ဗီလိန်အဖြစ်မွေးဖွားခြင်း (Com...

By Doh_Clover

519K 55K 419

. More

Novel Summary
Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
50% Promotion
Noti
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88 (End)

Chapter 3

9.8K 1K 4
By Doh_Clover

Chapter 3 - ကြွေသားဘုရင်


သည်မြင်ကွင်းက နောက်တစ်ကြိမ်ထပ်ဖြစ်လာပြီး သူ့အမူအရာတွေက လုံးဝရှုပ်‌ထွေးနေခဲ့သည်။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ”

တသ် ...

ကျယ်လောင်တဲ့အသံက အိပ်ရာအောက်နေ ထွက်လာခဲ့သည်။ သူက ဖင်ကို ဟိုရမ်းလိုက် ဒီရမ်းလိုက်လုပ်နေပြီး သူ့အင်္ကျီက ကြယ်သီး ပြုတ်ထွက်သွားတာဖြစ်သည်။ ပေါ်သွားတဲ့ခါးလေးက အနည်းငယ်တုန်ယင်သွားသည်။

သေစမ်း...စုလုရီ ကုတင်နဲ့ ဆောင့်မိတာကြောင့် သေမတက် နာသွားလေသည်။

စုချီရဲ့ မျက်လုံးတွေက အရင်ညက တစ်ပုံစံထဲဖြစ်သည်။ တစ်ခုလေးမှ ပြောင်းလဲမသွားပေ။ အဲ့တာ ရည်ရွယ်ချက်ရှိရှိ လုပ်တာ ထင်ရှားနေတာပဲ။

“ရှောင်ရီ၊ မင်း အဆင်ပြေရဲ့လား”

ယုရှင်းရန်လည်း ထိတ်လန့်သွားသည်။ သူမက ထကာ သူ့ကို စစ်ဆေးလိုက်သည်။ ပြီးတာနဲ့ သူမက နောက်လှည့်လိုက်ပြီး စုချီကို စိုက်ကြည့်ကာ ...

"မင်း ဘာလို့ သူ့ကိုခြောက်လန့်ရတာလဲ"

စုလုရီက မျက်လုံးထဲ မျက်ရည်တွေ ဝိုင်းလျက် အိပ်ရာအောက်က ကုန်းရုန်းထွက်လာခဲ့သည်။ သူက ခေါင်းကိုမော့ကာ စုချီကို ကြည့်လိုက်သည်။သူက လက်ဝါးကိုဖြန့်ကာ ကြယ်သီးလေးကို ပြပြီးပြောလိုက်သည်။

“အစ်ကိုကြီး၊ ငါ မင်းရဲ့ကြယ်သီး ရှာတွေ့ခဲ့ပြီ”

မင်း နည်းနည်းလောက်လေးပဲ အားနာစိတ်လေးဝင်လိုက်မယ်ဆိုရင်...

စုချီက တည်ညိမ်တဲ့အမူအရာနဲ့ပဲ ယုရှင်းရန်ကို ပြန်ကြည့်လိုက်သည်။

“ကျွန်တော်က ရှောင်ရိီကို ဂရုစိုက်ပေးရုံလေးတင်ပါ။ အဲ့တာက သူ့ကို ကြောက်လန့်သွားစေမယ်လို့ မထင်မိဘူး”

စုလုရီ၏ မျက်လုံးပြူးသွားရသည်။

ဘယ်လိုတောင် ကြာပန်းဖြူဆန်လိုက်လဲ။ စုချီက သူ့လိုမျိုး ကြာပန်းဖြူပုံဟန်ဆောင်ပြီး သူ့ကို နှိမ်နင်းဖို့ကြံစည်နေတာလား။

ယုရှင်းရန် သူ့ကို အပြစ်မတင်နိုင်တော့ပေ။ သူမက သနားစိတ်လေးနဲ့ပဲ စုလုရီရဲ့နီရဲနေတဲ့ နဖူလေးကိုပွတ်ပေးနေလိုက်တော့သည်။

စုချီက စုလုရီရဲ့အမူအရာကိုကြည့်လိုက်ပြီး သူတို့အခုလို ပြောင်းလဲလိုက်တဲ့အချိန်မှာ အနည်းငယ် ပျော်ရွှင်သွားသလို ခံစားလိုက်ရသည်။လက်စသတ်တော့ ကြာပန်းဖြူ ဖြစ်ရတယ်ဆိုတာ သည်လို ခံစားချက်ပါလား...

