The Villain Dressed As a Litt...
By Mimosa2002
90.2K 15.5K 447
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46
Chapter 14
1.8K 376 18
By Mimosa2002
 ~~Zawgyi~~
"အားးး"
သူကေရသူပဲ။ လူသားမဟုတ္ဘူး!!
#5.9.2022
ယေးးးးး12နာရီမေက်္ဘာူးကြ
Unicode
သွးတွေကအေးစက်နေပြီးသားပင်။ သူ့ခြေထောက်တွေနဲ့အဲ့ဒီအပေါ် နင်းလျှောက်လိုက်သည့်အခါ ရေခဲလိုအေးစက်တဲ့အအေးဓာတ်က လင်ရှီး၏ကိုယ်ထဲဝင်ရောက်လာ၏။ သွေးတွေကယခုအချိန်ICUထဲမှာလဲနေသည့် ရေသူလေးထံမှထွက်လာခဲ့ခြင်းဖြစ်သည်။ မကြာခင်မှာပဲ လင်ရှီးကိုယ်ထဲကအကြမ်းဖက်ချင်စိတ်များထိန်းမရသိမ်းမရဖြစ်လာပြီး အဲ့ဒီလူသားကိုတံခါတည်းသတ်ချင်လာသည်။
ခြေလက်တွေချည်နှောင်ခံထားရသည့် အဲ့ဒီလူဆီလျှောက်သွားလိုက်ပြီး လင်ရှီးသူ့မျက်လုံးတွေကိုနှိမ့်လိုက်ကာ ခေါင်းကိုစောင်း၍အဲ့ဒီလူကိုခက်ထန်သည့်အကြည့်တွေနှင့်စိုက်ကြည့်လိုက်သည်။ ထိုလူကလှုပ်ရှားမှုအသံအချို့ကိုကြားလိုက်ရသလို မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်၏။
သူခဏလောက်ရုန်းကန်ဖို့ကြိုးစားလိုက်သည်။ တစ်ညလုံးရုန်းကန်ခဲ့ပေမယ့် မလွတ်မြောက်နိုင်ဘဲ ချည်နှောင်ခံထားရဆဲဆိုတာကိုနားလည်သွားပြီး မကြာခင်မှာပဲလက်လျှော့ဖို့ကို ရွေးချယ်လိုက်ရသည်။
လူတစ်ယောက်ကသူ့အရှေ့မှာရုတ်တရက်ပေါ်လာခဲ့၏။
လူငယ်ရဲ့မျက်လုံးတွေက ပထမဆုံးအဲ့ဒီပုဂြိုလရွဲ့ ဖိနပ်မပါတဲ့ခြေထောက်တွေဆီကရောက်သွားသည်။ သွယ်လျတဲ့ခြေချင်းဝတ်နှင့် ဖြူဖွေးနူးညံ့သည့်ခြေအစုံက လူတွေကိုတစ်ချက်ကြည့်ရုံမျှနှင့်ညို့ငင်ဖမ်းစားနိုင်ပြီး အထိအတွေ့ကစံထားလို့တောင်ရသည်။
အဲ့ဒီအရာကအရမ်းကိုအံ့သြစရာကောင်းကာ အပြင်ဘက်ရှိခြေချောင်းလေးတွေကလည်းချစ်စရာကောင်းပြီးနှလုံးသားကိုနွေးထွေးစေသည်။
ဒီအချိန်မှာ ထိုခြေထောက်တွေကလတ်လတ်ဆက်ဆက်သွေးတွေရှိနေသည့် ကြမ်းပြင်ပေါ်မှာဖြစ်ပြီး ခြေထောက်အစွန်းတွေကသွေးအချို့စွန်းထင်းနေသည်။ သွေးတွေကဆောင်းရာသီနှင်းလိုဖြူဖွေးနေသည့် အသားအရည်ပေါ်က လတ်ဆတ်သည့်သွေးတွေလိုပင်။
