အလုပ်ကပြန်အလာ ဖေဖေစာကြည့်ခန်းထဲက ထွက်မလာသေးဘူး ဆိုတဲ့ မေမေရဲ့ စိုးရိမ်မူစကားတို့အဆုံး အပေါ်ထပ်ဖေဖေစာကြည့်ခန်းထဲ ဝင်လို့ ဖေဖေရဲ့ သောကတွေကို စာနာမိသည်။
လက်ခံနိုင်ခြင်းမရှိတဲ့ အငယ်ကောင်ဘုန်းမာန်ရဲ့ အပြုအမူတချို့ကြောင့် ဖေဖေနှင့်ဘုန်းမာန်ကြား သောကများရသည် မေမေ၊ အိမ်တွင်းမိသားစုအရေးမို့ မျက်ကွယ်မပြုနိုင်တဲ့ သားကြီး ကျွန်တော် ဘုန်းမြတ်ဟန်။
" ဖေဖေ "
" လာလေ..သားကြီး"
" သားတို့ ဘုန်းမာန် ကို အဖြစ်မှန်ပြောပြ ကြရအောင် ဒါဆို ငယ်လေး အပေါ်လည်း ခုလောက်ခါးသီးမှာ မဟုတ်ဘူး ဖေဖေ ..သားတို့ ပြောကြမလား "
" မပြောနဲ့ ဒီလောက် ကျေးဇူးကန်းတဲ့ကောင်ကို ဘာတစ်ခွန်းမှ အသိပေးစရာ မလိုဘူး အဲ့စကား ဒီမှာထားခဲ့ နောက်ဘယ်တော့မှမဟမိစေနဲ့ "
" ဟုတ်ကဲ့ ဖေဖေ ..."
" သားငယ်လေးရော...."
" ငယ်လေး အခန်းထဲမှာ ဂစ်တာတီးနေတယ်ဖေဖေ "
" အေးအေး ....သူ လိုအပ်တာ လုပ်ပေးလိုက် သားကြီး ၊ ဖေဖေတို့ သူကို့ စောင့်ရှောက်ရမယ် "
" ဟုတ်ကဲ့ ဖေဖေ "
မိသားစုနှင့်အတိုက်အခံလုပ်ပြီး ပြည်ပမှာ ၇နှစ်ကြာ ပညာတော်သင်ရင်း ကိုယ်ပိုင် company ကိုမိဘဆွေမျိုးအကူအညီမပါပဲ Mann Group အမည်တစ်လုံးဖြင့် Canada အခြေစိုက် သွင်းကုန်/ ထုတ်ကုန်လုပ်ငန်း/ အီလက်ထရောနစ် လုပ်ငန်းများစွာက်ို ခေါင်းဆောင်နိုင်သည့် ဘုန်းမာန်။ ကိုယ်ခြေထောက်ပေါ် ကိုယ်ယုံကြည်ရာကို ရပ်တည်န်ိုင်အောင်ကြိုးစားခဲ့တဲ့ ပြေ့ဘုန်းမာန် က ဖေဖေလို မာနကြီးပြီး မောက်မာခဲ့တာ မဆန်းဘူးလေ။ ကွယ်ဝှက်ထားတဲ့အမှန်တရားကို သိခွင့်မရသေးတဲ့ ဘုန်းမာန်က စကားတွေလွန်ကုန်ပြီ၊ အမှားတွေ ဖြစ်ကုန်ပြီ။
သနားစရာ ဘဝကို တစ်ယောက်တည်း ရုန်းကန်နေခဲ့ရရှာတဲ့ ငယ်လေးက ရိုးသားသလောက် အမှတ်သည်းခြေ သိပ်ကြီးသည်။ အငယ်ကောင် အဖြစ်မှန်သိရမှ ဖြစ်မည်။
ငယ်လေး အခန်းရှေ့ တံခါးခေါက်မယ့်အလုပ် မျက်နှာချင်းဆိုင်က ညီငယ်က ကားသော့ကိုလက်ကလှည့်ပြီး အပြင်ထွက်မယ့်အဝတ်အစားDesign မို့ ဘယ်တုန်းကမှ ဘယ်သွားမယ်မမေးဘူးတဲ့ ညီကို နူတ်က ဖွင့်ဟ မေးမိသည်။
"ဒါ ဘယ်သွားမလို့လဲ ဘုန်းမာန်"
" ကျွန်တော်က မိုက်ရူးရဲအရွယ်မို့လား ထိန်းဖို့ကြိုးစားနေလား ..အကြီး ကောင်"
" ဖေဖေက အပြင်ထွက်ခွင့်မပြုထားဘူးလေ ၊ ပြသနာမရှာပါနဲ့လား ငါ့ညီရာ "
"ငါက ပြသနာရှာနေတာလား အကြီးကောင်၊ ပြသာနာရှာခံရတာ ငါပါ အစ်ကိုရ..၊အဲ့လို ကလေးကို လက်ထပ်ရမယ်တဲ့ မင်းတွေးကြည့် ငါ ရေခြားမြေခြားမှာ အချိန်ပြည့်ကြိုးစားလာခဲ့တာ ဒီလိုဖြစ်လာဖို့မဟုတ်ဘူး ...ငါ နေရာမှာ ခံစားကြည့်ကြပါ ဟ"
" မဟုတ်သေးဘူး ငါ့ညီရာ....တစ်ချိန်ကြ မင်း နားလည်လာမှာပါ....ခုတော့ ငယ်လေးကို ထိခိုက်စေမယ့်စကား မပြောမိစေနဲ့ ဘုန်းမာန်ရာ.... ငါ တို့စကား နားထောင်ပါ ဘုန်းမာန်ရာ "
" တော်ပြီ...အစ်ကို၊ ငါအရမ်းစိတ်ရူပ်နေပြီ ...လက်ထပ်ပွဲ ပြီးမှ ဖေဖေက ပြည်ပထွက်ခွင့် ပေးမယ်တဲ့ ၊ ငါ ဘာလုပ်ရမလဲ ...ဖြစ်နိုင် ရင် ဒီလိုနေရာမှာ တစ်စက္ကန့်တောင်မနေချင်ဘူးသိလား ၊ ဖေဖေ လုပ်ပုံက သိပ်မှန်နေတယ် မင်းထင်နေရင် ငါနဲ့စကားလာပြောနဲ့ ..သွားမယ် ..."
ဒေါသမာနကြီးစိတ်ဖြင့် ပုခုံးကိုတိုက်ကာထွက်သွားသော ဘုန်းမာန်ကိုစိတ်မဆိုးနိုင်။
မိသားစုတွေ အဆင်ပြေစေချင်ပြီ။ မိသားစုဝင်တွေ ကတောက်ကစဖြစ်တိုင်း အိမ်မှာရှိနေသည့် ငယ်လေးကို အားနာရတယ်။ ဘာမှမသိတဲ့ကလေး၊ ပင်ပမ်းနာကျင်ခဲ့ရတဲ့ လွယ်အွေ့လေး။
" စောစော ပြန်လာနော် ဘုန်းမာန် ....."
