တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
By maiyuri18
465K 30.6K 2.3K
သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final
အပိုင်း(၁၇)
8.6K 706 81
By maiyuri18
မနည်းမများသော မိန်းမငယ်လေးများ၏ အလန့်တကြားအော်ဟစ်အားပေးသံတွေကို မော့မကြည့်ဘဲ လူအိုကြီးပေးလာတဲ့ ဂစ်တာအိုလေးကိုသာ တီးခတ်ဖို့ပြင်နေသော တောင်ပေါ်သားလေး ဗန်လွယ်အွေ့။
Mask အပြာလေးကို အောက်ဆွဲချနေသော လက်ချောင်းလေးများက ဖော့ဖယောင်းလ်ို ပျော့ပျောင်းနေသည်ကား မြင်ရသူအဖို့ ရူးသွပ်ဖို့ရာ၊ စွဲငင်နေသော မျက်ဝန်းတွေက အကြည့်ချင်းဆုံဖို့ရာ မဖြစ်နိုင်ပြီ။ ရုတ်တရက် နှလုံးသွေးရပ်တန့်စေသည့် အကြည့်စူးစူးမို့ မိန်းမလှလေးတွေရဲ့ အော်ဟစ်အားပေးသံကား မများသော်လည်း ပတ်ဝန်းကျင်အာရုံစိုက်စရာ ဖြစ်လာခဲ့ပြီ။
( အားးးးးးချောလိုက်တာ)
(Woo.....)
(မိုက်လိုက်တာ...live song လေးကြည့်ရတော့မယ်)
( ကံကောင်းလိုက်တဲ့ ငါတို့တွေပဲ....)
(ခုလိုမကြုံဖူးပေမယ်....ချောလိုက်တာ...)
အမျိုးမျိုးတီးတိုးသဖွယ် မှတ်ချက်အမည်ပေးကာ လက်ခုပ်သံတိုးတိုးတွေကြား လွယ်အွေ့လေး မျက်နှာမော့မလာခဲ့။ လူအိုကြီးကမ်းပေးလာသော ဂစ်တာအိုလေးကို ကြိုးညှိနေသည့် ဖယောင်းလက်လေးက မျက်စိမလွဲချင်စရာ။ အဆစ်ပျောက်နေသယောင် ပျော့ပျောင်းလွန်းတဲ့ လက်သွယ်သွယ်လေးကအစ ငေးမောစရာ ။
ဗာဂျာကိုကိုင်ပြီး Harmony လိုက်ပေးရန်ပြင်နေသော လူအိုကြီးက ခေါင်းလေး တဆက်ဆက်ညိမ့်ပြနေပြန်သည်။ ကြည်နူးဖွယ်မျက်ဝန်းတွေထဲက နှစ်သက်အားကိုးမူကို အထင်သားမြင်နေရသည်။
ချို့တဲ့သူကိုမြင်ရင် ကိုယ်ချင်းစာတက်တဲ့ တောင်ပေါ်သားလေး။
သက်ကြီးရွယ်အိုတွေမြင်တိုင်း ပေးကမ်းဝေမျှတက်တဲ့ လွယ်အွေ့လေးရဲ့ စိတ်ထားလေးနူးညံ့မူအတိ။
ကိုယ်တိုင်သည်ကား အားနည်းချက်နှင့်မို့ ချို့တဲ့သူကို ဖေးမ လက်တွဲကူညီရင်း သီဆိုမိသည်ကား အဆိုကြီး ဂရေဟမ်၏ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်သည့် အချစ်စွမ်းအား
(🎼🎼.....အိပ်စက်သွားတဲ့ ငါနှလုံးသား...မင်းနဲ့တွေ့မှနိုးလာတယ်...ကွဲအက်သွားတဲ့
အသည်းဒဏ်ရာ..မင်းရဲ့လက်နဲ့ပျောက်ကုန်ပြီ....
...ဟောင်းနွမ်းခဲ့တဲ့ အိမ်မက်များ...အေးစက်မည်းမှောင်ငါ့ညများ...အိမ်မက်သစ်တွေမွေးဖွားလို့...ရင်ကိုနွေးထွေးသွား...အကြင်နာညများလင်းလက်သွား...🎼🎼)
ဝန်းကျင်ဆူညံမူကို အလေးမထားဘဲ အသွေးအသားထဲက ရူးသွပ်ခဲ့တဲ့ ဂီတသံစဉ်တွေအပေါ်သာ စိတ်အာရုံနစ်ထားမိသည်။ မျက်စိကိုအသာမှိတ်၍ တေးသီချင်းသံစဉ် ဂီတ note တွေပေါ်သာ ဝင်လေထွက်လေ တည်မှီးပြီး တီးခတ်နေသူကိုအားပေးအော်ဟစ်နေသံတွေက ပျံ့လွင့်လျှက်။
ဦးထုပ်ဝိုင်းအနက်ကလေးကို ကိုင်ပြီး အလှူငွေကောက်ခံပေးနေသော ဖိုးသားထူးလေး။ ကလေးနဲ့မလိုက် အရာရာသိတက်လွန်းတဲ့ ကလေး၊ ကိုငယ်ခံစားသက်ဝင်လူပ်ရှားမူကို မျက်တောင်
မခတ်ငေးမောသူ၊ လွယ်အွေ့၏ အမာခံပရိသတ်တစ်ဦး။
မနည်းသော ၅၀၀၀/၁၀၀၀/၅၀၀ တန်စသည့်ငွေကြေးစက္ကူများစွာကို ပိုက်ပွေ့ရင်း လွယ်အွေ့တီးခတ်နေမူကို ဘေးကနေ၍ မမတွေအလိုကြ ဟိုရွေ့လိုက်၊ ဒီရွေ့နေပေးလိုက်ဖြင့် မမတို့ မှတ်တမ်းထဲ ပါဝင်မူ ပိတ်ခံရသူလေး ဖိုးသာထူး။
မမတွေက ပိုကို ပိုလွန်းတယ် ။
(🎼🎼သွေးကြောထဲမှာ လည်ပတ်နေ...မင်းလေးပေးတဲ့အားအင်တွေ...ကိုယ့်ဘဝရဲ့အနက်အဓိပ္ပါယ်ဟာ ...မင်းတစ်ယောက်တည်းအတွက် ဖြစ်လာတယ်..အိုး.....
