The Villain Dressed As a Litt...

By Mimosa2002

90.1K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 17

1.7K 352 10
By Mimosa2002

         "ဂျိမ်း!!!"

   မိုးခြိမ်းသံကထွက်ပေါ်လာပြန်သည်။

     အကွာအဝေးနည်းနည်းလောက်ခြားခံထားရသော ဆံပင်အနက်ရောင်နဲ့ကောင်လေးသည် ချင်ရှောင်းရင်ခွင်ထဲပြန်လည်ဝင်ရောက်လာ၏။

     သူ့မျက်နှာမှာကြောက်ရွံ့မှုတွေနှင့်ပြည့်နှက်နေပြီး ထိတ်လန့်တကြားဖြစ်နေသည်မှာထင်ရှားသည်။

     လင်ရှီးသူ့ရှေ့ရှိသူ့ပိုင်ရှင်ရဲ့အဝတ်အစားတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။ သူ့ခန္ဓာကိုယ်နဲ့အသိစိတ်က တစ်ခုနှင့်တစ်ခုကွဲကွာနေခဲ့သည်။

     ယခုအခါအသိဉာဏ်ကရှုပ်ထွေးရာနေရာမှပြန်လည်နိုးကြားလာသည်။ သို့သော်ဤခန္ဓာကိုယ်ရဲ့ဗီဇက မိုးခြိမ်းသံနှင့်လျှပ်စီးလက်တာကို အလွန်ကြောက်တာကြောင့် လုံးလုံးလျားလျားဖုံးကွယ်ထားချင်သည်။ [T/N- သူအသိစိတ်ပြန်ကပ်လာကိုပြောတာပါ]

    လူသားတစ်ယောက်အနေနဲ့ သူ့ပိုင်ရှင်သည်အလွန်နွေးထွေးသောခန္ဓာကိုယ်ရှိသည်။ အပူချိန်ကနည်းနည်းလေးကြာနေပေမယ့် လူတွေရဲ့အပူချိန်ကနီးစပ်ပုံပေါ်သည် (လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အပူချိန်ကသိပ်မကွာဘူး )။

    အေးစက်စက်ခန္ဓာကိုယ်နဲ့မွေးလာတဲ့ရေသူလေးတွေနဲ့မ‌တူပေ။ ထိုလူသားရဲ့အပူချိန်ကလင်ရှီးကို လွမ်းဆွတ်စေပြီး မိုးခြိမ်းတဲ့ညမှာထွက်ခွါဖို့ကိုတွန့်ဆုတ်စေသည်။ [T/N- လူဘဝကအပူချိန်လေးကိုလွမ်းတာပါ]

      လင်ရှီးရဲ့နူးညံ့သောခန္ဓာ‌ကိုယ်လေးသည် ချင်ရှောင်းရင်ခွင်ထဲခွေခေါက်နေပြီး သူ့တစ်ကိုယ်လုံးတုန်ယင်နေတာကိုမရပ်တန့်နိုင်ပေ။

     သူ့ပိုင်ရှင်ကသူ့ကိုတွန်းထုတ်ချင်တဲ့ပုံပေါ်နေတာကိုတွေ့လိုက်ရပေမယ့် လင်ရှီးကမဖယ်ချင်‌ပေ။ ကြောက်စရာကောင်းတဲ့မိုးခြိမ်းသံတွေကို သူတစ်ယောက်တည်းရင်မဆိုင်ချင်ဘူး။

    သူချင်ရှောင်းရဲ့လက်မောင်းကြားထဲဝင်နေကာ၊ ချင်ရှောင်းရဲ့အဝတ်များကိုဆုပ်ကိုင်ထားပြီး၊ သူ့ခြေထောက်များကချင်ရှောင်းကို ရေဘဝဲတစ်ကောင်လိုတင်းကြပ်စွာရစ်ပတ်ထားသည်။

     ရုတ်တရက်သူ့ရင်ခွင်ထဲမှာ အခြားတစ်ယောက်ကရှိနေပြီး အဲ့ဒီလူကသူ့အဝတ်တွေကိုဆုပ်ကိုင်ထားဆဲဖြစ်သည်။ ချင်ရှောင်းရဲ့လက်တွေကလင်ရှီးပုခုံးပေါ်မှလျှောကျသွားခဲ့တာကြောင့် သူနောက်တစ်ကြိမ်ထိုကောင်လေးကိုတွန်းထုတ်ဖို့ကြိုးစားလိုက်သည်။ သူ့လက်များကိုထိုအပေါ်(ပုခုံး)ပေါ်သို့ထပ်တင်လိုက်ကာမှာ သူ့လက်အောက်ကတုန်ယင်နေမှုကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရ၏။

    ချင်ရှောင်းကောင်လေးကိုဖြည်းဖြည်းလေးဆွဲခွါလိုက်သည်။ သူခေါင်းကိုငုံ့ကာ သူ့လက်မောင်းနှစ်ခုကြားထဲဝင်နေပြီး သူ့ခန္ဓာကိုယ်ကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတဲ့ကောင်လေးကိုကြည့်လိုက်သည်။ လူတစ်ယောက်ကသူ့ရဲ့ကြောက်ရွံ့နေတဲ့ပုံကိုပြဖို့သိပ်မလွယ်ကူပေ။

     ဆယ်ကျော်သက်အရွယ်လေးတွေကအရမ်းကိုကြောက်တတ်တာပဲ။

    ပြတင်းပေါက်အပြင်ဘက်မှမိုးခြိမ်းသံကိုကြားတာနဲ့ ကောင်လေးရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ရီသွား၏။ ထို့ကြောင့်ချင်ရှောင်းသည် ဆယ်ကျော်သက်လေးက မိုးခြိမ်းသံကိုကြောက်သည်ဟု မှန်းဆခဲ့သည်။
  
  သူမသိခဲ့တာက ရေသူလေးများကမိုးခြိမ်းသံကိုကြောက်တယ်ဆိုတာပင်။
 
   ချင်ရှောင်းသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်၏။ ဘယ်သူကမှသူ့အိပ်ယာပေါ်မတက်ဖူးပေ။ ချင်ရှောင်းသည် ဒီနှစ်တွေအတွင်းဗဟိုစစ်တပ်တွင်အလုပ်လုပ်နေသောကြောင့် တစ်နှစ်ပတ်လုံးတစ်ယောက်တည်းနေခဲ့ရပြီး သူသည်သူ့မိသားစုရှိရာသို့ပြန်လာခဲသည်။
  
     သူ့နားမှာလူပိုရှိဖို့ တစ်ခါမှမတွေးဖူးခဲ့ဘူး။
    
    တစ်ဖက်မှကြည့်ရင်လည်း မိမိရဲ့အားနည်းချက်ကိုတခြားသူများရှာဖွေတွေ့နိုင်ရန် မိမိကိုယ်တိုင်အခွင့်အ‌ရေးပေးဖို့ အစပျိုးလုပ်ဆောင်ပေးလိုက်တာနှင့်တူသည်။
   
   ရှဲ့ဟုန်မင်က သူ့အားရေသူများကိုပေးခဲ့သည်။[T/N - ရေသူဝယ်ပေးတာပါ]

    ရေသူများသည် လူသားများအတွက်အိမ်မွေးpetမျှသာဖြစ်သည်။ အိမ်မွေးpetတစ်ကောင်က လူသားများအတွက် ဘယ်လောက်မျှအရေးပါသနည်း၊ အနည်းဆုံးတော့အရေးမပါပဲ ညှိနှုင်းဖို့ချစ်ပ်(ပစ္စည်း)အဖြစ်အသုံးပြုနိုင်မည်ဟု ဘယ်သူမှတွေးမှာမဟုတ်ပေ။ 

   ချင်ရှောင်းရဲ့အေးစက်စက်အကြည့်က သူ့အင်္ကျီကိုဆုပ်ကိုင်ထားသည့် ဖြူဖွေးနေသောလက်လေးနှစ်ဖက်အပေါ်ကျရောက်သွားသည်။

    လက်နှစ်ဘက်လုံးကတင်းကြပ်စွာ ဆုပ်ကိုင်ထားတာကြောင့် လက်အနောက်ဘက်ရှိ ဖြူဖွေးကြည်လင်နေသောအရေပြားအောက်မှ အပြာရောင်သွေးကြောလေးများပင် ထင်းထွက်နေသည်။

     ချင်ရှောင်း လင်ရှီးရဲ့ပုခုံးပေါ်မှာတင်ထားတဲ့လက်များကို ‌နောက်ကျောဘက်ဆီသို့ပြောင်းလိုက်၏။ သူဖွဖွလေးပွတ်သပ်ပေးနေရင်း သူတစ်ခါမှမပြောဖူးတဲ့ နှစ်သိမ့်စကားတွေကိုပြောလိုက်သည်။

    "ကောင်းပြီ၊ အားလုံးပြီးသွားပြီ။ မင်းအခု လုံခြုံပြီ၊ မင်းအဆင်ပြေသွားတော့မှာပါ"

