The Villain Dressed As a Litt...

By Mimosa2002

90.1K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 19

1.6K 340 10
By Mimosa2002

    ဆေးရုံမှထွက်လာပြီးနောက် ယာဉ်ပျံကကောင်းကင်သို့ပျံသန်းသွားပြီး လင်ရှီးကတစ်ခုခုပြောလိုက်၏။

     ဒီနေရာမှာ အရမ်းလှတဲ့နာရီစင်တစ်ခုရှိတာကိုအင်တာနက်မှာသူမြင်ခဲ့ပြီး အဲ့ဒီကိုအရမ်းသွားချင်မိခဲ့သည်။ စစ်သားက လင်ရှီးရဲ့အချို့သောလိုအပ်ချက်တွေကို သူ့ဆီအရာအားလုံးတင်ပြစရာမလိုပဲ ဖြည့်ဆည်းပေးနိုင်တယ်လို့ ချင်ရှောင်းဆီကအမိန့်ရပြီးသားပင်။

   နာရီစင်ကသိပ်မဝေးပေ။ ဆယ်မိနစ်ကျော်လောက်သာ သွားရမှာဖြစ်သည်။ ယာဉ်ပျံကချက်ချင်းပြန်လှည့်ကာ နာရီစင်သို့ပျံသန်းသွားလိုက်သည်။

    လင်ရှီးသူနာရီစင်ကို တိုက်ရိုက်သွားမယ်လို့ပြောရင်တောင်ပြသနာမရှိပေ။ သို့သော်ငြားလင်ရှီးမလုပ်ခဲ့ပါချေ။

     သူနာရီစင်ကိုမြင်ဖူးချင်တာက နာရီစင်ကအကျော်ကြားဆုံးသော ပြည်တွင်းဗိသုကာဆိုင်ရာအထင်ကရအဆောက်အအုံဖြစ်တာကြောင့်သာမက ပိုအရေးကြီးတာကသူထွက်ပြေးမဲ့လမ်းကြောင်းတွေထဲကတစ်ခုလည်းဖြစ်တာကြောင့်ပင်။

    လင်ရှီးထွက်ပြေးမယ့်လမ်းကြောင်းတွေကိုဆွဲပြီးသားဖြစ်သည်။

    လွတ်မြောက်ခြင်းဆိုတာက ချင်ရှောင်းလက်ထဲကနေလွတ်မြောက်ခြင်းဖြစ်ပြီး အခန်းထဲကထွက်ပြေးခြင်းလောက်သာမဟုတ်ပေ။

    လွတ်မြောက်ခြင်းရဲ့ပန်းတိုင်က ပင်လယ်ထဲသို့ထွက်ပြေးဖို့ပဲဖြစ်သည်။

    သူပင်လယ်ထဲကိုရောက်ပြီး ရေသူခန္ဓာကိုယ်နှင့် ပင်လယ်အနက်ပိုင်းထဲ ဒိုင်ပင်ထိုးဆင်းနိုင်သရွေ့ ချင်ရှောင်းသူ့ကိုလိုက်ရှာချင်ရင်တောင် ကျယ်ပြောလှတဲ့ပင်လယ်ကြီးထဲမှာ အလွယ်တကူရှာတွေ့မှာမဟုတ်ပေ။

    အဲ့အချိန်မတိုင်ခင် လုံးဝလုံခြုံဖို့လိုတာကြောင့် လင်ရှီးရဲ့အစီအစဉ်က လူတွေစုတတ်တဲ့နေရာနှင့် ခပ်ဝေးဝေးမှာယာယီနေဖို့ဖြစ်သည်။

     ခဏလောက်ဘယ်သူမှမနေတဲ့နေရာကိုရှာရမည်ဖြစ်သည်။

    လင်ရှီးမှာတောနက်ကြီးထဲ၌ ရှင်သန်နိုင်တဲ့စကေးတွေရှိသည်။

     ယာဉ်ပျံကနာရီစင်ထက်မှာ ရပ်တန့်သွား၏။ လင်ရှီးထိုင်ခုံမှထကာ ပြတင်းပေါက်နားမှာရပ်လိုက်သည်။ နာရီစင်ကအလွန်မြင့်မားစွာဆောက်ထား၏။ ပတ်ပတ်လည်ကအဆောက်အဦးတွေနဲ့ယှဉ်ကြည့်ပါက အမြင့်ဆုံးတစ်ခုလို့တောင်ပြောလို့ရပေသည်။

     ဒီပတ်ဝန်းကျင်မှာအထင်ရှားဆုံးအဆောက်အဦးပင်။

    နာရီစင်ကိုကြည့်လိုက်တော့ လက်တစ်ကမ်းစာအတွင်းရှိနေပုံရကာ ထူးဆန်းတဲ့စိတ်ခံစားချက်တစ်ခုက လင်ရှီးမျက်ဝန်းအတွင်းပေါ်လာခဲ့၏။

     ချင်ရှောင်းကသူ့ကိုဘာမှမပြောပေမယ့် အရာအားလုံးက သူ(ချင်ရှောင်း)က သူ့ကိုပိုင်ဆိုင်တယ်ဆိုသည့်အချက်အပေါ်အခြေခံထားတာပဲဖြစ်သည်။ လင်ရှီးသူ့ကံတရားကို သူ့လက်နှင့်သူထိန်းချုပ်ချင်နေဆဲပဲဖြစ်သည်။

    သူနာရီစင်အထက်မှာ မိနစ်အနည်းငယ်မျှရပ်ပြီးနောက် လင်ရှီးထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်သည်။ [T/N- ယာဉ်ပျံကရပ်ထားတာပါနော်၊ လူကနာရီစင်ပေါ်ရပ်တာမဟုတ်ပါဘူး]

     ယာဉ်ပျံကပြန်လှည့်ကာ အိမ်သို့ပြန်သွားလိုက်၏။

    အပြန်လမ်းကအသင့်ဆုံးသော တိုက်ရိုက်လမ်းကြောင်းဖြစ်ပြီး မျဉ်းဖြောင့်တစ်ကြောင်းနှင့်တူတယ်လို့တောင်ပြောလို့ရသည်။

   မြေပြင်ထက်မှာပျံသန်းနေတာနှင့်မတူစွာ ယာဉ်ပျံကမြေပြင်ပေါ်မှာလိုမီးပွိုင့်စည်းမျဉ်းရန့်သတ်ချက်တွေမပါဘဲ အလိုအ‌လျောက်မောင်းနှင်လို့ရသည်။ လင်ရှီးရဲ့ထိုင်ခုံကပြတင်းပေါက်၏ ဆန့်ကျင်ဘက်မှာဖြစ်နေပေမယ့်လည်း အဲ့တာကိုဖြတ်ပြီးမြေပြင်ပေါ်က အခြေအနေတွေကိုသူကြည့်လို့ရသည်။

    ယာဉ်ပျံကအမြင့်ကြီးမပျံပေ။ ရေသူတစ်ကောင်အနေနဲ့ သူ့ရဲ့အာရုံငါးပါးကလူတွေထက်ပိုပြီးထက်မြက်၏။

     လင်ရှီးမှာအဆင့်မြင့်မှတ်ဉာဏ်တွေရှိပြီး ဘယ်တော့မှမမေ့တတ်ချေ။

    ယာဉ်ပျံကပျံသန်းနေရင်တောင် လင်ရှီးသူမြင်ခဲ့တဲ့လမ်းတွေအကုန်လုံးကို စိတ်ထဲမှာမှတ်ထားနိုင်ပြီး စိတ်ထဲမှာ3Dပုံစံငယ်ကိုတည်ဆောက်လိုက်၏။

     3Dပုံစံငယ်ထဲ၌အနာဂါတ်မှာထွက်ပြေးမယ့်လမ်းကြောင်းကို ရေးဆွဲထားလိုက်သည်။ အဲ့ဒီလမ်းကြောင်းကို သူ့စိတ်ထဲမှာရေးဆွဲထားတာဖြစ်ပြီး တခြားနေရာမှာဆွဲထားတာမဟုတ်ပေ။ ထို့ကြောင့်သူထွက်ပြေးမယ့်အစီအစဉ်တွေက လုံးဝသူတစ်ယောက်တည်းသာသိသည်။

     ဟုတ်သား၊ ကောင်းကင်နဲ့မြေကြီးလည်းရှိသေးတယ်။

     အိမ်သို့ပြန်ရောက်လာ၏။

     အိမ်သို့ပြန်ရောက်တာနဲ့လင်ရှီးသူ့ဖိနပ်တွေကိုချွတ်ကာ နူးညံ့တဲ့ကော်ဇောပေါ်ခြေဗလာနှင့်လျှောက်လိုက်ပြီး အပေါ်ထပ်က ငါးကန်ရှိရာသို့တက်သွားလိုက်၏။

