The Villain Dressed As a Litt...

By Mimosa2002

89.7K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 21

1.5K 322 15
By Mimosa2002

    လင်ကျင့်ကိုရုတ်တရက်နမ်းလိုက်တာက ဒီအတိုင်းအပျော်သပ်သပ်သာဖြစ်ပြီး ဒီအကြောင်းကပြောရင် လင်ရှီးအတွက်အဓိပ္ပါယ်သိပ်မရှိပေ။
(ခိုးစားတယ်ဆိုတာကပါ)

     ထို့ကြောင့်ပိုင်ရှင်က ရေခဲလိုအေး‌စက်စက်မျက်နှာဖြစ်လာချိန်တွင် လင်ရှီးဘာမှမပြောပဲတိတ်တဆိတ်နေလိုက်၏။

    ငါးကန်ထဲကရေသူလေးကို သူနမ်းလိုက်တဲ့အကြောင်းအား လင်ရှီးကစကားတစ်ခွန်းနဲ့မှရှင်းပြမလာပေ။ ချင်ရှောင်းရဲ့အတွေးထဲမှာတော့ လင်ရှီးကတမင်ဖုံးကွယ်နေသလိုဖြစ်နေသည်။

     တကယ်တမ်း လင်ရှီးနဲ့ရေသူလေးသာ သူငယ်ချင်းတွေပဲဆိုရင် လင်ရှီးဆေးရုံကိုနေ့တိုင်းသွားပြီး သူ့သူငယ်ချင်းကိုအဖော်လုပ်ပေးတာကို ချင်ရှောင်းသဘာဝကျကျပဲသူ့ကိုတားမှာမဟုတ်ပေ။

    ဒါမဲ့လင်ရှီးနဲ့ရေသူလေးကသူငယ်ချင်းထက်ပိုနေတယ်ဆိုရင်တော့..... ချင်ရှောင်းသစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

     သူ့ရဲ့အေးစက်စက်အကြည့်တွေက လင်ရှီးရဲ့မျက်နှာကနေ ကန်ထဲကရေသူလေးဆီတဖြည်းဖြည်းရွှေ့သွား၏။ ရေသူလေးကဆေးရုံပေါ်မှာ အချိန်ခဏလောက်နေခဲ့ရပြီး ခန္ဓာကိုယ်ရှိဒဏ်ရာတွေက ကြည့်ရသလောက်တော့ပိုပြီးသက်သာလာသလိုပင်။

      ချင်ရှောင်းရဲ့မျက်လုံးတွေက လင်ရှီးပေါ်ထပ်ရောက်လာသည်။ ကြည့်ရတာလင်ရှီးကသူ့ရဲ့petဆိုတာကို သူလင်ရှီးနဲ့အတည်ပြုသင့်ပြီထင်တယ်။

   ချင်ရှောင်း‌ရုတ်တရက် လင်ရှီးကိုသူ့လက်မောင်းကြားထဲဆွဲသွင်းလိုက်၏။

    ဘာမပြောညာမပြောပဲလူကိုဆွဲတတ်တဲ့အကျင့်ကို လင်ရှီးချက်ချင်းဘဝင်မကျဖြစ်သွားသည်။
   
   လင်ရှီးခန္ဓာကိုယ်ကချင်ရှောင်းနှင့်တိုက်မိသွား၏။

   ထိုယောက်ျား၏ခန္ဓာကိုယ်ကသန်မာပြီးအားကြီး၏။   လင်ရှီးရဲ့ရေသူခန္ဓာကိုယ်က နူးညံ့ပိန်ပါးနေတာကြောင့် ချင်ရှောင်းနှင့်ဝင်တိုက်မိတာကို နံရံထူထူနှင့်ဝင်တိုက်မိသလိုဟန်ဆောင်လိုက်သည်။

    လင်ရှီးခေါင်းမော့ပြီး သူ့အရှေ့ရှိဖက်ဒရယ်စစ်တပ်ဝတ်စုံနှင့် အရာရှိကြီးကိုကြည့်လိုက်၏။
   
   အေးစက်မှုန်မှိုင်းနေတဲ့မျက်လုံးတစ်စုံကမင်းကိုစိုက်ကြည့်နေပြီး မင်းပြောတဲ့ဒါမှမဟုတ် မင်းလုပ်တဲ့အရာမှန်သမျှက တစ်ဖက်သူနဲ့လိုက်လျောညီထွေမှုမရှိခဲ့သလိုမျိုးပဲ ဒီနေရာတွင်သူ့ရဲ့ဘဝလေးကို ဒီလိုမျိုးပြောလို့ရသည်။
[T/N - ပြောချင်တာက သူမော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေကသူ့ကိုပြန်စိုက်ကြည့်နေတဲ့ပုံမျိုးနဲ့ သူပြောသမျှလုပ်သမျှကတစ်ဖက်အတွက်အရေးမပါဘူးဆိုတဲ့သဘောမျိုးထင်ပါရဲ့]

      ဒီလိုအနေအထားနှင့် ဖိနှိပ်ချုပ်ချယ်သည့်အရှိန်အဝါက ဘယ်လိုအချိန်ဘယ်လိုပဲပြောင်းလဲပါစေ လင်ရှီးကျင့်သားမရသေးပေ။

    သူ့ရဲ့နှုတ်ခမ်းထောင့်တွေက တင်းကြပ်သွားပြီး ချင်ရှောင်းကိုလွှတ်ပေးဖို့ပြောရန် သူ့နှုတ်ခမ်းတွေကိုဟဖို့ တွေးရုံပဲရှိသေး လင်ကျင့်ကစိုးရိမ်တဲ့အကြည့်တွေနှင့်ကူးခတ်လာတာကို မျက်လုံးထောင့်ကနေတွေ့လိုက်ရ၏။

    ကြောက်လန့်မှုကြောင့် တုန်ယင်နေတာတောင် ငါးကန်ထဲကရေသူလေးက လင်ရှီးကိုကူညီဖို့ကူးခတ်လာတုန်းပင်။

    သူ့ရင်ထဲမှာပြည့်နေတဲ့ဒေါသတွေက တစ်ခဏချင်းပြန်ဆုတ်ခွါသွား၏။

    သူတစ်ပါးရဲ့ထမင်းကိုစား၊ သူတစ်ပါးရဲ့အိမ်မှာနေလျှင် ကောင်းကောင်းဆိုးဆိုးဦးညွှတ်ရမည်ဆိုတဲ့ အမှန်တရားကိုအစောကြီးထဲကနားလည်ထားရမှာဖြစ်သည်။

    လင်ရှီးခေါင်းကိုငုံ့လိုက်ပြီး ခဏအကြာတွင်ပြန်မော့လာ၏။ သူ့အမူအယာကအစောကနှင့် တော်တော်လေးကွာခြားသွားပေပြီ။

    အလွန်အမင်းခုခံနေမှုလည်းမရှိတော့ပေ။

    "ကျွန်တော့်ကိုယ်ကျွန်တော် လင်ရှီးလို့နာမည်ပေးထားတယ်၊ သူ့နာမည်ကတော့လင်ကျင့်။ ကျွန်တော်ကသူ့ကို ကျွန်တော့ညီလေးလို့သတ်မှတ်ထားတာ။ ခုနကခင်များမြင်လိုက်တာကအပျော်သဘောပါပဲ"
လင်ရှီးချင်ရှောင်းကိုတည့်တည့်ကြည့်လိုက်၏။ သူ့လေသံကရှင်းလင်းနေပြီး နှိမ့်ချခြင်းနှင့်အထက်စီးဆန်ခြင်းတစ်ခုမှမပါပေ။

     ချင်ရှောင်းလင်ရှီးကိုကြည့်လိုက်၏။ သူမသိလိုက်ခင်မှာပဲရေသူလေးက သူ့ကိုယ်သူနာမည်ပေးခဲ့သည်။ ကြည့်ရတာသူ့မှာ အားကောင်းတဲ့သင်ယူလေ့လာနိုင်စွမ်းရှိပုံပင်။

    လင်ကျင့်ကငါးကန်ထဲမှာရှိနေပြီး ရေခဲရိုက်မျက်နှာနှင့်စစ်ဝတ်စုံဝတ်ထားတဲ့လူက လင်ရှီးကိုနာကျင်စေမှာကိုကြောက်ရွံ့တာကြောင့် ရင်ထိတ်နေမိသည်။

