တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ

By maiyuri18

465K 30.6K 2.3K

သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final

အပိုင်း(၁၃)

9.5K 696 42
By maiyuri18

အချိန်သည်ကား ည ၁၂ နာရီကျော်နေပြီ ၊ အိပ်ချင်စိတ်က ဘယ်ဆီမယ်မသိ၊ Monday ရုံးတက်ရင် meeting ခန်းတွင်း share Holder တို့ကို ချပြရမယ့် planတွေ မစစ်ဆေးရသေး၊ Jay ပို့ပေးထားတဲ့ PowerPoint ကို ဖွင့်မကြည့်ရသေး။ ဘတ်ချက်အတွက် တင်ပြထားတဲ့ အသီးသီးသော ဌာနများစွာက files များကို ကောက်မကြည့်ရသေး။

HR ဌာနမှူးရဲ့ တွေ့ခွင့်တောင်းဆိုနေမူကိုပါ ထည့်မစဉ်းစားနိင်ခဲ့ပါ၊ အခြေအနေက ဘာတွေဖြစ်ကုန်ပြီ​လဲ။

လက်မှတ်ထိုးစရာ fileတွေက ကိုယ့်ရှေ့မှာ အစီအရီ။ အတွင်းရေးမှူး jay ပို့ပေးထားသော စစ်ဆေးဆဲ ဖိုင်တွေကို ညအချိန်လုပ်ရမည့် အလုပ်များ အကြောင်းမတွေးနိုင်သေး။ ဘယ်အရာကိုကောက်ဆွဲပြီး ဘယ်နေရာစပြီး လုပ်ရမလဲ မသိရသေး။

စားပွဲတင်နာရီလေးရဲ့ အချက်ပေးလူပ်ရှားသံလေးကလွဲ အိပ်ခန်းတွင်း စိုးရိမ်သောကကြောင့် ဘုန်းမာန်၏အသက်ရူသံခပ်ပြင်းပြင်းတို့က သိသာလျှက်။

မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားကာ သက်ပြင်းချရသည်က အကြိမ်ကြိမ်။ မို့မောက်ပြီး ရူထုတ်ရခက်ခဲနေသော ကျယ်ပြန့်သော ရင်အုတ်ကြီးက ပြင်းစွာလူပ်ရှားလျှက်။

" ငါဘာတွေ လုပ်ခဲ့မိတာလဲ ! ....." စသော ကိုယ့်ကိုကိုယ်အမေးစကား တစ်ခုတည်းကိုသာ ထပ်တလဲလဲ ရေရွတ်နေသော ဘုန်းမာန်တစ်ယောက် လူမသိသူမသိ ပြိုလဲခြင်းနိဒါန်းကိုခံစားမိပြီလေ။

မိသားစု၏သောကနှင့် စိတ်ဝေဒနာ ဟုသော အမည်အမျိုးမျိုးကို စွတ်ခူးပေးခဲ့ခြင်းက ကိုယ်တိုင်သော်တည်း။

မရေရာသေးသော တဖက်နိင်ငံဆီကပေးဖို့အုံးမည့် အတွငိးရေးမှူး မျိုးကိုဆီက Confirm call လေးအား အသက်ရူသံပြင်းပြင်းကြားက မဟုတ်ပါစေနဲ့ဟု တိတ်တိတ်လေးတောင်းဆိုနေမူများ။

" မေမေတစ်ယောက်...ဘယ်လိုခံစားနေရှာမလဲ...."

မာတာမိခင်ကို သနားတဲ့စိတ်။ သနားစိတ်အပြည့်ဖြင့် ညိုးငယ်နေမယ့် မေမေမျက်ဝန်းတွေကိုမြင်ယောင်ရင်း ရင်ထဲမွန်းကြပ်လာသည်။

ကိုယ်တိုင်ဖျက်ခဲ့မိသော မတည်နိင်တဲ့လက်ထပ်ပွဲလေးကြောင့် ဖခင်ဖြစ်သူကို အမည်မခေါ်ဝင့်ခဲ့။ အကြီးကောင် တစ်ယောက် ဘယ်လိုနေရှာမလဲ.....စသော....စသော....အတွေးများဖြင့် ။

အားနာစိတ်နှင့် ရောင်ရမ်းကိုင်မိသော လက်ထဲရှိ file တွဲလေးက မော့ကြည့်ဟန်....။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဘယ်နေရာကမှားနေလဲ။

ဘယ်သို့သော အရာတွေက လွဲမှားစေတာလဲ ။

ဘယ်အရာက်ို ဆွဲယူကြည့်လို့ ဘယ်သို့သောသူဆီကို အတွေးလေးဖြင့်ပြေးကာ မေးကြည့်ရမည်လဲ။

ဘာတစ်ခုမှ ဘုန်းမာန်အတွေးထဲ ဆွဲထုတ်ကာ ရင်ထဲတင်းကြပ်နေတဲ့ ခံစားမူကို စကားလုံးများစွာဖြင့် စာစီမရခဲ့။

အမိမြေမှ မိသားစုလေးဆီ ဘယ်လိုမှ ဆက်သွယ်မရတဲ့အဆုံး ခေါင်းထဲ ပထမဦးဆုံးတွေးမိသော သော်စစ် ။

တတီ ~ တီ ဝင်နေသော ဖုန်းလေးက ပထမအကြိမ် ကိုင်သူမရှိသောကြောင့် ဒုတိယအကြိမ်ဆက်တိုက်ခေါ်နေဆဲ။ ဖုန်းကိုင်ပါ သော်စစ်ရာ! လို့ အော်ပြောမရတဲ့အခြေအနေမှာတောင် လက်ထဲက ဖုန်းကိုကြည့်ပြီး ပြောနေမိသည်။

ကြာသောအချိန်သည်ကား ၅မိနစ်မှသည် မိနစ်၃၀ ဆီသို့။

နာရီဝက်မှသည် လက်တံနာရီလက်ပတ်ချိန် (၃.....၄)ကြိမ်မက အကြောင်းမဲ့သက်သက် ဖုန်းမှန်ပြင်ကြီးကို စေ့စေ့ကြည့်နေမိသည်။

( hello)ဆိုတဲ့ သော်စစ်အသံသည်ကား နတ်ဘုရား မ,စ သည့်အလား ။ အမိမြေမှ အဖြစ်အပျက်တွေအကြောင်း မေးချင်ဇောဖြင့် ထစ်, အနေသော စကားလုံးတို့က လိုရာ ထွက်မလာခဲ့။

" ဘာတွေဖြစ်ကုန်ပြီလဲ ....." စသော တုန်ချိနေသော လေသံတို့ဖြင့် အမေးစကားဖွင့်မိသော Mann Groupရဲ့ ပဲ့ကိုင်ရှင် မပီသစွာအရာရာ သတိအနေထားဖြင့် နှလုံးသားစည်းချက်တို့ အကျမညီညာခဲ့။

တစ်ဖက်ဆီက သော်စစ်စကားတို့ကြားပြီး ကျကွဲသွားတဲ့ နှလုံးသားတစ်ခုက ရင်တွင်းနေရာမှ ဘယ်နေရာဆီ လိုက်ရှာရမသိ။

ဒေါသတကြီး သော်စစ်ရှင်းပြနေသော စကားလုံးတို့က အခန်းထဲပဲ့တင်ထပ်လျှက်....။

မကြားဝင့် မနာသာ သော စကားအသုံးအနူန်းတွေနဲ့ အပစ်တင်ဆဲဆိုနေသော သူငယ်ချင်းဖြစ်သူ၏ ဆဲဆိုခံရမူကိုနားထဲမဝင်။

ဘယ်လိုတွေ ဖြစ်ကုန်ပြီလဲ !!!!!

ကိုယ်ဖန်တီးပေးခဲ့သော အခြေအနေနဲ့ ဆန့်ကျင်ဘက် မို့ တုန်လူပ်မိသည်က မထူးဆန်း။ ထိုကလေး ဘယ်ဆီဘယ်ဝယ်မသိ၊ အမိမြေမှ မိသားစု ဘာကြောင့် အဆက်အသွယ်မရလဲ အနည်းငယ်တွေးမိပြီ။

" ငါ့....ငါမိသားစု ဘာတွေ ဖြစ်နေတာလဲ သော်စစ်၊ ငါသူတို့ဆီဆက်သွယ်လို့မရဘူး "

ဒေါသဟန်ဖြင့် စိတ်ဓါတ်ကျမိစေသည့်အကြောင်းအရာများကို တစ်ချက်ခြင်းသော်စစ်ကို ရှင်းပြမိပါသော်လည်း ဆဲဆိုနေသော စကားတွေကသာ ကြားခဲ့ရသည်။

Condo လွဲပြောင်းစာချုပ်နှင့် သူ့အတွက် ထားခဲ့သော ဘဏ်ကတ်များအကြောင်း၊ ဖေဖေ လက်ဖွဲ့ပေးသော ငွေကြေးများကို မက်မောခြင်းမရှိပါဘူးလို့ သက်သေပြပြီး condo လေးထဲမှာ တစ်နေ့တာ အသုံးစရိတ်အတွက် ပေးချေခဲ့သော ငွေစက္ကူတစ်ချို့နှင့် မဂ်လာလက်ထပ် လက်စွပ် ။

ဖေဖေတို့လူကြီးတွေ ထားခဲ့ ကျသော ကတိသစ္စာတရားတွေ၊ တာဝန်ကျေပွန်မူတွေအတွက်ကျေးဇူးတင်ခဲ့ကြောင်းနှင့် ကိုယ့်စိတ်နှင့်ကိုယ်ဆုံးဖြတ်ပြီးမှ ထွက်သွားတာဖြစ်ကြောင်း ဝန်ခံစာလေးရေးသွားသော ဒုက္ခအိုးလေး ဗန်လွယ်အွေ့ ။

သော်စစ်ပြောပြသွားသော အကြောင်းအရာ တစ်ချက်ခြင်းဆီက ကျေကွဲစေသည့်အလား ၊ နွမ်းလျစေသည့်အလား အသက်ရူဖို့ပင် ခက်ခဲစေခဲ့ပြီ။

ဒုခအိုးလေးထွက်သွားမူကို ဖေဖေနှင့်အကြီးကောင်က အပူတပြင်းရှာဖွေနေကြောင်း ၊ မေမေ ကျန်းမာရေး ကုသနေကြောင်း စသည့် ပြသနာများစွာကို ဖန်တီးခဲ့မိသည်က ကျွန်တော်က မိုက်လုံးကြီးခဲ့မိသည်။

