ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...
By Greentealay-
1M 153K 7.6K
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More
{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}
{38}
5.8K 940 77
By Greentealay-
Unicode
ချူချန်တစ်ယောက် ရှောင်ချန်ထွက်သွားမှ ကျိချင်းကျိုးကို အနမ်းခြွေလာ၏။ချူချန် သူ့ဘေးနားဝင်ထိုင်လိုက်သည်နှင့် စာပွဲပေါ်ကစာအုပ်လေးအားတစ်ဖက်တွန်းပို့လိုက်သည်ကိုတွေ့လိုက်ရသည်။
"ဘာတွေပါလို့ ကိုယ့်ကိုကြည့်ခွင့်မပေးတာလဲ"
"ခင်ဗျားဖန်ကလပ်ရဲ့Weibo account passwordပါ ခင်ဗျားတွက်အထူးသုံးမဲ့ Weibo accountမို့ ကြည့်လည်း အသုံးမဝင်ဘူး"
"မင်းဘာလုပ်လုပ် တော်တော်သေသပ်တယ်နော်"
ချူချန် သူ့ကိုကြည့်လိုက်သည်။
"ဒါပေါ့ကိုကိုရယ်… စိတ်လည်းမပူနဲ့…တစ်ခြားသူတွေမှာရှိတဲ့အရာဆို ကို့ကို့မှာရှိလာရမယ်…တစ်ခြားသူတွေမှာမရှိတဲ့အရာဆိုလည်း ကိုကို့မှာရှိလာအောင် ကျွန်တော်ကြိုးစားပေးမှာ"
"မင်းကိုယ်မင်းသာ ပိုပြီးဂရုစိုက်ပါ…ကိုယ်က အပန်းဖြေချင်ရုံပဲ…နောက်ဆို ဒီလောကမှာအောင်မြင်လာမဲ့သူကမင်းလေ"
"ကိစ္စမရှိပါဘူး ကျွန်တော်မှာလည်းအတိုင်းအဆရှိပါတယ်"
ချူချန်သည် သူ့ရဲ့ရင်းနှီးလှသောစကား‌လုံးတွေအားနားထောင်ရင်း လွန်ခဲ့တဲ့နှစ်ရက်က ချူရှင်းရဲ့ခံစားချက်ကို နားလည်တတ်လာမိသည်။
"လိုရင်းပြောရအောင် ကိုယ် မင်းကိုပြောစရာတစ်ခုရှိတယ်"
"ဘာလဲ"
ကျိချင်းကျိုး သိချင်စိတ်ပြင်းပြလာ၏။
ချူချန်ကမူပြုံးပြုံးပင်။
"ဖန်ယောင်ရွှမ်းက မင်းကိုအထူးအလေးထားပြီး ဘာလို့ လျှောက်လိုက်နေလဲသိလား"
ကျိချင်းကျိုးတစ်ယောက်အတန်ကြာမင်သက်သွားမိသည်။
သူသိတာပေါ့…ဒါပေမယ့် ချူချန်ပြောမဲ့အရာကိုလည်းကြားချင်၍မေးကြည့်လိုက်သည်။
"ခင်ဗျားသိတယ်လား"
"အန်းယီသာမှန်ရင်ပေါ့"
"အန်းယီကဘာထပ်ပြောပြန်တာတုန်း"
