ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{33}

6.3K 917 25
By Greentealay-

Unicode

အဆုံးမှာတော့ ဒါရိုက်တာက ဖန်ယောင်ရွှမ်းရဲ့အေးဂျင့်ဆီအကြောင်းပြန်လိုက်သည်။ ဖန်ယောင်ရွှမ်းရဲ့ကမ်းလှမ်းမှုတွက် ရိုက်ကူးရေးအဖွဲ့က အထူးကျေးဇူးတင်ပြီး ဖန်ယောင်ရွှမ်းနဲ့ပူးပေါင်းဖို့ ဆန္ဒရှိသော်လည်း အလာနှောင်းသွားပြီဖြစ်‌ေကြာင်း အခုလည်း ခေါင်းဆောင်မင်းသားကိုရှာတွေ့ပြီးလို့ စာချုပ်ချုပ်ပြီးပါပြီ…သူတို့ကအခုပဲ ချန်ကျိယွမ်ရဲ့စာချုပ်ဖျက်သိမ်းမှုကိုကြုံတွေ့ထားရတာဖြစ်လို့ စာချုပ်ပါအချက်လက်တွေကို မလိုက်နာတဲ့လူကိုမလိုချင်ပါကြောင်း။ပြီးတော့ အခုလစ်လပ်နေတဲ့အရံမင်းသားနံပါတ်သုံးနေရာကလည်း ဖန်ယောင်ရွှမ်းရဲ့ထိပ်တန်းအဆင့်နဲ့မသင့်လျော်ပါကြောင်း သူတို့ကိုယ်သူတို့လည်း ရှက်ရွံ့မိ‌ပါကြောင်း နောက်တစ်ကြိမ်မှပဲ ပူးပေါင်းကြတာပေါ့ဟူ၍ပင်။
 
သို့သော် ဖန်ယောင်ရွှမ်းရဲ့အေးဂျင့်ကတော့ ဒီလိုထုတ်လုပ်ရေးအသင်းလေးက သူ့မင်းသားကိုငြင်းရဲ့တဲ့အတွက် အံ့ဩသွားပေမယ့် သူမက အစတည်းက ဖန်ယောင်ရွှမ်းကိုပါစေချင်တာမဟုတ်၍ စိတ်သက်သာရာရစွာ ရလဒ်ကို ဖန်ယောင်ရွှမ်းဆီအမှန်တိုင်းပို့ပေးလိုက်သည်။

ဖန်ယောင်ရွှမ်းကတော့ စဉ်းစားမရဖြစ်နေခဲ့တယ်။

“ အရင်နံပါတ်သုံးနေရာကအရံကဘာဖြစ်လို့လဲ ? သူလည်း စာချုပ်ဖျက်သွားတာလား”

“အဲ့လိုမဟုတ်ဘူး"

အေးဂျင့်ကပြန်ပြောလာသည်။

"အခုခေါင်းဆောင်မင်းသားနေရာမှာသရုပ်ဆောင်မှာက အရင် နံပါတ်သုံးအရံတဲ့။ ဒါရိုက်တာက သူ့သရုပ်ဆောင်စကေးရော ရိုက်ကွင်းထဲမှာလည်း ကြည့်ကောင်းတော့ ချန်ကျိယွမ်နေရာမှာရွေးလိုက်တာ အဲ့တာကြောင့် နံပါတ်သုံးအရံနေရာက လွတ်နေတာ"

"ဒါဆို ကျိချင်းကျိုးက ခေါင်းဆောင်မင်းသားအနေနဲ့သရုပ်ဆောင်တော့မှာပေါ့"

ဖန်ယောင်ရွှမ်း အံ့ဩသွားခဲ့တယ်။

"သူက အဆိုးထဲကအကောင်းဖြစ်သွားတာပဲ…ချန်ကျိယွမ် ထွက်သွားတော့ သူကထိပ်ဆုံးရောက်လာပြီး ကံကောင်းသွားတာ"

"ဟုတ်တယ်"

အေးဂျင့်ကလည်း သဘောတူလာသည်။

ဖန်ယောင်ရွှမ်းသည် ခဏလောက်တွေးဆနေပြီး အရံနေရာကသရုပ်ဆောင်ရမှာမကျေနပ်သော်လည်း သူ့အစားထိုးလေးနဲ့နီးစပ်ပြီး မီးတော့ထဲက ကယ်ထုတ်နိုင်ရန် ဘာဖြစ်ဖြစ် ဆုံးဖြတ်လိုက်ပြီး မတတ်နိုင်စွာပြောမိရတော့သည်။

"နံပါတ်သုံးအရံနေရာလည်း အဆင်ပြေပါတယ် ဇာတ်ကားထဲမှာ သူ့တွက် အခန်းအများကြီးမပါဘူးမလား။ကောင်းတယ် ဝါသနာအရလုပ်တာပဲလေ နောက်ပိုင်းဇာတ်ကားထဲမှာ အချိန်ကြန့်ကြာမှာမဟုတ်တော့ဘူးပေါ့။ အစ်မဒါရိုက်တာကိုပြောလိုက်ပါ နံပါတ်သုံးအရံနေရာကလည်း အဆင်ပြေတယ်လို့"

အေးဂျင့်ကကြက်သေသေကာ သူ့ကိုမယုံကြည်သလိုကြည့်လာပြီး စကားလုံးတွေဖျစ်ညစ်ပြီးပြောလာသည်။

"မင်းဘာပြောနေလဲရောသိရဲ့လား"

"သိတယ်လေ"

"မင်းကနာမည်မရှိသေးတဲ့လူသစ်လေးနဲ့တွဲဖို့အွန်လိုင်းဒရမ်မာမှာ နံပါတ်သုံးအရံနေရာကနေ သရုပ်ဆောင်တော့မယ်ပေါ့"

အေးဂျင့်ကတော့ ခေါင်းကိုက်လာမိတယ်။

"ဒီရက်ပိုင်းစတူဒီယိုကအေးချမ်းနေတယ်လို့မင်းထင်လို့များလား ? မင်းဖန်တွေသိတာနဲ့ စတူဒီယိုနဲ့မင်းကို လာဆွဲဖြဲကြမှာမကြောက်ဘူးလား"

"အစ်မနဲ့စတူဒီယိုကိုလာဆွဲဖြဲမှာလို့ပြောရမှာ ကျွန်တော့်ကိုမဟုတ်ဘူး"

အေးဂျင့်က ဆွံ့အစွာသူဘေးမှာထိုင်ပြီး မေးလာသည်။

" ယောင်ရွှမ်း ဘာလို့လဲ ? ရိုက်ကူးရေးလုပ်တာမှာ ရည်ရွယ်ချက်ရှိနေကျပဲလေ ပိုက်ဆံတွက်လား ? ဖန်တွေအတွက်လား ? နောက်ခံအင်အားအတွက်လား ? တစ်ယောက်ယောက်ကိုမြှင့်တင်ပေးဖို့လား ? မင်းဒီကားရိုက်လို့ဘာရမှာလဲ ? မင်းဘာတွေတွေးနေတာလဲ ?"

ဖန်ယောင်ရွှမ်းတွက် သူမကိုအများရှင်းပြရမှာပျင်းလွန်းတယ်။ကျိချင်းကျိုးအကြောင်းကို သူ့အေးဂျင့်သိဖို့ မလိုအပ်ဘူးလေ။

" ရပါတယ် စွင်းကျဲစိတ်ချထားပါ ။ သူတို့က ကျွန်တော့်ကိုအထူးဖိတ်ကြားလွှာနဲ့သရုပ်ဆောင်ခွင့်ပေးမှာ"

စွင်းယင်မှာရွေးချယ်စရာမရှိဘဲ ဒါရိုက်တာနဲ့ပြန်ဆွေးနွေးရတော့သည်။သူမသာ မအောင်မြင်ရင် အဆူခံရမှာကိုတွေးနေမိတယ်။ကမ်းလှမ်းချက်ပြောဖို့ အခွင့်အရေးကောင်းကောင်းယူရမယ်။အဆုံးသတ်တော့ ဖန်ယောင်ရွှမ်းဆိုတာ ရွေ့ပြောင်းနိုင်တဲ့ ကြေညာဘုတ်ကြီးပဲ။သူသာ 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》မှာသရုပ်ဆောင်ရင် ရင်းနှီးမြှုပ်နှံသူတွေရောက်လာကြမှာအသေအချာပင်။

ဒါရိုက်တာကြီးက သူအဲ့လိုပြောလိုက်တာတောင် ဖန်ယောင်ရွှမ်းက ပါဝင်ဖို့ဆန္ဒရှိနေအုံးမယ်လို့  လုံးဝမထင်ထားခဲ့ဘူး။

"ဘာပြောတယ် ! ဖန်ယောင်ရွှမ်းက နံပါတ်သုံးအရံနေရာက သရုပ်ဆောင်ဖို့ သဘောတူတယ်လား? "

ကမ္ဘာကြီးက အရမ်းမှော်ဆန်လွန်းတယ်လို့ကျန်းနန်ထင်တယ်။ သူတို့ရိုက်ကူးရေးအဖွဲ့က အခုတလောကံကောင်းနေကြတာမဟုတ်လား ! ဒီလိုကောင်းမွန်းတဲ့အရာတွေဖြစ်နေတယ်လေ !

