တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
By maiyuri18
635K 36.9K 2.4K
သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final
Special Extra
အပိုင်း(၁၀)
13K 847 26
By maiyuri18
အိမ်ကိုအရေးတကြီးသုတ်ပြာ ဖြင့် မျက်နှာမကောင်းစွာ ပြန်လာသော သားကြီးကိုကြည့်ပြီး မိ င်ဖြစ်သူ ဒေါ်မေကြည်ဟန်က ရင်ဘတ်လေးအသာဖိနေမိသည်။
" သား...သားကြီး.."
မကောင်းတာ ဖြစ်ခဲ့သလား၊ မကောင်းတာ ဖြစ်တော့မှာလား မသိပေမယ့် ပျက်ယွင်းနေသော သားကြီး မျက်နှာကို ကြည့်ပြီး သားကြီး အနားသွားတာ လက်ကလေးဆုပ်ကိုင်လို့ မေးမိသည်။
" ဖေ....ဖေဖေ...ရော မေမေ "
" သား.....သားကြီး မကောင်းတာ တစ်ခုခု ဖြစ်ခဲ့လို့လား ဟင် "
" မဟုတ်ပါဘူး မေမေရ စိတ်မပူနဲ့နော် "
" မေမေ စိတ်ပူတယ်သားရယ် ၊ မေမေကို ပြောပါအုံး မင်းညီကလည်း ခုထိ မေမေတို့ဆီ အဆက်အသွယ်မလုပ်ဘူး သားကြီးရယ် သားငယ်လေးလည်း ပေါ်မလာဘူး ၊ သူတို့လေးတွေ အဆင်မပြေကြလို့လားကွယ် မေမေ့ရင်ပူလိုက်တာ သားရယ် မေမေ့ကိုပြောပါကွယ်"
ချည်ပဝါလေးခြုံထားပြီး လက်ထဲကစိပ်ပုတီးလေးကိုင်ကာ ပျက်ယွင်းနေတဲ့ မေမေ့အမေး စကားတွေကြောင့် ဘုန်းမြတ်ဟန် ကိုယ်ဟန်ကိုတစ်ချက်ပြန်ထိမ်းပြီး မေမေ့ကို ဟန်ဆောင်ပြုံးပြရင်း ခေါင်းခါနေမိသည်။
" မေမေ.."
စိတ်မချခြင်းများစွာဖြင့် သားသမီးတွေအတွက် ရတက်မအေးတဲ့ မေမေကိုကြည့်ပြီး သနားလွန်းလို့ မေမေကို အသာချော့ခေါ်ကာ ဧည့်ခန်းထဲက ဆိုဖာပေါ် အသာ ထိုင်ခိုင်းမိသည်။ အိမ်ကကောင်မလေးကို ရေ တစ်ခွက် ခပ်ခိုင်းပြီး မေမေကို စိတ်ဖြေဖို့ အသာချော့နေမိသည်။
" စိတ်မပူပါနဲ့မေမေရယ် နော် ....ရေလေး သောက်လိုက်အုံး "
အိမ်ကကောင်မလေး ယူလာပေးသော ရေဖန်ခွက်လေးကို ကိုင်ပြီးဂရုတစိုက်မေမေဆီ ကမ်းမိသည်။ တစ်ငုံသောက်ပြီး အမောပြေနေဟန် ပြသည့်မေမေကို လက်ကလေးဆုပ်ကိုင်ပြီး ပြုံးပြမိသည်။ အပေါ်ထပ်က ဆင်းလာသော ခြေအစုံတို့ကြောင့် ဖေဖေ လာနေပြီဆိုတာ သိရ၍ အပေါ်ထပ်ကိုမော့အကြည့် ပုံမန်ထက်တည်တင်းနေသော ဖေဖေ မျက်နှာထားတို့ကြောင့် ကိုယ်တစ်ချက်တွန့်သွားမိပြီ။
ဖေဖေ အကြောင်းစုံသိနေပြီလား !
ဖေဖေ လူ့တွေက တင်ပြကြတာလား....စသည့်..စသည့်။
" ဖေဖေ ..."