ကိုယ်ကို မလိုချင်တာ အသိသာကြီးမို့ ကျွန်တော်လည်း ရှေ့ဆက်မတိုးဘူးဗျာ လို့စိတ်ထဲမှာ ရေရွတ်ပြီး သူ့ရှေ့ ခြေစုံရပ်ဖို့ကို ခက်ခဲလွန်းနေပြီ။
ချို့တဲ့သူမို့ ဘယ်နေရာမှာ နေရမလဲ သိတယ်၊ ဘယ်လို လူမျိုးကမှ တန်ဖိုးထား မပန်ဆင်ချင်တဲ့ ချို့တဲ့သူတွေဘဝက ခက်ခဲမှန်း အစကတည်းက သိလို့ ဒီနေရာကိုခြေမချချင်ခဲ့တာပါ ။ ခုလို ပေါ်တင်ငြင်းခံရတော့ ပြန်မပြောနိုင်ပေမယ့် ရှိစုမဲ့စု သိက္ခာလေး တွေ ငဲ့ကွက်ပြီး အရှက်ကြီးရှက်ရတယ်။ ဘယ်သူကိုမှ မှီခိုလိုစိတ်မရှိတဲ့ ကျွန်တော်က ဘာအမွေဝေစုမှလည်း မမက်သလို ကျွန်တော်အပေါ် ကျေးဇူးကြွေးတွေကြောင့် အားနာနေဖို့လည်းမလိုပါဘူးဗျာ ။
ကလစ်~~
" ဟော...ငယ်လေးကို ကိုကိုကြီး လာခေါ်တာ...ညစာ စားရအောင်နော် "
" ဟုတ်ကဲ့"
မြန်မာစကားကို တိုင်းရင်းသားအသံ ရောစပ်ပြီး ထွက်ပေါ်လာတဲ့ အသံဝဲဝဲတို့က ချစ်စရာ ၊ တောင်ပေါ်သားလေးပီသစွာ ကပြားရုပ်ကလေးပေါက်နေသော လွယ်အွေ့ လေးက ဖြူဖြူဥဥလေးပဲ ပိန်းပါးသော ခန္ဓာကိုယ်နှင့် လိုက်ဖက်သောအသားအရေတို့က ဖြူနုစွာ၊ သေးသွယ်သော လက်ချောင်းလေးတွေက သာယာတဲ့ဂီတသံကိုဖော်ကျူးတက်မှန်း အိမ်ရောက်မှသိရတယ်။ ဂီတပါရမီပါတဲ့ ကလေးလေး ပရိသတ်ရှေ့ ရပ်တည်ဖို့ခက်ခဲလှတဲ့ ချို့တဲ့ခြင်းဆိုတဲ့ အရာက ဘယ်အရာများကြောင့် လဲ သိနေရတဲ့ ကိုယ်မှာ မသက်သာလှ။ အားနာရပြန်တယ် လွယ်အွေ့ ရယ် ။
" ဘာလိုသေးလဲ ငယ်လေး ၊ Sunday ကိုကိုကြီး အပြင်လိုက်ပို့မယ် ငယ်လေး ..."
ရေချိုးခေါင်းလျှော်ထားလို့ ပွယောင်းယောင်းဖြစ်နေတဲ့ ငယ်လေး ဆံသားလေးကို ကလေးငယ်သဖွယ် ခေါင်းလေးပေါ် ပွတ်နေမိသည်။
ရိုးသားလွန်းတဲ့ ငယ်လေးက အပြုံးလေး တစ်ပွင့်ဖြင့် ခေါင်းရမ်းကာ ငြင်းပါယ်နေတော့ စိတ်မကောင်းဖြစ်ရတယ်။ စောစောက ဘုန်းမာန်နှင့် ပြောစကားများ ဒီကလေးကြားသွားသလား မတွေးရဲ ၊ အားနာစိတ်တို့ကြောင့် ဒီကလေး မပင်ပမ်းစေချင်တော့။ ကိုယ့်မိသားစုအရိပ်အာဝါသအောက် အေးချမ်းပါစေ ငယ်လေး!
" ဟော...သားငယ်လေးတို့ ...ဆင်းလာကြပြီပါတော်"
" ဟုတ်ပါ့...လာ သားသား...ဖေကြီးနား လာထိုင်..."
"ဟုတ်ကဲ့ ဖေကြီး..."
" ဖေကြီးတို့အိမ်မှာ နေရတာ အဆင်မပြေတာ တခုခု ရှိရင် ဖေကြီးကိုပြော ..ဒါမဟုတ် သားမေကြီးတို့ ..ကိုကိုကြီးတို့ကို ပြောရမယ်နော်....နောက်ပြီး....အခန်းထဲမှာအမြဲမနေဘဲ ကိုကိုကြီးနဲ့ အပြင်ထွက်လည်ပါ့လား ကလေးရ...ဟင် ...လူအ, လေး..."
အ, နေတဲ့ဘဝကပဲ ကောင်းပါတယ်ဖေကြီး။ ဖေကြီးတို့မေတ္တာကို ကျွန်တော်ခံစားမိပါတယ်။ကိုယ်အခြေအနေ ကိုယ်သာ အသိဆုံးမို့ ဘယ်မှာမထွက်ဝံ့ဘူး ဆိုတဲ့စကားများကိုမြိုသိပ်ကာခေါင်းညိမ့်ပြမိသည်။
" ဟုတ်ကဲ့ဖေကြီး....နောက်...နောက်မှဗျ...."
" ဟုတ်ပါပြီ ငယ်လေးရာ....သိတက်လိမ္မာလိုက်တာ..သားမမက မေးနေပြီအိမ်ခေါ်လာခဲ့ပေးတဲ့ ...ကိုကိုကြီးတို့အိမ် လိုက်လည်ပါ့အုံးလား "
" နောက်မှ လိုက်လည်ပါမယ် ကိုကိုကြီး...မမလည်း သတိရပါတယ်ဗျ"
" သားငယ်က မေကြီးတို့ကိုမခွဲနိုင်ဘူးတဲ့ ...ကဲလာတော့ သားတို့ မမိမွန် ညစာရပြီတဲ့ ...လာ သားငယ်အကြိုက်တွေ မေကြီးချက်ခိုင်းထားတယ် သိလား ..."
" ဟုတ်ကဲ့ပါ မေကြီး "
ကိုကိုကလွဲ ဒီအိမ်ကလူတွေ သူအပေါ် မေတ္တာစေတနာပြည့်ဝမှန်းသိရတော့ အတိုင်းမသိဝမ်းသာမိသည်။
" ဒါနဲ့...သားလိုအပ်တာရှိရင် သားကိုကိုကြီး ကိုပြောနော် ဘာမှအားနာနေစရာမလိုဘူးသားငယ် ၊ ဒါက သားမိသားစုပဲ ဆိုတာသိထားရမယ်နော် "
" ဟုတ်ကဲ့ဗျ "
ရှည်လျားသော ညစာစားပွဲမှာ အငယ်ကောင် ဘုန်းမာန် မရှိတာကလွဲ မိသားစု စုံလင်စွာ။ အမျိုးအမည်မသိပါသော စျေးကြီးသော စားကောင်းသောက်ဖွယ် အမယ်မယ်သော ဟင်းလျာ များခင်းကျင်းထားတဲ့ ညစာ စားပွဲက တောင်ပေါ်က တောဟင်းရွက်ဟင်းတစ်မျိုးဖြင့် စားသောက်ခဲ့ရသည့် ညစာ စားပွဲကိုမမှီခဲ့ဘူး။
သားတောင်ပေါ်ကို ပြန်ချင်တယ်။
သား ဒီမှာ မနေပျော်တော့ဘူး ဖေကြီး ။
သားလို ဒုက္ခိတတစ်ယောက်အတွက် ဒီလိုကြီးမြတ်တဲ့စံအိမ်ကြီးထဲ မနေဝင့်တော့ဘူးဗျ!
ထုတ်မပြောဖြစ်တဲ့စကားတွေကို အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး မြိုသိပ်ခဲ့သည်။
" သားငယ် ...ထည့်စားလေ သားရယ် ၊ သားစားနေတာ မေကြီးအားမရလိုက်တာ ၊ ဒါ ငါးပေါင်းလေ သားငယ် သိပ်ကြိုက်တာ မဟုတ်လား ...မေကြီး အရိုးနွှာပေးမယ်လေ "
" ဟုတ်ကဲ့ဗျ...."
