ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မ...

By D_Yayy_Nine

341K 32.5K 1.4K

သုံးပွင့်ဆိုင်ဝတ္ထုထဲကို ကူးပြောင်းခံလိုက်ရပြီးနောက်..... နှိုင်းအမြုတေ - "စနိုက်ကြော်နဲ့ခြံခုန်နွားကို မှတ်လ... More

Intro
ဇာတ်ကောင်မိတ်ဆက်
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Characterရှင်းတမ်း
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Characters and their Birthdays
Chapter-28
Chapter-29
Chapter-30
Chapter-31
Special Episode
I want to apologize
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44 (Finale)
ကျေးဇူးတင်လွှာ
Extra: အဆိုးထဲက အဆိုးများ
Extra: Paing x Hlwar

Chapter-39

4.1K 482 21
By D_Yayy_Nine

Unicode Version

ယှဥ်ပြိုင်မှုတိုင်းမှာ အဆုံးသတ်သို့မရောက်သေးခင်အထိ အောင်နိုင်ခြင်းနှင့်ကျရှုံးခြင်းဟာ တစ်လှည့်စီဖြစ်ပေါ်တတ်လေရာ ပိုင်စိုးမိုးသူနှင့် စွမ်းစေတမာန်၏ထိပ်တိုက်ရင်ဆိုင်မှုသည်လည်း ထိုနည်းလည်းကောင်းပင်။

အသာစီးရလိုက်၊ ပြန်နစ်နာရလိုက်နှင့် လုံးလည်ချာလည်လိုက်နေကြရင်း အဆုံးသတ်မှာ ကိုယ့်ဘက်ကအသာစီးရဖို့အတွက် အားတင်းထားကြရသည်။

ပိုင်စိုးမိုးသူအဖို့တော့ ကုမ္ပဏီတွင်းမှာလည်း ရှယ်ယာရှင်တချို့၏ထောက်ခံမှုဖြင့် နေရာတစ်နေရာကို တစ်စတစ်စဖြင့် မသိမသာကုပ်တွယ်ရင်း ဆက်ခံသူနေရာအား သူသာရထိုက်ကြောင်း သက်သေပြသည့်အနေနှင့် အလုပ်တွေအများကြီးဖိလုပ်နေရသည်။

အလုပ်တစ်ဖက် မိသားစုအရေးတစ်ဖက်ဖြင့် ဖိအားများနေသောသူ့ဘဝမှာ အပန်းဖြေရာဟူ၍လုံးဝမရှိ။ ပုံမှန်ဆိုလျှင် ထိုမျှသောဖိအားတွေဟာ သူ့အတွက် ဖြုံလောက်စရာမရှိသော်ငြား စွမ်းစေတမာန်၏မိခင်ထံမှခြိမ်းခြောက်ခံရပြီးကတည်းက ဆတ်ဆတ်ထိမခံဖြစ်နေသောသူသည် နေ့ရက်တိုင်းကိုလည်း သူ့အမေနှင့်စကားများရန်ဖြစ်ကြရင်း ကုန်ဆုံးနေရပြန်သည်။

အဖက်ဖက်ကဖိအားတို့သည် သူ့အား ယခင်ကထက်ပို၍အရိုင်းအစိုင်းဆန်လာစေသည်။ လက်စားချေခြင်းအမှု၌ အရူးအမူးဖြစ်လာစေ၏။ အမြဲလိုလိုထိန်းသိမ်းရခက်သောဒေါသကလည်း ပေါက်ကွဲဖို့ ပိုလွယ်ကူလာသည်။

သူ၏သည်းခံနိုင်စွမ်းများကို ကုန်ဆုံးသွားစေသောကိစ္စမှာကား စွမ်းစေတမာန်၏အဖေဆိုလည်းဟုတ်၊ သူ့အဖေဆိုလည်းဟုတ်သော ဦးစွမ်းဝေယံထက်က သူမသိအောင် သူ့အမေနှင့်ဆက်သွယ်ဖို့ကြိုးစားနေသည်ကို သိလိုက်ရခြင်းပင်။

တွေ့ကြဖို့ဆိုသည်မှာလည်း စွမ်းစေတမာန်၏ကောင်းကျိုးအတွက်သာ ဖြစ်နေပြန်၏။ ပိုင်စိုးမိုးသူမှာ စိတ်တိုရလွန်း၍ တစ်လောကလုံးကိုလှောင်ရယ်ဖို့ပင် မတတ်နိုင်တော့။ ရှိရှိသမျှလူတိုင်းကို စိတ်ကုန်စိတ်ပျက်ရလွန်း၍လည်း သူ့မှာ မောလှပြီ။

စိတ်ရှိတိုင်းသာ တဇွတ်ထိုးဆန်လိုက်ရလျှင်ဖြင့် သူသေကိုယ်သေချရင်းပစ်ဖို့သာရှိတော့၏။

တကယ်တမ်းလည်း သူ၏နောက်ဆုံးခြေလှမ်းကို ခပ်ကြီးကြီးလှမ်းဖို့သူပြင်ဆင်ထားသည်။

ဤအတောအတွင်းမှာဖြစ်ပွါးသွားသော နာမည်ကြီးစက်ရုံတစ်ခု၏ဓာတ်ငွေ့ယိုစိမ့်ခြင်းအမှုနှင့်ဆက်စပ်၍ စွမ်းစေတမာန်၏အဘိုးကို ဖိနှိပ်ထားနိုင်လိုက်သည်ဖြစ်ရာ လတ်တလောမှာတော့ ထိုလူ၏အာဏာမှေးမှိန်နေဆဲဖြစ်သည့်အတွက် နိုင်ငံအတွင်း သြဇာအာဏာလွှမ်းမိုးမှုအရာမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ခံထားရချေပြီ။

ဤအခြေအနေကိုအခွင့်ကောင်းယူ၍ သူ့ဘက်ကလည်း နောက်ဆုံးခြေလှမ်းကို စတင်လှမ်းတော့မည်ပင်။ ဤလမ်းဟာ သူ့အတွက်ရော စွမ်းစေတမာန်အတွက်ပါ နောက်ဆုတ်၍မရတော့မည့်လမ်းပင်ဖြစ်၏။

အောင်နိုင်သူကိုအဆုံးအဖြတ်ပေးမည့်ပွဲဆိုလည်း မမှား။

ဤတစ်ခေါက်မှာသာ တစ်စုံတစ်ရာလွဲမှားသွားခဲ့ပါက ခြေလှမ်းမှားသွားသူဟာ ပျက်စီးဆုံးရှုံးမှုတို့၏အဖော်ပြုခြင်းကိုသာ ခံရပေလိမ့်မည်။

နောက်ဆုံးခြေလှမ်းအတွက် သူ၏ပြင်ဆင်မှုမှန်သမျှဟာ ပြီးစီးနေပြီသာ။ သူလုပ်ဖို့လိုအပ်သည့်အရာမှာ စတင်လိုက်ဖို့လောဆော်ရန် ဖုန်းတစ်ချက်ဆက်လိုက်ရုံသာ။

သို့သော် ဖုန်းမဆက်ခင် လူတစ်ယောက်နှင့်သွားတွေ့ဖို့ လိုသေးသည်။ ထို့ကြောင့် တခြားလုပ်စရာများကိုခဏဘေးဖယ်ထားပြီး ထိုလူရှိရာဆီသို့ တိတ်တဆိတ်ထွက်လာခဲ့လိုက်သည်။

သူ၏လှုပ်ရှားမှုကိုစုံစမ်းရန် စွမ်းစေတမာန်လွှတ်ထားသောလူများကို မျက်ခြည်ဖြတ်ရင်း ထိုလူ့ဆီသို့ရောက်သွားချိန်မှာ ထိုလူကလည်း သူ့အား ဝမ်းသာအားရဆီးကြိုရှာ၏။

"မင်းလာတာ အတော်ပဲ။ ငါ ဒီမှာပျင်းလို့သေတော့မယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း စျေးဝယ်ဖို့အပြင်လေးတစ်ခါထွက်တာ ဟိုလူကြီးရဲ့လူတွေနဲ့တိုးလို့ လှည့်ပြေးခဲ့ရသေးတယ်"

ထိုလူဆိုသည်မှာ မလွဲဧကန် ဆရာကောင်းသာ။ ဆရာကောင်းပြောသော ဟိုလူကြီးရဲ့လူဆိုသည်မှာ သူပြန်ရောက်နေသည့်သတင်းကိူကြားပြီးကတည်းက သူ့အားအသေအကြေလိုက်ရှာနေကြသော စွမ်းစေတမာန်၏အဘိုးဖြစ်သူမှလွှတ်ထားသော လူယုံများပင်။

ထိုစဥ်က စွမ်းစေတမာန်အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်းမိမတတ်ဖြစ်ခဲ့သည့်ကိစ္စတုန်းကတည်းက စွမ်းစေတမာန်၏အဘိုးဟာ သူ့ကို ပြင်းပြင်းထန်ထန်အပြစ်ပေးချင်နေခဲ့သည်သာ။

သို့သော် စွမ်းစေတမာန်၏ဂုဏ်သိက္ခာကိုငဲ့၍လည်းကောင်း၊ စွမ်းစေတမာန်၏စိတ်ဒဏ်ရာကို ပြန်မဆွလိုတော့သည်ကတစ်ကြောင်းကြောင့် အမျိုးမျိုးသောအကြောင်းပြချက်များအဆုံး စွမ်းစေတမာန်၏အဘိုးဟာ ဆရာကောင်းအား ဤနိုင်ငံသို့ပြန်မလာရန်ကတိတောင်းပြီး သူ့အား အဝေးသို့နှင်ထုတ်ပစ်ခဲ့သည်။

ထို့ကြောင့်လည်း သူပြန်ရောက်နေပြီဟုသတင်းရထားကတည်းက ဟိုသည်နေရာအနှံ့လူလွှတ်ထားလေရာ သူ့မှာ ပုန်းအောင်းနေဖို့သာတတ်နိုင်သည်။

"ဆရာကောင်းရဲ့ဒုက္ခခံရမယ့်ရက်တွေက ပြီးသွားပါပြီ"

ခန့်မှန်းရခက်သောအပြုံးတစ်ခုဖြင့် အေးအေးလူလူပြောလာသောပိုင်စိုးမိုးသူကြောင့် ဆရာကောင်းမှာ ကြောင်တိကြောင်အမ်း..။

"ဘာဖြစ်လို့လဲ"

"အခုမှမသိချင်ယောင်ဆောင်နေပြန်ပြီ။ ဆရာကောင်း အခုလိုဒုက္ခခံနေတာဘာအတွက်လဲ။ စွမ်းစေတမာန်နဲ့တစ်ခါလောက်ဖြစ်ဖြစ် လူချင်းတွေ့ချင်လို့မဟုတ်ဘူးလား"

"ဟုတ်တယ်လေ။ ဒါပေမဲ့ မင်းပဲစောင့်ပါဦးလို့ပြောခဲ့တာမလား.. မဟုတ်မှ.."

