတာ့ လမ္းႀကိဳလမ္းၾကားေတြထဲကို ပတ္ေမာင္းတယ္။ ေနာက္ေတာ့မွ ၿမိဳ႕လယ္ေခါင္ကလမ္းမႀကီးေပၚကိုတက္သြားတာ။ ဒီေတာ့ ဒီလမ္းေၾကာင္းႏွစ္ခုမွာ ဗဟိုျဖစ္ေနတာက ၿမိဳ႕လယ္ေခါင္ပဲ"
အဆုံးမွာ အေျဖေပးလာသူကား ဝဠာဟိန္းပိုင္ပင္။ ဦးထြန္း႐ွိန္ႏွင့္ စြမ္းေစတမာန္က ဖုန္းကိုယ္စီႏွင့္အလုပ္႐ႈပ္ေနေသာေၾကာင့္ သူတို႔ကို ဂ႐ုမစိုက္အားေခ်။
"အဲ့ဒီေတာ့.."
"အဲ့ဒီေတာ့ ၿမိဳ႕လယ္ေခါင္ကိုမေရာက္ခင္ကအထိ ငါတို႔ေျခရာခံမိေနတာက သြန္းေစၿဖိဳးရဲ႕ကားဆိုတာ ေသခ်ာတယ္။ ၿမိဳ႕လယ္ေခါင္ကိုေရာက္ေတာ့မွ သူတို႔ကားက ႐ုတ္တရက္ႀကီးလမ္းေၾကာင္းေျပာင္းၿပီး လမ္းမႀကီးေပၚကိုတက္လာတယ္။ ဘာလို႔လဲေတာ့ငါမသိဘူး။ ပိုလုံျခဳံခ်င္ရင္ စီစီတီဗီေတြေနရာအႏွံ႔႐ွိေနတဲ့လမ္းမႀကီးေပၚကိုတက္မလာတာအေကာင္းဆုံးပဲ။ သူတို႔႐ူးတာလားဘာလားေတာ့မေျပာတတ္ဘူး။ ဒါေပမဲ့ သူတို႔လမ္းမႀကီးေပၚကိုတက္လာတယ္။ ၿပီးေတာ့ သူတို႔ ႏိႈင္းအျမဳေတရဲ႕နာရီကို ခုနကလူေတြရဲ႕ကားေပၚကို ပစ္တင္ခဲ့ၿပီး ငါတို႔ကိုလမ္းေၾကာင္းလႊဲလိုက္တယ္.. အဲ့ဒါပဲ"
"ေၾသာ္.. ဒီေတာ့ ငါတို႔က ခုနကလူေတြရဲ႕ကားကို စီစီတီဗီကေနေျခရာခံလိုက္ရင္ ျပန္ေပးဆြဲသြားတဲ့ေကာင္ေတြရဲ႕ကားကိုပါ ေျခရာခံမိမယ္ေပါ့"
ယခုမွသာ ကိစၥေတြကိုေရေရရာရာနားလည္သြားၾကေသာ ေစတသိုက္တို႔တစ္ေတြဟာလည္း အေျခအေနကို မွန္ကန္စြာသုံးသပ္ႏိုင္သြားၾကေလသည္။
"အဲ့ဒီသေဘာပဲ"
စီစီတီဗီထဲမွေျခရာခံႏိုင္လွ်င္ေတာင္ တည္ေနရာအတိအက်ကို သိႏိုင္မွာမဟုတ္။ သြန္းေစၿဖိဳးတို႔ဟာ ေသခ်ာေပါက္ စီစီတီဗီမ႐ွိသည့္လမ္းေၾကာင္းအတိုင္းဆက္သြားမွာ က်ိန္းေသပင္။ သို႔ေသာ္ သူတို႔အဖို႔ေတာ့ သြန္းေစၿဖိဳးထြက္ေျပးသြားေသာလမ္းေၾကာင္းေလးကို သိရ႐ုံမွ်ျဖင့္ လုံေလာက္သည္။
ေနာက္ပိုင္းကိစၥမ်ားကို စြမ္းေစတမာန္၏အဘိုးထံမွအကူအညီျဖင့္ နယ္ေျမခံရဲမ်ားႏွင့္အတူခ်ိတ္ဆက္ၿပီး ဆက္လုပ္သြားလွ်င္ျဖစ္သည္။
ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ကား တစ္ဖန္ျပန္လင္းလက္လာၿပီမို႔ သူတို႔၏စိတ္ေတြလည္း သိပ္မေလးလံေတာ့ေခ်။ သို႔ေသာ္ ႏိႈင္းအျမဳေတ အႏၲရာယ္ကင္းဖို႔ကိုေတာ့ တိတ္တိတ္ေလးဆုေတာင္းေနရဆဲပင္။
အၿငႇိဳးအေတးေၾကာင့္ျဖစ္သည့္ ျပန္ေပးဆြဲမႈမ်ိဳးမွာ ဓားစာခံဟာ အခ်ိန္မေ႐ြး ဘာမဆိုျဖစ္သြားႏိုင္သည္။
.......
