တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ

By maiyuri18

465K 30.6K 2.3K

သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More

အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final

အပိုင်း(၁)

46.5K 1.4K 12
By maiyuri18


ခမ်းနားလှတဲ့ အဖြူရောင်နှစ်ထပ်တိုက်ကြီး၏ အပေါ်ထပ်။

အခန်းပေါင်းများစွာ ထည့်သွင်းတည်ဆောက်ထားသော အဖြူရောင် နှစ်ထပ်တိုက်ကြီး၏ အရှင်သခင်က အငြိမ်းစားအရာရှိဟောင်း ဦးဘုန်းမောင်( Two Brothers construction )အမည်ရ အထင်ကရ ဆောက်လုပ်ရေး လုပ်ငန်းစုကြီး။ လူကုံတံတို့ နေထိုင်ရာ ဆိတ်ငြိမ်ရပ်ကွက်၊ ကျယ်ပြန့်လှသော ဝန်းခြံကြီးနှင့် စေတနာမေတ္တာကြီးမားလှသော အငြိမ်းစားအရာရှိကတော်ကြီးဒေါ်မေကြည်ဟန်။

တိတ်ဆိတ်သော ပတ်ဝန်းကျင်၊ နေသာသော နေ့လည်ခင်းအချိန်အခါ ၊ အပေါ်ထပ် Hall ခန်းမသဖွယ် စာအုပ်စင်ဗီရိုများစွာတည်ရှိသော ဦးဘုန်းမောင်၏ စာကြည့်ခန်း၊ ငယ်စဉ်ဘဝ အမှတ်တရပစ္စည်းများ ထားရှိရာ ပြတိုက်ငယ် ၊ မေ့မရပါသော ကျေးဇူးကြီးတွေရဲ့ သက််မဲ့ပုံကားချပ်တွေကို ထားရှိရာ နေရာ စသော ခန်းနားကြီးကျယ်လာသော ဟောခန်းမကျယ်ကြီး။ အိမ်ကြီးရှင်အမိန့်ခွင့်ပြုချက်မရှိဘဲ မည်သူမှဝင်ခွင့်မရသောနေရာ ။

ယခုတော့ ငြင်းဆန်ခြင်းတွေ၊ အော်ဟစ်ဆူပူခြင်းတွေဖြင့် ပူလောင်စေမယ့် ဝန်းကျင်ငယ်။

" ကြည့်လုပ်ပါအုံး ဖေဖေ ၊ ကျွန်တော်က အဲ့ဒီ ဒုက္ခိတ ကိုလက်ထပ်ရမယ်တဲ့လား "

" မင်းစကားကို ကြည့်ပြော ပြေ့ဘုန်းမာန်..."

" No...ကျွန်တော်လက်မခံနိုင်ဘူး ၊ ကျွန်တော် မိသားစုရဲ့အဝေးမှာ  ၇ နှစ်ကျော်ကြာ ကြိုးစားတည်ဆောက်လာတဲ့ ခုလိုအခြေအနေက အဲ့ဒီဒုက္ခိတကို လက်ထပ်ဖို့မဟုတ်ဘူး ဖေဖေ "

" မင်းစိတ်သဘောနှင့် မင်းဆုံးဖြတ်တာလေ ၊ ငါက သွားခိုင်းသလား ဟမ် "

" ဟာ...ဖေဖေ ဘယ်လိုပြောလိုက်တာလဲ၊ ကျွန်တော်က ဖေဖေ့သား နော် ၊ သားတစ်ယောက် အောင်မြင်တာကို လက်ခုပ်မတီးပေးနိုင်တဲ့အပြင် ကိုယ့်သားကို အဲလိုဒုက္ခိတနဲ့ ပေးစားရသတဲ့လား ...ဗျ! "

" မင်း.....လူစကားပြော ၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်ဆိုပြီး ငါကို အာခံဖို့ မစဉ်းစားနဲ့ !!"

" ဖေဖေကြိုက်သလို သတ်မှတ်လိုက်ပါ ၊ ကျွန်တော် ဘယ်လိုနည်းနဲ့မှ သူ့ကိုလက်မထပ်နိုင်ဘူး "

" မင်းဘာစကားပြောလိုက်တာလဲ "

ဖေဖေ ချုပ်ချယ်မူတွေကို မနှစ်သက်သော်လည်း ယခုလို သားအဖနှစ်ယောက် အော်ကြီးဟစ်ကျယ် အချေအတင် စကားမများဖူးဘူး။ ဘယ်လောက်ပဲ ဖေဖေစကားကို မကြိုက်ဘူးဆိုပေမယ့် ငြင်းဆန်ခြင်းမပြုဘဲ အကျိုးအကြောင်းရှင်းရသလောက်ရှင်းပြကာ တခါတရံ မေမေက ကြားဝင်စေ့စပ်ရဖူးသည်။

ဘယ်တုန်းကမှ မိဘကို သူတစ်ခွန်းကိုယ်တစ်ခွန်း မအော်ခဲ့ဖူးတဲ့ ကျွန်တော်က ယခုတော့ ဒေါသကိုမထိမ်းချုပ်နိုင်ခဲ့။ မိဘရင်ခွင်ကနေ ခွဲခွါပြီး ပြည်ပမှာနာမည်တစ်လုံးဖြင့် ရပ်တည်နိုင်ဖို့ အားကြိုးမာန်တက်ကြိုးစားခဲ့ရတာ ကိုယ်သာလျှင်အသိဆုံး။ ကျောင်းချိန်ကတဖက် ၊ လုပ်ငန်းစတင်နိုင်ဖို့ လူမျိုးမတူ ၊ ဘာသာမတူ၊ အသွေးအရောင်မတူကွဲခြားမူ တွေကြား ကြိုးစားရုန်းကန်ခဲ့ရတဲ့ အချိန်တွေ၊ လူငယ်တစ်ယောက်ရဲ့ အကောင်းဆုံးသော ပျော်ရွှင်ရမယ့်အချိန်ကို စတေးခဲ့ပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ၊ အနိုင်ပိုင်းပြီး နှင်းချခံရခြင်းတွေအပေါ် လဲကျတိုင်း ကြိုးစားပြီးပြန်ထနိုင်လို့ ခုလို  Mann Group ကစီးပွါးရေးလောကထဲ ခြေကုပ်ယူနိုင်ခဲ့ပြီ။

ဒီတစ်ကြိမ်တော့ အပြတ်အသတ်တိုက်ယူရမယ့် သားအဖ စစ်ပွဲ။

မဖြစ်နိုင်တာမို့ သားဘက်ကလည်း တစ်ထစ်လျော့မပေးနိုင်ဘူး ဖေဖေ၊ ကျေးဇူးကန်းသားမိုက်အဖြစ်ပေါ့။

" အဲ့ဒီဒုက္ခိတကို ကျွန်တော် လက်မထပ်နိုင်ဘူး ၊ ကျွန်တော့်ဘဝတစ်ခုလုံးကို အဲ့ဒီကလေးဆီမှ မနှစ်မြုပ်နှံနိုင်ဘူးဖေဖေ ၊ နောက်ပြီး သူ့ကိုလည်း ကျွန်တော်ရဲ့ အိမ်သူသက်ထားနေရာမှမထားပေးနိုင်ဘူး ဖေဖေ"

" ဘာကွ.....မင်း....မင်း...ခွေးထက်မိုက်တဲ့ သားမိုက်......"

ဖြောင်း !!!

