UNICODE
"အိုးရန်၊သား ဒီကိုလာဦး"
ကျန်းထျန်သူ့ကို လက်ယက်ပြီးခေါ်လိုက်သည်။
အိုးရန် ရှေ့ကို လျှောက်သွားလိုက်ပြီး သူမကိုကြည့်လိုက်သည်။
ကျန်းထျန် နာနီကို ကြည့်လိုက်ရာ တည်ငြိမ်သော အမူအရာဖြင့် သူမသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမအကြည့်ကိုရွှေ့လိုက်ပြီး "သားဘာလို့အရမ်းပိန်သွားရတာလဲ?"
"သားဒီက အစားအစာတွေသိပ်မစားတတ်လို့ပါ"
အိုးရန်သည် သူဆက်မပြောခင် နာနီကိုတစ်ချက်ကြည့်လိုက်ပြီး "ကျဲကျဲတို့က ဒီကိုဘယ်လိုရောက်လာကြတာလဲ?"
"ကျဲကျဲတို့က မင်းကိုတွေ့ရအောင်ဆိုပြီးကို တမင်လာခဲ့ကြတာ"
ကျန်းထျန် သူ့ပါးလေးကို ပွတ်လိုက်သည်။
သူတိတ်ဆိတ်မိသွားသည်။
ကျန်းထျန်သည် အသေးစိတ်တစ်ခုမှမလွှတ်စေဘဲ သူမမျက်လုံးများဖြင့် သူ့ကိုစူးစမ်းလိုက်သည်။
"ရန်ရန်၊ဒီနေ့သားတို့ကျောင်းမှာ ခရစ္စမတ်အကြိုလှုပ်ရှားမှုရှိတယ်မလား?သားအခုမသွားရင် နောက်ကျနေလိမ့်မယ်"
အိုးရန် တုန်တုန်ယင်ယင်နှင့် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။
"သား ကျောင်းသွားတော့မှာပါ"
သူရဲ့လှုပ်ရှားမှုသေးသေးလေးကြောင့် သူ့လည်ပင်းရှိအမာရွတ်ကို ကျန်းထျန် မြင်လိုက်ပေသည်။သူမရဲ့မျက်လုံးတွေဟာ ရုတ်တရက်မဲမှောင်သွားပြီး အမူအရာမဲ့စွာခေါင်းညိတ်လိုက်သည်။
အိုးရန် သည် သူ့ကျောပိုးအိတ်ကို ယူရန် အပေါ်ထပ်သို့ တက်သွားခဲ့သည်။သူ သူတို့ကို တုံ့ဆိုင်းစွာကြည့်လိုက်ပြီး သူထွက်သွားတော့မည့်အချိန်တွင် ကျန်းထျန် က ရုတ်တရက် သူ့ကို တားလိုက်သည်။
"ခဏလေးနေဦး"
နာနီရဲ့နောက်ကျောဟာအေးခဲသွားပြီး သူမကိုလှည့်ကြည့်လိုက်သည်။
"ဒီနေ့ကျောင်းမသွားနဲ့တော့"
"ဟုတ်တယ်" ချူယီသည် ရှေ့ကိုလျှောက်သွားလိုက်ပြီး အိုးရန်လက်ကို ကိုင်လိုက်ပြီး
"ငါတို့နဲ့ အပြင်သွားကြစို့"
သူ့လက်ကောက်ဝတ်က ဒဏ်ရာကို ထိလိုက်မိတာကို ချူယီ မသိလိုက်ဘူး။အိုးရန်သည် အေးစက်သောလေကို စုပ်ယူလိုက်ပြီး သူ့(ချူယီ)ရဲ့ ဆုပ်ကိုင်မှုကနေ ရုန်းထွက်လိုက်သည်။
"မလို၊မလိုပါဘူး။ငါ..ငါမသွားတော့ဘူး"
သူကနောက်ကျောပေးလိုက်ပြီး သူ့လက်တွေကို သူ့နောက်မှာ ဝှက်ထားလိုက်သည်။
ချူယီမျက်မှောင်ကြုတ်လိုက်ပြီး "အိုးရန် မင်း နေမကောင်းဘူးလား?"
အိုးရန် ခေါင်းရမ်းလိုက်သည်။
သူဘာမှမပြောနိုင်ခင်မှာပဲ လင်းဆွေ့ကျိုးသည် ရှေ့ကိုလျှောက်သွားလိုက်ရင်း အိုးရန်ရဲ့လက်မောင်း ကိုဆွဲယူလိုက်သည်။နောက်ဆုံးတော့ သူ မထိန်းနိုင်တော့ဘဲ နာကျင်စွာ အော်လိုက်မိသည်။
ထိုအမျိုးသားသည် သူ့မျက်လုံးများကို ငုံ့ကြည့်လိုက်ပြီး နာနီ၏ ကြောက်ရွံ့နေသော အကြည့်အောက်တွင် အိုးရန်၏ အင်္ကျီများကို လှန်လိုက်သည်။သူ့ရဲ့ပိန်ပါးသည့်လက်မောင်းပေါ်မှာ အမာရွတ်တွေနဲ့ အညိုအမဲစွဲသည့်အတွင်းကြေဒဏ်ရာများဖြင့်ပြည့်နှက်နေခဲ့သည်။လင်းဆွေ့ကျိုးရဲ့အမူအရာဟာ နစ်မြှုပ်သွားပြီး သူ့ရဲ့အကြည့်တွေဟာ နာနီပေါ်ကိုကျရောက်သွားခဲ့သည်။
အိုးရန်သည် သူ့လက်ကိုဆွဲယူလိုက်ကာ သူ့အင်္ကျီလက်တွေကို မြန်မြန်ဆွဲချလိုက်ပြီး သူ့လက်တွေကို သူ့နောက်ကျောနောက်မှာ တိတ်တဆိတ် ထားလိုက်သည်။
လူတွေဟာ သူတို့စိတ်ဆိုးလေလေ ပိုပြီးတည်ငြိမ်လေဖြစ်သည်။ကျန်းထျန်လည်း ဒီလိုမျိုးပဲဖြစ်သည်။သူမသည် အိုးရန်ရှေ့မှာရပ်လိုက်ပြီး
သူမရဲ့ သွယ်လျသောမျက်လုံးများဖြင့် နာနီကိုတည်ငြိမ်စွာကြည့်လိုက်သည်။
"ဘာတွေဖြစ်သွားတာလဲ?"
နာနီသည် သူမ၏လက်များကို တုန်လှုပ်ခြောက်ခြားစွာပွတ်သပ်ရင်း ခြောက်သွေ့နေသောတံတွေးကိုမျိုချလိုက်သည်။သူမရဲ့မျက်လုံးတွေကို ခဏလောက်မှိတ်လိုက်ပြီးနောက်မှာ သူမဟာ အထစ်ထစ်အငေါ့ငေ့ါနဲ့ပြောလိုက်သည်။
"သူကျောင်းမှာ သူ့သူငယ်ချင်းတွေနဲ့ရန်ဖြစ်ခဲ့ပုံပဲ။ကလေးတွေကဒီလိုပါပဲ သူတို့ခန္ဓာကိုယ်မှာ အမာရွတ်တွေ ဒဏ်ရာတွေရှိတယ်ဆိုတာ ပုံမှန်ပါပဲ....."
သူမရဲ့ဖြေရှင်းချက်ကို ကြားပြီးနောက်မှာ ကျန်းထျန်သည် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။သူမဟာ အိုးရန်ရှေ့မှာ ဒူးထောက်လိုက်ပြီး "သူမပြောတာ အမှန်ပဲလား?"
အိုးရန် နာနီကို မနေနိုင်စွာ ကြည့်လိုက်မိတဲ့အခါမှာ သူမရဲ့သတိပေးတဲ့အကြည့်တွေနဲ့တွေ့ဆုံလိုက်ရသည်။
သူ့အမူအရာသည် ချက်ချင်းပင် နစ်မြုပ်သွားကာ သူ့ခေါင်းကိုငိုက်စိုက်ကျပြီး ဘာမှတုံ့ပြန်ခြင်း မရှိခဲ့ပေ။
ကျန်းထျန်သည် သူ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို ကြောက်လန့်မိသဖြင့် အသက်ပြင်းပြင်းရှူကာ နူးညံ့သည့်အသံလေးဖြင့်ပြောလိုက်သည်။
"ရန်ရန် မကြောက်နဲ့။ကျဲကျဲကို ပြော သားအနိုင်ကျင့်ခံရတာလား?"