   လင်ရှီးရှင်းပြပြီးတာနဲ့ သူချက်ချင်းပဲခေါင်းကိုထပ်ခါထပ်ခါငြိမ့်ပြလိုက်သည်။

    လင်ရှီးရဲ့ပိုင်ရှင်က ရုတ်တရက်ကြီးဘာကြောင့်ဒေါသထွက်ရတာလဲဆိုတာ သူအတော်လေးကိုနားမလည်ပေမယ့်လည်း လင်ရှီးအဲ့လိုတွေရှင်းပြနေကတည်းကသူလည်းထောက်ခံနေခဲ့၏။

    "ဟုတ်ပါတယ် ကျွန်တော်တို့ကအပျော်သဘောလုပ်နေတာပါ။ ကိုကိုကကျွန်တော့်ကိုနမ်းရုံ...."
လင်ကျင့်မပြောလိုက်တာကမှ ပိုကောင်းသွားပေအုံးမည်။ သူဖြေ‌လိုက်တော့မှစိတ်ပြေတော့မည့်ချင်ရှောင်းက အေးစက်စက်ကြည့်လာခဲ့တာကြောင့် လင်ကျင့်ဆံ့တငင်ငင်ဖြစ်သွားကာ သူ့ရဲ့အသက်ရှူသံကပါပုစဉ်းရင်ကွဲတစ်ကောင်လို တိုးသွားခဲ့သည်။
[T/N- ပုစဉ်းရင်ကွဲတွေကဆူညံနေပေမယ့်အသံတစ်ခုခုကြားရင်ရုတ်တရက်တိတ်သွားတာမျိုးကိုဆိုလိုတာပါ]

   ချင်ရှောင်းသူ့အားကိုမထိန်းနိုင်လိုက်ပေ။
  
     သူဖမ်းကိုင်လိုက်ပြီးခဏအကြာ လင်ရှီးရဲ့လက်ကောက်ဝတ်ကနီရဲလာပြီး အရိုးတွေကအညှစ်ခံရ၍အရမ်းနာလာပေမယ့် လင်ရှီးမရုန်းရဲပါချေ။ ထိုလူရဲ့ဒေါသကပိုလို့တောင်ထွက်သွားမှာကိုကြောက်လို့ဖြစ်သည်။

    နောက်ပိုင်း သူလုပ်လိုက်တဲ့ကိစ္စကြီးက!!!! သူလုပ်လိုက်ပြီးနောက်လင်ရှီးရဲ့အပြုအမူက သူ့(ချင်ရှောင်း)ကိုတော်တော်အံ့အားသင့်သွားစေသည်။

      လင်ရှီးပြန်လှည့်ပြီး သူ့အနောက်ကိုကြည့်လိုက်ရာ ငါးကန်ထဲရှိလင်ကျင့်ကမျက်လုံးပြူးနေပြီး သူလုပ်လိုက်တဲ့အပြုအမူကို မယုံနိုင်လောက်အောင်ဖြစ်နေသည်။ ထို့အပြင် တံခါးအပြင်မှာရှိတဲ့အစောင့်များကလည်း အလွန်ထိတ်လန့်သွားကြ၏။

    အကြည့်တွေကိုပြန်သိမ်းလိုက်ပြီး လင်ရှီးသူ့နှုတ်ခမ်းကို လျှာထိပ်နှင့်လျက်လိုက်သည်။ အ‌ထိအတွေ့ကကျန်နေသေးပုံပင်။
[ ဟုတ်ကဲ့နမ်းလိုက်တာပါ😐😐]

    သူ့လည်ချောင်းတွေကခြောက်သွေ့နေသလိုခံစားလိုက်ရ၍ လင်ရှီးတံတွေးတစ်ချက်မျိုချလိုက်၏။
   
   လင်ရှီးရဲ့မျက်လုံးလေးတွေကအနည်းငယ်တုန်ယင်နေပြီး သူ့ထက်ခေါင်းတစ်ဝက်စာလောက်မြင့်တဲ့လူကိုကြည့်လိုက်သည်။ သူ့လက်ကောက်ဝတ်ကိုဆွဲထုတ်ကြည့်လိုက်တော့ လွယ်လွယ်နဲ့ထုတ်လို့ရသွား၏။

    လင်ရှီးပြန်လှည့်လိုက်သည်။ သူအခုနည်းနည်းမူးနောက်နေ၏။ သူငါးကန်ဆီလျှောက်သွားတဲ့အချိန်မှာလည်း သူ့နှုတ်ခမ်းကိုထပ်သပ်မိပြန်သည်။ သူလင်ကျင့်ကိုနှုတ်ဆက်လိုက်ပြီး မနက်ဖြန်အဖော်ပြုပေးဖို့ ပြန်လာခဲ့မယ်ဟုပြောလိုက်၏။

   "ကိုကို...ဘာမှမဖြစ်ပါဘူး မလာလည်းရပါတယ်၊ ငါကပိုကောင်းလာပြီပဲဟာ" ခုနကတုန်းက လင်ရှီးကရုတ်တရက်သူ့ပိုင်ရှင်ကိုထ နမ်းလိုက်တာကြောင့်အခန်းထဲကလေထုက အရမ်းကိုထူးဆန်းလာတယ်လို့ လင်ကျင့်ခံစားမိ၏။ လင်ရှီးကထွက်သွားချင်နေတယ်လို့တော့မပြောနဲ့နော်....။ လင်ကျင့်အသက်ရှူမဝသလိုခံစားရ၍တိတ်တိတ်လေးနေလိုက်သည်။

    နောက်ပိုင်း လင်ရှီးလာမလာဆိုတာနှင့်ပတ်သက်၍တော့ လင်ကျင့် လင်ရှီးရဲ့ပိုင်ရှင်၏ မျက်လုံးတွေကနေ သူ့ကိုတော်တော်လေးမနှစ်သက်ကြောင်းခံစားလိုက်ရသည်။

   ဘာကြောင့်မကြိုက်တာလဲဆိုတာကို လင်ကျင့်မခန့်မှန်းနိုင်ပေမယ့် သူခံစားမိတာက လင်ရှီးနှင့်ပတ်သက်ပြီးသူသာ လင်ရှီးနှင့်ခပ်ဝေးဝေးနေနိုင်ရင် ထိုယောက်ျားကပိုလို့တောင်ပျော်ရွှင်သွားနိုင်တယ်လို့ပင်။

    "မင်း ကောင်းကောင်းနား" လင်ရှီးသူ့နှုတ်ခမ်းကိုပွတ်သုတ်လိုက်ချင်ပေမယ့် အဲ့လိုလုပ်တာက အရမ်းကိုဖော်ထုတ်လိုက်သလိုဖြစ်သွားလိမ့်မယ်။
[T/N- သူစိတ်လှုပ်ရှားနေတာကိုပါ]

     နှုတ်ဆက်စကားပြောပြီးနောက် လင်ရှီးလှည့်ထွက်သွားလိုက်သည်။ သူချင်ရှောင်းဘေးကဖြတ်သွားတော့ သူ့ခေါင်းကိုနှိမ့်ချလိုက်ပေမယ့် အနည်းငယ်ရဲတွတ်နေတဲ့နားသီးလေးတွေက သူ့ကိုသစ္စာဖောက်နေသည်။

      ချင်ရှောင်း၏မျက်လုံးတွေက လင်ရှီးရဲ့လှုပ်ရှားမှုနဲ့အတူရွေ့လျားသွား၏။ လူနာခန်းရဲ့ တံခါးအပြင်ဘက်ကိုလျှောက်ထွက်သွားတဲ့အခါ ချင်ရှောင်းရဲ့မျက်လုံးတွေကရုတ်တရက်ကျုံ့သွား၏။

     "ခင်များ....ခင်များ ခဏလောက်စောင့်ပေးလို့ရမလား" ချင်ရှောင်းထွက်သွားခါနီး သူ့အနောက်ကနေအားနည်းတဲ့အသံလေးထွက်ပေါ်လာ၏။

    ချင်ရှောင်းရပ်တန့်လိုက်ပေမယ့် ကိုယ်တစ်ခြမ်းသာလှည့်လိုက်ကာ အနောက်ကိုအပြည့်အဝပြန်မလှည့်လိုက်ပေ။

     "ကိုကိုကျွန်တော့်ကိုပြောတာ ခင်များကကျွန်တော့်ကို ကယ်ထားတာတဲ့။ တစ်လျှောက်လုံးခင်များကိုကျေးဇူးတင်စကားမပြောရသေးဘူး။ ကျေးဇူးတင်ပါတယ်"

     ငါးကန်ထဲကရေသူလေးရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကမတ်နေရာမှ ချင်ရှောင်းကိုဦးညွှတ်လိုက်ပြီး ချင်ရှောင်းရဲ့အကူအညီအတွက်ကျေးဇူးတင်လာသည်။

    ချင်ရှောင်း 'အစ်ကို' ဆိုတဲ့စကားကိုကြားလိုက်တော့ ထူးဆန်းတဲ့ခံစားချက်တစ်ခုရလိုက်သည်။

    သွေးချင်းမဆက်နွယ်တဲ့ရေသူနှစ်ကောင်က ညီအကိုတွေဖြစ်လာတယ်!!!