"ဟုတ်တယ်။ ဆရာကောင်းတွေးနေတာအမှန်ပဲ။ ကျွန်တော် ဆရာကောင်းကို စွမ်းစေတမာန်နဲ့တွေ့ပေးဖို့အခွင့်အရေးရလာပြီ"

မကြာမီမှာ ကုမ္ပဏီနှစ်ပတ်လည်ပွဲကျင်းပဖို့ရှိ၏။ ထိုပွဲမှာ ကုမ္ပဏီ၏အရေးပါအရာရောက်သောပုဂ္ဂိုလ်မှန်သမျှ တက်ရောက်ကြဖို့လည်းရှိ၏။

အကယ်၍ ထိုပွဲမျိုးမှာသာ စွမ်းစေတမာန်ကိုရောဂါဖောက်အောင် လုပ်နိုင်ခဲ့မည်ဆိုပါက အမွေဆက်ခံသူဟူသောပုံရိပ်ကလည်း ချိုးဖျက်ဖို့လွယ်လင့်တကူဖြစ်သွားလိမ့်မည်သာ။ ထို့ပြင် ထိုကဲ့သို့ကိစ္စမျိုးကိုလုပ်ဖို့အသင့်တော်ဆုံးလူကလည်း ဆရာကောင်းကလွဲ၍မရှိပေ။

ထိုကိစ္စသည် စွမ်းစေတမာန်အား အလဲထိုးဖို့မလုံလောက်မှန်း ပိုင်စိုးမိုးသူသိသည်။ ထို့ကြောင့် ထိုကိစ္စနှင့်အပြိုင် တစ်ချိန်တည်းမှာလှုပ်ရှားမည့် အခြားအစီအစဥ်တစ်ခုလည်းရှိသေးသည်။ ထိုအစီအစဥ်ပါပေါင်းလိုက်လျှင် စွမ်းစေတမာန်ကို စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုဖြင့် ပြိုလဲသွားစေဖို့လုံလောက်သည်။

သူက သူ့အတွေးနှင့်သူသဘောကျနေသလို သူ၏အကြံအစည်များကို ဘာမှမသိရှာသောဆရာကောင်းကလည်း သူ့အာရုံနှင့်သူပျော်မွေ့နေလေ၏။

လိုအင်ဆန္ဒတွေသာ ကွဲပြားနိုင်ပေမယ့် ပြည့်မြောက်လာစေချင်သော ထိုဆန္ဒတွေအတွက် မျှော်လင့်ချက်ကတော့ တူညီကြသည်သာ။

.....

တစ်​နေ့တာအတွက် လုပ်ငန်းဆောင်တာများအားလုံးပြီးစီးသည့်နောက် ဝဠာဟိန်းပိုင်အဖို့ အားလပ်ချိန်ဟူ၍မရှိတော့သည့်အပြင် ပုံမှန်အိပ်ချိန်ကိုပါလွန်နေချေပြီ။

"စေတမာန် မင်းမအိပ်သေးဘူးလား"

ဝရန်တာမှာထွက်ပြီး အတွေးနယ်ကျွံနေသူအား သွားမေးမိသော်လည်း အဖြေကားပြန်မလာ။ လက်သာခါပြပြီး အရင်အိပ်နှင့်ဖို့ တိုက်တွန်းခံရသည်။

လက်ရှိမှာ သူတို့နှစ်ယောက်သည် လုံခြုံရေးအရ ဦးစွမ်းဝေယံထက်နှင့်အတူ ပြန်နေကြရသည်။ စွမ်းစေတမာန်ကတော့ ဖြစ်ခဲ့သမျှအတွက် ဦးစွမ်းဝေယံထက်ကိုခွင့်လွှတ်လိုက်ပြီလည်းမဟုတ်။ စိတ်ဆိုးနေဆဲလည်းမဟုတ်။ အဖေဖြစ်သူအား ဥပေက္ခာပြုထားဆဲအခြေအနေပင်။

"တစ်နာရီပဲကျော်နေပြီ"

သူကိုယ်တိုင်လည်း ပျင်ပျင်းရှိလှသည်မို့ နှစ်ယောက်သား ဝရန်တာမှာရပ်နေရင်း နီယွန်မီးရောင်များဖြင့် အလှဆင်ထားသောအမှောင်ထုဆီသို့ ဦးတည်ရာမဲ့စွာငေးနေလိုက်ကြသည်။

"ဒီအပတ်စနေနေ့.. ကြီးကြီးမားမားတစ်ခုခုတော့ဖြစ်တော့မယ်လို့ခံစားမိနေတယ်"

ရတက်မအေးနိုင်စွာရေရွတ်ရင်း စွမ်းစေတမာန်မှာ ပူပင်သောကများဖြင့် လောင်မြိုက်နေရသည်။ လာမည့်စနေနေ့ကား ကုမ္ပဏီ၏နှစ်ပတ်လည်ပွဲအခမ်းအနား ကျင်းပမည့်နေ့ဖြစ်သည်။ ထိုရက်မှာပင် နှိုင်းအမြုတေအား ဟန်ပြပြန်ပေးဆွဲမည့်ကိစ္စကို အကောင်အထည်ဖော်ဖို့ သူတို့ဆုံးဖြတ်ထားသည်။

တစ်ဖက်လူများကို သူတို့ ပွဲထဲမှာသာရှိနေသယောင်ထင်မှတ်စေပြီး ဤပြန်ပေးဆွဲမှုဟာ သူတို့နှင့်လုံးဝမသက်ဆိုင်ကြောင်း မြင်သွားစေဖို့အရေး ပီပြင်စွာသရုပ်ဆောင်ကြဖို့အထိ အသေးစိတ်ပြင်ထားသည်။

ဤသို့လုပ်ခြင်းဖြင့် ဘာအကျိုးရှိသလဲဟု သူ့အားမေးလျှင် သူ့အဖို့တော့ နှိုင်းအမြုတေအားရန်ရှာမည့် ပိုင်စိုးမိုးသူ၏အကြံအစည်ပျက်စီးသွားရုံဖြင့် လုံလောက်သည်။

သူက အရှေ့မှာလုပ်စရာရှိတာလုပ်နေချိန်တွင် နောက်ကွယ်မှာ သူ၏နှိုင်းလေးလုံခြုံစွာရှိနေဖို့သာ အရေးကြီးသည်။ ထိုအတွက်နှင့် စိတ်ဆိုးခံရလည်းခံရပါစေ။ နောက်မှသာ သူအပြစ်တင်ခံလိုက်မည်သာ။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဦးထွန်းရှိန်နှင့်လည်း သူ တိတ်တဆိတ်တိုင်ပင်ပြီးသားပင်။ ဦးထွန်းရှိန်ကလည်း သူ့သားကိုတယုတယကာကွယ်လိုသူတစ်ယောက်ပီပီ ထိုအကြံကိုလက်ခံသည်။

အားလုံးအဆင်ပြေနေပြီဖြစ်သောကြောင့် စနေနေ့မှာ အစီအစဥ်အတိုင်း အံဝင်ခွင်ကျဖြစ်ဖို့သာလိုတော့သည်။

"ငါတို့တွေ ဒီလောက်ကြီးပြင်ဆင်လာခဲ့ပြီးပြီပဲကွာ။ အဆင်ပြေသွားမှာပါ"

"ဟိုဘက်ကလည်း သေချာပေါက်တစ်ခုခုကြံစည်နေတယ်။ ငါတို့ အမှားသေးသေးလေးတောင် လုပ်မိလို့မဖြစ်ဘူး"

ခြေတစ်လှမ်းပင်မဆိုထားနှင့်။ ခြေလှမ်းဝက်မျှပင် မှား၍မဖြစ်သောအခြေအနေမှာ သတိတစ်ချက်လစ်လို့မဖြစ်။

ဝဠာဟိန်းပိုင်ကတော့ အစိုးရိမ်ပိုနေသောညီဝမ်းကွဲလေးကို ကျောပြင်ကိုပုတ်ကာပုတ်ကာဖြင့် နှစ်သိမ့်ပေးရရှာသည်။ ဘေးလူဖြစ်သည့်သူ့မှာတောင် မရေမတွက်နိုင်သောဖိအားများနှင့် ပူပန်မှုများရှိနေလျှင် ကာယကံရှင်သာဆိုလျှင် ပြောနိုင်ဖွယ်ရာပင်မရှိ။

ထိုအခိုက် ခြံဝန်းရှေ့ရှိလမ်းမဆီမှ ထွက်ပေါ်လာသောဆူညံသံတချို့နှင့် ရုတ်ရင်းဆန်ခတ်ဖြစ်နေဟန်တူသောလူရိပ်တချို့ကို မြင်လိုက်ရပြီးနောက် ထိုအရိပ်သုံးလေးခုဟာ အချင်းချင်းပူးကပ်လုံးထွေးရင်း ဗရမ်းဗတာဖြစ်နေကြတော့သည်။

ယခုရက်ပိုင်း အစစအရာရာသတိကြီးကြီးထားနေကြသော သူတို့ကလည်း တစ်ယောက်ကိုတစ်ယောက် အမှတ်တမဲ့လှည့်ကြည့်မိကြသည်။

နှစ်ယောက်သား အသံတိတ်နားလည်မှုဖြင့် အိမ်ပေါ်မှပြေးဆင်းကာ ခြံထဲအထိဆင်းသွားကြသော်ငြား အပြင်ကိုတော့ အလျင်စလိုပြေးမထွက်ခဲ့ပေ။

ခြံထဲမှနေ၍ အပြင်ဘက်ကအခြေအနေကို ခပ်မြန်မြန်အကဲခတ်လိုက်သည့်အခါ လူလေးယောက်ခိုက်ရန်ဖြစ်ပွါးနေသည်ကို မြင်လိုက်ရသည်။ သူတို့ကိုအံ့သြစေသောအရာမှာ လူသုံးယောက်၏အလယ်မှာ တစ်ကိုယ်တည်းခုခံရင်း အလျှော့မပေးတမ်းတိုက်ခိုက်နေသူသည် ဇမ္ဗူတလွှားဖြစ်နေခြင်းသာ။

"ဘာလဲဟ.."