"ဘယ်သူကမှသားကို အနိုင်မကျင့်ပါဘူး"
အိုးရန်သည် ကျန်းထျန်လက်ကို လွှတ်လိုက်ပြီး သူမအကြည့်ကိုရှောင်နိုင်ဖို့သူ့ခေါင်းကို လှည့်လိုက်ပြီး
"သား သားအတန်းဖော်နဲ့ ရန်ဖြစ်ပြီးမတော်တဆ ထိခိုက်မိခဲ့တာပါ"
ကျန်းထျန် လန့်သွားခဲ့သည်။
ဒီအဖြေကိုကြားတော့ နာနီက အောင်ပွဲခံတဲ့အပြုံးဖြင့်ပြုံးလိုက်ရင်း အိုးရန်ကို သူမနောက်မှာနေဖို့ ဆွဲခေါ်လိုက်ပြီး ပြောလိုက်သည်။
"ကြည့်၊ကျွန်မက ဒီတိုင်းအလုပ်သမားတစ်ယောက်ပါ။ကျွန်မအလုပ်ရှင်ရဲ့ကလေးကို ဘယ်လိုများအနိုင်ကျင့်ရဲမှာလဲ?။အိုးရန်က မကြာခင်ကျောင်းသွားရတော့မယ်၊ဒါကြောင့် ရှင်တို့အရင်ပြန်သင့်တယ်လို့ကျွန်မထင်တယ်။အိုးရန်ရဲ့မိသားစုသာသိရင် ကျွန်မဒုက္ခရောက်လိမ့်မယ်"
ကျန်းထျန် အံကြိတ်လိုက်ပြီး သူမနဲ့ ငြင်းခုန်ဖို့အတွက် ရှေ့ကိုလျှောက်သွားလိုက်သည်။သူမစကားပြောခါနီးတွင် လင်းဆွေ့ကျိုး ကသူမကို တားလိုက်သည်။
"ပြန်ရအောင်!"
သူ့မျက်လုံးများက သူမကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ထိုမျက်လုံးတွေနဲ့မျက်နှာချင်းဆိုင်ရတဲ့အချိန်မှာ သူမဒေါသတွေကို တည်ငြိမ်အောင်မလုပ်နိုင်ပေ။နာနီကို စူးစူးဝါးဝါးအကြည့်တစ်ချက်ပေးပြီးနောက်မှာ သူမသည် တိတ်ဆိတ်စွာရပ်နေလိုက်သည်။
လင်းဆွေ့ကျိုးသည် အိုးရန်၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး စကားတစ်ခွန်းပြောလိုက်သည်။
"အိုးရန် အန်ကယ်သားကိုနောက်ဆုံးအကြိမ်မေးမယ်၊ အန်ကယ်တို့အကူအညီကို သားမလိုတာသေချာလား?"
အိုးကန် တွန့်ဆုတ်ခြင်းမရှိစွာဖြေလိုက်သည်။
"မလိုပါဘူး"
"သား သေချာလား?"
သူပြန်ဖြေလိုက်သည်။ "သေချာတယ်"
"ကောင်းပြီ"
လင်းဆွေ့ကျိုးခေါင်းညိတ်လိုက်ကာ သူ မထခင် နောက်ဆုံးအကြိမ် သူ့ပုခုံးကိုပုတ်လိုက်ပြီး သူ့လက်တွေကို ကျန်းထျန်ပခုံးပေါ်တင်လိုက်ပြီး
"ပြန်ကြစို့"
ကျန်းထျန် သူ့ကိုအံ့ဩစွာကြည့်လိုက်ပြီးနောက် သူမခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး
"ချစ် မပြန်ဘူး"
အိုးရန် လိမ်နေတယ်ဆိုတာ မျက်လုံးရှိတဲ့သူတိုင်း သိနိုင်သည်။ဒီကလေးက ဒီကိစ္စရဲ့ လေးနက်မှုကို နားမလည်ပေမယ့် သူမကတော့နားလည်သည်။
ဒီမရင်းနှီးတဲ့မြို့မှာ သူမတို့ကသာ အိုးရန်မှီခိုနိုင်မဲ့ တစ်ဦးတည်းသောသူဖြစ်သည်။တစ်ယောက်ယောက်က သူ့ကိုအနိုင်ကျင့်မှာကို သူမခွင့်မပြုနိုင်ဘူး။
လင်းဆွေ့ကျိုး ၏ သဘောထားသည် ခိုင်မာပေသည်။ "ပြန်မယ်"
"ချစ် မပြန်ချင်....."
သူမနေဖို့ နေခဲ့ဖို့ ကြိုးစားပေမဲ့လည်း နောက်ဆုံးမှာ လင်းဆွေ့ကျိုးရဲ့ခွန်အားကို မလွန်ဆန်နိုင်ဘဲ အိမ်ထဲကနေ အတင်းဆွဲထုတ်ခံခဲ့ရသည်။
အိုးရန်ကို နက်နဲစွာတစ်ချက်ကြည့်ပြီးတဲ့နောက်မှာ ဂေါ်ဖီထုပ်လေးသုံးထုပ်ဟာလည်း သူတို့မိဘတွေနောက်ကိုလိုက်ပြီး ပြန်ခဲ့ကြရသည်။
သူမတို့ ကားထဲရောက်တဲ့အခါမှာ သူမသည် လင်းဆွေ့ကျိုး၏လက်ကို ဒေါသတကြီး ခါယမ်းလိုက်သည်။ရှုပ်ပွနေသော သူမဆံပင်များကို ပြန်ပြင်လိုက်ပြီးနောက်မှာ သူ့ကိုကြည့်လိုက်ပြီး
"ကို ဘာလုပ်တာလဲ? အိုးရန်ကို နာနီက အနိုင်ကျင့်တယ်ဆိုတာကို ကိုရှင်းရှင်းလင်းလင်းသိရဲ့သားနဲ့ ဘာလို့ သူ့ကို အဲ့ဒီမှာ ထားခဲ့ရတာလဲ?"
သူမသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
" ချစ် အိုးရန် ကို ခေါ်သွားချင်တယ်"
သူမေးလိုက်သည်။ "သူ ကိုတို့နဲ့ လိုက်မယ်လို့ ချစ်ထင်လို့လား?"
သူမပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူ လိုက်ကိုလိုက်ခဲ့ရမယ်။"
လင်းဆွေ့ကျိုး က ရယ်မောကာ လှောင်ပြောင်သော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။
သူလှောင်ပြောင်တာ ခံလိုက်ရတဲ့အခါမှာ ကျန်းထျန် ၏ နှလုံးသားလေးသည် မီးလောင်ကျွမ်းသွားသလိုခံစားလိုက်ရပြီး
"ကို ဘာရီတာလဲ?"
"ကိုတို့ရဲ့အကူအညီကို သူဘာလို့ မလိုလဲဆိုတာကို ချစ်သိလား?"
လင်းဆွေ့ကျိုးရဲ့ အသံဟာ တိုးပြီးတည်ငြိမ်လေသည်။
"သူက အရာတော်တော်များများကို ကြုံတွေ့ပြီးနောက်မှာ သူဘယ်နေရာပဲရောက်ရောက် သူကပြဿနာပဲဆိုတာကို သူသိတယ်။ကိုတို့က သူ့ရဲ့ဆွေမျိုးမဟုတ်ဘဲနဲ့ သူ့အပေါ်ကောင်းကောင်းဆက်ဆံတယ်ဆိုတာလည်း သူသိတယ်။အဲဒါကြောင့် သူက ကိုတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ချစ်နားလည်လား?"
ကျန်းထျန် သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြန်အငြင်းမပွားနိုင်တော့ပေ။
အိုးရန်က သူ့ကိုယ်သူတန်ဖိုးထားတဲ့ ကလေးတစ်ယောက်ဖြစ်သည်။သူ့အဖွားရဲ့ သေဆုံးမှုက သူ့ကိုညတွင်းချင်း ရင့်ကျက်သွားစေပြီး လောကဓံကိုပိုပြီး ခံနိုင်ရည်ရှိလာစေသည်။
လင်းဆွေ့ကျိုး ဆက်ပြောလိုက်သည်။
"ကိုတို့က သူ့ကို ကိုတို့နဲ့အတူနေဖို့ ခေါ်သွားရင်တောင် သူ့နှလုံးသားထဲက ဒီကြိုးထုံးက အမြဲရှိနေလိမ့်မယ်။အိုးရန်က သဘာဝအရပဲ ကိုတို့နဲ့ဘယ်တော့မှအတူနေမှာမဟုတ်ဘူး။သူက အရင်က ကို့လိုမျိုးပဲ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု အားနည်းလာပြီး နာကျင်မှုတွေကိုကြုံလာရလိမ့်မယ်"
သူ့စကားက ကျန်းထျန် ကိုရင်တုန်စေသည်။
"ကိုတို့က သူ့ကိုစပြီးကူညီတာထက် သူ့ပါးစပ်ကနေ ကိုတို့ကို အကူအညီတောင်းတဲ့နေ့ကို စောင့်တာ ပိုကောင်းပါတယ်၊ ပြီးရင် ဘာပဲဖြစ်လာဖြစ်လာ ကိုသူ့ကို လာခေါ်မှာပါ။"
အိုးရန် က သူ့ဘာသာသူ ထွက်လာဖို့ ဆုံးဖြတ်ထားမှပဲ သူ တကယ်ထွက်လာနိုင်မည်ဖြစ်သည်။
ကျန်းထျန် သူမခေါင်းကိုငုံ့လိုက်ပြီး အကျိုးဆက်တွေကို ဘယ်တော့မှ မစဉ်းစားဘဲ စိတ်မြန်စွာလုပ်တတ်သည့်အတွက် သူမကိုယ်သူမ အပြစ်မတင်ဘဲမနေနိုင်ပေ။
ကျန်းထျန် သူမခေါင်းကို နောက်တစ်ကြိမ်ထပ်မော့လာပြီး "ဒါပေမဲ့ အိုးရန်က ချစ်တို့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ မသိဘူးလေ။ချစ်တို့ ဘယ်လိုလုပ်သင့်လဲ?"
လင်းဆွေ့ကျိုး ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး
"နာနီသတိမထားမိတဲ့အချိန်မှာ ကို သူ့အိတ်ကပ်ထဲကို ကို့ဖုန်းနံပါတ်ကို ထည့်ပေးခဲ့တယ်"
"သူ ချစ်တို့ကို မခေါ်ရင် ဘယ်လိုလုပ်မလဲ?"
