The Villain Dressed As a Litt...

By Mimosa2002

90.1K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 15

1.7K 373 8
By Mimosa2002

    လင်ရှီးရေပေါ်မှာမျောနေရင်း သူ့ရဲ့အနက်ရောင်အမြီးကိုဖြည်းဖြည်းလေးယမ်းနေကာ သူ့ရဲ့ညာဘက်လက်ကိုရေထဲကထုတ်လိုက်၏။

   ဒီခန္ဓာကိုယ်က သူ့ရဲ့လူဖြစ်ခဲ့တုန်းကခန္ဓာကိုယ်နှင့် အတော်လေးကိုကွာခြားတယ်လို့ပြောလို့ရသည်။ အတိတ်ဘဝတုန်းက သူ့ခန္ဓာကိုယ်ကချင်ရှောင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့နီးစပ်တယ်လို့ပြောလို့ရပေမယ့် အရပ်အမြင့်ကတော့ချင်ရှောင်းလောက် မရှိပေ။

    ချင်ရှောင်းဆိုကာမှ သူ(ချင်ရှောင်း)ကသူ့ရဲ့လက်ရှိအလုပ်ရှင်ဖြစ်ပြီး သူကလတ်တလောမှာချင်ရှောင်းရဲ့အိမ်၌နေပြီး အိမ်မွေးငါးလိုသူ့(ချင်ရှောင်း)ရဲ့မွေးမြူခြင်းကိုခံနေရသည်။

    သူ့ရဲ့ဖြူဖြူသွယ်သွာ်လက်ချောင်းတွေကို ရုတ်တရက်ကျစ်ကျစ်ဆုပ်လိုက်သည်။ ဘာလို့သူချင်ရှောင်းကနေမစရမှာလဲ?

    အဲ့တာကချင်ရှောင်းကို နမိတ်ဖတ်စွမ်းရည်ရဲ့လေ့ကျင့်ရေးပစ္စည်းအဖြစ် အသုံးချဖို့ဖြစ်သည်။

   ပြတ်သားတဲ့ပန်းတိုင်နဲ့၊ အချိန်နဲ့တစ်ပြေးညီတုံ့ပြန်မှုတွေကို ဘေးနားကလူတွေနဲ့စတင်ရပေမည်။ ဒီနာရီဝက်ကျော်အချိန်တိုလေးအတွင်းမှာလင်ရှီးသူ့ကိုအနှောင့်အယှက်ပေးနေသည့် ကိစ္စတွေကိုဖြေရှင်းလိုက်နိုင်၏။

   နက်ပြာရောင်ကောင်းကင်ကိုမော့ကြည့်ရင်း ဆေးရုံကမြင်ကွင်းက လင်ရှီးရဲ့အာရုံထဲပေါ်လာခဲ့သည်။  ရေသူလေးကအကောင်းဆုံးသော ဆေးကုသမှုတွေကိုရမယ်ဆိုတာကို ပင်ကိုအားဖြင့်သူယုံကြည်ပါသည်။ ပထမဆုံးသူပြန်လာတဲ့အချိန်မှာ ဆေးရုံက ချင်ရှောင်းရဲ့အစောင့်ဆီသို့ဆက်သွယ်ပြီး ရေသူလေးကအန္တရာယ်ရှိတဲ့ကာလကိုဖြစ်ကျော်နိုင်ခဲ့ပြီး အခုအချိန်မှာအသက်အန္တရာယ် မရှိတော့ကြောင်းသတင်းပေးခဲ့၏။

   အဲ့ဒီစကားကိုလင်ရှီးကြားခဲ့သည်။ ဒီကမ္ဘာရဲ့ဆေးပညာနှင့် နည်းပညာကအလွန်ဖွံ့ဖြိုးတိုးတက်တာကြောင့် ခြေလက်တွေပြတ်သွားခဲ့ရင်တောင် ဇီဝခြေတုလက်တုကိုတပ်ဆင်နိုင်သည်။ ခြေတုလက်တုတွေကအစစ်နဲ့တူပြီး အဓိကအာရုံကြောနှင့်ဆက်ထားတာကြောင့် ထိန်းချုပ်လို့ရသည်။

    ထို့ကြောင့်ရေသူလေးရဲ့ခန္ဓာကိုယ်ကပြန်ကောင်းဖို့အချိန်သိပ်မကြာသင့်ဘူး။ လင်ရှီးစိတ်ပူနေတာက ရေသူလေးရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဖြစ်သည်။ ရေသူလေးက အရောင်းမခံရစဉ်ကတည်းက လာဝယ်မယ့်သူကိုမျှော်နေတတ်ပြီး ပိုင်ရှင်နဲ့အတူနေထိုင်တဲ့အကြောင်းကိုလည်း စိတ်ကူးယဉ်တတ်သေးသည်။

    ရလာဒ်ကဆန္ဒနဲ့ဆန့်ကျင်စွာ သူ့ကိုဝယ်လိုက်တဲ့လူသားက စိတ်ဖောက်နေတဲ့အမှိုက်ဖြစ်နေသည်လေ။ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာကတော့ ကုသလို့ပျောက်ကင်းနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ ရေသူလေးလွှတ်ချနိုင်ပါ့မလားဆိုတာ လင်ရှီးမသေချာပေ။

   သူတောင်းဆိုလာတဲ့အရာတစ်ခုခုရှိရင် လင်ရှီးလိုလိုလားလားနှင့် အကောင်းဆုံးကူညီပေးဖို့ဆန္ဒရှိသည်။

  ဆေးရုံတွင် ရေသူလေးနိုးလာခဲ့ပြီး သူ့လက်မှာလည်းသွေးသွင်းပြွန်တစ်ခုရှိ‌နေ၏။ ပတ်တီးမဖုံးထားတဲ့ မျက်လုံးတစ်ဖက်နှင့်အခန်းပတ်ပတ်လည်ကို သူကြည့်လိုက်သည်။

   ထူးဆန်းတဲ့အနံ့အသက်နဲ့ ထူးဆန်းတဲ့အခန်းတစ်ခန်းပဲ။

   ရေသူလေးကဆေးရုံကိုတစ်ခါမှမရောက်ဖူး‌တာကြောင့် ဒီနေရာကလူနာဆောင်ဆိုတာ သူမသိချေ။

  တံခါးအပြင်ဘက်မှ ခြေသံတွေကြားသောအခါ ရေသူလေးက ရုတ်တရတ်တောင့်တင်းသွားခဲ့ပြီး တုန်ရီနေတာကိုမထိန်းနိုင်တော့ပေ။ ထို့နောက်လူနာခန်းရဲ့တံခါးက အပြင်ဘက်နေသူနာပြုရဲ့တွန်းဖွင့်ခြင်းခံလိုက်ရတဲ့အခါမှာ ရေသူလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းပြင်းထန်ထန်တွန့်သွားလေ၏။

   သူ့ခေါင်းကိုလက်နှစ်ဖက်နဲ့အုပ်ပြီး သူ့ခန္ဓာကိုယ်ကိုကွေးကာ သူ့ကိုယ်သူဘောလုံးတစ်လုံးလိုကွေးညွှတ်လိုက်လေသည်။

    "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်း....."