ဝဠာဟိန်းပိုင်မှာ မယုံကြည်နိုင်စွာရေရွတ်ရင်း ခြံတံခါးကိုခပ်သွက်သွက်ဖွင့်ကာ ထိုလူအုပ်ဆီသို့ပြေးရတော့သည်။ စွမ်းစေတမာန်ကလည်း အနောက်ကပြေးလိုက်လာသည်။ လက်ရှိမှာ သူ့ရောဂါအခြေအနေသည် တိုးတက်နေပြီဖြစ်သည့်အတွက် ရန်ဖြစ်ရုံကိစ္စလေးက သူ့အား ဒုက္ခမပေးနိုင်ချေ။

ဤသို့ဖြင့် လူခြောက်ယောက်ဖြစ်သွားသောရန်ပွဲကလည်း ပို၍ဗရမ်းဗတာနိုင်လာပြီး ဘေးပတ်ဝန်းကျင်ကိုသတိပြုမိစေလုမတတ်ဖြစ်လာသည့်အခါ ထိုခဏလေးအတွင်းမှာပင် တစ်ဖက်အုပ်စုက လက်လျှော့ပြီးလှည့်ပြေးသွားတော့သည်။

"အဲ့ဒီလူတွေက ဘယ်သူတွေလဲ။ သူတို့ဘာလုပ်နေတယ်ဆိုတာရော သိကြလား။ သူတို့ အစ်ကိုတို့ကိုထောက်လှမ်းနေတာ"

ဇမ္ဗူတလွှားက သွေးရူးသွေးတန်းဖြင့် မအော်ဟစ်ရုံတစ်မည် အလောတကြီးမေးလာသော်လည်း ဝဠာဟိန်းပိုင်ကတော့ တည်ငြိမ်နေဆဲ။

"ငါတို့သိတယ်။ ပြောရရင် အဲ့လိုလုပ်စေချင်လို့ကို သေချာလွှတ်ထားပေးတာ"

"ရူးနေလို့လား။ နောက်ယောင်ခံလိုက်တာ ဘယ်အချိန်ထပြီးအန္တရာယ်ပေးမယ်မှန်းမသိရဘူးလေ။ နေပါဦး.. ကျွန်တော့်ကိုဘာလို့မပြောတာလဲ.. ကျွန်တော်.."

"အဲ့ဒါ ငါကမင်းကိုပြောရမှာ။ မင်းရော ရူးနေပြီလား..။ ဒီအချိန်ကြီး ဒီနားကိုဘာလာလုပ်တာလဲ"

အခြေအနေကိုပြောင်းပြန်လှန်လိုက်သောဝဠာဟိန်းပိုင်က မှောင်ရိပ်နားမှာရပ်နေသော ဇမ္ဗူတလွှားကို တစ်ဖန်ပြန်ဆူလေတော့သည်။ ခေါင်းငိုက်စိုက်ချထားရင်း ရိုရိုကျိုးကျိုးမတ်တပ်ရပ်နေရှာသော ဇမ္ဗူတလွှားကတော့ သူ ဘယ်လိုဆူငေါက်ငေါက် နာခံမည့်ဟန်လေးဖြင့် ငြိမ်သက်နေ၏။

လက်ရှိအခြေအနေကြီးက တစ်မျိုးတစ်မည်ဖြစ်နေတာကို သတိပြုမိသွားသောစွမ်းစေတမာန်ကလည်း ဤနေရာမှာဆက်မနေဖို့ဆုံးဖြတ်လိုက်သည်။

"ဒါဆို ငါ အိမ်ထဲအရင်ဝင်နှင့်တော့မယ်"

ပြောပြီးသည်နှင့် ချက်ချင်းလှည့်ပြန်သွားသောစွမ်းစေတမာန်ကြောင့် ထိုနေရာမှာ ဝဠာဟိန်းပိုင်နှင့်ဇမ္ဗူတလွှားသာ ကျန်ရစ်နေခဲ့​တော့သည်။

"ပြောလေ။ ဘာလာလုပ်တာလဲလို့"

ဝဠာဟိန်းပိုင် အမှန်အကန်စိတ်တိုနေသည်။ ညဘက်လူခြေတိတ်ချိန်ကြီး အိမ်ရှေ့အထိရောက်လာသည့်အပြင် ပိုင်စိုးမိုးသူ၏လူတွေနှင့် ရန်ပါဖြစ်လိုက်သေးသည်။ ဇမ္ဗူတလွှားထိုသို့လုပ်နေခြင်းဟာ အန္တရာယ်တွင်းထဲ ခုန်ချနေသည့်အတိုင်းပင်။

သူသည် ပိုင်စိုးမိုးသူ၏ လက်စားချေမည့်လူစာရင်းထဲမှာ ပါထားပြီးသားဖြစ်၏။ ထို့ကြောင့် သူနှင့်ရင်းနှီးပြလေလေ ထိုကောင်လေးအတွက် အန္တရာယ်များလေလေပင်။ သူ့အနေနှင့် မသက်ဆိုင်သူတွေကို ဤအရှုပ်အထွေးကြီးထဲသို့ ဆွဲမခေါ်ချင်ပေ။ ပြီးခဲ့သည့်တစ်ခေါက်ကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး စကားများထားရသေးသည်။ ဤသည်ကိုပင် ထိုကောင်လေးက အမှတ်မရှိ။

"အစ်ကို့ကိုတွေ့ချင်လို့"

မဝံ့မရဲပြန်​ဖြေရှာသော ဇမ္ဗူတလွှား၏မျက်ဝန်းထဲမှာ အနည်းငယ်သောဂျစ်တိုက်မှုအရိပ်အယောင်လေးက အထင်းသား။

"ဒီအချိန်ကြီးကျမှလေ"

"အစကတော့ မနက်မှလာမလို့ပဲ။ ဒါပေမဲ့ နေမှမနေနိုင်တော့တာ"

ရဲရဲဝံ့ဝံ့ခေါင်းမော့ရင်ကော့ပြီးပြောနေရင်း စကားအဆုံးသတ်မှာ သတ္တိမဲ့သွားဟန်ဖြင့် မသိမသာမျက်နှာလွှဲသွားပုံလေးက သနားစဖွယ်။

"ပြီးတော့ ကျွန်တော်တို့မတွေ့ရတာ ဘယ်လောက်ကြာနေပြီလဲ။ တွေ့တွေ့ချင်း ပြောရမယ့်စကားက 'ဘာလာလုပ်တာလဲ'ဆိုတာအပြင် မရှိဘူးလားဗျာ"

မူလကတည်းက ဂျစ်ကန်ကန်ကောင်လေးမို့ မနေနိုင်မထိုင်နိုင်အထွန့်တက်ပြန်သည်။ ဝဠာဟိန်းပိုင်မှာ စိတ်လည်းတိုရ၊ အားလည်းနာရနှင့် ဗျာများရသည်။ ပုံမှန်အချိန်တွေမှာ စကားများလွန်းသောဝဠာဟိန်းပိုင်တစ်ယောက် ယခုမှသာ ဘာပြန်ပြောသင့်လဲဆိုတာမသိဘဲ ဆွံ့အနေရသည်။

"ကိုကို.."

အစ်ကိုဟုခေါ်နေခဲ့ရာမှ ကိုကိုဟု စတင်ပြောင်းလဲလာသည့်အချိန်ဟာ ဇမ္ဗူတလွှားတစ်ယောက် သူ့အားစိတ်ဝင်စားနေကြောင်း အတိအလင်းဝန်ခံပြီးကတည်းကပင်။

"တွေ့ချင်လို့လာခဲ့တာဆိုပေမယ့် အဓိကက ကျွန်တော်တောင်းပန်ချင်လို့ပါ"

ဝဠာဟိန်းပိုင်ဘက်က ဆွံ့အနေသည်ကိုအခွင့်ကောင်းယူ၍ ဇမ္ဗူတလွှားတစ်ယောက် သူပြောချင်ရာကိုဆက်တိုက်ပြောနေလေတော့သည်။

"ကျွန်တော်တို့ ပြန်ပြေလည်ကြရအောင်။ ဒီလိုကြီးမနေချင်ဘူး။ ကျွန်တော် စကားမှားတာရှိရင်လည်း တောင်းပန်ချင်တယ်။ ကိုကိုမကြိုက်တာတစ်ခုခုပြောခဲ့မိရင်လည်း တောင်းပန်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ကိုပစ်မထားပါနဲ့။ စိတ်လည်းမဆိုးပါနဲ့နော်"

ရင်းနှီးခဲ့သောခဏတာသက်တမ်းလေးအတွင်းမှာ ဇမ္ဗူတလွှားတစ်ယောက် သူ့ကို ဘယ်လောက်ခင်တွယ်ကြောင်း၊ ဘယ်လောက်ကပ်ချွဲတတ်လေကြောင်း သူသာအသိဆုံးပင်။

တကယ်တမ်းတော့ သူလည်း ထိုကောင်လေးကို ပစ်မထားချင်ပါ။ အခြေအနေအရ ရွေးချယ်စရာမရှိ၍ အခိုက်အတန့်တစ်ခုအထိ ခပ်ဝေးဝေးနေလိုခြင်းသာ။ အကြောင်းအရင်းကတော့ တစ်ခုတည်း။ သူ့ကြောင့် သည်ကောင်လေးထိခိုက်ရမည့်အဖြစ်မျိုးကို သူမလိုချင်သောကြောင့်ပင်။

"ကျွန်တော်အတွက်ဆိုတဲ့ခေါင်းစဥ်ကြီးနဲ့တော့ ထပ်ပြီးတွန်းမထုတ်ပါနဲ့။ ကျွန်တော် တခြားဘာမှမတောင်းဆိုဘူးလေ။ ဒီတိုင်း အရင်လိုလေးနေချင်ရုံပါပဲ။ ညီအစ်ကိုလိုဆိုရင်လည်း ရတယ်။ ဂျူနီယာတစ်ယောက်လိုလည်း ရတယ်။ ဒီအတိုင်း.. အနားမှာပဲနေခွင့်ပေးပါ"

ဤမျှအထိတောင်းပန်တိုးလျှိုးနေသူကို ဝဠာဟိန်းပိုင် ဘယ်လိုများငြင်းရက်ပါတော့မလဲ။ သို့ပေမယ့် လုံးဝလည်းမလိုက်လျောနိုင်။

"အိုကေ။ ကောင်းပြီ။ ဒါပေမဲ့ တစ်ခုရှိတယ်။ ခုနကလိုကိစ္စမျိုး ထပ်မဖြစ်စေနဲ့တော့။ မင်းပြောတော့ သူတို့ကအန္တရာယ်များတယ်ဆို။ အန္တရာယ်များမှန်းသိရက်နဲ့ ဘာကိစ္စရန်ဖြစ်ရတာလဲ"

"နောက်မဖြစ်စေရပါဘူး"

အဆိုးအတေလေးခမျာ သူနှင့်ပြေလည်သွားပြီဟူသောအသိဖြင့် စိတ်ပေါ့ပါးသွားဟန်လေးက ကလေးသာသာ။

"ဒါဆို အရမ်းနောက်ကျနေပြီဆိုတော့ ကိုကိုအိပ်တော့လေ။ ကျွန်တော်ပြန်တော့မယ်"

"နေဦး။ မင်း ဘာနဲ့လာတာလဲ"

"ဆိုင်ကယ်နဲ့လေ.."

