The Everlasting One (volume 2...

By _pannthoon_

767K 75.5K 17.5K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter: 119
Chapter : 120
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Volume 3 Preview
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 146
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155 (ပ)
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Chapter : 121

9K 1K 261
By _pannthoon_

Unicode

ပျောက်သောသူ ကြာလျှင်တွေ့

____________________

အရုဏသည် သူ့ရှေ့တည့်တည့်ရှိ စာချုပ်ကို စူးရဲစွာစိုက်ကြည့်နေ​၏။

သူ​၏မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ စိုးစဉ်းမပြသဘဲ အမူအရာမဲ့၍ခက်ထန်နေလေရာ အရုဏ​၏ အတွေးများကို အမတ်ကြီး, ခန့်မှန်းမရနိုင်ဘဲရှိနေလေသည်။ ထို့ကြောင့် မှော်နက်ပညာရှင်အမတ်ကြီးသည် အရုဏကို ထပ်မံ၍ သိမ်းသွင်းရအောင် သူ​၏နားသို့ ပိုမိုတိုးကပ်လိုက်သည်။ အမတ်ကြီး ထပ်ပြီးသိမ်းသွင်းစကားဆိုခါနီးမှာပင် မထင်မှတ်ထားသော အရုဏ​၏ဓားချက်က သူ​၏ဝမ်းဗိုက်တည့်တည့်ဆီသို့ လျှပ်တပြက်ဝင်ရောက်လာသည်။

အမတ်ကြီးသည် သတိကောင်းလွန်းသဖြင့် အလျင်အမြန်ရှောင်ရှားနိုင်လိုက်​၏။ အနာတရဟူ၍ မရရှိသွားသည့်တိုင် အရုဏ​၏ရွေးချယ်မှုကို သိရှိလိုက်ရသလို သူ့စိတ်ထဲတွင်လည်း ဒေါသထောင်းခနဲထွက်သွားသည်။

" မင်း!"

သူ အရုဏကို ကြမ်းရှစွာကြည့်လျက် မာကြောစွာဆိုသည်။

အရုဏဟာမူ သူ့ကိုထပ်ပြီးတိုက်ခိုက်ရန်အသင့်ဖြစ်နေသကဲ့သို့ ဓားကို အဆင်သင့်မြဲမြံစွာဆုပ်ကိုင်ထားကာ ပြတ်သားစွာ ဆိုလာသည်။

" ကျွန်ုပ် ခင်ဗျားကို မယုံဘူး"

အမတ်ကြီး ဒေါသတကြီးစိုက်ကြည့်သည်။ ထို့နောက်တွင် သူ​၏မာထန်နေသော မျက်နှာကြောတို့ ဖြည်းဖြည်းချင်းပြေလျော့သွားပြီး သူခပ်ဟဟရယ်သည်။

" မယုံတာတော့ မတတ်နိုင်ဘူး။ မင်းက မင်းကြင်ယာတော် သေတာထိုင်ကြည့်နိုင်မယ်ဆိုရင်လည်း မင်းသဘောပဲ"

" သူ့ကို သေအောင်လုပ်မှာ ခင်ဗျားလည်းဖြစ်နိုင်တယ်"

အမတ်ကြီး မျက်ခုံးပင့်ပြကာ သူ​၏စားပွဲရှိရာဆီသို့ အေးရာအေးကြောင်း လမ်းလျှောက်သွားသည်။ သူ​၏ တည်ငြိမ်နေသော အမူအရာအရ သူ့တွင် အရုဏကို အလွယ်တကူအနိုင်ရရှိနိုင်သည်ဟု ယုံကြည်မှုရရှိထားပုံပေါ်သည်။

" ကျွန်ုပ်မှာ သက်တမ်းငါးရာရှိတော့ရော ဘာအရေးလဲ။ သာမန်လူတစ်ဦးက သူ့အသက်ကိုဆွဲဆန့်နိုင်မယ့် နည်းလမ်းတွေအများကြီးရှိနေတာ။ ကျွန်ုပ်ကြင်ယာတော် အသက်ရှည်အောင် ကျွန်ုပ်လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားကတော့ နဂါးမျက်ရှင်လိုချင်.တာမလား။ ဘယ်လိုဖြစ်ဖြစ် ယုဂန်ကို ခင်ဗျားရအောင် ဖမ်းမှာပဲ"

အရုဏ​၏လေသံသည် တင်းမာကာ ပြတ်သားမှုနှင့်အရှိအဝါများပြည့်နှက်နေသည်။

အမတ်ကြီးသည် ထိုစကားများအပေါ် ထောက်ခံသကဲ့သို့ ခေါင်းတညိတ်ညိတ်ပြုသည်။ တစ်ချိန်တည်းတွင်ပင် စားပွဲအစွန်းကို အသာမှီ၍ထိုင်လိုက်ကာ စားပွဲပေါ်ရှိ ဖန်လုံးတစ်လုံးကို လက်ထဲဆုပ်ကိုင်လိုက်သည်။

" မင်းမှန်ပါတယ်။ လွဲတာတစ်ခုတော့ရှိတယ်။ ငါက ယုဂန်နိုင်ကို ဖမ်းမှာမဟုတ်ဘူး။ ဖမ်းပြီးနေပြီ"

ထိုစကားဆုံးဆုံးချင်းမှာပင် ဖန်လုံးထံမှ အငွေ့များလှိုက်တက်လာပြီး ထိုအငွေ့များက အချင်းချင်းပေါင်းဆုံသွားလေရာ လေပေါ်တွင် ပိတ်ကားချပ်မျက်နှာပြင်သဖွယ် ဖြစ်တည်သွားလေသည်။ ထို့နောက် ယင်းမျက်နှာပြင်ပေါ်တွင် ပုံရိပ်တစ်ခုပေါ်လာသည်။

ထိုပုံရိပ်ထဲတွင်မူ ယုဂန်သည် အလင်းရောင်ခပ်ဖျဖျသာရှိသော အခန်းတစ်ခုတွင်းပိတ်လှောင်ခြင်းခံထားရ​၏။

ယုဂန်​၏ရှေ့မှောက်တွင် ပုံပျက်ပန်းပျက်အလောင်းများ ပြည့်နှက်နေကာ ယုဂန်သည် ထိုအလောင်းများဆီသွားကြည့်၍လည်းကောင်း၊ ဆန့်ကျင်ဘက်ရှိ လှေကားပေါ်တက်ကြည့်လည်းကောင်း ယောက်ယက်ခပ်နေသည်။ ထို့နောက် ယုဂန်သည် လှေကားပေါ်မှ ပြန်ဆင်းလာပြီး နံရံကို စိတ်ညစ်ညူးဟန်ဖြင့် ထုရိုက်နေသည်။

အဆိုပါပုံရိပ်ကြောင့် အရုဏ ထိတ်လန့်သွား​၏။ သူ ဓားရိုးကိုပို၍ တင်းကျပ်စွာဆုပ်ကိုင်လိုက်ကာ ခုချက်ချင်းပင် အမတ်ကြီးကိုသတ်ဖြတ်ချင်နေသည့် အရိပ်အယောင်များ သူ​၏အစိမ်းရောင်မျက်ဝန်းထဲ ကိန်းထင်လာသည်။

အမတ်ကြီးသည် အရုဏလက်ထဲရှိဓားနှင့် သူ့ကိုသတ်ချင်လွန်း၍ ဒေါသတကြီးရုန်းကြွနေသော လက်ဖျံပေါ်ရှိ အကြောစိမ်းများကို တစ်ချက်လှမ်းကြည့်ကာ ခနဲ့တဲ့တဲ့ပြုံးသည်။

" ငါက အလောင်းတွေကို ဖုတ်သွင်းနိုင်တဲ့အထိ အဆင့်မြင့်တဲ့ပညာရှင်။ ယုဂန်နိုင် အနားမှာရှိတဲ့ အလောင်းတွေအကုန်လုံး အသက်သာဝင်လာရင် သူ တစ်စစီအဆွဲဖြဲခံပြီး အသေဆိုးနဲ့သေရမှာ သိတယ်နော်"

အရုဏ တုန်လှုပ်သွားသည်ကို သူမြင်လိုက်ရသည်။

" ခင်ဗျား သူ့ကိုမသတ်ရဲပါဘူး။ နဂါးမျက်ရှင်ရဖို့ ခင်ဗျားသူ့ကိုလိုအပ်သေးတယ်"

အမတ်ကြီး ပခုံးတွန့်ပြကာ

" သေအောင်မလုပ်ရင်ပြီးတာပဲမလား။ ယုဂန်နိုင်ရဲ့ လက်တွေခြေတွေ ပြုတ်ထွက်သွားရင်ကော ဘယ်လိုလဲ။ မင်းအတွက် အဆင်ပြေလား"

ဟု ဂရုမစိုက်ဟန်လေသံဖြင့်ဆိုသည်။

အရုဏ​၏မျက်ဝန်းများ ပိုမို၍ ကြမ်းရှခက်ထန်သွားသည်။

" ခင်ဗျား သူ့ကိုထိရဲထိကြည့်"

အရုဏ ဩရှတင်းမာစွာအော်သည်။

အမတ်ကြီးက အငွေ့များလှိုက်တက်ကာ ပုံရိပ်ဖော်နေသောဖန်လုံးကို လက်ဖြင့်ဖျစ်ညှစ်ပြီးဖျက်ဆီးလိုက်ရာ ဖန်လုံးများ တစ်စစီကြေကွဲသွားပြီး ယုဂန်နိုင်​၏ပုံရိပ်လည်း ကွယ်ပျောက်သွားသည်။

" မင်းသာ ငါ့ကိုထိရဲထိကြည့်..."

အမယ်ကြီး အေးစက်စွာဆိုသည်။  တစ်ချိန်တည်းတွင်ပင် သူ​၏လက်ချောင်းများကြားထဲ မီးတောက်သဖွယ်လူးလွန့်နေသော အနက်ရောင်အငွေ့များလှိုင်တက်လာသည်။

" ယုဂန်နိုင် သူဘာဖြစ်သွားမယ်ထင်လဲ"

အမတ်ကြီး သတိမပြုမိလိုက်သောအချက်မှာ အရုဏ​၏အစိမ်းရောင်မျက်ဆန်များသည် သွေးရောင်ကဲ့သို့ အလုံးစုံနီရဲသွားခြင်းသာ။

အရုဏ​၏အထက်သွားဖုံးမှ သွားစွယ်များက ချွန်ထက်လာကာ အစွယ်များနှယ် ရုတ်ချည်းရှည်ထွက်လာခဲ့သည်။

*************************************

ယုဂန်သည် အပုပ်နံ့တထောင်းထောင်းထွက်နေသော အလောင်းများနှင့် အလုံပိတ်မြေအောက်ခန်းအတွင်း အချိန်တစ်ခုကြာနေပြီးသည့်နောက်တွင် ပိုပို၍အသက်ရှူရခက်ခဲလာခဲ့သည်။

သူသည် ကြောက်စိတ်မွှန်၍ အထိတ်တလန့်ဖြစ်ကာ နံရံများကိုပါ ထုရိုက်မိသော်လည်း ထို့နောက်တွင်မူ စိတ်အေးအေးထားကာ လွတ်မြောက်မည့်နည်းလမ်းကို ရှာဖွေသင့်ကြောင်း မိမိကိုယ်ကို သတိပြန်ချပ်မိပြန်သည်။ ယခုအခြေအနေတွင် မိမိကိုကယ်တင်မည့်သူမှာ မိမိသာရှိသည်မို့ ပျာယာခတ်ကာ လန့်ဖျပ်နေမည့်အစား အောက်ဆီဂျင်ကို ချွေတာသုံးပြီး စိတ်ကိုတည်ငြိမ်အောင် အရင်ထားရမည်ဟု သူတွေးတောလိုက်သည်။

ထို့ကြောင့် ယုဂန်သည် အလောင်းပုံကြီး​၏အရှေ့တည့်တည့်ရှိ အတန်ငယ်လွတ်နေသော မြေကွက်လပ်တွင် တင်ပလ္လင်ခွေထိုင်လိုက်သည်။ ထို့နောက် အပုပ်နံ့ကိုသည်းခံပြီး ဝင်လေထွက်လေခေတ္တမှတ်လိုက်ရာ အတော်အသင့်စိတ်တည်ငြိမ်ပြီဆိုမှ လုပ်စရာရှိသည်ကို ဆက်လက်လုပ်ဆောင်သည်။

သူ ပထမဆုံးလုပ်ဆောင်လိုက်ခြင်းမှာ မှောင်မှောင်မဲမဲလေထုတွင်းမှ ပုံပျက်ပန်းပျက် အလောင်းပုံကြီးကို ကြည့်ကာ

" ဒီထဲမှာ ဝိဉာဉ်တစ်ကောင်ကောင်ရှိသလား"

ဟု အော်မေးလိုက်ခြင်းပင်။

ထိုအတောအတွင်း သူ​၏နှလုံးမှာ စိတ်လှုပ်ရှားမှုကြောင့် သာမန်ထက်ပို၍ခုန်ပေါက်နေလေသည်။

သူသည် သရဲတစ်ကောင်ကောင်ကို အခုလိုနည်းလမ်းဖြင့်ခေါ်ရလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပါ။ သို့သော်လည်း ယခုအချိန်တွင် သူအကူအညီတောင်းစရာဟူ၍ သရဲသာရှိသည်။

ဒီလောက် အလောင်းတွေအများကြီးကြားထဲ သရဲတစ်ကောင်ကောင်တော့ရှိဖို့ သင့်ပါသည်။

" ဝိဉာဉ်ရှိရင် ငါ့ကိုကိုယ်ထင်ပြပါ။ မကြောက်ပါနဲ့။ ငါ အန္တရာယ်ပြုဖို့မဟုတ်ပါဘူး။ ငါအကူအညီလိုလို့ပါ။ ငါ့ကိုကူညီပေးပါ"

ယုဂန် ဒုတိယအကြိမ်ထပ်မံအော်ပြောသည်။

အမှောင်ထုအောက်မှ အလောင်းပုံကြီးဟာတော့ တိတ်ဆိတ်နေမြဲဖြစ်​၏။

မီးရောင်ဖျဖျ​။
အမှောင်ထု။
ဆိုးဝါးသောသေဆုံးခြင်းနှင့် တွေ့ကြုံခဲ့ရမှန်းသိသာသော အလောင်းပုံ။

အလုံပိတ်အခန်း။
အောက်ဆီဂျင်နည်းနည်း။
သေဖို့လက်တစ်ကမ်းအလို။

ထိုသို့သောအချိန်အခါတွင် သရဲကို အော်ခေါ်နေရခြင်းမှာ ချောက်ချားစရာကောင်းသောအခြေအနေတစ်ရပ်ဖြစ်သည်။ 

သို့သော်လည်း ယုဂန်တွင် ရွေးချယ်စရာနည်းလမ်းမရှိလေရာ အမှောင်ထုရစ်လွှမ်းသောအလောင်းပုံကြီးဆီ ကြည့်၍သာ

" ငါ ဒီထဲမှာ ကြာကြာနေရင် အသက်ရှူကျပ်ပြီးသေလိမ့်မယ်။ ငါ့ကို တစ်ယောက်ယောက်က ထွက်ပေါက်ဆီလမ်းပြပေးရင် ငါကျေးဇူးတင်မိမှာပဲ။ ငါ သေချာပေါက်ကျေးဇူးပြန်ဆပ်မှာပါ"

ဟု အက်ကွဲချင်နေသောအသံနှင့် ထပ်မံရေရွတ်ရပြန်သည်။

ထိုအချိန်ထိ မည်သည့်သရဲမှမပေါ်လာသောကြောင့် ယုဂန်​၏မျှော်လင့်ချက်သေးသေးလေးပင် ပျက်ပြားပြီး စိတ်ဓာတ်ကျချင်လာသည်။

သို့ရာတွင် ယုဂန်​၏ကံကောင်းခြင်းဟု ဆိုရမည်လားမသိ။
သိပ်မကြာခင်တွင် အမှောင်ထုအတွင်း၊ အလောင်းပုံကြီးအထက်မှ နီနီရဲရဲမျက်လုံးနှစ်စုံ ပေါ်ထွက်လာသည်။

ယုဂန်သည် ကြောက်စိတ်တစ်ဝက်ဖြစ်သော်လည်း အကူအညီရပြီဟူသောအသိနှင့် ပျော်ရွှင်ခြင်းအတိဖြစ်ကာ ယင်းမျက်လုံးနှစ်စုံကို လိုက်ကြည့်မိသည်။

ထိုမျက်လုံးနှစ်စုံသည် အမှောင်ထုထဲမှ ဖြည်းဖြည်းချင်းထွက်ပေါ်လာကာ မီးရောင်ဖျဖျအောက်သို့ ရောက်ရှိလာသည်။ ထိုတွင် ထွက်ပေါ်လာသော သရဲနှစ်ကောင်​​၏သွင်ပြင်ကို ယုဂန် သဲသဲကွဲကွဲမြင်လိုက်ရသည်။

သရဲနှစ်ကောင်သည် ကလေးသရဲများဖြစ်၍
ဦးခေါင်းတစ်ခြမ်းပဲ့နေသော ကလေးမလေးတစ်ယောက်နှင့် ဗိုက်ပေါက်ကာ အူများထွက်ကျနေသော အသက်၁၂ နှစ်အရွယ်ကောင်လေးတစ်ဦးတို့ ဖြစ်သည်။ 

ယုဂန်သည် စစ်ပွဲအလီလီကိုကြုံတွေ့ဖူးဖြစ်သဖြင့် ဤကဲ့သို့အနိဋ္ဌာရုံမြင်ကွင်းကို အတွေ့အကြုံရနေပြီဖြစ်ရာ သရဲနှစ်ဦး​၏ အော့အန်ရွံရှာဖွယ် ကိုယ်ခန္ဓာသွင်ပြင်ကို ကြောက်လန့်ခြင်းမရှိ ကြည့်ရှုနိုင်သည်။ ထိုသို့ မကြောက်လန့်သဖြင့်လည်း သူဟာ အသက်ရှင်နိုင်ပြီဟူသော ပျော်ရွှင်မှုအပြည့်ကို ရင်ထဲမှလှိုက်၍ခံစားနေရသည်။

" ထွက်လာပေးလို့ ကျေးဇူးတင်ပါတယ်"

သူ စိတ်သက်သာရာရစွာဆိုသည်။

သရဲနှစ်ဦးထဲမှ အစ်ကိုကြီးဖြစ်သောကောင်လေးက သူ့ကို စူးစိုက်ကြည့်ကာပြောလာသည်။

" ထွက်ပေါက်ဆီ လမ်းပြပေးမယ်။ ဒါပေမဲ့ တစ်ခုနှစ်ခုလောက်တော့ပြန်လုပ်ပေးပါ"

အသံကြားတော့လည်း အသက်ရှိနေသည့်လူလိုပါပင်။ ယုဂန်သည် အဘယ်ကြောင့် သူ သရဲကိုခေါ်နေတုန်း ကြောက်စိတ်တစ်ဝက်နှင့်စိတ်လှုပ်ရှားခဲ့ပါသနည်း ဟုတွေးတောမိသည်။

အခုလို မျက်နှာချင်းဆိုင်တွေ့တော့လည်း ကြောက်စရာမကောင်းလှပေ။ ကလေးတွေမို့လို့ပဲလားတော့ မသိပါချေ။

" ငါ အကုန်လုပ်ပေးပါ့မယ်။ ပြောပါ"

ယုဂန် ဒီကလေးတွေဆီမှ မည်သည့်အကျိုးအမြတ်မရခဲ့လျှင်တောင် ကူညီပေးချင်စိတ် ဖြစ်ပေါ်မိသည်။

ဒီကလေးတွေ ဆိုးဝါးသောသေဆုံးခြင်းနှင့်တွေ့ကြုံခဲ့ဖို့အတွက် ငယ်သေးလွန်းလှသည်။ သူတို့ကို ယုဂန်သနားမိသည်။

" ကျွန်ုပ်တို့ မိဘတွေကို ကျွန်ုပ်တို့ဒီမှာရှိနေကြောင်း အသိပေးပေးပါ"

ကောင်လေးက ဆိုသည်။ သူ​၏မျက်နှာသည် အသားစများပွထ၍ စုတ်ပြတ်သပ်နေသောကြောင့် အမူအရာကို သေချာမတွေ့ရသည့်တိုင် နီရဲနေသောမျက်ဝန်းများက ဝမ်းနည်းခြင်းအသွင်ကို အပြည့်ဆောင်နေသည်။  

သူ့စကားဆုံးသည်နှင့် တစ်ဆက်တည်းပင် ကောင်လေးအနောက်၌ အနည်းငယ်ပုန်းကွယ်နေသော ကလေးမလေးက တိုးညှင်းသေးငယ်သောအသံဖြင့်

" နောက်ပြီး ဒီမှာမနေချင်တော့ဘူး။ ထွက်သွားလို့ရအောင် ကူညီပေးပါ"

ဟု တောင်းဆိုသည်။ သူမ​၏အသံတွင် ရှိုက်သံသေးသေးလေးတောင် ကပ်ငြိနေသေးသည်။

ယုဂန်သည် အနှီကလေးတို့ တွေ့ကြုံခဲ့ရမည့်အရာများကို ပုံဖော်တွေးတောမိလေရာ ကလေးတွေအစား မခံမရပ်နိုင်အောင် နာကျင်ဝမ်းနည်းမိသည်။ ထို့ကြောင့် သူ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး

" စိတ်ချပါ။ ငါအကုန်လုပ်ပေးမယ်။ မင်းတို့ မတရားသေရတဲ့ကိစ္စကိုပါ ဖော်ထုတ်ပေးမယ်"

ဟု ဩရှပြတ်တောက်စွာဆိုသည်။

ထိုသို့ အပြန်အလှန်ကတိပေးပြီးသည့်နောက်တွင် သရဲလေးနှစ်ယောက်က ယုဂန်ကို အနောက်မှလိုက်ခဲ့ပါရန် ဆိုသည်။

ယုဂန်သည် မီးတုတ်ဆွဲကိုင်၍ သူတို့နောက်မှ လိုက်သွားရလေရာ မလွှဲသာမရှောင်သာဘဲ အလောင်းပုံကြ်ီးကို တက်နင်းကျော်လွှားရတော့သည်။

ထိုသို့ အလောင်းများအပေါ် တက်နင်း၍ လမ်းလျှောက်ရမှ လူသေအလောင်းများ မည်မျှများပြားလှသည်ကို သူသေချာသိရှိတော့သည်။ လူသေအလောင်းများသည် လမ်းတစ်လျှောက် ခင်းကျင်းနေ,ရာ အနည်းဆုံးလူသောင်းချီလောက်တော့ရှိလောက်မည်။

အဆိုပါ လူသေကောင်များထားရာ မြေအောက်ခန်းသည် ကျောင်းကြီးနှင့်ဆက်စပ်ထားခြင်းဖြစ်ပြီး ထိုအခန်းအတိုင်း စင်္ကြန်တစ်လျှောက် ဆက်လျှောက်သွားပါလျှင် ကျောင်းကြီးဆီ ပေါက်ရောက်ကြောင်း သရဲလေးနှစ်ကောင်က ရှင်းပြသည်။ သူတို့က ဆက်လက်ပြီး ယုဂန်​၏တစ်ခုတည်းသောထွက်လမ်းမှာလည်း ကျောင်းကြီးဆီသာဖြစ်ကြောင်း ပြောပြသည်။

