တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ

Від maiyuri18

465K 30.6K 2.3K

သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... Більше

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final

အပိုင်း(၁၁)

9.5K 677 51
Від maiyuri18

(မိသားစုနှင့်အတူ ပျော်ရွှင်စရာ ဝါဆိုလပြည့်နေ့ လေးဖြစ်ပါစေ 🙏)

Canada ကိုရောက်ပြီး ပျက်ကွက်ခဲ့သော အလုပ်များကို တစ်ပတ်လောက် အသေအလဲ ဖြိုလိုက်တော့မှ အသက်ရူချောင်သွားသည်။ ပြန်ရောက်ပြီဖြစ်ကြောင်း သော်စစ်ဆီ message ပို့ခဲ့တာကလွဲလို့ အဆက်အသွယ်မလုပ်ဖြစ်ခဲ့၊ မေမေဆီကို တစ်လ ၂ခါလောက်ဆက်သွယ် ဖြစ်သဖြင့် ထွေထူးပြောစရာရှိမှ အကြီးကောင်ဆီ ဆက်သွယ်သည်လေ။

အိမ်ဆိုလို့ ဖေဖေ ဘယ်လိုနေမလဲ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စအဖြေမှန်တွေသိသွားရင်။

ဟိုဒုခအိုးလေးရော condo မှာ အဆင်ပြေရဲ့လား ။

နောက်အပတ်မှပဲ ဟိုမှာ ကျန်ခဲ့တဲ့ အတွေးရေးမှူး မျိုးကို ငွေသွားပို့ခိုင်းတော့မည်၊ မပြေစရာမရှိသည်မို့ ထွေထူးတွေးမနေမိတော့။ စားဝတ်နေရေးကအစ အဆင်ပြေအောင် စီမံထားပြီမို့။

ရှေ့ဆက်လုပ်စရာ project အကြောင်းကို မနက်ဖန် company ကြရင် ဘယ်လို ဆွေးနွေးကြမလဲ စဉ်းစားတွေးတောရင်း ပြင်ဆင်စရာရှိသော data များနဲ့ တချို့အကြောင်းအရာတွေကို main points လုပ်ရင်း စစ်ဆေးစရာ files များပါတွဲ လုပ်ကာ ဒီညအချိန်တော်တော်များများကို coffee တစ်ခွက်ဖြင့် ကုန်ဆုံးမိသည်။

" နောက် project က အန္တရာယ်ကြီးလိုက်တာ " coffee တစ်ရိူက်ငုံသောက်ရင် ဝရံတာဘက်ထွက်ကာ ကြယ်ရောင်စုံတောက်ပနေတဲ့ကောင်းကင်ပြင်ကို အကြောင်းရယ်မရှိ ဆွေးဆွေးငေးငေး တွေးတောမိကာ တစ်ခဏ မော့ကြည့်နေမိသည်။

"စိတ်ရော ၊ လူရော နှစ်မြုပ်ရအုံးမှာပါ့လား "

Europe ဘက်က ပို့သော အရည်အသွေးမှီ သည့် ဆောက်လုပ်ရေး ပစ္စည်းများကို Canada ရှိ နာမည်ကြီး ဆောက်လုပ်ရေး Constructions တွေဆီ လက်လွဲအပ်ရမည်မို့  ကိုယ်ဘက်ကအမှားမရှိအောင် ပြင်ဆင်ရမည်။ တိကျသေချာမှ ဖြစ်မည့် project မို့ ထိခိုက်မှားယွင်းမိလို့မဖြစ် ၊ ကိုယ်တိုင်တောင် အသက်ရူမမှားအောင် သေချာကိုင်တွယ်ရမည်မို့ မည်သူ့ဆီကိုမှ အဆက်အသွယ်မလုပ်ဖြစ်သေး ၊ အလုပ်ကိစ္စ၊ transportation ကိစ္စ ၊ ဝယ်လက်ဘက်မှာ ပြောရေးဆိုခွင့်ရှိသူများကို project ကိစ္စ ပြောဆိုရုံကလွဲ အားလုံးကို အဆက်အသွယ်ဖြတ်မိပြီ။  ပြန်ရောက်ရောက်ကြီး ကိုယ်တွယ်ရသည့် ကြီးမားတဲ့ project မို့ department တိုင်းကို တိကျသေချာစေရန် ၊ ထိခိုက်မူမရှိစေရန် ကိုယ်တိုင်ကြိုးစားလုပ်ကိုင်နေမိသည်။

" hello jay ....."

(.....................)

မနက်ဖန် ရုံးပြန်တက်မည် ဖြစ်ကြောင်းနှင့် ဌာန တွင်း အစည်းအဝေးတွေ အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားဖို့၊ ဌာနဆိုင်ရာက ကြီးကြပ်သူတွေနှင့်ကိုယ်တိုင်တွေ့ဆုံ မည်ဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာ ဌာနမှာ ကြီးကြပ်သူကိုသီးသန့်တွေ့ဆုံလ်ိုကြောင်း ...စသည့် အကြောင်းအရာများကို အတွင်းရေးမှူး Jay ထံ အမှာစကားပို့မိပြီး ဒီည project အသစ်ကို ကြိုတင်ရေးဆွဲမည့် plan များကို ရေးဆွဲရင်း ဒီည အိပ်ယာဝင်ချိန် နောက်ကြအုံးမည်။

ညစာကို kitchen ထဲက ရှိရာ အသီးအရွက်နှင့်ကြက်ဥ၊ အသားတို့ကို အသုံးချပြီး ဖွယ်ရာသော တစ်ကိုယ်ရည် ညစာအတွက် ကိုယ်တိုင်ချက်ပြုတ်မိသည်။ စားချင်စိတ်ကို လူံ့ဆော်ပေးသည့် အနံ့၊ အရသာ မူန့်အစစ်တို့ကိုအသုံးပြု၍ နာရီအနည်းငယ်အကြာ kitchen ထဲမှာ အချိန်ကုန်မိသည်။

အသီးအရွက်ကြော်နေသော pan ကိုကိုင်ထားရင်း အသီးအရွက်နှင့် ငါးကို ကြိုက်နှစ်သက်သည့်ကောင်လေးကို သတိရမိသည်။ အစားစားရင် ပါးအို့မို့မို့ လေးထဲ အစုံသွပ်လို့ တမြုံမြုံ့ ဝါးနေသော ဒုခအိုးလေးကို သတိရမိလာသည်၊ ခြေတစ်ဖက်မသန်တာကလွဲ ဒုခအိုးလေးက ချစ်စရာ အလွန်ကောင်းလှသည့် သွင်ပြင်နှင့်အမူအရာ နှင့် ချစ်စရာမျက်နှာလေးကြောင့် ငေးမောချင်စရာ ဆုတောင်းကောင်းခဲ့သူလေး။

လှပသေသပ်စွာ ဂစ်တာကို တီးခတ်နိုင်မူ၊ အသံချိုချို တို့ပေါင်းစပ်၍ ထွက်ပေါ်လာသော တောင်ပေါ်တေးသီချင်းလေးကို လွမ်းမိပြီ။

တကယ့်ကို သတိရနေမိခြင်း။

အစားစားလို့ မို့တက်လာသော ပါးအို့မို့မို့လေးကို လက်ကလေးဖြင့် ဖိကာနှိပ်ကြည့်ချင်မိသည်။ စေ့စေ့ကြည့်ရင် ဖော်ကျူးစရာအချက်များသော ဒုခအိုးဘေးအကြောင်း ခေါင်းထဲရောက်ရောက်လာပြန်တော့ ကိုယ့်မှာ သောကမကင်း စိုးရိမ်စိတ်နှင့်အတူ အပြစ်မကင်းသော စိတ်ဝေဒနာက တရိပ်ရိပ်ခံစားမိပြန်သည်လေ။

တနေ့နေ့ ပေါ့......တနေ့နေ့.....ပြန်ဆုံခဲ့ကြရင်.....။

ပြန်ဆုံဖြစ်ခဲ့ရင်......။

စေ့စေ့ကြည့်ရမည့်အခြေအနေလေးကြုံကြိုက်လာခဲ့ရင်....။

ပါးအို့မို့မို့လေးကို ထိကိုင်ခွင့်များရှိခဲ့လျှင်......။

Dinning room ထဲက သိပ်မများသော ကုလားထိုင်နှင့် ရှည်မျှေမျှာ စားပွဲပေါ်မှာ အသားဟင်းတစ်ခွက် ၊ အသီးအရွက်နှင့် ကြက်ဥပြုတ်တို့ကို ထမင်းအနည်းငယ်ဖြင့် စားချင်သဖွယ် ကိုယ်တိုင်ချက်ပြုတ်ထားသည့် ညနေစာ။ ချက်ပြုတ်ကျွမ်းကျင်သူကိုလိုချင်သော်ငြား အချစ်ဆိုတဲ့ တောနက်ထဲ ဘဝကိုမနှစ်မြုပ်နိုင်သေးသည့် ကိုယ့်အခြေအနေတွေကြောင့် ရည်ရွယ်ရာအောင်မြင်မူပန်းတိုင်ကို အရင်သွားရမည်။

တစ်နေ့နေ့ တချိန်ချိန်မှာတော့ ဒုခအိုးလေးကို ပြန်လည်တွေ့ဆုံချင်မိသည်။

ဘာတွေခြားနားနေပါစေ ၊ အချိန်နာရီတွေ ကွဲလွဲနေတဲ့ မတူခြားနားတဲ့ ဒေသမှနေနေတာတောင် မင်းကို သတိရနေပါတယ် ဗန်လွယ်အွေ့။