ဘဝရဲ့ခရီးကိုအတူလျှောက်မယ်...ဆင်းရဲချမ်းသာမျှဝေမယ်...အားပေးနားလည်ချစ်သူရယ်...သေချာတဲ့အဖြေဟာ...ကိုယ်နဲ့မင်းနဲ့မခွဲတော့ဘူး...
အရာရာပိုင်ဆိုင်သမျှ...အားလုံးမင်းအတွက် စိတ်နဲ့ခန္ဓာ အကုန်လုံးပဲ...ယုံကြည်နားလည်မူ ရှင်သန်နေမယ် ချစ်ခြင်းများ...ဒဏ်ရာတွေမရှိဘူးကိုယ်ရဲ့နံဘေးနား မင်းရှိနေရင် ရင်ဆိုင်ရဲတယ်...အန္တရာယ်အားလုံး နင်းဖြတ်သွားမယ် ...အချစ်စွမ်းအား..အိုး..အချစ် ....🎼🎼)
Chorus အပိုဒ်သီးဆိုပြီး ဆိုညင်းသံတိုးတိုး တို့ကိုမလွတ်တမ်းငေးမောနေသည့်လူအုပ်ကြီးက အပြိုင်အဆို social media ပေါ်သို့ live လွင့်ကြရင်း ကြုံကြွားလုပ်နေကြပြီ။
တချိန်နှင့်တပြေးညီ တစ်ဦးတစ်ယောက်ရဲ့ YouTube live မှ အစတည်ကာ social media ပေါ်ဝယ် ကျယ်ကျယ်ပြန့်ပြန့်နေရာယူသွားသော တောင်ပေါ်သားလေး ဗန်လွယ်အွေ့သည်က ချို့တဲ့သူကို ကူညီရင်း တေးသီချင်းသီကျူးနေရသည်ကိုပဲ သိရှိကာ အရာရာဟာ သတိမဲ့စွာ။
အန္တရာယ်ကိုမမြင်သည့်အလား သီချင်းဆိုနေရရင် ဘာမှမမြင်တက်သည့်အားနည်းချက်က ဗန်လွယ်အွေ့ကို ခပ်ကြမ်းကြမ်းလူပ်ကိုင်လိုက်သည်။
အနီးနားက မိန်းမပျိုတွေအများစုက social media ပေါ် အကြွားသန်ရင်း mask မင်းသားလေး ဆိုတဲ့ အမည်လေးကိုပါ ဗန်လွယ်အွေ့ လက်ခံခဲ့ရသည်။
လူသတင်းလူချင်းဆောင် ၊ ပန်းသတင်း ပန်းချင်းဆောင်ဆိုသလို ဆယ်ကျော်သက်မိန်းကလေးတွေကြား  mask လေးတပ်ထားတဲ့ အဆိုတော်လေး၏ အမည်က မသိသေး၊ တီးခတ်သီဆိုသွားသော ဂစ်တာတီး ကျွမ်းကျင်သူတွေကြား အာရုံစူးစိုက်မူက လေအဟုန်လို ပျံ့နှံခဲ့ပြီ။
သီဆိုသွားတဲ့ကောင်လေးက ဘယ်သူလဲ။
ကြားနေကြ အချစ်စွမ်းအား သီချင်းက သူသီဆိုသွားမှ ပိုတန်ဖိုးရှိလာသလိုမျိုး။
ဆယ်ကျော်သက်မိန်းကလေးကြား mask မင်းသားလေး တဖြစ်လဲ ကျော်ကြားခဲ့သူ။
တီးခတ်လိုက်သော ကျွမ်းကျင်ပိုင်နိုင်မူကြောင့် လူငယ်ထုတွေကြားအံ့ဩခြင်းလိူင်းက ခပ်ပြင်းပြင်းရိုက်ခတ်လိုက်ပြီ။
ထိုသူကမည်သူနည်း ။
လူငယ်ထု၏ social media ပေါ်က ၂ မိနစ်စာ video လေးပျံ့နှံ့သည်က လေ အလျင်လိုတစ်ခဏအတွင်း ကြော်ငြာလုပ်ငန်းမလို ။ သက်ဆိုင်သူကမသိပေမယ့် မည်သူလဲဟူ၍နောက်ကလိုက်လံရှာဖွေနေသူ Entertainment များစွာက ရန်ကုန်မြို့တွင်း ခြေချင်းထပ်သည့်နှယ် ။
လူပြောများတဲ့ ကောင်လေး ။
သီဆိုဟန် ကောင်းသည့်ကောင်လေး ။
ဂစ်တာကိုကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်ပြီး ဂီတအပေါ် ရူးသွပ်သူလေး ...စသော..စသော အမည်များဖြင့် ။
Mask အုပ်ထားတဲ့ကြားက ထွက်ပေါ်လာသော အသံချိုချိုလေးကြောင့် ရစ်မူးသွားသော နှလုံးသားတွေက အများအပြား။
———————————————————————————————————————————
" အကြီးကောင် လမ်းခရီးအဆင်ပြေရဲ့လား "
Jay ကြိုလာသော အကြီးကောင်က အပြုံးအရယ်မရှိ ခေါင်းညိမ့်ပြရင်း တစ်ယောက်တည်း နေသော villa ကို မျက်စိဝေ့ ကြည့်နေသည်။ အဆင့်မြင့်လှသော တိုက်တန်းတွေကြားက အေးချမ်းတည်ငြိမ်စွာ သီးသန်တည်ထားသော ကိုယ်ပိုင်villa၊ နောက်ဘက်ဆီက မြက်ခင်းပြင်ကျယ်ကြီးက ခန့်ညား စွာ တည်ရှိနေပြန်သည်။ မိသားစုတစ်ခုစာအတွက် လုံလောက်စွာထက် ကျယ်ဝန်းသော villa ကြီးကို ပထမဆုံး အလည်ရောက်လာသော မိသားစုဝင် ဖြစ်သည့် အစ်ကို ဘုန်းမြတ်ဟန် ။
" အိမ်ကို သဘောကျနေတာလား အကြီးကောင် "
"မင်းရဲ့ အောင်မြင်မူက မင်းလောဘထပ် ပိုသာနေတာ မြင်ရလို့စိတ်ချမ်းသာရပါတယ်၊ ဂုဏ်ယူပါတယ် ပြေ့ဘုန်းမာန်"
" အဲလိုပြောဖို့ မလိုပါဘူးကွာ၊ ဖေဖေတို့ရော ...."