    ရေသူလေးကရေရွတ်နေကာ အခန်းအပြင်ကလူများဝင်လာတဲ့အခါမှာ သူဆက်ပြီးတောင်းပန်နေတုန်းဖြစ်သည်။

    သူနာပြုကခုတင်ဘေးလျှောက်လာပြီး ရေသူလေးကိုထိလိုက်ချိန် ရေသူလေးကရုတ်တရတ်ထပ်မံတောင့်တင်းသွားကာ မလှုပ်ရဲတော့ပေ။

    'ထိုလူ' ကသူ့ကိုတောင်းပန်ဖို့ ဒါမှမဟုတ်ပုန်းဖို့ခွင့်မပြုဘူးလို့ပြောခဲ့တာကို သူမှတ်မိသည်။ သူ့ရြ့သွားတွေနှင့် အောက်နှုတ်ခမ်းကိုပြင်းပြင်းထန်ထန်ဖိကိုက်လိုက်တာကြောင့်သွေးတွေထွက်လာခဲ့၏။

    သူကနာကျင်မှုကိုမခံစားရတဲ့အတိုင်း သူ့ရဲ့နှုတ်ခမ်းကိုနက်သည်ထက်နက်အောင် ကိုက်နေသည်။

    သူနာပြုက ရေသူလေးနိုးလာတာကိုမြင်တဲ့အခါအလွန်ပျော်ရွှင်နေ၏။ နောက်ဆုံးတော့......။ ဒီရေသူလေးကိုချင်ရှောင်းက လာပို့ထားခဲ့‌တာကြောင့် သူတို့လည်းအမှားမလုပ်ရဲပေ။

    ရေသူလေးကနိုးလာမယ်လို့ ဘယ်သူသိမှာလဲ။ သိသာစွာပဲ စိတ်ပိုင်းဆိုင်ရာကတော့အလွန်ထိခိုက်သွားခဲ့သည်ပင်။

    သူနာပြုကပြန်လှည့်ကာ တာဝန်ကျဆရာဝန်ကိုအမြန်ပြေးခေါ်သည်။ ဆရာဝန်ကရေသူလေးကို စိတ်ငြိမ်ဆေးထိုးပေးလိုက်တာကြောင့် ရေသူလေးကခဏသာနိုးပြီးပြန်လည်အိပ်ပျော်သွားသည်။

   ရေသူလေးကိုဆေးရုံသို့ပို့ပြီး သုံးရက်အကြာမှာ လင်ရှီးရေသူလေးကိုတွေ့ဖို့ ထပ်လာခဲ့လိုက်သည်။

ဆေးရုံကရေသူလေးအတွက် စိတ်ရောဂါအထူးကုတစ်ယောက် စီစဉ်ပေးခဲ့သည်။ရေသူလေးကသူ့နှလုံးသားကို ပိတ်ထားပုံရ၏။ စိတ်ရောဂါကုဆရာဝန်က ဘာပဲပြောပြော ဘာပဲလုပ်လုပ်သူကဘာကိုမှမခံစားရတဲ့ပုံပေါ်နေသည်။

   ဒီအကြောင်းကိုချင်ရှောင်းဆီတင်ပြလိုက်တဲ့အခါ ချင်ရှောင်းက‌ဆေးရုံသို့သွားရန် လင်ရှီးနှင့်အတူ စစ်သားတစ်ယောက်ကိုထည့်ပေးခဲ့၏။

    ထိုနေ့မနက်(လွန်ခဲ့တဲ့သုံးရက်) လင်ရှီးလာတုန်းကနှင့်မတူစွာရေသူလေးကနိုးနေပြီဖြစ်သည်။ သူ့မျက်နှာကပတ်တီးရှိနေတုန်းဖြစ်ပြီး ရေသူလေးရဲ့ပွင့်နေတဲ့မျက်လုံးတစ်ဖက်ကပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ပြာကိုမျက်တောင်မခတ်ပဲ စိုက်ကြည့်နေ၏။ ဒါပေမယ့်မျက်လုံးများကတော့ မျှော်လင့်ချက်မရှိဖြစ်နေပြီး လုံးဝသေနေကာအသက်ကင်းမဲ့နေသည်။

    ကျိုးပဲ့နေတဲ့ရုပ်သေးရုပ်တစ်ရုပ်လိုပင်။

    အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါ လင်ရှီးတံခါးဝမှာခဏမျှရပ်သွားမိသည်။ စိတ်ခံစားချက်ဆိုတာမျိုးက မနှစ်မြို့ဖွယ်ရာအရာမျိုးတွေလိုပင်။ လင်ရှီးအညိုရောင်ရေသူလေးအကြောင်း ဂရုမစိုက်ဘူးလို့အမြဲတမ်းတွေးခဲ့သည်။ သို့သော်ရေသူလေးနာကျင်ရတဲ့အကြောင်း ပထမဆုံးအိပ်မက်မက်တုန်းကတောင် လင်ရှီးအရမ်းစိတ်ပူခဲ့ရသည်။

    အိပ်မက်ကတကယ်ဖြစ်လာတာကိုမြင်ပြီးနောက်မှာလည်း ဒေါသအလိပ်လိုက်ထွက်လာကာ ရေသူလေးက သူမသိလိုက်ခင်မှာပဲ သူ့နှလုံးသားထဲဝင်ရောက်ပြီး ဘယ်သူမှအစားမထိုးနိုင်တဲ့နေရာမှာရှိနေကြောင်း လင်ရှီးကိုနားလည်စေခဲ့သည်။

    လင်ရှီးရေသူလေးဆီလျှောက်သွားလိုက်၏။ သို့သော်စစ်သားကလိုက်မဝင်လာခဲ့ပေ။ စစ်သားကအခန်းတံခါးကိုပိတ်လိုက်ပြီး လင်ရှီးနဲ့ရေသူလေး နှစ်ယောက်တည်းကိုသာရှိစေလိုက်သည်။

    လင်ရှီးကဆေးရုံကုတင်ဘေးမှာရပ်ကာ ရေသူလေးရဲ့မျက်ဝန်းသေတွေကြည့်နေတဲ့ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်သော်လည်း ဘာမှထူးခြားတာကိုမတွေ့ပေ။

   "မင်းဘာကြည့်နေတာလဲ? " လင်ရှီးနူးနူးညံ့ညံ့လေးမေးလိုက်၏။ ရေသူအရောင်းဆိုင်မှာတုန်းက အညိုရောင်ရေလေးကို သူဒီလိုမျိုးနူးနူးညံ့ညံ့လေး တစ်ခါမှမပြောဖူးပါချေ။

   "ကျင့်"

     လင်ရှီး အညိုရောင်ရေသူလေးက သူ့(လင်ရှီး)ကိုနာမည်ပေးခဲ့တုန်းက သူ့ကိုယ်သူလည်းနာမည်တစ်ခုပေးခဲ့မှန်း သတိရသွား၏။ ဒါပေမယ့်ရေသူလေးက အဲ့ဒီနာမည်ကိုမေ့သွားပုံပေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘယ်ရေသူကမှရေသူလေးကို 'ကျင့်'ဆိုသည့်နာမည်ကိုမခေါ်ခဲ့သောကြောင့်ဖြစ်သည်။
[镜 Jìng - ကြေးမုံ/မှန် ]

     အညိုရောင်ရေသူလေးကအမူအရာကင်းမဲ့နေဆဲဖြစ်ပြီး သူ့နှလုံးသားကိုအသူရာချောက်နက်ကြီးထဲ ထည့်ပိတ်ထားလေသည်။ ထိုချောက်နက်ကြီးကအသံတွေကိုပိတ်ဆို့ထားပြီး ဘယ်သူ့ကိုမှဝင်ခွင့်မပြုပေ။

    အချိန်တိုင်းမျက်နှာမှာအပြုံးလေးရှိနေတဲ့လူကို လင်ရှကြည့်လိုက်၏။ ဒါပေမဲ့အခုတော့ သူကလူသားတစ်ယောက်ရဲ့ညှင်းပန်းနှိပ်စက်မှုကြောင့် သူ့နှလုံးသားတံခါးကို ပိတ်ထားလိုက်ချေပြီ။ လင်ရှီးစိတ်အေးအေးမထားနိုင်တော့ချေ။

    သူအညိုရောင်ဆံပင်နဲ့ကောင်လေးရဲ့ ပုခုံးကိုလက်လှမ်းလိုက်၏။ ကောင်လေးကတုံ့ပြန်မလာပေ။ မျက်ဝန်းထဲမှာတောင် လှုပ်ရှားမှုအရိပ်အယောင်မရှိပေ။