     ငါးကန်ထဲကနေကွန်ပျူတာကိုသုံးနိုင်ရန် ငါးကန်ဘေးမှာစားပွဲတစ်ခုကို အထူးတလည်ထားပေးထားသည်။

     ရေသူပုံစံပြောင်းလိုက်ကာ လင်ရှီးငါးကန်ထဲခုန်ချလိုက်၏။ အနက်ရောင်ငါးမြှီးက ရေထဲမှာထောက်ကန်ထားပြီး ညင်ညင်သာသာယိမ်းနွဲ့ကာ ခန္ဓာကိုယ်ကိုတည့်မတ်ပေးထားသည်။

     လင်ရှီးရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက ရေပေါ်မှာပေါ်နေပြီး ဖြူဖွေးသွယ်လျတဲ့လက်တစ်စုံက ကွန်ပျူတာကိုရိုက်နေလေသည်။

     ထွက်ပြေးမယ့်လမ်းကြောင်းလုပ်နေရမယ့်အစား အွန်လိုင်းကနေအစားအသောက်တွေမှာနေ၏။

    သူစီစဉ်ထားတာသူက ချင်ရှောင်းအမြင်မှာအစားအသောက်ကိုအထူးကြိုက်တတ်တဲ့လူတစ်ယောက်ပုံစံမျိုးဖြစ်ဖို့ပင်။ ဒါမှသာချင်ရှောင်းကသူ့စောင့်ကြည့်မှုများကို လျှော့ချလိုက်မှာဖြစ်သည်။ (အိုင်တော့မထင် စားချင်ရင်စားချင်တယ်ပေါ့🤭🤭)

    သူမသိလိုက်တာက ချင်ရှောင်းကလည်း အနာဂါတ်မှာသူ့ကိုထိန်းသိမ်းနိုင်ဖို့စီစဉ်နေခြင်းကိုပင်။

     ချင်ရှောင်းအတွက်ကတော့ သင့်တော်တဲ့အဖော်တစ်ယောက်တွေ့ဖို့မလွယ်လှပေ။ အဆုံးမှာတော့သူက အေးစက်တဲ့ခံစားချက်‌တွေပဲရှိနေပြီး ခံစားချက်ကိုဖော်ပြရာမှာမ‌တော်တဲ့လူတစ်ယောက် ဖြစ်နေပေမယ့်လည်း အခြားလူတွေကိုအလွယ်တကူဆွဲဆောင်နိုင်တဲ့လူတစ်ယောက်လည်းဖြစ်နေပြန်သည်။

    Deliစနစ်ကအရမ်းမြန်တာကြောင့် ‌အခြေခံအားဖြင့် အွန်လိုင်းမှာစာတင်ပြီးတာနှင့် အိမ်ကိုရောက်ရှိဖို့ နာရီအနည်းငယ်မျှသာကြာသည်။

     ပစ္စည်းတွေကိုစစ်သားက စစ်ဆေးလိုက်၏။ အန္တရာယ်ဖြစ်စေတဲ့အရာမပါပဲ အစားအသောက်တွေဟု အတည်ပြုပြီးနောက် စစ်သားကအစားအသောက်တွေကို လင်ရှီးထံပို့ပေးလိုက်၏။

     ထို့နောက်လင်ရှီး ငါးကန်ထဲမှာလဲလျောင်းပြီးကဏန်းလက်မကိုက်ရင်း အဆုံးမရှိကျယ်ပြောလှတဲ့ အပြာရောင်ကောင်းကင်ကြီးကိုကြည့်နေလိုက်သည်။
     
     ဒီလိုမျိုးငါးကန်ထဲမှာထိုင်ရင်း၊ စားရင်း သေဖို့စောင့်နေရတာကို တကယ်ပဲအင်တင်တင်ဖြစ်မိသည်။

     လင်ရှီးက စားသောက်ချင်စိတ်အလွန်ကောင်းပြီး သူ့ရဲ့စားသောက်ချိန်က အကြိမ်ရေများကာ သာမန်လူသားတစ်ယောက်လိုပင်။ ဒါပေမယ့်သူဘယ်လောက်ပဲစားသောက်နေပါစေ သူ့ခန္ဓာကိုယ်က ဘယ်နေရာမှဖွံ့ဖြိုးမလာပဲပိန်ပါးဆဲဖြစ်သည်။

   လင်ရှီးဗိုက်ဝသွားပြီးနောက် ရေပြင်ပေါ်မှာကျောခင်းကာ အစာကြေအောင်ခေတ္တမျှအနားယူလိုက်သည်။

    ထို့နောက်အောက်ထပ်ဆင်းကာ ဥယျာဉ်ထဲရှိငါးကန်ကြီးဆီသွားလိုက်၏။

   လင်ရှီးဥယျာဉ်ထဲရှိငါးကန်ထဲ၌အပြန်ပြန် အလှန်လှန်ရေကူးနေသည်။ ဒါပေမယ့်နေ့တိုင်း သူပြင်းပြင်းထန်ထန်ရေကူးနေတာတောင်မှ သူ့ခါးနဲ့ဗိုက်မှာ ကြွက်သားအရိပ်အယောင်ရေးရေးလေးမျှတောင်ထွက်မလာပေ။ နေထွက်တဲ့အခါ သူတစ်ချိန်လုံးနေပူစာလှုံနေရင်လည်း သူ့အသားအရည်ကအညိုရောင်ပြောင်းမသွားပေ။

     ဒီနေ့ချင်ရှောင်းပြန်မလာခင်အထိ လင်ရှီးသူ့ရဲ့နမိတ်ဖတ်စွမ်းရည်ကို ဆက်လေ့ကျင့်နေလိုက်သည်။
   
 

  လင်ရှီးအင်တာနက်မှာ မျိုးစိတ်တစ်ခုနှစ်ခုအကြောင်းကို အထူးတလည်ရှာဖွေကြည့်ခဲ့၏။ အဲ့ဒီမှာပြောထားတာ ရေသူအချို့ကနမိတ်ဖတ်နိုင်သည်ဟုပင်။

    ဒါပေမယ့်ထိုရေသူတွေက လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကပေါ်ပေါက်ခဲ့တာဖြစ်ပြီး လက်ရှိမှာထိုရေသူတွေကို တော်ဝင်မိသားစုကထိန်းသိမ်းထားတာဖြစ်သည်။

    နမိတ်ဖတ်စွမ်းရည်ရှိတဲ့ရေသူတွေက သိသာစွာပဲအထူးတည်ရှိမှုတစ်ရပ်ဖြစ်ကာ အဲ့တာကပဲလင်ရှီးကို သူ့အစွမ်းတွေကို ဘယ်သူ့ကိုမှပေးမသိ‌ဖို့ဆုံးဖြတ်ချက်ကို ပိုပြီးတော့ခိုင်မာစေခဲ့သည်။

     တစ်ချိန်ထဲမှာပဲ လင်ရှီးဒီစွမ်းရည်ကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာ ရှာဖွေခဲ့ပေမယ့်အကောင်အထည်ဖော်နိုင်ဖို့ တိကျတဲ့နည်းလမ်းကိုရှာမတွေ့ခဲ့ချေ။

    သင်ယူလို့မရနိုင်မှတော့ လင်ရှီးကိုယ့်ဘာသာကိုယ်အားကိုးရမှာပင်။
   
      သူ့ကိုယ်သူရေရဲ့အောက်ခြေဆီ နှစ်မြှုပ်လိုက်ကာ မျက်လုံးမှိတ်ပြီးအတွေးထဲမှာချင်ရှောင်းရဲ့ရုပ်ပုံကိုပုံဖော်လိုက်၏။ ထို့နောက်မဝေးတော့တဲ့အနာဂါတ်မှာ ချင်ရှောင်းဘယ်လိုဖြစ်မလဲဆိုတာသိချင်ကြောင်းကိုယ့်ကိုယ်ကိုအရိပ်အမြွက်ပေးလိုက်သည်။

     သူ့ခေါင်းကပေါက်ကွဲလာတော့မလိုဖြစ်‌နေမယ့် သူမြင်ချင်တဲ့အရာကိုမမြင်ရသေးပေ။ နောက်ဆုံးအချိန်တုန်းက ညဘက်အိပ်ပျော်သွားပြီးနောက် လင်ကျင့်ဘာဖြစ်မလဲဆိုတာကို သူသိခဲ့ရသည်။