လည်ထွက်သွားသော မျက်နှာ ၊ ပြင်းထန်လှတဲ့ ဖခင် ရိုက်ချက်ကြောင့် နဂိုဗီဇဆိုး ရွဲ့ချင်စိတ်က ထိမ်းမရခဲ့ဘူး။ အာဏာပါဝါ သိပ်ပြတက်တဲ့ဖေဖေက ငယ်ငယ်ကအတိုင်း သားသမီးကို ဆုံးမတဲ့နေရာမှာ လက်ပါတက်တဲ့ ဖေဖေ့အကျင့်စရိုက်ကို ဒီတစ်ခါ အသည်းနာတယ်။ အသားနာလာရင် စိတ်ထင်တိုင်း ပြောတက်တဲ့အကျင့်က လူတစ်ယောက်ရဲ့ ဘဝကိုရှင်လျှက်နဲ့ သေစေတယ်ဆိုတာပြေ့ဘုန်းမာန် မတွေးတောမိခဲ့ဘူး ။

စည်းကမ်းကြီးလွန်းလှတဲ့ ဖေဖေရဲ့ တစ်သွေးတစ်သံ တစ်မိန့် တစ်အာဏာကို အမုန်းဆုံးပဲ။ ငယ်စဉ်ကတည်းက ချုပ်ကိုင် ခံလာရတဲ့ ကျွန်တော်ဘဝကို Canada ရောက်မှ လူငယ်ဘဝကို သိမြင်လာခဲ့ရတယ်။

ဖခင်ရဲ့ တစ်မိန့်တစ်အာဏာတွေက ကိုယ့်ဘဝကို ဒီလောက်ထိ ချုပ်ကိုင်လိမ့်မယ် မထင်ထားခဲ့မိဘူး ၊ မေမေက မြန်မာပြည်ပြန်လာခဲ့ပါအုံးဆိုလို့ အလည်အပတ်သဘောနဲ့ လာခဲ့မိသည်ကား ယခုလို ခြေတဖက်မသန်တဲ့ အဲ့ဒီဒုက္ခိတလေးကို လက်ထပ်ရမည်မသိခဲ့ဘူး။ အတင်းကရော စီစဉ်တဲ့ ဖခင်ရဲ့ အမိန့်တွေကိုငယ်စဉ်က မလွန်ဆန်နိုင်ခဲ့ပေမယ့် ခုချိန် ပညာပြည့်ဝလို့ ကိုယ်စွမ်းကိုယ်စဖြင့် ရုန်းကန်တည်ဆောက်လာခဲ့တဲ့ Mann Group  ပိုင်တဲ့ ကျွန်တော်က ငြင်းဆန်တာ မမှားခဲ့ဘူး ။

လုံးဝလက်မခံနိုင်တဲ့ လက်ထပ်ပွဲ ။

ဖေဖေ တစ်ဖက်သတ် စီစဉ်တဲ့လက်ထပ်ပွဲ။

ကိုယ့်အိမ်မက်တွေ လွင့်ပြယ်စေမည့် လက်ထပ်ပွဲ။

အများရှေ့ ချပြလို့ မသင့်တော်တဲ့ ခြေတစ်ဖက်မသန်သူကို ဘယ်လိုဖအေမျိုးက ကိုယ်သားသမီးလက်ထဲ ထည့်ပေးနိုင်သလဲ ဖေဖေကိုလုံးဝနားလည်မပေးနိုင်ဘူး။

လွဲမှားနေတဲ့ ဖေဖေရဲ့ ဆန္ဒတွေကို ရသမျှ တော်လှန်ရမှာပဲ၊ လုံးဝ ညှိနိူင်းမရတဲ့ သားအဖ တိုက်ပွဲ။ ဘယ်လိုအရာမျိုးကမှ ကြားဝင်စေ့စပ်လို့  အက်ကွဲကြောင်းကို ဖာထေးနိုင်မလဲ။ မေမေသည်လည်း ရင်ဖွင့်မရတဲ့ သူမျိုး၊ အဲ့ဒီဒုက္ခအိုးလေးကို တွယ်တာနေသူမို့ ကိုယ်ဘက်က ကျောထောက်နောက်ခံမဲ့ခဲ့ပြီ။

တစ်ကိုယ်တော် တိုက်ပွဲဝင် တွန်းလှန်ရမည့် ဖေဖေရဲ့ အာဏာရှင်စကားသံ အမိန့်တွေ။

မိသားစုဝင်တိုင်း၏ ထောက်ခံမဲ ပေးနေသော တစ်ဖက်သတ်စီစဉ်သည့် မမျှတတဲ့ မဂ်လာပွဲ။

Canada အခြေစိုက် Mann Group ၏ ဥက္ကဌ ပြေ့ဘုန်းမာန်၏ အမဂ်လာ ယူဆထားသည့် မနှစ်မြို့စရာ လက်ထပ်ခြင်းမဂ်လာပွဲ။

" မင်းက ငါ့စကားကို လွန်ဆန်တာလား ပြေ့ဘုန်းမာန်၊ ငါ့စကား ဘယ်လောက်မြဲသလဲ ဆိုတာ မင်းတို့ အသိဆုံး"

"ဖေဖေ ကြိုက်သလိုလုပ်၊ ကျွန်တော် သူကိုမယူနိုင်ဘူး "

" ဒါဆိုလည်း ငါ မိသားစု စာရင်းထဲကနေ မင်းကို ပါယ်ရုံပဲရှိတော့တယ် မင်းကြိုက်တာရွေး ၊ သေခန်းပြတ်နော် ပြေ့ဘုန်းမာန်...လူလိုပြောလို့ နားမလည်တဲ့ ကောင် "

" အဟား.....ဒါ့ဖေဖေရဲ့ နောက်ဆုံးလက်နက်လား ၊ ဖေဖေတို့ သူ့အပေါ် ကျေးဇူးရှိလို့ ဆပ်ချင်ရင် သူတွက် လုံလောက်မယ့် ပမာဏပေးလိုက်ပါ့လား ဘာလို့ ကျွန်တော့်ကိုမှာလဲ ....ဘာလို့လဲ !!!ဖေဖေ ပြောကြည့် ဒီအရွယ် ၊ ဒီလို အခြေအနေတောင်မှ ကျွန်တော်အိမ်ထောင်ရေးကို တောင် မိဘချုပ်ကိုင်မူအောက် ရှိရမှာတဲ့လား ..ဘယ်မလဲ ကိုယ်ပိုင်လွတ်လပ်ခွင့် ၊ ဘယ်မလဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်...ဖေဖေက ပညာတက်အရာရှိတစ်ယောက်ပါဗျာ...ဖေဖေ အတ္တတွေထဲ ပိတ်လှောင်နေတုန်းပဲလား !!!!!"

"မင်းငါကို ဘယ်လိုလေသံနဲ့ ပြန်ပြောနေလဲ ..ဟမ် ! "

" ဖေဖေ လုံးဝ မမျှတဘူး၊ ကျွန်တော် သဘောထား ကိုလုံးဝမမေးဘူး ၊ ကျွန်တော် ခံစားချက်ကို လုံးဝထည့်မတွက်ဘူး ...ဖေဖေ မတရားဘူး!!!"

ဒေါသမာန်ကြီးစွာ ကိုယ်ရင်ဘတ်ကို ကိုယ်ပုတ်ပြီးပြောနေတဲ့ သားငယ်ကို ဒီတစ်ခါ စိတ်ဆိုးမိတယ်။ သူ့ဆန္ဒကို မလိုက်လျောပေးနိုင်သလို ကိုယ်စီစဉ်သလို ဖြစ်ရမည့် သားငယ် ဗန်လွယ်အွေ့ကို မိသားစု စာရင်းထဲ သား, သားမက် အဖြစ် စာရင်းသွင်းမည့် မနက်ဖြန်အချိန်အခါ။

" မနက်ဖန် ၉နာရီ ငါ့မိတ်ဆွေအချို့နှင့် ရှေ့နေတွေ လာလိမ့်မယ် ...မင်း အဆင့်သင့်ပြင်ထား ပြည်ပထွက်ပြေးဖို့ မစဉ်းစားနဲ့  ၊ ငါဘာလုပ်နိုင်တယ်ဆိုတာ မင်းကောင်းကောင်းသိပါတယ် "

" ကျွန်တော့်အသက် ၂၅ ကျော်ပြီ ဖေဖေ ၊ ကျွန်တော်...."

" ငါ စကားမပြောင်းလဲတာ မင်းအသိပါ ပြေ့ဘုန်းမာန်၊ သွားတော့ "

သားအတွက် ဒီအဖေလုပ်နေရခြင်းတွေပါ ကွာ။

နောင်တတွေထဲ သားမွန်းကြပ်နေမှာ မမြင်ရက်လို့ ဖေဖေ ခုလို လုပ်ခဲ့ရတာ အားလုံးကောင်းစားစေဖို့ပါ။ မျှတတဲ့ ဖေဖေရွေးချယ်မူကို မင်းငြင်းခွင့်မရှိသလို ငြင်းခွင့်မပေးနိုင်ဘူး သားမာန်။ ဖေဖေကို အတ္တကြီး တစ်ကိုယ်ကောင်းသမားလို့မြင်ပါစေ ....မျှတခြင်း ဆိုတဲ့ စကားစုကို အဓိပ္ပါယ်ဖော်နိုင်အောင် ဖေဖေ ကြိုးစားနေမှာပဲ သားမာန်။

ဝုန်း....ခနဲပိတ်ချသွားသော ဖေကြီး၏ အပေါ်ထပ်စာကြည့်ခန်းတံခါးမကြီး။

ဖေကြီး၏စာကြည့်ခန်းဘေးက လေသာဆောင်အကွယ်တစ်နေရာမှ လစ်ဟာနေသော ပြတင်းပေါက်တွေကြားက ထွက်ပေါ်လာသော ဟစ်အော်သံတွေ။

" ဘာလဲကွာ....ငါ le*...ပဲ......shi*t...."