ဒီမြင်ကွင်းက လူငယ်အတွက်တော့အလွန်ဆွဲဆောင်မှုရှိနေသည်။ ထိုလူငယ်ရဲ့လက်တွေကနောက်ပြန်ကြိုးချည်ခံထားရတာကြောင့် သူလက်လှမ်းဖို့ရန်တားဆီးနေသလိုပင်။ ထို့ကြောင့်သူထိုင်ပြီးအဲ့ဒီခြေအစုံဆီကိုတွားသွားလိုက်သည်။
သူကလှပတဲ့ကိုယ်ခန္ဓာတွေကိုနှစ်သက်၏။ ဒီခြေထောက်တွေကအရမ်းကိုပြီးပြည့်စုံနေတာကြောင့် ဒီလူမှာကောင်းမွန်လှပတဲ့မျက်နှာလေးရှိရမည်။
လူငယ်ရဲ့အကြည့်တွေကလင်ရှီးခြေထောက်တွေနေ မျက်နှာလေးဆီသို့ရောက်လာ၏။ သူလင်ရှီးရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးဓာတ်လိုက်သွားသလိုခံစားလိုက်ရသည်။ ခေတ္တမျှတုန်လှုပ်သွားပြီး အသက်ရှူမှားသွားရ၏။
နတ်သားလေးပဲ...။ ဒီမျက်နှာလေးကသူလိုက်ရှာဖူးခဲ့သမျှထဲမှာ အပြည့်စုံဆုံးသောမျက်နှာလေးပဲ။ လူငယ္က ဘာကြောင့်ရေသူအများအပြားကိုဈေးကြီးပေးဝယ်ရလဲဆို သူကသတ်ဖြတ်ရတာကိုကြိုက်ရုံတဲ့အပြင် သူ့ရဲ့နတ်သားလေးကိုရှာနေသောကြောင့်ဖြစ်သည်။
ဒီအစစ်အမှန်နတ်သားလေးသာ သွေးတွေနဲ့စွန်းထင်းနေမယ်ဆိုရင် ကမ်ဘာပေါ်မှအလှပဆုံးပန်းချီကားတစ်ချပ်ဖြစ်မည်ဆိုတာ သူယုံကြည်သည်။
လူငယ်ကသူ့ရဲ့အာရုံတွေပြန်လည်ရရှိပြီးနောက် နောက်ထပ်တစ်ကြိမ်ရူးသွပ်သွားပြီး သူ့ပါးစပ်ကနေသားရဲကောင်ရဲ့အသံတွေလိုမျိုးထွက်လာ၏။
သူ့ခြေလက်တွေကခြည်နှောင်ခံထားရတာတောင်မှ သူကလင်ရှီးဆီကိုတွန်းထိုးလူးလွန့်ပြီးသွားနေတုန်းပင်။ လင်ရှီးဆီလူးလွန့်သွားနေသည့်ပုံစံက သနားစရာတီကောင်နှင့်ပင်တူနေသည်။ သူ့မျက်နှာကိုကြည့်ရတာ လင်ရှီးခြေထောက်တွေကိုထိတွေ့ချင်နေပုံပေါ်ကာ ထိုလူငယ်၏မျက်လုံးတွေကရူးသွပ်ခြင်းတို့နှင့်ပြည့်နေသည်။
လင်ရှီးသာဆက်ပြီးရပ်နေပါက လူငယ်၏နှုတ်ခမ်းက သူ့ခြေဖမိုး(ခြေခုံ)ကိုထိတော့မည်မှာအသေအချာပင်။ လူငယ်ဆီကအနမ်းခံရမှာ..မဟုတ္ဘူး!!! ဒီလိုဘောင်းဘီပေါ်ကအမှိုက်လိုအရာထံကအထိခံရမှာက လင်ရှီးရဲ့ခံယူချက်အရဆို သည်းမခံနိုင်စရာဖြစ်သည်။
