တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
By maiyuri18
636K 36.9K 2.4K
သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final
Special Extra
အပိုင်း(၅)
13.4K 896 17
By maiyuri18
( 19.6.2023 (၇၈) နှစ်ပြည့် အမေ့မွေးနေ့ အမှတ်တရ ...
                                  ကျန်းမာပါစေ အမေ🙏🙏🙏)
အင်း ..ဖြေသံကြားလိူ့ ထ ခုန်ရမလိုဖြစ်နေပြီ ၊ တေမိမင်းသားဝင်စားသလား မေးရမယ့်လူသား။
စားပွဲပေါ်တင်ထားသော အသင့်စား ပါကင်ဗူးလေးတွေ ကို သောက်စရာ ဖျော်ရည်တစ်ချို့ကိုပြင်ဆင်ရင်း ပြောနေသော ဘုန်းမာန်။
" အနီးစပ်ဆုံးဆိုင်က အမြန်ချော မှာလိုက်တာ စားရတာ အဆင်ပြေရဲ့လား "
" .........."
အင်း ၊ အဲ လုပ်သံမကြားလို့ မော့ကြည့်မိတော့ ခေါင်းညိမ့်ရွေ့သာ အကြောင်းပြန်သည်။ ဘေးဘက်က တူ အစုံကို ဖွင့်ဖောက်လို့ စားလို့ရပြီလား မေးဟန်ဖြင့် ကိုယ်ဆီ အကြည့်ကြရောက်လာတော့ ခွက်ချင်းတိုက်စရာမရှိတဲ့ ဂုဏ်ပြုလက်ခုပ်ဩဘာပေးချီးမြင့်ကြမည့် ဧည့်ပရိတ်သတ်မပါဝင်သော မဂ်လာညစာ စားပွဲ တစ်နည်းအားဖြင့် ဆိုလျှင် ကျွန်တော်တို့နှစ်ယောက်ရဲ့ နူတ်ဆက်ပွဲ အထိမ်းအမှတ် ညစာစားပွဲ။
တိတ်ဆိတ်လျှက်...။
ငေးမောဆွေးမြေ့ဖွယ် ညနေခင်းအခါဝယ်။
" စားရအောင်....."
ငါးပေါင်းသိပ်ကြိုက်တဲ့ တောင်ပေါ်သားလေးကို ငါးပေါင်းကမပါမပြီး ညစာ စားပွဲအလယ် မွှေးနံ့ကြိုင်လိူင်စွာဖြင့် ။ ငါးကြိုက်တဲ့ လွယ်အွေ့ ကိုတစ်နေ့အခွင့်ကြုံခဲ့ရင် ကိုယ်တိုင်းငါးမျှားပြီး ငါးကင်ကို ကိုယ်တိုင်ပြုလုပ်ပေး ကျွေးချင်မိ၏။
အဘယ်ကြောင့် ငါးကင်/ ငါးပေါင်းကို သည်လောက်ထိ နှစ်သက်တဲ့ ဒုက္ခအိုးလေးပါ့လား။
" စားရတာ အဆင်ပြေလား "
" အင်း...."
" ငါးကို အဲလောက်ကြိုက်သလား "
" အင်း....."
"ရော့...အရိုးမပါဘူး..."
စေတနာပိုစွာ ငါးပေါင်လေးကို သေချာစွာ အရိုးထွင်ပေးမိသည်။ ဘာကြောင့်လဲ မမေးနဲ့.....ကိုယ့်ရှေ့က ဒုက္ခအိုးလေး အရ်ိုးမစူးစေချင်တာအမှန်။
သိသိရက်နဲ့ မေးမိတဲ့ မေးခွန်းတွေကို " အင်း" တစ်လုံးသား အဖြေပြန်ရခဲ့ပြန်ပြီ။
" ဒါဆို ဒီညစာ အတွက် ငါကို တခုခု လုပ်ပေးရမယ် "
"..........."