     လင်ရှီးရေအောက်တွင် လက်တွေ့စမ်းသပ်မှုများစွာကိုပြုလုပ်ခဲ့သည်။ ပထမဆုံးသူ့ကိုယ်သူအိပ်ပျော်စေလိုက်ပြီး လုံလောက်တဲ့စိတ်ပိုင်းဆိုင်ရာအဪိပ်အမြွက်တွေကို အိပ်မပျော်ခင်သူ့စိတ်ထဲမှတ်ထားလိုက်သည်။

      အိပ်ချိန်ခဏလေးအတွင်း လင်ရှီးမှုန်ဝါးနေတဲ့မြင်ကွင်းတွေကိုမြင်ခဲ့ရသည်။ မီးလောင်နေပုံရပြီး အထက်ကိုဆန်တက်နေတဲ့မီးတောက်ကြီးများကြား တစ်စုံတစ်ယောက်ကဝမ်းနည်းပူဆွေးတဲ့အသံနှင့်အော်ဟစ်နေ၏။

     လင်ရှီးမြင်ကွင်းကိုအကျယ်ချဲ့ဖို့ကြိုးစားလိုက်ပြီး သူချင်ရှောင်းရဲ့ပုံရိပ်ကိုရှာဖွေလိုက်၏။

      ဟုန်းဟုန်းတောက်နေတဲ့မီးတောက်ကြီးရဲ့ပတ်ပတ်လည်ကိုရှာကြည့်လိုက်‌တော့ ချင်ရှောင်းကိုညကောင်းကင်ထက်မှာ ရပ်တန့်ထားတဲ့ယာဉ်ပျံတစ်စင်းထဲ၌သူရှာတွေ့သွားခဲ့သည်။

   ထိုယောက်ျားရဲ့ပုံရိပ်က မကြည်လင်ပဲဝါးနေပေမယ့်လည်း စစ်ဝတ်စုံပေါ်ကစစ်ရာထူးတံဆိပ်နှင့် အရှေ့အလယ်မှာရပ်နေတဲ့လူက ချင်ရှောင်းဆိုတာ လင်ရှီးသိပါသည်။

     ထိုယောက်ျားကအဲ့ဒီနေရာမှာရပ်နေပြီး သူ့ကြည့်ရတာသီးသန့်ဆန်နေပုံပေါ်သည်။

      "Boom"ဆိုသည့် နောက်ထပ်ကျယ်လောင်တဲ့အသံထွက်ပေါ်လာပြီး မြေပြင်ကပြင်းပြင်းထန်ထန်တုန်ခါသွား၏။ လင်ရှီးအိပ်မက်ဖြစ်ကြောင်း နည်းနည်းသတိထားမိနေပေမဲ့လည်း အိပ်မက်တစ်ခုလို့သူသိနေတာတောင်မှ ပေါက်ကွဲမှုကြောင့်ထိတ်လန့်တုန်လှုပ်နေမိတုန်းပင်။

     ထို့နောက်တွင် ဖြစ်ပျက်ခဲ့သမျှနှင့်ပက်သတ်ပြီး လင်ရှီးအိပ်မက်ကနေနိုးလာလေသည်။
    
     လင်ရှီးရေအောက်ကနေထွက်လိုက်၏။ အိပ်မက်ကအရမ်းကိုစစ်မှန်လွန်းလို့ လင်ရှီးထူထူထဲထဲမီးခိုးငွေ့တွေနှင့် လောင်ကျွမ်းနေတဲ့အနံ့တွေကသူ့ဆီရောက်လာတယ်ဟုတောင်ထင်ရသည်။

     ‌သူရေပြင်ပေါ်မှာဖြည်းညှင်းစွာအသက်ဝဝရှူလိုက်၏။

     ဒါကအိပ်မက်သပ်သပ်ပဲမဟုတ်လောက်ဘူး။ အနာဂါတ်ရဲ့တစ်နေ့နေ့မှာဖြစ်ပွါးလာနိုင်တယ်။ လင်ရှီးအိပ်မက်ကိုချရေးလိုက်၏။ ဒီအကြောင်းတွေကို ချင်ရှောင်းကိုပြောပြဖို့ကတော့

        သေချာတာပေါ့ မဖြစ်နိုင်ဘူး။

     ချင်ရှောင်းကိုပြောပြပြီး လင်ရှီးသူ့ကိုယ်သူမဖော်ထုတ်လိုပေ။ သူအဲ့လောက်မတုံးအဘူး။

     လင်ရှီးထိုအိပ်မက်ကအကြောင်းကိုရှာဖို့ပြင်ဆင်လိုက်သည်။ အိပ်မက်ထဲကအကြောင်းနှင့်ပက်သတ်ပြီး သူ့အသိဉာဏ်တွေက အတော်လေးကိုရှင်းလင်းနေသည်။ သူဂရုတစိုက်နှင့် ပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်လိုက်သော်ငြားအရာအားလုံးကမှုန်ဝါးဝါးဖြစ်နေကာ မြေပြင်အခြေအနေအကြမ်းဖျဉ်းကိုသာ သူမြင်နိုင်သေးသည်။

     သူ့အိပ်မက်ထဲကမြေပြင်အခြေအနေကိုချဆွဲကာ လင်ရှီးအင်တာနက်မှာတူညီတဲ့တည်နေရာကိုရှာဖွေလိုက်၏။

     တစ်နေ့နဲ့တစ်ဝက်နီးပါးအချိန်ယူပြီးရှာဖွေခဲ့ပေမယ့် သူမတွေ့ချေ။ သူရှာမတွေ့ခဲ့တာကြောင့်လင်ရှီးသူနေတဲ့မြို့မှာမဟုတ်ပဲတခြားမြို့မှာစတင်စူးစမ်းလိုက်သည်။

     လင်ရှီးအမည်မသိသူအနေနှင့် အဲ့နေရာရဲ့ပတ်ဝန်းကျင်အခြေအနေကိုforumမှာတင်လိုက်၏။ သူကဖက်ဒရယ်ဒင်္ဂါးအချို့ချီးမြှင့်ပြီး forumအသုံးပြု‌သူတွေကိုအကူအညီတောင်းခဲ့သည်။

     ပိုက်‌ဆံတွေရဲ့သွေးဆောင်မှုကြောင့်လူအများစုက foumပေါ်မှာမက်ဆေ့တွေချန်ထားခဲ့ကြသည်။ ချန်ထားပေးကြတဲ့ဓာတ်ပုံတွေက လင်ရှီးအိပ်မက်ထဲကမြင်ကွင်းမဟုတ်ပေ။

    နောက်တော့လင်ရှီးအရေးကြီးတဲ့ အသေးစိတ်အချက်ကိုရုတ်တရက်တွေးမိသွား၏။ သူမြင်ခဲ့တာကခြင်္သေ့ဦးခေါင်းနှင့်တူသည့်ရွှေရောင်ရုပ်တုကြီးကိုပင်ဖြစ်သည်။

     ရုပ်တုကအထပ်မြင့်အဆောက်အအုံတစ်ခု၏ အထက်မှာရှိနေတာဖြစ်ပြီး အဆောက်အအုံသည်ကြီးကျယ်ခမ်းနားလှသည်။ အဆောက်အအုံပေါ်ရှိအခြားအမှတ်အသားများကို သူမမြင်ခဲ့ရသော်ငြား ခြင်္သေ့ဦးခေါင်းကတော့ လင်ရှီးသူထင်တာမမှားဘူးနိုင်ပေ။

    ခြင်္သေ့ဦးခေါင်းကြောင့် အကွာအဝေးနယ်ပယ်ကို အတော်ချုံ့လိုက်နိုင်သည်။

    မကြာခင်မှာပဲတစ်စုံတစ်ယောက်က ဓာတ်ပုံတစ်ပုံကိုပေးပို့လာခဲ့ပြီး ပိုကြီးတဲ့ပုံကိုကြည့်နိုင်ရန်ပုံကိုနှိပ်လိုက်တော့ ခြင်္သေ့ဦးခေါင်းကိုသူမြင်လိုက်ရသည်။ လင်ရှီးအကြည့်တစ်ချက်မှာပဲ အိပ်မက်ထဲမှာသူမြင်ခဲ့တဲ့အရာဆိုတာမှတ်မိလိုက်၏။