" မင်းအတွေးထဲမိသားစု ဆိုတာရှိနေသေးလား ၊ ဖေဖေရဲ့ဆန္ဒတွေကို ရိုတ်ချိုးခဲ့ပြီးမှ ဖေဖေအကြောင်း မေးလို့မသင့်ဘူးထင်တာပဲ CEO ပြေ့ဘုန်းမာန် "
အရိူက်တည့်တည့်ကို ပြေးကန်ခံရသည့်အလား၊ မင်းကလဲကွာ !လို့ မတန်လိုမာန်ကျသည့်အလား ခေါင်းငုံ့နေမိသည်။
" မေမေရော သက်သာရဲ့လား "
" မိသားစုဆိုတဲ့ စကားစုကို မင်းနားမလည်သေးဘူး ဘုန်းမာန် ၊ မင်းကိုယ်တိုင်ပဲ မိသားစုရဲ့အဝေးပြေးပြီးမှ ခုဘာလို့ တမ်းတမ်းတတ မေးနေသေးလဲကွာ ....ငါပြောမယ် ဘုန်းမာန်၊
မင်း အသည်းအသန်လိုက်နေတဲ့ မင်းအောင်မြင်မူက မင်းကို ပျော်အောင်မထားပေးနိုင်မှာ
စိုးရိမ်မိတယ် "
အမြဲသောက်နေကြ coffeအရသာကို သိနေသည့်အလား လက်ရည်မပြောင်းလဲ ကိုယ်တိုငိဖျော်ပြီး ဧည့်ခံနေသူ ညီငယ်။ လူငယ်တွေကြား အောင်မြင်မူနောက် လိုက်ရင်း မိသားစု ဆိုတာကိုမေ့လျော့စွာ သူလိုချင်တဲ့အောင်မြင်မူက သူကို ပြည့်စုံအောင် မပျော်ရွှင်စေမိမှာစိုးရိမ်တယ်။ သူဖန်တီးခဲ့တဲ့ဇာတ်ကသူအတွက် အမြဲမှန်ပေမယ့် အမှန်တရားတချို့က လှစ်ဟာ ပြဖို့အချိန်တန်ပြီ ယူဆခဲ့လို့ ဘုန်းမြတ်ဟန်တစ်ယောက် အလုပ်ပြီးပြီးချင်း ညီငယ်နေအိမ်ကို ဖေဖေ မသိအောင် ပထမဆုံး ခြေချမိခြင်း။
မေမေဆန္ဒ တချို့ကိုဖေဖေ မသိအောင် ဖြည့်ဆည်းပေးချင်တာ၊ ဘုန်းမာန်မသိသေးသည့် အမှန်တရားကြောင်း သူနာကျင်ရမည်ဆိုရင်တောင် နာကျင်ပြေးထွက်သွားတဲ့ ငယ်လေးအတွက်တရားမျှတမူကို ယူဆောင်ပေးချင်တာ။
ငယ်လေးအတွက်အမှန်တရားက ပြေ့ဘုန်းမာန်အတွက် မည်သို့မည့်ပုံခံစားရမည် မသိပေမယ့် ဆယ်စုတစ်ခုမက သိမ်ငယ်နေခဲ့ရတဲ့ ငယ်လေးရဲ့ဖြစ်တည်မူကိုမျက်ကွယ်ပြုမပေးနိုင်ဘူး ။
လွယ်အွေ့လေးအတွက် အမှန်တရားဆိုတာထက် မျှတတဲ့ နာကျင်မူက ဘယ်လိုအရာဆိုတာ အရာရာမှာထက်မြတ်လွန်းတဲ့ ပြေ့ဘုန်းမာန်တစ်ယောက် သိသည့်ပြီလေ။
" အဆင်ပြေတယ်ဆိုရမှာပဲ "
" ဒီမှာ ရက်ကြာကြာနေမယ်မဟုတ်လား မေမေ အတွက်အားဆေးလေး ထည့်ပေး...."
" မနက်ဖန် ပြန်မယ် ဘုန်းမာန် "
" အစ်ကို...."