ဒါရိုက်တာက သဘောတူသလိုခေါင်းညိမ့်ကာ

"ဖန်ယောင်ရွှမ်းရဲ့ကျော်ကြားမှုနဲ့ဆို သူ့ကမ်းလှမ်းချက်ကတော်တော်မြင့်မှာ…ကျန်းမေ့ရေ ဥက္ကဌချူကို အရင်းအနှီးပိုထည့်ပေးဖို့ကြည့်ကြပ်တောင်းဆိုကြည့်လိုက်ဦး "

"ဖန်ယောင်ရွှမ်းပါသရုပ်ဆောင်ရင် သူ့ကျော်ကြားမှုနဲ့ဆို ငွေရေးကြေးရေးပြဿနာလည်းပြင်းထန်တော့မှာမဟုတ်ဘူး။ ဥက္ကဌချူဆန္ဒမရှိရင်တောင် တစ်ခြားရင်းနှီးမြှုပ်နှံသူတွေထည့်ချင်ကြလိမ့်မယ်။ဖန်ယောင်ရွှမ်းက သူ့အနေအထားထက်နိမ့်တဲ့ နံပါတ်သုံးအရံနေရာမှာသရုပ်ဆောင်ချင်တယ်တဲ့ ကျွန်မတော့ နည်းနည်းထူးဆန်းတယ်ထင်မိတယ်။သူဘာလုပ်ချင်နေတာများလဲ "

"ငါလည်းတစ်ခြားမသိပါဘူး … ဒီဇာတ်ကားအလားလားရှိတယ်ဆိုပြီး သူစိတ်ဝင်စားလို့နေမှာပေါ့…ဒါပေမယ့် သူက ခေါင်းဆောင်မင်းသားနေရာကို အတင်းအကျပ်ပြောသင့်တယ်လေ ဘာလို့ နံပါတ်သုံးအရံနေရာကိုလွယ်လွယ်လက်ခံလိုက်တာလဲ ? သည်ဇာတ်ကားရဲ့အောင်မြင်နိုင်ချေပေါ်စိတ်ဝင်စားနေတာမှမဟုတ်ရင် တစ်ခြားဘာဖြစ်နိုင်လို့လဲ "

ဒါရိုက်တာကြီးလည်း သိချင်နေခဲ့တယ်။

ကျန်းနန်ကတော့ ဖန်ယောင်ရွှမ်းရဲ့အပြုအမူတွေကထူးဆန်းလွန်းတယ်လိုခံစားရသော်လည်း တစ်ခြားတော့မသိပေ။သို့သော် ဘာတွေထူးဆန်းထူးဆန်း ဖန်ယောင်ရွှမ်းသူတို့ရိုက်ကူးရေးအဖွဲ့ကိုဆက်သွယ်လာတာက ကောင်းတဲ့ကိစ္စပဲ။

"ရှောင်ချူကိုအရင်ပြောကြည့်ဦးမယ်လေ အခုဆို သူက ကျွန်မတို့ရဲ့ရင်းနှီးမြှုပ်နှံသူပဲဟာ ဖန်ယောင်ရွှမ်းပါလာတယ်ဆိုတာ ဒီလောက်အရေးကြီးတဲ့ကိစ္စကို သူလည်း သိသင့်တာပေါ့"

ကျန်းနန်ကပြောပြီးသည်နှင့် ဖုန်းထုတ်ကာ ချူချန်ဆီဆက်လိုက်သည်။

ချူချန်သည် ဖန်ယောင်ရွှမ်း 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》မှာပါဝင်မယ်ကြားရတော့ ဒီမှော်ဆန်ဆန်ဦးတည်ချက်ကြီးကြောင် ချက်ချင်း သဘောကျသွားသည်။

{ဖန်ယောင်ရွှမ်းလား}

သူမရယ်ပဲမနေနိုင်ချေ။

{သူတကယ် ငါ့နောက်လိုက်နေတာပဲ … ဒီဇာတ်ကားအကြောင်းတောင်စဉ်းစားနိုင်တယ်}

ကျန်းနန်က သူပြောတာနားထောင်ပြီး မေးလာ၏။

{ဥက္ကဌချူက ဖန်ယောင်ရွှမ်းကိုသိလို့လား}

{သိတာထက်ပိုတယ် ကျွန်တော်သူ့ကိုဆေးရုံပို့လုနီးပါးပဲ}

ကျန်းနန် : …

{မင်းပြောသလိုဆို မင်းတို့က ဖန်ယောင်ရွှမ်းကိုနံပါတ်သုံးအရံနေရာမှာပါခွင့်ပြုချင်ကြတယ်ပေါ့ အဲ့လို့လား}

ချူချန်မေးလိုက်သည်။

ကျန်းနန်ကခါးသက်သက်ပြုံးကာ

{အဲ့တာ ဥက္ကဌချူကိုဖုန်းမခေါ်ခင်ကပါ}

{အဲ အခုမပါခိုင်းတော့ဘူးလား}

ရှင် ဆေးရုံပို့ခါနီးလူကို ကျွန်မဘယ်လိုပါခိုင်းရဲပါ့မလဲ ?

ကျန်းနန်မှာခေါင်းတစ်ဆစ်ဆစ်ဖြစ်လာ၏။

{ဖန်ယောင်ရွမ်းဘာလို့ဒီကားထဲမှာပါချင်နေလဲ ဥက္ကဌချူရောသိလားရှင့် }

{သိလိုလိုပါပဲ}

{ဒါဆို ဥက္ကဌချူကရော သူဒီကားမှာပါတာမလိုချင်ဘူးလား}

{မလိုချင်ဘူး! လုံးဝသဘောမတူဘူး ! မင်းတို့ ဖန်ယောင်းရွှမ်းကို ပါခိုင်းရင်း ကျွန်တော့်အရင်းအနှီးတွေပြန်ထုတ်ပစ်မှာ… ကျိချင်းကျိုးတွက် လျော်ကြေးပါ ကျွန်တော်ပေးပလိုက်မယ်…ဖန်ယောင်ရွှမ်းနာမည်ကြီးပြီး လူတွေအများကြီးသူ့ကိုသရုပ်ဆောင်စေချင်တာ ကျွန်တော်သိတာပေါ့…ဒါဆို သူ့ကိုအရင်းအနှီးထည့်ခိုင်းကြလေ}

{ဥက္ကဌချူ ရှောင်ကျိက အစ်မတို့နဲ့သဘောတူညီချက်စာချုပ်ချုပ်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို မင်းကလည်း အစ်မတို့နဲ့စာချုပ်ချုပ်ထားတဲ့ အလုပ်ရှင်တစ်ယောက်ပဲ…အရေးကြီးတဲ့အချက်က လူဆိုတာ ဖြောင့်မတ်တဲ့စကားကိုဆိုသင့်တယ်…မင်းက အစ်မတို့အခက်ခဲဆုံးအချိန်မှာ ကူညီပေးခဲ့တယ်။အစ်မတို့ကလည်း မင်းဘက်ကိုအရင်ဦးစားပေးသင့်တာပေါ့…ဒ့ါပြင် ဖန်ယောင်ရွှမ်းရဲ့ဈေးနှုန်းကမြင့်လွန်းတယ်။အဲ့ပိုက်ဆံတွေကို အစ်မတို့ ထုတ်လုပ်ရေးသေးသေးလေးက ဘယ်လိုတတ်နိုင်မှာလဲ…ဒီတော့ မင်းသဘောမတူရင် တစ်ခြားမင်းသားတွေထပ်ရှာလိုက်ပါ့မယ်}

{မင်းသေသေချာချာစဉ်းစားနော် ဖန်ယောင်ရွှမ်းကအခုအရမ်းနာမည်ကြီးနေတာ မင်းဒါကိုလက်လွှတ်လိုက်ရင် ဆုံးရှုံးသွားလိမ့်မယ်နော်}

ကျန်းနန်ခေါင်းညိမ့်လိုက်တယ်။ဟုတ်တာပေါ့ ဖန်ယောင်ရွှမ်းကိုလက်လွှတ်ရင် ဒီဇာတ်ကားတွက်အကျိုးသက်ရောက်လာမယ်။ဖန်ယောင်ရွှမ်းတွက် ချူချန်ကိုရန်စရင်တော့လာ နောက်ပိုင်း သူမလိုချင်တဲ့ ဇာတ်လမ်းအသစ်‌တွေ IPတွေ ချူချန်ဆီကဝယ်ဖို့ ခက်ခဲလာလိမ့်မယ်လေ…ဆုံးရှုံးမှုကမတန်မဆပဲ…

{ရိုးရိုးသားသားပြောရရင် အစ်မက မင်းနဲ့အကြာကြီးအလုပ်တွဲလုပ်ချင်တုန်းပါပဲ…ဒီတော့ ဖန်ယောင်ရွှမ်းထက် မင်းကိုပိုပြီး လက်မလွှတ်ချင်တာ အမှန်ပဲ}