​ယုဂန်သည် သွားသည့်လမ်းတစ်လျှောက် အမှောင်ထုထဲတွင် တချို့သောသရဲများကိုပါတွေ့ရ​၏။ ထိုသို့ လမ်းဘေးဘီတစ်လျှောက် ငုပ်တုပ်ထိုင်နေသောသရဲကြီးတစ်ကောင်ကို သူ စိတ်ဝင်တစားကြည့်နေမိရာ မထင်မှတ်ပါဘဲ သူတက်နင်းထားမိသော အလောင်းက သူ့ခြေချင်းဝတ်ကို ဖျတ်ခနဲဆုပ်ကိုင်လိုက်လေသည်။

ယုဂန်သည် ထိတ်လန့်မှုကြောင့် ကျယ်လောင်စွာ အော်မိလုနီးနီး။

သို့သော်လည်း ထိုသရဲမှာ ယုဂန်ကို အသာတကြည်ပြန်လွှတ်ပေးလိုက်ပြီး အကူအညီတောင်းရုံမှအပ အန္တရာယ်ပေးလိုခြင်း မရှိပုံပေ။

ယုဂန်ဟာတော့ ရင်ဘတ်ကလေးကိုဖိလျက် သရဲအိမ်ထဲရောက်နေသလို ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေလေသည်။

သို့သော်လည်း ပိုဆိုးသည်မှာ အခုက သရဲအိမ်မဟုတ်၊ တကယ့်သရဲအစစ်နှင့် တကယ့်လူသေအလောင်းများဖြစ်သောကြောင့် သာမန်သရဲကြောက်တတ်သူသာဆိုလျှင် အောက်စီဂျင်ပြတ်မသေခင် နှလုံးဖောက်၍ သေနေလောက်ပြီဖြစ်သည်။

ယုဂန်သည် ထိုအတိုင်း သရဲလေးနှစ်ကောင်နောက်ကို ဆက်လိုက်လာသော်လည်း သိချင်စိတ်ကိုထိန်းမရတော့ပါချေ။ ထို့ကြောင့် ဤတွင် လူသောင်းချီသေပါလျက် အဘယ်ကြောင့် သရဲအနည်းငယ်သာ တွေ့ရသနည်း၊ အဘယ်ကြောင့် သရဲများဟာ ဤနေရာမှ မထွက်သွားနိုင်ပါသနည်း စသဖြင့် အမေးရှိလိုက်သည်။

ထိုအခါ သရဲကောင်လေးက ရှင်းပြသည်။

မှော်နက်ပညာရှင်အမတ်ကြီးသည် လူသတ်ပြီးသည်နှင့် ဝိဉာဉ်များကို ကျွတ်တန်းမဝင်စေဘဲ၊ နောင်ဘဝမကူးစေဘဲ ဝိဉာဉ်ဘဝ၌ပိတ်မိနေအောင် အစီအရင်ပြုလုပ်ထားကြောင်း၊ ဝိဉာဉ်ဘဝ၌ပိတ်မိနေသူများကို ဝိဉာဉ်ချုပ်ပစ္စည်းနှင့် သိမ်းဆည်းထားကြောင်း၊ သူတို့ဟာ ကျောင်းကြီးတွင်း ပတ်ပုန်းနေသောကြောင့်သာ အမတ်ကြီး​၏ဖမ်းချုပ်ခြင်းကို မခံထားရကြောင်း၊ အမတ်ကြီး​၏အစီရင်ကြောင့် ကျောင်းကြီးထဲမှတစ်ပါး တခြားနေရာသို့သွား၍မရကြောင်း စသဖြင့် အစုံအလင်ပြောပြရာ ယုဂန်သည် အမတ်ကြီး​၏ဆိုးယုတ်အကြံအစည်အကြောင်း ပိုမို၍သိရှိချင်လာသည်။

တစ်ဆက်တည်းပင် အမတ်ကြီးဟာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ ထိုလူတို့​၏ဝိဉာဉ်များကိုလည်း ဖမ်းချုပ်ထား​၏။ ဒီလူကြီး သေလျှင် ငရဲအဆက်ဆက်တော့ ခံရတော့မည်ဖြစ်ကောင်း ယုဂန်တွေးမိသည်။ သို့သော်လည်း ငရဲဟာ သေပြီးမှလာမည်။ ဒီလူကြီးမသေခင် အရှင်လတ်လတ်ငရဲပေးဦးမည်ဟု ယုဂန်တေးထားလိုက်သည်။

ဤသို့နှင့် ယုဂန်သည် စင်္ကြန်လမ်းအဆုံးသို့ရောက်ရှိခဲ့​၏။ ထ်ိုအဆုံးတွင် တံခါးတစ်ပေါက်ရှိနေကာ သရဲလေးနှစ်ကောင်ကပင် တံခါးတွင်းဖောက်ဝင်ပြီး အပြင်ဘက်ကနေ ဖွင့်ပေးလာသည်။

ယုဂန်တံခါးအပြင်သို့ထွက်လိုက်သောအခါ ကျောင်းကြီးထဲသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။ ယုဂန် သရဲလေးနှစ်ကောင်ကို ကျေးဇူးတင်စကားဆိုကာ မီးတုတ်ကို ထိုနေရာတွင်ပစ်ချခဲ့ပြီး ကျောင်းကြီးထဲသို့ ပုန်းလျှိုးကွယ်လျှိုးနှင့် ဂရုတစိုက်ထွက်ခွာသွားတော့သည်။

ယုဂန်သည် မောင်တို့ လုပ်ကြံရန် ဗျူဟာချမှတ်စဉ်က အနားတွင်ရှိနေသည်ဖြစ်သောကြောင့် ကျောင်းကြီး​၏ မြေပုံကို ကောင်းမွန်သော ဦးနှောက်တွင်း ကြည်လင်စွာမှတ်မိနေခဲ့သည်။

သူ့ဟာသူဆိုလျှင်တော့ မောင့်ကိုအကူအညီမဖြစ်စေမည့်အတူတူ ကျောင်းထဲက ထွက်သွားလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ယခုတွင်တော့ အမတ်ကြီးက သူတို့ရောက်ရှိနေကြောင်းသိနေသဖြင့် မောင့်အပေါ်စိုးရိမ်နေမိသည်။ မောင့်တွင် အန္တရာယ်တစ်စုံတစ်ရာရှိနေမလားဟူ၍ ပူပန်နေမိ​၏။

ထို့ကြောင့် မောင့်ကိုလိုက်ရှာရန် အမတ်ကြီး​၏အခန်းရှိရာ အပေါ်ဆုံးထပ်ဆီသွားမည်ဟု စိတ်ပိုင်းဖြတ်လိုက်ပြီး ကျောင်းကြီး​၏အစောင့်များ၊ ကလေးတို့ကိုစောင့်ရှောက်သူများ​၏အမည်တပ်ထားသော အမတ်ကြီး​၏တပည့်များ မမြင်အောင် တတ်နိုင်သမျှဂရုစိုက်၍ လှေကားဆီ သွားသည်။

ယုဂန် လှေကားမှတစ်ဆင့် အပေါ်သို့တက်သည်။ အစောင့်တစ်ယောက်နှင့်တိုးသောကြောင့် သူကပင် လက်ဦးအောင် အစောင့်ကို ဘေးရှိ သံပန်းအိုးနှင့် ကောက်ရိုက်ပစ်လိုက်ပြီး အစောင့် လှေကားပေါ်မှ ဒလိမ့်ခေါက်​ကွေး ပြုတ်ကျသွားသည်နှင့် ယုဂန်လည်း ထိုနေရာမှ အမြန်ထွက်ပြေးခဲ့တော့သည်။

ယုဂန်​၏ယခုတည်နေရာမှာ တခြားသောလှေကားတစ်တစ်ခုစီ ဖြစ်သည်။

သို့သော်လည်း အမတ်ကြီး​၏တပည့်နှစ်ဦးခန့်နှင့် တည့်တည့်တိုးပြန်ရာ ယုဂန်သည် အခန်းတစ်ခန်းထဲသို့ လျင်မြန်စွာဝင်ရောက်ပုန်းခိုလိုက်ရသည်။

ကံဆိုးမည်ဟု ဆိုရမလားမသိ။ ထိုအခန်းထဲတွင်လည်း အစောင့်ယောက်ျားတစ်ဦးရှိနေပြီး ထိုလူက ကလေးငယ်တစ်ဦးကို ဒေါသတကြီးရိုက်နှက်နေခဲ့သည်။

ထိုအခန်းထဲသည် အတော်အတန်ကျယ်ဝန်းပြီး အရိုက်ခံနေရသော ကလေးငယ်အပါအဝင် ဆယ်နှစ်ပတ်လည်ကလေးငယ်များ ဆယ်ယောက်ခန့်ရှိသည်။ ယင်းသည် ကလေးများ​၏အိပ်ခန်းဆောင်ဖြစ်ဟန်တူ​၏။ ဟောင်းဆွေးပြီး ယိုင်နဲ့နဲ့ဖြစ်သော ကုတင်များလည်းရှိလေရာ အခန်းမှာအတော်အတန်ကျယ်ဝန်းသော်လည်း လူဆယ်ယောက်ပြွတ်သိပ်နေဖို့အတွက်မူ ကျဉ်းမြောင်းလွန်းလှသည်။

ကံကောင်းစွာနှင့် အစောင့်ဖြစ်သူမှာ ကလေးကိုသာ မဲနေလေရာ ယုဂန်ရောက်ရှိလာသည်ကို သတိမပြုမိပေ။ ထို့အတူ ကျန်ရှိသောကလေးများဟာလည်း ကြောက်လန့်စွာဖြင့် ချောင်ထဲတွင် အချင်းချင်းပူးကပ်ကာ ခန္ဓာကိုယ်လေးများ တုန်ရီနေကြသောကြောင့် ယုဂန်ကို မမြင်တွေ့ကြပေ​။

ယုဂန်သည် မိမိအား မည်သူမျှမမြင်ကြသေးသည်ကို အခွင့်ကောင်းယူကာ ကုတင်တစ်လုံးနောက်၌ ဝင်ပုန်းလိုက်သည်။ ထို့နောက် အစောင့်နှင့် အရိုက်ခံနေရသော ကလေးဆီလှမ်းကြည့်လိုက်ရာ ကလေးသည် အစောင့်လက်ထဲမှ ငိုယိုပြီး အတင်းကာရော ရုန်းထွက်နေကြောင်းတွေ့ရှိရသည်။

" မေမေ့ဆီ,ပြန်မယ်။ ဒီမှာမနေဘူး။ ပြန်မယ်။ သား မိဘမဲ့မဟုတ်ဘူး။ မိသားစုရှိတယ်"

ကလေးငယ်က အာခေါင်ခြစ်ငိုယို​၏။

သို့သော်လည်း သူကြာကြာမအော်ငိုရသေးခင်မှာပင် အစောင့်​၏ကြီးမားကြမ်းတမ်းသောလက်ဖဝါးကြီးက ကလေး​၏ပါးပြင်ပေါ် ဖြောင်းခနဲကျရောက်သွားလေသည်။

ယောက်ျားကြီးတစ်ယောက်​၏အားပေမို့ ကလေးငယ်မှာ ကြမ်းပြင်ပေါ်သို့ တစ်ချက်တည်းနှင့်လဲကျသွားသည်။ ငိုရှိုက်သံသဲ့သဲ့လေးတောင် မထွက်နိုင်တော့ပေ။

အစောင့်ယောက်ျားမှာမူ ဒေါသမပြေသေးဟန်ဖြင့် လဲကျနေသော ကလေးငယ်​၏ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ပိတ်ကန်လေသည်။

" ငိုတယ်ပေါ့ ဟုတ်လား။ ထပ်ငိုလေ ထပ်ငို။ မင်းမိဘတွေနဲ့ မင်းက ထပ်တွေ့ရတော့မှာမဟုတ်ဘူး။ ဒီမှာပဲ မင်းကသေရမှာ နားလည်လား"

အစောင့်က ပြောလည်းပြောကာ ကလေးကို အင်္ကျီလည်ပင်းမှတစ်ဆင့်ပင့်မလိုက်ပြီး နံရံဘက်သို့ တွန်းလိုက်ပြန်သည်။ ကလေးသည် နံရံနှင့်ခေါင်း အုန်းခနဲဆောင့်မိသွားပြီး ကြမ်းပြင်ပေါ် အရုပ်ကျိုးပျက်လဲကျသွားပြန်​၏။

ဤကဲ့သို့သော ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုသည် ၈နှစ်၊ ၉ နှစ်အရွယ်ကလေးတစ်ယောက်အတွက် သေစေနိုင်လောက်သော ထိခိုက်နာကျင်မှုမျိုး ဖြစ်သည့်တိုင် အစောင့်ဟာတော့ ထိုမျှနှင့်ကျေနပ်သေးပုံမပေါ်ဘဲ ကလေးငယ်ကိုပင့်ချီကာ ကိုင်ပေါက်ဖို့ကြိုးပမ်းနေပြန်သည်။

ယုဂန်သည် ထိုအတိုင်းဆက်လက်ပုန်းအောင်းနေရန် မဖြစ်နိုင်တော့ချေ။

သူသည် ပုန်းနေရာမှ ပြေးထွက်ကာ ကလေးငယ် ကြမ်းပြင်ပေါ် သို့ ဆိုးဝါးစွာမပြုတ်ကျသွားခင် ကလေးကို ဆီးဖမ်းလိုက်သည်။

သူ့ရင်ခွင်ထဲရောက်ရှိလာသော ကလေးငယ်မှာ ဒဏ်ရာဒဏ်ရာများစွာနှင့် ဦးခေါင်းမှ သွေးများလည်း ယိုစိမ့်ထွက်နေသည်။ ယုဂန် ကလေး​၏လည်ပင်းသွေးကြောဆီ ကပျာကယာနှင့်စမ်းကြည့်သည်။ အသက်ရှိသေးကြောင်းသိလိုက်ရသော် သူ,စိတ်သက်သာရာရသွားသည်။

" မင်း...ဘယ်သူလဲ"

ယုဂန်ကိုမြင်သော် အစောင့်က အံ့ဩတကြီးဆိုသည်။

ယုဂန်သည် တိုက်ပွဲအထွေထွေ၌ အတွေ့အကြုံရှိလာသူပီပီ အချိန်မလစ်ဟင်းစေရဘဲ သတိလစ်နေသောကလေးကို ဘေးသို့ အလျင်အမြန်နှင့် အသာအယာချလိုက်သည်။

ထို့နောက် အစောင့်ကို သူကပင် အလျင်ဦးအောင် တိုက်ခိုက်လိုက်​၏။

အဆိုပါအစောင့်သည် ယုဂန်ကို သေအောင်လုပ်ကြံခဲ့သည့် အမတ်ကြီး​၏တပည့်နှင့်မတူ။ မှော်နက်ပညာလည်း မတတ်သလို၊ ကိုယ်ခံပညာအကြောင်းလည်း တစ်စွန်းတစ်စလေးတောင် သိရှိပုံမပေါ်ပါချေ။ ကလေးတွေကိုသာ မကောင်းဆိုးဝါးတစ်ကောင်ပမာ နှိပ်စက်နေသော်လည်း ယုဂန်လို ကိုယ်ခံပညာ၌ များစွာမထူးချွန်သည့်သူကိုတောင် တန်ပြန်မတိုက်ခိုက်နိုင်ပါချေ။

ထို့ကြောင့် တိုတောင်းလှသောအချိန်ကလေးအတွင်း ယုဂန်သည် ထိုအစောင့်ကို သေလုနီးပါးဖြစ်အောင် ရိုက်နှက်နိုင်ခဲ့​၏။

အစောင့်သည် သွေးအလိမ်းလိမ်းနှင့် ခြေလက်ပင်မလှုပ်နိုင်အောင် သတိလစ်သွားသည်။ ထိုအခါ ယုဂန်သည် ဒဏ်ရာရနေသော ကလေးဆီပြေး၍ အရေးပေါ်ကုသခြင်းကို စတင်ရတော့သည်။

ယုဂန်သည် ပိတ်စတစ်စအမြန်ရှာလိုက်ပြီး ကလေး​၏ဦးခေါင်းမှ သွေးများရပ်အောင် တတ်သလောက်မှတ်သလောက် စည်းနှောင်ပေးလိုက်သည်။ ပြီးနောက် ကလေးကို ပြန်လည်သတိရလာအောင် ပီယံမိတ်ဆီမှ အနည်းငယ်သင်ယူဖူးသော ကုသရေးစွမ်းအားနှင့် ဦးနှောက်ကိုလှုံ့ဆော်ပေးသည်။

သိပ်မကြာခင်မှာပင် ကလေး​၏မျက်လုံးများပြန်ပွင့်လာသည်။

ယုဂန်သည် ဒဏ်ရာရထားသော ကလေးအပါအဝင် ကျန်သောကလေးများကို မကြောက်လန့်အောင် အားပေးစကားပြောဆိုပြီး အစောင့်များထပ်မဝင်လာအောင် တံခါးကို အတွင်းထဲမှ သေချာပိတ်ထားရန်၊ နောက်ပြီး အကယ်၍ အန္တရာယ်တစ်စုံတစ်ရာရှိလာပါက အချင်းချင်းရိုင်းပင်းကူညီပြီး လုံခြုံသောတစ်နေရာတွင် ပုန်းခိုနေကြရန် အလျင်အမြန်မှာကြားလိုက်သည်။

ထို့နောက် သူ​၏သွားလိုရာကို ဆက်သွားရန် ပြင်ဆင်လိုက်သည်။

ထိုသို့ ယုဂန် အခန်းထဲမှထွက်ခါနီးတွင် ပြတင်းပေါက်မှတစ်ဆင့် မမျှော်လင့်ထားသောအရာကို တွေ့မြင်လိုက်ရသည်။

ထိုအရာမှာ ပြတင်းပေါက်အနီးဖြတ်ပျံကာ အပေါ်သို့ ထိုးတက်သွားသော သိမ်းငှက်တစ်ကောင်​၏ပုံရိပ်ပင်။

တိတိကျကျပြောရပါက ခြေထောက်အမည်းရောင်ရှိသော သိမ်းငှက်ဖြစ်သည်။

​ပင်လယ်နား မည်သည့်သိမ်းငှက်က ရောက်ရှိစရာအကြောင်းရှိပါသနည်း။

မည်သည့်သိမ်းငှက်ကရော ခြေထောက်အမည်းရောင်ရှိပါသနည်း။

ဒွိဟဖြစ်နေစရာမလို။
ထိုသိမ်းငှက်မှာ စုန်းမကိဏီမှလွဲ၍ တခြားသူမဖြစ်နိုင်ချေ။

စုန်းမကိဏီ....
သူမက အဘယ်ကြောင့် ဒီကိုရောက်ရှိလာပါသနည်း။

နောက်ပြီး သူမကအပေါ်ကို တည့်တည့်ပျံတက်သွားခဲ့သည်။ အပေါ်ဆုံးထပ်တွင် အမတ်ကြီး​၏အခန်းသာရှိသည်။

ထိုအကြောင်းကို ယုဂန်,သတိရသွားသောအခါ သူသည် ပို၍ ပျာယာခတ်သွားပြီး အခန်းအပြင်သို့ ကမှူးရှူးထိုးပြေးထွက်သွားတော့သည်။

*************************************

မဟာသစ်ပင်ကြီးမှမွေးဖွားကာ တိုက်ပွဲတိုင်းတွင် အရှုံးမရှိ၊ ရန်သူများပင် ရှိန်ရဲရသော ရဲစွမ်းသတ္တိ၌ပြည့်စုံလွန်းသည့် မင်းသားအရုဏတွင် ဆတ်ဆတ်ထိမခံနိုင်သော တန်ဖိုးထားရာမြတ်နိုးတနာ ဟူ၍တစ်ခုတည်းသာရှိသည်။

ထိုအရာမှာ သူ​၏ကြင်ယာတော်ယုဂန်နိုင်သာဖြစ်​၏။

ယုဂန်သည် သူ​၏တစ်ခုတည်းသော မျက်ရှုရတနာကလေးဖြစ်လေရာ အရုဏသည် ယုဂန်အပေါ် ကျရောက်သော မည်သို့သော ထိပါးမှုမျိုးကိုမှ သည်းခံနိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် အမတ်ကြီး​၏ ခြိမ်းခြောက်သေယစကားကိုကြားရသောအခါ အမတ်ကြီးကို တစ်စစီဆွဲဖြဲကာ သတ်ပစ်ချင်သော ဒေါသများက လှိမ့်ထွက်လာကာ ထိုသို့ သတ်ဖြတ်ရန်လည်း အမှန်တကယ်ကြံရွယ်လိုက်သည်။

အရုဏသည် ဘီလူးအသွင်သို့ပြောင်းရန် လုပ်ဆောင်လိုက်​၏။

သို့သော်လည်း သူဟာ အစွယ်မျှပင် ရှည်ထွက်ရုံရှိသေးသည်။

ရုတ်တရက်ကြီး အမတ်ကြီး​၏ခေါင်းတည့်တည့်ရှိ အလင်းဝင်အောင် မှန်အပေါက်ဖောက်ထားသော ခေါင်မိုးပေါ်မှ မှန်ကွဲစများက ခလွမ်းခနဲကွဲကျလာသည်။

တစ်ဆက်တည်းပင် မှန်ကိုခွဲလိုက်သည့် ထက်သွာငော မြားတစ်စင်းက အလင်းစူးစူးတစ်စင်းနှယ် မိုးပေါ်မှရွှတ်ခနဲဝင်ရောက်လာကာ  အမတ်ကြီး​၏နဖူးတည့်တည့်ကို စိုက်ဝင်သွားလေသည်။

အမတ်ကြီးသည် နောက်ဆုံးစကားတစ်ခွန်းတစ်လေတောင် မဆိုလိုက်ရဘဲ စားပွဲစွန်းပေါ်ထိုင်နေရာမှ အောက်သို့  ဗုန်းခနဲလဲကျသွား​၏။

လျင်မြန်လွန်းသော အဖြစ်အပျက်ဖြစ်လေရာ အရုဏသည်ပင် ခေတ္တကြောင်သွား​သည်။

နောက်မှ ခေါင်းမိုးဆီလှမ်းကြည့်လိုက်ရာ  မှန်ကွဲသွားသော အပေါက်တစ်ပေါက်နှင့် အရိပ်တစ်ခု လှစ်ခနဲပြေးသွားသည်ကို တွေ့လိုက်ရသည်။

အရုဏသည် တခြားမည်သည့်ကိစ္စမျှမရှိပါက ထိုအရိပ်နောက်သို့ ပြေးလိုက်မိမည်ဖြစ်သည်။ သို့ရာတွင် သူ​၏ယုဂန်လေး အန္တရာယ်ကြုံနေရပြီဟူသော အသိစိတ်ကြောင့် ယုဂန်ကို ပြေးကယ်ရန်အတွက် အမတ်ကြီး​၏အခန်းထဲမှ အလျင်အမြန်ပြေးထွက်သွားသည်။

သူသည် အခန်းတံခါးကို ဆောင့်ဆွဲဖွင့်လိုက်ပြီး အပြင်ဘက်ရှိ စစ်သည်တစ်ဦးကို အမတ်ကြီး​၏အလောင်းအား  စောင့်ကြည့်ထားရန် အမိန့်ပေးခဲ့ကာ  ကျန်တစ်ဦးကိုမူ ယုဂန်နိုင်ရှိရာနေရာကို သူနှင့်အတူ လူခွဲရှာရန် အမိန့်ပေးသည်။

ဤသို့နှင့် အရုဏနှင့် စစ်သည်,သည် ယုဂန်ကိုရှာရန် တစ်လမ်းစီ မြန်ဆန်စွာထွက်ခွာခဲ့ကြသည်။

အရုဏသည် ထိုသို့စိုးရိမ်တကြီးလိုက်လံရှာဖွေခိုက်မှာပင် ယုဂန်နှင့် လမ်းတွင်ဆုံသည်။

ယုဂန်ကိုမြင်လိုက်ရသောအခါ အရုဏ​၏ရင်ထဲ၌ မည်မျှစိတ်သက်သာရာရသွားကြောင်း ရှင်းမပြတတ်လောက်အောင်ပေ။

" မောင်..."