လက်နှစ်ဖက်ဖြင့် အားမလိုအားမရ ...ဖခင်ဆိုတဲ့အသိစိတ်ကြောင့် အားမတန်လို့မာန်လျော့ခဲ့ရပြီး ထွက်ခွါခဲ့ရပေမယ့် နည်းနည်းလေးမှမကျေနပ်နိုင်။ ဒီဘာမဟုတ်တဲ့ ကောင်လေးကြောင့် ကိုယ့်ဘဝ၊ ကြိုးစားခဲ့ရသမျှ ရေစုန်မျှောရမှာတဲ့လား ။

" တောက်....."

မခံမရပ်နိုင်စွာ ခပ်ကြမ်းကြမ်းတောက်ခေါက်၍ အောက်ထပ်ကို ဒုန်းစိုင်း ဆင်းသွားပါသော ချစ်ရသူ ကိုကိုပြေ့ဘုန်းမာန် ကျောပြင်လေးကို မမြင်ကွယ်ရာကနေ ဝေ့ဝဲရစ်သိုင်းနေသောမျက်ရည်တွေကြားက စိုက်ကြည့်နေမိပါသော လွယ်အွေ့လေး။

သားအဖနှစ်ယောက် စကားစစ်ပွဲတွေကို မမြင်ကွယ်ရာက လှစ်ဟာ နေသော ပြတင်းပေါက် တွေကြားကနေ ချောင်းကြည့်နေမိသော လွယ်အွေ့ ။ ချစ်စရာကောင်းတဲ့ ချင်းတိုင်းရင်းသားလေး ၊ မတော်တဆ တစ်ခုကြောင့် ညာဘက်ခြေထောက်ထိခိုက်ခံရပြီး ပုံမှန်လူလို ခြေလှမ်းမညီညာတဲ့ လွယ်အွေ့၊ အများအမြင် ခြေတဖက်မသန်သူလို မြင်စေပြီး ဖုံးကွယ်တိမ်မြုပ်နေသော အမှန်တရား တစ်ချို့တို့ကား သိသောသူက လက်ချိုးရေလို့ရမည်။

ဒီဘဝ ၊ ဒီခန္ဓာ ရလာ ခဲ့တော့ ငြင်းဆန်မရတဲ့ အမှန်တရားကို  ခါးဆီး ခံစားရင်း အရာရှိ ဦးဘုန်းမောင်အိမ် ရောက်ရှိနေတဲ့ တောင်ပေါ်သားလေး လွယ်အွေ့။

ငယ်စဉ်ကတည်းက ကြားခဲ့ဖူးသော တိုက်ပွဲသံတွေ၊ မိုးကောင်းလွန်းလို့ ပြိုကြနေသော မြေပြိုသံတွေ၊ ကြောက်မက်စရာ ထစ်ချူးမိုးသံတွေကြားက ချစ်သောသူ ပြောစကား ဒုက္ခိတ ဟူသော စကားစုသည်ကား နှလုံးသား ဟက်တက်ကွဲဖို့ရာ ၊ ဤလောကမှာ ဒီလောက်ကြောက်မက်ဖွယ် စကားသံတွေက အသက်ရူရပ်တဲ့အထိ ဖြစ်တက်လိမ့်မယ်တွေးမထားသော လွယ်အွေ့၊ အချိန်တစ်ခုထိ ဖိ၍ ထိုင်ထားပါသော မသန်သည့် ညာဘက်ခြေထောက်လေးကို အသာထူ၍ တိတ်ဆိတ်ရာနေရာသို့ တရွေ့ရွေ့ သွားရမည်လေ ။

" ကိုကိုက ငါကိုမလိုချင်ဘူးတဲ့ "

တိတ်တဆိတ်ရေရွတ်သံတိုးတိုးလေးက လွယ်အွေ့ရင်ထဲ ကမ္ဘာပျက်နေသည့်အလား တိတ်ဆိတ်ခြင်းက ခန်းနားစွာ ပြိုကျမြည်ဟီးပျက်စီးနေသည်။

နှလုံးသွေးရပ်မတက် ကျေကွဲ၊ မွန်းကြပ် ၊ ထိခိုက်နာကျင်မူတွေ မည်သူမှ မမြင်စေလို။

" ကိုကိုမှာ အမှားမရှိခဲ့ပါဘူး၊ ကျွန်တော့် ဖြစ်တည်မူက မှားနေတာပါဗျာ "

ဝေ့ဝဲစီးဆင်းလာသော မျက်ရည်ကြည်တွေကို သေးသွယ်သော လက်လေးဖြင့်အသာယာဖယ်၍ စိတ်အစဉ်ကိုလွတ်ငြိမ်းချမ်းသာမူပေးစေမည့် အထောက်အကူလေးဖြစ်သည့် အခန်းထောင့်တနေရာမှာ ထောင်ထားသော ဂစ်တာအိုလေးကို ယူ၍ သံစဉ်တချို့ကို တီးခတ်ရမည်လေ။

တင်းကြပ်နေတဲ့ ရင်အစုံ၊ မွန်းကြပ်ပြည့်သိပ်နေသော ခံစားချက်၊ ပြိုကျပျက်စီးနေသည့် မျှော်လင့်ချက်တွေ ကို ဂစ်တာကြိုးပေါ်တင်၍  လွှင့်ပျံစေမည်။

ဝါသနာပါရာ အဆိုတော်လုပ်မည့် အိမ်မက်၊ အများ၏ လက်ခုပ်သံတွေကြား ဝါသနာမသေးသည့် ဘောလုံးသမားလေးဖြစ်ချင်သည့် စိတ်ကူးတွေကို တစ်စစီ ပျက်စီးစေသည့် ဒုက္ခိတ ဆိုတဲ့ ချစ်ရသူထွက်ဆိုသွားသော နာမ်စားလေးတစ်ခွန်း။

ကိုကိုဆိုတာ အားကိုးရာ အစစ်လို့ထင်မိခဲ့တဲ့ လွယ်အွေ့။

ယုံကြည်ရာ လမ်းမပေါ် ယိမ်းယိုင်ပြိုလဲစေမည့် သည့်နာမ်စားလေးက သည်လောက်ခံရခက်မှန်းလွယ်အွေ့မတွေးမိခဲ့ဘူး။

တောင်ပေါ်မှာရှိနေစဉ်ကတည်းက နှစ်၂၀ နီးပါး စိတ်ကူးခဲ့သမျှ ဖယောင်းအရည်ပျော်သလို ပြိုလဲခဲ့တဲ့ စိတ်ကူးအိမ်မက်တွေက အခန်းတွင်းလေးထဲ မြင်မကောင်း ။

တစဆီ ပြန့်ကျဲနေသော ခံစားမူတွေက နားထဲ ပဲ့တင်ထပ်နေသည့်ချစ်ရသူ ပြောသော သည်စကား။ ဂစ်တာကိုပိုက်လို့ လက်နှစ်ဖက်ဖြင့် နားကိုပိတ်ပြီး ပိတ်ဆို့သော်လည်း သည်စကားက နှလုံးသားထဲတစိမ့်စိမ့်စီးဝင်နေသလို တစ်ခဏအတွင်း အခိုင်အမာ အမြစ်တွယ်ခဲ့ပြီ။

" ဒီအခြေအနေကို သူမလိုချင်ဘူးတဲ့ မေမေရယ်"

လို့ ငိုကြွေးခြင်းမမြည်တဲ့ ရိူက်ငိုသံတွေက်ို ကောင်းကင်ဘုံရောက် မေမေ ကိုတိုင်တည်၍ လက်နှစ်ဖက်ကို ယှက်ကိုင်ကာ မျက်ရည်ကြားက တောင်းဆုပြုမိသည်။

" ချစ်ရသူကို ဘုရားသခင် စောင့်ရှောက်တော်မူပါ"

ဒီ အခြေအနေကို လိုချင်တဲ့သူ မရှိတာ အမှားမခေါ်နိုင်ပေမယ့် သည်အခြေအနေကိုပိုင်ဆိုင်ထားတဲ့ လွယ်အွေ့ကတော့ လူတွေကိုကြောက်တက်လာသလို ၊ ကတိသစ္စာ စကားတွေကိုလည်း ယုံကြည်မူ နည်းပါးခဲ့ပြီ။