     ဒါတွေကသူမသိလိုက်တဲ့အချိန်မှာဖြစ်သွားတာပဲ။

    အဲ့ဒီလိုကိစ္စတွေက ရုတ်တရက်သူ့ခံစားချက်တွေကို ထိန်းသိမ်းမရဖြစ်သွားစေခဲ့ပြီး နှစ်ပေါင်းများစွာအတွင်းဒီလိုမျိုးမဖြစ်ခဲ့ဖူးပေ။

    ချင်ရှောင်းလင်ကျင့်ရဲ့မျက်လုံးတွေကိုကြည့်ရင်း ပိုပိုပြီးအေးစက်လာသည်။

   လင်ကျင့်ရဲ့လက်ချောင်းတွေက ထိတ်လန့်ကြောက်ရွံ့မှုကြောင့် အချင်းချင်းဆုပ်ကိုင်လိုက်ကြပြီး
သူအမြဲတမ်းပျောက်ကွယ်သွားတာက အရှေ့ကလူသားအတွက်အကောင်းဆုံးဖြစ်သလိုခံစားလိုက်ရသည်။ ထိုခံစားချက်က သူ့သခင်ဟောင်းကိုပြန်အမှတ်ရစေသည်။

    "သူ...ကျွန်တော့ကိုဝယ်လိုက်တဲ့လူလေ နောက်သူဘာဖြစ်သွားလဲ? " လင်ကျင့်မတတ်နိုင်တော့ပဲမေးလိုက်၏။ ထိုသို့မေးလိုက်ချိန်တွင် သူ့နှလုံးသားကတင်းကြပ်နေသည်။ လင်ကျင့်သူ့နှလုံးကိုတင်းတင်းကြပ်ကြပ်ဖိလိုက်ပြီး အသက်ကိုမြန်မြန်ရှူထုတ်လိုက်သည်။

    "မသေဘူး" ချင်ရှောင်းပြောလိုက်၏။ မသေပေမယ့်လည်း သေတာထက်ဆိုးတဲ့ဘဝဆိုတာကိုတော့ သူအထူးတလည်မပြောပြတော့ပေ။

     လင်ကျင့်ခါးသီးဝမ်းနည်းစွာနှင့်ပင် ရေရွတ်လိုက်၏။ "ဪ....အဲ့လိုလား"

    "ဒုက္ခမပေးနဲ့" ချင်ရှောင်း ထိုစကားလုံးနှစ်လုံးကိုငါးလေးအတွက်ချန်ထားခဲ့လိုက်သည်။
[T/N- 别惹事 _Bié rěshì သုံးလုံးဆိုပေမယ့် သူနှစ်လုံးမို့နှစ်လုံးလိုက်ပါတယ်]

     'သခင်ကိုချင်ရင် ခွေးကို‌ချစ်ပါ' ဆိုတာချင်ရှောင်းမှာမရှိပေ။
[မူရင်းက 爱屋及乌- Àiwūjíwū 'အိမ်ကိုချစ်ရင် အဲ့အိမ်ကကျီးကန်းကိုချစ်ပါ'တဲ့]

   လင်ရှီးယာဉ်ပျံထဲတွင် ပြ‌တင်းပေါက်ဘေးမှာထိုင်နေ၏။ လောလောဆယ်တော့ တစ်ယောက်မှမရှိတဲ့အပြင် အစောင့်တွေလည်းမလာသေးပေ။ ဘယ်သူမှရှိတုန်း လင်ရှီးလက်ကိုမြှောက်ပြီး သူ့နှုတ်ခမ်းကိုပွတ်ကြည့်မိချိန် လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကမြင်ကွင်းက သူ့မျက်လုံးထဲပြန်ပေါ်လာခဲ့၏။

    အဲ့ဒီအချိန်တုန်းက လင်ရှီးများများစားစားမတွေးမိခဲ့ပေ။ သူလင်ကျင့်ကိုနမ်းနေတာကို ချင်ရှောင်းမြင်ပြီး မပျော်ဘူးဆိုတာကို ခံစားလိုက်ရ‌တာကြောင့်နှစ်ဘက်လုံးမျှတ‌သွားအောင် ချင်ရှောင်းကိုလည်းနမ်းလိုက်တာဖြစ်သည်။

     နမ်းလိုက်ပြီးမှ လင်ရှီးပြဿနာကိုနားလည်သွားခဲ့သည်။

   မတိုင်ခင်က သူလင်ကျင့်ကိုမျက်နှာကိုပဲနမ်းခဲ့ပေမယ့် ချင်ရှောင်းကသူ့ထက်အရပ်မြင့်ပြီး သူအရမ်းလောနေတာကြောင့် ချင်ရှောင်းရဲ့နှုတ်ခမ်းကိုတိုက်ရိုက်ကြီးနမ်းမိသွားခဲ့သည်။

    သူ့ပိုင်ရှင်ရဲ့နှုတ်ခမ်းတွေကနူးညံ့ပြီး သူ့ရဲ့ရက်စက်တဲ့အသွင်အပြင်နဲ့လုံးဝကိုခြားနားလှသည်။

   အဲ့တာကလင်ရှီးကို အံ့ဩမိသွားစေသည်။

     ထို့နောက်လင်ရှီးပြသနာကိုစတင်ပူပန်လာသည်။ သူ့ပိုင်ရှင်က သူ(လင်ရှီး) သူ့ကိုကြိုက်နေတယ်လို့တော့မထင်လောက်ပါဘူးနော်...။

    အရေးကြီးတာက ချင်ရှောင်းမကြာခင်ယာဉ်‌ပျံပေါ်တက်လာတဲ့အခါ သူရှင်းပြရမှာမဟုတ်ဘူးလား။

   ဘယ်လိုပြောရမလဲဆိုရင် အဲ့အချိန်တုန်းကမရှင်းပြပဲပြန်လာခဲ့တာက 'ဒီနေရာမှငွေစသုံးရာမရှိပါဘူး' ဆိုတာမျိုးဖြစ်မှာစိုး၍ပင်။
   [T/N - ရှင်းပြမှပိုဆိုးမှာကိုပြောတာပါ]

     လင်ရှီးဒေါသတကြီး သူ့ဆံပင်သူဆောင့်ဆွဲပစ်လိုက်သည်။

    ဒီကမ္ဘာကိုရောက်ပြီးနောက် ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကသူ့အတွက်နောင်တအရဆုံးအရာဖြစ်သည်။ ပြတင်းပေါက်နေ ချင်ရှောင်းယာဉ်ပျံဆီလာနေတာတွေ့လိုက်တော့ လင်ရှီးလက်ကိုလွှတ်လိုက်ကာ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး သူ့အမူအယာကိုအလိုက်သင့်လေးပြုမူ၍ သူ့ကိုယ်သူပုံမှန်ဖြစ်အောင်ကြိုးစားလိုက်သည်။

     ချင်ရှောင်းအများကြီးမတွေးလောက်ပေ။ တကယ်လို့သူ့ကိုကြိုက်နေတယ်လို့ထင်ရင်တောင် ထိုလူကသူ့မျက်နှာမှာ 'ဤလူရက်စက်ခက်ထန်သည်၊ တစိမ်းများမဝင်ရ' ဟုရေးထားပြီး သူက သူ့ရဲ့petအဆင့်လောက်ကိုသေချာပေါက်သဘောကျမည်မဟုတ်ချေ။

    လင်ရှီးဗီလိန်ဖြစ်ခဲ့တဲ့အတိတ်ဘဝတုန်းကလည်း သူနှစ်သက်ခဲ့တာကသန်မာတဲ့လူတွေသာဖြစ်ပြီး ဒီလိုမျိုးအားနည်းပြီးအမြဲတစေ စောင့်လျှောက်မှုလိုအပ်နေတဲ့သူမျိုးမဟုတ်ပေ။

     လင်ရှီးကိုယ့်ဘာသာကိုယ် ဆင်ခြေတစ်ပုံတစ်ခေါင်းတွေပေးပြီး ကိုယ့်ဟာကိုယ်နှစ်သိမ့်ခွင့်လွှတ်နေသည်။