ချူချန် သူမရဲ့ပွင့်ပွင့်လင်းလင်းပြောဆိုမှုကို ခံစားနိုင်ပါတယ်။

{ကျန်းကျဲ အစ်မရဲ့ ထုတ်လုပ်ရေးအဖွဲ့ကလူတိုင်းအစ်မလိုဉာဏ်ကောင်းမယ်ဆို အခုထက်ပိုပြီးအောင်မြင်လာမှာပဲ}

ကျန်းနန်ပြုံးကာ

{ဟုတ်ပ လူတိုင်းရင့်ကျက်နေကြရမှာ…တဖြည်းဖြည်း သူတို့လည်း ရင့်ကျက်လာကြပါလိမ့်မယ်}

သူမဖုန်းချပြီး ဒါရိုက်တာကိုဖန်ယောင်ရွှမ်းဆီဖုန်းခေါ်၍ ရန်ပုံငွေအကန့်အသတ်ရှိတာကြောင့် နောက်တစ်ကြိမ်မှပူးပေါင်းဆောင်ရွက်ကြတာပေါ့လို့ပြောဖို့တောင်းဆိုလိုက်သည်။ဒါရိုက်တာက သက်ပြင်းချကာ ဘဲကင်ကြီးအဝေးပျံသွားတဲ့တွက် စိတ်ဓာတ်ကျနေခဲ့တယ်။ကျန်းနန်ကတော့ စိတ်ပူနေသည်။ ဖန်ယောင်ရွှမ်းကိုငြင်းဆန်လိုက်တော့ နံပါတ်သုံးအရံနေရာတွက် တစ်ခြားတစ်ယောက်ကိုသူတို့ရှာရဦးမယ်လေ။သူတို့အလျင်စလိုလုပ်မှဖြစ်တော့မယ်။

စွင်းယင်မယုံကြည်နိုင်ဘူး။သူ့မိသားစုရဲ့ဖန်ယောင်ရွှမ်းက နံပါတ်သုံးအရံနေရာမှာသရုပ်ဆောင်ချင်တာတောင် ရန်ပုံငွေမလောက်ငဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သရုပ်ဆောင်ပြောင်းချင်တယ်ပေါ့ ။ အရှက်မဲ့လိုက်ကြတာ ! သူတို့က ဒီဇာတ်လမ်းအောင်မြင်မယ်လို့တကယ်ထင်နေကြတယ်‌ပေါ့ ! စွင်းယင်ကဒေါသထွက်စွာ ဖန်ယောင်ရွှမ်းဆီသတင်းပို့လိုက်သည်။ ဖန်ယောင်ရွှမ်းလည်းစဉ်းစားမရဖြစ်သွားတယ်။အခုဆို 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ရဲ့ရိုက်ကူးရေးအဖွဲ့တွက် အရေးကြီးဆုံးအချိန်ဖြစ်နေတာကို သူ့ဘက်က ကမ်းလှမ်းတာတောင်မှ သူ့ကိုဖယ်ထုတ်ဖို့ မဆီလျော်တဲ့အကြောင်းပြချက်တွေပေးနေကြတယ်။ဘာလို့များလဲ ?

ဒါရိုက်တာက သူနဲ့အလုပ်တွဲလုပ်ဖို့ဆန္ဒမရှိဘူးလို့ ဖန်ယောင်ရွှမ်းမထင်ခဲ့မိဘူး။နှစ်ဖက်လုံးက မတိုးသာမဆုတ်သာအခြေအနေကြီးမှာသောင်တင်နေခဲ့သည်။

တစ်ဖက်မှာတော့ ချူချန်သည် ဖုန်းကိုင်ထားရင်း ဖန်ယောင်ရွှမ်းကိစ္စပေါ်တွေးတောနေမိသည်။သိပ်ကိုတိုက်ဆိုင်လွန်းတယ် ချန်ကျိယွမ် စာချုပ်ဖျက်သိမ်းရုံပဲရှိသေး ဖန်ယောင်ရွှမ်းက အစားဝင်ချင်တယ်တဲ့လား? ကျိချင်းကျိုးက တကယ်လိမ္မာပြီး သူအများကြီးသဘောကျရပါသော်လည်း ကျိချင်းကျိုးရဲ့အတိတ်အရိပ်ကြီးကိုတော့မေ့မနေပါ။သူ့ကိုချော့ပြီး ဖန်ယောင်ရွှမ်းနဲ့အဆက်သွယ်ရှိမရှိစစ်ဆေးကြည့်လိုက်ရင် ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ထိပြီပေါ့လို့ ချူချန် တွေးလိုက်သည်။ အဟား ကျိချင်းကျိုးတောင် အရင်ကသူ့ကိုလှည့်စားခဲ့တယ်မဟုတ်လား ? သူလည်းလုပ်ရမှာပေါ့ !

ကျိချင်းကျိုးက ဇာတ်ညွှန်းဖတ်နေ၏။ အခုဆို သူ့ဇာတ်ကောင်နေရာက ပြောင်းပြီး ကျန်းဖေးဖြစ်လာတဲ့အတွက် သူ့ကိုယ်သူ ကျန်းဖေးဇာတ်ကောင်နေရာကသရုပ်ဆောင်နိုင်ရန် ကျန်းဖေးပြောရမယ့်စာကြောင်းတွေဇာတ်ညွှန်းတွေပြန်ဖတ်နေရသည်။သူ ကျန်းဖေနဲ့ ကျန်းဝေဝေတို့ကြားက ရန်ပွဲကိုဖတ်နေချိန်မှာပဲ ဖုန်းသံမြည်လာခဲ့သည်။သူလှမ်းယူပြီးကြည့်လိုက်တော့ ချူချန်က video callခေါ်လာတာဖြစ်သည်။

{ဘာလို့လဲ ကျွန်တော့်ကိုလွမ်းလို့လား}

သူ ချူချန်ကိုမေးလိုက်တယ်။

ချူချန်က သူ့မျက်လုံးထဲရှိမသိမသာအပြုံးရိပ်လေးစွန်းထင်လာခဲ့သည်အား ကြည့်မိသွားသည်။သူ့အသံကိုနားထောင်ကြည့်တော့လည်း အရင်ကနဲ့တူတူပါပဲ…တကယ်လို့သူသာ ဖန်ယောင်ရွှမ်းနဲ့ တိတ်တိတ်လေး အဆက်သွယ်ရှိနေမယ်ဆို ချူချန်ကိုတည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်တဲ့သူ့စိတ်ဓာတ်ကအတော်မဆိုဘူး။

{ကျိုးကျိုး မင်းက ခေါင်းဆောင်မင်းသားနေရာကသရုပ်ဆောင်မှာဆိုတော့ မင်းတို့ဇာတ်လမ်းထဲကနံပါတ်သုံးအရံနေရာကလစ်လပ်နေတယ်ဆို ဟုတ်လား}

{အမ်း}
ကျိချင်းကျိုး ခေါင်းညိမ့်ပြလိုက်သည်။

{ဒါဆို မင်း ညွှန်းပေးချင်တဲ့သင့်တော်သူတစ်ယောက်‌ ယောက်မရှိဘူးလား}

{အာ ? }

ကျိချင်းကျိုးအံ့ဩသွားမိကာ

{ဘာလို့ကျွန်တော့်ကိုမေးတာလဲ? ခင်ဗျားအဲ့တာကိုဘယ်အချိန်တည်းက စိတ်ပူနေတာလဲ}

{ကိုယ်ကအခုဆို ဒီဇာတ်လမ်းရဲ့ရင်းနှီးမြှုပ်နှံသူဆိုတော့ ရိုက်ကွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိတာအမှန်ပဲ ဒါနဲ့မင်းကိုမေးကြည့်လိုက်တာ}

{ဒါပေမယ့် ကျွန်တော်မှမသိတာ}

ကျိချင်းကျိုးအမှန်တိုင်းပြောနေတာပင်။သူကူးပြောင်းလာတာဖြင့်မကြာသေးဘူး။သူက စာအုပ်ထဲမှာပါတဲ့အနုပညာရှင်တွေရဲ့နာမည်ပဲမှတ်မိတာ… သူတို့ဘာနဲ့တူလဲဆိုတာတောင် သူမသိဘူးလေ…

{သင့်တော်တဲ့လူမရှိဘူးပေါ့ … မင်းအကြံပေးချင်သေးလား}

ချူချန်က တမင်သက်သက်မေးလိုက်သည်။

ကျိချင်းကျိုးက ခေါင်းယမ်းပြလာလျက်

{ဟင့်အင်း}

{ဒါနဲ့ ဖန်ယောင်ရွှမ်းက ဒီဇာတ်ကားရဲ့နံပါတ်သုံးအရံနေရာမှာ သရုပ်ဆောင်ချင်တယ်တဲ့ … မင်းကြည့်ရတာ သူ့ကိုညွှန်းပေးချင်ပုံမပေါ်သလိုပဲနော်}

ကျိချင်းကျိုးက ထိတ်လန့်စွာ

{ ဖန်ယောင်ရွှမ်းက နံပါတ်သုံးအရံနေရာမှာသရုပ်ဆောင်ချင်တယ် ? သူရူးနေတာလား ? သူကနာမည်ကြီးအနုပညာရှင်ကြီးမဟုတ်လား}