ယုဂန်​၏ခေါ်သံ မဆုံးသေးခင်မှာပင် အရုဏက သူ့ကိုပွေ့ဖက်လိုက်သည်။

" ဘာမှမဖြစ်လို့ တော်သေးတာပေါ့"

အရုဏ ထိုသို့ရေရွတ်ပြီး၍ ယုဂန်​၏မျက်နှာလေးကိုကြည့်လိုက်သောအခါ "ဘာမှမဖြစ်လို့" ဟူသောစကားကိုပြောခဲ့မိသည့် ကိုယ့်ကိုယ်ကို ဖြတ်ရိုက်ချင်စိတ်ပေါ်သွားသည်။

ယုဂန်​၏ နုနယ်သောမျက်နှာကလေးထက်တွင် နီမြန်းဖူးယောင်သော ဒဏ်ရာတစ်ခုရှိနေသည်။

ပါးပေါ်မှာလေ။

သူတောင် မထိရက် မကိုင်ရက်လို့ နူးနူးညံ့ညံ့ကလေးနမ်းရသည့် ပါးပေါ်တည့်တည့်မှာလေ။

" ဒီဒဏ်ရာ ဘယ်ကောင်လုပ်လိုက်တာလဲ"

အရုဏ​၏အသံမှာ ဒေါသကြောင့် မာထန်နေသည်​။

ယုဂန်သည် ထိုအခါမှ သူ့ပါးသူ လက်ကလေးဖြင့် စမ်းမိ​၏။ အစောင့်နှင့် သတ်ပုတ်နေစဉ်ကတော့ သွေးပူချိန်မို့ သတိမထားမိလိုက်သော်ငြား အစောင့်​၏ တွေ့ရာထိုးသောလက်သီးက သူ့ပါးအပေါ် ဖူးယောင်ဒဏ်ရာချန်ပေးခဲ့ပုံရသည်။

"အဲ့လူကို ကျွန်တော် သေလောက်အောင် ရိုက်ခဲ့ပြီးပြီ။ မောင် မပူပါနဲ့။ အဲ့လူက ပမွှားလေး၊ မောင့်ဒေါသနဲ့တောင် မတန်ဘူး"

ယုဂန် ထိုသို့ပြောသော်လည်း မောင်ဟာတော့ ဒေါသပြေပုံမရသေးပါချေ။ သူ့ဒဏ်ရာကိုသာ စိုက်ကြည့်နေသည်။ ထို့ကြောင့် ယုဂန် စကားလမ်းကြောင်းလွှဲလိုက်သည်။

" အမတ်ကြီးရော"

" သေပြီ"

မောင့်အသံက မာဆတ်ဆတ်ပါပင်။

" မောင်သတ်လိုက်တာလား"

" ဘယ်ကမှန်းမသိတဲ့ မြားတစ်စင်းက သူ့ကိုသတ်သွားတာ"

" ကျွန်တော် စုန်းမကိဏီကိုတွေ့လိုက်တယ်"

အရုဏ​၏ ထူထဲသောမျက်ခုံးများ ဖြောင့်တန်းသွားသည်။ သူသည် ပစ်မှတ်ကို တိုက်ရိုက်ထိသောမြားတစ်စင်းနှင့် စုန်းမကိဏီကို ဆက်စပ်မိလိုက်သောအခါ ဖြစ်နိုင်ချေရှိသော လူတစ်ဦးကို ချက်ချင်းတွေးလိုက်မိသည်။

" ယောဇာ..."

အရုဏ တီးတိုးစွာရေရွတ်သည်။

" အဲ့လောက် မြားကိုတည့်အောင်ပစ်နိုင်မှာ မင်းယောဇာပဲရှိတယ်"

အရုဏ မြေကြီးလက်ခတ်မလွဲ သေချာနေ​၏။

တစ်ဆက်တည်းပင် ဆက်စပ်ခန့်မှန်းမှုများက အရုဏခေါင်းထဲ တန်းစီပေါ်လာသည်။ သေဆုံးသူမှော်နက်ပညာရှင်အမတ်ကြီးတွင် မာရစ်မျိုးနွယ်​၏ဟောစာတမ်းရှိသည်။ လောကတစ်ခွင်ကိုကြီးစိုးနိုင်မည်ဟု ထင်မြင်ရသော အာဏာအရှိန်အဝါရရှိနည်းကိုလည်း အမတ်ကြီးကသိ​​၏။ ထို့ကြောင့် မင်းယောဇာနှင့်စုန်းမကိဏီရောက်ရှိလာခြင်းမှာ အမတ်ကြီးထံမှ မှော်နက်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များ၊ နည်းစနစ်များကို လာရောက်လုယူရန် ဖြစ်နိုင်သည်။

သို့ပါ၍ မင်းယောဇာတို့လက်မဦးခင် အမတ်ကြီး၌ရှိသောအရာအားလုံးကို သူတို့ အရင်ကာကွယ်မှဖြစ်လိမ့်မည်။

" မောင်တို့ အမတ်ကြီးရဲ့စာရွက်စာတမ်းတွေကို အမြန်သွားယူရမယ်"

အရုဏ ထိုသို့ပြောပြီးသည်နှင့် ယုဂန်နိုင်ကိုလက်ဆွဲကာ အမတ်ကြီး​၏အခန်းဆီ အလျင်အမြန်ပြေးလေသည်။

သို့သော်လည်း သူနှင့်ယုဂန် ရောက်ရှိချိန်တွင် နောက်ကျသွားပြီဖြစ်သည်။

အမတ်ကြီး​၏အလောင်းကို စောင့်ကျန်ခဲ့သော စစ်သည်မှာ သွေးအိုင်ထဲလဲကျသေဆုံးနေပြီး အမတ်ကြီး​၏စားပွဲပေါ်တွင်မူ တစ်စုံတစ်ယောက်က ခြေထောက်ချိတ်ထိုင်နေခဲ့သည်။

စစချင်း ထိုလူရိပ်သည် အရုဏနှင့်ယုဂန်ကို ကျောပေးထိုင်နေခဲ့​၏။

ကျယ်ပြန့်သောနောက်ကျောနှင့် လေးထောင့်ဆန်ဆန် တောင့်တင်းသော ပခုံးစွန်းတို့ကသာ ထိုလူမှာ ယောက်ျားတစ်ဦးဖြစ်ကြောင်း ညွှန်းဆိုနေခဲ့သည်။  ခရမ်းရောင် အင်္ကျီ၊ ဂုတ်ထောက်အရှည်မျှသာရှိသောဆံပင်။

သျှောင်မထုံးထားသော၊ ထူးဆန်းစွာ ဆံပင်ဖြတ်ထားသော အဆိုပါယောက်ျားမှာ နောက်ဆုံးအကြိမ်မြင်ခဲ့တုန်းကနှင့် အလွန်တရာကွာခြားနေခဲ့သည်။

အနှီ ယောက်ျားက အနောက်လှည့်ကြည့်လာသည်။ အထပ်ထပ်နှင့် အချွန်ချွန်များဖြစ်နေသော ဆံပင်များအလယ်မှ ရင်းနှီးနေသည့်မျက်နှာက အရုဏနှင့်ယုဂန်ကိုမြင်သော် မထီမဲ့မြင့်ဟန်နှင့် ပြုံးသွားလေသည်။

ထိုလူ​၏ပါးပေါ်တွင် နက်ရှိုင်းသောပါးချိုင့်ကလေးများ နစ်ဝင်သွားသည်။ သူ​၏အပြုံးကတော့ ယခင်အတိုင်း ချိုမြနေဆဲဖြစ်​သည်။

" ဟော အစ်ကိုတော်အရုဏပါလား။ မတွေ့ရတာ ကြာပြီနော်"

ကြည်လင်ကာ တက်ကြွသောအသံက မသိပါက မတွေ့ရကြာသည့် အစ်ကိုတော်တစ်ဦးကို ဖော်ရွေစွာနှုတ်ဆက်နေသည့်အတိုင်းပါပင်။

အရုဏသည် မင်းယောဇာကို စူးစိုက်ကြည့်ကာ တစ်ချိန်တည်းတွင်ပင် မသိစိတ်အရ ယုဂန်ရှေ့မှ မသိမသာကာကွယ်လိုက်မိသည်။

" ထင်ထားတဲ့အတိုင်း မင်းကိုး"

မင်းယောဇာ စားပွဲပေါ်မှဆင်းကာ စားပွဲကို တစ်ပတ်,ပတ်လိုက်ပြီး အမတ်ကြီး​၏အလောင်းဘေးတွင် မတ်တပ်ရပ်လိုက်သည်။

" ကျွန်ုပ်က အစ်ကိုတော့်ကိုရော၊ ယုဂန်ကိုပါ ကယ်လိုက်တာပါ။ ကျွန်ုပ်ကိုတောင် အစ်ကိုတော်တို့က ကျေးဇူးတင်ရဦးမယ်"

ယောဇာ​၏လက်ထဲတွင် ပေရွက်အချို့ကို ကိုင်ထားသည်။ ကြည့်ရသည်မှာ အမတ်ကြီး​၏လျှို့ဝှက်စာတမ်းများကို သူ လွယ်လွယ်ကူကူပင် ရှာတွေ့သွားခဲ့ပြီထင်သည်။

" အမတ်ကြီးနဲ့ငါ ပြောနေတာကို မင်းကြားခဲ့သလား"

မင်းယောဇာ ခေါင်းမိုးပေါ်တွင် ရှိနေခဲ့သည်မှာ သေချာပြီမို့ အရုဏ အရဲစွန့်မေးလိုက်သည်။

အရုဏ​၏အမေးကိုကြားသော် မင်းယောဇာသည် အလွန်တရာအပြစ်ကင်းစင်သော သိုးငယ်ကလေးနှယ် မျက်တောင်ကို တဖျပ်ဖျပ်ခတ်ကာ

" ဘာကိုကြားရမှာလဲ"

ဟု မေးခွန်းပြန်ထုတ်သည်။

တစ်ဆက်တည်းပင် သူသည် နှုတ်ခမ်းစွန်းတို့ကွေးညွတ်ပြုံးသွားကာ  နူးညံ့ဟန်ရှိသောပါးချိုင့်များဟာလည်း သူ​၏ ခန့်မှန်းရခက်သော အကြည့်နှင့် အပြုံးကြောင့် ကောက်ကျစ်စဉ်းလဲဟန် ဖြစ်တည်သွားလေသည်။

" အစ်ကိုတော်က မဟာသစ်ပင်ကြီးရဲ့သားသမီးဖြစ်ပြီး မိဖုရားစန္ဒာ​က မွေးစားထားတာဆိုတာကိုလား၊ ဒါမှမဟုတ် ယုဂန်နိုင်က မင်းကြီးမဟီဝင်စားတယ် ဆိုတာကိုလား ဘယ်ဟာကို ကြားရမှာလဲ"

မင်းယောဇာ​၏စကားများကြောင့် ယုဂန်​၏ နက်မှောင်သောမျက်ဝန်းများ ပြူးကျယ်သွားသည်။

မင်းယောဇာဟာ အကုန်နီးပါးသိရှိနေလေပြီ။ ထို့အတူ မောင့်​၏ပြောစကားအရ မင်းယောဇာဟာ ဤအကြောင်းကို အမတ်ကြီးနှင့်မောင့်​၏ အပြန်အလှန်ပြောသောစကားတို့မှတစ်ဆင့် သိရှိရခြင်းဖြစ်သည်။ ထို့ကြောင့် အမတ်ကြီးဟာလည်း မောင့်​၏သရုပ်မှန်နှင့် မင်းကြီးမဟီနှင့်မူလယုဂန်နိုင်တို့​၏ဆက်နွယ်မှုကို သိရှိပြီးဖြစ်ရမည်။

မင်းယောဇာက ညှင်းသဲ့စွာရယ်သည်။

" လင်မယားနှစ်ယောက်လုံး အဖုံးကွယ်ကောင်းတယ်နော်။ သူပြောတာသာ မကြားခဲ့ရင် ဒီတစ်သက်သိရမှာမဟုတ်ဘူး"

မင်းယောဇာဟာ ပြောပြောဆိုဆိုနှင့် စားပွဲပေါ်ရှိ တချို့သော စာရွက်စာတမ်းများကို ကိုင်ကြည့်နေပြန်သည်။

သူ​၏လည်ပင်းထိသာရှည်သော ခပ်တိုတိုဆံပင်များက သူ​၏ပြေပြစ်သောမျက်နှာဘေးတစ်ဝိုက် ကျဆင်းလေရာ ဆံပင်သည် ဒုတိယမျက်နှာဆိုသည့်အတိုင်း မင်းယောဇာမှာ ယခင်ကနှင့်မတူ၊ အလွန်တရာပြောင်းလဲသောရုပ်သွင် ဖြစ်တည်သွားသလိုပါပေ။

ရုတ်တရက် မင်းယောဇာသည် တစ်စုံတစ်ရာသတိရသွားဟန်နှင့် ယုဂန်ဘက်သို့ ဆတ်ခနဲကြည့်ရှုလာသည်။ ထိုအကြည့်နှင့်တစ်ဆက်တည်းပင် အရုဏသည်လည်း ယုဂန်​၏အရှေ့မှ ပိုမိုကာကွယ်လိုက်သည်။

" ဒါနဲ့ ယုဂန်ရေ၊ အစ်ကိုတော်က ဘီလူးတစ်ပိုင်းမို့ အနှစ် ငါးရာ အသက်ရှည်မှာတဲ့။ မင်းကပဲ အရင်အသက်ကြီးပြီးစောစောသေမှာ။ အစ်ကိုတော်ကတော့ ဒီအရွယ်မှာပဲ နှစ်အကြာကြီးတန့်နေတော့မှာတဲ့။ စိတ်မကောင်းပါဘူးကွာ"

မင်းယောဇာ​၏ ခပ်ရွဲ့ရွဲ့လေသံစွက်သောစကားကြောင့် ယုဂန်​၏မျက်လုံးကလေးများ ဝိုင်းစက်သွားကာ အရုဏကို မော့ကြည့်လာသည်။

အရုဏသည် ယုဂန်​၏ စိုးထင့်သွားသော မျက်ဝန်းကလေးများကို မြင်လိုက်ရသဖြင့် နှစ်သိမ့်သောအားဖြင့် ယုဂန်​၏လက်ကို အသာအယာဆုပ်ကိုင်လိုက်သည်။

" မောင် နောက်ကျအသေးစိတ်ပြောပြပါ့မယ်"

ယုဂန် လိမ်လိမ်မာမာနှင့် ခေါင်းညိတ်ပြသည်။ 

ထိုအချိန်တွင် အရုဏနှင့်ယုဂန်ကို လှမ်းကြည့်နေသော မင်းယောဇာမှာမူ စားပွဲစွန်းကို အသာမှီ၍ ထိုင်လိုက်ပြန်သည်။  သူက လက်နှစ်ဖက်ကို ဟန်ပါပါပိုက်လိုက်ကာ

" ဒါနဲ့တကယ်သိချင်လို့မေးတာပါ။ အစ်ကိုတော် ဘာလို့ သူနဲ့မပူးပေါင်းတာလဲ။ သူနဲ့သာပူးပေါင်းလိုက်ရင် သေချာပေါက် အင်အားအကြီးဆုံးဖြစ်သွားမှာကို"

ဟု အမေးရှိလာသည်။

အရုဏဟာ မင်းယောဇာမေးသမျှကို ပြန်လည်ဖြေဆိုရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် သူသည် အရေးကြီးသောအကြောင်းအရာကိုသာ ပြန်ပြောလိုက်သည်။

" မင်း မာရစ်မျိုးနွယ်ရဲ့ ဟောစာတမ်းကိုလာယူတာလား"

" စကားလမ်းကြောင်းလွှဲတယ်နော်"

မင်းယောဇာ မျက်ခုံးပင့်၍ ဆိုသည်။ တစ်ဆက်တည်းပင် သူဟာလည်း သိသိသာသာကို စကားလမ်းကြောင်းလွှဲကာ သူ,လိုရာကိုသာ ဆက်ပြောသည်။

" အစ်ကိုတော် တစ်ယောက်တည်း သီးသန့်မနေဘဲ ကျွန်ုပ်တို့ဘက်ကို မပြောင်းလာချင်ဘူးလား။ အခုကျ အစ်ကိုတော့်ရဲ့မွေးရာပါစွမ်းအားတွေကို အလဟဿ ဖြုန်းပစ်နေသလိုပဲ"

မင်းယောဇာကို စကားလမ်းကြောင်းလွှဲမရမှန်း သိလိုက်သောကြောင့် အရုဏ ထိုစကားအတိုင်းသာ စီးမျောလိုက်သည်။

" ငါ့ဘဝကိုသာ ငါကျေနပ်ရင် အလဟဿဖြုန်းတီးတယ်ဆိုတဲ့စိတ်မျိုး ဖြစ်လာမှာမဟုတ်ဘူး။ မင်းတို့ကသာ မင်းတို့ဘဝကို မရောင့်ရဲနိုင်လို့ အင်အားကိုလိုက်ရှာနေကြတာ"

မင်းယောဇာ​၏နှုတ်ခမ်းထက်တွင် နာကျင်သောအပြုံးတစ်ပွင့်ပေါ်ပေါက်လာ​၏။  ထိုအပြုံးသည် ကွဲကြေကာ တစ်ချိန်တည်းတွင်ပင် မိမိကိုယ်ကိုစက်ဆုပ်မှုနှင့် ရွံရှာမုန်းတီးမှုရှိနေကြောင်း တွေ့မြင်ရသည်။

" အစ်ကိုတော်က ချစ်တဲ့လူနဲ့လက်ထပ်ရပြီး လိုချင်တဲ့ဘဝမျိုးရထားတော့ ပြောအားရှိတာပေါ့။ ကျွန်ုပ်လည်း အစ်ကိုတော့်လိုသာ အနားမှာတစ်ယောက်ယောက်ရှိနေမယ်ဆိုရင် ဒီလိုမျိုး စာတမ်းတွေလိုက်ရှာနေမိမှာမဟုတ်ဘူး"

အရုဏ ဟက်ခနဲရယ်လိုက်သည်။

" ရယ်စရာပဲ"

သူ လှောင်ပြောင်လိုသောလေသံနှင့်ဆက်ပြောသည်။

" အနားမှာတစ်ယောက်ယောက်မရှိတာနဲ့ပဲ မင်းက လူတွေသတ်ရမယ့်မှော်နက်ပညာဘက်ကို လိုက်စားတယ်ဆိုတာ ရယ်စရာဆင်ခြေပဲ"

မင်းယောဇာ ဖျော့တော့စွာပြုံးလာသည်။ သူဟာ သူ့လက်ထဲရှိ စာတမ်းများဆီငုံ့ကြည့်ရင်း

" ဟုတ်လား။ ကျွန်ုပ်ကတော့ ကျွန်ုပ်နေရာမှာ အစ်ကိုတော်သာဆို ပိုဆိုးမယ်ထင်တာပဲ"

ဟု အသံတိမ်တိမ်နှင့်ဆိုသည်။

မင်းယောဇာ စားပွဲပေါ်ထိုင်နေရာမှ ထ,သွားသည်။ သူသည် ပြတင်းပေါက်ဘောင်ပေါ် တက်ထိုင်လိုက်​၏။ ထို့နောက် စာတမ်းများကို သူ့ထံတွင်ပါလာသော အိတ်ထဲထိုးထည့်ရင်း

" ယုဂန်နိုင် မရှိတော့ရင်..."

ဟူသော စကားကို အသံရှည်ဆွဲ၍ဆိုသည်။

ထိုစကားသည် အရုဏ​၏ဆတ်ဆတ်ထိမခံသောအပိုင်းဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ အရုဏ,ဒေါသမထွက်နိုင်သေးဘဲ မင်းယောဇာ ထွက်မပြေးခင် အမိဖမ်းနိုင်ဖို့ကိုသာ တွေးတောနေမိသည်။

လောလောဆယ်တော့ အရုဏနှင့်ယုဂန်နိုင်က အခန်းတံခါးပေါက်ကို ပိတ်ရပ်ထားသဖြင့် မင်းယောဇာတွင် ထွက်ပေါက်ဟူ၍ ပြတင်းပေါက်သာရှိသည်။ ထိုပြတင်းပေါက်ကလည်း မြေပြင်နှင့် အလွန်တရာဝေးကွာရုံမက ထိုမှခုန်ချလျှင်လည်း ချောက်ကမ်းပါးတစ်လျှောက်ကျဆင်းကာ ပင်လယ်ထဲသို့ ပြုတ်ကျရုံသာရှိလေသည်။

သို့ပါ၍ သာမန်လူဆို မခုန်ချလောက်ပေ။  သို့သော် ယခုကမူ မင်းယောဇာဖြစ်နေပြီး သူနှင့်အတူ ပါလာသူကလည်း စုန်းမကိဏီဖြစ်နေသောကြောင့် သတိကြီးကြီးထားရမည့်ကိစ္စဖြစ်နေသည်။

"ယုဂန်သာမရှိတော့ရင် သူ့ကိုပြန်ရဖို့ အစ်ကိုတော်ဘာမဆိုလုပ်နိုင်တယ်ဆိုတာ ကျွန်ုပ်ပြောရဲတယ်။ ယုဂန်အတွက် လူထောင်သောင်းချီသတ်ရမယ် ဆိုရင်တောင်မှပေါ့...."

မင်းယောဇာ​၏စကားများသည် ထင်မြင်ချက်တစ်ခုအစား တွေ့ကြုံခဲ့သောဖြစ်ရပ်တစ်ခု၊ သို့မဟုတ် အလွန်တရာတိကျသေချာလှသော အချက်အလက်ကိုပြန်လည်ပြောပြနေသည့်အလား တိကျပြတ်သားမှုများ ပြည့်နှက်နေသည်။

ယုဂန်သည် ဘာကြောင့်မှန်းမသိ ထိတ်လန့်မိသွား​၏။

မင်းယောဇာ​၏နီမြန်းနေသော မျက်ဝန်းထောင့်စွန်းများနှင့်  ပါးချိုင့်တို့အားဖြည့်သောအပြုံးက သူ့ကို တစ်မျိုးတစ်မည်ကြီး ခံစားရအောင်လုပ်ဆောင်နေသည်။

ယုဂန်​၏ဆဋ္ဌမအာရုံကပြောနေသည်။ မင်းယောဇာ တစ်ခုခုမှားယွင်းနေသည်တဲ့။

မင်းယောဇာ​၏စကားများက ယုဂန်​၏နားစည်အတွင်း ဆက်တိုက်ပဲ့ထင်သံရိုက်နေကာ "ယုဂန်အတွက် လူထောင်သောင်းချီသတ်ရမယ် ဆိုရင်တောင်မှ" ဟူသောစကားက သူ့ကို ထပ်တလဲလဲသတိပေးနေသလို ခံစားလိုက်ရသည်။

ယုဂန် ရင်ထဲမကောင်းပေ။ မင်းယောဇာ​၏စကားက အခြေအမြစ်မရှိသော ထင်မြင်ချက်တစ်ခုသာဖြစ်သော်လည်း ယုဂန်ရင်ထဲ မကောင်းလှပေ။ ကြုံတွေ့ဖူးသော အတွေ့အကြုံလိုခံစားရသောကြောင့်လည်း ယုဂန်ပို၍ စိတ်ရှုပ်ထွေးလာရသည်။

အခုက...