   လင်ရှီးသူ့နှုတ်ခမ်းကိုစေ့လိုက်၏။ ရေသူအရောင်းဆိုင်မှာတုန်းက သူတစ်ခါနှစ်ခါမျှပြုံးခဲ့ဖူးသော်လည်း အခုတစ်ခါမှာတော့ ဒီကောင်လေးအတွက် သူပြုံးဖို့စတင်နေပြီးဖြစ်သည်။

    "မင်းငါ့ကို အရင်တုန်းကရှောင်ဟေးလို့နာမည်ပေူဖူးတယ်ဟုတ်? မင်းမှန်းကြည့် ငါဘာလို့အဲ့နာမည်မကြိုက်လဲဆိုတာ"
   
    လင်ရှီး ရိုးရိုးရှင်းရှင်းစကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ ရေသူလေးဆီကတုန့်ပြန်မှုရဖို့ကို မမျှော်လင့်ထားပါချေ။ သူ့ကိုယ်သူပြောနေတာနဲ့ပိုတူ၏။

    "ဘာလို့လဲ‌ဆိုတော့ ငါ့မှာတခြားနာမည်ရှိလို့လေ၊ ငါတို့ခွဲခွာပြီးရင် ပြန်ဆုံဖို့အခွင့်အရေးမရှိကြတော့ဘူး၊ တစ်ယောက်နဲ့တစ်ယောက်ကဘဝထဲမှာ ဒီအတိုင်းဖြတ်သွားတဲ့လူတွေလောက်ပဲလို့တွေးထားခဲ့တာ"

   "ကြည့်ရတာ ငါမှားသွားတဲ့ပုံပဲ" လင်ရှီးမျက်လုံးပင့်ပြီး ကောင်လေးကြည့်နေတဲ့ပြတင်းပေါက်ကိုကြည့်လိုက်၏။

   "လင်ရှီး, ငါ့နာမည်။ မင်းကြိုက်ရင်ငါ့ကိုရှောင်ရှီးလို့ခေါ်လို့ရတယ်" "ငါမင်းတစ်ယောက်တည်းကိုပဲ အဲ့လိုခေါ်ခွင့်ပြုတာနော်" အဲ့ဒီအချိန် (အရင်ဘဝ)တုန်းက လင်ရှီးကိုဘယ်သူမှရှောင်ရှီးဟုမခေါ်ရဲကြပါချေ။

    လင်ရှီးဘေးနားကလူတွေတောင် လင်ရှီးကိုကြောက်ကြ၏။ လင်ရှီးကမာနကြီးပြီး သံသယမလွနဲကဲတတ်တာကြောင့်ပင်။

    ဘယ်သူကမှလင်ရှီးနဲ့နီးစပ်ဖို့မကြိုးစားကြသလို လင်ရှီးနဲ့သူငယ်ချင်းလည်း မဖြစ်ချင်ကြပေ။

    သူငယ်ချင်း?
သူငယ်ချင်းဆိုတဲ့အရာကို လင်ရှီးစိတ်မဝင်စားပေ။ လူတွေအတူစုရတဲ့အကြောင်းအရင်းကတော့ လင်ရှီးအမြင်မှာတော့ အကျိုးစီးပွားအရ သာဖြစ်သည်။

   ဘာသူငယ်ချင်းလဲ၊ ရယ်စရာဟန်ဆောင်မှု‌တွေချည်းပဲ။

   အတိတ်ဘဝတုန်းက လင်ရှီးနောက်ဆုံးသတ်သေတဲ့အချိန်အထိ အဲ့ဒီလိုပဲတွေးခဲ့တာဖြစ်သည်။ ဒီကမ္ဘာကိုရောက်လာတဲ့အထိပေါ့။

    ဒါပေမယ့်နမိတ်ဆိုးတွေမြင်ပြီးနောက်မှာ လင်ရှီးသူဘယ်လောက်မှားခဲ့လဲဆိုတာကိုနားလည်သွားခဲ့သည်။

    ကံကောင်းစွာနဲ့ ပြန်လည်ပြင်ဆင်လို့ရနေသေးသည်။

    သူအဲ့ဒီအိပ်မက်ကိုရင်ဆိုင်ခဲ့ရတဲ့အတွက် တကယ်ဝမ်းသာမိသည်။ တကယ်လို့တစ်ရက်နှစ်‌ရက်လောက် နောက်ကျပြီးမှသာ မှန်ကန်ကြောင်းသူယုံလိုက်ပါက သူကောင်ငယ်လေးရဲ့အလောင်းကိုသာ မြင်လိုက်ရမှာဖြစ်သည်။ ကောင်ငယ်လေးလည်း အသက်ရှင်လျက်ရှိတော့မှာမဟုတ်ပေ။

   လင်ရှီးထိုသို့ပြောပြီးနောက် အညိုရောင်ဆံပင်နဲ့ကောင်လေး၏ မျက်လုံးတွေကလှုပ်ရှားလာခဲ့သည်။

   ကောင်လေးရဲ့နှုတ်ခမ်းတွေကအနည်းငယ်တုန်ရီလာကာ တစ်ကိုယ်လုံးလည်းတုန်ယင်လာခဲ့သည်။ ကောင်လေး၏ခန္ဓာကိုယ်ပြောင်းလဲလာတာကို  လင်ရှီးသတိပြုမိသွားပြီး သူ့ကိုယ်ကိုကွေးညွှတ်လိုက်ပြီးနောက် တစ်ခဏအတွင်းမှာပဲ ကောင်လေးကိုသူ့လက်မောင်းကြားထဲဆွဲယူပွေ့လိုက်၏။

   လင်ရှီး ကောင်လေးကိုညှင်ညှင်သာသာပွေ့ဖက်ထား၏။ ကောင်လေးမှာကပတ်တီးတွေရှိနေတာကြောင့် သူဖွဖွလေးဖက်ထားသာဖက်ထားပြီး မနာကျင်စေလိုက်ပေ။

    "မင်းဆေးရုံမှာကောင်းကောင်းနေပြီးအားမွေး၊ ငါမကြာမကြာလာကြည့်မယ်နော်" လင်ရှီးကောင်လေး၏နား နားကပ်ပြီးတိုးတိုးလေးပြောလိုက်သည်။

    သူဘယ်သူ့ကိုမှဒီလိုနူးညံ့တဲ့အသံနဲ့မပြောဖူးပါချေ။ ပြီးတော့လုံးဝဟန်ဆောင်နိုင်မှာလည်းမဟုတ်ပေ။ သူ့နှလုံးသားထဲမှာ ဒီအညိုရောင်ဆံပင်နဲ့ကောင်လေးကို တကယ်နှစ်သက်ပြီးကြင်နာသနားမိသည်။ ကောင်လေးဖြစ်နိုင်သမျှ မြန်မြန်ပြန်ကောင်းနိုင်ဖို့ သူမျှော်လင့်မိသည်။

   လင်ရှီးထွက်သွားဖို့ထလိုက်၏။ ဒါပေမယ့်သူ့ထွက်သွားခါနီးမှာ တစ်စုံတစ်ယောက်ကသူ့လက်ချောင်းတွေကိုဆွဲလိုက်သည်။

   လင်ရှီးရပ်တန့်သွားပြီးမြန်မြန်ပြန်လှည့်လိုက်၏။

   ဗလာမျက်‌ဝန်းတွေနဲ့ကောင်လေးက လင်ရှီးကိုအလွန်ပူဆွေးတဲ့အမူအရာတွေနှင့်ကြည့်နေသည်။ လင်ရှီးနှလုံးသားထိနာကျင်မှုကိုခံစားလိုက်ရ၏။ ကြည့်ရတာ ကောင်လေးခန္ဓာကိုယ်ကနာကျင်မှုတွေကို သူတို့တစ်ယောက်နဲ့တစ်ယောက် လက်ချောင်းချင်းထိတွေ့တာကနေခံစားနိုင်ပုံရသည်။

    သူ့လက်ဖမိုးကနေရုတ်တရက်စိုစွတ်သွားတာကို ခံစားလိုက်ရတာကြောင့် လင်ရှီးတုန်လှုပ်သွား၏။ သူကောင်လေးရဲ့မျက်နှာကိုကြည့်လိုက်တော့ ကောင်လေးကငိုနေသည်။