   စာကိုသီးသန့်ပို့ခဲ့တဲ့အင်တာနက်သုံးစွဲသူက ထိုနေရာရဲ့ပတ်ဝန်းကျင်တစ်ဝိုက်ကို ဗီဒီယိုစီစဉ်ပေးရမလားဟု တစ်ဖက်လူ(လင်ရှီး)ကိုမေးခဲ့သည်။ ဗီဒီယိုပေးပို့လာတဲ့အခါ လင်ရှီးဂရုတစိုက်ကြည့်လိုက်ပြီး မီးလောင်နေတဲ့အဆောက်အအုံက်ုတောင်သူတွေ့ခဲ့ရသည်။

    အဆောက်အအုံက လူနေအဆောက်အအုံဖြစ်ပြီးနှစ်အချို့ကြာအောင်ဆောက်ထားပုံရသည်။

    မီးတောက်တွေတဟုန်းဟုန်းတောက်လောင်နေကာ အဆောက်အအုံတစ်ခုလုံးကမီးတွေကြားထဲမှာဖြစ်သည်။ အိပ်မက်ထဲတွင်ပူဆွေးနေတဲ့အော်ဟစ်သံကို ကြားလိုက်ရတာကိုလင်ရှီးမှတ်မိလိုက်သည်။ အဲ့တာကအချိန်မီမလွတ်မြောက်လိုက်နိုင်တဲ့လူတွေဆီကဆိုတာ သိသာလှသည်။

    လင်ရှီးသူ့နှုတ်ခမ်းတွေကိုစေ့လိုက်သည်။ သသသိနေရင်တောင်ဘာလုပ်လို့ရမှာလဲ။ အနာဂါတ်ရဲ့တစ်နေ့မှာ ဒီပေါက်ကွဲမှုကဖြစ်ပွားမယ်ဆိုပြီး သူကြိုတင်ခန့်မှန်းနိုင်ခဲ့ရင်တောင် ဘယ်အချိန်ဘယ်နေရာမှာလဲဆိုတာသိနိုင်ဖို့ သူ့မှာနည်းလမ်းမရှိပေ။ ဒီကိစ္စမှာ သူဘာအကူအညီပေးဖို့မှမတတ်နိုင်ချေ။

    လင်ရှီးမျက်မှောင်နက်နက်ကျုံ့လိုက်ပြီး ဓာတ်ပုံပေးပို့ထားတဲ့သူဆီကို သဘောတူထားတဲ့ငွေပေးချေမှုအတွက်ခေါ်လိုက်သည်။ ထို့နောက်လင်ရှီး ကွန်ပျူတာထဲ၌ရှာဖွေထားတဲ့အရာတွေနှင့် forumမှာတင်ထားတဲ့ပို့စ်တွေအကုန်လုံးကိုရှင်းလင်းလိုက်သည်။

    မည်သည့်ခြေရာလက်ရာမျှမကျန်စေရန် forumတစ်ခုလုံးကိုformatချလိုက်၏။

    လင်ရှီးအွန်လိုင်းမှာရှာဖွေထားတဲ့အရာတွေက ကန့်သတ်ထားခြင်းမရှိတဲ့အပြင် သူ့ပိုင်ရှင်ကလည်းကန့်သတ်မထားပေ။ လင်ရှီးအွန်လိုင်းပေါ်ကနေပစ္စည်းတွေဝယ်ယူပြီး ဖက်ဒရယ်ဒင်္ဂါးများခြင်းအပါအဝင်အားလုံးကို ချင်ရှောင်းကအလိုလိုက်ထားသည်။

     ချင်ရှောင်းရဲ့အမြင်အရဆို လင်ရှီးကိုရေသူအရောင်းဆိုင်ကနေဝယ်လာစဉ်တည်းက ရေသူများထွက်ပြေးတဲ့ကိစ္စကို သူလုံးဝမကြားဖူးပါချေ။ ရေသူများကအလွန်ရိုးရှင်းပြီး သူတို့ရဲ့ကိုယ်ပိုင်ဘဝကိုအရမ်းကိုရှင်းရှင်းလင်းလင်းလက်ခံထားကြသည်။

    လင်ရှီးကရေသူအများစုနှင့်ကွဲပြားပေမယ့် ချင်ရှောင်းကမသင်္ကာတာတော့သိပ်မရှိပေ။

     ရေသူတွေက လူသားကမ္ဘာမှာကိုယ်တိုင်ရှင်သန်နိုင်စွမ်းမရှိကြချေ။

    သူတို့ရဲ့သေးသွယ်လှပတဲ့အသွင်အပြင်ကြောင့် အပြင်သွားတိုင်းသူတို့ရဲ့အထောက်အထားတွေကို လျင်လျင်မြန်မြန်ပဲသိသွားကြမှာဖြစ်သည်။

    ဒါကြောင့်ချင်ရှောင်းက သူ့မိသားစုကရေသူလေးထွက်ပြေးချင်နေတာကိုသိပ်စိုးရိမ်မနေခြင်းဖြစ်သည်။

    သူအနာဂါတ်ကမတော်တဆမှုရဲ့တည်နေရာကိုရှာတွေ့သွားခဲ့ပြီဖြစ်သည်။ အဲ့ဒီလူတွေကမတော်‌တဆမှုနှင့်ကြုံတွေ့ရမှာပေမယ့်လည်း လင်ရှီးနှင့်မဆိုင်ပေ။ သူတို့ကဘယ်သူတွေလဲ၊ ဘယ်လိုဘဝမျိုးကိုဦးဆောင်နေလဲ သူမသိပေမယ့် လင်ကျင့်လိုအားနည်းတဲ့ဖြစ်တည်မှုများဖြစ်ရမည်ဟု လင်ရှီးခန့်မှန်းမိသည်။

     တိကျတဲ့အချိန်ကိုဟောကိန်းထုတ်နိုင်ဖို့သူကြိုးစားကြည့်ချင်သေးသည်။

     သဘာဝကျစွာနှင့်ရေထဲမှာနစ်မြှုပ်နေလိုက်၏။

    ဒီတစ်ကြိမ်တော့ လင်ရှီးထပ်ပြီးအိပ်ပျော်မသွားပါချေ။ သို့သော်သူအိပ်မပျော်သွားပေမယ့် အနာဂါတ်ကိုနောက်တစ်ခါဝင်ရောက်သွား၏။

    ပတ်ဝန်းကျင်မြင်ကွင်းကအရင်တစ်ခါထက်ပိုရှင်းလင်းလာပြီး မနီးမဝေးမှာရပ်နေတဲ့ဖြတ်သွားဖြတ်လာတွေရဲ့မျက်‌နှာတွေကိုတောင်လင်ရှီးမြင်လိုက်ရသည်။

     လင်ရှီးထပ်ကြည့်လိုက်တော့စတိုးဆိုင်တစ်ဆိုင်ကိုမြင်လိုက်ရတာကြောင့် သူဆိုင်ထဲဝင်သွားလိုက်၏။ စတိုးဆိုင်အများစုမှာအချိန်ကိုကြည့်လို့ရသည်လေ။

    လင်ရှီးစတိုးဆိုင်နားရောက်ရုံပဲရှိသေး ပေါက်ကွဲသံကြီးထွက်လာ၏။

#15.10.2022

~~Zawgyi ~~

  ေဆး႐ုံမွထြက္လာၿပီးေနာက္ ယာဥ္ပ်ံကေကာင္းကင္သို႔ပ်ံသန္းသြားၿပီး လင္ရွီးကတစ္ခုခုေျပာလိုက္၏။

  ဒီေနရာမွာ အရမ္းလွတဲ့နာရီစင္တစ္ခုရွိတာကိုအင္တာနက္မွာသူျမင္ခဲ့ၿပီး အဲ့ဒီကိုအရမ္းသြားခ်င္မိခဲ့သည္။ စစ္သားက လင္ရွီးရဲ႕အခ်ိဳ႕ေသာလိုအပ္ခ်က္ေတြကို သူ႕ဆီအရာအားလုံးတင္ျပစရာမလိုပဲ ျဖည့္ဆည္းေပးနိုင္တယ္လို႔ ခ်င္ေရွာင္းဆီကအမိန႔္ရၿပီးသားပင္။

နာရီစင္ကသိပ္မေဝးေပ။ ဆယ္မိနစ္ေက်ာ္ေလာက္သာ သြားရမွာျဖစ္သည္။ ယာဥ္ပ်ံကခ်က္ခ်င္းျပန္လွည့္ကာ နာရီစင္သို႔ပ်ံသန္းသြားလိုက္သည္။

  လင္ရွီးသူနာရီစင္ကို တိုက္ရိုက္သြားမယ္လို႔ေျပာရင္ေတာင္ျပသနာမရွိေပ။ သို႔ေသာ္ျငားလင္ရွီးမလုပ္ခဲ့ပါေခ်။