" အေး....မိမွန်...လာအုံး "
ဖေဖေခေါ်သံကြောင့် မီးဖိုထဲက ပြေးထွက်သော ကောင်မလေးက ဖေဖေအနား ခေါင်းလေးငုံ့ပြီး ခပ်ရို့ရို့ မတ်တပ်ရပ်နေမိသည့် မိမွန်။
" နင်မေမေကြီးကို အပေါ်ထပ် လိုက်ပို့လိုက် မိမွန် "
" ဟုတ်ကဲ့ ဘဘကြီး "
ဖေဖေ အမိန့်စကားကြောင့် ကျွန်တော်တို့သားအမိထိုင်နေသော ဆိုဖာအနား မေမေကို ကူတွဲရန် မေမေအနီး ပုဆစ်တုတ်ထိုင်နေသော မိမွန်လက်ကိုဖယ်ချပြီး မတည်ငြိမ်သော စကား တို့ဖြင့် ပြောနေသော မိတာမိခင်။
" မပို့နဲ့ ၊ သားကြီးကိုကြည့်ပြီး ဒီမိသားစုမှ ပြသနာ တစ်ခုခုဖြစ်နေတာ သိတယ် ၊ ကျွန်မကို ဖယ်မထားနဲ့ ဒီမိသားစုက ကျွန်မမိသားစုအရေးမို့ သိချင်တယ် "
ဒေါသတကြီး တုန့်ပြန်ပြောဆိုနေသော မေမေကို လက်လေး ကိုင်ပြီး စကားအေးအေးတို့ဖြင့်။
" မဟုတ်ဘူးလေ မေမေရယ်၊ သားကြီး နောက်ကျ အကြောင်းစုံ ပြောပြပါ့မယ် မေမေရယ်..နော်..ခဏ အနားယူလိုက်ပါနော် "
" အခုပဲသိချင်တယ်သားကြီး ၊ မိသားစုအရေးမို့ မေမေကို အပြင်လူလို သဘောထားမျိုးနဲ့ ဖယ်မထားစေချင်ဘူး သားတို့မိခင်ပါ မေမေက သားတို့ အမေပါကွယ် "
ခေါင်းတညိမ့်ညိမ့်ဖြင့် ဖေဖေက အပြုံးတစ်ပွင့်တို့ပေးလာသောအခါ တုန်လူပ်နေမိသည်။ စိတ်ဒေါသ ကြီးတက်သော ဖေဖေက ဘယ်တော့မှ ပြုံးမပြတက် ၊ ပြသနာကို ရက်ရက်စက်စက် ကိုင်တွယ်မည်ဆိုသောအခါမှသာ ပြုံးတက်သော အပြုံးတစ်ပွင့်တို့ကြောင့် လက်ဖျားတွေအေးလာပြီး မေမေမျက်နာကို ကြည့်မိသည်။
*ဖေဖေ သိနေပြီးသားလား....
တုန့်လူပ်မူတွေနဲ့ စိုက်ကြည့်မိနေပါသော သားအမိနှစ်ယောက်။
မေမေကိုယ်တိုင်က အောက်နူတ်ခမ်းစတို့ တုန်ရီလျှက်.....
" ထားလိုက်သားကြီး ၊ ပြောစရာရှိတာ ပြော"
အမိန့်ပေးနေဟန်ဖြင့် အဖွင့်စကားဆိုလာသော ဖေဖေကို အိတ်ထဲ ထည့်သိမ်းလာမိသော ဘုန်းမာန်စားပွဲပေါ်က  ငယ်လေးရဲ့ရင်ဖွင့်စကားသံတို့ရယ်၊ ဘဏ်ကတ်များနှင့် ငွေစက္ကူတစ်ချို့ ။
ဘာမှပြောဘဲ စာရွက်တွေကို ကောက်ဖတ်မိပါသော မေမေက ထိတ်လန့်မူတွေက တုန်ရီနေသော အသံတို့က ဖော်ပြပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့်။
ဝေ့တက်လာသော မျက်ရည်များနှင့် အံဩမူတို့ ပေါင်းစုံလျှက်။
စာရွက်လေးကို တုန်ရီနေသော လက်တို့ဖြင့် ဆုပ်ကိုင်ပြီး ကိုယ်ကိုအတည်ပြုစေဖို့ တုန်ရီနေသော မေမေနူတ်ခမ်းသားတို့က ဖွင့်ဟ ထားသော်လည်း စကားလုံးတို့က ထွက်မလာခဲ့။
ကိုယ်ကို တပိုင်းလှည့်ပြီး အမေးစကားတို့ဆိုချင်သော်ငြား ထွက်မလာသော စကားတို့ကြောင့် ကျွန်တော် လက်ကလေးကိုပုတ်ပြီး မေးနေရှာသော မေမေ ။
"...သား.....သားကြီး...."
အမေးစကားတို့ကပေါ်မလာနိုင်အောင် မေမေလက်ခံဖို့ ခဲယဉ်း လွန်းလှ၏။
" ဟုတ်တယ် မေမေ "
ကျွန်တော်ဖြေသံ ကြားတော့ ရုတ်တရက်လွတ်ချမိပါသော ဗန်လွယ်အွေ့ စာရွက်လေးက စားပွဲပေါ် မရူမလှ ပြုတ်ကြခဲ့ရပြီ။ တုန်ရီနေသော လက်တို့က.....
" သား...."
ထိတ်လန့်တုန်လူပ်ခြင်း၊ အံ့ဩခြင်း ၊ မယုံကြည်နိုင်ခြင်းတိူ့ကြောင့် မေမေ အသက်ရူရပ်နေသည့်အလား ဆိုဖာ ပေါ်ခွေခေါက်၍ တခဏ မေ့​သွားခဲ့ပြီလေ။
" မိမွန် ယပ်တောင်နဲ့ ရူဆေးယူခဲ့စမ်းပါအုံး ၊ မြန်မြန်လေး...."
အိမ်နောက်ထဲက ကောင်မလေးကို အော်ခေါ်ပြီ မေမေ မျက်နှာအနား လက်ကလေးဖြင့် ယပ်ခတ် လို့ ' မေမေ ' ဆိုသော် ခေါ်သံတို့က မေမေ အသိစိတ်ကိုပြန်လည်နိူးနေမိသည်။
" မေမေ....မေမေ သတိထားပါအုံး......"