လူငယ်ကသူ့ခြေထောက်ကိုလျှာဖြင့်လျှက်ဖို့ပြင်လာတဲ့အခါ လင်ရှီးတစ်ကိုယ်လုံးအေးစက်သွားသလိုခံစားလိုက်ရပြီး ရုတ်တရက်ခြေထောက်ကိုမြှောက်ကာ လူငယ်ရဲ့ကိုယ်ကိုကန်လိုက်သည်။ ကန္ခ်က္ကလူငယ္ကို နံရံကပ်ဗီရိုရှိရာအထိရောက်သွားအောင်အားအများကြီးသုံးထားပေသည်။
'ဘန်း' ဆိုသည့်အသံနှင့်အတူ လူရွယ်၏ခန္ဓာကိုယ်က ဗီရိုဆီဝင်ဆောင့်သွားပြီး ကြမ်းပြင်ပေါ်ပြန်လိမ့်ကျလာ၏။
လင်ရှီးသူ့နှုတ်ခမ်းကိုတင်းတင်းကြပ်ကြပ်စေ့လိုက်ကာ သူ့ရင်ဘတ်ကဒေါသကြောင့်အတော်လေးတင်းကြပ်နေသည်။
လင်ရှီးလွတ်ထွက်သွားတဲ့ဒေါသတွေကိုပြန်ထိန်းချုပ်လိုက်၏။ လင်ရှီးကြမ်းပြင်ပေါ်မှာလဲနေတဲ့ လူငယ်ရဲ့ဝမ်းဗိုက်ကိုသာမန်ကာလျှံကာကြည့်လိုက်ပြီး လင်ရှီးမျက်နှာကရေများစီးကျနေသဖြင့်အလွန်ညို့ငင်နိုင်စွမ်းရှိနေ၏။ (T/N - ရေသူလေးတွေကအားနည်းတယ်လေ အားသုံးလိုက်ရတော့ချွေးထွက်တာပါ)
လင်ရှီးကန်တာကိုခံလိုက်ရတဲ့လူငယ်က တကယ်တမ်းစိတ်လှုပ်ရှားနေသည်။ သူတစ်ပါးအပေါ်နှိပ်စက်တာကိုသာယာနေတဲ့အမှိုက်က တကယ်တမ်း လင်ရှီးကန်တာခံရသောအခါတွင်လည်း စိတ်လှုပ်ရှားနေပြန်သည်။
လင်ရှီးမျက်လုံးတွေကိုပင့်လိုက်ပြီး သူငယ်၏မျက်နှာကိုကြည့်လိုက်၏။ လူငယ်၏မျက်လုံးတွေကအရင်ကနာကျင်မှုတွေပျောက်ဆုံးနေပြီး စိတျကူးကွည့ျလို့ပငျမရနျိုငျသည့ျ စိတ်လှုပ်ရှားမှုတွေ၊ ဆိုးဝါးတဲ့ပျော်ရွှင်မှုတွေနှင့်ပြည့်နှက်နေသည်။
လင်ရှီး သူ့မျက်ခုံးတွေကိုကျုံ့လိုက်ပြီး ခဏအကြာ၌ပြန်ဖြေလျှော့လိုက်၏။ အဘယ်ကြောင့်ဆိုသော်သူ့အမူအရာတွေပိုပြလေ လူငယ်ကပိုစိတ်လှုပ်ရှားလေဖြစ်သည်ကို သူရှာတွေ့သွားသောကြောင့်ဖြစ်သည်။ ဒီလမ်းလွဲနေတဲ့ဆန်ကုန်မြေလေးနဲ့ပတ်သတ်ပြီး လင်ရှီးသူ့လက်တွေကိုညစ်ပတ်မခံချင်ပေ။ ဒါပေမယ့်တကယ်ဘာမှမလုပ်ပဲကျော်သွားပြန်လျှင်လည်း လင်ရှီးမဆီလျော်သလိုခံစားရဦးမည်။