    သူအသက်ပြင်းပြင်းရှူထုတ်လိုက်သည်။ ဒီလိုတွေးလိုက်တော့လင်ရှီးရုတ်တရက်စိတ်သက်သာရာရသွားခဲ့သည်။
    
      ယာဉ်ပျံပေါ်တက်ပြီးနောက် သူ့ကိုကြည့်လာတဲ့ချင်ရှောင်းကိုရင်ဆိုင်ဖို့ လင်ရှီးဣန္ဒြေ(အိန္ဒြေ) မပျက်ပြန်ကြည့်လိုက်၏။

    လင်ရှီးသူ့အကြည့်တွေကိုရှောင်ဖယ်လိုက်မယ်လို့ ချင်ရှောင်းတွေးခဲ့ပေမယ့် သူမမျှော်လင့်ထားခဲ့တာက ခဏအတွင်းလုံးဝတည်ငြိမ်သွားမယ်ဆိုတာကိုပင်။

    ဒီကောင်လေးနဲ့ပက်သတ်ပြီး သူမသိတာတွေဘယ်လောက်များနေပါလိမ့်။

   သူတို့ရင်းနှီးလာပုံရပေမယ့် လင်ရှီးမှာသူမသိတာတွေများနေသေး၏။ ချင်ရှောင်းထိုင်ချလိုက်ပြီး ရေသူလေးအပေါ်သူပိုပြီးအာရုံစိုက်သင့်ကြောင်း ခံစားလိုက်ရသည်။

      'လင်ရှီး.....လင်ရှီးတဲ့လား'

  လူသားနာမည်ယူထားရတဲ့အကြောင်းအရင်းက လူသားတွေလိုကိုယ့်ကံကြမ္မာကိုယ်ထိန်းချုပ်ချင်နေတာကြောင့်လား...?

    ချင်ရှောင်းရဲ့မျက်လုံးတွေထဲ ကြီးမားတဲ့စိတ်ဝင်စားမှုကဖြတ်ပြေးသွား၏။ လင်ရှီးရဲ့ရုတ်တရက်အနမ်းကလွဲရင် ထိုနေ့ကသူ့ပိုင်ရှင်နဲ့လင်ရှီးကြားကဆက်ဆံရေးက ပြောင်းလဲမှုသိပ်မရှိပေ။

      တကယ်ရှိမရှိဆိုတာကတော့ လူနှစ်ယောက်ကပဲသေချာသိပေလိမ့်မည်။

     နောက်တစ်နေ့လင်ရှီးစဉ်းစားပြီး ဆေးရုံမှာရှိတဲ့လင်ကျင့်ထံဆက်သွယ်ကာ နှစ်‌ရက်လောက်မလာတော့ကြောင်း ပြောလိုက်၏။ လင်ကျင့်ကဘာမှမပြောပေမယ့် မနေကသူပြန်သွားတုန်းကတစ်ခုခုဖြစ်သေးလားဟု မရဲတရဲမေးလာသည်။

    "ဘာမှမဖြစ်ဘူး။ အဲ့အကြောင်းမတွေးနဲ့တော့" လင်ကျင့်ကသူ့ကိုချင်ရှောင်းကထိခိုက်စေမှာ စိုးရိမ်နေကြောင်း လင်ရှီးဘယ်လိုလုပ်မခန့်မှန်းမိပဲနေမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်မိုးတစ်ခုတည်းအောက်မှာနေလာတာကြာပြီပဲ။ လင်ရှီးလူတစ်ယောက်ကိုတောင်ရှင်းရှင်းလင်းလင်းမမြင်နိုင်တဲ့အထိတော့မဆိုးသေးပါဘူး။

     "အဲ့တာကောင်းတယ်။ ငါမနေ့ကတကယ်ကြောက်နေခဲ့တာ" လင်ကျင့် လင်ရှီးကိုတိုးတိုးလေးပြောလာသည်။

     "မင်းအခုလုပ်ရမယ့်တာဝန်က မင်းခန္ဓာကိုယ်ကိုဂရုစိုက်ဖို့ပဲ။ တခြားအရာတွေကိုစိုးရိမ်မနေနဲ့"
လင်ရှီးအေးစက်စက်အမိန့်ပေးလိုက်၏။

     "ဟုတ်" တစ်စုံတစ်ယောက်ကသူ့ကိုအမိန့်ပေးတာက လင်ကျင့်ကိုပျော်ရွှင်စေသည်။

     ဖုန်းချလိုက်ပြီးနောက် ဧည့်ခန်းကဆိုဖာမှာထိုင်ကာ လင်ရှီးကွန်ပျူတာကစားနေလိုက်သည်။ ကစားတယ်လို့ပြောပေမယ့် တကယ်တော့လင်ရှီးဒီရက်ပိုင်းအတွင်းဖြစ်ပေါ်တဲ့ဘေးအန္တရာယ်သတင်းများကိုရှာဖွေနေခြင်းဖြစ်သည်။

   အင်တာနက်အသုံးပြုသူတွေက လျှို့ဝှက်စွာဖုံးကွယ်ထားတာကြောင့်ဘာသတင်းမှမရသေးပေ။

   ဟက်ကာနှင့်ပက်သတ်၍တော့ ထိုပတ်ဝန်းကျင်အနီးအနားရှိလူများသည် ‌၎င်းတို့၏အိမ်များက မကြာမီရက်ပိုင်းအတွင်းမီးရှို့ခံရမည်ဟု ခြိမ်းခြောက်ခံရကြောင်း သတင်းများထွက်ပေါ်လာပြီးဖြစ်သည်။

     တစ်စုံတစ်ယောက်က ရဲကိုသတင်းပေးခဲ့တာကြောင့် ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးပေမယ့် ရလာဒ်အကုန်လုံးက အတုအယောင်IPတွေသာဖြစ်ပြီး ဟက်ကာ၏ အစစ်အမှန်အထောက်အထားနှင့် နေရာကိုတော့ရှာမတွေ့ခဲ့ပေ။

    အချိန်ခဏလောက်စောင့်ကြည့်ခဲ့ပေမယ့် ဘယ်အိမ်ကမှမီးရှို့ခံရခြင်းမရှိတဲ့အပြင် ဒီလိုမျိုးခြိမ်းခြော်မှုက အရင်ကလည်းတူညီတဲ့အဖြစ်အပျက်မျိုးရှိခဲ့ဖူးသည်။

     ထို့ကြောင့်ရဲတွေက အတိတ်ကလိုစနောက်နေခြင်းဟုသာတွေးပြီး ဆက်လက်စုံစမ်းစစ်ဆေးခြင်းမရှိတော့ပေ။   ။

#20.10.2022

ဒီတစ်ပိုင်းလုံးကတော့ချဉ်စူးနေတာပါပဲ



~~Zawgyi~~

  လင္က်င့္ကို႐ုတ္တရက္နမ္းလိုက္တာက ဒီအတိုင္းအေပ်ာ္သပ္သပ္သာျဖစ္ၿပီး ဒီအေၾကာင္းကေျပာရင္ လင်ရှီးအတွက်အဓိပ္ပါယ်သိပ်မရှိပေ။
(ခိုးစားတယ္ဆိုတာကပါ)

  ထို႔ေၾကာင့္ပိုင္ရွင္က ေရခဲလိုေအးစက္စက္မ်က္ႏွာျဖစ္လာခ်ိန္တြင္ လင္ရွီးဘာမွမေျပာပဲတိတ္တဆိတ္ေနလိုက္၏။

  ငါးကန္ထဲကေရသူေလးကို သူနမ္းလိုက္တဲ့အေၾကာင္းအား လင္ရွီးကစကားတစ္ခြန္းနဲ႕မွရွင္းျပမလာေပ။ ခ်င္ေရွာင္းရဲ႕အေတြးထဲမွာေတာ့ လင္ရွီးကတမင္ဖုံးကြယ္ေနသလိုျဖစ္ေနသည္။

  တကယ္တမ္း လင္ရွီးနဲ႕ေရသူေလးသာ သူငယ္ခ်င္းေတြပဲဆိုရင္ လင္ရွီးေဆး႐ုံကိုေန႕တိုင္းသြားၿပီး သူ႕သူငယ္ခ်င္းကိုအေဖာ္လုပ္ေပးတာကို ခ်င္ေရွာင္းသဘာဝက်က်ပဲသူ႕ကိုတားမွာမဟုတ္ေပ။