" မတွေ့ရတာကြာလို့ စကားလေး ပြောချင်ရုံပါပဲ ဘုန်းမာန်"
" ရက်နည်းနည်းလောက် ထပ်နေပါအုံးလား အစ်ကို"
" နေမရဘူး ဘုန်းမာန်၊ flight time က နေ့လည် မို့ ဒီည မင်းကို အသိပေးစရာ ..မဟုတ်ဘူး မင်းသိသင့်တယ်ထင်လို့ ငါ မင်းနေရာမှာ ခြေချတာ ပဲ ဘုန်းမာန်၊ ငါ အခုနားမယ်ကွာ....ညမှ တို့ညီအစ်ကိုတွေ ဝိုင်းတည်ကြတာပေါ့ ...ဖြစ်ရဲ့လား "
" အဆင်ပြေတယ်....အပေါ်ထပ် လှေကားနဲ့ကပ်ရက် ညာဘက်ခြမ်းမှာအခန်းပြင်ထားတယ် အကြီးကောင် ....အေးဆေးနားအုံး "
" အေး ....ပါ "
လှေကားပေါ်တက်သွားသော အကြီးကောင်ကိုကြည့်ရင်း စိတ်ဆန္ဒထဲကမေးချင်နေတဲ့စကားတစ်ခွန်း ။
" မင်းဒီရောက်နေတာ ဖေဖေ သိလား အစ်ကို "
" ဘယ်သိလို့ဖြစ်မလဲကွာ......မင်းလုပ်ရပ်ဆိုးတစ်ခုကြောင့် ဖေဖေတို့ခေါင်းမဖော်ရဲရှာဘူး..အဟက် ..sorry ဘုန်းမာန် .."
" မဟုတ်ပါဘူး...အစ်ကိုရာ ...ငါ..."
" မင်းအပြစ်မရှိခဲ့ပါဘူး...အားလုံးအဆင်ပြေမှာပါလို့ မျှော်လင့်ချက်ကြီးခဲ့တဲ့ ငါတို့ပဲမှားခဲ့တာ"
တုန့်ပြန်ခြင်းမရှိ ခေါင်းငိုက်စိုက်ကျသွားသော ပြေ့ဘုန်းမာန်တစ်ယောက်ကိုကြည့်ပြီး အစ်ကိုဖြစ်သူ ဘုန်းမြတ်ဟန် လှောင်ပြုံးပြုံးနေမိသည်။
" ဒီလိုပါပဲကွာ....ဖြစ်ချင်တိုင်း ဖြစ်မရတဲ့လောကကြီးမှာ နှစ်နာသူတွေအကြောင်း ပြန်တွေးကြည့်တိုင်း ငါတို့ မျက်နှာမဖော်ဝင့်ခဲ့ဘူး ဘုန်းမာန်၊ မင်းကတော့မသိပေမယ့် နှစ်အတော်ကြာ ကိန်းအောင်းနေတဲ့ နာကျခြင်းတွေကြောင့် ငါတို့ အားနာနေရတာပေါ့ ကွာ..."
" တောင်းပန်ပါတယ်....အစ်ကို.....ဒါနဲ့ မရီးရော အဆင်ပြေရဲ့လား.."
" မင်းတောင်းပန်ရမှာ လူမှားနေရုံပါ ။ မင်းမရီးက ဗိုက်တစ်လုံးနဲ့ ယောက္ခမအိမ်က အပူတွေကို ကူဖြေရှင်းပေးနေလေရဲ့ "
ခေါင်းငိုက်စိုက်ဖြင့်သာ အိမ်ရှေ့တည့်တည့်က မြက်ခင်းပြင်ကြီးကိုကြည့်ပြီး ညအတွက်လိုအပ်မည့် ဖျော်ရည်ယာမကာနဲ့အမြည်းအချို့ကို Jay အားလာပို့ခိုင်းမိသည်။ နောက်နေ့အတွက် အချိန်ဇယားကိုတချက်ကြည့်ပြီးအကြီးကောင်ကို airport လိုက်ပို့နိုင်ရန်အတွက် လိုအပ်သည့်အချိန်အနည်းငယ်ရအောင် အလုပ်ကို ထိုင်ဖြိုနေမိသည်။ အတွင်းရေးမှူးမလေး ပို့ပေးထားသော ဖိုင်တချို့ကို ကြည့်လိုအပ်သည့်အချက်အလက်နှင့် ဆွေးနွေးရမည့်အကြောင်းအရာ ၊ တွေ့ဆုံရမည့်  လူဦးရေစာရင်းနဲ့ ထပ်တိုးလုပ်ဆောင်မိဆောင် project အတွက် ရင်းနှီးထားတဲ့ငွေကြေးစီမံခန့်ခွဲမူတို့ကိုပါ တစ်ချက်တွေးတောပြီး အချက်အလက်ဖိုင်များကို ပြန်လည်စီစစ်ကာ လုပ်ငန်းကို မထိုင်မထဘဲ အိမ်တွင်လုပ်ကိုင်နေမိသည်။
" အဆင်ပြေရဲ့လား Boss "
အထုပ်များစွာကို ဆွဲကိုင်ကာဝင်လာပြီး ဧည့်ခန်းဆောင်မှာ သောက်စရာပစ္စည်းများနှင့်စားစရာများကိုပါ တခါတည်းစီစဉ်ပြီးနေရာချထားပေးနေသော Jay ။
" ကျေးဇူးပဲJay ...တခါတည်း ဒီမှာ ဝိုင်းသွားပါ့လား အဆင်ပြေရင် "
" နေပါစေ Boss တို့ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် သုံးဆောင်ကြပါ၊ ကျွန်တော်မိသားစုနဲ့ ညစာ ချိန်းထားလို့ပါ Boss"
" ဟုတ်လား ...sorry ပါ Jay "
" ဟုတ်ကဲ့၊ သွားခွင့်ပြုပါ Boss "
ကိုယ်ကိုကိုင်းကာ နူတ်ဆက် ထွက်ခွါရန် တောင်းဆိုနေသော Jayကို ခေါင်းငြိမ့်ပြမိသည်။
"မိသားစု ....မိသားစု.....မိသားစုနှင့် ဒုက္ခအိုးလေး " စသည့်အတွေးများစွာ ဝင်လာပြီး ဘောင်းဘီအိတ်ထဲ လက်နိူက်ကာ နူတ်ခမ်းနားတွေ့မိသည်ကာ ဆောင်နေကြ စီးကရက်လေး ။
ရိူက်ဖွာလိုက်သော အငွေ့အသက်တို့ကြောင့် အိမ်ပြင်ဘက် ဝရံတာ လေးမှာ ရပ်ပြီး အတိတ်အကြောင်းအရာအနည်းငယ်ကို ပြန်လည်တွေးနေမိသည်ကား ဘယ်ချိန်ထိရောကိနေမယ်မသိ။ အနောက်ကစကားပြောနေသော အစ်ကိုကြောင့်အသိဝင်ကာ ခေါင်းငုံ့ကာကြည့်မိတော့ လက်ထဲက စီးကရက်လေးက ကုန်ဆုံးနေလေပြီ။
" နေရာလေးက အတော်လှတာပဲ ဘုန်းမာန် "
" အင်း ....."