ချူချန်သည် သူ့မျက်နှာထက်က အံ့ဩမှုနှင့် မယုံကြည်နိုင်ဖွယ်ဖြစ်နေတဲ့အသံကိုနားထောင်ပြီး သူ့သံသယနည်းနည်းပျက်ပြယ်သွားသည်။ ဒါပေါ့ ချူချန်က သူ့ရဲ့ထိပ်တန်းသရုပ်ဆောင်စကေးတွေကိုလည်း မဖယ်ထုတ်ထားဘူးလေ။ပြောရရင် ဒါရိုက်တာတောင် သူ့ရဲ့ပြောင်မြောက်တဲ့ပရော်ဖက်ရှင်နယ်စွမ်းရည်တွေကြောင့် ချီးကျူးခဲ့တယ်မလား။

{ဟုတ်တယ် မင်းပြောသလို သူကနာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဒီလိုထုတ်လုပ်ရေးအဖွဲ့သေးသေးလေးကို ဘာလို့လာချင်နေတာပါလိမ့် ဒါ့ပြင် ဇာတ်ပို့နေရာကသရုပ်ဆောင်ရမှာကိုလေ}

ကျိချင်းကျိုးမှာ သူ့ရဲ့ထူးဆန်းတဲ့အသံနေအသံထားကြီးကိုနားထောင်ပြီး ဒီvideo callရဲ့ရည်ရွယ်ချက်ကိုနားလည်သွားသည်။ချူချန်က သူ့ဘာသာမစဉ်းစားဘဲ သူ့ကို ကိုယ်ပိုင်ရွေးချယ်မှုနဲ့ညွှန်းဆိုခိုင်းတယ်။သူဖောက်ပြန်တယ်ဆိုပြီး သင်္ကာမကင်းဖြစ်နေလို့ ‌ရွေးချယ်ခိုင်းနေတာပေါ့လေ!

သူတကယ်ကြီးအထင်လွဲနေတယ်လို့ ကျိချင်းကျိုးထင်တယ်။ သူ မတ်တပ်ထရပ်ပြီး ပြတင်းပေါက်ဆီလျှောက်သွားကာ တံခါးဖွင့်၍ အပြင်ကိုကြည့်လိုက်သည်။

ချူချန်က သူ့ရဲ့အပြုအမူတွေကိုလိုက်ကြည့်ပြီး ပဟေဋိဖြစ်နေသည်။

{မင်းဘာလုပ်နေတာတုန်း ဒီပေါ်ကနေထပ်ခုန်ချမလို့လား}

{ဟင့်အင်း}

ကျိချင်းကျိုးပြောလိုက်တယ်။

{အပြင်မှာနှင်းကျနေလားကြည်ကြည့်တာ}

{ဆောင်းရာသီတောင်မရောက်သေးဘူး နှင်းကျနေပြီလား}

{ဇွန်လရဲ့နှင်းလေ ! }

ကျိချင်းကျိုးက ဒေါသတကြီးဖြင့်

{သော့အဲ အထင်လွဲခံရတုန်းကကျ နှင်းကျခဲ့ပြီး ကျွန်တော်အထင်လွဲခံရတော့ ကောင်းကင်မှာဘာလှုပ်ရှားမှုမှမရှိလို့လေ ! }

ချူချန်ကသူ့ကြောင့်ချက်ချင်းသဘောကျသွားသည်။

{ဒါနဲ့ နှင်းတွေမြင်ရလား? နှင်းထက်စောတဲ့မိုးတောင်မရွာဘူးလေ။ဒီတော့ ကိုယ် မင်းကိုအထင်လွဲနေတာလုံးဝမဟုတ်ဘူး}

ကျိချင်းကျိုး : "…"

ချူချန်ကပြုံးရွှင်စွာပြောလာသည်။

{ကိုယ်မှားလို့လား… မင်းဆိုလိုတာ အဲ့ဒါမဟုတ်ဘူးလား}

ကျိုးချင်းကျိုးတစ်ခွန်းမှမပြောချင်တော့ဘူးး

{ခင်ဗျားကအဲ့ဒါကိုအာရုံစိုက်နေတာပေါ့ … ခင်ဗျားကအရုပ်ကောက်စက်ကြီးလိုဂိုက်ဖမ်းနေတာလား?  ဘာမှမမိနိုင်ဘူးမှတ်!}

{မင်းကိုယ့်ကိုအထင်သေးနေလည်း  ကိုယ် တစ်ခါတစ်‌လေအရုပ်‌သွားကောက်ရင်  မင်းကိုခေါ်သွားပါ့မယ်ကွာ…မင်းကြိုက်တဲ့ဘယ်အရာမဆို ကိုယ်ဖမ်းပေးပါ့မယ်}

ကျိချင်းကျိုးက နှာခေါင်းရှုံ့ပြီး

{အဲ့နေ့ထိကျွန်တော်စောင့်နိုင်ပါ့မလား? ကျွန်တော်က ဖန်ယောင်ရွှမ်းနဲ့တိတ်တိတ်လေးဆက်သွယ်၊ရိုက်ကွင်းမှာသူနဲ့တွေ့ပြီး ခင်ဗျားကိုလှည့်စားမယ်လို့ သံသယမဝင်စမ်းပါနဲ့}

ချူချန်က ထက်သန်စွာပြောလာသည်။

{မင်းမလုပ်ဘူးမလား}

>>>>>>>>

ရှာလကာရည်အိုကြီးအေ သူပဲစိတ်တွေမချဖြစ်နေ😂😂
နောက်တစ်ပိုင်းမှာဒီရှာလကာရည်အိုးကြီးက ဘယ်လိုအံ့ဩအောင်လုပ်ပြမလဲစောင့်မျှော်ကြပါဦး📢📢📢
💙
သော့အဲက သတို့သမီးကနေမုဆိုးမလေးဘဝရောက်သွားတဲ့ပုံပြင်ပါ။သူ့ချစ်သူကျန်းက ပြစ်မှုကျူးလွန်ခဲ့တာကို တရားရုံးမှုငြင်းဆန်လိုက်တဲ့တွက် မှားယွင်ပြီးအပြစ်ခံခဲ့ရတဲ့သူပါ။ သူမကိုသေဒဏ်စီရင်ပြီးတာနဲ့ အနာဂတ်သဘာဝတရားကြီးကပါ သူမရဲ့ဖြူစင်ရိုးသားမှုကိုသက်သေပြပေးတဲ့အနေနဲ့ ကောင်းကင်က သွေးမိုးရွာတယ် ။ ဇွန်လမှာ နှင်းတွေကျတယ်…သုံးနှစ်မိုးခေါင်ခဲ့ပါတယ်။ ကျိုးကျိုးကလည်း မိုးကောင်းကင်ကြီးကို သူ့ဖြူစင်မှုပေါ် သက်သေပြစေချင်တာ😂😂😂

>>>>>>>>>>>>

Zawgyi

အဆုံးမွာေတာ့ ဒါ႐ိုက္တာက ဖန္ေယာင္႐ႊမ္းရဲ႕ေအးဂ်င့္ဆီအေၾကာင္းျပန္လိုက္သည္။ ဖန္ေယာင္႐ႊမ္းရဲ႕ကမ္းလွမ္းမႈတြက္ ႐ိုက္ကူးေရးအဖြဲ႕က အထူးေက်းဇူးတင္ၿပီး ဖန္ေယာင္႐ႊမ္းနဲ႔ပူးေပါင္းဖို႔ ဆႏၵ႐ွိေသာ္လည္း အလာေႏွာင္းသြားၿပီျဖစ္‌ေၾကာင္း အခုလည္း ေခါင္းေဆာင္မင္းသားကို႐ွာေတြ႕ၿပီးလို႔ စာခ်ဳပ္ခ်ဳပ္ၿပီးပါၿပီ…သူတို႔ကအခုပဲ ခ်န္က်ိယြမ္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းမႈကိုၾကဳံေတြ႕ထားရတာျဖစ္လို႔ စာခ်ဳပ္ပါအခ်က္လက္ေတြကို မလိုက္နာတဲ့လူကိုမလိုခ်င္ပါေၾကာင္း။ၿပီးေတာ့ အခုလစ္လပ္ေနတဲ့အရံမင္းသားနံပါတ္သုံးေနရာကလည္း ဖန္ေယာင္႐ႊမ္းရဲ႕ထိပ္တန္းအဆင့္နဲ႔မသင့္ေလ်ာ္ပါေၾကာင္း သူတို႔ကိုယ္သူတို႔လည္း ႐ွက္႐ြံ႕မိ‌ပါေၾကာင္း ေနာက္တစ္ႀကိမ္မွပဲ ပူးေပါင္းၾကတာေပါ့ဟူ၍ပင္။
 
သို႔ေသာ္ ဖန္ေယာင္႐ႊမ္းရဲ႕ေအးဂ်င့္ကေတာ့ ဒီလိုထုတ္လုပ္ေရးအသင္းေလးက သူ႕မင္းသားကိုျငင္းရဲ႕တဲ့အတြက္ အံ့ဩသြားေပမယ့္ သူမက အစတည္းက ဖန္ေယာင္႐ႊမ္းကိုပါေစခ်င္တာမဟုတ္၍ စိတ္သက္သာရာရစြာ ရလဒ္ကို ဖန္ေယာင္႐ႊမ္းဆီအမွန္တိုင္းပို႔ေပးလိုက္သည္။