"သူမပြောတာတော့ ဖန်ယောင်ရွှမ်းက မင်းကိုတကယ်သဘောကျတာမဟုတ်လောက်ဘူးတဲ့…ပြီးတော့ သူက လော့ယွီရှင်းကိုသဘောကျနေလို့ မင်းကို လော့ယွီရှင်းရဲ့အစားထိုးလိုသတ်မှတ်ထားတာတဲ့…အဲ့တာကြောင့် မင်းနောက်လျှောက်လိုက်နေတာကွာ…‌အဲ့လော့ယွီရှင်းက မင်းနဲ့နည်းနည်းဆင်တယ်လို့ကိုယ်ပြောခဲ့တယ်မလား"
ကျိချင်းကျိုးခေါင်းညိမ့်ရမိကာ ယွီအန်းယီကအရမ်းတော်တာပဲလို့တိတ်တိတ်လေးဆိုမိ၏။သူမသိသမျှအကုန်လုံး ချူချန်ကိုပြောပြတော့တာပဲ။
ချူချန်ကတော့ စကားပြန်မပြောဘဲခေါင်းသာညိမ့်ပြသူအား အစားထိုးအနေနဲ့ဆက်ဆံခံရတော့ ဝမ်းနည်းလွန်းနေတာဖြစ်မည်ဟုတွေးမိသွား၏။ဟိုအချိန်က ဖန်ယောင်ရွှမ်းအတွက် စာချုပ်ဖျက်သိမ်းချင်နေတဲ့ ကျိချင်းကျိုးသည်ကား  နောက်ဆုံးကျ ဖန်ယောင်ရွှမ်းက သူ့ကိုတစ်စက်မှမကြိုက်ခဲ့သည်ကိုသိလိုက်ရသည်။သူ့နောက်ကိုလိုက်ခဲ့တာကလည်း ကစားချင်ရုံသက်သက်တဲ့…သူနာကျင်ခံစားနေတာဖြစ်ရမယ်။
ချူချန်သည် ကျိချင်းကျိုးပခုံ‌အားခပ်ဖွဖွပုတ်လျက်
"ဒီလိုပါပဲ လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီးမဆုံးဖြတ်နိုင်ဘူး။မင်းသိတဲ့အတိုင်းပဲလေ ကိုယ်ကစကားကိုဗွင်းဗွင်းပဲပြောတတ်တယ်။မင်းနဲ့အိပ်ချင်တယ်လို့ ကိုယ်ပြောခဲ့တယ်နော်…ကြားရတာနဝင်ပီယံမရှိလောက်ပေမယ့် ကိုယ်မလိမ်ခဲ့ဘူး… ဟိုလူစားထိုးဂိမ်းကစားတဲ့ ရွံစရာအသည်းနှလုံးနဲ့ ဖန်ယောင်ရွှမ်းလိုမျိုးမဟုတ်ပါဘူး…အဲ့ကောင်က သူ့ကိုယ်သူ သခင်ကြီးလိုထင်နေတာ"
"ဟုတ်ပ အမှိုက်စုတ်ကောင်"
ကျိချင်းကျိုးကထအော်လာသည်။
"ဒါပေမယ့် မင်းလည်းအရမ်းဉာဏ်ကောင်းတယ်။အရင်က ကြည့်မကောင်းတာတွေလုပ်ပြီး နည်းနည်းတုံးပေမယ့် တစ်ဝက်တစ်ပျက်လန့်နိုးလာတာနဲ့ သူမူမမှန်တာတွေသိလာပြီး အချိန်ဖြုန်းတာတွေရပ်ပလိုက်တယ်လေ…သိပ်မဆိုးသေးပါဘူး။မဟုတ်လို့ မင်း အခုချိန်သူနဲ့ရှိနေရင် စိတ်ပျက်မိလိမ့်မယ်"
ချူချန်ကပြောလိုက်ရင်းအဲ့မြင်ကွင်းကိုမျက်ဝါဝါထင်ထင်မြင်ချင်နေသေး၏။ သူစိတ်နဲ့သာဆို ကျိချင်းကျိုးဆီအထူးတလည်သွားတွေ့ပြီး ပျော်လားလို့မေးမှာဖြစ်သည်။ဒါက မင်းထင်ရာစိုင်းပြီးရွေးချယ်ခဲ့တယ်အချစ်စစ်ကြီးလေ…ပျော်လား? ဟားဟားဟားဟားဟားဟား!!!