အမိမြေမှ မိသားစု ကိုယ်ကို ဘာကြောင့် ဥပေက္ခာ ပြုထားလဲ သိရပြီ။

ဖေဖေပြောသဖူးသလို ' ကိုယ်စိုက်ပျိုးတာ တစ်နေ့ကိုယ်ပြန်ရိတ်သိမ်းရမည်' ဆိုတာစကားကြောင့် ထိတ်လန့်တူန့်လူပ်မိသည်။ သူ့ဘာသာသူ ကိုယ်စိတ်နှင့်ကိုယ်သဘော ထွက်သွားသည်ဖြစ်နေပါစေ မမြင်ကွယ်ရာကနေ တွန်အားပေးခဲ့မိသော ကိုယ့်ကိုကိုယ် ယူကျုံးမရဖြစ်ရပြီ။

ငါသာသူ့ကို စွန့်ပစ်ခဲ့တာ ။

ငါကသာ ဖေဖေမျှော်လင့်ချက်ကို ဖျက်စီးခဲ့တာ ၊ မေမေ့ကိုဒုက္ခရောက်စေတာ။

ငါကတော့ အောင်မြင်ကြော်ကြား မူတွေကြား နှစ်မျောပြီး၊ ငါ့မိသားစုက ငါကြောင့် သောကပင်လယ်ဝေနေရပြီ။

ငါမိုက်မဲမိခဲ့တယ် ဒုက္ခအိုးလေးရယ်။

သာမန်မဟုတ်​သော ခြေတစ်ဖက်မသန်သူကိုမှ စွန့်ပစ်ခဲ့မိခြင်း။

(မင်းဘယ်လိုလုပ်မလဲ  မာန်ကြီး.....အခြေအနေက အကုန်ရူပ်ကုန်ပြီ) ဆိုတဲ့ သော်စစ်အမေးကို ဖြေစရာမဲ့နေခဲ့ပြီ။

အဝေးကမိသားစုဆီ ပြေးသွားချင်နေတဲ့စိတ်၊ ကိုယ့်ကိုမှီခိုပြီး စားဝတ်နေရေးဖြေရှင်းနေကြသော လုပ်ဖော်ကိုင်ဖက် လက်အောက်ငယ်သားတွေ၊ ဘယ်ဆီရောက်နေမယ်မသိသော တောင်ပေါ်သားလေး။

လုပ်ငန်းကြီးကို စနစ်တကျကိုင်တွယ်ပြီး စီမံအုပ်ချုပ်နေတဲ့ ကျွန်တော်မှာ ယခုပြသနာအတွက် ဘယ်လိုတိကျသော ဖြေရီင်းမူပေးနိုင်မလဲ။ တစ်ချက်ခြင်းဆီက အသက်ရူပေါ်တွေပဲမို့ အရေးကြီးဆုံးဆိုတာ စကားအဖြစ် ဖော်ပြလို့မရနိုင်ခဲ့။ ခုတလော လက်ခံထားရှိမိသော project အတွက် အချိန်အနည်းငယ်ပေးပြီး အမိမြေမှာအခြေချနိုင်အောင်ကြိုးစားတော့မည်လို့ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမိသည်။

ကိုယ့်ကြောင့်ဖြစ်ပေါ်လာတဲ့ ပြသနာရပ် တစ်ခု ၊ ကိစ္စအသေးအဖွဲတောင်အဖြစ်မခံနိုင်တဲ့ကိုယ်က သာမန်မဟုတ်သော ချို့တဲ့သူကလေးအပေါ် ရက်စက်ခဲ့မိသည်မဟုတ်လား ။

သိမ်ငယ်မိအောင် ချိုးနိမ်မိခဲ့သလား....။

ဒီကအလုပ်အခြေအနေကို တစ်ချက်စစ်ဆေးပြီး အမြန်ပြန်လာနိုင်အောင် လုပ်မည်ဟု သော်စစ်ကိုအဖြေပေးမိရင်း ၊ ဘယ်ဆီသွားလဲမသိတဲ့ တောင်ပေါ်သားလေးကို ကူညီရှာဖွေပေးဖို့ကိုသာ ထပ်ဆင့်တောင်းဆိုမိသည်။ မိသားစုဆီကိုတော့ တနည်းနည်းဖြင့် အဆက်အသွယ်ပြန်လုပ်ရမည်။ ဖေဖေ စိတ်ကို ကိုယ်သာအသိဆုံးမို့ ဖေဖေပေးတဲ့အပစ်ဒဏ်ကိုလည်းခံယူနိုင်ရန် အမိမြေကို ပြန်ရမည်။

သော်စစ်နဲ့ ဖုန်းအဆက်အသွယ် လုပ်ပြီးနောက် အိပ်စက်ရန်နောက်ကျနေသည်တိုင် အိပ်မရနိုင်ခဲ့ ။ မခွဲခွါခင်ကကိုယ်တိုင်ချက်ပြုတ်ပေးသော ညနေစာကို အမှတ်တရရှိနေပြီး တောင်ပေါ်သားလေး သီဆိုဖူးသော တေးသီချင်းသံစဉ်လေးကိုသာ နှလုံးသားက ပြန်တမ်းတမိသည်။

အိမ်ကပြန်လာစဉ် ထည့်ပိုးလာသော luggage ကို ထုတ်ယူပြီး တောင်ပေါ်သားလေး သီဆိုဟန်ကို ခိုး၍မှတ်တမ်းယူထားသော video recorder လေးကို မွှေနှောက်ရှာဖွေနေမိသည်။အသေအချာထည့်ယူခဲ့တာကို စိတ်ဆွဲပြီး luggage ကို အထပ်ထပ် သေချာရှာဖွေနေမိသော်လည်း လက်ဆုပ်လက်ကိုင်မပြနိုင်ခဲ့။

ဝေးကွာခြင်း လက်ဆောင်မမည်တဲ့ သူ့သီဆိုဟန်ကို သဘောကျလို့ မှတ်တမ်းယူမိသည်မှ ယခုတော့ ပို၍ ဝေးကွာခြင်းကိုသာ ရင်ဝယ်ပိုက်ရပြီ။

ဘာမှမသိနားမလည်တဲ့ကလေးကိုမှ ရက်စက်ခဲ့မိခြင်း။

ရိုးသားသူလေးကိုမှ စွပ်စွဲခဲ့မိခြင်း။

ချို့တဲ့သူကိုမှ ဖိနှိပ်ဆက်ဆံခဲ့မိခြင်း။

တွေးမိတိုင်း ယူကျုံးမရသည်မို့ luggage ကိုသာ အဝေးသို့ လွင့်ပစ်၍ ထွက်နေသော ဒေါသကိုဖြေဖျောက်မိသည်။

" ငါကြောင့်ပါ.....အားလုံးငါကြောင့်ပါကွာ ၊ တောင်းပန်ပါတယ် "

ငိုကြွေးခြင်းမမည်တဲ့ ဖြစ်နေတဲ့အခြေအနေအရပ်ရပ်က ကိုယ်ကြောင့်မို့ ကိုယ့်ကိုကိုယ် ဒေါသထွက်မိနေခြင်း။

" ဘယ်သူမပြု၊ မိမိမူ"

———————————————————————————————————————————

ညနေခင်း လူစည်ကားလှတဲ့လမ်းမကြီးပေါ်မှာ အသုပ်စုံရောင်းဖို့ အရိပ်ရအပင်လေးအောက် ဆိုင်လေးပြင်ဆင်နေသော မိဝေဆိုင်ကို ဖိုးသာထူးနှင့်နှစ်ယောက် လိုက်ပါ ရူပ်မိခြင်း။

လူစည်ကားရာ လမ်းမကျယ်ကြီးဘေး မများသောငွေကြေးအတွက် မိဝေထွက်၍ စျေးထွက်ခင်းခြင်း။ မရေတွက်နိုင်သော လမ်းဘေးစျေးဆိုင်များဆီမှာ အနံ့ပေါင်းစုံတို့လွင့်ပျံလာ၍ ဆိုင်လေးခင်းနေသော မိဝေကို ကူ၍ ခင်းပေးနေမိသည်။

" ရပါတယ် ဟယ်၊ ဒါငါလုပ်နေကြပါကိုငယ်ရာ အသာထိုင်နေပါ ငါ့မောင်ရယ်"

" ငါ လည်း ကူချင်လို့ပါ "

" သားနဲ့ ကိုကိုပါလာတော့ အမေ ဆိုင်ပိုရောင်းရတာပေါ့ "

" လာရူပ်တာတော့မဟုတ်ပါဘူးနော်...ဖိုးသာထူး...."

" အမေကလည်းဗျာ.."

မျက်ဆံပစ်၍ အပြစ်တင်စကားမမည်သော စကားတို့ဖြင့်။

" ဖြစ်ရမယ် ဖိုးသာထူးရယ် ၊ နင်သာ ဟိုဟာ၊ ဒီဟာ မတောင်းဖို့အရေးကြီးတယ် "

" အင်းပါ အမေကလည်း "

ကလေးပီပီ လှတဲ့အရာဝတ္တု၊ ဆော့ကစားတဲ့အရွယ်မို့ ကစားစရာ အရုပ်တွေအရုပ်၊ ကားတွေ မက်မောတဲ့ကောင်လေးကို လူစည်ကားတဲ့ ညနေစျေး မခေါ်ရဲဘူး၊ ပေါက်ကရ အကုန်ဝယ်ခိုင်းလို့ ! ဟုပြောဆိုတက်သော မိဝေစကားကို ပြန်နားရောင်ရင်း လွယ်အွေ့လေး ပြုံးနေမိသည်။

ထင်ပေါ်ကျော်ကြားသူမဟုတ်ပေမယ့် အပြင်ထွက်ရင် လျှာထိုးဦးထုပ်အနက်လေးဆောင်းပြီး တခါတရံ Mask လေးတပ်ပြီးမှ အပြင်ထွက်တဲ့ တောင်ပေါ်သားလေးက အန္တရာယ်တချို့ကို မြင်ရောင်မိသောကြောင့် ဖုံးကွယ်ထားမိသည်။