အထိန့်တလန့် ကြည့်လာသော မျက်ဝန်းတွေက သိပ်လှတယ်၊ ရုတ်တရက် ရဲသွေး သွားသော ပါးပြင်တွေက နီးဆွေးဆွေး ၊ သေးသွယ်ဖြောင့်တန်းနေသော နှာတံစင်းစင်းလေးက ဖြစ်ညှစ်ချင်စရာလေး၊ ပြေပစ်သော နဖူးပြင်ပေါ်ဝယ် ဝဲဖြာနေတဲ့ ဆံပင်လေးများကို ကြိုးစလေးဖြင့် စုစည်းပေးချင်သား။
ကိုယ့်စူးစိုက်ကြည့်လိုထင်ရဲ့....ပွင့်ဟနေသော ခပ်ပြည့်ပြည့်နူတ်ခမ်းလွှာတို့က စွဲဆောင်မူအပြည့်....ကြည့်ကောင်းကောင်းဖြင့် ဒီကောင်လေး၏ အဂ်ါအစိတ်အပိုင်းတွေကိုစေ့စေ့စပ်စပ်ကြည့်မိသည်။
ရူပါဖြောင့်လွန်းတဲ့ ကလေးငယ်က ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ခံစားရတဲ့ မသန်စွမ်းမူကိုပဲ မုန်းရနေမလား၊ သူ့လေးအပေါ် နောက်ထပ်ရက်စက်ရမည့် ကိုယ့်ကိုကိုယ်ပင် မကျေနပ်သည်လား အတွေးစိတ်အစဉ်က အမြဲရူပ်ထွေးရမြဲ။
ဒုက္ခအိုးလေးဆီကရသော ခပ်သင်းသင်း ကိုယ်သင်းရနံ့လေးကို တစ်ချက်ရူမိပြီး စိတ်အစဉ်ကိုတည်ငြိမ်အောင်ကြိုးစားနေသည့် မိမိကိုယ်တိုင်က မျက်တောင်တစ်ချက်မခတ်ပဲ ဗန်လွယ်အွေ့ကို ငေးနေဆဲ။
ကြည့်ကောင်းတယ် ဆိုတာထက် တစ်စိမ့်စိမ့်ထိုင်ကြည့်ချင်စရာလေး။
ကိုယ့်စကားက ဘယ်အထိသက်ရောက်သလဲဆိုတာ ကိုယ်ပြန်မတွေးနိုင် ရုတ်တရက် သူသီဆိုနေတဲ့ တေးသီချင်းသံကို နူတ်မဆက်ခင် နားဆင်သွားချင်တဲ့ ဆန္ဒတွေကြောင့် ပြောမိပြောရာ နူတ်ထွက်စကားသည်ကား တလွဲတချော်။
အဟမ်း ~
" မဟုတ်ဘူး ကိုယ်ပြောတာက ဒီည ကိုယ့်ကို သီချင်းတစ်ပုဒ်လောက်ဆိုပြနိုင်မလားလို့ "
"ဗျာ"
" ဟို တမျိုးမထင်ပါနဲ့၊ အိမ်မှာ မင်းဆိုတာကြားဖူးလို့လေ အဲ့ဒါကြောင့်...အဟမ်း....ဖြစ်နိုင်ရင်ပေါ့"
အယောင်ယောင်အမှားမှား key လွဲနေသည့် စကားလုံးများကို အထစ်ထစ်အငေါ့ငေါ့ ထွက်ဆိုနေပုံများ Mann Group ပဲ့ကိုင်ရှင်အဖြစ်လဲ ပြေ့ဘုန်းမာန် မပီသလိုက်လေခြင်း။
အရှက်ကွဲတာပဲလား၊ ဖြစ်ချင်သော ဆန္ဒတွေကို မထိမ်းနိုင်ဘဲ တောင်းဆိုမိသည်လား မသိပေမယ့် ကိုယ်ကိုတိုင်က အဲ့ကလေးဆီကသံစဉ်အေးအေးလေးနဲ့ အသံချိုချိုလေးကို မပြန်ခင်တစ်ခေါက်လောက်တော့ကြားချင်တာ အမှန်။
အဘယ့်ကြောင့်နား ဆင်ချင်လည်း မမေးနဲ့။
တစ်ခါကြားခဲ့ဖူးရင် တစ်သက်မမေ့နိုင်စရာ ချိုချိုကြည်ကြည်အသံအေးလေးကြောင့် ...ဖြစ်နိုင်တယ်။
အမြဲတမ်းခေါင်းညိမ့်ဖြေခဲ့တဲ့ဒီကလေးက ခုတော့ ' ဗျာ.." ဟူသော စကားသုံးမျိုး ထွက်လာခဲ့ပြီ။
တလွဲ အတွေးမဝင်စေရန် ပြာပြာသလဲရှင်းပြနေသည့် ကိုယ့်အဖြစ်က ရယ်စရာ။
တခဏ တိတ်ဆိတ်ပြီးမှ ထွက်လာသော သည်စကား " ရပါတယ်" ဟူသော စကားလုံးလေးက အေးချမ်းစွာ ။
ကိုယ်တိုင်သည်လည်း ဝမ်းမြောက်ဝမ်းသာရိပ်ယောင်များ မျက်နှာပေါ်ထင်ဟပ်လျက်..တစ်ချက်ငြိမ့်ခနဲခုန်သွားရင် ဝဲဘတ်ရင်အုံက ခုန်လူပ်သံတို့က ကျယ်လောင်စွာ...။
" တကယ်လား ....ကိုယ့်ကို သီချင်းဆိုပြမှာလား "
" အင်း....၊ ခဏ ....."