    သူ(ရေသူလေး)တိတ်တိတ်လေးငိုနေတယ်၊ အသံမထွက်ပဲနဲ့လေ။ မျက်လုံးတစ်ဖက်က ပတ်တီးအုပ်ထားပေမယ့် မျက်ရည်တွေကပတ်တီးကိုဖြတ်ပြီး သူ့မျက်နှာပေါ်စီးကျလာသည်။

    လင်ရှီးသူများတွေငိုတာတစ်ခါမှမမြင်ဖူးတာမျိုးမဟုတ်ပေမယ့် ဒီလိုဝမ်းနည်းနေတဲ့မျက်ရည်တွေကိုပထမဆုံးမြင်ဖူးတာပင်။

    လူတစ်ယောက်ရဲ့မျက်ရည်မှာစွမ်းအာတွေရှိနေတာကို ပထမဆုံးသူရှာတွေ့တာဖြစ်ပေမယ့် ထိုစွမ်းအားကသူ့နှလုံးသားကိုနာကျင်စေသည်။

    လင်ရှီးထွက်သွားမယ့်အစီအစဉ်ကို ယာယီရပ်တန့်လိုက်၏။ သူပြန်လှည့်လိုက်ပြီးကုတင်ဘေးမှာရပ်လိုက်သည်။ ထို့နောက်ထိုင်ခုံပေါ်တွင်ထိုင်လိုက်၏။

    လင်ရှီးနီးနီးကပ်ကပ်ထိုင်လိုက်တာကြောင့် ကုတင်ပေါ်ရှိကောင်လေးက သူလွှတ်လိုက်ရင်လင်ရှီးထွက်သွားမှာကိုကြောက်နေသကဲ့သို့ လင်ရှီးလက်ကိုအားပြင်းပြင်းဖြင့်ဆုပ်ကိုင်ထားသည်။

   ချင်ရှောင်းအဲ့ဒီ့ညမှာအိမ်ကိုစောစောပြန်လာခဲ့၏။
 
    သူဥယျာဉ်ကိုဖြတ်လာတဲ့အခါလှမ်းကြည့်လိုက်ပေမယ့် ရေသူလေးရေကူးနေတာကိုမတွေ့ရပေ။ မကြာသေးတဲ့ရက်တွေတုန်းက လင်ရှီးအပေါ်ထပ်ကငါးကန်လေးမှာနေရတာကိုပိုနှစ်သက်နေသည်။ သူ့သူငယ်ချင်းဒီလိုအဖြစ်မျိုးနဲ့ကြုံလိုက်ရတာကြောင့် လင်ရှီးစိတ်အေးအေးထားဖို့အချိန်လိုကြောင်း ချင်ရှောင်းနားလည်ပါသည်။

   တစ်ဆက်တည်းမှာပဲချင်ရှောင်း စစ်သားကိုလင်ရှီးအခြေအနေအား ဂရုစိုက်ဖို့နှင့် ထူးခြားတဲ့ဘယ်အရာမဆိုသူ့ကိုတင်ပြဖို့အမိန့်ပေးထားခဲ့သည်။

   သူ့သူငယ်ချင်းကိုထိခိုက်စေတဲ့လူကြောင့် လင်ရှီးလူသားတွေအပေါ်မှာ သတိအပြည့်နဲ့အာဃာတထားသွားမှာကို ချင်ရှောင်းနှလုံးသားထဲမှာအနည်းငယ်စိုးရိမ်မိသည်။

    ချင်ရှောင်းအိမ်ထဲဝင်လာကာ ဧည့်ခန်းကိုဖြတ်လျှောက်သွားပြီး အဆောက်အဦး၏ခေါင်မိုးထပ်သို့တက်လိုက်သည်။ ခေါင်မိုးထပ်တံခါးကိုဖွင့်လိုက်ပေမယ့် မျှော်လင့်မထားစွာငါးကန်ကလွတ်နေပြီး အနက်ရောင်ရေသူလေး၏အရိပ်အယောင်ကိုမတွေ့ရပေ။

    ချင်ရှောင်းငါးကန်ရှေ့မှာရပ်လိုက်၏။ သူ့အရှေ့ရှိငါးကန်က ဖောက်ထွင်းမြင်နေရကာ ရေကကြည်နေပြီးလေတိုက်သောကြောင့် လှိုင်းအနည်းငယ်ထနေသည်။

    နေ့လည်တုန်းကလင်ရှီးအတွက်သူစီစဉ်ပေးထားတဲ့စစ်သားက လင်ရှီးအညိုရောင်ရေသူလေးကို တွေ့ဖို့အတွက်ဆေးရုံသွားကြောင်းသတင်းပို့ထားတာကိုသူတွေးမိသွား၏။

   အပေါ်ထပ်ရောအောက်ထပ်မှာပါမရှိဘူးဆိုတော့ လင်ရှီးဆေးရုံကပြန်မလာသေးတာလား?

    ချင်ရှောင်းအောက်ထပ်ကဧည့်ခန့်ဆီဆင်းလိုက်၏။ ဗလာဖြစ်နေတဲ့ဧည့်ခန်းမှာ ရေသူလေးရဲ့အနံ့တို့ရှိနေကာ အနံ့အသက်ကဒီအိမ်နှင့်ရောသွားပုံပင်။ အရင်က ချင်ရှောင်းဒီနေရာကို ညအိပ်ရုံသာပြန်လာခဲ့သည်။ သူဒီနေရာကိုအိမ်လို့မတွေးဖူးပေ။

   အိမ်ဆိုတဲ့စကားလုံးက သူ့အဘိဓာန်မှာမရှိချေ။

   လင်ရှီးရောက်လာမှသာ ချင်ရှောင်းအဲ့တာကိုကိုယ်တိုင်ခံစားလိုက်ရတာဖြစ်သည်။ အိမ်ကအသက်ဝင်လာတာကိုသူခံစားလိုက်ရသည်။ သူ့ရဲ့ဗလာကျင်းနေခဲ့တဲ့နှလုံးသားမှာ အက်ကြောင်းလေးတစ်ခုရှိလာပြီး လင်ရှီးကထိုအက်ကြောင်းလေးကနေလှမ်းဝင်လာခဲ့သည်။

#7.10.2022
 

~~Zawgyi ~~

  လင္ရွီးေရေပၚမွာေမ်ာေနရင္း သူ႕ရဲ႕အနက္ေရာင္အၿမီးကိုျဖည္းျဖည္းေလးယမ္းေနကာ သူ႕ရဲ႕ညာဘက္လက္ကိုေရထဲကထုတ္လိုက္၏။

ဒီခႏၶာကိုယ္က သူ႕ရဲ႕လူျဖစ္ခဲ့တုန္းကခႏၶာကိုယ္ႏွင့္ အေတာ္ေလးကိုကြာျခားတယ္လို႔ေျပာလို႔ရသည္။ အတိတ္ဘဝတုန္းက သူ႕ခႏၶာကိုယ္ကခ်င္ေရွာင္းရဲ႕ ကိုယ္လုံးကိုယ္ေပါက္နဲ႕နီးစပ္တယ္လို႔ေျပာလို႔ရေပမယ့္ အရပ္အျမင့္ကေတာ့ခ်င္ေရွာင္းေလာက္ မရွိေပ။

  ခ်င္ေရွာင္းဆိုကာမွ သူ(ခ်င္ေရွာင္း)ကသူ႕ရဲ႕လက္ရွိအလုပ္ရွင္ျဖစ္ၿပီး သူကလတ္တေလာမွာခ်င္ေရွာင္းရဲ႕အိမ္၌ေနၿပီး အိမ္ေမြးငါးလိုသူ႕(ခ်င္ေရွာင္း)ရဲ႕ေမြးျမဴျခင္းကိုခံေနရသည္။

  သူ႕ရဲ႕ျဖဴျဖဴသြယ္သြာ္လက္ေခ်ာင္းေတြကို ႐ုတ္တရက္က်စ္က်စ္ဆုပ္လိုက္သည္။ ဘာလို႔သူခ်င္ေရွာင္းကေနမစရမွာလဲ?