တောင်ပေါ်မှာ ရာသီပေါ်ပန်းပင်လေးစိုက်ပြီး , အသီးအနှံ စိုက်ပျိုး နေတဲ့ ဘဝကနေ ဒီလို ကြီးကျယ်တဲ့အိမ်တော်ကြီးရဲ့ ဘဝမှာ နေသားမကျသေးမှီ နှင်ခံရမည် မတွေးခဲ့ဘူး ။ မေမေ အမှာစကားကို ရင်ဝယ်ပိုက်ပြီး ဒီအိမ်ကြီးမှာ ခြေချမိသည်ကား ပထမအမှား ၊ ငယ်စဉ်က ထားခဲ့ဖူးတဲ့ ကတိသစ္စာ စကားတွေကို ယုံကြည်ပြီး ပျော်စရာအိမ်မက်လေး မက်ခဲ့မိသည်ကား ဒုတိယ အမှား ။ မဖြစ်နိုင်မှန်းသိသိရက်နဲ့  ရဲရဲနီနေတဲ့ တောင်ဇလပ်ပန်းခြောက်လေးကို ကိုင်ပြီး လွင့်ပျယ်ခဲ့ရသည့် အနာဂတ်နေ့ရက်တွေအတွက် ဘယ်လိုရင်ဆိုင်ရမယ် ဆလိုင်းလေးမသိခဲ့။

"မတည်မြဲစေသော ကတိစကားတွေ ပေးခဲ့တဲ့ ကိုကို ကို့ ကျွန်တော်မမုန်းနိုင်ပါဘူးဗျာ"

ရဲရဲနီတဲ့တောင်ဇလပ်တို့ ပွင့်လန်းတိုင်း လွယ်အွေ့ဆီ ပြန်လာမည်ဆိုတဲ့ မမြဲသော ကတိစကားဆိုတဲ့ ပြေ့ဘုန်းမာန်၊ ရာသီအကူးအပြောင်း ပန်းပွင့်ရာသီရောက်တိုင်း ၊ တောပန်းလေးတွေ မြင်တိုင်း သစ္စာမတည်တဲ့ သူကို လွယ်အွေ့ မျှော်လင့်ရင်း ။

နာကျင်စရာ အတိတ်တွေက တိမ်မြုပ်နေပြီ ထင်ပေမယ့် ခုချိန်ထိ အသက်ဝင်နေမယ်ဆိုတာ လွယ်အွေ့ မသိခဲ့ဘူး ။

ညာဖက်ခြေထောက်လေး ထောက်ဖို့ ဘေးနားက နံရံကို အားပြု ထောက်ကိုင်ရင်း နာကျင်မူသောကတွေကို မြိုသိပ်တက်တဲ့ တောင်ပေါ်သားလေး ဗန်လွယ်အွေ့။

အရွယ်နှင့်မလိုက် ခံစားခဲ့ရတဲ့ ငယ်ဘဝပင်ပမ်းမူများ။

ကဲ့ရဲ့ရူံ့ချတက်သော ပတ်ဝန်းကျင်ကို ဥပေက္ခာပြုခဲ့သမျှ ချစ်ရသူ စကားတစ်ခွန်းကြောင့် ရူးသွပ်လုလု။

တစ်စဆီ ကြိုးပြတ်ကျသွားသော ချစ်ခြင်းသံယောဇဉ်နှောင်ကြိုးတွေ။

အရည်ပျော်ခဲ့ရသော အိမ်မက်စိတ်ကူးတွေ။

ချစ်ရသူနူတ်ဖျားက ထွက်ကျလာသော " ဒုက္ခိတ...ဒုက္ခိတ"

လွယ်အွေ့ဘဝ၊ အနာဂတ်၊ မျှော်လင့်ချက်၊ တောင်ပေါ်သားလေးရဲ့ ချစ်ခြင်းမေတ္တာတွေ.....ဒုက္ခိတ...ဆိုတဲ့ စကားတစ်ခွန်းအောက် ပြိုကျပျက်စီးခဲ့ရပြီ။

#မမ အတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#Thank for all

——————————————————————————————————————————-
( A/N- ကိုးကွယ်ရာ ဘာသာတိုင်းအားလုံးကို တန်ဖိုးထားလေးစားပါသည်။ တိုင်းရင်းသားတိုင်းကို မြတ်နိုးတယ် ဒါကြောင့် တေးသစ္စာဖွဲ့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ fiction လေးမှာ တိုင်းရင်းသား၊ ဘာသာခြားတွေကို တက်သလောက် ၊ သိသလောက် တန်ဖိုးထားလေးစားမူကို ဖော်ကျူးထားခြင်းဖြစ်ပါတယ်။ လိုအပ်ချက်တစ်စုံတစ်ရာ ၊ မှားယွင်းမူ တခုခု ရှိခဲ့ရင် စာရေးသူရဲ့ အမှားမို့ ဖြည့်တွေးပေးကြစေလိုပါတယ်။ နောက်ပြီး အဓိက ဇာတ်ကောင် ဖြစ်တဲ့ တိုင်းရင်သားလေးကို ဒုက္ခိတ နေရာ ထားတယ်လို့ မမြင်ကြဘဲ အားနည်းချို့တဲ့ သူတိုင်းက တန်ဖိုးရှိ လူသားတွေဆိုတာကို မီးမောင်းထိုးပြချင်လို့ ဒီ Fiction ကိုဖန်တီးရခြင်းဖြစ်ပါတယ်။ အားနည်းချို့တဲ့ သူကို တွေ့ရင် လက်တွဲကူပေးစေရန် ၊ တန်ဖိုးထားလေးစားတက်စေရန် ရည်ရွယ်ခဲ့ပြီး ရေးသားခဲ့ပါသည်။  တေးသီချင်းတွေ ထည့်သွင်းရင်း ဇာတ်ကောင်ကို ပုံဖော်ရမှာမို့ မည်သူ့ဆီခွင့်ပြုချက်ယူလဲ စသည့်မေးခွန်းများ ကို စာရေးသူ၏ စိတ်ကူးဖြင့် ဝါသနာအရပုံဖော်ထားတဲ့ ဇာတ်ကောင်လေးဖြစ်ကြောင်း တစ်ခါတည်း ဖော်ပြအပ်ပါတယ်။ ဤ fiction နှင့်ပတ်သတ်ပြီး မည့်သည့်ဘာသာ၊ မည့်သည့်တိုင်းရင်းသားကိုမျှ ထိခိုက်စေလိုခြင်းမရှိပါ ။ ဖတ်ရူ့အားပေးသူတစ်ယောက်ခြင်းဆီတ်ိုင်းကို ကျေးဇူးတင်ပါတယ်......)

#Maiyuri
(20.12.2022)

————————————————————————————————————————————

zawgyi

ခမ္းနားလွတဲ့ အျဖဴေရာင္ႏွစ္ထပ္တိုက္ႀကီး၏ အေပၚထပ္။

အခန္းေပါင္းမ်ားစြာ ထည့္သြင္းတည္ေဆာက္ထားေသာ အျဖဴေရာင္ ႏွစ္ထပ္တိုက္ႀကီး၏ အရွင္သခင္က အၿငိမ္းစားအရာရွိေဟာင္း ဦးဘုန္းေမာင္( Two Brothers construction )အမည္ရ အထင္ကရ ေဆာက္လုပ္ေရး လုပ္ငန္းစုႀကီး။ လူကုံတံတို႔ ေနထိုင္ရာ ဆိတ္ၿငိမ္ရပ္ကြက္၊ က်ယ္ျပန့္လွေသာ ဝန္းၿခံႀကီးႏွင့္ ေစတနာေမတၱာႀကီးမားလွေသာ အၿငိမ္းစားအရာရွိကေတာ္ႀကီးေဒၚေမၾကည္ဟန္။

တိတ္ဆိတ္ေသာ ပတ္ဝန္းက်င္၊ ေနသာေသာ ေန႕လည္ခင္းအခ်ိန္အခါ ၊ အေပၚထပ္ Hall ခန္းမသဖြယ္ စာအုပ္စင္ဗီရိုမ်ားစြာတည္ရွိေသာ ဦးဘုန္းေမာင္၏ စာၾကည့္ခန္း၊ ငယ္စဥ္ဘဝ အမွတ္တရပစၥည္းမ်ား ထားရွိရာ ျပတိုက္ငယ္ ၊ ေမ့မရပါေသာ ေက်းဇူးႀကီးေတြရဲ႕ သက္္မဲ့ပုံကားခ်ပ္ေတြကို ထားရွိရာ ေနရာ စေသာ ခန္းနားႀကီးက်ယ္လာေသာ ေဟာခန္းမက်ယ္ႀကီး။ အိမ္ႀကီးရွင္အမိန့္ခြင့္ျပဳခ်က္မရွိဘဲ မည္သူမွဝင္ခြင့္မရေသာေနရာ ။

ယခုေတာ့ ျငင္းဆန္ျခင္းေတြ၊ ေအာ္ဟစ္ဆူပူျခင္းေတြျဖင့္ ပူေလာင္ေစမယ့္ ဝန္းက်င္ငယ္။

" ၾကည့္လုပ္ပါအုံး ေဖေဖ ၊ ကြၽန္ေတာ္က အဲ့ဒီ ဒုကၡိတ ကိုလက္ထပ္ရမယ္တဲ့လား "

" မင္းစကားကို ၾကည့္ေျပာ ေျပ့ဘုန္းမာန္..."