ဖန္ေယာင္႐ႊမ္းကေတာ့ စဥ္းစားမရျဖစ္ေနခဲ့တယ္။

“ အရင္နံပါတ္သုံးေနရာကအရံကဘာျဖစ္လို႔လဲ ? သူလည္း စာခ်ဳပ္ဖ်က္သြားတာလား”

“အဲ့လိုမဟုတ္ဘူး"

ေအးဂ်င့္ကျပန္ေျပာလာသည္။

"အခုေခါင္းေဆာင္မင္းသားေနရာမွာသ႐ုပ္ေဆာင္မွာက အရင္ နံပါတ္သုံးအရံတဲ့။ ဒါ႐ိုက္တာက သူ႕သ႐ုပ္ေဆာင္စေကးေရာ ႐ိုက္ကြင္းထဲမွာလည္း ၾကည့္ေကာင္းေတာ့ ခ်န္က်ိယြမ္ေနရာမွာေ႐ြးလိုက္တာ အဲ့တာေၾကာင့္ နံပါတ္သုံးအရံေနရာက လြတ္ေနတာ"

"ဒါဆို က်ိခ်င္းက်ိဳးက ေခါင္းေဆာင္မင္းသားအေနနဲ႔သ႐ုပ္ေဆာင္ေတာ့မွာေပါ့"

ဖန္ေယာင္႐ႊမ္း အံ့ဩသြားခဲ့တယ္။

"သူက အဆိုးထဲကအေကာင္းျဖစ္သြားတာပဲ…ခ်န္က်ိယြမ္ ထြက္သြားေတာ့ သူကထိပ္ဆုံးေရာက္လာၿပီး ကံေကာင္းသြားတာ"

"ဟုတ္တယ္"

ေအးဂ်င့္ကလည္း သေဘာတူလာသည္။

ဖန္ေယာင္႐ႊမ္းသည္ ခဏေလာက္ေတြးဆေနၿပီး အရံေနရာကသ႐ုပ္ေဆာင္ရမွာမေက်နပ္ေသာ္လည္း သူ႕အစားထိုးေလးနဲ႔နီးစပ္ၿပီး မီးေတာ့ထဲက ကယ္ထုတ္ႏိုင္ရန္ ဘာျဖစ္ျဖစ္ ဆုံးျဖတ္လိုက္ၿပီး မတတ္ႏိုင္စြာေျပာမိရေတာ့သည္။

"နံပါတ္သုံးအရံေနရာလည္း အဆင္ေျပပါတယ္ ဇာတ္ကားထဲမွာ သူ႕တြက္ အခန္းအမ်ားႀကီးမပါဘူးမလား။ေကာင္းတယ္ ဝါသနာအရလုပ္တာပဲေလ ေနာက္ပိုင္းဇာတ္ကားထဲမွာ အခ်ိန္ၾကန္႔ၾကာမွာမဟုတ္ေတာ့ဘူးေပါ့။ အစ္မဒါ႐ိုက္တာကိုေျပာလိုက္ပါ နံပါတ္သုံးအရံေနရာကလည္း အဆင္ေျပတယ္လို႔"

ေအးဂ်င့္ကၾကက္ေသေသကာ သူ႕ကိုမယုံၾကည္သလိုၾကည့္လာၿပီး စကားလုံးေတြဖ်စ္ညစ္ၿပီးေျပာလာသည္။

"မင္းဘာေျပာေနလဲေရာသိရဲ႕လား"

"သိတယ္ေလ"

"မင္းကနာမည္မ႐ွိေသးတဲ့လူသစ္ေလးနဲ႔တြဲဖို႔အြန္လိုင္းဒရမ္မာမွာ နံပါတ္သုံးအရံေနရာကေန သ႐ုပ္ေဆာင္ေတာ့မယ္ေပါ့"

ေအးဂ်င့္ကေတာ့ ေခါင္းကိုက္လာမိတယ္။

"ဒီရက္ပိုင္းစတူဒီယိုကေအးခ်မ္းေနတယ္လို႔မင္းထင္လို႔မ်ားလား ? မင္းဖန္ေတြသိတာနဲ႔ စတူဒီယိုနဲ႔မင္းကို လာဆြဲၿဖဲၾကမွာမေၾကာက္ဘူးလား"

"အစ္မနဲ႔စတူဒီယိုကိုလာဆြဲၿဖဲမွာလို႔ေျပာရမွာ ကြၽန္ေတာ့္ကိုမဟုတ္ဘူး"

ေအးဂ်င့္က ဆြံ႕အစြာသူေဘးမွာထိုင္ၿပီး ေမးလာသည္။

" ေယာင္႐ႊမ္း ဘာလို႔လဲ ? ႐ိုက္ကူးေရးလုပ္တာမွာ ရည္႐ြယ္ခ်က္႐ွိေနက်ပဲေလ ပိုက္ဆံတြက္လား ? ဖန္ေတြအတြက္လား ? ေနာက္ခံအင္အားအတြက္လား ? တစ္ေယာက္ေယာက္ကိုျမႇင့္တင္ေပးဖို႔လား ? မင္းဒီကား႐ိုက္လို႔ဘာရမွာလဲ ? မင္းဘာေတြေတြးေနတာလဲ ?"

ဖန္ေယာင္႐ႊမ္းတြက္ သူမကိုအမ်ား႐ွင္းျပရမွာပ်င္းလြန္းတယ္။က်ိခ်င္းက်ိဳးအေၾကာင္းကို သူ႕ေအးဂ်င့္သိဖို႔ မလိုအပ္ဘူးေလ။

" ရပါတယ္ စြင္းက်ဲစိတ္ခ်ထားပါ ။ သူတို႔က ကြၽန္ေတာ့္ကိုအထူးဖိတ္ၾကားလႊာနဲ႔သ႐ုပ္ေဆာင္ခြင့္ေပးမွာ"

စြင္းယင္မွာေ႐ြးခ်ယ္စရာမ႐ွိဘဲ ဒါ႐ိုက္တာနဲ႔ျပန္ေဆြးေႏြးရေတာ့သည္။သူမသာ မေအာင္ျမင္ရင္ အဆူခံရမွာကိုေတြးေနမိတယ္။ကမ္းလွမ္းခ်က္ေျပာဖို႔ အခြင့္အေရးေကာင္းေကာင္းယူရမယ္။အဆုံးသတ္ေတာ့ ဖန္ေယာင္႐ႊမ္းဆိုတာ ေ႐ြ႕ေျပာင္းႏိုင္တဲ့ ေၾကညာဘုတ္ႀကီးပဲ။သူသာ 《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》မွာသ႐ုပ္ေဆာင္ရင္ ရင္းႏွီးျမႇဳပ္ႏွံသူေတြေရာက္လာၾကမွာအေသအခ်ာပင္။

ဒါ႐ိုက္တာႀကီးက သူအဲ့လိုေျပာလိုက္တာေတာင္ ဖန္ေယာင္႐ႊမ္းက ပါဝင္ဖို႔ဆႏၵ႐ွိေနအုံးမယ္လို႔  လုံးဝမထင္ထားခဲ့ဘူး။

"ဘာေျပာတယ္ ! ဖန္ေယာင္႐ႊမ္းက နံပါတ္သုံးအရံေနရာက သ႐ုပ္ေဆာင္ဖို႔ သေဘာတူတယ္လား? "

ကမ႓ာႀကီးက အရမ္းေမွာ္ဆန္လြန္းတယ္လို႔က်န္းနန္ထင္တယ္။ သူတို႔႐ိုက္ကူးေရးအဖြဲ႕က အခုတေလာကံေကာင္းေနၾကတာမဟုတ္လား ! ဒီလိုေကာင္းမြန္းတဲ့အရာေတြျဖစ္ေနတယ္ေလ !