" ဟား....တို့သားငယ်က ချစ်စရာလေး"
" ဟုတ်ပါ့ရှင် ....တကယ့်ကလေးလေး"
မိသားစုထမင်းဝိူင်းမှာ ဘေးသူစိမ်းဖြစ်တဲ့ ကျွန်တော်အလိုလိုက်ပေးတော့ နေရခက်စွာ။
တောင်ပေါ်သား ငါးကြိုက်တဲ့သူမို့ တနေ့တမျိုးမရိုးရအောင် မေကြီးက စီမံကာ နေ့တိုင်းငါဟင်းပါအောင်ချက်စေတယ်။ ဖေကြီးက သဘောတကျကျ ခေါင်းညိမ့်ကာ ကိုကိုမပါသော ပျော်စရာမိသားစုညစာစားပွဲလေး။
———————————————————————————————————————————
ငယ်သူငယ်ချင်းဆိုလို့ လုပ်ဖော်ကိုင်ဖက် သော်စစ် တစ်ယောက်သာ ရှိတယ်။ ငယ်ရွယ်စဉ် ပြည်ပထွက်ကျောင်းတက်ရင်း အလုပ်အကိုင်ကြိုးစားခဲ့သမျှ ချီးကျူးထောပနာပြုတာဆိုလို့လည်း ဒီကောင်ပဲရှိတယ်။ ဒီလောက်အောင်မြင်နေတာတောင် ဖေဖေ ဦးဘုန်းမောင် မျက်လုံးထဲတော့ သေးငယ်နေတုန်းပဲ၊ ဘယ်တော့မှ သားကို အထင်မကြီးသလို ၊ ချီးကျူးစကားတစ်ခွန်းတောင်မဟခဲ့ဘူး ။
အရာရှိရာထူးကို ကျန်းမာရေးကြောင့်အနားယူလိုက်ရပေမယ့် အကြီးကောင် ဦးစီးလုပ်နေသော ကားတင်သွင်းတဲ့ company ထောင်ပြီး ဖေဖေက အခြေတစိုက်လုပ်ကိုင်နေသည်။ သားကို မချီးကျူးသလို အနေ တည်တန့်သော ဖေဖေက ဘာမဟုတ်တဲ့ ဟိုကလေးကိုကြ တစ်သားတည်းသားနေတာ မြင်မကောင်းဘူး။ ဖေဖေက ချစ်ပြလေ ကျွန်တော်က သူကိုကြည့်မရလေ၊ အရင်ကတည်းက အဆင်ပြေချော့မွေ့မူမရှိသော သားအဖ ဆက်ဆံရေးက ခု အဲ့ဒုက္ခအိုးလေး ရောက်လာမှဖေဖေက ငယ်စဉ်က တစ်သွေးတစ်သံ တစ်မိန့်အာဏာကို ငါအဖေ ဆိုတဲ့ဆိုင်းပုဒ်ကို လက်ကိုင်ထားပြီး သားသမီးတွေကို ချုပ်ကိုင်နေပြီ။
ဖေဖေ စကားနားထောင်တာ အကြောင်းမဟုတ်ပေမယ့် အဲ့ဒီဒုက္ခအိုးလေးကိုတော့ကျွန်တော် ခင်ပွန်းနေရာမှမထားနိုင်တာ အမှန်၊ အများအမြင်မှာ ထုတ်ပြဖို့တောင်မသင့်တော်သည့် ချို့တဲ့သူ၊ မြန်မာစကားတောင် ပီပီသသ ပြောတက်ရဲ့လားမေးကြည့်ပါအုံး။ လိုအပ်တဲ့ ငွေကြေးတချို့ပေးပြီး နေရပ်ပြန်လွတ်ပြီးရောကို ဘာမှမဟုတ်တဲ့ အဲ့ဒီဒုက္ခအိုးလေးကို တရားဝင်လက်ထပ်ယူရမတဲ့။
သေလိုက်လေ .....ဘုန်းမာန် ဘဝ ဒီလိုတော့ ကုန်ဆုံးမခံနိုင်ဘူး ၊ အဲ့ဒီဒုက္ခအိုးကိုလည်း မသယ်နိုင်ဘူး ။ မနက်ဖန်ကျရောက်မယ့် မဂ်လာ ပွဲကို ဖျက်မရရင်တောင် ဖေဖေ စိတ်တိုင်းကျ နေပေး တစ်ရက်ပေါ့ ။
ဒီဇာတ်ထဲ ဝင်ပါလာတဲ့မင်းကိုလည်း သနားမိတယ်။
သော်စစ်နှင့် ချိန်းနေကြ မြို့လယ်က ဆူဆူညံ့ညံ့ပွဲစည်လှတဲ့ ဘားတစ်ခုမှာ သောက်ပြီးရင်ဖွင့်ဖို့ မနက်ဖန် အတွက်ကြိုတင်ပြီး ခံစစ်အပြင် ပြန်လည်တိုက်စစ်ဖွင့်နိုင်ဖို့ပါ တိုင်ပင်ရမည်။
ပြေ့ဘုန်းမာန် ဘဝ ဘာအမှားမှ မလုပ်ပဲ အိမ်ထောင်သည်ဘဝ မရောက်ချင်တာအမှန်ပဲ ။
ချိန်းဆိုထားသော ဘားကိုရောက်တော့ မရောက်တာကြာပြီဖြစ်တဲ့အမိမြေရဲ့တိုးတက်မူကိုကြည့်ပြီး နောက်တစ်ခေါက်ပြန်လာဖို့မသေချာတာမို့ တခါတည်းနူတ်ဆက်ခဲ့ပါတယ် ရွှေရန်ကုန်ရေ။
မီးရောင်ဖျော့ဖျော့တွေကြားက ပွဲစည်လှသော ပျိုမဒီကညာတွေစုံလှတဲ့ ဒီနေရာမှာ လိုအပ်တာ အကုန်ရနိုင်ပေမယ့် ကျွန်တော်က လာရောက်ပျော်ပါးတာမဟုတ်တော့ မျက်နှာပေးလှတဲ့ ကညာပျိုတွေကို လက်ခါ၍ ငြင်းမိသည်။
သော်စစ်ဝင်လာရင် မြင်သာနိုင်သည့်နေရာမျိုးကိုရွေးထိုင်ပြီး သောက်စရာယာမကာ တစ်ခုခုနှင့် ပြသနာတချို့ကိုချွေးသိပ်မိသည်။ ပြင်းရှရှ စီးဆင်းသွားသော ယာမကာထဲ ပြသနာတချို့ပါ အလိုလို ပပျောက်ရင်ကောင်းမှာပဲတွေးရင်း အပြုံးမမည်တဲ့ အပြုံးတို့က မျက်နှာမှာထင်ဟပ်စွာ။ နားထဲမှာ စီးဆင်းလာတဲ့ တေးသံချိုချိုတို့ကြောင့် တချက်တချက်ခြေထောက်ကို Beat နှင်းရင်း လူငယ်ဘဝ ကို ပြန်တမ်းတမိသည်။
" ဟိတ်ကောင် ဘုန်းမာန်"
"အေး...ရောက်လာပြီလား သော်စစ် ၊ ထိုင်ကွာ...ဘာမှာမလဲ မှာလေ "
ဘုန်းမာန် ကပြောစရာရှိလို့ အပြင်ထွက်လာပါဟူသော စကားသံအဆုံး ဆုံနေကြ ဘားမှာစောင့်နေပြီဆိုလို့ အိမ်ကိုခွင့်တောင်းပြီး ကမှန်းကတန်းထွက်လာရသည်။ သည်ကောင် သူဖားသားကြီးနဲ့ ညှိကြပြန်ပြီထင်တယ်။ မျက်နှာချင်းဆိုင်မရတဲ့သားအဖ လို့ ကျွန်တော်အမည်တပ်ပေးထားတာမမှားဘူးပဲ။ အန်ကယ်က စည်းကမ်းကြီးသူတယောက် ၊ ဘုန်းမာန်က လွတ်လပ်မူဖြင့်ကိုယ်ပိုင်အရည်အချင်းကို အသုံးချသူ မတူညီကြတဲ့ လမ်းတွေပေါ်က ဘုန်းမာန်တို့သားအဖ။ ဆုံလည်း ဆုံပေးတက်တဲ့ လောကကြီး ။
အနက်ရောင် pants ကိုအတွင်းက မိူင်းညို့ညို့ T-shirt ကိုအပေါ်က အနက်ရောင်လည်သာ သား jacket ဖြင့် တွဲဝတ်လာသော ဘုန်းမာန်က နိုင်ငံခြားသားလိုလို၊ မော်ဒယ်လိုလို မြင့်မားနိုင်တဲ့အရပ်အမောင်း ၊ တည်ငြိမ်တဲ့ သူဟန်တွေကြောင့် ၂၅ နှစ်ဆိုတာ ဘယ်သူယုံနိုင်မလဲ။ ဘားထဲမှာ ပျိုကညာတွေရဲ့ အကြည့်စူးစူးအောက် တချက်ကြည့်လိုက်ရင် ဒီဘားမှာ ဘုန်းမာန် ဘယ်စားပွဲဝိုင်းမှာ ထိုင်နေလဲ မေးစရာမလို။ တည်ငြိမ်နေတဲ့သူဟန်ကိုက အလိုလို စွဲဆောင်နေသလိုလို ။