  အဲ့တာကခ်င္ေရွာင္းကို နမိတ္ဖတ္စြမ္းရည္ရဲ႕ေလ့က်င့္ေရးပစၥည္းအျဖစ္ အသုံးခ်ဖိဳ႕ျဖစ္သည္။

ျပတ္သားတဲ့ပန္းတိုင္နဲ႕၊ အခ်ိန္နဲ႕တစ္ေျပးညီတုံ႕ျပန္မႈေတြကို ေဘးနားကလူေတြနဲ႕စတင္ရေပမည္။ ဒီနာရီဝက္ေက်ာ္အခ်ိန္တိုေလးအတြင္းမွာလင္ရွီးသူ႕ကိုအႏွောင့္အယွက္ေပးေနသည့္ ကိစၥေတြကိုေျဖရွင္းလိုက္နိုင္၏။

နက္ျပာေရာင္ေကာင္းကင္ကိုေမာ့ၾကည့္ရင္း ေဆး႐ုံကျမင္ကြင္းက လင္ရွီးရဲ႕အာ႐ုံထဲေပၚလာခဲ့သည္။ ေရသူေလးကအေကာင္းဆုံးေသာ ေဆးကုသမႈေတြကိုရမယ္ဆိုတာကို ပင္ကိုအားျဖင့္သူယုံၾကည္ပါသည္။ ပထမဆုံးသူျပန္လာတဲ့အခ်ိန္မွာ ေဆး႐ုံက ခ်င္ေရွာင္းရဲ႕အေစာင့္ဆီသို႔ဆက္သြယ္ၿပီး ေရသူေလးကအႏၱရာယ္ရွိတဲ့ကာလကိုျဖစ္ေက်ာ္နိုင္ခဲ့ၿပီး အခုအခ်ိန္မွာအသက္အႏၱရာယ္ မရွိေတာ့ေၾကာင္းသတင္းေပးခဲ့၏။

အဲ့ဒီစကားကိုလင္ရွီးၾကားခဲ့သည္။ ဒီကမၻာရဲ႕ေဆးပညာႏွင့္ နည္းပညာကအလြန္ဖြံ႕ၿဖိဳးတိုးတက္တာေၾကာင့္ ေျခလက္ေတြျပတ္သြားခဲ့ရင္ေတာင္ ဇီဝေျခတုလက္တုကိုတပ္ဆင္နိုင္သည္။ ေျခတုလက္တုေတြကအစစ္နဲ႕တူၿပီး အဓိကအာ႐ုံေၾကာႏွင့္ဆက္ထားတာေၾကာင့္ ထိန္းခ်ဳပ္လို႔ရသည္။

  ထို႔ေၾကာင့္ေရသူေလးရဲ႕ခႏၶာကိုယ္ကျပန္ေကာင္းဖို႔အခ်ိန္သိပ္မၾကာသင့္ဘူး။ လင္ရွီးစိတ္ပူေနတာက ေရသူေလးရဲ႕စိတ္ပိုင္းဆိုင္ရာက်န္းမာေရးျဖစ္သည္။ ေရသူေလးက အေရာင္းမခံရစဥ္ကတည္းက လာဝယ္မယ့္သူကိုေမွ်ာ္ေနတတ္ၿပီး ပိုင္ရွင္နဲ႕အတူေနထိုင္တဲ့အေၾကာင္းကိုလည္း စိတ္ကူးယဥ္တတ္ေသးသည္။

  ရလာဒ္ကဆႏၵနဲ႕ဆန႔္က်င္စြာ သူ႕ကိုဝယ္လိုက္တဲ့လူသားက စိတ္ေဖာက္ေနတဲ့အမွိုက္ျဖစ္ေနသည္ေလ။ ႐ုပ္ပိုင္းဆိုင္ရာဒဏ္ရာကေတာ့ ကုသလို႔ေပ်ာက္ကင္းနိုင္ေပမယ့္ စိတ္ပိုင္းဆိုင္ရာကေတာ့ ေရသူေလးလႊတ္ခ်နိဳင္ပါ့မလားဆိုတာ လင္ရွီးမေသခ်ာေပ။

သူေတာင္းဆိုလာတဲ့အရာတစ္ခုခုရွိရင္ လင္ရွီးလိုလိုလားလားႏွင့္ အေကာင္းဆုံးကူညီေပးဖို႔ဆႏၵရွိသည္။

ေဆး႐ုံတြင္ ေရသူေလးနိုးလာခဲ့ၿပီး သူ႕လက္မွာလည္းေသြးသြင္းႁပြန္တစ္ခုရွိေန၏။ ပတ္တီးမဖုံးထားတဲ့ မ်က္လုံးတစ္ဖက္ႏွင့္အခန္းပတ္ပတ္လည္ကို သူၾကည့္လိုက္သည္။

ထူးဆန္းတဲ့အနံ႕အသက္နဲ႕ ထူးဆန္းတဲ့အခန္းတစ္ခန္းပဲ။

ေရသူေလးကေဆး႐ုံကိုတစ္ခါမွမေရာက္ဖူးတာေၾကာင့္ ဒီေနရာကလူနာေဆာင္ဆိုတာ သူမသိေခ်။

တံခါးအျပင္ဘက္မွ ေျခသံေတြၾကားေသာအခါ ေရသူေလးက ႐ုတ္တရတ္ေတာင့္တင္းသြားခဲ့ၿပီး တုန္ရီေနတာကိုမထိန္းနိုင္ေတာ့ေပ။ ထို႔ေနာက္လူနာခန္းရဲ႕တံခါးက အျပင္ဘက္ေနသူနာျပဳရဲ႕တြန္းဖြင့္ျခင္းခံလိုက္ရတဲ့အခါမွာ ေရသူေလးရဲ႕ခႏၶာကိုယ္တစ္ခုလုံးက ျပင္းျပင္းထန္ထန္တြန႔္သြားေလ၏။

သူ႕ေခါင္းကိုလက္ႏွစ္ဖက္နဲ႕အုပ္ၿပီး သူ႕ခႏၶာကိုယ္ကိုေကြးကာ သူ႕ကိုယ္သူေဘာလုံးတစ္လုံးလိုေကြးၫႊတ္လိုက္ေလသည္။

  "ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္၊ ေတာင္း....."

  ေရသူေလးကေရ႐ြတ္ေနကာ အခန္းအျပင္ကလူမ်ားဝင္လာတဲ့အခါမွာ သူဆက္ၿပီးေတာင္းပန္ေနတုန္းျဖစ္သည္။

  သူနာျပဳကခုတင္ေဘးေလွ်ာက္လာၿပီး ေရသူေလးကိုထိလိုက္ခ်ိန္ ေရသူေလးက႐ုတ္တရတ္ထပ္မံေတာင့္တင္းသြားကာ မလႈပ္ရဲေတာ့ေပ။

  'ထိုလူ' ကသူ႕ကိုေတာင္းပန္ဖို႔ ဒါမွမဟုတ္ပုန္းဖို႔ခြင့္မျပဳဘူးလို႔ေျပာခဲ့တာကို သူမွတ္မိသည္။ သူ့ရြ့သွားတွေနှင့် ေအာက္ႏႈတ္ခမ္းကိုျပင္းျပင္းထန္ထန္ဖိကိုက္လိုက္တာေၾကာင့္ေသြးေတြထြက္လာခဲ့၏။

  သူကနာက်င္မႈကိုမခံစားရတဲ့အတိုင္း သူ႕ရဲ႕ႏႈတ္ခမ္းကိုနက္သည္ထက္နက္ေအာင္ ကိုက္ေနသည္။

  သူနာျပဳက ေရသူေလးနိုးလာတာကိုျမင္တဲ့အခါအလြန္ေပ်ာ္႐ႊင္ေန၏။ ေနာက္ဆုံးေတာ့......။ ဒီေရသူေလးကိုခ်င္ေရွာင္းက လာပို႔ထားခဲ့တာေၾကာင့္ သူတို႔လည္းအမွားမလုပ္ရဲေပ။