သူဟာ သေဆုံးသွားပြီး မောင်က သူ့ကိုပြန်ရရှိဖို့အတွက် လူထောင်ချီသတ်ကာ အသည်းအသန်ကြိုးပမ်းနေသည့်ခံစားချက်မျိုးပါပင်။

ထူးဆန်းသည်က လက်တွေ့မှာ ထိုသို့မဟုတ်နေသောကြောင့်ပင်။ အိပ်မက်လည်းမဟုတ်။ အစစ်အမှန်လည်းမဟုတ်ပေ။

ဒါ...ဒါက Deja Vu ပဲ။ ဟုတ်တယ်မဟုတ်လား။

ယုဂန်သည် သူ​၏ဦးနှောက်ကသာ ထင်ယောင်ထင်မှားဖြစ်ကြောင်း တွေးတောလိုက်ကာ သူ​၏မကောင်းသောခံစားချက်ကြီးကို အလျင်အမြန်ပယ်ဖျောက်လိုက်သည်။

ခံစားချက်ကြီးပျောက်သွားသည်နှင့် ယုဂန်တွေ့လိုက်ရသည်မှာ မင်းယောဇာ​၏ခန့်မှန်းရခက်သောအပြုံးဖြစ်သည်။

မင်းယောဇာသည် ပြတင်းပေါက်ဘောင်ပေါ်ဝယ် အေးရာအေးကြောင်းထိုင်နေသည်။ ထို့နောက် သူ​၏မျက်လုံးအကြည့်သည် မကောင်းဆိုးဝါးတစ်ကောင်နှယ် ဆိုးယုတ်မှုများ ပြည့်နှက်သွားကာ

" တစ်ခါလောက် အဲ့ခံစားချက်ကို ခံစားကြည့်မလား။ ချစ်တဲ့သူကို ဆုံးရှုံးရတဲ့ခံစားချက်လေ"

ဟု အက်အက်ရှရှရေရွတ်လာသည်။

စကားဆုံးသည်နှင့် မင်းယောဇာ​၏လက်ဗလာနှစ်ဖက်ထဲတွင် လေးနှင့် မြားတစ်စင်း ရုတ်ချည်းထွက်ပေါ်လာသည်။

မင်းယောဇာသည် အလွန်တရာသွက်လက်လျင်မြန်သော လေးသည်တော်တစ်ဦးဖြစ်သည်နှင့်အညီ လေးလက်နက် ရပြီဆိုသည်နှင့် ယုဂန်နိုင်ဆီသို့ တည့်တည့်ချိန်ရွယ်လိုက်သည်။

တစ်ဆက်တည်းပင် လေးကြိုးကိုလွှတ်လိုက်ရာ ထက်ရှသော မြားသွားဟာ ယုဂန်ရှိရာဆီသို့ အရှိန်ပြင်းပြင်းနှင့် ပျံသန်းတိုးဝင်လာခဲ့​သည်။

လျင်မြန်လွန်းသောအဖြစ်အပျက်ကြားတွင် ယုဂန်သည် ဆိုးဆိုးရွားရွားတုန်လှုပ်သွားခဲ့သောကြောင့် သူ့ခန္ဓာကိုယ်မှာ လှုပ်မရအောင် အေးခဲတောင့်တင်းသွားခဲ့သည်။

ယုဂန် မြားသွားကို မရှောင်ရှားနိုင်တော့ပေ။

ထိုအချိန်တွင် မမျှော်လင့်ထားသောအရာတစ်ခုက ယုဂန်အရှေ့သို့ပစ်ဝင်လာသည်။

ထိုအရာက မောင်...
မောင်ပါပင်။

မောင်ဟာ သူ့ရှေ့တွင် လျင်မြန်စွာရပ်တည်လိုက်ရာ မြားသွားသည် မောင့်​၏ရင်အုံတည့်တည့်ဆီ နက်နက်နဲနဲစိုက်ဝင်သွားခဲ့သည်။

" ဟားဟားဟားဟား"

မင်းယောဇာ​၏ အက်ကွဲသောရယ်သံကိုကြားရသည်။

ထိုမှတစ်ပါး ယုဂန်​၏နားစည်အတွင်း မည်သည့်အသံမျှမကြားရတော့အောင် စီခနဲမြည်ဟည်းသွားခဲ့​၏။ ယုဂန်​၏နှလုံးခုန်သံ အဆုံးစွန် မြင့်တက်သွားခဲ့သည်။

ယုဂန်​၏ဦးနှောက်ထဲတွင် အရာအားလုံးဗလာကျင်းသွားခဲ့ကာ ထက်ရှသောမြားသွားက မောင့်ခန္ဓာကိုယ်ထဲ နက်နက်နဲနဲစိုက်ဝင်သွားကြောင်း ပြောပြချက်တစ်ခုသာ သူ​၏အသိစိတ်ထဲ ကျန်ရစ်တော့သည်။

" မောင်..."

ယုဂန်​၏ တိုးညှင်းတုန်ရီစွာ ရေရွတ်လိုက်မိသည်။ သို့သော် အသံကလေးမဆုံးခင်မှာပင် မောင်ဟာ ဘေးဘက်သို့ ယိုင်လဲကျသွားသည်။ 

ယုဂန်​၏ကိုယ်တွင်းရှိ သံပတ်ကြိုးများ ပြုတ်ထွက်သလိုခံစားလိုက်ရ​၏။

သူ အကြီးအကျယ် ကြောက်လန့်တုန်လှုပ်မိသွားကာ မောင့်ဘေးမှာပင် အလျင်အမြန်ဒူးထောက်ချလိုက်သည်။  ထို့နောက် မောင့်ကို တုန်ရီနေသောလက်နှစ်ဖက်နှင့် ဆွဲထူကာ သူ့ရင်ခွင်ထဲပွေ့ဖက်လိုက်သည်။

မင်းယောဇာသည် ထိုမြင်ကွင်းကို သွေးအေးစွာကြည့်ရှုနေခဲ့​၏။ ထို့နောက် သူသည် ပြတင်းပေါက်ပေါ်ထိုင်နေရင်းပင် အနောက်သို့ စိတ်လွတ်လက်လွတ်လှန်ချလိုက်​သည်။

ထိုအခါ မင်းယောဇာ အဆောက်အဦပေါ်မှ တစ်ဟုန်ထိုးပြုတ်ကျသွားသည်။

ယောဇာ ပင်လယ်ထဲသို့ ပြုတ်ကျရန် လက်တစ်ကမ်းအလိုမှာပင် ကြီးမားသောသိမ်းငှက်အသွင် ဖန်ဆင်းထားသည့် ကိဏီက သူ့ကို ထိုးသုတ်ပင့်ချီသွားသည်။ မင်းယောဇာသည် သိမ်းငှက်​၏ကျောပေါ်မှ လိုက်စီး၍ နောက်လှည့်မကြည့်ဘဲ အဝေးသို့ ပျံသန်းထွက်ခွာသွား​တော့သည်။

အမတ်ကြီး​၏အခန်းထဲတွင်မူ ယုဂန်သည် သတိမလစ်သေးသည့် အရုဏကို ပွေ့ဖက်ထားစမြဲဖြစ်​၏။

အရုဏသည် နှလုံးသားမရှိသော ညာဘက်ရင်အုံကို မြားစိုက်သွားခြင်းဖြစ်သည့်တိုင် သူ,မထင်မှတ်ထားသောအခြင်းအရာမှာမူ ထိုမြားတွင် အဆိပ်ပါနေခြင်းသာ။

အဆိပ်သည် အရုဏ​၏တစ်ကိုယ်လုံးကို လျင်မြန်စွာရစ်ပတ်သွားပြီး အင်အားအကုန် ချိနဲ့နွမ်းနယ်အောင် လုပ်ဆောင်ပစ်လိုက်သည်။  ထိုအဆိပ်​၏အစွမ်းကြောင့်ပင် အရုဏ​၏အာရုံများ ဝေဝါးထွေပြားနေပြီး သူ့ကို ဖက်ထားသည့် ယုဂန်ကိုတောင် သေချာမမြင်ရတော့သလို ယုဂန်​၏အထိအတွေ့ကိုလည်း  သေချာစွာမခံစားရတော့ပါချေ။

သူ့ထံတွင်ကျန်ရှိသော တစ်ခုတည်းသောအာရုံမှာ အကြားအာရုံသာဖြစ်ပြီး ထိုအာရုံအတွင်းမှာလည်း ယုဂန်​၏စိုးရိမ်တကြီးငိုရှိုက်သံကိုသာ ကြားနေရသည်။

" မောင် သတိမလစ်သွားပါနဲ့နော်...ခဏလေးပဲ တောင့်ခံထားပေးပါ။ ကျွန်...ကျွန်တော် မောင့်ကို တစ်ခုခုအထိခိုက်ခံမှာမဟုတ်ဘူး။ ဒါကြောင့်ခဏလေးပဲ တောင့်ခံပေးပါ...နော် မောင်"

အရုဏသည် သူ​၏ရှိစုမဲ့စု လက်ကျန်အားအင်ကလေးကို စုစည်းလိုက်ကာ မှုန်ဝါးဝါးဖြစ်နေသော ယုဂန်​၏မျက်နှာပလေးဆီ လက်လှမ်းလိုက်သည်။ သူ ယုဂန်​၏မျက်ရည်များကို သုတ်ပေးချင်နေသည်။ သို့သော် သူဟာ ယုဂန်​၏မျက်နှာကို ထိခွင့်ရလိုက်သည်မှအပ လက်ချောင်းများကို ဆက်လက်မလှုပ်ရှားနိုင်တော့ပေ။

ထို့ကြောင့် မျက်ရည်သုတ်ပေးမည့်အစား သူ့နှုတ်ခမ်းသူ မရ,ရအောင်ဆွဲဖွင့်ကာ

" မောင် အဆင်ပြေတယ် အချစ်။ အများကြီး စိတ်မပူနဲ့နော်"

ဟု တိုးညှင်းစွာဆိုလိုက်သည်။ သူ​၏အသံမှာ တစ်ခဏလေးအတွင်း သိသိသာသာကို အားနည်းနေခဲ့သည်။

သူသိသည်။ အချိန်တိုလေးအတွင်း သူသတိလစ်သွားနိုင်သည်။ သို့မဟုတ် သေဆုံးသွားခြင်းလည်းဖြစ်နိုင်သည်။

သေဆုံးခါနီးလူများတွင် ယေဘုယျအားဖြင့် မည်သို့သောအတွေးမျိုးရှိသလဲ သူမပြောပြတတ်ပေ။ သို့သော် သူ​၏ဖြစ်ရပ်တွင်တော့ ဝမ်းနည်းမှုနှင့်အတူ ကျေနပ်ခြင်းတချို့ပါဝင်နေသည်။

ဝမ်းနည်းခြင်းဟာ ယုဂန်နှင့်အတူဆက်လက်အတူမရှိနိုင်သောကြောင့်ပြီး ကျေနပ်ခြင်းဟာတော့ ယုဂန်နှင့်တွေ့ခွင့်ရခဲ့သဖြင့် မိမိဘဝဟာ လုံလောက်ခဲ့ပြီဟု ကျေနပ်နေခြင်းဖြစ်သည်။

"တစ်သက်လုံး အတူရှိပေးမည်" ဟူသောကတိကို မတည်နိုင်တော့သဖြင့် သူ ဝမ်းနည်းမိသည်။ ယုဂန်အပေါ် လည်း အားနာမိသည်။ တစ်ချိန်တည်းတွင်ပင် ယုဂန်ကို သူမည်မျှချစ်မြတ်နိုးရကြောင်း၊ ယုဂန်ဟာ သူ့ဘဝပင်ဖြစ်ခဲ့ကြောင်း ပြောပြခဲ့ချင်သည်။

ဒီဘဝတွင် ကြာကြာအတူမရှိနိုင်တော့လျှင်တောင် နောင်ဘဝတွင် သူ့ဘက်ကပဲ ယုဂန်ကိုလိုက်ရှာကာ အစကနေ ပြန်လည်ချစ်မြတ်နိုးမည်ဖြစ်ကြောင်း သူကတိပေးခဲ့ချက်သည်။ နောင်ဘဝတွင်တော့ သူ ယုဂန်နားတွင် ကြာကြာနေပေးပါ့မည်။

" ချစ်တယ် မောင့်ဇနီးလေး"

နောက်ဆုံးစကားဟာ ဒီဘဝအတွက် သူအနှစ်သက်ရဆုံးသော စကားသာဖြစ်လိမ့်မည်။

အရုဏ ကျေနပ်ခြင်းနှင့်အတူ အစိမ်းရောင်မျက်ဝန်းများကို မှိတ်ချလိုက်သည်။

ထိုအခါ ယုဂန်​၏ရင်ထဲတွင် ထိန်းချုပ်မရသော နာကျင်ခြင်းက နှလုံးသားကို အပြင်းအထန်နှိပ်စက်လာခဲ့​၏။ နှလုံးသွေးတို့ ဖြာခနဲပန်းထွက်လာခဲ့သလို ယုဂန်​၏မျက်ဝန်းအိမ်မှ မျက်ရည်များဟာလည်း အဖြိုင်ဖြိုင်စီးကျလာခဲ့သည်။

" မျက်လုံးတွေမပိတ်လိုက်ပါနဲ့ မောင်ရယ်။ ကျွန်တော်ကြောက်လို့ပါ"

ယုဂန် အရုဏကို လှုပ်နိုး၍ မျက်ဝန်းများပြန်လည်ဖွင့်လာအောင်ကြိုးစားသည်။ သို့ရာတွင် အရုဏသည် သတိပြန်လည်မလာတော့ချေ။

ထိုအခါ ယုဂန်ပိုမိုနာကျင်လာပြီး လက်ဖျားခြေဖျားများလည်း အေးစက်တုန်ရီလာခဲ့သည်။ သူ​၏မျက်ဝန်းအိမ်အတွင်း မျက်ရည်များက တာကျိုးသလို ပြည့်နှက်လာလေရာ ယုဂန်ဟာ ထပ်မံပြီး ရှိုက်ကြီးတငင်ငိုကြွေးမိတော့သည်။

" မောင် ကျွန်တော့်ကိုထားမသွားပါနဲ့။ တောင်းပန်ပါတယ်။ မထားခဲ့ပါနဲ့"

ယုဂန်​၏ပါးပြင်တစ်လျှောက် မျက်ရည်များက အဆီးအတားမရှိ တသွင်သွင်စီးကျလာခဲ့သည်။

သူ မောင့်ကို တင်းကျပ်စွာဖက်လိုက်သည်။

ထို့နောက် မောင့်နားရွက်နားသို့ကပ်ကာ တုန်ရီတိုးညှင်းလွန်းစွာ ဆိုသည်။

" ကျွန်တော်တို့ မိသားစုကလေး ထူထောင်ရဦးမယ်လေ။  တစ်ယောက်နဲ့တစ်ယောက် အသက်ကြီးလာတာကိုလည်း စောင့်ကြည့်ရဦးမှာ။ ဒီညက ရာသီဥတုအေးမှာ မောင်ရဲ့။ ကျွန်တော့်ကို မဖက်ထားပေးချင်တော့ဘူးလား"

တုံ့ပြန်မှုမရှိသည့် မောင့်ခန္ဓာကိုယ်က ယုဂန်​၏နှလုံးသားကို ဓားဖြင့်အကြိမ်ပေါင်းများစွာထိုးစိုက်နေသည့်အလား။

ယုဂန်​၏ရင်ဟာ ပေါက်ကွဲမတတ် နာကျင်နေလေပြီ။ ယုဂန်​၏မြင်ကွင်းများလည်း မှုန်ဝါးချင်လာသည်။

မောင်သာ မရှိတော့လျှင် ဟူသောအတွေးမျိုး ယုဂန်လုံးဝမတွေးတောချင်ပါပေ။

အတူရှိခဲ့သည့် လေးနှစ်ကျော်ငါးနှစ်ဝန်းကျင်အတွင်း သူဟာ တဖြည်းဖြည်းနှင့် မောင့်အတွက် ရှင်သန်သူသာဖြစ်ခဲ့ကြောင်း မောင်သိခဲ့ဖို့ကောင်းသည်။

မောင်မရှိတော့လျှင် သူသေသွားန်ိုင်ကြောင်း၊ မောင်အတွက်သာ သူအသက်ရှင်နေကြောင်း မောင်သတိပြန်ရမှ ရန်တွေ့ပြီး ပြောပြဦးမည်ဟု ယုဂန်တေးထားလိုက်သည်။

***********************************

A/N

မင်းယောဇာက တီဗီမှာပြတဲ့ ကိုရီးယားကားထဲက မင်းသမီးတွေလိုပဲ။ အချိန်အတော်ကြာမှ ဆံပင်ကေတွေချိန်း၊ glow up ပြီးခပ်မိုက်မိုက် ပြန်ရောက်လာတာ ဟဟ။

အရုဏအတွက်တော့ စိတ်မပူပါနဲ့။ TEO က HE လေ။ HE HE HE

12.10.2022
( Wednesday )
.
.
.

Zawgyi

ေပ်ာက္ေသာသူ ၾကာလွ်င္ေတြ႕

____________________

အ႐ုဏသည္ သူ႔ေရွ႕တည့္တည့္ရွိ စာခ်ဳပ္ကို စူးရဲစြာစိုက္ၾကည့္ေန​၏။

သူ​၏မ်က္ႏွာထက္တြင္ မည္သည့္ခံစားခ်က္မွ် စိုးစဥ္းမျပသဘဲ အမူအရာမဲ့၍ခက္ထန္ေနေလရာ အ႐ုဏ​၏ အေတြးမ်ားကို အမတ္ႀကီး, ခန႔္မွန္းမရႏိုင္ဘဲရွိေနေလသည္။ ထို႔ေၾကာင့္ ေမွာ္နက္ပညာရွင္အမတ္ႀကီးသည္ အ႐ုဏကို ထပ္မံ၍ သိမ္းသြင္းရေအာင္ သူ​၏နားသို႔ ပိုမိုတိုးကပ္လိုက္သည္။ အမတ္ႀကီး ထပ္ၿပီးသိမ္းသြင္းစကားဆိုခါနီးမွာပင္ မထင္မွတ္ထားေသာ အ႐ုဏ​၏ဓားခ်က္က သူ​၏ဝမ္းဗိုက္တည့္တည့္ဆီသို႔ လွ်ပ္တျပက္ဝင္ေရာက္လာသည္။

အမတ္ႀကီးသည္ သတိေကာင္းလြန္းသျဖင့္ အလ်င္အျမန္ေရွာင္ရွားႏိုင္လိုက္​၏။ အနာတရဟူ၍ မရရွိသြားသည့္တိုင္ အ႐ုဏ​၏ေ႐ြးခ်ယ္မႈကို သိရွိလိုက္ရသလို သူ႔စိတ္ထဲတြင္လည္း ေဒါသေထာင္းခနဲထြက္သြားသည္။

" မင္း!"

သူ အ႐ုဏကို ၾကမ္းရွစြာၾကည့္လ်က္ မာေၾကာစြာဆိုသည္။

အ႐ုဏဟာမူ သူ႔ကိုထပ္ၿပီးတိုက္ခိုက္ရန္အသင့္ျဖစ္ေနသကဲ့သို႔ ဓားကို အဆင္သင့္ၿမဲၿမံစြာဆုပ္ကိုင္ထားကာ ျပတ္သားစြာ ဆိုလာသည္။

" ကြၽန္ုပ္ ခင္ဗ်ားကို မယုံဘူး"

အမတ္ႀကီး ေဒါသတႀကီးစိုက္ၾကည့္သည္။ ထို႔ေနာက္တြင္ သူ​၏မာထန္ေနေသာ မ်က္ႏွာေၾကာတို႔ ျဖည္းျဖည္းခ်င္းေျပေလ်ာ့သြားၿပီး သူခပ္ဟဟရယ္သည္။

" မယုံတာေတာ့ မတတ္ႏိုင္ဘူး။ မင္းက မင္းၾကင္ယာေတာ္ ေသတာထိုင္ၾကည့္ႏိုင္မယ္ဆိုရင္လည္း မင္းသေဘာပဲ"

" သူ႔ကို ေသေအာင္လုပ္မွာ ခင္ဗ်ားလည္းျဖစ္ႏိုင္တယ္"

အမတ္ႀကီး မ်က္ခုံးပင့္ျပကာ သူ​၏စားပြဲရွိရာဆီသို႔ ေအးရာေအးေၾကာင္း လမ္းေလွ်ာက္သြားသည္။ သူ​၏ တည္ၿငိမ္ေနေသာ အမူအရာအရ သူ႔တြင္ အ႐ုဏကို အလြယ္တကူအႏိုင္ရရွိႏိုင္သည္ဟု ယုံၾကည္မႈရရွိထားပုံေပၚသည္။

" ကြၽန္ုပ္မွာ သက္တမ္းငါးရာရွိေတာ့ေရာ ဘာအေရးလဲ။ သာမန္လူတစ္ဦးက သူ႔အသက္ကိုဆြဲဆန႔္ႏိုင္မယ့္ နည္းလမ္းေတြအမ်ားႀကီးရွိေနတာ။ ကြၽန္ုပ္ၾကင္ယာေတာ္ အသက္ရွည္ေအာင္ ကြၽန္ုပ္လုပ္ေပးႏိုင္တယ္။ ဒါေပမဲ့ ခင္ဗ်ားကေတာ့ နဂါးမ်က္ရွင္လိုခ်င္.တာမလား။ ဘယ္လိုျဖစ္ျဖစ္ ယုဂန္ကို ခင္ဗ်ားရေအာင္ ဖမ္းမွာပဲ"

အ႐ုဏ​၏ေလသံသည္ တင္းမာကာ ျပတ္သားမႈႏွင့္အရွိအဝါမ်ားျပည့္ႏွက္ေနသည္။

အမတ္ႀကီးသည္ ထိုစကားမ်ားအေပၚ ေထာက္ခံသကဲ့သို႔ ေခါင္းတညိတ္ညိတ္ျပဳသည္။ တစ္ခ်ိန္တည္းတြင္ပင္ စားပြဲအစြန္းကို အသာမွီ၍ထိုင္လိုက္ကာ စားပြဲေပၚရွိ ဖန္လုံးတစ္လုံးကို လက္ထဲဆုပ္ကိုင္လိုက္သည္။

" မင္းမွန္ပါတယ္။ လြဲတာတစ္ခုေတာ့ရွိတယ္။ ငါက ယုဂန္ႏိုင္ကို ဖမ္းမွာမဟုတ္ဘူး။ ဖမ္းၿပီးေနၿပီ"