နှစ်ယောက်သား မျက်နာချင်းဆိုင်ထိုင်ပြီး Jay ပြင်ဆင်ပေးသွားတဲ့ ညနေစာ cheers လုပ်ကာအခန်းအနား စမိတော့ ....မရွှင်ပြသော မျက်နှာနှင့်အကြီးကောင်။
"လက်ပတ်ကြိုးလေး မင်းမှာရှိနေသေးတာပဲ "
" အင်း ဟုတ်တယ် အကြီးကောင် ...ငါ....ငါ...."
" မဖြေပါနဲ့ကွာ...မင်းဆီက စကားတွေ မကြားလိုပါဘူး ....ဟားးးးးး"
အက်ကွဲခြောက်ကပ်နေတဲ့ ရယ်သံကြီးနဲ့ အော်ရယ်နေသော အကြီးကောင်ကို ငေးကြည့်မိတော့ လက်ထဲကဖန်ခွက်တစ်ခုလုံကို မော့ချကာ မြိုသိပ်နေသည့်အလား ၊ သူ့မျက်နှာပေါ်က မွန်းကြပ်မူတွေက အထင်းသား။
" အရသာက ကောင်းသားပဲ...."
နာမည်ကြော် တံဆိပ်ထဲကတစ်မျိုးဖြစ်သည့် ယာမကာပုလင်းကို ဖန်ခွက်အကြည်လေးထဲ ရေခဲတုံးအနည်းငယ်စွက်ကာ တစ်ချိုက်မော့၍ ဆိုလာသော အစ်ကိုလုပ်သူ၏ စကားထဲမှာ နာကျင်မူက အတိုင်းသား။
" ညစာ ပြင်လိုက်မယ်လေ အကြီးကောင်"
" မစားတော့ဘူး ဘုန်းမာန်....ဒီည ငါ့ညီလေးကို ပုံပြင်လေးတစ်ပုဒ်ပြောပြချင်လို့ ..ဒီလို ကြီးကျယ်တဲ့ နေရာမှာ ခြေချမိတာပေါ့ ဘုန်းမာန်ရာ..."
" အစ်ကို...."
တစ်ခွက်ပြီး တခွက် ဆက်တိုက်မော့ကာ အနည်းငယ်အရှိန်ယူနေသည့် ဘုန်းမြတ်ဟန်၏ ကျေကွဲဖွယ်ပုံရိပ်တို့ကြောင့် တစ်ချိုက်မော့မည့် အခြေအနေအား ဘုန်းမာန်တားဆီးနေမိသည်။
အရက်ခွက်လေးကို စားပွဲပေါ်နေရာချပြီး ကိုယ်ဟန်အနည်းငယ်သပ်ကာ ရင်ဖွင့်ပြောပြမိသည်ကား အနှစ်နှစ်အလလက မနိုင်မနင်းထိန်းထားခဲ့ရတဲ့ လျို့ဝှက်ချက်လေး။
ဘယ်တော့မှပြေ့ဘုန်းမာန်ကို ပေးမသိစေချင်တဲ့ ဖြစ်ရပ်ဆိုးတွေအကြောင်း ။
မိဘများနှင့်အတူ အမှန်တရားကို သိသူနည်းပါးလွန်းလှသည့် ငယ်လေးရဲ့ ချို့တဲ့ခဲ့ရခြင်း အကြောင်းတရားတွေကို ပြေ့ဘုန်းမာန်အား ဖေဖေမသိအောင် ဖွင့်ချ ရင်ဖွင့်မိသည်ကား ပုံပြောစရာ ဘုန်းမြတ်ဟန်ကိုယ်တိုင်သော်လည်း နှလုံးကွဲကျေရာမို့....။
"တစ်ခါတုန်းက မိသားစုလေးတစ်ခုရှိတယ်ဘုန်းမာန် ၊ မထင်ရှားမကျော်ကြားတဲ့ ဝန်ထမ်းအရာရှိလေးပေါ့ ၊ ဖိုးဘွားမိဘ ကြွယ်ဝသလောက် ကိုယ်ဝါသနာကိုရှေ့တန်းတင်တက်တဲ့ ဝန်ထမ်းလူလေးကြောင့်မိသားစုက ငဲ့မကြည့်တက်ဘဲ ပစ်ထားကြသတဲ့၊ သူ့မှာ သားလေးနှစ်ယောက်ရှိတယ် ....မင်းရယ်....ငါရယ်..."