———————————————————————————————————————-

အိမ်တွင်းမိသားစုအပူတွေနှင့်မို့ အချိန်နာရီကို မေ့လျော့စွာ မော့မကြည့်မိခဲ့။ အမျိုးတော်စပ်သော မိသားစုဆရာဝန်ဒေါက်တာကျော်ခေါင်မှ မေမေအခြေအနေကို စမ်းသပ်ကြည့်ရူပြီး သောက်ဆေးများကို ညွှန်ကြားခဲ့သည်။ စိတ်ဖိစီးမူများကြောင်း တစ်ခဏ ရှော့ဖြစ်တက်တာမျိုး ဖြစ်ပေါ်တက်သော မေမေကို စိတ်ပင်ပမ်းစေမည့် ကိစ္စမျိုး၊ ဖြစ်ရပ်မျိုးကို သိရှိစေခြင်းမပြုလုပ်ကြရန် မှာကြားပြီး ပြန်သွားခဲ့သည်။

မိသားစုဆရာဝန်ကို အပေါ်ထပ် လှေကားမှစ၍ အောက်ထပ်ထိ အလုပ်အကိုင်အကြောင်း၊ မိသားစု အဆင်ပြေကြောင်း စသည့် အကြောင်းအရာများဖြင့် မေးမြန်းပြီး ၂ထပ်အိမ်၏ရှေ့တွင် ရပ်ထားသော ဆရာဝန်ကားနားအထိ လိုက်လံပို့ဆောင်မိသည်။ မေမေ အခြေအနေကအရမ်းကြီးမစ်ုးရိမ်ရကြောင်း ဖေဖေကို ပြောကြားပြီး သွားပြီ! ဟုနူတ်ဆက်ကာ ပြန်သွားသည်။

မိသားစု အိမ်တွင်းအပူမို့ အပြင်သို့ မထွက်စေချင်၊ အိမ်မှာ ထမင်းဟင်းချက် ကောင်မလေးကအစ ဘာပြသနာဖြစ်နေလဲ အတိအကျပေးမသိ။ ဖေဖေ့ဂုဏ်သိက္ခာ ညိုးနွမ်းစေမည့် အဖြစ်မျိုး၊ မိသားစု သိက္ခာ ကျဆင်းစေမည့် လုပ်ရပ်မျိုးကို ခေါင်းကြောမာစွာ ရှေ့၊ နောက်မတွေးတောဘဲ လုပ်ချသွား သော ပြေ့ဘုန်းမာန်။

ဂုဏ်သိက္ခာ ၊ သစ္စာတရား နှင့် ကတိစကားကို ခါးဝတ်ပုဆိုးလို မြဲနေအောင် နေထိုင်ခဲ့တဲ့ ဖေဖေ က ခုလို သစ္စာတော်ခံထက် ငယ်လေးကိုသွေးသားရင်းခြာလို ချစ်နေသည့် ကလေးငယ်မို့ အခံရအခက်ဆုံးသောက ကို ရင်ဝယ်ပိုက်နေရပြီ။

ငယ်စဉ်ဘဝက ခက်ခဲကြမ်းတမ်းမူကို လွယ်အွေ့ဖေဖေ အကူအညီဖြင့် ခုလိုရှင်သန်ရသည်ဟု အမြဲတစေ ပြောဆိုဆုံးမနေသည့်ကြားက ဘာကိုမှမတွေးတော၊ ဘယ်သူ့ မျက်နှာကိုမှမငဲ့ပဲ လုပ်ချသွားသော ပြေ့ဘုန်းမာန်ကို သားစာရင်းမှ ပါယ်ဖျက်ခြင်းမရှိသောငြား ဤအိမ်တော်အရိပ်အားမနင်းစေရန် တစ်ချက်လွတ်အမိန့်ချထားသည်။

ကိုယ့်သွေးသားကြောင့် ကတိစကားတို့ပျက်ပျယ်ခဲ့ရပြီလို့ ယူကျုံးမရ ခံစားနေရသော ဖေဖေက ၊ ပြေ့ဘုန်းမာန်အတွက်ကြီးမားသော မည်သ်ု့အပစ်ဒဏ်ပေးမည်မသိ၍ စိုးရိမ်ပူပင်နေသော မေမေ။ သားငယ်ကတဖက် မိမိရင်ငွေ့ခုံလုံထားခဲ့ဖူးသော လွယ်အွေ့လေးအတွက် ရတက်မအေးနိင်တာတဖက်နဲ့ စိတ်ရိမ်သောကဒဏ်ခံစားနေရပြီ။

အိမ်မိသားစု အပူတွေကို ကိုယ်ဝန်ဆောင်စ ဇနီးသည်ကို အနည်းအကျဉ်းသာ ပြောပြပြီး  ဒီည အိမ်ပြန်မလာနိုင်သည်ကို နားလည်ပေးရန် ဇနီးသည်ဆီ ခွင့်တောင်းနေမိသည်။

ထက်မြတ်သော ဇနီးသည်ကလျာကို လက်ထပ်ပြီး တစ်ဦးတည်းသော သမီးဖြစ်သည့်ဇနီးသည်အိမ်ကိုလိုက်၍  ဖေဖေ့company ကိုဦးစီးကာ လုပ်ကိုင်နေမိသည်။ ဖေဖေသွေးအပြည့်ပါသော  ဘုန်းမာန်က မိသားစုနှင့်ဝေးရာမှာ လွတ်လပ်သည်ဟု ထင်ကာ ပြည်ပနိုင်ငံမှာပဲအခြေကျနေထိုင်ပြီး မိသားစု အနှစ်သာရကို မေ့ပျောက်နေခဲ့သည်။ စည်းဇိမ်ဂုဏ်ဒြပ်ပြည့်ဝစွာနှင့် နားလည်မူအပြည့်ရှိသော ကလျာတို့မိသားစုကို ကျေးဇူး အထပ်ထပ်တင်ရင် ဖေဖေရင်ထဲကအပူတွေကို သားကြီးဖြစ်တဲ့ ကျွန်တော်က ကူညီဖြေရှင်းပေးရမည်မဟုတ်လား ။

" သား အိမ်ပြန်အိပ်မှာလား "

ဆရာဝန်ကို ပို့ပြီး ဧည့်ခန်းထဲ အတွေးများနေဆဲ၊ စိုးရိမ်နေဆဲ ဖခင်ဖြစ်သူရှေ့ ဆိုဖာပေါ် ထိုင်မိတော့ ဖေဖေစကားကို ' သား ဒီမှာ ညအိပ်မှာဖေဖေ ' လို့ဖြေမိသည်။

" သမီးဆီ ဖုန်းဆက်ပြီးပြီလားသားကြီး ၊ သမီး စိတ်ပူနေမယ် "

" သား အခြေအနေအနည်းအကျဉ်းကို ကလျာကို ပြောပြီးပြီဖေဖေ၊ သူက နားလည်ပေးပါတယ်"

ခေါင်းတစ်ဆက်ဆက်ညိမ့်၍ ချွေးမဖြစ်သူ၏ နားလည်ပေးမူအပေါ် အမှန်တကယ်ကျေးဇူးတင်မိသည်။

" ဖေဖေက ကျေးဇူးတင်တယ်ပြောပေးပါကွာ "

" ဟုတ်ကဲ့ပါဖေဖေ "

နှစ်ယောက်သား ရင်းနှီးရာ ဆက်သွယ်ရေး company တွေ၊  ဖေဖေ အသိမိတ်ဆွေ အာဏာပိုင်တွေဆီ  ကို ဗန်လွယ်အွေ့ပုံ ပို့ပြီး အကူအညီတောင်းမိသည်။ ကျွန်တော်သူငယ်ချင်းတွေဆီလည်း နေ့စဉ်ထွက် ဂျာနယ်တိုက်၊ နေ့စဉ်သတင်းစာအပါအဝင်များပြားစွာသော လက်ကမ်းကြော်ငြာစာရွက်များ ထုတ်ပြီး လူစည်ကားရာ public area တွေမှာ ကပ်ထားရန်နှင့် တွေ့ရှိအကြောင်းကြားသူကို ထိုက်တန်စွာ ကျေးဇူးဆပ်မည်ဖြစ်ကြောင်း အပါအဝင် ဗိုလ်မူးကြီး (ငြိမ်း) ဘုန်းမောင်ထံ ဆက်သွယ်ရန် ဖုန်းနံပါတ်အမျိုးမျိုးကို ရေးသားကာ လူပျောက်ကြော်ငြာမိသည်။

Public media တွေမှတဆင့် ဗန်လွယ်အွေ့ ပုံ ကို ချပြပြီး မိသားစုမှ ရှာဖွေနေကြောင်း ၊ မိသားစုမှ လွန်စွာ စိတ်ပူနေသောကြောင့် မိသားစုဆီ ဆက်သွယ်ရန် အကြောင်းကြားစာ တွေကို ညတွင်းချင်း စီစဉ်မိသည်။ မနက်ဖန် company မှာ ဝန်ထမ်းတချို့ကို မတူညီသော လုပ်ငန်းများစွာ ခွဲဝေပေးပြီး လုပ်ဆောင်စေရန်သားအဖ နှစ်ယောက် ပြေ့ဘုန်းမာန် ဖန်တီးခဲ့သော ပြသနာကို ဖြေရှင်းနေမိသည်။

" ဖေဖေ အချိန်မစော​တော့ဘူး ၊ နားပါအုံးလား "

" ဖေဖေ မနားနိုင်ဘူး သား၊ သားငယ်လေး ဘယ်ဆီရှိနေမယ် အတိအကျမသိရသရွေ့မနားနိုင်သလို ၊ ရတက်လည်းမအေးဘူးသားကြီး "

" ငယ်လေးက အနေအေးပေမယ့် သန်မာပါတယ် ဖေဖေက ကိုယ်ကိုကိုယ် ဂရုစိုက်ရအုံးမယ်၊ ဖေဖေ ကျန်းမာမှ သားတို့ ငယ်လေးကို စိတ်ပါလက်ပါ ရှာဖွေနိုင်မှာလေ ဖေဖေရယ်"