ထ၍ ထွက်သွားသော ဒုက္ခအိုးလေးကို ကြည့်ပြီး နူတ်ဆက်လက်ဆောင်အဖြစ် US ထိ သယ်သွားနိုင်ဖို့ video edit လုပ်ရန်  စာအုပ်စင်ပေါ်အမြဲထားတက်သည့် video ကင်မရာကို နေရာရူထောင်ရွေး၍ ချိန်နေမိသည်။
အမြင့်တစ်နေရာကနေ ဒုက္ခအိုးလေး မသိအောင် ခိုး၍ ချိန်ရွယ်မှတ်ထားယူးထားသော ကင်မရာသည်ကား သူ့အလုပ်ကိုသူ တာဝန်ကျေစွာ မှတ်တမ်းတင်နေပြီ။
ဂစ်တာလေးကို ထမ်း ပြီးထော့နဲစွာ ထွက်လာသော ဒုက္ခအိုးလေးက အဖြူရောင် အပေါ်အောက်ဝတ်ဆင်လေးဖြင့် ၊ သေးသွယ်သော လက်ကလေးက ဂစ်တာကိုကျွမ်းကျင်စွာ တီးခတ်နိုင်မယ်မထင်ထားခဲ့ ။ ဂီတပညာပါရမီ ပါခဲ့တဲ့ ကောင်လေးကို ဒီလိုအဖြစ်ဆိုးမျိုးကြုံရပြန်တော့ရင်ထဲမချိလှဘူး ။ သူသာချို့တဲ့သူမဟုတ်ခဲ့ရင် အားပေးမယ့် လူပင်လယ်တွေကြားက ဝင့်ဝင့်ကြွားကြွား မော်ကြွားနေရမယ့် Idol  တစ်ယောက်အဖြစ်နဲ့ပေါ့ ။
ခုတော့ .......။
ခုတော့ ငါကြောင့်မင်း ဒုက္ခတွေ ထပ်တိုးနေပြီလား ။
ဖယောင်းသားလေးအလား အဆစ်ရှိဟန်မတူတဲ့ လက်သွယ်သွယ်လေးတွေက ဂစ်တာကြိုးပေါ် တင်လို့ တထင်..ထင်မြည်နေသော ဂီတသံစဉ် တွေက ကျွန်တော့်နှလုံးသား အနက်ဆုံးနေရာထိ ဆွဲညို့ငင်ယူသည့်အလား။ မျက်တောင်မခတ်ရဲလောက်အောင်စိုက်ကြည့်မိတဲ့ ကျွန်တော်ရှေ့ က ဂီတနတ်ဘုရားလေးက သိနေဟန်မပြုဘဲ တေးသံစဉ် တွေကြား လွင့်မျောနေပုံကား သက်ရှိပန်းချီကားအလား။
ပါရမီရှင်လို အထာကျကျ ဂစ်တာကြိုးညှိနေပုံလေးကအစ မျက်နာမလွဲချင်စရာ ။
အတွေးစိတ်ကူးထဲ ဒီကလေးသာ ဂီတနယ်ပယ်မှာ idol တစ်ယောက်ဖြစ်ရင် ဘယ်လောက်တောင် အောင်မြင်လိုက်မလဲတွေးတောမိသည်က သက်ပြင်းချမိသည်အထိ။
ကြာပန်းလေးက ရွံ့နွံ့အိုင်ထဲကနေလည်း အလှပဆုံး တင့်တယ်စွာ ပွင့်လန်းကြသလို တောင်ပေါ်သားလေးကလည်း သူ့ပါရမီအရ ဂီတနယ်ပယ် လမ်းကြောင်းပေါ် ထွန်းလင်းတောက်ပလာမည့် အနာဂတ်ကြယ်ပွင့်လေးအလား.......။
ငါ လုပ်ရပ်တွေ လွဲနေလား။
ငါဆုံးဖြတ်ချက်တွေက လွဲကုန်ပြီလား။
ငါဘာတွေ လုပ်နေလဲ ပြန်တွေးမိတိုင်း တောင်မြောက်ဝဲ ယာ ကူးလူးနေတဲ့ စိတ်အစဉ်က အမြဲရူပ်ထွေးရမြဲ ။ ဒုက္ခအိုးလေးအကြောင်း တွေးမိလိုတိုင်း ကိုယ့်အမှားမကင်းသည်မို့ ခေါင်းခါ၍သာ ပြုံး၍ ရှေ့တည့်တည့်ဆီကိုကြည့်နေမိသည်။