သူ နောက်ထပ်ပညာတစ်ခု ထပ်ရလိုက်တာပဲ။

ညရောက်တော့ စုလုရီက သူ့အခန်းသူပြန်သွားပြီး ရေချိုးပြီးတာနဲ့ သူ့နဖူးသူလှန်ကာ မှန်ကြည့်နေလိုက်သည်။ သူ့ဆံပင်တွေက ကောင်းတဲ့ထဲပါသည်။ အဲ့တာတွေက နက်မှောင်ပြီး ထူထဲသည်။သူ့ဆံပင်တွေက ပျော့ပျောင်းတာကြောင့် ထောင်ထောင်လေးဖြစ်နေဖို့က တော်တော်လေးခက်ခဲသည်။

အဲ့မှာ ဘုသီးလေးရှိသင့်သည်။ သူက တိုးတိုးလေးအော်လိုက်လေသည်။ သူက မှန်သေးသေးလေးကိုယူပြီး သူ့ခေါင်းထိပ်လေးကို ကြည့်လိုက်သည်။ဒါပေမဲ့ မှန်က မငြိမ်တဲ့အပြင် အလင်းပါ ပြန်နေတာကြောင့် သူအကြာကြီး ကြည့်နေတာတောင် ကောင်းကောင်းမမြင်ရပေ။ သူ သူ့ဆံပင်ထူထူကြားမှာ အနီအပြာကွက်ကွက်ကြီးကိုသာ မှုန်ဝါးဝါးမြင်လိုက်ရသည်။

သည်ခန္ဓာကိုယ်က နည်းနည်းလေး ထိခိုက်မိရင်တောင် ဒဏ်ရာ အလွယ်တကူရနိုင်တဲ့ ခန္ဓာကိုယ်ဖြစ်ကြောင်း စုလုရီ သိသွားသည်။ သူ သည်နေ့ သူခေါင်းကို ဆောင့်မိတော့ ကြမ်းပြင်ပေါ်ကိုလည်း တံတောင်နဲ့ ဆောင့်မိသွားသေးသည်။ အဲ့အချိန်မှာပဲ ဆောင့်မိတဲ့နေရာက ပွန်းသွားခဲ့သည်။ နာတာကတော့ အဲ့လောက်ကြီး မနာပေမယ့် ကြည့်ရတာတော့ ကြောက်စရာကောင်းနေသည်။

သူ အရင်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့အကြောင်းကို ဖတ်ခဲ့တဲ့အချိန်တုန်းက ...

(စုချီရဲ့အိပ်ရာပေါ်ကို လှဲလိုက်ကာ သူက သူ့လက်နဲ့လည်ပင်းပေါ်မှာ အနီစက်တစ်စက် ကျန်အောင် လုပ်လိုက်သည်။)

အဲ့တာက တော်တော်လေး ဒေါသထွက်စရာကောင်းတယ်လို့ သူထင်ခဲ့ဖူးသည်။ သူ ဘယ်လိုတောင် အဲ့လိုမျိုး အမှတ်အသား လုပ်နိုင်ရတာလဲ။

အခုတော့ သူနားလည်သွားပြီ : သူက တကယ်ကို တော်တဲ့သူမှန်း သိလာခဲ့၏။

သူ အိပ်ရာဝင်တဲ့အချိန်မှာတော့ ဆယ်နာရီတောင်မထိုးသေးပေ။ မနက်ဖြန်ပါတီပွဲမှာ မူလပိုင်ရှင်ရဲ့မိတ်ဆွေနဲ့ တွေ့ရမှာကို တွေးလိုက်ပြီး စုလုရီ WeChat က မိတ်ဆွေအချို့နဲ့ ပြောထားတာတွေကို ဖွင့်ကြည့်လိုက်သည်။

မက်ဆေ့ အဟောင်းတွေကို ဖွင့်ခြင်း....

[စုလုရီ] : သခင်လေးဖန်၊ ကျွန်တော်က စု မိသားစုက လေးယောက်မြောက် သခင်လေး စုလုရီပါ။ ခင်ဗျား ကျွန်တော်နဲ့ တစ်ချိန်ချိန်လောက် ထမင်းအတူတူစားကြမလား...