"သူလုပ်လိမ့်မယ်"
လင်းဆွေ့ကျိုး သေချာစွာပြောလိုက်ပြီး သူ့လက်ကြီးကြီးက သူ့သမီးငယ်ရဲ့ ဝဝကစ်ကစ် မျက်နှာသေးသေးလေးကို မနေနိုင်စွာ နူးနူးညံ့ညံ့ ဆွဲလိမ်လိုက်သည်။
"သူမြတ်နိုးတဲ့အရာတစ်ခုရှိရင် သူ ကိုတို့နဲ့ ထွက်သွားဖို့ ရွေးချယ်လိမ့်မယ်။"
ဒါက.....သူ နည်းနည်းတော့ မပျော်ရွှင်တော့ဘူး။
ကျန်းထျန် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမအဆင်မပြေရင်တောင်မှ အခု လင်းဆွေ့ကျိုး နဲ့အတူ ထွက်သွားရမည်။
သူတို့ထွက်သွားပြီး မကြာခင်မှာပဲ အိုးရန် ကျောင်းသွားလိုက်သည်။
စာသင်ခန်းကို အလှဆင်ထားသည်။တမြန်နေ့က ခုတ်လှဲခံခဲ့ရသည့် ခရစ္စမတ်သစ်ပင်ကြီးဟာ အခုတော့ဖြင့် ကျောင်းသားတွေက ရောင်စုံမီးလုံးတွေ အဆင်တန်ဆာတွေဖြင့် အလှဆင်ထားခဲ့ကြသည်။
အိုးရန်ဟာ သူ့ခေါင်းလေးကို ငုံ့ရင်း ရီသံတွေကြားကနေ သူ့ထိုင်ခုံနေရာရောက်အောင် လျှောက်လာရင်း ဒီနေရာဟာ သူနဲ့မသက်ဆိုင်သလို ခံစားလာရသည်။
"ဟေး၊ရန် ဒါကမင်းအတွက် မယ်ရီ ခရစ္စမတ်ပါ"
ရွှေရောင်ဆံပင်လေးနဲ့ ကောင်မလေးက လက်ဆောင်ဘူးလေးကို သူ့စားပွဲပေါ်မှာ တင်လိုက်သည်။အိုးရန် တစ်ချက်ကြည့်ပြီးနောက်မှာ ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းကိုကြည့်ဖို့ သူ့ခေါင်းကို လှည့်လိုက်သည်။
ကလေးမလေးသည် သူ၏အေးစက်သောစရိုက်ကို ကျင့်သားရနေပုံရပြီး ဘာမှပြန်မပြောခဲ့ပေ။
သူမက လှည့်ထွက်သွားပြီး တစ်ခြားသူငယ်ချင်းတွေနဲ့ကစားဖို့အတွက် ထွက်သွားလိုက်သည်။
သူဟာ သူ့ခေါင်းလေးကို စားပွဲပေါ်မှာ ငိုက်မျဉ်းရင်း ပြတင်းပေါက်ကိုကြည့်နေလိုက်သည်။မြို့ထဲမှာ အဆောက်အဦးအမြင့်ကြီးတွေမရှိပေမဲ့ လယ်ကွင်းတွေနဲ့ အပြာရောင်ကောင်းကင်ကြီးတွေရှိသည်။ပြီးတော့ ခြံဝင်းထဲမှာ လေလွင့်ကြောင်တွေဟာ ဆူညံနေကြသည်။သူ တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေပြီး တစ်ချိန်လုံး အထီးကျန်နေသလို ခံစားနေရသည်။
အိုးရန် သည် ပျော်ရွှင်ဖွယ်ကောင်းသည့် မူလတန်းကျောင်းက သူ့ရဲ့အရင်နေ့ရက်တွေကိုလွမ်းပြီး ချူယီနဲ့ တိုက်ခိုက်ခဲ့တာတွေကိုလည်း လွမ်းသည်။သူ သူ့ကို(ချူယီ)ဘာပဲလုပ်လုပ် ချူယီစိတ်ဆိုးလိမ့်မည်မဟုတ်ပေ။သူ ချူယိီအိမ်မှာ ညစာစားခဲ့ရတဲ့အချိန်ကိုလည်း လွမ်းသည်။သူဒီအကြောင်းကိုတွေးတဲ့အချိန်တိုင်း အဲ့အချိန်က သူ့အပြုအမူအတွက် အရမ်းစိတ်မကောင်းဖြစ်ရသည်။သူ အဲ့အချိန်တွေကိုသာ ပြန်သွားနိုင်ခဲ့မယ်ဆိုရင် အသားကင်တွေကို သူသေချာပေါက်လွှတ်ပစ်မှာမဟုတ်ပေ။
အဲ့ဒီအရာသာက ဘာနဲ့တူလဲဆိုတာကို သူတစ်ကယ်သိချင်မိတယ်.....
နောက်ဆုံးမှာ ကျောင်းသားတွေနဲ့ ဆရာမတွေဟာ ဆုတောင်းတာပြုလုပ်ပြီးနောက်မှာ ကျောင်းသားတွေကို အိမ်ပြန်ခွင့်ပြုခဲ့သည်။
အိုးရန်ရဲ့ အိမ်ဟာကျောင်းနဲ့မဝေးပါဘူး။မနီးမဝေးက အနောက်တိုင်းပုံစံ အိမ်သေးသေးလေးကို သူမြင်ရတဲ့အချိန်အထိ သူဖြေးဖြေးချင်းလမ်းလျှောက်လာခဲ့ပြီး သူအထဲကိုမဝင်ခင် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူအိမ်ထဲကို ဝင်ဝင်ချင်းပဲ အမျိုးသမီးတစ်ယောက်ဟာ သူ့ဆီပြေးလာခဲ့သည်။
ထိုအမျိုးသမီးသည် ဈေးကြီးသည့်အဝတ်အစားတွေကို ဝတ်ထားကာ သူမ၏မိတ်ကပ်သည် သပ်ရပ်လှပပြီး ဆံပင်ကို ဂရုတစိုက်ဖြီးထားခဲ့သည်။သူမရဲ့မေးစေ့ကို အနည်းငယ်မော့ထားပြီး အိုးရန်ကိုကြည့်တဲ့အချိန်မှာ သူမရဲ့မျက်လုံးတွေဟာ အထင်အမြင်သေးမှုတွေနဲ့ပြည့်နေခဲ့သည်။
"ရိုင်းလိုက်တာ! မင်းက အ,အ လား လူတွေကို ဘယ်လို နှုတ်ဆက်ရမလဲဆိုတာ မသိဘူးလား?"
ချိုးလန်ရိ ရဲ့ စကားဆုံးဆုံး ချင်းမှာပဲ နာနီက အိုးရန်ရဲ့ မျက်နှာကို ရိုက်လိုက်သည်။အိုးရန် သည် ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။
နောက်တစ်စက္ကန့်မှာပဲ နာနီက အိုးရန်ဆံပင်ကို ဆွဲလိုက်ပြီး ချိုးလန်ရိနဲ့ မျက်နှာချင်းဆိုင်ကို ဆွဲခေါ်သွားခဲ့သည်။
"နှုတ်ဆက်လိုက်"
ဦးရေပြားက နာကျင်မှုကို ခံစားနေရသော်လည်း အိုးရန် သည် အံကြိတ်ပြီး နှုတ်ဆက်ရန် ငြင်းဆိုလိုက်သည်။
"ငါ မင်းကို သူမကို နှုတ်ဆက်ဖို့ပြောနေတယ်လေ။ငါပြောတာမကြားဘူးလား!"
အိုးရန်က စကားမပြောဘဲ ချိုးလန်ရိကို သူ့ရဲ့နက်မှောင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
သူက ကလေးတစ်ယောက်ဖြစ်နေတာတောင်မှာ နတ်ဆိုးလိုမျိုး အေးစက်သည့် သူ့မျက်လုံးတစ်စုံသည် ချိုးလန်ရိ ကို တုန်လှုပ်သွားစေသည်။
သူမရဲ့ ကိုယ်ဟန်အနေအထားကို ပြောင်းလဲပြီးနောက်မှာ ချိုးလန်ရိသည် သူမ၏ ဒေါက်မြင့်ဖိနပ်ဖြင့် သူ့လက်အနောက်ဘက်ကို တက်နင်းလိုက်သည်။
"ဒီအကြည့်ကဘာလဲ? မင်း အမေကို ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ မင်းမသိဘူးလား?"