ထိုစကားဆုံးဆုံးခ်င္းမွာပင္ ဖန္လုံးထံမွ အေငြ႕မ်ားလႈိက္တက္လာၿပီး ထိုအေငြ႕မ်ားက အခ်င္းခ်င္းေပါင္းဆုံသြားေလရာ ေလေပၚတြင္ ပိတ္ကားခ်ပ္မ်က္ႏွာျပင္သဖြယ္ ျဖစ္တည္သြားေလသည္။ ထို႔ေနာက္ ယင္းမ်က္ႏွာျပင္ေပၚတြင္ ပုံရိပ္တစ္ခုေပၚလာသည္။

ထိုပုံရိပ္ထဲတြင္မူ ယုဂန္သည္ အလင္းေရာင္ခပ္ဖ်ဖ်သာရွိေသာ အခန္းတစ္ခုတြင္းပိတ္ေလွာင္ျခင္းခံထားရ​၏။

ယုဂန္​၏ေရွ႕ေမွာက္တြင္ ပုံပ်က္ပန္းပ်က္အေလာင္းမ်ား ျပည့္ႏွက္ေနကာ ယုဂန္သည္ ထိုအေလာင္းမ်ားဆီသြားၾကည့္၍လည္းေကာင္း၊ ဆန႔္က်င္ဘက္ရွိ ေလွကားေပၚတက္ၾကည့္လည္းေကာင္း ေယာက္ယက္ခပ္ေနသည္။ ထို႔ေနာက္ ယုဂန္သည္ ေလွကားေပၚမွ ျပန္ဆင္းလာၿပီး နံရံကို စိတ္ညစ္ညဴးဟန္ျဖင့္ ထု႐ိုက္ေနသည္။

အဆိုပါပုံရိပ္ေၾကာင့္ အ႐ုဏ ထိတ္လန႔္သြား​၏။ သူ ဓား႐ိုးကိုပို၍ တင္းက်ပ္စြာဆုပ္ကိုင္လိုက္ကာ ခုခ်က္ခ်င္းပင္ အမတ္ႀကီးကိုသတ္ျဖတ္ခ်င္ေနသည့္ အရိပ္အေယာင္မ်ား သူ​၏အစိမ္းေရာင္မ်က္ဝန္းထဲ ကိန္းထင္လာသည္။

အမတ္ႀကီးသည္ အ႐ုဏလက္ထဲရွိဓားႏွင့္ သူ႔ကိုသတ္ခ်င္လြန္း၍ ေဒါသတႀကီး႐ုန္းႂကြေနေသာ လက္ဖ်ံေပၚရွိ အေၾကာစိမ္းမ်ားကို တစ္ခ်က္လွမ္းၾကည့္ကာ ခနဲ႔တဲ့တဲ့ၿပဳံးသည္။

" ငါက အေလာင္းေတြကို ဖုတ္သြင္းႏိုင္တဲ့အထိ အဆင့္ျမင့္တဲ့ပညာရွင္။ ယုဂန္ႏိုင္ အနားမွာရွိတဲ့ အေလာင္းေတြအကုန္လုံး အသက္သာဝင္လာရင္ သူ တစ္စစီအဆြဲၿဖဲခံၿပီး အေသဆိုးနဲ႔ေသရမွာ သိတယ္ေနာ္"

အ႐ုဏ တုန္လႈပ္သြားသည္ကို သူျမင္လိုက္ရသည္။

" ခင္ဗ်ား သူ႔ကိုမသတ္ရဲပါဘူး။ နဂါးမ်က္ရွင္ရဖို႔ ခင္ဗ်ားသူ႔ကိုလိုအပ္ေသးတယ္"

အမတ္ႀကီး ပခုံးတြန႔္ျပကာ

" ေသေအာင္မလုပ္ရင္ၿပီးတာပဲမလား။ ယုဂန္ႏိုင္ရဲ႕ လက္ေတြေျခေတြ ျပဳတ္ထြက္သြားရင္ေကာ ဘယ္လိုလဲ။ မင္းအတြက္ အဆင္ေျပလား"

ဟု ဂ႐ုမစိုက္ဟန္ေလသံျဖင့္ဆိုသည္။

အ႐ုဏ​၏မ်က္ဝန္းမ်ား ပိုမို၍ ၾကမ္းရွခက္ထန္သြားသည္။

" ခင္ဗ်ား သူ႔ကိုထိရဲထိၾကည့္"

အ႐ုဏ ဩရွတင္းမာစြာေအာ္သည္။

အမတ္ႀကီးက အေငြ႕မ်ားလႈိက္တက္ကာ ပုံရိပ္ေဖာ္ေနေသာဖန္လုံးကို လက္ျဖင့္ဖ်စ္ညႇစ္ၿပီးဖ်က္ဆီးလိုက္ရာ ဖန္လုံးမ်ား တစ္စစီေၾကကြဲသြားၿပီး ယုဂန္ႏိုင္​၏ပုံရိပ္လည္း ကြယ္ေပ်ာက္သြားသည္။

" မင္းသာ ငါ့ကိုထိရဲထိၾကည့္..."

အမယ္ႀကီး ေအးစက္စြာဆိုသည္။  တစ္ခ်ိန္တည္းတြင္ပင္ သူ​၏လက္ေခ်ာင္းမ်ားၾကားထဲ မီးေတာက္သဖြယ္လူးလြန႔္ေနေသာ အနက္ေရာင္အေငြ႕မ်ားလႈိင္တက္လာသည္။

" ယုဂန္ႏိုင္ သူဘာျဖစ္သြားမယ္ထင္လဲ"

အမတ္ႀကီး သတိမျပဳမိလိုက္ေသာအခ်က္မွာ အ႐ုဏ​၏အစိမ္းေရာင္မ်က္ဆန္မ်ားသည္ ေသြးေရာင္ကဲ့သို႔ အလုံးစုံနီရဲသြားျခင္းသာ။

အ႐ုဏ​၏အထက္သြားဖုံးမွ သြားစြယ္မ်ားက ခြၽန္ထက္လာကာ အစြယ္မ်ားႏွယ္ ႐ုတ္ခ်ည္းရွည္ထြက္လာခဲ့သည္။

*************************************

ယုဂန္သည္ အပုပ္နံ႔တေထာင္းေထာင္းထြက္ေနေသာ အေလာင္းမ်ားႏွင့္ အလုံပိတ္ေျမေအာက္ခန္းအတြင္း အခ်ိန္တစ္ခုၾကာေနၿပီးသည့္ေနာက္တြင္ ပိုပို၍အသက္ရွဴရခက္ခဲလာခဲ့သည္။

သူသည္ ေၾကာက္စိတ္မႊန္၍ အထိတ္တလန႔္ျဖစ္ကာ နံရံမ်ားကိုပါ ထု႐ိုက္မိေသာ္လည္း ထို႔ေနာက္တြင္မူ စိတ္ေအးေအးထားကာ လြတ္ေျမာက္မည့္နည္းလမ္းကို ရွာေဖြသင့္ေၾကာင္း မိမိကိုယ္ကို သတိျပန္ခ်ပ္မိျပန္သည္။ ယခုအေျခအေနတြင္ မိမိကိုကယ္တင္မည့္သူမွာ မိမိသာရွိသည္မို႔ ပ်ာယာခတ္ကာ လန႔္ဖ်ပ္ေနမည့္အစား ေအာက္ဆီဂ်င္ကို ေခြၽတာသုံးၿပီး စိတ္ကိုတည္ၿငိမ္ေအာင္ အရင္ထားရမည္ဟု သူေတြးေတာလိုက္သည္။

ထို႔ေၾကာင့္ ယုဂန္သည္ အေလာင္းပုံႀကီး​၏အေရွ႕တည့္တည့္ရွိ အတန္ငယ္လြတ္ေနေသာ ေျမကြက္လပ္တြင္ တင္ပလႅင္ေခြထိုင္လိုက္သည္။ ထို႔ေနာက္ အပုပ္နံ႔ကိုသည္းခံၿပီး ဝင္ေလထြက္ေလေခတၱမွတ္လိုက္ရာ အေတာ္အသင့္စိတ္တည္ၿငိမ္ၿပီဆိုမွ လုပ္စရာရွိသည္ကို ဆက္လက္လုပ္ေဆာင္သည္။

သူ ပထမဆုံးလုပ္ေဆာင္လိုက္ျခင္းမွာ ေမွာင္ေမွာင္မဲမဲေလထုတြင္းမွ ပုံပ်က္ပန္းပ်က္ အေလာင္းပုံႀကီးကို ၾကည့္ကာ

" ဒီထဲမွာ ဝိဉာဥ္တစ္ေကာင္ေကာင္ရွိသလား"

ဟု ေအာ္ေမးလိုက္ျခင္းပင္။

ထိုအေတာအတြင္း သူ​၏ႏွလုံးမွာ စိတ္လႈပ္ရွားမႈေၾကာင့္ သာမန္ထက္ပို၍ခုန္ေပါက္ေနေလသည္။

သူသည္ သရဲတစ္ေကာင္ေကာင္ကို အခုလိုနည္းလမ္းျဖင့္ေခၚရလိမ့္မည္ဟု တစ္ခါမွမေတြးခဲ့ဖူးပါ။ သို႔ေသာ္လည္း ယခုအခ်ိန္တြင္ သူအကူအညီေတာင္းစရာဟူ၍ သရဲသာရွိသည္။

ဒီေလာက္ အေလာင္းေတြအမ်ားႀကီးၾကားထဲ သရဲတစ္ေကာင္ေကာင္ေတာ့ရွိဖို႔ သင့္ပါသည္။

" ဝိဉာဥ္ရွိရင္ ငါ့ကိုကိုယ္ထင္ျပပါ။ မေၾကာက္ပါနဲ႔။ ငါ အႏၲရာယ္ျပဳဖို႔မဟုတ္ပါဘူး။ ငါအကူအညီလိုလို႔ပါ။ ငါ့ကိုကူညီေပးပါ"

ယုဂန္ ဒုတိယအႀကိမ္ထပ္မံေအာ္ေျပာသည္။

အေမွာင္ထုေအာက္မွ အေလာင္းပုံႀကီးဟာေတာ့ တိတ္ဆိတ္ေနၿမဲျဖစ္​၏။

မီးေရာင္ဖ်ဖ်​။
အေမွာင္ထု။
ဆိုးဝါးေသာေသဆုံးျခင္းႏွင့္ ေတြ႕ႀကဳံခဲ့ရမွန္းသိသာေသာ အေလာင္းပုံ။

အလုံပိတ္အခန္း။
ေအာက္ဆီဂ်င္နည္းနည္း။
ေသဖို႔လက္တစ္ကမ္းအလို။

ထိုသို႔ေသာအခ်ိန္အခါတြင္ သရဲကို ေအာ္ေခၚေနရျခင္းမွာ ေခ်ာက္ခ်ားစရာေကာင္းေသာအေျခအေနတစ္ရပ္ျဖစ္သည္။ 

သို႔ေသာ္လည္း ယုဂန္တြင္ ေ႐ြးခ်ယ္စရာနည္းလမ္းမရွိေလရာ အေမွာင္ထုရစ္လႊမ္းေသာအေလာင္းပုံႀကီးဆီ ၾကည့္၍သာ

" ငါ ဒီထဲမွာ ၾကာၾကာေနရင္ အသက္ရွဴက်ပ္ၿပီးေသလိမ့္မယ္။ ငါ့ကို တစ္ေယာက္ေယာက္က ထြက္ေပါက္ဆီလမ္းျပေပးရင္ ငါေက်းဇူးတင္မိမွာပဲ။ ငါ ေသခ်ာေပါက္ေက်းဇူးျပန္ဆပ္မွာပါ"

ဟု အက္ကြဲခ်င္ေနေသာအသံႏွင့္ ထပ္မံေရ႐ြတ္ရျပန္သည္။

ထိုအခ်ိန္ထိ မည္သည့္သရဲမွမေပၚလာေသာေၾကာင့္ ယုဂန္​၏ေမွ်ာ္လင့္ခ်က္ေသးေသးေလးပင္ ပ်က္ျပားၿပီး စိတ္ဓာတ္က်ခ်င္လာသည္။

သို႔ရာတြင္ ယုဂန္​၏ကံေကာင္းျခင္းဟု ဆိုရမည္လားမသိ။
သိပ္မၾကာခင္တြင္ အေမွာင္ထုအတြင္း၊ အေလာင္းပုံႀကီးအထက္မွ နီနီရဲရဲမ်က္လုံးႏွစ္စုံ ေပၚထြက္လာသည္။

ယုဂန္သည္ ေၾကာက္စိတ္တစ္ဝက္ျဖစ္ေသာ္လည္း အကူအညီရၿပီဟူေသာအသိႏွင့္ ေပ်ာ္႐ႊင္ျခင္းအတိျဖစ္ကာ ယင္းမ်က္လုံးႏွစ္စုံကို လိုက္ၾကည့္မိသည္။

ထိုမ်က္လုံးႏွစ္စုံသည္ အေမွာင္ထုထဲမွ ျဖည္းျဖည္းခ်င္းထြက္ေပၚလာကာ မီးေရာင္ဖ်ဖ်ေအာက္သို႔ ေရာက္ရွိလာသည္။ ထိုတြင္ ထြက္ေပၚလာေသာ သရဲႏွစ္ေကာင္​​၏သြင္ျပင္ကို ယုဂန္ သဲသဲကြဲကြဲျမင္လိုက္ရသည္။

သရဲႏွစ္ေကာင္သည္ ကေလးသရဲမ်ားျဖစ္၍
ဦးေခါင္းတစ္ျခမ္းပဲ့ေနေသာ ကေလးမေလးတစ္ေယာက္ႏွင့္ ဗိုက္ေပါက္ကာ အူမ်ားထြက္က်ေနေသာ အသက္၁၂ ႏွစ္အ႐ြယ္ေကာင္ေလးတစ္ဦးတို႔ ျဖစ္သည္။ 

ယုဂန္သည္ စစ္ပြဲအလီလီကိုႀကဳံေတြ႕ဖူးျဖစ္သျဖင့္ ဤကဲ့သို႔အနိ႒ာ႐ုံျမင္ကြင္းကို အေတြ႕အႀကဳံရေနၿပီျဖစ္ရာ သရဲႏွစ္ဦး​၏ ေအာ့အန္႐ြံရွာဖြယ္ ကိုယ္ခႏၶာသြင္ျပင္ကို ေၾကာက္လန႔္ျခင္းမရွိ ၾကည့္ရႈႏိုင္သည္။ ထိုသို႔ မေၾကာက္လန႔္သျဖင့္လည္း သူဟာ အသက္ရွင္ႏိုင္ၿပီဟူေသာ ေပ်ာ္႐ႊင္မႈအျပည့္ကို ရင္ထဲမွလႈိက္၍ခံစားေနရသည္။

" ထြက္လာေပးလို႔ ေက်းဇူးတင္ပါတယ္"

သူ စိတ္သက္သာရာရစြာဆိုသည္။

သရဲႏွစ္ဦးထဲမွ အစ္ကိုႀကီးျဖစ္ေသာေကာင္ေလးက သူ႔ကို စူးစိုက္ၾကည့္ကာေျပာလာသည္။

" ထြက္ေပါက္ဆီ လမ္းျပေပးမယ္။ ဒါေပမဲ့ တစ္ခုႏွစ္ခုေလာက္ေတာ့ျပန္လုပ္ေပးပါ"

အသံၾကားေတာ့လည္း အသက္ရွိေနသည့္လူလိုပါပင္။ ယုဂန္သည္ အဘယ္ေၾကာင့္ သူ သရဲကိုေခၚေနတုန္း ေၾကာက္စိတ္တစ္ဝက္ႏွင့္စိတ္လႈပ္ရွားခဲ့ပါသနည္း ဟုေတြးေတာမိသည္။

အခုလို မ်က္ႏွာခ်င္းဆိုင္ေတြ႕ေတာ့လည္း ေၾကာက္စရာမေကာင္းလွေပ။ ကေလးေတြမို႔လို႔ပဲလားေတာ့ မသိပါေခ်။

" ငါ အကုန္လုပ္ေပးပါ့မယ္။ ေျပာပါ"

ယုဂန္ ဒီကေလးေတြဆီမွ မည္သည့္အက်ိဳးအျမတ္မရခဲ့လွ်င္ေတာင္ ကူညီေပးခ်င္စိတ္ ျဖစ္ေပၚမိသည္။

ဒီကေလးေတြ ဆိုးဝါးေသာေသဆုံးျခင္းႏွင့္ေတြ႕ႀကဳံခဲ့ဖို႔အတြက္ ငယ္ေသးလြန္းလွသည္။ သူတို႔ကို ယုဂန္သနားမိသည္။

" ကြၽန္ုပ္တို႔ မိဘေတြကို ကြၽန္ုပ္တို႔ဒီမွာရွိေနေၾကာင္း အသိေပးေပးပါ"

ေကာင္ေလးက ဆိုသည္။ သူ​၏မ်က္ႏွာသည္ အသားစမ်ားပြထ၍ စုတ္ျပတ္သပ္ေနေသာေၾကာင့္ အမူအရာကို ေသခ်ာမေတြ႕ရသည့္တိုင္ နီရဲေနေသာမ်က္ဝန္းမ်ားက ဝမ္းနည္းျခင္းအသြင္ကို အျပည့္ေဆာင္ေနသည္။  

သူ႔စကားဆုံးသည္ႏွင့္ တစ္ဆက္တည္းပင္ ေကာင္ေလးအေနာက္၌ အနည္းငယ္ပုန္းကြယ္ေနေသာ ကေလးမေလးက တိုးညႇင္းေသးငယ္ေသာအသံျဖင့္

" ေနာက္ၿပီး ဒီမွာမေနခ်င္ေတာ့ဘူး။ ထြက္သြားလို႔ရေအာင္ ကူညီေပးပါ"

ဟု ေတာင္းဆိုသည္။ သူမ​၏အသံတြင္ ရႈိက္သံေသးေသးေလးေတာင္ ကပ္ၿငိေနေသးသည္။

ယုဂန္သည္ အႏွီကေလးတို႔ ေတြ႕ႀကဳံခဲ့ရမည့္အရာမ်ားကို ပုံေဖာ္ေတြးေတာမိေလရာ ကေလးေတြအစား မခံမရပ္ႏိုင္ေအာင္ နာက်င္ဝမ္းနည္းမိသည္။ ထို႔ေၾကာင့္ သူ လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္လိုက္ၿပီး

" စိတ္ခ်ပါ။ ငါအကုန္လုပ္ေပးမယ္။ မင္းတို႔ မတရားေသရတဲ့ကိစၥကိုပါ ေဖာ္ထုတ္ေပးမယ္"

ဟု ဩရွျပတ္ေတာက္စြာဆိုသည္။

ထိုသို႔ အျပန္အလွန္ကတိေပးၿပီးသည့္ေနာက္တြင္ သရဲေလးႏွစ္ေယာက္က ယုဂန္ကို အေနာက္မွလိုက္ခဲ့ပါရန္ ဆိုသည္။

ယုဂန္သည္ မီးတုတ္ဆြဲကိုင္၍ သူတို႔ေနာက္မွ လိုက္သြားရေလရာ မလႊဲသာမေရွာင္သာဘဲ အေလာင္းပုံၾက္ီးကို တက္နင္းေက်ာ္လႊားရေတာ့သည္။

ထိုသို႔ အေလာင္းမ်ားအေပၚ တက္နင္း၍ လမ္းေလွ်ာက္ရမွ လူေသအေလာင္းမ်ား မည္မွ်မ်ားျပားလွသည္ကို သူေသခ်ာသိရွိေတာ့သည္။ လူေသအေလာင္းမ်ားသည္ လမ္းတစ္ေလွ်ာက္ ခင္းက်င္းေန,ရာ အနည္းဆုံးလူေသာင္းခ်ီေလာက္ေတာ့ရွိေလာက္မည္။

အဆိုပါ လူေသေကာင္မ်ားထားရာ ေျမေအာက္ခန္းသည္ ေက်ာင္းႀကီးႏွင့္ဆက္စပ္ထားျခင္းျဖစ္ၿပီး ထိုအခန္းအတိုင္း စၾကၤန္တစ္ေလွ်ာက္ ဆက္ေလွ်ာက္သြားပါလွ်င္ ေက်ာင္းႀကီးဆီ ေပါက္ေရာက္ေၾကာင္း သရဲေလးႏွစ္ေကာင္က ရွင္းျပသည္။ သူတို႔က ဆက္လက္ၿပီး ယုဂန္​၏တစ္ခုတည္းေသာထြက္လမ္းမွာလည္း ေက်ာင္းႀကီးဆီသာျဖစ္ေၾကာင္း ေျပာျပသည္။

​ယုဂန္သည္ သြားသည့္လမ္းတစ္ေလွ်ာက္ အေမွာင္ထုထဲတြင္ တခ်ိဳ႕ေသာသရဲမ်ားကိုပါေတြ႕ရ​၏။ ထိုသို႔ လမ္းေဘးဘီတစ္ေလွ်ာက္ ငုပ္တုပ္ထိုင္ေနေသာသရဲႀကီးတစ္ေကာင္ကို သူ စိတ္ဝင္တစားၾကည့္ေနမိရာ မထင္မွတ္ပါဘဲ သူတက္နင္းထားမိေသာ အေလာင္းက သူ႔ေျခခ်င္းဝတ္ကို ဖ်တ္ခနဲဆုပ္ကိုင္လိုက္ေလသည္။

ယုဂန္သည္ ထိတ္လန႔္မႈေၾကာင့္ က်ယ္ေလာင္စြာ ေအာ္မိလုနီးနီး။

သို႔ေသာ္လည္း ထိုသရဲမွာ ယုဂန္ကို အသာတၾကည္ျပန္လႊတ္ေပးလိုက္ၿပီး အကူအညီေတာင္း႐ုံမွအပ အႏၲရာယ္ေပးလိုျခင္း မရွိပုံေပ။

ယုဂန္ဟာေတာ့ ရင္ဘတ္ကေလးကိုဖိလ်က္ သရဲအိမ္ထဲေရာက္ေနသလို ဖုတ္လိုက္ဖုတ္လိုက္ ျဖစ္ေနေလသည္။

သို႔ေသာ္လည္း ပိုဆိုးသည္မွာ အခုက သရဲအိမ္မဟုတ္၊ တကယ့္သရဲအစစ္ႏွင့္ တကယ့္လူေသအေလာင္းမ်ားျဖစ္ေသာေၾကာင့္ သာမန္သရဲေၾကာက္တတ္သူသာဆိုလွ်င္ ေအာက္စီဂ်င္ျပတ္မေသခင္ ႏွလုံးေဖာက္၍ ေသေနေလာက္ၿပီျဖစ္သည္။

ယုဂန္သည္ ထိုအတိုင္း သရဲေလးႏွစ္ေကာင္ေနာက္ကို ဆက္လိုက္လာေသာ္လည္း သိခ်င္စိတ္ကိုထိန္းမရေတာ့ပါေခ်။ ထို႔ေၾကာင့္ ဤတြင္ လူေသာင္းခ်ီေသပါလ်က္ အဘယ္ေၾကာင့္ သရဲအနည္းငယ္သာ ေတြ႕ရသနည္း၊ အဘယ္ေၾကာင့္ သရဲမ်ားဟာ ဤေနရာမွ မထြက္သြားႏိုင္ပါသနည္း စသျဖင့္ အေမးရွိလိုက္သည္။