  သူနာရီစင္ကိုျမင္ဖူးခ်င္တာက နာရီစင္ကအေက်ာ္ၾကားဆုံးေသာ ျပည္တြင္းဗိသုကာဆိုင္ရာအထင္ကရအေဆာက္အအုံျဖစ္တာေၾကာင့္သာမက ပိုအေရးႀကီးတာကသူထြက္ေျပးမဲ့လမ္းေၾကာင္းေတြထဲကတစ္ခုလည္းျဖစ္တာေၾကာင့္ပင္။

  လင္ရွီးထြက္ေျပးမယ့္လမ္းေၾကာင္းေတြကိုဆြဲၿပီးသားျဖစ္သည္။

  လြတ္ေျမာက္ျခင္းဆိုတာက ခ်င္ေရွာင္းလက္ထဲကေနလြတ္ေျမာက္ျခင္းျဖစ္ၿပီး အခန္းထဲကထြက္ေျပးျခင္းေလာက္သာမဟုတ္ေပ။

  လြတ္ေျမာက္ျခင္းရဲ႕ပန္းတိုင္က ပင္လယ္ထဲသို႔ထြက္ေျပးဖို႔ပဲျဖစ္သည္။

  သူပင္လယ္ထဲကိုေရာက္ၿပီး ေရသူခႏၶာကိုယ္ႏွင့္ ပင္လယ္အနက္ပိုင္းထဲ ဒိုင္ပင္ထိုးဆင္းနိုင္သေ႐ြ႕ ခ်င္ေရွာင္းသူ႕ကိုလိုက္ရွာခ်င္ရင္ေတာင္ က်ယ္ေျပာလွတဲ့ပင္လယ္ႀကီးထဲမွာ အလြယ္တကူရွာေတြ႕မွာမဟုတ္ေပ။

  အဲ့အခ်ိန္မတိုင္ခင္ လုံးဝလုံၿခဳံဖို႔လိုတာေၾကာင့္ လင္ရွီးရဲ႕အစီအစဥ္က လူေတြစုတတ္တဲ့ေနရာႏွင့္ ခပ္ေဝးေဝးမွာယာယီေနဖို႔ျဖစ္သည္။

  ခဏေလာက္ဘယ္သူမွမေနတဲ့ေနရာကိုရွာရမည္ျဖစ္သည္။

  လင္ရွီးမွာေတာနက္ႀကီးထဲ၌ ရွင္သန္နိုင္တဲ့စေကးေတြရွိသည္။

  ယာဥ္ပ်ံကနာရီစင္ထက္မွာ ရပ္တန႔္သြား၏။ လင္ရွီးထိုင္ခုံမွထကာ ျပတင္းေပါက္နားမွာရပ္လိုက္သည္။ နာရီစင္ကအလြန္ျမင့္မားစြာေဆာက္ထား၏။ ပတ္ပတ္လည္ကအေဆာက္အဦးေတြနဲ႕ယွဥ္ၾကည့္ပါက အျမင့္ဆုံးတစ္ခုလို႔ေတာင္ေျပာလို႔ရေပသည္။

  ဒီပတ္ဝန္းက်င္မွာအထင္ရွားဆုံးအေဆာက္အဦးပင္။

  နာရီစင္ကိုၾကည့္လိုက္ေတာ့ လက္တစ္ကမ္းစာအတြင္းရွိေနပုံရကာ ထူးဆန္းတဲ့စိတ္ခံစားခ်က္တစ္ခုက လင္ရွီးမ်က္ဝန္းအတြင္းေပၚလာခဲ့၏။

  ခ်င္ေရွာင္းကသူ႕ကိုဘာမွမေျပာေပမယ့္ အရာအားလုံးက သူ(ခ်င္ေရွာင္း)က သူ႕ကိုပိုင္ဆိုင္တယ္ဆိုသည့္အခ်က္အေပၚအေျခခံထားတာပဲျဖစ္သည္။ လင္ရွီးသူ႕ကံတရားကို သူ႕လက္ႏွင့္သူထိန္းခ်ဳပ္ခ်င္ေနဆဲပဲျဖစ္သည္။

  သူနာရီစင္အထက္မွာ မိနစ္အနည္းငယ္မွ်ရပ္ၿပီးေနာက္ လင္ရွီးထိုင္ခုံေပၚျပန္ထိုင္ခ်လိဳက္သည္။ [T/N- ယာဥ္ပ်ံကရပ္ထားတာပါေနာ္၊ လူကနာရီစင္ေပၚရပ္တာမဟုတ္ပါဘူး]

  ယာဥ္ပ်ံကျပန္လွည့္ကာ အိမ္သို႔ျပန္သြားလိုက္၏။

  အျပန္လမ္းကအသင့္ဆုံးေသာ တိုက္ရိုက္လမ္းေၾကာင္းျဖစ္ၿပီး မ်ဥ္းေျဖာင့္တစ္ေၾကာင္းႏွင့္တူတယ္လို႔ေတာင္ေျပာလို႔ရသည္။

ေျမျပင္ထက္မွာပ်ံသန္းေနတာႏွင့္မတူစြာ ယာဥ္ပ်ံကေျမျပင္ေပၚမွာလိုမီးပြိုင့္စည္းမ်ဥ္းရန႔္သတ္ခ်က္ေတြမပါဘဲ အလိုအေလ်ာက္ေမာင္းႏွင္လို႔ရသည္။ လင္ရွီးရဲ႕ထိုင္ခုံကျပတင္းေပါက္၏ ဆန႔္က်င္ဘက္မွာျဖစ္ေနေပမယ့္လည္း အဲ့တာကိုျဖတ္ၿပီးေျမျပင္ေပၚက အေျခအေနေတြကိုသူၾကည့္လို႔ရသည္။

  ယာဥ္ပ်ံကအျမင့္ႀကီးမပ်ံေပ။ ေရသူတစ္ေကာင္အေနနဲ႕ သူ႕ရဲ႕အာ႐ုံငါးပါးကလူေတြထက္ပိုၿပီးထက္ျမက္၏။

  လင္ရွီးမွာအဆင့္ျမင့္မွတ္ဉာဏ္ေတြရွိၿပီး ဘယ္ေတာ့မွမေမ့တတ္ေခ်။

  ယာဥ္ပ်ံကပ်ံသန္းေနရင္ေတာင္ လင္ရွီးသူျမင္ခဲ့တဲ့လမ္းေတြအကုန္လုံးကို စိတ္ထဲမွာမွတ္ထားနိုင္ၿပီး စိတ္ထဲမွာ3Dပုံစံငယ္ကိုတည္ေဆာက္လိုက္၏။

  3Dပုံစံငယ္ထဲ၌အနာဂါတ္မွာထြက္ေျပးမယ့္လမ္းေၾကာင္းကို ေရးဆြဲထားလိုက္သည္။ အဲ့ဒီလမ္းေၾကာင္းကို သူ႕စိတ္ထဲမွာေရးဆြဲထားတာျဖစ္ၿပီး တျခားေနရာမွာဆြဲထားတာမဟုတ္ေပ။ ထို႔ေၾကာင့္သူထြက္ေျပးမယ့္အစီအစဥ္ေတြက လုံးဝသူတစ္ေယာက္တည္းသာသိသည္။

  ဟုတ္သား၊ ေကာင္းကင္နဲ႕ေျမႀကီးလည္းရွိေသးတယ္။

  အိမ္သို႔ျပန္ေရာက္လာ၏။

  အိမ္သို႔ျပန္ေရာက္တာနဲ႕လင္ရွီးသူ႕ဖိနပ္ေတြကိုခြၽတ္ကာ ႏူးညံ့တဲ့ေကာ္ေဇာေပၚေျခဗလာႏွင့္ေလွ်ာက္လိုက္ၿပီး အေပၚထပ္က ငါးကန္ရွိရာသို႔တက္သြားလိုက္၏။

  ငါးကန္ထဲကေနကြန္ပ်ဴတာကိုသုံးနိုင္ရန္ ငါးကန္ေဘးမွာစားပြဲတစ္ခုကို အထူးတလည္ထားေပးထားသည္။

  ေရသူပုံစံေျပာင္းလိုက္ကာ လင္ရွီးငါးကန္ထဲခုန္ခ်လိဳက္၏။ အနက္ေရာင္ငါးျမႇီးက ေရထဲမွာေထာက္ကန္ထားၿပီး ညင္ညင္သာသာယိမ္းႏြဲ႕ကာ ခႏၶာကိုယ္ကိုတည့္မတ္ေပးထားသည္။