သို့စေကာမူ သူ့ရှေ့ကလူသားကိုကြည့်လိုက်တော့ နှလုံးသားထဲကပြောမည့်စကားတွေကိုလည်း လက်တွေ့ကျကျပြောနိုင်စွမ်းမရှိတော့သဖြင့်---
"ဒီလောကကြီးထဲမှာ ဗြုန်းခနဲနှစ်သက်ပြီး၊ကြင်နာမိသွားတာတွေမှပေါသောနေတာဆိုတော့ သူတို့ ကံကြမ္မာကသတ်မှတ်ထားပြီးသားဖြစ်ရမယ်ပေါ့ ။မင်းလည်းမြင်မြင်ချင်းချစ်မိသွားတာမလား? ဟုတ်တယ်နော် ဒါပင်မယ့် မင်းအခုဘယ်လိုဖြစ်သွားလဲသိပြီမလား" ဟူ၍သာပြောမိသွား၏။
အမှန်ပဲ!!!ကျိချင်းကျိုးထောက်ခံလိုက်သည်။
"အဲ့တော့…"
ချူချန်ကအဆုံးသတ်နိဂုံးချုပ်လိုက်သည်။
"ကိုယ့်နောက်လိုက်တာပိုကောင်းတယ်"
ကျိချင်းကျိုး သူ့ကိုပြန်ကြည့်လိုက်မိ၏။
ချူချန်ကသူ့ကိုမေးလာသည်။
"ကိုယ်မှားလို့လား? ကိုယ့်ထက်ပိုကောင်းတဲ့ စပွန်ဆာမျိုးလဲရှာကြည့်ပါဦး"
ကျိချင်းကျိုးပြုံးပြကာ—
"မှန်ပါတယ်…တကယ်တော့ ခင်ဗျားနောက်လိုက်ရတာပိုကောင်းတယ်"
"သိတတ်နေတာ"
ချူချန် လက်ပိုက်ပြီး ဆိုဖာပေါ်မှီချလိုက်သည်။
"ကဲ မင်းလည်း ဖန်ယောင်ရွှမ်းလိုက်ကပ်တဲ့ရည်ရွယ်ချက်အစစ်အမှန်ကို သိသွားပြီဆိုတော့ နောက်ဆို သူနဲ့ဝေးဝေးနေပါ။သူမသေသေးသ၍ မင်းနဲ့လူစားထိုးဂိမ်းကိုကစားချင်နေဦးမှာပဲ"
ကျိချင်းကျိုး မတတ်နိုင်သလိုသက်ပြင်းချလိုက်သည်။
"ကျွန်တော့်လည်း သူ့ဆီကနေလိုက်ပုန်းပြီးစည်းခြားနေရတာကြာပြီမဟုတ်လား"
"နောက်လည်းဒီလိုပဲနေ"
ကျိချင်းကျိုး ချူချန်ကိုကြည့်လိုက်သည်။
"မစိုးရိမ်ပါနဲ့…ကျွန်တော်ပေါ်အရမ်းကြင်နာတတ်တဲ့ခင်ဗျားထက်ပိုကောင်းတဲ့ရှူးဂါးဒယ်ဒီမျိုးဘယ်မှာသွားရှာရမှာလဲ။ကျွန်တော်က စဉ်းစားဉာဏ်မရှိတဲ့လူမဟုတ်ဘူး"
ဖန်ယောင်ရွှမ်း သူ့ကိုအစားထိုးလိုမျိုးသုံးနေရုံဆိုတာ ချူချန်သိသွားတော့ အဆင်ပြေပြီပေါ့။နောက်ပိုင်း ဖန်ယောင်ရွှမ်းဘက်က တစ်ခုခုလုပ်ခဲ့ရင် ဖန်ယောင်ရွှမ်းက လော့ယွီရှင်းကိုကြိုက်နေပါရက်နဲ့ သူကိုဒုတိယနေရာထားဖို့ကြိုးစားနေတာပါဆိုပြီး အသေအချာရှင်းပြလိုက်ရင် ချူချန်လည်း အထင်လွဲမှာမဟုတ်တော့ဘူး။
"ကောင်းပြီ…ဖန်ယောင်ရွှမ်းရဲ့ကိစ္စကိုထားလိုက်တော့ အဲ့ဆန်ကုန်မြေလေးအကြောင်းမပြောတော့ဘူး။ခင်ဗျားဇာတ်ညွှန်းရော? ညနေခင်းကျ ကျွန်တော်နဲ့အတူတူရိုက်ရဦးမှာလေ"
ချူချန်ကမူ တည်ငြိမ်သောအမူအရာရှိသူအားကြည့်လျက် တစ်ခုခုလွဲနေသလိုခံစားလိုက်ရသည်။
"မင်းကြည့်ရတာ အလန့်တကြားနဲ့ခံစားရခက်တဲ့ပုံလည်းနည်းနည်းမှမပေါ်ပါလား"