" အန်ကယ်နဲ့ ညှိလာပြန်ပြီလား "
" အေး ဒီတခါ ပွဲကြီးပွဲကောင်းပဲ ..သူပြတ် ကိုယ်ပြတ်ပဲ "
" ဟ ...မင်းဟာက မဟုတ်သေးပါဘူး ဘာတွေမို့အဲလောက် ပွဲကြီးသွားတာလဲ "
" လာကွာ....နောက်မှမေး ...cheer "
မြန်မာပြည်ပြန်လာတိုင်း ပွဲကြီးပွဲသေးက အမြဲ ဖြစ်နေကြမို့ ငယ်စဉ်ကတည်း နှစ်သိမ့်အားပေးလာခဲ့တာ ခုထိ ။
cheer လုပ်ပြီး မျှောကြလိုက်တဲ့အရှိန်ကြောင့် ရီဝေနေသော ခေါင်းကို တစ်ချက်ခါရင်း သော်စစ်က်ု ရင်ဖွင့်ချမိတော့သည် မနက်ဖန် ဖခမည်းတော်၏ တစ်ချက်လွတ်အမိန့်အကြောင်း။
" အဲ့တော့ မင်းဘာလုပ်မလဲ မာန်ကြီး"
" ငါမသိတော့ဘူး သော်စစ် ၊ ငါငြင်းလို့လည်းမရဘူး နောက်ပြီး အဖေလုပ်နိုင်ခွင့်ကို မင်းလည်းသ်ိသားပဲ ၊ အဖေက မဂ်လာလက်မှတ်ထိုးရမယ်တဲ့ ...ဟ...ရူးချင်တာပဲကွာ "
" မင်းပြောပုံအရဆို အဲ့ကလေးက ငယ်သေးမယ့်ပုံပဲ၊ နောက်ပြီး အန်ကယ်ကလည်း အတော်ချစ်ရှာသားပဲ အန်ကယ်ကိုသိလာတဲ့တစ်လျှောက်လုံး အန်ကယ်နူးညံ့တာ ဒီကလေးအပေါ်ပဲရှိမယ်ထင်တာပဲ မင်းတော့ ဘေးကြပ်နံကြပ်ပဲ "
" အဲ့ကြောင့် ညစ်တာပေါ့ကွာ ...အဲ့ကလေးက ခြေတဖက်မသန်ဘူး သော်စစ်"
"ဟာ....ဘုန်းမာန်"
" အေး ဟုတ်တယ် ၊ အဖေကငါကို အဲ့ဒီဒုက္ခိတ ကိုမှ ယူစေချင်တာတဲ့ကွာ ၊ မင်းပြောကြည့်ကွာ Canada မှာ ကြိုးစားလာခဲ့သမျှသဲထဲရေသွန်အဖြစ်မျိုး ..ဘယ်အဖေမျိုးကများ ကိုယ့်သားသမီးကို ခုလို စီစဉ်တာတွေ့ဖူးလား....တောက် ရင်နာတယ်ကွာ "
" ဘာလို့တဲ့လဲ အန်ကယ်က ..."
အကြောင်းအရာ တချို့ကို ဘုန်းမာန်ဆီ စုံစမ်းကြည့်တော့ ငယ်ရွယ်စဉ်က အတူနေလာခဲ့တဲ့ ကျေးဇူးကြွေးကြောင့်ဆိုတာကလွဲ ရေရေရာရာဘာမှမရှိလှဘူး ။ ဂုဏ်သိက္ခာ နှင့် ကတိစကားကို တန်ဖိုးထာရလွန်းတဲ့ အန်ကယ်မှာ အကြောင်းအရာ တခုခုရှိနေမလား ဆက်စပ်တွေးတောမိပြီး ဘုန်းမာန် ကိုသေချာမေးတော့လည်း ခေါင်းခါသာပြသည်။
" အန်တီက ဘာမှမပြောဘူးလား ဒီကိစ္စက အရေးကြီးတာကို "
" ဖေဖေကို လွန်ဆန်နိုင်တဲ့သူ ငါ့တို့မိသားစုထဲ ဘယ်သူရှိလိူ့လဲ ၊ နောက်ပြီး မေမေကပါအဲ့ဒုက္ခအိုးကို သိပ်ချစ်တာ ရယ် ...ငါမှာထွက်ပေါက်မဲ့ နေတာပါကွာ အကြီးကောင်လည်းမကျေနပ်ဘူးကွာ ၊ ငါကို ဝိုင်းဝန်းနားချနေသူတိုင်းကို မကျေနပ်တာကွာ ရှင်းလား ...သော်စစ် ၊ မင်းတွေးကြည့် ငါ ဘဝ ၊ ငါ့ဘဝ ရေစုန်မျှော ရတော့မှာလား ကွာ ..."
" အဲလိုလည်းမဟုတ်သေးဘူးလေကွာ ...ငါတို့တစ်ခုခု စဉ်းစားကြတာပေါ့ "
ဘာပြောပြောခေါင်းခါပြီး ဆက်တိုက်မော့နေသော ဘုန်းမာန် ကိုတားပြီး မနက်ဖန်မရောက်ပဲ တခုခုဖြစ်မှာ အကုန်ပြသနာရူပ်ကုန်မည်။ မိန်းမကိစ္စ ကင်းရှင်းတဲ့ ပြေ့ဘုန်းမာန်၊ ကျောင်းတက်ကတည်းက ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်အမြဲ ကြိုးစားခဲ့တဲ့ မာန်ကြီး၊ အိမ်ထောင်ရေးကြောင်းပြောရင်ကို မကြိုက်တဲ့ ပြေ့ဘုန်းမာန် တစ်ယောက် ဒီတခါ ရင်ဆိုင်ရမည့် ပွဲက မသေးလှပါ့လားကွာ။
" မင်း ဘယ်လိုလုပ်မလဲ ဘုန်းမာန် ၊ ပွဲက မနက်ဖန်ဆိုရောက်ပြီ "
" ငါ လက်မှတ်ထိုးပြီးယူမယ် နောက်ပြီး ငါ့ condo မှာ သူကိုခေါ်သွားပြီး ငါ ပြည်ပထွက်တော့မယ် "
" အဲလိုလည်းမဟုတ်သေးဘူး ဘုန်းမာန်ရ...သူက လူလေကွာ ၊ မင်းတို့သားအဖကြားက ဓါးစာခံမှ မဟုတ်တာ သူ့ဘက်လည်း ငဲ့ရမယ်လေကွာ "
" No ပဲသူ့ကြောင့် ငါခုလို အကြပ်ရိုက်ကုန်ရတာ သူကို လက်မှတ်ထိုး ယူပြီးတော်ပြီပေါ့ကွာ သူလိုဒုက္ခိတကို ငါက လူရှေ့ချပြပြီး ဒါ ကျွန်တော်အမျိုးသားပါလို့ချပြရမလား ၊ ဝေးသေး "
" မင်းဟာ မဟုတ်သေးပါဘူးကွာ "
#မမ အတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
#Take care all
—————————————————————————————————————————-
Zawgyi
အလုပ္ကျပန္အလာ ေဖေဖစာၾကည့္ခန္းထဲက ထြက္မလာေသးဘူး ဆိုတဲ့ ေမေမရဲ႕ စိုးရိမ္မူစကားတို႔အဆုံး အေပၚထပ္ေဖေဖစာၾကည့္ခန္းထဲ ဝင္လို႔ ေဖေဖရဲ႕ ေသာကေတြကို စာနာမိသည္။
လက္ခံနိုင္ျခင္းမရွိတဲ့ အငယ္ေကာင္ဘုန္းမာန္ရဲ႕ အျပဳအမူတခ်ိဳ႕ေၾကာင့္ ေဖေဖႏွင့္ဘုန္းမာန္ၾကား ေသာကမ်ားရသည္ ေမေမ၊ အိမ္တြင္းမိသားစုအေရးမို႔ မ်က္ကြယ္မျပဳနိုင္တဲ့ သားႀကီး ကြၽန္ေတာ္ ဘုန္းျမတ္ဟန္။
" ေဖေဖ "
" လာေလ..သားႀကီး"
" သားတို႔ ဘုန္းမာန္ ကို အျဖစ္မွန္ေျပာျပ ၾကရေအာင္ ဒါဆို ငယ္ေလး အေပၚလည္း ခုေလာက္ခါးသီးမွာ မဟုတ္ဘူး ေဖေဖ ..သားတို႔ ေျပာၾကမလား "
" မေျပာနဲ႕ ဒီေလာက္ ေက်းဇူးကန္းတဲ့ေကာင္ကို ဘာတစ္ခြန္းမွ အသိေပးစရာ မလိုဘူး အဲ့စကား ဒီမွာထားခဲ့ ေနာက္ဘယ္ေတာ့မွမဟမိေစနဲ႕ "
" ဟုတ္ကဲ့ ေဖေဖ ..."