" No...ကြၽန္ေတာ္လက္မခံနိုင္ဘူး ၊ ကြၽန္ေတာ္ မိသားစုရဲ႕အေဝးမွာ ၇ ႏွစ္ေက်ာ္ၾကာ ႀကိဳးစားတည္ေဆာက္လာတဲ့ ခုလိုအေျခအေနက အဲ့ဒီဒုကၡိတကို လက္ထပ္ဖို႔မဟုတ္ဘူး ေဖေဖ "

" မင္းစိတ္သေဘာႏွင့္ မင္းဆုံးျဖတ္တာေလ ၊ ငါက သြားခိုင္းသလား ဟမ္ "

" ဟာ...ေဖေဖ ဘယ္လိုေျပာလိုက္တာလဲ၊ ကြၽန္ေတာ္က ေဖေဖ့သား ေနာ္ ၊ သားတစ္ေယာက္ ေအာင္ျမင္တာကို လက္ခုပ္မတီးေပးနိုင္တဲ့အျပင္ ကိုယ့္သားကို အဲလိုဒုကၡိတနဲ႕ ေပးစားရသတဲ့လား ...ဗ်! "

" မင္း.....လူစကားေျပာ ၊ ကိုယ္ေျခေထာက္ေပၚ ကိုယ္ရပ္တည္နိုင္တယ္ဆိုၿပီး ငါကို အာခံဖို႔ မစဥ္းစားနဲ႕ !!"

" ေဖေဖႀကိဳက္သလို သတ္မွတ္လိုက္ပါ ၊ ကြၽန္ေတာ္ ဘယ္လိုနည္းနဲ႕မွ သူ႕ကိုလက္မထပ္နိုင္ဘူး "

" မင္းဘာစကားေျပာလိုက္တာလဲ "

ေဖေဖ ခ်ဳပ္ခ်ယ္မူေတြကို မႏွစ္သက္ေသာ္လည္း ယခုလို သားအဖႏွစ္ေယာက္ ေအာ္ႀကီးဟစ္က်ယ္ အေခ်အတင္ စကားမမ်ားဖူးဘူး။ ဘယ္ေလာက္ပဲ ေဖေဖစကားကို မႀကိဳက္ဘူးဆိုေပမယ့္ ျငင္းဆန္ျခင္းမျပဳဘဲ အက်ိဳးအေၾကာင္းရွင္းရသေလာက္ရွင္းျပကာ တခါတရံ ေမေမက ၾကားဝင္ေစ့စပ္ရဖူးသည္။

ဘယ္တုန္းကမွ မိဘကို သူတစ္ခြန္းကိုယ္တစ္ခြန္း မေအာ္ခဲ့ဖူးတဲ့ ကြၽန္ေတာ္က ယခုေတာ့ ေဒါသကိုမထိမ္းခ်ဳပ္နိုင္ခဲ့။ မိဘရင္ခြင္ကေန ခြဲခြါၿပီး ျပည္ပမွာနာမည္တစ္လုံးျဖင့္ ရပ္တည္နိုင္ဖို႔ အားႀကိဳးမာန္တက္ႀကိဳးစားခဲ့ရတာ ကိုယ္သာလွ်င္အသိဆုံး။ ေက်ာင္းခ်ိန္ကတဖက္ ၊ လုပ္ငန္းစတင္နိုင္ဖို႔ လူမ်ိဳးမတူ ၊ ဘာသာမတူ၊ အေသြးအေရာင္မတူကြဲျခားမူ ေတြၾကား ႀကိဳးစား႐ုန္းကန္ခဲ့ရတဲ့ အခ်ိန္ေတြ၊ လူငယ္တစ္ေယာက္ရဲ႕ အေကာင္းဆုံးေသာ ေပ်ာ္႐ႊင္ရမယ့္အခ်ိန္ကို စေတးခဲ့ၿပီး ကိုယ္ေျခေထာက္ေပၚ ကိုယ္ရပ္တည္နိုင္ဖို႔ ၊ အနိုင္ပိုင္းၿပီး ႏွင္းခ်ခံရျခင္းေတြအေပၚ လဲက်တိဳင္း ႀကိဳးစားၿပီးျပန္ထနိုင္လို႔ ခုလို Mann Group ကစီးပြါးေရးေလာကထဲ ေျခကုပ္ယူနိုင္ခဲ့ၿပီ။

ဒီတစ္ႀကိမ္ေတာ့ အျပတ္အသတ္တိုက္ယူရမယ့္ သားအဖ စစ္ပြဲ။

မျဖစ္နိုင္တာမို႔ သားဘက္ကလည္း တစ္ထစ္ေလ်ာ့မေပးနိုင္ဘူး ေဖေဖ၊ ေက်းဇူးကန္းသားမိုက္အျဖစ္ေပါ့။

" အဲ့ဒီဒုကၡိတကို ကြၽန္ေတာ္ လက္မထပ္နိုင္ဘူး ၊ ကြၽန္ေတာ့္ဘဝတစ္ခုလုံးကို အဲ့ဒီကေလးဆီမွ မႏွစ္ျမဳပ္ႏွံနိုင္ဘူးေဖေဖ ၊ ေနာက္ၿပီး သူ႕ကိုလည္း ကြၽန္ေတာ္ရဲ႕ အိမ္သူသက္ထားေနရာမွမထားေပးနိုင္ဘူး ေဖေဖ"

" ဘာကြ.....မင္း....မင္း...ေခြးထက္မိုက္တဲ့ သားမိုက္......"

ေျဖာင္း !!!

လည္ထြက္သြားေသာ မ်က္ႏွာ ၊ ျပင္းထန္လွတဲ့ ဖခင္ ရိုက္ခ်က္ေၾကာင့္ နဂိုဗီဇဆိုး ႐ြဲ႕ခ်င္စိတ္က ထိမ္းမရခဲ့ဘူး။ အာဏာပါဝါ သိပ္ျပတက္တဲ့ေဖေဖက ငယ္ငယ္ကအတိုင္း သားသမီးကို ဆုံးမတဲ့ေနရာမွာ လက္ပါတက္တဲ့ ေဖေဖ့အက်င့္စရိုက္ကို ဒီတစ္ခါ အသည္းနာတယ္။ အသားနာလာရင္ စိတ္ထင္တိုင္း ေျပာတက္တဲ့အက်င့္က လူတစ္ေယာက္ရဲ႕ ဘဝကိုရွင္လွ်က္နဲ႕ ေသေစတယ္ဆိုတာေျပ့ဘုန္းမာန္ မေတြးေတာမိခဲ့ဘူး ။

စည္းကမ္းႀကီးလြန္းလွတဲ့ ေဖေဖရဲ႕ တစ္ေသြးတစ္သံ တစ္မိန့္ တစ္အာဏာကို အမုန္းဆုံးပဲ။ ငယ္စဥ္ကတည္းက ခ်ဳပ္ကိုင္ ခံလာရတဲ့ ကြၽန္ေတာ္ဘဝကို Canada ေရာက္မွ လူငယ္ဘဝကို သိျမင္လာခဲ့ရတယ္။