အပြေးလာနေသော မိမွန်က မေမေအနား ထိုင်ပြီး မေမေကို ရူဆေးလေး တို့ပေးနေမိသည်။
ကိုယ်ကတော့ ယပ်တောင်လေး ခတ်ပေးပြီး ' မေမေ သတိထားပါအုံး ' ဆိုသည့်စကားတို့က မပြတ်အော်ခေါ်နေမိသည်။
ခုလိုအခြေအနေမှာ ဖေဖေကို တဖန်လှည့်ကြည့်ပြန်တော့...။လက်တဖက်က ဖန်စားပွဲကို တစ်တောက်တောက် ခေါက်နေသော ဖေဖေ က တစ်ခုခု ကိုသေချာ ဆုံးဖြတ်နေဟန်၊ အဆိုးဆုံးတွေ ဖြစ်မလာဖို့ ကြားက တားရမည်။
"..သား....သားကြီး "
သတိပြန်လည်လာသော မေမေက ရိူကြီးတငင်ငိုကြွေးနေသည်။
" မေမေ...စိတ်ထိမ်းအုံးလေ....မေမေ စိတ်ထိမ်းမှာပေါ့ "
မျက်ရည်တွေကြားကနေ ရင်ဘတ်လေးဖိကာ ခေါင်းညိမ့်ပြနေတဲ့ မေမေက သိပ်သနားဖို့ကောင်းသည်။ မေမေ သိပ်ခံစားနေရရှာမည်မဟုတ်ပါ့လား...။ *ဗန်လွယ်အွေ့ လေးကို သားငယ်လေးရယ်လို့ ပါးစပ်ဖျားက မချတဲ့ မေမေက အဝေးရောက်နေတဲ့ သားတွေနေရာအစားထိုးလို့ အချစ်ပိုခဲ့ရပြန်သည်လေ။ ငယ်စဉ်ကတည်းက မိမိလက်ပေါ်က ချီပိုးကာ ချော့မြူခဲ့ရတဲ့ သားငယ်လေး၊ ကံကြံမ္မာဆိုးကြောင့် ခြေမသန်သည့်တိုင် လွယ်အွေ့လေး မျက်နာမငယ်ရအောင် ထားခဲ့တဲ့ ဒေါ်မေကြည်ဟန်တို့ ခုတော့ ပြိုလဲကာ နေပြီ မဟုတ်ပါလား။
*ကိုယ့်သားကြောင့်ဆိုတဲ့အသိက နှလုံးသားတည့်တည့်ကို ထိုးဖောက်လိုက်တဲ့ ဓါးဖျားအလား နက်နဲနာကျင်လှသည်...
" ဖေဖေ "
" သိပ်ကောင်းတယ် ပြေ့ဘုန်းမာန်၊...သိပ်ကောင်းတယ်....ကိုယ်လုပ်ချင်ရာကို လှည့်စားပြီး လုပ်သွားတာ သိပ်တော်တယ် ၊ မိုက်ရိုင်းလိုက်တာ ၊ တဖက်သားကို မငဲ့ညှာတဲ့ အလကားကောင် , တောက် ..! ဘုန်းမောင် သွေးသားက ဒီလောက်မိုက်ရိုင်းရသတဲ့လား...."
တည်တင်းမာန်ပါလွန်းတဲ့ ဖေဖေစကားသံတွေက ကြောက်ကမန်းလိလိတုန်လူပ်နေမိသည်။
"ဘယ်လို လုပ်ကြမလဲ ဖေကြီး ၊ ကျွန်မတို့ သားငယ်လေးက ဘယ်မလဲ ၊ ခု ဘယ်မလဲ .."
တောက်တစ်ချက်ခေါက်ပြီး ထိုင်နေသော ဖေဖေကို မည့်သူမှ မော့မကြည့်ရဲ ။
ရိူက်ငိုသံရောယှက်နေတဲ့ မေမေ အမေးစကားတို့ကြောင့် စိတ်လျော့ပါဆိုသည့်သဘောဖြင့် မေမေလက်မောင်းကို သပ်ပေးမိသည်။
" ငါက လူလိုစီစဉ်ပေးတာကို ခွေးဇာတ်လိုက် ကပြသွားတဲ့ ဒင်းကို သက်ညှာလို့မဖြစ်ဘူး ၊ဘုန်းမောင် ဆိုတဲ့ ငါ့ အကြောင်း ကောင်းကောင်းသိစေရမယ် ၊ ဒီနေ့ကအစ ဒီအိမ်မှာ ပြေ့ဘုန်းမာန်ဆိုတဲ့ အမည် မည်သူမှပြောခွင့်မရှိ၊ သူ့နေတဲ့ အခန်းက ပစ္စည်းတွေကို လိုအပ်တဲ့နေရာလှူလိုက်၊ ဦးညိုက သူ့စီးတဲ့ကားကို ရတဲ့စျေးနဲ့ရောင်းထုတ်လိုက် ၊ ပြီးရင် အဲ့အခန်းကို ချိပ်ပိတ်ထား...ဒါ ငါ့အမိန့် ! "
" ဖေဖေ ....."
" ဖေဖေကို ဘာမှမပြောနဲ့သားကြီး ခုချိန် သားငယ်လေးကို အပူတပြင်းရှာဖွေရမယ် ၊ ဘယ်နေ့လောက်က ထွက်သွားတာ ဖြစ်မယ် ထင်လဲ သားကြီး "
" ၂ရက်လောက်ပဲရှိမယ်ထင်တယ်ဖေဖေ ၊ သားတို့ အာဏာပိုင်ကိုအကူအညီတောင်းရင် ရနိုင်လောက်မလား "
" ဖေဖေတို့နည်းလမ်းမျိုး စုံနဲ့ သားငယ်လေးကိုရှာရမှာပဲ သားကြီး "
ဘုန်းမာန်နဲ့ဆိုင်ရာ စကားတို့ကိုမှားကြားပြီးနောက် မာန်ကြီးလွန်းတဲ့ဖေဖေက စကားတစ်ခွန်းကို နှစ်ခါထပ်မပြောခဲ့။
" ဘယ်ဆီရောက်နေမလဲ သားငယ်ရယ်၊ တစ်ခုခု ဆို မေကြီးတို့ ပြန်မလာဘဲ ကွယ် ..မေကြီးတို့ဆီ လာမှာပေါ့ကွယ်....သားရယ်.."