မငယ်တော့တဲ့ အသက်အရွယ်တွေမို့ ဖေဖေ ကိုအိပ်ရေးပျက်ခံလို့ မဖြစ်။ စိတ်ဆောင်နေလို့ မမောပမ်းဘူးထင်ရပေမယ့် ညိုးငယ်နေတဲ့ဖေဖေ မျက်ဝန်းက အသက်အရွယ်အရစကားပြောလာပြီ။ ငါ မအိုသေးဘူးလို့ စိတ်ကိုမာန်တင်းထားပေမယ့်၊ အသက်အရွယ်က စကားပြောလာသော ဖြူသောဆံပင်တွေ၊ ပင်ပမ်းမခံနိုင်မူတွေကြောင့် ဖေဖေကို ချော့ပြောကာ အနားယူစေတော့မည်။

" သား တာဝန်ထားပါ ဖေဖေရယ်၊ ငယ်လေးကို မနက်ဖန်ကစပြီး ပါးစိတ်တိုက်ရှာဖွေပါ့မယ်ဖေဖေက ကျန်းမာနေမှဖြစ်မှာလေ"

ခေါင်းတညိမ့်ညိမ့်ဖြင့်လက်ခံနေသော ဖခင်ကို အထိုင်၊ အထ လက်မောင်းလေးကူတွဲလို့ ခြံစောငိ့ ဦးညိုတူလေးက ဖေဖေကိုတွဲကာ အပေါ်ထပ် ခေါ်သွားတော့သည်။

ဖေဖေ ကို စိတ်ချရသည်အခြေအနေရောက်မှ ဦးညိုတူလေးကို လက်ယာခေါ်၍ အနားခေါ်မိသည်။ ကားမောင်းကျွမ်းကျင်သည်၊ အဝေးသင်တက္ကသိုလ် တက်နေဆဲ ဦးညိုတူလေးကို မနက်ဖြန် နိုင်ငံပိုင်နေ့စဉ်သတင်းစာမှာ ငယ်လေးအမည်နှင့် ဓါတ်ပုံကို ပို့ပြီး ထည့်သွင်းကြော်ငြာ်ခိုင်းမည်ဖြစ်ကြောင်းကို ထိုကောင်လေးက အနည်းငယ်ရှင်းပြသော်အခါ သိနားလည်စွာ ခေါင်းညိမ့်၍ လက်ခံနေသည်။

Company ရှိဝန်ထမ်းများ၊ အိမ်ရှိ ကောင်မလေးများ အနားမရစွာ လုပ်ကိုင်နေရအုံးမည့် ငယ်လေး ရှာပုံတော်ဖွင့်ခန်းကို နယ်ပါယ်အသီးသီး ကျွမ်းကျင်သူများကိုချိတ်ဆက်၍ နေရာအနှံ့ ချိတ်ဆက်ရမည်ဖြစ်သည်။

"ဘယ်ဆီရောက်နေမလဲ ငယ်လေး ရာ ၊ ဘယ်တွေသွားနေတာလဲ "

ပူပင်နေသော စိတ်ကို စိုးရိမ်ခြင်းသောက ရောယှက်၍ တွေးတောနေမိသည်။

တွေးလုံးဖြင့် ပူပင်ခြင်းက နေထိုင်ရခက်သည်ကို နားလည်ခဲ့ပြီ။

အိမ်ပြန်လမ်းပျောက်နေသော ငယ်လေးကို မနက်ဖန် နာမည်ကြီး ဗေဒင်ဆရာဆီသွားပြီး ဦးညိုကို မေးခိုင်းရအုံးမည်။

————————————————————————————————————

မနက်ခင်းအချိန်(၁၀)  ပူပြင်းလှသော ရန်ကုန်နေအပူရှိန်က မနည်းလှ၊ ဖိုးသားထူးနဲ့ နှစ်ယောက် အိမ်ရှေ့ မြက်ပင်များကို တနိုင်တစ်ပိုင် နှစ်ယောက်သားရှင်းနေမိသည်။ ကိုယ်နေရာအရပ် အမိူက်သရိုက်ကင်းစင်မှနေတက်သော တောင်ပေါ်သားလေး၊ ကိုယ့်အပေါ် ကျွေးမွေးထားတဲ့ ထမင်းတစ်လုတ်က်ို တန်ဖိုးထားတက်သူလေး ၊ မကျဉ်းမကျယ်လှသော ကိုသာထက်ခြံလေးထဲဝယ် ၁၉ နှစ်အရွယ်ကောင်လေးက တေးသီချင်းဆိုညီးပြလို့ ၅ နှစ်အရွယ်ဖိုးသားထူးလေးက သဘောကျဟန်ဖြင့် ပျော်ရွှင်စွာ ဦးထုပ်ကြီးများစောင်းလို့ ခြံတွင်းသန့်ရှင်းရေးလုပ်နေကြသည်။

(ကလင် ~ ကလင်)

ဆိုက်ကားဘဲတီးသံကြားလို့  နှစ်ယောက်သား သော့ချိတ်ထားသော ခြံဝဆီ အကြည့်ပို့မိတော့ ကုန်ကျန်အသီးအရွက်များနှင့် မိဝေ ဆိုက်ကားပေါ်မှ ဆင်းနေသည်ကိုမြင်မိသည်။ မိခင်ပြန်လာသည် မြင်သည့်ဖိုးသားထူးလေး ပေပွနေသော လက်နှစ်ဖက်ကို လူပ်ခါ၍ မိခင်ဆီ ခေါ်သံနှင့်အတူ ခြံဝဆီသို့ပြေးသွားမိသည်။

ပြေးသွားသော ဖိုးသားထူးရဲ့ ခြေနှစ်ဖက်ကိုကြည့်ဖြင့် လက်ဆေးရန် ရေကန်ကြီးဆီ ထော့နဲစွာ သွားနေသော လွယ်အွေ့ ၊ ရန်ကုန်နေပူရှိန်ကြောင့် နီမြန်းနေသော မျက်နှာနှင့် နေလောင်ချင်နေသော အပေါ်ဝတ်အောက်က အသားအရည်တို့ကမြင်မကောင်း။ စကားနည်းသည့်ကလေး ၊ ခြေတဖက်မသန့်သည့်ကလေးမို့ဖိုးသားထူးလို ပြေးလွှားမရပေမယ့် အိမ်ရှေ့အဖီအောက်ကနေ မိဝေပြန်အလာကို ရပ်စောင့်နေမိသည်။

ကိုသာထူး ခြေညှပ်ဖိနပ်ကိုစီးထားသော တောင်ပေါ်သားလေး ခြေဖမိုးတွေက မြင်မကောင်းအောင်နီရဲလွန်းနေပြီ၊ နေမထိလေမထိခဲ့သော ခြေဖမိုးလေးက ရန်ကုန်နေပူရှိန်ကြောင့် နီမြန်းနေလေပြီ။

နောက် ကွင်းထိုးဖိနပ်အပါးလေးဝယ်ထားရမည် ဟု မိဝေအတွေးထဲမှတ်ထားလိုက်ပြီ။

ရူံ့ချည်ဘောင်းဘီလေးကို ခြေသလုံးနားထိ ဆွဲတင်ထားသော လွယ်အွေ့က ဖြူဖွေးနေသော ခြေသလုံးဖြူဖြူတို့က မြင်ရသူအဖို့ လှည်ပြန်ကြည့်ချင်စရာ ၊ T-shirtလေးကို စွဲမြဲစွာ ဝတ်ဆင်တက်တဲ့ကလေးက အပေါ်ဝတ် အနီရောင်အကွက်ကျဲလေးကြောင့်ပို၍ နီမြန်းနေသရောင် နီဆွေးနေသော မျက်နှာလေးက ရူမဝနိုင်။ ကိုယ့်သွေးသား ၊ မောင်နှမ ရင်းခြာလို သည်ခြေမသန်တဲ့ကလေးကို စာနာစိတ်ဝင်မိသည့် ကိုသာထူး မလွန်တော့ပါ ။

မိဝေသည်ကား ကိုယ့်သား၊ ကိုယ့်မောင်လို ခင်တွယ်မိသည်မို့ ပြစ်ချက်လေးမကင်းသည့် လွယ်အွေ့လေးကို ဖိုးသာထူးကဲ့လိုသဘောထားမိသည်။

က်ိုယ်မိသားစု အရိပ်အောက်မည်သည့်အကြောင်းကြောင့်ရောက်လာသည်ဖြစ်စေမိဝေစေတနာမပျက် ခြေမသန်သည့်ကလေးမို့ ပိုခင်တွယ်မိသည်လေ။

" ဘာတွေလုပ်နေတာလဲ ကိုငယ်ရယ် ၊ နေကပူပူ နဲ့ နောက်ဘာမှမလုပ်ပါနဲ့ဟယ်....နင်အသားတွေနီကုန်ပြီ တွေ့လား...ကိုသာထက်ပြန်လာရင် ငါကခိုင်းစားတယ်ဆိုပြီး ပြောဆိုနေပါ့မယ်ဟယ်...မလုပ်ပါနဲ့..."

" ငါ...အလုပ်မရှိလို့....ဖိုးသာထူးနဲ့ ဒီနား မြက်တွေ ရှင်းနေတာ"

" မလုပ်ပါနဲ့ ဟယ်....နောက်မှ လူငှါးပြီး ခြံရှင်းလိုက်မယ်...ဟုတ်ပြီလား"

အိမ်အဝင်ဝနားက ခပ်စိမ်းစိမ်းမြက်ပင်တွေကို ပေါက်ပြားနဲ့ ရှင်းလင်းနေသော တောင်ပေါ်သားလေးက .....သန့်ရှင်းမူကိုမြတ်နိုးတဲ့ကလေး၊ အလုပ်ပင်ပမ်းမူကို မမူတဲ့ကလေး ၊  သနားစရာ တောင်ပေါ်သားလေး။

"မပင်ပမ်းပါဘူး...."

" ဘာနေနေပါဟယ်...အိမ်မှာ အသာနားနေ ကိုငယ်၊ အစ်မတို့နောက်ကြ လုပ်မှာပေါ့"

" အေးပါ ...."