ကျိချင်းကျိုးအမူအရာက တစ်ခါက ကိုယ်သဘောကျဖူးတဲ့လူ ဖောက်ပြန်တာကိုသိသွားလို့တုံ့ပြန်တဲ့အမူအရာမျိုးမဟုတ်ဘဲ ဝတ်ကျေတမ်းကျေသာ။ သူကိုအစားထိုးအနေနဲ့မြင်ရုံပဲလေ။သူဂရုမစိုက်ပါဘူး။ ကျိချင်းကျိုးသည် ချူချန်ကိုကြည့်၍ သံသယပျောက်အောင်ပြောလိုက်သည်။
"ကျွန်တော်ပြောဖူးပါတယ်…သူကိုမေ့လိုက်တာဖြင့်ကြာပြီ အခုဆို သူကဖြတ်လျှောက်သာသာပဲ။အဲ့တုန်းက သူ ဘာလို့ကျွန်တော့်ကိုစိတ်ဝင်စားခဲ့လဲ ဂရုစိုက်မနေဘူး"
"အဲ့လိုလား"
ချူချန်လား ယုံပါလိမ့်မယ် အားကြီးကြီး။
"မင်းသိပြီးသားမလား"
ချူချန်ပိုစဉ်းစားကြည့်လေ မိမိအတွေးတွေကဖြစ်နိုင်တယ်လို့ထင်လာလေပဲ။
"အဲ့နေ့က အဆောက်အဦးပေါ်ကခုန်ချဖို့မင်းတာဆူနေခဲ့တယ်။ကိုယ်နဲ့ပူးပေါင်းရမယ့်အစား သေတာပဲကောင်းတယ်ဆိုပြီး ပြတင်းပေါက်ဘောင်ပေါ်တက်သွားခဲ့တယ်။ခဏနေတော့ ပြန်ဆင်းလာပြီး ကိုယ့်နောက်လိုက်ချင်လာပြန်တယ်။ ပြတင်းပေါက်ဘောင်ပေါ်ကနေ ဘာတွေမြင်ခဲ့လို့လဲ? ဖန်ယောင်ရွှမ်းနဲ့လော့ယွီရှင်းလား ? မင်း လော့ယွီရှင်းကိုမြင်တော့ သူတို့နှစ်ယောက်ဆက်ဆံရေးကိုသိချင်လာတယ်။ ဒီလိုနဲ့ anti-fanတစ်ယောက် ဖြစ်လာခဲ့တယ်ထင်တယ် "
ကျိချင်းကျိုး : ………
"အဲ့လို့မဟုတ်ရင်"
ချူချန်က တွေးဆဆလုပ်လျက်
"အဲ့နေ့ကမင်းပြတင်းပေါက်ဘောင်ပေါ်ကပြန်ဆင်းလာတဲ့အချိန်မှာ မင်းကြိုက်တဲ့လူရော မင်းကိုမကြိုက်တဲ့လူရော ဘာမှမရှိတော့ဘူး။ မင်းကိုမင်းလည်း သဘောမကျတော့ဘဲ အစားထိုးအနေနဲ့ပဲထင်လာမိတယ်။အခုထိလည်းမင်း ကိုယ်နဲ့ညှိနေရတုန်းပဲလေ။ဒါ့ပြင် ဖန်ယောင်ရွှမ်းကို မြင်လိုက်ရချိန် ဝမ်းနည်သလိုမခံစားရတော့ဘူး။ခံစားချက်တွေပျောက်ဆုံးပြီး မကြိုက်သင့်တဲ့သူကိုသာလိုက်ရှောင်နေခဲ့မိတယ်။"
ကျိချင်းကျိုးသည် ချူချန်ကိုကြည့်ကာ ကိုယ့်ဘာသာတွေးနေမိသည်။ထိုလူက  သူစိတ်တွေပြောင်းလဲသွားတာကို နောက်တစ်စက္ကန့်တွင်းရှင်းပြခိုင်းမှာကြောက်လာမိ၏။  သူ အထိတ်တလန့်နဲ့ ချူချန်လက်ကိုဆုပ်ကိုင်ပြီး အားကိုးတကြီးပြောလိုက်သည်။
"ကျွန်တော်တို့တစ်ခြားကိစ္စပြောကြမယ်လေ ပါးပါးရာ"
ချူချန်သူ့ကိုငုံ့ကြည့်လိုက်ပြီး
"ကိုယ်ဆက်တွေးမှာကြောက်နေပြီလား"
"ဒါကကျွန်တော့်အရိပ်မဲကြီးလေမကြောက်ဘဲနေပါ့မလား"
ချူချန်ရဲ့လက်တွေကိုလွှဲယမ်းရင်း မျက်နှာချိုးသွေးလိုက်မိသည်။
"ကျွန်တော့်ကိုမစော်ကားဘဲ၊ မဖော်ထုတ်ဘဲ၊ ကျွန်တော့်ရဲ့အရိပ်မဲကြီးကိုလည်းမပြောတော့လို့ရမလားဟင်။နောင်တလည်းရနေပါပြီ။ကျွန်တော့်နှလုံးသားအပြည့်ခင်ဗျား ! ခင်ဗျားပဲ!ခင်ဗျားတွက် fan group လုပ်ပေးတော့မယ်ကျွန်တော်ကိုမြင်ရဲ့သားနဲ့များ!!!"