ၿငိမ္းသံလြင္ခက္ႏွင့္သြန္းေစၿဖိဳးတို႔၏ ျငင္းခုန္မႈႀကီးက မၿပီးဆုံးေသးေခ်။
အစပိုင္းတုန္းက ၿငိမ္းသံလြင္ခက္ဟာ သူ႕အိမ္မွာ႐ွိေနျခင္းပင္။ ေနာက္မွသာ ႏိႈင္းအျမဳေတကိုျပန္ေပးဆြဲမည့္ သြန္းေစၿဖိဳး၏အစီအစဥ္ကိုသိလိုက္ရၿပီး သြန္းေစၿဖိဳးကို အပူတျပင္းလိုက္႐ွာသည္။
သြန္းေစၿဖိဳးတို႔စီးလာေသာကားကို သူ႐ွာေတြ႕သည့္အခါ ထိုကားကိုရပ္တန္႔သြားေအာင္လုပ္ၿပီး ကားဒ႐ိုင္ဘာကိုကားထဲမွဆြဲထုတ္ကာ သူကိုယ္တိုင္ ထိုကားကိုေမာင္းၿပီး ကားကို လမ္းမႀကီးေပၚကိုျပန္လွည့္လိုက္သည္။
သူ႕အစီအစဥ္ကေတာ့ ႐ွင္းသည္။ ဦးထြန္း႐ွိန္ထံသို႔ သူ႕သားကိုျပန္အပ္ၿပီး ခြင့္လႊတ္မႈကိုေတာင္းခံလိုျခင္းပင္။ သူတို႔ဘက္ကသာ ေျခလြန္လက္လြန္မျဖစ္သေ႐ြ႕ သူတို႔၏အသနားခံမႈသည္လည္း အတိုင္းအတာတစ္ခုအထိ အလုပ္ျဖစ္မွာပင္။
သို႔ေသာ္ အမုန္းတရားတို႔ေၾကာင့္႐ူးသြပ္ေနေသာ သြန္းေစၿဖိဳးကေတာ့ သူ႕စကားကို နားမဝင္ေပ။ ထို႔ေၾကာင့္ သူတို႔ အၾကာႀကီးစကားမ်ားေနၾကရသည္။ ေျပလည္ဖို႔ထက္ ႐ႈပ္ေထြးမႈကပိုလာသည့္အခါ သူတို႔လည္း ဆက္ျငင္းခုံမေနဘဲ တစ္ေယာက္ကိုတစ္ေယာက္မ်က္ႏွာလႊဲကာ ၿငိမ္ေနမိၾကသည္။
ထိုအခိုက္မွာပင္ သြန္းေစၿဖိဳးက ႏိႈင္းအျမဳေတ၏လက္ကနာရီကို သတိျပဳမိသြားသည္။ ထိုနာရီက ဘယ္လိုလုပ္ေဆာင္ခ်က္မ်ိဳး႐ွိေၾကာင္း သိထားၿပီးျဖစ္ေသာေၾကာင့္ ထိုနာရီကိုျမင္သည္ႏွင့္ ႏိႈင္းအျမဳေတထံမွ ကပ်ာကယာဆြဲလုၿပီး အနီးအနား႐ွိကားေပၚသို႔ လႊင့္ပစ္ကာ အစအနေဖ်ာက္ပစ္လိုက္သည္။
သူတို႔အား ေျခရာခံေနတာကို သေဘာေပါက္သြားသည့္အခါ အနည္းဆုံးေတာ့ သူတို႔ ဤေနရာမွာမေနသင့္ေတာ့ေၾကာင္း နားလည္လိုက္သျဖင့္ ၿငိမ္းသံလြင္ခက္ကိုနားခ်ကာ ထိုေနရာမွထြက္လာခဲ့လိုက္ၾကေတာ့သည္။