ဒါ႐ိုက္တာက သေဘာတူသလိုေခါင္းညိမ့္ကာ

"ဖန္ေယာင္႐ႊမ္းရဲ႕ေက်ာ္ၾကားမႈနဲ႔ဆို သူ႕ကမ္းလွမ္းခ်က္ကေတာ္ေတာ္ျမင့္မွာ…က်န္းေမ့ေရ ဥကၠဌခ်ဴကို အရင္းအႏွီးပိုထည့္ေပးဖို႔ၾကည့္ၾကပ္ေတာင္းဆိုၾကည့္လိုက္ဦး "

"ဖန္ေယာင္႐ႊမ္းပါသ႐ုပ္ေဆာင္ရင္ သူ႕ေက်ာ္ၾကားမႈနဲ႔ဆို ေငြေရးေၾကးေရးျပႆနာလည္းျပင္းထန္ေတာ့မွာမဟုတ္ဘူး။ ဥကၠဌခ်ဴဆႏၵမ႐ွိရင္ေတာင္ တစ္ျခားရင္းႏွီးျမႇဳပ္ႏွံသူေတြထည့္ခ်င္ၾကလိမ့္မယ္။ဖန္ေယာင္႐ႊမ္းက သူ႕အေနအထားထက္နိမ့္တဲ့ နံပါတ္သုံးအရံေနရာမွာသ႐ုပ္ေဆာင္ခ်င္တယ္တဲ့ ကြၽန္မေတာ့ နည္းနည္းထူးဆန္းတယ္ထင္မိတယ္။သူဘာလုပ္ခ်င္ေနတာမ်ားလဲ "

"ငါလည္းတစ္ျခားမသိပါဘူး … ဒီဇာတ္ကားအလားလား႐ွိတယ္ဆိုၿပီး သူစိတ္ဝင္စားလို႔ေနမွာေပါ့…ဒါေပမယ့္ သူက ေခါင္းေဆာင္မင္းသားေနရာကို အတင္းအက်ပ္ေျပာသင့္တယ္ေလ ဘာလို႔ နံပါတ္သုံးအရံေနရာကိုလြယ္လြယ္လက္ခံလိုက္တာလဲ ? သည္ဇာတ္ကားရဲ႕ေအာင္ျမင္ႏိုင္ေခ်ေပၚစိတ္ဝင္စားေနတာမွမဟုတ္ရင္ တစ္ျခားဘာျဖစ္ႏိုင္လို႔လဲ "

ဒါ႐ိုက္တာႀကီးလည္း သိခ်င္ေနခဲ့တယ္။

က်န္းနန္ကေတာ့ ဖန္ေယာင္႐ႊမ္းရဲ႕အျပဳအမူေတြကထူးဆန္းလြန္းတယ္လိုခံစားရေသာ္လည္း တစ္ျခားေတာ့မသိေပ။သို႔ေသာ္ ဘာေတြထူးဆန္းထူးဆန္း ဖန္ေယာင္႐ႊမ္းသူတို႔႐ိုက္ကူးေရးအဖြဲ႕ကိုဆက္သြယ္လာတာက ေကာင္းတဲ့ကိစၥပဲ။

"ေ႐ွာင္ခ်ဴကိုအရင္ေျပာၾကည့္ဦးမယ္ေလ အခုဆို သူက ကြၽန္မတို႔ရဲ႕ရင္းႏွီးျမႇဳပ္ႏွံသူပဲဟာ ဖန္ေယာင္႐ႊမ္းပါလာတယ္ဆိုတာ ဒီေလာက္အေရးႀကီးတဲ့ကိစၥကို သူလည္း သိသင့္တာေပါ့"

က်န္းနန္ကေျပာၿပီးသည္ႏွင့္ ဖုန္းထုတ္ကာ ခ်ဴခ်န္ဆီဆက္လိုက္သည္။

ခ်ဴခ်န္သည္ ဖန္ေယာင္႐ႊမ္း 《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》မွာပါဝင္မယ္ၾကားရေတာ့ ဒီေမွာ္ဆန္ဆန္ဦးတည္ခ်က္ႀကီးေၾကာင္ ခ်က္ခ်င္း သေဘာက်သြားသည္။

{ဖန္ေယာင္႐ႊမ္းလား}

သူမရယ္ပဲမေနႏိုင္ေခ်။

{သူတကယ္ ငါ့ေနာက္လိုက္ေနတာပဲ … ဒီဇာတ္ကားအေၾကာင္းေတာင္စဥ္းစားႏိုင္တယ္}

က်န္းနန္က သူေျပာတာနားေထာင္ၿပီး ေမးလာ၏။

{ဥကၠဌခ်ဴက ဖန္ေယာင္႐ႊမ္းကိုသိလို႔လား}

{သိတာထက္ပိုတယ္ ကြၽန္ေတာ္သူ႕ကိုေဆး႐ုံပို႔လုနီးပါးပဲ}

က်န္းနန္ : …

{မင္းေျပာသလိုဆို မင္းတို႔က ဖန္ေယာင္႐ႊမ္းကိုနံပါတ္သုံးအရံေနရာမွာပါခြင့္ျပဳခ်င္ၾကတယ္ေပါ့ အဲ့လို႔လား}

ခ်ဴခ်န္ေမးလိုက္သည္။

က်န္းနန္ကခါးသက္သက္ျပဳံးကာ

{အဲ့တာ ဥကၠဌခ်ဴကိုဖုန္းမေခၚခင္ကပါ}

{အဲ အခုမပါခိုင္းေတာ့ဘူးလား}

႐ွင္ ေဆး႐ုံပို႔ခါနီးလူကို ကြၽန္မဘယ္လိုပါခိုင္းရဲပါ့မလဲ ?

က်န္းနန္မွာေခါင္းတစ္ဆစ္ဆစ္ျဖစ္လာ၏။

{ဖန္ေယာင္႐ြမ္းဘာလို႔ဒီကားထဲမွာပါခ်င္ေနလဲ ဥကၠဌခ်ဴေရာသိလား႐ွင့္ }

{သိလိုလိုပါပဲ}

{ဒါဆို ဥကၠဌခ်ဴကေရာ သူဒီကားမွာပါတာမလိုခ်င္ဘူးလား}

{မလိုခ်င္ဘူး! လုံးဝသေဘာမတူဘူး ! မင္းတို႔ ဖန္ေယာင္း႐ႊမ္းကို ပါခိုင္းရင္း ကြၽန္ေတာ့္အရင္းအႏွီးေတြျပန္ထုတ္ပစ္မွာ… က်ိခ်င္းက်ိဳးတြက္ ေလ်ာ္ေၾကးပါ ကြၽန္ေတာ္ေပးပလိုက္မယ္…ဖန္ေယာင္႐ႊမ္းနာမည္ႀကီးၿပီး လူေတြအမ်ားႀကီးသူ႕ကိုသ႐ုပ္ေဆာင္ေစခ်င္တာ ကြၽန္ေတာ္သိတာေပါ့…ဒါဆို သူ႕ကိုအရင္းအႏွီးထည့္ခိုင္းၾကေလ}

{ဥကၠဌခ်ဴ ေ႐ွာင္က်ိက အစ္မတို႔နဲ႔သေဘာတူညီခ်က္စာခ်ဳပ္ခ်ဳပ္ထားတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သလို မင္းကလည္း အစ္မတို႔နဲ႔စာခ်ဳပ္ခ်ဳပ္ထားတဲ့ အလုပ္႐ွင္တစ္ေယာက္ပဲ…အေရးႀကီးတဲ့အခ်က္က လူဆိုတာ ေျဖာင့္မတ္တဲ့စကားကိုဆိုသင့္တယ္…မင္းက အစ္မတို႔အခက္ခဲဆုံးအခ်ိန္မွာ ကူညီေပးခဲ့တယ္။အစ္မတို႔ကလည္း မင္းဘက္ကိုအရင္ဦးစားေပးသင့္တာေပါ့…ဒ့ါျပင္ ဖန္ေယာင္႐ႊမ္းရဲ႕ေဈးႏႈန္းကျမင့္လြန္းတယ္။အဲ့ပိုက္ဆံေတြကို အစ္မတို႔ ထုတ္လုပ္ေရးေသးေသးေလးက ဘယ္လိုတတ္ႏိုင္မွာလဲ…ဒီေတာ့ မင္းသေဘာမတူရင္ တစ္ျခားမင္းသားေတြထပ္႐ွာလိုက္ပါ့မယ္}

{မင္းေသေသခ်ာခ်ာစဥ္းစားေနာ္ ဖန္ေယာင္႐ႊမ္းကအခုအရမ္းနာမည္ႀကီးေနတာ မင္းဒါကိုလက္လႊတ္လိုက္ရင္ ဆုံး႐ႈံးသြားလိမ့္မယ္ေနာ္}

က်န္းနန္ေခါင္းညိမ့္လိုက္တယ္။ဟုတ္တာေပါ့ ဖန္ေယာင္႐ႊမ္းကိုလက္လႊတ္ရင္ ဒီဇာတ္ကားတြက္အက်ိဳးသက္ေရာက္လာမယ္။ဖန္ေယာင္႐ႊမ္းတြက္ ခ်ဴခ်န္ကိုရန္စရင္ေတာ့လာ ေနာက္ပိုင္း သူမလိုခ်င္တဲ့ ဇာတ္လမ္းအသစ္‌ေတြ IPေတြ ခ်ဴခ်န္ဆီကဝယ္ဖို႔ ခက္ခဲလာလိမ့္မယ္ေလ…ဆုံး႐ႈံးမႈကမတန္မဆပဲ…

{႐ိုး႐ိုးသားသားေျပာရရင္ အစ္မက မင္းနဲ႔အၾကာႀကီးအလုပ္တြဲလုပ္ခ်င္တုန္းပါပဲ…ဒီေတာ့ ဖန္ေယာင္႐ႊမ္းထက္ မင္းကိုပိုၿပီး လက္မလႊတ္ခ်င္တာ အမွန္ပဲ}