ညာခြေထောက်လေးဆန့်ချထားကာ ဘယ်ခြေလေးကို ဒူးလေးကွေးပြီး ဂစ်တာကိုပိုက်ထားပုံက မျက်နှာမလွဲချင်စရာ၊ လက်သွယ်သွယ်လေးက ဂစ်တာကြိုးပေါ် တချက်ဖိနှိပ်လိုက်တိုင်း ထွက်ပေါ်လာသော အသံလေးက နားဆင်သူကို စိတ်ခံစားမူ တခုခု ဖြစ်ပေါ်စေနိုင်သည့်စွမ်းအင်ရှိသည်။
ထွက်ပေါ်လာသော အသံချိုချိုတို့က ကြင်လင်သန့်စင်နေဟန်ဖြင့် ငြိမ့်ညောင်းသာယာသော တေးသံ အမည်တပ်ရမလား နားစွင့်ရင်း ရင်းနှီးပြီးသား တေးသံဇဉ်တို့ကြောင့်....အံ့ဩခြင်းတွေ...။
ကြားဖူးနားဝ ရှိနေသော တေးသီချင်းဖြစ်သော်လည်း....ယခုမူ မတူဟန် တမူထူးခြားနေခဲ့သည်။
လွယ်အွေ့ဟန်.....လွယ်အွေ့ သီဆိုမူတို့ကြောင့်.....
(🎼 တောင်ပေါ်မြို့လေး တစ်မြို့မှာ.........မြူမူံတွေက ဆိုင်းလာ........
ဒီအချိန် နင်သွားတော့မယ်...နေရာဟောင်းကို ထားခဲ့ပြီး.....ဒါအနာဂတ်အတွက်ပါ...နင်ဆိုပြီး သွားခဲ့ တော့လည်းလေ....မတားရက်ဘူး.....🎼🎼)
ထွက်ပေါ်လာသော အဖြူရောင်ကောင်လေး၏ တေးသံချိုချို ဖြင့် တောင်ပေါ်သီချင်းလေး။
မျက်လွှာကို မှိတ်ပြီး ဂစ်တာကြိုးပေါ်က ဟန်ချက်ညီစွာ ခံစားသီဆိုနေသော တောင်ပေါ်သားလေး က ခုလို သံစဉ်ချိုချိုတွေကို ပုံဖော်ရင်း ခံစားသက်ဝင်ဖွယ် သီကျူးမူလေးကို မှိတ်မသုန် ငေးစိုက်ကြည့်မိသည်။
တချက်တချက် ဖွင့်လာသော မျက်ဝန်းတွေက ကြည်နူးရိပ်တို့ကင်းစင်လို့ နီရဲလာတဲ့ နာကျင်ခံစားမူ အငွေ့အသက်တွေ ထင်ဟပ်စွာ feeling အပြည့်ဖြင့် သီကျူးနေသော ဗန်လွယ်အွေ့ ။
အသေအချာနားစိုက်ဆင်ရင်း တင်းကြပ်လာသော ခံစားမူတချို့တို့ကြောင့် အောက်မေ့ဖွယ်သီချင်းမဟုတ်ပေမယ့် မွန်းကြပ်နေသလို ၊ ရင်းနှီးဖူးခဲ့သော  မြုပ်ချီပေါ်ချီ ဖြစ်နေတဲ့ ဝေဝါးပြီး ဖမ်းဆုပ်ရခက်သော အတိတ်ပုံရိပ်တစ်ချို့ကြောင့် မျက်ဝန်းကိုအတင်းစုံမှိတ်လို့ နှလုံးသားဖြင့် ခံစားနားဆင်မိသည်။
( 🎼...🎼ဝေးနေလို့ ......နင်မေ့သွားမလား...ချစ်စရာမြို့ကို ရှောင်ပြေးမလား....