သူ့သခင်(ချင်ရှောင်း)ရဲ့အစောင့်တွေက တံခါးအပြင်ဘက်မှာရပ်နေကြသည်။ ချင်ရှောင်းရဲ့အမိန့်အရ အစောင့်တွေကလင်ရှီးကိုကာကွယ်ရမှာဖြစ်သည်။ လင်ရှီးလူကိုကန်တဲ့အခါမှာလည်း အစောင့်တွေကသူ့ကိုမတားပေ။
လင်ရှီးသူတစ်ခုခုလုပ်မယ်ဆိုရင် မရပ်တန့်သင့်ကြောင်းတွေးတောနေမိ၏။ အကယ်၍သူ့ကိုခွင့်မပြုရင်တောင် သူလုပ်ဦးမည်ဖြစ်သည်။
အခန်းရဲ့ပြတင်းပေါက်ကတင်းတင်းကြပ်ကြပ်ပိတ်ထား၏။ လူငယ်ရဲ့ပါးစပ်ကအပိတ်ခံမထားရပေမယ့် ထိုလူငယ်အကူညီတောင်းတာကိုသူမတွေ့ခဲ့ရပေ။ ထိုလူကအသံမထွက်နိုင်တော့တာဟု လင်ရှီးခန့်မှန်းလိုက်သည်။
လင်ရှီးမျက်နှာမှာ အပြုံးတစ်ခုကလျှင်လျှင်မြန်မြန်ဖြတ်ပြေးသွား၏။ ဒီအခန်းထဲမှာပစ္စည်းတွေအများကြီးရှိနေပြီး အကုန်လုံးကကြမ်းပြင်ပေါ်ရှိ ရှုပ်ပွနေတဲ့အိပ်ယာခင်းပေါ်မှာဖြစ်သည်။
အကုန်လုံးကသွေးတွေနဲ့စွန်းထင်းနေကာ သွေးများကခဲနေပြီးနီညိုရောင်တောင်ပြောင်းနေပြီဖြစ်သည်။ သွေးတွေပေါ်မှာခြေဗလာဖြင့်ဖြတ်လျှောက်သွားလိုက်ပြီး လင်ရှီးကြမ်းပြင်ပေါ်ရှိလက်ကိုင်တုတ်ကို ကောက်ယူလိုက်သည်။ ထို့နောက်တုတ်ချောင်းကိုသယ်ကာ လူငယ်ဆီပြန်သွားလိုက်၏။
လူငယ်၏မျက်နှာကစိတ်လှုပ်ရှားမှုနှင့်တုန်ယင်နေပြီး ထရန်ရုန်းကန်လိုက်ကာ လင်ရှီး၏အရှေ့သို့အရင်ဆုံးဒူးထောက်လိုက်၏။ လူငယ်ကသူ့ခေါင်းကိုမော့ပြီး နတ်သားလိုမျက်နှာနဲ့ကောင်လေးက သူ့ဆီတုတ်ကိုလွှဲယမ်းလာမှာကိုစောင့်နေလိုက်သည်။
တုတ်ကလူငယ်မျှော်လင့်ထားတာနဲ့ ခြားနားစွာကျရောက်လာခဲ့သည်။ လူငယ်၏ခန္ဓာကိုအပေါ်ပိုင်းကို ဦးတည်ထားတာမဟုတ်ပဲ သူ့ဝမ်းဗိုက်အောက်ကိုဖြစ်သည်။
"အားးး"
အထိခိုက်အလွယ်ဆုံးအပိုင်းကို တုတ်နှင့်အရိုက်ခံလိုက်ရတာဖြစ်သည့်အတွက် လူငယ်ဆီကအော်သံထွက်လာ၏။ တံခါးဝကအစောင့်တွေက သူ့ဘေးကိုအလျင်အမြန်လျှောက်လာပြီး ဒုတိယအကြိမ်တုတ်ကိုလွှဲယမ်းလိုက်ချိန်၌ လင်ရှီး၏လက်ကောက်ဝတ်ကိုဖမ်းကိုင်လိုက်သည်။
လင်ရှီးခေါင်းလေးစောင်းပြီးအစောင့်ကိုကြည့်လိုက်၏။ အဲ့ဒီအကြည့်ကသိသိသာသာအေးစက်နေပေမယ့် ကြည့်ရတာထူးထူးဆန်းဆန်းဖြားယောင်းနေပုံလည်းပေါက်သည်။