   လင်ရှီးသည် ချင်ရှောင်းရဲ့လည်ပင်းဘေးမှာသူ့မျက်နှာတစ်ခုလုံးကိုမြှုပ်ထားပြီး သူ့နှုတ်ခမ်းများကတော့ ထိုယောက်ကျားရဲ့အရေပြားနဲ့ ထိကပ်မနေပေ။

    ရေသူလေးရဲ့ခန္ဓာကိုယ်က အေးစက်နေသင့်သော်လည်း ဒီအချိန်မှာချင်ရှောင်းသည် သူ့အရေပြားနဲ့နီးကပ်နေတဲ့နှုတ်ခမ်းတစ်စုံက ပူနေသည်ဟုခံစားလိုက်ရသည်။
   
   ပူလောင်နေသော အပူရှိန်ကလျင်မြန်စွာပျံ့နှံ့သွားပြီး ချင်ရှောင်းကိုယ်ထဲမီးတောက်တစ်ခု စတင်လောင်ကြွမ်းလာ၏။

    ရေသူလေးကတော့ သူ့ရဲ့အပြုအမူကသူ့ပိုင်ရှင်အပေါ် ဘယ်လိုသက်ရောက်မှု‌ရှိလဲဆိုတာမသိတဲ့ပုံပေါ်သည်။

     သူ့ရဲ့ခြေလက်များက ချင်ရှောင်းတစ်ကိုယ်လုံးကိုရစ်ပတ်ထားသောကြောင့် ခန္ဓာကိုယ်နှစ်ခုကတင်းတင်းကြပ်ကြပ်ပူးကပ်နေပြီး ခွဲလို့မရပေ။

    နွေးထွေးသောခန္ဓာကိုယ်က နွေးထွေးစွာပွေ့ဖက်ပေးထား၍ ထိုနွေးထွေးမှုများလင်ရှီးကိုယ်ထဲစိမ့်ဝင်လာပြီး ကြောက်ရွံ့မှုများကိုတဖြည်းဖြည်းလျှော့ချလိုက်သည်။

     ကြောက်ရွံ့မှုများလျော့သွားတော့ ငိုက်မြည်းမှုကသူ့ခေါင်းထဲဝင်ရောက်လာသည်။ လင်ရှီးမျက်လုံးများကိုဖြည်းညှင်းစွာမှိတ်လိုက်ပြီး ချင်ရှောင်းရင်ခွင်ထဲတွင်အိပ်ပျော်သွားသည်။

    နူးညံ့သောအသက်ရှူသံလေးက လူတိုင်းမလုပ်နိုင်ပေ။

    ချင်ရှောင်း လင်ရှီးရဲ့ဖြူဖွေး‌နူးညံ့နေသောမျက်နှာလေးကို စိုက်ကြည့်နေရင်း သူတကယ်အိပ်ပျော်သွားမှန်းသိသည့်အခါ သူ့လက်ချောင်းများနှင့်လင်ရှီးရဲ့မျက်နှာလေးကို ညှင်သာစွာပွတ်သပ်လိုက်သည်။ လင်ရှီးသာနိုးလာခဲ့ပါက သူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးများက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာကို သူမြင်နိုင်ပေလိမ့်မည်။

    သားရဲဘုရင်ကြီးကသူ့မျက်လုံးများနှင့် စိတ်ဝင်စားမှုကိုနှိုးဆွပေးနိုင်တဲ့အရာတစ်ခုကို ရုတ်တရက်တွေ့သွားသလိုပါပဲ။

    အဲ့ဒါကသာမန်စိတ်ဝင်စားမှုသာမကပဲ၊ သူကိုယ်တိုင်မွေးမြူထားသည့်သားကောင်လေးကို စားလိုသည့်ပုံစံဖြစ်သည်။

     ဒီကိစ္စများပြီးသွားတော့ ချင်ရှောင်းအစီရင်ခံစာကိုဆက်ဖတ်ဖို့ စိတ်မပါတော့ချေ။ သူထလိုက်ပြီးလင်ရှီးကို ကလေးတစ်ယောက်လိုမတ်မတ်လေးပွေ့ချီလိုက်သည်။ [T/N- ပွေ့ချီတာမဟုတ်ပဲဖင်တုံးလေးကနေမ ပြီးမျက်နှာချင်းဆိုင်ချီတဲ့ပုံကွာသိတယ်မဟုတ်လား]

     သူ့လက်များက လင်ရှီးရဲ့တင်ပါးလေးကနေပင့်ကိုင်ထား၏။ သူအရင်ကမသိခဲ့ပေ။ လင်ရှီးကိုကြည့်ရတာပိန်ပါးပြီးတစ်ကိုယ်လုံးမှာအသားမရှိတဲ့ပုံ‌ပင်။ သို့သော်သူ့တင်ပါးလေးက ထိရတာက မိုလ်ထဲကထွက်လာသည့်လတ်ဆတ်တဲ့အမဲသားတုံးလေးလိုပဲ အတော်လေးနူးညံ့ပျော့ပျောင်း‌သည်။

    လင်ရှီးသည်အိပ်မောကျနေပြီး စာကြည့်ခန်းထဲကနေ အိပ်ခန်းထဲထိချီလာတာတောင် နိုးမလာပေ။

   အစကချင်ရှောင်း လင်ရှီးကိုသူ့(လင်ရှီး)အခန်းထဲသွားပို့ပြီး သူ့ကိုတစ်ယောက်တည်းထားခဲ့ဖို့စီစဉ်ထားခဲ့တာဖြစ်သည်။

     ရလာဒ်ကတော့ အခန်းထဲဝင်လာပြီးနောက် ကုတင်ပေါ်တင်ထားခံရသည့် အိပ်နေတဲ့လူက သူထွက်သွားတော့မယ်ဆိုတာသိနေတဲ့အတိုင်း ချက်ချင်းလက်နှစ်ဖက်နှင့်တင်းတင်းကြပ်ကြပ်ဆွဲပြီး ချင်ရှောင်းလည်တိုင်ကိုဖက်ထားကာ လွှတ်ပေးဖို့ငြင်းဆန်ခဲ့သည်။

    ခန္ဓာကိုယ်ရဲ့ဗီဇတုန့်ပြန်မှုဖြစ်သည်။

    ပြတင်းပေါက်အပြင်ဘက်တွင်မိုးခြိမ်းသံများက ရပ်တန့်သွားပြီး မိုးစက်များကအစားထိုးကျဆင်းလာသည်။ မိုးစက်များကပြတင်းပေါက်သို့ရိုက်ခတ်ကာ စီးကျသွားသည်။

     ချင်ရှောင်း လင်ရှီးရဲ့ကုတင်ဘေးမှာရပ်နေ၏။ သူ့လက်ထဲမှာရှိတဲ့ ရေသူလေးကအလွန်ပေါ့ပါးပြီး ရေသူ‌များရဲ့အရိုးများသည်လူသားများထက်ပိုမိုသွယ်လျသည်။

     ရေသူလေးရဲ့ဘဝကို လက်တစ်ဖက်တည်းနဲ့တောင်အဆုံးသတ်လို့ရသည်။

     ချင်ရှောင်းရေသူလေးကိုစက္ကန့်အနည်းငယ်လောက်စိုက်ကြည့်ပြီးနောက် လှည့်လိုက်ကာ ရေသူလေးကိုသူ့အခန်းထဲသို့‌ခေါ်သွားလိုက်၏။

     ချင်ရှောင်းသူဒီညတော့ တော်ရုံနဲ့အိပ်မပျော်လောက်ဘူးဟု တွေးမိသည်။ မထင်မှတ်ပဲသူ့ရင်ခွင်ထဲမှာ လူတစ်ယောက်ရှိနေသည်။ သို့သော်ရေသူလေးရဲ့မျက်နှာအရောင်ကအရင်ကထက်အများကြီးပိုကောင်းလာသည်။

    မိုးလင်းတဲ့အထိအိပ်ပျော်သွားခဲ့သည်။ နောက်နေ့ချင်ရှောင်းအိပ်ရာကနိုးလာတဲ့အခါ သူ့လက်ထဲမှာအလေးချိန်တစ်ခုရှိနေတာကြောင့် အနည်းငယ်အံ့ဩသွားကာ သူ့မျက်လုံးကိုဖွင့်လိုက်သည်။

    ထို့နောက်မနေ့ညကဘာတွေဖြစ်ခဲ့လဲပြန်မှတ်မိသွားခဲ့သည်။

    ရေသူလေးကမနိုးသေးပဲ မှောက်လျက်သားလေးအိပ်နေပြီး နှာခေါင်းလေးကညှင်သာစွာအသက်ရှူနေသည်။ မမြင်ရတဲ့မှော်ဆရာကချင်ရှောင်းလက်ကိုဆွဲပြီးစေခိုင်းလိုက်သကဲ့သို့ ရေသူလေးရဲ့နှာခေါင်းကိုထိလိုက်သည်။

    အနည်းငယ်ယားယံသွားတာကြောင့် ရေသူလေးကခဏလောက်လှုပ်လိုက်ပြီး မကျေမနပ်ဖြစ်ကာနှုတ်ခမ်းကိုစူလိုက်သည်။