ထိုအခါ သရဲေကာင္ေလးက ရွင္းျပသည္။

ေမွာ္နက္ပညာရွင္အမတ္ႀကီးသည္ လူသတ္ၿပီးသည္ႏွင့္ ဝိဉာဥ္မ်ားကို ကြၽတ္တန္းမဝင္ေစဘဲ၊ ေနာင္ဘဝမကူးေစဘဲ ဝိဉာဥ္ဘဝ၌ပိတ္မိေနေအာင္ အစီအရင္ျပဳလုပ္ထားေၾကာင္း၊ ဝိဉာဥ္ဘဝ၌ပိတ္မိေနသူမ်ားကို ဝိဉာဥ္ခ်ဳပ္ပစၥည္းႏွင့္ သိမ္းဆည္းထားေၾကာင္း၊ သူတို႔ဟာ ေက်ာင္းႀကီးတြင္း ပတ္ပုန္းေနေသာေၾကာင့္သာ အမတ္ႀကီး​၏ဖမ္းခ်ဳပ္ျခင္းကို မခံထားရေၾကာင္း၊ အမတ္ႀကီး​၏အစီရင္ေၾကာင့္ ေက်ာင္းႀကီးထဲမွတစ္ပါး တျခားေနရာသို႔သြား၍မရေၾကာင္း စသျဖင့္ အစုံအလင္ေျပာျပရာ ယုဂန္သည္ အမတ္ႀကီး​၏ဆိုးယုတ္အႀကံအစည္အေၾကာင္း ပိုမို၍သိရွိခ်င္လာသည္။

တစ္ဆက္တည္းပင္ အမတ္ႀကီးဟာ လူအစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခဲ့သည္။ ထိုလူတို႔​၏ဝိဉာဥ္မ်ားကိုလည္း ဖမ္းခ်ဳပ္ထား​၏။ ဒီလူႀကီး ေသလွ်င္ ငရဲအဆက္ဆက္ေတာ့ ခံရေတာ့မည္ျဖစ္ေကာင္း ယုဂန္ေတြးမိသည္။ သို႔ေသာ္လည္း ငရဲဟာ ေသၿပီးမွလာမည္။ ဒီလူႀကီးမေသခင္ အရွင္လတ္လတ္ငရဲေပးဦးမည္ဟု ယုဂန္ေတးထားလိုက္သည္။

ဤသို႔ႏွင့္ ယုဂန္သည္ စၾကၤန္လမ္းအဆုံးသို႔ေရာက္ရွိခဲ့​၏။ ထ္ိုအဆုံးတြင္ တံခါးတစ္ေပါက္ရွိေနကာ သရဲေလးႏွစ္ေကာင္ကပင္ တံခါးတြင္းေဖာက္ဝင္ၿပီး အျပင္ဘက္ကေန ဖြင့္ေပးလာသည္။

ယုဂန္တံခါးအျပင္သို႔ထြက္လိုက္ေသာအခါ ေက်ာင္းႀကီးထဲသို႔ ေရာက္ရွိေနေၾကာင္း သိလိုက္ရသည္။ ယုဂန္ သရဲေလးႏွစ္ေကာင္ကို ေက်းဇူးတင္စကားဆိုကာ မီးတုတ္ကို ထိုေနရာတြင္ပစ္ခ်ခဲ့ၿပီး ေက်ာင္းႀကီးထဲသို႔ ပုန္းလွ်ိဳးကြယ္လွ်ိဳးႏွင့္ ဂ႐ုတစိုက္ထြက္ခြာသြားေတာ့သည္။

ယုဂန္သည္ ေမာင္တို႔ လုပ္ႀကံရန္ ဗ်ဴဟာခ်မွတ္စဥ္က အနားတြင္ရွိေနသည္ျဖစ္ေသာေၾကာင့္ ေက်ာင္းႀကီး​၏ ေျမပုံကို ေကာင္းမြန္ေသာ ဦးေႏွာက္တြင္း ၾကည္လင္စြာမွတ္မိေနခဲ့သည္။

သူ႔ဟာသူဆိုလွ်င္ေတာ့ ေမာင့္ကိုအကူအညီမျဖစ္ေစမည့္အတူတူ ေက်ာင္းထဲက ထြက္သြားလိမ့္မည္ျဖစ္သည္။ သို႔ရာတြင္ ယခုတြင္ေတာ့ အမတ္ႀကီးက သူတို႔ေရာက္ရွိေနေၾကာင္းသိေနသျဖင့္ ေမာင့္အေပၚစိုးရိမ္ေနမိသည္။ ေမာင့္တြင္ အႏၲရာယ္တစ္စုံတစ္ရာရွိေနမလားဟူ၍ ပူပန္ေနမိ​၏။

ထို႔ေၾကာင့္ ေမာင့္ကိုလိုက္ရွာရန္ အမတ္ႀကီး​၏အခန္းရွိရာ အေပၚဆုံးထပ္ဆီသြားမည္ဟု စိတ္ပိုင္းျဖတ္လိုက္ၿပီး ေက်ာင္းႀကီး​၏အေစာင့္မ်ား၊ ကေလးတို႔ကိုေစာင့္ေရွာက္သူမ်ား​၏အမည္တပ္ထားေသာ အမတ္ႀကီး​၏တပည့္မ်ား မျမင္ေအာင္ တတ္ႏိုင္သမွ်ဂ႐ုစိုက္၍ ေလွကားဆီ သြားသည္။

ယုဂန္ ေလွကားမွတစ္ဆင့္ အေပၚသို႔တက္သည္။ အေစာင့္တစ္ေယာက္ႏွင့္တိုးေသာေၾကာင့္ သူကပင္ လက္ဦးေအာင္ အေစာင့္ကို ေဘးရွိ သံပန္းအိုးႏွင့္ ေကာက္႐ိုက္ပစ္လိုက္ၿပီး အေစာင့္ ေလွကားေပၚမွ ဒလိမ့္ေခါက္​ေကြး ျပဳတ္က်သြားသည္ႏွင့္ ယုဂန္လည္း ထိုေနရာမွ အျမန္ထြက္ေျပးခဲ့ေတာ့သည္။

ယုဂန္​၏ယခုတည္ေနရာမွာ တျခားေသာေလွကားတစ္တစ္ခုစီ ျဖစ္သည္။

သို႔ေသာ္လည္း အမတ္ႀကီး​၏တပည့္ႏွစ္ဦးခန႔္ႏွင့္ တည့္တည့္တိုးျပန္ရာ ယုဂန္သည္ အခန္းတစ္ခန္းထဲသို႔ လ်င္ျမန္စြာဝင္ေရာက္ပုန္းခိုလိုက္ရသည္။

ကံဆိုးမည္ဟု ဆိုရမလားမသိ။ ထိုအခန္းထဲတြင္လည္း အေစာင့္ေယာက္်ားတစ္ဦးရွိေနၿပီး ထိုလူက ကေလးငယ္တစ္ဦးကို ေဒါသတႀကီး႐ိုက္ႏွက္ေနခဲ့သည္။

ထိုအခန္းထဲသည္ အေတာ္အတန္က်ယ္ဝန္းၿပီး အ႐ိုက္ခံေနရေသာ ကေလးငယ္အပါအဝင္ ဆယ္ႏွစ္ပတ္လည္ကေလးငယ္မ်ား ဆယ္ေယာက္ခန႔္ရွိသည္။ ယင္းသည္ ကေလးမ်ား​၏အိပ္ခန္းေဆာင္ျဖစ္ဟန္တူ​၏။ ေဟာင္းေဆြးၿပီး ယိုင္နဲ႔နဲ႔ျဖစ္ေသာ ကုတင္မ်ားလည္းရွိေလရာ အခန္းမွာအေတာ္အတန္က်ယ္ဝန္းေသာ္လည္း လူဆယ္ေယာက္ႁပြတ္သိပ္ေနဖို႔အတြက္မူ က်ဥ္းေျမာင္းလြန္းလွသည္။

ကံေကာင္းစြာႏွင့္ အေစာင့္ျဖစ္သူမွာ ကေလးကိုသာ မဲေနေလရာ ယုဂန္ေရာက္ရွိလာသည္ကို သတိမျပဳမိေပ။ ထို႔အတူ က်န္ရွိေသာကေလးမ်ားဟာလည္း ေၾကာက္လန႔္စြာျဖင့္ ေခ်ာင္ထဲတြင္ အခ်င္းခ်င္းပူးကပ္ကာ ခႏၶာကိုယ္ေလးမ်ား တုန္ရီေနၾကေသာေၾကာင့္ ယုဂန္ကို မျမင္ေတြ႕ၾကေပ​။

ယုဂန္သည္ မိမိအား မည္သူမွ်မျမင္ၾကေသးသည္ကို အခြင့္ေကာင္းယူကာ ကုတင္တစ္လုံးေနာက္၌ ဝင္ပုန္းလိုက္သည္။ ထို႔ေနာက္ အေစာင့္ႏွင့္ အ႐ိုက္ခံေနရေသာ ကေလးဆီလွမ္းၾကည့္လိုက္ရာ ကေလးသည္ အေစာင့္လက္ထဲမွ ငိုယိုၿပီး အတင္းကာေရာ ႐ုန္းထြက္ေနေၾကာင္းေတြ႕ရွိရသည္။

" ေမေမ့ဆီ,ျပန္မယ္။ ဒီမွာမေနဘူး။ ျပန္မယ္။ သား မိဘမဲ့မဟုတ္ဘူး။ မိသားစုရွိတယ္"

ကေလးငယ္က အာေခါင္ျခစ္ငိုယို​၏။

သို႔ေသာ္လည္း သူၾကာၾကာမေအာ္ငိုရေသးခင္မွာပင္ အေစာင့္​၏ႀကီးမားၾကမ္းတမ္းေသာလက္ဖဝါးႀကီးက ကေလး​၏ပါးျပင္ေပၚ ေျဖာင္းခနဲက်ေရာက္သြားေလသည္။

ေယာက္်ားႀကီးတစ္ေယာက္​၏အားေပမို႔ ကေလးငယ္မွာ ၾကမ္းျပင္ေပၚသို႔ တစ္ခ်က္တည္းႏွင့္လဲက်သြားသည္။ ငိုရႈိက္သံသဲ့သဲ့ေလးေတာင္ မထြက္ႏိုင္ေတာ့ေပ။

အေစာင့္ေယာက္်ားမွာမူ ေဒါသမေျပေသးဟန္ျဖင့္ လဲက်ေနေသာ ကေလးငယ္​၏ဝမ္းဗိုက္ကို ေျခေထာက္ျဖင့္ ပိတ္ကန္ေလသည္။

" ငိုတယ္ေပါ့ ဟုတ္လား။ ထပ္ငိုေလ ထပ္ငို။ မင္းမိဘေတြနဲ႔ မင္းက ထပ္ေတြ႕ရေတာ့မွာမဟုတ္ဘူး။ ဒီမွာပဲ မင္းကေသရမွာ နားလည္လား"

အေစာင့္က ေျပာလည္းေျပာကာ ကေလးကို အက်ႌလည္ပင္းမွတစ္ဆင့္ပင့္မလိုက္ၿပီး နံရံဘက္သို႔ တြန္းလိုက္ျပန္သည္။ ကေလးသည္ နံရံႏွင့္ေခါင္း အုန္းခနဲေဆာင့္မိသြားၿပီး ၾကမ္းျပင္ေပၚ အ႐ုပ္က်ိဳးပ်က္လဲက်သြားျပန္​၏။

ဤကဲ့သို႔ေသာ ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္မႈသည္ ၈ႏွစ္၊ ၉ ႏွစ္အ႐ြယ္ကေလးတစ္ေယာက္အတြက္ ေသေစႏိုင္ေလာက္ေသာ ထိခိုက္နာက်င္မႈမ်ိဳး ျဖစ္သည့္တိုင္ အေစာင့္ဟာေတာ့ ထိုမွ်ႏွင့္ေက်နပ္ေသးပုံမေပၚဘဲ ကေလးငယ္ကိုပင့္ခ်ီကာ ကိုင္ေပါက္ဖို႔ႀကိဳးပမ္းေနျပန္သည္။

ယုဂန္သည္ ထိုအတိုင္းဆက္လက္ပုန္းေအာင္းေနရန္ မျဖစ္ႏိုင္ေတာ့ေခ်။

သူသည္ ပုန္းေနရာမွ ေျပးထြက္ကာ ကေလးငယ္ ၾကမ္းျပင္ေပၚ သို႔ ဆိုးဝါးစြာမျပဳတ္က်သြားခင္ ကေလးကို ဆီးဖမ္းလိုက္သည္။

သူ႔ရင္ခြင္ထဲေရာက္ရွိလာေသာ ကေလးငယ္မွာ ဒဏ္ရာဒဏ္ရာမ်ားစြာႏွင့္ ဦးေခါင္းမွ ေသြးမ်ားလည္း ယိုစိမ့္ထြက္ေနသည္။ ယုဂန္ ကေလး​၏လည္ပင္းေသြးေၾကာဆီ ကပ်ာကယာႏွင့္စမ္းၾကည့္သည္။ အသက္ရွိေသးေၾကာင္းသိလိုက္ရေသာ္ သူ,စိတ္သက္သာရာရသြားသည္။

" မင္း...ဘယ္သူလဲ"

ယုဂန္ကိုျမင္ေသာ္ အေစာင့္က အံ့ဩတႀကီးဆိုသည္။

ယုဂန္သည္ တိုက္ပြဲအေထြေထြ၌ အေတြ႕အႀကဳံရွိလာသူပီပီ အခ်ိန္မလစ္ဟင္းေစရဘဲ သတိလစ္ေနေသာကေလးကို ေဘးသို႔ အလ်င္အျမန္ႏွင့္ အသာအယာခ်လိုက္သည္။

ထို႔ေနာက္ အေစာင့္ကို သူကပင္ အလ်င္ဦးေအာင္ တိုက္ခိုက္လိုက္​၏။

အဆိုပါအေစာင့္သည္ ယုဂန္ကို ေသေအာင္လုပ္ႀကံခဲ့သည့္ အမတ္ႀကီး​၏တပည့္ႏွင့္မတူ။ ေမွာ္နက္ပညာလည္း မတတ္သလို၊ ကိုယ္ခံပညာအေၾကာင္းလည္း တစ္စြန္းတစ္စေလးေတာင္ သိရွိပုံမေပၚပါေခ်။ ကေလးေတြကိုသာ မေကာင္းဆိုးဝါးတစ္ေကာင္ပမာ ႏွိပ္စက္ေနေသာ္လည္း ယုဂန္လို ကိုယ္ခံပညာ၌ မ်ားစြာမထူးခြၽန္သည့္သူကိုေတာင္ တန္ျပန္မတိုက္ခိုက္ႏိုင္ပါေခ်။

ထို႔ေၾကာင့္ တိုေတာင္းလွေသာအခ်ိန္ကေလးအတြင္း ယုဂန္သည္ ထိုအေစာင့္ကို ေသလုနီးပါးျဖစ္ေအာင္ ႐ိုက္ႏွက္ႏိုင္ခဲ့​၏။

အေစာင့္သည္ ေသြးအလိမ္းလိမ္းႏွင့္ ေျခလက္ပင္မလႈပ္ႏိုင္ေအာင္ သတိလစ္သြားသည္။ ထိုအခါ ယုဂန္သည္ ဒဏ္ရာရေနေသာ ကေလးဆီေျပး၍ အေရးေပၚကုသျခင္းကို စတင္ရေတာ့သည္။

ယုဂန္သည္ ပိတ္စတစ္စအျမန္ရွာလိုက္ၿပီး ကေလး​၏ဦးေခါင္းမွ ေသြးမ်ားရပ္ေအာင္ တတ္သေလာက္မွတ္သေလာက္ စည္းေႏွာင္ေပးလိုက္သည္။ ၿပီးေနာက္ ကေလးကို ျပန္လည္သတိရလာေအာင္ ပီယံမိတ္ဆီမွ အနည္းငယ္သင္ယူဖူးေသာ ကုသေရးစြမ္းအားႏွင့္ ဦးေႏွာက္ကိုလႈံ႕ေဆာ္ေပးသည္။

သိပ္မၾကာခင္မွာပင္ ကေလး​၏မ်က္လုံးမ်ားျပန္ပြင့္လာသည္။

ယုဂန္သည္ ဒဏ္ရာရထားေသာ ကေလးအပါအဝင္ က်န္ေသာကေလးမ်ားကို မေၾကာက္လန႔္ေအာင္ အားေပးစကားေျပာဆိုၿပီး အေစာင့္မ်ားထပ္မဝင္လာေအာင္ တံခါးကို အတြင္းထဲမွ ေသခ်ာပိတ္ထားရန္၊ ေနာက္ၿပီး အကယ္၍ အႏၲရာယ္တစ္စုံတစ္ရာရွိလာပါက အခ်င္းခ်င္း႐ိုင္းပင္းကူညီၿပီး လုံၿခဳံေသာတစ္ေနရာတြင္ ပုန္းခိုေနၾကရန္ အလ်င္အျမန္မွာၾကားလိုက္သည္။

ထို႔ေနာက္ သူ​၏သြားလိုရာကို ဆက္သြားရန္ ျပင္ဆင္လိုက္သည္။

ထိုသို႔ ယုဂန္ အခန္းထဲမွထြက္ခါနီးတြင္ ျပတင္းေပါက္မွတစ္ဆင့္ မေမွ်ာ္လင့္ထားေသာအရာကို ေတြ႕ျမင္လိုက္ရသည္။

ထိုအရာမွာ ျပတင္းေပါက္အနီးျဖတ္ပ်ံကာ အေပၚသို႔ ထိုးတက္သြားေသာ သိမ္းငွက္တစ္ေကာင္​၏ပုံရိပ္ပင္။

တိတိက်က်ေျပာရပါက ေျခေထာက္အမည္းေရာင္ရွိေသာ သိမ္းငွက္ျဖစ္သည္။

​ပင္လယ္နား မည္သည့္သိမ္းငွက္က ေရာက္ရွိစရာအေၾကာင္းရွိပါသနည္း။

မည္သည့္သိမ္းငွက္ကေရာ ေျခေထာက္အမည္းေရာင္ရွိပါသနည္း။

ဒြိဟျဖစ္ေနစရာမလို။
ထိုသိမ္းငွက္မွာ စုန္းမကိဏီမွလြဲ၍ တျခားသူမျဖစ္ႏိုင္ေခ်။

စုန္းမကိဏီ....
သူမက အဘယ္ေၾကာင့္ ဒီကိုေရာက္ရွိလာပါသနည္း။

ေနာက္ၿပီး သူမကအေပၚကို တည့္တည့္ပ်ံတက္သြားခဲ့သည္။ အေပၚဆုံးထပ္တြင္ အမတ္ႀကီး​၏အခန္းသာရွိသည္။

ထိုအေၾကာင္းကို ယုဂန္,သတိရသြားေသာအခါ သူသည္ ပို၍ ပ်ာယာခတ္သြားၿပီး အခန္းအျပင္သို႔ ကမႉးရွဴးထိုးေျပးထြက္သြားေတာ့သည္။

*************************************

မဟာသစ္ပင္ႀကီးမွေမြးဖြားကာ တိုက္ပြဲတိုင္းတြင္ အရႈံးမရွိ၊ ရန္သူမ်ားပင္ ရွိန္ရဲရေသာ ရဲစြမ္းသတၱိ၌ျပည့္စုံလြန္းသည့္ မင္းသားအ႐ုဏတြင္ ဆတ္ဆတ္ထိမခံႏိုင္ေသာ တန္ဖိုးထားရာျမတ္ႏိုးတနာ ဟူ၍တစ္ခုတည္းသာရွိသည္။

ထိုအရာမွာ သူ​၏ၾကင္ယာေတာ္ယုဂန္ႏိုင္သာျဖစ္​၏။

ယုဂန္သည္ သူ​၏တစ္ခုတည္းေသာ မ်က္ရႈရတနာကေလးျဖစ္ေလရာ အ႐ုဏသည္ ယုဂန္အေပၚ က်ေရာက္ေသာ မည္သို႔ေသာ ထိပါးမႈမ်ိဳးကိုမွ သည္းခံႏိုင္လိမ့္မည္မဟုတ္ေခ်။ ထို႔ေၾကာင့္ အမတ္ႀကီး​၏ ၿခိမ္းေျခာက္ေသယစကားကိုၾကားရေသာအခါ အမတ္ႀကီးကို တစ္စစီဆြဲၿဖဲကာ သတ္ပစ္ခ်င္ေသာ ေဒါသမ်ားက လွိမ့္ထြက္လာကာ ထိုသို႔ သတ္ျဖတ္ရန္လည္း အမွန္တကယ္ႀကံ႐ြယ္လိုက္သည္။

အ႐ုဏသည္ ဘီလူးအသြင္သို႔ေျပာင္းရန္ လုပ္ေဆာင္လိုက္​၏။

သို႔ေသာ္လည္း သူဟာ အစြယ္မွ်ပင္ ရွည္ထြက္႐ုံရွိေသးသည္။

႐ုတ္တရက္ႀကီး အမတ္ႀကီး​၏ေခါင္းတည့္တည့္ရွိ အလင္းဝင္ေအာင္ မွန္အေပါက္ေဖာက္ထားေသာ ေခါင္မိုးေပၚမွ မွန္ကြဲစမ်ားက ခလြမ္းခနဲကြဲက်လာသည္။

တစ္ဆက္တည္းပင္ မွန္ကိုခြဲလိုက္သည့္ ထက္သြာေငာ ျမားတစ္စင္းက အလင္းစူးစူးတစ္စင္းႏွယ္ မိုးေပၚမွ႐ႊတ္ခနဲဝင္ေရာက္လာကာ  အမတ္ႀကီး​၏နဖူးတည့္တည့္ကို စိုက္ဝင္သြားေလသည္။

အမတ္ႀကီးသည္ ေနာက္ဆုံးစကားတစ္ခြန္းတစ္ေလေတာင္ မဆိုလိုက္ရဘဲ စားပြဲစြန္းေပၚထိုင္ေနရာမွ ေအာက္သို႔  ဗုန္းခနဲလဲက်သြား​၏။

လ်င္ျမန္လြန္းေသာ အျဖစ္အပ်က္ျဖစ္ေလရာ အ႐ုဏသည္ပင္ ေခတၱေၾကာင္သြား​သည္။

ေနာက္မွ ေခါင္းမိုးဆီလွမ္းၾကည့္လိုက္ရာ  မွန္ကြဲသြားေသာ အေပါက္တစ္ေပါက္ႏွင့္ အရိပ္တစ္ခု လွစ္ခနဲေျပးသြားသည္ကို ေတြ႕လိုက္ရသည္။

အ႐ုဏသည္ တျခားမည္သည့္ကိစၥမွ်မရွိပါက ထိုအရိပ္ေနာက္သို႔ ေျပးလိုက္မိမည္ျဖစ္သည္။ သို႔ရာတြင္ သူ​၏ယုဂန္ေလး အႏၲရာယ္ႀကဳံေနရၿပီဟူေသာ အသိစိတ္ေၾကာင့္ ယုဂန္ကို ေျပးကယ္ရန္အတြက္ အမတ္ႀကီး​၏အခန္းထဲမွ အလ်င္အျမန္ေျပးထြက္သြားသည္။

သူသည္ အခန္းတံခါးကို ေဆာင့္ဆြဲဖြင့္လိုက္ၿပီး အျပင္ဘက္ရွိ စစ္သည္တစ္ဦးကို အမတ္ႀကီး​၏အေလာင္းအား ေစာင့္ၾကည့္ထားရန္ အမိန႔္ေပးခဲ့ကာ  က်န္တစ္ဦးကိုမူ ယုဂန္ႏိုင္ရွိရာေနရာကို သူႏွင့္အတူ လူခြဲရွာရန္ အမိန႔္ေပးသည္။

ဤသို႔ႏွင့္ အ႐ုဏႏွင့္ စစ္သည္,သည္ ယုဂန္ကိုရွာရန္ တစ္လမ္းစီ ျမန္ဆန္စြာထြက္ခြာခဲ့ၾကသည္။

အ႐ုဏသည္ ထိုသို႔စိုးရိမ္တႀကီးလိုက္လံရွာေဖြခိုက္မွာပင္ ယုဂန္ႏွင့္ လမ္းတြင္ဆုံသည္။

ယုဂန္ကိုျမင္လိုက္ရေသာအခါ အ႐ုဏ​၏ရင္ထဲ၌ မည္မွ်စိတ္သက္သာရာရသြားေၾကာင္း ရွင္းမျပတတ္ေလာက္ေအာင္ေပ။

" ေမာင္..."