သို႔တိုင္ သူတို႔ဟာ သေဘာထားကြဲလြဲေနၾကဆဲပင္။ သြန္းေစၿဖိဳးစီစဥ္ထားေသာေနရာသို႔ ေရာက္သည့္အခါ ထိုေနရာမွာအဆင္သင့္ေစာင့္ဆိုင္းေနၾကေသာလူတစ္စုကို ႏိႈင္းအျမဳေတအား ေစာင့္ၾကည့္ဖို႔မွာထားခဲ့ၿပီး ၿငိမ္းသံလြင္ခက္ႏွင့္သြန္းေစၿဖိဳးတို႔ကေတာ့ သူတို႔၏ျငင္းခုန္မႈကို ျပန္လည္စတင္ၾကျပန္သည္။
"ကိုကို ဘာေတြေၾကာက္ေနတာလဲ။ ေနာက္ခံေတာင့္တဲ့ စြမ္းေစတမာန္ကိုက်ေတာ့ ဆန္႔က်င္ရဲၿပီး ႏိႈင္းအျမဳေတကိုမွ အရမ္းေတြကာကြယ္ျပေနတဲ့အေၾကာင္းေလး ႐ွင္းပါဦး"
ျငင္းခုန္သည့္အဆင့္မွ ရန္ျဖစ္လုဆဲဆဲအေျခအေနသို႔ေရာက္လာေသာအခါ သူတို႔၏အမူအရာေတြကလည္း ပ်က္သည္ထက္ပ်က္လာေလ၏။
"ဒီဟာႀကီးကိုပဲ ထပ္ခါထပ္ခါ႐ွင္းျပေနရဦးမွာလား။ ငါကေတာ့ေလ စြမ္းေစတမာန္ရဲ႕ေနာက္ခံေတြထက္ ႏိႈင္းအျမဳေတရဲ႕အေဖလိုလူမ်ိဳးေတြကို ပိုေၾကာက္တယ္ သိလား။ မင္းလည္း အဲ့ဒီလူကဘယ္လိုေတြလုပ္တတ္တယ္ဆိုတာ ကိုယ္ေတြ႕ၾကဳံၿပီးၿပီပဲ။ သေဘာမေပါက္ႏိုင္ေသးဘူးလား"
ေပကပ္ကပ္ႏိုင္လွေသာ သြန္းေစၿဖိဳးကေတာ့ တုံဏွိဘာေဝလုပ္ေနဆဲပင္။ ထို႔ေၾကာင့္ ၿငိမ္းသံလြင္ခက္မွာ ေဒါသထြက္ၿပီးရင္းထြက္လာသည္။ သူ႕မွာ ေအာ္ဟစ္ေသာင္းၾကမ္းပစ္လိုက္ခ်င္ေသာ္လည္း စိတ္႐ိုင္းဆႏၵကို ဦးေႏွာက္က အျပင္းအထန္တားျမစ္ေန၏။
"စြမ္းေစတမာန္ရဲ႕ေနာက္ခံေတြက လူတစ္ေယာက္ကို ဘယ္ေလာက္ပဲမုန္းမုန္း အနည္းဆုံးေတာ့ အသက္႐ွဴေပါက္ေလးေတာ့ေပးတယ္။ သူတို႔ရဲ႕သိကၡာရဲ႕ငဲ့ၿပီးေတာ့ပဲျဖစ္ျဖစ္ တျခားဘာအတြက္ျဖစ္ျဖစ္ သူတို႔က တစ္ဖက္လူကို ေခ်ာင္ပိတ္ၿပီးမ႐ိုက္ဘူး။ ဆရာေကာင္းနဲ႔စြမ္းေစတမာန္ရဲ႕ျပႆနာကို မင္းသိၿပီးၿပီမလား။ စြမ္းေစတမာန္ကို ဒီေလာက္႐ြံစရာေကာင္းတဲ့ကိစၥမ်ိဳးလုပ္ဖို႔ၾကံတာေတာင္ ဘာမ်ားအလုပ္ခံရလို႔လဲ။ ႏိုင္ငံထဲကိုျပန္မလာရဘူးဆိုတဲ့ကတိေလးနဲ႔ၿပီးသြားတာ.. အနည္းဆုံးေတာ့ သူတို႔က သူတို႔အသိုင္းအဝိုင္းနဲ႔ သူတို႔မိသားစုရဲ႕ဂုဏ္သိကၡာကိုထိန္းရေသးတယ္"