ဝဠာဟိန်းပိုင်မှာ တိတ်ဆိတ်နေသောလမ်းမကြီးကိုတစ်လှည့် ဇမ္ဗူတလွှားကိုတစ်လှည့်ကြည့်ကာ စိတ်ထဲရတက်မအေး။

"ဆိုင်ကယ်ကဘယ်မလဲ"

"ဟိုနားမှာလေ"

"သွားယူ"

"ဗျာ"

သူ့စကားကို ဇမ္ဗူတလွှားနားမလည်မှန်း သိသာသည်။ သူ့အား အကြောင်သားငေးရင်း နေရာမှာပင် မလှုပ်မယှက်ရပ်နေ၏။

"ဒီပုံစံနဲ့ပြန်လွှတ်ဖို့စိတ်မချတော့ဘူး။ မဟုတ်လည်း အိမ်မှာ အခန်းလွတ်တွေရှိတာပဲဆိုတော့ မပြန်နဲ့။ အိမ်မှာပဲအိပ်သွား။ မနက်မှပြန်တော့"

ဝမ်းသာစရာသတင်းက တစ်ခုပြီးတစ်ခုဆက်လာသည့်အခါ ဇမ္ဗူတလွှား၏မျက်နှာအမူအရာဟာ ပျားပိတုန်းတွေကိုဆွဲဆောင်နိုင်ဖို့ လုံလောက်သည်အထိ ချိုမြနေပြီသာ။

"ဟုတ်"

ပုတ်သင်ညိုအရှုံးပေးရလောက်အောင် ခေါင်းတညိတ်ညိတ်လုပ်ရင်း သူ့အချစ်တော်ဆိုင်ကယ်လေးကို ပြေးယူရှာသည်။

နှစ်ယောက်သား အိမ်ထဲကိုရောက်တော့ စွမ်းစေတမာန်က အိပ်ရာခင်းနှင့်ခေါင်းအုံးကိုပွေ့ထားသည်ကို မြင်လိုက်ရသည်။

"အဲ့ဒါတွေက ဘာလုပ်မလို့လဲ"

"ငါထင်သားပဲ။ မင်း သူ့ကိုပြန်လွှတ်ဖို့စိတ်ချမှာမဟုတ်ဘူးလို့။ အဲ့ဒါကြောင့် ဒါတွေပြင်ထားပေးတာလေ"

"ကျေးဇူး"

ဇမ္ဗူတလွှားက သူ့အတွက်ဟုကြားသည်နှင့် ကြားထဲကဝင်၍ ကျေးဇူးတင်လိုက်သည်။ သူ့အမူအရာကတော့ ခပ်တောင့်တောင့်။ စွမ်းစေတမာန်လည်း ထိုနည်းတူပင်။ သူတို့ဟာ ဖြတ်သွားဖြတ်လာမြင်နေကျသူစိမ်းသက်သက်သာ ရှိသေးသည်မဟုတ်လား။

"မလိုပါဘူး။ ကဲ.. ဒါဆို ငါသွားအိပ်တော့မယ်"

နှုတ်ဆက်ပြီး အပေါ်ထပ်ကိုတက်သွားပါသော စွမ်းစေတမာန်ဟာ အနောက်ကို တစ်ချက်မျှပြန်လှည့်မကြည့်တော့ပေ။

ကျန်နေခဲ့သည့်သူတို့နှစ်ယောက်သားလည်း အချိန်ထပ်ဆွဲ၍မဖြစ်တော့ပေ။ ထို့ကြောင့် ဝဠာဟိန်းပိုင်က ဇမ္ဗူတလွှားအတွက် အခန်းလွတ်တစ်ခုထဲမှာ အိပ်ရာပြင်ပေးပြီးသည်နှင့် ကိုယ့်အခန်းကိုယ်ပြန်ဖို့ပြင်သည်။

သို့သော် ဇမ္ဗူတလွှားမှာ သူ့ကိုပြောဖို့စကားအချို့ ရှိနေသေး၏။

"ခဏ.."

"ဟင် ဘာလဲ"

"ခုနက ကိုကိုပြောတယ်လေ။ အန္တရာယ်များတာတွေမလုပ်နဲ့ဆိုတာ"

"အင်းလေ။ အဲ့ဒါဘာဖြစ်လို့လဲ"

"ကျွန်တော် ကိုကိုတစ်ယောက်တည်း အဲ့ဒီအရှုပ်အထွေးကြီးထဲမှာပင်ပန်းနေတာလည်း မကြည့်ရက်ဘူး။ ဒီတော့ အန္တရာယ်များတာတွေမလုပ်ဘူးလေ။ ဘေးကနေကူညီမယ်ဆိုရင်ရော.."

"ဘယ်လိုမျိုးလဲ"

"အဲ့ဒါတော့မသိသေးဘူး။ အန္တရာယ်မရှိဘဲ ကူညီနိုင်တာတစ်ခုခုပေါ့"

ဇမ္ဗူတလွှားမှာ ဖြစ်နိုင်လျှင် သူ့ကိုကိုအားစိတ်ဒုက္ခပေးနေသူကို ရေဆုံးမြေဆုံးလိုက်ပြီး လက်စားချေချင်သော်ငြား စိတ်ဆိုးခံရမှာလည်းကြောက်နေပြန်၏။

"ပြီးရောလေ။ ထိပ်တိုက်သာမတွေ့နဲ့"

"ဟုတ်"

ညှိနှိုင်းစရာရှိတာလည်း ညှိနှိုင်းပြီး ပြေလည်သင့်တာလည်း ပြေလည်ပြီမို့ အိပ်ချိန်လည်းရောက်လာပြီပင်။ ထို့ကြောင့် ထပ်အချိန်ဆွဲမနေတော့ဘဲ တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ပြီး ကိုယ့်အခန်းမှာကိုယ်အိပ်စက်ဖို့ပြင်ရတော့သည်။

တစ်ညတာကား စိတ်လှုပ်ရှားမှုတို့ရစ်တွယ်လျက်..။ မနက်ခင်းကား စောစီးစွာဆိုက်ရောက်လာ၏။ မလောက်ငှသောအချိန်လေးအတွင်း ပျော်ရွှင်မှုတို့အား အတောမသတ်နိုင်။

ဇမ္ဗူတလွှားပြောသည့် အန္တရာယ်မများသောကူညီမှုဟာ ဘယ်လိုမျိုးဆိုတာကို နောက်တစ်နေ့မှာပင် စွမ်းစေတမာန်ထံမှတစ်ဆင့် ဝဠာဟိန်းပိုင်သိလိုက်ရသည်။

"အပြင်သွားကြရအောင်"

ညနေပိုင်းအတွက် အပြင်သွားဖို့အစီအစဥ်မရှိဘဲ အားလပ်နေသောဝဠာဟိန်းပိုင်ကို စွမ်းစေတမာန်ကအဖော်လာညှိသည်။ သူငြင်းဖို့ကြံမိခိုက် စွမ်းစေတမာန်ထပ်ပြောလာသည့်စကားကြောင့် စိတ်ကူးပြောင်းသွားသည်။

"လူတစ်ယောက်နဲ့သွားတွေ့မလို့"

"ဘယ်သူလဲ"

"ပိုင်စိုးမိုးသူရဲ့အမေ.."

ထိုအကူအညီကား ဇမ္ဗူတလွှားဆီမှလာကြောင်းကိုပါ သူသိလိုက်ရသည်။

ထိုကောင်လေး၏အကောင်အထည်ဖော်ပုံဟာ ဤမျှမြန်ဆန်လွန်းသည်သာ။

မြန်ဆန်သည်ဟုချီးကျူးခံရသော ထိုကောင်လေးကတော့ နောက်ကွယ်မှာ အကြံကြီးကြံနေလေသည်။

သူသည် Maskအမည်းကိုတပ်၊ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီး လမ်းပင်ဖြောင့်ဖြောင့်မလျှောက်နိုင်တော့အောင် မူးရူးလာသည့်ပိုင်စိုးမိုးသူကို ကားပါကင်ထဲမှာ အပီအပြင်ဆော်လေတော့သည်။

ပိုင်စိုးမိုးသူကလည်း ကျန်ရှိနေသေးသောအသိစိတ်ခပ်ယဲ့ယဲ့လေးဖြင့် ပြန်လည်ခုခံသော်ငြား အရက်ရှိန်ကြောင့် ခုခံမှုဟာအရာမရောက်ဘဲ ပြင်းထန်သောတရစပ်ထိုးနှက်ချက်များကို အောင့်အည်းသည်းခံနေရတော့သည်။

မရပ်မနားထိုးကြိတ်နေသော ဇမ္ဗူတလွှားကတော့ လူသံကြားမှသာ ထိုးကြိတ်နေခြင်းကိုရပ်လိုက်ပြီး ခပ်တိုးတိုးကြိမ်းဝါးသွားသေးသည်။

"ဒီလောက်နဲ့ ပြီးသွားပြီမထင်နဲ့။ မင်းကို အရှင်လတ်လတ် ငရဲပို့ပြမယ်"


*********

A/N: တကယ်လို့ ပိုင်စိုးမိုးသူကသာ နှိုင်းလေးကိုမဟုတ်ဘဲ ပိုင်ပိုင်လေးကိုသာပြန်ပေးဆွဲဖို့ကြိုးစားမယ်ဆိုရင် တခြားဘယ်သူမှမလိုဘူး.. ဇမ္ဗူတလွှားရဲ့လက်ချက်နဲ့တင် သူကိစ္စတုံးလောက်တယ်ಥ‿ಥ

အဲ့ငဂျစ်ကောင်က လက်ရဲဇက်ရဲရယ်...

•••••••


ZawGyi Version


ယွဥ္ၿပိဳင္မႈတိုင္းမွာ အဆုံးသတ္သို႔မေရာက္ေသးခင္အထိ ေအာင္ႏိုင္ျခင္းႏွင့္က်႐ႈံးျခင္းဟာ တစ္လွည့္စီျဖစ္ေပၚတတ္ေလရာ ပိုင္စိုးမိုးသူႏွင့္ စြမ္းေစတမာန္၏ထိပ္တိုက္ရင္ဆိုင္မႈသည္လည္း ထိုနည္းလည္းေကာင္းပင္။

အသာစီးရလိုက္၊ ျပန္နစ္နာရလိုက္ႏွင့္ လုံးလည္ခ်ာလည္လိုက္ေနၾကရင္း အဆုံးသတ္မွာ ကိုယ့္ဘက္ကအသာစီးရဖို႔အတြက္ အားတင္းထားၾကရသည္။

ပိုင္စိုးမိုးသူအဖို႔ေတာ့ ကုမၸဏီတြင္းမွာလည္း ႐ွယ္ယာ႐ွင္တခ်ိဳ႕၏ေထာက္ခံမႈျဖင့္ ေနရာတစ္ေနရာကို တစ္စတစ္စျဖင့္ မသိမသာကုပ္တြယ္ရင္း ဆက္ခံသူေနရာအား သူသာရထိုက္ေၾကာင္း သက္ေသျပသည့္အေနႏွင့္ အလုပ္ေတြအမ်ားႀကီးဖိလုပ္ေနရသည္။

အလုပ္တစ္ဖက္ မိသားစုအေရးတစ္ဖက္ျဖင့္ ဖိအားမ်ားေနေသာသူ႕ဘဝမွာ အပန္းေျဖရာဟူ၍လုံးဝမ႐ွိ။ ပုံမွန္ဆိုလွ်င္ ထိုမွ်ေသာဖိအားေတြဟာ သူ႕အတြက္ ျဖဳံေလာက္စရာမ႐ွိေသာ္ျငား စြမ္းေစတမာန္၏မိခင္ထံမွၿခိမ္းေျခာက္ခံရၿပီးကတည္းက ဆတ္ဆတ္ထိမခံျဖစ္ေနေသာသူသည္ ေန႔ရက္တိုင္းကိုလည္း သူ႕အေမႏွင့္စကားမ်ားရန္ျဖစ္ၾကရင္း ကုန္ဆုံးေနရျပန္သည္။