အိုးရန်သည် နာကျင်မှုကြောင့် ချွေးများထွက်နေခဲ့သော်လည်း သူ အော်လည်းမအော်ခဲ့သလို၊ ငိုလည်းမငိုခဲ့ပေ။သူ အေးစက်စွာ နှာတစ်ချက်ရှုံ့လိုက်ပြီး "ကျွန်တော်မှာ အမေတစ်ယောက်ပဲရှိတယ်။ခင်ဗျားက လူသတ်သမား ဘယ်တော့မှ အမေတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး"
ဒီစကားတွေကြောင့် ချိုးလန်ရိသည် လုံးဝမကျေမနပ်ဖြစ်သွားခဲ့သည်။
အိုးပင်းယွမ်သည် အပြင်ဘက်မှာ မရေမတွက်နိုင်အောင် မိန်းမတွေအများကြီးရှိပေမဲ့လည်း ရှုချင်းချင်းတစ်ယောက်ထဲကသာ အိုးပင်းယွမ်ရဲ့ မျိုးဆက်ကို မွေးဖွားနိုင်ခဲ့တာဖြစ်သည်။သူမက ရှုချင်းချင်းကို သတ်လိုက်နိုင်ပေမဲ့လည်း သူ့ကလေးကိုတော့မသတ်နိုင်ခဲ့ပေ။နောက်ဆုံးမှာတော့ အခွင့်ကောင်းရောက်လာခဲ့ပြီး ဒီမျိုးစေ့ရိုင်းက သူမလက်ထဲကို ကျရောက်လာခဲ့ပြီလေ။
ချိုးလန်ရိမှာ ဘယ်လောက်ပဲ ကောက်ကျစ်စဉ်းလဲတဲ့ နှလုံးသားရှိရှိ ဒီကလေးကို အန္တရာယ်မပြုနိုင်ခဲ့ပေမဲ့ သူမက ဒီအယုတ်တမာလေးကို ကောင်းကောင်းနေထိုင်ခွင့်လည်းမပေးခဲ့ပေ။
နာနီကို အကြည့်တစ်ချက်ပေးပြီးနောက်မှာ နာနီက ဒါကို နားလည်ပုံရပြီး ချက်ချင်းပဲ သူ့ကို ရေချိုးခန်းထဲကိုခေါ်သွားခဲ့သည်။
အထဲကနေ ဆဲဆိုသံတွေထွက်လာခဲ့ပြီး ရံဖန်ရံခါဆို ရိုက်နှက်သည့်အသံတွေပါ ထွက်လာခဲ့သည်။
နာရီဝက်လောက်ကြာတဲ့အခါမှာ နာနီသည် အထဲကနေ အမောတကော ထွက်လာခဲ့သည်။
ချိုးလန်ရိဟာ သူမရဲ့ခြေထောက်တွေကိုချိတ်ကာ ထိုင်နေပြီး
"ကျွန်မ တစ်ညလုံးလေယာဉ်စီးလာလို့ ပင်ပန်းနေပြီ။အရင်အိပ်လိုက်ဦးမယ်။သူ့ကိုစောင့်ကြည့်ထား မသေစေနဲ့။"
"ဟုတ်ကဲ့ပါ၊ ကောင်းကောင်းအနားယူပါ ကျွန်မဒီမှာရှိတဲ့ အရာအားလုံးကို သေချာဂရုစိုက်ထားပါ့မယ်"
ချိုးလန်ရိဟာ ခေါင်းညိတ်ပြီး အပေါ်ထပ်ကို တက်သွားခဲ့သည်။
ညနက်လာသည်နှင့်အမျှ မူးလဲနေသော အိုးရန်သည် သတိပြန်ရလာခဲ့သည်။
အိမ်သာကို ထောက်ကာ သူ မတ်တပ်ထရပ်လိုက်သည်။အိုးရန် သည် သူ့ရဲ့ သနားစရာကောင်းသော ပုံစံကို မှန်ထဲမှာ မြင်လိုက်ရပြီး သူ့အဝတ်အစားများသည် စုတ်ပြဲနေကာ ရေတွေဟာ သွေးတွေနဲ့ ရောနှောနေခဲ့သည်။သူ့နှာခေါင်းက ပွန်းပဲ့နေခဲ့ပြီး သူ့မျက်နှာကလည်း ရောင်နေခဲ့သည်။သူ့တစ်ကိုယ်လုံးရှိအရိုးတွေဟာ နာကျင်လွန်းလို့ ငိုနေခဲ့သည်။
အိုးရန်သည် ရေဘုံပိုင်ကို ဖွင့်လိုက်ပြီး ရေလက်တစ်ဆုပ်စာ ယူလိုက်ကာ သူ့မျက်နှာကို ဆေးကြောလိုက်ပြီး ထပ်ခိုးပေါ်တက်သွားလိုက်သည်။
"ဘယ်သူက မင်းကို တက်လာခွင့်ပြုလို့လဲ?"
နာနီသည် လှေကားရှေ့မှာ ပိတ်ရပ်လိုက်ပြီး
"ဟိုမှာရပ်နေ အပေါ်ထပ်ကို တက်မလာနဲ့!"
ပြောပြီးတာနဲ့ သူမလှည့်ထွက်သွားပြီး အဝေးကို လျှောက်သွားလိုက်သည်။
သူမျက်တောင်ခတ်လိုက်ပြီး အောက်ထပ်ကို ပြန်ဆင်းသွားခဲ့သည်။
ညဟာ တိတ်ဆိတ်ပြီး အေးစက်နေခဲ့သည်။
အိုးရန်သည် တံခါးဝမှာ ရပ်နေရင်း ပြတင်းပေါက်အပြင်ဘက်က မီးရှူးမီးပန်းတွေကို စိုက်ကြည့်နေလိုက်သည်။ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အတွေးမျိုးစုံ ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ ဖျားနာမှုသည် နက်နဲသော အထီးကျန်မှုနှင့် ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
သူအိမ်ပြန်ချင်တယ်။
သူ့အဖွားကို မတွေ့တာကြာပြီဆိုတော့ သူမ သူ့လွမ်းနေမလားဟု သူတွေးမိသည်။
သူအရင်နေခဲ့တဲ့ အဆောက်အဦးအိုကြီးကို သွားကြည့်ချင်ခဲ့ပေမဲ့ အဲ့မှာ အိမ်ငှားအသစ်တွေရောက်နေလောက်ပြီဖြစ်သည်။
သူမပျော်ဘူး။
အချိန်တိုင်း၊နေ့တိုင်း ၊ညတိုင်း သူမပျော်ပေ.....။
အိုးရန် ၏ ပါးစပ်ထောင့်လေးများသည် တုန်လှုပ်သွားခဲ့သည်။သူ့မျက်ရည်တွေ ကျခါနီးမှာ သူ့ခေါင်းလေးကို ငုံ့လိုက်ပြီး သူ့လက်ကိုဆန့်ထုတ်လိုက်ကာ မျက်ရည်တွေကို အတင်းသုတ်လိုက်သည်။ရုတ်တရက်ပဲ သူ့ဘောင်းဘီအိတ်ကပ်ထဲက တစ်ခုခုကို သူ သတိထားမိလိုက်သည်။အဲ့တာက စာရွက်အပိုင်းအစလေးတစ်ခုပဲ။အိုးရန်က
ကြေမွနေသော စက္ကူလေးကို ထုတ်လိုက်တဲ့အခါမှာ အဲ့အပေါ်တွင် ဖုန်းနံပါတ်တစ်ခုရေးထားသည်ကို သူတွေ့လိုက်ရသည်။
ZAWGYI
"အိုးရန္၊သား ဒီကိုလာဦး"
က်န္းထ်န္သူ႔ကို လက္ယက္ၿပီးေခၚလိုက္သည္။
အိုးရန္ ေရွ႕ကို ေလွ်ာက္သြားလိုက္ၿပီး သူမကိုၾကည့္လိုက္သည္။
က်န္းထ်န္ နာနီကို ၾကည့္လိုက္ရာ တည္ၿငိမ္ေသာ အမူအရာျဖင့္ သူမသည္ ထိုေနရာတြင္ ၿငိမ္သက္စြာ ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။
သူမအၾကည့္ကိုေ႐ႊ႕လိုက္ၿပီး "သားဘာလို႔အရမ္းပိန္သြားရတာလဲ?"
"သားဒီက အစားအစာေတြသိပ္မစားတတ္လို႔ပါ"
အိုးရန္သည္ သူဆက္မေျပာခင္ နာနီကိုတစ္ခ်က္ၾကည့္လိုက္ၿပီး "က်ဲက်ဲတို႔က ဒီကိုဘယ္လိုေရာက္လာၾကတာလဲ?"