ယုဂန္​၏ေခၚသံ မဆုံးေသးခင္မွာပင္ အ႐ုဏက သူ႔ကိုေပြ႕ဖက္လိုက္သည္။

" ဘာမွမျဖစ္လို႔ ေတာ္ေသးတာေပါ့"

အ႐ုဏ ထိုသို႔ေရ႐ြတ္ၿပီး၍ ယုဂန္​၏မ်က္ႏွာေလးကိုၾကည့္လိုက္ေသာအခါ "ဘာမွမျဖစ္လို႔" ဟူေသာစကားကိုေျပာခဲ့မိသည့္ ကိုယ့္ကိုယ္ကို ျဖတ္႐ိုက္ခ်င္စိတ္ေပၚသြားသည္။

ယုဂန္​၏ ႏုနယ္ေသာမ်က္ႏွာကေလးထက္တြင္ နီျမန္းဖူးေယာင္ေသာ ဒဏ္ရာတစ္ခုရွိေနသည္။

ပါးေပၚမွာေလ။

သူေတာင္ မထိရက္ မကိုင္ရက္လို႔ ႏူးႏူးညံ့ညံ့ကေလးနမ္းရသည့္ ပါးေပၚတည့္တည့္မွာေလ။

" ဒီဒဏ္ရာ ဘယ္ေကာင္လုပ္လိုက္တာလဲ"

အ႐ုဏ​၏အသံမွာ ေဒါသေၾကာင့္ မာထန္ေနသည္​။

ယုဂန္သည္ ထိုအခါမွ သူ႔ပါးသူ လက္ကေလးျဖင့္ စမ္းမိ​၏။ အေစာင့္ႏွင့္ သတ္ပုတ္ေနစဥ္ကေတာ့ ေသြးပူခ်ိန္မို႔ သတိမထားမိလိုက္ေသာ္ျငား အေစာင့္​၏ ေတြ႕ရာထိုးေသာလက္သီးက သူ႔ပါးအေပၚ ဖူးေယာင္ဒဏ္ရာခ်န္ေပးခဲ့ပုံရသည္။

"အဲ့လူကို ကြၽန္ေတာ္ ေသေလာက္ေအာင္ ႐ိုက္ခဲ့ၿပီးၿပီ။ ေမာင္ မပူပါနဲ႔။ အဲ့လူက ပမႊားေလး၊ ေမာင့္ေဒါသနဲ႔ေတာင္ မတန္ဘူး"

ယုဂန္ ထိုသို႔ေျပာေသာ္လည္း ေမာင္ဟာေတာ့ ေဒါသေျပပုံမရေသးပါေခ်။ သူ႔ဒဏ္ရာကိုသာ စိုက္ၾကည့္ေနသည္။ ထို႔ေၾကာင့္ ယုဂန္ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

" အမတ္ႀကီးေရာ"

" ေသၿပီ"

ေမာင့္အသံက မာဆတ္ဆတ္ပါပင္။

" ေမာင္သတ္လိုက္တာလား"

" ဘယ္ကမွန္းမသိတဲ့ ျမားတစ္စင္းက သူ႔ကိုသတ္သြားတာ"

" ကြၽန္ေတာ္ စုန္းမကိဏီကိုေတြ႕လိုက္တယ္"

အ႐ုဏ​၏ ထူထဲေသာမ်က္ခုံးမ်ား ေျဖာင့္တန္းသြားသည္။ သူသည္ ပစ္မွတ္ကို တိုက္႐ိုက္ထိေသာျမားတစ္စင္းႏွင့္ စုန္းမကိဏီကို ဆက္စပ္မိလိုက္ေသာအခါ ျဖစ္ႏိုင္ေခ်ရွိေသာ လူတစ္ဦးကို ခ်က္ခ်င္းေတြးလိုက္မိသည္။

" ေယာဇာ..."

အ႐ုဏ တီးတိုးစြာေရ႐ြတ္သည္။

" အဲ့ေလာက္ ျမားကိုတည့္ေအာင္ပစ္ႏိုင္မွာ မင္းေယာဇာပဲရွိတယ္"

အ႐ုဏ ေျမႀကီးလက္ခတ္မလြဲ ေသခ်ာေန​၏။

တစ္ဆက္တည္းပင္ ဆက္စပ္ခန႔္မွန္းမႈမ်ားက အ႐ုဏေခါင္းထဲ တန္းစီေပၚလာသည္။ ေသဆုံးသူေမွာ္နက္ပညာရွင္အမတ္ႀကီးတြင္ မာရစ္မ်ိဳးႏြယ္​၏ေဟာစာတမ္းရွိသည္။ ေလာကတစ္ခြင္ကိုႀကီးစိုးႏိုင္မည္ဟု ထင္ျမင္ရေသာ အာဏာအရွိန္အဝါရရွိနည္းကိုလည္း အမတ္ႀကီးကသိ​​၏။ ထို႔ေၾကာင့္ မင္းေယာဇာႏွင့္စုန္းမကိဏီေရာက္ရွိလာျခင္းမွာ အမတ္ႀကီးထံမွ ေမွာ္နက္ပိုင္းဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္မ်ား၊ နည္းစနစ္မ်ားကို လာေရာက္လုယူရန္ ျဖစ္ႏိုင္သည္။

သို႔ပါ၍ မင္းေယာဇာတို႔လက္မဦးခင္ အမတ္ႀကီး၌ရွိေသာအရာအားလုံးကို သူတို႔ အရင္ကာကြယ္မွျဖစ္လိမ့္မည္။

" ေမာင္တို႔ အမတ္ႀကီးရဲ႕စာ႐ြက္စာတမ္းေတြကို အျမန္သြားယူရမယ္"

အ႐ုဏ ထိုသို႔ေျပာၿပီးသည္ႏွင့္ ယုဂန္ႏိုင္ကိုလက္ဆြဲကာ အမတ္ႀကီး​၏အခန္းဆီ အလ်င္အျမန္ေျပးေလသည္။

သို႔ေသာ္လည္း သူႏွင့္ယုဂန္ ေရာက္ရွိခ်ိန္တြင္ ေနာက္က်သြားၿပီျဖစ္သည္။

အမတ္ႀကီး​၏အေလာင္းကို ေစာင့္က်န္ခဲ့ေသာ စစ္သည္မွာ ေသြးအိုင္ထဲလဲက်ေသဆုံးေနၿပီး အမတ္ႀကီး​၏စားပြဲေပၚတြင္မူ တစ္စုံတစ္ေယာက္က ေျခေထာက္ခ်ိတ္ထိုင္ေနခဲ့သည္။

စစခ်င္း ထိုလူရိပ္သည္ အ႐ုဏႏွင့္ယုဂန္ကို ေက်ာေပးထိုင္ေနခဲ့​၏။

က်ယ္ျပန႔္ေသာေနာက္ေက်ာႏွင့္ ေလးေထာင့္ဆန္ဆန္ ေတာင့္တင္းေသာ ပခုံးစြန္းတို႔ကသာ ထိုလူမွာ ေယာက္်ားတစ္ဦးျဖစ္ေၾကာင္း ၫႊန္းဆိုေနခဲ့သည္။  ခရမ္းေရာင္ အက်ႌ၊ ဂုတ္ေထာက္အရွည္မွ်သာရွိေသာဆံပင္။

ေသွ်ာင္မထုံးထားေသာ၊ ထူးဆန္းစြာ ဆံပင္ျဖတ္ထားေသာ အဆိုပါေယာက္်ားမွာ ေနာက္ဆုံးအႀကိမ္ျမင္ခဲ့တုန္းကႏွင့္ အလြန္တရာကြာျခားေနခဲ့သည္။

အႏွီ ေယာက္်ားက အေနာက္လွည့္ၾကည့္လာသည္။ အထပ္ထပ္ႏွင့္ အခြၽန္ခြၽန္မ်ားျဖစ္ေနေသာ ဆံပင္မ်ားအလယ္မွ ရင္းႏွီးေနသည့္မ်က္ႏွာက အ႐ုဏႏွင့္ယုဂန္ကိုျမင္ေသာ္ မထီမဲ့ျမင့္ဟန္ႏွင့္ ၿပဳံးသြားေလသည္။

ထိုလူ​၏ပါးေပၚတြင္ နက္ရႈိင္းေသာပါးခ်ိဳင့္ကေလးမ်ား နစ္ဝင္သြားသည္။ သူ​၏အၿပဳံးကေတာ့ ယခင္အတိုင္း ခ်ိဳျမေနဆဲျဖစ္​သည္။

" ေဟာ အစ္ကိုေတာ္အ႐ုဏပါလား။ မေတြ႕ရတာ ၾကာၿပီေနာ္"

ၾကည္လင္ကာ တက္ႂကြေသာအသံက မသိပါက မေတြ႕ရၾကာသည့္ အစ္ကိုေတာ္တစ္ဦးကို ေဖာ္ေ႐ြစြာႏႈတ္ဆက္ေနသည့္အတိုင္းပါပင္။

အ႐ုဏသည္ မင္းေယာဇာကို စူးစိုက္ၾကည့္ကာ တစ္ခ်ိန္တည္းတြင္ပင္ မသိစိတ္အရ ယုဂန္ေရွ႕မွ မသိမသာကာကြယ္လိုက္မိသည္။

" ထင္ထားတဲ့အတိုင္း မင္းကိုး"

မင္းေယာဇာ စားပြဲေပၚမွဆင္းကာ စားပြဲကို တစ္ပတ္,ပတ္လိုက္ၿပီး အမတ္ႀကီး​၏အေလာင္းေဘးတြင္ မတ္တပ္ရပ္လိုက္သည္။

" ကြၽန္ုပ္က အစ္ကိုေတာ့္ကိုေရာ၊ ယုဂန္ကိုပါ ကယ္လိုက္တာပါ။ ကြၽန္ုပ္ကိုေတာင္ အစ္ကိုေတာ္တို႔က ေက်းဇူးတင္ရဦးမယ္"

ေယာဇာ​၏လက္ထဲတြင္ ေပ႐ြက္အခ်ိဳ႕ကို ကိုင္ထားသည္။ ၾကည့္ရသည္မွာ အမတ္ႀကီး​၏လွ်ိဳ႕ဝွက္စာတမ္းမ်ားကို သူ လြယ္လြယ္ကူကူပင္ ရွာေတြ႕သြားခဲ့ၿပီထင္သည္။

" အမတ္ႀကီးနဲ႔ငါ ေျပာေနတာကို မင္းၾကားခဲ့သလား"

မင္းေယာဇာ ေခါင္းမိုးေပၚတြင္ ရွိေနခဲ့သည္မွာ ေသခ်ာၿပီမို႔ အ႐ုဏ အရဲစြန႔္ေမးလိုက္သည္။

အ႐ုဏ​၏အေမးကိုၾကားေသာ္ မင္းေယာဇာသည္ အလြန္တရာအျပစ္ကင္းစင္ေသာ သိုးငယ္ကေလးႏွယ္ မ်က္ေတာင္ကို တဖ်ပ္ဖ်ပ္ခတ္ကာ

" ဘာကိုၾကားရမွာလဲ"

ဟု ေမးခြန္းျပန္ထုတ္သည္။

တစ္ဆက္တည္းပင္ သူသည္ ႏႈတ္ခမ္းစြန္းတို႔ေကြးၫြတ္ၿပဳံးသြားကာ ႏူးညံ့ဟန္ရွိေသာပါးခ်ိဳင့္မ်ားဟာလည္း သူ​၏ ခန႔္မွန္းရခက္ေသာ အၾကည့္ႏွင့္ အၿပဳံးေၾကာင့္ ေကာက္က်စ္စဥ္းလဲဟန္ ျဖစ္တည္သြားေလသည္။

" အစ္ကိုေတာ္က မဟာသစ္ပင္ႀကီးရဲ႕သားသမီးျဖစ္ၿပီး မိဖုရားစႏၵာ​က ေမြးစားထားတာဆိုတာကိုလား၊ ဒါမွမဟုတ္ ယုဂန္ႏိုင္က မင္းႀကီးမဟီဝင္စားတယ္ ဆိုတာကိုလား ဘယ္ဟာကို ၾကားရမွာလဲ"

မင္းေယာဇာ​၏စကားမ်ားေၾကာင့္ ယုဂန္​၏ နက္ေမွာင္ေသာမ်က္ဝန္းမ်ား ျပဴးက်ယ္သြားသည္။

မင္းေယာဇာဟာ အကုန္နီးပါးသိရွိေနေလၿပီ။ ထို႔အတူ ေမာင့္​၏ေျပာစကားအရ မင္းေယာဇာဟာ ဤအေၾကာင္းကို အမတ္ႀကီးႏွင့္ေမာင့္​၏ အျပန္အလွန္ေျပာေသာစကားတို႔မွတစ္ဆင့္ သိရွိရျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အမတ္ႀကီးဟာလည္း ေမာင့္​၏သ႐ုပ္မွန္ႏွင့္ မင္းႀကီးမဟီႏွင့္မူလယုဂန္ႏိုင္တို႔​၏ဆက္ႏြယ္မႈကို သိရွိၿပီးျဖစ္ရမည္။

မင္းေယာဇာက ညႇင္းသဲ့စြာရယ္သည္။

" လင္မယားႏွစ္ေယာက္လုံး အဖုံးကြယ္ေကာင္းတယ္ေနာ္။ သူေျပာတာသာ မၾကားခဲ့ရင္ ဒီတစ္သက္သိရမွာမဟုတ္ဘူး"

မင္းေယာဇာဟာ ေျပာေျပာဆိုဆိုႏွင့္ စားပြဲေပၚရွိ တခ်ိဳ႕ေသာ စာ႐ြက္စာတမ္းမ်ားကို ကိုင္ၾကည့္ေနျပန္သည္။

သူ​၏လည္ပင္းထိသာရွည္ေသာ ခပ္တိုတိုဆံပင္မ်ားက သူ​၏ေျပျပစ္ေသာမ်က္ႏွာေဘးတစ္ဝိုက္ က်ဆင္းေလရာ ဆံပင္သည္ ဒုတိယမ်က္ႏွာဆိုသည့္အတိုင္း မင္းေယာဇာမွာ ယခင္ကႏွင့္မတူ၊ အလြန္တရာေျပာင္းလဲေသာ႐ုပ္သြင္ ျဖစ္တည္သြားသလိုပါေပ။

႐ုတ္တရက္ မင္းေယာဇာသည္ တစ္စုံတစ္ရာသတိရသြားဟန္ႏွင့္ ယုဂန္ဘက္သို႔ ဆတ္ခနဲၾကည့္ရႈလာသည္။ ထိုအၾကည့္ႏွင့္တစ္ဆက္တည္းပင္ အ႐ုဏသည္လည္း ယုဂန္​၏အေရွ႕မွ ပိုမိုကာကြယ္လိုက္သည္။

" ဒါနဲ႔ ယုဂန္ေရ၊ အစ္ကိုေတာ္က ဘီလူးတစ္ပိုင္းမို႔ အႏွစ္ ငါးရာ အသက္ရွည္မွာတဲ့။ မင္းကပဲ အရင္အသက္ႀကီးၿပီးေစာေစာေသမွာ။ အစ္ကိုေတာ္ကေတာ့ ဒီအ႐ြယ္မွာပဲ ႏွစ္အၾကာႀကီးတန႔္ေနေတာ့မွာတဲ့။ စိတ္မေကာင္းပါဘူးကြာ"

မင္းေယာဇာ​၏ ခပ္႐ြဲ႕႐ြဲ႕ေလသံစြက္ေသာစကားေၾကာင့္ ယုဂန္​၏မ်က္လုံးကေလးမ်ား ဝိုင္းစက္သြားကာ အ႐ုဏကို ေမာ့ၾကည့္လာသည္။

အ႐ုဏသည္ ယုဂန္​၏ စိုးထင့္သြားေသာ မ်က္ဝန္းကေလးမ်ားကို ျမင္လိုက္ရသျဖင့္ ႏွစ္သိမ့္ေသာအားျဖင့္ ယုဂန္​၏လက္ကို အသာအယာဆုပ္ကိုင္လိုက္သည္။

" ေမာင္ ေနာက္က်အေသးစိတ္ေျပာျပပါ့မယ္"

ယုဂန္ လိမ္လိမ္မာမာႏွင့္ ေခါင္းညိတ္ျပသည္။ 

ထိုအခ်ိန္တြင္ အ႐ုဏႏွင့္ယုဂန္ကို လွမ္းၾကည့္ေနေသာ မင္းေယာဇာမွာမူ စားပြဲစြန္းကို အသာမွီ၍ ထိုင္လိုက္ျပန္သည္။  သူက လက္ႏွစ္ဖက္ကို ဟန္ပါပါပိုက္လိုက္ကာ

" ဒါနဲ႔တကယ္သိခ်င္လို႔ေမးတာပါ။ အစ္ကိုေတာ္ ဘာလို႔ သူနဲ႔မပူးေပါင္းတာလဲ။ သူနဲ႔သာပူးေပါင္းလိုက္ရင္ ေသခ်ာေပါက္ အင္အားအႀကီးဆုံးျဖစ္သြားမွာကို"

ဟု အေမးရွိလာသည္။

အ႐ုဏဟာ မင္းေယာဇာေမးသမွ်ကို ျပန္လည္ေျဖဆိုရန္ စိတ္ကူးမရွိေပ။ ထို႔ေၾကာင့္ သူသည္ အေရးႀကီးေသာအေၾကာင္းအရာကိုသာ ျပန္ေျပာလိုက္သည္။

" မင္း မာရစ္မ်ိဳးႏြယ္ရဲ႕ ေဟာစာတမ္းကိုလာယူတာလား"

" စကားလမ္းေၾကာင္းလႊဲတယ္ေနာ္"

မင္းေယာဇာ မ်က္ခုံးပင့္၍ ဆိုသည္။ တစ္ဆက္တည္းပင္ သူဟာလည္း သိသိသာသာကို စကားလမ္းေၾကာင္းလႊဲကာ သူ,လိုရာကိုသာ ဆက္ေျပာသည္။

" အစ္ကိုေတာ္ တစ္ေယာက္တည္း သီးသန႔္မေနဘဲ ကြၽန္ုပ္တို႔ဘက္ကို မေျပာင္းလာခ်င္ဘူးလား။ အခုက် အစ္ကိုေတာ့္ရဲ႕ေမြးရာပါစြမ္းအားေတြကို အလဟႆ ျဖဳန္းပစ္ေနသလိုပဲ"

မင္းေယာဇာကို စကားလမ္းေၾကာင္းလႊဲမရမွန္း သိလိုက္ေသာေၾကာင့္ အ႐ုဏ ထိုစကားအတိုင္းသာ စီးေမ်ာလိုက္သည္။

" ငါ့ဘဝကိုသာ ငါေက်နပ္ရင္ အလဟႆျဖဳန္းတီးတယ္ဆိုတဲ့စိတ္မ်ိဳး ျဖစ္လာမွာမဟုတ္ဘူး။ မင္းတို႔ကသာ မင္းတို႔ဘဝကို မေရာင့္ရဲႏိုင္လို႔ အင္အားကိုလိုက္ရွာေနၾကတာ"

မင္းေယာဇာ​၏ႏႈတ္ခမ္းထက္တြင္ နာက်င္ေသာအၿပဳံးတစ္ပြင့္ေပၚေပါက္လာ​၏။  ထိုအၿပဳံးသည္ ကြဲေၾကကာ တစ္ခ်ိန္တည္းတြင္ပင္ မိမိကိုယ္ကိုစက္ဆုပ္မႈႏွင့္ ႐ြံရွာမုန္းတီးမႈရွိေနေၾကာင္း ေတြ႕ျမင္ရသည္။

" အစ္ကိုေတာ္က ခ်စ္တဲ့လူနဲ႔လက္ထပ္ရၿပီး လိုခ်င္တဲ့ဘဝမ်ိဳးရထားေတာ့ ေျပာအားရွိတာေပါ့။ ကြၽန္ုပ္လည္း အစ္ကိုေတာ့္လိုသာ အနားမွာတစ္ေယာက္ေယာက္ရွိေနမယ္ဆိုရင္ ဒီလိုမ်ိဳး စာတမ္းေတြလိုက္ရွာေနမိမွာမဟုတ္ဘူး"

အ႐ုဏ ဟက္ခနဲရယ္လိုက္သည္။

" ရယ္စရာပဲ"

သူ ေလွာင္ေျပာင္လိုေသာေလသံႏွင့္ဆက္ေျပာသည္။

" အနားမွာတစ္ေယာက္ေယာက္မရွိတာနဲ႔ပဲ မင္းက လူေတြသတ္ရမယ့္ေမွာ္နက္ပညာဘက္ကို လိုက္စားတယ္ဆိုတာ ရယ္စရာဆင္ေျခပဲ"

မင္းေယာဇာ ေဖ်ာ့ေတာ့စြာၿပဳံးလာသည္။ သူဟာ သူ႔လက္ထဲရွိ စာတမ္းမ်ားဆီငုံ႔ၾကည့္ရင္း

" ဟုတ္လား။ ကြၽန္ုပ္ကေတာ့ ကြၽန္ုပ္ေနရာမွာ အစ္ကိုေတာ္သာဆို ပိုဆိုးမယ္ထင္တာပဲ"

ဟု အသံတိမ္တိမ္ႏွင့္ဆိုသည္။

မင္းေယာဇာ စားပြဲေပၚထိုင္ေနရာမွ ထ,သြားသည္။ သူသည္ ျပတင္းေပါက္ေဘာင္ေပၚ တက္ထိုင္လိုက္​၏။ ထို႔ေနာက္ စာတမ္းမ်ားကို သူ႔ထံတြင္ပါလာေသာ အိတ္ထဲထိုးထည့္ရင္း

" ယုဂန္ႏိုင္ မရွိေတာ့ရင္..."