လင်ရှီးရဲ့အကြည့်တွေကအပ်သေးသေးလေးတွေလိုပင်။ သူ့ကိုကြည့်နေတဲ့အစောင့်သည် သူ(အစောင့်)တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့လက်က ပူလာသည်ဟုခံစားလိုက်ရသည်။ သူမြန်မြန်ပဲသူ့လက်ကို လွှတ်လိုက်ပြီးဘေးကိုခြေလှမ်းတစ်ဝက်ခန့်ဆုတ်လိုက်သည်။
ဒီစုံစမ်းစစ်ဆေးမှုရဲ့နောက်ကွယ်မှာ သူ့အထက်လူကြီးကစောင့်ကြည့်နေတာဖြစ်သည်။ အစောင့်ရဲ့နှလုံးတွေကမြန်မြန်ဆန်ဆန်ခုန်လာပြီး သူ့မျက်လုံးတွေကိုနှိမ့်ချလိုက်ကာ ရုတ်တရက်ကြီးသူ သူ့အရှေ့ကရေသူလေးကိုမကြည့်ရဲတော့ချေ။
ချင်ရှောင်းကိုဆယ်ရက်မကခေါင်းရှုပ်စေတဲ့ရေသူလေးမှာ ထူးခြားတဲ့ညှို့ဓာတ်တွေရှိတယ်ဆိုတာကိုသူသိပါသည်။ အခုလေးတင်ကြည့်လိုက်တဲ့ အကြည့်အပါအဝင်ပေါ့။ အစောင့်ကသူ့နှလုံးခုန်သံကိုသူပြန်ကြားနေရပြီး အဲ့တာကိုသူထိန်းချုပ်လို့မနိုင်ပေ။ သူလင်ရှီးလက်ထဲကတုတ်ကိုယူလိုက်ပြီး လင်ရှီးအစားလူငယ်ကိုရိုက်လိုက်သည်။
ဒါဟာမမှန်ကန်တဲ့အလုပ်ဖြစ်သည်။ သေချာပေါက်ကိုမမှန်တာ။ စစ်သားတစ်ယောက်အနေနဲ့ကိုယ်ပိုင်အသိကိုမှီခိုရမှာမဟုတ်ပဲ အထက်လူကြီး၏အမိန့်ကိုနာခံရမှာဖြစ်သည်။
အစောင့်ကလင်ရှီးကိုတည့်တည့်မကြည့်ပေ။ သူကသူ့ခြေထောက်ကသွေးတွေကိုကြည့်နေပြီး လင်ရှီးကိုသတိပေးခဲ့၏။
"အချိန်နီးနေပြီ" ယာဉ်ပျံပေါ်ကဆင်းတုန်းက ချင်ရှောင်းကအချိန်တစ်ခုကိုသတ်မှတ်ပေးထားခဲ့ပြီး လင်ရှီးဆယ်မိနစ်ထက်ပိုမတတ်နိုင်ပေ။
သူ(ချင်ရှောင်း)ကျေနပ်နေတာသူသိသည်။ ဒီလိုမျိုးအရင်ကတစ်ခါမှမဖြစ်ဖူးဘူး။ ချင်ရှောင်းကျေနပ်နေတဲ့အချိန် တစ်ခုခုကရုတ်တရက်ဖြစ်ပေါ်နေခဲ့သည်။ ဘယ်လိုပြောရမလဲ...ဒီလိုခံစားချက်ကသိပ်မဆိုးဘူးဟုသူထင်သည်။
သူ့သူငယ်ချင်းရှဲ့ဟုန်မင်က သူ့ဘဝမှာတခြားဝါသနာမရှိဘူးဟု မကြာခဏမပြောတတ်ပေမယ့်လည်း အခုတော့သူ(ချင်ရှောင်း)ဒီဝါသနာကို အချိန်အကြာကြီးထိန်းထားနိုင်ပြီဟုသူထင်သည်။ (T/N-လင်ရှီးကိုမွေးမြူပျိုးထောင်ရတာ)