     ရေသူလေးရဲ့နှုတ်ခမ်းများသည် ပန်းပွင့်ချပ်လေးများပေါ်မှစိန်ပွင့်လေးများကဲ့သို့လှပနေသည်။ နှုတ်ခမ်းတစ်ခုလုံးက ကြက်သွေးရောင်တောက်နေကာ အနည်းငယ်ဖောင်းနေပြီး အကာအကွယ်မရှိပဲ လာနမ်းပါဟုဖိတ်ခေါ်နေသယောင်။

    ချင်ရှောင်းသည် သူ့ရဲ့လက်ချောင်းများကို ရေသူလေးရဲ့နှုတ်ခမ်းပေါ်သို့ရွှေ့လိုက်ပြီး ၎င်းထိတော့မည့်အချိန်မှာ ရုတ်တရက်ရပ်တန့်လိုက်၏။

     ဒါပေမယ့်သူ့ရဲ့မျက်လုံးထဲမှာတော့ ပြင်းပြတဲ့ဆန္ဒတွေပြည့်နေသည်။

     လင်ရှီးသည် ဒီအိမ်မှထွက်ပြေးပြီး ပြန်လည်ကောင်းမွန်လာတဲ့ အညိုရောင်ရေသူလေးနဲ့အတူ ပင်လယ်ထဲသို့သွားကြောင်း အိပ်မက်လှလှလေးမက်ခဲ့သည်။ သူတို့ကပင်လယ်ထဲမှာ အတားအဆီးတွေမရှိပဲလွတ်လွတ်လပ်လပ်ရေကူးခဲ့ကြသည်။

    လင်ရှီးအိပ်မက်ကနိုးလာတော့ သူ့ပတ်ဝန်းကျင်မှာကြီးမားတဲ့အပူဓာတ်ရှိနေတာကိုခံစားလိုက်ရသည်။ ပူနွေးသောခန္ဓာကိုယ်အပူချိန်က မီးဖိုတစ်ခုကဲ့သို့ပင်။

    သူ့မျက်လုံးများကသေချာမပွင့်သေးပဲ လင်ရှီးမသိစိတ်ကအပူပေးစက်ကြီးရှိရာကိုမှီလိုက်သည်။

     အပူပေးစက်ကြီးရှိရာကို သူ့လက်နှစ်ဖက်တင်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် လင်ရှီးခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားသည်။ သူခံစားလိုက်ရတဲ့အထိအတွေ့ကနေ သူ့ဘေးမှာရှိနေတဲ့အပူပေးစက်ကြီးက လူတစ်ယောက်ဆိုတာသူသိလိုက်ရသည်။

    အိပ်မပျော်ခင်ဖြစ်သွားသောအဖြစ်အပျက်များက သူ့မျက်လုံးထဲမှာရုပ်ရှင်ပြသကဲ့သို့ တစ်ကွက်ချင်းပြန်လည်မြင်ယောင်လာသည်။

    သူအခန်းထဲကလွက်လာပြီးနောက် စာကြည့်ခန်းထဲသွားခဲ့တာကိုရှင်းရှင်းလင်းလင်းမှတ်မိသည်။ ချင်ရှောင်းစာဖတ်နေတာကိုတွေ့ပြီး အဲ့ဒါက အလွန်ဆွဲဆောင်မှုရှိပြီး လင်ရှီးကိုထိုနေရာသို့သွားရန်‌ဆွဲဆောင်ခဲ့သည်။

    လင်ရှီး ပြေးသွားခဲ့ပြီးချင်ရှောင်းရဲ့လက်မောင်းကြားထဲ မိမိခန္ဓာကိုယ်ကို ကိုယ်တိုင်ပစ်ချခဲ့သည်။ အဲ့ဒီလူကသူ့ကိုတွန်းထုတ်ဖို့ကြိုးစားခဲ့ပေမယ့် သူကရေဘဝဲတစ်ကောင်လို အဲ့ဒီလူကိုကပ်တွယ်ထားခဲ့သည်။
   
    နောက်တော့ သူသိပ်မကြာခင်မှာပဲ အိပ်ပျော်သွားပုံရသည်။

     သူမျက်လုံးပြန်ဖွင့်လိုက်တော့ ရှက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကကြိုဆိုနေသည်။

     သူကထိုလူ့ကိုလက်နှစ်ဖက်နှင့်ပိုက်ထားခြင်းခံရပြီး  သူ့ရဲ့မျက်နှာကထိုလူ၏ပုခုံးနဲ့ဆန့်ကျင်ဘက်မှာဖြစ်သည်။သူ့ရဲ့ခြေထောက်များသည်လည်း ထိုလူရဲ့ခြေထောက်များနဲ့နီးကပ်စွာရှိနေသည်။
     [T/N- ဆန့်ကျင်ဘက်ဆိုတာက ဘယ်လိုပြောရမလဲမျက်နှာချင်းဆိုင်ကွာ ပုခုံးမှာမျက်နှာအပ်ထားသလိုမျိုး ဒါမဲ့ထိမနေဘူး]

     သူ့ခေါင်းထက်တွင် တည်ငြိမ်သော်လည်းဖိနှိပ်နိုင်သောအကြည့်တစ်ခုကရှိနေတာကြောင့် လင်ရှီးမျက်လုံးများကိုအနည်းငယ်မှိတ်တုပ်မှိတ်‌တုပ်လုပ်လိုက်သည်။ သူ့နှုတ်ခမ်းကိုသပ်လိုက်ပြီး တံတွေးမျိုချလိုက်ကာ ပုံမှန်အတိုင်းပြန်ကြည့်နိုင်အောင် စိတ်တည်ငြိမ်စေရန်ကြိုးစားလိုက်သည်။

     ဒီအခြေအနေမှာ အကောင်းဆုံးကတော့ ဘာမှမပြောပဲထွက်သွားဖို့ပဲဖြစ်သည်။

    လင်ရှီးနှစ်ပေါင်းများစွာနေလာခဲ့ပြီးဘဝမှာ ပထမအကြိမ် သူ့ကိုယ်သူဓားစက်အောက်သို့တွန်းပို့လိုက်သလိုခံစားလိုက်ရသည်။

     ချင်ရှောင်းရဲ့လက်မောင်းများကြားထဲမှထ လိုက်သည်။ သူ့ပိုင်ရှင်ကသူ့ကိုကြည့်နေတာကို သူသိသည်သူ့မျက်လုံးများနှင့်အကြည့်ချင်းဆုံချိန်မှာ လင်ရှီးကိုအလွန်စိတ်ဖိစီးစေ၏။

    သူကုတင်ဘေးတွင်ရပ်ကာ သူ့အဝတ်အစားများကိုငုံ့ကြည့်လိုက်သည်။ အဲ့ဒါတွေကနည်းနည်းတော့ရှုပ်ပွနေပေမယ့် မူလနေရာတွင်ရှိသေးသည်။

    ကံကောင်းထောက်မစွာ သူ့မှာအိပ်ရေးဆိုးတဲ့အကျင့်မရှိပေ။ ပိုင်ရှင်ရဲ့ရင်ခွင်ထဲမှာမဟုတ်ပဲ ကျောပေါ်မှာတက်အိပ်နေခဲ့မိရင်တော့ လင်ရှီးသူ့အတွက်သူတစ်‌နေရာရာမှာ ကျင်းတူးထားရတော့မှာဖြစ်ဖို့များသည်။

   ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေလည်း အဆင်မပြေမဖြစ်ပေ။ မနေ့ညကသူတို့စောင်ခြုံပြီး ရိုးရိုးသားသားအိပ်တာဘာမှမဖြစ်ဘူး။

    အဲ့တာကိုတွေးပြီးနောက် လင်ရှီးချင်ရှောင်းရဲ့ခန္ဓာကိုယ်ကို မသိစိတ်ကနေခိုး‌ကြည့်လိုက်သည်။ ထိုလူကစောင်ခြုံထားပေမယ့် လင်ရှီးထိုလူရဲ့ရင်ခွင်ထဲမှာခိုအောင်းခဲ့ရတာကြောင့် ထိုလူရဲ့ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်းသိခဲ့ရသည်။

     လင်ရှီးသူ့ကိုယ်သူထိုလူ့နေရာမှာအစားထိုးကြည့်လိုက်သည်။ ယောက်ျားတစ်ယောက်အနေဖြင့် လှပတဲ့ကောင်လေးနဲ့အတူတစ်ညတာကုန်ဆုံးရပါက ယောက်ျားလေးအချင်းချင်းကြိုက်တဲ့သူသာဆိုလျှင်ထိုလူနှင့်တစ်ညလုံး(ဘာမှမလုပ်ပဲ) အတူတူနေနိုင်မှာမဟုတ်ပေ။

   ချင်ရှောင်းမှာရုပ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုရှိနေတာမဟုတ်ရင် သူကယောက်ျားတွေကိုမကြိုက်တာဖြစ်သည်။

          အရင်ကမဖြစ်နိုင်ဘူးထင်ခဲ့ပေမယ့် အခုတော့ဖြစ်နိုင်သည်။

     လင်ရှီးသူ့မျက်လုံးများကိုပင့်လိုက်ပြီးသူ့နောက်မှထထိုင်တဲ့သူ့ပိုင်ရှင်ကိုကြည့်လိုက်သည်။ ဤနေရာတွင် သူ့ရဲ့စူးစမ်းတဲ့အကြည့်ကို သိသိသာသာဖုံးကွယ်မထားပေ။

     ချင်ရှောင်းမြင်လိုက်ရတာတော့ ဆံပင်အနက်ရောင်ကောင်လေးက ရုတ်တရက်ကိုယ်ချင်းစာတရားလို့ဆိုနိုင်တဲ့အကြည့်ကို ပြလိုက်တာပဲဖြစ်သည်။ လျှင်လျှင်မြန်မြန် ပြန်ရုတ်သိမ်းသွားပေမယ့်လည်းပေါ့။

   အဲ့တာကချင်ရှောင်းကိုအလွန်ထူးဆန်းစေသည်။ လူငယ်လေးရဲ့ကိုယ်ချင်းစာတရားနဲ့ထိုက်တန်တဲ့ အချက်တစ်ခုခုကသူ့မှာရှိနေတယ်?