  ဒါမဲ့လင္ရွီးနဲ႕ေရသူေလးကသူငယ္ခ်င္းထက္ပိုေနတယ္ဆိုရင္ေတာ့..... ခ်င္ေရွာင္းသစၥာေဖာက္ခံလိုက္ရသလို ခံစားလိုက္ရသည္။

  သူ႕ရဲ႕ေအးစက္စက္အၾကည့္ေတြက လင္ရွီးရဲ႕မ်က္ႏွာကေန ကန္ထဲကေရသူေလးဆီတျဖည္းျဖည္းေ႐ႊ႕သြား၏။ ေရသူေလးကေဆး႐ုံေပၚမွာ အခ်ိန္ခဏေလာက္ေနခဲ့ရၿပီး ခႏၶာကိုယ္ရွိဒဏ္ရာေတြက ၾကည့္ရသေလာက္ေတာ့ပိုၿပီးသက္သာလာသလိုပင္။

   ခ်င္ေရွာင္းရဲ႕မ်က္လုံးေတြက လင္ရွီးေပၚထပ္ေရာက္လာသည္။ ၾကည့္ရတာလင္ရွီးကသူ႕ရဲ႕petဆိုတာကို သူလင္ရွီးနဲ႕အတည္ျပဳသင့္ၿပီထင္တယ္။

ခ်င္ေရွာင္း႐ုတ္တရက္ လင္ရွီးကိုသူ႕လက္ေမာင္းၾကားထဲဆြဲသြင္းလိုက္၏။

  ဘာမေျပာညာမေျပာပဲလူကိုဆြဲတတ္တဲ့အက်င့္ကို လင္ရွီးခ်က္ခ်င္းဘဝင္မက်ျဖစ္သြားသည္။
 
လင္ရွီးခႏၶာကိုယ္ကခ်င္ေရွာင္းႏွင့္တိုက္မိသြား၏။

ထိုေယာက္်ား၏ခႏၶာကိုယ္ကသန္မာၿပီးအားႀကီး၏။ လင္ရွီးရဲ႕ေရသူခႏၶာကိုယ္က ႏူးညံ့ပိန္ပါးေနတာေၾကာင့္ ခ်င္ေရွာင္းႏွင့္ဝင္တိုက္မိတာကို နံရံထူထူႏွင့္ဝင္တိုက္မိသလိုဟန္ေဆာင္လိုက္သည္။

  လင္ရွီးေခါင္းေမာ့ၿပီး သူ႕အေရွ႕ရွိဖက္ဒရယ္စစ္တပ္ဝတ္စုံႏွင့္ အရာရွိႀကီးကိုၾကည့္လိုက္၏။
 
ေအးစက္မႈန္မွိုင္းေနတဲ့မ်က္လုံးတစ္စုံကမင္းကိုစိုက္ၾကည့္ေနၿပီး မင္းေျပာတဲ့ဒါမွမဟုတ္ မင္းလုပ္တဲ့အရာမွန္သမွ်က တစ္ဖက္သူနဲ႕လိုက္ေလ်ာညီေထြမႈမရွိခဲ့သလိုမ်ိဳးပဲ ဒီေနရာတြင္သူ႕ရဲ႕ဘဝေလးကို ဒီလိုမ်ိဳးေျပာလို႔ရသည္။
[T/N - ေျပာခ်င္တာက သူေမာ့ၾကည့္လိုက္ေတာ့ သူ႕မ်က္လုံးေတြကသူ႕ကိုျပန္စိုက္ၾကည့္ေနတဲ့ပုံမ်ိဳးနဲ႕ သူေျပာသမွ်လုပ္သမွ်ကတစ္ဖက္အတြက္အေရးမပါဘူးဆိုတဲ့သေဘာမ်ိဳးထင္ပါရဲ႕]

   ဒီလိုအေနအထားႏွင့္ ဖိႏွိပ္ခ်ဳပ္ခ်ယ္သည့္အရွိန္အဝါက ဘယ္လိုအခ်ိန္ဘယ္လိုပဲေျပာင္းလဲပါေစ လင္ရွီးက်င့္သားမရေသးေပ။

  သူ႕ရဲ႕ႏႈတ္ခမ္းေထာင့္ေတြက တင္းၾကပ္သြားၿပီး ခ်င္ေရွာင္းကိုလႊတ္ေပးဖို႔ေျပာရန္ သူ႕ႏႈတ္ခမ္းေတြကိုဟဖို႔ ေတြး႐ုံပဲရွိေသး လင္က်င့္ကစိုးရိမ္တဲ့အၾကည့္ေတြႏွင့္ကူးခတ္လာတာကို မ်က္လုံးေထာင့္ကေနေတြ႕လိုက္ရ၏။

  ေၾကာက္လန႔္မႈေၾကာင့္ တုန္ယင္ေနတာေတာင္ ငါးကန္ထဲကေရသူေလးက လင္ရွီးကိုကူညီဖို႔ကူးခတ္လာတုန္းပင္။

  သူ႕ရင္ထဲမွာျပည့္ေနတဲ့ေဒါသေတြက တစ္ခဏခ်င္းျပန္ဆုတ္ခြါသြား၏။

  သူတစ္ပါးရဲ႕ထမင္းကိုစား၊ သူတစ္ပါးရဲ႕အိမ္မွာေနလွ်င္ ေကာင္းေကာင္းဆိုးဆိုးဦးၫႊတ္ရမည္ဆိုတဲ့ အမွန္တရားကိုအေစာႀကီးထဲကနားလည္ထားရမွာျဖစ္သည္။

  လင္ရွီးေခါင္းကိုငုံ႕လိုက္ၿပီး ခဏအၾကာတြင္ျပန္ေမာ့လာ၏။ သူ႕အမူအယာကအေစာကႏွင့္ ေတာ္ေတာ္ေလးကြာျခားသြားေပၿပီ။

  အလြန္အမင္းခုခံေနမႈလည္းမရွိေတာ့ေပ။

  "ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ လင္ရွီးလို႔နာမည္ေပးထားတယ္၊ သူ႕နာမည္ကေတာ့လင္က်င့္။ ကြၽန္ေတာ္ကသူ႕ကို ကြၽန္ေတာ့ညီေလးလို႔သတ္မွတ္ထားတာ။ ခုနကခင္မ်ားျမင္လိုက္တာကအေပ်ာ္သေဘာပါပဲ"
လင္ရွီးခ်င္ေရွာင္းကိုတည့္တည့္ၾကည့္လိုက္၏။ သူ႕ေလသံကရွင္းလင္းေနၿပီး ႏွိမ့္ခ်ျခင္းႏွင့္အထက္စီးဆန္ျခင္းတစ္ခုမွမပါေပ။

  ခ်င္ေရွာင္းလင္ရွီးကိုၾကည့္လိုက္၏။ သူမသိလိုက္ခင္မွာပဲေရသူေလးက သူ႕ကိုယ္သူနာမည္ေပးခဲ့သည္။ ၾကည့္ရတာသူ႕မွာ အားေကာင္းတဲ့သင္ယူေလ့လာနိုင္စြမ္းရွိပုံပင္။

  လင္က်င့္ကငါးကန္ထဲမွာရွိေနၿပီး ေရခဲရိုက္မ်က္ႏွာႏွင့္စစ္ဝတ္စုံဝတ္ထားတဲ့လူက လင္ရွီးကိုနာက်င္ေစမွာကိုေၾကာက္႐ြံ႕တာေၾကာင့္ ရင္ထိတ္ေနမိသည္။

လင္ရွီးရွင္းျပၿပီးတာနဲ႕ သူခ်က္ခ်င္းပဲေခါင္းကိုထပ္ခါထပ္ခါၿငိမ့္ျပလိုက္သည္။

  လင္ရွီးရဲ႕ပိုင္ရွင္က ႐ုတ္တရက္ႀကီးဘာေၾကာင့္ေဒါသထြက္ရတာလဲဆိုတာ သူအေတာ္ေလးကိုနားမလည္ေပမယ့္လည္း လင္ရွီးအဲ့လိုေတြရွင္းျပေနကတည္းကသူလည္းေထာက္ခံေနခဲ့၏။