"က်ဲက်ဲတို႔က မင္းကိုေတြ႕ရေအာင္ဆိုၿပီးကို တမင္လာခဲ့ၾကတာ"
က်န္းထ်န္ သူ႔ပါးေလးကို ပြတ္လိုက္သည္။
သူတိတ္ဆိတ္မိသြားသည္။
က်န္းထ်န္သည္ အေသးစိတ္တစ္ခုမွမလႊတ္ေစဘဲ သူမမ်က္လုံးမ်ားျဖင့္ သူ႔ကိုစူးစမ္းလိုက္သည္။
"ရန္ရန္၊ဒီေန႔သားတို႔ေက်ာင္းမွာ ခရစၥမတ္အႀကိဳလႈပ္ရွားမႈရွိတယ္မလား?သားအခုမသြားရင္ ေနာက္က်ေနလိမ့္မယ္"
အိုးရန္ တုန္တုန္ယင္ယင္ႏွင့္ ေခါင္းကို ျဖည္းညႇင္းစြာ ေမာ့လိုက္သည္။
"သား ေက်ာင္းသြားေတာ့မွာပါ"
သူရဲ႕လႈပ္ရွားမႈေသးေသးေလးေၾကာင့္ သူ႔လည္ပင္းရွိအမာ႐ြတ္ကို က်န္းထ်န္ ျမင္လိုက္ေပသည္။သူမရဲ႕မ်က္လုံးေတြဟာ ႐ုတ္တရက္မဲေမွာင္သြားၿပီး အမူအရာမဲ့စြာေခါင္းညိတ္လိုက္သည္။
အိုးရန္ သည္ သူ႔ေက်ာပိုးအိတ္ကို ယူရန္ အေပၚထပ္သို႔ တက္သြားခဲ့သည္။သူ သူတို႔ကို တုံ႔ဆိုင္းစြာၾကည့္လိုက္ၿပီး သူထြက္သြားေတာ့မည့္အခ်ိန္တြင္ က်န္းထ်န္ က ႐ုတ္တရက္ သူ႔ကို တားလိုက္သည္။
"ခဏေလးေနဦး"
နာနီရဲ႕ေနာက္ေက်ာဟာေအးခဲသြားၿပီး သူမကိုလွည့္ၾကည့္လိုက္သည္။
"ဒီေန႔ေက်ာင္းမသြားနဲ႔ေတာ့"
"ဟုတ္တယ္" ခ်ဴယီသည္ ေရွ႕ကိုေလွ်ာက္သြားလိုက္ၿပီး အိုးရန္လက္ကို ကိုင္လိုက္ၿပီး
"ငါတို႔နဲ႔ အျပင္သြားၾကစို႔"
သူ႔လက္ေကာက္ဝတ္က ဒဏ္ရာကို ထိလိုက္မိတာကို ခ်ဴယီ မသိလိုက္ဘူး။အိုးရန္သည္ ေအးစက္ေသာေလကို စုပ္ယူလိုက္ၿပီး သူ႔(ခ်ဴယီ)ရဲ႕ ဆုပ္ကိုင္မႈကေန ႐ုန္းထြက္လိုက္သည္။
"မလို၊မလိုပါဘူး။ငါ..ငါမသြားေတာ့ဘူး"
သူကေနာက္ေက်ာေပးလိုက္ၿပီး သူ႔လက္ေတြကို သူ႔ေနာက္မွာ ဝွက္ထားလိုက္သည္။
ခ်ဴယီမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး "အိုးရန္ မင္း ေနမေကာင္းဘူးလား?"
အိုးရန္ ေခါင္းရမ္းလိုက္သည္။
သူဘာမွမေျပာႏိုင္ခင္မွာပဲ လင္းေဆြ႕က်ိဳးသည္ ေရွ႕ကိုေလွ်ာက္သြားလိုက္ရင္း အိုးရန္ရဲ႕လက္ေမာင္း ကိုဆြဲယူလိုက္သည္။ေနာက္ဆုံးေတာ့ သူ မထိန္းႏိုင္ေတာ့ဘဲ နာက်င္စြာ ေအာ္လိုက္မိသည္။
ထိုအမ်ိဳးသားသည္ သူ႔မ်က္လုံးမ်ားကို ငုံ႔ၾကည့္လိုက္ၿပီး နာနီ၏ ေၾကာက္႐ြံ႕ေနေသာ အၾကည့္ေအာက္တြင္ အိုးရန္၏ အက်ႌမ်ားကို လွန္လိုက္သည္။သူ႔ရဲ႕ပိန္ပါးသည့္လက္ေမာင္းေပၚမွာ အမာ႐ြတ္ေတြနဲ႔ အညိဳအမဲစြဲသည့္အတြင္းေၾကဒဏ္ရာမ်ားျဖင့္ျပည့္ႏွက္ေနခဲ့သည္။လင္းေဆြ႕က်ိဳးရဲ႕အမူအရာဟာ နစ္ျမႇဳပ္သြားၿပီး သူ႔ရဲ႕အၾကည့္ေတြဟာ နာနီေပၚကိုက်ေရာက္သြားခဲ့သည္။
အိုးရန္သည္ သူ႔လက္ကိုဆြဲယူလိုက္ကာ သူ႔အက်ႌလက္ေတြကို ျမန္ျမန္ဆြဲခ်လိုက္ၿပီး သူ႔လက္ေတြကို သူ႔ေနာက္ေက်ာေနာက္မွာ တိတ္တဆိတ္ ထားလိုက္သည္။
လူေတြဟာ သူတို႔စိတ္ဆိုးေလေလ ပိုၿပီးတည္ၿငိမ္ေလျဖစ္သည္။က်န္းထ်န္လည္း ဒီလိုမ်ိဳးပဲျဖစ္သည္။သူမသည္ အိုးရန္ေရွ႕မွာရပ္လိုက္ၿပီး
သူမရဲ႕ သြယ္လ်ေသာမ်က္လုံးမ်ားျဖင့္ နာနီကိုတည္ၿငိမ္စြာၾကည့္လိုက္သည္။
"ဘာေတြျဖစ္သြားတာလဲ?"
နာနီသည္ သူမ၏လက္မ်ားကို တုန္လႈပ္ေျခာက္ျခားစြာပြတ္သပ္ရင္း ေျခာက္ေသြ႕ေနေသာတံေတြးကိုမ်ိဳခ်လိုက္သည္။သူမရဲ႕မ်က္လုံးေတြကို ခဏေလာက္မွိတ္လိုက္ၿပီးေနာက္မွာ သူမဟာ အထစ္ထစ္အေငါ့ေင့ါနဲ႔ေျပာလိုက္သည္။
"သူေက်ာင္းမွာ သူ႔သူငယ္ခ်င္းေတြနဲ႔ရန္ျဖစ္ခဲ့ပုံပဲ။ကေလးေတြကဒီလိုပါပဲ သူတို႔ခႏၶာကိုယ္မွာ အမာ႐ြတ္ေတြ ဒဏ္ရာေတြရွိတယ္ဆိုတာ ပုံမွန္ပါပဲ....."
သူမရဲ႕ေျဖရွင္းခ်က္ကို ၾကားၿပီးေနာက္မွာ က်န္းထ်န္သည္ အထင္အျမင္ေသးစြာ ႏွာေခါင္းရႈံ႕လိုက္သည္။သူမဟာ အိုးရန္ေရွ႕မွာ ဒူးေထာက္လိုက္ၿပီး "သူမေျပာတာ အမွန္ပဲလား?"
အိုးရန္ နာနီကို မေနႏိုင္စြာ ၾကည့္လိုက္မိတဲ့အခါမွာ သူမရဲ႕သတိေပးတဲ့အၾကည့္ေတြနဲ႔ေတြ႕ဆုံလိုက္ရသည္။
သူ႔အမူအရာသည္ ခ်က္ခ်င္းပင္ နစ္ျမဳပ္သြားကာ သူ႔ေခါင္းကိုငိုက္စိုက္က်ၿပီး ဘာမွတုံ႔ျပန္ျခင္း မရွိခဲ့ေပ။
က်န္းထ်န္သည္ သူ႔ခႏၶာကိုယ္ေပၚက အမာ႐ြတ္ေတြကို ေၾကာက္လန႔္မိသျဖင့္ အသက္ျပင္းျပင္းရွဴကာ ႏူးညံ့သည့္အသံေလးျဖင့္ေျပာလိုက္သည္။
"ရန္ရန္ မေၾကာက္နဲ႔။က်ဲက်ဲကို ေျပာ သားအႏိုင္က်င့္ခံရတာလား?"
"ဘယ္သူကမွသားကို အႏိုင္မက်င့္ပါဘူး"
အိုးရန္သည္ က်န္းထ်န္လက္ကို လႊတ္လိုက္ၿပီး သူမအၾကည့္ကိုေရွာင္ႏိုင္ဖို႔သူ႔ေခါင္းကို လွည့္လိုက္ၿပီး
"သား သားအတန္းေဖာ္နဲ႔ ရန္ျဖစ္ၿပီးမေတာ္တဆ ထိခိုက္မိခဲ့တာပါ"
က်န္းထ်န္ လန႔္သြားခဲ့သည္။
ဒီအေျဖကိုၾကားေတာ့ နာနီက ေအာင္ပြဲခံတဲ့အၿပဳံးျဖင့္ၿပဳံးလိုက္ရင္း အိုးရန္ကို သူမေနာက္မွာေနဖို႔ ဆြဲေခၚလိုက္ၿပီး ေျပာလိုက္သည္။
"ၾကည့္၊ကြၽန္မက ဒီတိုင္းအလုပ္သမားတစ္ေယာက္ပါ။ကြၽန္မအလုပ္ရွင္ရဲ႕ကေလးကို ဘယ္လိုမ်ားအႏိုင္က်င့္ရဲမွာလဲ?။အိုးရန္က မၾကာခင္ေက်ာင္းသြားရေတာ့မယ္၊ဒါေၾကာင့္ ရွင္တို႔အရင္ျပန္သင့္တယ္လို႔ကြၽန္မထင္တယ္။အိုးရန္ရဲ႕မိသားစုသာသိရင္ ကြၽန္မဒုကၡေရာက္လိမ့္မယ္"
က်န္းထ်န္ အံႀကိတ္လိုက္ၿပီး သူမနဲ႔ ျငင္းခုန္ဖို႔အတြက္ ေရွ႕ကိုေလွ်ာက္သြားလိုက္သည္။သူမစကားေျပာခါနီးတြင္ လင္းေဆြ႕က်ိဳး ကသူမကို တားလိုက္သည္။
"ျပန္ရေအာင္!"