    လင်ရှီးသူ့နှုတ်ခမ်းကိုကွေးလိုက်ကာ ချင်ရှောင်းကိုခဏလောက်ကြည့်ပြီးနောက် သူပြောလိုက်သည်။

    "မနေ့က...ကျေးဇူးတင်ပါတယ်"

    "မင်း မိုးခြိမ်းတာကိုကြောက်တာလား" ချင်ရှောင်းကုတင်ပေါ်မှဆင်းပြီး လင်ရှီးဘေးတွင်ရပ်လိုက်၏။ သူ့ရဲ့ရှည်လျားတဲ့အရပ်ကြောင့်ခန္ဓာကိုယ်က တစ်ခဏအတွင်းမြင့်မားသွားပြီး လင်ရှီးကိုအုပ်မိုးထားလေသည်။

   တောင်ကြီးတစ်ခုလိုဖိအားက လင်ရှီးကိုနှစ်လှမ်းလောက်နောက်ဆုတ်မိစေသည်။

    ဒီလူကမနေ့ကသူ့ကိုကူညီခဲ့တာဖြစ်သည်။ အခုတော့သူက မြစ်ကိုကူးပြီး‌တံတားကိုဖျက်ချင်နေသည်။ ဘယ်လိုပဲကြည့်ကြည့်သူကအရူးတစ်ယောက်လိုပဲ။

   လင်ရှီးမျက်လွှာချလိုက်သည်။

"ဟုတ်တယ်" သူ့မျက်တောင်များကရှည်လျားကော့ညွှတ်နေကာ အခုအချိန်မှာမျက်တောင်လေးတွေကအနည်းငယ်လှုပ်နေသလိုပင်။

   "ဒါဆို မင်းအရင်ကမိုးကြိုးမုန်တိုင်းတွေကိုဘယ်လိုဖြတ်သန်းခဲ့တာလဲ"

   ဒါကသာမန်မိုးကြိုးမုန်တိုင်းလေးတစ်ခုသာဖြစ်ပြီး လူတွေနဲ့တစ်ခါမှရင်းရင်းနှီးနှီးမဆက်ဆံဖူးတဲ့ရေသူလေးက သူ့ရင်ခွင်ထဲခုန်ဆင်းလာခဲ့သည်။  ချင်ရှောင်း အရင်တုန်းကဒီလိုအခြေအနေကို လင်ရှီးဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ ရုတ်တရက်သိချင်သွားသည်။

       တခြားရေသူရဲ့ရင်ခွင်ထဲကို ခုန်ဝင်သွားတာလား။

      "ရေသူအရောင်းဆိုင်က အသံလုံတယ်" အဲ့ဒီမှာအပြင်ဘက်ရှိမိုးခြိမ်းသံ ဒါမှဟုတ်မိုးရွာတဲ့အသံတွေကိုမကြားရပေ။

       နောက်တစ်ချက်ကတော့ လင်ရှီးဒီရောက်တာအချိန်သိပ်မကြာသေး၍ မိုးခြိမ်းသံအများအပြားကိုမကြုံရသေးပေ။

       မိုးခြိမ်းသံကိုဒီခန္ဓာကိုယ်ကကြောက်မယ်ဆိုတာသူသိပါက လင်ရှီးအစောတည်းကမိုးလေဝသခန့်မှန်းချက်ကို သေချာအာရုံစိုက်ပြီး တုံ့ပြန်နိုင်မည့်နည်းလမ်းကို ကြိုတင်ပြင်ဆင်ထားမည်ဖြစ်သည်။

     အခန်းထဲမှအပြင်ကိုထွက်လာတော့ ကောင်းကင်ကြီးကကြည်လင်နေပြီး ကောင်းကင်တစ်ခုလုံးရေများကဲ့သို့ အပြာရောင်သမ်းနေသည်။

    လင်ရှီးအိမ်ထဲမှထွက်ကာ ဥယျာဉ်ထဲရှိငါးကန်ဆီသို့သွားလိုက်၏။

     လင်ရှီးငါးကန်ဘေးမှာရပ်ကာ သူ့ညာလက်ကိုမြှောက်ပြီး လက်ချောင်းတွေကိုကွေးလိုက်သည်။

     မနေ့ညကဖြစ်ခဲ့တာတွေက လင်ရှီးအတွက်လုံးဝမမျှော်လင့်ထားသည့်အရာများဖြစ်သည်။ မိုးခြိမ်းသံကို သူဘယ်လိုတောင်ကြောက်ပြီး ချင်ရှောင်းရင်ခွင်ထဲ ပြေးဝင်ဖို့ဘယ်လိုများအစပြုနိုင်ခဲ့ရတာလဲ။ ဒါပေမယ့် မိုးခြိမ်းသံကြောင့် သူ့ခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်ခဲ့ပေ။

     လင်ရှီးအဲ့ဒီအကြောင်းကိုတွေးလေ သူ့စိတ်ကပိုပြီးမတည်ငြိမ်နိုင်လေဖြစ်သည်။

    ငါးကန်အစွန်းမှခုန်ဆင်းလိုက်တော့ လင်ရှီးရဲ့ခန္ဓာကိုယ်သည် လေသံများနှင့်အတူအရွယ်ရောက်ပြီးသော ငါးတစ်ကောင်၏ခန္ဓာကိုယ်အဖြစ်ပြောင်းသွားကာ အနက်ရောင်ငါးအမြှီးက ရေအောက်တွင်ညှင်သာစွာရွေ့လျားသွားသည်။

#10.10.2022

ဒီအပိုင်းကတော့တကယ်ကလိကလိနဲ့အူယားနေရောပဲ ဟိဟိ။
ဒါနဲ့မိုးခြိမ်းသံက 'ဂျိမ်း'လား 'ဒိန်း'လား😵

  




~Zawgyi~

    "ဂ်ိမ္း!!!"

မိုးၿခိမ္းသံကထြက္ေပၚလာျပန္သည္။

  အကြာအေဝးနည္းနည္းေလာက္ျခားခံထားရေသာ ဆံပင္အနက္ေရာင္နဲ႕ေကာင္ေလးသည္ ခ်င္ေရွာင္းရင္ခြင္ထဲျပန္လည္ဝင္ေရာက္လာ၏။

  သူ႕မ်က္ႏွာမွာေၾကာက္႐ြံ႕မႈေတြႏွင့္ျပည့္ႏွက္ေနၿပီး ထိတ္လန႔္တၾကားျဖစ္ေနသည္မွာထင္ရွားသည္။

  လင္ရွီးသူ႕ေရွ႕ရွိသူ႕ပိုင္ရွင္ရဲ႕အဝတ္အစားေတြကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္၏။ သူ႕ခႏၶာကိုယ္နဲ႕အသိစိတ္က တစ္ခုႏွင့္တစ္ခုကြဲကြာေနခဲ့သည္။

  ယခုအခါအသိဉာဏ္ကရႈပ္ေထြးရာေနရာမွျပန္လည္နိုးၾကားလာသည္။ သို႔ေသာ္ဤခႏၶာကိုယ္ရဲ႕ဗီဇက မိုးၿခိမ္းသံႏွင့္လွ်ပ္စီးလက္တာကို အလြန္ေၾကာက္တာေၾကာင့္ လုံးလုံးလ်ားလ်ားဖုံးကြယ္ထားခ်င္သည္။ [T/N- သူအသိစိတ္ျပန္ကပ္လာကိုေျပာတာပါ]

  လူသားတစ္ေယာက္အေနနဲ႕ သူ႕ပိုင္ရွင္သည္အလြန္ႏြေးေထြးေသာခႏၶာကိုယ္ရွိသည္။ အပူခ်ိန္ကနည္းနည္းေလးၾကာေနေပမယ့္ လူေတြရဲ႕အပူခ်ိန္ကနီးစပ္ပုံေပၚသည္ (လူတစ္ေယာက္နဲ႕တစ္ေယာက္ရဲ႕အပူခ်ိန္ကသိပ္မကြာဘူး )။