တမ်းတဟန်တို့ဖြင့် မချိတကဲရေရွတ်နေသော မေမေကို အော်ငေါက်လိုက်သော ဖခင်။
" မင်းသားလုပ်လို့ ခုလို ထွက်သွားရတာ ၊ မင်းကာဗာ အမြဲပေးနေတဲ့ ဒင်းက ငါတို့ကို လှည့်စားသွားတာ...တောက်! ဒင်း ကြောင့် ပျော်ထားအုံးပေါ့ ကွာ.."
ဖေဖေရေရွတ်သံထဲမှာ ပြေ့ဘုန်းမာန်အတွက် ဆိုးရွားတဲ့ အပြစ်ဒဏ်ချက်တွေပါမှန်း ကျွန်တော်တို့သားအမိ သိနေပြီ။
မိသားစုဖြစ်သော်ငြား ဖေဖေစကားတို့က အောင်ရာသည်မို့၊ ကိုယ့်မိသားစု စိတ်ဝမ်းကွဲရတာမို့ ဝမ်းနည်းမိသည်။
" လုပ်ပါအုံး သားကြီးရယ် ..သားမာန်ကို.."
" မပြောနဲ့ မင်းသားအကြောင်း ။ ဘာမှ လုပ်စရာမလိုဘူး ၊ ဒင်းက US မှာ လုပ်ချင်ရာလုပ်ပြီးပျော်နေတာ ငါတို့မျက်နှာကို အိုးမဲသုတ်ပြီး ငါကိုလှည့်စားသွားတာ မင်းအဲ့တာတွေသိလား "
" ဖေဖေ "
မေမေကို လက်ညိုးထိုးပြီး မခံစားနိုင်စွာ ဟစ်အော်နေသော ဖေဖေကိုကြည့်ပြီး ဖေဖေရင်ထဲ ဘယ်လောက်ခံရခက်နေရှာမလဲ။
ဝန်ထမ်းလုပ်ခဲ့စဉ်က တည်ကြည်ဖြောင့်မတ်လွန်းလို့ လက်အောက်ငယ်သား အများအပြားက ဆရာဖြစ်သူကို ရိုသေလေးစားခဲ့ကြသည်။ အရွယ်တူ ၊ ရာထူးတူ ညီအစ်ကိုတွေကလည်း လေးစားကြသည်။
သမာသမတ်ကျသော ဖေဖေကို လွန်ဆန်ခဲ့သူ နည်းပါးသောကြောင့် ဖေဖေနယ်ပါယ်မှာ ထွက်လာသော်ငြား ဖေဖေအမည်သည်က ခုထိ ကျော်ကြားလှသည်။
ဖေဖေ့စကားတို့သည်ကား ခုထိ မြဲလှ၏။
" မေမေကို အပေါ်ထပ် ပို့ပြီး ဆရာဝန် ခေါ်ပေးလိုက် မိမွန်၊ မေမေ ပင်ပမ်းနေပြီ "
" တစ်ခုခု လုပ်ပါအုံး သားကြီးရယ်...မေမေ ရင်တွေပူလှပြီ သားရယ်...မေမေရင်ပူလှပြီ "
" မေမေရယ်..."
ရင်ဘတ်လေးကို ပုတ်ပြီး ငိုယိုနေသော မေမေကို သနားလွန်းလို့ ညီငယ် အပေါ် ပုံမချရက်သော ဒေါသကိုမည်သည့် နေရာဆီသို့ ပို့ရမှန်းမသိ။ မိခင်မျက်ရည်တွေ မြင်ရရင် ပူလောင်လှတဲ့ ရင်ကြောင့် ပြေ့ဘုန်းမာန် ကို နည်းနည်းတော့ ထိုးကျိတ် ဆုံးမ , ချင်မိသည်။
မေမေကို အပေါ်ထပ်ကူတွဲပို့ရင်း အိမ်သူသက်ထားဆီလည်းအဖြစ်အပျက်တို့ကို အကြောင်းစုံပြောကာ မေမေအိမ်မှာရှိနေမည်ဖြစ်ကြောင်း၊ စိတ်မပူဖို့ရာ သတင်းပို့မိသည်။
———————————————————————————————————————————
စနေနေ့ပိတ်ရက်မို့ ဝေလီဝေလင်း ထပြီး ညကတည်းက စည်းထားသော အသီးအရွက်များကို ထုပ်ပိုးပြီး ကားထဲထည့်နေမိသည်။ မနက်အစောထ၍ မနက်စာ ချက်ပြုတ်နေသော မိဝေက အိမ်မှာ ကျန်ခဲ့မည် ဖိုးသာထူးနှင့်ကိုငယ်အတွက် ငါးပိရည်ဖျော်ပြီး အသီးအရွက်ကြော်၊ မြေပဲတို့ကို ကြော်လှော်ကာ စားပွဲပေါ်တင်ပြီး သိမ်းထားခဲ့သည်။