  ေရသူေလးကနိုးလာမယ္လို႔ ဘယ္သူသိမွာလဲ။ သိသာစြာပဲ စိတ္ပိုင္းဆိုင္ရာကေတာ့အလြန္ထိခိုက္သြားခဲ့သည္ပင္။

  သူနာျပဳကျပန္လွည့္ကာ တာဝန္က်ဆရာဝန္ကိုအျမန္ေျပးေခၚသည္။ ဆရာဝန္ကေရသူေလးကို စိတ္ၿငိမ္ေဆးထိုးေပးလိုက္တာေၾကာင့္ ေရသူေလးကခဏသာနိုးၿပီးျပန္လည္အိပ္ေပ်ာ္သြားသည္။

ေရသူေလးကိုေဆး႐ုံသို႔ပို႔ၿပီး သုံးရက္အၾကာမွာ လင္ရွီးေရသူေလးကိုေတြ႕ဖို႔ ထပ္လာခဲ့လိုက္သည္။

ေဆး႐ုံကေရသူေလးအတြက္ စိတ္ေရာဂါအထူးကုတစ္ေယာက္ စီစဥ္ေပးခဲ့သည္။ေရသူေလးကသူ႕ႏွလုံးသားကို ပိတ္ထားပုံရ၏။ စိတ္ေရာဂါကုဆရာဝန္က ဘာပဲေျပာေျပာ ဘာပဲလုပ္လုပ္သူကဘာကိုမွမခံစားရတဲ့ပုံေပၚေနသည္။

ဒီအေၾကာင္းကိုခ်င္ေရွာင္းဆီတင္ျပလိုက္တဲ့အခါ ခ်င္ေရွာင္းကေဆး႐ုံသို႔သြားရန္ လင္ရွီးႏွင့္အတူ စစ္သားတစ္ေယာက္ကိုထည့္ေပးခဲ့၏။

  ထိုေန႕မနက္(လြန္ခဲ့တဲ့သုံးရက္) လင္ရွီးလာတုန္းကႏွင့္မတူစြာေရသူေလးကနိုးေနၿပီျဖစ္သည္။ သူ႕မ်က္ႏွာကပတ္တီးရွိေနတုန္းျဖစ္ၿပီး ေရသူေလးရဲ႕ပြင့္ေနတဲ့မ်က္လုံးတစ္ဖက္ကျပတင္းေပါက္အျပင္ဘက္ရွိ ေကာင္းကင္ျပာကိုမ်က္ေတာင္မခတ္ပဲ စိုက္ၾကည့္ေန၏။ ဒါေပမယ့္မ်က္လုံးမ်ားကေတာ့ ေမွ်ာ္လင့္ခ်က္မရွိျဖစ္ေနၿပီး လုံးဝေသေနကာအသက္ကင္းမဲ့ေနသည္။

  က်ိဳးပဲ့ေနတဲ့႐ုပ္ေသး႐ုပ္တစ္႐ုပ္လိုပင္။

  အဲ့ဒီျမင္ကြင္းကိုျမင္လိုက္ရတဲ့အခါ လင္ရွီးတံခါးဝမွာခဏမွ်ရပ္သြားမိသည္။ စိတ္ခံစားခ်က္ဆိုတာမ်ိဳးက မႏွစ္ၿမိဳ႕ဖြယ္ရာအရာမ်ိဳးေတြလိုပင္။ လင္ရွီးအညိုေရာင္ေရသူေလးအေၾကာင္း ဂ႐ုမစိုက္ဘူးလို႔အၿမဲတမ္းေတြးခဲ့သည္။ သို႔ေသာ္ေရသူေလးနာက်င္ရတဲ့အေၾကာင္း ပထမဆုံးအိပ္မက္မက္တုန္းကေတာင္ လင္ရွီးအရမ္းစိတ္ပူခဲ့ရသည္။

  အိပ္မက္ကတကယ္ျဖစ္လာတာကိုျမင္ၿပီးေနာက္မွာလည္း ေဒါသအလိပ္လိုက္ထြက္လာကာ ေရသူေလးက သူမသိလိုက္ခင္မွာပဲ သူ႕ႏွလုံးသားထဲဝင္ေရာက္ၿပီး ဘယ္သူမွအစားမထိုးနိုင္တဲ့ေနရာမွာရွိေနေၾကာင္း လင္ရွီးကိုနားလည္ေစခဲ့သည္။

  လင္ရွီးေရသူေလးဆီေလွ်ာက္သြားလိုက္၏။ သို႔ေသာ္စစ္သားကလိုက္မဝင္လာခဲ့ေပ။ စစ္သားကအခန္းတံခါးကိုပိတ္လိုက္ၿပီး လင္ရွီးနဲ႕ေရသူေလး ႏွစ္ေယာက္တည္းကိုသာရွိေစလိုက္သည္။

  လင္ရွီးကေဆး႐ုံကုတင္ေဘးမွာရပ္ကာ ေရသူေလးရဲ႕မ်က္ဝန္းေသေတြၾကည့္ေနတဲ့ ျပတင္းေပါက္အျပင္ဘက္ကိုၾကည့္လိုက္ေသာ္လည္း ဘာမွထူးျခားတာကိုမေတြ႕ေပ။

"မင္းဘာၾကည့္ေနတာလဲ? " လင္ရွီးႏူးႏူးညံ့ညံ့ေလးေမးလိုက္၏။ ေရသူအေရာင္းဆိုင္မွာတုန္းက အညိုေရာင္ေရေလးကို သူဒီလိုမ်ိဳးႏူးႏူးညံ့ညံ့ေလး တစ္ခါမွမေျပာဖူးပါေခ်။

"က်င့္"

  လင္ရွီး အညိုေရာင္ေရသူေလးက သူ႕(လင္ရွီး)ကိုနာမည္ေပးခဲ့တုန္းက သူ႕ကိုယ္သူလည္းနာမည္တစ္ခုေပးခဲ့မွန္း သတိရသြား၏။ ဒါေပမယ့္ေရသူေလးက အဲ့ဒီနာမည္ကိုေမ့သြားပုံေပၚသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဘယ္ေရသူကမွေရသူေလးကို 'က်င့္'ဆိုသည့္နာမည္ကိုမေခၚခဲ့ေသာေၾကာင့္ျဖစ္သည္။
[ Jng - ေၾကးမုံ/မွန္ ]

  အညိုေရာင္ေရသူေလးကအမူအရာကင္းမဲ့ေနဆဲျဖစ္ၿပီး သူ႕ႏွလုံးသားကိုအသူရာေခ်ာက္နက္ႀကီးထဲ ထည့္ပိတ္ထားေလသည္။ ထိုေခ်ာက္နက္ႀကီးကအသံေတြကိုပိတ္ဆို႔ထားၿပီး ဘယ္သူ႕ကိုမွဝင္ခြင့္မျပဳေပ။

  အခ်ိန္တိုင္းမ်က္ႏွာမွာအၿပဳံးေလးရွိေနတဲ့လူကို လင္ရွၾကည့္လိုက္၏။ ဒါေပမဲ့အခုေတာ့ သူကလူသားတစ္ေယာက္ရဲ႕ညွင္းပန္းႏွိပ္စက္မႈေၾကာင့္ သူ႕ႏွလုံးသားတံခါးကို ပိတ္ထားလိုက္ေခ်ၿပီ။ လင္ရွီးစိတ္ေအးေအးမထားနိုင္ေတာ့ေခ်။

  သူအညိုေရာင္ဆံပင္နဲ႕ေကာင္ေလးရဲ႕ ပုခုံးကိုလက္လွမ္းလိုက္၏။ ေကာင္ေလးကတုံ႕ျပန္မလာေပ။ မ်က္ဝန္းထဲမွာေတာင္ လႈပ္ရွားမႈအရိပ္အေယာင္မရွိေပ။