သူ႔မ်က္လုံးမ်ားက သူမကို စူးစူးဝါးဝါး စိုက္ၾကည့္ေနခဲ့သည္။ထိုမ်က္လုံးေတြနဲ႔မ်က္ႏွာခ်င္းဆိုင္ရတဲ့အခ်ိန္မွာ သူမေဒါသေတြကို တည္ၿငိမ္ေအာင္မလုပ္ႏိုင္ေပ။နာနီကို စူးစူးဝါးဝါးအၾကည့္တစ္ခ်က္ေပးၿပီးေနာက္မွာ သူမသည္ တိတ္ဆိတ္စြာရပ္ေနလိုက္သည္။
လင္းေဆြ႕က်ိဳးသည္ အိုးရန္၏ ပခုံးကို လက္တစ္ဖက္ျဖင့္ ဆုပ္ကိုင္လိုက္ၿပီး စကားတစ္ခြန္းေျပာလိုက္သည္။
"အိုးရန္ အန္ကယ္သားကိုေနာက္ဆုံးအႀကိမ္ေမးမယ္၊ အန္ကယ္တို႔အကူအညီကို သားမလိုတာေသခ်ာလား?"
အိုးကန္ တြန႔္ဆုတ္ျခင္းမရွိစြာေျဖလိုက္သည္။
"မလိုပါဘူး"
"သား ေသခ်ာလား?"
သူျပန္ေျဖလိုက္သည္။ "ေသခ်ာတယ္"
"ေကာင္းၿပီ"
လင္းေဆြ႕က်ိဳးေခါင္းညိတ္လိုက္ကာ သူ မထခင္ ေနာက္ဆုံးအႀကိမ္ သူ႔ပုခုံးကိုပုတ္လိုက္ၿပီး သူ႔လက္ေတြကို က်န္းထ်န္ပခုံးေပၚတင္လိုက္ၿပီး
"ျပန္ၾကစို႔"
က်န္းထ်န္ သူ႔ကိုအံ့ဩစြာၾကည့္လိုက္ၿပီးေနာက္ သူမေျခလွမ္းအနည္းငယ္ေနာက္ဆုတ္လိုက္ၿပီး
"ခ်စ္ မျပန္ဘူး"
အိုးရန္ လိမ္ေနတယ္ဆိုတာ မ်က္လုံးရွိတဲ့သူတိုင္း သိႏိုင္သည္။ဒီကေလးက ဒီကိစၥရဲ႕ ေလးနက္မႈကို နားမလည္ေပမယ့္ သူမကေတာ့နားလည္သည္။
ဒီမရင္းႏွီးတဲ့ၿမိဳ႕မွာ သူမတို႔ကသာ အိုးရန္မွီခိုႏိုင္မဲ့ တစ္ဦးတည္းေသာသူျဖစ္သည္။တစ္ေယာက္ေယာက္က သူ႔ကိုအႏိုင္က်င့္မွာကို သူမခြင့္မျပဳႏိုင္ဘူး။
လင္းေဆြ႕က်ိဳး ၏ သေဘာထားသည္ ခိုင္မာေပသည္။ "ျပန္မယ္"
"ခ်စ္ မျပန္ခ်င္....."
သူမေနဖို႔ ေနခဲ့ဖို႔ ႀကိဳးစားေပမဲ့လည္း ေနာက္ဆုံးမွာ လင္းေဆြ႕က်ိဳးရဲ႕ခြန္အားကို မလြန္ဆန္ႏိုင္ဘဲ အိမ္ထဲကေန အတင္းဆြဲထုတ္ခံခဲ့ရသည္။
အိုးရန္ကို နက္နဲစြာတစ္ခ်က္ၾကည့္ၿပီးတဲ့ေနာက္မွာ ေဂၚဖီထုပ္ေလးသုံးထုပ္ဟာလည္း သူတို႔မိဘေတြေနာက္ကိုလိုက္ၿပီး ျပန္ခဲ့ၾကရသည္။
သူမတို႔ ကားထဲေရာက္တဲ့အခါမွာ သူမသည္ လင္းေဆြ႕က်ိဳး၏လက္ကို ေဒါသတႀကီး ခါယမ္းလိုက္သည္။ရႈပ္ပြေနေသာ သူမဆံပင္မ်ားကို ျပန္ျပင္လိုက္ၿပီးေနာက္မွာ သူ႔ကိုၾကည့္လိုက္ၿပီး
"ကို ဘာလုပ္တာလဲ? အိုးရန္ကို နာနီက အႏိုင္က်င့္တယ္ဆိုတာကို ကိုရွင္းရွင္းလင္းလင္းသိရဲ႕သားနဲ႔ ဘာလို႔ သူ႔ကို အဲ့ဒီမွာ ထားခဲ့ရတာလဲ?"
သူမသိခ်င္ေယာင္ေဆာင္ကာ ေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ?"
" ခ်စ္ အိုးရန္ ကို ေခၚသြားခ်င္တယ္"
သူေမးလိုက္သည္။ "သူ ကိုတို႔နဲ႔ လိုက္မယ္လို႔ ခ်စ္ထင္လို႔လား?"
သူမေျပာလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ သူ လိုက္ကိုလိုက္ခဲ့ရမယ္။"
လင္းေဆြ႕က်ိဳး က ရယ္ေမာကာ ေလွာင္ေျပာင္ေသာ မ်က္လုံးမ်ားျဖင့္ သူမကို ၾကည့္လိုက္သည္။
သူေလွာင္ေျပာင္တာ ခံလိုက္ရတဲ့အခါမွာ က်န္းထ်န္ ၏ ႏွလုံးသားေလးသည္ မီးေလာင္ကြၽမ္းသြားသလိုခံစားလိုက္ရၿပီး
"ကို ဘာရီတာလဲ?"
"ကိုတို႔ရဲ႕အကူအညီကို သူဘာလို႔ မလိုလဲဆိုတာကို ခ်စ္သိလား?"
လင္းေဆြ႕က်ိဳးရဲ႕ အသံဟာ တိုးၿပီးတည္ၿငိမ္ေလသည္။
"သူက အရာေတာ္ေတာ္မ်ားမ်ားကို ႀကဳံေတြ႕ၿပီးေနာက္မွာ သူဘယ္ေနရာပဲေရာက္ေရာက္ သူကျပႆနာပဲဆိုတာကို သူသိတယ္။ကိုတို႔က သူ႔ရဲ႕ေဆြမ်ိဳးမဟုတ္ဘဲနဲ႔ သူ႔အေပၚေကာင္းေကာင္းဆက္ဆံတယ္ဆိုတာလည္း သူသိတယ္။အဲဒါေၾကာင့္ သူက ကိုတို႔အတြက္ ဝန္ထုပ္ဝန္ပိုး မျဖစ္ေစခ်င္ဘူး။ ခ်စ္နားလည္လား?"
က်န္းထ်န္ သူမ ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး ျပန္အျငင္းမပြားႏိုင္ေတာ့ေပ။
အိုးရန္က သူ႔ကိုယ္သူတန္ဖိုးထားတဲ့ ကေလးတစ္ေယာက္ျဖစ္သည္။သူ႔အဖြားရဲ႕ ေသဆုံးမႈက သူ႔ကိုညတြင္းခ်င္း ရင့္က်က္သြားေစၿပီး ေလာကဓံကိုပိုၿပီး ခံႏိုင္ရည္ရွိလာေစသည္။
လင္းေဆြ႕က်ိဳး ဆက္ေျပာလိုက္သည္။
"ကိုတို႔က သူ႔ကို ကိုတို႔နဲ႔အတူေနဖို႔ ေခၚသြားရင္ေတာင္ သူ႔ႏွလုံးသားထဲက ဒီႀကိဳးထုံးက အၿမဲရွိေနလိမ့္မယ္။အိုးရန္က သဘာဝအရပဲ ကိုတို႔နဲ႔ဘယ္ေတာ့မွအတူေနမွာမဟုတ္ဘူး။သူက အရင္က ကို႔လိုမ်ိဳးပဲ ကိုယ့္ကိုကိုယ္ တန္ဖိုးထားမႈ အားနည္းလာၿပီး နာက်င္မႈေတြကိုႀကဳံလာရလိမ့္မယ္"
သူ႔စကားက က်န္းထ်န္ ကိုရင္တုန္ေစသည္။
"ကိုတို႔က သူ႔ကိုစၿပီးကူညီတာထက္ သူ႔ပါးစပ္ကေန ကိုတို႔ကို အကူအညီေတာင္းတဲ့ေန႔ကို ေစာင့္တာ ပိုေကာင္းပါတယ္၊ ၿပီးရင္ ဘာပဲျဖစ္လာျဖစ္လာ ကိုသူ႔ကို လာေခၚမွာပါ။"
အိုးရန္ က သူ႔ဘာသာသူ ထြက္လာဖို႔ ဆုံးျဖတ္ထားမွပဲ သူ တကယ္ထြက္လာႏိုင္မည္ျဖစ္သည္။
က်န္းထ်န္ သူမေခါင္းကိုငုံ႔လိုက္ၿပီး အက်ိဳးဆက္ေတြကို ဘယ္ေတာ့မွ မစဥ္းစားဘဲ စိတ္ျမန္စြာလုပ္တတ္သည့္အတြက္ သူမကိုယ္သူမ အျပစ္မတင္ဘဲမေနႏိုင္ေပ။
က်န္းထ်န္ သူမေခါင္းကို ေနာက္တစ္ႀကိမ္ထပ္ေမာ့လာၿပီး "ဒါေပမဲ့ အိုးရန္က ခ်စ္တို႔ကို ဘယ္လိုဆက္သြယ္ရမလဲဆိုတာ မသိဘူးေလ။ခ်စ္တို႔ ဘယ္လိုလုပ္သင့္လဲ?"