စနေပိတ်ရက်လိုမျိုး နေ့ကိုသာ မျှော်နေမိသည့်စျေးသည်တချို့က စျေးကိုသူထက်ငါ အရင်ဦးစွာ ခင်ကျင်းပြီး ဆူဆူညံညံ ဟစ်အော်ကာရောင်းချနေရသည်။ စနေ၊ တနဂ်နွေ ပိတ်ရက်တွေရဲ့ရောင်းအားက ပုံမာန်ရက်တွေထက်ရောင်းအားပိုမိတာကြောင့် ခုလိုပိတ်ရက်ကို လင်မယားနှစ်စောစောထ၍ စျေးသို့ အသော့နှင်ရတော့မည်။
ဘုရားစင်အောက်က ပခုက္ကူချည်စောင်လေးကို ခြုံပြီး ကွေးအိပ်နေသော လွယ်အွေ့က ဆူညံ့နေသော ကိုသာထက်တို့လင်မယား လုပ်ရှားမူကြောင့်ကောင်းစွာ နိုးထ လာရပြီး ညာသာစွာ အိပ်ယာထကာ ခြုံစောင်ကို ညီညာစွာ ခေါက်ပြီး အိမ်အပေါ်ထပ်ဆီမှ ခြေသံမကြားအောင်လျှောက်လှမ်း၍ အိမ်ခေါင်းရင်းက မျက်နှာသစ်ရန် ရေကန်ဆီသို့ ။
မျက်နှာသစ်မလို၊ ဆေးစရာအကူပစ္စည်းမပါဘဲ ဆေးကြောသန့်စင်နေ့သည့် တောင်ပေါ်သားလေး၏ ချစ်စရာမျက်နှာအသွင်ကား လင်းရောင်ခြည်မလာသေးသည့် နံနက်အာရုဏ်ဦးဝယ် ထင်လင်းနေသည့်အတ်ုင်း ။ ဖြူနုစွာဖြင့် စီးကျနေသော ရေစက်တို့က တောင်ပေါ်သားလေးမျက်နှာထက်ဝယ် တွဲခို၍ ညင်သာစွာ လျှောက်လှမ်းနေသော လွယ်အွေ့က ချစ်စရာ ဒုက္ခအိုးလေး။
" ဟော....ကျုပ်တို့ကြောင့် နိုးနေပြီလား "
" မဟုတ်....ငါ နိုးနေကြမို့ပါ ၊ ငါဘာကူညီရမလဲ "
" ရပါတယ် ကိုငယ်ရာ ၊ ဖိုးသာထူးန်ိုးရင် အစ်မ မလာခင် ကြည့်ထားပေးပါအုံး ကိုငယ် ဒီကလေးက ခြံပြင်ထွက်တက်လိူ့ "
" အေးပါ ..ငါ ထိမ်းထားလိုက်မယ် နင်တို့လည်း ဂရုစိုက်ပါ "
အိမ်အပေါ်ထပ် မရောက်ခင်လှေကားခြေရင်းကနေ ခေါင်းလေးငုံ့ပြီး နူတ်ဆက်နေသော လွယ်အွေ့ကို ကြည့်ပြီး ဒီကောင်လေး စိတ်ထားဖြူစင်သား ဟုတွေးမိသည်။
" အေးအေး အုပ်စောင်းအောက်မှာ အစ်မ မနက်စာ ပြင်ခဲ့တယ်နော် ကိုငယ်၊ နင့်ညီ နိုးလာရင် ကြွေးလိုက်အုံး "
" အေးပါ "
ကားပေါ်မှာ ခြံထွက်ကုန်စိမ်းများတင်ပြီး ခြံပြင်သို တရွေ့ရွေ့ထွက်ခွါသွားသော ဗန်ကားအဖြူလေးကြည့်ပြီး လင်းရောင်ခြည်မလာသေးသော နံနက်ခင်းကောင်းကင်ယံအလှကိုမော့ကြည့်ပြီး ကိုယ်တော်ကို ဂုဏ်ပြုချီးမွန်းမိသည်။ အလွတ်ကဗျာအတိုင်း ဘုရားကျောင်းတွေမှာ သီဆိုလေ့ရှိသော ဂုဏ်ပြုသီချင်း ဓမ္မတေးတစ်ပုဒ်ကို ခပ်တိုးတိုး သီဆိုမိသည်။
အိမ်ရှေ့ ကုလားထိုင်လေးပေါ် နံနက်အာရုဏ်ဦးအလှကို ခံစားမိရင်း အိမ်နောက်ဘက်ဆီက သီးနှံစိုက်ခင်းတွေဆီ လှည့်ကြည့်မိတော့ စုံလင်လှသော သီးနှံစိုက်ခင်းများ ၊ နည်းပါးလှသော ပန်းပေါင်းစုံ ရနံတို့က လိူင်လိူင်ပွင့်၍ အာရုဏ်ဦးအလှနှင့်အပြိုင် ဖူးပွင့်နေကြသည်။
" ဖိုးသာထူး...."
ခြံစိုက်ခင်းဆီကို ပေါင်းရှင်းရမည်ဟု တွေးပြီး အိမ်ပေါ်ထပ်ဆီက ဖိုးသာထူးကိုနိုးရန် ညင်သာစွာ တက်နေမိသည်။ အိပ်ခန်းဟုပြောရမည့် အခန်းတံခါးကို တစ်ချက်ခေါက်ပြီး ဖိုးသာထူးအမည်ကို အဆက်မသွယ် ခေါ်နေမိသည်။
" ဖိုးသာထူး "
" ဗျာ....."