  လင္ရွီးရဲ႕ခႏၶာကိုယ္အေပၚပိုင္းက ေရေပၚမွာေပၚေနၿပီး ျဖဴေဖြးသြယ္လ်တဲ့လက္တစ္စုံက ကြန္ပ်ဴတာကိုရိုက္ေနေလသည္။

  ထြက္ေျပးမယ့္လမ္းေၾကာင္းလုပ္ေနရမယ့္အစား အြန္လိုင္းကေနအစားအေသာက္ေတြမွာေန၏။

  သူစီစဥ္ထားတာသူက ခ်င္ေရွာင္းအျမင္မွာအစားအေသာက္ကိုအထူးႀကိဳက္တတ္တဲ့လူတစ္ေယာက္ပုံစံမ်ိဳးျဖစ္ဖို႔ပင္။ ဒါမွသာခ်င္ေရွာင္းကသူ႕ေစာင့္ၾကည့္မႈမ်ားကို ေလွ်ာ့ခ်လိဳက္မွာျဖစ္သည္။ (အိုင္ေတာ့မထင္ စားခ်င္ရင္စားခ်င္တယ္ေပါ့)

  သူမသိလိုက္တာက ခ်င္ေရွာင္းကလည္း အနာဂါတ္မွာသူ႕ကိုထိန္းသိမ္းနိုင္ဖို႔စီစဥ္ေနျခင္းကိုပင္။

  ခ်င္ေရွာင္းအတြက္ကေတာ့ သင့္ေတာ္တဲ့အေဖာ္တစ္ေယာက္ေတြ႕ဖို႔မလြယ္လွေပ။ အဆုံးမွာေတာ့သူက ေအးစက္တဲ့ခံစားခ်က္ေတြပဲရွိေနၿပီး ခံစားခ်က္ကိုေဖာ္ျပရာမွာမေတာ္တဲ့လူတစ္ေယာက္ ျဖစ္ေနေပမယ့္လည္း အျခားလူေတြကိုအလြယ္တကူဆြဲေဆာင္နိုင္တဲ့လူတစ္ေယာက္လည္းျဖစ္ေနျပန္သည္။

  Deliစနစ္ကအရမ္းျမန္တာေၾကာင့္ အေျခခံအားျဖင့္ အြန္လိုင္းမွာစာတင္ၿပီးတာႏွင့္ အိမ္ကိုေရာက္ရွိဖို႔ နာရီအနည္းငယ္မွ်သာၾကာသည္။

  ပစၥည္းေတြကိုစစ္သားက စစ္ေဆးလိုက္၏။ အႏၱရာယ္ျဖစ္ေစတဲ့အရာမပါပဲ အစားအေသာက္ေတြဟု အတည္ျပဳၿပီးေနာက္ စစ္သားကအစားအေသာက္ေတြကို လင္ရွီးထံပို႔ေပးလိုက္၏။

  ထို႔ေနာက္လင္ရွီး ငါးကန္ထဲမွာလဲေလ်ာင္းၿပီးကဏန္းလက္မကိုက္ရင္း အဆုံးမရွိက်ယ္ေျပာလွတဲ့ အျပာေရာင္ေကာင္းကင္ႀကီးကိုၾကည့္ေနလိုက္သည္။
  
  ဒီလိုမ်ိဳးငါးကန္ထဲမွာထိုင္ရင္း၊ စားရင္း ေသဖို႔ေစာင့္ေနရတာကို တကယ္ပဲအင္တင္တင္ျဖစ္မိသည္။

  လင္ရွီးက စားေသာက္ခ်င္စိတ္အလြန္ေကာင္းၿပီး သူ႕ရဲ႕စားေသာက္ခ်ိန္က အႀကိမ္ေရမ်ားကာ သာမန္လူသားတစ္ေယာက္လိုပင္။ ဒါေပမယ့္သူဘယ္ေလာက္ပဲစားေသာက္ေနပါေစ သူ႕ခႏၶာကိုယ္က ဘယ္ေနရာမွဖြံ႕ၿဖိဳးမလာပဲပိန္ပါးဆဲျဖစ္သည္။

လင္ရွီးဗိုက္ဝသြားၿပီးေနာက္ ေရျပင္ေပၚမွာေက်ာခင္းကာ အစာေၾကေအာင္ေခတၱမွ်အနားယူလိုက္သည္။

  ထို႔ေနာက္ေအာက္ထပ္ဆင္းကာ ဥယ်ာဥ္ထဲရွိငါးကန္ႀကီးဆီသြားလိုက္၏။

လင္ရွီးဥယ်ာဥ္ထဲရွိငါးကန္ထဲ၌အျပန္ျပန္ အလွန္လွန္ေရကူးေနသည္။ ဒါေပမယ့္ေန႕တိုင္း သူျပင္းျပင္းထန္ထန္ေရကူးေနတာေတာင္မွ သူ႕ခါးနဲ႕ဗိုက္မွာ ႂကြက္သားအရိပ္အေယာင္ေရးေရးေလးမွ်ေတာင္ထြက္မလာေပ။ ေနထြက္တဲ့အခါ သူတစ္ခ်ိန္လုံးေနပူစာလႈံေနရင္လည္း သူ႕အသားအရည္ကအညိုေရာင္ေျပာင္းမသြားေပ။

  ဒီေန႕ခ်င္ေရွာင္းျပန္မလာခင္အထိ လင္ရွီးသူ႕ရဲ႕နမိတ္ဖတ္စြမ္းရည္ကို ဆက္ေလ့က်င့္ေနလိုက္သည္။

လင္ရွီးအင္တာနက္မွာ မ်ိဳးစိတ္တစ္ခုႏွစ္ခုအေၾကာင္းကို အထူးတလည္ရွာေဖြၾကည့္ခဲ့၏။ အဲ့ဒီမွာေျပာထားတာ ေရသူအခ်ိဳ႕ကနမိတ္ဖတ္နိုင္သည္ဟုပင္။

  ဒါေပမယ့္ထိုေရသူေတြက လြန္ခဲ့တဲ့ဆယ္စုႏွစ္ေလာက္ကေပၚေပါက္ခဲ့တာျဖစ္ၿပီး လက္ရွိမွာထိုေရသူေတြကို ေတာ္ဝင္မိသားစုကထိန္းသိမ္းထားတာျဖစ္သည္။

  နမိတ္ဖတ္စြမ္းရည္ရွိတဲ့ေရသူေတြက သိသာစြာပဲအထူးတည္ရွိမႈတစ္ရပ္ျဖစ္ကာ အဲ့တာကပဲလင္ရွီးကို သူ႕အစြမ္းေတြကို ဘယ္သူ႕ကိုမွေပးမသိဖို႔ဆုံးျဖတ္ခ်က္ကို ပိုၿပီးေတာ့ခိုင္မာေစခဲ့သည္။

  တစ္ခ်ိန္ထဲမွာပဲ လင္ရွီးဒီစြမ္းရည္ကိုဘယ္လိုေလ့က်င့္ရမလဲဆိုတာ ရွာေဖြခဲ့ေပမယ့္အေကာင္အထည္ေဖာ္နိုင္ဖို႔ တိက်တဲ့နည္းလမ္းကိုရွာမေတြ႕ခဲ့ေခ်။

  သင္ယူလို႔မရနိုင္မွေတာ့ လင္ရွီးကိုယ့္ဘာသာကိုယ္အားကိုးရမွာပင္။
 
   သူ႕ကိုယ္သူေရရဲ႕ေအာက္ေျခဆီ ႏွစ္ျမႇုပ္လိုက္ကာ မ်က္လုံးမွိတ္ၿပီးအေတြးထဲမွာခ်င္ေရွာင္းရဲ႕႐ုပ္ပုံကိုပုံေဖာ္လိုက္၏။ ထို႔ေနာက္မေဝးေတာ့တဲ့အနာဂါတ္မွာ ခ်င္ေရွာင္းဘယ္လိုျဖစ္မလဲဆိုတာသိခ်င္ေၾကာင္းကိုယ့္ကိုယ္ကိုအရိပ္အႁမြက္ေပးလိုက္သည္။

  သူ႕ေခါင္းကေပါက္ကြဲလာေတာ့မလိုျဖစ္ေနမယ့္ သူျမင္ခ်င္တဲ့အရာကိုမျမင္ရေသးေပ။ ေနာက္ဆုံးအခ်ိန္တုန္းက ညဘက္အိပ္ေပ်ာ္သြားၿပီးေနာက္ လင္က်င့္ဘာျဖစ္မလဲဆိုတာကို သူသိခဲ့ရသည္။