ဤသည္မွာ အမွန္တရားမ်ားပင္။ ဆရာေကာင္းသည္ ထိုစဥ္က နာမည္ဖ်က္ခံရၿပီး ပညာေရးေလာကမွာ အမည္ပ်က္စာရင္းသြင္းခံခဲ့ရေသာ္လည္း အေၾကာင္းအရင္းေရေရရာရာကို ထုတ္ျပန္ျခင္းမ႐ွိခဲ့ေခ်။ ထို႔ေၾကာင့္ ႏွစ္ေတြၾကာလာသည့္အခါ လူေတာ္ေတာ္မ်ားမ်ားဟာ ထိုသတင္းကိုအတုအေယာင္မွ်သာဟု ထင္မွတ္လာၾကသည့္အထိပင္။
"ဒါေပမဲ့ ဦးထြန္း႐ွိန္ဆိုတဲ့လူကေတာ့ မတူဘူး။ အဲ့ဒီလူအေၾကာင္း ငါက မင္းထက္ပိုသိတာေပါ့။ သူ႕အတြက္ေတာ့ သူ႕သားက သူ႕ရဲ႕ဂုဏ္သိကၡာပဲ။ သူ႕ကိုအျပစ္လုပ္မိလို႔ ငါနဲ႔ငါ့အေဖ လမ္းေဘးေရာက္မတတ္ျဖစ္သြားတာေရာ မွတ္မိလား။ အဲ့ဒီလူသာ စိတ္ပိုင္းျဖတ္လိုက္ရင္ မင္းဘာအျပစ္မွလုပ္မထားလည္း သူက လူသတ္မႈလို႔ေျပာလိုက္တာနဲ႔ မင္း တကယ္လူသတ္မႈတစ္ခုမွာတရားခံျဖစ္ေနမွာ"
"အဲ့ေလာက္ထိေၾကာက္ေနရင္လည္း ႏိႈင္းအျမဳေတနဲ႔လမ္းခြဲၿပီး ဘာလို႔ ကြၽန္ေတာ္နဲ႔လာတြဲေသးလဲ။ အဲ့ဒီႀကီးက်ယ္ျမင့္ျမတ္တဲ့သားအဖဆီမွာပဲ ခစားၿပီး ဘဝကိုသာသာယာယာျဖတ္သန္းေနပါေတာ့လား"
သြန္းေစၿဖိဳးကလည္း ေလသံနည္းနည္းမွ်မေလွ်ာ့။ ၿငိမ္းသံလြင္ခက္ကလည္း ခပ္တင္းတင္း။
"ငါလည္း အဲ့ေလာက္ထိေအာက္မက်ိဳ႕ႏိုင္ဘူးကြ။ ဟုတ္တယ္။ ငါ သူတို႔ကိုဆန္႔က်င္ခဲ့ဖူးတယ္။ ငါလြတ္လပ္ခ်င္လို႔ေလ။ ဘာျဖစ္လဲ။ အနည္းဆုံးေတာ့ ငါက ဘယ္လိုအခ်ိန္ ဘယ္လိုအေျခအေနမွာ ရပ္သင့္လဲဆိုတာကို သိတယ္။ ဘယ္လိုကိစၥမ်ိဳးကိုေတာ့ ေ႐ွာင္သင့္လဲဆိုတာသိတယ္။ အခု မင္းလုပ္ေနတာက ေနာက္ဆုံးစည္းကိုေက်ာ္ပစ္ေနတာပဲ။ ငါေျပာတဲ့အဓိပၸါယ္ကိုနားလည္လား။ ကိုယ့္ေသတြင္းကိုယ္တူးေနတာပဲလို႔..."