"သား အမေဖို့ရေတစ်ခွက်လောက်ခပ်ပေးစမ်းအုံး "

" ဟုတ် အမေ "

လျှော်ကုလားထိုင်ပေါ် ထိုင်ပြီး အလှူ၊ မဂ်လာဆောင်မှာ အကမ်းရသည့် ယပ်တောင်ကြီးကို တဖျက်ဖျက်ခတ်ရင်း အငြိမ်မနေဘဲ ဆင်းရဲခံသည့် တောင်ပေါ်သားလေးကို ပစ်တင်နေသည့် မိဝေ။
စေတနာဒေါသတွေဖြင့် မခိုင်းရက်သည်မို့.....

လှေကားပေါ်က နေ သောက်ရေဖန်ခွက်ကြီးကို ကိုင်ပြီး ဂရုတစိုက်ဆင်းနေသော သားဖြစ်သူကိုကြည့်ပြီး ဒီကလေး ဒီနေ့မှ တမူထူးခြားနေသည့်အလား ၊ သိတက်လိမ္မာနေလိုက်တာဆိုပြီး တစ်ချက်ကြည့်ပြီး သားဖြစ်သူကိုမေးရန်ပြင်နေခဲ့သည်။

" အမေ ရေ "

" လိမ္မာလှကြီလား ဖိုးသားထူး ၊ ဒီနေ့ ထူးခြားနေသလားလို့ "

" ကိုကိုက သားကို ပြောထားတယ် လူကြီးတွေပြောစကားနားထောင်ရမယ်တဲ့"

" အမယ်လေး နားရှိလို့သာ ကြားရတယ်ဖိုးသာထူးရယ် နင်လိမ္မာမယ်ဆိုတာ တစ်မနက်လား မယုံနိုင်စရာပါဟယ်..."

အမေကလည်းဗျာ ! ဆိုပြီး ဆံပင်ငုပ်စိလေးကိုပွတ်နေသော ဖိုးသာထူးကိုကြည့်ပြီး ပြုံးနေသော တောင်ပေါ်သားလေး။ သားအမိနှစ်ယောက်ရဲ့ ချစ်စဖွယ် စကားတွေကြား ငေးမောရင်း။

" ကိုကိုက ပြောတယ် ၊ သားက လိမ္မာရင် walking shoe ဖိနပ်ဝယ်ပေးမယ်တဲ့ နောက်ပြီး မနက်ကလည်းသားကို ဒေါ်ကြီးမူံ ဆိုင်က အိုးဘဲဥနဲ့ မူန့်ဟင်းခါး ဝယ်ကြွေးသေးတယ်ဗျ "

" ဟောတော့ ၊ အမေပြင်ပေးခဲ့ မနက်စာမစားကြဘူးလား "

သောက်ရေဖန်ခွက်ကိုင်ပြီး အံ့ဩနေသောမိဝေက ကျွန်နော်ကိုတစ်လှည့်၊ ဖိုးသာထူးကိုတစ်လှည့် မေးနေပုံက ဆူတော့မယ့်ဟန်။ မလိမ္မာတဲ့ ကလေးတွေက ခေါင်းလေး ခါပြီး ပြုံးပြနေမိသည်။

" ကိုကိုစားတယ် ..မစားတာ သား ၊  ညက မူန့်ဟင်းခါးစားနေတယ် အိမ်မက်, မက်တာ...အဲ့ဒါ ဒီက ကိုကို , ကိုပြောပြလိုက်တော့ ကိုကို့က ဝယ်ကြွေးတာ၊ သားမတောင်းဘူးနော် အမေ တကယ် သားမတောင်းဘူးရယ် "

လက်တခါခါ ခေါင်းရမ်းရမ်းဖြင့် အပစ်များကိုဝန်ခံနေသည့်မိမိရင်သွေး ဖိုးသာထူးကိုကြည့်ပြီး မိဝေမယ် ဆူရခက်/ရိုက်ရခက်။

" နင်အကြောင်း ငါသိပါတယ် ဖိုးသာထူးရယ် "

သားအကြောင်းသိနေသော အမေမို့ တဖက်က ဧည့်သည်လေး ကိုငယ်အပေါ် အားနာမိသည်။ ကလေးချစ်တက်ပုံပေါ်တဲ့ ကိုငယ်က ဖိုးသာထူးကိုအလိုလိုက်မယ့်ပုံ ၊ ကိုယ်တွေအစား ထိမ်းကျောင်းပြုပြင်ပေးမူအတွက် ကိုငယ်ကိုကျေးဇူးတင်မိသည်။ ဒီနေ့လည်စာကို ဝက်နံရိုးလေး ပေါင်းကြွေးရမယ်လေ၊ ချဉ်ရည်ဟင်းလေး တစ်ခွက်ချက်ပြီး ငါးပိရည်၊ အတို့ များဖြင့် ဖွယ်ဖွယ်ရာ။

"ဖိုးသာထူး ကိုငယ်ကို ဘာမှဂျီမပူဘူးနော် အမေပြောထားတယ်"

"အင်းပါ အမေ "

စူပုတ်ပုတ်လေး ပြန်ဖြေနေသော ဖိုးသာထူးခေါင်းလေးကိုအသာပွတ်ပြီး ။

" ဖိုးသာထူးကိုမပြောပါနဲ့...သူက တကယ် လိမ္မာတဲ့ကလေးပါ၊ ငါ...ငါကိုလည်း ဘာမှ ဂျီမကျဘူး၊ တကယ်ပါ မိဝေ "

" အေးပါဟယ်၊ ဒီကောင်ဆိုးလေးကို နင်အလိုမလိုက်နဲ့ ၊ သူက သ်ိပ်လည်တာ ကိုငယ်..နင်ကိုပါရောင်းစားသွားမယ် ကြပ်ကြပ်အလိုလိုက်..."

" အေးပါ "

" အမေကလည်း သားက လိမ္မာနေပါပြီဆို ..."

အဖီအောက်က ကလေးကြီး၊ ကလေးငယ်ကို ခေါင်းခါပြီး သဘောတကျရယ်မိပြီး နေ့လည်စာအတွက် ချက်ပြုတ်ရန် မိဝေပြင်ဆင်ရမည်လေ ။ နေ့လည် ၁၂နာရီနီးပါး အချိန် နေ့လည်စာပြန်စားတက်သော ကိုသာထက်ကို မနက်က အကြောင်းတွေ ဖောက်သည်ချရမယ် ။

ဒီတခါ ရှင်ကယ်တင်ထားတဲ့ ကလေးက ဒုက္ခအိုးလေးမဟုတ်ဘူးတော်ရေ ၊ အဖိုးတန် ရွှေထုပ်ကလေး ။

ကျုပ်တို့အိမ်ကို ဘိုးတော်သိကြားက စေလွတ်လိုက်သလား / နတ်ဆရာသမားများ မ,စလေသလား မသိ...နောက်နေ့မှ ရက်ကွပ်ထဲကနတ်ဝင်သည်မိဆွေကို မေးရအုံးမယ်*

#မမ အတွက် vote ပေးဖို့ မမေ့နဲ့နော်

#Take care all

(ဥက္ကဌယောကျာ်း' fic လေးရဲ့ အမှောင်ခန်းလေးကို မနက်ဖြန်မှ update ပေးပါမယ်နော်...မှောင်မှောင်ရိုရိုလေးမို့ ချစ်သောတို့အကြိုက်တွေ့မှာပါ....အားနာစွာဖြင့် ဆက်မှောင်ရမယ့် fic လေးပါလို့ )

Zawgyi

(မိသားစုႏွင့္အတူ ေပ်ာ္႐ႊင္စရာ ဝါဆိုလျပည့္ေန႕ ေလးျဖစ္ပါေစ 🙏)

Canada ကိုေရာက္ၿပီး ပ်က္ကြက္ခဲ့ေသာ အလုပ္မ်ားကို တစ္ပတ္ေလာက္ အေသအလဲ ၿဖိဳလိုက္ေတာ့မွ အသက္႐ူေခ်ာင္သြားသည္။ ျပန္ေရာက္ၿပီျဖစ္ေၾကာင္း ေသာ္စစ္ဆီ message ပို႔ခဲ့တာကလြဲလို႔ အဆက္အသြယ္မလုပ္ျဖစ္ခဲ့၊ ေမေမဆီကို တစ္လ ၂ခါေလာက္ဆက္သြယ္ ျဖစ္သျဖင့္ ေထြထူးေျပာစရာရွိမွ အႀကီးေကာင္ဆီ ဆက္သြယ္သည္ေလ။

အိမ္ဆိုလို႔ ေဖေဖ ဘယ္လိုေနမလဲ ကိုယ္လုပ္ခဲ့တဲ့ ကိစၥအေျဖမွန္ေတြသိသြားရင္။

ဟိုဒုခအိုးေလးေရာ condo မွာ အဆင္ေျပရဲ႕လား ။

ေနာက္အပတ္မွပဲ ဟိုမွာ က်န္ခဲ့တဲ့ အေတြးေရးမႉး မ်ိဳးကို ေငြသြားပို႔ခိုင္းေတာ့မည္၊ မေျပစရာမရွိသည္မို႔ ေထြထူးေတြးမေနမိေတာ့။ စားဝတ္ေနေရးကအစ အဆင္ေျပေအာင္ စီမံထားၿပီမို႔။

ေရွ႕ဆက္လုပ္စရာ project အေၾကာင္းကို မနက္ဖန္ company ၾကရင္ ဘယ္လို ေဆြးႏြေးၾကမလဲ စဥ္းစားေတြးေတာရင္း ျပင္ဆင္စရာရွိေသာ data မ်ားနဲ႕ တခ်ိဳ႕အေၾကာင္းအရာေတြကို main points လုပ္ရင္း စစ္ေဆးစရာ files မ်ားပါတြဲ လုပ္ကာ ဒီညအခ်ိန္ေတာ္ေတာ္မ်ားမ်ားကို coffee တစ္ခြက္ျဖင့္ ကုန္ဆုံးမိသည္။