အဖက္ဖက္ကဖိအားတို႔သည္ သူ႕အား ယခင္ကထက္ပို၍အ႐ိုင္းအစိုင္းဆန္လာေစသည္။ လက္စားေခ်ျခင္းအမႈ၌ အ႐ူးအမူးျဖစ္လာေစ၏။ အၿမဲလိုလိုထိန္းသိမ္းရခက္ေသာေဒါသကလည္း ေပါက္ကြဲဖို႔ ပိုလြယ္ကူလာသည္။

သူ၏သည္းခံႏိုင္စြမ္းမ်ားကို ကုန္ဆုံးသြားေစေသာကိစၥမွာကား စြမ္းေစတမာန္၏အေဖဆိုလည္းဟုတ္၊ သူ႕အေဖဆိုလည္းဟုတ္ေသာ ဦးစြမ္းေဝယံထက္က သူမသိေအာင္ သူ႕အေမႏွင့္ဆက္သြယ္ဖို႔ႀကိဳးစားေနသည္ကို သိလိုက္ရျခင္းပင္။

ေတြ႕ၾကဖို႔ဆိုသည္မွာလည္း စြမ္းေစတမာန္၏ေကာင္းက်ိဳးအတြက္သာ ျဖစ္ေနျပန္၏။ ပိုင္စိုးမိုးသူမွာ စိတ္တိုရလြန္း၍ တစ္ေလာကလုံးကိုေလွာင္ရယ္ဖို႔ပင္ မတတ္ႏိုင္ေတာ့။ ႐ွိ႐ွိသမွ်လူတိုင္းကို စိတ္ကုန္စိတ္ပ်က္ရလြန္း၍လည္း သူ႕မွာ ေမာလွၿပီ။

စိတ္႐ွိတိုင္းသာ တဇြတ္ထိုးဆန္လိုက္ရလွ်င္ျဖင့္ သူေသကိုယ္ေသခ်ရင္းပစ္ဖို႔သာ႐ွိေတာ့၏။

တကယ္တမ္းလည္း သူ၏ေနာက္ဆုံးေျခလွမ္းကို ခပ္ႀကီးႀကီးလွမ္းဖို႔သူျပင္ဆင္ထားသည္။

ဤအေတာအတြင္းမွာျဖစ္ပြါးသြားေသာ နာမည္ႀကီးစက္႐ုံတစ္ခု၏ဓာတ္ေငြ႕ယိုစိမ့္ျခင္းအမႈႏွင့္ဆက္စပ္၍ စြမ္းေစတမာန္၏အဘိုးကို ဖိႏွိပ္ထားႏိုင္လိုက္သည္ျဖစ္ရာ လတ္တေလာမွာေတာ့ ထိုလူ၏အာဏာေမွးမွိန္ေနဆဲျဖစ္သည့္အတြက္ ႏိုင္ငံအတြင္း ၾသဇာအာဏာလႊမ္းမိုးမႈအရာမွာ အခ်ိန္အတိုင္းအတာတစ္ခုအထိ ဖိႏွိပ္ခံထားရေခ်ၿပီ။

ဤအေျခအေနကိုအခြင့္ေကာင္းယူ၍ သူ႕ဘက္ကလည္း ေနာက္ဆုံးေျခလွမ္းကို စတင္လွမ္းေတာ့မည္ပင္။ ဤလမ္းဟာ သူ႕အတြက္ေရာ စြမ္းေစတမာန္အတြက္ပါ ေနာက္ဆုတ္၍မရေတာ့မည့္လမ္းပင္ျဖစ္၏။

ေအာင္ႏိုင္သူကိုအဆုံးအျဖတ္ေပးမည့္ပြဲဆိုလည္း မမွား။

ဤတစ္ေခါက္မွာသာ တစ္စုံတစ္ရာလြဲမွားသြားခဲ့ပါက ေျခလွမ္းမွားသြားသူဟာ ပ်က္စီးဆုံး႐ႈံးမႈတို႔၏အေဖာ္ျပဳျခင္းကိုသာ ခံရေပလိမ့္မည္။

ေနာက္ဆုံးေျခလွမ္းအတြက္ သူ၏ျပင္ဆင္မႈမွန္သမွ်ဟာ ၿပီးစီးေနၿပီသာ။ သူလုပ္ဖို႔လိုအပ္သည့္အရာမွာ စတင္လိုက္ဖို႔ေလာေဆာ္ရန္ ဖုန္းတစ္ခ်က္ဆက္လိုက္႐ုံသာ။

သို႔ေသာ္ ဖုန္းမဆက္ခင္ လူတစ္ေယာက္ႏွင့္သြားေတြ႕ဖို႔ လိုေသးသည္။ ထို႔ေၾကာင့္ တျခားလုပ္စရာမ်ားကိုခဏေဘးဖယ္ထားၿပီး ထိုလူ႐ွိရာဆီသို႔ တိတ္တဆိတ္ထြက္လာခဲ့လိုက္သည္။

သူ၏လႈပ္႐ွားမႈကိုစုံစမ္းရန္ စြမ္းေစတမာန္လႊတ္ထားေသာလူမ်ားကို မ်က္ျခည္ျဖတ္ရင္း ထိုလူ႕ဆီသို႔ေရာက္သြားခ်ိန္မွာ ထိုလူကလည္း သူ႕အား ဝမ္းသာအားရဆီးႀကိဳ႐ွာ၏။

"မင္းလာတာ အေတာ္ပဲ။ ငါ ဒီမွာပ်င္းလို႔ေသေတာ့မယ္။ ၿပီးခဲ့တဲ့တစ္ေခါက္တုန္းကလည္း ေစ်းဝယ္ဖို႔အျပင္ေလးတစ္ခါထြက္တာ ဟိုလူႀကီးရဲ႕လူေတြနဲ႔တိုးလို႔ လွည့္ေျပးခဲ့ရေသးတယ္"

ထိုလူဆိုသည္မွာ မလြဲဧကန္ ဆရာေကာင္းသာ။ ဆရာေကာင္းေျပာေသာ ဟိုလူႀကီးရဲ႕လူဆိုသည္မွာ သူျပန္ေရာက္ေနသည့္သတင္းကိူၾကားၿပီးကတည္းက သူ႕အားအေသအေၾကလိုက္႐ွာေနၾကေသာ စြမ္းေစတမာန္၏အဘိုးျဖစ္သူမွလႊတ္ထားေသာ လူယုံမ်ားပင္။

ထိုစဥ္က စြမ္းေစတမာန္အေပၚ ကိုယ္ထိလက္ေရာက္က်ဴးလြန္းမိမတတ္ျဖစ္ခဲ့သည့္ကိစၥတုန္းကတည္းက စြမ္းေစတမာန္၏အဘိုးဟာ သူ႕ကို ျပင္းျပင္းထန္ထန္အျပစ္ေပးခ်င္ေနခဲ့သည္သာ။

သို႔ေသာ္ စြမ္းေစတမာန္၏ဂုဏ္သိကၡာကိုငဲ့၍လည္းေကာင္း၊ စြမ္းေစတမာန္၏စိတ္ဒဏ္ရာကို ျပန္မဆြလိုေတာ့သည္ကတစ္ေၾကာင္းေၾကာင့္ အမ်ိဳးမ်ိဳးေသာအေၾကာင္းျပခ်က္မ်ားအဆုံး စြမ္းေစတမာန္၏အဘိုးဟာ ဆရာေကာင္းအား ဤႏိုင္ငံသို႔ျပန္မလာရန္ကတိေတာင္းၿပီး သူ႕အား အေဝးသို႔ႏွင္ထုတ္ပစ္ခဲ့သည္။

ထို႔ေၾကာင့္လည္း သူျပန္ေရာက္ေနၿပီဟုသတင္းရထားကတည္းက ဟိုသည္ေနရာအႏွံ႔လူလႊတ္ထားေလရာ သူ႕မွာ ပုန္းေအာင္းေနဖို႔သာတတ္ႏိုင္သည္။

"ဆရာေကာင္းရဲ႕ဒုကၡခံရမယ့္ရက္ေတြက ၿပီးသြားပါၿပီ"

ခန္႔မွန္းရခက္ေသာအျပဳံးတစ္ခုျဖင့္ ေအးေအးလူလူေျပာလာေသာပိုင္စိုးမိုးသူေၾကာင့္ ဆရာေကာင္းမွာ ေၾကာင္တိေၾကာင္အမ္း..။

"ဘာျဖစ္လို႔လဲ"

"အခုမွမသိခ်င္ေယာင္ေဆာင္ေနျပန္ၿပီ။ ဆရာေကာင္း အခုလိုဒုကၡခံေနတာဘာအတြက္လဲ။ စြမ္းေစတမာန္နဲ႔တစ္ခါေလာက္ျဖစ္ျဖစ္ လူခ်င္းေတြ႕ခ်င္လို႔မဟုတ္ဘူးလား"

"ဟုတ္တယ္ေလ။ ဒါေပမဲ့ မင္းပဲေစာင့္ပါဦးလို႔ေျပာခဲ့တာမလား.. မဟုတ္မွ.."

"ဟုတ္တယ္။ ဆရာေကာင္းေတြးေနတာအမွန္ပဲ။ ကြၽန္ေတာ္ ဆရာေကာင္းကို စြမ္းေစတမာန္နဲ႔ေတြ႕ေပးဖို႔အခြင့္အေရးရလာၿပီ"

မၾကာမီမွာ ကုမၸဏီႏွစ္ပတ္လည္ပြဲက်င္းပဖို႔႐ွိ၏။ ထိုပြဲမွာ ကုမၸဏီ၏အေရးပါအရာေရာက္ေသာပုဂၢိဳလ္မွန္သမွ် တက္ေရာက္ၾကဖို႔လည္း႐ွိ၏။

အကယ္၍ ထိုပြဲမ်ိဳးမွာသာ စြမ္းေစတမာန္ကိုေရာဂါေဖာက္ေအာင္ လုပ္ႏိုင္ခဲ့မည္ဆိုပါက အေမြဆက္ခံသူဟူေသာပုံရိပ္ကလည္း ခ်ိဳးဖ်က္ဖို႔လြယ္လင့္တကူျဖစ္သြားလိမ့္မည္သာ။ ထို႔ျပင္ ထိုကဲ့သို႔ကိစၥမ်ိဳးကိုလုပ္ဖို႔အသင့္ေတာ္ဆုံးလူကလည္း ဆရာေကာင္းကလြဲ၍မ႐ွိေပ။

ထိုကိစၥသည္ စြမ္းေစတမာန္အား အလဲထိုးဖို႔မလုံေလာက္မွန္း ပိုင္စိုးမိုးသူသိသည္။ ထို႔ေၾကာင့္ ထိုကိစၥႏွင့္အၿပိဳင္ တစ္ခ်ိန္တည္းမွာလႈပ္႐ွားမည့္ အျခားအစီအစဥ္တစ္ခုလည္း႐ွိေသးသည္။ ထိုအစီအစဥ္ပါေပါင္းလိုက္လွ်င္ စြမ္းေစတမာန္ကို စိတ္ပိုင္းဆိုင္ရာတိုက္ခိုက္မႈျဖင့္ ၿပိဳလဲသြားေစဖို႔လုံေလာက္သည္။

သူက သူ႕အေတြးႏွင့္သူသေဘာက်ေနသလို သူ၏အၾကံအစည္မ်ားကို ဘာမွမသိ႐ွာေသာဆရာေကာင္းကလည္း သူ႕အာ႐ုံႏွင့္သူေပ်ာ္ေမြ႕ေနေလ၏။

လိုအင္ဆႏၵေတြသာ ကြဲျပားႏိုင္ေပမယ့္ ျပည့္ေျမာက္လာေစခ်င္ေသာ ထိုဆႏၵေတြအတြက္ ေမွ်ာ္လင့္ခ်က္ကေတာ့ တူညီၾကသည္သာ။

.....