လူအများ အလှပြိုင်ကြသည့် ညနေခင်း၊ မိန်းမပျိုလေးများ လမ်းလျှောက်ထွက်ကြမည့်ညနေခင်း၊ လူပျိုလေးများ လူပျိုလှည့်သော ညနေခင်း၊ သင်တန်းဆင်း၊ အလုပ်ပြန်တို့ ရူပ်ယှက်ခပ်နေမည့် ညနေခင်းမှာ ဖြူဖွေးလှသော အသားအရေကို အပေါ်ဝတ်အကျီအကွက်ကျဲဖြင့် ဖုံးကွယ်ပြီး၊ ချည်သားဘောင်းဘီအပြာဆင်းလေးဖြင့် shoe အဖြူရောင်လေးစီးထားသော ဗန်လွယ်အွေ့သည်ကား မပြင်မဆင်ဘဲ ချစ်စရာကောင်းနေသည်မို့ လူအများငေးချင်စရာ ကောင်းလှသည်။

လွယ်အွေ့ကိုငေး၍ လမ်းလျှောက်နေသော မိန်းမပျိုလေးများ၏ အကြည့်တွေ ၊ ဘေးဆိုင် က ဝက်သားတုတ်ထိုးအဒေါ်ကြီး၏ သားကချစ်စရာကောင်းလိုက်တာ ! ဟုသော ချီးကျူးသံတို့ကို လွယ်အွေ့ ဂရုမစိုက်ဘဲ အသုပ်စုံသည်လေး မိဝေကို ကူညီပေးနေမိသည်။

ဖိုက်ဖာထိုင်ခုံလေး၊ ငါးစုံဖြင့် တည့်ခင်းရောင်းချနေသော ခြံထွက်သဘော်သီးထောင်း၊ ခါကြက်ဥသုပ်၊ အာလူးသီးသုပ်၊  တို့ဟူးသုပ် ၊ အသုပ်စုံ စသည့် ချဉ်၊ ငံ့၊ စပ် အရသာကို စားသုံးသူအလိုကျ အညာသူမကြီး မိဝေက ကောင်းမွန်သော လက်ရာတို့ဖြင့် စျေးနူန်းချိုသာစွာ ရောင်းချမိသည်။

ဒီညနေမှ ဒီလမ်းမကြီး လူပိုစည်နေသလား ။

မိဝေ အသုပ်စုံဆိုင်လေး ဒီညနေမှ လူပိုကျနေသလား။

ဆိုင်ရှင်ဘေးက ဖိုက်ဖာထိုင်ခုံပုလေးပေါ်ထိုင်ပြီး သဘော်သီးကူခြစ်ပေးနေသော တောင်ပေါ်သားလေးကြောင့်လား ၊ စားသုံးသူတွေအလိုကျ ပြေးလွား တည်းခင်းရောင်းချနေသော ဖိုးသာထူးကြောင့်လား မသိ မိဝေဒီနေ့ အသုပ်စုံ လေး လက်မလည်အောင်ရောင်းကောင်းနေပြီ။

" ကိုကိုရေ ..သားကိုအကြွေကူအမ်းပေးပါအုံး "

" အင်း"

" ၂၈၀၀ယူရမယ် ကိုကို့၊ သားကို အကြွေး ၂၀၀ ပြန်ပေး "

သင်္ဘောသီးခြစ်နေသော လွယ်အွေ့ ဆိုင်ရှေ့ဘက်မျက်နှာလှည့်ပြီး ငွေထည့်ထားသော မိဝေငွေသေတ္တာလေးကို ကြည့်ပြီး ပြုံးရယ်ချင်စိတ်တို့ ထိမ်းမရ။ အချိန်တခဏ နဲ့ သောင်းချီနေသော ငွေတွေကြောင့် မိဝေ အိမ်ပြန်မျက်နှာပေး လှတော့မည်လေ။

( အား.......အစ်ကိုကြီးက ချောလိုက်တာ )

( အေးဟယ် ..ချောလိုက်တာဟယ်...လျှာထိုးဦးထုပ်လေး ဖယ်လိုက်ရင် ငါမူးမေ့မိမှာ )

( အစ်ကိုကြီး အကြည့်လေးငါဆီရောက်ရင် ဒီဝိုင်း ငါဒကာခံမယ်ဝေ့ ....ကြည့်လိုက်ပါ့လား ခင်များရယ် ...)

( ဟဲ့ ..ကြားသွားမယ်ဟ တိုးတိုးလုပ်ပါ )

( ရုတ်တရက်မြင်လိုက်ရတဲ့ မျက်ဝန်းလေးကို ချစ်မိတာ ငါပါဟယ် ၊ ငါပါ )

တစ်ယောက်တစ်ပေါက် ပြောဆိုနေသော အနီးနားက ဆယ်ကျော်သက်ကောင်မလေးတွေ စကားကို အလေးမထားမိ ။ မသာယာချင်တာဆိုပိုမှန်မယ် ။

လူတွေရဲ့ ဟန်ဆောင် ချီးကျူးသံတွေကို လွယ်အွေ့ ရင်ဘတ်နဲ့ ခံစားခဲ့ဖူးသည်မို့သိပ်ကြောက်တက်နေပြီလေ..။ ဘဝပေးသင်ခန်းစာတွေကို နှစ်အတော်ကြာသင်ယူခဲ့ပြီးပြီမို့။

( ငါ ဒီအစ်မကြီးဆိုင်မှာအမြဲ စားနေကြ ၊ ငါ့ crush ကိုခုမှတွေ့ဖူးတာဟဲ့ ၊ နောက်နေ့ကစ ခုံဦးပြီးစောင့်နေရမယ်...အစ်မကြီးကိုလည်း ကပ်မေးရမယ်....ဟိ..ဟိ..)

( တို့အဖွဲ့ တစ်ညနေလုံး ထိုင်နေရင် ၊ ဟိုအစ်မက မောင်းမထုတ်ဘူးလောက်ဘူး မဟုတ်လား )

( ဒီနေ့ အသုပ်က အရသာပိုရှိသလိုပဲ )

( အချစ်တွေလေ )

( first sight ကိုငါ ယုံကြည်လိုက်ပြီ )

မရပ်မနားပြောဆိုနေသော ကောင်မလေးဝိုင်း ၂ခု၏ စကားသံတို့ကြောင့် မိဝေမျက်ခုံးလူပ်မိသည်။

"............."

ထိုကောင်မလေး ၂ဝိုင်းကို ကြည့်ပြီး လွယ်အွေ့ ခေါင်းညိတ်ပြမိတော့ ။

(....အား...........)

( ဟယ်...ငါကိုကြည့်သွားတာ ....)

( ငါနဲ့အကြည့်စုံပြီးသွားပြီ)

ပတ်ဝန်းကျင်ဆူညံမူနဲ့ စည်ပင်က မဖမ်းလောက်ဘူးမဟုတ်လား ။

မိဝေခေါင်းခါ ၍ သက်ပြင်းချမိပြီ။

ခုခေခတ်ကောင်မလေးတွေမလွယ်ပါ့လားဟယ်။

" နောက်နေ့ ကိုငယ်ကို ခေါ်မသွားနဲ့တော့ ၊ မိဝေ နင်လည်း ညနေစျေးမထွက်နဲ့တော့ "

အမြတ်ဝင်ငွေများရလာခဲ့သော ညနေခင်း ပျော်ရွှင်ခြင်းတွေကို အားရဝမ်းသာ ခင်ပွန်းဖြစ်သူဆီ အောင်မြင်မူတွေဝေငှတော့မှ စိတ်အလိုမကျစွာ ထွက်လာသော ကိုသာထက်ရဲ့ ခက်ထန်တဲ့စကား ။

အံ့ဩခြင်းမျက်လုံးတွေနှင့်ကြည့်နေသူ လက်နှစ်ဖက်ကို ခါးမှာထောက်၍ အော်ငေါက်နေခြင်း။ ဘာမှမသိနားမလည်စွာနှင့်မိဝေက တစ်ချက်စောင့်တက်လာသော ဒေါသတို့ကြောင့် စားပွဲပေါ်ကျ၍ ရေတွက်နေသော ငွေစက္ကူတွေကိုပစ်ချပြီ စိတ်ဆိုးတကြီးဖြင့် သတ်ပွဲဖြစ်ရန်အသင့်အနေအထားမို့ ဖိုးသာထူးနှင့်ကျွန်တော်ကမျက်စိမျက်နှာပျက်ရပြီ၊ ပြေးပေါက်ရှာရပြီ။

ဒီလင်မယား အတော်ဆိုးတာပဲ။ ခုလို အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကောင်းမနေဘူး။

" ရှင်ဘာပြောလိုက်တယ် "

" ငါပြောတာ ရှင်းရှင်းလေးပဲ ၊ မနက်ဖန်ကစ ညနေစျေးမထွက်နဲ့ နင်ငွေလိုရင်ပြော ငါ Taxi တစ်ကြောင်းပိုဆွဲပေးမယ် "

" ငွေလိုရင်ပြော ဆိုတော့ ဒီမှာ ကိုသာထက် ၊ ကိုယ်နဲ့ရပြီးကတည်းက လင်မယားနှစ်ယောက် ဒိုးတူးပေါင်ဖက်လုပ်စားလာခဲ့တာ ခုထိပဲ ၊ မရှိအတူတူ၊ ရှိအတူတူ တာဝန်မခွဲခြားဘဲ လုပ်နေခဲ့တာပါ မိဝေတို့က ယောကျာ်းလုပ်စာကို အခန့်စားထိုင်စားနေတဲ့မိန်းမမဟုတ်သလို ကျုပ်ကိုဟိုလို၊ ဒီလိုလုပ်ဆိုပြီး ရှင်အမိန့်လာမပေးနဲ့ ကျုပ်ခိုးစားနေတာမဟုတ်သလို ကံငါးပါး မကျူးလွန်ဘူး "

" မဟုတ်ဘူး မိဝေ ၊ နင်အလုပ် လုပ်တာငါသိတယ်၊ လက်ခံတယ် ဒါပေမယ့်မိဝေရယ်.........."

ရန်ဖြစ်တော့မည့် လင်မယားနှစ်ယောက်ကို ကြားက နေ ဝင်တား၍ ဖြေသိပ်မိသည်။

" ငါကြောင့် ရန်မဖြစ်ကြပါနဲ့ ၊ မိဝေမှာ အပစ်မရှိဘူး အစ်ကို "

" မဟုတ်ဘူး ငါ့ညီ ၊ အစ်ကိုပြောတာ မင်းကသာမန်မဟုတ်ဘူးလေ ကဲ့ရဲ့သံနဲ့ ရူံ့ချသံတွေကြား "

" အော်....."