  ေအးစက္စက္ခႏၶာကိုယ္နဲ႕ေမြးလာတဲ့ေရသူေလးေတြနဲ႕မတူေပ။ ထိုလူသားရဲ႕အပူခ်ိန္ကလင္ရွီးကို လြမ္းဆြတ္ေစၿပီး မိုးၿခိမ္းတဲ့ညမွာထြက္ခြါဖို႔ကိုတြန႔္ဆုတ္ေစသည္။ [T/N- လူဘဝကအပူခ်ိန္ေလးကိုလြမ္းတာပါ]

   လင္ရွီးရဲ႕ႏူးညံ့ေသာခႏၶာကိုယ္ေလးသည္ ခ်င္ေရွာင္းရင္ခြင္ထဲေခြေခါက္ေနၿပီး သူ႕တစ္ကိုယ္လုံးတုန္ယင္ေနတာကိုမရပ္တန့္နိုင္ေပ။

  သူ႕ပိုင္ရွင္ကသူ႕ကိုတြန္းထုတ္ခ်င္တဲ့ပုံေပၚေနတာကိုေတြ႕လိုက္ရေပမယ့္ လင္ရွီးကမဖယ္ခ်င္ေပ။ ေၾကာက္စရာေကာင္းတဲ့မိုးၿခိမ္းသံေတြကို သူတစ္ေယာက္တည္းရင္မဆိုင္ခ်င္ဘူး။

  သူခ်င္ေရွာင္းရဲ႕လက္ေမာင္းၾကားထဲဝင္ေနကာ၊ ခ်င္ေရွာင္းရဲ႕အဝတ္မ်ားကိုဆုပ္ကိုင္ထားၿပီး၊ သူ႕ေျခေထာက္မ်ားကခ်င္ေရွာင္းကို ေရဘဝဲတစ္ေကာင္လိုတင္းၾကပ္စြာရစ္ပတ္ထားသည္။

  ႐ုတ္တရက္သူ႕ရင္ခြင္ထဲမွာ အျခားတစ္ေယာက္ကရွိေနၿပီး အဲ့ဒီလူကသူ႕အဝတ္ေတြကိုဆုပ္ကိုင္ထားဆဲျဖစ္သည္။ ခ်င္ေရွာင္းရဲ႕လက္ေတြကလင္ရွီးပုခုံးေပၚမွေလွ်ာက်သြားခဲ့တာေၾကာင့္ သူေနာက္တစ္ႀကိမ္ထိုေကာင္ေလးကိုတြန္းထုတ္ဖို႔ႀကိဳးစားလိုက္သည္။ သူ႕လက္မ်ားကိုထိုအေပၚ(ပုခုံး)ေပၚသို႔ထပ္တင္လိုက္ကာမွာ သူ႕လက္ေအာက္ကတုန္ယင္ေနမႈကို ရွင္းရွင္းလင္းလင္းခံစားလိုက္ရ၏။

  ခ်င္ေရွာင္းေကာင္ေလးကိုျဖည္းျဖည္းေလးဆြဲခြါလိုက္သည္။ သူေခါင္းကိုငုံ႕ကာ သူ႕လက္ေမာင္းႏွစ္ခုၾကားထဲဝင္ေနၿပီး သူ႕ခႏၶာကိုယ္ကိုတင္းတင္းၾကပ္ၾကပ္ဖက္တြယ္ထားတဲ့ေကာင္ေလးကိုၾကည့္လိုက္သည္။ လူတစ္ေယာက္ကသူ႕ရဲ႕ေၾကာက္႐ြံ႕ေနတဲ့ပုံကိုျပဖို႔သိပ္မလြယ္ကူေပ။

  ဆယ္ေက်ာ္သက္အ႐ြယ္ေလးေတြကအရမ္းကိုေၾကာက္တတ္တာပဲ။

  ျပတင္းေပါက္အျပင္ဘက္မွမိုးၿခိမ္းသံကိုၾကားတာနဲ႕ ေကာင္ေလးရဲ႕ခႏၶာကိုယ္က ျပင္းျပင္းထန္ထန္တုန္ရီသြား၏။ ထို႔ေၾကာင့္ခ်င္ေရွာင္းသည္ ဆယ္ေက်ာ္သက္ေလးက မိုးၿခိမ္းသံကိုေၾကာက္သည္ဟု မွန္းဆခဲ့သည္။

သူမသိခဲ့တာက ေရသူေလးမ်ားကမိုးၿခိမ္းသံကိုေၾကာက္တယ္ဆိုတာပင္။

ခ်င္ေရွာင္းသူ႕မ်က္လုံးမ်ားကိုက်ဥ္းေျမာင္းလိုက္၏။ ဘယ္သူကမွသူ႕အိပ္ယာေပၚမတက္ဖူးေပ။ ခ်င္ေရွာင္းသည္ ဒီႏွစ္ေတြအတြင္းဗဟိုစစ္တပ္တြင္အလုပ္လုပ္ေနေသာေၾကာင့္ တစ္ႏွစ္ပတ္လုံးတစ္ေယာက္တည္းေနခဲ့ရၿပီး သူသည္သူ႕မိသားစုရွိရာသို႔ျပန္လာခဲသည္။

  သူ႕နားမွာလူပိုရွိဖို႔ တစ္ခါမွမေတြးဖူးခဲ့ဘူး။
 
  တစ္ဖက္မွၾကည့္ရင္လည္း မိမိရဲ႕အားနည္းခ်က္ကိုတျခားသူမ်ားရွာေဖြေတြ႕နိုင္ရန္ မိမိကိုယ္တိုင္အခြင့္အေရးေပးဖို႔ အစပ်ိဳးလုပ္ေဆာင္ေပးလိုက္တာႏွင့္တူသည္။
 
ရွဲ႕ဟုန္မင္က သူ႕အားေရသူမ်ားကိုေပးခဲ့သည္။[T/N - ေရသူဝယ္ေပးတာပါ]

  ေရသူမ်ားသည္ လူသားမ်ားအတြက္အိမ္ေမြးpetမွ်သာျဖစ္သည္။ အိမ္ေမြးpetတစ္ေကာင္က လူသားမ်ားအတြက္ ဘယ္ေလာက္မွ်အေရးပါသနည္း၊ အနည္းဆုံးေတာ့အေရးမပါပဲ ညွိႏႈင္းဖို႔ခ်စ္ပ္(ပစၥည္း)အျဖစ္အသုံးျပဳနိုင္မည္ဟု ဘယ္သူမွေတြးမွာမဟုတ္ေပ။

ခ်င္ေရွာင္းရဲ႕ေအးစက္စက္အၾကည့္က သူ႕အကၤ်ီကိုဆုပ္ကိုင္ထားသည့္ ျဖဴေဖြးေနေသာလက္ေလးႏွစ္ဖက္အေပၚက်ေရာက္သြားသည္။

  လက္ႏွစ္ဘက္လုံးကတင္းၾကပ္စြာ ဆုပ္ကိုင္ထားတာေၾကာင့္ လက္အေနာက္ဘက္ရွိ ျဖဴေဖြးၾကည္လင္ေနေသာအေရျပားေအာက္မွ အျပာေရာင္ေသြးေၾကာေလးမ်ားပင္ ထင္းထြက္ေနသည္။

  ခ်င္ေရွာင္း လင္ရွီးရဲ႕ပုခုံးေပၚမွာတင္ထားတဲ့လက္မ်ားကို ေနာက္ေက်ာဘက္ဆီသို႔ေျပာင္းလိုက္၏။ သူဖြဖြေလးပြတ္သပ္ေပးေနရင္း သူတစ္ခါမွမေျပာဖူးတဲ့ ႏွစ္သိမ့္စကားေတြကိုေျပာလိုက္သည္။

  "ေကာင္းၿပီ၊ အားလုံးၿပီးသြားၿပီ။ မင္းအခု လုံၿခဳံၿပီ၊ မင္းအဆင္ေျပသြားေတာ့မွာပါ"

လင္ရွီးသည္ ခ်င္ေရွာင္းရဲ႕လည္ပင္းေဘးမွာသူ႕မ်က္ႏွာတစ္ခုလုံးကိုျမႇုပ္ထားၿပီး သူ႕ႏႈတ္ခမ္းမ်ားကေတာ့ ထိုေယာက္က်ားရဲ႕အေရျပားနဲ႕ ထိကပ္မေနေပ။

  ေရသူေလးရဲ႕ခႏၶာကိုယ္က ေအးစက္ေနသင့္ေသာ္လည္း ဒီအခ်ိန္မွာခ်င္ေရွာင္းသည္ သူ႕အေရျပားနဲ႕နီးကပ္ေနတဲ့ႏႈတ္ခမ္းတစ္စုံက ပူေနသည္ဟုခံစားလိုက္ရသည္။
 
ပူေလာင္ေနေသာ အပူရွိန္ကလ်င္ျမန္စြာပ်ံ့ႏွံ႕သြားၿပီး ခ်င္ေရွာင္းကိုယ္ထဲမီးေတာက္တစ္ခု စတင္ေလာင္ႂကြမ္းလာ၏။