လင္ရွီးသူ႕ႏႈတ္ခမ္းကိုေစ့လိုက္၏။ ေရသူအေရာင္းဆိုင္မွာတုန္းက သူတစ္ခါႏွစ္ခါမွ်ၿပဳံးခဲ့ဖူးေသာ္လည္း အခုတစ္ခါမွာေတာ့ ဒီေကာင္ေလးအတြက္ သူၿပဳံးဖို႔စတင္ေနၿပီးျဖစ္သည္။

  "မင္းငါ့ကို အရင္တုန္းကေရွာင္ေဟးလို႔နာမည္ေပူဖူးတယ္ဟုတ္? မင္းမွန္းၾကည့္ ငါဘာလို႔အဲ့နာမည္မႀကိဳက္လဲဆိုတာ"
 
  လင္ရွီး ရိုးရိုးရွင္းရွင္းစကားတစ္ခြန္းႏွစ္ခြန္းေလာက္နဲ႕ ေရသူေလးဆီကတုန႔္ျပန္မႈရဖို႔ကို မေမွ်ာ္လင့္ထားပါေခ်။ သူ႕ကိုယ္သူေျပာေနတာနဲ႕ပိုတူ၏။

  "ဘာလို႔လဲဆိုေတာ့ ငါ့မွာတျခားနာမည္ရွိလို႔ေလ၊ ငါတို႔ခြဲခြာၿပီးရင္ ျပန္ဆုံဖို႔အခြင့္အေရးမရွိၾကေတာ့ဘူး၊ တစ္ေယာက္နဲ႕တစ္ေယာက္ကဘဝထဲမွာ ဒီအတိုင္းျဖတ္သြားတဲ့လူေတြေလာက္ပဲလို႔ေတြးထားခဲ့တာ"

"ၾကည့္ရတာ ငါမွားသြားတဲ့ပုံပဲ" လင္ရွီးမ်က္လုံးပင့္ၿပီး ေကာင္ေလးၾကည့္ေနတဲ့ျပတင္းေပါက္ကိုၾကည့္လိုက္၏။

"လင္ရွီး, ငါ့နာမည္။ မင္းႀကိဳက္ရင္ငါ့ကိုေရွာင္ရွီးလို႔ေခၚလို႔ရတယ္" "ငါမင္းတစ္ေယာက္တည္းကိုပဲ အဲ့လိုေခၚခြင့္ျပဳတာေနာ္" အဲ့ဒီအခ်ိန္ (အရင္ဘဝ)တုန္းက လင္ရွီးကိုဘယ္သူမွေရွာင္ရွီးဟုမေခၚရဲၾကပါေခ်။

  လင္ရွီးေဘးနားကလူေတြေတာင္ လင္ရွီးကိုေၾကာက္ၾက၏။ လင္ရွီးကမာနႀကီးၿပီး သံသယမလြနဲကဲတတ္တာေၾကာင့္ပင္။

  ဘယ္သူကမွလင္ရွီးနဲ႕နီးစပ္ဖို႔မႀကိဳးစားၾကသလို လင္ရွီးနဲ႕သူငယ္ခ်င္းလည္း မျဖစ္ခ်င္ၾကေပ။

  သူငယ္ခ်င္း?
သူငယ္ခ်င္းဆိုတဲ့အရာကို လင္ရွီးစိတ္မဝင္စားေပ။ လူေတြအတူစုရတဲ့အေၾကာင္းအရင္းကေတာ့ လင္ရွီးအျမင္မွာေတာ့ အက်ိဳးစီးပြားအရ သာျဖစ္သည္။

ဘာသူငယ္ခ်င္းလဲ၊ ရယ္စရာဟန္ေဆာင္မႈေတြခ်ည္းပဲ။

အတိတ္ဘဝတုန္းက လင္ရွီးေနာက္ဆုံးသတ္ေသတဲ့အခ်ိန္အထိ အဲ့ဒီလိုပဲေတြးခဲ့တာျဖစ္သည္။ ဒီကမၻာကိုေရာက္လာတဲ့အထိေပါ့။

  ဒါေပမယ့္နမိတ္ဆိုးေတြျမင္ၿပီးေနာက္မွာ လင္ရွီးသူဘယ္ေလာက္မွားခဲ့လဲဆိုတာကိုနားလည္သြားခဲ့သည္။

  ကံေကာင္းစြာနဲ႕ ျပန္လည္ျပင္ဆင္လို႔ရေနေသးသည္။

  သူအဲ့ဒီအိပ္မက္ကိုရင္ဆိုင္ခဲ့ရတဲ့အတြက္ တကယ္ဝမ္းသာမိသည္။ တကယ္လို႔တစ္ရက္ႏွစ္ရက္ေလာက္ ေနာက္က်ၿပီးမွသာ မွန္ကန္ေၾကာင္းသူယုံလိုက္ပါက သူေကာင္ငယ္ေလးရဲ႕အေလာင္းကိုသာ ျမင္လိုက္ရမွာျဖစ္သည္။ ေကာင္ငယ္ေလးလည္း အသက္ရွင္လ်က္ရွိေတာ့မွာမဟုတ္ေပ။

လင္ရွီးထိုသို႔ေျပာၿပီးေနာက္ အညိုေရာင္ဆံပင္နဲ႕ေကာင္ေလး၏ မ်က္လုံးေတြကလႈပ္ရွားလာခဲ့သည္။

ေကာင္ေလးရဲ႕ႏႈတ္ခမ္းေတြကအနည္းငယ္တုန္ရီလာကာ တစ္ကိုယ္လုံးလည္းတုန္ယင္လာခဲ့သည္။ ေကာင္ေလး၏ခႏၶာကိုယ္ေျပာင္းလဲလာတာကို လင္ရွီးသတိျပဳမိသြားၿပီး သူ႕ကိုယ္ကိုေကြးၫႊတ္လိုက္ၿပီးေနာက္ တစ္ခဏအတြင္းမွာပဲ ေကာင္ေလးကိုသူ႕လက္ေမာင္းၾကားထဲဆြဲယူေပြ႕လိုက္၏။

လင္ရွီး ေကာင္ေလးကိုညွင္ညွင္သာသာေပြ႕ဖက္ထား၏။ ေကာင္ေလးမွာကပတ္တီးေတြရွိေနတာေၾကာင့္ သူဖြဖြေလးဖက္ထားသာဖက္ထားၿပီး မနာက်င္ေစလိုက္ေပ။

  "မင္းေဆး႐ုံမွာေကာင္းေကာင္းေနၿပီးအားေမြး၊ ငါမၾကာမၾကာလာၾကည့္မယ္ေနာ္" လင္ရွီးေကာင္ေလး၏နား နားကပ္ၿပီးတိုးတိုးေလးေျပာလိုက္သည္။

  သူဘယ္သူ႕ကိုမွဒီလိုႏူးညံ့တဲ့အသံနဲ႕မေျပာဖူးပါေခ်။ ၿပီးေတာ့လုံးဝဟန္ေဆာင္နိုင္မွာလည္းမဟုတ္ေပ။ သူ႕ႏွလုံးသားထဲမွာ ဒီအညိုေရာင္ဆံပင္နဲ႕ေကာင္ေလးကို တကယ္ႏွစ္သက္ၿပီးၾကင္နာသနားမိသည္။ ေကာင္ေလးျဖစ္နိုင္သမွ် ျမန္ျမန္ျပန္ေကာင္းနိုင္ဖို႔ သူေမွ်ာ္လင့္မိသည္။

လင္ရွီးထြက္သြားဖို႔ထလိုက္၏။ ဒါေပမယ့္သူ႕ထြက္သြားခါနီးမွာ တစ္စုံတစ္ေယာက္ကသူ႕လက္ေခ်ာင္းေတြကိုဆြဲလိုက္သည္။