ခေါင်းညိမ့်၍ ထောက်ခံနေသော မိဝေက ယခုမှသဘောပေါက်ဟန်ဖြင့် နောက်မခေါ်တော့ဘူး ဆိုပြီး ပြောလာခဲ့ပြီ။

" မဟုတ်ဘူး....ဟိုလေ...ငါခံနိုင်ပါတယ် ၊ လူတွေ ဘာပြောပြော ငါလက်ခံနိုင်တယ် ၊ ဒါငါကံတရားလေ ဘုရားသခင်ဆီမှာပဲ တောင်းဆုပြုမယ်လေ ။ ငါကြောင့်တော့ နင်တို့ရန်မဖြစ်ကြပါနဲ့ "

" ဟုတ်သားပဲ အဖေရာ ၊ ကိုကို စိတ်မကောင်းဖြစ်အောင်လို့ အဖေ ဘာလို့ လျှောက်ပြောနေလဲ"

မျက်ရည်ဝိုင်းစွာ ဖအေကို အော်ပြောနေတဲ့ဖိုးသာထူးလေးကို လွယ်အွေ့က ဆွဲဖက်ထားလိုက်သည်။

" ဒီလို ဖိုးသာထူးရဲ့ ၊ သားကိုကို ကို့ လူတွေက ကဲ့ရဲ့ကြလိမ့်မယ်၊ နောက်ပြီး ဖေဖေတို့က ငွေရှာနိုင်တယ်လေ ဖိုးသာထူးတို့ညီအစ်ကိုက အိမ်မှာနေပြီး စာကြိုးစားလေးကွာ ကိုကိုလည်း ဂရုစိုက်ပေါ့ ငါ့သားရ"

" ငါ လက်မခံဘူး အစ်ကို ၊တကယ်ဆို ငါက အိမ်ငှါးပါ ၊ ငါကို ဒီမှာခေါ်ထားတာနဲ့တင် ဘယ်လိုကျေးဇူးဆပ်ရမယ်မသိဘူး ၊ ငါက ဒုက္ခိတဆိုပေမယ့် ငါအလုပ် လုပ်နိုင်တယ် အစ်ကို ၊ နင်တို့ ငါအတွက်ပြောတယ်ဆိုတာ ငါသိတယ် ၊ နောက်ပြီး....ကျေးဇူးလည်းတင်တယ်"

" ငါတို့မှာ အိမ်ရှင်၊ အိမ်ငှါး သဘောထားမရှိပါဘုးကိုငယ်ရယ်၊ နင်က ဖိုးသာထူးကို စာသင်ပြပေးတာနဲ့တင် ကျေးဇူးတင်နေတာပါ နင်ကိုကယ်တင်ထားလို့ ငါတို့ဆုတ်ယုတ်မရှိဘူးလေ၊ နင်ကို အိမ်မှာထားတာကလွဲ ပတ်ဝန်းကျင်ပြောစကားကို မခံစားစေချင်တာပါ ငါ့မောင်ရယ် ၊ နင်ကငါတို့မိသားစုဝင်ပါပဲ "

" အေးပါ .."

ဆိုပြီး ကုလားထိုင်ပေါ်ကနေ ဘုရားစင်ဘေးက သစ်သားအိပ်ယာလေးပေါ် တရွေ့ရွေ့သွားနေသော တောင်ပေါ်သားလေးကို ကျွနိတော်တို့မိသားစု အသာကြည့်နေမိသည်။ ကျော်ပိုးအိတ်လေးက အနက်ရောင်အိတ်ထုပ်လေးကိုပိုက်ပြီး စားပွဲအနီးပြန်လာသောကိုငယ်ကို ဒါဘာလဲဆိုသည့်အမေးကို စားပွဲပေါ်က အိတ်မဲထုပ်လေးကိုကြည့်ပြီး မေးမိသည်။

" ဒါ ငါ့အိမ်လခ လေ ...မိဝေ"

" ဟာ....."

" ဒါ ဘယ်ကတည်းကရှိနေတာလဲကိုငယ်၊ အစ်ကိုကို့မှန်မှန်ပြော "

ဆယ်ဂဏန်းချီနေသော တစ်သောင်းတန်အုပ်တွေကိုကြည့်ပြီး အထိတ်တလန့်မေးနေမိသည်။ တစ်သောင်းတန်ငွေအုပ်တွေကြောင့် အလန့်တကြား ကြောင်ကြည့်နေသော မိဝေက လက်တစ်ဖက်ဖြင့် ပုခုံးကိုပုတ်ပြီး အံ့ဩနေပြန်သေးသည်။

ပါးစပ်လေးဟပြီး အံ့ဩနေသော ဖိုးသာထူး။

" ပြီးခဲ့ Sunday က၊ ဘုရားကျောင်းတက်ရင်း ငါ အနီးက ဘဏ်မှာသွားထုတ်လာခဲ့တာ ၊ နင်ပို့ပေးတယ်လေ "

" နင်စုထားတာလား ကိုငယ် ဒီငွေတွေ ဘယ်ကရလဲ ၊ ဖိုးသာထူး တံခါးပိတ်စမ်းမြန်မြန် "

မနည်းသော ငွေပမာဏမို့ ပတ်ဝန်းကျင်မသိစေချင်၊ ကိုငယ် ဘယ်ကရလာသလဲ ၊ ဘာအလုပ်တွေလုပ်လို့ ပမာဏများနေလဲ ၊ ကိုငယ် မှာ အန္တရာယ်ရှိနေလား ။

" မလန့်ပါနဲ့ မိဝေ ၊ ဒါ တောင်ပေါ်မှနေတုန်းက ငါစုခဲ့တာလေ ၊ ရဲရဲလက်ခံလို့ရပါတယ် ၊ မဟုတ်တာ ငါဘာတစ်ခုမှမလုပ်ဘူး "

" အော် ....မယူပါဘူးကိုငယ်ရာ ၊ နင်ဘာသာ သိမ်းထားပါ ငါတို့ ခြံအလုပ်တွေ နင်ကူလုပ်ပေးနေတာလေ ပေးချင်းပေး ငါတို့ကပြန်ပေးရမှာမဟုတ်လား "

" အေးလေကွာ ...အစ်ကိုတို့ငွေမမက်ဘူးဆိုရင်လိမ်ရာကြလိမ့်မယ် ကိုငယ်၊ ဒါပေမယ့် ဒီငွေတော့ လက်မခံချင်ဘူး က်ုငယ် လိုရာ သုံးပါ နောက်မထုတ်နဲ့တော့ "

မလိုချင်ဘူး ၊ မယူရက်ဘူးဆိုတဲ့ စကားသံတွေရဲ့နောက်က အဖြူရောင်သံယောဇဉ်တွေကို မြင်နိုင်သည်။ ရိုးသားမူကို အခြေခံသည့်အညာသားစုံတွဲတို့၏ မေတ္တာတရားကို ခံစားနိုင်ခဲ့ပြီ။ ငွေကြေးက အရာရာ မဖြေရှင်းနိုင်သလို ၊ လူတိုင်းက ကိုယ်နဲ့မဆိုင်တဲ့ငွေကို မမက်မောတက်ကြဘူးဆိုတာ မိဝေတို့က သက်သေပြနေပြီ။

ခင်မင်မူသံယောဇဉ်တွေကို ငွေနဲ့လဲလှယ်လို့မရသလို ၊ မိသားစု အငွေ့အသက်တွေကိုလည်း ငွေနဲ့ ဖုံးလွှမ်းလို့မရခဲ့ဘူး ။

" ငါ့ညီရာ....."

#မမအတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်

#Take care all

(မမရဲ့ ကိုယ်ပိုင် page နှင့် fb acc လေးကို မိတ်ဆက်ပေးခဲ့ပြီနော်....fb ထဲထိ update လာတောင်းလို့ ရပြီနော် ချစ်သောတို့ရေ..😘👇👇)

Page: https://www.facebook.com/profile.php?id=100083316707827
Fb acc: https://www.facebook.com/profile.php?id=100011803954653

Zawgyi

အခ်ိန္သည္ကား ည ၁၂ နာရီေက်ာ္ေနၿပီ ၊ အိပ္ခ်င္စိတ္က ဘယ္ဆီမယ္မသိ၊ Monday ႐ုံးတက္ရင္ meeting ခန္းတြင္း share Holder တို႔ကို ခ်ျပရမယ့္ planေတြ မစစ္ေဆးရေသး၊ Jay ပို႔ေပးထားတဲ့ PowerPoint ကို ဖြင့္မၾကည့္ရေသး။ ဘတ္ခ်က္အတြက္ တင္ျပထားတဲ့ အသီးသီးေသာ ဌာနမ်ားစြာက files မ်ားကို ေကာက္မၾကည့္ရေသး။

HR ဌာနမႉးရဲ႕ ေတြ႕ခြင့္ေတာင္းဆိုေနမူကိုပါ ထည့္မစဥ္းစားနိင္ခဲ့ပါ၊ အေျခအေနက ဘာေတြျဖစ္ကုန္ၿပီလဲ။

လက္မွတ္ထိုးစရာ fileေတြက ကိုယ့္ေရွ႕မွာ အစီအရီ။ အတြင္းေရးမႉး jay ပို႔ေပးထားေသာ စစ္ေဆးဆဲ ဖိုင္ေတြကို ညအခ်ိန္လုပ္ရမည့္ အလုပ္မ်ား အေၾကာင္းမေတြးနိုင္ေသး။ ဘယ္အရာကိုေကာက္ဆြဲၿပီး ဘယ္ေနရာစၿပီး လုပ္ရမလဲ မသိရေသး။

စားပြဲတင္နာရီေလးရဲ႕ အခ်က္ေပးလူပ္ရွားသံေလးကလြဲ အိပ္ခန္းတြင္း စိုးရိမ္ေသာကေၾကာင့္ ဘုန္းမာန္၏အသက္႐ူသံခပ္ျပင္းျပင္းတို႔က သိသာလွ်က္။

မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ အုပ္ထားကာ သက္ျပင္းခ်ရသည္က အႀကိမ္ႀကိမ္။ မို႔ေမာက္ၿပီး ႐ူထုတ္ရခက္ခဲေနေသာ က်ယ္ျပန့္ေသာ ရင္အုတ္ႀကီးက ျပင္းစြာလူပ္ရွားလွ်က္။

" ငါဘာေတြ လုပ္ခဲ့မိတာလဲ ! ....." စေသာ ကိုယ့္ကိုကိုယ္အေမးစကား တစ္ခုတည္းကိုသာ ထပ္တလဲလဲ ေရ႐ြတ္ေနေသာ ဘုန္းမာန္တစ္ေယာက္ လူမသိသူမသိ ၿပိဳလဲျခင္းနိဒါန္းကိုခံစားမိၿပီေလ။

မိသားစု၏ေသာကႏွင့္ စိတ္ေဝဒနာ ဟုေသာ အမည္အမ်ိဳးမ်ိဳးကို စြတ္ခူးေပးခဲ့ျခင္းက ကိုယ္တိုင္ေသာ္တည္း။

မေရရာေသးေသာ တဖက္နိင္ငံဆီကေပးဖို႔အုံးမည့္ အတြငိးေရးမႉး မ်ိဳးကိုဆီက Confirm call ေလးအား အသက္႐ူသံျပင္းျပင္းၾကားက မဟုတ္ပါေစနဲ႕ဟု တိတ္တိတ္ေလးေတာင္းဆိုေနမူမ်ား။

" ေမေမတစ္ေယာက္...ဘယ္လိုခံစားေနရွာမလဲ...."