  "ဟုတ္ပါတယ္ ကြၽန္ေတာ္တို႔ကအေပ်ာ္သေဘာလုပ္ေနတာပါ။ ကိုကိုကကြၽန္ေတာ့္ကိုနမ္း႐ုံ...."
လင္က်င့္မေျပာလိုက္တာကမွ ပိုေကာင္းသြားေပအုံးမည္။ သူေျဖလိုက္ေတာ့မွစိတ္ေျပေတာ့မည့္ခ်င္ေရွာင္းက ေအးစက္စက္ၾကည့္လာခဲ့တာေၾကာင့္ လင္က်င့္ဆံ့တငင္ငင္ျဖစ္သြားကာ သူ႕ရဲ႕အသက္ရႉသံကပါပုစဥ္းရင္ကြဲတစ္ေကာင္လို တိုးသြားခဲ့သည္။
[T/N- ပုစဥ္းရင္ကြဲေတြကဆူညံေနေပမယ့္အသံတစ္ခုခုၾကားရင္႐ုတ္တရက္တိတ္သြားတာမ်ိဳးကိုဆိုလိုတာပါ]

ခ်င္ေရွာင္းသူ႕အားကိုမထိန္းနိုင္လိုက္ေပ။

  သူဖမ္းကိုင္လိုက္ၿပီးခဏအၾကာ လင္ရွီးရဲ႕လက္ေကာက္ဝတ္ကနီရဲလာၿပီး အရိုးေတြကအညွစ္ခံရ၍အရမ္းနာလာေပမယ့္ လင္ရွီးမ႐ုန္းရဲပါေခ်။ ထိုလူရဲ႕ေဒါသကပိုလို႔ေတာင္ထြက္သြားမွာကိုေၾကာက္လို႔ျဖစ္သည္။

  ေနာက္ပိုင္း သူလုပ္လိုက္တဲ့ကိစၥႀကီးက!!!! သူလုပ္လိုက္ၿပီးေနာက္လင္ရွီးရဲ႕အျပဳအမူက သူ႕(ခ်င္ေရွာင္း)ကိုေတာ္ေတာ္အံ့အားသင့္သြားေစသည္။

   လင္ရွီးျပန္လွည့္ၿပီး သူ႕အေနာက္ကိုၾကည့္လိုက္ရာ ငါးကန္ထဲရွိလင္က်င့္ကမ်က္လုံးျပဴးေနၿပီး သူလုပ္လိုက္တဲ့အျပဳအမူကို မယုံနိုင္ေလာက္ေအာင္ျဖစ္ေနသည္။ ထို႔အျပင္ တံခါးအျပင္မွာရွိတဲ့အေစာင့္မ်ားကလည္း အလြန္ထိတ္လန႔္သြားၾက၏။

  အၾကည့္ေတြကိုျပန္သိမ္းလိုက္ၿပီး လင္ရွီးသူ႕ႏႈတ္ခမ္းကို လွ်ာထိပ္ႏွင့္လ်က္လိုက္သည္။ အထိအေတြ႕ကက်န္ေနေသးပုံပင္။
[ ဟုတ္ကဲ့နမ္းလိုက္တာပါ😐😐]

  သူ႕လည္ေခ်ာင္းေတြကေျခာက္ေသြ႕ေနသလိုခံစားလိုက္ရ၍ လင္ရွီးတံေတြးတစ္ခ်က္မ်ိဳခ်လိဳက္၏။
 
လင္ရွီးရဲ႕မ်က္လုံးေလးေတြကအနည္းငယ္တုန္ယင္ေနၿပီး သူ႕ထက္ေခါင္းတစ္ဝက္စာေလာက္ျမင့္တဲ့လူကိုၾကည့္လိုက္သည္။ သူ႕လက္ေကာက္ဝတ္ကိုဆြဲထုတ္ၾကည့္လိုက္ေတာ့ လြယ္လြယ္နဲ႕ထုတ္လို႔ရသြား၏။

  လင္ရွီးျပန္လွည့္လိုက္သည္။ သူအခုနည္းနည္းမူးေနာက္ေန၏။ သူငါးကန္ဆီေလွ်ာက္သြားတဲ့အခ်ိန္မွာလည္း သူ႕ႏႈတ္ခမ္းကိုထပ္သပ္မိျပန္သည္။ သူလင္က်င့္ကိုႏႈတ္ဆက္လိုက္ၿပီး မနက္ျဖန္အေဖာ္ျပဳေပးဖို႔ ျပန္လာခဲ့မယ္ဟုေျပာလိုက္၏။

"ကိုကို...ဘာမွမျဖစ္ပါဘူး မလာလည္းရပါတယ္၊ ငါကပိုေကာင္းလာၿပီပဲဟာ" ခုနကတုန္းက လင္ရွီးက႐ုတ္တရက္သူ႕ပိုင္ရွင္ကိုထ နမ္းလိုက္တာေၾကာင့္အခန္းထဲကေလထုက အရမ္းကိုထူးဆန္းလာတယ္လို႔ လင္က်င့္ခံစားမိ၏။ လင္ရွီးကထြက္သြားခ်င္ေနတယ္လို႔ေတာ့မေျပာနဲ႕ေနာ္....။ လင္က်င့္အသက္ရႉမဝသလိုခံစားရ၍တိတ္တိတ္ေလးေနလိုက္သည္။

  ေနာက္ပိုင္း လင္ရွီးလာမလာဆိုတာႏွင့္ပတ္သက္၍ေတာ့ လင္က်င့္ လင္ရွီးရဲ႕ပိုင္ရွင္၏ မ်က္လုံးေတြကေန သူ႕ကိုေတာ္ေတာ္ေလးမႏွစ္သက္ေၾကာင္းခံစားလိုက္ရသည္။

ဘာေၾကာင့္မႀကိဳက္တာလဲဆိုတာကို လင္က်င့္မခန႔္မွန္းနိုင္ေပမယ့္ သူခံစားမိတာက လင္ရွီးႏွင့္ပတ္သက္ၿပီးသူသာ လင္ရွီးႏွင့္ခပ္ေဝးေဝးေနနိုင္ရင္ ထိုေယာက္်ားကပိုလို႔ေတာင္ေပ်ာ္႐ႊင္သြားနိုင္တယ္လို႔ပင္။

  "မင္း ေကာင္းေကာင္းနား" လင္ရွီးသူ႕ႏႈတ္ခမ္းကိုပြတ္သုတ္လိုက္ခ်င္ေပမယ့္ အဲ့လိုလုပ္တာက အရမ္းကိုေဖာ္ထုတ္လိုက္သလိုျဖစ္သြားလိမ့္မယ္။
[T/N- သူစိတ္လႈပ္ရွားေနတာကိုပါ]

  ႏႈတ္ဆက္စကားေျပာၿပီးေနာက္ လင္ရွီးလွည့္ထြက္သြားလိုက္သည္။ သူခ်င္ေရွာင္းေဘးကျဖတ္သြားေတာ့ သူ႕ေခါင္းကိုႏွိမ့္ခ်လိဳက္ေပမယ့္ အနည္းငယ္ရဲတြတ္ေနတဲ့နားသီးေလးေတြက သူ႕ကိုသစၥာေဖာက္ေနသည္။

   ခ်င္ေရွာင္း၏မ်က္လုံးေတြက လင္ရွီးရဲ႕လႈပ္ရွားမႈနဲ႕အတူေ႐ြ႕လ်ားသြား၏။ လူနာခန္းရဲ႕ တံခါးအျပင္ဘက္ကိုေလွ်ာက္ထြက္သြားတဲ့အခါ ခ်င္ေရွာင္းရဲ႕မ်က္လုံးေတြက႐ုတ္တရက္က်ဳံ႕သြား၏။

  "ခင္မ်ား....ခင္မ်ား ခဏေလာက္ေစာင့္ေပးလို႔ရမလား" ခ်င္ေရွာင္းထြက္သြားခါနီး သူ႕အေနာက္ကေနအားနည္းတဲ့အသံေလးထြက္ေပၚလာ၏။

  ခ်င္ေရွာင္းရပ္တန႔္လိုက္ေပမယ့္ ကိုယ္တစ္ျခမ္းသာလွည့္လိုက္ကာ အေနာက္ကိုအျပည့္အဝျပန္မလွည့္လိုက္ေပ။

  "ကိုကိုကြၽန္ေတာ့္ကိုေျပာတာ ခင္မ်ားကကြၽန္ေတာ့္ကို ကယ္ထားတာတဲ့။ တစ္ေလွ်ာက္လုံးခင္မ်ားကိုေက်းဇူးတင္စကားမေျပာရေသးဘူး။ ေက်းဇူးတင္ပါတယ္"

  ငါးကန္ထဲကေရသူေလးရဲ႕ခႏၶာကိုယ္အေပၚပိုင္းကမတ္ေနရာမွ ခ်င္ေရွာင္းကိုဦးၫႊတ္လိုက္ၿပီး ခ်င္ေရွာင္းရဲ႕အကူအညီအတြက္ေက်းဇူးတင္လာသည္။

  ခ်င္ေရွာင္း 'အစ္ကို' ဆိုတဲ့စကားကိုၾကားလိုက္ေတာ့ ထူးဆန္းတဲ့ခံစားခ်က္တစ္ခုရလိုက္သည္။

  ေသြးခ်င္းမဆက္ႏြယ္တဲ့ေရသူႏွစ္ေကာင္က ညီအကိုေတြျဖစ္လာတယ္!!!