ခ်ဴခ်န္ သူမရဲ႕ပြင့္ပြင့္လင္းလင္းေျပာဆိုမႈကို ခံစားႏိုင္ပါတယ္။

{က်န္းက်ဲ အစ္မရဲ႕ ထုတ္လုပ္ေရးအဖြဲ႕ကလူတိုင္းအစ္မလိုဉာဏ္ေကာင္းမယ္ဆို အခုထက္ပိုၿပီးေအာင္ျမင္လာမွာပဲ}

က်န္းနန္ျပဳံးကာ

{ဟုတ္ပ လူတိုင္းရင့္က်က္ေနၾကရမွာ…တျဖည္းျဖည္း သူတို႔လည္း ရင့္က်က္လာၾကပါလိမ့္မယ္}

သူမဖုန္းခ်ၿပီး ဒါ႐ိုက္တာကိုဖန္ေယာင္႐ႊမ္းဆီဖုန္းေခၚ၍ ရန္ပုံေငြအကန္႔အသတ္႐ွိတာေၾကာင့္ ေနာက္တစ္ႀကိမ္မွပူးေပါင္းေဆာင္႐ြက္ၾကတာေပါ့လို႔ေျပာဖို႔ေတာင္းဆိုလိုက္သည္။ဒါ႐ိုက္တာက သက္ျပင္းခ်ကာ ဘဲကင္ႀကီးအေဝးပ်ံသြားတဲ့တြက္ စိတ္ဓာတ္က်ေနခဲ့တယ္။က်န္းနန္ကေတာ့ စိတ္ပူေနသည္။ ဖန္ေယာင္႐ႊမ္းကိုျငင္းဆန္လိုက္ေတာ့ နံပါတ္သုံးအရံေနရာတြက္ တစ္ျခားတစ္ေယာက္ကိုသူတို႔႐ွာရဦးမယ္ေလ။သူတို႔အလ်င္စလိုလုပ္မွျဖစ္ေတာ့မယ္။

စြင္းယင္မယုံၾကည္ႏိုင္ဘူး။သူ႕မိသားစုရဲ႕ဖန္ေယာင္႐ႊမ္းက နံပါတ္သုံးအရံေနရာမွာသ႐ုပ္ေဆာင္ခ်င္တာေတာင္ ရန္ပုံေငြမေလာက္ငဘူးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ သ႐ုပ္ေဆာင္ေျပာင္းခ်င္တယ္ေပါ့ ။ အ႐ွက္မဲ့လိုက္ၾကတာ ! သူတို႔က ဒီဇာတ္လမ္းေအာင္ျမင္မယ္လို႔တကယ္ထင္ေနၾကတယ္‌ေပါ့ ! စြင္းယင္ကေဒါသထြက္စြာ ဖန္ေယာင္႐ႊမ္းဆီသတင္းပို႔လိုက္သည္။ ဖန္ေယာင္႐ႊမ္းလည္းစဥ္းစားမရျဖစ္သြားတယ္။အခုဆို 《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》ရဲ႕႐ိုက္ကူးေရးအဖြဲ႕တြက္ အေရးႀကီးဆုံးအခ်ိန္ျဖစ္ေနတာကို သူ႕ဘက္က ကမ္းလွမ္းတာေတာင္မွ သူ႕ကိုဖယ္ထုတ္ဖို႔ မဆီေလ်ာ္တဲ့အေၾကာင္းျပခ်က္ေတြေပးေနၾကတယ္။ဘာလို႔မ်ားလဲ ?

ဒါ႐ိုက္တာက သူနဲ႔အလုပ္တြဲလုပ္ဖို႔ဆႏၵမ႐ွိဘူးလို႔ ဖန္ေယာင္႐ႊမ္းမထင္ခဲ့မိဘူး။ႏွစ္ဖက္လုံးက မတိုးသာမဆုတ္သာအေျခအေနႀကီးမွာေသာင္တင္ေနခဲ့သည္။

တစ္ဖက္မွာေတာ့ ခ်ဴခ်န္သည္ ဖုန္းကိုင္ထားရင္း ဖန္ေယာင္႐ႊမ္းကိစၥေပၚေတြးေတာေနမိသည္။သိပ္ကိုတိုက္ဆိုင္လြန္းတယ္ ခ်န္က်ိယြမ္ စာခ်ဳပ္ဖ်က္သိမ္း႐ုံပဲ႐ွိေသး ဖန္ေယာင္႐ႊမ္းက အစားဝင္ခ်င္တယ္တဲ့လား? က်ိခ်င္းက်ိဳးက တကယ္လိမၼာၿပီး သူအမ်ားႀကီးသေဘာက်ရပါေသာ္လည္း က်ိခ်င္းက်ိဳးရဲ႕အတိတ္အရိပ္ႀကီးကိုေတာ့ေမ့မေနပါ။သူ႕ကိုေခ်ာ့ၿပီး ဖန္ေယာင္႐ႊမ္းနဲ႔အဆက္သြယ္႐ွိမ႐ွိစစ္ေဆးၾကည့္လိုက္ရင္ ခဲတစ္လုံးနဲ႔ငွက္ႏွစ္ေကာင္ထိၿပီေပါ့လို႔ ခ်ဴခ်န္ ေတြးလိုက္သည္။ အဟား က်ိခ်င္းက်ိဳးေတာင္ အရင္ကသူ႕ကိုလွည့္စားခဲ့တယ္မဟုတ္လား ? သူလည္းလုပ္ရမွာေပါ့ !

က်ိခ်င္းက်ိဳးက ဇာတ္ၫႊန္းဖတ္ေန၏။ အခုဆို သူ႕ဇာတ္ေကာင္ေနရာက ေျပာင္းၿပီး က်န္းေဖးျဖစ္လာတဲ့အတြက္ သူ႕ကိုယ္သူ က်န္းေဖးဇာတ္ေကာင္ေနရာကသ႐ုပ္ေဆာင္ႏိုင္ရန္ က်န္းေဖးေျပာရမယ့္စာေၾကာင္းေတြဇာတ္ၫႊန္းေတြျပန္ဖတ္ေနရသည္။သူ က်န္းေဖနဲ႔ က်န္းေဝေဝတို႔ၾကားက ရန္ပြဲကိုဖတ္ေနခ်ိန္မွာပဲ ဖုန္းသံျမည္လာခဲ့သည္။သူလွမ္းယူၿပီးၾကည့္လိုက္ေတာ့ ခ်ဴခ်န္က video callေခၚလာတာျဖစ္သည္။

{ဘာလို႔လဲ ကြၽန္ေတာ့္ကိုလြမ္းလို႔လား}

သူ ခ်ဴခ်န္ကိုေမးလိုက္တယ္။

ခ်ဴခ်န္က သူ႕မ်က္လုံးထဲ႐ွိမသိမသာအျပဳံးရိပ္ေလးစြန္းထင္လာခဲ့သည္အား ၾကည့္မိသြားသည္။သူ႕အသံကိုနားေထာင္ၾကည့္ေတာ့လည္း အရင္ကနဲ႔တူတူပါပဲ…တကယ္လို႔သူသာ ဖန္ေယာင္႐ႊမ္းနဲ႔ တိတ္တိတ္ေလး အဆက္သြယ္႐ွိေနမယ္ဆို ခ်ဴခ်န္ကိုတည္တည္ၿငိမ္ၿငိမ္ရင္ဆိုင္ႏိုင္တဲ့သူ႕စိတ္ဓာတ္ကအေတာ္မဆိုဘူး။

{က်ိဳးက်ိဳး မင္းက ေခါင္းေဆာင္မင္းသားေနရာကသ႐ုပ္ေဆာင္မွာဆိုေတာ့ မင္းတို႔ဇာတ္လမ္းထဲကနံပါတ္သုံးအရံေနရာကလစ္လပ္ေနတယ္ဆို ဟုတ္လား}

{အမ္း}
က်ိခ်င္းက်ိဳး ေခါင္းညိမ့္ျပလိုက္သည္။

{ဒါဆို မင္း ၫႊန္းေပးခ်င္တဲ့သင့္ေတာ္သူတစ္ေယာက္‌ ေယာက္မ႐ွိဘူးလား}

{အာ ? }

က်ိခ်င္းက်ိဳးအံ့ဩသြားမိကာ

{ဘာလို႔ကြၽန္ေတာ့္ကိုေမးတာလဲ? ခင္ဗ်ားအဲ့တာကိုဘယ္အခ်ိန္တည္းက စိတ္ပူေနတာလဲ}

{ကိုယ္ကအခုဆို ဒီဇာတ္လမ္းရဲ႕ရင္းႏွီးျမႇဳပ္ႏွံသူဆိုေတာ့ ႐ိုက္ကြင္းအေျခအေနေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတာအမွန္ပဲ ဒါနဲ႔မင္းကိုေမးၾကည့္လိုက္တာ}

{ဒါေပမယ့္ ကြၽန္ေတာ္မွမသိတာ}

က်ိခ်င္းက်ိဳးအမွန္တိုင္းေျပာေနတာပင္။သူကူးေျပာင္းလာတာျဖင့္မၾကာေသးဘူး။သူက စာအုပ္ထဲမွာပါတဲ့အႏုပညာ႐ွင္ေတြရဲ႕နာမည္ပဲမွတ္မိတာ… သူတို႔ဘာနဲ႔တူလဲဆိုတာေတာင္ သူမသိဘူးေလ…