မာတာမိခင္ကို သနားတဲ့စိတ္။ သနားစိတ္အျပည့္ျဖင့္ ညိုးငယ္ေနမယ့္ ေမေမမ်က္ဝန္းေတြကိုျမင္ေယာင္ရင္း ရင္ထဲမြန္းၾကပ္လာသည္။

ကိုယ္တိုင္ဖ်က္ခဲ့မိေသာ မတည္နိင္တဲ့လက္ထပ္ပြဲေလးေၾကာင့္ ဖခင္ျဖစ္သူကို အမည္မေခၚဝင့္ခဲ့။ အႀကီးေကာင္ တစ္ေယာက္ ဘယ္လိုေနရွာမလဲ.....စေသာ....စေသာ....အေတြးမ်ားျဖင့္ ။

အားနာစိတ္ႏွင့္ ေရာင္ရမ္းကိုင္မိေသာ လက္ထဲရွိ file တြဲေလးက ေမာ့ၾကည့္ဟန္....။

ဘာေတြ ျဖစ္ကုန္တာလဲ။

ဘယ္ေနရာကမွားေနလဲ။

ဘယ္သို႔ေသာ အရာေတြက လြဲမွားေစတာလဲ ။

ဘယ်အရာက်ို ဆြဲယူၾကည့္လို႔ ဘယ္သို႔ေသာသူဆီကို အေတြးေလးျဖင့္ေျပးကာ ေမးၾကည့္ရမည္လဲ။

ဘာတစ္ခုမွ ဘုန္းမာန္အေတြးထဲ ဆြဲထုတ္ကာ ရင္ထဲတင္းၾကပ္ေနတဲ့ ခံစားမူကို စကားလုံးမ်ားစြာျဖင့္ စာစီမရခဲ့။

အမိေျမမွ မိသားစုေလးဆီ ဘယ္လိုမွ ဆက္သြယ္မရတဲ့အဆုံး ေခါင္းထဲ ပထမဦးဆုံးေတြးမိေသာ ေသာ္စစ္ ။

တတီ ~ တီ ဝင္ေနေသာ ဖုန္းေလးက ပထမအႀကိမ္ ကိုင္သူမရွိေသာေၾကာင့္ ဒုတိယအႀကိမ္ဆက္တိုက္ေခၚေနဆဲ။ ဖုန္းကိုင္ပါ ေသာ္စစ္ရာ! လို႔ ေအာ္ေျပာမရတဲ့အေျခအေနမွာေတာင္ လက္ထဲက ဖုန္းကိုၾကည့္ၿပီး ေျပာေနမိသည္။

ၾကာေသာအခ်ိန္သည္ကား ၅မိနစ္မွသည္ မိနစ္၃၀ ဆီသို႔။

နာရီဝက္မွသည္ လက္တံနာရီလက္ပတ္ခ်ိန္ (၃.....၄)ႀကိမ္မက အေၾကာင္းမဲ့သက္သက္ ဖုန္းမွန္ျပင္ႀကီးကို ေစ့ေစ့ၾကည့္ေနမိသည္။

( hello)ဆိုတဲ့ ေသာ္စစ္အသံသည္ကား နတ္ဘုရား မ,စ သည့္အလား ။ အမိေျမမွ အျဖစ္အပ်က္ေတြအေၾကာင္း ေမးခ်င္ေဇာျဖင့္ ထစ္, အေနေသာ စကားလုံးတို႔က လိုရာ ထြက္မလာခဲ့။

" ဘာေတြျဖစ္ကုန္ၿပီလဲ ....." စေသာ တုန္ခ်ိေနေသာ ေလသံတို႔ျဖင့္ အေမးစကားဖြင့္မိေသာ Mann Groupရဲ႕ ပဲ့ကိုင္ရွင္ မပီသစြာအရာရာ သတိအေနထားျဖင့္ ႏွလုံးသားစည္းခ်က္တို႔ အက်မညီညာခဲ့။

တစ္ဖက္ဆီက ေသာ္စစ္စကားတို႔ၾကားၿပီး က်ကြဲသြားတဲ့ ႏွလုံးသားတစ္ခုက ရင္တြင္းေနရာမွ ဘယ္ေနရာဆီ လိုက္ရွာရမသိ။

ေဒါသတႀကီး ေသာ္စစ္ရွင္းျပေနေသာ စကားလုံးတို႔က အခန္းထဲပဲ့တင္ထပ္လွ်က္....။

မၾကားဝင့္ မနာသာ ေသာ စကားအသုံးအႏူန္းေတြနဲ႕ အပစ္တင္ဆဲဆိုေနေသာ သူငယ္ခ်င္းျဖစ္သူ၏ ဆဲဆိုခံရမူကိုနားထဲမဝင္။

ဘယ္လိုေတြ ျဖစ္ကုန္ၿပီလဲ !!!!!

ကိုယ္ဖန္တီးေပးခဲ့ေသာ အေျခအေနနဲ႕ ဆန႔္က်င္ဘက္ မို႔ တုန္လူပ္မိသည္က မထူးဆန္း။ ထိုကေလး ဘယ္ဆီဘယ္ဝယ္မသိ၊ အမိေျမမွ မိသားစု ဘာေၾကာင့္ အဆက္အသြယ္မရလဲ အနည္းငယ္ေတြးမိၿပီ။

" ငါ့....ငါမိသားစု ဘာေတြ ျဖစ္ေနတာလဲ ေသာ္စစ္၊ ငါသူတို႔ဆီဆက္သြယ္လို႔မရဘူး "

ေဒါသဟန္ျဖင့္ စိတ္ဓါတ္က်မိေစသည့္အေၾကာင္းအရာမ်ားကို တစ္ခ်က္ျခင္းေသာ္စစ္ကို ရွင္းျပမိပါေသာ္လည္း ဆဲဆိုေနေသာ စကားေတြကသာ ၾကားခဲ့ရသည္။

Condo လြဲေျပာင္းစာခ်ဳပ္ႏွင့္ သူ႕အတြက္ ထားခဲ့ေသာ ဘဏ္ကတ္မ်ားအေၾကာင္း၊ ေဖေဖ လက္ဖြဲ႕ေပးေသာ ေငြေၾကးမ်ားကို မက္ေမာျခင္းမရွိပါဘူးလို႔ သက္ေသျပၿပီး condo ေလးထဲမွာ တစ္ေန႕တာ အသုံးစရိတ္အတြက္ ေပးေခ်ခဲ့ေသာ ေငြစကၠဴတစ္ခ်ိဳ႕ႏွင့္ မဂ္လာလက္ထပ္ လက္စြပ္ ။

ေဖေဖတို႔လူႀကီးေတြ ထားခဲ့ က်ေသာ ကတိသစၥာတရားေတြ၊ တာဝန္ေက်ပြန္မူေတြအတြက္ေက်းဇူးတင္ခဲ့ေၾကာင္းႏွင့္ ကိုယ့္စိတ္ႏွင့္ကိုယ္ဆုံးျဖတ္ၿပီးမွ ထြက္သြားတာျဖစ္ေၾကာင္း ဝန္ခံစာေလးေရးသြားေသာ ဒုကၡအိုးေလး ဗန္လြယ္ေအြ႕ ။

ေသာ္စစ္ေျပာျပသြားေသာ အေၾကာင္းအရာ တစ္ခ်က္ျခင္းဆီက ေက်ကြဲေစသည့္အလား ၊ ႏြမ္းလ်ေစသည့္အလား အသက္႐ူဖို႔ပင္ ခက္ခဲေစခဲ့ၿပီ။

ဒုခအိုးေလးထြက္သြားမူကို ေဖေဖႏွင့္အႀကီးေကာင္က အပူတျပင္းရွာေဖြေနေၾကာင္း ၊ ေမေမ က်န္းမာေရး ကုသေနေၾကာင္း စသည့္ ျပသနာမ်ားစြာကို ဖန္တီးခဲ့မိသည္က ကြၽန္ေတာ္က မိုက္လုံးႀကီးခဲ့မိသည္။

အမိေျမမွ မိသားစု ကိုယ္ကို ဘာေၾကာင့္ ဥေပကၡာ ျပဳထားလဲ သိရၿပီ။

ေဖေဖေျပာသဖူးသလို ' ကိုယ္စိုက္ပ်ိဳးတာ တစ္ေန႕ကိုယ္ျပန္ရိတ္သိမ္းရမည္' ဆိုတာစကားေၾကာင့္ ထိတ္လန့္တူန့္လူပ္မိသည္။ သူ႕ဘာသာသူ ကိုယ္စိတ္ႏွင့္ကိုယ္သေဘာ ထြက္သြားသည္ျဖစ္ေနပါေစ မျမင္ကြယ္ရာကေန တြန္အားေပးခဲ့မိေသာ ကိုယ့္ကိုကိုယ္ ယူက်ဳံးမရျဖစ္ရၿပီ။

ငါသာသူ႕ကို စြန့္ပစ္ခဲ့တာ ။

ငါကသာ ေဖေဖေမွ်ာ္လင့္ခ်က္ကို ဖ်က္စီးခဲ့တာ ၊ ေမေမ့ကိုဒုကၡေရာက္ေစတာ။

ငါကေတာ့ ေအာင္ျမင္ေၾကာ္ၾကား မူေတြၾကား ႏွစ္ေမ်ာၿပီး၊ ငါ့မိသားစုက ငါေၾကာင့္ ေသာကပင္လယ္ေဝေနရၿပီ။