ႏွစ္ေယာက္သား သူေအာ္ကိုယ္ေအာ္ျဖင့္ ေသာင္းၾကမ္းေနၾကခ်ိန္မွာ တစ္ဖက္မွာေတာ့ အဖြဲ႕ႏွစ္ဖြဲ႕ဟာ ညီညီၫြတ္ၫြတ္ျဖင့္ သူတို႔ေနာက္ကို ေျခရာခံ၍လိုက္လာေနသည္။ တစ္ဖြဲ႕က စြမ္းေစတမာန္တို႔ျဖစ္ၿပီး ေနာက္တစ္ဖြဲ႕ကေတာ့ ပိုင္စိုးမိုးသူပင္။
ပိုင္စိုးမိုးသူက ေနရာအတိအက်ကို ေျခရာခံႏိုင္သြားခ်ိန္မွာ စြမ္းေစတမာန္ကေတာ့ စီစီတီဗီကိုစစ္ေဆးေနဆဲသာ။
သြန္းေစၿဖိဳးအား တစ္စစီစုတ္ၿဖဲပစ္ခ်င္ေလာက္သည္အထိ အမ်က္ထြက္ေနေသာပိုင္စိုးမိုးသူသည္ ထိုေနရာသို႔ေရာက္သြားသည့္အခါ တစ္ေနရာလုံးအား သူ၏ထိန္းခ်ဳပ္မႈေအာက္သို႔သြပ္သြင္းလိုက္ၿပီး ထြက္ေျပးဖို႔ႀကိဳးစားေနေသာသြန္းေစၿဖိဳးကို ႐ိုက္ႏွက္ဆုံးမပါေတာ့သည္။
"မင္း.. အမ်ိဳးယုတ္.. ငါ့အစီအစဥ္ေတြကို ဘယ္ေလာက္ထိဖ်က္စီးပစ္လိုက္ၿပီလဲ သိလားကြ"
"ငါမင္းကိုေျပာသားပဲ။ ႏိႈင္းအျမဳေတကို ငါ့လက္ထဲထည့္ထားေပးပါဆိုတာကို မင္းမွလက္မခံတာ"
တစ္ေယာက္ႏွင့္တစ္ေယာက္ ဆြဲလားရမ္းလားျဖင့္ ပြက္ေလာ႐ိုက္ေနသည္မွာ ဤအေျခအေနႏွင့္မသင့္ေတာ္မွန္း သိၾကေသာ္ျငား ေဒါသတို႔ေလာင္ၿမိဳက္ေနေသာေၾကာင့္ ဘယ္သူကမွ အသိတရားကိုလက္ကိုင္မဆုပ္ထားခ်င္ၾကေတာ့ေခ်။
ဝ႐ုန္းသုန္းကားျဖစ္ေနေသာ ထိုအေျခအေနမွာ ႏိႈင္းအျမဳေတကေတာ့ ဘယ္လိုအျမတ္ထုတ္သင့္ေၾကာင္း တိတ္တဆိတ္စဥ္းစားေန၏။
သူဟာ အခန္းထဲမွာ ပတ္ပတ္လည္ဝန္းရံထားေသာလူတစ္စုကို အကဲခတ္လိုက္သည္။ ထို႔ေနာက္မွာေတာ့ သူသည္ သူ၏လြတ္ေျမာက္ရာလမ္းစကို ႐ုတ္တရက္႐ွာေတြ႕လိုက္သည္။
အဖြဲ႕ထဲမွကြဲထြက္ေနေသာ ၿငိမ္းသံလြင္ခက္သည္လည္း သူ႕လိုပင္ အေျခအေနကိုအကဲခတ္ၿပီး တစ္စုံတစ္ခုလႈပ္႐ွားဖို႔ျပင္ေနေခ်၏။
သူႏွင့္ၿငိမ္းသံလြင္ခက္ဟာ သိပ္မေဝးေသာေနရာမွာ႐ွိေနၾကသည့္အတြက္ ႏွစ္ေယာက္သား အခ်ိန္းအခ်က္လုပ္ဖို႔သိပ္မခက္ခဲလိုက္ေခ်။