လင္ရွီးရပ္တန႔္သြားၿပီးျမန္ျမန္ျပန္လွည့္လိုက္၏။

ဗလာမ်က္ဝန္းေတြနဲ႕ေကာင္ေလးက လင္ရွီးကိုအလြန္ပူေဆြးတဲ့အမူအရာေတြႏွင့္ၾကည့္ေနသည္။ လင္ရွီးႏွလုံးသားထိနာက်င္မႈကိုခံစားလိုက္ရ၏။ ၾကည့္ရတာ ေကာင္ေလးခႏၶာကိုယ္ကနာက်င္မႈေတြကို သူတို႔တစ္ေယာက္နဲ႕တစ္ေယာက္ လက္ေခ်ာင္းခ်င္းထိေတြ႕တာကေနခံစားနိုင္ပုံရသည္။

  သူ႕လက္ဖမိုးကေန႐ုတ္တရက္စိုစြတ္သြားတာကို ခံစားလိုက္ရတာေၾကာင့္ လင္ရွီးတုန္လႈပ္သြား၏။ သူေကာင္ေလးရဲ႕မ်က္ႏွာကိုၾကည့္လိုက္ေတာ့ ေကာင္ေလးကငိုေနသည္။

  သူ(ေရသူေလး)တိတ္တိတ္ေလးငိုေနတယ္၊ အသံမထြက္ပဲနဲ႕ေလ။ မ်က္လုံးတစ္ဖက္က ပတ္တီးအုပ္ထားေပမယ့္ မ်က္ရည္ေတြကပတ္တီးကိုျဖတ္ၿပီး သူ႕မ်က္ႏွာေပၚစီးက်လာသည္။

  လင္ရွီးသူမ်ားေတြငိုတာတစ္ခါမွမျမင္ဖူးတာမ်ိဳးမဟုတ္ေပမယ့္ ဒီလိုဝမ္းနည္းေနတဲ့မ်က္ရည္ေတြကိုပထမဆုံးျမင္ဖူးတာပင္။

  လူတစ္ေယာက္ရဲ႕မ်က္ရည္မွာစြမ္းအာေတြရွိေနတာကို ပထမဆုံးသူရွာေတြ႕တာျဖစ္ေပမယ့္ ထိုစြမ္းအားကသူ႕ႏွလုံးသားကိုနာက်င္ေစသည္။

  လင္ရွီးထြက္သြားမယ့္အစီအစဥ္ကို ယာယီရပ္တန႔္လိုက္၏။ သူျပန္လွည့္လိုက္ၿပီးကုတင္ေဘးမွာရပ္လိုက္သည္။ ထို႔ေနာက္ထိုင္ခုံေပၚတြင္ထိုင္လိုက္၏။

  လင္ရွီးနီးနီးကပ္ကပ္ထိုင္လိုက္တာေၾကာင့္ ကုတင္ေပၚရွိေကာင္ေလးက သူလႊတ္လိုက္ရင္လင္ရွီးထြက္သြားမွာကိုေၾကာက္ေနသကဲ့သို႔ လင္ရွီးလက္ကိုအားျပင္းျပင္းျဖင့္ဆုပ္ကိုင္ထားသည္။

ခ်င္ေရွာင္းအဲ့ဒီ့ညမွာအိမ္ကိုေစာေစာျပန္လာခဲ့၏။

  သူဥယ်ာဥ္ကိုျဖတ္လာတဲ့အခါလွမ္းၾကည့္လိုက္ေပမယ့္ ေရသူေလးေရကူးေနတာကိုမေတြ႕ရေပ။ မၾကာေသးတဲ့ရက္ေတြတုန္းက လင္ရွီးအေပၚထပ္ကငါးကန္ေလးမွာေနရတာကိုပိုႏွစ္သက္ေနသည္။ သူ႕သူငယ္ခ်င္းဒီလိုအျဖစ္မ်ိဳးနဲ႕ႀကဳံလိုက္ရတာေၾကာင့္ လင္ရွီးစိတ္ေအးေအးထားဖို႔အခ်ိန္လိုေၾကာင္း ခ်င္ေရွာင္းနားလည္ပါသည္။

တစ္ဆက္တည္းမွာပဲခ်င္ေရွာင္း စစ္သားကိုလင္ရွီးအေျခအေနအား ဂ႐ုစိုက္ဖို႔ႏွင့္ ထူးျခားတဲ့ဘယ္အရာမဆိုသူ႕ကိုတင္ျပဖို႔အမိန႔္ေပးထားခဲ့သည္။

သူ႕သူငယ္ခ်င္းကိုထိခိုက္ေစတဲ့လူေၾကာင့္ လင္ရွီးလူသားေတြအေပၚမွာ သတိအျပည့္နဲ႕အာဃာတထားသြားမွာကို ခ်င္ေရွာင္းႏွလုံးသားထဲမွာအနည္းငယ္စိုးရိမ္မိသည္။

  ခ်င္ေရွာင္းအိမ္ထဲဝင္လာကာ ဧည့္ခန္းကိုျဖတ္ေလွ်ာက္သြားၿပီး အေဆာက္အဦး၏ေခါင္မိုးထပ္သို႔တက္လိုက္သည္။ ေခါင္မိုးထပ္တံခါးကိုဖြင့္လိုက္ေပမယ့္ ေမွ်ာ္လင့္မထားစြာငါးကန္ကလြတ္ေနၿပီး အနက္ေရာင္ေရသူေလး၏အရိပ္အေယာင္ကိုမေတြ႕ရေပ။

  ခ်င္ေရွာင္းငါးကန္ေရွ႕မွာရပ္လိုက္၏။ သူ႕အေရွ႕ရွိငါးကန္က ေဖာက္ထြင္းျမင္ေနရကာ ေရကၾကည္ေနၿပီးေလတိုက္ေသာေၾကာင့္ လွိုင္းအနည္းငယ္ထေနသည္။

  ေန႕လည္တုန္းကလင္ရွီးအတြက္သူစီစဥ္ေပးထားတဲ့စစ္သားက လင္ရွီးအညိုေရာင္ေရသူေလးကို ေတြ႕ဖို႔အတြက္ေဆး႐ုံသြားေၾကာင္းသတင္းပို႔ထားတာကိုသူေတြးမိသြား၏။

အေပၚထပ္ေရာေအာက္ထပ္မွာပါမရွိဘူးဆိုေတာ့ လင္ရွီးေဆး႐ုံကျပန္မလာေသးတာလား?

  ခ်င္ေရွာင္းေအာက္ထပ္ကဧည့္ခန႔္ဆီဆင္းလိုက္၏။ ဗလာျဖစ္ေနတဲ့ဧည့္ခန္းမွာ ေရသူေလးရဲ႕အနံ႕တို႔ရွိေနကာ အနံ႕အသက္ကဒီအိမ္ႏွင့္ေရာသြားပုံပင္။ အရင္က ခ်င္ေရွာင္းဒီေနရာကို ညအိပ္႐ုံသာျပန္လာခဲ့သည္။ သူဒီေနရာကိုအိမ္လို႔မေတြးဖူးေပ။

အိမ္ဆိုတဲ့စကားလုံးက သူ႕အဘိဓာန္မွာမရွိေခ်။

လင္ရွီးေရာက္လာမွသာ ခ်င္ေရွာင္းအဲ့တာကိုကိုယ္တိုင္ခံစားလိုက္ရတာျဖစ္သည္။ အိမ္ကအသက္ဝင္လာတာကိုသူခံစားလိုက္ရသည္။ သူ႕ရဲ႕ဗလာက်င္းေနခဲ့တဲ့ႏွလုံးသားမွာ အက္ေၾကာင္းေလးတစ္ခုရွိလာၿပီး လင္ရွီးကထိုအက္ေၾကာင္းေလးကေနလွမ္းဝင္လာခဲ့သည္။

#7.10.2022

Continue Reading

You'll Also Like

294K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.5M 177K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
434K 10.4K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
33.4K 6.4K 100
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...