ငါမိုက္မဲမိခဲ့တယ္ ဒုကၡအိုးေလးရယ္။

သာမန္မဟုတ္ေသာ ေျခတစ္ဖက္မသန္သူကိုမွ စြန့္ပစ္ခဲ့မိျခင္း။

(မင္းဘယ္လိုလုပ္မလဲ မာန္ႀကီး.....အေျခအေနက အကုန္႐ူပ္ကုန္ၿပီ) ဆိုတဲ့ ေသာ္စစ္အေမးကို ေျဖစရာမဲ့ေနခဲ့ၿပီ။

အေဝးကမိသားစုဆီ ေျပးသြားခ်င္ေနတဲ့စိတ္၊ ကိုယ့္ကိုမွီခိုၿပီး စားဝတ္ေနေရးေျဖရွင္းေနၾကေသာ လုပ္ေဖာ္ကိုင္ဖက္ လက္ေအာက္ငယ္သားေတြ၊ ဘယ္ဆီေရာက္ေနမယ္မသိေသာ ေတာင္ေပၚသားေလး။

လုပ္ငန္းႀကီးကို စနစ္တက်ကိဳင္တြယ္ၿပီး စီမံအုပ္ခ်ဳပ္ေနတဲ့ ကြၽန္ေတာ္မွာ ယခုျပသနာအတြက္ ဘယ္လိုတိက်ေသာ ေျဖရီင္းမူေပးနိုင္မလဲ။ တစ္ခ်က္ျခင္းဆီက အသက္႐ူေပၚေတြပဲမို႔ အေရးႀကီးဆုံးဆိုတာ စကားအျဖစ္ ေဖာ္ျပလို႔မရနိုင္ခဲ့။ ခုတေလာ လက္ခံထားရွိမိေသာ project အတြက္ အခ်ိန္အနည္းငယ္ေပးၿပီး အမိေျမမွာအေျခခ်နိဳင္ေအာင္ႀကိဳးစားေတာ့မည္လို႔ ခိုင္မာေသာ ဆုံးျဖတ္ခ်က္ကို ခ်မိသည္။

ကိုယ့္ေၾကာင့္ျဖစ္ေပၚလာတဲ့ ျပသနာရပ္ တစ္ခု ၊ ကိစၥအေသးအဖြဲေတာင္အျဖစ္မခံနိုင္တဲ့ကိုယ္က သာမန္မဟုတ္ေသာ ခ်ိဳ႕တဲ့သူကေလးအေပၚ ရက္စက္ခဲ့မိသည္မဟုတ္လား ။

သိမ္ငယ္မိေအာင္ ခ်ိဳးနိမ္မိခဲ့သလား....။

ဒီကအလုပ္အေျခအေနကို တစ္ခ်က္စစ္ေဆးၿပီး အျမန္ျပန္လာနိုင္ေအာင္ လုပ္မည္ဟု ေသာ္စစ္ကိုအေျဖေပးမိရင္း ၊ ဘယ္ဆီသြားလဲမသိတဲ့ ေတာင္ေပၚသားေလးကို ကူညီရွာေဖြေပးဖို႔ကိုသာ ထပ္ဆင့္ေတာင္းဆိုမိသည္။ မိသားစုဆီကိုေတာ့ တနည္းနည္းျဖင့္ အဆက္အသြယ္ျပန္လုပ္ရမည္။ ေဖေဖ စိတ္ကို ကိုယ္သာအသိဆုံးမို႔ ေဖေဖေပးတဲ့အပစ္ဒဏ္ကိုလည္းခံယူနိုင္ရန္ အမိေျမကို ျပန္ရမည္။

ေသာ္စစ္နဲ႕ ဖုန္းအဆက္အသြယ္ လုပ္ၿပီးေနာက္ အိပ္စက္ရန္ေနာက္က်ေနသည္တိုင္ အိပ္မရနိုင္ခဲ့ ။ မခြဲခြါခင္ကကိုယ္တိုင္ခ်က္ျပဳတ္ေပးေသာ ညေနစာကို အမွတ္တရရွိေနၿပီး ေတာင္ေပၚသားေလး သီဆိုဖူးေသာ ေတးသီခ်င္းသံစဥ္ေလးကိုသာ ႏွလုံးသားက ျပန္တမ္းတမိသည္။

အိမ္ကျပန္လာစဥ္ ထည့္ပိုးလာေသာ luggage ကို ထုတ္ယူၿပီး ေတာင္ေပၚသားေလး သီဆိုဟန္ကို ခိုး၍မွတ္တမ္းယူထားေသာ video recorder ေလးကို ေမႊႏွောက္ရွာေဖြေနမိသည္။အေသအခ်ာထည့္ယူခဲ့တာကို စိတ္ဆြဲၿပီး luggage ကို အထပ္ထပ္ ေသခ်ာရွာေဖြေနမိေသာ္လည္း လက္ဆုပ္လက္ကိုင္မျပနိုင္ခဲ့။

ေဝးကြာျခင္း လက္ေဆာင္မမည္တဲ့ သူ႕သီဆိုဟန္ကို သေဘာက်လိဳ႕ မွတ္တမ္းယူမိသည္မွ ယခုေတာ့ ပို၍ ေဝးကြာျခင္းကိုသာ ရင္ဝယ္ပိုက္ရၿပီ။

ဘာမွမသိနားမလည္တဲ့ကေလးကိုမွ ရက္စက္ခဲ့မိျခင္း။

ရိုးသားသူေလးကိုမွ စြပ္စြဲခဲ့မိျခင္း။

ခ်ိဳ႕တဲ့သူကိုမွ ဖိႏွိပ္ဆက္ဆံခဲ့မိျခင္း။

ေတြးမိတိုင္း ယူက်ဳံးမရသည္မို႔ luggage ကိုသာ အေဝးသို႔ လြင့္ပစ္၍ ထြက္ေနေသာ ေဒါသကိုေျဖေဖ်ာက္မိသည္။

" ငါေၾကာင့္ပါ.....အားလုံးငါေၾကာင့္ပါကြာ ၊ ေတာင္းပန္ပါတယ္ "

ငိုေႂကြးျခင္းမမည္တဲ့ ျဖစ္ေနတဲ့အေျခအေနအရပ္ရပ္က ကိုယ္ေၾကာင့္မို႔ ကိုယ့္ကိုကိုယ္ ေဒါသထြက္မိေနျခင္း။

" ဘယ္သူမျပဳ၊ မိမိမူ"

ညေနခင္း လူစည္ကားလွတဲ့လမ္းမႀကီးေပၚမွာ အသုပ္စုံေရာင္းဖို႔ အရိပ္ရအပင္ေလးေအာက္ ဆိုင္ေလးျပင္ဆင္ေနေသာ မိေဝဆိုင္ကို ဖိုးသာထူးႏွင့္ႏွစ္ေယာက္ လိုက္ပါ ႐ူပ္မိျခင္း။

လူစည္ကားရာ လမ္းမက်ယ္ႀကီးေဘး မမ်ားေသာေငြေၾကးအတြက္ မိေဝထြက္၍ ေစ်းထြက္ခင္းျခင္း။ မေရတြက္နိုင္ေသာ လမ္းေဘးေစ်းဆိုင္မ်ားဆီမွာ အနံ႕ေပါင္းစုံတို႔လြင့္ပ်ံလာ၍ ဆိုင္ေလးခင္းေနေသာ မိေဝကို ကူ၍ ခင္းေပးေနမိသည္။

" ရပါတယ္ ဟယ္၊ ဒါငါလုပ္ေနၾကပါကိုငယ္ရာ အသာထိုင္ေနပါ ငါ့ေမာင္ရယ္"

" ငါ လည္း ကူခ်င္လို႔ပါ "

" သားနဲ႕ ကိုကိုပါလာေတာ့ အေမ ဆိုင္ပိုေရာင္းရတာေပါ့ "

" လာ႐ူပ္တာေတာ့မဟုတ္ပါဘူးေနာ္...ဖိုးသာထူး...."

" အေမကလည္းဗ်ာ.."

မ်က္ဆံပစ္၍ အျပစ္တင္စကားမမည္ေသာ စကားတို႔ျဖင့္။

" ျဖစ္ရမယ္ ဖိုးသာထူးရယ္ ၊ နင္သာ ဟိုဟာ၊ ဒီဟာ မေတာင္းဖို႔အေရးႀကီးတယ္ "

" အင္းပါ အေမကလည္း "

ကေလးပီပီ လွတဲ့အရာဝတၱဳ၊ ေဆာ့ကစားတဲ့အ႐ြယ္မို႔ ကစားစရာ အ႐ုပ္ေတြအ႐ုပ္၊ ကားေတြ မက္ေမာတဲ့ေကာင္ေလးကို လူစည္ကားတဲ့ ညေနေစ်း မေခၚရဲဘူး၊ ေပါက္ကရ အကုန္ဝယ္ခိုင္းလို႔ ! ဟုေျပာဆိုတက္ေသာ မိေဝစကားကို ျပန္နားေရာင္ရင္း လြယ္ေအြ႕ေလး ၿပဳံးေနမိသည္။

ထင္ေပၚေက်ာ္ၾကားသူမဟုတ္ေပမယ့္ အျပင္ထြက္ရင္ လွ်ာထိုးဦးထုပ္အနက္ေလးေဆာင္းၿပီး တခါတရံ Mask ေလးတပ္ၿပီးမွ အျပင္ထြက္တဲ့ ေတာင္ေပၚသားေလးက အႏၱရာယ္တခ်ိဳ႕ကို ျမင္ေရာင္မိေသာေၾကာင့္ ဖုံးကြယ္ထားမိသည္။