အဆောက်အဦးထဲဝင်သွားတဲ့နှစ်ယောက်က ကိုးမိနစ်မှုပြန်ထွက်လာသည်။ လင်ရှီးရဲ့ခြေထောက်တွေကဖြူဖွေးသန့်ရှင်းနေသည်။ အိပ်ခန်းထဲကထွက်တုန်းကသူ ခြေထောက်ဆေးဖို့သွားခဲ့တာကြောင့်ဖြစ်သည်။
ခြေထောက်ဆေးနေတုန်း အစောင့်ကလင်ရှီးလက်ထဲကတုတ်ကိုဖယ်လိုက်၏။ တကယ်တော့မရှင်းပစ်လည်းရပါသည်။ ဒီတိုက်ခန်းကသိပ်မကြာခင်မှာပဲ ရှင်းလင်းခံရမှာဖြစ်ပေမယ့် အစောင့်ကလိုလိုမယ်မယ်အကုန်လုံးလုပ်ပေးသွားခဲ့၏။
ယာဉ်ပျံဆီပြန်လာပြီး လင်ရှီးခုံပေါ်ထိုင်လိုက်သည်။ သူ့မျက်လုံးထဲကအလင်းတွေကမှိန်ဖျော့နေပြီး မျက်လုံးတေလးတွေလည်းခဲရောင်ခပ်မွဲမွဲဖြစ်နေသည်။
ဆေးရုံကနေတိုက်ခန်းအထိ လင်ရှီးသူကိုယ်တိုင်သွားခဲ့သည်။ ဒီခရီးကသူ့ကိုမပင်ပန်းစေပေမယ့် လင်ရှီးရုတ်တရက်အိပ်မောကျသွားခဲ့၏။ သူကိုယ်တိုင်မြင်ခဲ့ရတဲ့ ကြမ်းပြင်ပေါ်က၊ အိပ်ယာခင်းပေါ်က၊ ပြီးတော့နံရံပေါ်ကသွေးတွေအကုန်လုံးက လင်ရှီးကိုအညိုရောင်ရေသူလေး၏သွေးတွေလားဟုသိချင်မိစေသည်။
လင်ရှီးသူ့နှလုံးကို လက်နှင့်တင်းတင်းညစ်ထားတယ်လို့ခံစားနေရပြီး သူ့ပါးစပ်ကိုအနည်းငယ်ဟကာအသက်ရှူနေရသည်။ ယာဉ်ပျံပေါ်ကအောက်ဆီဂျင်ကပိုမိုပါးလာခဲ့ပြီး လင်ရှီးထိုင်ခုံအနောက်သို့မှီလိုက်ကာ သူ့ဘယ်ဘက်နှုတ်ခမ်းထောင့်ကိုကိုက်လိုက်၏။
ထို့အပြင်လင်ရှီးသူ့နှလုံးသားထဲတွင်နက်ရှိုင်းတဲ့မျှဝေခံစားမှုတွေရှိနေသည်။ အိပ်ခန်းထဲသို့ဝင်သွားပြီးနောက် အညိုရောင်ရေသူလေးကိုယ်ပေါ်က ဒဏ်ရာတွေရဲ့နာကျင်မှုတွေကို လင်ရှီးရုတ်တရက်ခံစားလိုက်ရသည်။ အညိုရောင်ရေသူလေး၏ စိတ်ပျက်အားငယ်မှု ဝမ်းနည်းမှုတွေကိုလည်းလင်ရှီးခံစားရသည်။
မျှဝေခံစားနိုင်ခြင်းရဲ့အကျိုးဆက်က လင်ရှီးအရောင်းခံရတဲ့ တခြားရေသူတွေရဲ့အကြောင်းကို စတင်တွေးလာစေမိ၏။ ဒီလိုလမ်းလွဲရောက်နေတဲ့ကောင်တွေကနည်းပေမယ့်လည်း တစ်ယောက်တည်းလို့တော့မဆိုလိုဘူးလေ။