တစ္​ေန႔တာအတြက္ လုပ္ငန္းေဆာင္တာမ်ားအားလုံးၿပီးစီးသည့္ေနာက္ ဝဠာဟိန္းပိုင္အဖို႔ အားလပ္ခ်ိန္ဟူ၍မ႐ွိေတာ့သည့္အျပင္ ပုံမွန္အိပ္ခ်ိန္ကိုပါလြန္ေနေခ်ၿပီ။

"ေစတမာန္ မင္းမအိပ္ေသးဘူးလား"

ဝရန္တာမွာထြက္ၿပီး အေတြးနယ္ကြၽံေနသူအား သြားေမးမိေသာ္လည္း အေျဖကားျပန္မလာ။ လက္သာခါျပၿပီး အရင္အိပ္ႏွင့္ဖို႔ တိုက္တြန္းခံရသည္။

လက္႐ွိမွာ သူတို႔ႏွစ္ေယာက္သည္ လုံျခဳံေရးအရ ဦးစြမ္းေဝယံထက္ႏွင့္အတူ ျပန္ေနၾကရသည္။ စြမ္းေစတမာန္ကေတာ့ ျဖစ္ခဲ့သမွ်အတြက္ ဦးစြမ္းေဝယံထက္ကိုခြင့္လႊတ္လိုက္ၿပီလည္းမဟုတ္။ စိတ္ဆိုးေနဆဲလည္းမဟုတ္။ အေဖျဖစ္သူအား ဥေပကၡာျပဳထားဆဲအေျခအေနပင္။

"တစ္နာရီပဲေက်ာ္ေနၿပီ"

သူကိုယ္တိုင္လည္း ပ်င္ပ်င္း႐ွိလွသည္မို႔ ႏွစ္ေယာက္သား ဝရန္တာမွာရပ္ေနရင္း နီယြန္မီးေရာင္မ်ားျဖင့္ အလွဆင္ထားေသာအေမွာင္ထုဆီသို႔ ဦးတည္ရာမဲ့စြာေငးေနလိုက္ၾကသည္။

"ဒီအပတ္စေနေန႔.. ႀကီးႀကီးမားမားတစ္ခုခုေတာ့ျဖစ္ေတာ့မယ္လို႔ခံစားမိေနတယ္"

ရတက္မေအးႏိုင္စြာေရ႐ြတ္ရင္း စြမ္းေစတမာန္မွာ ပူပင္ေသာကမ်ားျဖင့္ ေလာင္ၿမိဳက္ေနရသည္။ လာမည့္စေနေန႔ကား ကုမၸဏီ၏ႏွစ္ပတ္လည္ပြဲအခမ္းအနား က်င္းပမည့္ေန႔ျဖစ္သည္။ ထိုရက္မွာပင္ ႏိႈင္းအျမဳေတအား ဟန္ျပျပန္ေပးဆြဲမည့္ကိစၥကို အေကာင္အထည္ေဖာ္ဖို႔ သူတို႔ဆုံးျဖတ္ထားသည္။

တစ္ဖက္လူမ်ားကို သူတို႔ ပြဲထဲမွာသာ႐ွိေနသေယာင္ထင္မွတ္ေစၿပီး ဤျပန္ေပးဆြဲမႈဟာ သူတို႔ႏွင့္လုံးဝမသက္ဆိုင္ေၾကာင္း ျမင္သြားေစဖို႔အေရး ပီျပင္စြာသ႐ုပ္ေဆာင္ၾကဖို႔အထိ အေသးစိတ္ျပင္ထားသည္။

ဤသို႔လုပ္ျခင္းျဖင့္ ဘာအက်ိဳး႐ွိသလဲဟု သူ႕အားေမးလွ်င္ သူ႕အဖို႔ေတာ့ ႏိႈင္းအျမဳေတအားရန္႐ွာမည့္ ပိုင္စိုးမိုးသူ၏အၾကံအစည္ပ်က္စီးသြား႐ုံျဖင့္ လုံေလာက္သည္။

သူက အေ႐ွ႕မွာလုပ္စရာ႐ွိတာလုပ္ေနခ်ိန္တြင္ ေနာက္ကြယ္မွာ သူ၏ႏိႈင္းေလးလုံျခဳံစြာ႐ွိေနဖို႔သာ အေရးႀကီးသည္။ ထိုအတြက္ႏွင့္ စိတ္ဆိုးခံရလည္းခံရပါေစ။ ေနာက္မွသာ သူအျပစ္တင္ခံလိုက္မည္သာ။

ထိုကိစၥႏွင့္ပတ္သက္ၿပီး ဦးထြန္း႐ွိန္ႏွင့္လည္း သူ တိတ္တဆိတ္တိုင္ပင္ၿပီးသားပင္။ ဦးထြန္း႐ွိန္ကလည္း သူ႕သားကိုတယုတယကာကြယ္လိုသူတစ္ေယာက္ပီပီ ထိုအၾကံကိုလက္ခံသည္။

အားလုံးအဆင္ေျပေနၿပီျဖစ္ေသာေၾကာင့္ စေနေန႔မွာ အစီအစဥ္အတိုင္း အံဝင္ခြင္က်ျဖစ္ဖို႔သာလိုေတာ့သည္။

"ငါတို႔ေတြ ဒီေလာက္ႀကီးျပင္ဆင္လာခဲ့ၿပီးၿပီပဲကြာ။ အဆင္ေျပသြားမွာပါ"

"ဟိုဘက္ကလည္း ေသခ်ာေပါက္တစ္ခုခုၾကံစည္ေနတယ္။ ငါတို႔ အမွားေသးေသးေလးေတာင္ လုပ္မိလို႔မျဖစ္ဘူး"

ေျခတစ္လွမ္းပင္မဆိုထားႏွင့္။ ေျခလွမ္းဝက္မွ်ပင္ မွား၍မျဖစ္ေသာအေျခအေနမွာ သတိတစ္ခ်က္လစ္လို႔မျဖစ္။

ဝဠာဟိန္းပိုင္ကေတာ့ အစိုးရိမ္ပိုေနေသာညီဝမ္းကြဲေလးကို ေက်ာျပင္ကိုပုတ္ကာပုတ္ကာျဖင့္ ႏွစ္သိမ့္ေပးရ႐ွာသည္။ ေဘးလူျဖစ္သည့္သူ႕မွာေတာင္ မေရမတြက္ႏိုင္ေသာဖိအားမ်ားႏွင့္ ပူပန္မႈမ်ား႐ွိေနလွ်င္ ကာယကံ႐ွင္သာဆိုလွ်င္ ေျပာႏိုင္ဖြယ္ရာပင္မ႐ွိ။

ထိုအခိုက္ ျခံဝန္းေ႐ွ႕႐ွိလမ္းမဆီမွ ထြက္ေပၚလာေသာဆူညံသံတခ်ိဳ႕ႏွင့္ ႐ုတ္ရင္းဆန္ခတ္ျဖစ္ေနဟန္တူေသာလူရိပ္တခ်ိဳ႕ကို ျမင္လိုက္ရၿပီးေနာက္ ထိုအရိပ္သုံးေလးခုဟာ အခ်င္းခ်င္းပူးကပ္လုံးေထြးရင္း ဗရမ္းဗတာျဖစ္ေနၾကေတာ့သည္။

ယခုရက္ပိုင္း အစစအရာရာသတိႀကီးႀကီးထားေနၾကေသာ သူတို႔ကလည္း တစ္ေယာက္ကိုတစ္ေယာက္ အမွတ္တမဲ့လွည့္ၾကည့္မိၾကသည္။

ႏွစ္ေယာက္သား အသံတိတ္နားလည္မႈျဖင့္ အိမ္ေပၚမွေျပးဆင္းကာ ျခံထဲအထိဆင္းသြားၾကေသာ္ျငား အျပင္ကိုေတာ့ အလ်င္စလိုေျပးမထြက္ခဲ့ေပ။

ျခံထဲမွေန၍ အျပင္ဘက္ကအေျခအေနကို ခပ္ျမန္ျမန္အကဲခတ္လိုက္သည့္အခါ လူေလးေယာက္ခိုက္ရန္ျဖစ္ပြါးေနသည္ကို ျမင္လိုက္ရသည္။ သူတို႔ကိုအံ့ၾသေစေသာအရာမွာ လူသုံးေယာက္၏အလယ္မွာ တစ္ကိုယ္တည္းခုခံရင္း အေလွ်ာ့မေပးတမ္းတိုက္ခိုက္ေနသူသည္ ဇမၺဴတလႊားျဖစ္ေနျခင္းသာ။

"ဘာလဲဟ.."

ဝဠာဟိန္းပိုင္မွာ မယုံၾကည္ႏိုင္စြာေရ႐ြတ္ရင္း ျခံတံခါးကိုခပ္သြက္သြက္ဖြင့္ကာ ထိုလူအုပ္ဆီသို႔ေျပးရေတာ့သည္။ စြမ္းေစတမာန္ကလည္း အေနာက္ကေျပးလိုက္လာသည္။ လက္႐ွိမွာ သူ႕ေရာဂါအေျခအေနသည္ တိုးတက္ေနၿပီျဖစ္သည့္အတြက္ ရန္ျဖစ္႐ုံကိစၥေလးက သူ႕အား ဒုကၡမေပးႏိုင္ေခ်။

ဤသို႔ျဖင့္ လူေျခာက္ေယာက္ျဖစ္သြားေသာရန္ပြဲကလည္း ပို၍ဗရမ္းဗတာႏိုင္လာၿပီး ေဘးပတ္ဝန္းက်င္ကိုသတိျပဳမိေစလုမတတ္ျဖစ္လာသည့္အခါ ထိုခဏေလးအတြင္းမွာပင္ တစ္ဖက္အုပ္စုက လက္ေလွ်ာ့ၿပီးလွည့္ေျပးသြားေတာ့သည္။

"အဲ့ဒီလူေတြက ဘယ္သူေတြလဲ။ သူတို႔ဘာလုပ္ေနတယ္ဆိုတာေရာ သိၾကလား။ သူတို႔ အစ္ကိုတို႔ကိုေထာက္လွမ္းေနတာ"

ဇမၺဴတလႊားက ေသြး႐ူးေသြးတန္းျဖင့္ မေအာ္ဟစ္႐ုံတစ္မည္ အေလာတႀကီးေမးလာေသာ္လည္း ဝဠာဟိန္းပိုင္ကေတာ့ တည္ၿငိမ္ေနဆဲ။

"ငါတို႔သိတယ္။ ေျပာရရင္ အဲ့လိုလုပ္ေစခ်င္လို႔ကို ေသခ်ာလႊတ္ထားေပးတာ"

"႐ူးေနလို႔လား။ ေနာက္ေယာင္ခံလိုက္တာ ဘယ္အခ်ိန္ထၿပီးအႏၲရာယ္ေပးမယ္မွန္းမသိရဘူးေလ။ ေနပါဦး.. ကြၽန္ေတာ္႕ကိုဘာလို႔မေျပာတာလဲ.. ကြၽန္ေတာ္.."