သူက သူ႕နားကိုကပ္လာခဲ့ဖို႔ မ်က္ႏွာရိပ္မ်က္ႏွာကဲျပလိုက္သည့္အခါ ၿငိမ္းသံလြင္ခက္ကလည္း အခ်င္းမ်ားေနေသာအုပ္စုကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးေနာက္ သူ႕အနားကို တျဖည္းျဖည္းကပ္လာသည္။
"ငါ့ကိုကူညီေပး.. မင္းဘာမွမျဖစ္ေစရဘူးလို႔ ငါအာမခံတယ္"
ထိုစကားမွာ ႏိႈင္းအျမဳေတက ၿငိမ္းသံလြင္ခက္ႏွင့္အေပးအယူလုပ္ဖို႔ စဥ္းစားထားေသာစကားပင္။ သို႔ေသာ္ သူေတာင္ ဘာမွမေျပာရေသးခင္မွာပင္ ၿငိမ္းသံလြင္ခက္ဟာ ဖုန္းကိုထုတ္လိုက္ၿပီး ထိိဳဖုန္းကို အျခားလူမ်ားမျမင္ေအာင္ ခႏၶာကိုယ္ႏွင့္ကြယ္ကာ ဖုန္းထဲ႐ွိတစ္စုံတစ္ခုကို သူျမင္ေအာင္ျပေနေလသည္။
ထိုအရာမွာကား မက္ေဆ့ခ်္ႏွစ္ေစာင္ပင္။ ပထမဆုံးမက္ေဆ့ခ်္မွာ "မင္းရဲ႕ဘယ္ဘက္ကိုလွည့္ၾကည့္လိုက္"ဟူ၍ပင္။
ဒုတိယမက္ေဆ့ခ်္ကေတာ့..
"အခုခ်ိန္ျပန္လွည့္ရင္ မီေသးတယ္။ ငါတို႔နဲ႔ပူးေပါင္း။ ငါတို႔အခ်က္ျပတာနဲ႔ မင္းက ႏိႈင္းကိုေခၚၿပီး အနီးဆုံးအခန္းတစ္ခုထဲကိုေျပးပုန္း။ ငါတို႔က ဒီအခန္းကိုဝင္စီးမယ္။ ငါတို႔ေျပာသလိုလုပ္မယ္ဆိုရင္ ငါတို႔ မင္းကို ဒီျပန္ေပးဆြဲမႈထဲကေန ထုတ္ေပးမယ္။ မဟုတ္ရင္ေတာ့ ငါ့ရဲ႕က်ည္တစ္ေတာင့္က မင္းကို ဘယ္ႏွမိနစ္ၾကာမွ ဇီဝိန္ခ်ဳပ္ႏိုင္မလဲဆိုတာ စမ္းၾကည့္ၾကတာေပါ့"
ေအာက္ဆုံးမွာေတာ့ ၿငိမ္းသံလြင္ခက္ဘက္က "လက္ခံတယ္"ဟုပို႔ထားေသာမက္ေဆ့ခ်္ကို ပို႔ထားေလသည္။
ထိုမက္ေဆ့ခ်္မ်ားကိုဖတ္ရင္း ႏိႈင္းအျမဳေတသည္ သူ႕ဦးေႏွာက္ကို လ်င္လ်င္ျမန္ျမန္အလုပ္လုပ္လိုက္ရသည္။ သူ႕အၾကည့္ကလည္း ဟိုဟိုသည္သည္လွည့္လည္သြားလာလ်က္..။ ထို႔ေနာက္မွာေတာ့ အေျခအေနတခ်ိဳ႕ကို သူနားလည္လိုက္သည္။
မတိုင္မီက ၿငိမ္းသံလြင္ခက္ရပ္ေနေသာေနရာမွာ မွန္ျပတင္းတစ္ခ်ပ္႐ွိသည္။
အျဖစ္အပ်က္ကိုအက်ဥ္းခ်ဳပ္လိုက္ေသာ္ သူသိလိုက္ရသည့္အခ်က္ဟာ ထိုျပတင္းေပါက္၏ေနာက္ဘက္မွာ စြမ္းေစတမာန္ေရာက္ေနျခင္းပင္။