ချူချန် စိတ်ထဲ၌သံသယရှိသေးပါသော်ငြား အကြောက်အကန်ငြင်းနေတဲ့လူကိုမြင်ရတော့ ဆက်မတွေးနိုင်တော့ပေ။ ကျိချင်းကျိုးမျက်လုံးများထဲမှ "ကျွန်တော့်ကိုလွှတ်ပေးပါနော်" ဆိုတဲ့စာတန်း‌ကြီးကြောင့်  ခဏမေ့ထားရုံပဲရှိတော့သည်။
"ကောင်းပြီလေ တစ်ခြားဟာပြောကြမယ်"
ကျိချင်းမှာ မိမိပါးပါးက တကယ်ကြင်နာတတ်တဲ့သူလို့ခံစားလာရသည်။ သူ ချူချန်ကိုဖက်ပြီး နမ်းလိုက်သည်။
"ခင်ဗျားကအကောင်းဆုံးပဲ!!!"
"ကဒ်သုံးကဒ်ပေးပါ့မယ်"
သူ့ဘက်ကအရင်စပြောလိုက်သည်။
ချူချန်သည် အုံ့မှိုင်းမှိုင်းကနေချက်ချင်းလန်းဆန်းလာသည့်သူကိုကြည့်ပြီး စိတ်အခြေအနေပြန်‌တက်ကြွလာသည်။ ကိုယ့်ကိုကိုယ်လည်း အတော်ချော့ရလွယ်တဲ့လူလို့ ထင်လာမိ၏။ သူ သူ့ကို သတိပေးလိုက်သည်။
"ဖုန်းထဲမှာမှတ်ထားဦး"
"နောက်လည်းအဲ့အကြောင်းမပြောလို့ရလားဟမ်"
ကျိချင်းကျိုးမှာအသံပုစိလေးဖြင့်တောင်းဆိုလာ၏။
ချူချန်မှာမူ သူ့ကိုကြည့်ရင်း အကူညီမဲ့စွာသက်ပြင်းချမိ၏။
"ကောင်းပြီ… မင်းက ကိုယ့်အချစ်ဆုံးလူလို့မပြောခဲ့ဘူးလား"
ကျိချင်းကျိုးကလည်းချက်ချင်းပြန်ပြောလာသည်။
"ခင်ဗျားလည်း ကျွန်တော့်အနှစ်သက်ဆုံးတံခါးပိတ်တပည့်လေးပါနော်"
ချူချန်ကရယ်မောလာသည်။
"ဇာတ်ညွှန်းကူတိုက်ပေးမယ်ဆို…ညနေကျမြန်မြန်လေးရိုက်ပြီးအောင်ကြိုးစားကြစို့"
ကျိချင်းကျိုးကခေါင်းညိမ့်သဘောတူကာ။
"အဆင်ပြေပါတယ် ဘာမှပူမနေနဲ့ဦး"
သို့ရာတွင် ပြဿနာကရှိနေသေးတုန်း။ကျွမ်းရှန်းယန်ဇာတ်ကောင်ကသာမန်ထက်သာမန်ဆိုရင်တောင် တကယ့်တကယ်ကျ ချူချန်က ပရော်ဖက်ရှင်နယ်သရုပ်ဆောင်မှမဟုတ်ဘဲ။ခေါင်းဆောင်မင်းသား ကျန်းဖေးထက်စာရင် ကျွမ်းရှန်းယန်ဇာတ်ကောင်နေရာကပိုပြီး နူးညံ့တတ်တဲ့ဘက်သွားတော့ ကျိချင်းကျိုးမှာအလေးအနက်မပြောဘဲမနေနိုင်ချေ။
"သူကလေနူးညံ့ပြီးအမြဲအပြုံးလေးနဲ့နေတာ…အဲ့လိုမဟုတ်ဘူးလေ။ခင်ဗျားလိုတဟားဟားအော်ရယ်တာမဟုတ်ဘူး။ခင်ဗျားအဲ့လိုလုပ်လိုက်တာနဲ့မကောင်းတာလုပ်တော့မလိုရုပ်ကြီးဖြစ်နေတယ်လို့ နူးနူးညံ့ညံ့လေးပြုံးစမ်းပါ"