........အတွေးထဲမှာ တို့ရှိသေးရင် ....အရင်ချိန် ပြန်စဉ်းစား.............................🎼🎼)
ဆွဲငင်ဟစ်အော်လိုက်သည့် စာသားအကြောင်းအလိုက် ထွက်ပေါ်လာသော လွယ်အွေ့၏ အားပြင်းသော အသံကြည်ကြည်သည်ကား ရင်နှင့်ခံစားရသမျှ ပွင့်ဟထွက်ကြလာသကဲ့သို့ ။ နားစည်ထဲမှတဆင့် နှလုံးသားထဲတိုက်ရိုက်စီးဆင်းသွားသော လွယ်အွေ့ သီဆိုဟန်၊ ကျေကွဲနေဟန်၊ မြိုသိပ်နေဟန်၊ မိူင်းငွေ့ငွေ့ အတိတ်ကအရိပ်တွေ ၊ တောင်ပေါ်မြို့အကြောင်း၊ ဆွေးငွေ့ငွေ့နာကျင်စရာများအကြောင်း စသည့်....စသည့်.....။
ညို့ငင်းအားပြင်းသော အဆိုတော်လေးဗန်လွယ်အွေ့ ဆွဲငင်သီဆိုနေမူက ကျွန်တော့်နှလုံးသားကို ခပ်ပြင်းပြင်း တဟုန်ထိုး ရိုက်ခတ်လိုက်သည်။ နှလုံးသားတံခါးကို ဖွင့်ကန်လိုက်သလို ဆွဲဆွဲငင်ငင်သီဆိုဟန်လေးဖြင့် မိူင်းဆွေးဆွေး အတိတ်နေ့ရက်တွေ....။
အတိတ်....အတိတ်နေ့ရက်တွေ......။
ချယ်ရီပင်တွေကြားက....အတိတ်နေ့ရက်တွေ....။
အိမ်မက်ဆိုးထဲက အတိတ်နေ့ရက်တွေ၊ ငိုရိူက်သံတွေ၊ ကျေကွဲသံတွေ က နားဆင်သူအဖို့ နှလုံးသာ ကိုဆစ်ခနဲ နာကျင်သကဲ့သို့။
(🎼 ချယ်ရီ ပင်တွေကြားထဲ ..အတူတူပျော်ပါးခဲ့ကြဖူးတယ်...ကလေးဘဝရဲ့ပျော်စရာမြို့လေးထဲ ......နင်မေ့ပြီလား..................🎼🎼....
......ချယ်ရီပင်အိုသွားလည်း...နင်သာ တကယ်တမ်းပြောင်းလည်း..မသွားရင် ............🎼
........လှမ်းခဲ့တော့ အရင်နေရာမြို့လေးထဲ ...ဒီမှာ...ငါတို့စောင့်နေတယ်...🎼🎼)
လွမ်းဆွေးဆွေးဖြင့် တေးသီချင်းကို သီဆိုနေသော လွယ်အွေ့ ကိုကြည့်ပြီး နှလုံးသားတစ်နေရာက နာကျင်လာသလိုလို၊ မျက် ခနဲ ၊ နင့်နင့်နဲနဲ ကျေကွဲနေသလိုမျိုး နှလုံးသား၏ အနက်ရိူင်းဆုံး တနေရာက ခံစားမူ ။
(🎼🎼..လှမ်းခဲ့တော့.......အရင်နေရာမြို့လေးထဲ...ဒီမှာ ငါတို့ .....စောင့်...နေ...တယ်......🎼🎼)
ကျကွဲသွားသော နှလုံးသား၏ငိုရိူက်သံတို့သည်ကား ကျယ်လောင်စွာ.....။
ပြီးဆုံးသွားတဲ့ လွယ်အွေ့သီဆိုမူတွေကြား မေ့မေ့မောမော ငေးမောနေသည့်ကြားက စီးကျလာသော မျက်ရည်တွေကို မသိမသာဟန်ဖြင့် အမြန်သုတ်ရင်း  လက်ခုပ်တီး ဂုဏ်ပြုဖို့လည်း မမေ့ခဲ့ဘူး။
တေးသီချင်းထဲ နှစ်မျှောနေတဲ့ကောင်လေးက မှိတ်ထားသော မျက်ဝန်းတွေကို ဖွင့်ဟဖို့ခက်ခဲနေသယောင်၊ လက်ဖျားဆီက တစ်စတစ်စ တီးခတ်လိုက်သော တီးကွက်တချို့သည်ကား သူကို လက်ရှိအချိန်တွေထဲ ပြန်ခေါ်လာနေသလို၊ တင်းတင်းစေ့ထားတဲ့ နူတ်ခမ်းလွှာက ပိုမိုတင်းကြပ်စွာ ၊ ပြင်းရှရှ အသက်ရူသံတို့သည်ကား အတိတ်တွေကို ပြန်မြင်ယောင်နေသလို အတိတ်တွေထဲက ရုန်းထွက်ဖို့ခက်နေသော လွယ်အွေ့ကို ပုခုံးစလေးကို အသာတို့ထိလို့လက်ရှိအခြေအနေကို မှတ်မိစေခဲ့သည်။