" ေနာက္ project က အႏၱရာယ္ႀကီးလိုက္တာ " coffee တစ္ရိူက္ငုံေသာက္ရင္ ဝရံတာဘက္ထြက္ကာ ၾကယ္ေရာင္စုံေတာက္ပေနတဲ့ေကာင္းကင္ျပင္ကို အေၾကာင္းရယ္မရွိ ေဆြးေဆြးေငးေငး ေတြးေတာမိကာ တစ္ခဏ ေမာ့ၾကည့္ေနမိသည္။

"စိတ္ေရာ ၊ လူေရာ ႏွစ္ျမဳပ္ရအုံးမွာပါ့လား "

Europe ဘက္က ပို႔ေသာ အရည္အေသြးမွီ သည့္ ေဆာက္လုပ္ေရး ပစၥည္းမ်ားကို Canada ရွိ နာမည္ႀကီး ေဆာက္လုပ္ေရး Constructions ေတြဆီ လက္လြဲအပ္ရမည္မို႔ ကိုယ္ဘက္ကအမွားမရွိေအာင္ ျပင္ဆင္ရမည္။ တိက်ေသခ်ာမွ ျဖစ္မည့္ project မို႔ ထိခိုက္မွားယြင္းမိလို႔မျဖစ္ ၊ ကိုယ္တိုင္ေတာင္ အသက္႐ူမမွားေအာင္ ေသခ်ာကိုင္တြယ္ရမည္မို႔ မည္သူ႕ဆီကိုမွ အဆက္အသြယ္မလုပ္ျဖစ္ေသး ၊ အလုပ္ကိစၥ၊ transportation ကိစၥ ၊ ဝယ္လက္ဘက္မွာ ေျပာေရးဆိုခြင့္ရွိသူမ်ားကို project ကိစၥ ေျပာဆို႐ုံကလြဲ အားလုံးကို အဆက္အသြယ္ျဖတ္မိၿပီ။ ျပန္ေရာက္ေရာက္ႀကီး ကိုယ္တြယ္ရသည့္ ႀကီးမားတဲ့ project မို႔ department တိုင္းကို တိက်ေသခ်ာေစရန္ ၊ ထိခိုက္မူမရွိေစရန္ ကိုယ္တိုင္ႀကိဳးစားလုပ္ကိုင္ေနမိသည္။

" hello jay ....."

(.....................)

မနက္ဖန္ ႐ုံးျပန္တက္မည္ ျဖစ္ေၾကာင္းႏွင့္ ဌာန တြင္း အစည္းအေဝးေတြ အတြက္ ျပင္ဆင္စရာရွိတာ ျပင္ဆင္ထားဖို႔၊ ဌာနဆိုင္ရာက ႀကီးၾကပ္သူေတြႏွင့္ကိုယ္တိုင္ေတြ႕ဆုံ မည္ျဖစ္ေၾကာင္း၊ ေငြေၾကးဆိုင္ရာ ဌာနမွာ ကြီးကြပ်သူကိုသီးသန့်တွေ့ဆုံလ်ိုကြောင်း ...စသည့္ အေၾကာင္းအရာမ်ားကို အတြင္းေရးမႉး Jay ထံ အမွာစကားပို႔မိၿပီး ဒီည project အသစ္ကို ႀကိဳတင္ေရးဆြဲမည့္ plan မ်ားကို ေရးဆြဲရင္း ဒီည အိပ္ယာဝင္ခ်ိန္ ေနာက္ၾကအုံးမည္။

ညစာကို kitchen ထဲက ရွိရာ အသီးအ႐ြက္ႏွင့္ၾကက္ဥ၊ အသားတို႔ကို အသုံးခ်ၿပီး ဖြယ္ရာေသာ တစ္ကိုယ္ရည္ ညစာအတြက္ ကိုယ္တိုင္ခ်က္ျပဳတ္မိသည္။ စားခ်င္စိတ္ကို လူံ႕ေဆာ္ေပးသည့္ အနံ႕၊ အရသာ မူန့္အစစ္တို႔ကိုအသုံးျပဳ၍ နာရီအနည္းငယ္အၾကာ kitchen ထဲမွာ အခ်ိန္ကုန္မိသည္။

အသီးအ႐ြက္ေၾကာ္ေနေသာ pan ကိုကိုင္ထားရင္း အသီးအ႐ြက္ႏွင့္ ငါးကို ႀကိဳက္ႏွစ္သက္သည့္ေကာင္ေလးကို သတိရမိသည္။ အစားစားရင္ ပါးအို႔မို႔မို႔ ေလးထဲ အစုံသြပ္လို႔ တၿမဳံၿမဳံ႕ ဝါးေနေသာ ဒုခအိုးေလးကို သတိရမိလာသည္၊ ေျခတစ္ဖက္မသန္တာကလြဲ ဒုခအိုးေလးက ခ်စ္စရာ အလြန္ေကာင္းလွသည့္ သြင္ျပင္ႏွင့္အမူအရာ ႏွင့္ ခ်စ္စရာမ်က္ႏွာေလးေၾကာင့္ ေငးေမာခ်င္စရာ ဆုေတာင္းေကာင္းခဲ့သူေလး။

လွပေသသပ္စြာ ဂစ္တာကို တီးခတ္နိုင္မူ၊ အသံခ်ိဳခ်ိဳ တို႔ေပါင္းစပ္၍ ထြက္ေပၚလာေသာ ေတာင္ေပၚေတးသီခ်င္းေလးကို လြမ္းမိၿပီ။

တကယ့္ကို သတိရေနမိျခင္း။

အစားစားလို႔ မို႔တက္လာေသာ ပါးအို႔မို႔မို႔ေလးကို လက္ကေလးျဖင့္ ဖိကာႏွိပ္ၾကည့္ခ်င္မိသည္။ ေစ့ေစ့ၾကည့္ရင္ ေဖာ္က်ဴးစရာအခ်က္မ်ားေသာ ဒုခအိုးေဘးအေၾကာင္း ေခါင္းထဲေရာက္ေရာက္လာျပန္ေတာ့ ကိုယ့္မွာ ေသာကမကင္း စိုးရိမ္စိတ္ႏွင့္အတူ အျပစ္မကင္းေသာ စိတ္ေဝဒနာက တရိပ္ရိပ္ခံစားမိျပန္သည္ေလ။

တေန႕ေန႕ ေပါ့......တေန႕ေန႕.....ျပန္ဆုံခဲ့ၾကရင္.....။

ျပန္ဆုံျဖစ္ခဲ့ရင္......။

ေစ့ေစ့ၾကည့္ရမည့္အေျခအေနေလးႀကဳံႀကိဳက္လာခဲ့ရင္....။

ပါးအို႔မို႔မို႔ေလးကို ထိကိုင္ခြင့္မ်ားရွိခဲ့လွ်င္......။

Dinning room ထဲက သိပ္မမ်ားေသာ ကုလားထိုင္ႏွင့္ ရွည္ေမွ်မွ်ာ စားပြဲေပၚမွာ အသားဟင္းတစ္ခြက္ ၊ အသီးအ႐ြက္ႏွင့္ ၾကက္ဥျပဳတ္တို႔ကို ထမင္းအနည္းငယ္ျဖင့္ စားခ်င္သဖြယ္ ကိုယ္တိုင္ခ်က္ျပဳတ္ထားသည့္ ညေနစာ။ ခ်က္ျပဳတ္ကြၽမ္းက်င္သူကိုလိုခ်င္ေသာ္ျငား အခ်စ္ဆိုတဲ့ ေတာနက္ထဲ ဘဝကိုမႏွစ္ျမဳပ္နိုင္ေသးသည့္ ကိုယ့္အေျခအေနေတြေၾကာင့္ ရည္႐ြယ္ရာေအာင္ျမင္မူပန္းတိုင္ကို အရင္သြားရမည္။

တစ္ေန႕ေန႕ တခ်ိန္ခ်ိန္မွာေတာ့ ဒုခအိုးေလးကို ျပန္လည္ေတြ႕ဆုံခ်င္မိသည္။

ဘာေတြျခားနားေနပါေစ ၊ အခ်ိန္နာရီေတြ ကြဲလြဲေနတဲ့ မတူျခားနားတဲ့ ေဒသမွေနေနတာေတာင္ မင္းကို သတိရေနပါတယ္ ဗန္လြယ္ေအြ႕။

-

အိမ္တြင္းမိသားစုအပူေတြႏွင့္မို႔ အခ်ိန္နာရီကို ေမ့ေလ်ာ့စြာ ေမာ့မၾကည့္မိခဲ့။ အမ်ိဳးေတာ္စပ္ေသာ မိသားစုဆရာဝန္ေဒါက္တာေက်ာ္ေခါင္မွ ေမေမအေျခအေနကို စမ္းသပ္ၾကည့္႐ူၿပီး ေသာက္ေဆးမ်ားကို ၫႊန္ၾကားခဲ့သည္။ စိတ္ဖိစီးမူမ်ားေၾကာင္း တစ္ခဏ ေရွာ့ျဖစ္တက္တာမ်ိဳး ျဖစ္ေပၚတက္ေသာ ေမေမကို စိတ္ပင္ပမ္းေစမည့္ ကိစၥမ်ိဳး၊ ျဖစ္ရပ္မ်ိဳးကို သိရွိေစျခင္းမျပဳလုပ္ၾကရန္ မွာၾကားၿပီး ျပန္သြားခဲ့သည္။