အိမ်မွေးအဆင့်ရေသူတွေမှာအခွင့်အရေးမရှ်ပေ။ ပြီးတော့သူတို့ဘဝရဲ့ရှင်ခြင်းသေခြင်းက လူသားတွေဆီမှာအရောင်းခံလိုက်ရပြီးနောက် လူသားတွေအပေါ်ပဲမူတည်သွားလေသည်။ လူသားတွေကရေသူတွေကိုဘာမဆိုလုပ်နိုင်သည်။ အသက်ရှူခြင်းနှင့် အသက်ရှင်ခြင်းကိုတောငါလုံးဝထိန်းချုပ်နိုင်သည်။ လင်ရှီးခေါင်ထဲရှုပ်ထွေးနေချေပြီ။
အစကသူတွေးထားတာက သူကတကယ့်ရေသူမဟုန်ဘူးလို့။ သူ့ခန္ဓာကိုယ်ကသာရေသူဖြစ်နေပေမယ့် သူ့စိတ်ဝိဉာဉ်ကတော့လူသားဖြစ်သည်။ ဒါပေမယ့်ဒီကမ်ဘာမှာ ကိုယ့်ကိုယ်ကိုလူလို့တွေးထားတဲ့လင်ရှီးကလွဲရင် ကျန်တဲ့လူတွေအကုန်လုံးက သူ့ကိုရေသူတစ်ကောင်လိုဆက်ဆံကြတာဖြစ်သည်။
လင်ရှီးကောင်းကင်ကိုမော့ကြည့်နေရာမှ သူ့အကြည့်တွေကိုပြန်ဆုတ်လိုက်ပြီး ပေါ်နေတဲ့သူ့ခြေထောက်တွေကိုကြည့်လိုက်သည်။ ဒါတွေကငါးအမြှီးကနေပြောင်းလာတာဖြစ်သည်။
သူကေရသူပဲ။ လူသားမဟုတ္ဘူး!!
ဒီယာဉ်ပျံပေါ်ရှိနေချိန်၊ ကောင်းကင်ပေါ်မှာပျံဝဲနေတုန်းမှာပဲ လင်ရှီးအရေးကြီးတဲ့ကိစ္စတစ်ရပ်ကို သဘောပေါက်သွားခဲ့၏။ လင်ရှီးခေါင်းကိုဘယ်ဘက်သို့စောင်းလိုက်၏။ လူဖြစ်စေ၊ ရေသူဖြစ်စေ ကိစ္စမရှိပေ။ အဲ့တာတွေကသူ့အတွက်အတားအဆီးမဟုတ်ပါချေ။
သူ့မှာအနာဂါတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိနေပြီး အဲ့တာကိုသူဘယ်သူ့ကိုမှထုတ်ပြောပြမှာမဟုတ်ဘူး။ ထိုအချိန်မှာပဲ သူရှာဖွေနေတဲ့လွတ်လပ်မှုတွေက သူနဲ့ဝေးသွားမှာကိုစိုးရိမ်မိလာ၏။
ဒါ့အပြင်သူကချင်ရှောင်းရဲ့petဖြစ်နေဆဲဖြစ်ပြီး သူ့မှာသူ့ကိုယ်သူကာကွယ်နိုင်စွမ်းလည်းမရှိပေ။
ပြန်လာပြီးနောက်လင်ရှီးဥယျာဉ်ထဲက ငါးကန်ကြီးဆီမသွားတော့ပဲခေါင်မိုးထပ်သို့တက်လာခဲ့သဘ်။ ငါးကန်အသေးလေးကဒီမှာရှိနေဆဲဖြစ်ပြီး ဥယျာဉ်ထဲမှာငါးကန်ဆောက်နေတာကြောင့်မရွှေ့ရသေးတာဖြစိသည်။ အဘယ့်ကြောင့်ဆိုသော် လင်ရှီးငါးကန်ဆီခဏခဏလာသောကြောင့်ဖြစ်သည်။ ကျယ်ဝန်းတဲ့ပတ်ဝန်းကျင်က လူတွေကိုစိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါသက်တောင့်သက်သာဖြစ်စေပြီး၊ ကျဉ်းမြောင်းတဲ့နေရာကလူတွေကို ထိန်းချုပ်မှုကိုပေးစွမ်းသည်။ အဲ့တာ(ကျဉ်းတဲ့နေရာ)ကလင်ရှီးကို ငြိမ်းချမ်းမှုယူဆောင်လာပေး၏။ ထို့ကြောင့်လင်ရှီးစိတ်အေးအေးနဲ့နောက်ထပ်မေးခွန်းတွေကိုစဉ်းစားနိုင်မှာဖြစ်သည်။