နာကျင်ခဲ့ရလေသလား လွယ်အွေ့ရယ်......။
ဘဝ မှာ ဘယ်အရာတွေကများ ခက်ခဲခဲ့ရသလဲ ကလေးငယ် .......။
ကျွန်တော်ကို မော့ကြည့်လာတဲ့ နီရဲနေတဲ့မျက်ဝန်းတွေကို ကြည့်ပြီး ထိန့်လန့်လာမိသည်။
ဘာတွေများ ကြုံတွေ့ခဲ့ရလို့လဲ လွယ်အွေ့ရယ်။
နာကျင်စရာ အတိတ်တွေထဲကနေ ရုန်းထွက်နိုင်ဖို့ နူးညံ့တဲ့သူပုခုံးလေးကို အသာပုတ်ပေးရင်း ချော့နေမိသည်။
ငါ့ကြောင့်များ ထပ်နာကျင်နေစေရသလား ဒုက္ခအိုးလေးရယ်။
ငါ့ကြောင့်များ.....ငါကြောင့် ....။
————————————————————————————————————————
နှစ်ယောက်သား အချိန်တစ်ခုအကြာထိ နူတ်ဆိတ်နေခဲ့ပြီး ညနက်လာသည့်နှင့်အမျှ အိပ်ယာဝင်ဖို့အချိန်တန်လာပြီ။ အထိုင်များလာရင် ရုတ်တရက်ထပြီး ခြေစုံရပ်ဖို့ ခက်ခဲတဲ့ ကောင်လေးကို ထူ, မ ရမလား အတွေးတစ်ချက်ဖြင့် လက်ကိုဆန့်တန်းပေးမိသည်။
" ကိုယ် ကူညီပေးမယ်လေ..."
"..........."
ခေါင်းလေးခါပြီး ငြင်းနေသူလေးကို ဒေါသမထွက်နိုင်ခဲ့ ၊ ခက်ခဲနေတဲ့သူ့ဘဝလေးကို ကြည့်ပြီး အားနာစိတ်တို့ ဝင်လာမိသည်။ သည်ကလေးကို အိမ်ထောင်ဖက်အဖြစ်မတွေ့ဘဲ ညီလေးအဖြစ်သာ မွေးစားချင်မိသည်။ ခက်ခဲတဲ့သူ့ဘဝလေးကို ဖေးမပေးမယ်၊ သူ့အိမ်မက်တွေကို ကူညီပြီး ပုံဖော်ပေးချင်တယ် ။ တစ်ခဏ ဖြစ်လာသော ဂရုဏာစိတ်တို့သည်ကား ကြာရှည်မခံခဲ့ ၊ ကြိုးစားရအုံးမည့်ကိုယ့်အိမ်မက်ရှည်တွေနောက်လိုက်ရအုံးမယ်။ အိမ်ထောင်ရေးဆိုတာကို ထည့်မတွေးနိုင်ဘဲ အောင်မြင်မူကိုသာ အရင်ဆွတ်ခူးချင်တယ်၊ ရလာတဲ့အချိန် ၊ လုံ့လ ကို ဉာဏ်အားထပ်ပေါင်းပြီး အမိမြေမှာ ထိပ်တန်းနေရာရပ်တည်နိုင်ဖို့ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားရအုံးမည်။
ကိုယ်ရှေ့မှ ဂစ်တာတာလေးပိုက်ပြီး ထော့နဲစွာ လမ်းလျှောက်ရင်း အခန်းထဲဝင်သွားပါသော လွယ်အွေ့ကိုကြည့်ပြီး ရင်တွေပူလာသလို စိုးရိမ်စိတ်တွေလည်း ကြီးစိုးလာသည်။ သူ့အသံ၊ သူ့တေးသီချင်းထဲ နှစ်မျှော မိနေတာပါ ကိုယ့်ကိုကိုယ် အသိပေးရင်း စာအုပ်စင်ပေါ်က video ကင်မရာကိုလည်း ယူဖို့မေ့နေခဲ့ပြီ။
ချောက် ~
သေချာပြင်ဆင်ထားသော အထုပ်အပိုးများနဲ့ ပြည်ပထွက်ခွါရန် ပြင်ဆင်ထားမူများ၊ မျက်စိထဲ ဝင်လာသည့် စားပွဲပေါ်တင်ထားသော visa book လေးကိုကြည့်ပြီး ဝမ်းနည်းဝမ်းသာ ခံစားမူတွေ၊ အရာရာ ပြတ်သားစွာ ဆုံးဖြတ်တက်တဲ့ ကိုယ်က ခုတော့ လွယ်အွေ့ အသံချိုချိုလေးထဲ နှစ်ဝင်ရင်း တွန့်ဆုတ်ချင်တွေ ဖြစ်ပေါ်လာခဲ့သည်။