မိသားစုဆရာဝန္ကို အေပၚထပ္ ေလွကားမွစ၍ ေအာက္ထပ္ထိ အလုပ္အကိုင္အေၾကာင္း၊ မိသားစု အဆင္ေျပေၾကာင္း စသည့္ အေၾကာင္းအရာမ်ားျဖင့္ ေမးျမန္းၿပီး ၂ထပ္အိမ္၏ေရွ႕တြင္ ရပ္ထားေသာ ဆရာဝန္ကားနားအထိ လိုက္လံပို႔ေဆာင္မိသည္။ ေမေမ အခြေအနေကအရမ်းကြီးမစ်ုးရိမ်ရကြောင်း ေဖေဖကို ေျပာၾကားၿပီး သြားၿပီ! ဟုႏူတ္ဆက္ကာ ျပန္သြားသည္။

မိသားစု အိမ္တြင္းအပူမို႔ အျပင္သို႔ မထြက္ေစခ်င္၊ အိမ္မွာ ထမင္းဟင္းခ်က္ ေကာင္မေလးကအစ ဘာျပသနာျဖစ္ေနလဲ အတိအက်ေပးမသိ။ ေဖေဖ့ဂုဏ္သိကၡာ ညိုးႏြမ္းေစမည့္ အျဖစ္မ်ိဳး၊ မိသားစု သိကၡာ က်ဆင္းေစမည့္ လုပ္ရပ္မ်ိဳးကို ေခါင္းေၾကာမာစြာ ေရွ႕၊ ေနာက္မေတြးေတာဘဲ လုပ္ခ်သြား ေသာ ေျပ့ဘုန္းမာန္။

ဂုဏ္သိကၡာ ၊ သစၥာတရား ႏွင့္ ကတိစကားကို ခါးဝတ္ပုဆိုးလို ၿမဲေနေအာင္ ေနထိုင္ခဲ့တဲ့ ေဖေဖ က ခုလို သစၥာေတာ္ခံထက္ ငယ္ေလးကိုေသြးသားရင္းျခာလို ခ်စ္ေနသည့္ ကေလးငယ္မို႔ အခံရအခက္ဆုံးေသာက ကို ရင္ဝယ္ပိုက္ေနရၿပီ။

ငယ္စဥ္ဘဝက ခက္ခဲၾကမ္းတမ္းမူကို လြယ္ေအြ႕ေဖေဖ အကူအညီျဖင့္ ခုလိုရွင္သန္ရသည္ဟု အၿမဲတေစ ေျပာဆိုဆုံးမေနသည့္ၾကားက ဘာကိုမွမေတြးေတာ၊ ဘယ္သူ႕ မ်က္ႏွာကိုမွမငဲ့ပဲ လုပ္ခ်သြားေသာ ေျပ့ဘုန္းမာန္ကို သားစာရင္းမွ ပါယ္ဖ်က္ျခင္းမရွိေသာျငား ဤအိမ္ေတာ္အရိပ္အားမနင္းေစရန္ တစ္ခ်က္လြတ္အမိန့္ခ်ထားသည္။

ကိုယ့္ေသြးသားေၾကာင့္ ကတိစကားတို႔ပ်က္ပ်ယ္ခဲ့ရၿပီလို႔ ယူက်ဳံးမရ ခံစားေနရေသာ ေဖေဖက ၊ ေျပ့ဘုန္းမာန္အတြက္ႀကီးမားေသာ မည်သ်ု့အပစ်ဒဏ်ပေးမည်မသိ၍ စိုးရိမ္ပူပင္ေနေသာ ေမေမ။ သားငယ္ကတဖက္ မိမိရင္ေငြ႕ခုံလုံထားခဲ့ဖူးေသာ လြယ္ေအြ႕ေလးအတြက္ ရတက္မေအးနိင္တာတဖက္နဲ႕ စိတ္ရိမ္ေသာကဒဏ္ခံစားေနရၿပီ။

အိမ္မိသားစု အပူေတြကို ကိုယ္ဝန္ေဆာင္စ ဇနီးသည္ကို အနည္းအက်ဥ္းသာ ေျပာျပၿပီး ဒီည အိမ္ျပန္မလာနိုင္သည္ကို နားလည္ေပးရန္ ဇနီးသည္ဆီ ခြင့္ေတာင္းေနမိသည္။

ထက္ျမတ္ေသာ ဇနီးသည္ကလ်ာကို လက္ထပ္ၿပီး တစ္ဦးတည္းေသာ သမီးျဖစ္သည့္ဇနီးသည္အိမ္ကိုလိုက္၍ ေဖေဖ့company ကိုဦးစီးကာ လုပ္ကိုင္ေနမိသည္။ ေဖေဖေသြးအျပည့္ပါေသာ ဘုန္းမာန္က မိသားစုႏွင့္ေဝးရာမွာ လြတ္လပ္သည္ဟု ထင္ကာ ျပည္ပနိုင္ငံမွာပဲအေျခက်ေနထိုင္ၿပီး မိသားစု အႏွစ္သာရကို ေမ့ေပ်ာက္ေနခဲ့သည္။ စည္းဇိမ္ဂုဏ္ျဒပ္ျပည့္ဝစြာႏွင့္ နားလည္မူအျပည့္ရွိေသာ ကလ်ာတို႔မိသားစုကို ေက်းဇူး အထပ္ထပ္တင္ရင္ ေဖေဖရင္ထဲကအပူေတြကို သားႀကီးျဖစ္တဲ့ ကြၽန္ေတာ္က ကူညီေျဖရွင္းေပးရမည္မဟုတ္လား ။

" သား အိမ္ျပန္အိပ္မွာလား "

ဆရာဝန္ကို ပို႔ၿပီး ဧည့္ခန္းထဲ အေတြးမ်ားေနဆဲ၊ စိုးရိမ္ေနဆဲ ဖခင္ျဖစ္သူေရွ႕ ဆိုဖာေပၚ ထိုင္မိေတာ့ ေဖေဖစကားကို ' သား ဒီမွာ ညအိပ္မွာေဖေဖ ' လို႔ေျဖမိသည္။

" သမီးဆီ ဖုန္းဆက္ၿပီးၿပီလားသားႀကီး ၊ သမီး စိတ္ပူေနမယ္ "

" သား အေျခအေနအနည္းအက်ဥ္းကို ကလ်ာကို ေျပာၿပီးၿပီေဖေဖ၊ သူက နားလည္ေပးပါတယ္"

ေခါင္းတစ္ဆက္ဆက္ညိမ့္၍ ေခြၽးမျဖစ္သူ၏ နားလည္ေပးမူအေပၚ အမွန္တကယ္ေက်းဇူးတင္မိသည္။

" ေဖေဖက ေက်းဇူးတင္တယ္ေျပာေပးပါကြာ "

" ဟုတ္ကဲ့ပါေဖေဖ "

ႏွစ္ေယာက္သား ရင္းႏွီးရာ ဆက္သြယ္ေရး company ေတြ၊ ေဖေဖ အသိမိတ္ေဆြ အာဏာပိုင္ေတြဆီ ကို ဗန္လြယ္ေအြ႕ပုံ ပို႔ၿပီး အကူအညီေတာင္းမိသည္။ ကြၽန္ေတာ္သူငယ္ခ်င္းေတြဆီလည္း ေန႕စဥ္ထြက္ ဂ်ာနယ္တိုက္၊ ေန႕စဥ္သတင္းစာအပါအဝင္မ်ားျပားစြာေသာ လက္ကမ္းေၾကာ္ျငာစာ႐ြက္မ်ား ထုတ္ၿပီး လူစည္ကားရာ public area ေတြမွာ ကပ္ထားရန္ႏွင့္ ေတြ႕ရွိအေၾကာင္းၾကားသူကို ထိုက္တန္စြာ ေက်းဇူးဆပ္မည္ျဖစ္ေၾကာင္း အပါအဝင္ ဗိုလ္မူးႀကီး (ၿငိမ္း) ဘုန္းေမာင္ထံ ဆက္သြယ္ရန္ ဖုန္းနံပါတ္အမ်ိဳးမ်ိဳးကို ေရးသားကာ လူေပ်ာက္ေၾကာ္ျငာမိသည္။

Public media ေတြမွတဆင့္ ဗန္လြယ္ေအြ႕ ပုံ ကို ခ်ျပၿပီး မိသားစုမွ ရွာေဖြေနေၾကာင္း ၊ မိသားစုမွ လြန္စြာ စိတ္ပူေနေသာေၾကာင့္ မိသားစုဆီ ဆက္သြယ္ရန္ အေၾကာင္းၾကားစာ ေတြကို ညတြင္းခ်င္း စီစဥ္မိသည္။ မနက္ဖန္ company မွာ ဝန္ထမ္းတခ်ိဳ႕ကို မတူညီေသာ လုပ္ငန္းမ်ားစြာ ခြဲေဝေပးၿပီး လုပ္ေဆာင္ေစရန္သားအဖ ႏွစ္ေယာက္ ေျပ့ဘုန္းမာန္ ဖန္တီးခဲ့ေသာ ျပသနာကို ေျဖရွင္းေနမိသည္။

" ေဖေဖ အခ်ိန္မေစာေတာ့ဘူး ၊ နားပါအုံးလား "

" ေဖေဖ မနားနိုင္ဘူး သား၊ သားငယ္ေလး ဘယ္ဆီရွိေနမယ္ အတိအက်မသိရသေ႐ြ႕မနားနိုင္သလို ၊ ရတက္လည္းမေအးဘူးသားႀကီး "

" ငယ္ေလးက အေနေအးေပမယ့္ သန္မာပါတယ္ ေဖေဖက ကိုယ္ကိုကိုယ္ ဂ႐ုစိုက္ရအုံးမယ္၊ ေဖေဖ က်န္းမာမွ သားတို႔ ငယ္ေလးကို စိတ္ပါလက္ပါ ရွာေဖြနိုင္မွာေလ ေဖေဖရယ္"