အံ့ဩမူတွေနဲ့ အကြီးကောင်ကိုသာ ငေးမော့ကြည့်နေမိသည်။
အစ်ကို ဘာတွေပြောနေတာလဲ....။
ဖန်ခွက်ကြည်လေးထဲက အရည်ယာမကာလေးများကို လူပ်ခါ၍ တစ်ချိုက်မော့ကာ ကျေကွဲမျက်ဝန်းများဖြင့် ဆက်ပြောလာသည့် ဘုန်းမြတ်ဟန်...။
" အဲ့ဝန်ထမ်းလေးက တာဝန်ကျရာ နယ်မြေလေးမှာ တာဝန်ထမ်းဆောင်ရင်း သားကြီးကို ဖိုးဖွားတွေလက်ထဲ ချန်ထားခဲ့ပြီး ရန်ကုန်နဲ့ အလွန်ဝေးကွာပြီး တောတောင်ထူထပ်တဲ့ချင်းပြည်နယ်မှာ တာဝန်ထမ်းရသတဲ့။ ကံကောင်းချင်တဲ့ တပ်ကြပ်လေးမိသားစုက ဗမာဗိုလ်လေးတစ်ဦးနှင့်ရင်းနှီးခင်တွယ်မိသည်ကနေ သူ့အိမ်ကိုယ့်အိမ်ကနေ နှစ်အိမ်တစ်အိမ် မိသားစုချင်းရင်းနှီးချစ်ခင်စွာနေထိုင်ကြသတဲ့။ ရိုးသားလှတဲ့တောင်ပေါ်သူဗိုလ်ကတော်လေးက တပ်ကြပ်လေးရဲ့ သားငယ်လေးကို လွန်စွာချစ်မြတ်နိုးလို့ သူ့ရင်ခွင်ပိုက်သားငယ်လေးနဲ့အတူ အမြဲပြုစုစောင့်ရှောက်ခဲ့သတဲ့။ ဒီလိုနဲ့ တပ်ကြပ်လေးဘဝကနေ တဆင့်မြင့်တဲ့ရာထူးတွေစွတ်ခူးပြီး အမြဲပျော်နေကြတာပေါ့ ၊ ရန်ကုန်ကသားကြီးဆီခဏပြန်လိုက် တောင်ပေါ်ကို သွားလိုက်နဲ့အလုပ်ရူပ်နေတဲ့ မေမေကို သနားလို့ မင်းကို အဲ့တောင်ပေါ်သူ လက်ထဲကပဲ ကြီးပြင်းလာခဲ့တာ မင်းအသက် ၇နှစ်အထိရောက်သည်ထိပေါ့ ဘုန်းမာန် ၊ အဲ့အချိန်တုန်းက ငါ့အသက်က ၁၀ နှစ်လောက်နေမယ်"
အတိတ်အရာတွေပြောဆိုရင်း စီးကျလာတဲ့ မျက်ရည်ကြည်တွေကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းသုတ်ကာ ဇာတ်ကြောင်းပြောနေသည့် အကြီးကောင်ကို မျက်တောင်မခတ်တမ်းကြည့်နေသည် နားထောာင်ရသူ ဘုန်းမာန်။
" အကြီးကောင်......မဟုတ်....မဟုတ်ဘူးမဟုတ်လား ..."
ဆို့နစ်ကျေကွဲနေသော တုန်ရီသံတွေနဲ့ ပြေ့ဘုန်းမာန်။
" တစ်နေ့ ...အဲ့တစ်နေ့ ဘယ်တော့မှ ငါတို့မိသားစု မေ့မရတဲ့ အဲ့နေ့ ...ရက်စွဲအတိအကျမမှတ်ထားပေမယ့် ဖေဖေယူကျိုးမရငိုခဲ့တဲ့ အဲ့တစ်နေ့ပေါ့ ဘုန်းမာန်။ ဖေဖေတို့ တိုက်ပွဲအောင်လို့ ပြန်ရောက်လာတဲ့ အဲ့နေ့က ဘာမှမသိသေးတဲ့ ၂ နှစ်ကျော်အရွယ်လေးနဲ့ မင်းခေါ်ရာနောက်ကိုလိုက်ရင်း မင်းတို့ကလေးနှစ်ယောက်လမ်းပျောက်ခဲ့ကြတဲ့ အဲ့နေ့။ အဲ့နေမှပဲ မိုးသည်းထန်စွာရွာလို့ လေပြင်းတိုက်ခတ်ခံရတဲ့ နေ့က မင်းက အတိတ်မေ့ဒဏ်ရာရခဲ့ရပြီး ၊ ၂နှစ်ကျော်ကလေးငယ်က ခြေတစ်ဖက် ထိခိုက်ခဲ့ရတဲ့ နေ့ပေါ့ ဘုန်းမာန်...အဲ့အဖြစ်ပျက်ဆိုးပြီး သိပ်မကြာ ဖေဖေရဲ့ဆရာဖြစ်တဲ့ လွယ်အွေ့ဖခင်လည်း တိုက်ပွဲကျခဲ့ရတဲ့ နေ့ရက်တုန်းက ဖေဖေလက်ပေါ်မှာပဲ လွယ်အွေ့လေးကို စောင့်ရှောက်ပေးပါဆိုပြီး တောင်းဆိုကာ ခေါင်းချခဲ့ချိန် ဖေဖေငိုကြွေးခဲ့ရတဲ့ နေ့ရက်တွေပေါ့ဘုန်းမာန်"
မျက်ရည်တွေစီးကျရင်း ပြောပြနေတဲ့ အကြီးကောင်ကို ကြည့်ကာ ရင်ထဲမွန်းကြပ်မူက အတိုင်းမသိ ။
" ငါ....ငါ......"