" သားငယ္ေလးေရာ...."
" ငယ္ေလး အခန္းထဲမွာ ဂစ္တာတီးေနတယ္ေဖေဖ "
" ေအးေအး ....သူ လိုအပ္တာ လုပ္ေပးလိုက္ သားႀကီး ၊ ေဖေဖတို႔ သူကို႔ ေစာင့္ေရွာက္ရမယ္ "
" ဟုတ္ကဲ့ ေဖေဖ "
မိသားစုႏွင့္အတိုက္အခံလုပ္ၿပီး ျပည္ပမွာ ၇နှစ်ကြာ ပညာေတာ္သင္ရင္း ကိုယ္ပိုင္ company ကိုမိဘေဆြမ်ိဳးအကူအညီမပါပဲ Mann Group အမည္တစ္လုံးျဖင့္ Canada အေျခစိုက္ သြင္းကုန္/ ထုတ္ကုန္လုပ္ငန္း/ အီလက္ထေရာနစ္ လုပ်ငန်းများစွာက်ို ေခါင္းေဆာင္နိုင္သည့္ ဘုန္းမာန္။ ကိုယ္ေျခေထာက္ေပၚ ကိုယ္ယုံၾကည္ရာကို ရပ်တည်န်ိုင်အောင်ကြိုးစားခဲ့တဲ့ ေျပ့ဘုန္းမာန္ က ေဖေဖလို မာနႀကီးၿပီး ေမာက္မာခဲ့တာ မဆန္းဘူးေလ။ ကြယ္ဝွက္ထားတဲ့အမွန္တရားကို သိခြင့္မရေသးတဲ့ ဘုန္းမာန္က စကားေတြလြန္ကုန္ၿပီ၊ အမွားေတြ ျဖစ္ကုန္ၿပီ။
သနားစရာ ဘဝကို တစ္ေယာက္တည္း ႐ုန္းကန္ေနခဲ့ရရွာတဲ့ ငယ္ေလးက ရိုးသားသေလာက္ အမွတ္သည္းေျခ သိပ္ႀကီးသည္။ အငယ္ေကာင္ အျဖစ္မွန္သိရမွ ျဖစ္မည္။
ငယ္ေလး အခန္းေရွ႕ တံခါးေခါက္မယ့္အလုပ္ မ်က္ႏွာခ်င္းဆိုင္က ညီငယ္က ကားေသာ့ကိုလက္ကလွည့္ၿပီး အျပင္ထြက္မယ့္အဝတ္အစားDesign မို႔ ဘယ္တုန္းကမွ ဘယ္သြားမယ္မေမးဘူးတဲ့ ညီကို ႏူတ္က ဖြင့္ဟ ေမးမိသည္။
"ဒါ ဘယ္သြားမလို႔လဲ ဘုန္းမာန္"
" ကြၽန္ေတာ္က မိုက္႐ူးရဲအ႐ြယ္မို႔လား ထိန္းဖို႔ႀကိဳးစားေနလား ..အႀကီး ေကာင္"
" ေဖေဖက အျပင္ထြက္ခြင့္မျပဳထားဘူးေလ ၊ ျပသနာမရွာပါနဲ႕လား ငါ့ညီရာ "
"ငါက ျပသနာရွာေနတာလား အႀကီးေကာင္၊ ျပသာနာရွာခံရတာ ငါပါ အစ္ကိုရ..၊အဲ့လို ကေလးကို လက္ထပ္ရမယ္တဲ့ မင္းေတြးၾကည့္ ငါ ေရျခားေျမျခားမွာ အခ်ိန္ျပည့္ႀကိဳးစားလာခဲ့တာ ဒီလိုျဖစ္လာဖို႔မဟုတ္ဘူး ...ငါ ေနရာမွာ ခံစားၾကည့္ၾကပါ ဟ"
" မဟုတ္ေသးဘူး ငါ့ညီရာ....တစ္ခ်ိန္ၾက မင္း နားလည္လာမွာပါ....ခုေတာ့ ငယ္ေလးကို ထိခိုက္ေစမယ့္စကား မေျပာမိေစနဲ႕ ဘုန္းမာန္ရာ.... ငါ တို႔စကား နားေထာင္ပါ ဘုန္းမာန္ရာ "
" ေတာ္ၿပီ...အစ္ကို၊ ငါအရမ္းစိတ္႐ူပ္ေနၿပီ ...လက္ထပ္ပြဲ ၿပီးမွ ေဖေဖက ျပည္ပထြက္ခြင့္ ေပးမယ္တဲ့ ၊ ငါ ဘာလုပ္ရမလဲ ...ျဖစ္နိုင္ ရင္ ဒီလိုေနရာမွာ တစ္စကၠန့္ေတာင္မေနခ်င္ဘူးသိလား ၊ ေဖေဖ လုပ္ပုံက သိပ္မွန္ေနတယ္ မင္းထင္ေနရင္ ငါနဲ႕စကားလာေျပာနဲ႕ ..သြားမယ္ ..."
ေဒါသမာနႀကီးစိတ္ျဖင့္ ပုခုံးကိုတိုက္ကာထြက္သြားေသာ ဘုန္းမာန္ကိုစိတ္မဆိုးနိုင္။
မိသားစုေတြ အဆင္ေျပေစခ်င္ၿပီ။ မိသားစုဝင္ေတြ ကေတာက္ကစျဖစ္တိုင္း အိမ္မွာရွိေနသည့္ ငယ္ေလးကို အားနာရတယ္။ ဘာမွမသိတဲ့ကေလး၊ ပင္ပမ္းနာက်င္ခဲ့ရတဲ့ လြယ္ေအြ႕ေလး။
" ေစာေစာ ျပန္လာေနာ္ ဘုန္းမာန္ ....."
ကိုယ္ကို မလိုခ်င္တာ အသိသာႀကီးမို႔ ကြၽန္ေတာ္လည္း ေရွ႕ဆက္မတိုးဘူးဗ်ာ လို႔စိတ္ထဲမွာ ေရ႐ြတ္ၿပီး သူ႕ေရွ႕ ေျခစုံရပ္ဖို႔ကို ခက္ခဲလြန္းေနၿပီ။
ခ်ိဳ႕တဲ့သူမို႔ ဘယ္ေနရာမွာ ေနရမလဲ သိတယ္၊ ဘယ္လို လူမ်ိဳးကမွ တန္ဖိုးထား မပန္ဆင္ခ်င္တဲ့ ခ်ိဳ႕တဲ့သူေတြဘဝက ခက္ခဲမွန္း အစကတည္းက သိလို႔ ဒီေနရာကိုေျခမခ်ခ်င္ခဲ့တာပါ ။ ခုလို ေပၚတင္ျငင္းခံရေတာ့ ျပန္မေျပာနိုင္ေပမယ့္ ရွိစုမဲ့စု သိကၡာေလး ေတြ ငဲ့ကြက္ၿပီး အရွက္ႀကီးရွက္ရတယ္။ ဘယ္သူကိုမွ မွီခိုလိုစိတ္မရွိတဲ့ ကြၽန္ေတာ္က ဘာအေမြေဝစုမွလည္း မမက္သလို ကြၽန္ေတာ္အေပၚ ေက်းဇူးေႂကြးေတြေၾကာင့္ အားနာေနဖို႔လည္းမလိုပါဘူးဗ်ာ ။
ကလစ္~~
" ေဟာ...ငယ္ေလးကို ကိုကိုႀကီး လာေခၚတာ...ညစာ စားရေအာင္ေနာ္ "
" ဟုတ္ကဲ့"
ျမန္မာစကားကို တိုင္းရင္းသားအသံ ေရာစပ္ၿပီး ထြက္ေပၚလာတဲ့ အသံဝဲဝဲတို႔က ခ်စ္စရာ ၊ ေတာင္ေပၚသားေလးပီသစြာ ကျပား႐ုပ္ကေလးေပါက္ေနေသာ လြယ္ေအြ႕ ေလးက ျဖဴျဖဴဥဥေလးပဲ ပိန္းပါးေသာ ခႏၶာကိုယ္ႏွင့္ လိုက္ဖက္ေသာအသားအေရတို႔က ျဖဴႏုစြာ၊ ေသးသြယ္ေသာ လက္ေခ်ာင္းေလးေတြက သာယာတဲ့ဂီတသံကိုေဖာ္က်ဴးတက္မွန္း အိမ္ေရာက္မွသိရတယ္။ ဂီတပါရမီပါတဲ့ ကေလးေလး ပရိသတ္ေရွ႕ ရပ္တည္ဖို႔ခက္ခဲလွတဲ့ ခ်ိဳ႕တဲ့ျခင္းဆိုတဲ့ အရာက ဘယ္အရာမ်ားေၾကာင့္ လဲ သိေနရတဲ့ ကိုယ္မွာ မသက္သာလွ။ အားနာရျပန္တယ္ လြယ္ေအြ႕ ရယ္ ။
" ဘာလိုေသးလဲ ငယ္ေလး ၊ Sunday ကိုကိုႀကီး အျပင္လိုက္ပို႔မယ္ ငယ္ေလး ..."