မငယ္ေတာ့တဲ့ အသက္အ႐ြယ္ေတြမို႔ ေဖေဖ ကိုအိပ္ေရးပ်က္ခံလို႔ မျဖစ္။ စိတ္ေဆာင္ေနလို႔ မေမာပမ္းဘူးထင္ရေပမယ့္ ညိုးငယ္ေနတဲ့ေဖေဖ မ်က္ဝန္းက အသက္အ႐ြယ္အရစကားေျပာလာၿပီ။ ငါ မအိုေသးဘူးလို႔ စိတ္ကိုမာန္တင္းထားေပမယ့္၊ အသက္အ႐ြယ္က စကားေျပာလာေသာ ျဖဴေသာဆံပင္ေတြ၊ ပင္ပမ္းမခံနိုင္မူေတြေၾကာင့္ ေဖေဖကို ေခ်ာ့ေျပာကာ အနားယူေစေတာ့မည္။

" သား တာဝန္ထားပါ ေဖေဖရယ္၊ ငယ္ေလးကို မနက္ဖန္ကစၿပီး ပါးစိတ္တိုက္ရွာေဖြပါ့မယ္ေဖေဖက က်န္းမာေနမွျဖစ္မွာေလ"

ေခါင္းတညိမ့္ညိမ့္ျဖင့္လက္ခံေနေသာ ဖခင္ကို အထိုင္၊ အထ လက္ေမာင္းေလးကူတြဲလို႔ ၿခံေစာငိ့ ဦးညိုတူေလးက ေဖေဖကိုတြဲကာ အေပၚထပ္ ေခၚသြားေတာ့သည္။

ေဖေဖ ကို စိတ္ခ်ရသည္အေျခအေနေရာက္မွ ဦးညိုတူေလးကို လက္ယာေခၚ၍ အနားေခၚမိသည္။ ကားေမာင္းကြၽမ္းက်င္သည္၊ အေဝးသင္တကၠသိုလ္ တက္ေနဆဲ ဦးညိုတူေလးကို မနက္ျဖန္ နိုင္ငံပိုင္ေန႕စဥ္သတင္းစာမွာ ငယ္ေလးအမည္ႏွင့္ ဓါတ္ပုံကို ပို႔ၿပီး ထည့္သြင္းေၾကာ္ျငာ္ခိုင္းမည္ျဖစ္ေၾကာင္းကို ထိုေကာင္ေလးက အနည္းငယ္ရွင္းျပေသာ္အခါ သိနားလည္စြာ ေခါင္းညိမ့္၍ လက္ခံေနသည္။

Company ရွိဝန္ထမ္းမ်ား၊ အိမ္ရွိ ေကာင္မေလးမ်ား အနားမရစြာ လုပ္ကိုင္ေနရအုံးမည့္ ငယ္ေလး ရွာပုံေတာ္ဖြင့္ခန္းကို နယ္ပါယ္အသီးသီး ကြၽမ္းက်င္သူမ်ားကိုခ်ိတ္ဆက္၍ ေနရာအႏွံ႕ ခ်ိတ္ဆက္ရမည္ျဖစ္သည္။

"ဘယ္ဆီေရာက္ေနမလဲ ငယ္ေလး ရာ ၊ ဘယ္ေတြသြားေနတာလဲ "

ပူပင္ေနေသာ စိတ္ကို စိုးရိမ္ျခင္းေသာက ေရာယွက္၍ ေတြးေတာေနမိသည္။

ေတြးလုံးျဖင့္ ပူပင္ျခင္းက ေနထိုင္ရခက္သည္ကို နားလည္ခဲ့ၿပီ။

အိမ္ျပန္လမ္းေပ်ာက္ေနေသာ ငယ္ေလးကို မနက္ဖန္ နာမည္ႀကီး ေဗဒင္ဆရာဆီသြားၿပီး ဦးညိုကို ေမးခိုင္းရအုံးမည္။

မနက္ခင္းအခ်ိန္(၁၀) ပူျပင္းလွေသာ ရန္ကုန္ေနအပူရွိန္က မနည္းလွ၊ ဖိုးသားထူးနဲ႕ ႏွစ္ေယာက္ အိမ္ေရွ႕ ျမက္ပင္မ်ားကို တနိုင္တစ္ပိုင္ ႏွစ္ေယာက္သားရွင္းေနမိသည္။ ကိုယ္ေနရာအရပ္ အမိူက္သရိုက္ကင္းစင္မွေနတက္ေသာ ေတာင္ေပၚသားေလး၊ ကိုယ့္အေပၚ ေကြၽးေမြးထားတဲ့ ထမင်းတစ်လုတ်က်ို တန္ဖိုးထားတက္သူေလး ၊ မက်ဥ္းမက်ယ္လွေသာ ကိုသာထက္ၿခံေလးထဲဝယ္ ၁၉ ႏွစ္အ႐ြယ္ေကာင္ေလးက ေတးသီခ်င္းဆိုညီးျပလို႔ ၅ ႏွစ္အ႐ြယ္ဖိုးသားထူးေလးက သေဘာက်ဟန္ျဖင့္ ေပ်ာ္႐ႊင္စြာ ဦးထုပ္ႀကီးမ်ားေစာင္းလို႔ ၿခံတြင္းသန့္ရွင္းေရးလုပ္ေနၾကသည္။

(ကလင္ ~ ကလင္)

ဆိုက္ကားဘဲတီးသံၾကားလို႔ ႏွစ္ေယာက္သား ေသာ့ခ်ိတ္ထားေသာ ၿခံဝဆီ အၾကည့္ပို႔မိေတာ့ ကုန္က်န္အသီးအ႐ြက္မ်ားႏွင့္ မိေဝ ဆိုက္ကားေပၚမွ ဆင္းေနသည္ကိုျမင္မိသည္။ မိခင္ျပန္လာသည္ ျမင္သည့္ဖိုးသားထူးေလး ေပပြေနေသာ လက္ႏွစ္ဖက္ကို လူပ္ခါ၍ မိခင္ဆီ ေခၚသံႏွင့္အတူ ၿခံဝဆီသို႔ေျပးသြားမိသည္။

ေျပးသြားေသာ ဖိုးသားထူးရဲ႕ ေျခႏွစ္ဖက္ကိုၾကည့္ျဖင့္ လက္ေဆးရန္ ေရကန္ႀကီးဆီ ေထာ့နဲစြာ သြားေနေသာ လြယ္ေအြ႕ ၊ ရန္ကုန္ေနပူရွိန္ေၾကာင့္ နီျမန္းေနေသာ မ်က္ႏွာႏွင့္ ေနေလာင္ခ်င္ေနေသာ အေပၚဝတ္ေအာက္က အသားအရည္တို႔ကျမင္မေကာင္း။ စကားနည္းသည့္ကေလး ၊ ေျခတဖက္မသန့္သည့္ကေလးမို႔ဖိုးသားထူးလို ေျပးလႊားမရေပမယ့္ အိမ္ေရွ႕အဖီေအာက္ကေန မိေဝျပန္အလာကို ရပ္ေစာင့္ေနမိသည္။

ကိုသာထူး ေျခညွပ္ဖိနပ္ကိုစီးထားေသာ ေတာင္ေပၚသားေလး ေျခဖမိုးေတြက ျမင္မေကာင္းေအာင္နီရဲလြန္းေနၿပီ၊ ေနမထိေလမထိခဲ့ေသာ ေျခဖမိုးေလးက ရန္ကုန္ေနပူရွိန္ေၾကာင့္ နီျမန္းေနေလၿပီ။

ေနာက္ ကြင္းထိုးဖိနပ္အပါးေလးဝယ္ထားရမည္ ဟု မိေဝအေတြးထဲမွတ္ထားလိုက္ၿပီ။

႐ူံ႕ခ်ည္ေဘာင္းဘီေလးကို ေျခသလုံးနားထိ ဆြဲတင္ထားေသာ လြယ္ေအြ႕က ျဖဴေဖြးေနေသာ ေျခသလုံးျဖဴျဖဴတို႔က ျမင္ရသူအဖို႔ လွည္ျပန္ၾကည့္ခ်င္စရာ ၊ T-shirtေလးကို စြဲၿမဲစြာ ဝတ္ဆင္တက္တဲ့ကေလးက အေပၚဝတ္ အနီေရာင္အကြက္က်ဲေလးေၾကာင့္ပို၍ နီျမန္းေနသေရာင္ နီေဆြးေနေသာ မ်က္ႏွာေလးက ႐ူမဝနိုင္။ ကိုယ့္ေသြးသား ၊ ေမာင္ႏွမ ရင္းျခာလို သည္ေျခမသန္တဲ့ကေလးကို စာနာစိတ္ဝင္မိသည့္ ကိုသာထူး မလြန္ေတာ့ပါ ။

မိေဝသည္ကား ကိုယ့္သား၊ ကိုယ့္ေမာင္လို ခင္တြယ္မိသည္မို႔ ျပစ္ခ်က္ေလးမကင္းသည့္ လြယ္ေအြ႕ေလးကို ဖိုးသာထူးကဲ့လိုသေဘာထားမိသည္။

က်ိုယ်မိသားစု အရိပ္ေအာက္မည္သည့္အေၾကာင္းေၾကာင့္ေရာက္လာသည္ျဖစ္ေစမိေဝေစတနာမပ်က္ ေျခမသန္သည့္ကေလးမို႔ ပိုခင္တြယ္မိသည္ေလ။

" ဘာေတြလုပ္ေနတာလဲ ကိုငယ္ရယ္ ၊ ေနကပူပူ နဲ႕ ေနာက္ဘာမွမလုပ္ပါနဲ႕ဟယ္....နင္အသားေတြနီကုန္ၿပီ ေတြ႕လား...ကိုသာထက္ျပန္လာရင္ ငါကခိုင္းစားတယ္ဆိုၿပီး ေျပာဆိုေနပါ့မယ္ဟယ္...မလုပ္ပါနဲ႕..."