ဖခင္ရဲ႕ တစ္မိန့္တစ္အာဏာေတြက ကိုယ့္ဘဝကို ဒီေလာက္ထိ ခ်ဳပ္ကိုင္လိမ့္မယ္ မထင္ထားခဲ့မိဘူး ၊ ေမေမက ျမန္မာျပည္ျပန္လာခဲ့ပါအုံးဆိုလို႔ အလည္အပတ္သေဘာနဲ႕ လာခဲ့မိသည္ကား ယခုလို ေျခတဖက္မသန္တဲ့ အဲ့ဒီဒုကၡိတေလးကို လက္ထပ္ရမည္မသိခဲ့ဘူး။ အတင္းကေရာ စီစဥ္တဲ့ ဖခင္ရဲ႕ အမိန့္ေတြကိုငယ္စဥ္က မလြန္ဆန္နိုင္ခဲ့ေပမယ့္ ခုခ်ိန္ ပညာျပည့္ဝလို႔ ကိုယ္စြမ္းကိုယ္စျဖင့္ ႐ုန္းကန္တည္ေဆာက္လာခဲ့တဲ့ Mann Group ပိုင္တဲ့ ကြၽန္ေတာ္က ျငင္းဆန္တာ မမွားခဲ့ဘူး ။

လုံးဝလက္မခံနိုင္တဲ့ လက္ထပ္ပြဲ ။

ေဖေဖ တစ္ဖက္သတ္ စီစဥ္တဲ့လက္ထပ္ပြဲ။

ကိုယ့္အိမ္မက္ေတြ လြင့္ျပယ္ေစမည့္ လက္ထပ္ပြဲ။

အမ်ားေရွ႕ ခ်ျပလို႔ မသင့္ေတာ္တဲ့ ေျခတစ္ဖက္မသန္သူကို ဘယ္လိုဖေအမ်ိဳးက ကိုယ္သားသမီးလက္ထဲ ထည့္ေပးနိုင္သလဲ ေဖေဖကိုလုံးဝနားလည္မေပးနိုင္ဘူး။

လြဲမွားေနတဲ့ ေဖေဖရဲ႕ ဆႏၵေတြကို ရသမွ် ေတာ္လွန္ရမွာပဲ၊ လုံးဝ ညွိနိူင္းမရတဲ့ သားအဖ တိုက္ပြဲ။ ဘယ္လိုအရာမ်ိဳးကမွ ၾကားဝင္ေစ့စပ္လို႔ အက္ကြဲေၾကာင္းကို ဖာေထးနိုင္မလဲ။ ေမေမသည္လည္း ရင္ဖြင့္မရတဲ့ သူမ်ိဳး၊ အဲ့ဒီဒုကၡအိုးေလးကို တြယ္တာေနသူမို႔ ကိုယ္ဘက္က ေက်ာေထာက္ေနာက္ခံမဲ့ခဲ့ၿပီ။

တစ္ကိုယ္ေတာ္ တိုက္ပြဲဝင္ တြန္းလွန္ရမည့္ ေဖေဖရဲ႕ အာဏာရွင္စကားသံ အမိန့္ေတြ။

မိသားစုဝင္တိုင္း၏ ေထာက္ခံမဲ ေပးေနေသာ တစ္ဖက္သတ္စီစဥ္သည့္ မမွ်တတဲ့ မဂ္လာပြဲ။

Canada အေျခစိုက္ Mann Group ၏ ဥကၠဌ ေျပ့ဘုန္းမာန္၏ အမဂ္လာ ယူဆထားသည့္ မႏွစ္ၿမိဳ႕စရာ လက္ထပ္ျခင္းမဂ္လာပြဲ။

" မင္းက ငါ့စကားကို လြန္ဆန္တာလား ေျပ့ဘုန္းမာန္၊ ငါ့စကား ဘယ္ေလာက္ၿမဲသလဲ ဆိုတာ မင္းတို႔ အသိဆုံး"

"ေဖေဖ ႀကိဳက္သလိုလုပ္၊ ကြၽန္ေတာ္ သူကိုမယူနိုင္ဘူး "

" ဒါဆိုလည္း ငါ မိသားစု စာရင္းထဲကေန မင္းကို ပါယ္႐ုံပဲရွိေတာ့တယ္ မင္းႀကိဳက္တာေ႐ြး ၊ ေသခန္းျပတ္ေနာ္ ေျပ့ဘုန္းမာန္...လူလိုေျပာလို႔ နားမလည္တဲ့ ေကာင္ "

" အဟား.....ဒါ့ေဖေဖရဲ႕ ေနာက္ဆုံးလက္နက္လား ၊ ေဖေဖတို႔ သူ႕အေပၚ ေက်းဇူးရွိလို႔ ဆပ္ခ်င္ရင္ သူတြက္ လုံေလာက္မယ့္ ပမာဏေပးလိုက္ပါ့လား ဘာလို႔ ကြၽန္ေတာ့္ကိုမွာလဲ ....ဘာလို႔လဲ !!!ေဖေဖ ေျပာၾကည့္ ဒီအ႐ြယ္ ၊ ဒီလို အေျခအေနေတာင္မွ ကြၽန္ေတာ္အိမ္ေထာင္ေရးကို ေတာင္ မိဘခ်ဳပ္ကိုင္မူေအာက္ ရွိရမွာတဲ့လား ..ဘယ္မလဲ ကိုယ္ပိုင္လြတ္လပ္ခြင့္ ၊ ဘယ္မလဲ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္...ေဖေဖက ပညာတက္အရာရွိတစ္ေယာက္ပါဗ်ာ...ေဖေဖ အတၱေတြထဲ ပိတ္ေလွာင္ေနတုန္းပဲလား !!!!!"

"မင္းငါကို ဘယ္လိုေလသံနဲ႕ ျပန္ေျပာေနလဲ ..ဟမ္ ! "

" ေဖေဖ လုံးဝ မမွ်တဘူး၊ ကြၽန္ေတာ္ သေဘာထား ကိုလုံးဝမေမးဘူး ၊ ကြၽန္ေတာ္ ခံစားခ်က္ကို လုံးဝထည့္မတြက္ဘူး ...ေဖေဖ မတရားဘူး!!!"

ေဒါသမာန္ႀကီးစြာ ကိုယ္ရင္ဘတ္ကို ကိုယ္ပုတ္ၿပီးေျပာေနတဲ့ သားငယ္ကို ဒီတစ္ခါ စိတ္ဆိုးမိတယ္။ သူ႕ဆႏၵကို မလိုက္ေလ်ာေပးနိုင္သလို ကိုယ္စီစဥ္သလို ျဖစ္ရမည့္ သားငယ္ ဗန္လြယ္ေအြ႕ကို မိသားစု စာရင္းထဲ သား, သားမက္ အျဖစ္ စာရင္းသြင္းမည့္ မနက္ျဖန္အခ်ိန္အခါ။

" မနက္ဖန္ ၉နာရီ ငါ့မိတ္ေဆြအခ်ိဳ႕ႏွင့္ ေရွ႕ေနေတြ လာလိမ့္မယ္ ...မင္း အဆင့္သင့္ျပင္ထား ျပည္ပထြက္ေျပးဖို႔ မစဥ္းစားနဲ႕ ၊ ငါဘာလုပ္နိုင္တယ္ဆိုတာ မင္းေကာင္းေကာင္းသိပါတယ္ "

" ကြၽန္ေတာ့္အသက္ ၂၅ ေက်ာ္ၿပီ ေဖေဖ ၊ ကြၽန္ေတာ္...."

" ငါ စကားမေျပာင္းလဲတာ မင္းအသိပါ ေျပ့ဘုန္းမာန္၊ သြားေတာ့ "

သားအတြက္ ဒီအေဖလုပ္ေနရျခင္းေတြပါ ကြာ။

ေနာင္တေတြထဲ သားမြန္းၾကပ္ေနမွာ မျမင္ရက္လို႔ ေဖေဖ ခုလို လုပ္ခဲ့ရတာ အားလုံးေကာင္းစားေစဖို႔ပါ။ မွ်တတဲ့ ေဖေဖေ႐ြးခ်ယ္မူကို မင္းျငင္းခြင့္မရွိသလို ျငင္းခြင့္မေပးနိုင္ဘူး သားမာန္။ ေဖေဖကို အတၱႀကီး တစ္ကိုယ္ေကာင္းသမားလို႔ျမင္ပါေစ ....မွ်တျခင္း ဆိုတဲ့ စကားစုကို အဓိပ္ပါယ်ဖော်နိုင်အောင် ေဖေဖ ႀကိဳးစားေနမွာပဲ သားမာန္။

ဝုန္း....ခနဲပိတ္ခ်သြားေသာ ေဖႀကီး၏ အေပၚထပ္စာၾကည့္ခန္းတံခါးမႀကီး။

ေဖႀကီး၏စာၾကည့္ခန္းေဘးက ေလသာေဆာင္အကြယ္တစ္ေနရာမွ လစ္ဟာေနေသာ ျပတင္းေပါက္ေတြၾကားက ထြက္ေပၚလာေသာ ဟစ္ေအာ္သံေတြ။

" ဘာလဲကြာ....ငါ le*...ပဲ......shi*t...."