" ကံဆိုးမူက အဖော်အပေါင်းတွေနဲ့ လာခဲ့ကြတာ ၊ ဖေဖေက သူ့ဆရာကိုပေးခဲ့တဲ့ကတိက သူ့သားလေးကို စောင့်ရှောက်ပါ့မယ်လို့! နောက်ရက်ကြာ ဖေဖေ ပြန်ရောက်တော့ ဖေဖေယူကျိုးမရငိုကြွေးခဲ့တယ် " ဆရာအပေါ် သူတာဝန်မကျေခဲ့ဘူးပေါ့ " မင်းက ဦးခေါင်းဒဏ်ရာထိခဲ့လို့ နှစ်အနည်းငယ် အတိတ်မေ့ရောဂါကုခဲ့ရသလို ၊ တောင်ပေါ်မှာကျန်နေခဲ့ရတဲ့ ကလေးငယ်က သူ့ဘဝမှာ ဒုက္ခိတ အဖြစ်နဲ့ပေါ့၊ သိပ်ခေါင်းမာပြီး ပြတ်သားခဲ့တဲ့ တောင်ပေါ်သူကြီးကို ငါတို့ရန်ကုန်ခါ်မရခဲ့ဘူး ၊ ဖေဖေ ရာထူးတိုးနဲ့ရန်ကုန်ပြန်ရောက်တော့ ဖေဖေက သူတို့အကြောင်းအမြဲစုံစမ်းရင်း ထောက်ပံ့ပေးပေမယ့် လွယ်အွေ့တို့သားအမိက လက်မခံကြပဲ ငါတို့မသိတဲ့တခြားနေရာမှာ ပြောင်းရွေ့နေထိုင်ခဲ့ကြတယ်။ ငါတို့သူကိုပြန်တွေ့တော့ တောင်ပေါ်သူကြီးက အဆုတ်ကင်ဆာနဲ့ရောဂါကျွမ်းနေပြီ၊ သူ့သားလေးက တက္ကသိုလ်အဝေးသင်နေဆဲ နားလိုက်ရတယ်လေ။  တောင်ပေါ်သူကြီး မသေဆုံးခင် ဖေဖေ လက်ထဲ လွယ်အွေ့ကို ထည့်ပေးခဲ့တယ်။ သားအဖြစ်နဲ့ စောငိ့ရှောက်ခွင့် ပြုပါတယ်ဆိုပြီး လောကကြီးကိုနူတ်ဆက်ခဲ့ပြန်တယ်"
" ငယ်စဉ်ကတည်းက ခက်ခဲကြမ်းတမ်းခဲ့တဲ့ဘဝကို သားအမိနှစ်ယောက်ရုန်းကန်ရင်း ငယ်လေးက သူ့ဘဝကိုဖြတ်သန်းခဲ့ရတာ ဘုန်းမာန်၊ မင်းထားခဲ့တဲ့ ငယ်လေး ဘဝက လွယ်ကူခဲ့တာမရှိခဲ့ဘူး ၊ မင်းပြောတဲ့ ဒုက္ခိတ ဆိုတဲ့ နာမ်စားက မင်းကြောင့်ရလာခဲ့တာပဲ ဘုန်းမာန်"
" ဘာ......ဘာလို့ ကွယ်ဝှက်ခဲ့ကြတာလဲ၊ ....ဘာလို....ငါကိုအသိမပေးကြတာလဲ....ဟမ် !!!!အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"
" မင်းကြောင့် ဆိုတဲ့ အသိနဲ့ ရှေ့ဆက်မဖြတ်သန်းစေချင်တဲ့ တောင်ပေါ်သူကြီးရဲ့ မေတ္တာတွေကြောင့်ပေါ့၊ ဘုန်းမာန်ကို အတိတ်တွေပေးမသိစေဘဲ ပျော်ရွှင်ပါစေတဲ့လေ ! နောက်ပြီး ဘာတဲ့....ငါတို့လက်ထဲကို မင်ခေါ်နေတဲ့ ဒုက္ခိတဆိုတဲ့ လွယ်အွေ့လေးကို စောင့်ရှောက်ခွင့် လွယ်လွယ်မရခဲ့ဘူး ဘုန်းမာန်၊ သူ မတက်သာတဲ့နောက်ဆုံး ထွက်သက်မှသာ ငါတို့ ငယ်လေးကိုစောင့်ရှောက်ခွင့်ရခဲ့ကြတာ "
" ငါ ....ဘာမှမသိခဲ့ရဘူး...ငါ.....ငါ ဘာတွေလုပ်ခဲ့မိတာလဲ "
ယူကျိုးမရ မျက်ရည်တာစီးနေတဲ့ ဘုန်းမာန်ကို မနှစ်သိမ့်ပေးချင်ဘူး ။
သူ နာကျင်ရတာ ခုမှပါလေ ။
" မင်း ..ခုချိန်ထိ အမြဲခြောက်လှန့်နေခဲ့တဲ့ အိမ်မက်ဆိုးတွေက မင်းမေ့နေခဲ့တဲ့ အတိတ်ဆိုးဖြစ်ရပ်မှန်တချို့ပဲ ဘုန်းမာန်၊ ဒီစကားတွေကို မင်းကို ပြောပြချင်ခဲ့တယ် ...တောင်ပေါ်သူကြီးတောင်းဆိုသွားတဲ့ ကတိစကားကို ဖေဖေက မချိုးဖောက်မိအောင် ထိန်းရင်းကြားကနေ မင်းကို အတင်းအကြပ် ငယ်လေးနဲ့ပေးစားမိတာ ငါတို့အမှားပေါ့ကွာ...."
" မဟုတ်ဘူး....အကြီးကောင်ရာ...ငါလေ....ငါ...."
" ငယ်လေးအပေါ် ငါတို့ တာဝန်မကျေခဲ့ဘူး ဘုန်းမာန်၊ ဖေဖေက အဲ့စိတ်နဲ့ ပြိုလဲနေတယ်..မေမေက မိန်းမသားဆိုတော့ ပိုခံစားရတာပေါ့ အသက်အရွယ်တွေလည်း ရလာကြပြီလေစိတ်ပင်ပမ်းမခံနိုင်ကြတော့ဘူးပေါ့ကွာ....ဒါပေမယ့် အဓိကအချက်ပြောမယ် ...ငါ ဒီအဖြစ်မှန်တွေမင်းကိုပေးသိတယ်ဆိုတာ ဖေဖေ မသိဘူး၊ နောက်ပြီး ...မင်းကိုလည်း မြန်မာပြည် ပြန်လာဖို့ ငါတို့ ခေါ်မှာမဟုတိဘူး ဘုန်းမာန်....မင်းရွေးချယ်တဲ့လမ်းမှာ မင်းပျော်ပါစေငါ့ညီရာ...."