လူအမ်ား အလွၿပိဳင္ၾကသည့္ ညေနခင္း၊ မိန္းမပ်ိဳေလးမ်ား လမ္းေလွ်ာက္ထြက္ၾကမည့္ညေနခင္း၊ လူပ်ိဳေလးမ်ား လူပ်ိဳလွည့္ေသာ ညေနခင္း၊ သင္တန္းဆင္း၊ အလုပ္ျပန္တို႔ ႐ူပ္ယွက္ခပ္ေနမည့္ ညေနခင္းမွာ ျဖဴေဖြးလွေသာ အသားအေရကို အေပၚဝတ္အက်ီအကြက္က်ဲျဖင့္ ဖုံးကြယ္ၿပီး၊ ခ်ည္သားေဘာင္းဘီအျပာဆင္းေလးျဖင့္ shoe အျဖဴေရာင္ေလးစီးထားေသာ ဗန္လြယ္ေအြ႕သည္ကား မျပင္မဆင္ဘဲ ခ်စ္စရာေကာင္းေနသည္မို႔ လူအမ်ားေငးခ်င္စရာ ေကာင္းလွသည္။

လြယ္ေအြ႕ကိုေငး၍ လမ္းေလွ်ာက္ေနေသာ မိန္းမပ်ိဳေလးမ်ား၏ အၾကည့္ေတြ ၊ ေဘးဆိုင္ က ဝက္သားတုတ္ထိုးအေဒၚႀကီး၏ သားကခ်စ္စရာေကာင္းလိုက္တာ ! ဟုေသာ ခ်ီးက်ဴးသံတို႔ကို လြယ္ေအြ႕ ဂ႐ုမစိုက္ဘဲ အသုပ္စုံသည္ေလး မိေဝကို ကူညီေပးေနမိသည္။

ဖိုက္ဖာထိုင္ခုံေလး၊ ငါးစုံျဖင့္ တည့္ခင္းေရာင္းခ်ေနေသာ ၿခံထြက္သေဘာ္သီးေထာင္း၊ ခါၾကက္ဥသုပ္၊ အာလူးသီးသုပ္၊ တို႔ဟူးသုပ္ ၊ အသုပ္စုံ စသည့္ ခ်ဥ္၊ ငံ့၊ စပ္ အရသာကို စားသုံးသူအလိုက် အညာသူမႀကီး မိေဝက ေကာင္းမြန္ေသာ လက္ရာတို႔ျဖင့္ ေစ်းႏူန္းခ်ိဳသာစြာ ေရာင္းခ်မိသည္။

ဒီညေနမွ ဒီလမ္းမႀကီး လူပိုစည္ေနသလား ။

မိေဝ အသုပ္စုံဆိုင္ေလး ဒီညေနမွ လူပိုက်ေနသလား။

ဆိုင္ရွင္ေဘးက ဖိုက္ဖာထိုင္ခုံပုေလးေပၚထိုင္ၿပီး သေဘာ္သီးကူျခစ္ေပးေနေသာ ေတာင္ေပၚသားေလးေၾကာင့္လား ၊ စားသုံးသူေတြအလိုက် ေျပးလြား တည္းခင္းေရာင္းခ်ေနေသာ ဖိုးသာထူးေၾကာင့္လား မသိ မိေဝဒီေန႕ အသုပ္စုံ ေလး လက္မလည္ေအာင္ေရာင္းေကာင္းေနၿပီ။

" ကိုကိုေရ ..သားကိုအေႂကြကူအမ္းေပးပါအုံး "

" အင္း"

" ၂၈၀၀ယူရမယ္ ကိုကို႔၊ သားကို အေႂကြး ၂၀၀ ျပန္ေပး "

သေဘၤာသီးျခစ္ေနေသာ လြယ္ေအြ႕ ဆိုင္ေရွ႕ဘက္မ်က္ႏွာလွည့္ၿပီး ေငြထည့္ထားေသာ မိေဝေငြေသတၱာေလးကို ၾကည့္ၿပီး ၿပဳံးရယ္ခ်င္စိတ္တို႔ ထိမ္းမရ။ အခ်ိန္တခဏ နဲ႕ ေသာင္းခ်ီေနေသာ ေငြေတြေၾကာင့္ မိေဝ အိမ္ျပန္မ်က္ႏွာေပး လွေတာ့မည္ေလ။

( အား.......အစ္ကိုႀကီးက ေခ်ာလိုက္တာ )

( ေအးဟယ္ ..ေခ်ာလိုက္တာဟယ္...လွ်ာထိုးဦးထုပ္ေလး ဖယ္လိုက္ရင္ ငါမူးေမ့မိမွာ )

( အစ္ကိုႀကီး အၾကည့္ေလးငါဆီေရာက္ရင္ ဒီဝိုင္း ငါဒကာခံမယ္ေဝ့ ....ၾကည့္လိုက္ပါ့လား ခင္မ်ားရယ္ ...)

( ဟဲ့ ..ၾကားသြားမယ္ဟ တိုးတိုးလုပ္ပါ )

( ႐ုတ္တရက္ျမင္လိုက္ရတဲ့ မ်က္ဝန္းေလးကို ခ်စ္မိတာ ငါပါဟယ္ ၊ ငါပါ )

တစ္ေယာက္တစ္ေပါက္ ေျပာဆိုေနေသာ အနီးနားက ဆယ္ေက်ာ္သက္ေကာင္မေလးေတြ စကားကို အေလးမထားမိ ။ မသာယာခ်င္တာဆိုပိုမွန္မယ္ ။

လူေတြရဲ႕ ဟန္ေဆာင္ ခ်ီးက်ဴးသံေတြကို လြယ္ေအြ႕ ရင္ဘတ္နဲ႕ ခံစားခဲ့ဖူးသည္မို႔သိပ္ေၾကာက္တက္ေနၿပီေလ..။ ဘဝေပးသင္ခန္းစာေတြကို ႏွစ္အေတာ္ၾကာသင္ယူခဲ့ၿပီးၿပီမို႔။

( ငါ ဒီအစ္မႀကီးဆိုင္မွာအၿမဲ စားေနၾက ၊ ငါ့ crush ကိုခုမွေတြ႕ဖူးတာဟဲ့ ၊ ေနာက္ေန႕ကစ ခုံဦးၿပီးေစာင့္ေနရမယ္...အစ္မႀကီးကိုလည္း ကပ္ေမးရမယ္....ဟိ..ဟိ..)

( တို႔အဖြဲ႕ တစ္ညေနလုံး ထိုင္ေနရင္ ၊ ဟိုအစ္မက ေမာင္းမထုတ္ဘူးေလာက္ဘူး မဟုတ္လား )

( ဒီေန႕ အသုပ္က အရသာပိုရွိသလိုပဲ )

( အခ်စ္ေတြေလ )

( first sight ကိုငါ ယုံၾကည္လိုက္ၿပီ )

မရပ္မနားေျပာဆိုေနေသာ ေကာင္မေလးဝိုင္း ၂ခု၏ စကားသံတို႔ေၾကာင့္ မိေဝမ်က္ခုံးလူပ္မိသည္။

"............."

ထိုေကာင္မေလး ၂ဝိုင္းကို ၾကည့္ၿပီး လြယ္ေအြ႕ ေခါင္းညိတ္ျပမိေတာ့ ။

(....အား...........)

( ဟယ္...ငါကိုၾကည့္သြားတာ ....)

( ငါနဲ႕အၾကည့္စုံၿပီးသြားၿပီ)

ပတ္ဝန္းက်င္ဆူညံမူနဲ႕ စည္ပင္က မဖမ္းေလာက္ဘူးမဟုတ္လား ။

မိေဝေခါင္းခါ ၍ သက္ျပင္းခ်မိၿပီ။

ခုေခခတ္ေကာင္မေလးေတြမလြယ္ပါ့လားဟယ္။

" ေနာက္ေန႕ ကိုငယ္ကို ေခၚမသြားနဲ႕ေတာ့ ၊ မိေဝ နင္လည္း ညေနေစ်းမထြက္နဲ႕ေတာ့ "

အျမတ္ဝင္ေငြမ်ားရလာခဲ့ေသာ ညေနခင္း ေပ်ာ္႐ႊင္ျခင္းေတြကို အားရဝမ္းသာ ခင္ပြန္းျဖစ္သူဆီ ေအာင္ျမင္မူေတြေဝငွေတာ့မွ စိတ္အလိုမက်စြာ ထြက္လာေသာ ကိုသာထက္ရဲ႕ ခက္ထန္တဲ့စကား ။

အံ့ဩျခင္းမ်က္လုံးေတြႏွင့္ၾကည့္ေနသူ လက္ႏွစ္ဖက္ကို ခါးမွာေထာက္၍ ေအာ္ေငါက္ေနျခင္း။ ဘာမွမသိနားမလည္စြာႏွင့္မိေဝက တစ္ခ်က္ေစာင့္တက္လာေသာ ေဒါသတို႔ေၾကာင့္ စားပြဲေပၚက်၍ ေရတြက္ေနေသာ ေငြစကၠဴေတြကိုပစ္ခ်ၿပီ စိတ္ဆိုးတႀကီးျဖင့္ သတ္ပြဲျဖစ္ရန္အသင့္အေနအထားမို႔ ဖိုးသာထူးႏွင့္ကြၽန္ေတာ္ကမ်က္စိမ်က္ႏွာပ်က္ရၿပီ၊ ေျပးေပါက္ရွာရၿပီ။

ဒီလင္မယား အေတာ္ဆိုးတာပဲ။ ခုလို ေအာ္ႀကီးဟစ္က်ယ္ ရန္ျဖစ္ေကာင္းမေနဘူး။

" ရွင္ဘာေျပာလိုက္တယ္ "

" ငါေျပာတာ ရွင္းရွင္းေလးပဲ ၊ မနက္ဖန္ကစ ညေနေစ်းမထြက္နဲ႕ နင္ေငြလိုရင္ေျပာ ငါ Taxi တစ္ေၾကာင္းပိုဆြဲေပးမယ္ "

" ေငြလိုရင္ေျပာ ဆိုေတာ့ ဒီမွာ ကိုသာထက္ ၊ ကိုယ္နဲ႕ရၿပီးကတည္းက လင္မယားႏွစ္ေယာက္ ဒိုးတူးေပါင္ဖက္လုပ္စားလာခဲ့တာ ခုထိပဲ ၊ မရွိအတူတူ၊ ရွိအတူတူ တာဝန္မခြဲျခားဘဲ လုပ္ေနခဲ့တာပါ မိေဝတို႔က ေယာက်ာ္းလုပ္စာကို အခန့္စားထိုင္စားေနတဲ့မိန္းမမဟုတ္သလို က်ဳပ္ကိုဟိုလို၊ ဒီလိုလုပ္ဆိုၿပီး ရွင္အမိန့္လာမေပးနဲ႕ က်ဳပ္ခိုးစားေနတာမဟုတ္သလို ကံငါးပါး မက်ဴးလြန္ဘူး "

" မဟုတ္ဘူး မိေဝ ၊ နင္အလုပ္ လုပ္တာငါသိတယ္၊ လက္ခံတယ္ ဒါေပမယ့္မိေဝရယ္.........."