ချူချန် နားထောင်ရင်း သူနဲ့ကျိချင်းကျိူးနဲ့ဇာတ်ကောင်ချိန်းသင့်ပြီလို့ခံစားနေရတယ်။ ကျိချင်းကျိုးက သူ့ထက်ပိုပြီး ဒီလိုနူးညံ့ညင်သာတဲ့ဇာတ်ကောင်နဲ့လိုက်ဖက်တာအသေအချာပဲ။
"တကယ့်ကိုအလှည့်အပြောင်းတစ်ခုပဲနော်။တစ်နေ့မင်းကိုယ့်ကိုသင်ပေးရလိမ့်မယ်လို့မထင်ထားခဲ့ဘူး"
ချူချန်ခေါင်းယမ်းလိုက်သည်။
"မယုံကြည်နိုင်စရာပဲ"
ကျိချင်းကျိုးကတော့တအားပျော်ရွှင်နေသည်။
"ဒါကကျွန်တော့်ရဲ့အထူးပြုသက်မွေးပညာလေ။ကျွန်တော်ကသရုပ်ဆောင်တစ်ယောက်ဖြစ်လို့ ဒီနေရာမှာတော့ ခင်ဗျားထက်ပိုတော်တာအသေအချာပဲ"
သူက ပင့်သက်ရှိုက်ကာ
"ခင်ဗျားထက်ပိုတော်တယ်ဆိုတာ ကျွန်တော်တွက်ကြုံတောင့်ကြုံခဲပဲနော်"
"ပျော်လို့လား"
ကျိချင်းကျိုးကခေါင်းညိမ့်ပြလာသည်။
"ပျော်တာပေါ့"
သူကချက်ချင်းပင် ခေါင်းတညိမ့်ညိမ့်ဖြင့်သဘောတူလာတော့ ချူချန်မှာ မထိန်းနိုင်ဘဲအော်ရယ်နေတော့သည်။
"မင်းပျော်ဖို့အတော်လွယ်တာပဲ"
"လာစမ်းပါ ချူချူ!"
ကျိချင်းကျိုးက သူ့ကိုတိုက်တွန်းလာသည်။
တကယ်တော့ idol dramaတစ်ခုမှာ လိုအပ်တဲ့သရုပ်ဆောင်စကေးက သိပ်မမြင့်ပေ။ကျိချင်းကျိုးမှာ တံခါးပိတ်တပည့်လေးကိုနေ့တိုင်းတံခါးနောက်မှာမျက်နှာချင်းဆိုင်ပြီး စုံတွဲသင်ကြားပေးနေရတော့ ချူချန်ရဲ့ရိုက်ကူးရေးကလည်း ချောချောမွေ့မွေ့ပေ။သူနဲ့ကျိချင်းကျိုးတို့ကဇာတ်ညွှန်းရေးဆရာဖန်တီးထားတဲ့  မူရင်းဝတ္ထုကနေ သိမ်မွေ့နက်နဲတဲ့အပိုင်းလေးတွေပြန်ရေးပြီးရှာဖွေကြသည်။
ကျန်းဖေးသည် ပန်းခြံထဲမှာ ကျွမ်းရှန်းယန်ကို တိုက်မိသွားသဖြင့် လက်လှမ်းပြီး ကျွမ်းရှန်းယန်ကိုလှမ်းဆွဲလိုက်သည်။ကျိချင်းကျိုးက ချူချန်ကိုလှမ်းဆွဲလိုက်ပြီး ချူချန်ကလည်း သူနောက်ပြန်မပြုတ်ကျစေရန် အားနည်းနည်းထည့်၍ပြန်ဆွဲလိုက်ရာ ရင်ခွင်ထဲဆွဲသွင်းလုနီးပါးပင်။
ကျန်းဖေးနှင့်ကျွမ်းရှန်းယန်သည် ခုံတန်းလေးပေါ်ထိုင်ပြီး ကျန်းဝေဝေ အားကစားပြိုင်ပွဲမှာဝင်ပြိုင်သည်ကိုစောင့်ကြည့်နေကြ၏။