" ငါ...အလုပ္မရွိလို႔....ဖိုးသာထူးနဲ႕ ဒီနား ျမက္ေတြ ရွင္းေနတာ"

" မလုပ္ပါနဲ႕ ဟယ္....ေနာက္မွ လူငွါးၿပီး ၿခံရွင္းလိုက္မယ္...ဟုတ္ၿပီလား"

အိမ္အဝင္ဝနားက ခပ္စိမ္းစိမ္းျမက္ပင္ေတြကို ေပါက္ျပားနဲ႕ ရွင္းလင္းေနေသာ ေတာင္ေပၚသားေလးက .....သန့္ရွင္းမူကိုျမတ္နိုးတဲ့ကေလး၊ အလုပ္ပင္ပမ္းမူကို မမူတဲ့ကေလး ၊ သနားစရာ ေတာင္ေပၚသားေလး။

"မပင္ပမ္းပါဘူး...."

" ဘာေနေနပါဟယ္...အိမ္မွာ အသာနားေန ကိုငယ္၊ အစ္မတို႔ေနာက္ၾက လုပ္မွာေပါ့"

" ေအးပါ ...."

"သား အေမဖို႔ေရတစ္ခြက္ေလာက္ခပ္ေပးစမ္းအုံး "

" ဟုတ္ အေမ "

ေလွ်ာ္ကုလားထိုင္ေပၚ ထိုင္ၿပီး အလႉ၊ မဂ္လာေဆာင္မွာ အကမ္းရသည့္ ယပ္ေတာင္ႀကီးကို တဖ်က္ဖ်က္ခတ္ရင္း အၿငိမ္မေနဘဲ ဆင္းရဲခံသည့္ ေတာင္ေပၚသားေလးကို ပစ္တင္ေနသည့္ မိေဝ။
ေစတနာေဒါသေတြျဖင့္ မခိုင္းရက္သည္မို႔.....

ေလွကားေပၚက ေန ေသာက္ေရဖန္ခြက္ႀကီးကို ကိုင္ၿပီး ဂ႐ုတစိုက္ဆင္းေနေသာ သားျဖစ္သူကိုၾကည့္ၿပီး ဒီကေလး ဒီေန႕မွ တမူထူးျခားေနသည့္အလား ၊ သိတက္လိမၼာေနလိုက္တာဆိုၿပီး တစ္ခ်က္ၾကည့္ၿပီး သားျဖစ္သူကိုေမးရန္ျပင္ေနခဲ့သည္။

" အေမ ေရ "

" လိမၼာလွႀကီလား ဖိုးသားထူး ၊ ဒီေန႕ ထူးျခားေနသလားလို႔ "

" ကိုကိုက သားကို ေျပာထားတယ္ လူႀကီးေတြေျပာစကားနားေထာင္ရမယ္တဲ့"

" အမယ္ေလး နားရွိလို႔သာ ၾကားရတယ္ဖိုးသာထူးရယ္ နင္လိမၼာမယ္ဆိုတာ တစ္မနက္လား မယုံနိုင္စရာပါဟယ္..."

အေမကလည္းဗ်ာ ! ဆိုၿပီး ဆံပင္ငုပ္စိေလးကိုပြတ္ေနေသာ ဖိုးသာထူးကိုၾကည့္ၿပီး ၿပဳံးေနေသာ ေတာင္ေပၚသားေလး။ သားအမိႏွစ္ေယာက္ရဲ႕ ခ်စ္စဖြယ္ စကားေတြၾကား ေငးေမာရင္း။

" ကိုကိုက ေျပာတယ္ ၊ သားက လိမၼာရင္ walking shoe ဖိနပ္ဝယ္ေပးမယ္တဲ့ ေနာက္ၿပီး မနက္ကလည္းသားကို ေဒၚႀကီးမူံ ဆိုင္က အိုးဘဲဥနဲ႕ မူန့္ဟင္းခါး ဝယ္ေႂကြးေသးတယ္ဗ် "

" ေဟာေတာ့ ၊ အေမျပင္ေပးခဲ့ မနက္စာမစားၾကဘူးလား "

ေသာက္ေရဖန္ခြက္ကိုင္ၿပီး အံ့ဩေနေသာမိေဝက ကြၽန္ေနာ္ကိုတစ္လွည့္၊ ဖိုးသာထူးကိုတစ္လွည့္ ေမးေနပုံက ဆူေတာ့မယ့္ဟန္။ မလိမၼာတဲ့ ကေလးေတြက ေခါင္းေလး ခါၿပီး ၿပဳံးျပေနမိသည္။

" ကိုကိုစားတယ္ ..မစားတာ သား ၊ ညက မူန့္ဟင္းခါးစားေနတယ္ အိမ္မက္, မက္တာ...အဲ့ဒါ ဒီက ကိုကို , ကိုေျပာျပလိုက္ေတာ့ ကိုကို႔က ဝယ္ေႂကြးတာ၊ သားမေတာင္းဘူးေနာ္ အေမ တကယ္ သားမေတာင္းဘူးရယ္ "

လက္တခါခါ ေခါင္းရမ္းရမ္းျဖင့္ အပစ္မ်ားကိုဝန္ခံေနသည့္မိမိရင္ေသြး ဖိုးသာထူးကိုၾကည့္ၿပီး မိေဝမယ္ ဆူရခက္/ရိုက္ရခက္။

" နင္အေၾကာင္း ငါသိပါတယ္ ဖိုးသာထူးရယ္ "

သားအေၾကာင္းသိေနေသာ အေမမို႔ တဖက္က ဧည့္သည္ေလး ကိုငယ္အေပၚ အားနာမိသည္။ ကေလးခ်စ္တက္ပုံေပၚတဲ့ ကိုငယ္က ဖိုးသာထူးကိုအလိုလိုက္မယ့္ပုံ ၊ ကိုယ္ေတြအစား ထိမ္းေက်ာင္းျပဳျပင္ေပးမူအတြက္ ကိုငယ္ကိုေက်းဇူးတင္မိသည္။ ဒီေန႕လည္စာကို ဝက္နံရိုးေလး ေပါင္းေႂကြးရမယ္ေလ၊ ခ်ဥ္ရည္ဟင္းေလး တစ္ခြက္ခ်က္ၿပီး ငါးပိရည္၊ အတို႔ မ်ားျဖင့္ ဖြယ္ဖြယ္ရာ။

"ဖိုးသာထူး ကိုငယ္ကို ဘာမွဂ်ီမပူဘူးေနာ္ အေမေျပာထားတယ္"

"အင္းပါ အေမ "

စူပုတ္ပုတ္ေလး ျပန္ေျဖေနေသာ ဖိုးသာထူးေခါင္းေလးကိုအသာပြတ္ၿပီး ။

" ဖိုးသာထူးကိုမေျပာပါနဲ႕...သူက တကယ္ လိမၼာတဲ့ကေလးပါ၊ ငါ...ငါကိုလည္း ဘာမွ ဂ်ီမက်ဘဴး၊ တကယ္ပါ မိေဝ "

" ေအးပါဟယ္၊ ဒီေကာင္ဆိုးေလးကို နင္အလိုမလိုက္နဲ႕ ၊ သူက သ်ိပ်လည်တာ ကိုငယ္..နင္ကိုပါေရာင္းစားသြားမယ္ ၾကပ္ၾကပ္အလိုလိုက္..."

" ေအးပါ "

" အေမကလည္း သားက လိမၼာေနပါၿပီဆို ..."

အဖီေအာက္က ကေလးႀကီး၊ ကေလးငယ္ကို ေခါင္းခါၿပီး သေဘာတက်ရယ္မိၿပီး ေန႕လည္စာအတြက္ ခ်က္ျပဳတ္ရန္ မိေဝျပင္ဆင္ရမည္ေလ ။ ေန႕လည္ ၁၂နာရီနီးပါး အခ်ိန္ ေန႕လည္စာျပန္စားတက္ေသာ ကိုသာထက္ကို မနက္က အေၾကာင္းေတြ ေဖာက္သည္ခ်ရမယ္ ။

ဒီတခါ ရွင္ကယ္တင္ထားတဲ့ ကေလးက ဒုကၡအိုးေလးမဟုတ္ဘူးေတာ္ေရ ၊ အဖိုးတန္ ေ႐ႊထုပ္ကေလး ။

က်ဳပ္တို႔အိမ္ကို ဘိုးေတာ္သိၾကားက ေစလြတ္လိုက္သလား / နတ္ဆရာသမားမ်ား မ,စေလသလား မသိ...ေနာက္ေန႕မွ ရက္ကြပ္ထဲကနတ္ဝင္သည္မိေဆြကို ေမးရအုံးမယ္*

#မမ အတြက္ vote ေပးဖို႔ မေမ့နဲ႕ေနာ္

#Take care all

(ဥကၠဌေယာက်ာ္း' fic ေလးရဲ႕ အေမွာင္ခန္းေလးကို မနက္ျဖန္မွ update ေပးပါမယ္ေနာ္...ေမွာင္ေမွာင္ရိုရိုေလးမို႔ ခ်စ္ေသာတို႔အႀကိဳက္ေတြ႕မွာပါ....အားနာစြာျဖင့္ ဆက္ေမွာင္ရမယ့္ fic ေလးပါလို႔ )

Продовжити читання

Вам також сподобається

484K 21.1K 57
[COMPLETE ✅] *✿❀❀✿**✿❀❀✿**✿❀❀✿**✿❀❀✿* After years of unconsciousness, she regained her "life" only to find the people she treasured had changed for t...
97.1K 5.4K 35
အချစ်အကြောင်း ဘာမှမသိသေးတဲ့ လူပျိုကြီးကို အချစ်အကြောင်း သေချာသိနားလည်သွားအောင် ကျွန်တော်က သင်ကြားပေးမယ်....။ အခ်စ္အေၾကာင္း ဘာမွမသိေသးတဲ့ လူပ်ိဳႀကီးကိ...
50.6K 2.2K 41
ခေတ်ဦးရာဇာမောင်♡သျှားထက်မဏီ
2.2K 100 11
Jill Valentine x Female Reader "Captivated by the vivid memories of you, my heart holds onto the restless dream we shared, never letting go." Life in...