{သင့္ေတာ္တဲ့လူမ႐ွိဘူးေပါ့ … မင္းအၾကံေပးခ်င္ေသးလား}

ခ်ဴခ်န္က တမင္သက္သက္ေမးလိုက္သည္။

က်ိခ်င္းက်ိဳးက ေခါင္းယမ္းျပလာလ်က္

{ဟင့္အင္း}

{ဒါနဲ႔ ဖန္ေယာင္႐ႊမ္းက ဒီဇာတ္ကားရဲ႕နံပါတ္သုံးအရံေနရာမွာ သ႐ုပ္ေဆာင္ခ်င္တယ္တဲ့ … မင္းၾကည့္ရတာ သူ႕ကိုၫႊန္းေပးခ်င္ပုံမေပၚသလိုပဲေနာ္}

က်ိခ်င္းက်ိဳးက ထိတ္လန္႔စြာ

{ ဖန္ေယာင္႐ႊမ္းက နံပါတ္သုံးအရံေနရာမွာသ႐ုပ္ေဆာင္ခ်င္တယ္ ? သူ႐ူးေနတာလား ? သူကနာမည္ႀကီးအႏုပညာ႐ွင္ႀကီးမဟုတ္လား}

ခ်ဴခ်န္သည္ သူ႕မ်က္ႏွာထက္က အံ့ဩမႈႏွင့္ မယုံၾကည္ႏိုင္ဖြယ္ျဖစ္ေနတဲ့အသံကိုနားေထာင္ၿပီး သူ႕သံသယနည္းနည္းပ်က္ျပယ္သြားသည္။ ဒါေပါ့ ခ်ဴခ်န္က သူ႕ရဲ႕ထိပ္တန္းသ႐ုပ္ေဆာင္စေကးေတြကိုလည္း မဖယ္ထုတ္ထားဘူးေလ။ေျပာရရင္ ဒါ႐ိုက္တာေတာင္ သူ႕ရဲ႕ေျပာင္ေျမာက္တဲ့ပေရာ္ဖက္႐ွင္နယ္စြမ္းရည္ေတြေၾကာင့္ ခ်ီးက်ဴးခဲ့တယ္မလား။

{ဟုတ္တယ္ မင္းေျပာသလို သူကနာမည္ႀကီးသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ဒီလိုထုတ္လုပ္ေရးအဖြဲ႕ေသးေသးေလးကို ဘာလို႔လာခ်င္ေနတာပါလိမ့္ ဒါ့ျပင္ ဇာတ္ပို႔ေနရာကသ႐ုပ္ေဆာင္ရမွာကိုေလ}

က်ိခ်င္းက်ိဳးမွာ သူ႕ရဲ႕ထူးဆန္းတဲ့အသံေနအသံထားႀကီးကိုနားေထာင္ၿပီး ဒီvideo callရဲ႕ရည္႐ြယ္ခ်က္ကိုနားလည္သြားသည္။ခ်ဴခ်န္က သူ႕ဘာသာမစဥ္းစားဘဲ သူ႕ကို ကိုယ္ပိုင္ေ႐ြးခ်ယ္မႈနဲ႔ၫႊန္းဆိုခိုင္းတယ္။သူေဖာက္ျပန္တယ္ဆိုၿပီး သကၤာမကင္းျဖစ္ေနလို႔ ‌ေ႐ြးခ်ယ္ခိုင္းေနတာေပါ့ေလ!

သူတကယ္ႀကီးအထင္လြဲေနတယ္လို႔ က်ိခ်င္းက်ိဳးထင္တယ္။ သူ မတ္တပ္ထရပ္ၿပီး ျပတင္းေပါက္ဆီေလွ်ာက္သြားကာ တံခါးဖြင့္၍ အျပင္ကိုၾကည့္လိုက္သည္။

ခ်ဴခ်န္က သူ႕ရဲ႕အျပဳအမူေတြကိုလိုက္ၾကည့္ၿပီး ပေဟဋိျဖစ္ေနသည္။

{မင္းဘာလုပ္ေနတာတုန္း ဒီေပၚကေနထပ္ခုန္ခ်မလို႔လား}

{ဟင့္အင္း}

က်ိခ်င္းက်ိဳးေျပာလိုက္တယ္။

{အျပင္မွာႏွင္းက်ေနလားၾကည္ၾကည့္တာ}

{ေဆာင္းရာသီေတာင္မေရာက္ေသးဘူး ႏွင္းက်ေနၿပီလား}

{ဇြန္လရဲ႕ႏွင္းေလ ! }

က်ိခ်င္းက်ိဳးက ေဒါသတႀကီးျဖင့္

{ေသာ့အဲ အထင္လြဲခံရတုန္းကက် ႏွင္းက်ခဲ့ၿပီး ကြၽန္ေတာ္အထင္လြဲခံရေတာ့ ေကာင္းကင္မွာဘာလႈပ္႐ွားမႈမွမ႐ွိလို႔ေလ ! }

ခ်ဴခ်န္ကသူ႕ေၾကာင့္ခ်က္ခ်င္းသေဘာက်သြားသည္။

{ဒါနဲ႔ ႏွင္းေတြျမင္ရလား? ႏွင္းထက္ေစာတဲ့မိုးေတာင္မ႐ြာဘူးေလ။ဒီေတာ့ ကိုယ္ မင္းကိုအထင္လြဲေနတာလုံးဝမဟုတ္ဘူး}

က်ိခ်င္းက်ိဳး : "…"

ခ်ဴခ်န္ကျပဳံး႐ႊင္စြာေျပာလာသည္။

{ကိုယ္မွားလို႔လား… မင္းဆိုလိုတာ အဲ့ဒါမဟုတ္ဘူးလား}

က်ိဳးခ်င္းက်ိဳးတစ္ခြန္းမွမေျပာခ်င္ေတာ့ဘူးး

{ခင္ဗ်ားကအဲ့ဒါကိုအာ႐ုံစိုက္ေနတာေပါ့ … ခင္ဗ်ားကအ႐ုပ္ေကာက္စက္ႀကီးလိုဂိုက္ဖမ္းေနတာလား?  ဘာမွမမိႏိုင္ဘူးမွတ္!}

{မင္းကိုယ့္ကိုအထင္ေသးေနလည္း  ကိုယ္ တစ္ခါတစ္‌ေလအ႐ုပ္‌သြားေကာက္ရင္  မင္းကိုေခၚသြားပါ့မယ္ကြာ…မင္းႀကိဳက္တဲ့ဘယ္အရာမဆို ကိုယ္ဖမ္းေပးပါ့မယ္}

က်ိခ်င္းက်ိဳးက ႏွာေခါင္း႐ႈံ႕ၿပီး

{အဲ့ေန႔ထိကြၽန္ေတာ္ေစာင့္ႏိုင္ပါ့မလား? ကြၽန္ေတာ္က ဖန္ေယာင္႐ႊမ္းနဲ႔တိတ္တိတ္ေလးဆက္သြယ္၊႐ိုက္ကြင္းမွာသူနဲ႔ေတြ႕ၿပီး ခင္ဗ်ားကိုလွည့္စားမယ္လို႔ သံသယမဝင္စမ္းပါနဲ႔}

ခ်ဴခ်န္က ထက္သန္စြာေျပာလာသည္။

{မင္းမလုပ္ဘူးမလား}

>>>>>>>>

႐ွာလကာရည္အိုႀကီးေအ သူပဲစိတ္ေတြမခ်ျဖစ္ေန😂😂
ေနာက္တစ္ပိုင္းမွာဒီ႐ွာလကာရည္အိုးႀကီးက ဘယ္လိုအံ့ဩေအာင္လုပ္ျပမလဲေစာင့္ေမွ်ာ္ၾကပါဦး📢📢📢
💙
ေသာ့အဲက သတို႔သမီးကေနမုဆိုးမေလးဘဝေရာက္သြားတဲ့ပုံျပင္ပါ။သူ႕ခ်စ္သူက်န္းက ျပစ္မႈက်ဴးလြန္ခဲ့တာကို တရား႐ုံးမႈျငင္းဆန္လိုက္တဲ့တြက္ မွားယြင္ၿပီးအျပစ္ခံခဲ့ရတဲ့သူပါ။ သူမကိုေသဒဏ္စီရင္ၿပီးတာနဲ႔ အနာဂတ္သဘာဝတရားႀကီးကပါ သူမရဲ႕ျဖဴစင္႐ိုးသားမႈကိုသက္ေသျပေပးတဲ့အေနနဲ႔ ေကာင္းကင္က ေသြးမိုး႐ြာတယ္ ။ ဇြန္လမွာ ႏွင္းေတြက်တယ္…သုံးႏွစ္မိုးေခါင္ခဲ့ပါတယ္။ က်ိဳးက်ိဳးကလည္း မိုးေကာင္းကင္ႀကီးကို သူ႕ျဖဴစင္မႈေပၚ သက္ေသျပေစခ်င္တာ😂😂😂

>>>>>>>>

Continue Reading

You'll Also Like

197K 4.8K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
326K 26.2K 29
Mini Story Uni Life Style Sweet Romance
3.3M 214K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်