ဟူေသာ စကားကို အသံရွည္ဆြဲ၍ဆိုသည္။

ထိုစကားသည္ အ႐ုဏ​၏ဆတ္ဆတ္ထိမခံေသာအပိုင္းျဖစ္သည္။ သို႔ရာတြင္ ယခုအခ်ိန္၌ အ႐ုဏ,ေဒါသမထြက္ႏိုင္ေသးဘဲ မင္းေယာဇာ ထြက္မေျပးခင္ အမိဖမ္းႏိုင္ဖို႔ကိုသာ ေတြးေတာေနမိသည္။

ေလာေလာဆယ္ေတာ့ အ႐ုဏႏွင့္ယုဂန္ႏိုင္က အခန္းတံခါးေပါက္ကို ပိတ္ရပ္ထားသျဖင့္ မင္းေယာဇာတြင္ ထြက္ေပါက္ဟူ၍ ျပတင္းေပါက္သာရွိသည္။ ထိုျပတင္းေပါက္ကလည္း ေျမျပင္ႏွင့္ အလြန္တရာေဝးကြာ႐ုံမက ထိုမွခုန္ခ်လွ်င္လည္း ေခ်ာက္ကမ္းပါးတစ္ေလွ်ာက္က်ဆင္းကာ ပင္လယ္ထဲသို႔ ျပဳတ္က်႐ုံသာရွိေလသည္။

သို႔ပါ၍ သာမန္လူဆို မခုန္ခ်ေလာက္ေပ။  သို႔ေသာ္ ယခုကမူ မင္းေယာဇာျဖစ္ေနၿပီး သူႏွင့္အတူ ပါလာသူကလည္း စုန္းမကိဏီျဖစ္ေနေသာေၾကာင့္ သတိႀကီးႀကီးထားရမည့္ကိစၥျဖစ္ေနသည္။

"ယုဂန္သာမရွိေတာ့ရင္ သူ႔ကိုျပန္ရဖို႔ အစ္ကိုေတာ္ဘာမဆိုလုပ္ႏိုင္တယ္ဆိုတာ ကြၽန္ုပ္ေျပာရဲတယ္။ ယုဂန္အတြက္ လူေထာင္ေသာင္းခ်ီသတ္ရမယ္ ဆိုရင္ေတာင္မွေပါ့...."

မင္းေယာဇာ​၏စကားမ်ားသည္ ထင္ျမင္ခ်က္တစ္ခုအစား ေတြ႕ႀကဳံခဲ့ေသာျဖစ္ရပ္တစ္ခု၊ သို႔မဟုတ္ အလြန္တရာတိက်ေသခ်ာလွေသာ အခ်က္အလက္ကိုျပန္လည္ေျပာျပေနသည့္အလား တိက်ျပတ္သားမႈမ်ား ျပည့္ႏွက္ေနသည္။

ယုဂန္သည္ ဘာေၾကာင့္မွန္းမသိ ထိတ္လန႔္မိသြား​၏။

မင္းေယာဇာ​၏နီျမန္းေနေသာ မ်က္ဝန္းေထာင့္စြန္းမ်ားႏွင့္  ပါးခ်ိဳင့္တို႔အားျဖည့္ေသာအၿပဳံးက သူ႔ကို တစ္မ်ိဳးတစ္မည္ႀကီး ခံစားရေအာင္လုပ္ေဆာင္ေနသည္။

ယုဂန္​၏ဆ႒မအာ႐ုံကေျပာေနသည္။ မင္းေယာဇာ တစ္ခုခုမွားယြင္းေနသည္တဲ့။

မင္းေယာဇာ​၏စကားမ်ားက ယုဂန္​၏နားစည္အတြင္း ဆက္တိုက္ပဲ့ထင္သံ႐ိုက္ေနကာ "ယုဂန္အတြက္ လူေထာင္ေသာင္းခ်ီသတ္ရမယ္ ဆိုရင္ေတာင္မွ" ဟူေသာစကားက သူ႔ကို ထပ္တလဲလဲသတိေပးေနသလို ခံစားလိုက္ရသည္။

ယုဂန္ ရင္ထဲမေကာင္းေပ။ မင္းေယာဇာ​၏စကားက အေျခအျမစ္မရွိေသာ ထင္ျမင္ခ်က္တစ္ခုသာျဖစ္ေသာ္လည္း ယုဂန္ရင္ထဲ မေကာင္းလွေပ။ ႀကဳံေတြ႕ဖူးေသာ အေတြ႕အႀကဳံလိုခံစားရေသာေၾကာင့္လည္း ယုဂန္ပို၍ စိတ္ရႈပ္ေထြးလာရသည္။

အခုက...

သူဟာ ေသဆုံးသြားၿပီး ေမာင္က သူ႔ကိုျပန္ရရွိဖို႔အတြက္ လူေထာင္ခ်ီသတ္ကာ အသည္းအသန္ႀကိဳးပမ္းေနသည့္ခံစားခ်က္မ်ိဳးပါပင္။

ထူးဆန္းသည္က လက္ေတြ႕မွာ ထိုသို႔မဟုတ္ေနေသာေၾကာင့္ပင္။ အိပ္မက္လည္းမဟုတ္။ အစစ္အမွန္လည္းမဟုတ္ေပ။

ဒါ...ဒါက Deja Vu ပဲ။ ဟုတ္တယ္မဟုတ္လား။

ယုဂန္သည္ သူ​၏ဦးေႏွာက္ကသာ ထင္ေယာင္ထင္မွားျဖစ္ေၾကာင္း ေတြးေတာလိုက္ကာ သူ​၏မေကာင္းေသာခံစားခ်က္ႀကီးကို အလ်င္အျမန္ပယ္ေဖ်ာက္လိုက္သည္။

ခံစားခ်က္ႀကီးေပ်ာက္သြားသည္ႏွင့္ ယုဂန္ေတြ႕လိုက္ရသည္မွာ မင္းေယာဇာ​၏ခန႔္မွန္းရခက္ေသာအၿပဳံးျဖစ္သည္။

မင္းေယာဇာသည္ ျပတင္းေပါက္ေဘာင္ေပၚဝယ္ ေအးရာေအးေၾကာင္းထိုင္ေနသည္။ ထို႔ေနာက္ သူ​၏မ်က္လုံးအၾကည့္သည္ မေကာင္းဆိုးဝါးတစ္ေကာင္ႏွယ္ ဆိုးယုတ္မႈမ်ား ျပည့္ႏွက္သြားကာ

" တစ္ခါေလာက္ အဲ့ခံစားခ်က္ကို ခံစားၾကည့္မလား။ ခ်စ္တဲ့သူကို ဆုံးရႈံးရတဲ့ခံစားခ်က္ေလ"

ဟု အက္အက္ရွရွေရ႐ြတ္လာသည္။

စကားဆုံးသည္ႏွင့္ မင္းေယာဇာ​၏လက္ဗလာႏွစ္ဖက္ထဲတြင္ ေလးႏွင့္ ျမားတစ္စင္း ႐ုတ္ခ်ည္းထြက္ေပၚလာသည္။

မင္းေယာဇာသည္ အလြန္တရာသြက္လက္လ်င္ျမန္ေသာ ေလးသည္ေတာ္တစ္ဦးျဖစ္သည္ႏွင့္အညီ ေလးလက္နက္ ရၿပီဆိုသည္ႏွင့္ ယုဂန္ႏိုင္ဆီသို႔ တည့္တည့္ခ်ိန္႐ြယ္လိုက္သည္။

တစ္ဆက္တည္းပင္ ေလးႀကိဳးကိုလႊတ္လိုက္ရာ ထက္ရွေသာ ျမားသြားဟာ ယုဂန္ရွိရာဆီသို႔ အရွိန္ျပင္းျပင္းႏွင့္ ပ်ံသန္းတိုးဝင္လာခဲ့​သည္။

လ်င္ျမန္လြန္းေသာအျဖစ္အပ်က္ၾကားတြင္ ယုဂန္သည္ ဆိုးဆိုး႐ြား႐ြားတုန္လႈပ္သြားခဲ့ေသာေၾကာင့္ သူ႔ခႏၶာကိုယ္မွာ လႈပ္မရေအာင္ ေအးခဲေတာင့္တင္းသြားခဲ့သည္။

ယုဂန္ ျမားသြားကို မေရွာင္ရွားႏိုင္ေတာ့ေပ။

ထိုအခ်ိန္တြင္ မေမွ်ာ္လင့္ထားေသာအရာတစ္ခုက ယုဂန္အေရွ႕သို႔ပစ္ဝင္လာသည္။

ထိုအရာက ေမာင္...
ေမာင္ပါပင္။

ေမာင္ဟာ သူ႔ေရွ႕တြင္ လ်င္ျမန္စြာရပ္တည္လိုက္ရာ ျမားသြားသည္ ေမာင့္​၏ရင္အုံတည့္တည့္ဆီ နက္နက္နဲနဲစိုက္ဝင္သြားခဲ့သည္။

" ဟားဟားဟားဟား"

မင္းေယာဇာ​၏ အက္ကြဲေသာရယ္သံကိုၾကားရသည္။

ထိုမွတစ္ပါး ယုဂန္​၏နားစည္အတြင္း မည္သည့္အသံမွ်မၾကားရေတာ့ေအာင္ စီခနဲျမည္ဟည္းသြားခဲ့​၏။ ယုဂန္​၏ႏွလုံးခုန္သံ အဆုံးစြန္ ျမင့္တက္သြားခဲ့သည္။

ယုဂန္​၏ဦးေႏွာက္ထဲတြင္ အရာအားလုံးဗလာက်င္းသြားခဲ့ကာ ထက္ရွေသာျမားသြားက ေမာင့္ခႏၶာကိုယ္ထဲ နက္နက္နဲနဲစိုက္ဝင္သြားေၾကာင္း ေျပာျပခ်က္တစ္ခုသာ သူ​၏အသိစိတ္ထဲ က်န္ရစ္ေတာ့သည္။

" ေမာင္..."

ယုဂန္​၏ တိုးညႇင္းတုန္ရီစြာ ေရ႐ြတ္လိုက္မိသည္။ သို႔ေသာ္ အသံကေလးမဆုံးခင္မွာပင္ ေမာင္ဟာ ေဘးဘက္သို႔ ယိုင္လဲက်သြားသည္။ 

ယုဂန္​၏ကိုယ္တြင္းရွိ သံပတ္ႀကိဳးမ်ား ျပဳတ္ထြက္သလိုခံစားလိုက္ရ​၏။

သူ အႀကီးအက်ယ္ ေၾကာက္လန႔္တုန္လႈပ္မိသြားကာ ေမာင့္ေဘးမွာပင္ အလ်င္အျမန္ဒူးေထာက္ခ်လိုက္သည္။  ထို႔ေနာက္ ေမာင့္ကို တုန္ရီေနေသာလက္ႏွစ္ဖက္ႏွင့္ ဆြဲထူကာ သူ႔ရင္ခြင္ထဲေပြ႕ဖက္လိုက္သည္။

မင္းေယာဇာသည္ ထိုျမင္ကြင္းကို ေသြးေအးစြာၾကည့္ရႈေနခဲ့​၏။ ထို႔ေနာက္ သူသည္ ျပတင္းေပါက္ေပၚထိုင္ေနရင္းပင္ အေနာက္သို႔ စိတ္လြတ္လက္လြတ္လွန္ခ်လိုက္​သည္။

ထိုအခါ မင္းေယာဇာ အေဆာက္အဦေပၚမွ တစ္ဟုန္ထိုးျပဳတ္က်သြားသည္။

ေယာဇာ ပင္လယ္ထဲသို႔ ျပဳတ္က်ရန္ လက္တစ္ကမ္းအလိုမွာပင္ ႀကီးမားေသာသိမ္းငွက္အသြင္ ဖန္ဆင္းထားသည့္ ကိဏီက သူ႔ကို ထိုးသုတ္ပင့္ခ်ီသြားသည္။ မင္းေယာဇာသည္ သိမ္းငွက္​၏ေက်ာေပၚမွ လိုက္စီး၍ ေနာက္လွည့္မၾကည့္ဘဲ အေဝးသို႔ ပ်ံသန္းထြက္ခြာသြား​ေတာ့သည္။

အမတ္ႀကီး​၏အခန္းထဲတြင္မူ ယုဂန္သည္ သတိမလစ္ေသးသည့္ အ႐ုဏကို ေပြ႕ဖက္ထားစၿမဲျဖစ္​၏။

အ႐ုဏသည္ ႏွလုံးသားမရွိေသာ ညာဘက္ရင္အုံကို ျမားစိုက္သြားျခင္းျဖစ္သည့္တိုင္ သူ,မထင္မွတ္ထားေသာအျခင္းအရာမွာမူ ထိုျမားတြင္ အဆိပ္ပါေနျခင္းသာ။

အဆိပ္သည္ အ႐ုဏ​၏တစ္ကိုယ္လုံးကို လ်င္ျမန္စြာရစ္ပတ္သြားၿပီး အင္အားအကုန္ ခ်ိနဲ႔ႏြမ္းနယ္ေအာင္ လုပ္ေဆာင္ပစ္လိုက္သည္။  ထိုအဆိပ္​၏အစြမ္းေၾကာင့္ပင္ အ႐ုဏ​၏အာ႐ုံမ်ား ေဝဝါးေထြျပားေနၿပီး သူ႔ကို ဖက္ထားသည့္ ယုဂန္ကိုေတာင္ ေသခ်ာမျမင္ရေတာ့သလို ယုဂန္​၏အထိအေတြ႕ကိုလည္း ေသခ်ာစြာမခံစားရေတာ့ပါေခ်။

သူ႔ထံတြင္က်န္ရွိေသာ တစ္ခုတည္းေသာအာ႐ုံမွာ အၾကားအာ႐ုံသာျဖစ္ၿပီး ထိုအာ႐ုံအတြင္းမွာလည္း ယုဂန္​၏စိုးရိမ္တႀကီးငိုရႈိက္သံကိုသာ ၾကားေနရသည္။

" ေမာင္ သတိမလစ္သြားပါနဲ႔ေနာ္...ခဏေလးပဲ ေတာင့္ခံထားေပးပါ။ ကြၽန္...ကြၽန္ေတာ္ ေမာင့္ကို တစ္ခုခုအထိခိုက္ခံမွာမဟုတ္ဘူး။ ဒါေၾကာင့္ခဏေလးပဲ ေတာင့္ခံေပးပါ...ေနာ္ ေမာင္"

အ႐ုဏသည္ သူ​၏ရွိစုမဲ့စု လက္က်န္အားအင္ကေလးကို စုစည္းလိုက္ကာ မႈန္ဝါးဝါးျဖစ္ေနေသာ ယုဂန္​၏မ်က္ႏွာပေလးဆီ လက္လွမ္းလိုက္သည္။ သူ ယုဂန္​၏မ်က္ရည္မ်ားကို သုတ္ေပးခ်င္ေနသည္။ သို႔ေသာ္ သူဟာ ယုဂန္​၏မ်က္ႏွာကို ထိခြင့္ရလိုက္သည္မွအပ လက္ေခ်ာင္းမ်ားကို ဆက္လက္မလႈပ္ရွားႏိုင္ေတာ့ေပ။

ထို႔ေၾကာင့္ မ်က္ရည္သုတ္ေပးမည့္အစား သူ႔ႏႈတ္ခမ္းသူ မရ,ရေအာင္ဆြဲဖြင့္ကာ

" ေမာင္ အဆင္ေျပတယ္ အခ်စ္။ အမ်ားႀကီး စိတ္မပူနဲ႔ေနာ္"

ဟု တိုးညႇင္းစြာဆိုလိုက္သည္။ သူ​၏အသံမွာ တစ္ခဏေလးအတြင္း သိသိသာသာကို အားနည္းေနခဲ့သည္။

သူသိသည္။ အခ်ိန္တိုေလးအတြင္း သူသတိလစ္သြားႏိုင္သည္။ သို႔မဟုတ္ ေသဆုံးသြားျခင္းလည္းျဖစ္ႏိုင္သည္။

ေသဆုံးခါနီးလူမ်ားတြင္ ေယဘုယ်အားျဖင့္ မည္သို႔ေသာအေတြးမ်ိဳးရွိသလဲ သူမေျပာျပတတ္ေပ။ သို႔ေသာ္ သူ​၏ျဖစ္ရပ္တြင္ေတာ့ ဝမ္းနည္းမႈႏွင့္အတူ ေက်နပ္ျခင္းတခ်ိဳ႕ပါဝင္ေနသည္။

ဝမ္းနည္းျခင္းဟာ ယုဂန္ႏွင့္အတူဆက္လက္အတူမရွိႏိုင္ေသာေၾကာင့္ၿပီး ေက်နပ္ျခင္းဟာေတာ့ ယုဂန္ႏွင့္ေတြ႕ခြင့္ရခဲ့သျဖင့္ မိမိဘဝဟာ လုံေလာက္ခဲ့ၿပီဟု ေက်နပ္ေနျခင္းျဖစ္သည္။

"တစ္သက္လုံး အတူရွိေပးမည္" ဟူေသာကတိကို မတည္ႏိုင္ေတာ့သျဖင့္ သူ ဝမ္းနည္းမိသည္။ ယုဂန္အေပၚ လည္း အားနာမိသည္။ တစ္ခ်ိန္တည္းတြင္ပင္ ယုဂန္ကို သူမည္မွ်ခ်စ္ျမတ္ႏိုးရေၾကာင္း၊ ယုဂန္ဟာ သူ႔ဘဝပင္ျဖစ္ခဲ့ေၾကာင္း ေျပာျပခဲ့ခ်င္သည္။

ဒီဘဝတြင္ ၾကာၾကာအတူမရွိႏိုင္ေတာ့လွ်င္ေတာင္ ေနာင္ဘဝတြင္ သူ႔ဘက္ကပဲ ယုဂန္ကိုလိုက္ရွာကာ အစကေန ျပန္လည္ခ်စ္ျမတ္ႏိုးမည္ျဖစ္ေၾကာင္း သူကတိေပးခဲ့ခ်က္သည္။ ေနာင္ဘဝတြင္ေတာ့ သူ ယုဂန္နားတြင္ ၾကာၾကာေနေပးပါ့မည္။

" ခ်စ္တယ္ ေမာင့္ဇနီးေလး"

ေနာက္ဆုံးစကားဟာ ဒီဘဝအတြက္ သူအႏွစ္သက္ရဆုံးေသာ စကားသာျဖစ္လိမ့္မည္။

အ႐ုဏ ေက်နပ္ျခင္းႏွင့္အတူ အစိမ္းေရာင္မ်က္ဝန္းမ်ားကို မွိတ္ခ်လိုက္သည္။

ထိုအခါ ယုဂန္​၏ရင္ထဲတြင္ ထိန္းခ်ဳပ္မရေသာ နာက်င္ျခင္းက ႏွလုံးသားကို အျပင္းအထန္ႏွိပ္စက္လာခဲ့​၏။ ႏွလုံးေသြးတို႔ ျဖာခနဲပန္းထြက္လာခဲ့သလို ယုဂန္​၏မ်က္ဝန္းအိမ္မွ မ်က္ရည္မ်ားဟာလည္း အၿဖိဳင္ၿဖိဳင္စီးက်လာခဲ့သည္။

" မ်က္လုံးေတြမပိတ္လိုက္ပါနဲ႔ ေမာင္ရယ္။ ကြၽန္ေတာ္ေၾကာက္လို႔ပါ"

ယုဂန္ အ႐ုဏကို လႈပ္ႏိုး၍ မ်က္ဝန္းမ်ားျပန္လည္ဖြင့္လာေအာင္ႀကိဳးစားသည္။ သို႔ရာတြင္ အ႐ုဏသည္ သတိျပန္လည္မလာေတာ့ေခ်။

ထိုအခါ ယုဂန္ပိုမိုနာက်င္လာၿပီး လက္ဖ်ားေျခဖ်ားမ်ားလည္း ေအးစက္တုန္ရီလာခဲ့သည္။ သူ​၏မ်က္ဝန္းအိမ္အတြင္း မ်က္ရည္မ်ားက တာက်ိဳးသလို ျပည့္ႏွက္လာေလရာ ယုဂန္ဟာ ထပ္မံၿပီး ရႈိက္ႀကီးတငင္ငိုေႂကြးမိေတာ့သည္။

" ေမာင္ ကြၽန္ေတာ့္ကိုထားမသြားပါနဲ႔။ ေတာင္းပန္ပါတယ္။ မထားခဲ့ပါနဲ႔"

ယုဂန္​၏ပါးျပင္တစ္ေလွ်ာက္ မ်က္ရည္မ်ားက အဆီးအတားမရွိ တသြင္သြင္စီးက်လာခဲ့သည္။

သူ ေမာင့္ကို တင္းက်ပ္စြာဖက္လိုက္သည္။

ထို႔ေနာက္ ေမာင့္နား႐ြက္နားသို႔ကပ္ကာ တုန္ရီတိုးညႇင္းလြန္းစြာ ဆိုသည္။

" ကြၽန္ေတာ္တို႔ မိသားစုကေလး ထူေထာင္ရဦးမယ္ေလ။  တစ္ေယာက္နဲ႔တစ္ေယာက္ အသက္ႀကီးလာတာကိုလည္း ေစာင့္ၾကည့္ရဦးမွာ။ ဒီညက ရာသီဥတုေအးမွာ ေမာင္ရဲ႕။ ကြၽန္ေတာ့္ကို မဖက္ထားေပးခ်င္ေတာ့ဘူးလား"

တုံ႔ျပန္မႈမရွိသည့္ ေမာင့္ခႏၶာကိုယ္က ယုဂန္​၏ႏွလုံးသားကို ဓားျဖင့္အႀကိမ္ေပါင္းမ်ားစြာထိုးစိုက္ေနသည့္အလား။

ယုဂန္​၏ရင္ဟာ ေပါက္ကြဲမတတ္ နာက်င္ေနေလၿပီ။ ယုဂန္​၏ျမင္ကြင္းမ်ားလည္း မႈန္ဝါးခ်င္လာသည္။

ေမာင္သာ မရွိေတာ့လွ်င္ ဟူေသာအေတြးမ်ိဳး ယုဂန္လုံးဝမေတြးေတာခ်င္ပါေပ။

အတူရွိခဲ့သည့္ ေလးႏွစ္ေက်ာ္ငါးႏွစ္ဝန္းက်င္အတြင္း သူဟာ တျဖည္းျဖည္းႏွင့္ ေမာင့္အတြက္ ရွင္သန္သူသာျဖစ္ခဲ့ေၾကာင္း ေမာင္သိခဲ့ဖို႔ေကာင္းသည္။

ေမာင္မရွိေတာ့လွ်င္ သူေသသြားန္ိုင္ေၾကာင္း၊ ေမာင္အတြက္သာ သူအသက္ရွင္ေနေၾကာင္း ေမာင္သတိျပန္ရမွ ရန္ေတြ႕ၿပီး ေျပာျပဦးမည္ဟု ယုဂန္ေတးထားလိုက္သည္။

***********************************

A/N

မင္းေယာဇာက တီဗီမွာျပတဲ့ ကိုရီးယားကားထဲက မင္းသမီးေတြလိုပဲ။ အခ်ိန္အေတာ္ၾကာမွ ဆံပင္ေကေတြခ်ိန္း၊ glow up ၿပီးခပ္မိုက္မိုက္ ျပန္ေရာက္လာတာ ဟဟ။

အ႐ုဏအတြက္ေတာ့ စိတ္မပူပါနဲ႔။ TEO က HE ေလ။ HE HE HE

12.10.2022
( Wednesday )

Continue Reading

You'll Also Like

685K 39.8K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
56.6K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...
10.1K 674 3
FBပေါ်တင်ထားတဲ့ ဝတ္ထုတိုတွေ၊စာစုရှည်တွေကို ဒီမှါအကုန်ပေါင်းတင်ပေးပါမယ် #poe_nyo🐌
279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^