လက္ႏွစ္ဖက္ျဖင့္ အားမလိုအားမရ ...ဖခင္ဆိုတဲ့အသိစိတ္ေၾကာင့္ အားမတန္လို႔မာန္ေလ်ာ့ခဲ့ရၿပီး ထြက္ခြါခဲ့ရေပမယ့္ နည္းနည္းေလးမွမေက်နပ္နိုင္။ ဒီဘာမဟုတ္တဲ့ ေကာင္ေလးေၾကာင့္ ကိုယ့္ဘဝ၊ ႀကိဳးစားခဲ့ရသမွ် ေရစုန္ေမွ်ာရမွာတဲ့လား ။

" ေတာက္....."

မခံမရပ္နိုင္စြာ ခပ္ၾကမ္းၾကမ္းေတာက္ေခါက္၍ ေအာက္ထပ္ကို ဒုန္းစိုင္း ဆင္းသြားပါေသာ ခ်စ္ရသူ ကိုကိုေျပ့ဘုန္းမာန္ ေက်ာျပင္ေလးကို မျမင္ကြယ္ရာကေန ေဝ့ဝဲရစ္သိုင္းေနေသာမ်က္ရည္ေတြၾကားက စိုက္ၾကည့္ေနမိပါေသာ လြယ္ေအြ႕ေလး။

သားအဖႏွစ္ေယာက္ စကားစစ္ပြဲေတြကို မျမင္ကြယ္ရာက လွစ္ဟာ ေနေသာ ျပတင္းေပါက္ ေတြၾကားကေန ေခ်ာင္းၾကည့္ေနမိေသာ လြယ္ေအြ႕ ။ ခ်စ္စရာေကာင္းတဲ့ ခ်င္းတိုင္းရင္းသားေလး ၊ မေတာ္တဆ တစ္ခုေၾကာင့္ ညာဘက္ေျခေထာက္ထိခိုက္ခံရၿပီး ပုံမွန္လူလို ေျခလွမ္းမညီညာတဲ့ လြယ္ေအြ႕၊ အမ်ားအျမင္ ေျခတဖက္မသန္သူလို ျမင္ေစၿပီး ဖုံးကြယ္တိမ္ျမဳပ္ေနေသာ အမွန္တရား တစ္ခ်ိဳ႕တို႔ကား သိေသာသူက လက္ခ်ိဳးေရလို႔ရမည္။

ဒီဘဝ ၊ ဒီခႏၶာ ရလာ ခဲ့ေတာ့ ျငင္းဆန္မရတဲ့ အမွန္တရားကို ခါးဆီး ခံစားရင္း အရာရွိ ဦးဘုန္းေမာင္အိမ္ ေရာက္ရွိေနတဲ့ ေတာင္ေပၚသားေလး လြယ္ေအြ႕။

ငယ္စဥ္ကတည္းက ၾကားခဲ့ဖူးေသာ တိုက္ပြဲသံေတြ၊ မိုးေကာင္းလြန္းလို႔ ၿပိဳၾကေနေသာ ေျမၿပိဳသံေတြ၊ ေၾကာက္မက္စရာ ထစ္ခ်ဴးမိုးသံေတြၾကားက ခ်စ္ေသာသူ ေျပာစကား ဒုကၡိတ ဟူေသာ စကားစုသည္ကား ႏွလုံးသား ဟက္တက္ကြဲဖို႔ရာ ၊ ဤေလာကမွာ ဒီေလာက္ေၾကာက္မက္ဖြယ္ စကားသံေတြက အသက္႐ူရပ္တဲ့အထိ ျဖစ္တက္လိမ့္မယ္ေတြးမထားေသာ လြယ္ေအြ႕၊ အခ်ိန္တစ္ခုထိ ဖိ၍ ထိုင္ထားပါေသာ မသန္သည့္ ညာဘက္ေျခေထာက္ေလးကို အသာထူ၍ တိတ္ဆိတ္ရာေနရာသို႔ တေ႐ြ႕ေ႐ြ႕ သြားရမည္ေလ ။

" ကိုကိုက ငါကိုမလိုခ်င္ဘူးတဲ့ "

တိတ္တဆိတ္ေရ႐ြတ္သံတိုးတိုးေလးက လြယ္ေအြ႕ရင္ထဲ ကမၻာပ်က္ေနသည့္အလား တိတ္ဆိတ္ျခင္းက ခန္းနားစြာ ၿပိဳက်ျမည္ဟီးပ်က္စီးေနသည္။

ႏွလုံးေသြးရပ္မတက္ ေက်ကြဲ၊ မြန္းၾကပ္ ၊ ထိခိုက္နာက်င္မူေတြ မည္သူမွ မျမင္ေစလို။

" ကိုကိုမွာ အမွားမရွိခဲ့ပါဘူး၊ ကြၽန္ေတာ့္ ျဖစ္တည္မူက မွားေနတာပါဗ်ာ "

ေဝ့ဝဲစီးဆင္းလာေသာ မ်က္ရည္ၾကည္ေတြကို ေသးသြယ္ေသာ လက္ေလးျဖင့္အသာယာဖယ္၍ စိတ္အစဥ္ကိုလြတ္ၿငိမ္းခ်မ္းသာမူေပးေစမည့္ အေထာက္အကူေလးျဖစ္သည့္ အခန္းေထာင့္တေနရာမွာ ေထာင္ထားေသာ ဂစ္တာအိုေလးကို ယူ၍ သံစဥ္တခ်ိဳ႕ကို တီးခတ္ရမည္ေလ။

တင္းၾကပ္ေနတဲ့ ရင္အစုံ၊ မြန္းၾကပ္ျပည့္သိပ္ေနေသာ ခံစားခ်က္၊ ၿပိဳက်ပ်က္စီးေနသည့္ ေမွ်ာ္လင့္ခ်က္ေတြ ကို ဂစ္တာႀကိဳးေပၚတင္၍ လႊင့္ပ်ံေစမည္။

ဝါသနာပါရာ အဆိုေတာ္လုပ္မည့္ အိမ္မက္၊ အမ်ား၏ လက္ခုပ္သံေတြၾကား ဝါသနာမေသးသည့္ ေဘာလုံးသမားေလးျဖစ္ခ်င္သည့္ စိတ္ကူးေတြကို တစ္စစီ ပ်က္စီးေစသည့္ ဒုကၡိတ ဆိုတဲ့ ခ်စ္ရသူထြက္ဆိုသြားေသာ နာမ္စားေလးတစ္ခြန္း။

ကိုကိုဆိုတာ အားကိုးရာ အစစ္လို႔ထင္မိခဲ့တဲ့ လြယ္ေအြ႕။

ယုံၾကည္ရာ လမ္းမေပၚ ယိမ္းယိုင္ၿပိဳလဲေစမည့္ သည့္နာမ္စားေလးက သည္ေလာက္ခံရခက္မွန္းလြယ္ေအြ႕မေတြးမိခဲ့ဘူး။

ေတာင္ေပၚမွာရွိေနစဥ္ကတည္းက ႏွစ္၂၀ နီးပါး စိတ္ကူးခဲ့သမွ် ဖေယာင္းအရည္ေပ်ာ္သလို ၿပိဳလဲခဲ့တဲ့ စိတ္ကူးအိမ္မက္ေတြက အခန္းတြင္းေလးထဲ ျမင္မေကာင္း ။

တစဆီ ျပန့္က်ဲေနေသာ ခံစားမူေတြက နားထဲ ပဲ့တင္ထပ္ေနသည့္ခ်စ္ရသူ ေျပာေသာ သည္စကား။ ဂစ္တာကိုပိုက္လို႔ လက္ႏွစ္ဖက္ျဖင့္ နားကိုပိတ္ၿပီး ပိတ္ဆို႔ေသာ္လည္း သည္စကားက ႏွလုံးသားထဲတစိမ့္စိမ့္စီးဝင္ေနသလို တစ္ခဏအတြင္း အခိုင္အမာ အျမစ္တြယ္ခဲ့ၿပီ။

" ဒီအေျခအေနကို သူမလိုခ်င္ဘူးတဲ့ ေမေမရယ္"

လို႔ ငိုေႂကြးျခင္းမျမည္တဲ့ ရိူက်ငိုသံတွေက်ို ေကာင္းကင္ဘုံေရာက္ ေမေမ ကိုတိုင္တည္၍ လက္ႏွစ္ဖက္ကို ယွက္ကိုင္ကာ မ်က္ရည္ၾကားက ေတာင္းဆုျပဳမိသည္။