  ဒါေတြကသူမသိလိုက္တဲ့အခ်ိန္မွာျဖစ္သြားတာပဲ။

  အဲ့ဒီလိုကိစၥေတြက ႐ုတ္တရက္သူ႕ခံစားခ်က္ေတြကို ထိန္းသိမ္းမရျဖစ္သြားေစခဲ့ၿပီး ႏွစ္ေပါင္းမ်ားစြာအတြင္းဒီလိုမ်ိဳးမျဖစ္ခဲ့ဖူးေပ။

  ခ်င္ေရွာင္းလင္က်င့္ရဲ႕မ်က္လုံးေတြကိုၾကည့္ရင္း ပိုပိုၿပီးေအးစက္လာသည္။

လင္က်င့္ရဲ႕လက္ေခ်ာင္းေတြက ထိတ္လန႔္ေၾကာက္႐ြံ႕မႈေၾကာင့္ အခ်င္းခ်င္းဆုပ္ကိုင္လိုက္ၾကၿပီး
သူအၿမဲတမ္းေပ်ာက္ကြယ္သြားတာက အေရွ႕ကလူသားအတြက္အေကာင္းဆုံးျဖစ္သလိုခံစားလိုက္ရသည္။ ထိုခံစားခ်က္က သူ႕သခင္ေဟာင္းကိုျပန္အမွတ္ရေစသည္။

  "သူ...ကြၽန္ေတာ့ကိုဝယ္လိုက္တဲ့လူေလ ေနာက္သူဘာျဖစ္သြားလဲ? " လင္က်င့္မတတ္နိုင္ေတာ့ပဲေမးလိုက္၏။ ထိုသို႔ေမးလိုက္ခ်ိန္တြင္ သူ႕ႏွလုံးသားကတင္းၾကပ္ေနသည္။ လင္က်င့္သူ႕ႏွလုံးကိုတင္းတင္းၾကပ္ၾကပ္ဖိလိုက္ၿပီး အသက္ကိုျမန္ျမန္ရႉထုတ္လိုက္သည္။

  "မေသဘူး" ခ်င္ေရွာင္းေျပာလိုက္၏။ မေသေပမယ့္လည္း ေသတာထက္ဆိုးတဲ့ဘဝဆိုတာကိုေတာ့ သူအထူးတလည္မေျပာျပေတာ့ေပ။

  လင္က်င့္ခါးသီးဝမ္းနည္းစြာႏွင့္ပင္ ေရ႐ြတ္လိုက္၏။ "ဪ....အဲ့လိုလား"

  "ဒုကၡမေပးနဲ႕" ခ်င္ေရွာင္း ထိုစကားလုံးႏွစ္လုံးကိုငါးေလးအတြက္ခ်န္ထားခဲ့လိုက္သည္။
[T/N-  _Bi rsh သုံးလုံးဆိုေပမယ့္ သူႏွစ္လုံးမို႔ႏွစ္လုံးလိုက္ပါတယ္]

  'သခင္ကိုခ်င္ရင္ ေခြးကိုခ်စ္ပါ' ဆိုတာခ်င္ေရွာင္းမွာမရွိေပ။
[မူရင္းက - iwjw 'အိမ္ကိုခ်စ္ရင္ အဲ့အိမ္ကက်ီးကန္းကိုခ်စ္ပါ'တဲ့]

လင္ရွီးယာဥ္ပ်ံထဲတြင္ ျပတင္းေပါက္ေဘးမွာထိုင္ေန၏။ ေလာေလာဆယ္ေတာ့ တစ္ေယာက္မွမရွိတဲ့အျပင္ အေစာင့္ေတြလည္းမလာေသးေပ။ ဘယ္သူမွရွိတုန္း လင္ရွီးလက္ကိုျမႇောက္ၿပီး သူ႕ႏႈတ္ခမ္းကိုပြတ္ၾကည့္မိခ်ိန္ လြန္ခဲ့တဲ့မိနစ္အနည္းငယ္ကျမင္ကြင္းက သူ႕မ်က္လုံးထဲျပန္ေပၚလာခဲ့၏။

  အဲ့ဒီအခ်ိန္တုန္းက လင္ရွီးမ်ားမ်ားစားစားမေတြးမိခဲ့ေပ။ သူလင္က်င့္ကိုနမ္းေနတာကို ခ်င္ေရွာင္းျမင္ၿပီး မေပ်ာ္ဘူးဆိုတာကို ခံစားလိုက္ရတာေၾကာင့္ႏွစ္ဘက္လုံးမွ်တသြားေအာင္ ခ်င္ေရွာင္းကိုလည္းနမ္းလိုက္တာျဖစ္သည္။

  နမ္းလိုက္ၿပီးမွ လင္ရွီးျပႆနာကိုနားလည္သြားခဲ့သည္။

မတိုင္ခင္က သူလင္က်င့္ကိုမ်က္ႏွာကိုပဲနမ္းခဲ့ေပမယ့္ ခ်င္ေရွာင္းကသူ႕ထက္အရပ္ျမင့္ၿပီး သူအရမ္းေလာေနတာေၾကာင့္ ခ်င္ေရွာင္းရဲ႕ႏႈတ္ခမ္းကိုတိုက္ရိုက္ႀကီးနမ္းမိသြားခဲ့သည္။

  သူ႕ပိုင္ရွင္ရဲ႕ႏႈတ္ခမ္းေတြကႏူးညံ့ၿပီး သူ႕ရဲ႕ရက္စက္တဲ့အသြင္အျပင္နဲ႕လုံးဝကိုျခားနားလွသည္။

အဲ့တာကလင္ရွီးကို အံ့ဩမိသြားေစသည္။

  ထို႔ေနာက္လင္ရွီးျပသနာကိုစတင္ပူပန္လာသည္။ သူ႕ပိုင္ရွင္က သူ(လင္ရွီး) သူ႕ကိုႀကိဳက္ေနတယ္လို႔ေတာ့မထင္ေလာက္ပါဘူးေနာ္...။

  အေရးႀကီးတာက ခ်င္ေရွာင္းမၾကာခင္ယာဥ္ပ်ံေပၚတက္လာတဲ့အခါ သူရွင္းျပရမွာမဟုတ္ဘူးလား။

ဘယ္လိုေျပာရမလဲဆိုရင္ အဲ့အခ်ိန္တုန္းကမရွင္းျပပဲျပန္လာခဲ့တာက 'ဒီေနရာမွေငြစသုံးရာမရွိပါဘူး' ဆိုတာမ်ိဳးျဖစ္မွာစိုး၍ပင္။
[T/N - ရွင္းျပမွပိုဆိုးမွာကိုေျပာတာပါ]

  လင္ရွီးေဒါသတႀကီး သူ႕ဆံပင္သူေဆာင့္ဆြဲပစ္လိုက္သည္။

  ဒီကမၻာကိုေရာက္ၿပီးေနာက္ ဒီေန႕ျဖစ္ခဲ့တဲ့ကိစၥကသူ႕အတြက္ေနာင္တအရဆုံးအရာျဖစ္သည္။ ျပတင္းေပါက္ေန ခ်င္ေရွာင္းယာဥ္ပ်ံဆီလာေနတာေတြ႕လိုက္ေတာ့ လင္ရွီးလက္ကိုလႊတ္လိုက္ကာ ဆံပင္ကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္လုပ္ၿပီး သူ႕အမူအယာကိုအလိုက္သင့္ေလးျပဳမူ၍ သူ႕ကိုယ္သူပုံမွန္ျဖစ္ေအာင္ႀကိဳးစားလိုက္သည္။

  ခ်င္ေရွာင္းအမ်ားႀကီးမေတြးေလာက္ေပ။ တကယ္လို႔သူ႕ကိုႀကိဳက္ေနတယ္လို႔ထင္ရင္ေတာင္ ထိုလူကသူ႕မ်က္ႏွာမွာ 'ဤလူရက္စက္ခက္ထန္သည္၊ တစိမ္းမ်ားမဝင္ရ' ဟုေရးထားၿပီး သူက သူ႕ရဲ႕petအဆင့္ေလာက္ကိုေသခ်ာေပါက္သေဘာက်မည္မဟုတ္ေခ်။