"အဲ့ဒါ ငါကမင္းကိုေျပာရမွာ။ မင္းေရာ ႐ူးေနၿပီလား..။ ဒီအခ်ိန္ႀကီး ဒီနားကိုဘာလာလုပ္တာလဲ"

အေျခအေနကိုေျပာင္းျပန္လွန္လိုက္ေသာဝဠာဟိန္းပိုင္က ေမွာင္ရိပ္နားမွာရပ္ေနေသာ ဇမၺဴတလႊားကို တစ္ဖန္ျပန္ဆူေလေတာ့သည္။ ေခါင္းငိုက္စိုက္ခ်ထားရင္း ႐ို႐ိုက်ိဳးက်ိဳးမတ္တပ္ရပ္ေန႐ွာေသာ ဇမၺဴတလႊားကေတာ့ သူ ဘယ္လိုဆူေငါက္ေငါက္ နာခံမည့္ဟန္ေလးျဖင့္ ၿငိမ္သက္ေန၏။

လက္႐ွိအေျခအေနႀကီးက တစ္မ်ိဳးတစ္မည္ျဖစ္ေနတာကို သတိျပဳမိသြားေသာစြမ္းေစတမာန္ကလည္း ဤေနရာမွာဆက္မေနဖို႔ဆုံးျဖတ္လိုက္သည္။

"ဒါဆို ငါ အိမ္ထဲအရင္ဝင္ႏွင့္ေတာ့မယ္"

ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းလွည့္ျပန္သြားေသာစြမ္းေစတမာန္ေၾကာင့္ ထိုေနရာမွာ ဝဠာဟိန္းပိုင္ႏွင့္ဇမၺဴတလႊားသာ က်န္ရစ္ေနခဲ့​ေတာ့သည္။

"ေျပာေလ။ ဘာလာလုပ္တာလဲလို႔"

ဝဠာဟိန္းပိုင္ အမွန္အကန္စိတ္တိုေနသည္။ ညဘက္လူေျခတိတ္ခ်ိန္ႀကီး အိမ္ေ႐ွ႕အထိေရာက္လာသည့္အျပင္ ပိုင္စိုးမိုးသူ၏လူေတြႏွင့္ ရန္ပါျဖစ္လိုက္ေသးသည္။ ဇမၺဴတလႊားထိုသို႔လုပ္ေနျခင္းဟာ အႏၲရာယ္တြင္းထဲ ခုန္ခ်ေနသည့္အတိုင္းပင္။

သူသည္ ပိုင္စိုးမိုးသူ၏ လက္စားေခ်မည့္လူစာရင္းထဲမွာ ပါထားၿပီးသားျဖစ္၏။ ထို႔ေၾကာင့္ သူႏွင့္ရင္းႏွီးျပေလေလ ထိုေကာင္ေလးအတြက္ အႏၲရာယ္မ်ားေလေလပင္။ သူ႕အေနႏွင့္ မသက္ဆိုင္သူေတြကို ဤအ႐ႈပ္အေထြးႀကီးထဲသို႔ ဆြဲမေခၚခ်င္ေပ။ ၿပီးခဲ့သည့္တစ္ေခါက္ကလည္း ထိုကိစၥႏွင့္ပတ္သက္ၿပီး စကားမ်ားထားရေသးသည္။ ဤသည္ကိုပင္ ထိုေကာင္ေလးက အမွတ္မ႐ွိ။

"အစ္ကို႔ကိုေတြ႕ခ်င္လို႔"

မဝံ့မရဲျပန္​ေျဖ႐ွာေသာ ဇမၺဴတလႊား၏မ်က္ဝန္းထဲမွာ အနည္းငယ္ေသာဂ်စ္တိုက္မႈအရိပ္အေယာင္ေလးက အထင္းသား။

"ဒီအခ်ိန္ႀကီးက်မွေလ"

"အစကေတာ့ မနက္မွလာမလို႔ပဲ။ ဒါေပမဲ့ ေနမွမေနႏိုင္ေတာ့တာ"

ရဲရဲဝံ့ဝံ့ေခါင္းေမာ့ရင္ေကာ့ၿပီးေျပာေနရင္း စကားအဆုံးသတ္မွာ သတၱိမဲ့သြားဟန္ျဖင့္ မသိမသာမ်က္ႏွာလႊဲသြားပုံေလးက သနားစဖြယ္။

"ၿပီးေတာ့ ကြၽန္ေတာ္တို႔မေတြ႕ရတာ ဘယ္ေလာက္ၾကာေနၿပီလဲ။ ေတြ႕ေတြ႕ခ်င္း ေျပာရမယ့္စကားက 'ဘာလာလုပ္တာလဲ'ဆိုတာအျပင္ မ႐ွိဘူးလားဗ်ာ"

မူလကတည္းက ဂ်စ္ကန္ကန္ေကာင္ေလးမို႔ မေနႏိုင္မထိုင္ႏိုင္အထြန္႔တက္ျပန္သည္။ ဝဠာဟိန္းပိုင္မွာ စိတ္လည္းတိုရ၊ အားလည္းနာရႏွင့္ ဗ်ာမ်ားရသည္။ ပုံမွန္အခ်ိန္ေတြမွာ စကားမ်ားလြန္းေသာဝဠာဟိန္းပိုင္တစ္ေယာက္ ယခုမွသာ ဘာျပန္ေျပာသင့္လဲဆိုတာမသိဘဲ ဆြံ႕အေနရသည္။

"ကိုကို.."

အစ္ကိုဟုေခၚေနခဲ့ရာမွ ကိုကိုဟု စတင္ေျပာင္းလဲလာသည့္အခ်ိန္ဟာ ဇမၺဴတလႊားတစ္ေယာက္ သူ႕အားစိတ္ဝင္စားေနေၾကာင္း အတိအလင္းဝန္ခံၿပီးကတည္းကပင္။

"ေတြ႕ခ်င္လို႔လာခဲ့တာဆိုေပမယ့္ အဓိကက ကြၽန္ေတာ္ေတာင္းပန္ခ်င္လို႔ပါ"

ဝဠာဟိန္းပိုင္ဘက္က ဆြံ႕အေနသည္ကိုအခြင့္ေကာင္းယူ၍ ဇမၺဴတလႊားတစ္ေယာက္ သူေျပာခ်င္ရာကိုဆက္တိုက္ေျပာေနေလေတာ့သည္။

"ကြၽန္ေတာ္တို႔ ျပန္ေျပလည္ၾကရေအာင္။ ဒီလိုႀကီးမေနခ်င္ဘူး။ ကြၽန္ေတာ္ စကားမွားတာ႐ွိရင္လည္း ေတာင္းပန္ခ်င္တယ္။ ကိုကိုမႀကိဳက္တာတစ္ခုခုေျပာခဲ့မိရင္လည္း ေတာင္းပန္ပါတယ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္႕ကိုပစ္မထားပါနဲ႔။ စိတ္လည္းမဆိုးပါနဲ႔ေနာ္"

ရင္းႏွီးခဲ့ေသာခဏတာသက္တမ္းေလးအတြင္းမွာ ဇမၺဴတလႊားတစ္ေယာက္ သူ႕ကို ဘယ္ေလာက္ခင္တြယ္ေၾကာင္း၊ ဘယ္ေလာက္ကပ္ခြၽဲတတ္ေလေၾကာင္း သူသာအသိဆုံးပင္။

တကယ္တမ္းေတာ့ သူလည္း ထိုေကာင္ေလးကို ပစ္မထားခ်င္ပါ။ အေျခအေနအရ ေ႐ြးခ်ယ္စရာမ႐ွိ၍ အခိုက္အတန္႔တစ္ခုအထိ ခပ္ေဝးေဝးေနလိုျခင္းသာ။ အေၾကာင္းအရင္းကေတာ့ တစ္ခုတည္း။ သူ႕ေၾကာင့္ သည္ေကာင္ေလးထိခိုက္ရမည့္အျဖစ္မ်ိဳးကို သူမလိုခ်င္ေသာေၾကာင့္ပင္။

"ကြၽန္ေတာ္အတြက္ဆိုတဲ့ေခါင္းစဥ္ႀကီးနဲ႔ေတာ့ ထပ္ၿပီးတြန္းမထုတ္ပါနဲ႔။ ကြၽန္ေတာ္ တျခားဘာမွမေတာင္းဆိုဘူးေလ။ ဒီတိုင္း အရင္လိုေလးေနခ်င္႐ုံပါပဲ။ ညီအစ္ကိုလိုဆိုရင္လည္း ရတယ္။ ဂ်ဴနီယာတစ္ေယာက္လိုလည္း ရတယ္။ ဒီအတိုင္း.. အနားမွာပဲေနခြင့္ေပးပါ"

ဤမွ်အထိေတာင္းပန္တိုးလွ်ိဳးေနသူကို ဝဠာဟိန္းပိုင္ ဘယ္လိုမ်ားျငင္းရက္ပါေတာ့မလဲ။ သို႔ေပမယ့္ လုံးဝလည္းမလိုက္ေလ်ာႏိုင္။

"အိုေက။ ေကာင္းၿပီ။ ဒါေပမဲ့ တစ္ခု႐ွိတယ္။ ခုနကလိုကိစၥမ်ိဳး ထပ္မျဖစ္ေစနဲ႔ေတာ့။ မင္းေျပာေတာ့ သူတို႔ကအႏၲရာယ္မ်ားတယ္ဆို။ အႏၲရာယ္မ်ားမွန္းသိရက္နဲ႔ ဘာကိစၥရန္ျဖစ္ရတာလဲ"

"ေနာက္မျဖစ္ေစရပါဘူး"

အဆိုးအေတေလးခမ်ာ သူႏွင့္ေျပလည္သြားၿပီဟူေသာအသိျဖင့္ စိတ္ေပါ့ပါးသြားဟန္ေလးက ကေလးသာသာ။

"ဒါဆို အရမ္းေနာက္က်ေနၿပီဆိုေတာ့ ကိုကိုအိပ္ေတာ့ေလ။ ကြၽန္ေတာ္ျပန္ေတာ့မယ္"

"ေနဦး။ မင္း ဘာနဲ႔လာတာလဲ"

"ဆိုင္ကယ္နဲ႔ေလ.."