ကျွမ်းရှန်းယန်သည် ကျန်းဖေးရဲ့ရေကိုမှားသောက်မိသွားသည်။ကျန်ဖေးကဒေါသထွက်ကာ နှစ်ယောက်ရန်ဖြစ်ကြတော့၏။ကျွမ်းရှန်းယန်သည်ရွေးစရာမရှိတော့ဘဲ နောက်ထပ်ရေတစ်ဘူးအစားဝယ်ပေးရတော့သည်။ကျိချင်းကျိုးရဲ့ကျန်းဖေးက ပြဿနာမရှိပေမယ့် ချူချန်ရဲ့ကျွမ်းရှန်းယန်ကြီးမှာ တမင်တကာလုပ်နေတာမဟုတ်သော သည်းခံတတ်မှုတွေနဲ့နူးညံ့မှုလေးတွေရောယှက်နေ၏။သူ ရေတစ်ဘူးအသစ်ဝယ်ပေးပြီး ကျိချင်းကျိုးရှေ့ချပေးချိန်ဆို ကလေးတစ်ယောက်ကိုအလိုလိုက်ပြီးချော့နေသလိုမျိုးဖြစ်နေတော့သည်။
ကျန်းဖေးနှင့်ကျန်းဝေဝေ တို့ရန်ဖြစ်ကြပြီးနောက် ဒီလိုဂိမ်းမျိုးကစားပေးဖို့ ကျွမ်းရှန်းယန်ကအကြံပေးလာသည်။ ချူချန်က စကားပြောပြီးသည်နှင့် ဇာတ်ကောင်ရဲ့စိတ်ပေါ် သူနားလည်ထားတဲ့အတိုင်း ရှားရှားပါးပါးဇာတ်ညွှန်းပြောင်းလိုက်သည်။သူရဲ့ကျောင်းလွယ်အိတ်ထဲကနေ ဘောပင်ထုတ်ပြီး ကျိချင်းကျိုးရဲ့လက်ဖဝါးပေါ်တွင် ပြုံးနေတဲ့မျက်နှာလေး ဆွဲပေးလိုက်ကာ ဆိုလိုက်သည်။
"ကိစ္စကြီးတွေမဟုတ်တာကို စိတ်လိုက်မာန်ပါလုပ်‌မနေနဲ့ စိတ်လျော့ထားပြီး ဝေဝေ့ကိုသွားချော့လိုက်ချည်"
ကျိချင်းကျိုးသည် ဘာအသိပြုချက်မှမပါဘဲ ဒီလိုလုပ်လိုက်တော့ နည်းနည်းအံ့ဩသွားမိသော်လည်း ဒါရိုက်တာကမရပ်ခိုင်းပေ။ ထို့ကြောင့် သူလည်း လိုက်ပြောရုံပဲရှိတော့၏။
"ဘယ်လိုချော့ရမှာလဲ"
ချူချန်က ပြုံးပြကာ
"ဝေဝေပြောဖူးတယ် သူမ ဂျူနီယာအထက်တန်းကျောင်းတက်တုန်းက သူမဆီနေ့တိုင်းအချစ်ကဗျာရေးပို့ပေးတဲ့တစ်ယောက်ယောက်ကိုချစ်မိသွားလိုတဲ့ဆန္ဒရှိတယ်တဲ့…ဒါပေမယ့် သူမအခုထိရဖူးသေးဘူးတဲ့။အဲ့တော့ အချစ်ကဗျာလေးရေးပေးလိုက်လေ"
သူ့စကားကြားတော့ ကျိချင်းကျိုးမှာမကျေမနပ်ဖြစ်သွား၏။
"သူမက မင်းကိုအကုန်လုံးပြောပြတာပဲလား"
"သူမရဲ့မျှော်လင့်ထားသူက ငါမဟုတ်လို့လေ"
ချူချန်ပြောလိုက်သည်။
"လူတွေက သူတို့မျှော်လင့်ထားတဲ့သူဆီကတစ်ခုခုကိုပိုလိုချင်လာလေလေ စကားပြောနည်းလေလေ။တစ်နေ့နေ့တစ်ချိန်ချိန် သူတို့မျှော်လင့်ထားတဲ့သူက ဒီလိုsurpriseမျိုး ဗြုန်းခနဲ့လာပေးဖို့မျှော်လင့်ကြတယ်။သူမမျှော်လင့်ချက်တွေများလာလေ မပြောချင်တော့လေပဲ။သူမမမျှော်လင့်ထားတဲ့သူဆီကလွဲပြီးတစ်ခြားသူတွေဆီကမလိုချင်လို့လေ"
ကျိချင်းကျိုးက သူ့ကိုကြည့်လာသော်လည်း ဘာမှမပြော‌လာပေ။