စြမ္းေစတမာန္သည္ ထိုျပတင္းေပါက္နားမွာ ၿငိမ္းသံလြင္ခက္မတ္တပ္ရပ္ေနတာကိုျမင္ၿပီး ၿငိမ္းသံလြင္ခက္ႏွင့္ဆက္သြယ္ဖို႔ ႀကိဳးစားေနျခင္းျဖစ္ရမည္ဟု သူေကာက္ခ်က္ခ်လိုက္သည္။
အေျခအေနအရပ္ရပ္ကို နားလည္သြားသည့္ေနာက္မွာေတာ့ ႏိႈင္းအျမဳေတလည္း သူ၏တုံ႔ျပန္မႈကို တိတ္တဆိတ္ေစာင့္ဆိုင္းေနေသာၿငိမ္းသံလြင္ခက္ကို အသာေခါင္းညိတ္ျပလိုက္သည္။
လက္႐ွိမွာ သူသည္ ႀကိဳးတုပ္ျခင္းခံထားရသည့္အျပင္ စိတ္ပိုင္းဆိုင္ရာဖိအားေပးခံထားရျခင္း၏ ေနာက္ဆက္တြဲအင္အားျပတ္လပ္မႈမ်ားေၾကာင့္ လႈပ္႐ွားဖို႔အဆင္မေျပေခ်။ ထို႔ေၾကာင့္ ၿငိမ္းသံလြင္ခက္ကို အားကိုးရမည္သာ။
ၿငိမ္းသံလြင္ခက္ကလည္း သူေခါင္းညိတ္ျပတာကိုျမင္သည္ႏွင့္ အခ်က္ျပသည့္အခါ သူတို႔အေျပးသြားရမည့္အခန္းကို လက္ညိႇဳးထိုးျပသည္။
ထို႔ေနာက္ သူတို႔ႏွစ္ေယာက္သား တစ္ဖက္ကအခ်က္ျပမည့္အခ်ိန္ကို တိတ္တိတ္ေလးေစာင့္ဆိုင္းေနၾကသည္။
အခန္းထဲ႐ွိအဖြဲ႕ႏွစ္ဖြဲ႕ကေတာ့ အေျခအေနတင္းမာေနၾကဆဲပင္။ ပိုင္စိုးမိုးသူကလည္း ႏိႈင္းအျမဳေတအား ဤေနရာမွေခၚထုတ္သြားဖို႔အေရး ပ်ာယာခတ္ေနသလို သြန္းေစၿဖိဳးကလည္း သာသနာဖ်က္လုပ္ေနဆဲ..။
ထို႔ေနာက္မွာေတာ့ အရာအားလုံးဟာ တဒဂၤအတြင္း ျဖစ္ပ်က္သြားသည္။
ၿငိမ္းသံလြင္ခက္၏ဖုန္းထဲသို႔ တိတ္တဆိတ္ဝင္ေရာက္လာေသာ မက္ေဆ့ခ်္တစ္ေစာင္ရယ္..။
႐ုတ္တရက္ဆိုသလိုထြက္ေပၚလာေသာ ဆူညံပြက္ေလာ႐ိုက္သံမ်ားရယ္..။
ထိုဆူညံသံတို႔ကိုခ်န္ထားရစ္ခဲ့ၿပီး အခန္းတစ္ခုထဲသို႔ အေျပးပုန္းၾကရေသာလူငယ္ႏွစ္ေယာက္ရယ္...။
တရားခံမ်ားကို တစ္ေယာက္မွအလြတ္မေပးလိုဟန္ျဖင့္ ၾကမ္းၾကမ္းရမ္းရမ္းကိုင္တြယ္ေနေသာ ဖခင္တစ္ေယာက္ရယ္...။
အ႐ႈပ္အေထြးမ်ားၾကားမွာ ခ်စ္ရသူကိုသာ အျပင္းအထန္႐ွာေဖြေနေသာလူငယ္ေလးတစ္ေယာက္ရယ္..။
••••••••••••
A/N: "ႏြားကြဲေတာ့ က်ားဆြဲ"ဆိုတာ ဒါမ်ိဳးေပါ့ ကိုယ့္လူတို႔ေရ.. ┐( ˘_˘)┌
********