[စုလုရီ] : သခင်လေးရူ၊ ကျွန်တော်က စုမိသားစုက လေးယောက်မြောက် သခင်လေး စုလုရီပါ။ ကျွန်တော်တို့ ဒီနေ့လေးတင်တွေ့ခဲ့ကြသေးတယ်လေ မှတ်မိလား...

[စုလုရီ] : သခင်လေးကျောက်၊ ကျွန်တော်က စုမိသစုရဲ့လေးယောက်မြောက် သခင်လေး စုလုရီပါ။ ခင်ဗျားက ပန်းတွေနဲ့သစ်ပင်တွေကို သဘောကျတယ်လို့ ကျွန်တော်ကြားမိလို့၊ ဒီအပတ်ပိတ်ရက် နာမည်ကြီးတဲ့ ပန်းပြပွဲကို သွားကြည့်ဖို့ စိတ်ဝင်စားလား...


အကုန်လုံးက ဝင်ဖတ်ပေမယ့် ပြန်ဖြေတာမျိုး မရှိပေ။

ကြည့်ရတာ နောက်ထပ်နံပါတ်တွေကိုလည်း စစ်စရာ မလိုတော့ဘူး ထင်တာပဲ။

စုလုရီ သက်ပြင်းချလိုက်သည်။ သူက ဖုန်းကိုပိတ်ကာ အောက်ဆင်းပြီး ရေသောက်ဖို့လုပ်လိုက်သည်။ သူမီးဖိုချောင်ထဲကို ဝင်ဝင်ချင်းပဲ စုချီနဲ့ထိပ်တိုက်တိုးလေသည်။ အဲ့အေးစက်နေတဲ့မျက်လုံးတွေက သူ့တံတောင်ဆစ်ကို ဒဏ်ရာကို စစ်ဆေးနေသလိုမျိုး ခဏလောက်ရပ်သွားလေ၏။

စုလုရီရဲ့ခေါင်းက အခုထိ နာနေတုန်းပဲဖြစ်သည်။လောလောဆယ်တော့ သူ ဘာမှလုပ်ချင်စိတ် မရှိပေ။ သူက စုချီကို ကျော်သွားပြီ သောက်ဖို့ ရေထည့်လိုက်သည်။

သူ ရေသောက်လို့ပြီးသွားတာနဲ့ အပေါ်ထပ် ပြန်တက်သွားသည်။ သူ အိပ်ရာပေါ်ထိုင်နေရုံရှိသေး တံခါးခေါက်သံ ထွက်လာခဲ့သည်။ အဲ့နောက် တံခါးက ပွင့်သွားပြီး အထဲဝင်လာတဲ့သူက အံ့ဩစရာကောင်းအောင် စုချီ ဖြစ်နေလေ၏။

စုလုရီခမျာ အံ့ဩလွန်းလို့ ပါးစပ်တောင် မထိန်းချုပ်နိုင်ဘဲ ဟသွားရသည်။

ပွင့်နေတဲ့ ပါးစပ်ကို လျစ်လျူရှုပြီး စုချီက အဲ့လူဆီ တည့်တည့်လျှောက်သွားလိုက်သည်။ သူ ခပ်နီးနီးကို ရောက်သွားတဲ့အခါမှာတော့ သူလက်ထဲက ပုလင်းသေးသေးလေးကို စုလုရီ လက်ထဲပစ်ချလိုက်သည်။

အဲ့တာက ဂန္ဓာပန်း ဆီပုလင်း ဖြစ်သည်။

{TN _ အမှန်တော့ safflower oil ပါ။ ဒါပေမယ့် safflower ဆိုပြီး မြန်မာနာမည်နဲ့ပန်း မရှိလို့ google မှာရှာလိုက်တော့ ဂန္ဓမာ ပန်းမျိုးနွယ်လို့ပြောတာကြောင့် ဂန္ဓမာ ပန်းလို့ သုံးလိုက်ရတာပါ}

“မင်းဘာသာ လိမ်းလိုက်”

စုလုရီက သူ့တံတောင်ဆစ်က ခရမ်းရောင်ဒဏ်ရာကြီးကိုကြည့်ပြီး ...