  လင္ရွီးေရေအာက္တြင္ လက္ေတြ႕စမ္းသပ္မႈမ်ားစြာကိုျပဳလုပ္ခဲ့သည္။ ပထမဆုံးသူ႕ကိုယ္သူအိပ္ေပ်ာ္ေစလိုက္ၿပီး လုံေလာက္တဲ့စိတ္ပိုင္းဆိုင္ရာအဪိပ္အႁမြက္ေတြကို အိပ္မေပ်ာ္ခင္သူ႕စိတ္ထဲမွတ္ထားလိုက္သည္။

   အိပ္ခ်ိန္ခဏေလးအတြင္း လင္ရွီးမႈန္ဝါးေနတဲ့ျမင္ကြင္းေတြကိုျမင္ခဲ့ရသည္။ မီးေလာင္ေနပုံရၿပီး အထက္ကိုဆန္တက္ေနတဲ့မီးေတာက္ႀကီးမ်ားၾကား တစ္စုံတစ္ေယာက္ကဝမ္းနည္းပူေဆြးတဲ့အသံႏွင့္ေအာ္ဟစ္ေန၏။

  လင္ရွီးျမင္ကြင္းကိုအက်ယ္ခ်ဲ့ဖို႔ႀကိဳးစားလိုက္ၿပီး သူခ်င္ေရွာင္းရဲ႕ပုံရိပ္ကိုရွာေဖြလိုက္၏။

   ဟုန္းဟုန္းေတာက္ေနတဲ့မီးေတာက္ႀကီးရဲ႕ပတ္ပတ္လည္ကိုရွာၾကည့္လိုက္ေတာ့ ခ်င္ေရွာင္းကိုညေကာင္းကင္ထက္မွာ ရပ္တန႔္ထားတဲ့ယာဥ္ပ်ံတစ္စင္းထဲ၌သူရွာေတြ႕သြားခဲ့သည္။

ထိုေယာက္်ားရဲ႕ပုံရိပ္က မၾကည္လင္ပဲဝါးေနေပမယ့္လည္း စစ္ဝတ္စုံေပၚကစစ္ရာထူးတံဆိပ္ႏွင့္ အေရွ႕အလယ္မွာရပ္ေနတဲ့လူက ခ်င္ေရွာင္းဆိုတာ လင္ရွီးသိပါသည္။

  ထိုေယာက္်ားကအဲ့ဒီေနရာမွာရပ္ေနၿပီး သူ႕ၾကည့္ရတာသီးသန႔္ဆန္ေနပုံေပၚသည္။

   "Boom"ဆိုသည့္ ေနာက္ထပ္က်ယ္ေလာင္တဲ့အသံထြက္ေပၚလာၿပီး ေျမျပင္ကျပင္းျပင္းထန္ထန္တုန္ခါသြား၏။ လင္ရွီးအိပ္မက္ျဖစ္ေၾကာင္း နည္းနည္းသတိထားမိေနေပမဲ့လည္း အိပ္မက္တစ္ခုလို႔သူသိေနတာေတာင္မွ ေပါက္ကြဲမႈေၾကာင့္ထိတ္လန႔္တုန္လႈပ္ေနမိတုန္းပင္။

  ထို႔ေနာက္တြင္ ျဖစ္ပ်က္ခဲ့သမွ်ႏွင့္ပက္သတ္ၿပီး လင္ရွီးအိပ္မက္ကေနနိုးလာေလသည္။
 
  လင္ရွီးေရေအာက္ကေနထြက္လိုက္၏။ အိပ္မက္ကအရမ္းကိုစစ္မွန္လြန္းလို႔ လင္ရွီးထူထူထဲထဲမီးခိုးေငြ႕ေတြႏွင့္ ေလာင္ကြၽမ္းေနတဲ့အနံ႕ေတြကသူ႕ဆီေရာက္လာတယ္ဟုေတာင္ထင္ရသည္။

  သူေရျပင္ေပၚမွာျဖည္းညွင္းစြာအသက္ဝဝရႉလိုက္၏။

  ဒါကအိပ္မက္သပ္သပ္ပဲမဟုတ္ေလာက္ဘူး။ အနာဂါတ္ရဲ႕တစ္ေန႕ေန႕မွာျဖစ္ပြါးလာနိုင္တယ္။ လင္ရွီးအိပ္မက္ကိုခ်ေရးလိုက္၏။ ဒီအေၾကာင္းေတြကို ခ်င္ေရွာင္းကိုေျပာျပဖို႔ကေတာ့

    ေသခ်ာတာေပါ့ မျဖစ္နိုင္ဘူး။

  ခ်င္ေရွာင္းကိုေျပာျပၿပီး လင္ရွီးသူ႕ကိုယ္သူမေဖာ္ထုတ္လိုေပ။ သူအဲ့ေလာက္မတုံးအဘူး။

  လင္ရွီးထိုအိပ္မက္ကအေၾကာင္းကိုရွာဖို႔ျပင္ဆင္လိုက္သည္။ အိပ္မက္ထဲကအေၾကာင္းႏွင့္ပက္သတ္ၿပီး သူ႕အသိဉာဏ္ေတြက အေတာ္ေလးကိုရွင္းလင္းေနသည္။ သူဂ႐ုတစိုက္ႏွင့္ ပတ္ဝန္းက်င္ကိုစစ္ေဆးၾကည့္လိုက္ေသာ္ျငားအရာအားလုံးကမႈန္ဝါးဝါးျဖစ္ေနကာ ေျမျပင္အေျခအေနအၾကမ္းဖ်ဥ္းကိုသာ သူျမင္နိုင္ေသးသည္။

  သူ႕အိပ္မက္ထဲကေျမျပင္အေျခအေနကိုခ်ဆြဲကာ လင္ရွီးအင္တာနက္မွာတူညီတဲ့တည္ေနရာကိုရွာေဖြလိုက္၏။

  တစ္ေန႕နဲ႕တစ္ဝက္နီးပါးအခ်ိန္ယူၿပီးရွာေဖြခဲ့ေပမယ့္ သူမေတြ႕ေခ်။ သူရွာမေတြ႕ခဲ့တာေၾကာင့္လင္ရွီးသူေနတဲ့ၿမိဳ႕မွာမဟုတ္ပဲတျခားၿမိဳ႕မွာစတင္စူးစမ္းလိုက္သည္။

  လင္ရွီးအမည္မသိသူအေနႏွင့္ အဲ့ေနရာရဲ႕ပတ္ဝန္းက်င္အေျခအေနကိုforumမွာတင္လိုက္၏။ သူကဖက္ဒရယ္ဒဂၤါးအခ်ိဳ႕ခ်ီးျမႇင့္ၿပီး forumအသုံးျပဳသူေတြကိုအကူအညီေတာင္းခဲ့သည္။

  ပိုက္ဆံေတြရဲ႕ေသြးေဆာင္မႈေၾကာင့္လူအမ်ားစုက foumေပၚမွာမက္ေဆ့ေတြခ်န္ထားခဲ့ၾကသည္။ ခ်န္ထားေပးၾကတဲ့ဓာတ္ပုံေတြက လင္ရွီးအိပ္မက္ထဲကျမင္ကြင္းမဟုတ္ေပ။

  ေနာက္ေတာ့လင္ရွီးအေရးႀကီးတဲ့ အေသးစိတ္အခ်က္ကို႐ုတ္တရက္ေတြးမိသြား၏။ သူျမင္ခဲ့တာကျခေသၤ့ဦးေခါင္းႏွင့္တူသည့္ေ႐ႊေရာင္႐ုပ္တုႀကီးကိုပင္ျဖစ္သည္။

  ႐ုပ္တုကအထပ္ျမင့္အေဆာက္အအုံတစ္ခု၏ အထက္မွာရွိေနတာျဖစ္ၿပီး အေဆာက္အအုံသည္ႀကီးက်ယ္ခမ္းနားလွသည္။ အေဆာက္အအုံေပၚရွိအျခားအမွတ္အသားမ်ားကို သူမျမင္ခဲ့ရေသာ္ျငား ျခေသၤ့ဦးေခါင္းကေတာ့ လင္ရွီးသူထင္တာမမွားဘူးနိုင္ေပ။