ေရခ်ိဳးေခါင္းေလွ်ာ္ထားလို႔ ပြေယာင္းေယာင္းျဖစ္ေနတဲ့ ငယ္ေလး ဆံသားေလးကို ကေလးငယ္သဖြယ္ ေခါင္းေလးေပၚ ပြတ္ေနမိသည္။
ရိုးသားလြန္းတဲ့ ငယ္ေလးက အၿပဳံးေလး တစ္ပြင့္ျဖင့္ ေခါင္းရမ္းကာ ျငင္းပါယ္ေနေတာ့ စိတ္မေကာင္းျဖစ္ရတယ္။ ေစာေစာက ဘုန္းမာန္ႏွင့္ ေျပာစကားမ်ား ဒီကေလးၾကားသြားသလား မေတြးရဲ ၊ အားနာစိတ္တို႔ေၾကာင့္ ဒီကေလး မပင္ပမ္းေစခ်င္ေတာ့။ ကိုယ့္မိသားစုအရိပ္အာဝါသေအာက္ ေအးခ်မ္းပါေစ ငယ္ေလး!
" ေဟာ...သားငယ္ေလးတို႔ ...ဆင္းလာၾကၿပီပါေတာ္"
" ဟုတ္ပါ့...လာ သားသား...ေဖႀကီးနား လာထိုင္..."
"ဟုတ္ကဲ့ ေဖႀကီး..."
" ေဖႀကီးတို႔အိမ္မွာ ေနရတာ အဆင္မေျပတာ တခုခု ရွိရင္ ေဖႀကီးကိုေျပာ ..ဒါမဟုတ္ သားေမႀကီးတို႔ ..ကိုကိုႀကီးတို႔ကို ေျပာရမယ္ေနာ္....ေနာက္ၿပီး....အခန္းထဲမွာအၿမဲမေနဘဲ ကိုကိုႀကီးနဲ႕ အျပင္ထြက္လည္ပါ့လား ကေလးရ...ဟင္ ...လူအ, ေလး..."
အ, ေနတဲ့ဘဝကပဲ ေကာင္းပါတယ္ေဖႀကီး။ ေဖႀကီးတို႔ေမတၱာကို ကြၽန္ေတာ္ခံစားမိပါတယ္။ကိုယ္အေျခအေန ကိုယ္သာ အသိဆုံးမို႔ ဘယ္မွာမထြက္ဝံ့ဘူး ဆိုတဲ့စကားမ်ားကိုၿမိဳသိပ္ကာေခါင္းညိမ့္ျပမိသည္။
" ဟုတ္ကဲ့ေဖႀကီး....ေနာက္...ေနာက္မွဗ်...."
" ဟုတ္ပါၿပီ ငယ္ေလးရာ....သိတက္လိမၼာလိုက္တာ..သားမမက ေမးေနၿပီအိမ္ေခၚလာခဲ့ေပးတဲ့ ...ကိုကိုႀကီးတို႔အိမ္ လိုက္လည္ပါ့အုံးလား "
" ေနာက္မွ လိုက္လည္ပါမယ္ ကိုကိုႀကီး...မမလည္း သတိရပါတယ္ဗ်"
" သားငယ္က ေမႀကီးတို႔ကိုမခြဲနိုင္ဘူးတဲ့ ...ကဲလာေတာ့ သားတို႔ မမိမြန္ ညစာရၿပီတဲ့ ...လာ သားငယ္အႀကိဳက္ေတြ ေမႀကီးခ်က္ခိုင္းထားတယ္ သိလား ..."
" ဟုတ္ကဲ့ပါ ေမႀကီး "
ကိုကိုကလြဲ ဒီအိမ္ကလူေတြ သူအေပၚ ေမတၱာေစတနာျပည့္ဝမွန္းသိရေတာ့ အတိုင္းမသိဝမ္းသာမိသည္။
" ဒါနဲ႕...သားလိုအပ္တာရွိရင္ သားကိုကိုႀကီး ကိုေျပာေနာ္ ဘာမွအားနာေနစရာမလိုဘူးသားငယ္ ၊ ဒါက သားမိသားစုပဲ ဆိုတာသိထားရမယ္ေနာ္ "
" ဟုတ္ကဲ့ဗ် "
ရွည္လ်ားေသာ ညစာစားပြဲမွာ အငယ္ေကာင္ ဘုန္းမာန္ မရွိတာကလြဲ မိသားစု စုံလင္စြာ။ အမ်ိဳးအမည္မသိပါေသာ ေစ်းႀကီးေသာ စားေကာင္းေသာက္ဖြယ္ အမယ္မယ္ေသာ ဟင္းလ်ာ မ်ားခင္းက်င္းထားတဲ့ ညစာ စားပြဲက ေတာင္ေပၚက ေတာဟင္း႐ြက္ဟင္းတစ္မ်ိဳးျဖင့္ စားေသာက္ခဲ့ရသည့္ ညစာ စားပြဲကိုမမွီခဲ့ဘူး။
သားေတာင္ေပၚကို ျပန္ခ်င္တယ္။
သား ဒီမွာ မေနေပ်ာ္ေတာ့ဘူး ေဖႀကီး ။
သားလို ဒုကၡိတတစ္ေယာက္အတြက္ ဒီလိုႀကီးျမတ္တဲ့စံအိမ္ႀကီးထဲ မေနဝင့္ေတာ့ဘူးဗ်!
ထုတ္မေျပာျဖစ္တဲ့စကားေတြကို အေျခအေန အရပ္ရပ္ေပၚမူတည္ၿပီး ၿမိဳသိပ္ခဲ့သည္။
" သားငယ္ ...ထည့္စားေလ သားရယ္ ၊ သားစားေနတာ ေမႀကီးအားမရလိုက္တာ ၊ ဒါ ငါးေပါင္းေလ သားငယ္ သိပ္ႀကိဳက္တာ မဟုတ္လား ...ေမႀကီး အရိုးႏႊာေပးမယ္ေလ "
" ဟုတ္ကဲ့ဗ်...."