မညာတမ်းဝန်ခံရရင် လွယ်အွေ့က နူးညံ့သည်၊ ဖြူစင်သည်၊ ရိုးသားသည်၊ ချစ်စရာကောင်းသည်။
ဒီကိစ္စတွေ ဖေဖေနားထဲ ရောက်သွားရင် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ခံရဖို့ထိ ဖြစ်လာနိုင်သည်မို့ လိုအပ်သည့်များကို စနစ်တကျ ထုပ်ပိုးသိမ်းနေမိသည်။ ဖေဖေ ကသားအဖြစ်ကပါ စွန့်ပစ်ခဲ့ရင်လည်း ဖေဖေ စိတ်ကျေနပ်သည့် ၅နှစ်ဖြစ်စေ ၇နှစ်ဖြစ်စေ ဟိုမှာကုန်ဆုံးရအုံးမှာမို့ ပြန်လာယူလို့မရတဲ့အမှတ်တရများကို မကျန်အောင်ထုပ်ပိုးနေရင်း စာအုပ်စဉ်ထောင့်လေးဘေးမှာ recorded ယူထားတဲ့ video ကင်မရာလေးကိုတော့ မေ့နေဆဲ ။
ဗလာလွတ် ဧည့်ခန်းလေးကို Video ကင်မရာလေးက အထီးကျန်စွာ မှတ်တမ်းယူနေဆဲ။
Language နဲ့အပြည့် လိုအပ်သည့်စာရွက်စာတမ်းအမှတ်တရနှင့် ဗန်လွယ်အွေ့ထိုးပေးထားသော လက်ထပ်စာချုပ် ပါသော ဖိုင်အိတ်လေးကို ကိုင်ပြီး တရားမျှတမူမရှိမှန်းသိပါရက်နဲ့ အားနည်းတဲ့သူကိုအနိုင်ကျင့် ယူထားသလိုမျိုး တဖက်သတ်ခံစားချက်ကြီးကြောင့် ဒီည အိပ်မပျောိနိုင်သေး ။ ညနက်သန်းခေါင်ထိ တဖက်ခန်းက မကြာမကြာထွက်ပေါ်လာသော သီဆိုမူသည်လည်း ကိုယ်နားမလည်သည့် တိုင်းရင်းသား သီချင်းတွေပဲလား ဆိုပြီး ချိုသာသော အသံပိုင်ရှင်လေးကို အားပြုနားဆင်ရင်း ဒီည ကို အိပ်စက်ဖို့ ကြိုးစားမိသည်။
တတီ... တီ ဖုန်းမည်သံကြောင့် မျက်လုံးဖွင့်ပြီးကြည့်မိတော့ ၆:၁၅။
ဖုန်းခေါ်သူ ကြည့်မိတော့ ငယ်ချင်းကြီး သော်စစ်။
" hello "
(.............)
Flight time က ၈:၀၀ နာရီမို့ အိပ်ယာစောနိုးခြင်းအကြောင်းကို အစပြုလို့ သူ့လိုက်ပို့ မြန်မာပြည်မှ နူတ်ဆက်ထွက်ခွါခြင်း ။ Bathroom ထဲဝင်ပြီး ကိုယ်လက်သန့်စင်ပြီး ပေါ့ပါးသော အသားရောင်pants ကို အဖြူရောင်လက်ရှည်ကို တစ်ထောင်စစ်ထိခေါက်ထားပြီး ကျယ်ပြန့်သော ရင်အုံကိုအလှဖော်ထားသည့်အလား အပေါ်ကျယ်သီး နှစ်လုံးကို ဖြုတ်ထားလိုက်သည်။ မှန်ထဲက မြင်နေရတဲ့ ကျေနပ်စရာ ကိုယ်ပုံရိပ်ကိုကြည့်ပြီး ဟိုဒုက္ခအိုးလေးများ နိုးနေပြီလား၊  သူကိုနူတ်ဆက်သွားသင့်သလား ဆိုတာ တွေးမိပြီး အခန်းထဲ တောင်၊ မြောက်၊ ဘယ်ညာ လျှောက်နေမိသည်။
နောက်တစ်ကြိမ်ဝင်လာသော ဖုန်းကို ကြည့်မိတော့ အောက်ထပ်ကိုဆင်းခဲ့ဖို့ခေါ်နေပြီဖြစ်တဲ့သော်စစ်။
" မင်း သေချာဆုံးဖြတ်ပြီးပြီလား ဘုန်းမာန်...နောက်တစ်ခါလောက်စဉ်းစား...."