အထဲက ဗျာဆိုသော ထူးသံလေးကြောင့် န်ိုးနေမူကိုရပ်တန့်ပြီးမျက်နှာသစ်ရန် ဆော်ဩမိသည်။
အိပ်ချင်မူးတူးရုပ်လေးဖြင့် န်ုးထသည့် ဖိုးသာထူးခေါင်းလေးကို တစ်ချက်ဖွပြီး ညင်သာသော စကားတို့ဖြင့် ။
" မျက်နှာသစ်တော့ ဖိုးသာထူး "
" ဟုတ်ကဲ့ "
ခေါင်းလေးညိမ့်ပြီး အောက်ထပ်ဆင်းသွားသော် ဖိုးသာထူးကို လှေကားကိုသတိထားဆင်းရန် မှာဖို့မမေ့ခဲ့။
မျက်နှာသုတ်ပဝါလေးကို ဖိုးသာထူးဆီ ကမ်းပေးပြီး ၊ မိုးဖိုးဆောင်ထဲ ဝင်လာခဲ့ပြီ။
အုပ်ဆောင်းအောက်က ဖွယ်ရာသော နံနက်စာကိုကြည့်ပြီး နှာခေါင်းရူံ့သွားသော ဖိုးသားထူးကို ကြည့်ပြီး " ဘာလို့လဲ ၊ မကြိုက်ဘူးလား " ဟုမေးမိသည်။
" မူန့်ဟင်းခါး စားချင်တာ "
" ဘယ်နားက ရသလဲ ၊ သွားစားမယ်လေ "
" မေမေက ဆူလိမ့်မယ်...ကိုကို့ရ ....သားကလည်း အဲ့ဒါကိုမှ စားချင်နေပြန်တယ်"
" အဟက်....ဝယ်ကြွေးမှာပေါ့...လာ.."
အတူသွားကြမလားမေးမိသော်လည်း မေးစေ့ကိုလက်မလေးဖြင့် ဖိထောက်ကာ လူကြီးတစ်ယောက် တွေးတောချင့်ချိန်ဟန်ဖြင့် ဂိုက်ပေးကြမ်းနေသော ဖိုးသာထူးကြောင့် ပြုံးစစဖြင့်ရယ်နေမိသည်။
" မဖြစ်ဘူး...ကိုကို လိုက်လို့မရဘူး...."
" ဘာလို့လဲ ဖိုးသာထူး၊ အဲ့နေရာက အရမ်းဝေးလား..."
" ဒီဘက်ထောင့်ကွေ့မှာ ..ဒါပေမယ့်ကိုကို့ လိုက်လို့မရဘူး...အဲ့မူန့်ဆိုင်ကဒေါ်တုပ်က အားကြီးအတင်းပြောတာ..နောက်ပြီး သူ့သမီး ...ဘယ်သူ....အော် မကြီးမစုတို့ မကြီးမပုတို့က သားကိုကို့ကို နှာဘူးလိမ့်မယ်...မခေါ်ချင်ဘူး...နောက်ပီး အရက်သမားဖိုးဇော်က အဲ့ဆိုင်အမြဲရှိတယ် မကြီးမပုကိုကြိုက်နေတာတဲ့...သိလား ကိုကို့....."
" လူရူပ်ကလေး.."
" သားက လိမ်မာပါတယ်နော်..သားကို ပိုက်ဆံသာပေး သားဘာသာ အပြေးလေးသွားဝယ်လိုက်မယ် ...ကိုကို့က အိမ်စောင့်ပေး ဘယ်လိုလဲ....အဟိ.."
" ကောင်းပါပြီကွာ...ရော့..."
" ၅၀၀၀ တန် နှစိရွက်ကြီးတောင်လား..."
လက်ထဲထည့်ပေးလိုက်တဲ့ နှစ်ရွက်သော ၅၀၀၀တန်တို့ကိုကြီးလိုက် လွယ်အွေ့ကိုပြန်ကြည့်လိုက်နဲ့ အလုပ်ရူပ်နေသော ဖိုးသာထူး။
" သားကိုကို့က ဘောစိပဲ..ဟိ...ရော့ ကိုကို့ ၅၀၀၀ ဆိုလောက်တယ် ..."
" ယူသွားလိုက်ပါ...လိုနေမစိုးလို့.."
" လောက်တယ်ကိုကို့ရ...ကိုကို့အတွက်ရောဝယ်ခဲ့ပေးမယ်လေ....အဲ့ဆိုင်က အိုးဘဲဥမုန်းဟင်းခါးနဲ့ ငါးဖယ်ကြော်က အရမ်းကောင်း...က်ိုကို့သိလား..."
" ဖိုးသာထူးကြိုက်သလောက်ဝယ်ခဲ့ ..ဟုတ်ပြီလား...ဟိုမှာတော့ထိုင်မစားခဲ့ရဘူးနော်.."
ငါးထောင်တန်လေးကိုပြီး ပျော်မြူးနေတဲ့ဖိုးသာထူးခေါင်းလေးကို ဖွကာ ပြောဆိုနေတဲ့လွယ်အွေ့ကို မျက်ပေါက်မှေးလေးဖိုးသာထူးက ခေါင်းတဆက်ဆက်ညိမ့်ပြနေသေးသည်။ အိပ်ယာထမို့ တွန့်ကျေစပြုနေတဲ့ အနီရောင် စပန့်သားဝမ်းဆက်လေးက ရစရာရှိမနေခဲ့။
ဖိုးသာထူး ဘယ်လောက်အအိပ်ကြမ်းလည်း အိပ်ယာထစပုံကိုကြည့်ရင်သိနိုင်ပြီလေ။ ကျောင်းမှာကဲ ခဲ့သမျှ အိမ်က်ထဲထိ ကန်ကြောက်တက်တဲ့ အဆော့မက်တဲ့ ကလေးအရွယ်ပီပီ ဖိုးသာထူးက သရုပ်ပြနေသည်။
" အဝတ်လဲသွား....အကျီတွေကျေတွန့်နေတာ "
" နောက်ကျလိမ့်မယ် ကိုကို...ဟို...."