" ဟား....တို႔သားငယ္က ခ်စ္စရာေလး"
" ဟုတ္ပါ့ရွင္ ....တကယ့္ကေလးေလး"
မိသားစုထမင္းဝိူင္းမွာ ေဘးသူစိမ္းျဖစ္တဲ့ ကြၽန္ေတာ္အလိုလိုက္ေပးေတာ့ ေနရခက္စြာ။
ေတာင္ေပၚသား ငါးႀကိဳက္တဲ့သူမို႔ တေန႕တမ်ိဳးမရိုးရေအာင္ ေမႀကီးက စီမံကာ ေန႕တိုင္းငါဟင္းပါေအာင္ခ်က္ေစတယ္။ ေဖႀကီးက သေဘာတက်က် ေခါင္းညိမ့္ကာ ကိုကိုမပါေသာ ေပ်ာ္စရာမိသားစုညစာစားပြဲေလး။
ငယ္သူငယ္ခ်င္းဆိုလို႔ လုပ္ေဖာ္ကိုင္ဖက္ ေသာ္စစ္ တစ္ေယာက္သာ ရွိတယ္။ ငယ္႐ြယ္စဥ္ ျပည္ပထြက္ေက်ာင္းတက္ရင္း အလုပ္အကိုင္ႀကိဳးစားခဲ့သမွ် ခ်ီးက်ဴးေထာပနာျပဳတာဆိုလို႔လည္း ဒီေကာင္ပဲရွိတယ္။ ဒီေလာက္ေအာင္ျမင္ေနတာေတာင္ ေဖေဖ ဦးဘုန္းေမာင္ မ်က္လုံးထဲေတာ့ ေသးငယ္ေနတုန္းပဲ၊ ဘယ္ေတာ့မွ သားကို အထင္မႀကီးသလို ၊ ခ်ီးက်ဴးစကားတစ္ခြန္းေတာင္မဟခဲ့ဘူး ။
အရာရွိရာထူးကို က်န္းမာေရးေၾကာင့္အနားယူလိုက္ရေပမယ့္ အႀကီးေကာင္ ဦးစီးလုပ္ေနေသာ ကားတင္သြင္းတဲ့ company ေထာင္ၿပီး ေဖေဖက အေျခတစိုက္လုပ္ကိုင္ေနသည္။ သားကို မခ်ီးက်ဴးသလို အေန တည္တန့္ေသာ ေဖေဖက ဘာမဟုတ္တဲ့ ဟိုကေလးကိုၾက တစ္သားတည္းသားေနတာ ျမင္မေကာင္းဘူး။ ေဖေဖက ခ်စ္ျပေလ ကြၽန္ေတာ္က သူကိုၾကည့္မရေလ၊ အရင္ကတည္းက အဆင္ေျပေခ်ာ့ေမြ႕မူမရွိေသာ သားအဖ ဆက္ဆံေရးက ခု အဲ့ဒုကၡအိုးေလး ေရာက္လာမွေဖေဖက ငယ္စဥ္က တစ္ေသြးတစ္သံ တစ္မိန့္အာဏာကို ငါအေဖ ဆိုတဲ့ဆိုင္းပုဒ္ကို လက္ကိုင္ထားၿပီး သားသမီးေတြကို ခ်ဳပ္ကိုင္ေနၿပီ။
ေဖေဖ စကားနားေထာင္တာ အေၾကာင္းမဟုတ္ေပမယ့္ အဲ့ဒီဒုကၡအိုးေလးကိုေတာ့ကြၽန္ေတာ္ ခင္ပြန္းေနရာမွမထားနိုင္တာ အမွန္၊ အမ်ားအျမင္မွာ ထုတ္ျပဖို႔ေတာင္မသင့္ေတာ္သည့္ ခ်ိဳ႕တဲ့သူ၊ ျမန္မာစကားေတာင္ ပီပီသသ ေျပာတက္ရဲ႕လားေမးၾကည့္ပါအုံး။ လိုအပ္တဲ့ ေငြေၾကးတခ်ိဳ႕ေပးၿပီး ေနရပ္ျပန္လြတ္ၿပီးေရာကို ဘာမွမဟုတ္တဲ့ အဲ့ဒီဒုကၡအိုးေလးကို တရားဝင္လက္ထပ္ယူရမတဲ့။
ေသလိုက္ေလ .....ဘုန္းမာန္ ဘဝ ဒီလိုေတာ့ ကုန္ဆုံးမခံနိုင္ဘူး ၊ အဲ့ဒီဒုကၡအိုးကိုလည္း မသယ္နိုင္ဘူး ။ မနက္ဖန္က်ေရာက္မယ့္ မဂ္လာ ပြဲကို ဖ်က္မရရင္ေတာင္ ေဖေဖ စိတ္တိုင္းက် ေနေပး တစ္ရက္ေပါ့ ။
ဒီဇာတ္ထဲ ဝင္ပါလာတဲ့မင္းကိုလည္း သနားမိတယ္။
ေသာ္စစ္ႏွင့္ ခ်ိန္းေနၾက ၿမိဳ႕လယ္က ဆူဆူညံ့ညံ့ပြဲစည္လွတဲ့ ဘားတစ္ခုမွာ ေသာက္ၿပီးရင္ဖြင့္ဖို႔ မနက္ဖန္ အတြက္ႀကိဳတင္ၿပီး ခံစစ္အျပင္ ျပန္လည္တိုက္စစ္ဖြင့္နိုင္ဖို႔ပါ တိုင္ပင္ရမည္။
ေျပ့ဘုန္းမာန္ ဘဝ ဘာအမွားမွ မလုပ္ပဲ အိမ္ေထာင္သည္ဘဝ မေရာက္ခ်င္တာအမွန္ပဲ ။
ခ်ိန္းဆိုထားေသာ ဘားကိုေရာက္ေတာ့ မေရာက္တာၾကာၿပီျဖစ္တဲ့အမိေျမရဲ႕တိုးတက္မူကိုၾကည့္ၿပီး ေနာက္တစ္ေခါက္ျပန္လာဖို႔မေသခ်ာတာမို႔ တခါတည္းႏူတ္ဆက္ခဲ့ပါတယ္ ေ႐ႊရန္ကုန္ေရ။
မီးေရာင္ေဖ်ာ့ေဖ်ာ့ေတြၾကားက ပြဲစည္လွေသာ ပ်ိဳမဒီကညာေတြစုံလွတဲ့ ဒီေနရာမွာ လိုအပ္တာ အကုန္ရနိုင္ေပမယ့္ ကြၽန္ေတာ္က လာေရာက္ေပ်ာ္ပါးတာမဟုတ္ေတာ့ မ်က္ႏွာေပးလွတဲ့ ကညာပ်ိဳေတြကို လက္ခါ၍ ျငင္းမိသည္။
ေသာ္စစ္ဝင္လာရင္ ျမင္သာနိုင္သည့္ေနရာမ်ိဳးကိုေ႐ြးထိုင္ၿပီး ေသာက္စရာယာမကာ တစ္ခုခုႏွင့္ ျပသနာတခ်ိဳ႕ကိုေခြၽးသိပ္မိသည္။ ျပင္းရွရွ စီးဆင္းသြားေသာ ယာမကာထဲ ျပသနာတခ်ိဳ႕ပါ အလိုလို ပေပ်ာက္ရင္ေကာင္းမွာပဲေတြးရင္း အၿပဳံးမမည္တဲ့ အၿပဳံးတို႔က မ်က္ႏွာမွာထင္ဟပ္စြာ။ နားထဲမွာ စီးဆင္းလာတဲ့ ေတးသံခ်ိဳခ်ိဳတို႔ေၾကာင့္ တခ်က္တခ်က္ေျခေထာက္ကို Beat ႏွင္းရင္း လူငယ္ဘဝ ကို ျပန္တမ္းတမိသည္။
" ဟိတ္ေကာင္ ဘုန္းမာန္"
"ေအး...ေရာက္လာၿပီလား ေသာ္စစ္ ၊ ထိုင္ကြာ...ဘာမွာမလဲ မွာေလ "
ဘုန္းမာန္ ကေျပာစရာရွိလို႔ အျပင္ထြက္လာပါဟူေသာ စကားသံအဆုံး ဆုံေနၾက ဘားမွာေစာင့္ေနၿပီဆိုလို႔ အိမ္ကိုခြင့္ေတာင္းၿပီး ကမွန္းကတန္းထြက္လာရသည္။ သည္ေကာင္ သူဖားသားႀကီးနဲ႕ ညွိၾကျပန္ၿပီထင္တယ္။ မ်က္ႏွာခ်င္းဆိုင္မရတဲ့သားအဖ လို႔ ကြၽန္ေတာ္အမည္တပ္ေပးထားတာမမွားဘူးပဲ။ အန္ကယ္က စည္းကမ္းႀကီးသူတေယာက္ ၊ ဘုန္းမာန္က လြတ္လပ္မူျဖင့္ကိုယ္ပိုင္အရည္အခ်င္းကို အသုံးခ်သဴ မတူညီၾကတဲ့ လမ္းေတြေပၚက ဘုန္းမာန္တို႔သားအဖ။ ဆုံလည္း ဆုံေပးတက္တဲ့ ေလာကႀကီး ။
