ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{ 30 }

8K 1K 22
By Greentealay-

Unicode

အဲ့မှသာလူတိုင်းသိပြုမိကြပြီး လူခြောက်ယောက်ဂရုထဲပြန်ဝင်လိုက်ကြတယ်။အဖွဲထဲမှာမီးရှို့ခဲ့တဲ့ရှောက်ရုံက အရင်စကားပြောလာသည်။

{အားချန်အဲ့ဇာတ်ကားကိုအရင်းအနှီးထည့်လိုက်တာနဲ့သူက ရင်းနှီးမြှုပ်နှံသူဖြစ်သွားပြီမဟုတ်လား။ရင်းနှီးမြှုပ်နှံသူတွေက ရှူးဂါးဒယ်ဒီတွေပဲမဟုတ်လား}

ယွီအန်းယီကမယုံကြည်ပေ။အဲ့လောက်ရိုးရှင်းတယ်လား။

{ဒါ့ပြင်}

ရှောက်ရုံက သာမန်ကာလျှံကာပြောလာသည်။

{အားချန်က အဲ့ဇာတ်ကားရဲ့ရင်းနှီးမြှုပ်နှံသူဖြစ်လာပြီး ရှောင်ကျိကလည်း သရုပ်ဆောင်ဖြစ်တယ်လေ။သူက
အဲ့ဒိဒရမ်မာရဲ့ ရှူးဂါးဒယ်ဒီဖြစ်သွားရုံသာမက ဇာတ်ကားစရိတ်ထောက်ပံ့တယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ရှောင်ကျိနဲ့လည်းရက်အနည်းငယ်လောက်ကုန်ဆုံးနိုင်တယ်ဆိုတော့ကာ လုံးဝပါဖက်ပဲပေါ့}

ယောက်ရှိုးယွမ်ကချက်ချင်းစာပြန်လာသည်။

{ဟားဟားဟားဟား ဒီခွဲခြမ်းစိတ်ဖြာမှုကဖြစ်နိုင်ချေရှိတယ်။အားချန်ရေ စဉ်းစားကြည့်ပါဦးကွ}

တစ်ခြားသူတွေက သူမရဲ့အတွေးယာဉ်ကြီးကိုဖြတ်တောက်ဖို့ တစ်ခုပြီးတစ်ခုဆက်တိုက်ပြောနေကြသော်လည်း ယွီအန်းယီကတော့ တစ်ခုခုကအတော့်ကိုမှန်မနေဘူးလို့ခံစားနေရတယ်။သူမအများကြီးထပ်တွေးမနေတော့ဘဲ ချူချန်ကိုသာ ပြန်ဆန်းစစ်ကြည့်လိုက်၏။

{ရိုက်ကူးရေးအဖွဲ့ဝင်တွေရှေ့မှာကျိချင်းကျိုးကိုကူညီခဲ့တာမလား။ထုတ်လုပ်သူနဲ့ဒါရိုက်တာက သူ့ကိုမထွက်သွားစေမှာအသေအချာပဲ။သူတို့သူ့ကိုမရှာခင်အရင်းအနှီးထည့်ရမလား မထည့်ရဘူးလား စဉ်းစားထားရမယ်လေ}

ချူချန်ဟာ သူတို့တွေပြောနေဆိုနေကြတာကိုကြည့်ပြီး အဲ့အကြောင်းကိုစဉ်းစားစရာတောင်မလိုဘူးထင်မိတယ်။ကျိချင်းကျိုးက ခေါင်းဆောင်မင်းသားမဟုတ်ဘူး။သူက ဇာတ်ပို့နေရာတစ်ခုကပဲသရုပ်ဆောင်ရတာ။
အကယ်၍ သူ ဒီဒရမ်မာကိုရင်းနှီးမြှုပ်နှံပြီးရုပ်ရှင်ဆက်ရိုက်ကူးနိုင်ရင်တောင် အဆုံးမှာဖြစ်နိုင်ချေနှစ်ခုရှိလာမယ်။
(1) အဲ့ရုပ်ရှင်ပြသပြီးလို့ လူကြိုက်မများခဲ့ဘူးဆို ပိုက်ဆံမဆုံးရှုံးရင်တောင် အကြီးဆုံးကံကောင်းမှုဖြစ်‌နေပြီ ။ (2) အဲ့ရုပ်ရှင်ပြသပြီးလို့ အောင်မြင်လာရင် ပိုက်ဆံရမယ်ဆိုပေမယ့် TV drama အများစုလိုမျိုးဆို အရင်ဆုံးနာမည်ကြီးမှာက မင်းသားနဲ့မင်းသမီးပဲ။အပိုင်းနည်းနည်းပဲပါတဲ့ ဇာတ်ပို့နေရာက ကျိချင်းကျိုးကျ ဖန်တွေကိုဆွဲဆောင်နိုင်စွမ်းက အကန့်သတ်ရှိမှာပဲလေ။ခြုံငုံကြည့်ရင် အကျိုးအမြတ်အရဆုံးက ချန်ကျိယွမ်ဖြစ်မှာ။
ချန်ကျိယွမ်ကိုအကျိုးပြုဖို့ သူ့ပိုက်ဆံသုံးပြီးသဘောတူရအောင်လည်း  ချူချန်က သူ့ကိုယ်သူအဲ့လောက်သဘောထားကြီးတဲ့လူလို့မထင်မိဘူး။ ထို့ကြောင့် ဘာမှစဉ်းစားစရာမလိုပေ ။ဘယ်လိုရလဒ်ထွက်ထွက်ကိစ္စမရှိဘူး နှစ်ခုလုံးကမကောင်းတာတွေချည်းပဲ။

ချူချန် ကျိချင်းကျိုးကိုစိတ်မပူဘူး။တကယ်တော့ သူ့လက်ဝယ်ပိုင်ထားတာတွေအများကြီးရှိတယ်လေ။ဒီရိုက်ကူးရေးတကယ်ရပ်သွားလည်းရတယ်။ကျိချင်းကျိုးတွက်တစ်ခြားတစ်ခုရှာပေးရုံပေါ့။သူလည်းလုံးဝဒုက္ခရောက်တော့မဟုတ်ဘူး။ဒီဇာတ်ကားမှာရင်းနှီးရမယ်လား! မေ့လိုက်တော့!

ဒါကြောင့် ချူချန်သည် လီဖေးရဲ့ဖုန်းခေါ်ဆိုမှုကိုလက်ခံလိုက်ကာ အပြန်အလှန်ယဉ်ကျေးစွာနှုတ်ဆက်လိုက်ကြပြီးလီဖေးကတောင်းဆိုလာသည်။

{ဥက္ကချူရေ လတ်တလောရိုက်ကူးရေအဖွဲ့ရဲ့အရင်းအနှီးကိစ္စနဲ့ပတ်သက်ပြီးပြဿနာဖြစ်နေတာ။ ရှောင်ကျိကလည်း သည်အဖွဲ့နဲ့ရိုက်ကူးနေရတုန်းလေ။ဒီအချိန်မှာရိုက်ကူးရေးရပ်လိုက်ဖို့ကလည်းမကောင်းတော့…သည်လျာထားတဲ့ကာလလေးမှာ နည်းနည်းလောက်ရင်းနှီးမြှပ်နှံဖို့မတွေးထားဘူးလားဗျ}

ချူချန်ကတည်တည်ငြိမ်ပင်။

{ခုတစ်လောအဲ့လိုကိစ္စတွေကိုစိတ်မဝင်စားဘူးဖြစ်နေတယ်။}

{ကျွန်တော်တို့ဇာတ်လမ်းရဲ့ကုန်ကျစရိတ်ကမမြင့်ပါဘူး အရင်းအနှီးအများကြီးလည်းမလိုတာမို့ ခင်ဗျားစဉ်းစားကြည့်နိုင်ပါတယ်}
လီဖေးကအကြံပြုလာသည်။

သူနိုင်ငံခြားမှာရှိနေခဲ့၍ ချူချန်ရဲ့ဖုန်းကောကိုမရရှိခဲ့တာဖြစ်သည်။သူဖုန်းပြန်ခေါ်တဲ့အချိန်ကျ ချူချန်ကကျန်းနန်နဲ့ကိစ္စတွေဖြေရှင်းပြီးနေပြီ။သူလည်း ကျန်းနန်ဆီမှ ချူချန်နဲ့ကျိချင်းကျိုးတို့ကြားက ဆက်ဆံရေးအကြောင်းလေ့လာပြီးသွားပြီ။အခုဝမ်မိသားစုရဲ့အဖြစ်ပျက်တွေကြောင့် အရင်းအနှီးကြိုးကလည်းပြတ်တောက်သွား၏။လီဖေးပထမဆုံးတွေးမိတာကချူချန်ပင်။ချူချန်နဲ့ကျိချင်းကျိုးကြားကပတ်သက်မှုရော အရင်းအနှီးကလည်းသိပ်မများသဖြင့် ချူချန်လက်ခံလိမ့်မယ်လို့သူထင်ခဲ့မိတာ။ချူချန်ချက်ချင်းငြင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

{မစ္စတာလီ ကျွန်တော်လည်းခင်ဗျားကိုယဉ်ကျေးမနေတော့ဘူး။အဲ့‌ဒါကြောင့် ရှင်းရှင်းပဲပြောတော့မယ်။တကယ်တော့ ဒီအရင်းနှီးကမများပါဘူး။ဒါပေမယ့် ကျွန်တော်မသုံးနိုင်ဘူး။စီးပွားရေးအမြင်အရ ပထမဆုံးအချက်အနေနဲ့ ခင်ဗျားရဲ့ပရော့ဂျက်ပေါ်မှာ ကျွန်တော်လုံးဝစိတ်လှုပ်ရှားမှုမရှိဘူး။ကြည့်လိုက်တာနဲ့ လူကြိုက်များပြီးငွေပြန်ရမလားဆုံးရှုံမလားလည်းမသိရဘူး။အဲ့တော့ ဒီပေါ်မှာပိုက်ဆံမဖြုန်းလိုဘူး။ဒုတိယအချက်- ဒီ‌ပရောဂျက်အောင်မြင်ပြီးပိုက်ဆံရရင်တောင် ဒီကားတဟုန်ထိုးအောင်မြင်တာနဲ့ နာမည်ကြီးမှာက ခေါင်းဆောင်မင်းသားနဲ့မင်းသမီးပဲ။ကျိချင်းကျိုးရမှာကဖန်နည်းနည်းလေး။လူတွေက ဒီလိုလူလေးတစ်ယောက်ရှိတယ်လိုသိသွားပေမယ့်သူက ချန်ကျိယွမ်နဲ့မယှဉ်နိုင်ဘူး။ ကျွန်တော်ကလည်း ကိုယ်သဘောမကျတဲ့လူကိုထောက်ပံ့ဖို့ပိုက်ဆံသုံးရတာဝါသနာမပါဘူး။ဒီတော့ ‌ပိုက်ဆံပြန်ရရင်တောင် ကျွန်တော့်တွက်အဆင်မပြေဘူး။တတိယအချက် - သည်ပရော့ဂျက်သာဆုံးသွားရင် ကျွန်တော့တွက်ပိုပြီးတောင်အကျိုးယုတ်တော့မှာလေ။ဟုတ်တယ်နော်}
ချူချန်ပြောလိုက်သည်။

လီဖေးစကားမပြောနိုင်အောင်ဆွံ့အသွားမိတယ်။
သူပြောတာတွေကတကယ်ကိုအမှန်တရားပင်။ကျိချင်းကျိုးက တတိယမြောက်အမျိုးသားသရုပ်ဆောင်လေးပဲ။သူကောင်းကောင်းသရုပ်ဆောင်လည်း အခန်းအများကြီးမရှိဘူး။ချူချန်ကလည်း ဒီလောက်ပြတ်ပြတ်သားသားကြီးပြောလိမ့်မယ်လို့သူမထင်ထားခဲ့ဘူး။သူ့စိတ်ထဲပူပန်လာပြီး ဒီသက်ကယ်ကောက်ရိုးမျှင်လေးအားလက်မလွှတ်နိုင်ပေ။သူတုံ့ဆိုင်းနေခဲ့မိသည်။

{ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာကို ဇာတ်ညွှန်း‌ပြန်ရေးပေးဖို့ပြောလိုက်မယ်လေ။ရှောင်ကျိကိုရိုက်ွက်များများထားပြီး ခေါင်းဆောင်မင်းသားနှစ်ယောက်ထားလိုက်မယ်လေ}

ချူချန်ရယ်သွမ်းသွေးလိုက်၏။
{မလိုပါဘူး မစ္စတာလီ။ခင်ဗျားအလျင်လိုနေတာနားလည်ပေမယ့် ဒီလိုလုပ်တာက သရုပ်ဆောင်တွေကိုအပြစ်တင်ဝေဖန်ရုံပဲဖြစ်လာမှာ။ဇာတ်ကားထုတ်လွှင့်တာနဲ့ ဝတ္ထုပရိသတ်တွေက ခင်ဗျားနောက်ကွယ်ကအကြောင်းရင်းကိုဂရုစိုက်မှာမဟုတ်ဘူး။သူတို့က ဇာတ်လမ်းမှာပါလာတဲ့မင်းသားတွေကိုပဲအပြစ်တင်ကြမှာဆိုတော့ ဒီလိုလုပ်ဖို့မလိုဘူး။ခင်ဗျားတစ်ခြားတစ်ယောက်ပဲသွားရှာသင့်တယ်}

သူကစကားဆုံးသည်နှင့် ယဉ်ကျေးစွာငြင်းဆန်ပြီး ဖုန်းချသွား၏။လီဖေးတစ်ယောက်တည်းသာ ပူပန်မှုတွေနဲ့ဖုန်းကိုကြည့်နေခဲ့တယ်။သူစိတ်ပူပန်နေခိုက်တွင် ကျန်းနန်ဆီမှဖုန်းဝင်လာသည်။လီဖေးဘာမျှမပြောရခင် ကျန်းနန်ဆူပူနေတာကိုကြားလိုက်ရ၏။

{အဲ့အရူးချန်ကျိယွမ်က ဒီတစ်ခါစာချုပ်ပါဖျက်သွားတယ်!သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးလုံးဝလေးစားမှုမရှိဘူး။ အခုရိုက်ကူးရေးအဖွဲ့ကသူမရှိဘဲအလုပ်လုပ်လို့မရတော့ဘူးလို့သူထင်နေတာလား? ကောင်းပြီလေ သူထွက်သွားပြီးမကိုင်တွယ်နိုင်ဘူးထင်နေတယ်ပေါ့။မစ္စတာလီ သူစာချုပ်ဖျက်သိမ်းတာကိုကျွန်မသဘောတူပြီးပြီနော်။‌ဒါကဘယ်လိုဖြစ်သွားတယ်ဆိုတာရှင့်ကိုပြောပြရုံပဲ။ရှင့်မှာစောဒကတက်စရာရှိလည်း ဘာမှပြောစရာမလိုဘူး။တကယ်တော့ တစ်ခြားသူတွေလည်း စာချုပ်မှာလက်မှတ်ထိုးပြီးထွက်သွားဖို့ပြင်နေကြပြီလေ}

လီဖေးခဏလောက်ရပ်သွားပြီးရုတ်တရက်ကြီးသူ့ပေါင်သူရိုက်လိုက်သည်။

{ထွက်သွားတာကောင်းတာပေါ့!}

ကျန်းနန်ကအံ့ဩသွားပြီးဘာဖြစ်လို့လဲမမေးရခင် ဖုန်းတစ်က်က လီဖေးရဲ့ရယ်သံကိုကြားလိုက်ရ၏။
{တကယ်ကို"တောင်တန်းတွေကာရံပြီး မြစ်ရေယဉ်တွေဝိုင်းပတ်နေတော့ သွားစရာလမ်းမရှိဘူး ငါထင်ခဲ့ပေမယ့် အရိပ်ရမိုးမခပင်နှင့်ပွင့်လန်းသောပန်းတွေတွေ့ရလေပြီးတော့ နောက်ရွာတစ်ရွာသို့ငါရောက်လာသတဲ့"တဲ့။ငါဘာလုပ်ရမလဲစဉ်းစားနေတုန်း သူ့ဘာသာစာချုပ်ဖျက်သွားတော့ လမ်းကြောင်းရှင်းပြီပေါ့}

မိမိကံကသိပ်မဆိုးဘူးလို့လီဖေးထင်မိတယ်။နတ်ဘုရားတွေကလည်း သူ့ကိုစောင့်ရှောက်နေတုန်းပဲ။ချန်ကျိယွမ်စာချုပ်ဖျက်သိမ်းတာနောက်ကျကျစောစောကိစ္စမရှိပေမယ့် အခုကလုံးဝအချိန်ကိုက်ပဲ။ဒီတစ်ကြိမ်စာချုပ်ဖျက်သိမ်းတာက သိပ်ကိုသင့်လျော်ပြီးတစ်ပြိုင်နက်ကွက်တိဖြစ်လွန်းတယ်။

{ ကျိချင်းကျိုးကိုခေါင်းဆောင်မင်းသားထားဖို့ပြန်စီစဉ်ထားလိုက်တော့ ရှောင်နန်ရေ။ပြီးရင် ငါ့သတင်းကောင်းကိုစောင့်နေချည်}
လီဖေးဖုန်ချသွားသည်။

ကျန်းနန်သည်စိတ်ရှုပ်နေသောအမူအရာနှင့် ချက်ချင်းကျသွားတဲ့ဖုန်းကိုကြည့်လျက်သား။
ရုတ်တရက်ကြီး ကျိချင်းကျိုးကို ခေါင်းဆောင်မင်းသားနေရာထားမှာလား? ဘာတွေဖြစ်ကုန်တာလဲ? ချန်ကျိယွမ်စာချုပ်ဖျက်လို့ လီဖေးကအရမ်းပျော်နေတာလား။
ကျန်းနန်လည်း နားမလည်တော့ပေ။

ချူချန်သူ့သူငယ်ချင်းတွေနဲ့စကားပြောနေတဲ့အချိန်မှာပဲ ဖုန်းထပ်မြည်လာသည်။သူသည် ခေါ်ဆိုသူအမည်ပေါ်က "လီဖေး" ဆိုတဲ့နာမည်ကြီးကိုကြည့်ပြီး လီဖေးက လက်မလျော့ဘဲသူ့ကိုထပ်ခေါ်လာတယ်လို့ထင်မိသွား၏။

{မစ္စတာလီ ကျွန်တော်ထင်တာတော့ ကျွန်တော်……}

{ဥက္ကဌချူ}
လီဖေးကကြားဖြတ်ပြောလာသည်။

{အခုပဲ ရိုက်ကွင်းမှာ ချန်ကျိယွမ်က စာချုပ်ဖြတ်ပြီး ရိုက်ကူးရေးကနှုတ်ထွက်သွားတယ်လေ။အဲ့တော့ အခုကစပြီးရှောင်ကျိက ဒီဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသားပဲ။ဆိုတော့ ဥက္ကဌချူက အရင်းအနှီးမလုပ်ချင်သေးတုန်းပဲလားဗျ}

လီဖေပြောသောစကားက ချူချန်အားခဏတစ်ဖြုတ်မှင်တက်သွားစေတယ်။ ကျိချင်းကျိုးက ခေါင်းဆောင်မင်းသားနေရာကပါဝင်မယ်လား။ဆယ်မိနစ်တောင်မရှိသေးဘူး ကျိချင်းကျိုးက ခေါင်းဆောင်မင်းသားဖြစ်သွားပြီလား! ! ချူချန်စကားမပြောနိုင်တော့ဘူး။ဒါကမှော်ဆန်လွန်းတာပဲ။

လွန်ခဲ့တဲ့မိနစ်နှစ်ဆယ်ဆီပြန်သွားရရင် ချန်ကျိယွမ်က စာချုပ်တရားဝင်ဖျက်သိမ်းဖို့ ကျန်းနန်နဲ့ပြောလာသည်။စာချုပ်ဖျက်သိမ်းရတဲ့ရည်ရွယ်ချက်ကအရမ်းရိုးရှင်းတယ်။ရိုက်ကူးရေးအဖွဲ့မှာဒီလိုပြဿနာတွေဖြစ်နေတော့ ရန်ပုံငွေရမယ်လို့ဘယ်သူမှမထင်ကြဘူး။ရန်ပုံငွေရဖို့ကြာလွန်းရင်လည်း ဇာတ်လမ်းပျက်စီးသွားလိမ့်မယ်။ချန်ကျိယွမ်က ချူချန်နဲကိစ္စတွေကြောင့်  ရိုက်ကူးရေးအဖွဲ့ကထွက်ချင်နေတာကြာပြီဖြစ်ပေမယ့် ဝမ်ဖုန်းယွီရဲ့မတော်တဆကိစ္စနဲ့ငွေကြေးပြတ်တောက်မှုကြောင့် အခုရိုက်ကူးရေးကလည်းယာယီရပ်သွားသည်။ချန်ကျိယွမ်က ဒီအခွင့်ရေးကိုဖမ်းဆုပ်ပြီး ရိုက်ကူးရေးအဖွဲ့ကိုအပြစ်ရှာလာသည်။ဒီအကြောင်းပြချက်တွက် စာချုပ်ဖျက်သိမ်းဖို့ပြောလာခဲ့တာဖြစ်သည်။

ကျန်းနန်သည် ခံစားချက်အစစ်အမှန်နဲ့ကြိုးစားပြီးအတော်ကြာဖျောင်းဖျခဲ့သော်လည်း ချန်ကျိယွမ်ကတော့ စာချုပ်ဖျက်သိမ်းဖို့ဆုံးဖြတ်ပြီးသားပင်။ကျန်းဟွေ့ကလည်း ဒီကိစ္စကြောင့် ချူချန်နဲ့အကြာကြီးရန်ဖြစ်ခဲ့ပြီး အခုတော့ သူနဲ့လုံးဝစကားမများချင်တော့၍ဘေးမှာသာထိုင်နေတယ်။ချန်ကျိယွမ်နဲ့ကျန်းနန်ကတော့စကားစစ်ထိုးနေကြလျက်။တစ်နေ့ကုန်သွားတာတောင် နှစ်ယောက်လုံးက သူမသာကိုယ်မသာပဲဖြစ်နေတော့ ကျန်းနန်ကဒေါသတကြီးဖြင့် စာပွဲပေါ် "ဗြန်း!" ခနဲရိုက်ပြီးပြောလာသည်။

"စာချုပ်ဖျက်ချင်တယ်ပေါ့ ရတယ်လေ…လျော်ကြေးငွေထုတ်ပေးလိုက်။နင်မရှိဘဲဇာတ်ကားမရိုက်ဘူးလို့ထင်လား။နင်မရှိလည်း ဒီဇာတ်လမ်းပိုကောင်းစေရမယ်!"

အဲ့ဒါကြောင့် ကျန်းနန်က လီဖေးဆီဖုန်းဆက်လာတာဖြစ်သည်။

ချူချန်သည်အလုပ်စားပွဲမှာထိုင်နေရင်း လက်တစ်ဖက်ကဖုန်းဖြေနေပြီးတစ်‌ဖက်ကတော့ ဘောပင်တစ်ချောင်းကိုင်ကာစာပွဲပေါ် တတောက်တောက်ခေါက်နေ၏။ကျိချင်းကျိုးက ခေါင်းဆောင်မင်းသားဖြစ်သွားပြီ။ဒါဆို ကိစ္စတွေလည်းပြောင်းလဲကုန်ပြီပေါ့။ဒီပရော့ဂျက်မှာလည်းရလဒ်နှစ်ခုရှိနေတုန်းပဲ။လူကြိုက်များမလား။ကျရှုံးလားပဲ။ဒီကားမအောင်မြင်ရင် သူဆုံးရှုံးလိမ့်မယ်။အောင်မြင်ရင်တော့ သူရောကျိချင်းကျိုးပါအကျိုးမြတ်ရလိမ့်မယ်။

လီဖေးသည် ဖုန်းတစ်ဖက်ကလူကိုအသေအချာဖျောင်းဖျဖို့ကြိုးစားလာသည်။

{ဥက္ကဌချူတွေ့ပါတယ် ဒီဇာတ်ကားကိုဈေးကွက်ပေါ်တင်ပြီးပြီလေ။ကျောင်းသားဇာတ်လမ်းတွေက သူတို့ဈေးကွက်နဲ့သူတို့ပါ။ဒီဇာတ်လမ်းက IP တစ်ခုကနေမှီငြမ်းထားတာဖြစ်ပြီး ခင်ဗျားမှာရှိတဲ့IPတွေလိုမဟုတ်ပေမယ့် IPကြီးတစ်ခုပါပဲ။IPအများစုကလည်း အစတည်းက ဝတ္ထုပရိတ်သတ်တွေရှိပြီးသားလေ။အရေးကြီးဆုံးက ကုန်ကျစရိတ်ရော အရင်းအနှီးပါနည်းတာပဲ။ဥက္ကဌချူ ဒါက ကျိချင်းကျိုးရဲ့ပထမဆုံးဇာတ်လမ်းလေ။ တကယ်သာ ရပ်လိုက်ရင် သူ့တွက်မကောင်းတော့ဘူး။ဒါပေမယ့် ခင်ဗျားသာ ရင်းနှီးဖို့ဆန္ဒရှိရင် သူလည်း ခေါင်းဆောင်မင်းသားနေရာကနေအဆင်ပြေပြေသရုပ်နိုင်မှာ‌။ခင်ဗျားပြောသလိုပဲ ဒီဇာတ်လမ်းအောင်မြင်သွားရင် ခေါင်းဆောင်မင်းသားနဲ့မင်းသမီးပဲနာမည်ကြီးလာမှာဗျာ။အဲ့အချိန်ကျ ခင်ဗျားလည်းပိုက်ဆံရလာမယ် ကျိချင်းကျိုးလည်း နာမည်ကြီးလာမယ်ဆိုတော့ ဘာလို့ မလုပ်တာလဲဗျာ}

သူကအတော်စကားပြောကောင်းတဲ့သူပဲ။ချူချန်မငြင်းအောင်ဘယ်လိုပိတ်ဆို့ရမလဲသိနေတယ်။သူလည်းသက်ပြင်းချပြီး စိတ်အေးလက်အေးပြောလိုက်သည်။

{ခင်ဗျားပရော့ဂျက်ကို အီးမေးလ်ကနေပို့လိုက်။ ကျွန်တော့်အီးမေးလ်ရှိတယ်မလား။ကြည့်ရအောင်ပို့ပေးလိုက်}
(😳)

လီဖေးကစိတ်လှုပ်ရှားလာပြီး မြှောက်ပင့်ဖို့လည်းမမေ့ပေ။

{ကျွန်တော်ဒါရိုက်တာဆီကပြန်ကြားရတယ်။ရှောင်ကျိကဲ့သရုပ်ဆောင်စွမ်းရည်ကအတော်ကောင်းတာတဲ့။လူသစ်လေးဖြစ်ပေမယ့် ရိုက်ကူးရေးအကြောင်းကောင်းကောင်းသိပြီး အများကြီလမ်းညွှန်ပေးဖို့လည်းမလိုဘူးတဲ့။ဥက္ကချူရဲ့ာညီလေးကအလွန်တော်တာပဲနော်}

ချူချန်ကရယ်မောလိုက်သည်။

{ဟုတ်ပဗျာ။ဒါပေမယ့် ပရော်ဖက်ရှင်ကျကျသိပ်တော်တော့ဘာဖြစ်သွားလို့လဲ။လူသစ်ကလူသစ်ပါပဲ။ဒုတိယအဆင့်အနုပညာရှင်တွေမှသူတို့လိုချင်တာဘာမဆိုလုပ်နိုင်ကြတာလေ}

{ကျွန်တော့်အဲ့အကြောင်းပြောပြီးပြီ သူတို့အမှား…ခင်ဗျားမသိလို့ပါဥက္ကဌချူရယ် ကျွန်တော့်တို့ရိုက်ကူးရေးအဖွဲ့ဝင်တွေတွက်လည်းမလွယ်ပါဘူး။အနုပညာရှင်တွေနာမည်ကြီးတာနဲ့ ဖန်တွေက အင်တာနက်ပေါ်ကနေစောင့်ကြည့်နေကြတာ။သူတို့သာ Weibo ပေါ်မှာ မတော်တဆနဲ့ ကျွန်တော်တို့ကို "မကောင်းဘူး" ပြောကြည့် ဖန်တွေက ကျွန်တော်တို့ကိုပဲလာစုတိုက်ကြမှာ။ချန်ကျိယွမ်က ဒီရိုက်ကွင်းမှာနာမည်အကြီးဆုံးအနုပညာရှင်လေ။သူနဲ့စာချုပ်ချုပ်ဖို့ အချိန်ယူခဲ့ရတာ။အဲ့တော့ သူ့ကိုဖူးဖူးမှုတ်ထားရတာအမှန်ပဲ။သူက ရှောင်ကျိပေါ် ပစ်မှတ်ထားတော့ လူသစ်လေးတစ်ယောက်တွက်သူ့ကိုပြန်မပြောနိုင်ကြဘူးလေ။ဟုတ်တယ်မလား။ပြီတော့ ကျွန်တော်တို့မှာ ရှောင်ကျိနဲ့မကျေနပ်ချက်မှမရှိဘဲ။သူ့ကိုပစ်မှတ်ထားစရာမလိုပါဘူးဗျာ}

{မတရားခံရတယ်လို့ပြောချင်တာလား}

ရယ်စရာကောင်းလွန်းတယ်လို့ချူချန်တွေးလိုက်မိတယ်။

{ကျွန်တော် ဒီကိစ္စပေါ်ပြင်းပြင်းထန်ထန်မစုံစမ်းခဲ့တာက ကျန်းကျဲရဲ့မျက်နှာကြောင့်ပဲ မစ္စတာလီ။ဒါနဲ့ခင်ဗျားတို့ရိုက်ကူးရေးအဖွဲ့ရဲ့လက်ထောက်ဒါရိုက်တာက အခုထိရှိနေတုန်းလား။ဒါဆို ဒီကားကိုအရင်းအနှီးမပေးတော့ဘူးလို့ ကျွန်တော်ပြောချင်တယ်။တကယ်လို့ ကျွနိတော်လုပ်ခဲ့ရင်လည်း လက်ထောက်ဒါရိုက်တာက စောနိုင်သမျှစောစောထွက်သွားပေးရမယ်}

လီဖေးက စိတ်ညစ်စရာတွေလွှဲချချင်ပေမယ့် ထိုအစား ချူချန်ပါးရိုက်တာခံလိုက်ရသည်။ထို့ကြောင့်သူလည်း ခြောက်ကပ်ကပ်ရယ်ကာ
{ဥက္ကဌချူကအမြဲတရားနည်းလမ်းကျတာပဲ။သူတကယ်မမှန်မကန်လုပ်ခဲ့တာဆိုတော့ သင်ခန်းစာပေးသင့်ပါတယ်}

+++++++++++

အရင်အပိုင်းမှာပါသွားတဲ့မြေခွေးနဲ့ကျားက ပုံပြင်ပါ။အဲ့ထဲမှာ ကျားက မြေခွေးကိုစားမို့ ဒါမဲ့မြေခွေးက သူဟာဒီတောရဲ့ဘုရင်ပါ ကျားကိုသက်သေပြမယ်ဆိုပြီး တောထဲခေါ်သွားတာ။အဲ့တောထဲကတိရစ္ဆာန်တွေက မြေခွေးကိုမမြင်ကြဘူး မြေခွေးနောက်ကကျားကိုပဲမြင်ပြီး ကြောက်ရွံ့ကြတာ။ဒါမဲ့ကျားက မြေခွေးနောက်မှာဆိုတော့ မြေခွေးကိုကြောက်သလိုပဲလေ။အဲ့မှာနောက်ဆုံး မြေခွေးက သူကဘုရင်ဆိုတော့ ကျားကိုစားမယ်လို့ပြောရော။ကျားလည်း သူ့ရှေ့က တိရစ္ဆာန်တွေကြောက်ကြောက်လန့်လန့်ထွက်ပြေးတာမြင်ထားတော့ အဟုတ်မှတ်ပြီး ထွက်ပြေးသွားတာ။အဲ့တာကျိုးကျိုးပြောချင်တာပါလို့😂😂😂

ချူချန်တို့က audio drama ရှိပါတယ်။

အဲ့မှာ ချူချန်က သူ့ကိုယ်သူ ပါးပါးလိုပြောပြီး ကျိုးကျိုးကိုပေါင်ပေါင်လို့ခေါ်တော့ ကိုယ်လည်း ရှေ့လျောက်အဲ့လိုပြောပါ့မယ်😂😂
ဒီနေ့ကာဗာပြောင်းကြည့်တာ သုံးလေးပုံရှိတယ်။အဲ့ကာဗာလိုက်ရှာတာဘေတစ်ထောင်လုံးကုန်ရော🤣🤣🤣 နောက်လည်းကျ ချူချန်တင်လောက်ဘာမှမလှဘူးဆိုပြီး ဒီပုံပြန်ထားလိုက်တာ🤣🤣🤣 ကိုယ်ကအဲ့လိုပဲစိတ်ကစဉ့်ကလျားမ ဟိုဟာလည်းလုပ်ချင်ဒီဟာလည်းလုပ်ချင်နဲ့ပြီးရင် ဘာမှအဖတ်မတင်တော့ဘူး😂😂😂

------------------

Zawgyi

အဲ့မွသာလူတိုင္းသိျပဳမိၾကၿပီး လူေျခာက္ေယာက္ဂ႐ုထဲျပန္ဝင္လိုက္ၾကတယ္။အဖြဲထဲမွာမီး႐ိႈ႕ခဲ့တဲ့ေ႐ွာက္႐ုံက အရင္စကားေျပာလာသည္။

{အားခ်န္အဲ့ဇာတ္ကားကိုအရင္းအႏွီးထည့္လိုက္တာနဲ႔သူက ရင္းႏွီးျမႇဳပ္ႏွံသူျဖစ္သြားၿပီမဟုတ္လား။ရင္းႏွီးျမႇဳပ္ႏွံသူေတြက ႐ွဴးဂါးဒယ္ဒီေတြပဲမဟုတ္လား}

ယြီအန္းယီကမယုံၾကည္ေပ။အဲ့ေလာက္႐ိုး႐ွင္းတယ္လား။

{ဒါ့ျပင္}

ေ႐ွာက္႐ုံက သာမန္ကာလွ်ံကာေျပာလာသည္။

{အားခ်န္က အဲ့ဇာတ္ကားရဲ႕ရင္းႏွီးျမႇဳပ္ႏွံသူျဖစ္လာၿပီး ေ႐ွာင္က်ိကလည္း သ႐ုပ္ေဆာင္ျဖစ္တယ္ေလ။သူက
အဲ့ဒိဒရမ္မာရဲ႕ ႐ွဴးဂါးဒယ္ဒီျဖစ္သြား႐ုံသာမက ဇာတ္ကားစရိတ္ေထာက္ပံ့တယ္ဆိုတဲ့ေခါင္းစဥ္ေအာက္ကေန ေ႐ွာင္က်ိနဲ႔လည္းရက္အနည္းငယ္ေလာက္ကုန္ဆုံးႏိုင္တယ္ဆိုေတာ့ကာ လုံးဝပါဖက္ပဲေပါ့}

ေယာက္႐ိႈးယြမ္ကခ်က္ခ်င္းစာျပန္လာသည္။

{ဟားဟားဟားဟား ဒီခြဲျခမ္းစိတ္ျဖာမႈကျဖစ္ႏိုင္ေခ်႐ွိတယ္။အားခ်န္ေရ စဥ္းစားၾကည့္ပါဦးကြ}

တစ္ျခားသူေတြက သူမရဲ႕အေတြးယာဥ္ႀကီးကိုျဖတ္ေတာက္ဖို႔ တစ္ခုၿပီးတစ္ခုဆက္တိုက္ေျပာေနၾကေသာ္လည္း ယြီအန္းယီကေတာ့ တစ္ခုခုကအေတာ့္ကိုမွန္မေနဘူးလို႔ခံစားေနရတယ္။သူမအမ်ားႀကီးထပ္ေတြးမေနေတာ့ဘဲ ခ်ဴခ်န္ကိုသာ ျပန္ဆန္းစစ္ၾကည့္လိုက္၏။

{႐ိုက္ကူးေရးအဖြဲ႕ဝင္ေတြေ႐ွ႕မွာက်ိခ်င္းက်ိဳးကိုကူညီခဲ့တာမလား။ထုတ္လုပ္သူနဲ႔ဒါ႐ိုက္တာက သူ႕ကိုမထြက္သြားေစမွာအေသအခ်ာပဲ။သူတို႔သူ႕ကိုမ႐ွာခင္အရင္းအႏွီးထည့္ရမလား မထည့္ရဘူးလား စဥ္းစားထားရမယ္ေလ}

ခ်ဴခ်န္ဟာ သူတို႔ေတြေျပာေနဆိုေနၾကတာကိုၾကည့္ၿပီး အဲ့အေၾကာင္းကိုစဥ္းစားစရာေတာင္မလိုဘူးထင္မိတယ္။က်ိခ်င္းက်ိဳးက ေခါင္းေဆာင္မင္းသားမဟုတ္ဘူး။သူက ဇာတ္ပို႔ေနရာတစ္ခုကပဲသ႐ုပ္ေဆာင္ရတာ။
အကယ္၍ သူ ဒီဒရမ္မာကိုရင္းႏွီးျမႇဳပ္ႏွံၿပီး႐ုပ္႐ွင္ဆက္႐ိုက္ကူးႏိုင္ရင္ေတာင္ အဆုံးမွာျဖစ္ႏိုင္ေခ်ႏွစ္ခု႐ွိလာမယ္။
(1) အဲ့႐ုပ္႐ွင္ျပသၿပီးလို႔ လူႀကိဳက္မမ်ားခဲ့ဘူးဆို ပိုက္ဆံမဆုံး႐ႈံးရင္ေတာင္ အႀကီးဆုံးကံေကာင္းမႈျဖစ္‌ေနၿပီ ။ (2) အဲ့႐ုပ္႐ွင္ျပသၿပီးလို႔ ေအာင္ျမင္လာရင္ ပိုက္ဆံရမယ္ဆိုေပမယ့္ TV drama အမ်ားစုလိုမ်ိဳးဆို အရင္ဆုံးနာမည္ႀကီးမွာက မင္းသားနဲ႔မင္းသမီးပဲ။အပိုင္းနည္းနည္းပဲပါတဲ့ ဇာတ္ပို႔ေနရာက က်ိခ်င္းက်ိဳးက် ဖန္ေတြကိုဆြဲေဆာင္ႏိုင္စြမ္းက အကန္႔သတ္႐ွိမွာပဲေလ။ျခဳံငုံၾကည့္ရင္ အက်ိဳးအျမတ္အရဆုံးက ခ်န္က်ိယြမ္ျဖစ္မွာ။
ခ်န္က်ိယြမ္ကိုအက်ိဳးျပဳဖို႔ သူ႕ပိုက္ဆံသုံးၿပီးသေဘာတူရေအာင္လည္း  ခ်ဴခ်န္က သူ႕ကိုယ္သူအဲ့ေလာက္သေဘာထားႀကီးတဲ့လူလို႔မထင္မိဘူး။ ထို႔ေၾကာင့္ ဘာမွစဥ္းစားစရာမလိုေပ ။ဘယ္လိုရလဒ္ထြက္ထြက္ကိစၥမ႐ွိဘူး ႏွစ္ခုလုံးကမေကာင္းတာေတြခ်ည္းပဲ။

ခ်ဴခ်န္ က်ိခ်င္းက်ိဳးကိုစိတ္မပူဘူး။တကယ္ေတာ့ သူ႕လက္ဝယ္ပိုင္ထားတာေတြအမ်ားႀကီး႐ွိတယ္ေလ။ဒီ႐ိုက္ကူးေရးတကယ္ရပ္သြားလည္းရတယ္။က်ိခ်င္းက်ိဳးတြက္တစ္ျခားတစ္ခု႐ွာေပး႐ုံေပါ့။သူလည္းလုံးဝဒုကၡေရာက္ေတာ့မဟုတ္ဘူး။ဒီဇာတ္ကားမွာရင္းႏွီးရမယ္လား! ေမ့လိုက္ေတာ့!

ဒါေၾကာင့္ ခ်ဴခ်န္သည္ လီေဖးရဲ႕ဖုန္းေခၚဆိုမႈကိုလက္ခံလိုက္ကာ အျပန္အလွန္ယဥ္ေက်းစြာႏႈတ္ဆက္လိုက္ၾကၿပီးလီေဖးကေတာင္းဆိုလာသည္။

{ဥကၠခ်ဴေရ လတ္တေလာ႐ိုက္ကူးေရအဖြဲ႕ရဲ႕အရင္းအႏွီးကိစၥနဲ႔ပတ္သက္ၿပီးျပႆနာျဖစ္ေနတာ။ ေ႐ွာင္က်ိကလည္း သည္အဖြဲ႕နဲ႔႐ိုက္ကူးေနရတုန္းေလ။ဒီအခ်ိန္မွာ႐ိုက္ကူးေရးရပ္လိုက္ဖို႔ကလည္းမေကာင္းေတာ့…သည္လ်ာထားတဲ့ကာလေလးမွာ နည္းနည္းေလာက္ရင္းႏွီးျမႇပ္ႏွံဖို႔မေတြးထားဘူးလားဗ်}

ခ်ဴခ်န္ကတည္တည္ၿငိမ္ပင္။

{ခုတစ္ေလာအဲ့လိုကိစၥေတြကိုစိတ္မဝင္စားဘူးျဖစ္ေနတယ္။}

{ကြၽန္ေတာ္တို႔ဇာတ္လမ္းရဲ႕ကုန္က်စရိတ္ကမျမင့္ပါဘူး အရင္းအႏွီးအမ်ားႀကီးလည္းမလိုတာမို႔ ခင္ဗ်ားစဥ္းစားၾကည့္ႏိုင္ပါတယ္}
လီေဖးကအၾကံျပဳလာသည္။

သူႏိုင္ငံျခားမွာ႐ွိေနခဲ့၍ ခ်ဴခ်န္ရဲ႕ဖုန္းေကာကိုမရ႐ွိခဲ့တာျဖစ္သည္။သူဖုန္းျပန္ေခၚတဲ့အခ်ိန္က် ခ်ဴခ်န္ကက်န္းနန္နဲ႔ကိစၥေတြေျဖ႐ွင္းၿပီးေနၿပီ။သူလည္း က်န္းနန္ဆီမွ ခ်ဴခ်န္နဲ႔က်ိခ်င္းက်ိဳးတို႔ၾကားက ဆက္ဆံေရးအေၾကာင္းေလ့လာၿပီးသြားၿပီ။အခုဝမ္မိသားစုရဲ႕အျဖစ္ပ်က္ေတြေၾကာင့္ အရင္းအႏွီးႀကိဳးကလည္းျပတ္ေတာက္သြား၏။လီေဖးပထမဆုံးေတြးမိတာကခ်ဴခ်န္ပင္။ခ်ဴခ်န္နဲ႔က်ိခ်င္းက်ိဳးၾကားကပတ္သက္မႈေရာ အရင္းအႏွီးကလည္းသိပ္မမ်ားသျဖင့္ ခ်ဴခ်န္လက္ခံလိမ့္မယ္လို႔သူထင္ခဲ့မိတာ။ခ်ဴခ်န္ခ်က္ခ်င္းျငင္းလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ဘူး။

{မစၥတာလီ ကြၽန္ေတာ္လည္းခင္ဗ်ားကိုယဥ္ေက်းမေနေတာ့ဘူး။အဲ့‌ဒါေၾကာင့္ ႐ွင္း႐ွင္းပဲေျပာေတာ့မယ္။တကယ္ေတာ့ ဒီအရင္းႏွီးကမမ်ားပါဘူး။ဒါေပမယ့္ ကြၽန္ေတာ္မသုံးႏိုင္ဘူး။စီးပြားေရးအျမင္အရ ပထမဆုံးအခ်က္အေနနဲ႔ ခင္ဗ်ားရဲ႕ပေရာ့ဂ်က္ေပၚမွာ ကြၽန္ေတာ္လုံးဝစိတ္လႈပ္႐ွားမႈမ႐ွိဘူး။ၾကည့္လိုက္တာနဲ႔ လူႀကိဳက္မ်ားၿပီးေငြျပန္ရမလားဆုံး႐ႈံမလားလည္းမသိရဘူး။အဲ့ေတာ့ ဒီေပၚမွာပိုက္ဆံမျဖဳန္းလိုဘူး။ဒုတိယအခ်က္- ဒီ‌ပေရာဂ်က္ေအာင္ျမင္ၿပီးပိုက္ဆံရရင္ေတာင္ ဒီကားတဟုန္ထိုးေအာင္ျမင္တာနဲ႔ နာမည္ႀကီးမွာက ေခါင္းေဆာင္မင္းသားနဲ႔မင္းသမီးပဲ။က်ိခ်င္းက်ိဳးရမွာကဖန္နည္းနည္းေလး။လူေတြက ဒီလိုလူေလးတစ္ေယာက္႐ွိတယ္လိုသိသြားေပမယ့္သူက ခ်န္က်ိယြမ္နဲ႔မယွဥ္ႏိုင္ဘူး။ ကြၽန္ေတာ္ကလည္း ကိုယ္သေဘာမက်တဲ့လူကိုေထာက္ပံ့ဖို႔ပိုက္ဆံသုံးရတာဝါသနာမပါဘူး။ဒီေတာ့ ‌ပိုက္ဆံျပန္ရရင္ေတာင္ ကြၽန္ေတာ့္တြက္အဆင္မေျပဘူး။တတိယအခ်က္ - သည္ပေရာ့ဂ်က္သာဆုံးသြားရင္ ကြၽန္ေတာ့တြက္ပိုၿပီးေတာင္အက်ိဳးယုတ္ေတာ့မွာေလ။ဟုတ္တယ္ေနာ္}
ခ်ဴခ်န္ေျပာလိုက္သည္။

လီေဖးစကားမေျပာႏိုင္ေအာင္ဆြံ႕အသြားမိတယ္။
သူေျပာတာေတြကတကယ္ကိုအမွန္တရားပင္။က်ိခ်င္းက်ိဳးက တတိယေျမာက္အမ်ိဳးသားသ႐ုပ္ေဆာင္ေလးပဲ။သူေကာင္းေကာင္းသ႐ုပ္ေဆာင္လည္း အခန္းအမ်ားႀကီးမ႐ွိဘူး။ခ်ဴခ်န္ကလည္း ဒီေလာက္ျပတ္ျပတ္သားသားႀကီးေျပာလိမ့္မယ္လို႔သူမထင္ထားခဲ့ဘူး။သူ႕စိတ္ထဲပူပန္လာၿပီး ဒီသက္ကယ္ေကာက္႐ိုးမွ်င္ေလးအားလက္မလႊတ္ႏိုင္ေပ။သူတုံ႔ဆိုင္းေနခဲ့မိသည္။

{ဒါမွမဟုတ္ ဇာတ္ၫႊန္းေရးဆရာကို ဇာတ္ၫႊန္း‌ျပန္ေရးေပးဖို႔ေျပာလိုက္မယ္ေလ။ေ႐ွာင္က်ိကို႐ိုကြ္က္မ်ားမ်ားထားၿပီး ေခါင္းေဆာင္မင္းသားႏွစ္ေယာက္ထားလိုက္မယ္ေလ}

ခ်ဴခ်န္ရယ္သြမ္းေသြးလိုက္၏။
{မလိုပါဘူး မစၥတာလီ။ခင္ဗ်ားအလ်င္လိုေနတာနားလည္ေပမယ့္ ဒီလိုလုပ္တာက သ႐ုပ္ေဆာင္ေတြကိုအျပစ္တင္ေဝဖန္႐ုံပဲျဖစ္လာမွာ။ဇာတ္ကားထုတ္လႊင့္တာနဲ႔ ဝတၳဳပရိသတ္ေတြက ခင္ဗ်ားေနာက္ကြယ္ကအေၾကာင္းရင္းကိုဂ႐ုစိုက္မွာမဟုတ္ဘူး။သူတို႔က ဇာတ္လမ္းမွာပါလာတဲ့မင္းသားေတြကိုပဲအျပစ္တင္ၾကမွာဆိုေတာ့ ဒီလိုလုပ္ဖို႔မလိုဘူး။ခင္ဗ်ားတစ္ျခားတစ္ေယာက္ပဲသြား႐ွာသင့္တယ္}

သူကစကားဆုံးသည္ႏွင့္ ယဥ္ေက်းစြာျငင္းဆန္ၿပီး ဖုန္းခ်သြား၏။လီေဖးတစ္ေယာက္တည္းသာ ပူပန္မႈေတြနဲ႔ဖုန္းကိုၾကည့္ေနခဲ့တယ္။သူစိတ္ပူပန္ေနခိုက္တြင္ က်န္းနန္ဆီမွဖုန္းဝင္လာသည္။လီေဖးဘာမွ်မေျပာရခင္ က်န္းနန္ဆူပူေနတာကိုၾကားလိုက္ရ၏။

{အဲ့အ႐ူးခ်န္က်ိယြမ္က ဒီတစ္ခါစာခ်ဳပ္ပါဖ်က္သြားတယ္!သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီးလုံးဝေလးစားမႈမ႐ွိဘူး။ အခု႐ိုက္ကူးေရးအဖြဲ႕ကသူမ႐ွိဘဲအလုပ္လုပ္လို႔မရေတာ့ဘူးလို႔သူထင္ေနတာလား? ေကာင္းၿပီေလ သူထြက္သြားၿပီးမကိုင္တြယ္ႏိုင္ဘူးထင္ေနတယ္ေပါ့။မစၥတာလီ သူစာခ်ဳပ္ဖ်က္သိမ္းတာကိုကြၽန္မသေဘာတူၿပီးၿပီေနာ္။‌ဒါကဘယ္လိုျဖစ္သြားတယ္ဆိုတာ႐ွင့္ကိုေျပာျပ႐ုံပဲ။႐ွင့္မွာေစာဒကတက္စရာ႐ွိလည္း ဘာမွေျပာစရာမလိုဘူး။တကယ္ေတာ့ တစ္ျခားသူေတြလည္း စာခ်ဳပ္မွာလက္မွတ္ထိုးၿပီးထြက္သြားဖို႔ျပင္ေနၾကၿပီေလ}

လီေဖးခဏေလာက္ရပ္သြားၿပီး႐ုတ္တရက္ႀကီးသူ႕ေပါင္သူ႐ိုက္လိုက္သည္။

{ထြက္သြားတာေကာင္းတာေပါ့!}

က်န္းနန္ကအံ့ဩသြားၿပီးဘာျဖစ္လို႔လဲမေမးရခင္ ဖုန္းတစ္က္က လီေဖးရဲ႕ရယ္သံကိုၾကားလိုက္ရ၏။
{တကယ္ကို"ေတာင္တန္းေတြကာရံၿပီး ျမစ္ေရယဥ္ေတြဝိုင္းပတ္ေနေတာ့ သြားစရာလမ္းမ႐ွိဘူး ငါထင္ခဲ့ေပမယ့္ အရိပ္ရမိုးမခပင္ႏွင့္ပြင့္လန္းေသာပန္းေတြေတြ႕ရေလၿပီးေတာ့ ေနာက္႐ြာတစ္႐ြာသို႔ငါေရာက္လာသတဲ့"တဲ့။ငါဘာလုပ္ရမလဲစဥ္းစားေနတုန္း သူ႕ဘာသာစာခ်ဳပ္ဖ်က္သြားေတာ့ လမ္းေၾကာင္း႐ွင္းၿပီေပါ့}

မိမိကံကသိပ္မဆိုးဘူးလို႔လီေဖးထင္မိတယ္။နတ္ဘုရားေတြကလည္း သူ႕ကိုေစာင့္ေ႐ွာက္ေနတုန္းပဲ။ခ်န္က်ိယြမ္စာခ်ဳပ္ဖ်က္သိမ္းတာေနာက္က်က်ေစာေစာကိစၥမ႐ွိေပမယ့္ အခုကလုံးဝအခ်ိန္ကိုက္ပဲ။ဒီတစ္ႀကိမ္စာခ်ဳပ္ဖ်က္သိမ္းတာက သိပ္ကိုသင့္ေလ်ာ္ၿပီးတစ္ၿပိဳင္နက္ကြက္တိျဖစ္လြန္းတယ္။

{ က်ိခ်င္းက်ိဳးကိုေခါင္းေဆာင္မင္းသားထားဖို႔ျပန္စီစဥ္ထားလိုက္ေတာ့ ေ႐ွာင္နန္ေရ။ၿပီးရင္ ငါ့သတင္းေကာင္းကိုေစာင့္ေနခ်ည္}
လီေဖးဖုန္ခ်သြားသည္။

က်န္းနန္သည္စိတ္႐ႈပ္ေနေသာအမူအရာႏွင့္ ခ်က္ခ်င္းက်သြားတဲ့ဖုန္းကိုၾကည့္လ်က္သား။
႐ုတ္တရက္ႀကီး က်ိခ်င္းက်ိဳးကို ေခါင္းေဆာင္မင္းသားေနရာထားမွာလား? ဘာေတြျဖစ္ကုန္တာလဲ? ခ်န္က်ိယြမ္စာခ်ဳပ္ဖ်က္လို႔ လီေဖးကအရမ္းေပ်ာ္ေနတာလား။
က်န္းနန္လည္း နားမလည္ေတာ့ေပ။

ခ်ဴခ်န္သူ႕သူငယ္ခ်င္းေတြနဲ႔စကားေျပာေနတဲ့အခ်ိန္မွာပဲ ဖုန္းထပ္ျမည္လာသည္။သူသည္ ေခၚဆိုသူအမည္ေပၚက "လီေဖး" ဆိုတဲ့နာမည္ႀကီးကိုၾကည့္ၿပီး လီေဖးက လက္မေလ်ာ့ဘဲသူ႕ကိုထပ္ေခၚလာတယ္လို႔ထင္မိသြား၏။

{မစၥတာလီ ကြၽန္ေတာ္ထင္တာေတာ့ ကြၽန္ေတာ္……}

{ဥကၠဌခ်ဴ}
လီေဖးကၾကားျဖတ္ေျပာလာသည္။

{အခုပဲ ႐ိုက္ကြင္းမွာ ခ်န္က်ိယြမ္က စာခ်ဳပ္ျဖတ္ၿပီး ႐ိုက္ကူးေရးကႏႈတ္ထြက္သြားတယ္ေလ။အဲ့ေတာ့ အခုကစၿပီးေ႐ွာင္က်ိက ဒီဇာတ္ကားရဲ႕ ေခါင္းေဆာင္မင္းသားပဲ။ဆိုေတာ့ ဥကၠဌခ်ဴက အရင္းအႏွီးမလုပ္ခ်င္ေသးတုန္းပဲလားဗ်}

လီေဖေျပာေသာစကားက ခ်ဴခ်န္အားခဏတစ္ျဖဳတ္မွင္တက္သြားေစတယ္။ က်ိခ်င္းက်ိဳးက ေခါင္းေဆာင္မင္းသားေနရာကပါဝင္မယ္လား။ဆယ္မိနစ္ေတာင္မ႐ွိေသးဘူး က်ိခ်င္းက်ိဳးက ေခါင္းေဆာင္မင္းသားျဖစ္သြားၿပီလား! ! ခ်ဴခ်န္စကားမေျပာႏိုင္ေတာ့ဘူး။ဒါကေမွာ္ဆန္လြန္းတာပဲ။

လြန္ခဲ့တဲ့မိနစ္ႏွစ္ဆယ္ဆီျပန္သြားရရင္ ခ်န္က်ိယြမ္က စာခ်ဳပ္တရားဝင္ဖ်က္သိမ္းဖို႔ က်န္းနန္နဲ႔ေျပာလာသည္။စာခ်ဳပ္ဖ်က္သိမ္းရတဲ့ရည္႐ြယ္ခ်က္ကအရမ္း႐ိုး႐ွင္းတယ္။႐ိုက္ကူးေရးအဖြဲ႕မွာဒီလိုျပႆနာေတြျဖစ္ေနေတာ့ ရန္ပုံေငြရမယ္လို႔ဘယ္သူမွမထင္ၾကဘူး။ရန္ပုံေငြရဖို႔ၾကာလြန္းရင္လည္း ဇာတ္လမ္းပ်က္စီးသြားလိမ့္မယ္။ခ်န္က်ိယြမ္က ခ်ဴခ်န္နဲကိစၥေတြေၾကာင့္  ႐ိုက္ကူးေရးအဖြဲ႕ကထြက္ခ်င္ေနတာၾကာၿပီျဖစ္ေပမယ့္ ဝမ္ဖုန္းယြီရဲ႕မေတာ္တဆကိစၥနဲ႔ေငြေၾကးျပတ္ေတာက္မႈေၾကာင့္ အခု႐ိုက္ကူးေရးကလည္းယာယီရပ္သြားသည္။ခ်န္က်ိယြမ္က ဒီအခြင့္ေရးကိုဖမ္းဆုပ္ၿပီး ႐ိုက္ကူးေရးအဖြဲ႕ကိုအျပစ္႐ွာလာသည္။ဒီအေၾကာင္းျပခ်က္တြက္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ေျပာလာခဲ့တာျဖစ္သည္။

က်န္းနန္သည္ ခံစားခ်က္အစစ္အမွန္နဲ႔ႀကိဳးစားၿပီးအေတာ္ၾကာေဖ်ာင္းဖ်ခဲ့ေသာ္လည္း ခ်န္က်ိယြမ္ကေတာ့ စာခ်ဳပ္ဖ်က္သိမ္းဖို႔ဆုံးျဖတ္ၿပီးသားပင္။က်န္းေဟြ႕ကလည္း ဒီကိစၥေၾကာင့္ ခ်ဴခ်န္နဲ႔အၾကာႀကီးရန္ျဖစ္ခဲ့ၿပီး အခုေတာ့ သူနဲ႔လုံးဝစကားမမ်ားခ်င္ေတာ့၍ေဘးမွာသာထိုင္ေနတယ္။ခ်န္က်ိယြမ္နဲ႔က်န္းနန္ကေတာ့စကားစစ္ထိုးေနၾကလ်က္။တစ္ေန႔ကုန္သြားတာေတာင္ ႏွစ္ေယာက္လုံးက သူမသာကိုယ္မသာပဲျဖစ္ေနေတာ့ က်န္းနန္ကေဒါသတႀကီးျဖင့္ စာပြဲေပၚ "ျဗန္း!" ခနဲ႐ိုက္ၿပီးေျပာလာသည္။

"စာခ်ဳပ္ဖ်က္ခ်င္တယ္ေပါ့ ရတယ္ေလ…ေလ်ာ္ေၾကးေငြထုတ္ေပးလိုက္။နင္မ႐ွိဘဲဇာတ္ကားမ႐ိုက္ဘူးလို႔ထင္လား။နင္မ႐ွိလည္း ဒီဇာတ္လမ္းပိုေကာင္းေစရမယ္!"

အဲ့ဒါေၾကာင့္ က်န္းနန္က လီေဖးဆီဖုန္းဆက္လာတာျဖစ္သည္။

ခ်ဴခ်န္သည္အလုပ္စားပြဲမွာထိုင္ေနရင္း လက္တစ္ဖက္ကဖုန္းေျဖေနၿပီးတစ္‌ဖက္ကေတာ့ ေဘာပင္တစ္ေခ်ာင္းကိုင္ကာစာပြဲေပၚ တေတာက္ေတာက္ေခါက္ေန၏။က်ိခ်င္းက်ိဳးက ေခါင္းေဆာင္မင္းသားျဖစ္သြားၿပီ။ဒါဆို ကိစၥေတြလည္းေျပာင္းလဲကုန္ၿပီေပါ့။ဒီပေရာ့ဂ်က္မွာလည္းရလဒ္ႏွစ္ခု႐ွိေနတုန္းပဲ။လူႀကိဳက္မ်ားမလား။က်႐ႈံးလားပဲ။ဒီကားမေအာင္ျမင္ရင္ သူဆုံး႐ႈံးလိမ့္မယ္။ေအာင္ျမင္ရင္ေတာ့ သူေရာက်ိခ်င္းက်ိဳးပါအက်ိဳးျမတ္ရလိမ့္မယ္။

လီေဖးသည္ ဖုန္းတစ္ဖက္ကလူကိုအေသအခ်ာေဖ်ာင္းဖ်ဖို႔ႀကိဳးစားလာသည္။

{ဥကၠဌခ်ဴေတြ႕ပါတယ္ ဒီဇာတ္ကားကိုေဈးကြက္ေပၚတင္ၿပီးၿပီေလ။ေက်ာင္းသားဇာတ္လမ္းေတြက သူတို႔ေဈးကြက္နဲ႔သူတို႔ပါ။ဒီဇာတ္လမ္းက IP တစ္ခုကေနမွီျငမ္းထားတာျဖစ္ၿပီး ခင္ဗ်ားမွာ႐ွိတဲ့IPေတြလိုမဟုတ္ေပမယ့္ IPႀကီးတစ္ခုပါပဲ။IPအမ်ားစုကလည္း အစတည္းက ဝတၳဳပရိတ္သတ္ေတြ႐ွိၿပီးသားေလ။အေရးႀကီးဆုံးက ကုန္က်စရိတ္ေရာ အရင္းအႏွီးပါနည္းတာပဲ။ဥကၠဌခ်ဴ ဒါက က်ိခ်င္းက်ိဳးရဲ႕ပထမဆုံးဇာတ္လမ္းေလ။ တကယ္သာ ရပ္လိုက္ရင္ သူ႕တြက္မေကာင္းေတာ့ဘူး။ဒါေပမယ့္ ခင္ဗ်ားသာ ရင္းႏွီးဖို႔ဆႏၵ႐ွိရင္ သူလည္း ေခါင္းေဆာင္မင္းသားေနရာကေနအဆင္ေျပေျပသ႐ုပ္ႏိုင္မွာ‌။ခင္ဗ်ားေျပာသလိုပဲ ဒီဇာတ္လမ္းေအာင္ျမင္သြားရင္ ေခါင္းေဆာင္မင္းသားနဲ႔မင္းသမီးပဲနာမည္ႀကီးလာမွာဗ်ာ။အဲ့အခ်ိန္က် ခင္ဗ်ားလည္းပိုက္ဆံရလာမယ္ က်ိခ်င္းက်ိဳးလည္း နာမည္ႀကီးလာမယ္ဆိုေတာ့ ဘာလို႔ မလုပ္တာလဲဗ်ာ}

သူကအေတာ္စကားေျပာေကာင္းတဲ့သူပဲ။ခ်ဴခ်န္မျငင္းေအာင္ဘယ္လိုပိတ္ဆို႔ရမလဲသိေနတယ္။သူလည္းသက္ျပင္းခ်ၿပီး စိတ္ေအးလက္ေအးေျပာလိုက္သည္။

{ခင္ဗ်ားပေရာ့ဂ်က္ကို အီးေမးလ္ကေနပို႔လိုက္။ ကြၽန္ေတာ့္အီးေမးလ္႐ွိတယ္မလား။ၾကည့္ရေအာင္ပို႔ေပးလိုက္}
(😳)

လီေဖးကစိတ္လႈပ္႐ွားလာၿပီး ေျမႇာက္ပင့္ဖို႔လည္းမေမ့ေပ။

{ကြၽန္ေတာ္ဒါ႐ိုက္တာဆီကျပန္ၾကားရတယ္။ေ႐ွာင္က်ိကဲ့သ႐ုပ္ေဆာင္စြမ္းရည္ကအေတာ္ေကာင္းတာတဲ့။လူသစ္ေလးျဖစ္ေပမယ့္ ႐ိုက္ကူးေရးအေၾကာင္းေကာင္းေကာင္းသိၿပီး အမ်ားႀကီလမ္းၫႊန္ေပးဖို႔လည္းမလိုဘူးတဲ့။ဥကၠခ်ဴရဲာ့ညီေလးကအလြန္ေတာ္တာပဲေနာ္}

ခ်ဴခ်န္ကရယ္ေမာလိုက္သည္။

{ဟုတ္ပဗ်ာ။ဒါေပမယ့္ ပေရာ္ဖက္႐ွင္က်က်သိပ္ေတာ္ေတာ့ဘာျဖစ္သြားလို႔လဲ။လူသစ္ကလူသစ္ပါပဲ။ဒုတိယအဆင့္အႏုပညာ႐ွင္ေတြမွသူတို႔လိုခ်င္တာဘာမဆိုလုပ္ႏိုင္ၾကတာေလ}

{ကြၽန္ေတာ့္အဲ့အေၾကာင္းေျပာၿပီးၿပီ သူတို႔အမွား…ခင္ဗ်ားမသိလို႔ပါဥကၠဌခ်ဴရယ္ ကြၽန္ေတာ့္တို႔႐ိုက္ကူးေရးအဖြဲ႕ဝင္ေတြတြက္လည္းမလြယ္ပါဘူး။အႏုပညာ႐ွင္ေတြနာမည္ႀကီးတာနဲ႔ ဖန္ေတြက အင္တာနက္ေပၚကေနေစာင့္ၾကည့္ေနၾကတာ။သူတို႔သာ Weibo ေပၚမွာ မေတာ္တဆနဲ႔ ကြၽန္ေတာ္တို႔ကို "မေကာင္းဘူး" ေျပာၾကည့္ ဖန္ေတြက ကြၽန္ေတာ္တို႔ကိုပဲလာစုတိုက္ၾကမွာ။ခ်န္က်ိယြမ္က ဒီ႐ိုက္ကြင္းမွာနာမည္အႀကီးဆုံးအႏုပညာ႐ွင္ေလ။သူနဲ႔စာခ်ဳပ္ခ်ဳပ္ဖို႔ အခ်ိန္ယူခဲ့ရတာ။အဲ့ေတာ့ သူ႕ကိုဖူးဖူးမႈတ္ထားရတာအမွန္ပဲ။သူက ေ႐ွာင္က်ိေပၚ ပစ္မွတ္ထားေတာ့ လူသစ္ေလးတစ္ေယာက္တြက္သူ႕ကိုျပန္မေျပာႏိုင္ၾကဘူးေလ။ဟုတ္တယ္မလား။ၿပီေတာ့ ကြၽန္ေတာ္တို႔မွာ ေ႐ွာင္က်ိနဲ႔မေက်နပ္ခ်က္မွမ႐ွိဘဲ။သူ႕ကိုပစ္မွတ္ထားစရာမလိုပါဘူးဗ်ာ}

{မတရားခံရတယ္လို႔ေျပာခ်င္တာလား}

ရယ္စရာေကာင္းလြန္းတယ္လို႔ခ်ဴခ်န္ေတြးလိုက္မိတယ္။

{ကြၽန္ေတာ္ ဒီကိစၥေပၚျပင္းျပင္းထန္ထန္မစုံစမ္းခဲ့တာက က်န္းက်ဲရဲ႕မ်က္ႏွာေၾကာင့္ပဲ မစၥတာလီ။ဒါနဲ႔ခင္ဗ်ားတို႔႐ိုက္ကူးေရးအဖြဲ႕ရဲ႕လက္ေထာက္ဒါ႐ိုက္တာက အခုထိ႐ွိေနတုန္းလား။ဒါဆို ဒီကားကိုအရင္းအႏွီးမေပးေတာ့ဘူးလို႔ ကြၽန္ေတာ္ေျပာခ်င္တယ္။တကယ္လို႔ ကြၽနိေတာ္လုပ္ခဲ့ရင္လည္း လက္ေထာက္ဒါ႐ိုက္တာက ေစာႏိုင္သမွ်ေစာေစာထြက္သြားေပးရမယ္}

လီေဖးက စိတ္ညစ္စရာေတြလႊဲခ်ခ်င္ေပမယ့္ ထိုအစား ခ်ဴခ်န္ပါး႐ိုက္တာခံလိုက္ရသည္။ထို႔ေၾကာင့္သူလည္း ေျခာက္ကပ္ကပ္ရယ္ကာ
{ဥကၠဌခ်ဴကအၿမဲတရားနည္းလမ္းက်တာပဲ။သူတကယ္မမွန္မကန္လုပ္ခဲ့တာဆိုေတာ့ သင္ခန္းစာေပးသင့္ပါတယ္}

+++++++++++

အရင္အပိုင္းမွာပါသြားတဲ့ေျမေခြးနဲ႔က်ားက ပုံျပင္ပါ။အဲ့ထဲမွာ က်ားက ေျမေခြးကိုစားမို႔ ဒါမဲ့ေျမေခြးက သူဟာဒီေတာရဲ႕ဘုရင္ပါ က်ားကိုသက္ေသျပမယ္ဆိုၿပီး ေတာထဲေခၚသြားတာ။အဲ့ေတာထဲကတိရစၧာန္ေတြက ေျမေခြးကိုမျမင္ၾကဘူး ေျမေခြးေနာက္ကက်ားကိုပဲျမင္ၿပီး ေၾကာက္႐ြံ႕ၾကတာ။ဒါမဲ့က်ားက ေျမေခြးေနာက္မွာဆိုေတာ့ ေျမေခြးကိုေၾကာက္သလိုပဲေလ။အဲ့မွာေနာက္ဆုံး ေျမေခြးက သူကဘုရင္ဆိုေတာ့ က်ားကိုစားမယ္လို႔ေျပာေရာ။က်ားလည္း သူ႕ေ႐ွ႕က တိရစၧာန္ေတြေၾကာက္ေၾကာက္လန္႔လန္႔ထြက္ေျပးတာျမင္ထားေတာ့ အဟုတ္မွတ္ၿပီး ထြက္ေျပးသြားတာ။အဲ့တာက်ိဳးက်ိဳးေျပာခ်င္တာပါလို႔😂😂😂

ခ်ဴခ်န္တို႔က audio drama ႐ွိပါတယ္။

အဲ့မွာ ခ်ဴခ်န္က သူ႕ကိုယ္သူ ပါးပါးလိုေျပာၿပီး က်ိဳးက်ိဳးကိုေပါင္ေပါင္လို႔ေခၚေတာ့ ကိုယ္လည္း ေ႐ွ႕ေလ်ာက္အဲ့လိုေျပာပါ့မယ္😂😂
ဒီေန႔ကာဗာေျပာင္းၾကည့္တာ သုံးေလးပုံ႐ွိတယ္။အဲ့ကာဗာလိုက္႐ွာတာေဘတစ္ေထာင္လုံးကုန္ေရာ🤣🤣🤣 ေနာက္လည္းက် ခ်ဴခ်န္တင္ေလာက္ဘာမွမလွဘူးဆိုၿပီး ဒီပုံျပန္ထားလိုက္တာ🤣🤣🤣 ကိုယ္ကအဲ့လိုပဲစိတ္ကစဥ့္ကလ်ားမ ဟိုဟာလည္းလုပ္ခ်င္ဒီဟာလည္းလုပ္ခ်င္နဲ႔ၿပီးရင္ ဘာမွအဖတ္မတင္ေတာ့ဘူး😂😂😂

Continue Reading

You'll Also Like

439K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
373K 36.8K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
255K 6.8K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."