" မရဘူး....အကျီင်္လဲပီးမှ သွားရမယ် "
" ဟုတ်...သားမြန်မြန်လဲလိုက်မယ်နော်..."
ကိုကို့ဟာ အဖေလို ထပ်ငြင်းဆိုလို့မရရမှန်း ဖိုးသာထူးသိသောကြောင့် ခပ်မြန်မြန်ပဲ အိပ်ခန်းလေးထဲဝင်ကာ မိဝေ သေသေသပ်သပ်စီရီထားသော ဗီရိုပုလေးထဲက အပြာရောင်အကွက်ဝမ်းဆက်လေးကိုထုတ်ယူကာ ခပ်မြန်မြန်အဝတ်လဲကာ ညစ်ပတ်နေသောအဝတ်ဟောင်းကိုပွေ့ကာ ကိုကို့ဆီသို့ ပြုံးပြကာ မျက်နာချိုသွေးနေမိသည်။
" သားလဲပီပီ ...ကိုကို့..."
" ပေး.....မြန်မြန်ပြန်လာနော်...ပြေးမလာရဘူးနော်...နော်ပြီး ဘယ်ညာကားအသွားအလာကြည့်နော် ဖိုးသာထူး.."
" ဟုတ်ကဲ့ပါ ကိုကိုရ...ဒီနားနီးနီးလေးပါ..."
" အေး...သွား ..သွား..."
ဖိုးသာထူးလက်ထဲက လဲလှယ်ထားသော အဝတ်ဟောင်းတွေကို လက်လွဲယူကာ ရေချိုကန်နားက ပုံးပြာထဲ ထည့်ပြီး ဆပ်ပြာမူန့်အနည်းငယ်ကိုရေနဲ့ဖျော်ကာ စိမ်ထားမိသည်။
အပေါ်ထပ်မီးဖိုဆောင်လေးထဲက မိဝေကြော်ထားပေးခဲ့သော ထမင်းကြော်လေးကို အနေတော်ယူကာ ရေနွေးကြမ်းအိုးလေးဖေးချ၍ဖိုးသာထူး အလာကိုစောင့်နေမိသည်။ ဆေးစရာရှိသော အိုးခွက်ပန်းကန်အပိုင်းအစများကို ပြောင်အောင်ဆေးကြောပြီး ပေကျံနေတဲ့ ထမင်းစင်လေးကိုပါ သနိ့ရှင်းရေးလုပ်နေမိသည်။
" ကိုကိုရေ...."
အိမ်ရှေ့လှေကားအတက်ဆီမှ အော်သံကြား၍ လှည့်ကြည့်သော်အခါ ငါးခူအပြုံးမျက်နာဖြင့်လက်ထဲက မုန့်ဟင်းခါးထုပ်ကိုဆွဲကာ ကိုယ်ဆီခပ်သွက်သွက်လှမ်းလာနေသော ဖိုးသာထူး။
" စားပွဲပေါ်မှာ ပန်းကန်အဆင်သင့်လုပ်ထားတယ်ဖိုးသားထူး ..."
" တွေ့တယ်..ကိုကိုရော..လာလေ..သားနဲ့အတူတူ စားမယ်..."
"အေး..အမိူက်ပစ်နေလို့ ခဏစောင့်..."
" မြန်မြန်နော် ကိုကို၊ သားဗိုက်ဆာနေပြီ...."
အိမ်အပေါ်ထပ်နဲ့နောက်ဘေးကို တစ်ယောက်တစ်ခွန်းလှမ်းအော်နေတဲ့ ညီအစ်က်ုနှစ်ယောက် ။
#မမ အတွက် Vote ပေးခဲ့ဖို့ မမေ့နဲ့နော်
# take care all
(ပြီးခဲ့တဲ့ရက်က update ပေးဖို့ရာ မမ ခရီးထွက်နေလို့ ကြန့်ကြာမိတဲ့အတွက်တောင်းပန်တယ်နော်  over 3500 words နဲ့ပြန်ချော့ခဲ့တယ်နော်😘)
Zawgyi
" သား...သားကြီး.."
" ဖေ....ဖေဖေ...ရော မေမေ "
" မေမေ.."
" ဖေဖေ ..."
" အေး....မိမွန်...လာအုံး "
" ဟုတ်ကဲ့ ဘဘကြီး "
*ဖေဖေ သိနေပြီးသားလား....
"...သား.....သားကြီး...."
" ဟုတ်တယ် မေမေ "
" သား...."