" သွားရအောင် ..သော်စစ်..."
#မမအတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#Take care all
(update ရက်အတိအကျ ဘယ်နေ့ပေးမယ် ဆိုတာ မပြောနိုင်ပေမယ့် မမ အဆင်ပြေသလို တင်ပေးပါ့မယ်လို့ဦးစွာ တောင်းပန်ပါရစေ🙏.....ဒီဘက်အခြေအနေအရ တိမ်းရှောင်ရမို့ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။ ဥက္ကဌယောကျာ်း ဆိုတဲ့ လူဆိုးကောင်တို့လဲ update ပေးခဲ့ပြီနော်။ စကားမစပ် ဗန်လွယ်အွေ့လေးကို ကြိုက်နှစ်သက်ရင် မမ အကောင့်ကို follow လုပ်ခဲ့ဖို့မမေ့နဲ့နော်....)
—————————————————————————————————————————-
Zawgyi
                 ကျန်းမာပါစေ အမေ🙏🙏🙏)
အင်း ..ဖြေသံကြားလို့ ထ ခုန်ရမလိုဖြစ်နေပြီ ၊ တေမိမင်းသားဝင်စားသလား မေးရမယ့်လူသား။
" .........."
တိတ်ဆိတ်လျှက်...။
" စားရအောင်....."
" စားရတာ အဆင်ပြေလား "
" အင်း...."
" အင်း....."
"ရော့...အရိုးမပါဘူး..."
"..........."
အဟမ်း ~
"ဗျာ"
" အင်း....၊ ခဏ ....."
ခုတော့ .......။
အတိတ်....အတိတ်နေ့ရက်တွေ......။
အိမ်မက်ဆိုးထဲက အတိတ်နေ့ရက်တွေ၊ ငိုရိုက်သံတွေ၊ ကျေကွဲသံတွေ က နားဆင်သူအဖို့ နှလုံးသာ ကိုဆစ်ခနဲ နာကျင်သကဲ့သို့။
လွမ်းဆွေးဆွေးဖြင့် တေးသီချင်းကို သီဆိုနေသော လွယ်အွေ့ ကိုကြည့်ပြီး နှလုံးသားတစ်နေရာက နာကျင်လာသလိုလို၊ မျက် ခနဲ ၊ နင့်နင့်နဲနဲ ကျေကွဲနေသလိုမျိုး နှလုံးသား၏ အနက်ရိုင်းဆုံး တနေရာက ခံစားမူ ။
ကျကွဲသွားသော နှလုံးသား၏ငိုရိုက်သံတို့သည်ကား ကျယ်လောင်စွာ.....။
" ကိုယ် ကူညီပေးမယ်လေ..."
"..........."
ချောက် ~
" hello "
(.............)
" သွားရအောင် ..သော်စစ်..."
#Take care all
-
Continue Reading
You'll Also Like
51.5K 2.4K 40
•••ᴄᴏᴍᴘʟᴇᴛᴇᴅ••• "ᴍʏ ʟɪғᴇ ᴡᴀs ᴘᴇʀғᴇᴄᴛ ʙᴇғᴏʀᴇ ʏᴏᴜ ᴅᴇᴄɪᴅᴇᴅ ᴛᴏ sᴛᴇᴘ ʏᴏᴜʀ ᴅɪʀᴛʏ ғᴏᴏᴛ ɪɴ ᴀɴᴅ ʀᴜɪɴ ᴇᴠᴇʀʏᴛʜɪɴɢ ғᴏʀ ᴍᴇ!" "ᴡᴀᴛᴄʜ ʏᴏᴜʀ ᴡᴏʀᴅs ʜᴀʀʀʏ, ɪ'ᴍ ɴᴏᴛ ᴛʜᴀ...
2.2K 72 21
As y/n struggles to have a normal life after the events of last year, mysterious things begin to happen. 2 kids move into town, Will Byers is having...
371K 13.8K 36
❗ ဖန်းတီးမှုတစ်ခုသာဖြစ်၍မည်သူ့စီကမှကူယူခြင်းမိျုးမရှိပါ။ သဘောကျပါကဆက်ဖတ်နိုင်ပြီးသဘောမကျပါက silentလေးပြန်ဖို့ requestလုပ်ချင်ပါတယ်ဗျ..❗ #Yu Ya Chi
15.1K 508 50