အရေးကြီးဆုံးကတော့သူ့ရဲ့နမိတ်ဖတ်စွမ်းရည်ကို တခြားသူတွေမသိတာသေချာစေပြီး ဘယ်လိုမှန်မှန်ကန်ကန်အကျိုးရှိရှိအသုံးပြုရမလဲဆိုတာဖြစ်သည်။ လင်ရှီးရဲ့အကြံအစည်က သူ့ကိုယ်ထဲကနမိတ်ဖတ်စွမ်းရည်ကို ငြိမ်သက်ရာမှနိုးထစေဖို့ဖြစ်သည်။
အဲ့တာကအဆင့်တစ်ခုကိုရောက်ပါက အကောင်းဆုံးဖြစ်သည်။ ဆိုလိုတာကလင်ရှီးပစ္စည်းတစ်ခုကိုမြင်လိုက်တာနဲ့ တစ်ဖက်က လူဟုတ်မဟုတ်ကိစ္စမရှိပေ။ သူကတစ်ဖက်ကအရာရဲ့အနာဂါတ်တိုးတက်မှုကိုခန့်မှန်းနိုင်မှာဖြစ်သည်။
ဒါကကိုယ်တိုင်ကြိုးစားမှုရဲ့အရာဟုခေါ်သည်။ ဘာပဲဖြစဖြစ်သူကကူးပြောင်းလာတဲ့သူပဲလေ။ လင်ရှီးယုံကြည်ချက်အပြည့်နှင့်တွေးလိုက်၏။ ကံကြမ္မာကသူ့ကိုအသက်ရှင်ဖို့ ဒုတိယအခွင့်အရေးပေးခဲ့ပြီး ကြိုးကိုင်မှုတွေရဲ့အဝေးမှာနေစေခဲ့သည်။ ဒီဘဝမှာတော့ဘယ်လိုပဲဖြစ်ဖြစ်န ည်းနည်းလောက်တော့ဦးစားပေးဆက်ဆံမှုအချို့ကိုလက်ခံရသင့်သည်။ ဒီလိုတွေးပြီးနောက်မေးခွန်းက နမိတ်ဖတ်စွမ်းရည်ကိုဘယ်လိုထိန်းချုပ်ရမလဲဖြစ်သည်။ ။
#5.9.2022
ယေးးးးး12နာရီမကျော်ဘူးကွ
T/N
ကိုယ်အပိုင်း 13မှာချင်ရှောင်းနဲ့လင်ရှီးကိုမှားရေးခဲ့ပါတယ် ပြီးတော့ချင်ရှောင်းကယာဉ်ပျံပေါ်မှာနေခဲ့တာပါနော် သူကလင်ရှီးနဲ့အတူလိုက်သွားရင် သူ့ရာထူးအဆင့်အတန်းကိုဖော်မိသွားမှာစိုးလို့ပါ။
ပြန်ပြင်ပြီးသွားပါပြီနော်တောင်းပန်ပါတယ်တာ့ကျား🙇🙇
Continue Reading
You'll Also Like
409K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
238K 38.9K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
228K 34.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
2.5M 179K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...