ဝဠာဟိန္းပိုင္မွာ တိတ္ဆိတ္ေနေသာလမ္းမႀကီးကိုတစ္လွည့္ ဇမၺဴတလႊားကိုတစ္လွည့္ၾကည့္ကာ စိတ္ထဲရတက္မေအး။

"ဆိုင္ကယ္ကဘယ္မလဲ"

"ဟိုနားမွာေလ"

"သြားယူ"

"ဗ်ာ"

သူ႕စကားကို ဇမၺဴတလႊားနားမလည္မွန္း သိသာသည္။ သူ႕အား အေၾကာင္သားေငးရင္း ေနရာမွာပင္ မလႈပ္မယွက္ရပ္ေန၏။

"ဒီပုံစံနဲ႔ျပန္လႊတ္ဖို႔စိတ္မခ်ေတာ့ဘူး။ မဟုတ္လည္း အိမ္မွာ အခန္းလြတ္ေတြ႐ွိတာပဲဆိုေတာ့ မျပန္နဲ႔။ အိမ္မွာပဲအိပ္သြား။ မနက္မွျပန္ေတာ့"

ဝမ္းသာစရာသတင္းက တစ္ခုၿပီးတစ္ခုဆက္လာသည့္အခါ ဇမၺဴတလႊား၏မ်က္ႏွာအမူအရာဟာ ပ်ားပိတုန္းေတြကိုဆြဲေဆာင္ႏိုင္ဖို႔ လုံေလာက္သည္အထိ ခ်ိဳျမေနၿပီသာ။

"ဟုတ္"

ပုတ္သင္ညိဳအ႐ႈံးေပးရေလာက္ေအာင္ ေခါင္းတညိတ္ညိတ္လုပ္ရင္း သူ႕အခ်စ္ေတာ္ဆိုင္ကယ္ေလးကို ေျပးယူ႐ွာသည္။

ႏွစ္ေယာက္သား အိမ္ထဲကိုေရာက္ေတာ့ စြမ္းေစတမာန္က အိပ္ရာခင္းႏွင့္ေခါင္းအုံးကိုေပြ႕ထားသည္ကို ျမင္လိုက္ရသည္။

"အဲ့ဒါေတြက ဘာလုပ္မလို႔လဲ"

"ငါထင္သားပဲ။ မင္း သူ႕ကိုျပန္လႊတ္ဖို႔စိတ္ခ်မွာမဟုတ္ဘူးလို႔။ အဲ့ဒါေၾကာင့္ ဒါေတြျပင္ထားေပးတာေလ"

"ေက်းဇူး"

ဇမၺဴတလႊားက သူ႕အတြက္ဟုၾကားသည္ႏွင့္ ၾကားထဲကဝင္၍ ေက်းဇူးတင္လိုက္သည္။ သူ႕အမူအရာကေတာ့ ခပ္ေတာင့္ေတာင့္။ စြမ္းေစတမာန္လည္း ထိုနည္းတူပင္။ သူတို႔ဟာ ျဖတ္သြားျဖတ္လာျမင္ေနက်သူစိမ္းသက္သက္သာ ႐ွိေသးသည္မဟုတ္လား။

"မလိုပါဘူး။ ကဲ.. ဒါဆို ငါသြားအိပ္ေတာ့မယ္"

ႏႈတ္ဆက္ၿပီး အေပၚထပ္ကိုတက္သြားပါေသာ စြမ္းေစတမာန္ဟာ အေနာက္ကို တစ္ခ်က္မွ်ျပန္လွည့္မၾကည့္ေတာ့ေပ။

က်န္ေနခဲ့သည့္သူတို႔ႏွစ္ေယာက္သားလည္း အခ်ိန္ထပ္ဆြဲ၍မျဖစ္ေတာ့ေပ။ ထို႔ေၾကာင့္ ဝဠာဟိန္းပိုင္က ဇမၺဴတလႊားအတြက္ အခန္းလြတ္တစ္ခုထဲမွာ အိပ္ရာျပင္ေပးၿပီးသည္ႏွင့္ ကိုယ့္အခန္းကိုယ္ျပန္ဖို႔ျပင္သည္။

သို႔ေသာ္ ဇမၺဴတလႊားမွာ သူ႕ကိုေျပာဖို႔စကားအခ်ိဳ႕ ႐ွိေနေသး၏။

"ခဏ.."

"ဟင္ ဘာလဲ"

"ခုနက ကိုကိုေျပာတယ္ေလ။ အႏၲရာယ္မ်ားတာေတြမလုပ္နဲ႔ဆိုတာ"

"အင္းေလ။ အဲ့ဒါဘာျဖစ္လို႔လဲ"

"ကြၽန္ေတာ္ ကိုကိုတစ္ေယာက္တည္း အဲ့ဒီအ႐ႈပ္အေထြးႀကီးထဲမွာပင္ပန္းေနတာလည္း မၾကည့္ရက္ဘူး။ ဒီေတာ့ အႏၲရာယ္မ်ားတာေတြမလုပ္ဘူးေလ။ ေဘးကေနကူညီမယ္ဆိုရင္ေရာ.."

"ဘယ္လိုမ်ိဳးလဲ"

"အဲ့ဒါေတာ့မသိေသးဘူး။ အႏၲရာယ္မ႐ွိဘဲ ကူညီႏိုင္တာတစ္ခုခုေပါ့"

ဇမၺဴတလႊားမွာ ျဖစ္ႏိုင္လွ်င္ သူ႕ကိုကိုအားစိတ္ဒုကၡေပးေနသူကို ေရဆုံးေျမဆုံးလိုက္ၿပီး လက္စားေခ်ခ်င္ေသာ္ျငား စိတ္ဆိုးခံရမွာလည္းေၾကာက္ေနျပန္၏။

"ၿပီးေရာေလ။ ထိပ္တိုက္သာမေတြ႕နဲ႔"

"ဟုတ္"

ညႇိႏိႈင္းစရာ႐ွိတာလည္း ညႇိႏိႈင္းၿပီး ေျပလည္သင့္တာလည္း ေျပလည္ၿပီမို႔ အိပ္ခ်ိန္လည္းေရာက္လာၿပီပင္။ ထို႔ေၾကာင့္ ထပ္အခ်ိန္ဆြဲမေနေတာ့ဘဲ တစ္ေယာက္ကိုတစ္ေယာက္ႏႈတ္ဆက္ၿပီး ကိုယ့္အခန္းမွာကိုယ္အိပ္စက္ဖို႔ျပင္ရေတာ့သည္။

တစ္ညတာကား စိတ္လႈပ္႐ွားမႈတို႔ရစ္တြယ္လ်က္..။ မနက္ခင္းကား ေစာစီးစြာဆိုက္ေရာက္လာ၏။ မေလာက္ငွေသာအခ်ိန္ေလးအတြင္း ေပ်ာ္႐ႊင္မႈတို႔အား အေတာမသတ္ႏိုင္။

ဇမၺဴတလႊားေျပာသည့္ အႏၲရာယ္မမ်ားေသာကူညီမႈဟာ ဘယ္လိုမ်ိဳးဆိုတာကို ေနာက္တစ္ေန႔မွာပင္ စြမ္းေစတမာန္ထံမွတစ္ဆင့္ ဝဠာဟိန္းပိုင္သိလိုက္ရသည္။

"အျပင္သြားၾကရေအာင္"

ညေနပိုင္းအတြက္ အျပင္သြားဖို႔အစီအစဥ္မ႐ွိဘဲ အားလပ္ေနေသာဝဠာဟိန္းပိုင္ကို စြမ္းေစတမာန္ကအေဖာ္လာညႇိသည္။ သူျငင္းဖို႔ၾကံမိခိုက္ စြမ္းေစတမာန္ထပ္ေျပာလာသည့္စကားေၾကာင့္ စိတ္ကူးေျပာင္းသြားသည္။

"လူတစ္ေယာက္နဲ႔သြားေတြ႕မလို႔"

"ဘယ္သူလဲ"

"ပိုင္စိုးမိုးသူရဲ႕အေမ.."

ထိုအကူအညီကား ဇမၺဴတလႊားဆီမွလာေၾကာင္းကိုပါ သူသိလိုက္ရသည္။

ထိုေကာင္ေလး၏အေကာင္အထည္ေဖာ္ပုံဟာ ဤမွ်ျမန္ဆန္လြန္းသည္သာ။

ျမန္ဆန္သည္ဟုခ်ီးက်ဴးခံရေသာ ထိုေကာင္ေလးကေတာ့ ေနာက္ကြယ္မွာ အၾကံႀကီးၾကံေနေလသည္။

သူသည္ Maskအမည္းကိုတပ္၊ ဦးထုပ္ကိုခပ္ငိုက္ငိုက္ေဆာင္းၿပီး လမ္းပင္ေျဖာင့္ေျဖာင့္မေလွ်ာက္ႏိုင္ေတာ့ေအာင္ မူး႐ူးလာသည့္ပိုင္စိုးမိုးသူကို ကားပါကင္ထဲမွာ အပီအျပင္ေဆာ္ေလေတာ့သည္။

ပိုင္စိုးမိုးသူကလည္း က်န္႐ွိေနေသးေသာအသိစိတ္ခပ္ယဲ့ယဲ့ေလးျဖင့္ ျပန္လည္ခုခံေသာ္ျငား အရက္႐ွိန္ေၾကာင့္ ခုခံမႈဟာအရာမေရာက္ဘဲ ျပင္းထန္ေသာတရစပ္ထိုးႏွက္ခ်က္မ်ားကို ေအာင့္အည္းသည္းခံေနရေတာ့သည္။

မရပ္မနားထိုးႀကိတ္ေနေသာ ဇမၺဴတလႊားကေတာ့ လူသံၾကားမွသာ ထိုးႀကိတ္ေနျခင္းကိုရပ္လိုက္ၿပီး ခပ္တိုးတိုးႀကိမ္းဝါးသြားေသးသည္။

"ဒီေလာက္နဲ႔ ၿပီးသြားၿပီမထင္နဲ႔။ မင္းကို အ႐ွင္လတ္လတ္ ငရဲပို႔ျပမယ္"


*********

A/N: တကယ္လို႔ ပိုင္စိုးမိုးသူကသာ ႏိႈင္းေလးကိုမဟုတ္ဘဲ ပိုင္ပိုင္ေလးကိုသာျပန္ေပးဆြဲဖို႔ႀကိဳးစားမယ္ဆိုရင္ တျခားဘယ္သူမွမလိုဘူး.. ဇမၺဴတလႊားရဲ႕လက္ခ်က္နဲ႔တင္ သူကိစၥတုံးေလာက္တယ္ಥ‿ಥ

အဲ့ငဂ်စ္ေကာင္က လက္ရဲဇက္ရဲရယ္...

•••••••

Continue Reading

You'll Also Like

2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.7M 69.6K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
285K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
LOVE IS SIMPLE By .

Historical Fiction

43K 3.5K 15
||CHANBAEK|| A King Love "WHO?"