လင္းေဆြ႕က်ိဳး ေပါ့ေပါ့ပါးပါးၿပဳံးလိုက္ၿပီး
"နာနီသတိမထားမိတဲ့အခ်ိန္မွာ ကို သူ႔အိတ္ကပ္ထဲကို ကို႔ဖုန္းနံပါတ္ကို ထည့္ေပးခဲ့တယ္"
"သူ ခ်စ္တို႔ကို မေခၚရင္ ဘယ္လိုလုပ္မလဲ?"
"သူလုပ္လိမ့္မယ္"
လင္းေဆြ႕က်ိဳး ေသခ်ာစြာေျပာလိုက္ၿပီး သူ႔လက္ႀကီးႀကီးက သူ႔သမီးငယ္ရဲ႕ ဝဝကစ္ကစ္ မ်က္ႏွာေသးေသးေလးကို မေနႏိုင္စြာ ႏူးႏူးညံ့ညံ့ ဆြဲလိမ္လိုက္သည္။
"သူျမတ္ႏိုးတဲ့အရာတစ္ခုရွိရင္ သူ ကိုတို႔နဲ႔ ထြက္သြားဖို႔ ေ႐ြးခ်ယ္လိမ့္မယ္။"
ဒါက.....သူ နည္းနည္းေတာ့ မေပ်ာ္႐ႊင္ေတာ့ဘူး။
က်န္းထ်န္ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး သူမအဆင္မေျပရင္ေတာင္မွ အခု လင္းေဆြ႕က်ိဳး နဲ႔အတူ ထြက္သြားရမည္။
သူတို႔ထြက္သြားၿပီး မၾကာခင္မွာပဲ အိုးရန္ ေက်ာင္းသြားလိုက္သည္။
စာသင္ခန္းကို အလွဆင္ထားသည္။တျမန္ေန႔က ခုတ္လွဲခံခဲ့ရသည့္ ခရစၥမတ္သစ္ပင္ႀကီးဟာ အခုေတာ့ျဖင့္ ေက်ာင္းသားေတြက ေရာင္စုံမီးလုံးေတြ အဆင္တန္ဆာေတြျဖင့္ အလွဆင္ထားခဲ့ၾကသည္။
အိုးရန္ဟာ သူ႔ေခါင္းေလးကို ငုံ႔ရင္း ရီသံေတြၾကားကေန သူ႔ထိုင္ခုံေနရာေရာက္ေအာင္ ေလွ်ာက္လာရင္း ဒီေနရာဟာ သူနဲ႔မသက္ဆိုင္သလို ခံစားလာရသည္။
"ေဟး၊ရန္ ဒါကမင္းအတြက္ မယ္ရီ ခရစၥမတ္ပါ"
ေ႐ႊေရာင္ဆံပင္ေလးနဲ႔ ေကာင္မေလးက လက္ေဆာင္ဘူးေလးကို သူ႔စားပြဲေပၚမွာ တင္လိုက္သည္။အိုးရန္ တစ္ခ်က္ၾကည့္ၿပီးေနာက္မွာ ျပတင္းေပါက္အျပင္ဘက္က ျမင္ကြင္းကိုၾကည့္ဖို႔ သူ႔ေခါင္းကို လွည့္လိုက္သည္။
ကေလးမေလးသည္ သူ၏ေအးစက္ေသာစ႐ိုက္ကို က်င့္သားရေနပုံရၿပီး ဘာမွျပန္မေျပာခဲ့ေပ။
သူမက လွည့္ထြက္သြားၿပီး တစ္ျခားသူငယ္ခ်င္းေတြနဲ႔ကစားဖို႔အတြက္ ထြက္သြားလိုက္သည္။
သူဟာ သူ႔ေခါင္းေလးကို စားပြဲေပၚမွာ ငိုက္မ်ဥ္းရင္း ျပတင္းေပါက္ကိုၾကည့္ေနလိုက္သည္။ၿမိဳ႕ထဲမွာ အေဆာက္အဦးအျမင့္ႀကီးေတြမရွိေပမဲ့ လယ္ကြင္းေတြနဲ႔ အျပာေရာင္ေကာင္းကင္ႀကီးေတြရွိသည္။ၿပီးေတာ့ ၿခံဝင္းထဲမွာ ေလလြင့္ေၾကာင္ေတြဟာ ဆူညံေနၾကသည္။သူ တိတ္တိတ္ဆိတ္ဆိတ္ ၾကည့္ေနၿပီး တစ္ခ်ိန္လုံး အထီးက်န္ေနသလို ခံစားေနရသည္။
အိုးရန္ သည္ ေပ်ာ္႐ႊင္ဖြယ္ေကာင္းသည့္ မူလတန္းေက်ာင္းက သူ႔ရဲ႕အရင္ေန႔ရက္ေတြကိုလြမ္းၿပီး ခ်ဴယီနဲ႔ တိုက္ခိုက္ခဲ့တာေတြကိုလည္း လြမ္းသည္။သူ သူ႔ကို(ခ်ဴယီ)ဘာပဲလုပ္လုပ္ ခ်ဴယီစိတ္ဆိုးလိမ့္မည္မဟုတ္ေပ။သူ ခ်ဴယိီအိမ္မွာ ညစာစားခဲ့ရတဲ့အခ်ိန္ကိုလည္း လြမ္းသည္။သူဒီအေၾကာင္းကိုေတြးတဲ့အခ်ိန္တိုင္း အဲ့အခ်ိန္က သူ႔အျပဳအမူအတြက္ အရမ္းစိတ္မေကာင္းျဖစ္ရသည္။သူ အဲ့အခ်ိန္ေတြကိုသာ ျပန္သြားႏိုင္ခဲ့မယ္ဆိုရင္ အသားကင္ေတြကို သူေသခ်ာေပါက္လႊတ္ပစ္မွာမဟုတ္ေပ။
အဲ့ဒီအရာသာက ဘာနဲ႔တူလဲဆိုတာကို သူတစ္ကယ္သိခ်င္မိတယ္.....
ေနာက္ဆုံးမွာ ေက်ာင္းသားေတြနဲ႔ ဆရာမေတြဟာ ဆုေတာင္းတာျပဳလုပ္ၿပီးေနာက္မွာ ေက်ာင္းသားေတြကို အိမ္ျပန္ခြင့္ျပဳခဲ့သည္။
အိုးရန္ရဲ႕ အိမ္ဟာေက်ာင္းနဲ႔မေဝးပါဘူး။မနီးမေဝးက အေနာက္တိုင္းပုံစံ အိမ္ေသးေသးေလးကို သူျမင္ရတဲ့အခ်ိန္အထိ သူေျဖးေျဖးခ်င္းလမ္းေလွ်ာက္လာခဲ့ၿပီး သူအထဲကိုမဝင္ခင္ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
သူအိမ္ထဲကို ဝင္ဝင္ခ်င္းပဲ အမ်ိဳးသမီးတစ္ေယာက္ဟာ သူ႔ဆီေျပးလာခဲ့သည္။
ထိုအမ်ိဳးသမီးသည္ ေဈးႀကီးသည့္အဝတ္အစားေတြကို ဝတ္ထားကာ သူမ၏မိတ္ကပ္သည္ သပ္ရပ္လွပၿပီး ဆံပင္ကို ဂ႐ုတစိုက္ၿဖီးထားခဲ့သည္။သူမရဲ႕ေမးေစ့ကို အနည္းငယ္ေမာ့ထားၿပီး အိုးရန္ကိုၾကည့္တဲ့အခ်ိန္မွာ သူမရဲ႕မ်က္လုံးေတြဟာ အထင္အျမင္ေသးမႈေတြနဲ႔ျပည့္ေနခဲ့သည္။
"႐ိုင္းလိုက္တာ! မင္းက အ,အ လား လူေတြကို ဘယ္လို ႏႈတ္ဆက္ရမလဲဆိုတာ မသိဘူးလား?"
ခ်ိဳးလန္ရိ ရဲ႕ စကားဆုံးဆုံး ခ်င္းမွာပဲ နာနီက အိုးရန္ရဲ႕ မ်က္ႏွာကို ႐ိုက္လိုက္သည္။အိုးရန္ သည္ ဟန္ခ်က္ပ်က္သြားၿပီး ၾကမ္းျပင္ေပၚသို႔ တိုက္႐ိုက္ျပဳတ္က်သြားခဲ့သည္။
ေနာက္တစ္စကၠန႔္မွာပဲ နာနီက အိုးရန္ဆံပင္ကို ဆြဲလိုက္ၿပီး ခ်ိဳးလန္ရိနဲ႔ မ်က္ႏွာခ်င္းဆိုင္ကို ဆြဲေခၚသြားခဲ့သည္။
"ႏႈတ္ဆက္လိုက္"
ဦးေရျပားက နာက်င္မႈကို ခံစားေနရေသာ္လည္း အိုးရန္ သည္ အံႀကိတ္ၿပီး ႏႈတ္ဆက္ရန္ ျငင္းဆိုလိုက္သည္။
"ငါ မင္းကို သူမကို ႏႈတ္ဆက္ဖို႔ေျပာေနတယ္ေလ။ငါေျပာတာမၾကားဘူးလား!"