" ခ်စ္ရသူကို ဘုရားသခင္ ေစာင့္ေရွာက္ေတာ္မူပါ"

ဒီ အေျခအေနကို လိုခ်င္တဲ့သူ မရွိတာ အမွားမေခၚနိုင္ေပမယ့္ သည္အေျခအေနကိုပိုင္ဆိုင္ထားတဲ့ လြယ္ေအြ႕ကေတာ့ လူေတြကိုေၾကာက္တက္လာသလို ၊ ကတိသစၥာ စကားေတြကိုလည္း ယုံၾကည္မူ နည္းပါးခဲ့ၿပီ။

ေတာင္ေပၚမွာ ရာသီေပၚပန္းပင္ေလးစိုက္ၿပီး , အသီးအႏွံ စိုက္ပ်ိဳး ေနတဲ့ ဘဝကေန ဒီလို ႀကီးက်ယ္တဲ့အိမ္ေတာ္ႀကီးရဲ႕ ဘဝမွာ ေနသားမက်ေသးမွီ ႏွင္ခံရမည္ မေတြးခဲ့ဘူး ။ ေမေမ အမွာစကားကို ရင္ဝယ္ပိုက္ၿပီး ဒီအိမ္ႀကီးမွာ ေျခခ်မိသည္ကား ပထမအမွား ၊ ငယ္စဥ္က ထားခဲ့ဖူးတဲ့ ကတိသစၥာ စကားေတြကို ယုံၾကည္ၿပီး ေပ်ာ္စရာအိမ္မက္ေလး မက္ခဲ့မိသည္ကား ဒုတိယ အမွား ။ မျဖစ္နိုင္မွန္းသိသိရက္နဲ႕ ရဲရဲနီေနတဲ့ ေတာင္ဇလပ္ပန္းေျခာက္ေလးကို ကိုင္ၿပီး လြင့္ပ်ယ္ခဲ့ရသည့္ အနာဂတ္ေန႕ရက္ေတြအတြက္ ဘယ္လိုရင္ဆိုင္ရမယ္ ဆလိုင္းေလးမသိခဲ့။

"မတည္ၿမဲေစေသာ ကတိစကားေတြ ေပးခဲ့တဲ့ ကိုကို ကို႔ ကြၽန္ေတာ္မမုန္းနိုင္ပါဘူးဗ်ာ"

ရဲရဲနီတဲ့ေတာင္ဇလပ္တို႔ ပြင့္လန္းတိုင္း လြယ္ေအြ႕ဆီ ျပန္လာမည္ဆိုတဲ့ မၿမဲေသာ ကတိစကားဆိုတဲ့ ေျပ့ဘုန္းမာန္၊ ရာသီအကူးအေျပာင္း ပန္းပြင့္ရာသီေရာက္တိုင္း ၊ ေတာပန္းေလးေတြ ျမင္တိုင္း သစၥာမတည္တဲ့ သူကို လြယ္ေအြ႕ ေမွ်ာ္လင့္ရင္း ။

နာက်င္စရာ အတိတ္ေတြက တိမ္ျမဳပ္ေနၿပီ ထင္ေပမယ့္ ခုခ်ိန္ထိ အသက္ဝင္ေနမယ္ဆိုတာ လြယ္ေအြ႕ မသိခဲ့ဘူး ။

ညာဖက္ေျခေထာက္ေလး ေထာက္ဖို႔ ေဘးနားက နံရံကို အားျပဳ ေထာက္ကိုင္ရင္း နာက်င္မူေသာကေတြကို ၿမိဳသိပ္တက္တဲ့ ေတာင္ေပၚသားေလး ဗန္လြယ္ေအြ႕။

အ႐ြယ္ႏွင့္မလိုက္ ခံစားခဲ့ရတဲ့ ငယ္ဘဝပင္ပမ္းမူမ်ား။

ကဲ့ရဲ႕႐ူံ႕ခ်တက္ေသာ ပတ္ဝန္းက်င္ကို ဥေပကၡာျပဳခဲ့သမွ် ခ်စ္ရသူ စကားတစ္ခြန္းေၾကာင့္ ႐ူးသြပ္လုလု။

တစ္စဆီ ႀကိဳးျပတ္က်သြားေသာ ခ်စ္ျခင္းသံေယာဇဥ္ႏွောင္ႀကိဳးေတြ။

အရည္ေပ်ာ္ခဲ့ရေသာ အိမ္မက္စိတ္ကူးေတြ။

ခ်စ္ရသူႏူတ္ဖ်ားက ထြက္က်လာေသာ " ဒုကၡိတ...ဒုကၡိတ"

လြယ္ေအြ႕ဘဝ၊ အနာဂတ္၊ ေမွ်ာ္လင့္ခ်က္၊ ေတာင္ေပၚသားေလးရဲ႕ ခ်စ္ျခင္းေမတၱာေတြ.....ဒုကၡိတ...ဆိုတဲ့ စကားတစ္ခြန္းေအာက္ ၿပိဳက်ပ်က္စီးခဲ့ရၿပီ။

#မမ အတြက္ vote ေပးခဲ့ဖို႔ မေမ့နဲ႕ေနာ္
#Thank for all

-
( A/N- ကိုးကြယ္ရာ ဘာသာတိုင္းအားလုံးကို တန္ဖိုးထားေလးစားပါသည္။ တိုင္းရင္းသားတိုင္းကို ျမတ္နိုးတယ္ ဒါေၾကာင့္ ေတးသစၥာဖြဲ႕ ခ်စ္ျခင္းေမတၱာ ဆိုတဲ့ fiction ေလးမွာ တိုင္းရင္းသား၊ ဘာသာျခားေတြကို တက္သေလာက္ ၊ သိသေလာက္ တန္ဖိုးထားေလးစားမူကို ေဖာ္က်ဴးထားျခင္းျဖစ္ပါတယ္။ လိုအပ္ခ်က္တစ္စုံတစ္ရာ ၊ မွားယြင္းမူ တခုခု ရွိခဲ့ရင္ စာေရးသူရဲ႕ အမွားမို႔ ျဖည့္ေတြးေပးၾကေစလိုပါတယ္။ ေနာက္ၿပီး အဓိက ဇာတ္ေကာင္ ျဖစ္တဲ့ တိုင္းရင္သားေလးကို ဒုကၡိတ ေနရာ ထားတယ္လို႔ မျမင္ၾကဘဲ အားနည္းခ်ိဳ႕တဲ့ သူတိုင္းက တန္ဖိုးရွိ လူသားေတြဆိုတာကို မီးေမာင္းထိုးျပခ်င္လို႔ ဒီ Fiction ကိုဖန္တီးရျခင္းျဖစ္ပါတယ္။ အားနည္းခ်ိဳ႕တဲ့ သူကို ေတြ႕ရင္ လက္တြဲကူေပးေစရန္ ၊ တန္ဖိုးထားေလးစားတက္ေစရန္ ရည္႐ြယ္ခဲ့ၿပီး ေရးသားခဲ့ပါသည္။ ေတးသီခ်င္းေတြ ထည့္သြင္းရင္း ဇာတ္ေကာင္ကို ပုံေဖာ္ရမွာမို႔ မည္သူ႕ဆီခြင့္ျပဳခ်က္ယူလဲ စသည့္ေမးခြန္းမ်ား ကို စာေရးသူ၏ စိတ္ကူးျဖင့္ ဝါသနာအရပုံေဖာ္ထားတဲ့ ဇာတ္ေကာင္ေလးျဖစ္ေၾကာင္း တစ္ခါတည္း ေဖာ္ျပအပ္ပါတယ္။ ဤ fiction ႏွင့္ပတ္သတ္ၿပီး မည့္သည့္ဘာသာ၊ မည့္သည့္တိုင္းရင္းသားကိုမွ် ထိခိုက္ေစလိုျခင္းမရွိပါ ။ ဖတ်ရူ့အားပေးသူတစ်ယောက်ခြင်းဆီတ်ိုင်းကို ေက်းဇူးတင္ပါတယ္......)

#Maiyuri
(20.12.2022)

Continue Reading

You'll Also Like

142K 5.7K 21
(Book 3) Lukas hates being the runt of the pack. His brothers always take advantage of him when all he wants is to feel like a part of the family. H...
10.4K 654 25
Just some FourthGemini Oneshots hehe :)
18.2K 444 18
After separating herself from her friends, Amy Rose has become a matured, independent hedgehog of 17. But what madness will occur when a robot smashe...
15.3K 260 24
On a Saturday, Y/N and her two closest friends made the decision to go shopping. As they were exploring the mall, they spotted 8 males who they belie...