  ေရသူေလးကေတာ့ သူ႕ရဲ႕အျပဳအမူကသူ႕ပိုင္ရွင္အေပၚ ဘယ္လိုသက္ေရာက္မႈရွိလဲဆိုတာမသိတဲ့ပုံေပၚသည္။

  သူ႕ရဲ႕ေျခလက္မ်ားက ခ်င္ေရွာင္းတစ္ကိုယ္လုံးကိုရစ္ပတ္ထားေသာေၾကာင့္ ခႏၶာကိုယ္ႏွစ္ခုကတင္းတင္းၾကပ္ၾကပ္ပူးကပ္ေနၿပီး ခြဲလို႔မရေပ။

  ႏြေးေထြးေသာခႏၶာကိုယ္က ႏြေးေထြးစြာေပြ႕ဖက္ေပးထား၍ ထိုႏြေးေထြးမႈမ်ားလင္ရွီးကိုယ္ထဲစိမ့္ဝင္လာၿပီး ေၾကာက္႐ြံ႕မႈမ်ားကိုတျဖည္းျဖည္းေလွ်ာ့ခ်လိဳက္သည္။

  ေၾကာက္႐ြံ႕မႈမ်ားေလ်ာ့သြားေတာ့ ငိုက္ျမည္းမႈကသူ႕ေခါင္းထဲဝင္ေရာက္လာသည္။ လင္ရွီးမ်က္လုံးမ်ားကိုျဖည္းညွင္းစြာမွိတ္လိုက္ၿပီး ခ်င္ေရွာင္းရင္ခြင္ထဲတြင္အိပ္ေပ်ာ္သြားသည္။

  ႏူးညံ့ေသာအသက္ရႉသံေလးက လူတိုင္းမလုပ္နိုင္ေပ။

  ခ်င္ေရွာင္း လင္ရွီးရဲ႕ျဖဴေဖြးႏူးညံ့ေနေသာမ်က္ႏွာေလးကို စိုက္ၾကည့္ေနရင္း သူတကယ္အိပ္ေပ်ာ္သြားမွန္းသိသည့္အခါ သူ႕လက္ေခ်ာင္းမ်ားႏွင့္လင္ရွီးရဲ႕မ်က္ႏွာေလးကို ညွင္သာစြာပြတ္သပ္လိုက္သည္။ လင္ရွီးသာနိုးလာခဲ့ပါက သူ႕ကိုစိုက္ၾကည့္ေနတဲ့မ်က္လုံးမ်ားက ဘယ္ေလာက္ေတာင္ေၾကာက္ဖို႔ေကာင္းလဲဆိုတာကို သူျမင္နိုင္ေပလိမ့္မည္။

  သားရဲဘုရင္ႀကီးကသူ႕မ်က္လုံးမ်ားႏွင့္ စိတ္ဝင္စားမႈကိုႏွိုးဆြေပးနိုင္တဲ့အရာတစ္ခုကို ႐ုတ္တရက္ေတြ႕သြားသလိုပါပဲ။

  အဲ့ဒါကသာမန္စိတ္ဝင္စားမႈသာမကပဲ၊ သူကိုယ္တိုင္ေမြးျမဴထားသည့္သားေကာင္ေလးကို စားလိုသည့္ပုံစံျဖစ္သည္။

  ဒီကိစၥမ်ားၿပီးသြားေတာ့ ခ်င္ေရွာင္းအစီရင္ခံစာကိုဆက္ဖတ္ဖို႔ စိတ္မပါေတာ့ေခ်။ သူထလိုက္ၿပီးလင္ရွီးကို ကေလးတစ္ေယာက္လိုမတ္မတ္ေလးေပြ႕ခ်ီလိုက္သည္။ [T/N- ေပြ႕ခ်ီတာမဟုတ္ပဲဖင္တုံးေလးကေနမ ၿပီးမ်က္ႏွာခ်င္းဆိုင္ခ်ီတဲ့ပုံကြာသိတယ္မဟုတ္လား]

  သူ႕လက္မ်ားက လင္ရွီးရဲ႕တင္ပါးေလးကေနပင့္ကိုင္ထား၏။ သူအရင္ကမသိခဲ့ေပ။ လင္ရွီးကိုၾကည့္ရတာပိန္ပါးၿပီးတစ္ကိုယ္လုံးမွာအသားမရွိတဲ့ပုံပင္။ သို႔ေသာ္သူ႕တင္ပါးေလးက ထိရတာက မိုလ္ထဲကထြက္လာသည့္လတ္ဆတ္တဲ့အမဲသားတုံးေလးလိုပဲ အေတာ္ေလးႏူးညံ့ေပ်ာ့ေပ်ာင္းသည္။

  လင္ရွီးသည္အိပ္ေမာက်ေနၿပီး စာၾကည့္ခန္းထဲကေန အိပ္ခန္းထဲထိခ်ီလာတာေတာင္ နိုးမလာေပ။

အစကခ်င္ေရွာင္း လင္ရွီးကိုသူ႕(လင္ရွီး)အခန္းထဲသြားပို႔ၿပီး သူ႕ကိုတစ္ေယာက္တည္းထားခဲ့ဖို႔စီစဥ္ထားခဲ့တာျဖစ္သည္။

  ရလာဒ္ကေတာ့ အခန္းထဲဝင္လာၿပီးေနာက္ ကုတင္ေပၚတင္ထားခံရသည့္ အိပ္ေနတဲ့လူက သူထြက္သြားေတာ့မယ္ဆိုတာသိေနတဲ့အတိုင္း ခ်က္ခ်င္းလက္ႏွစ္ဖက္ႏွင့္တင္းတင္းၾကပ္ၾကပ္ဆြဲၿပီး ခ်င္ေရွာင္းလည္တိုင္ကိုဖက္ထားကာ လႊတ္ေပးဖို႔ျငင္းဆန္ခဲ့သည္။

  ခႏၶာကိုယ္ရဲ႕ဗီဇတုန႔္ျပန္မႈျဖစ္သည္။

  ျပတင္းေပါက္အျပင္ဘက္တြင္မိုးၿခိမ္းသံမ်ားက ရပ္တန႔္သြားၿပီး မိုးစက္မ်ားကအစားထိုးက်ဆင္းလာသည္။ မိုးစက္မ်ားကျပတင္းေပါက္သို႔ရိုက္ခတ္ကာ စီးက်သြားသည္။

  ခ်င္ေရွာင္း လင္ရွီးရဲ႕ကုတင္ေဘးမွာရပ္ေန၏။ သူ႕လက္ထဲမွာရွိတဲ့ ေရသူေလးကအလြန္ေပါ့ပါးၿပီး ေရသူမ်ားရဲ႕အရိုးမ်ားသည္လူသားမ်ားထက္ပိုမိုသြယ္လ်သည္။

  ေရသူေလးရဲ႕ဘဝကို လက္တစ္ဖက္တည္းနဲ႕ေတာင္အဆုံးသတ္လို႔ရသည္။

  ခ်င္ေရွာင္းေရသူေလးကိုစကၠန႔္အနည္းငယ္ေလာက္စိုက္ၾကည့္ၿပီးေနာက္ လွည့္လိုက္ကာ ေရသူေလးကိုသူ႕အခန္းထဲသို႔ေခၚသြားလိုက္၏။

  ခ်င္ေရွာင္းသူဒီညေတာ့ ေတာ္႐ုံနဲ႕အိပ္မေပ်ာ္ေလာက္ဘူးဟု ေတြးမိသည္။ မထင္မွတ္ပဲသူ႕ရင္ခြင္ထဲမွာ လူတစ္ေယာက္ရွိေနသည္။ သို႔ေသာ္ေရသူေလးရဲ႕မ်က္ႏွာအေရာင္ကအရင္ကထက္အမ်ားႀကီးပိုေကာင္းလာသည္။

  မိုးလင္းတဲ့အထိအိပ္ေပ်ာ္သြားခဲ့သည္။ ေနာက္ေန႕ခ်င္ေရွာင္းအိပ္ရာကနိုးလာတဲ့အခါ သူ႕လက္ထဲမွာအေလးခ်ိန္တစ္ခုရွိေနတာေၾကာင့္ အနည္းငယ္အံ့ဩသြားကာ သူ႕မ်က္လုံးကိုဖြင့္လိုက္သည္။

  ထို႔ေနာက္မေန႕ညကဘာေတြျဖစ္ခဲ့လဲျပန္မွတ္မိသြားခဲ့သည္။

  ေရသူေလးကမနိုးေသးပဲ ေမွာက္လ်က္သားေလးအိပ္ေနၿပီး ႏွာေခါင္းေလးကညွင္သာစြာအသက္ရႉေနသည္။ မျမင္ရတဲ့ေမွာ္ဆရာကခ်င္ေရွာင္းလက္ကိုဆြဲၿပီးေစခိုင္းလိုက္သကဲ့သို႔ ေရသူေလးရဲ႕ႏွာေခါင္းကိုထိလိုက္သည္။

  အနည္းငယ္ယားယံသြားတာေၾကာင့္ ေရသူေလးကခဏေလာက္လႈပ္လိုက္ၿပီး မေက်မနပ္ျဖစ္ကာႏႈတ္ခမ္းကိုစူလိုက္သည္။