ထိတ်လန့်တုန်လူပ်ခြင်း၊ အံ့ဩခြင်း ၊ မယုံကြည်နိုင်ခြင်းတို့ကြောင့် မေမေ အသက်ရူရပ်နေသည့်အလား ဆိုဖာ ပေါ်ခွေခေါက်၍ တခဏ မေ့သွားခဲ့ပြီလေ။
အိမ်နောက်ထဲက ကောင်မလေးကို အော်ခေါ်ပြီ မေမေ မျက်နှာအနား လက်ကလေးဖြင့် ယပ်ခတ် လို့ ' မေမေ ' ဆိုသော် ခေါ်သံတို့က မေမေ အသိစိတ်ကိုပြန်လည်နိုးနေမိသည်။
"..သား....သားကြီး "
သတိပြန်လည်လာသော မေမေက ရိုကြီးတငင်ငိုကြွေးနေသည်။
" ဖေဖေ "
ရိုက်ငိုသံရောယှက်နေတဲ့ မေမေ အမေးစကားတို့ကြောင့် စိတ်လျော့ပါဆိုသည့်သဘောဖြင့် မေမေလက်မောင်းကို သပ်ပေးမိသည်။
" ငါက လူလိုစီစဉ်ပေးတာကို ခွေးဇာတ်လိုက် ကပြသွားတဲ့ ဒင်းကို သက်ညှာလို့မဖြစ်ဘူး ၊ဘုန်းမောင် ဆိုတဲ့ ငါ့ အကြောင်း ကောင်းကောင်းသိစေရမယ် ၊ ဒီနေ့ကအစ ဒီအိမ်မှာ ပြေ့ဘုန်းမာန်ဆိုတဲ့ အမည် မည်သူမှပြောခွင့်မရှိ၊ သူ့နေတဲ့ အခန်းက ပစ္စည်းတွေကို လိုအပ်တဲ့နေရာလှူလိုက်၊ ဦးညိုက သူ့စီးတဲ့ကားကို ရတဲ့ဈေးနဲ့ရောင်းထုတ်လိုက် ၊ ပြီးရင် အဲ့အခန်းကို ချိပ်ပိတ်ထား...ဒါ ငါ့အမိန့် ! "
" ဖေဖေ ....."
" ဖေဖေ "
" မေမေရယ်..."
စနေပိတ်ရက်လိုမျိုး နေ့ကိုသာ မျှော်နေမိသည့်ဈေးသည်တချို့က ဈေးကိုသူထက်ငါ အရင်ဦးစွာ ခင်ကျင်းပြီး ဆူဆူညံညံ ဟစ်အော်ကာရောင်းချနေရသည်။ စနေ၊ တနဂ်နွေ ပိတ်ရက်တွေရဲ့ရောင်းအားက ပုံမာန်ရက်တွေထက်ရောင်းအားပိုမိတာကြောင့် ခုလိုပိတ်ရက်ကို လင်မယားနှစ်စောစောထ၍ ဈေးသို့ အသော့နှင်ရတော့မည်။
" ရပါတယ် ကိုငယ်ရာ ၊ ဖိုးသာထူးနျိုးရငျ အစ်မ မလာခင် ကြည့်ထားပေးပါအုံး ကိုငယ် ဒီကလေးက ခြံပြင်ထွက်တက်လို့ "
" အေးပါ "
အိမ်ရှေ့ ကုလားထိုင်လေးပေါ် နံနက်အာရုဏ်ဦးအလှကို ခံစားမိရင်း အိမ်နောက်ဘက်ဆီက သီးနှံစိုက်ခင်းတွေဆီ လှည့်ကြည့်မိတော့ စုံလင်လှသော သီးနှံစိုက်ခင်းများ ၊ နည်းပါးလှသော ပန်းပေါင်းစုံ ရနံတို့က လိုင်လိုင်ပွင့်၍ အာရုဏ်ဦးအလှနှင့်အပြိုင် ဖူးပွင့်နေကြသည်။
" ဖိုးသာထူး...."
" ဖိုးသာထူး "
" ဗျာ....."
အိပ်ချင်မူးတူးရုပ်လေးဖြင့် နျုးထသညျ့ ဖိုးသာထူးခေါင်းလေးကို တစ်ချက်ဖွပြီး ညင်သာသော စကားတို့ဖြင့် ။
" ဟုတ်ကဲ့ "
" လူရူပ်ကလေး.."
" ကောင်းပါပြီကွာ...ရော့..."
" လောက်တယ်ကိုကို့ရ...ကိုကို့အတွက်ရောဝယ်ခဲ့ပေးမယ်လေ....အဲ့ဆိုင်က အိုးဘဲဥမုန်းဟင်းခါးနဲ့ ငါးဖယ်ကြော်က အရမ်းကောင်း...ကျိုကို့သိလား..."
" သားလဲပီပီ ...ကိုကို့..."
" အေး...သွား ..သွား..."
" ကိုကိုရေ...."
"အေး..အမိုက်ပစ်နေလို့ ခဏစောင့်..."
# take care all
Continue Reading
You'll Also Like
140K 4.3K 56
When Renée Waltz got into her first relationship with her childhood best friend she didn't think she would have to continue to keep on faking a smile...
644K 44.1K 50
ဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူ...
369K 13.8K 36
❗ ဖန်းတီးမှုတစ်ခုသာဖြစ်၍မည်သူ့စီကမှကူယူခြင်းမိျုးမရှိပါ။ သဘောကျပါကဆက်ဖတ်နိုင်ပြီးသဘောမကျပါက silentလေးပြန်ဖို့ requestလုပ်ချင်ပါတယ်ဗျ..❗ #Yu Ya Chi
35.6K 1.3K 19
သူ၊ ကျွန်တော့် ချစ်ရသူ၊ အဲ့ဒီလူနဲ့အတူရှိချင်တယ် Start Date-12.12.2022 End Date-26.5.2023