အိုးရန္က စကားမေျပာဘဲ ခ်ိဳးလန္ရိကို သူ႔ရဲ႕နက္ေမွာင္သည့္ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနခဲ့သည္။
သူက ကေလးတစ္ေယာက္ျဖစ္ေနတာေတာင္မွာ နတ္ဆိုးလိုမ်ိဳး ေအးစက္သည့္ သူ႔မ်က္လုံးတစ္စုံသည္ ခ်ိဳးလန္ရိ ကို တုန္လႈပ္သြားေစသည္။
သူမရဲ႕ ကိုယ္ဟန္အေနအထားကို ေျပာင္းလဲၿပီးေနာက္မွာ ခ်ိဳးလန္ရိသည္ သူမ၏ ေဒါက္ျမင့္ဖိနပ္ျဖင့္ သူ႔လက္အေနာက္ဘက္ကို တက္နင္းလိုက္သည္။
"ဒီအၾကည့္ကဘာလဲ? မင္း အေမကို ဘယ္လိုႏႈတ္ဆက္ရမလဲဆိုတာ မင္းမသိဘူးလား?"
အိုးရန္သည္ နာက်င္မႈေၾကာင့္ ေခြၽးမ်ားထြက္ေနခဲ့ေသာ္လည္း သူ ေအာ္လည္းမေအာ္ခဲ့သလို၊ ငိုလည္းမငိုခဲ့ေပ။သူ ေအးစက္စြာ ႏွာတစ္ခ်က္ရႈံ႕လိုက္ၿပီး "ကြၽန္ေတာ္မွာ အေမတစ္ေယာက္ပဲရွိတယ္။ခင္ဗ်ားက လူသတ္သမား ဘယ္ေတာ့မွ အေမတစ္ေယာက္ျဖစ္လာမွာမဟုတ္ဘူး"
ဒီစကားေတြေၾကာင့္ ခ်ိဳးလန္ရိသည္ လုံးဝမေက်မနပ္ျဖစ္သြားခဲ့သည္။
အိုးပင္းယြမ္သည္ အျပင္ဘက္မွာ မေရမတြက္ႏိုင္ေအာင္ မိန္းမေတြအမ်ားႀကီးရွိေပမဲ့လည္း ရႈခ်င္းခ်င္းတစ္ေယာက္ထဲကသာ အိုးပင္းယြမ္ရဲ႕ မ်ိဳးဆက္ကို ေမြးဖြားႏိုင္ခဲ့တာျဖစ္သည္။သူမက ရႈခ်င္းခ်င္းကို သတ္လိုက္ႏိုင္ေပမဲ့လည္း သူ႔ကေလးကိုေတာ့မသတ္ႏိုင္ခဲ့ေပ။ေနာက္ဆုံးမွာေတာ့ အခြင့္ေကာင္းေရာက္လာခဲ့ၿပီး ဒီမ်ိဳးေစ့႐ိုင္းက သူမလက္ထဲကို က်ေရာက္လာခဲ့ၿပီေလ။
ခ်ိဳးလန္ရိမွာ ဘယ္ေလာက္ပဲ ေကာက္က်စ္စဥ္းလဲတဲ့ ႏွလုံးသားရွိရွိ ဒီကေလးကို အႏၲရာယ္မျပဳႏိုင္ခဲ့ေပမဲ့ သူမက ဒီအယုတ္တမာေလးကို ေကာင္းေကာင္းေနထိုင္ခြင့္လည္းမေပးခဲ့ေပ။
နာနီကို အၾကည့္တစ္ခ်က္ေပးၿပီးေနာက္မွာ နာနီက ဒါကို နားလည္ပုံရၿပီး ခ်က္ခ်င္းပဲ သူ႔ကို ေရခ်ိဳးခန္းထဲကိုေခၚသြားခဲ့သည္။
အထဲကေန ဆဲဆိုသံေတြထြက္လာခဲ့ၿပီး ရံဖန္ရံခါဆို ႐ိုက္ႏွက္သည့္အသံေတြပါ ထြက္လာခဲ့သည္။
နာရီဝက္ေလာက္ၾကာတဲ့အခါမွာ နာနီသည္ အထဲကေန အေမာတေကာ ထြက္လာခဲ့သည္။
ခ်ိဳးလန္ရိဟာ သူမရဲ႕ေျခေထာက္ေတြကိုခ်ိတ္ကာ ထိုင္ေနၿပီး
"ကြၽန္မ တစ္ညလုံးေလယာဥ္စီးလာလို႔ ပင္ပန္းေနၿပီ။အရင္အိပ္လိုက္ဦးမယ္။သူ႔ကိုေစာင့္ၾကည့္ထား မေသေစနဲ႔။"
"ဟုတ္ကဲ့ပါ၊ ေကာင္းေကာင္းအနားယူပါ ကြၽန္မဒီမွာရွိတဲ့ အရာအားလုံးကို ေသခ်ာဂ႐ုစိုက္ထားပါ့မယ္"
ခ်ိဳးလန္ရိဟာ ေခါင္းညိတ္ၿပီး အေပၚထပ္ကို တက္သြားခဲ့သည္။
ညနက္လာသည္ႏွင့္အမွ် မူးလဲေနေသာ အိုးရန္သည္ သတိျပန္ရလာခဲ့သည္။
အိမ္သာကို ေထာက္ကာ သူ မတ္တပ္ထရပ္လိုက္သည္။အိုးရန္ သည္ သူ႔ရဲ႕ သနားစရာေကာင္းေသာ ပုံစံကို မွန္ထဲမွာ ျမင္လိုက္ရၿပီး သူ႔အဝတ္အစားမ်ားသည္ စုတ္ၿပဲေနကာ ေရေတြဟာ ေသြးေတြနဲ႔ ေရာေႏွာေနခဲ့သည္။သူ႔ႏွာေခါင္းက ပြန္းပဲ့ေနခဲ့ၿပီး သူ႔မ်က္ႏွာကလည္း ေရာင္ေနခဲ့သည္။သူ႔တစ္ကိုယ္လုံးရွိအ႐ိုးေတြဟာ နာက်င္လြန္းလို႔ ငိုေနခဲ့သည္။
အိုးရန္သည္ ေရဘုံပိုင္ကို ဖြင့္လိုက္ၿပီး ေရလက္တစ္ဆုပ္စာ ယူလိုက္ကာ သူ႔မ်က္ႏွာကို ေဆးေၾကာလိုက္ၿပီး ထပ္ခိုးေပၚတက္သြားလိုက္သည္။
"ဘယ္သူက မင္းကို တက္လာခြင့္ျပဳလို႔လဲ?"
နာနီသည္ ေလွကားေရွ႕မွာ ပိတ္ရပ္လိုက္ၿပီး
"ဟိုမွာရပ္ေန အေပၚထပ္ကို တက္မလာနဲ႔!"
ေျပာၿပီးတာနဲ႔ သူမလွည့္ထြက္သြားၿပီး အေဝးကို ေလွ်ာက္သြားလိုက္သည္။
သူမ်က္ေတာင္ခတ္လိုက္ၿပီး ေအာက္ထပ္ကို ျပန္ဆင္းသြားခဲ့သည္။
ညဟာ တိတ္ဆိတ္ၿပီး ေအးစက္ေနခဲ့သည္။
အိုးရန္သည္ တံခါးဝမွာ ရပ္ေနရင္း ျပတင္းေပါက္အျပင္ဘက္က မီးရွဴးမီးပန္းေတြကို စိုက္ၾကည့္ေနလိုက္သည္။ဤအခိုက္အတန႔္တြင္ သူ႔စိတ္ထဲ၌ အေတြးမ်ိဳးစုံ ေပၚလာခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕ ဖ်ားနာမႈသည္ နက္နဲေသာ အထီးက်န္မႈႏွင့္ ဝမ္းနည္းမႈအျဖစ္သို႔ ေျပာင္းလဲသြားေပလိမ့္မည္။
သူအိမ္ျပန္ခ်င္တယ္။
သူ႔အဖြားကို မေတြ႕တာၾကာၿပီဆိုေတာ့ သူမ သူ႔လြမ္းေနမလားဟု သူေတြးမိသည္။
သူအရင္ေနခဲ့တဲ့ အေဆာက္အဦးအိုႀကီးကို သြားၾကည့္ခ်င္ခဲ့ေပမဲ့ အဲ့မွာ အိမ္ငွားအသစ္ေတြေရာက္ေနေလာက္ၿပီျဖစ္သည္။
သူမေပ်ာ္ဘူး။
အခ်ိန္တိုင္း၊ေန႔တိုင္း ၊ညတိုင္း သူမေပ်ာ္ေပ.....။
အိုးရန္ ၏ ပါးစပ္ေထာင့္ေလးမ်ားသည္ တုန္လႈပ္သြားခဲ့သည္။သူ႔မ်က္ရည္ေတြ က်ခါနီးမွာ သူ႔ေခါင္းေလးကို ငုံ႔လိုက္ၿပီး သူ႔လက္ကိုဆန႔္ထုတ္လိုက္ကာ မ်က္ရည္ေတြကို အတင္းသုတ္လိုက္သည္။႐ုတ္တရက္ပဲ သူ႔ေဘာင္းဘီအိတ္ကပ္ထဲက တစ္ခုခုကို သူ သတိထားမိလိုက္သည္။အဲ့တာက စာ႐ြက္အပိုင္းအစေလးတစ္ခုပဲ။အိုးရန္က
ေၾကမြေနေသာ စကၠဴေလးကို ထုတ္လိုက္တဲ့အခါမွာ အဲ့အေပၚတြင္ ဖုန္းနံပါတ္တစ္ခုေရးထားသည္ကို သူေတြ႕လိုက္ရသည္။