“အဲ့တာက မနာပါဘူး..အခုလိုမျိုးတွေ မလိုပါဘူး”

စုချီက ရွဲ့သလို ပြောလိုက်သည်။

“အချိန်ကျလာတဲ့ အခါကျရင် မင်းက အဖေ့ကို ငါမင်းကို အနိုင်ကျင့်တယ်ဆိုပြီး ပြောတော့မှာ မဟုတ်လား”

စုလုရီ ရှင်းပြလိုက်ရသည်။

“မဟုတ်...မဟုတ်ဘူး...ငါ တံတောင်ဆစ်က တကယ် မနာတာပါ။ အဲ့တာက ကြည့်လို့သာ ကြောက်စရာကောင်းတာ..တကယ်တော့ ခေါင်းက ဒဏ်ရာကမှပိုနာတာ”

“အဲ့တာဆိုလည်း မင်း ခေါင်းကိုလိမ်းလိုက်”

စုချီက ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့သည်။ဒါပေမယ့် စုလုရီက အလောတကြီး ...

“ငါ ခေါင်းထိပ်ကို မမြင်ရလို့”

စုချီ ; “သာမာန်လူတွေက သူတို့ခေါင်းထိပ် သူတို့မမြင်ရဘူး”

စုလုရီက အဲ့တာကို နားလည်သည်။

“ဒါပေမယ့် ငါတို့က တခြားတစ်ယောက်ရဲ့ခေါင်းကို မြင်ရတယ်လေ”

စုချီက ခေါင်းညိတ်ကာ ...

“ဟုတ်တယ်လေ။ ငါ မင်းခေါင်းပေါ်က ဘုသီးကြီးကို မြင်သားပဲ”

“…”

စုလုရီက သူ့လက်ကို ထောက်ထားလိုက်ပြီး ...

“မင်းက ငါ မင်းကိုတောင်းဆိုတာကိုလိုချင်တာလား”

ငါးမိနစ်အကြာ ...

နှစ်ယောက်လုံးက ရေချိုးခန်းထဲတွင် မတ်တပ်ရပ်နေကြသည်။

လေထုထဲတွင် ဂန္ဓမာပန်းအဆီနံ့က ပျံ့လွင့်နေလေပြီး အဲ့တာက အနည်းငယ် ညှော်နံ့နံလေသည်။ စုချီက ငုံ့လိုက်ကာ စုလုရီရဲ့ဆံပင်တွေကို ဆွဲလိုက်ပြီး ဂန္ဓမာပန်းအဆီကို လိမ်းပေးလိုက်သည်။ ညိုညစ်ညစ်အရည်တွေက ဆံပင်ကြားထဲ စိမ့်ဝင်သွားပြီး သူ့လက်နဲ့ လက်သည်းတွေကြားထဲလည်း စီးကျသွား၏။ သူ့လက်တစ်ခုလုံး အဲ့တာအနံ့နဲ့ ပြည့်နေလေသည်။

စုလုရီက စုချီ သူ့ခေါင်းထိပ်ကို အတင်းဖိနေတာကို ခံစားမိတော့ ...

“နာတယ် ...အစ်ကိုကြီး.. ညင်ညင်သာသာလေး လုပ်ပါ၊ သာသာလေး...”

“ငါ ညင်ညင်သာသာလေး မလုပ်တတ်ဘူး”

“အဲ့တာဆိုလည်း တစ်ခါလောက် လေနဲ့မှုတ်ပေးစမ်းပါ”

ရေချိုးခန်းထဲက အသံတွေက အလွှာတွေကြားပဲတင့်သံထပ်နေပြီး စုချီကတော့ သူ့အော်သံတွေကြောင့် ခေါင်းကိုက်ချင်သလိုလို ဖြစ်သွားသည်။သူက ခပ်မြန်မြန်ပဲ ခေါင်းထိပ်လေးကို မှုတ်ပေးလိုက်၏။

တကယ်ကို ခဏလေးပါပဲ...လေကလည်း အဲ့လောက် အားမများပေ။

ဆံပင်လေးနှစ်ချောင်းက သူကိုလေမှုတ်ပေးလို့ ကျေးဇူးတင်နေသလိုမျိုး သေးသေးလေးထောင်လာလေသည်။

စုချီ သူ့ စိတ်ထဲတွေးလိုက်သည်။ ဆံပင်ကတောင် ပိုင်ရှင်ထက် ပိုယဉ်ကျေးသေးတယ်။

စုလုရီက တစ်ခုခုကို ခံစားမိသွားကာ ...