ရန္ျဖစ္ေတာ့မည့္ လင္မယားႏွစ္ေယာက္ကို ၾကားက ေန ဝင္တား၍ ေျဖသိပ္မိသည္။

" ငါေၾကာင့္ ရန္မျဖစ္ၾကပါနဲ႕ ၊ မိေဝမွာ အပစ္မရွိဘူး အစ္ကို "

" မဟုတ္ဘူး ငါ့ညီ ၊ အစ္ကိုေျပာတာ မင္းကသာမန္မဟုတ္ဘူးေလ ကဲ့ရဲ႕သံနဲ႕ ႐ူံ႕ခ်သံေတြၾကား "

" ေအာ္....."

ေခါင္းညိမ့္၍ ေထာက္ခံေနေသာ မိေဝက ယခုမွသေဘာေပါက္ဟန္ျဖင့္ ေနာက္မေခၚေတာ့ဘူး ဆိုၿပီး ေျပာလာခဲ့ၿပီ။

" မဟုတ္ဘူး....ဟိုေလ...ငါခံနိုင္ပါတယ္ ၊ လူေတြ ဘာေျပာေျပာ ငါလက္ခံနိုင္တယ္ ၊ ဒါငါကံတရားေလ ဘုရားသခင္ဆီမွာပဲ ေတာင္းဆုျပဳမယ္ေလ ။ ငါေၾကာင့္ေတာ့ နင္တို႔ရန္မျဖစ္ၾကပါနဲ႕ "

" ဟုတ္သားပဲ အေဖရာ ၊ ကိုကို စိတ္မေကာင္းျဖစ္ေအာင္လို႔ အေဖ ဘာလို႔ ေလွ်ာက္ေျပာေနလဲ"

မ်က္ရည္ဝိုင္းစြာ ဖေအကို ေအာ္ေျပာေနတဲ့ဖိုးသာထူးေလးကို လြယ္ေအြ႕က ဆြဲဖက္ထားလိုက္သည္။

" ဒီလို ဖိုးသာထူးရဲ႕ ၊ သားကိုကို ကို႔ လူေတြက ကဲ့ရဲ႕ၾကလိမ့္မယ္၊ ေနာက္ၿပီး ေဖေဖတို႔က ေငြရွာနိုင္တယ္ေလ ဖိုးသာထူးတို႔ညီအစ္ကိုက အိမ္မွာေနၿပီး စာႀကိဳးစားေလးကြာ ကိုကိုလည္း ဂ႐ုစိုက္ေပါ့ ငါ့သားရ"

" ငါ လက္မခံဘူး အစ္ကို ၊တကယ္ဆို ငါက အိမ္ငွါးပါ ၊ ငါကို ဒီမွာေခၚထားတာနဲ႕တင္ ဘယ္လိုေက်းဇူးဆပ္ရမယ္မသိဘူး ၊ ငါက ဒုကၡိတဆိုေပမယ့္ ငါအလုပ္ လုပ္နိုင္တယ္ အစ္ကို ၊ နင္တို႔ ငါအတြက္ေျပာတယ္ဆိုတာ ငါသိတယ္ ၊ ေနာက္ၿပီး....ေက်းဇူးလည္းတင္တယ္"

" ငါတို႔မွာ အိမ္ရွင္၊ အိမ္ငွါး သေဘာထားမရွိပါဘုးကိုငယ္ရယ္၊ နင္က ဖိုးသာထူးကို စာသင္ျပေပးတာနဲ႕တင္ ေက်းဇူးတင္ေနတာပါ နင္ကိုကယ္တင္ထားလို႔ ငါတို႔ဆုတ္ယုတ္မရွိဘူးေလ၊ နင္ကို အိမ္မွာထားတာကလြဲ ပတ္ဝန္းက်င္ေျပာစကားကို မခံစားေစခ်င္တာပါ ငါ့ေမာင္ရယ္ ၊ နင္ကငါတို႔မိသားစုဝင္ပါပဲ "

" ေအးပါ .."

ဆိုၿပီး ကုလားထိုင္ေပၚကေန ဘုရားစင္ေဘးက သစ္သားအိပ္ယာေလးေပၚ တေ႐ြ႕ေ႐ြ႕သြားေနေသာ ေတာင္ေပၚသားေလးကို ကြၽနိေတာ္တို႔မိသားစု အသာၾကည့္ေနမိသည္။ ေက်ာ္ပိုးအိတ္ေလးက အနက္ေရာင္အိတ္ထုပ္ေလးကိုပိုက္ၿပီး စားပြဲအနီးျပန္လာေသာကိုငယ္ကို ဒါဘာလဲဆိုသည့္အေမးကို စားပြဲေပၚက အိတ္မဲထုပ္ေလးကိုၾကည့္ၿပီး ေမးမိသည္။

" ဒါ ငါ့အိမ္လခ ေလ ...မိေဝ"

" ဟာ....."

" ဒါ ဘယ္ကတည္းကရွိေနတာလဲကိုငယ္၊ အစ္ကိုကို႔မွန္မွန္ေျပာ "

ဆယ္ဂဏန္းခ်ီေနေသာ တစ္ေသာင္းတန္အုပ္ေတြကိုၾကည့္ၿပီး အထိတ္တလန့္ေမးေနမိသည္။ တစ္ေသာင္းတန္ေငြအုပ္ေတြေၾကာင့္ အလန့္တၾကား ေၾကာင္ၾကည့္ေနေသာ မိေဝက လက္တစ္ဖက္ျဖင့္ ပုခုံးကိုပုတ္ၿပီး အံ့ဩေနျပန္ေသးသည္။

ပါးစပ္ေလးဟၿပီး အံ့ဩေနေသာ ဖိုးသာထူး။

" ၿပီးခဲ့ Sunday က၊ ဘုရားေက်ာင္းတက္ရင္း ငါ အနီးက ဘဏ္မွာသြားထုတ္လာခဲ့တာ ၊ နင္ပို႔ေပးတယ္ေလ "

" နင္စုထားတာလား ကိုငယ္ ဒီေငြေတြ ဘယ္ကရလဲ ၊ ဖိုးသာထူး တံခါးပိတ္စမ္းျမန္ျမန္ "

မနည္းေသာ ေငြပမာဏမို႔ ပတ္ဝန္းက်င္မသိေစခ်င္၊ ကိုငယ္ ဘယ္ကရလာသလဲ ၊ ဘာအလုပ္ေတြလုပ္လို႔ ပမာဏမ်ားေနလဲ ၊ ကိုငယ္ မွာ အႏၱရာယ္ရွိေနလား ။

" မလန့္ပါနဲ႕ မိေဝ ၊ ဒါ ေတာင္ေပၚမွေနတုန္းက ငါစုခဲ့တာေလ ၊ ရဲရဲလက္ခံလို႔ရပါတယ္ ၊ မဟုတ္တာ ငါဘာတစ္ခုမွမလုပ္ဘူး "

" ေအာ္ ....မယူပါဘူးကိုငယ္ရာ ၊ နင္ဘာသာ သိမ္းထားပါ ငါတို႔ ၿခံအလုပ္ေတြ နင္ကူလုပ္ေပးေနတာေလ ေပးခ်င္းေပး ငါတို႔ကျပန္ေပးရမွာမဟုတ္လား "

" ေအးေလကြာ ...အစ္ကိုတို႔ေငြမမက္ဘူးဆိုရင္လိမ္ရာၾကလိမ့္မယ္ ကိုငယ္၊ ဒါေပမယ့္ ဒီေငြေတာ့ လက္မခံခ်င္ဘူး က်ုငယ် လိုရာ သုံးပါ ေနာက္မထုတ္နဲ႕ေတာ့ "

မလိုခ်င္ဘူး ၊ မယူရက္ဘူးဆိုတဲ့ စကားသံေတြရဲ႕ေနာက္က အျဖဴေရာင္သံေယာဇဥ္ေတြကို ျမင္နိုင္သည္။ ရိုးသားမူကို အေျခခံသည့္အညာသားစုံတြဲတို႔၏ ေမတၱာတရားကို ခံစားနိုင္ခဲ့ၿပီ။ ေငြေၾကးက အရာရာ မေျဖရွင္းနိုင္သလို ၊ လူတိုင္းက ကိုယ္နဲ႕မဆိုင္တဲ့ေငြကို မမက္ေမာတက္ၾကဘူးဆိုတာ မိေဝတို႔က သက္ေသျပေနၿပီ။

ခင္မင္မူသံေယာဇဥ္ေတြကို ေငြနဲ႕လဲလွယ္လို႔မရသလို ၊ မိသားစု အေငြ႕အသက္ေတြကိုလည္း ေငြနဲ႕ ဖုံးလႊမ္းလို႔မရခဲ့ဘူး ။

" ငါ့ညီရာ....."

#မမအတြက္ vote ေပးခဲ့ဖို႔ မေမ့နဲ႕ေနာ္

#Take care all

(မမရဲ႕ ကိုယ္ပိုင္ page ႏွင့္ fb acc ေလးကို မိတ္ဆက္ေပးခဲ့ၿပီေနာ္....fb ထဲထိ update လာေတာင္းလို႔ ရၿပီေနာ္ ခ်စ္ေသာတို႔ေရ..😘)

Page: https://www.facebook.com/profile.php?id=100083316707827
Fb acc: https://www.facebook.com/profile.php?id=100011803954653

Continue Reading

You'll Also Like

147K 10.6K 85
💙 ငယ်ရွယ်စဥ်ခါက တိတ်တခိုး ချစ်ခဲ့ရတဲ့ ချစ်ဦးသူနဲ့ ''ဟိုးရှေးရှေးတုန်းက နဲ့အစချီပြီး ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ''ဆိုပြီး ဇာတ်သိမ်းသွားတဲ့ ဇ...
44.4K 1.3K 46
တစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။
142K 5.7K 21
(Book 3) Lukas hates being the runt of the pack. His brothers always take advantage of him when all he wants is to feel like a part of the family. H...
485K 21.1K 57
[COMPLETE ✅] *✿❀❀✿**✿❀❀✿**✿❀❀✿**✿❀❀✿* After years of unconsciousness, she regained her "life" only to find the people she treasured had changed for t...