  ေရသူေလးရဲ႕ႏႈတ္ခမ္းမ်ားသည္ ပန္းပြင့္ခ်ပ္ေလးမ်ားေပၚမွစိန္ပြင့္ေလးမ်ားကဲ့သို႔လွပေနသည္။ ႏႈတ္ခမ္းတစ္ခုလုံးက ၾကက္ေသြးေရာင္ေတာက္ေနကာ အနည္းငယ္ေဖာင္းေနၿပီး အကာအကြယ္မရွိပဲ လာနမ္းပါဟုဖိတ္ေခၚေနသေယာင္။

  ခ်င္ေရွာင္းသည္ သူ႕ရဲ႕လက္ေခ်ာင္းမ်ားကို ေရသူေလးရဲ႕ႏႈတ္ခမ္းေပၚသို႔ေ႐ႊ႕လိုက္ၿပီး ၎ထိေတာ့မည့္အခ်ိန္မွာ ႐ုတ္တရက္ရပ္တန႔္လိုက္၏။

  ဒါေပမယ့္သူ႕ရဲ႕မ်က္လုံးထဲမွာေတာ့ ျပင္းျပတဲ့ဆႏၵေတြျပည့္ေနသည္။

  လင္ရွီးသည္ ဒီအိမ္မွထြက္ေျပးၿပီး ျပန္လည္ေကာင္းမြန္လာတဲ့ အညိုေရာင္ေရသူေလးနဲ႕အတူ ပင္လယ္ထဲသို႔သြားေၾကာင္း အိပ္မက္လွလွေလးမက္ခဲ့သည္။ သူတို႔ကပင္လယ္ထဲမွာ အတားအဆီးေတြမရွိပဲလြတ္လြတ္လပ္လပ္ေရကူးခဲ့ၾကသည္။

  လင္ရွီးအိပ္မက္ကနိုးလာေတာ့ သူ႕ပတ္ဝန္းက်င္မွာႀကီးမားတဲ့အပူဓာတ္ရွိေနတာကိုခံစားလိုက္ရသည္။ ပူႏြေးေသာခႏၶာကိုယ္အပူခ်ိန္က မီးဖိုတစ္ခုကဲ့သို႔ပင္။

  သူ႕မ်က္လုံးမ်ားကေသခ်ာမပြင့္ေသးပဲ လင္ရွီးမသိစိတ္ကအပူေပးစက္ႀကီးရွိရာကိုမွီလိုက္သည္။

  အပူေပးစက္ႀကီးရွိရာကို သူ႕လက္ႏွစ္ဖက္တင္လိုက္သည္။ စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္ လင္ရွီးခႏၶာကိုယ္တစ္ခုလုံးေအးခဲသြားသည္။ သူခံစားလိုက္ရတဲ့အထိအေတြ႕ကေန သူ႕ေဘးမွာရွိေနတဲ့အပူေပးစက္ႀကီးက လူတစ္ေယာက္ဆိုတာသူသိလိုက္ရသည္။

  အိပ္မေပ်ာ္ခင္ျဖစ္သြားေသာအျဖစ္အပ်က္မ်ားက သူ႕မ်က္လုံးထဲမွာ႐ုပ္ရွင္ျပသကဲ့သို႔ တစ္ကြက္ခ်င္းျပန္လည္ျမင္ေယာင္လာသည္။

  သူအခန္းထဲကလြက္လာၿပီးေနာက္ စာၾကည့္ခန္းထဲသြားခဲ့တာကိုရွင္းရွင္းလင္းလင္းမွတ္မိသည္။ ခ်င္ေရွာင္းစာဖတ္ေနတာကိုေတြ႕ၿပီး အဲ့ဒါက အလြန္ဆြဲေဆာင္မႈရွိၿပီး လင္ရွီးကိုထိုေနရာသို႔သြားရန္ဆြဲေဆာင္ခဲ့သည္။

  လင္ရွီး ေျပးသြားခဲ့ၿပီးခ်င္ေရွာင္းရဲ႕လက္ေမာင္းၾကားထဲ မိမိခႏၶာကိုယ္ကို ကိုယ္တိုင္ပစ္ခ်ခဲ့သည္။ အဲ့ဒီလူကသူ႕ကိုတြန္းထုတ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ သူကေရဘဝဲတစ္ေကာင္လို အဲ့ဒီလူကိုကပ္တြယ္ထားခဲ့သည္။
 
  ေနာက္ေတာ့ သူသိပ္မၾကာခင္မွာပဲ အိပ္ေပ်ာ္သြားပုံရသည္။

  သူမ်က္လုံးျပန္ဖြင့္လိုက္ေတာ့ ရွက္စရာေကာင္းတဲ့ျမင္ကြင္းတစ္ခုကႀကိဳဆိုေနသည္။

  သူကထိုလူ႕ကိုလက္ႏွစ္ဖက္ႏွင့္ပိုက္ထားျခင္းခံရၿပီး သူ႕ရဲ႕မ်က္ႏွာကထိုလူ၏ပုခုံးနဲ႕ဆန႔္က်င္ဘက္မွာျဖစ္သည္။သူ႕ရဲ႕ေျခေထာက္မ်ားသည္လည္း ထိုလူရဲ႕ေျခေထာက္မ်ားနဲ႕နီးကပ္စြာရွိေနသည္။
  [T/N- ဆန႔္က်င္ဘက္ဆိုတာက ဘယ္လိုေျပာရမလဲမ်က္ႏွာခ်င္းဆိုင္ကြာ ပုခုံးမွာမ်က္ႏွာအပ္ထားသလိုမ်ိဳး ဒါမဲ့ထိမေနဘူး]

  သူ႕ေခါင္းထက္တြင္ တည္ၿငိမ္ေသာ္လည္းဖိႏွိပ္နိုင္ေသာအၾကည့္တစ္ခုကရွိေနတာေၾကာင့္ လင္ရွီးမ်က္လုံးမ်ားကိုအနည္းငယ္မွိတ္တုပ္မွိတ္တုပ္လုပ္လိုက္သည္။ သူ႕ႏႈတ္ခမ္းကိုသပ္လိုက္ၿပီး တံေတြးမ်ိဳခ်လိဳက္ကာ ပုံမွန္အတိုင္းျပန္ၾကည့္နိုင္ေအာင္ စိတ္တည္ၿငိမ္ေစရန္ႀကိဳးစားလိုက္သည္။

  ဒီအေျခအေနမွာ အေကာင္းဆုံးကေတာ့ ဘာမွမေျပာပဲထြက္သြားဖို႔ပဲျဖစ္သည္။

  လင္ရွီးႏွစ္ေပါင္းမ်ားစြာေနလာခဲ့ၿပီးဘဝမွာ ပထမအႀကိမ္ သူ႕ကိုယ္သူဓားစက္ေအာက္သို႔တြန္းပို႔လိုက္သလိုခံစားလိုက္ရသည္။

  ခ်င္ေရွာင္းရဲ႕လက္ေမာင္းမ်ားၾကားထဲမွထ လိုက္သည္။ သူ႕ပိုင္ရွင္ကသူ႕ကိုၾကည့္ေနတာကို သူသိသည္သူ႕မ်က္လုံးမ်ားႏွင့္အၾကည့္ခ်င္းဆုံခ်ိန္မွာ လင္ရွီးကိုအလြန္စိတ္ဖိစီးေစ၏။

  သူကုတင္ေဘးတြင္ရပ္ကာ သူ႕အဝတ္အစားမ်ားကိုငုံ႕ၾကည့္လိုက္သည္။ အဲ့ဒါေတြကနည္းနည္းေတာ့ရႈပ္ပြေနေပမယ့္ မူလေနရာတြင္ရွိေသးသည္။

  ကံေကာင္းေထာက္မစြာ သူ႕မွာအိပ္ေရးဆိုးတဲ့အက်င့္မရွိေပ။ ပိုင္ရွင္ရဲ႕ရင္ခြင္ထဲမွာမဟုတ္ပဲ ေက်ာေပၚမွာတက္အိပ္ေနခဲ့မိရင္ေတာ့ လင္ရွီးသူ႕အတြက္သူတစ္ေနရာရာမွာ က်င္းတူးထားရေတာ့မွာျဖစ္ဖို႔မ်ားသည္။

ခႏၶာကိုယ္ရဲ႕တျခားအစိတ္အပိုင္းေတြလည္း အဆင္မေျပမျဖစ္ေပ။ မေန႕ညကသူတို႔ေစာင္ၿခဳံၿပီး ရိုးရိုးသားသားအိပ္တာဘာမွမျဖစ္ဘူး။

  အဲ့တာကိုေတြးၿပီးေနာက္ လင္ရွီးခ်င္ေရွာင္းရဲ႕ခႏၶာကိုယ္ကို မသိစိတ္ကေနခိုးၾကည့္လိုက္သည္။ ထိုလူကေစာင္ၿခဳံထားေပမယ့္ လင္ရွီးထိုလူရဲ႕ရင္ခြင္ထဲမွာခိုေအာင္းခဲ့ရတာေၾကာင့္ ထိုလူရဲ႕ခႏၶာကိုယ္ပုံသ႑ာန္ကို ရွင္းရွင္းလင္းလင္းသိခဲ့ရသည္။