  လင္ရွီးဗီလိန္ျဖစ္ခဲ့တဲ့အတိတ္ဘဝတုန္းကလည္း သူႏွစ္သက္ခဲ့တာကသန္မာတဲ့လူေတြသာျဖစ္ၿပီး ဒီလိုမ်ိဳးအားနည္းၿပီးအၿမဲတေစ ေစာင့္ေလွ်ာက္မႈလိုအပ္ေနတဲ့သူမ်ိဳးမဟုတ္ေပ။

  လင္ရွီးကိုယ့္ဘာသာကိုယ္ ဆင္ေျခတစ္ပုံတစ္ေခါင္းေတြေပးၿပီး ကိုယ့္ဟာကိုယ္ႏွစ္သိမ့္ခြင့္လႊတ္ေနသည္။

  သူအသက္ျပင္းျပင္းရႉထုတ္လိုက္သည္။ ဒီလိုေတြးလိုက္ေတာ့လင္ရွီး႐ုတ္တရက္စိတ္သက္သာရာရသြားခဲ့သည္။
 
   ယာဥ္ပ်ံေပၚတက္ၿပီးေနာက္ သူ႕ကိုၾကည့္လာတဲ့ခ်င္ေရွာင္းကိုရင္ဆိုင္ဖို႔ လင္ရွီးဣႏၵျေ(အိႏၵျေ) မပ်က္ျပန္ၾကည့္လိုက္၏။

  လင္ရွီးသူ႕အၾကည့္ေတြကိုေရွာင္ဖယ္လိုက္မယ္လို႔ ခ်င္ေရွာင္းေတြးခဲ့ေပမယ့္ သူမေမွ်ာ္လင့္ထားခဲ့တာက ခဏအတြင္းလုံးဝတည္ၿငိမ္သြားမယ္ဆိုတာကိုပင္။

  ဒီေကာင္ေလးနဲ႕ပက္သတ္ၿပီး သူမသိတာေတြဘယ္ေလာက္မ်ားေနပါလိမ့္။

သူတို႔ရင္းႏွီးလာပုံရေပမယ့္ လင္ရွီးမွာသူမသိတာေတြမ်ားေနေသး၏။ ခ်င္ေရွာင္းထိုင္ခ်လိဳက္ၿပီး ေရသူေလးအေပၚသူပိုၿပီးအာ႐ုံစိုက္သင့္ေၾကာင္း ခံစားလိုက္ရသည္။

   'လင္ရွီး.....လင္ရွီးတဲ့လား'

လူသားနာမည္ယူထားရတဲ့အေၾကာင္းအရင္းက လူသားေတြလိုကိုယ့္ကံၾကမၼာကိုယ္ထိန္းခ်ဳပ္ခ်င္ေနတာေၾကာင့္လား...?

  ခ်င္ေရွာင္းရဲ႕မ်က္လုံးေတြထဲ ႀကီးမားတဲ့စိတ္ဝင္စားမႈကျဖတ္ေျပးသြား၏။ လင္ရွီးရဲ႕႐ုတ္တရက္အနမ္းကလြဲရင္ ထိုေန႕ကသူ႕ပိုင္ရွင္နဲ႕လင္ရွီးၾကားကဆက္ဆံေရးက ေျပာင္းလဲမႈသိပ္မရွိေပ။

   တကယ္ရွိမရွိဆိုတာကေတာ့ လူႏွစ္ေယာက္ကပဲေသခ်ာသိေပလိမ့္မည္။

  ေနာက္တစ္ေန႕လင္ရွီးစဥ္းစားၿပီး ေဆး႐ုံမွာရွိတဲ့လင္က်င့္ထံဆက္သြယ္ကာ ႏွစ္ရက္ေလာက္မလာေတာ့ေၾကာင္း ေျပာလိုက္၏။ လင္က်င့္ကဘာမွမေျပာေပမယ့္ မေနကသူျပန္သြားတုန္းကတစ္ခုခုျဖစ္ေသးလားဟု မရဲတရဲေမးလာသည္။

  "ဘာမွမျဖစ္ဘူး။ အဲ့အေၾကာင္းမေတြးနဲ႕ေတာ့" လင္က်င့္ကသူ႕ကိုခ်င္ေရွာင္းကထိခိုက္ေစမွာ စိုးရိမ္ေနေၾကာင္း လင္ရွီးဘယ္လိုလုပ္မခန႔္မွန္းမိပဲေနမွာလဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ေခါင္မိုးတစ္ခုတည္းေအာက္မွာေနလာတာၾကာၿပီပဲ။ လင္ရွီးလူတစ္ေယာက္ကိုေတာင္ရွင္းရွင္းလင္းလင္းမျမင္နိုင္တဲ့အထိေတာ့မဆိုးေသးပါဘူး။

  "အဲ့တာေကာင္းတယ္။ ငါမေန႕ကတကယ္ေၾကာက္ေနခဲ့တာ" လင္က်င့္ လင္ရွီးကိုတိုးတိုးေလးေျပာလာသည္။

  "မင္းအခုလုပ္ရမယ့္တာဝန္က မင္းခႏၶာကိုယ္ကိုဂ႐ုစိုက္ဖို႔ပဲ။ တျခားအရာေတြကိုစိုးရိမ္မေနနဲ႕"
လင္ရွီးေအးစက္စက္အမိန႔္ေပးလိုက္၏။

  "ဟုတ္" တစ္စုံတစ္ေယာက္ကသူ႕ကိုအမိန့္ေပးတာက လင္က်င့္ကိုေပ်ာ္႐ႊင္ေစသည္။

  ဖုန္းခ်လိဳက္ၿပီးေနာက္ ဧည့္ခန္းကဆိုဖာမွာထိုင္ကာ လင္ရွီးကြန္ပ်ဴတာကစားေနလိုက္သည္။ ကစားတယ္လို႔ေျပာေပမယ့္ တကယ္ေတာ့လင္ရွီးဒီရက္ပိုင္းအတြင္းျဖစ္ေပၚတဲ့ေဘးအႏၱရာယ္သတင္းမ်ားကိုရွာေဖြေနျခင္းျဖစ္သည္။

အင္တာနက္အသုံးျပဳသူေတြက လွ်ို႔ဝွက္စြာဖုံးကြယ္ထားတာေၾကာင့္ဘာသတင္းမွမရေသးေပ။

ဟက္ကာႏွင့္ပက္သတ္၍ေတာ့ ထိုပတ္ဝန္းက်င္အနီးအနားရွိလူမ်ားသည္ ၎တို႔၏အိမ္မ်ားက မၾကာမီရက္ပိုင္းအတြင္းမီးရွို႔ခံရမည္ဟု ၿခိမ္းေျခာက္ခံရေၾကာင္း သတင္းမ်ားထြက္ေပၚလာၿပီးျဖစ္သည္။

  တစ္စုံတစ္ေယာက္က ရဲကိုသတင္းေပးခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ကစုံစမ္းစစ္ေဆးေပမယ့္ ရလာဒ္အကုန္လုံးက အတုအေယာင္IPေတြသာျဖစ္ၿပီး ဟက္ကာ၏ အစစ္အမွန္အေထာက္အထားႏွင့္ ေနရာကိုေတာ့ရွာမေတြ႕ခဲ့ေပ။

  အခ်ိန္ခဏေလာက္ေစာင့္ၾကည့္ခဲ့ေပမယ့္ ဘယ္အိမ္ကမွမီးရွို႔ခံရျခင္းမရွိတဲ့အျပင္ ဒီလိုမ်ိဳးၿခိမ္းေျခာ္မႈက အရင္ကလည္းတူညီတဲ့အျဖစ္အပ်က္မ်ိဳးရွိခဲ့ဖူးသည္။

  ထို႔ေၾကာင့္ရဲေတြက အတိတ္ကလိုစေနာက္ေနျခင္းဟုသာေတြးၿပီး ဆက္လက္စုံစမ္းစစ္ေဆးျခင္းမရွိေတာ့ေပ။ ။

#20.10.2022

ဒီတစ္ပိုင္းလုံးကေတာ့ခ်ဥ္စူးေနတာပါပဲ

Continue Reading

You'll Also Like

276K 9.9K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
535K 44.2K 43
အချစ်ဆိုတာ တစ်သက်လုံးနေလာတဲ့ cool guy type ကြီးကနေ ခဏချင်း cute boy typeကိုပြောင်းသွားစေတာမျိုး
1.4M 48K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd