မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး...

By haymarnchitwai

161K 19.7K 1K

ဒီ Novel လေးက တော့ တော်တော်များများ ဖတ်ဖူးပြီးဖြစ်လောက်မှာပါ ထွေထွေထူးထူးတော့မပြောတော့ပါဘူး ကိုယ်က 112 to co... More

Note!!
( 112.1 )
( 112.2 )
( 113 )
( 114 )
( 115 )
( 116 )
( 117 )
( 118.1 )
( 118.2 )
( 119.1 )
( 119.2 )
( 120 )
( 121.1 )
( 121.2 )
( 122.1 )
( 122.2 )
( 123 )
( 125 )
( 126 )
( 127 )
( 128 )
( 129 )
( 130 )
( 131 )
( 132.1 )
( 132.2 )
( 133 )
( 134 )
( 135 )
( 136 )
( 137 )
( 138 )
( 139 )
( 140 )
( 141 )
( 142 )
( 143 ) Extra [လျန်ရှန့်]
( 144 ) Extra
( 145 ) Extra
( 146 ) Extra
( 147 ) Extra
( 148 ) Extra
Hello

( 124 )

3K 421 33
By haymarnchitwai

UNICODE
လင်းအိုက်ကောင်း ဆုံးတာ ခုနှစ်ရက်ကြာပြီးနောက်မှာ ကျန်းထျန်နဲ့ လင်းဆွေ့ကျိုးဟာ ဒုတိယအကြိမ် လက်ထပ်မှတ်ပုံတင်ဖို့အတွက် သွားခဲ့ကြသည်။

သူမလက်ထဲကပျော့ပြောင်းတဲ့ အနီရောင်စာအုပ်ကိုကြည့်ရင်း ကျန်းထျန် အနည်းငယ်ဝမ်းနည်းသွားမိသည်။ဒီနေ့ကစပြီး သူမကတကယ်ပဲလက်ထပ်ပြီးသား မိန်းမတစ်ယောက်ဖြစ်သွားပြီပဲ။

သူမဖုန်းကို ထုတ်ကာ လက်ထပ်စာချုပ်ကို ဓာတ်ပုံအနည်းငယ်လောက်ရိုက်ပြီးနောက်မှာ Weibo ပေါ် ပိုစ့်တင်လိုက်သည်။

[ကလေးတစ်ယောက်အတွက် လက်သီးတစ်ချက် : တရားဝင်ပို့စ် (ပုံ)]

[ထျန်၏ပရိသတ်များစုဝေးရာနေရာ : ဒီနေ့က ငါတို့ အသဲကွဲတဲ့နေ့ပဲ ဒါပေမဲ့လက်ထပ်တာကို ဂုဏ်ပြုပါတယ်]

[ကျိူးထမင်းရည်ဆိုင် : အာဟာ၊ ကျိုးလေးက ဒုတိယအကြိမ်ပြန်လက်ထပ်လိုက်ပြီ၊ပျော်လိုက်တာ]

[မင်းငါ့ကိုကြိုက်နေတာ ငါသိတယ်: ဘယ်သူက တရားဝင်လက်ထပ်တာလဲ? သူတို့ကဘာလို့ ပို့စ်တင်ဖို့လိုအပ်တာလဲ?]

[ကျင်းချန် ကျွတ် ကျွတ် ကျွတ် : ပြန်..ပြန်လက်ထပ်လိုက်ပြီ??ငါ့ကောင်မလေးက တစ်ယောက်ယောက်နဲ့ ပြန်လက်ထပ်လိုက်ပြီလား?]

".........."

ဒုတိယအကြိမ်ပြန်လက်ထပ်ပြီးသော်လည်း လင်းဆွေ့ကျိုးသည် အိပ်မက်မက်နေဆဲအခြေအနေတွင်ရှိနေကာ အနီရောင်စာအုပ်ကို စိုက်ကြည့်နေပြီး သူ့နှလုံးသားဟာ မသေချာသလိုခံစားနေရပြီး အိပ်မက်တစ်ခုလိုဆန်းကြယ်နေပေသည်။သူ့အမေသေဆုံးမှုက သူ့ကိုအကြီးကြီးထိခိုက်သွားတာလား ဒါကြောင့်....သူသွေးလေခြောက်ခြားနေတာလား?

လင်းဆွေ့ကျိုးသည် သူ့မျက်နှာသူ ဆွဲဆိတ်ကြည့်တဲ့အခါမှာ ဒါကအရမ်းနာလွန်းတယ် အိပ်မက်မဟုတ်ဘူး။

သူသက်ပြင်းချလိုက်ပြီး ရှဟိုင်ရွန်ကို WeChat ကနေ ဆက်သွယ်လိုက်သည်။

[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : ရှဟိုင်ရွန်]

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ : ? မင်းရဲ့ ID က ဘယ်လိုတောင်လဲ?]

[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : ဒီနေ့ ကျန်းထျန် နဲ့ငါက လက်ထပ်မှတ်ပုံတင်ပြီးသွားပြီ]

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ : ငါထင်တာမမှားရင် မင်းငါ့ကို ဒီအကြောင်းပြောတာ ဒီနေ့တင် သုံးခေါက်ရှိနေပြီ]

[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : အိုး ဟုတ်လား?]

[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : ကောင်းပြီ၊ဒါက မင်းငါ့ကို အထင်ကြီးအောင်လုပ်ဖို့ အကြံဆိုးတစ်ခုတော့မဟုတ်ပါဘူး]

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ: ........]

သူ့ကို အထင်ကြီးအောင်လုပ်ဖို့ ဒါကိုဒီလောက်ကြီးရှင်းရှင်းလင်းလင်းထုတ်ဖော်ဖို့လိုလို့လား။

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ : ဘယ်လိုတောင်လဲ၊မင်းငါ့ကိုဘာအတွက်စာပို့တာလဲ?]

လင်းဆွေ့ကျိုး သည် ရှဟိုင်ရွန်ကို သူ့စိတ်နှလုံးတွင် မငြိမ်မသက်ဖြစ်နေသော ခံစားချက်ကို အတိုချုံးပြောပြခဲ့သည်။သူ့ကို‌ပို့လာသည့် ရှည်လျားသည့်စာတွေကိုကြည့်ပြီး ရှဟိုင်ရွန် ခေါင်းကိုက်လာသလိုပင် ခံစားလာရသည်။ဒီလူက သူကိုအကြောင်းအရင်းမရှိဘဲ မဆက်သွယ်ဘူးဆိုတာ သူသိတယ်၊သေချာတာပေါ့ သူက သူ့ကို စိတ်ခံစားချက်နဲ့ပတ်သတ်ပြီး ကျွမ်းကျင်သူတစ်ယောက်လို ဆက်ဆံပြန်ပြီ။

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ: ငါမြင်တာကတော့ မင်းလိုနေတာ အခမ်းအနားတစ်ခုလို့ထင်တယ်]

[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : ဥပမာအနေနဲ့?]

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ: မင်္ဂလာပွဲလိုမျိုးပေါ့]

........မင်္ဂလာပွဲ။

ဟုတ်တာပေါ့။

လင်းဆွေ့ကျိုးရဲ့မျက်လုံးတွေဟာ တောက်ပလာခဲ့သည်။

ကျန်းထျန်နဲ့ မင်္ဂလာပြန်ဆောင်ဖို့အတွက် သူ ကျွန်းငယ်လေးတစ်ကျွန်းကို အထူးအနေနဲ့ဝယ်ယူခဲ့ပေမယ့် ကံမကောင်းစွာပဲ အလုပ်များလွန်းတာကြောင့် ကျွန်းငယ်လေးကို မေ့နေခဲ့တာ ကြာခဲ့ပြီ။

အခုတော့......

ဒါက အခွင့်အရေးကောင်းတစ်ခုပဲ။

[ငါ့မိန်းမနဲ့ ငါက လက်ထပ်ပြီးပြီ : ငါသူမကို အံ့အားသင့်စေမယ့် အစီအစဥ်တစ်ခု ပြင်ဆင်ထားသင့်လား။]

[သူက အခုထိစင်ဂယ် ဒေါ့တစ်ကောင်ပဲ : မင်းလုပ်သင့်တယ်]

သူ့စိတ်သူပြင်ဆင်ပြီးနောက်မှာ လင်းဆွေ့ကျိုးရဲ့ စိတ်အခြေအနေဟာ အလွန်စိတ်လှုပ်ရှားနေတဲ့ အခြေအနေသို့ပြောင်းလဲသွားခဲ့သည်။

ရုတ်တရက်ဆိုသလိုပဲ သု့အနောက်ကနေ အသံတစ်သံထွက်လာပြီး "ပါးပါး၊ဘယ်လို suprise မျိုး ပြင်ဆင်နေတာလဲ?"

လင်းဆွေ့ကျိုး သူ့မျက်လုံးတွေကို နှိမ့်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။"မင်းမားမားနဲ့ ပါးပါးရဲ့ မင်္ဂလာဆောင်"

"......အိုး"

"........."

သူ့စကားဆုံးပြီးနောက်မှာ တိတ်ဆိတ်သွားသည်။

လင်းဆွေ့ကျိုး သူ့ခေါင်းကိုမော့လိုက်တဲ့အချိန်မှာ သူ့သားငယ်ရဲ့ မျက်လုံးတွေနဲ့ ဆုံလိုက်ရသည်။

သူ့ရဲ့မျက်လုံးတွေဟာ ကြည်လင်နေပြီး သူ့ကို(လင်းဆွေ့ကျိုး)ချစ်စရာကောင်းအောင် ပြုံးပြနေသည်။လင်းဆွေ့ကျိုးရဲ့မျက်လုံးတွေဟာ တုန်လှုပ်သွားခဲ့သည်။လင်းလျန်ရှန့်က ဒါကို ဘယ်လိုလုပ်ပြီး ကြားသွားရတာလဲ?......

လင်းဆွေ့ကျိုးက သူ့ကို သူ့ရဲ့လက်မောင်းတွေနဲ့ဆွဲယူလိုက်ကာ စားပွဲပေါ် ရှိမုန့်ကို ယူလိုက်ပြီး လင်းလျန်ရှန့်၏ လက်ထဲကိုထည့်ပေးလိုက်ရင်းနူးနူးညံ့ညံ့ပြောလိုက်သည်။
"လျန်ရှန့်၊ သား ပါးပါးကို ချစ်လား?"

လျန်ရှန့်က မုန့်ကို စားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ချစ်ဖို့ ကြိုးစားနေတယ်"

....ချစ်ဖို့ကြိုးစားနေတယ်။

လုံးဝစိတ်ဝင်စားပုံမပေါ်တဲ့ လျန်ရှန့်ကိုကြည့်ရင်း  လင်းဆွေ့ကျိုးသည် ရုတ်တရက် အိမ်တွင်းအကြမ်းဖက်မှုကို ကျူးလွန်ချင်လာသည်။

လင်းဆွေ့ကျိုးက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်သည်။
"ပါးပါးက သားရဲ့မားမားကို suprise တိုက်ချင်တာ။ဒါကို မားမားကို လုံးဝမပြောပါဘူးလို့ ပါးပါးကို ကတိပေးနိုင်မလား?"

လျန်ရှန့်သည် မုန့်ကို အကိုက်ကြီးကြီးသုံးကိုက် ကိုက်စားလိုက်ပြီး သူ့လက်မှာပေကျံနေတာကို ပြောင်စင်အောင် စုပ်လိုက်သည်။ပြီးနောက်သူ သည်လင်းဆွေ့ကျိုးကို ကြည့်လိုက်ပြီး သူ့ရဲ့မရင့်ကျက်သေးတဲ့ အသံဟာ မေးခွန်းတွေနဲ့ ပြည့်နှက်နေခဲ့သည်။
"ဘာအတွက်လဲ?"

လင်းဆွေ့ကျိုး : " ပါးပါးက သားရဲ့မားမားကို လက်ထပ်ဖို့အတွက် ကျွန်းတစ်ကျွန်းကို ခေါ်သွားမလို့"

သူဒီလိုပြောပြီးနောက်မှာ လေထုသည် တိတ်ဆိတ်သွားကာ နှစ်ယောက်လုံး ငြိမ်သက်သွားလေသည်။

တစ်ခုခုမှားနေပြီဟု တွေးတောမိသော လင်းဆွေ့ကျိုး သည် သူ့နှုတ်ခမ်းများကို အမြန်ပိတ်ကာ သူ့ရဲ့မိုက်မဲခြင်းအတွက် သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်။ကောင်းပြီ၊ အခု သူ့သားငယ်က suprise တိုက်မဲ့အစီအစဉ်အကြောင်း သိရုံသာမက suprise တိုက်မဲ့အကြောင်းအရာကိုလည်း သိသွားပြီ။

"ဒါကို လျှို့ဝှက်ထားပေးမယ်လို့ ပါးပါးကို ကတိပေးမယ်ဆိုရင် ပါးပါး  မင်းကို Limited Edition Transformers အရုပ်တစ်ရုပ်ကို ဝယ်ပေးမယ်။"

လျန်ရှန့် သူ့မျက်တောင်လေးတွေကိုခတ်လိုက်
ပြီး ပြောလိုက်သည်။ "သား စူပါမန်းအင်္ကျီရောလိုချင်တယ်"

လင်းဆွေ့ကျိုးက ရက်စ် လို့ပြောဖို့ တွန့်ဆုတ်မနေဘူး။ "ဝယ်ပေးမယ်"

လျန်ရှန့် : "သား မနေ့ကတွေ့ခဲ့ရတဲ့ လေယာဉ်သေးသေးလေးကိုလည်း လိုချင်သေးတယ်"

လင်းဆွေ့ကျိုး : "ဝယ်ပေးမယ်၊ ပါးပါးက သားလိုချင်တာအားလုံးဝယ်ပေးမယ် ဒါပေမဲ့ ပါးပါးရဲ့ အစီအစဉ်နဲ့ ပတ်သတ်ပြီး ဘယ်သူ့ကိုမှ မပြောဘူးလို့ ပါးပါးကို ကတိပေးရမယ်"

"အိုကေ" သူ့အတွက် အကျိုးအမြတ်များစွာရရှိခဲ့သော လျန်ရှန့် သည် ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။လင်းဆွေ့ကျိုး သည် အနည်းငယ်စိုးရိမ်နေသေးသဖြင့် စာရွက်တစ်ရွက်ကိုထုတ်ကာ အာမခံ‌ကြောင်းစာတစ်စောင်ကို ချရေးလိုက်ပြီးနောက် လျန်ရှန့်ကို လက်ဗွေနှိပ်ခိုင်းလိုက်သည်။ဒါနဲ့ ပတ်သတ်ပြီး လုံးဝမပြောဖို့ သူ့ကို ထပ်ခါထပ်ခါ ကတိတောင်းပြီးနောက်မှာ နောက်ဆုံးမှာတော့ လင်းဆွေ့ကျိုး သူ့ကိုထားပြီး ထွက်သွားလိုက်တော့သည်။

သူထွက်မသွားခင်မှာ လျန်ရှန့်က ထောပတ်ညှပ်ပေါင်မုန့်နှစ်ခုဝယ်ခဲ့ဖို့ပါ မှာလိုက်သေးသည်။

တိုက်ဆိုင်စွာပင် လျန်ရှန့်သည် အကစတူဒီယိုကနေ ထွက်လာသော ကျန်းထျန်ဆီသို့ပြေးသွားခဲ့သည်။သူမက ယခုလေးတင် ယောဂကျင့်ပြီးသွားတာဖြစ်သည့်အတွက် သူမမျက်နှာလေးဟာ နီမြန်းနေပြီး သူမဆံပင်တွေဟာ ချွေးတွေစိုနေခဲ့သည်။လျန်ရှန့်ဟာ သူမရှေ့မှာရပ်လိုက်ပြီး  နာခံစွာနဲ့ သူ့မာမီကိုလှမ်းခေါ်လိုက်သည်။

သူက လျှို့ဝှက်ချက်ကို သိ‌နေသည့်အတွက်ကြောင့် လျန်ရှန့်၏အမူအရာသည် ယခုအချိန်တွင် အလွန်သဘာဝမကျဖြစ်နေခဲ့သည်။သူက ဟမ်းစတာလေးတစ်‌ကောင်လိုမျိုး သူ့လက်ထဲမှာ မုန့်ကိုကိုင်ထားပြီး သူ့ရဲ့မျက်လုံးကြီးကြီးတွေက တုန်လှုပ်ချောက်ချားစွာနဲ့ ဘယ်ညာလှည့်ကြည့်‌နေခဲ့သည်။

"မားမား၊သား ကောကောကို သွားရှာလိုက်ဦးမယ်..."

သူကလျင်လျင်မြန်မြန်နဲ့ လှည့်ထွက်သွားပေမဲ့လည်း ကျန်းထျန်က သူမမျက်လုံးတွေကိုမှိတ်လိုက်ပြီး သူ့ကိုလှမ်းဖမ်းလိုက်သည်။

လျန်ရှန့်ရဲ့ နောက်ကျောလေးဟာတောင့်တင်းသွားပြီး သူမကို လှည့်မကြည့်ရဲပေ။

"......."

ဒီကလေးက တစ်ခုခုကို ဖုံးကွယ်ထားတာပဲ။

ကျန်းထျန်က သူမရဲ့အမူအရာကို နူး‌ညံ့အောင်လုပ်လိုက်ပြီး သူ့ရှေ့မှာ တစ်ဝက်တစ်ပျက်ထိုင်ချလိုက်သည်။
"လျန်ရှန့်....."

လျန်ရှန့်ရဲ့ နှလုံးသားလေးဟာ ရပ်တန့်သွားခဲ့သည်။

"သားရဲ့ ပါးပါးကို သွားရှာပြီးပြီလား?"

လျန်ရှန့်ဟာ ကျန်းထျန်၏အကြည့်ကို ရှောင်ရှားရင်း ခေါင်းညိတ်လိုက်သည်။

ကျန်းထျန်၏ အသံက ပို၍ပင် နူးညံ့လာပြီး
"ပါးပါးကို ဘာလို့သွားရှာတာလဲ?"

လျန်ရှန့်ဟာ သူ့လက်ထဲမှာ မုန့်ကိုကိုင်ထားပြီး ဘာမှမပြောခဲ့ဘူး။

"မားမားခန့်မှန်းမယ်၊သားအမှားတစ်ခုခု လုပ်ခဲ့လို့လား?"

"မဟုတ်ဘူး!"
လျန်ရှန့် က ငြီးတွားလိုက်ပြီး သူ့မုန့်ကို မျိုချလိုက်သည်၊ သူ့မျက်လုံးဝိုင်းဝိုင်းလေးသည် ကြောင်လေးတစ်ကောင်လို ဖြစ်နေကာ သူ့လည်ပင်းကို ဆန့်လိုက်ပြီး "သား ဘာအမှားမှမလုပ်ခဲ့ဘူး"

ကျန်းထျန် သူမမျက်ခုံးတွေကိုပင့်လိုက်ပြီး "ဒါဆို သားဘာလို့ အပြစ်ရှိတဲ့ပုံပေါ်နေတာလဲ?"

လျန်ရှန့် ကျယ်လောင်စွာအော်ပြောလိုက်သည်။
"သား အပြစ်ရှိတဲ့ပုံ မပေါ်ပါဘူး!"

"ဟမ်?"

လေထုဟာ တိတ်ဆိတ်သွားခဲ့သည်။

ကျန်းထျန်၏ မေးခွန်းထုတ်သော မျက်လုံးများကို ရင်ဆိုင်ရင်း လျန်ရှန့် ၏ ပခုံးများသည် ဖြည်းညှင်းစွာ ကျဆင်းသွားကာ သူ့နှုတ်ခမ်းလေးကိုစူထားပြီး ‌"သားက ပါးပါးဆီက အကျိုးအမြတ်တွေအများကြီးယူထားပြီးပြီ ဒါကြောင့် ပါးပါးက မားမားကို မင်္ဂလာပွဲလုပ်ပြီး suprise တိုက်မယ်ဆိုတာကို သားပြောလို့မရဘူး"

"......."

သားလိမ္မာလေးပဲ၊ သူ့ဒယ်ဒီဆီက အကျိုးအမြတ်တွေကို ယူထားပြီးတာ‌တောင် သူအကုန်လုံးကိုဘယ်‌လို ဝန်ခံနိုင်ရတာလဲ?

လျန်ရှန့်ရဲ့ မျက်လုံးလေးတွေဟာ ကြည်လင်ကာတောက်ပနေပြီး သူ့လျှာချော်သွားတဲ့အကြောင်းကို သူသတိမပြုမိသေးဘူး။

သူမသားရဲ့ တုံ့ပြန်ပုံလေးက ကျန်းထျန်ကို အကူအညီမဲ့မှုကို ခံစားရစေပေမဲ့ သူမ ရယ်လည်းရယ်ချင်နေပြီး သူ့ရဲ့နူးညံ့ပျော့ပျောင်းသော ဆံပင်များကို သူမ ပွတ်သပ်လိုက်ပြီး "ဒါကို မေ့လိုက်တော့၊သားမပြောချင်ရင် မပြောနဲ့တော့ သားအခု သွားလို့ရပြီ"

လျန်ရှန့် သက်ပြင်းချလိုက်ရင်း အောက်ထပ်ကို ပြေးဆင်းသွားခဲ့သည်။

သူ့သားလေး ပြေးထွက်သွားတာကို ကြည့်ရင်း ကျန်းထျန် သူမရဲ့ မေးစေ့ကို ထိလိုက်သည်။
စတီးလိုမျိုး ဖြောင့်တန်းသည့် လင်းဆွေ့ကျိုးလို ယောင်္ကျားမျိုးက စိတ်ဝင်စားဖို့ကောင်းသည့် အကြံဉာဏ်မျိုးဘယ်လိုမှထွက်လာနိုင်မည်မဟုတ်ပေ။ဖြစ်နိုင်ချေအများဆုံးကတော့ သူက ကျွန်းငယ်လေးတစ်ကျွန်းကို ရှာဖွေပြီး ထိုနေရာကို သူမကိုချော့ရန် အခွင့်အရေးတစ်ခုအဖြစ်သုံးမည်ဖြစ်‌သည်။

ကျန်းထျန် ဒီအကြောင်းကို ပိုတွေးလေလေ၊ ဖြစ်နိုင်ချေ ပိုများလေလေဟု သူမ ခံစားရလေသည်၊ ထို့ကြောင့် မေးစရာတစ်ခုရှိတာက သူမ မသိချင်‌ယောင်ဆောင်နေသင့်သလား?

သူမငြင်းလိုက်ရင် လင်းဆွေ့ကျိုး က ဘာမှပြန်မပြောရင်တောင် ဝမ်းနည်းနေလိမ့်မည်။

ကောင်းပြီ သူမဒါကို မသိချင်ယောင်ပဲဆောင်လိုက်တော့မယ်။

သူမစိတ်ကိုသူမပြင်ဆင်ပြီးနောက်မှာ ကျန်းထျန် သည် ရေချိုးဖို့အတွက် ရေချိုးခန်းထဲဝင်သွားလိုက်တော့သည်။

လင်းဆွေ့ကျိုးသည် နောက်ရက်များတွင် လျှို့ဝှက်လာပြီး အိမ်တွင် သူ့ကို မြင်နိုင်ရန် ခက်ခဲလာသည်။ကျန်းထျန်က သူဘာကိုအလုပ်ရှုပ်နေမှန်း သိပေမယ့် သူမ ဘာမှမသိချင်ယောင်သာ ဆောင်နေလိုက်သည်။ထိုရက်များအတွင်း သူမသည် အိမ်တွင်သာနေ၍ ဇာတ်ညွှန်းရေး‌နေခဲ့ပြီး တစ်ချို့လှုပ်ရှားမှုများတွင် ပါဝင်ရန် အခါအားလျော်စွာ အပြင်ထွက်ခဲ့သည်။

မကြာခင်မှာပဲ ကျန်းထျန်၏ ပထမဆုံးအွန်လိုင်းဒရာမာကို ထုတ်လွှင့်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးကို ဖန်သားပြင်ပေါ်မှာ ပြန်မြင်ခွင့်ပြုဖို့ အစိုးရက ပုံမှန်အတိုင်း ခွင့်မပြုခဲ့‌ပေ။နောက်ဆုံးအားကိုးရာအဖြစ် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီသည် မတူညီသောသရုပ်ဆောင်တစ်ဦးဖြင့် ဖန်သားပြင်ကို ပြန်လည်ရိုက်ကူးပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ထိုဒရမ်မာက အရှည်ကြီးမဟုတ်တဲ့အတွက်ကြောင့် ပြန်ရိုက်ကူးဖို့ အချိန်မကြာခဲ့ပါဘူး။
အချိန်နဲ့ ဘတ်ဂျက် အများကြီး မကုန်ခဲ့ပေ။

ဒီဒရာမာဟာ ထုတ်လုပ်ရေးစကတည်းက အမျိုးမျိုးသော ပြသနာတွေ ကြုံတွေ့ခဲ့ရသည်။ဒါကြောင့် ကုမ္ပဏီရော ပရိသတ်ရော ဒီဒရမ်မာအပေါ်မှာ အကောင်းမြင်စိတ်မရှိကြဘူး။ဒါပေမယ့် တကယ်တမ်း  ထုတ်လွင့်ပြသချိန်မှာတော့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုအများအပြားကို လက်ခံခဲ့ရရှိခဲ့သည်။

ကျန်းထျန် ရေးသားသော ဇာတ်ကွက်သည် အလွန်ကိုကြောင်တောင်တောင်နိုင်ပေမဲ့လည်းပဋိပက္ခများနှင့် ကွဲလွဲမှုများ ပါဝင်ပေသည်။
အမျိုးသမီးဇာတ်လိုက်မင်းသမီးသည် လွတ်လပ်သော ကိုယ်ရည်ကိုယ်သွေးရှိသည်။သူမလုပ်ချင်တာကို ကျိုးကြောင်းမဆင်မခြင်ပဲ လုပ်တတ်သည်။အမျိုးသမီးဇာတ်လိုက်နေရာမှာ သရုပ်ဆောင်သော မင်းသမီး ကျဲ့ချင်းရှို့သည် ဒီ‌ဇာတ်ကောင်ကို ကာလာတွေအများကြီး ထည့်သွင်းထားသည်။အတိုချုပ်ပြောရလျှင် ဇာတ်ကွက်နှင့် သရုပ်ဆောင်တဲ့စွမ်းရည်အားလုံး လိုက်လျောညီထွေမှုရှိသောကြောင့် သူမရဲ့ဇာတ်ရုပ်ကို အံမခန်းဖြစ်စေသည်။

ဒီဒရမ်မာကို အွန်လိုင်းပေါ်မှာ ပထမဆုံးထုတ်လွင့်ပြသသည့်ပထမအပတ်မှာပင် အမျိုးသမီးဇာတ်လိုက်မင်းသမီး နှင့် ကျန်းထျန်သည် ရှာဖွေမှူအများဆုံးစာရင်းဝင်သွားခဲ့သည်။စျေးကွက်ရှာဖွေရေးအကောင့်‌တွေရဲ့ အကြံပြုချက်‌ကြောင့် ဒီနာမည်ကြီးတီဗီစီးရီး၏ အဆင့်သတ်မှတ်ချက်သည် ဒုံးပျံလိုမျိုး မြင့်တက်လာခဲ့သည်။ ဇာတ်ညွှန်းရေးဆရာအသစ်တစ်ယောက်အနေဖြင့် ကျန်းထျန် သည် ကျော်ကြားမှုအသစ်တစ်ခုကို ရရှိခဲ့သည်။

ဒုတိယအပတ်တွင် "ငါ့ယောင်္ကျားက အယုတ်တမာ" ဒရမ်မာသည် ကြည့်ရှုသူ 500 မီလီယမ်ထက်ကျော်သွားသောကြောင့် ကျန်းထျန်သည် သူမ၏ Weibo ပေါ်တွင် တရားဝင် ဂုဏ်ပြုကြောင်း ပိုစ့်တင်ခဲ့သည်။

[ထျန်ပရိသတ်များစုဝေးရာနေရာ : ငါ့မိန်းမက အရမ်းအရည်အချင်းရှိတာပဲ။ဒီကြီးမားတဲ့အမှိုက်ထုပ်ကြီးကို ငါအရမ်းစိတ်ပျက်မိတယ် ငါတို့ရဲ့ ဇာတ်လိုက်မင်းသမီးလေး သူ့ကို သဘောမကျပါစေနဲ့]

[ကျန်းထျန်ရဲ့ ခါးပတ်လေး : အမျိုးသမီးဇာတ်ဆောင်က သရုပ်ဆောင်အရမ်းကောင်းတယ်၊သူမရဲ့ မျက်နှာလေးကလည်းမဆိုးဘူး မှတ်မိလွယ်တယ်]

[ကျန်းထျန်ရဲ့ 36D : ငါလည်းပဲ အမျိုးသမီးဇာတ်ဆောင်က သရုပ်ဆောင်အရမ်းကောင်းတယ်လို့ထင်တယ်၊ငါတို့ သစ်ပင်တစ်ပင်ကိုချစ်မယ်ဆို သူ့အကိုင်းအခက်တွေကိုပါ ချစ်ရမယ် သူမကို support ကြစို့]

[Hbnudjowabnufbn: ဒီလို ဉာဏ်မမှီတဲ့ ဒရမ်မာမျိုးကို ဘယ်လိုများကြည့်ကြတာလဲ?ပရိတ်သတ်တွေကလည်း တစ်ခုခုပဲနော်]

[ရှောင်လုံးပေါင် : မင်းဒါကို ကြည့်ပြီးရင် ဒီလိုမျိုးမပြောနိုင်ပါဘူး]

[Hbnudjowabnufbn:ငါ ဒါကို ကြည့်ပြီးသွားပြီ၊ဒါက တစ်ကယ်ကိုပဲ.....]

[ရှောင်လုံးပေါင် :ဒါက တစ်ကယ်ကို ကောင်းတယ်လေ၊ဟုတ်တယ်မလား?]

"........"

ထိုဒရာမာကို ထုတ်လွှင့်ပြီးကတည်းက ကျန်းထျန်သည် ကြည့်ရှုသူများ၏ တုံ့ပြန်မှုများကို အနီးကပ် လိုက်ကြည့်နေခဲ့ကာ ပရိသတ်မှ ပေးသော အကြံပြုချက်များနှင့် မှတ်ချက်များကို မှတ်သားထားခဲ့သည်။သူမသည် ချီးကျူးမှုများစွာကို ရရှိခဲ့သော်လည်း တစ်ချိန်တည်းမှာပင်၊  အနည်းငယ်ကျိန်ဆဲတာတွေကိုလည်းခံခဲ့ရသည်။သူမရဲ့ ဒရာမာရေးရသည့်ရည်ရွယ်ချက်က အသွားအလာအတွက်သာဖြစ်ပြီး အခုဆို အင်တာနက်အသုံးပြုသူတွေရဲ့ ဝေဖန်မှုမခံရတာကို တွေ့တော့သူမအံ့ဩသွားမိသည်။

သူမလုပ်ရမည့် နောက်အရာတစ်ခုက ပိုမိုများပြားသည့် အသိပညာများကို ရယူကာ ပိုကောင်းသည့် ဒရမ်မာ ဇာတ်ညွှန်းကို ရေးရန်ဖြစ်ပြီး သူမရရှိခဲ့သည့် box office 5 million က အသက်နှစ်ဆယ်ကျော်မှာ ကျော်ကြားသည့်မိန်းမငယ်လေးတစ်ဦးအဖြစ် မျက်နှာရစေခဲ့ပါသည်။

"ငါ့ယောင်္ကျားက အယုတ်တမာ" ဇာတ်ကားသည် နာမည်ကြီးလာသောကြောင့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီများစွာသည် ကျန်းထျန်ကို လာရောက်တွေ့ဆုံခဲ့ကြသည်။သူမက သူမရဲ့ကိုယ်ပိုင် လုပ်နိုင်စွမ်းကို သိနားလည်ပေသည်။ဒီဒရာမာဟာ လုံးဝကို ကံတရားသက်သက်ကြောင့် နာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။သူမနောက်တစ်ခုရေးရင် တောင် ဒီလောက်အောင်မြင်မည်မဟုတ်ပေ။

သူမသည် ကမ်းလှမ်းလာသော ပူးပေါင်းဆောင်ရွက်မှုတွေကို ငြင်းပယ်ခဲ့ပြီး သင်ယူခြင်းကိုသာ အာရုံစိုက်ထားခဲ့လေသည်။

အချိန်တွေကို ဖြတ်ကျော်ပြီးနောက်မှာ ခရစ္စမတ်အကြိုနေ့သည်‌နီးကပ်လာပြီး ထိုနေ့ဟာ ချင်းချင်းရဲ့မွေးနေ့လည်းဖြစ်ပေသည်။

ပြီးတော့ အဲ့နေ့ဟာ.......

လင်းဆွေ့ကျိုး စီစဉ်ထားသည့် suprise တိုက်မည့်မင်္ဂလာပွဲကလည်း ရောက်လာတော့မည်မဟုတ်လား?တကယ်လို့ ဒါသာ အဆင်သင့်မဖြစ်သေးရင် လအနည်းငယ်ကြာအောင် စောင့်နေရလွန်းလို့ သူမရဲ့စိတ်ရှည်မှုကို ဆုံးရှုံးသွားတော့မလိုပဲ။

မြို့တော် A သည် အေးသော ဆောင်းတွင်းကိုဝင်လာပြီး ဒီဇင်ဘာလတွင် ရာသီဥတုသည်ပို၍ပင် စိုစွတ်ပြီး အေးလာသည်။ကျန်းထျန်သည် တစ်နေကုန် စောင်ထဲတွင်နေ၍ မလှုပ်ရှားချင်လောက်အောင်ဖြစ်နေသည်။

မနက်မိုးလင်းလာတာနှင့် ပြတင်းပေါက်အပြင်ဘက်တွင် မြူခိုးဖြူတွေ တက်လာပြီး နှင်းပွင့်လေးတွေ တဖြည်းဖြည်းကျလာတာကို သူမတွေ့လိုက်ရသည်။ဒါက ဒီနှစ်ဆောင်းတွင်းမှာ ပထမဆုံးကျတဲ့ နှင်းပဲ။

ကျန်းထျန်ဟာ သူမအင်္ကျီတွေကို ဟိုစမ်းဒီစမ်းလုပ်လိုက်ရင်း လသာဆောင်ကို ထွက်လာသည့်အခါ လေအေးအေးက တိုက်ခတ်‌သောကြောင့် သူမခန္တာကိုယ်တစ်ခုလုံးချမ်းလွန်း၍ တုန်သွားခဲ့သည်။သူမလည်ပင်းလေးကို ကျုံ့လိုက်ရင်း နှင်းပွင့်သေးသေးလေးတွေကို ကောက်ယူဖို့ လျှောက်သွားလိုက်သည်။နှင်းပုံလေးတွေက အကြာကြီးခံမဲ့ပုံ‌မပေါ်ပေ။

"မင်းလေးက အအေးမိမှာ မကြောက်ဖူးပဲ။"
ရေချိုးခန်းထဲကနေထွက်လာသည့် လင်းဆွေ့ကျိုးဟာ မျက်မှောင်ကြုတ်လိုက်ပြီး သူမကို နောက်သို့ဆွဲလိုက်ကာ လေအေးတွေကနေကာဖို့ လသာဆောင်တံခါးကို ပိတ်လိုက်သည်။

ကျန်းထျန်သည် သူမ၏အေးစက်နေသောလက်နှင့် သူ့လည်ပင်းကိုဖက်လိုက်ပြီး သူ ကြက်သီးထသွားတာကိုတွေ့လိုက်ရသည်။သူမ မရီဘဲ မနေနိုင်စွာနဲ့ "ကို က အအေးကြောက်တာလား?"

"ကိုက ယောင်္ကျားတစ်ယောက်လေ ဘယ်လိုလုပ် အအေးကြောက်မှာလဲ" လင်းဆွေ့ကျိုး အမူအရာမဲ့စွာပြောလိုက်သည်။သူမလက်ကိုချလိုက်ပြီးနောက်မှာ သူ အဝတ်လဲခန်းထဲသို့ ဝင်သွားခဲ့သည်။

ကျန်းထျန်သည် တံခါးရှေ့မှာ ကိုယ်လုံးတီးရပ်နေသော ထိုအမျိုးသားကိုကြည့်ရင်း သူမနှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး "ခရစ္စမတ်အကြိုနေ့က နီးနေပြီလေ...."

"အင်း"

"ချစ်တို့ ချင်းချင်းရဲ့ မွေးနေ့ပွဲကို ဘယ်လိုကျင်းပကြမလဲ?"

ထိုအမျိုးသားသည် သူ၏ရှည်လျားသောမျက်တောင်များကို အနည်းငယ်မမြှောက်မီ နက်ကတိုင်ကို ဖြေးညှင်းစွာစည်းရင်း လက်ကြယ်သီးကိုတပ်လိုက်သည်။
"အပြင်မှာ ကျင်းပကြမယ်"

သူမထင်တာ လာတော့မှာလား?

‌ကျန်းထျန်၏ မျက်လုံးလေးတွေဟာ တောက်ပလာပြီး သူမ၏ စိတ်တည်ငြိမ်အောင် အမြန်လုပ်လိုက်ရသည်။ "အပြင်က ဘယ်မှာလဲ?"

လင်းဆွေ့ကျိုးပြောလိုက်သည်။
"အဲ့အချိန်ကျ ကို နိုင်ငံခြားမှာ ငွေကြေးထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခုကလုပ်တဲ့ပါတီ တက်ဖို့ရှိတယ်။ချစ် နဲ့ ကလေးတွေ ကိုနဲ့အတူလိုက်ခဲ့ရလိမ့်မယ်။အဲ့ပါတီပြီးရင် ကိုတို့ မွေးနေ့ပွဲကို အတူတူကျင်းပကြရအောင်"

ကျန်းထျန်က သိချင်ယောင်ဆောင်နေကာ ဘာမှမပြောဘဲတိတ်တိတ်လေးကြည့်နေလိုက်သည်။အဲ့ဒီအစား သူမဟာအကောင်းဆုံးကြိုးစားပြီး သူနဲ့ပူးပေါင်းပြီး သရုပ်ဆောင်လိုက်သည်။
"ဒါလည်းကောင်းတာပဲ ဒါပေမဲ့ ချစ်တို့က ကို့ကို အနှောင့်အယှက်မဖြစ်စေဘူးလား"

လင်းဆွေ့ကျိုးခေါင်းခါလိုက်သည်။

"ကောင်းပြီ၊ ကို ကုမ္ပဏီသွားတဲ့လမ်းမှာ ဂရုစိုက်ဦး။ ဒီနေ့ နှင်းတွေကျနေပြီး လမ်းက မောင်းရတာမလွယ်တာမို့ driverကို ဖြည်းဖြည်းမောင်းခိုင်းဦး"
သူမကရှေ့ကိုလျှောက်သွားလိုက်ပြီး သူ့ နက်ကတိုင်ကိုသေချာညှိပေးဖို့ခြေဖျားထောက်ရပ်လိုက်သည်။

လင်းဆွေ့ကျိုး၏နှုတ်ခမ်းတွေဟာ နူးညံ့စွာပြုံးသွားခဲ့သည်။သူမ၏ နူးညံ့သော နားရွက်လေးကို သူ့လက်ကြီးကြီးဖြင့် ဖွဖွလေးညှစ်ရင်း ပြောလိုက်သည်။
"ကို မီတင်ပြီးတာနဲ့ပြန်လာခဲ့မယ်၊ချစ်ကိုယ် ချစ်ရော ကလေးတွေကိုရော ဂရုစိုက်ဦး"

"ချစ်သိပါတယ်၊သူတို့က ကလေးသေးသေးလေးတွေမဟုတ်တော့ပါဘူး"

ကျန်းထျန် က သူ့ပါးကို နမ်းလိုက်ပြီး တံခါးအပြင်ကို ခေါ်သွားလိုက်သည် ။

သူထွက်သွားပြီးပြီးချင်းမှာပဲ သူမ အပေါ်ထပ်ကိုအမြန်‌ပြေးတက်သွားကာ လင်းဆွေ့ကျိုး ၏ လက်ထောက် ကို WeChat မှတစ်ဆင့် ဆက်သွယ်ခဲ့သည်။

[ကျန်းထျန် : မင်္ဂလာပွဲကို ဘယ်လိုမျိုး ပြင်ဆင်ထားတာလဲ?]

လင်းဆွေ့ကျိုးသည် သူမအတွက် suprise ဖြစ်အောင် မင်္ဂလာပွဲကိုပြင်ဆင်နေမှန်းသိပြီးနောက် မှာ ကျန်းထျန်သည် လင်းဆွေ့ကျိုး၏ လက်ထောက်ကို လာဘ်ထိုးကာ လက်ထောက်ကသူမအား အရာအားလုံးကို ပြောပြပြီး အကြောင်းကိစ္စသေးသေးလေးကအစပင် သူမကို ချက်ချင်းအသိပေးသည်။ဒီလိုလုပ်တာဟာ မကောင်းဘူးဆိုတာ သူမသိပေမဲ့လည်း  သူမက တစ်ကယ် တစ်ကယ်ကို လူဖြောင့်ကြီးလင်းရဲ့ အရသာခံနိုင်စွမ်းကိုမယုံကြည်ပါဘူး။နောက်ဆုံးမှာ ဒါက သူမရဲ့ ပထမဆုံးအကြိမ်လက်ထပ်တာလေ သူမက ဒါနဲ့ပတ်သတ်ပြီး အတင်းအဖျင်းပြောစရာမဖြစ်ချင်ခဲ့ပေ။

[လက်ထောက် : ဥက္ကဌလင်းက စောနကပဲ wedding dress ရွေးပြီးသွားပါပြီ]

[ကျန်းထျန် : အဲ့တာတွေကို ကျွန်မကို ပြဦး]

လက်ထောက်က မင်္ဂလာဝတ်စုံပုံလေးတွေကို ပို့ပေးခဲ့သည်။

လင်းဆွေ့ကျိုးက ရိုမန့်တစ်ဆန်တဲ့သူတစ်ယောက်မဟုတ်ပေမဲ့ သူ့မျက်လုံးတွေကတော့မဆိုးပါဘူး။သူရွေးထားတဲ့ မင်္ဂလာဝတ်စုံတွေက ကြော့ရှင်းပြီး ပုံမှန်မော်ဒယ်တွေတောင် အရမ်းလှကြသည်။

[လက်ထောက် : ဒီတခေါက် ဥက္ကဌလင်းက တကယ်ကို အာရုံစိုက်ထားတာ။သူက မစ္စလင်းအတွက် ဝတ်စုံဒီဇိုင်းဆွဲပေးဖို့ နာမည်ကြီးပြင်သစ်ဒီဇိုင်နာတစ်ယောက်ကိုတောင်ငှားထားသေးတယ်။မင်္ဂလာဝတ်စုံငါးစုံလုံးချုပ်ပြီးသွားပေမဲ့ ကျွန်မထင်တာကတော့ ဥက္ကဌလင်းက သိပ်မကျေနပ်သေးဘူးထင်တယ်...]

[ကျန်းထျန် :သူက ဘာကို မကျေနပ်တာလဲ?]

[လက်ထောက် : သူပြောတာက မင်္ဂလာဝတ်စုံတွေက အရမ်းလှလွန်းတယ်တဲ့။ ဒါတွေကိုသာ မစ္စလင်းဝတ်မယ်ဆို တစ်ယောက်ယောက်က မစ္စလင်းကို မင်္ဂလာပွဲကနေပြန်ပေးဆွဲသွားမှာကို သူကြောက်တယ်တဲ့]

"......."

ဒီလူရဲ့ခေါင်းက မြင်းကန်တာ ခံခဲ့ရတာလား?

[ကျန်းထျန် : ကျွန်မ သုံးစုံမြောက်ဝတ်စုံကိုရွေးတယ်။ဥက္ကဌလင်းကမေးတဲ့အခါကျ သုံးစုံမြောက်ဝတ်စုံလို့သာ ရှင်ပြောလိုက်]

[လက်ထောက် : ဟုတ်ကဲ့ပါ ]

[ကျန်းထျန် : တကယ်လို့ သူတစ်ခုခုအပြောင်းအလဲလုပ်ရင် ကျွန်မကို ချက်ချင်းအကြောင်းကြားပေးပါ]

[လက်ထောက် :ဟုတ်ကဲ့ပါ ကျွန်မသေချာ‌ပေါက်လုပ်လိုက်ပါ့မယ်စိတ်ချပါ ၊ အပြောင်းအလဲ တစ်စုံတစ်ရာ ရှိခဲ့ပါက မဒမ်ကို ကျွန်မ အရင်ဆုံးအကြောင်းကြားပေးပါ့မယ်။]

သေချာတာတစ်ခုက သူမဟာ ဒီမင်္ဂလာပွဲကိုလည်း သူမကိုယ်တိုင် စီစဉ်ခဲ့တာဖြစ်သည်။

သူမက အဲ့ကျွန်းကို တစ်ကယ်ကို မကြိုက်ခဲ့ပါဘူး။သူမကျွန်းကိုမြင်တဲ့အခါမှာ ဝိဉာဉ်လွမ်းမိုးခံရမှာကို ကြောက်တဲ့ အကြောက်တရားတစ်ခုရှိသည်။

မင်္ဂလာပွဲနေ့မတိုင်ခင် သုံးရက်အလိုတွင် လင်းဆွေ့ကျိုးသည် ငွေကြေးထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခု၏ပါတီတွင် ပါဝင်ခြင်းအကြောင်းပြချက်ကြောင့် သူ၏မိသားစုကို H နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။H နိုင်ငံ၏ရာသီဥတုသည် တစ်နှစ်ပတ်လုံး နွေဦးရာသီဖြစ်ပြီး တစ်နှစ်ပတ်လုံး နွေရာသီပန်းပွင့်များ၊ ကမ်းခြေများ၊ အပူလှိုင်းများနှင့် နွေရာသီ၏ရနံ့များသည် နေရာတိုင်းတွေပြန့်နှံ့နေသည်။ဆောင်းရာသီ၏ အအေးဒဏ်မှ လွတ်မြောက်ပြီး ပူပြင်းသော နေရောင်ခြည်သည် လူများကို ပို၍ စိတ်လှုပ်ရှားစေသည်။

ကျန်းထျန် နဲ့ ကလေးတွေဟာ တစ်ညလုံး လေယာဉ်စီးခဲ့ကြသောကြောင့် ပင်ပန်းနေခဲ့ကြသည်။အားလပ်ရက် ဗီလာမှာ ရောက်တာနဲ့ပဲ သူတို့ဟာ စောစော အိပ်ယာဝင်သွားခဲ့ကြသည်။

နောက်တစ်နေ့မှာ တစ်စုံ‌တစ်ယောက်သည် မင်္ဂလာဝတ်စုံကိုယူပြီးရောက်လာခဲ့သည်။

သန့်ရှင်းသော ရေသူမ‌အမြီး အဖြူရောင်ပုံစံမင်္ဂလာဝတ်စုံသည် လက်ရာသေသပ်ပြီး သပ်ရပ်လှပသည်။ဝတ်စုံကို ငွေရောင်အလင်းပြန်ဟပ်သော စိန်များဖြင့် အလှဆင်ထားလေသည်။ကျန်းထျန်သည် ဒါကို ကြိုမသိခဲ့ဘူးဆိုရင် သူမဟာဒီဝတ်စုံနဲ့ ပါတီပွဲကို သွားဖို့လို့ပဲ တွေးနေခဲ့လိမ့်မည်။

မိတ်ကပ်လိမ်းပြီးတာနှင့် stylist ကသူမရဲ့ ဝတ်စုံကို ဂရုတစိုက်လဲပေးခဲ့သည်။ဒီမင်္ဂလာဝတ်စုံ၏စတိုင်သည်အတော်လေးရိုးရှင်းသော်လည်းအသေးစိတ်အချက်အလက်များကိုအထူးသဖြင့်ထိမိခဲ့သည်။တင်းကျပ်တဲ့အတိုင်းက သူမရဲ့လှပ‌တဲ့ကောင်ကြောင်းနဲ့ ရှည်လျားလှသည့်ခြေတံတွေကို ပေါ်လွင်စေသည်။ဒူးအောက်ကနေ သိသိသာသာကားသွားသည့်ဂါဝန်စက ကြမ်းပြင်ဆီကို တည့်တည့်ကျသွားပြီ၊ နူးညံ့သိမ်‌မွေ့သည့်ပုံစံနဲ့ ချယ်လှယ်ထားသည့် ရှည်လျားသော ဇာအထပ်အထပ်လေးတွေက နေရောင်အောက်က ရေလှိုင်းတွေလိုမျိုးတောက်ပနေသည်။

ကျန်းထျန်က ကန့်လန့်ကာကိုဖွင့်လိုက်ပြီး အဝတ်အစားခန်းထဲက‌နေ ဂရုတစိုက် ထွက်လာခဲ့လိုက်သည်။

သူမရဲ့ မိတ်ကပ်လိမ်းခြယ်မှုမှာ တာဝန်ရှိတဲ့ မိတ်ကပ်ပညာရှင်သည် ကျန်းထျန်ရဲ့ အလှကို မြင်မြင်ချင်းချက်ခြင်း မှင်သက်သွားခဲ့သည်။
သူမက မှန်ပြတင်းပေါက်ရှေ့မှာရပ်နေခဲ့ပြီး သူမရဲ့ဆံပင်တွေဟာ ဟိုတစ်စုတစ်ဒီတစ်စုဖြစ်နေခဲ့ပြီးအပြင်ဘက်မှနေရောင်ခြည်က သူမရဲ့ လှပသော မျက်နှာသွင်ပြင်ကို  လုံးဝလွမ်းခြုံထားကာ သူမရဲ့အနက်ရောင်ဆံပင်များသည်အဖြူရောင်ဇာများဖြင့် ယှက်နွယ်နေပြီး ပန်းချီကားထဲမှ ထွက်လာသလိုမျိုး မယုံနိုင်လောက်အောင် လှပနေပြီး  လူတွေက သူမဆီကနေ မျက်လုံးမခွာနိုင်ကြပေ။

"ကျေးဇူးပြုပြီးထိုင်ပါ"

ကျန်းထျန်သည် မိတ်ကပ်မှန်ရှေ့တွင်ထိုင်လိုက်ပြီး စတိုင်လစ်က သူမနောက်သို့ လှည့်ပတ်သွားကာသူမ၏ခါးအထိ ရှည်လျားသော ဆံပင်ကောက်ကောက်တွေကို ချစ်စဖွယ်ကောင်းအောင်ဖြီးပေးလိုက်သည်။

သူမဆံပင်သည် ထူပြီးရှည်ကာ နူးညံ့သည့်အတွက် သူမဆံပင်ကိုပုံသွင်းဖို့အတွက် အားအနည်းငယ်စိုက်ထုတ်ရသည်။ဒါပေါ့ စတိုင်လစ်က မခက်ခဲတဲ့အပြင်ပျော်တောင်ပျော်ရွှင်နေသေးသည်။သူမရဲ့ဆံပင်ရှည်ကို ပန်းပွင့်ပုံသဏ္ဍာန်ဖြစ်အောင် ဂရုတစိုက်လိမ်ပြီး နောက်ဆုံးမှာ သရဖူကို တပ်လိုက်သည်။

ထိုသရဖူသည် အလွန်လက်ရာမြောက်ပေသည်။ထိုဟာကို သူမခေါင်းမှာဝတ်လိုက်သည့်အချိန်မှာ လှပသည့်မိန်းမပျိုလေးအဖြစ်ကနေ လှပသည့်ဘုရင်မအဖြစ်သို့ပြောင်းလဲသွားသည်။ကျန်းထျန်က တော်တော်လေးလှပတယ်လို့ ခံစားရပေမဲ့လည်း အဲ့တာရဲ့အလေးချိန်က သူမလည်ပင်းကိုမသက်မသာဖြစ်စေသည်။အားလုံးကိုခြုံပြောရရင် ဒါက.....ငွေရဲ့အလေးချိန်ပဲ။

နောက်ဆုံးအဆင့်အနေနဲ့ စတိုင်လစ်က သူမကို ဇာပါဝါအဖြူလေးနှင့် ဖုံးအုပ်ပေးလိုက်သည်။

သူမသည် အစီအစဉ်ကို သိနေတာတောင် ကျန်းထျန်သည် ပူးပေါင်းဆောင်ရွက်လိုဆဲပုံစံဖြင့်မေးလိုက်သေးသည်။
"ဇာပါဝါကို ဘာလို့ဝတ်ရမှာလဲ၊ဒါကပါတီတစ်ခုပဲ မဟုတ်ဘူးလား?"

ကျန်းထျန်ရဲ့ မေးခွန်းကိုကြားသည့်အခါမှာ သူတို့၏အမူအရာသည် လုံး၀ ရှုပ်ထွေးသွားခြင်းမရှိပေ။
"ဒီနေ့ညပါတီမှာ ဂိမ်းအစီအစဉ်တစ်ခုရှိပြီး မဒမ်ရဲ့ယောင်္ကျားက ဇာပါဝါကို မပြီး မဒမ်ကို လိုက်ရှာရမယ်၊ဒီဂိမ်းမှာ အမြန်ဆုံးရှာတွေးတဲ့တစ်ယောက်ကသာ လျှို့ဝှက်ထားတဲ့ ဆုကြီးတစ်ခုကိုရလိမ့်မယ်"

"........."

လင်းဆွေ့ကျိုးတစ်ယောက်ထဲကသာ ဒီလိုဆိုးရွလွန်းတဲ့ အကြောင်းပြချက်မျိုးပေးနိုင်ပေလိမ့်မည်။

"အဆင်သင့်ဖြစ်ရင် ကျွန်မတို့ သွားကြရအောင်"

ကျန်းထျန် ခေါင်းညိတ်လိုက်ပြီးသူတို့နောက်ကနေလိုက်ခဲ့ရင်း ဟိုတယ်မှထွက်ခွာကာ အပျော်စီးသင်္ဘောပေါ်သို့တက်ခဲ့လိုက်သည်။

အပြာရောင်ကောင်းကင်သည် အပြာရောင်ပင်လယ်နှင့်ထိစပ်နေပြီး သူမဘုတ်ပေါ်မှာ ထိုင်နေစဉ်မှာပင် ပင်လယ်လင်းယုန်များသည် အဆုံးမရှိပင်လယ်ပြင်သို့ နှိမ့်ဆင်းသွားကြသည်။သူမသည် ရေထဲတွင်ပေါ်နေသော သူမရဲ့ပုံရိပ်ကို ငုံ့ကြည့်လိုက်သည်။ထိုအမျိုးသမီးသည် အလွန်လှပပြီး သူမ၏မျက်လုံးများသည် မျှော်လင့်ချက်တွေနှင့်ပြည့်နှက်နေခဲ့သည်။

ဒီ suprise ကို သူမစောစောသိခဲ့ပေမယ့်လည်းတကယ်ကြုံလာရသည့်အခါတွင် သူမစိတ်မလှုပ်ရှားဘဲမနေနိုင်ဘူး။

အရင်တုန်း သူမအိမ်ထောင်ပြုမည့်နေ့ကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို မင်္ဂလာပွဲကိုလည်း စောင့်မမျှော်ခဲ့ဘူး‌ပေ။အခုပြန်တွေးကြည့်တော့ သူ မမျှော်လင့်ခဲ့သည့် အကြောင်းအရင်းက သူမရဲ့ right person ကို မတွေ့ခဲ့လို့ပဲဖြစ်သည်။

ကမ္ဘာပေါ်မှာ မင်းကို မင်္ဂလာဝတ်စုံဝတ်ပြီး ကတိသစ္စာပြုချင်သည့် တစ်စုံတစ်ယောက်ကတော့ အမြဲရှိနေလိမ့်မည်ဖြစ်သည်။

အပျော်စီးသင်္ဘောသည် ကျွန်းတစ်ကျွန်းပေါ်တွင် ရပ်တန့်လိုက်ပြီး ကျန်ထျန်ဆင်းသွားခဲ့သည်။

သူမရှေ့က မြင်ကွင်းကို မြင်လိုက်ရတော့ သူမ အံ့သြမိသေးသည်။

သူမရှေ့မှာ ပွင့်ဖက်လေးတွေနဲ့ ခင်းထားသည့် လမ်းကြောင်းလေးရှိနေခဲ့သည်။ထိုလမ်းကြောင်းလေးဟာ ကွေ့ကောက်ပြီး ရှည်လျားသည်။နှစ်ဖက်လုံးမှာရှိသည့် ပန်းတွေပွင့်နေသည့် သစ်ပင်ထူထူတွေကလည်း နေရောင်ခြည်ကို ကာဆီးပေးထားသည်။တောနဲ့ ပန်းပွင့်တွေနဲ့ဟာ ရောယှက်နေသည်။သမင်သေးသေးလေးတစ်ကောင်သည် သူ့ခေါင်းကိုစူးစမ်းချင်စိတ်ပြည့်စွာနဲ့ ပုတ်ပြသည်။ဘေးဘက်ကို ကြည့်ပြီးတာနဲ့ သူအဝေးကို မြန်မြန်ပဲ ပြေးထွက်သွားခဲ့သည်။သူမသည်ကြီးကျယ်ခမ်းနားသည့် စိတ်ကူးယဉ် စွန့်စားခန်းတစ်ခုကို ရင်ဆိုင်ရတော့မည့် ယုန်တွင်းထဲကျသွားခဲ့သည့် Alice လိုမျိုး  ဖြစ်နေခဲ့သည်။

ကျန်းထျန်သည်အသက်ပြင်းပြင်းရှူလိုက်ပြီး အထဲကို ဂရုတစိုက် လျှောက်သွားလိုက်သည်။

အလင်းရောင်က တဖြည်းဖြည်း ကျယ်ပြန့်လာပြီး သူမရှေ့က ရှုခင်းတွေက ကြည်လင်လာခဲ့သည်။

သစ်ပင်တစ်ပင်လိုမျိုး ဖြောင့်တန်းနေသောကျောရိုးဖြင့် သူဟာအဆုံးမှာ မတ်တပ်ရပ်နေခဲ့သည်။သူ့ရဲ့ နက်နဲ‌သောမျက်ဝန်းတစ်စုံသည် သူမကလွဲလို့ ဘယ်သူမှပါဝင်ခြင်းမရှိသလိုမျိုး သူမကိုသာစိုက်ကြည့်နေခဲ့သည်။

လှိုင်းတွေဟာ ရပ်တန့်သွားဟန်ထင်ရပြီး လေတွေကလည်း ငြိမ်ကျသွားခဲ့သည်။သူမမြင်နိုင်သမျှကတော့ လင်းဆွေ့ကျိုးသာဖြစ်သည်။

လင်းဆွေ့ကျိုး သည် သူမဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လှမ်းကာ အနည်းငယ်ကွေးလိုက်ပြီး ကျန်းထျန်၏လက်ကို ကိုင်လိုက်သည်။

ကျန်းထျန်သည် နောက်ဆုံးတွင် ပြန်လည်သတိဝင်လာကာ ခေါင်းကိုလှည့်ပြီး နှစ်ဖက်စလုံးရှိ ဧည့်သည်များကို ကြည့်လိုက်ရာ နောက်ဆုံးတွင် လင်းဆွေ့ကျိုးဆီမှာ သူမရဲ့အကြည့်က ရပ်တန့်သွားခဲ့သည်။
"ဒါက ငွေကြေးထောက်ပံ့ရေးအဖွဲ့အစည်းကလုပ်တဲ့ပါတီ ဟုတ်လို့လား?"

လင်းဆွေ့ကျိုးရဲ့ နှုတ်ခမ်းတွေဟာ တွန့်ကွေးသွားပြီး "ကောင်းပြီ ဒါက အမှန်အကန် ငွေကြေးထောက်ပံ့ရေးပါတီပဲ"

"ကို ဘာကိုဆိုလိုတာလဲ?"

သူက ကျန်းထျန် နား နားကိုတိုးကပ်သွားပြီး သူ့ရဲ့ sexy ကျပြီး နက်နဲတဲ့အသံတိုးတိုးလေးဖြင့်
"မစ္စကျန်း ကို့ကို လက်ထပ်ပြီး ငွေကြေးထောက်ပံ့ပေးနိုင်မလား?"

ကျန်းထျန်က ရယ်တာကို ထိန်းဖို့ကြိုးစားရင်း
"ဒါပေမဲ့ ချစ်တို့က လက်ထပ်မှတ်ပုံတင်ပြီးပြီလေ"

လင်းဆွေ့ကျိုးက လေးနက်စွာဖြင့် "ထုံးထမ်းစဉ်လာက ပိုအရေးကြီးတယ်"

မဟုတ်ရင် လုံခြုံမှုမရှိဘူး။(T.N သူ့မိန်းမကို တစ်ယောက်ယောက် ခိုးသွားမှာကြောက်နေရှာတာ🤧)

နှစ်ယောက်သား သစ်ပင်ပန်းမန်‌တွေရှေ့မှာ ရပ်လိုက်ကြပြီး ကတိကဝတ်များ ဖလှယ်ကြပြီးနောက် လင်းဆွေ့ကျိုးသည် လက်စွပ်ကို ကိုင်ကာ ဒူးထောက်လိုက်ပြီး သူမအား ချစ်ရည်ရွှန်းသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ကျန်းထျန် ကိုယ့်ကိုလက်တပ်နိုင်မလား?"

ကျန်းထျန်သည် သူ့လက်ကြီးကြီးထဲရှိ လက်စွပ်‌သေးသေးလေးကို ကြည့်လိုက်သောအခါ အနည်းငယ် မှင်တက်သွားသလို ခံစားလိုက်ရသည်။သူမ ဒီကမ္ဘာကို စရောက်တဲ့ပထဆုံးနေ့ထဲက အကြောင်းပြချက်မရှိဘဲ အမေတစ်ယောက်ဖြစ်လာခဲ့ပြီး ယခုတော့ တစ်စုံတစ်ယောက်ရဲ့ ဇနီးပါဖြစ်လာခဲ့ပြီ။
ဒါက စာအုပ်တစ်အုပ်ဖြစ်ရင် တစ်ယောက်ယောက်က သူမကို ဒီကြောက်ရွံ့ဖွယ်ကောင်းတဲ့ကံတရားကို လက်ခံဖို့ ကြိမ်းမောင်းရလိမ့်မယ်။

ဒါပေမဲ့.....

ဒီကံတရားက အရမ်းလှပတယ်။

သူမတွင် အရင်က ဆွေမျိုးမရှိ၊ ချစ်ခြင်းမေတ္တာမရှိ၊ အသိအကျွမ်းမရှိခဲ့ပေ။ဒါပေမဲ့ ဒီမှာတော့ သူမမှာ သူမရဲ့မိသားစု၊သူမချစ်တဲ့သူတွေနဲ့ အသိတွေရှိလာခဲ့ပြီဖြစ်သည်။

ကျန်းထျန် သူမလက်ချောင်းလေးကို ဖြေးညှင်းစွာထုတ်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
"ကျွန်မ လုပ်နိုင်တယ်"

လင်းဆွေ့ကျိုး၏ တောင်းတင်းနေသောအာရုံကျောများသည် နောက်ဆုံးမှာပြေလျော့သွားပြီး သူထကာ အနည်းငယ် ကုန်းလိုက်ပြီး ကျန်းထျန်း၏နှုတ်ခမ်းကို အဖြူရောင်ဇာပါဝါကို ဖြတ်ကျော်ပြီး နမ်းလိုက်သည်။သူ‌တို့နှစ်ယောက်ဘေးရှိ ကောင်းကင်ပေါ်တွင် ပန်းမိုးများရွာသွန်းလာခဲ့သည်။

ကျန်းထျန် သူမမျက်လုံးတွေကိုမှိတ်လိုက်ပြီး သူမဟာသူမတွေးလိုက်သည်၊ လင်းတွေ့ကျိုးက တစ်ကယ်ကို စတီးလိုမျိုး ဖြောင့်တန်းတဲ့သူကြီးပဲ!။
ရိုမန့်တစ်နဲ့ ပတ်သတ်ပြီး ဟောင်းနွမ်းနေတဲ့ပုံစံတွေကိုသာ အရသာခံနိုင်ဖို့ ထိုက်တန်တယ်။

မင်္ဂလာဧည့်ခံပွဲပြီးသွားပြီးနောက်မှာ အားလပ်ရက် ဗီလာသို့ ပြန်လာခဲ့ကြသည်။ကျန်းထျန်ဟာ လက်တစ်ချောင်းပင် မမြှောက်ချင်လောက်အောင် ပင်ပန်းနေသည့်အတွက် လင်းဆွေ့ကျိုး၏ပိုးပန်းမှုကို ငြင်းဆိုလိုက်သည်။

ရေချိုးပြီးတဲ့နောက်မှာ လင်းဆွေ့ကျိုးဟာ သူမကို နောက်ကနေဖက်ထားရင်း ချော့မော့တဲ့လေသံနဲ့ မေးလိုက်သည်။
"ချစ် suprise ဖြစ်သွားလား?"

"........"

နိုး၊ဘယ်ဟာမှ suprise ဖြစ်မနေပါဘူးနော်။ရှင့်ရဲ့လက်ထောက်က ရှင့်ကို သစ္စာဖောက်ပြီး ကျွန်မကို အကုန်လုံးအသိပေးထားပြီးပြီ။

ဒါ‌ပေါ့ ကျန်းထျန် ဒီလိုမျိုး မပြောခဲ့ပါဘူး။

သူမသည် ရုပ်ရှင်ဘုရင်မ၏ အကောင်းဆုံးသရုပ်ဆောင်စွမ်းရည်ကိုထုတ်သုံးကာ သူမခေါင်းကိုလှည့်လိုက်ပြီး ဒေါသတကြီးပုံစံဖြင့်သူ့ကို ကြည့်လိုက်သည်။
"အနာဂတ်ကျရင် ကိုဒီလိုမျိုးမလုပ်ခင် ချစ်နဲ့အရင်တိုင်ပင်သင့်တယ်၊ဒါမှသာ ချစ်‌ဒီလိုမျိုး ပြောစရာစကားမရှိတာမျိုး မဖြစ်မှာ"

လင်းဆွေ့ကျိုးက ဒီအကြောင်းကို လေးလေးနက်နက်တွေးကာ ခေါင်းညိတ်လိုက်သည်။
"ကိုတို့ နောက်တစ်ခါ ကွာရှင်းပြီး ပြန်လက်ထပ်ကြရင် ကို ချစ်နဲ့အရင်တိုင်ပင်မယ်"

"ဒါပေမဲ့" သူတခစ်ခစ်ရီလိုက်ပြီး
"ဒါက ချစ်ပျော်နေသ၍ အဆင်ပြေပါတယ်"

ကျန်းထျန်က လင်းဆွေ့ကျိုးကို စိတ်အားထက်သန်စွာကြည့်လိုက်ပြီး
"အခုချစ် အိပ်လို့ရပြီလား?"

"ဒီညက ကိုတို့ မင်္ဂလာဦးညလေ၊ကိုတို့လုပ်သင့်...."

ကျန်းထျန်သူမခေါင်းကို ရမ်းလိုက်ပြီး
"ကို့ရဲ့ suprise ကြောင့် ချစ်အခုထိလန့်နေတုန်းပဲ၊တစ်ခြားဘာမှလုပ်ချင်စိတ်မရှိဘူး။ကိုစိတ်မရှိရင် ချစ်ရဲ့ အရုပ်သေးသေးလေးနဲ့ လုပ်လို့ရတယ် good night "

သူ့မျက်နှာကို နမ်းပြီးနောက်မှာ ကျန်းထျန်လှည့်လိုက်ပြီး ကျေနပ်စွာ သူမမျက်လုံးများကို မှိတ်လိုက်သည်။

လင်းဆွေ့ကျိုး မျက်တောင်ခတ်လိုက်ပြီး အံဆွဲကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ အတွင်းထဲက အရုပ်တွေကို စိုက်ကြည့်ရင်း တိတ်ဆိတ်သွားမိသည်။

မေးစရာတစ်ခုက သူမယောင်္ကျားက သူမဘေးမှာရှိတာတောင် ကျန်းထျန်က ဒီအရုပ်တွေကို ဘာလို့ ယူလာရတာလဲ?

ဟမ်......

ဒါကအရမ်းကို နက်နဲတဲ့မေးခွန်းပဲ။

ကောင်းသောညလေးဖြစ်ပါစေ မိန်းမရေ။
(T.N you know အရုပ်သေးသေးလေး means
s*x toy 🤦)

လင်းဆွေ့ကျိုးက အမြဲတမ်းစောစောနိုးတဲ့အတွက် ဒီနေ့ကလည်း ချွင်းချက်မရှိပါဘူး။သူက သူ့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့ဘေးမှာအိပ်နေတဲ့ ကျန်းထျန်ကို တစ်ချက်ကြည့်လိုက်သည်။
သူမမျက်နှာလေးကို နူးညံ့စွာနမ်းပြီးနောက်မှာ သူထလိုက်ပြီး ရေချိုးခန်းထဲဝင်သွားခဲ့သည်။သူ့ကိုယ်သူ သန့်ရှင်းပြီးတာနှင့် တံခါးခေါက်သံကို ကြားလိုက်ရသည်။

လျန်ရှန့်က တံခါးအပြင်ဘက်မှာရပ်ပြီး သူ့ကိုကြည့်နေခဲ့သည်။

လင်းဆွေ့ကျိုး နည်းနည်းအံ့ဩသွားမိပြီး"သားအစောကြီးနိုးနေတာလား?"

လျန်ရှန့်က သူ့လက်ချောင်းလေးတွေနဲ့ရေတွက်လိုက်ပြီး "သဘက်ခါက ခရစ္စမတ်အကြိုနေ့လေ၊ပြီးတော့ ဖိန်နွဲခါက ခရစ္စမတ်နေ့လေ"

လင်းဆွေ့ကျိုးက ကျန်းထျန်နှိုးသွားမှာစိုးတဲ့အတွက်ကြောင့် သူ့ရဲ့သားငယ်ကို အပြင်ဘက်ကိုခေါ်ထုတ်လာပြီး
"ဟုတ်တယ်လေ၊ပါးပါးသိတယ်"

လျန်ရှန့်ရဲ့မျက်နှာသေးသေးလေးဟာ အလေးအနက်ဖြစ်လာပြီး မေးလိုက်သည်။
"သားကိုဘာကတိပေးထားလဲဆိုတာ ပါးပါးသိလား၊ မှတ်ကောမှတ်မိလား?"

လင်းဆွေ့ကျိုး မျက်မှောင်ကြုတ်လိုက်ရင်း ဘာမှမသိချင်ယောင်ဆောင်လိုက်သည်။
"ပါးပါးက သားကိုဘာကတိပေးထားလို့လဲ?"

လျန်ရှန့်က သူ့နှုတ်ခမ်းလေးကိုကိုက်လိုက်ရင်း မကျေမနပ်နဲ့ ခြေဆောင့်လိုက်သည်။
"Suprise လေ! မားမားက သား‌ကိုမေးတော့ ပါးပါးက သူ့အတွက် suprise ပြင်ဆင်ပေးထားတယ်ဆိုတာ လျှို့ဝှက်ထားဖို့ ပါးပါးက သားကိုအကူအညီတောင်းထားတယ်လို့ပြောပြပေးခဲ့တာ။ပါးပါး သားကို ဆုပေးရမယ်!"

"ခဏလေး" ‌လင်းဆွေ့ကျိုး သူ့ကိုကြည့်လိုက်ပြီး
"ဘာကို၊ မင်းမားမားကို ဘာပြောခဲ့တာ?"

လင်းလျန်းရှန့်လေးဟာ ရိုးသားစွာနဲ့ စောနက သူပြောခဲ့တဲ့စကားတွေကို ပြန်ရွတ်ပြခဲ့တယ်။

သူ့ကိုယ်သူ ယုံကြည်မှုရှိစွာပြန်ပြောပြနေတဲ့ လျန်ရှန့်ကိုကြည့်ရင်း လင်းဆွေ့ကျိုးဟာ ပြောစရာစကားပျောက်ဆုံးသွားတော့သည်။သူ့ သားအငယ်ရဲ့ IQ နဲ့ဆို ဒီ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ ခက်ခဲတယ်ဆိုတာ သူသိသားပဲ။

Alice


ZAWGYI

လင္းအိုက္ေကာင္း ဆုံးတာ ခုႏွစ္ရက္ၾကာၿပီးေနာက္မွာ က်န္းထ်န္နဲ႔ လင္းေဆြ႕က်ိဳးဟာ ဒုတိယအႀကိမ္ လက္ထပ္မွတ္ပုံတင္ဖို႔အတြက္ သြားခဲ့ၾကသည္။

သူမလက္ထဲကေပ်ာ့ေျပာင္းတဲ့ အနီေရာင္စာအုပ္ကိုၾကည့္ရင္း က်န္းထ်န္ အနည္းငယ္ဝမ္းနည္းသြားမိသည္။ဒီေန႔ကစၿပီး သူမကတကယ္ပဲလက္ထပ္ၿပီးသား မိန္းမတစ္ေယာက္ျဖစ္သြားၿပီပဲ။

သူမဖုန္းကို ထုတ္ကာ လက္ထပ္စာခ်ဳပ္ကို ဓာတ္ပုံအနည္းငယ္ေလာက္႐ိုက္ၿပီးေနာက္မွာ Weibo ေပၚ ပိုစ့္တင္လိုက္သည္။

[ကေလးတစ္ေယာက္အတြက္ လက္သီးတစ္ခ်က္ : တရားဝင္ပို႔စ္ (ပုံ)]

[ထ်န္၏ပရိသတ္မ်ားစုေဝးရာေနရာ : ဒီေန႔က ငါတို႔ အသဲကြဲတဲ့ေန႔ပဲ ဒါေပမဲ့လက္ထပ္တာကို ဂုဏ္ျပဳပါတယ္]

[က်ိဴးထမင္းရည္ဆိုင္ : အာဟာ၊ က်ိဳးေလးက ဒုတိယအႀကိမ္ျပန္လက္ထပ္လိုက္ၿပီ၊ေပ်ာ္လိုက္တာ]

[မင္းငါ့ကိုႀကိဳက္ေနတာ ငါသိတယ္: ဘယ္သူက တရားဝင္လက္ထပ္တာလဲ? သူတို႔ကဘာလို႔ ပို႔စ္တင္ဖို႔လိုအပ္တာလဲ?]

[က်င္းခ်န္ ကြၽတ္ ကြၽတ္ ကြၽတ္ : ျပန္..ျပန္လက္ထပ္လိုက္ၿပီ??ငါ့ေကာင္မေလးက တစ္ေယာက္ေယာက္နဲ႔ ျပန္လက္ထပ္လိုက္ၿပီလား?]

".........."

ဒုတိယအႀကိမ္ျပန္လက္ထပ္ၿပီးေသာ္လည္း လင္းေဆြ႕က်ိဳးသည္ အိပ္မက္မက္ေနဆဲအေျခအေနတြင္ရွိေနကာ အနီေရာင္စာအုပ္ကို စိုက္ၾကည့္ေနၿပီး သူ႔ႏွလုံးသားဟာ မေသခ်ာသလိုခံစားေနရၿပီး အိပ္မက္တစ္ခုလိုဆန္းၾကယ္ေနေပသည္။သူ႔အေမေသဆုံးမႈက သူ႔ကိုအႀကီးႀကီးထိခိုက္သြားတာလား ဒါေၾကာင့္....သူေသြးေလေျခာက္ျခားေနတာလား?

လင္းေဆြ႕က်ိဳးသည္ သူ႔မ်က္ႏွာသူ ဆြဲဆိတ္ၾကည့္တဲ့အခါမွာ ဒါကအရမ္းနာလြန္းတယ္ အိပ္မက္မဟုတ္ဘူး။

သူသက္ျပင္းခ်လိုက္ၿပီး ရွဟိုင္႐ြန္ကို WeChat ကေန ဆက္သြယ္လိုက္သည္။

[ငါ့မိန္းမနဲ႔ ငါက လက္ထပ္ၿပီးၿပီ : ရွဟိုင္႐ြန္]

[သူက အခုထိစင္ဂယ္ ေဒါ့တစ္ေကာင္ပဲ : ? မင္းရဲ႕ ID က ဘယ္လိုေတာင္လဲ?]

[ငါ့မိန္းမနဲ႔ ငါက လက္ထပ္ၿပီးၿပီ : ဒီေန႔ က်န္းထ်န္ နဲ႔ငါက လက္ထပ္မွတ္ပုံတင္ၿပီးသြားၿပီ]

[သူက အခုထိစင္ဂယ္ ေဒါ့တစ္ေကာင္ပဲ : ငါထင္တာမမွားရင္ မင္းငါ့ကို ဒီအေၾကာင္းေျပာတာ ဒီေန႔တင္ သုံးေခါက္ရွိေနၿပီ]

[ငါ့မိန္းမနဲ႔ ငါက လက္ထပ္ၿပီးၿပီ : အိုး ဟုတ္လား?]

[ငါ့မိန္းမနဲ႔ ငါက လက္ထပ္ၿပီးၿပီ : ေကာင္းၿပီ၊ဒါက မင္းငါ့ကို အထင္ႀကီးေအာင္လုပ္ဖို႔ အႀကံဆိုးတစ္ခုေတာ့မဟုတ္ပါဘူး]

[သူက အခုထိစင္ဂယ္ ေဒါ့တစ္ေကာင္ပဲ: ........]

သူ႔ကို အထင္ႀကီးေအာင္လုပ္ဖို႔ ဒါကိုဒီေလာက္ႀကီးရွင္းရွင္းလင္းလင္းထုတ္ေဖာ္ဖို႔လိုလို႔လား။

[သူက အခုထိစင္ဂယ္ ေဒါ့တစ္ေကာင္ပဲ : ဘယ္လိုေတာင္လဲ၊မင္းငါ့ကိုဘာအတြက္စာပို႔တာလဲ?]

လင္းေဆြ႕က်ိဳး သည္ ရွဟိုင္႐ြန္ကို သူ႔စိတ္ႏွလုံးတြင္ မၿငိမ္မသက္ျဖစ္ေနေသာ ခံစားခ်က္ကို အတိုခ်ဳံးေျပာျပခဲ့သည္။သူ႔ကို‌ပို႔လာသည့္ ရွည္လ်ားသည့္စာေတြကိုၾကည့္ၿပီး ရွဟိုင္႐ြန္ ေခါင္းကိုက္လာသလိုပင္ ခံစားလာရသည္။ဒီလူက သူကိုအေၾကာင္းအရင္းမရွိဘဲ မဆက္သြယ္ဘူးဆိုတာ သူသိတယ္၊ေသခ်ာတာေပါ့ သူက သူ႔ကို စိတ္ခံစားခ်က္နဲ႔ပတ္သတ္ၿပီး ကြၽမ္းက်င္သူတစ္ေယာက္လို ဆက္ဆံျပန္ၿပီ။

[သူက အခုထိစင္ဂယ္ ေဒါ့တစ္ေကာင္ပဲ: ငါျမင္တာကေတာ့ မင္းလိုေနတာ အခမ္းအနားတစ္ခုလို႔ထင္တယ္]

[ငါ့မိန္းမနဲ႔ ငါက လက္ထပ္ၿပီးၿပီ : ဥပမာအေနနဲ႔?]

[သူက အခုထိစင္ဂယ္ ေဒါ့တစ္ေကာင္ပဲ: မဂၤလာပြဲလိုမ်ိဳးေပါ့]

........မဂၤလာပြဲ။

ဟုတ္တာေပါ့။

လင္းေဆြ႕က်ိဳးရဲ႕မ်က္လုံးေတြဟာ ေတာက္ပလာခဲ့သည္။

က်န္းထ်န္နဲ႔ မဂၤလာျပန္ေဆာင္ဖို႔အတြက္ သူ ကြၽန္းငယ္ေလးတစ္ကြၽန္းကို အထူးအေနနဲ႔ဝယ္ယူခဲ့ေပမယ့္ ကံမေကာင္းစြာပဲ အလုပ္မ်ားလြန္းတာေၾကာင့္ ကြၽန္းငယ္ေလးကို ေမ့ေနခဲ့တာ ၾကာခဲ့ၿပီ။

အခုေတာ့......

ဒါက အခြင့္အေရးေကာင္းတစ္ခုပဲ။

[ငါ့မိန္းမနဲ႔ ငါက လက္ထပ္ၿပီးၿပီ : ငါသူမကို အံ့အားသင့္ေစမယ့္ အစီအစဥ္တစ္ခု ျပင္ဆင္ထားသင့္လား။]

[သူက အခုထိစင္ဂယ္ ေဒါ့တစ္ေကာင္ပဲ : မင္းလုပ္သင့္တယ္]

သူ႔စိတ္သူျပင္ဆင္ၿပီးေနာက္မွာ လင္းေဆြ႕က်ိဳးရဲ႕ စိတ္အေျခအေနဟာ အလြန္စိတ္လႈပ္ရွားေနတဲ့ အေျခအေနသို႔ေျပာင္းလဲသြားခဲ့သည္။

႐ုတ္တရက္ဆိုသလိုပဲ သု႔အေနာက္ကေန အသံတစ္သံထြက္လာၿပီး "ပါးပါး၊ဘယ္လို suprise မ်ိဳး ျပင္ဆင္ေနတာလဲ?"

လင္းေဆြ႕က်ိဳး သူ႔မ်က္လုံးေတြကို ႏွိမ့္ခ်လိုက္ၿပီး ေပါ့ေပါ့ပါးပါးျပန္ေျဖလိုက္သည္။"မင္းမားမားနဲ႔ ပါးပါးရဲ႕ မဂၤလာေဆာင္"

"......အိုး"

"........."

သူ႔စကားဆုံးၿပီးေနာက္မွာ တိတ္ဆိတ္သြားသည္။

လင္းေဆြ႕က်ိဳး သူ႔ေခါင္းကိုေမာ့လိုက္တဲ့အခ်ိန္မွာ သူ႔သားငယ္ရဲ႕ မ်က္လုံးေတြနဲ႔ ဆုံလိုက္ရသည္။

သူ႔ရဲ႕မ်က္လုံးေတြဟာ ၾကည္လင္ေနၿပီး သူ႔ကို(လင္းေဆြ႕က်ိဳး)ခ်စ္စရာေကာင္းေအာင္ ၿပဳံးျပေနသည္။လင္းေဆြ႕က်ိဳးရဲ႕မ်က္လုံးေတြဟာ တုန္လႈပ္သြားခဲ့သည္။လင္းလ်န္ရွန႔္က ဒါကို ဘယ္လိုလုပ္ၿပီး ၾကားသြားရတာလဲ?......

လင္းေဆြ႕က်ိဳးက သူ႔ကို သူ႔ရဲ႕လက္ေမာင္းေတြနဲ႔ဆြဲယူလိုက္ကာ စားပြဲေပၚ ရွိမုန႔္ကို ယူလိုက္ၿပီး လင္းလ်န္ရွန႔္၏ လက္ထဲကိုထည့္ေပးလိုက္ရင္းႏူးႏူးညံ့ညံ့ေျပာလိုက္သည္။
"လ်န္ရွန႔္၊ သား ပါးပါးကို ခ်စ္လား?"

လ်န္ရွန႔္က မုန႔္ကို စားလိုက္ၿပီး ေခါင္းညိတ္လိုက္သည္။ "ခ်စ္ဖို႔ ႀကိဳးစားေနတယ္"

....ခ်စ္ဖို႔ႀကိဳးစားေနတယ္။

လုံးဝစိတ္ဝင္စားပုံမေပၚတဲ့ လ်န္ရွန႔္ကိုၾကည့္ရင္း  လင္းေဆြ႕က်ိဳးသည္ ႐ုတ္တရက္ အိမ္တြင္းအၾကမ္းဖက္မႈကို က်ဴးလြန္ခ်င္လာသည္။

လင္းေဆြ႕က်ိဳးက အသက္ျပင္းျပင္း ရွဴလိုက္ၿပီး သူ႔ကိုယ္သူ တည္ၿငိမ္ေအာင္လုပ္လိုက္သည္။
"ပါးပါးက သားရဲ႕မားမားကို suprise တိုက္ခ်င္တာ။ဒါကို မားမားကို လုံးဝမေျပာပါဘူးလို႔ ပါးပါးကို ကတိေပးႏိုင္မလား?"

လ်န္ရွန႔္သည္ မုန႔္ကို အကိုက္ႀကီးႀကီးသုံးကိုက္ ကိုက္စားလိုက္ၿပီး သူ႔လက္မွာေပက်ံေနတာကို ေျပာင္စင္ေအာင္ စုပ္လိုက္သည္။ၿပီးေနာက္သူ သည္လင္းေဆြ႕က်ိဳးကို ၾကည့္လိုက္ၿပီး သူ႔ရဲ႕မရင့္က်က္ေသးတဲ့ အသံဟာ ေမးခြန္းေတြနဲ႔ ျပည့္ႏွက္ေနခဲ့သည္။
"ဘာအတြက္လဲ?"

လင္းေဆြ႕က်ိဳး : " ပါးပါးက သားရဲ႕မားမားကို လက္ထပ္ဖို႔အတြက္ ကြၽန္းတစ္ကြၽန္းကို ေခၚသြားမလို႔"

သူဒီလိုေျပာၿပီးေနာက္မွာ ေလထုသည္ တိတ္ဆိတ္သြားကာ ႏွစ္ေယာက္လုံး ၿငိမ္သက္သြားေလသည္။

တစ္ခုခုမွားေနၿပီဟု ေတြးေတာမိေသာ လင္းေဆြ႕က်ိဳး သည္ သူ႔ႏႈတ္ခမ္းမ်ားကို အျမန္ပိတ္ကာ သူ႔ရဲ႕မိုက္မဲျခင္းအတြက္ သူ႔ကိုယ္သူ က်ိန္ဆဲလိုက္သည္။ေကာင္းၿပီ၊ အခု သူ႔သားငယ္က suprise တိုက္မဲ့အစီအစဥ္အေၾကာင္း သိ႐ုံသာမက suprise တိုက္မဲ့အေၾကာင္းအရာကိုလည္း သိသြားၿပီ။

"ဒါကို လွ်ိဳ႕ဝွက္ထားေပးမယ္လို႔ ပါးပါးကို ကတိေပးမယ္ဆိုရင္ ပါးပါး  မင္းကို Limited Edition Transformers အ႐ုပ္တစ္႐ုပ္ကို ဝယ္ေပးမယ္။"

လ်န္ရွန႔္ သူ႔မ်က္ေတာင္ေလးေတြကိုခတ္လိုက္
ၿပီး ေျပာလိုက္သည္။ "သား စူပါမန္းအက်ႌေရာလိုခ်င္တယ္"

လင္းေဆြ႕က်ိဳးက ရက္စ္ လို႔ေျပာဖို႔ တြန႔္ဆုတ္မေနဘူး။ "ဝယ္ေပးမယ္"

လ်န္ရွန႔္ : "သား မေန႔ကေတြ႕ခဲ့ရတဲ့ ေလယာဥ္ေသးေသးေလးကိုလည္း လိုခ်င္ေသးတယ္"

လင္းေဆြ႕က်ိဳး : "ဝယ္ေပးမယ္၊ ပါးပါးက သားလိုခ်င္တာအားလုံးဝယ္ေပးမယ္ ဒါေပမဲ့ ပါးပါးရဲ႕ အစီအစဥ္နဲ႔ ပတ္သတ္ၿပီး ဘယ္သူ႔ကိုမွ မေျပာဘူးလို႔ ပါးပါးကို ကတိေပးရမယ္"

"အိုေက" သူ႔အတြက္ အက်ိဳးအျမတ္မ်ားစြာရရွိခဲ့ေသာ လ်န္ရွန႔္ သည္ ဝမ္းသာအားရ ေခါင္းညိတ္လိုက္သည္။လင္းေဆြ႕က်ိဳး သည္ အနည္းငယ္စိုးရိမ္ေနေသးသျဖင့္ စာ႐ြက္တစ္႐ြက္ကိုထုတ္ကာ အာမခံ‌ေၾကာင္းစာတစ္ေစာင္ကို ခ်ေရးလိုက္ၿပီးေနာက္ လ်န္ရွန႔္ကို လက္ေဗြႏွိပ္ခိုင္းလိုက္သည္။ဒါနဲ႔ ပတ္သတ္ၿပီး လုံးဝမေျပာဖို႔ သူ႔ကို ထပ္ခါထပ္ခါ ကတိေတာင္းၿပီးေနာက္မွာ ေနာက္ဆုံးမွာေတာ့ လင္းေဆြ႕က်ိဳး သူ႔ကိုထားၿပီး ထြက္သြားလိုက္ေတာ့သည္။

သူထြက္မသြားခင္မွာ လ်န္ရွန႔္က ေထာပတ္ညႇပ္ေပါင္မုန႔္ႏွစ္ခုဝယ္ခဲ့ဖို႔ပါ မွာလိုက္ေသးသည္။

တိုက္ဆိုင္စြာပင္ လ်န္ရွန႔္သည္ အကစတူဒီယိုကေန ထြက္လာေသာ က်န္းထ်န္ဆီသို႔ေျပးသြားခဲ့သည္။သူမက ယခုေလးတင္ ေယာဂက်င့္ၿပီးသြားတာျဖစ္သည့္အတြက္ သူမမ်က္ႏွာေလးဟာ နီျမန္းေနၿပီး သူမဆံပင္ေတြဟာ ေခြၽးေတြစိုေနခဲ့သည္။လ်န္ရွန႔္ဟာ သူမေရွ႕မွာရပ္လိုက္ၿပီး  နာခံစြာနဲ႔ သူ႔မာမီကိုလွမ္းေခၚလိုက္သည္။

သူက လွ်ိဳ႕ဝွက္ခ်က္ကို သိ‌ေနသည့္အတြက္ေၾကာင့္ လ်န္ရွန႔္၏အမူအရာသည္ ယခုအခ်ိန္တြင္ အလြန္သဘာဝမက်ျဖစ္ေနခဲ့သည္။သူက ဟမ္းစတာေလးတစ္‌ေကာင္လိုမ်ိဳး သူ႔လက္ထဲမွာ မုန႔္ကိုကိုင္ထားၿပီး သူ႔ရဲ႕မ်က္လုံးႀကီးႀကီးေတြက တုန္လႈပ္ေခ်ာက္ခ်ားစြာနဲ႔ ဘယ္ညာလွည့္ၾကည့္‌ေနခဲ့သည္။

"မားမား၊သား ေကာေကာကို သြားရွာလိုက္ဦးမယ္..."

သူကလ်င္လ်င္ျမန္ျမန္နဲ႔ လွည့္ထြက္သြားေပမဲ့လည္း က်န္းထ်န္က သူမမ်က္လုံးေတြကိုမွိတ္လိုက္ၿပီး သူ႔ကိုလွမ္းဖမ္းလိုက္သည္။

လ်န္ရွန႔္ရဲ႕ ေနာက္ေက်ာေလးဟာေတာင့္တင္းသြားၿပီး သူမကို လွည့္မၾကည့္ရဲေပ။

"......."

ဒီကေလးက တစ္ခုခုကို ဖုံးကြယ္ထားတာပဲ။

က်န္းထ်န္က သူမရဲ႕အမူအရာကို ႏူး‌ညံ့ေအာင္လုပ္လိုက္ၿပီး သူ႔ေရွ႕မွာ တစ္ဝက္တစ္ပ်က္ထိုင္ခ်လိုက္သည္။
"လ်န္ရွန႔္....."

လ်န္ရွန႔္ရဲ႕ ႏွလုံးသားေလးဟာ ရပ္တန႔္သြားခဲ့သည္။

"သားရဲ႕ ပါးပါးကို သြားရွာၿပီးၿပီလား?"

လ်န္ရွန႔္ဟာ က်န္းထ်န္၏အၾကည့္ကို ေရွာင္ရွားရင္း ေခါင္းညိတ္လိုက္သည္။

က်န္းထ်န္၏ အသံက ပို၍ပင္ ႏူးညံ့လာၿပီး
"ပါးပါးကို ဘာလို႔သြားရွာတာလဲ?"

လ်န္ရွန႔္ဟာ သူ႔လက္ထဲမွာ မုန႔္ကိုကိုင္ထားၿပီး ဘာမွမေျပာခဲ့ဘူး။

"မားမားခန႔္မွန္းမယ္၊သားအမွားတစ္ခုခု လုပ္ခဲ့လို႔လား?"

"မဟုတ္ဘူး!"
လ်န္ရွန႔္ က ၿငီးတြားလိုက္ၿပီး သူ႔မုန႔္ကို မ်ိဳခ်လိုက္သည္၊ သူ႔မ်က္လုံးဝိုင္းဝိုင္းေလးသည္ ေၾကာင္ေလးတစ္ေကာင္လို ျဖစ္ေနကာ သူ႔လည္ပင္းကို ဆန႔္လိုက္ၿပီး "သား ဘာအမွားမွမလုပ္ခဲ့ဘူး"

က်န္းထ်န္ သူမမ်က္ခုံးေတြကိုပင့္လိုက္ၿပီး "ဒါဆို သားဘာလို႔ အျပစ္ရွိတဲ့ပုံေပၚေနတာလဲ?"

လ်န္ရွန႔္ က်ယ္ေလာင္စြာေအာ္ေျပာလိုက္သည္။
"သား အျပစ္ရွိတဲ့ပုံ မေပၚပါဘူး!"

"ဟမ္?"

ေလထုဟာ တိတ္ဆိတ္သြားခဲ့သည္။

က်န္းထ်န္၏ ေမးခြန္းထုတ္ေသာ မ်က္လုံးမ်ားကို ရင္ဆိုင္ရင္း လ်န္ရွန႔္ ၏ ပခုံးမ်ားသည္ ျဖည္းညႇင္းစြာ က်ဆင္းသြားကာ သူ႔ႏႈတ္ခမ္းေလးကိုစူထားၿပီး ‌"သားက ပါးပါးဆီက အက်ိဳးအျမတ္ေတြအမ်ားႀကီးယူထားၿပီးၿပီ ဒါေၾကာင့္ ပါးပါးက မားမားကို မဂၤလာပြဲလုပ္ၿပီး suprise တိုက္မယ္ဆိုတာကို သားေျပာလို႔မရဘူး"

"......."

သားလိမၼာေလးပဲ၊ သူ႔ဒယ္ဒီဆီက အက်ိဳးအျမတ္ေတြကို ယူထားၿပီးတာ‌ေတာင္ သူအကုန္လုံးကိုဘယ္‌လို ဝန္ခံႏိုင္ရတာလဲ?

လ်န္ရွန႔္ရဲ႕ မ်က္လုံးေလးေတြဟာ ၾကည္လင္ကာေတာက္ပေနၿပီး သူ႔လွ်ာေခ်ာ္သြားတဲ့အေၾကာင္းကို သူသတိမျပဳမိေသးဘူး။

သူမသားရဲ႕ တုံ႔ျပန္ပုံေလးက က်န္းထ်န္ကို အကူအညီမဲ့မႈကို ခံစားရေစေပမဲ့ သူမ ရယ္လည္းရယ္ခ်င္ေနၿပီး သူ႔ရဲ႕ႏူးညံ့ေပ်ာ့ေပ်ာင္းေသာ ဆံပင္မ်ားကို သူမ ပြတ္သပ္လိုက္ၿပီး "ဒါကို ေမ့လိုက္ေတာ့၊သားမေျပာခ်င္ရင္ မေျပာနဲ႔ေတာ့ သားအခု သြားလို႔ရၿပီ"

လ်န္ရွန႔္ သက္ျပင္းခ်လိုက္ရင္း ေအာက္ထပ္ကို ေျပးဆင္းသြားခဲ့သည္။

သူ႔သားေလး ေျပးထြက္သြားတာကို ၾကည့္ရင္း က်န္းထ်န္ သူမရဲ႕ ေမးေစ့ကို ထိလိုက္သည္။
စတီးလိုမ်ိဳး ေျဖာင့္တန္းသည့္ လင္းေဆြ႕က်ိဳးလို ေယာက်ၤားမ်ိဳးက စိတ္ဝင္စားဖို႔ေကာင္းသည့္ အႀကံဉာဏ္မ်ိဳးဘယ္လိုမွထြက္လာႏိုင္မည္မဟုတ္ေပ။ျဖစ္ႏိုင္ေခ်အမ်ားဆုံးကေတာ့ သူက ကြၽန္းငယ္ေလးတစ္ကြၽန္းကို ရွာေဖြၿပီး ထိုေနရာကို သူမကိုေခ်ာ့ရန္ အခြင့္အေရးတစ္ခုအျဖစ္သုံးမည္ျဖစ္‌သည္။

က်န္းထ်န္ ဒီအေၾကာင္းကို ပိုေတြးေလေလ၊ ျဖစ္ႏိုင္ေခ် ပိုမ်ားေလေလဟု သူမ ခံစားရေလသည္၊ ထို႔ေၾကာင့္ ေမးစရာတစ္ခုရွိတာက သူမ မသိခ်င္‌ေယာင္ေဆာင္ေနသင့္သလား?

သူမျငင္းလိုက္ရင္ လင္းေဆြ႕က်ိဳး က ဘာမွျပန္မေျပာရင္ေတာင္ ဝမ္းနည္းေနလိမ့္မည္။

ေကာင္းၿပီ သူမဒါကို မသိခ်င္ေယာင္ပဲေဆာင္လိုက္ေတာ့မယ္။

သူမစိတ္ကိုသူမျပင္ဆင္ၿပီးေနာက္မွာ က်န္းထ်န္ သည္ ေရခ်ိဳးဖို႔အတြက္ ေရခ်ိဳးခန္းထဲဝင္သြားလိုက္ေတာ့သည္။

လင္းေဆြ႕က်ိဳးသည္ ေနာက္ရက္မ်ားတြင္ လွ်ိဳ႕ဝွက္လာၿပီး အိမ္တြင္ သူ႔ကို ျမင္ႏိုင္ရန္ ခက္ခဲလာသည္။က်န္းထ်န္က သူဘာကိုအလုပ္ရႈပ္ေနမွန္း သိေပမယ့္ သူမ ဘာမွမသိခ်င္ေယာင္သာ ေဆာင္ေနလိုက္သည္။ထိုရက္မ်ားအတြင္း သူမသည္ အိမ္တြင္သာေန၍ ဇာတ္ၫႊန္းေရး‌ေနခဲ့ၿပီး တစ္ခ်ိဳ႕လႈပ္ရွားမႈမ်ားတြင္ ပါဝင္ရန္ အခါအားေလ်ာ္စြာ အျပင္ထြက္ခဲ့သည္။

မၾကာခင္မွာပဲ က်န္းထ်န္၏ ပထမဆုံးအြန္လိုင္းဒရာမာကို ထုတ္လႊင့္ခဲ့ၿပီး မူးယစ္ေဆးဝါးသုံးစြဲသူတစ္ဦးကို ဖန္သားျပင္ေပၚမွာ ျပန္ျမင္ခြင့္ျပဳဖို႔ အစိုးရက ပုံမွန္အတိုင္း ခြင့္မျပဳခဲ့‌ေပ။ေနာက္ဆုံးအားကိုးရာအျဖစ္ ႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားကုမၸဏီသည္ မတူညီေသာသ႐ုပ္ေဆာင္တစ္ဦးျဖင့္ ဖန္သားျပင္ကို ျပန္လည္႐ိုက္ကူးျပင္ဆင္ရန္ ဆုံးျဖတ္ခဲ့ၾကသည္။ထိုဒရမ္မာက အရွည္ႀကီးမဟုတ္တဲ့အတြက္ေၾကာင့္ ျပန္႐ိုက္ကူးဖို႔ အခ်ိန္မၾကာခဲ့ပါဘူး။
အခ်ိန္နဲ႔ ဘတ္ဂ်က္ အမ်ားႀကီး မကုန္ခဲ့ေပ။

ဒီဒရာမာဟာ ထုတ္လုပ္ေရးစကတည္းက အမ်ိဳးမ်ိဳးေသာ ျပသနာေတြ ႀကဳံေတြ႕ခဲ့ရသည္။ဒါေၾကာင့္ ကုမၸဏီေရာ ပရိသတ္ေရာ ဒီဒရမ္မာအေပၚမွာ အေကာင္းျမင္စိတ္မရွိၾကဘူး။ဒါေပမယ့္ တကယ္တမ္း  ထုတ္လြင့္ျပသခ်ိန္မွာေတာ့ ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္မႈအမ်ားအျပားကို လက္ခံခဲ့ရရွိခဲ့သည္။

က်န္းထ်န္ ေရးသားေသာ ဇာတ္ကြက္သည္ အလြန္ကိုေၾကာင္ေတာင္ေတာင္ႏိုင္ေပမဲ့လည္းပဋိပကၡမ်ားႏွင့္ ကြဲလြဲမႈမ်ား ပါဝင္ေပသည္။
အမ်ိဳးသမီးဇာတ္လိုက္မင္းသမီးသည္ လြတ္လပ္ေသာ ကိုယ္ရည္ကိုယ္ေသြးရွိသည္။သူမလုပ္ခ်င္တာကို က်ိဳးေၾကာင္းမဆင္မျခင္ပဲ လုပ္တတ္သည္။အမ်ိဳးသမီးဇာတ္လိုက္ေနရာမွာ သ႐ုပ္ေဆာင္ေသာ မင္းသမီး က်ဲ႕ခ်င္းရႈိ႕သည္ ဒီ‌ဇာတ္ေကာင္ကို ကာလာေတြအမ်ားႀကီး ထည့္သြင္းထားသည္။အတိုခ်ဳပ္ေျပာရလွ်င္ ဇာတ္ကြက္ႏွင့္ သ႐ုပ္ေဆာင္တဲ့စြမ္းရည္အားလုံး လိုက္ေလ်ာညီေထြမႈရွိေသာေၾကာင့္ သူမရဲ႕ဇာတ္႐ုပ္ကို အံမခန္းျဖစ္ေစသည္။

ဒီဒရမ္မာကို အြန္လိုင္းေပၚမွာ ပထမဆုံးထုတ္လြင့္ျပသသည့္ပထမအပတ္မွာပင္ အမ်ိဳးသမီးဇာတ္လိုက္မင္းသမီး ႏွင့္ က်န္းထ်န္သည္ ရွာေဖြမႉအမ်ားဆုံးစာရင္းဝင္သြားခဲ့သည္။ေစ်းကြက္ရွာေဖြေရးအေကာင့္‌ေတြရဲ႕ အႀကံျပဳခ်က္‌ေၾကာင့္ ဒီနာမည္ႀကီးတီဗီစီးရီး၏ အဆင့္သတ္မွတ္ခ်က္သည္ ဒုံးပ်ံလိုမ်ိဳး ျမင့္တက္လာခဲ့သည္။ ဇာတ္ၫႊန္းေရးဆရာအသစ္တစ္ေယာက္အေနျဖင့္ က်န္းထ်န္ သည္ ေက်ာ္ၾကားမႈအသစ္တစ္ခုကို ရရွိခဲ့သည္။

ဒုတိယအပတ္တြင္ "ငါ့ေယာက်ၤားက အယုတ္တမာ" ဒရမ္မာသည္ ၾကည့္ရႈသူ 500 မီလီယမ္ထက္ေက်ာ္သြားေသာေၾကာင့္ က်န္းထ်န္သည္ သူမ၏ Weibo ေပၚတြင္ တရားဝင္ ဂုဏ္ျပဳေၾကာင္း ပိုစ့္တင္ခဲ့သည္။

[ထ်န္ပရိသတ္မ်ားစုေဝးရာေနရာ : ငါ့မိန္းမက အရမ္းအရည္အခ်င္းရွိတာပဲ။ဒီႀကီးမားတဲ့အမႈိက္ထုပ္ႀကီးကို ငါအရမ္းစိတ္ပ်က္မိတယ္ ငါတို႔ရဲ႕ ဇာတ္လိုက္မင္းသမီးေလး သူ႔ကို သေဘာမက်ပါေစနဲ႔]

[က်န္းထ်န္ရဲ႕ ခါးပတ္ေလး : အမ်ိဳးသမီးဇာတ္ေဆာင္က သ႐ုပ္ေဆာင္အရမ္းေကာင္းတယ္၊သူမရဲ႕ မ်က္ႏွာေလးကလည္းမဆိုးဘူး မွတ္မိလြယ္တယ္]

[က်န္းထ်န္ရဲ႕ 36D : ငါလည္းပဲ အမ်ိဳးသမီးဇာတ္ေဆာင္က သ႐ုပ္ေဆာင္အရမ္းေကာင္းတယ္လို႔ထင္တယ္၊ငါတို႔ သစ္ပင္တစ္ပင္ကိုခ်စ္မယ္ဆို သူ႔အကိုင္းအခက္ေတြကိုပါ ခ်စ္ရမယ္ သူမကို support ၾကစို႔]

[Hbnudjowabnufbn: ဒီလို ဉာဏ္မမွီတဲ့ ဒရမ္မာမ်ိဳးကို ဘယ္လိုမ်ားၾကည့္ၾကတာလဲ?ပရိတ္သတ္ေတြကလည္း တစ္ခုခုပဲေနာ္]

[ေရွာင္လုံးေပါင္ : မင္းဒါကို ၾကည့္ၿပီးရင္ ဒီလိုမ်ိဳးမေျပာႏိုင္ပါဘူး]

[Hbnudjowabnufbn:ငါ ဒါကို ၾကည့္ၿပီးသြားၿပီ၊ဒါက တစ္ကယ္ကိုပဲ.....]

[ေရွာင္လုံးေပါင္ :ဒါက တစ္ကယ္ကို ေကာင္းတယ္ေလ၊ဟုတ္တယ္မလား?]

"........"

ထိုဒရာမာကို ထုတ္လႊင့္ၿပီးကတည္းက က်န္းထ်န္သည္ ၾကည့္ရႈသူမ်ား၏ တုံ႔ျပန္မႈမ်ားကို အနီးကပ္ လိုက္ၾကည့္ေနခဲ့ကာ ပရိသတ္မွ ေပးေသာ အႀကံျပဳခ်က္မ်ားႏွင့္ မွတ္ခ်က္မ်ားကို မွတ္သားထားခဲ့သည္။သူမသည္ ခ်ီးက်ဴးမႈမ်ားစြာကို ရရွိခဲ့ေသာ္လည္း တစ္ခ်ိန္တည္းမွာပင္၊  အနည္းငယ္က်ိန္ဆဲတာေတြကိုလည္းခံခဲ့ရသည္။သူမရဲ႕ ဒရာမာေရးရသည့္ရည္႐ြယ္ခ်က္က အသြားအလာအတြက္သာျဖစ္ၿပီး အခုဆို အင္တာနက္အသုံးျပဳသူေတြရဲ႕ ေဝဖန္မႈမခံရတာကို ေတြ႕ေတာ့သူမအံ့ဩသြားမိသည္။

သူမလုပ္ရမည့္ ေနာက္အရာတစ္ခုက ပိုမိုမ်ားျပားသည့္ အသိပညာမ်ားကို ရယူကာ ပိုေကာင္းသည့္ ဒရမ္မာ ဇာတ္ၫႊန္းကို ေရးရန္ျဖစ္ၿပီး သူမရရွိခဲ့သည့္ box office 5 million က အသက္ႏွစ္ဆယ္ေက်ာ္မွာ ေက်ာ္ၾကားသည့္မိန္းမငယ္ေလးတစ္ဦးအျဖစ္ မ်က္ႏွာရေစခဲ့ပါသည္။

"ငါ့ေယာက်ၤားက အယုတ္တမာ" ဇာတ္ကားသည္ နာမည္ႀကီးလာေသာေၾကာင့္ ႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကား ကုမၸဏီမ်ားစြာသည္ က်န္းထ်န္ကို လာေရာက္ေတြ႕ဆုံခဲ့ၾကသည္။သူမက သူမရဲ႕ကိုယ္ပိုင္ လုပ္ႏိုင္စြမ္းကို သိနားလည္ေပသည္။ဒီဒရာမာဟာ လုံးဝကို ကံတရားသက္သက္ေၾကာင့္ နာမည္ႀကီးလာခဲ့ျခင္းျဖစ္သည္။သူမေနာက္တစ္ခုေရးရင္ ေတာင္ ဒီေလာက္ေအာင္ျမင္မည္မဟုတ္ေပ။

သူမသည္ ကမ္းလွမ္းလာေသာ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ျငင္းပယ္ခဲ့ၿပီး သင္ယူျခင္းကိုသာ အာ႐ုံစိုက္ထားခဲ့ေလသည္။

အခ်ိန္ေတြကို ျဖတ္ေက်ာ္ၿပီးေနာက္မွာ ခရစၥမတ္အႀကိဳေန႔သည္‌နီးကပ္လာၿပီး ထိုေန႔ဟာ ခ်င္းခ်င္းရဲ႕ေမြးေန႔လည္းျဖစ္ေပသည္။

ၿပီးေတာ့ အဲ့ေန႔ဟာ.......

လင္းေဆြ႕က်ိဳး စီစဥ္ထားသည့္ suprise တိုက္မည့္မဂၤလာပြဲကလည္း ေရာက္လာေတာ့မည္မဟုတ္လား?တကယ္လို႔ ဒါသာ အဆင္သင့္မျဖစ္ေသးရင္ လအနည္းငယ္ၾကာေအာင္ ေစာင့္ေနရလြန္းလို႔ သူမရဲ႕စိတ္ရွည္မႈကို ဆုံးရႈံးသြားေတာ့မလိုပဲ။

ၿမိဳ႕ေတာ္ A သည္ ေအးေသာ ေဆာင္းတြင္းကိုဝင္လာၿပီး ဒီဇင္ဘာလတြင္ ရာသီဥတုသည္ပို၍ပင္ စိုစြတ္ၿပီး ေအးလာသည္။က်န္းထ်န္သည္ တစ္ေနကုန္ ေစာင္ထဲတြင္ေန၍ မလႈပ္ရွားခ်င္ေလာက္ေအာင္ျဖစ္ေနသည္။

မနက္မိုးလင္းလာတာႏွင့္ ျပတင္းေပါက္အျပင္ဘက္တြင္ ျမဴခိုးျဖဴေတြ တက္လာၿပီး ႏွင္းပြင့္ေလးေတြ တျဖည္းျဖည္းက်လာတာကို သူမေတြ႕လိုက္ရသည္။ဒါက ဒီႏွစ္ေဆာင္းတြင္းမွာ ပထမဆုံးက်တဲ့ ႏွင္းပဲ။

က်န္းထ်န္ဟာ သူမအက်ႌေတြကို ဟိုစမ္းဒီစမ္းလုပ္လိုက္ရင္း လသာေဆာင္ကို ထြက္လာသည့္အခါ ေလေအးေအးက တိုက္ခတ္‌ေသာေၾကာင့္ သူမခႏၲာကိုယ္တစ္ခုလုံးခ်မ္းလြန္း၍ တုန္သြားခဲ့သည္။သူမလည္ပင္းေလးကို က်ဳံ႔လိုက္ရင္း ႏွင္းပြင့္ေသးေသးေလးေတြကို ေကာက္ယူဖို႔ ေလွ်ာက္သြားလိုက္သည္။ႏွင္းပုံေလးေတြက အၾကာႀကီးခံမဲ့ပုံ‌မေပၚေပ။

"မင္းေလးက အေအးမိမွာ မေၾကာက္ဖူးပဲ။"
ေရခ်ိဳးခန္းထဲကေနထြက္လာသည့္ လင္းေဆြ႕က်ိဳးဟာ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူမကို ေနာက္သို႔ဆြဲလိုက္ကာ ေလေအးေတြကေနကာဖို႔ လသာေဆာင္တံခါးကို ပိတ္လိုက္သည္။

က်န္းထ်န္သည္ သူမ၏ေအးစက္ေနေသာလက္ႏွင့္ သူ႔လည္ပင္းကိုဖက္လိုက္ၿပီး သူ ၾကက္သီးထသြားတာကိုေတြ႕လိုက္ရသည္။သူမ မရီဘဲ မေနႏိုင္စြာနဲ႔ "ကို က အေအးေၾကာက္တာလား?"

"ကိုက ေယာက်ၤားတစ္ေယာက္ေလ ဘယ္လိုလုပ္ အေအးေၾကာက္မွာလဲ" လင္းေဆြ႕က်ိဳး အမူအရာမဲ့စြာေျပာလိုက္သည္။သူမလက္ကိုခ်လိုက္ၿပီးေနာက္မွာ သူ အဝတ္လဲခန္းထဲသို႔ ဝင္သြားခဲ့သည္။

က်န္းထ်န္သည္ တံခါးေရွ႕မွာ ကိုယ္လုံးတီးရပ္ေနေသာ ထိုအမ်ိဳးသားကိုၾကည့္ရင္း သူမႏႈတ္ခမ္းကို လွ်ာနဲ႔သပ္လိုက္ၿပီး "ခရစၥမတ္အႀကိဳေန႔က နီးေနၿပီေလ...."

"အင္း"

"ခ်စ္တို႔ ခ်င္းခ်င္းရဲ႕ ေမြးေန႔ပြဲကို ဘယ္လိုက်င္းပၾကမလဲ?"

ထိုအမ်ိဳးသားသည္ သူ၏ရွည္လ်ားေသာမ်က္ေတာင္မ်ားကို အနည္းငယ္မေျမႇာက္မီ နက္ကတိုင္ကို ေျဖးညႇင္းစြာစည္းရင္း လက္ၾကယ္သီးကိုတပ္လိုက္သည္။
"အျပင္မွာ က်င္းပၾကမယ္"

သူမထင္တာ လာေတာ့မွာလား?

‌က်န္းထ်န္၏ မ်က္လုံးေလးေတြဟာ ေတာက္ပလာၿပီး သူမ၏ စိတ္တည္ၿငိမ္ေအာင္ အျမန္လုပ္လိုက္ရသည္။ "အျပင္က ဘယ္မွာလဲ?"

လင္းေဆြ႕က်ိဳးေျပာလိုက္သည္။
"အဲ့အခ်ိန္က် ကို ႏိုင္ငံျခားမွာ ေငြေၾကးေထာက္ပံ့ေရးအဖြဲ႕အစည္းတစ္ခုကလုပ္တဲ့ပါတီ တက္ဖို႔ရွိတယ္။ခ်စ္ နဲ႔ ကေလးေတြ ကိုနဲ႔အတူလိုက္ခဲ့ရလိမ့္မယ္။အဲ့ပါတီၿပီးရင္ ကိုတို႔ ေမြးေန႔ပြဲကို အတူတူက်င္းပၾကရေအာင္"

က်န္းထ်န္က သိခ်င္ေယာင္ေဆာင္ေနကာ ဘာမွမေျပာဘဲတိတ္တိတ္ေလးၾကည့္ေနလိုက္သည္။အဲ့ဒီအစား သူမဟာအေကာင္းဆုံးႀကိဳးစားၿပီး သူနဲ႔ပူးေပါင္းၿပီး သ႐ုပ္ေဆာင္လိုက္သည္။
"ဒါလည္းေကာင္းတာပဲ ဒါေပမဲ့ ခ်စ္တို႔က ကို႔ကို အေႏွာင့္အယွက္မျဖစ္ေစဘူးလား"

လင္းေဆြ႕က်ိဳးေခါင္းခါလိုက္သည္။

"ေကာင္းၿပီ၊ ကို ကုမၸဏီသြားတဲ့လမ္းမွာ ဂ႐ုစိုက္ဦး။ ဒီေန႔ ႏွင္းေတြက်ေနၿပီး လမ္းက ေမာင္းရတာမလြယ္တာမို႔ driverကို ျဖည္းျဖည္းေမာင္းခိုင္းဦး"
သူမကေရွ႕ကိုေလွ်ာက္သြားလိုက္ၿပီး သူ႔ နက္ကတိုင္ကိုေသခ်ာညႇိေပးဖို႔ေျခဖ်ားေထာက္ရပ္လိုက္သည္။

လင္းေဆြ႕က်ိဳး၏ႏႈတ္ခမ္းေတြဟာ ႏူးညံ့စြာၿပဳံးသြားခဲ့သည္။သူမ၏ ႏူးညံ့ေသာ နား႐ြက္ေလးကို သူ႔လက္ႀကီးႀကီးျဖင့္ ဖြဖြေလးညႇစ္ရင္း ေျပာလိုက္သည္။
"ကို မီတင္ၿပီးတာနဲ႔ျပန္လာခဲ့မယ္၊ခ်စ္ကိုယ္ ခ်စ္ေရာ ကေလးေတြကိုေရာ ဂ႐ုစိုက္ဦး"

"ခ်စ္သိပါတယ္၊သူတို႔က ကေလးေသးေသးေလးေတြမဟုတ္ေတာ့ပါဘူး"

က်န္းထ်န္ က သူ႔ပါးကို နမ္းလိုက္ၿပီး တံခါးအျပင္ကို ေခၚသြားလိုက္သည္ ။

သူထြက္သြားၿပီးၿပီးခ်င္းမွာပဲ သူမ အေပၚထပ္ကိုအျမန္‌ေျပးတက္သြားကာ လင္းေဆြ႕က်ိဳး ၏ လက္ေထာက္ ကို WeChat မွတစ္ဆင့္ ဆက္သြယ္ခဲ့သည္။

[က်န္းထ်န္ : မဂၤလာပြဲကို ဘယ္လိုမ်ိဳး ျပင္ဆင္ထားတာလဲ?]

လင္းေဆြ႕က်ိဳးသည္ သူမအတြက္ suprise ျဖစ္ေအာင္ မဂၤလာပြဲကိုျပင္ဆင္ေနမွန္းသိၿပီးေနာက္ မွာ က်န္းထ်န္သည္ လင္းေဆြ႕က်ိဳး၏ လက္ေထာက္ကို လာဘ္ထိုးကာ လက္ေထာက္ကသူမအား အရာအားလုံးကို ေျပာျပၿပီး အေၾကာင္းကိစၥေသးေသးေလးကအစပင္ သူမကို ခ်က္ခ်င္းအသိေပးသည္။ဒီလိုလုပ္တာဟာ မေကာင္းဘူးဆိုတာ သူမသိေပမဲ့လည္း  သူမက တစ္ကယ္ တစ္ကယ္ကို လူေျဖာင့္ႀကီးလင္းရဲ႕ အရသာခံႏိုင္စြမ္းကိုမယုံၾကည္ပါဘူး။ေနာက္ဆုံးမွာ ဒါက သူမရဲ႕ ပထမဆုံးအႀကိမ္လက္ထပ္တာေလ သူမက ဒါနဲ႔ပတ္သတ္ၿပီး အတင္းအဖ်င္းေျပာစရာမျဖစ္ခ်င္ခဲ့ေပ။

[လက္ေထာက္ : ဥကၠဌလင္းက ေစာနကပဲ wedding dress ေ႐ြးၿပီးသြားပါၿပီ]

[က်န္းထ်န္ : အဲ့တာေတြကို ကြၽန္မကို ျပဦး]

လက္ေထာက္က မဂၤလာဝတ္စုံပုံေလးေတြကို ပို႔ေပးခဲ့သည္။

လင္းေဆြ႕က်ိဳးက ႐ိုမန႔္တစ္ဆန္တဲ့သူတစ္ေယာက္မဟုတ္ေပမဲ့ သူ႔မ်က္လုံးေတြကေတာ့မဆိုးပါဘူး။သူေ႐ြးထားတဲ့ မဂၤလာဝတ္စုံေတြက ေၾကာ့ရွင္းၿပီး ပုံမွန္ေမာ္ဒယ္ေတြေတာင္ အရမ္းလွၾကသည္။

[လက္ေထာက္ : ဒီတေခါက္ ဥကၠဌလင္းက တကယ္ကို အာ႐ုံစိုက္ထားတာ။သူက မစၥလင္းအတြက္ ဝတ္စုံဒီဇိုင္းဆြဲေပးဖို႔ နာမည္ႀကီးျပင္သစ္ဒီဇိုင္နာတစ္ေယာက္ကိုေတာင္ငွားထားေသးတယ္။မဂၤလာဝတ္စုံငါးစုံလုံးခ်ဳပ္ၿပီးသြားေပမဲ့ ကြၽန္မထင္တာကေတာ့ ဥကၠဌလင္းက သိပ္မေက်နပ္ေသးဘူးထင္တယ္...]

[က်န္းထ်န္ :သူက ဘာကို မေက်နပ္တာလဲ?]

[လက္ေထာက္ : သူေျပာတာက မဂၤလာဝတ္စုံေတြက အရမ္းလွလြန္းတယ္တဲ့။ ဒါေတြကိုသာ မစၥလင္းဝတ္မယ္ဆို တစ္ေယာက္ေယာက္က မစၥလင္းကို မဂၤလာပြဲကေနျပန္ေပးဆြဲသြားမွာကို သူေၾကာက္တယ္တဲ့]

"......."

ဒီလူရဲ႕ေခါင္းက ျမင္းကန္တာ ခံခဲ့ရတာလား?

[က်န္းထ်န္ : ကြၽန္မ သုံးစုံေျမာက္ဝတ္စုံကိုေ႐ြးတယ္။ဥကၠဌလင္းကေမးတဲ့အခါက် သုံးစုံေျမာက္ဝတ္စုံလို႔သာ ရွင္ေျပာလိုက္]

[လက္ေထာက္ : ဟုတ္ကဲ့ပါ ]

[က်န္းထ်န္ : တကယ္လို႔ သူတစ္ခုခုအေျပာင္းအလဲလုပ္ရင္ ကြၽန္မကို ခ်က္ခ်င္းအေၾကာင္းၾကားေပးပါ]

[လက္ေထာက္ :ဟုတ္ကဲ့ပါ ကြၽန္မေသခ်ာ‌ေပါက္လုပ္လိုက္ပါ့မယ္စိတ္ခ်ပါ ၊ အေျပာင္းအလဲ တစ္စုံတစ္ရာ ရွိခဲ့ပါက မဒမ္ကို ကြၽန္မ အရင္ဆုံးအေၾကာင္းၾကားေပးပါ့မယ္။]

ေသခ်ာတာတစ္ခုက သူမဟာ ဒီမဂၤလာပြဲကိုလည္း သူမကိုယ္တိုင္ စီစဥ္ခဲ့တာျဖစ္သည္။

သူမက အဲ့ကြၽန္းကို တစ္ကယ္ကို မႀကိဳက္ခဲ့ပါဘူး။သူမကြၽန္းကိုျမင္တဲ့အခါမွာ ဝိဉာဥ္လြမ္းမိုးခံရမွာကို ေၾကာက္တဲ့ အေၾကာက္တရားတစ္ခုရွိသည္။

မဂၤလာပြဲေန႔မတိုင္ခင္ သုံးရက္အလိုတြင္ လင္းေဆြ႕က်ိဳးသည္ ေငြေၾကးေထာက္ပံ့ေရးအဖြဲ႕အစည္းတစ္ခု၏ပါတီတြင္ ပါဝင္ျခင္းအေၾကာင္းျပခ်က္ေၾကာင့္ သူ၏မိသားစုကို H ႏိုင္ငံသို႔ ေခၚေဆာင္သြားခဲ့သည္။H ႏိုင္ငံ၏ရာသီဥတုသည္ တစ္ႏွစ္ပတ္လုံး ေႏြဦးရာသီျဖစ္ၿပီး တစ္ႏွစ္ပတ္လုံး ေႏြရာသီပန္းပြင့္မ်ား၊ ကမ္းေျခမ်ား၊ အပူလႈိင္းမ်ားႏွင့္ ေႏြရာသီ၏ရနံ႔မ်ားသည္ ေနရာတိုင္းေတြျပန႔္ႏွံ႔ေနသည္။ေဆာင္းရာသီ၏ အေအးဒဏ္မွ လြတ္ေျမာက္ၿပီး ပူျပင္းေသာ ေနေရာင္ျခည္သည္ လူမ်ားကို ပို၍ စိတ္လႈပ္ရွားေစသည္။

က်န္းထ်န္ နဲ႔ ကေလးေတြဟာ တစ္ညလုံး ေလယာဥ္စီးခဲ့ၾကေသာေၾကာင့္ ပင္ပန္းေနခဲ့ၾကသည္။အားလပ္ရက္ ဗီလာမွာ ေရာက္တာနဲ႔ပဲ သူတို႔ဟာ ေစာေစာ အိပ္ယာဝင္သြားခဲ့ၾကသည္။

ေနာက္တစ္ေန႔မွာ တစ္စုံ‌တစ္ေယာက္သည္ မဂၤလာဝတ္စုံကိုယူၿပီးေရာက္လာခဲ့သည္။

သန႔္ရွင္းေသာ ေရသူမ‌အၿမီး အျဖဴေရာင္ပုံစံမဂၤလာဝတ္စုံသည္ လက္ရာေသသပ္ၿပီး သပ္ရပ္လွပသည္။ဝတ္စုံကို ေငြေရာင္အလင္းျပန္ဟပ္ေသာ စိန္မ်ားျဖင့္ အလွဆင္ထားေလသည္။က်န္းထ်န္သည္ ဒါကို ႀကိဳမသိခဲ့ဘူးဆိုရင္ သူမဟာဒီဝတ္စုံနဲ႔ ပါတီပြဲကို သြားဖို႔လို႔ပဲ ေတြးေနခဲ့လိမ့္မည္။

မိတ္ကပ္လိမ္းၿပီးတာႏွင့္ stylist ကသူမရဲ႕ ဝတ္စုံကို ဂ႐ုတစိုက္လဲေပးခဲ့သည္။ဒီမဂၤလာဝတ္စုံ၏စတိုင္သည္အေတာ္ေလး႐ိုးရွင္းေသာ္လည္းအေသးစိတ္အခ်က္အလက္မ်ားကိုအထူးသျဖင့္ထိမိခဲ့သည္။တင္းက်ပ္တဲ့အတိုင္းက သူမရဲ႕လွပ‌တဲ့ေကာင္ေၾကာင္းနဲ႔ ရွည္လ်ားလွသည့္ေျခတံေတြကို ေပၚလြင္ေစသည္။ဒူးေအာက္ကေန သိသိသာသာကားသြားသည့္ဂါဝန္စက ၾကမ္းျပင္ဆီကို တည့္တည့္က်သြားၿပီ၊ ႏူးညံ့သိမ္‌ေမြ႕သည့္ပုံစံနဲ႔ ခ်ယ္လွယ္ထားသည့္ ရွည္လ်ားေသာ ဇာအထပ္အထပ္ေလးေတြက ေနေရာင္ေအာက္က ေရလႈိင္းေတြလိုမ်ိဳးေတာက္ပေနသည္။

က်န္းထ်န္က ကန႔္လန႔္ကာကိုဖြင့္လိုက္ၿပီး အဝတ္အစားခန္းထဲက‌ေန ဂ႐ုတစိုက္ ထြက္လာခဲ့လိုက္သည္။

သူမရဲ႕ မိတ္ကပ္လိမ္းျခယ္မႈမွာ တာဝန္ရွိတဲ့ မိတ္ကပ္ပညာရွင္သည္ က်န္းထ်န္ရဲ႕ အလွကို ျမင္ျမင္ခ်င္းခ်က္ျခင္း မွင္သက္သြားခဲ့သည္။
သူမက မွန္ျပတင္းေပါက္ေရွ႕မွာရပ္ေနခဲ့ၿပီး သူမရဲ႕ဆံပင္ေတြဟာ ဟိုတစ္စုတစ္ဒီတစ္စုျဖစ္ေနခဲ့ၿပီးအျပင္ဘက္မွေနေရာင္ျခည္က သူမရဲ႕ လွပေသာ မ်က္ႏွာသြင္ျပင္ကို  လုံးဝလြမ္းၿခဳံထားကာ သူမရဲ႕အနက္ေရာင္ဆံပင္မ်ားသည္အျဖဴေရာင္ဇာမ်ားျဖင့္ ယွက္ႏြယ္ေနၿပီး ပန္းခ်ီကားထဲမွ ထြက္လာသလိုမ်ိဳး မယုံႏိုင္ေလာက္ေအာင္ လွပေနၿပီး  လူေတြက သူမဆီကေန မ်က္လုံးမခြာႏိုင္ၾကေပ။

"ေက်းဇူးျပဳၿပီးထိုင္ပါ"

က်န္းထ်န္သည္ မိတ္ကပ္မွန္ေရွ႕တြင္ထိုင္လိုက္ၿပီး စတိုင္လစ္က သူမေနာက္သို႔ လွည့္ပတ္သြားကာသူမ၏ခါးအထိ ရွည္လ်ားေသာ ဆံပင္ေကာက္ေကာက္ေတြကို ခ်စ္စဖြယ္ေကာင္းေအာင္ၿဖီးေပးလိုက္သည္။

သူမဆံပင္သည္ ထူၿပီးရွည္ကာ ႏူးညံ့သည့္အတြက္ သူမဆံပင္ကိုပုံသြင္းဖို႔အတြက္ အားအနည္းငယ္စိုက္ထုတ္ရသည္။ဒါေပါ့ စတိုင္လစ္က မခက္ခဲတဲ့အျပင္ေပ်ာ္ေတာင္ေပ်ာ္႐ႊင္ေနေသးသည္။သူမရဲ႕ဆံပင္ရွည္ကို ပန္းပြင့္ပုံသ႑ာန္ျဖစ္ေအာင္ ဂ႐ုတစိုက္လိမ္ၿပီး ေနာက္ဆုံးမွာ သရဖူကို တပ္လိုက္သည္။

ထိုသရဖူသည္ အလြန္လက္ရာေျမာက္ေပသည္။ထိုဟာကို သူမေခါင္းမွာဝတ္လိုက္သည့္အခ်ိန္မွာ လွပသည့္မိန္းမပ်ိဳေလးအျဖစ္ကေန လွပသည့္ဘုရင္မအျဖစ္သို႔ေျပာင္းလဲသြားသည္။က်န္းထ်န္က ေတာ္ေတာ္ေလးလွပတယ္လို႔ ခံစားရေပမဲ့လည္း အဲ့တာရဲ႕အေလးခ်ိန္က သူမလည္ပင္းကိုမသက္မသာျဖစ္ေစသည္။အားလုံးကိုၿခဳံေျပာရရင္ ဒါက.....ေငြရဲ႕အေလးခ်ိန္ပဲ။

ေနာက္ဆုံးအဆင့္အေနနဲ႔ စတိုင္လစ္က သူမကို ဇာပါဝါအျဖဴေလးႏွင့္ ဖုံးအုပ္ေပးလိုက္သည္။

သူမသည္ အစီအစဥ္ကို သိေနတာေတာင္ က်န္းထ်န္သည္ ပူးေပါင္းေဆာင္႐ြက္လိုဆဲပုံစံျဖင့္ေမးလိုက္ေသးသည္။
"ဇာပါဝါကို ဘာလို႔ဝတ္ရမွာလဲ၊ဒါကပါတီတစ္ခုပဲ မဟုတ္ဘူးလား?"

က်န္းထ်န္ရဲ႕ ေမးခြန္းကိုၾကားသည့္အခါမွာ သူတို႔၏အမူအရာသည္ လုံး၀ ရႈပ္ေထြးသြားျခင္းမရွိေပ။
"ဒီေန႔ညပါတီမွာ ဂိမ္းအစီအစဥ္တစ္ခုရွိၿပီး မဒမ္ရဲ႕ေယာက်ၤားက ဇာပါဝါကို မၿပီး မဒမ္ကို လိုက္ရွာရမယ္၊ဒီဂိမ္းမွာ အျမန္ဆုံးရွာေတြးတဲ့တစ္ေယာက္ကသာ လွ်ိဳ႕ဝွက္ထားတဲ့ ဆုႀကီးတစ္ခုကိုရလိမ့္မယ္"

"........."

လင္းေဆြ႕က်ိဳးတစ္ေယာက္ထဲကသာ ဒီလိုဆိုး႐ြလြန္းတဲ့ အေၾကာင္းျပခ်က္မ်ိဳးေပးႏိုင္ေပလိမ့္မည္။

"အဆင္သင့္ျဖစ္ရင္ ကြၽန္မတို႔ သြားၾကရေအာင္"

က်န္းထ်န္ ေခါင္းညိတ္လိုက္ၿပီးသူတို႔ေနာက္ကေနလိုက္ခဲ့ရင္း ဟိုတယ္မွထြက္ခြာကာ အေပ်ာ္စီးသေဘၤာေပၚသို႔တက္ခဲ့လိုက္သည္။

အျပာေရာင္ေကာင္းကင္သည္ အျပာေရာင္ပင္လယ္ႏွင့္ထိစပ္ေနၿပီး သူမဘုတ္ေပၚမွာ ထိုင္ေနစဥ္မွာပင္ ပင္လယ္လင္းယုန္မ်ားသည္ အဆုံးမရွိပင္လယ္ျပင္သို႔ ႏွိမ့္ဆင္းသြားၾကသည္။သူမသည္ ေရထဲတြင္ေပၚေနေသာ သူမရဲ႕ပုံရိပ္ကို ငုံ႔ၾကည့္လိုက္သည္။ထိုအမ်ိဳးသမီးသည္ အလြန္လွပၿပီး သူမ၏မ်က္လုံးမ်ားသည္ ေမွ်ာ္လင့္ခ်က္ေတြႏွင့္ျပည့္ႏွက္ေနခဲ့သည္။

ဒီ suprise ကို သူမေစာေစာသိခဲ့ေပမယ့္လည္းတကယ္ႀကဳံလာရသည့္အခါတြင္ သူမစိတ္မလႈပ္ရွားဘဲမေနႏိုင္ဘူး။

အရင္တုန္း သူမအိမ္ေထာင္ျပဳမည့္ေန႔ကို ဘယ္တုန္းကမွ မေတြးခဲ့ဖူးသလို မဂၤလာပြဲကိုလည္း ေစာင့္မေမွ်ာ္ခဲ့ဘူး‌ေပ။အခုျပန္ေတြးၾကည့္ေတာ့ သူ မေမွ်ာ္လင့္ခဲ့သည့္ အေၾကာင္းအရင္းက သူမရဲ႕ right person ကို မေတြ႕ခဲ့လို႔ပဲျဖစ္သည္။

ကမာၻေပၚမွာ မင္းကို မဂၤလာဝတ္စုံဝတ္ၿပီး ကတိသစၥာျပဳခ်င္သည့္ တစ္စုံတစ္ေယာက္ကေတာ့ အၿမဲရွိေနလိမ့္မည္ျဖစ္သည္။

အေပ်ာ္စီးသေဘၤာသည္ ကြၽန္းတစ္ကြၽန္းေပၚတြင္ ရပ္တန႔္လိုက္ၿပီး က်န္ထ်န္ဆင္းသြားခဲ့သည္။

သူမေရွ႕က ျမင္ကြင္းကို ျမင္လိုက္ရေတာ့ သူမ အံ့ၾသမိေသးသည္။

သူမေရွ႕မွာ ပြင့္ဖက္ေလးေတြနဲ႔ ခင္းထားသည့္ လမ္းေၾကာင္းေလးရွိေနခဲ့သည္။ထိုလမ္းေၾကာင္းေလးဟာ ေကြ႕ေကာက္ၿပီး ရွည္လ်ားသည္။ႏွစ္ဖက္လုံးမွာရွိသည့္ ပန္းေတြပြင့္ေနသည့္ သစ္ပင္ထူထူေတြကလည္း ေနေရာင္ျခည္ကို ကာဆီးေပးထားသည္။ေတာနဲ႔ ပန္းပြင့္ေတြနဲ႔ဟာ ေရာယွက္ေနသည္။သမင္ေသးေသးေလးတစ္ေကာင္သည္ သူ႔ေခါင္းကိုစူးစမ္းခ်င္စိတ္ျပည့္စြာနဲ႔ ပုတ္ျပသည္။ေဘးဘက္ကို ၾကည့္ၿပီးတာနဲ႔ သူအေဝးကို ျမန္ျမန္ပဲ ေျပးထြက္သြားခဲ့သည္။သူမသည္ႀကီးက်ယ္ခမ္းနားသည့္ စိတ္ကူးယဥ္ စြန႔္စားခန္းတစ္ခုကို ရင္ဆိုင္ရေတာ့မည့္ ယုန္တြင္းထဲက်သြားခဲ့သည့္ Alice လိုမ်ိဳး  ျဖစ္ေနခဲ့သည္။

က်န္းထ်န္သည္အသက္ျပင္းျပင္းရွဴလိုက္ၿပီး အထဲကို ဂ႐ုတစိုက္ ေလွ်ာက္သြားလိုက္သည္။

အလင္းေရာင္က တျဖည္းျဖည္း က်ယ္ျပန႔္လာၿပီး သူမေရွ႕က ရႈခင္းေတြက ၾကည္လင္လာခဲ့သည္။

သစ္ပင္တစ္ပင္လိုမ်ိဳး ေျဖာင့္တန္းေနေသာေက်ာ႐ိုးျဖင့္ သူဟာအဆုံးမွာ မတ္တပ္ရပ္ေနခဲ့သည္။သူ႔ရဲ႕ နက္နဲ‌ေသာမ်က္ဝန္းတစ္စုံသည္ သူမကလြဲလို႔ ဘယ္သူမွပါဝင္ျခင္းမရွိသလိုမ်ိဳး သူမကိုသာစိုက္ၾကည့္ေနခဲ့သည္။

လႈိင္းေတြဟာ ရပ္တန႔္သြားဟန္ထင္ရၿပီး ေလေတြကလည္း ၿငိမ္က်သြားခဲ့သည္။သူမျမင္ႏိုင္သမွ်ကေတာ့ လင္းေဆြ႕က်ိဳးသာျဖစ္သည္။

လင္းေဆြ႕က်ိဳး သည္ သူမဆီသို႔ တစ္လွမ္းၿပီးတစ္လွမ္း လွမ္းကာ အနည္းငယ္ေကြးလိုက္ၿပီး က်န္းထ်န္၏လက္ကို ကိုင္လိုက္သည္။

က်န္းထ်န္သည္ ေနာက္ဆုံးတြင္ ျပန္လည္သတိဝင္လာကာ ေခါင္းကိုလွည့္ၿပီး ႏွစ္ဖက္စလုံးရွိ ဧည့္သည္မ်ားကို ၾကည့္လိုက္ရာ ေနာက္ဆုံးတြင္ လင္းေဆြ႕က်ိဳးဆီမွာ သူမရဲ႕အၾကည့္က ရပ္တန႔္သြားခဲ့သည္။
"ဒါက ေငြေၾကးေထာက္ပံ့ေရးအဖြဲ႕အစည္းကလုပ္တဲ့ပါတီ ဟုတ္လို႔လား?"

လင္းေဆြ႕က်ိဳးရဲ႕ ႏႈတ္ခမ္းေတြဟာ တြန႔္ေကြးသြားၿပီး "ေကာင္းၿပီ ဒါက အမွန္အကန္ ေငြေၾကးေထာက္ပံ့ေရးပါတီပဲ"

"ကို ဘာကိုဆိုလိုတာလဲ?"

သူက က်န္းထ်န္ နား နားကိုတိုးကပ္သြားၿပီး သူ႔ရဲ႕ sexy က်ၿပီး နက္နဲတဲ့အသံတိုးတိုးေလးျဖင့္
"မစၥက်န္း ကို႔ကို လက္ထပ္ၿပီး ေငြေၾကးေထာက္ပံ့ေပးႏိုင္မလား?"

က်န္းထ်န္က ရယ္တာကို ထိန္းဖို႔ႀကိဳးစားရင္း
"ဒါေပမဲ့ ခ်စ္တို႔က လက္ထပ္မွတ္ပုံတင္ၿပီးၿပီေလ"

လင္းေဆြ႕က်ိဳးက ေလးနက္စြာျဖင့္ "ထုံးထမ္းစဥ္လာက ပိုအေရးႀကီးတယ္"

မဟုတ္ရင္ လုံၿခဳံမႈမရွိဘူး။(T.N သူ႔မိန္းမကို တစ္ေယာက္ေယာက္ ခိုးသြားမွာေၾကာက္ေနရွာတာ🤧)

ႏွစ္ေယာက္သား သစ္ပင္ပန္းမန္‌ေတြေရွ႕မွာ ရပ္လိုက္ၾကၿပီး ကတိကဝတ္မ်ား ဖလွယ္ၾကၿပီးေနာက္ လင္းေဆြ႕က်ိဳးသည္ လက္စြပ္ကို ကိုင္ကာ ဒူးေထာက္လိုက္ၿပီး သူမအား ခ်စ္ရည္႐ႊန္းေသာမ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။
"က်န္းထ်န္ ကိုယ့္ကိုလက္တပ္ႏိုင္မလား?"

က်န္းထ်န္သည္ သူ႔လက္ႀကီးႀကီးထဲရွိ လက္စြပ္‌ေသးေသးေလးကို ၾကည့္လိုက္ေသာအခါ အနည္းငယ္ မွင္တက္သြားသလို ခံစားလိုက္ရသည္။သူမ ဒီကမာၻကို စေရာက္တဲ့ပထဆုံးေန႔ထဲက အေၾကာင္းျပခ်က္မရွိဘဲ အေမတစ္ေယာက္ျဖစ္လာခဲ့ၿပီး ယခုေတာ့ တစ္စုံတစ္ေယာက္ရဲ႕ ဇနီးပါျဖစ္လာခဲ့ၿပီ။
ဒါက စာအုပ္တစ္အုပ္ျဖစ္ရင္ တစ္ေယာက္ေယာက္က သူမကို ဒီေၾကာက္႐ြံ႕ဖြယ္ေကာင္းတဲ့ကံတရားကို လက္ခံဖို႔ ႀကိမ္းေမာင္းရလိမ့္မယ္။

ဒါေပမဲ့.....

ဒီကံတရားက အရမ္းလွပတယ္။

သူမတြင္ အရင္က ေဆြမ်ိဳးမရွိ၊ ခ်စ္ျခင္းေမတၱာမရွိ၊ အသိအကြၽမ္းမရွိခဲ့ေပ။ဒါေပမဲ့ ဒီမွာေတာ့ သူမမွာ သူမရဲ႕မိသားစု၊သူမခ်စ္တဲ့သူေတြနဲ႔ အသိေတြရွိလာခဲ့ၿပီျဖစ္သည္။

က်န္းထ်န္ သူမလက္ေခ်ာင္းေလးကို ေျဖးညႇင္းစြာထုတ္လိုက္ၿပီး ႏူးညံ့စြာေျပာလိုက္သည္။
"ကြၽန္မ လုပ္ႏိုင္တယ္"

လင္းေဆြ႕က်ိဳး၏ ေတာင္းတင္းေနေသာအာ႐ုံေက်ာမ်ားသည္ ေနာက္ဆုံးမွာေျပေလ်ာ့သြားၿပီး သူထကာ အနည္းငယ္ ကုန္းလိုက္ၿပီး က်န္းထ်န္း၏ႏႈတ္ခမ္းကို အျဖဴေရာင္ဇာပါဝါကို ျဖတ္ေက်ာ္ၿပီး နမ္းလိုက္သည္။သူ‌တို႔ႏွစ္ေယာက္ေဘးရွိ ေကာင္းကင္ေပၚတြင္ ပန္းမိုးမ်ား႐ြာသြန္းလာခဲ့သည္။

က်န္းထ်န္ သူမမ်က္လုံးေတြကိုမွိတ္လိုက္ၿပီး သူမဟာသူမေတြးလိုက္သည္၊ လင္းေတြ႕က်ိဳးက တစ္ကယ္ကို စတီးလိုမ်ိဳး ေျဖာင့္တန္းတဲ့သူႀကီးပဲ!။
႐ိုမန႔္တစ္နဲ႔ ပတ္သတ္ၿပီး ေဟာင္းႏြမ္းေနတဲ့ပုံစံေတြကိုသာ အရသာခံႏိုင္ဖို႔ ထိုက္တန္တယ္။

မဂၤလာဧည့္ခံပြဲၿပီးသြားၿပီးေနာက္မွာ အားလပ္ရက္ ဗီလာသို႔ ျပန္လာခဲ့ၾကသည္။က်န္းထ်န္ဟာ လက္တစ္ေခ်ာင္းပင္ မေျမႇာက္ခ်င္ေလာက္ေအာင္ ပင္ပန္းေနသည့္အတြက္ လင္းေဆြ႕က်ိဳး၏ပိုးပန္းမႈကို ျငင္းဆိုလိုက္သည္။

ေရခ်ိဳးၿပီးတဲ့ေနာက္မွာ လင္းေဆြ႕က်ိဳးဟာ သူမကို ေနာက္ကေနဖက္ထားရင္း ေခ်ာ့ေမာ့တဲ့ေလသံနဲ႔ ေမးလိုက္သည္။
"ခ်စ္ suprise ျဖစ္သြားလား?"

"........"

ႏိုး၊ဘယ္ဟာမွ suprise ျဖစ္မေနပါဘူးေနာ္။ရွင့္ရဲ႕လက္ေထာက္က ရွင့္ကို သစၥာေဖာက္ၿပီး ကြၽန္မကို အကုန္လုံးအသိေပးထားၿပီးၿပီ။

ဒါ‌ေပါ့ က်န္းထ်န္ ဒီလိုမ်ိဳး မေျပာခဲ့ပါဘူး။

သူမသည္ ႐ုပ္ရွင္ဘုရင္မ၏ အေကာင္းဆုံးသ႐ုပ္ေဆာင္စြမ္းရည္ကိုထုတ္သုံးကာ သူမေခါင္းကိုလွည့္လိုက္ၿပီး ေဒါသတႀကီးပုံစံျဖင့္သူ႔ကို ၾကည့္လိုက္သည္။
"အနာဂတ္က်ရင္ ကိုဒီလိုမ်ိဳးမလုပ္ခင္ ခ်စ္နဲ႔အရင္တိုင္ပင္သင့္တယ္၊ဒါမွသာ ခ်စ္‌ဒီလိုမ်ိဳး ေျပာစရာစကားမရွိတာမ်ိဳး မျဖစ္မွာ"

လင္းေဆြ႕က်ိဳးက ဒီအေၾကာင္းကို ေလးေလးနက္နက္ေတြးကာ ေခါင္းညိတ္လိုက္သည္။
"ကိုတို႔ ေနာက္တစ္ခါ ကြာရွင္းၿပီး ျပန္လက္ထပ္ၾကရင္ ကို ခ်စ္နဲ႔အရင္တိုင္ပင္မယ္"

"ဒါေပမဲ့" သူတခစ္ခစ္ရီလိုက္ၿပီး
"ဒါက ခ်စ္ေပ်ာ္ေနသ၍ အဆင္ေျပပါတယ္"

က်န္းထ်န္က လင္းေဆြ႕က်ိဳးကို စိတ္အားထက္သန္စြာၾကည့္လိုက္ၿပီး
"အခုခ်စ္ အိပ္လို႔ရၿပီလား?"

"ဒီညက ကိုတို႔ မဂၤလာဦးညေလ၊ကိုတို႔လုပ္သင့္...."

က်န္းထ်န္သူမေခါင္းကို ရမ္းလိုက္ၿပီး
"ကို႔ရဲ႕ suprise ေၾကာင့္ ခ်စ္အခုထိလန႔္ေနတုန္းပဲ၊တစ္ျခားဘာမွလုပ္ခ်င္စိတ္မရွိဘူး။ကိုစိတ္မရွိရင္ ခ်စ္ရဲ႕ အ႐ုပ္ေသးေသးေလးနဲ႔ လုပ္လို႔ရတယ္ good night "

သူ႔မ်က္ႏွာကို နမ္းၿပီးေနာက္မွာ က်န္းထ်န္လွည့္လိုက္ၿပီး ေက်နပ္စြာ သူမမ်က္လုံးမ်ားကို မွိတ္လိုက္သည္။

လင္းေဆြ႕က်ိဳး မ်က္ေတာင္ခတ္လိုက္ၿပီး အံဆြဲကို ဖြင့္ၾကည့္လိုက္တဲ့အခါမွာ အတြင္းထဲက အ႐ုပ္ေတြကို စိုက္ၾကည့္ရင္း တိတ္ဆိတ္သြားမိသည္။

ေမးစရာတစ္ခုက သူမေယာက်ၤားက သူမေဘးမွာရွိတာေတာင္ က်န္းထ်န္က ဒီအ႐ုပ္ေတြကို ဘာလို႔ ယူလာရတာလဲ?

ဟမ္......

ဒါကအရမ္းကို နက္နဲတဲ့ေမးခြန္းပဲ။

ေကာင္းေသာညေလးျဖစ္ပါေစ မိန္းမေရ။
(T.N you know အ႐ုပ္ေသးေသးေလး means
s*x toy 🤦)

လင္းေဆြ႕က်ိဳးက အၿမဲတမ္းေစာေစာႏိုးတဲ့အတြက္ ဒီေန႔ကလည္း ခြၽင္းခ်က္မရွိပါဘူး။သူက သူ႔ရဲ႕မ်က္လုံးေတြကို ဖြင့္လိုက္ၿပီး သူ႔ေဘးမွာအိပ္ေနတဲ့ က်န္းထ်န္ကို တစ္ခ်က္ၾကည့္လိုက္သည္။
သူမမ်က္ႏွာေလးကို ႏူးညံ့စြာနမ္းၿပီးေနာက္မွာ သူထလိုက္ၿပီး ေရခ်ိဳးခန္းထဲဝင္သြားခဲ့သည္။သူ႔ကိုယ္သူ သန႔္ရွင္းၿပီးတာႏွင့္ တံခါးေခါက္သံကို ၾကားလိုက္ရသည္။

လ်န္ရွန႔္က တံခါးအျပင္ဘက္မွာရပ္ၿပီး သူ႔ကိုၾကည့္ေနခဲ့သည္။

လင္းေဆြ႕က်ိဳး နည္းနည္းအံ့ဩသြားမိၿပီး"သားအေစာႀကီးႏိုးေနတာလား?"

လ်န္ရွန႔္က သူ႔လက္ေခ်ာင္းေလးေတြနဲ႔ေရတြက္လိုက္ၿပီး "သဘက္ခါက ခရစၥမတ္အႀကိဳေန႔ေလ၊ၿပီးေတာ့ ဖိန္ႏြဲခါက ခရစၥမတ္ေန႔ေလ"

လင္းေဆြ႕က်ိဳးက က်န္းထ်န္ႏႈိးသြားမွာစိုးတဲ့အတြက္ေၾကာင့္ သူ႔ရဲ႕သားငယ္ကို အျပင္ဘက္ကိုေခၚထုတ္လာၿပီး
"ဟုတ္တယ္ေလ၊ပါးပါးသိတယ္"

လ်န္ရွန႔္ရဲ႕မ်က္ႏွာေသးေသးေလးဟာ အေလးအနက္ျဖစ္လာၿပီး ေမးလိုက္သည္။
"သားကိုဘာကတိေပးထားလဲဆိုတာ ပါးပါးသိလား၊ မွတ္ေကာမွတ္မိလား?"

လင္းေဆြ႕က်ိဳး မ်က္ေမွာင္ၾကဳတ္လိုက္ရင္း ဘာမွမသိခ်င္ေယာင္ေဆာင္လိုက္သည္။
"ပါးပါးက သားကိုဘာကတိေပးထားလို႔လဲ?"

လ်န္ရွန႔္က သူ႔ႏႈတ္ခမ္းေလးကိုကိုက္လိုက္ရင္း မေက်မနပ္နဲ႔ ေျခေဆာင့္လိုက္သည္။
"Suprise ေလ! မားမားက သား‌ကိုေမးေတာ့ ပါးပါးက သူ႔အတြက္ suprise ျပင္ဆင္ေပးထားတယ္ဆိုတာ လွ်ိဳ႕ဝွက္ထားဖို႔ ပါးပါးက သားကိုအကူအညီေတာင္းထားတယ္လို႔ေျပာျပေပးခဲ့တာ။ပါးပါး သားကို ဆုေပးရမယ္!"

"ခဏေလး" ‌လင္းေဆြ႕က်ိဳး သူ႔ကိုၾကည့္လိုက္ၿပီး
"ဘာကို၊ မင္းမားမားကို ဘာေျပာခဲ့တာ?"

လင္းလ်န္းရွန႔္ေလးဟာ ႐ိုးသားစြာနဲ႔ ေစာနက သူေျပာခဲ့တဲ့စကားေတြကို ျပန္႐ြတ္ျပခဲ့တယ္။

သူ႔ကိုယ္သူ ယုံၾကည္မႈရွိစြာျပန္ေျပာျပေနတဲ့ လ်န္ရွန႔္ကိုၾကည့္ရင္း လင္းေဆြ႕က်ိဳးဟာ ေျပာစရာစကားေပ်ာက္ဆုံးသြားေတာ့သည္။သူ႔ သားအငယ္ရဲ႕ IQ နဲ႔ဆို ဒီ လွ်ိဳ႕ဝွက္ခ်က္ကို ထိန္းသိမ္းဖို႔ ခက္ခဲတယ္ဆိုတာ သူသိသားပဲ။

Alice

Continue Reading

You'll Also Like

410K 27.8K 87
မာနကြီးပြီးချေတဲ့ Mingyu Bank CEO နဲ့ အရမ်းလှပြီး ချောလွန်းတဲ့ သတင်းထောက် ကျန့်ရှူးယိ... သူတို့နှစ်ယောက်ကြားက အချစ်က ဘယ်လိုပေါ်ပေါက်လာလဲဆိုတာ.... ...
143K 10.1K 20
မိဘမဲ့တစ်ကောင်ကြွက်ဖြစ်တဲ့ဝမ်ရှီးတစ်ယောက် တစ်ကိုယ်ထဲခရီးသွားရင်း ထူးဆန်းတဲ့ရေကန်ထဲပြုတ်ကျသွားပြီး အမှောင်လောကထဲရောက်သွားတဲ့အခါ Systemကပေးတဲ့ရွေးခြယ်မ...
1.4K 73 4
Title name : ငါ​လေးက အာဏာရှင်ကြီးရဲ့ အရုပ်​လေးဖြစ်လာခဲ့တယ် [ uni x zawgyi ] Web name : I'm A Doll, But The Tyrant Is Obsessed With Me Author(s) :...