အနက္ေရာင္ pants ကိုအတြင္းက မိူင္းညို႔ညို႔ T-shirt ကိုအေပၚက အနက္ေရာင္လည္သာ သား jacket ျဖင့္ တြဲဝတ္လာေသာ ဘုန္းမာန္က နိုင္ငံျခားသားလိုလို၊ ေမာ္ဒယ္လိုလို ျမင့္မားနိုင္တဲ့အရပ္အေမာင္း ၊ တည္ၿငိမ္တဲ့ သူဟန္ေတြေၾကာင့္ ၂၅ ႏွစ္ဆိုတာ ဘယ္သူယုံနိုင္မလဲ။ ဘားထဲမွာ ပ်ိဳကညာေတြရဲ႕ အၾကည့္စူးစူးေအာက္ တခ်က္ၾကည့္လိုက္ရင္ ဒီဘားမွာ ဘုန္းမာန္ ဘယ္စားပြဲဝိုင္းမွာ ထိုင္ေနလဲ ေမးစရာမလို။ တည္ၿငိမ္ေနတဲ့သူဟန္ကိုက အလိုလို စြဲေဆာင္ေနသလိုလို ။
" အန္ကယ္နဲ႕ ညွိလာျပန္ၿပီလား "
" ေအး ဒီတခါ ပြဲႀကီးပြဲေကာင္းပဲ ..သူျပတ္ ကိုယ္ျပတ္ပဲ "
" ဟ ...မင္းဟာက မဟုတ္ေသးပါဘူး ဘာေတြမို႔အဲေလာက္ ပြဲႀကီးသြားတာလဲ "
" လာကြာ....ေနာက္မွေမး ...cheer "
ျမန္မာျပည္ျပန္လာတိုင္း ပြဲႀကီးပြဲေသးက အၿမဲ ျဖစ္ေနၾကမို႔ ငယ္စဥ္ကတည္း ႏွစ္သိမ့္အားေပးလာခဲ့တာ ခုထိ ။
cheer လုပ္ၿပီး ေမွ်ာၾကလိုက္တဲ့အရွိန္ေၾကာင့္ ရီေဝေနေသာ ေခါင္းကို တစ္ခ်က္ခါရင္း သော်စစ်က်ု ရင္ဖြင့္ခ်မိေတာ့သည္ မနက္ဖန္ ဖခမည္းေတာ္၏ တစ္ခ်က္လြတ္အမိန့္အေၾကာင္း။
" အဲ့ေတာ့ မင္းဘာလုပ္မလဲ မာန္ႀကီး"
" ငါမသိေတာ့ဘူး ေသာ္စစ္ ၊ ငါျငင္းလို႔လည္းမရဘူး ေနာက္ၿပီး အေဖလုပ္နိုင္ခြင့္ကို မင်းလည်းသ်ိသားပဲ ၊ အေဖက မဂ္လာလက္မွတ္ထိုးရမယ္တဲ့ ...ဟ...႐ူးခ်င္တာပဲကြာ "
" မင္းေျပာပုံအရဆို အဲ့ကေလးက ငယ္ေသးမယ့္ပုံပဲ၊ ေနာက္ၿပီး အန္ကယ္ကလည္း အေတာ္ခ်စ္ရွာသားပဲ အန္ကယ္ကိုသိလာတဲ့တစ္ေလွ်ာက္လုံး အန္ကယ္ႏူးညံ့တာ ဒီကေလးအေပၚပဲရွိမယ္ထင္တာပဲ မင္းေတာ့ ေဘးၾကပ္နံၾကပ္ပဲ "
" အဲ့ေၾကာင့္ ညစ္တာေပါ့ကြာ ...အဲ့ကေလးက ေျခတဖက္မသန္ဘူး ေသာ္စစ္"
"ဟာ....ဘုန္းမာန္"
" ေအး ဟုတ္တယ္ ၊ အေဖကငါကို အဲ့ဒီဒုကၡိတ ကိုမွ ယူေစခ်င္တာတဲ့ကြာ ၊ မင္းေျပာၾကည့္ကြာ Canada မွာ ႀကိဳးစားလာခဲ့သမွ်သဲထဲေရသြန္အျဖစ္မ်ိဳး ..ဘယ္အေဖမ်ိဳးကမ်ား ကိုယ့္သားသမီးကို ခုလို စီစဥ္တာေတြ႕ဖူးလား....ေတာက္ ရင္နာတယ္ကြာ "
" ဘာလို႔တဲ့လဲ အန္ကယ္က ..."
အေၾကာင္းအရာ တခ်ိဳ႕ကို ဘုန္းမာန္ဆီ စုံစမ္းၾကည့္ေတာ့ ငယ္႐ြယ္စဥ္က အတူေနလာခဲ့တဲ့ ေက်းဇူးေႂကြးေၾကာင့္ဆိုတာကလြဲ ေရေရရာရာဘာမွမရွိလွဘူး ။ ဂုဏ္သိကၡာ ႏွင့္ ကတိစကားကို တန္ဖိုးထာရလြန္းတဲ့ အန္ကယ္မွာ အေၾကာင္းအရာ တခုခုရွိေနမလား ဆက္စပ္ေတြးေတာမိၿပီး ဘုန္းမာန္ ကိုေသခ်ာေမးေတာ့လည္း ေခါင္းခါသာျပသည္။
" အန္တီက ဘာမွမေျပာဘူးလား ဒီကိစၥက အေရးႀကီးတာကို "
" ေဖေဖကို လြန္ဆန္နိုင္တဲ့သူ ငါ့တို႔မိသားစုထဲ ဘယ္သူရွိလိူ႕လဲ ၊ ေနာက္ၿပီး ေမေမကပါအဲ့ဒုကၡအိုးကို သိပ္ခ်စ္တာ ရယ္ ...ငါမွာထြက္ေပါက္မဲ့ ေနတာပါကြာ အႀကီးေကာင္လည္းမေက်နပ္ဘူးကြာ ၊ ငါကို ဝိုင္းဝန္းနားခ်ေနသူတိုင္းကို မေက်နပ္တာကြာ ရွင္းလား ...ေသာ္စစ္ ၊ မင္းေတြးၾကည့္ ငါ ဘဝ ၊ ငါ့ဘဝ ေရစုန္ေမွ်ာ ရေတာ့မွာလား ကြာ ..."
" အဲလိုလည္းမဟုတ္ေသးဘူးေလကြာ ...ငါတို႔တစ္ခုခု စဥ္းစားၾကတာေပါ့ "
ဘာေျပာေျပာေခါင္းခါၿပီး ဆက္တိုက္ေမာ့ေနေသာ ဘုန္းမာန္ ကိုတားၿပီး မနက္ဖန္မေရာက္ပဲ တခုခုျဖစ္မွာ အကုန္ျပသနာ႐ူပ္ကုန္မည္။ မိန္းမကိစၥ ကင္းရွင္းတဲ့ ေျပ့ဘုန္းမာန္၊ ေက်ာင္းတက္ကတည္းက ကိုယ္ေျခေထာက္ေပၚ ကိုယ္ရပ္တည္နိုင္ေအာင္အၿမဲ ႀကိဳးစားခဲ့တဲ့ မာန္ႀကီး၊ အိမ္ေထာင္ေရးေၾကာင္းေျပာရင္ကို မႀကိဳက္တဲ့ ေျပ့ဘုန္းမာန္ တစ္ေယာက္ ဒီတခါ ရင္ဆိုင္ရမည့္ ပြဲက မေသးလွပါ့လားကြာ။
" မင္း ဘယ္လိုလုပ္မလဲ ဘုန္းမာန္ ၊ ပြဲက မနက္ဖန္ဆိုေရာက္ၿပီ "
" ငါ လက္မွတ္ထိုးၿပီးယူမယ္ ေနာက္ၿပီး ငါ့ condo မွာ သူကိုေခၚသြားၿပီး ငါ ျပည္ပထြက္ေတာ့မယ္ "
" အဲလိုလည္းမဟုတ္ေသးဘူး ဘုန္းမာန္ရ...သူက လူေလကြာ ၊ မင္းတို႔သားအဖၾကားက ဓါးစာခံမွ မဟုတ္တာ သူ႕ဘက္လည္း ငဲ့ရမယ္ေလကြာ "
" No ပဲသူ႕ေၾကာင့္ ငါခုလို အၾကပ္ရိုက္ကုန္ရတာ သူကို လက္မွတ္ထိုး ယူၿပီးေတာ္ၿပီေပါ့ကြာ သူလိုဒုကၡိတကို ငါက လူေရွ႕ခ်ျပၿပီး ဒါ ကြၽန္ေတာ္အမ်ိဳးသားပါလို႔ခ်ျပရမလား ၊ ေဝးေသး "
" မင္းဟာ မဟုတ္ေသးပါဘူးကြာ "
#မမ အတြက္ vote ေပးခဲ့ဖို႔မေမ့နဲ႕ေနာ္
#Take care all
-