"အဲလိုမဟုတ်ဘူး.....ငါ ပြန်လာမှာ...ငါချက်ချင်းပြန်လာပြီး သူကိုပြန်ရှာမယ်...အစ်ကိုရာနော်.."
"ဟင်းအင်း....ငယ်လေးကို မင်းဆီ ဒုတိယအကြိမ် မပေးတော့ဘူး ဘုန်းမာန်၊ မိသားစုဝင်ဆိုပေမယ့် ငါတို့ ဒီတခါတော့ ငယ်လေးဘက်ကိုပဲ အလေးသာပေးပါရစေကွာ.....ငယ်လေးကိုပဲ ငါတို့မိသားစုအောက်ပဲ လုံခြုံအောင်ထားမယ်...မင်းပြန်မလိုချင်နဲ့တော့ဘုန်းမာန်"
" ....ငါက သူ့အမျိုးသားလေ....သူကငါ လက်ထပ်ထား...."
" မင်းလိုဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက်က ခုလောက်ထိ အရှက်သိက္ခာမဲ့တဲ့စကား ထွက်မယ်မထင်ထားမိဘူး ပြေ့ဘုန်းမာန်....ငါ နားတော့မယ် "
" နေပါအုံး...အစ်ကို....ငါတောင်းပန်ပါတယ်ကွာ....ငါဘာမှမသိခဲ့ရလို့ပါ ...အစ်ကို...."
ကျောခိုင်းလှည့်ထွက်သွားသော အကြီးကောင်က်ု ကြည့်ပြီး ဟစ်အော်ခေါ်နေမိလိုသည်။
" အစ်ကို....ငါ ဘာမှမသိရဘူး...အစ်ကို- !!"
ငါဘာတွေလုပ်ခဲ့မိသလဲ....။
ငါ..ဘာတွေ လုပ်ခဲ့တာလဲ.............။
#မမအတွက် Vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#Take care all
(စာပြန်မစစ်ရသေးပါဘူးနော် ချစ်သောတို့ရေ ...update အရမ်းကြာနေတယ် ဖြစ်မစိုးလို့...
လွယ်အွေ့လေးကို ချစ်ရင် sharing လုပ်ပေးကြပါ၊ အားမနာတမ်းဝေဖန်အကြံပြုပေးပါ...ချစ်သောတို့ရဲ့ comments လေးက စာဆက်ရေးဖို့ ခွန်အားသစ်တွေမို့ မမ Motivation ယူရပါတယ်။
let's follow & comment for me.
          One person , one comment 👌)
Zawgyi
( အားးးးးးချောလိုက်တာ)
(Woo.....)
(သွေးကြောထဲမှာ လည်ပတ်နေ...မင်းလေးပေးတဲ့အားအင်တွေ...ကိုယျ့ဘဝရဲ့အနကျအဓိပ်ပါယျဟာ ...မင်းတစ်ယောက်တည်းအတွက် ဖြစ်လာတယ်..အိုး.....
တီးခတ်လိုက်သော ကျွမ်းကျင်ပိုင်နိုင်မူကြောင့် လူငယ်ထုတွေကြားအံ့ဩခြင်းလိုင်းက ခပ်ပြင်းပြင်းရိုက်ခတ်လိုက်ပြီ။
ထိုသူကမည်သူနည်း ။
အရိုက်တည့်တည့်ကို ပြေးကန်ခံရသည့်အလား၊ မင်းကလဲကွာ !လို့ မတန်လိုမာန်ကျသည့်အလား ခေါင်းငုံ့နေမိသည်။
" မေမေရော သက်သာရဲ့လား "
စိုးရိမ်မိတယ် "
" အဆင်ပြေတယ်ဆိုရမှာပဲ "
" အစ်ကို...."
" အေး ....ပါ "
" အဆင်ပြေရဲ့လား Boss "
" ဟုတ်လား ...sorry ပါ Jay "
"မိသားစု ....မိသားစု.....မိသားစုနှင့် ဒုက္ခအိုးလေး " စသည့်အတွေးများစွာ ဝင်လာပြီး ဘောင်းဘီအိတ်ထဲ လက်နိုက်ကာ နူတ်ခမ်းနားတွေ့မိသည်ကာ ဆောင်နေကြ စီးကရက်လေး ။
" အင်း ....."
" အရသာက ကောင်းသားပဲ...."
" အစ်ကို...."
အတိတ်အရာတွေပြောဆိုရင်း စီးကျလာတဲ့ မျက်ရည်ကြည်တွေကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းသုတ်ကာ ဇာတ်ကြောင်းပြောနေသည့် အကြီးကောင်ကို မျက်တောင်မခတ်တမ်းကြည့်နေသည် နားထောာငျရသူ ဘုန်းမာန်။
" ငါ....ငါ......"
သူ နာကျင်ရတာ ခုမှပါလေ ။
ငါဘာတွေလုပ်ခဲ့မိသလဲ....။
ငါ..ဘာတွေ လုပ်ခဲ့တာလဲ.............။
#Take care all
     One person , one comment )
Continue Reading
You'll Also Like
154K 2.6K 23
This is a Story about (Y/N) and Legolas, You have been Betrothed to Him as a Political Alliance between Celeborn and Thranduil. It has nothing to do...
15.3K 260 24
On a Saturday, Y/N and her two closest friends made the decision to go shopping. As they were exploring the mall, they spotted 8 males who they belie...
136K 3.8K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
278K 13.5K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...