  လင္ရွီးသူ႕ကိုယ္သူထိုလူ႕ေနရာမွာအစားထိုးၾကည့္လိုက္သည္။ ေယာက္်ားတစ္ေယာက္အေနျဖင့္ လွပတဲ့ေကာင္ေလးနဲ႕အတူတစ္ညတာကုန္ဆုံးရပါက ေယာက္်ားေလးအခ်င္းခ်င္းႀကိဳက္တဲ့သူသာဆိုလွ်င္ထိုလူႏွင့္တစ္ညလုံး(ဘာမွမလုပ္ပဲ) အတူတူေနနိုင္မွာမဟုတ္ေပ။

ခ်င္ေရွာင္းမွာ႐ုပ္ပိုင္းဆိုင္ရာျပႆနာတစ္ခုခုရွိေနတာမဟုတ္ရင္ သူကေယာက္်ားေတြကိုမႀကိဳက္တာျဖစ္သည္။

     အရင္ကမျဖစ္နိုင္ဘူးထင္ခဲ့ေပမယ့္ အခုေတာ့ျဖစ္နိုင္သည္။

  လင္ရွီးသူ႕မ်က္လုံးမ်ားကိုပင့္လိုက္ၿပီးသူ႕ေနာက္မွထထိုင္တဲ့သူ႕ပိုင္ရွင္ကိုၾကည့္လိုက္သည္။ ဤေနရာတြင္ သူ႕ရဲ႕စူးစမ္းတဲ့အၾကည့္ကို သိသိသာသာဖုံးကြယ္မထားေပ။

  ခ်င္ေရွာင္းျမင္လိုက္ရတာေတာ့ ဆံပင္အနက္ေရာင္ေကာင္ေလးက ႐ုတ္တရက္ကိုယ္ခ်င္းစာတရားလို႔ဆိုနိုင္တဲ့အၾကည့္ကို ျပလိုက္တာပဲျဖစ္သည္။ လွ်င္လွ်င္ျမန္ျမန္ ျပန္႐ုတ္သိမ္းသြားေပမယ့္လည္းေပါ့။

အဲ့တာကခ်င္ေရွာင္းကိုအလြန္ထူးဆန္းေစသည္။ လူငယ္ေလးရဲ႕ကိုယ္ခ်င္းစာတရားနဲ႕ထိုက္တန္တဲ့ အခ်က္တစ္ခုခုကသူ႕မွာရွိေနတယ္?

  လင္ရွီးသူ႕ႏႈတ္ခမ္းကိုေကြးလိုက္ကာ ခ်င္ေရွာင္းကိုခဏေလာက္ၾကည့္ၿပီးေနာက္ သူေျပာလိုက္သည္။

  "မေန႕က...ေက်းဇူးတင္ပါတယ္"

  "မင္း မိုးၿခိမ္းတာကိုေၾကာက္တာလား" ခ်င္ေရွာင္းကုတင္ေပၚမွဆင္းၿပီး လင္ရွီးေဘးတြင္ရပ္လိုက္၏။ သူ႕ရဲ႕ရွည္လ်ားတဲ့အရပ္ေၾကာင့္ခႏၶာကိုယ္က တစ္ခဏအတြင္းျမင့္မားသြားၿပီး လင္ရွီးကိုအုပ္မိုးထားေလသည္။

ေတာင္ႀကီးတစ္ခုလိုဖိအားက လင္ရွီးကိုႏွစ္လွမ္းေလာက္ေနာက္ဆုတ္မိေစသည္။

  ဒီလူကမေန႕ကသူ႕ကိုကူညီခဲ့တာျဖစ္သည္။ အခုေတာ့သူက ျမစ္ကိုကူးၿပီးတံတားကိုဖ်က္ခ်င္ေနသည္။ ဘယ္လိုပဲၾကည့္ၾကည့္သူကအ႐ူးတစ္ေယာက္လိုပဲ။

လင္ရွီးမ်က္လႊာခ်လိဳက္သည္။

"ဟုတ္တယ္" သူ႕မ်က္ေတာင္မ်ားကရွည္လ်ားေကာ့ၫႊတ္ေနကာ အခုအခ်ိန္မွာမ်က္ေတာင္ေလးေတြကအနည္းငယ္လႈပ္ေနသလိုပင္။

"ဒါဆို မင္းအရင္ကမိုးႀကိဳးမုန္တိုင္းေတြကိုဘယ္လိုျဖတ္သန္းခဲ့တာလဲ"

ဒါကသာမန္မိုးႀကိဳးမုန္တိုင္းေလးတစ္ခုသာျဖစ္ၿပီး လူေတြနဲ႕တစ္ခါမွရင္းရင္းႏွီးႏွီးမဆက္ဆံဖူးတဲ့ေရသူေလးက သူ႕ရင္ခြင္ထဲခုန္ဆင္းလာခဲ့သည္။ ခ်င္ေရွာင္း အရင္တုန္းကဒီလိုအေျခအေနကို လင္ရွီးဘယ္လိုေက်ာ္ျဖတ္ခဲ့လဲဆိုတာ ႐ုတ္တရက္သိခ်င္သြားသည္။

   တျခားေရသူရဲ႕ရင္ခြင္ထဲကို ခုန္ဝင္သြားတာလား။

   "ေရသူအေရာင္းဆိုင္က အသံလုံတယ္" အဲ့ဒီမွာအျပင္ဘက္ရွိမိုးၿခိမ္းသံ ဒါမွဟုတ္မိုး႐ြာတဲ့အသံေတြကိုမၾကားရေပ။

   ေနာက္တစ္ခ်က္ကေတာ့ လင္ရွီးဒီေရာက္တာအခ်ိန္သိပ္မၾကာေသး၍ မိုးၿခိမ္းသံအမ်ားအျပားကိုမႀကဳံရေသးေပ။

   မိုးၿခိမ္းသံကိုဒီခႏၶာကိုယ္ကေၾကာက္မယ္ဆိုတာသူသိပါက လင္ရွီးအေစာတည္းကမိုးေလဝသခန႔္မွန္းခ်က္ကို ေသခ်ာအာ႐ုံစိုက္ၿပီး တုံ႕ျပန္နိုင္မည့္နည္းလမ္းကို ႀကိဳတင္ျပင္ဆင္ထားမည္ျဖစ္သည္။

  အခန္းထဲမွအျပင္ကိုထြက္လာေတာ့ ေကာင္းကင္ႀကီးကၾကည္လင္ေနၿပီး ေကာင္းကင္တစ္ခုလုံးေရမ်ားကဲ့သို႔ အျပာေရာင္သမ္းေနသည္။

  လင္ရွီးအိမ္ထဲမွထြက္ကာ ဥယ်ာဥ္ထဲရွိငါးကန္ဆီသို႔သြားလိုက္၏။

  လင္ရွီးငါးကန္ေဘးမွာရပ္ကာ သူ႕ညာလက္ကိုျမႇောက္ၿပီး လက္ေခ်ာင္းေတြကိုေကြးလိုက္သည္။

  မေန႕ညကျဖစ္ခဲ့တာေတြက လင္ရွီးအတြက္လုံးဝမေမွ်ာ္လင့္ထားသည့္အရာမ်ားျဖစ္သည္။ မိုးၿခိမ္းသံကို သူဘယ္လိုေတာင္ေၾကာက္ၿပီး ခ်င္ေရွာင္းရင္ခြင္ထဲ ေျပးဝင္ဖို႔ဘယ္လိုမ်ားအစျပဳနိုင္ခဲ့ရတာလဲ။ ဒါေပမယ့္ မိုးၿခိမ္းသံေၾကာင့္ သူ႕ခႏၶာကိုယ္ကိုမထိန္းခ်ဳပ္နိုင္ခဲ့ေပ။

  လင္ရွီးအဲ့ဒီအေၾကာင္းကိုေတြးေလ သူ႕စိတ္ကပိုၿပီးမတည္ၿငိမ္နိုင္ေလျဖစ္သည္။

  ငါးကန္အစြန္းမွခုန္ဆင္းလိုက္ေတာ့ လင္ရွီးရဲ႕ခႏၶာကိုယ္သည္ ေလသံမ်ားႏွင့္အတူအ႐ြယ္ေရာက္ၿပီးေသာ ငါးတစ္ေကာင္၏ခႏၶာကိုယ္အျဖစ္ေျပာင္းသြားကာ အနက္ေရာင္ငါးအျမႇီးက ေရေအာက္တြင္ညွင္သာစြာေ႐ြ႕လ်ားသြားသည္။

#10.10.2022

ဒီအပိုင္းကေတာ့တကယ္ကလိကလိနဲ႕အူယားေနေရာပဲ ဟိဟိ။
ဒါနဲ႕မိုးၿခိမ္းသံက 'ဂ်ိမ္း'လား 'ဒိန္း'လား😵

Continue Reading

You'll Also Like

222K 36.6K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
242K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...