ဒီအခန်းက ဇာတ်ကားတစ်ခုလုံးရဲ့အရေးကြီးဆုံးဇာတ်ကွက်ဖြစ်သည်။ ဘာလို့ဆို ကျန်းဖေးဟာ ကျန်းဝေဝေတွက် အချစ်ကဗျာတစ်မျက်ရေးဖို့ အချိန်သုံးရက်ကြာခဲ့သောကြောင့်ပင်။ထို့ကြောင့်လည်း ဒီဇာတ်ကားကို 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ဟုခေါ်ဆိုထားခြင်းဖြစ်သည်။
🗒️🖊️📝📃💌❤️
သားကြီးတို့ရိုက်နေကြတာ normal နော်😌
ကိုယ်ကလေ the untamed နဲ့ bl မမဖြစ်လာတာ။ ၂၀၂၀မှဒီလောကထဲဝင်လာပြီး အဲ့ကားကြည့်ပြီးတည်းက anime,3d cartoon တို့ကိုတောင် normalကြည့်ရမတော့ဘူး🤧 normalကြည့်တာနဲ့ မင်းသားနဲ့အဲ့ကောင်လေးက ဘာလို့မဟုတ်တာလဲ မင်းသားနဲ့သူ့သူငယ်ချင်းကဘာလို့မဟုတ်တာလဲတွေးနေရော ကိုယ်တကယ် ကယ်လို့မရတော့ဘူး ဒီလောကကြီးထဲနစ်ဝင်သွားတာ😂😂😂(ကိုယ့်အမြင်ပါ blထဲဝင်ပြီးတည်းက normalကြည့်မရတော့လို့ပြောပြပါ ဟိုWuLeiစစ်သူကြီးကားကြည့်ချင်ပေမယ့် အဲ့လိုအဲ့လိုတွေကြောင့်ကြည့်မရသေးဘူး😂😂😂)
မနေ့ကတင်ပေးမို့ပါ ဘာသာပြန်နေရင်းအိပ်ပျော်သွားလို့ ဒီမနက်ကျတော့လည်း ဈေးလိုက်သွားပြီး ပြန်လာတော့ ဘာသာပြန်နေရင်းထပ်အိပ်ပျော်သွားတာ😂😂😂
တောင်းပန်ပါတယ်နော် 💙💙💙
_______________________________
Zawgyi
"ဘာလဲ"
"ခင်ဗျားသိတယ်လား"
"အန်းယီသာမှန်ရင်ပေါ့"
"အဲ့တော့…"
"သိတတ်နေတာ"
"နောက်လည်းဒီလိုပဲနေ"
"အဲ့လိုလား"
"မင်းသိပြီးသားမလား"
ကျိချင်းကျိုး : ………
"အဲ့လို့မဟုတ်ရင်"
"ကဒ်သုံးကဒ်ပေးပါ့မယ်"
"ဖုန်းထဲမှာမှတ်ထားဦး"
ချူချန်ကရယ်မောလာသည်။
"မယုံကြည်နိုင်စရာပဲ"
သူက ပင့်သက်ရှိုက်ကာ
"ပျော်လို့လား"
"ပျော်တာပေါ့"
"လာစမ်းပါ ချူချူ!"
"ဘယ်လိုချော့ရမှာလဲ"
ချူချန်က ပြုံးပြကာ
ချူချန်ပြောလိုက်သည်။
🗒️🖊️📝📃💌❤️
တောင်းပန်ပါတယ်နော် 💙💙💙
_______________________________
Continue Reading
You'll Also Like
341K 34.6K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
547K 55.7K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
869K 131K 191
ဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်...
190K 14K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...