  ျခေသၤ့ဦးေခါင္းေၾကာင့္ အကြာအေဝးနယ္ပယ္ကို အေတာ္ခ်ဳံ႕လိုက္နိုင္သည္။

  မၾကာခင္မွာပဲတစ္စုံတစ္ေယာက္က ဓာတ္ပုံတစ္ပုံကိုေပးပို႔လာခဲ့ၿပီး ပိုႀကီးတဲ့ပုံကိုၾကည့္နိုင္ရန္ပုံကိုႏွိပ္လိုက္ေတာ့ ျခေသၤ့ဦးေခါင္းကိုသူျမင္လိုက္ရသည္။ လင္ရွီးအၾကည့္တစ္ခ်က္မွာပဲ အိပ္မက္ထဲမွာသူျမင္ခဲ့တဲ့အရာဆိုတာမွတ္မိလိုက္၏။

စာကိုသီးသန႔္ပို႔ခဲ့တဲ့အင္တာနက္သုံးစြဲသူက ထိုေနရာရဲ႕ပတ္ဝန္းက်င္တစ္ဝိုက္ကို ဗီဒီယိုစီစဥ္ေပးရမလားဟု တစ္ဖက္လူ(လင္ရွီး)ကိုေမးခဲ့သည္။ ဗီဒီယိုေပးပို႔လာတဲ့အခါ လင္ရွီးဂ႐ုတစိုက္ၾကည့္လိုက္ၿပီး မီးလောင်နေတဲ့အဆောက်အအုံက်ုတောင်သူတွေ့ခဲ့ရသည်။

  အေဆာက္အအုံက လူေနအေဆာက္အအုံျဖစ္ၿပီးႏွစ္အခ်ိဳ႕ၾကာေအာင္ေဆာက္ထားပုံရသည္။

  မီးေတာက္ေတြတဟုန္းဟုန္းေတာက္ေလာင္ေနကာ အေဆာက္အအုံတစ္ခုလုံးကမီးေတြၾကားထဲမွာျဖစ္သည္။ အိပ္မက္ထဲတြင္ပူေဆြးေနတဲ့ေအာ္ဟစ္သံကို ၾကားလိုက္ရတာကိုလင္ရွီးမွတ္မိလိုက္သည္။ အဲ့တာကအခ်ိန္မီမလြတ္ေျမာက္လိုက္နိုင္တဲ့လူေတြဆီကဆိုတာ သိသာလွသည္။

  လင္ရွီးသူ႕ႏႈတ္ခမ္းေတြကိုေစ့လိုက္သည္။ သသသိေနရင္ေတာင္ဘာလုပ္လို႔ရမွာလဲ။ အနာဂါတ္ရဲ႕တစ္ေန႕မွာ ဒီေပါက္ကြဲမႈကျဖစ္ပြားမယ္ဆိုၿပီး သူႀကိဳတင္ခန့္မွန္းနိုင္ခဲ့ရင္ေတာင္ ဘယ္အခ်ိန္ဘယ္ေနရာမွာလဲဆိုတာသိနိုင္ဖို႔ သူ႕မွာနည္းလမ္းမရွိေပ။ ဒီကိစၥမွာ သူဘာအကူအညီေပးဖို႔မွမတတ္နိုင္ေခ်။

  လင္ရွီးမ်က္ေမွာင္နက္နက္က်ဳံ႕လိုက္ၿပီး ဓာတ္ပုံေပးပို႔ထားတဲ့သူဆီကို သေဘာတူထားတဲ့ေငြေပးေခ်မႈအတြက္ေခၚလိုက္သည္။ ထို႔ေနာက္လင္ရွီး ကြန္ပ်ဴတာထဲ၌ရွာေဖြထားတဲ့အရာေတြႏွင့္ forumမွာတင္ထားတဲ့ပို႔စ္ေတြအကုန္လုံးကိုရွင္းလင္းလိုက္သည္။

  မည္သည့္ေျခရာလက္ရာမွ်မက်န္ေစရန္ forumတစ္ခုလုံးကိုformatခ်လိဳက္၏။

  လင္ရွီးအြန္လိုင္းမွာရွာေဖြထားတဲ့အရာေတြက ကန႔္သတ္ထားျခင္းမရွိတဲ့အျပင္ သူ႕ပိုင္ရွင္ကလည္းကန႔္သတ္မထားေပ။ လင္ရွီးအြန္လိုင္းေပၚကေနပစၥည္းေတြဝယ္ယူၿပီး ဖက္ဒရယ္ဒဂၤါးမ်ားျခင္းအပါအဝင္အားလုံးကို ခ်င္ေရွာင္းကအလိုလိုက္ထားသည္။

  ခ်င္ေရွာင္းရဲ႕အျမင္အရဆို လင္ရွီးကိုေရသူအေရာင္းဆိုင္ကေနဝယ္လာစဥ္တည္းက ေရသူမ်ားထြက္ေျပးတဲ့ကိစၥကို သူလုံးဝမၾကားဖူးပါေခ်။ ေရသူမ်ားကအလြန္ရိုးရွင္းၿပီး သူတို႔ရဲ႕ကိုယ္ပိုင္ဘဝကိုအရမ္းကိုရွင္းရွင္းလင္းလင္းလက္ခံထားၾကသည္။

  လင္ရွီးကေရသူအမ်ားစုႏွင့္ကြဲျပားေပမယ့္ ခ်င္ေရွာင္းကမသကၤာတာေတာ့သိပ္မရွိေပ။

  ေရသူေတြက လူသားကမၻာမွာကိုယ္တိုင္ရွင္သန္နိုင္စြမ္းမရွိၾကေခ်။

  သူတို႔ရဲ႕ေသးသြယ္လွပတဲ့အသြင္အျပင္ေၾကာင့္ အျပင္သြားတိုင္းသူတို႔ရဲ႕အေထာက္အထားေတြကို လ်င္လ်င္ျမန္ျမန္ပဲသိသြားၾကမွာျဖစ္သည္။

  ဒါေၾကာင့္ခ်င္ေရွာင္းက သူ႕မိသားစုကေရသူေလးထြက္ေျပးခ်င္ေနတာကိုသိပ္စိုးရိမ္မေနျခင္းျဖစ္သည္။

  သူအနာဂါတ္ကမေတာ္တဆမႈရဲ႕တည္ေနရာကိုရွာေတြ႕သြားခဲ့ၿပီျဖစ္သည္။ အဲ့ဒီလူေတြကမေတာ္တဆမႈႏွင့္ႀကဳံေတြ႕ရမွာေပမယ့္လည္း လင္ရွီးႏွင့္မဆိုင္ေပ။ သူတို႔ကဘယ္သူေတြလဲ၊ ဘယ္လိုဘဝမ်ိဳးကိုဦးေဆာင္ေနလဲ သူမသိေပမယ့္ လင္က်င့္လိုအားနည္းတဲ့ျဖစ္တည္မႈမ်ားျဖစ္ရမည္ဟု လင္ရွီးခန႔္မွန္းမိသည္။

  တိက်တဲ့အခ်ိန္ကိုေဟာကိန္းထုတ္နိုင္ဖို႔သူႀကိဳးစားၾကည့္ခ်င္ေသးသည္။

  သဘာဝက်စြာႏွင့္ေရထဲမွာနစ္ျမႇုပ္ေနလိုက္၏။

  ဒီတစ္ႀကိမ္ေတာ့ လင္ရွီးထပ္ၿပီးအိပ္ေပ်ာ္မသြားပါေခ်။ သို႔ေသာ္သူအိပ္မေပ်ာ္သြားေပမယ့္ အနာဂါတ္ကိုေနာက္တစ္ခါဝင္ေရာက္သြား၏။

  ပတ္ဝန္းက်င္ျမင္ကြင္းကအရင္တစ္ခါထက္ပိုရွင္းလင္းလာၿပီး မနီးမေဝးမွာရပ္ေနတဲ့ျဖတ္သြားျဖတ္လာေတြရဲ႕မ်က္ႏွာေတြကိုေတာင္လင္ရွီးျမင္လိုက္ရသည္။

  လင္ရွီးထပ္ၾကည့္လိုက္ေတာ့စတိုးဆိုင္တစ္ဆိုင္ကိုျမင္လိုက္ရတာေၾကာင့္ သူဆိုင္ထဲဝင္သြားလိုက္၏။ စတိုးဆိုင္အမ်ားစုမွာအခ်ိန္ကိုၾကည့္လို႔ရသည္ေလ။

  လင္ရွီးစတိုးဆိုင္နားေရာက္႐ုံပဲရွိေသး ေပါက္ကြဲသံႀကီးထြက္လာ၏။

#15.10.2022

Continue Reading

You'll Also Like

1M 11K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
242K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
292K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.4M 303K 63
Oh my god!!!!