“ဘာလို့ ငါ့ခေါင်းက ကျဥ်လာတယ်လို့ ခံစားရတာလဲ။ မင်း ငါ့ကို အတွေးတွေထဲမှာ နောက်တစ်ကြိမ် အနိုင်ကျင့်နေပြန်ပြီမလား”

ဆေးလိမ်းပေးနေတဲ့ စုချီရဲ့လက်တွေကို အားနည်းနည်း ထပ်ထည့်လိုက်သည်။

“အာ့၊ နာတယ်”

“နောက်ထပ် မကျဥ်တော့ဘူးလေ”

ဆေးလိမ်းပေးတာက အမှိုက်ပုံကို ရှင်းပေးလိုက်သလိုပင်။ သူတို့ရဲ့ညီအစ်ကို ချစ်ခြင်းက ထူးခြားလေသည်။ စုလုရီက သူ့ နှလုံးသားထဲက စိတ်မကောင်းခြင်းများစွာနဲ့ ခေါင်းစဉ်ပြောင်းလိုက်သည်။

“အစ်ကိုကြီး၊ ငါ လူတွေနဲ့ ဆက်ဆံရာမှာ တော်တော်ညံ့လား”

စုချီက လုံးဝ မပါးနပ်ပေ။

“ဟုတ်တယ်”

စုလုရီက အနည်းငယ် နင်သွားလေသည်။ ပြီးတာနဲ့ သူက စိတ်မကောင်းစွာ ပြောလိုက်သည်။

“သူငယ်ချင်းလေး တစ်ယောက်၊ နှစ်ယောက်လောက်တော့ရှိမှာပါ၊ ဟုတ်တယ်မလား”

သူက ရက်စက်တဲ့ ဗိီလိန်ကြီးဆိုရင်တောင်မှ သူမှာလည်း သူ့လို ရပ်စက်တဲ့ ဗီလိန် သူငယ်ချင်းတွေရှိမှာပဲလေ၊ အာ့ ... စုလုရီက တကယ်ကြည့်ကောင်းလှသည်။ သူ့ မျက်နှာလေးကို ထောက်ထားပြီးတော့ ပဲဖြစ်ဖြစ် သူငယ်ချင်း မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။

စုချီ ; “မင်း ဖားတွေကို ဘယ်လိုခေါ်လည်း သိလား”

စုလုရီ ; “....”

ဟုတ်ပြီ၊ သူသိသွားပြီ..အထီးကျန်သမားလေးတဲ့
.

နောက်တစ်နေ့ စုလုရီ အိပ်ရာနိုးတော့ သူ့လက်က ဒဏ်ရာတွေက မနေ့ကထက် ပိုဆိုးလာတာကို သိလိုက်သည်။ အဲ့တာက နည်းနည်းတောင် ပြန့်လာသလိုပင်။

သူ မနက်စာ စားဖို့ အောက်ဆင်းသွားချိန်မှာတော့ စုကျစ်ထုံနဲ့ စုချီက ကုမ္ပဏီကို သွားပြီဖြစ်သည်။ ယုရှင်းရန်တစ်ယောက်ထဲသာ အဲ့မှာရှိနေပြီး ငါးဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ သေချာလေးချထားလိုက်သည်။

“ရှောင်ရီ၊ ငါးဆန်ပြုတ်လေး နည်းနည်းလောက်သောက်လိုက်ပါအုန်း။ မင်း မနေ့တုန်းက ခေါင်းခိုက်မိထားတယ်လေ၊ အဲ့တာက သက်သာစေလိမ့်မယ်“

စုလုရီက သူရှေ့က ငါးဆန်ပြုတ်အိုးအကြီးကြီးကိုကြည့်ပြီး အချိန်အကြာကြီး ဆွံ့အသွားလေ၏။

ငါးက ဦးနှောက်အတွက် အထောက်အကူပြုတာမဟုတ်လား။ သူမက ငါ ဦးနှောက်ပျက်သွားတယ်လို့ ထင်နေတာလား။

“အမေ၊ ကျွန်တော် ဒီလောက်အများကြီး မစားနိုင်ဘူးလေ”

“မင်း ဆန်ပြုတ်နည်းနည်းလေးပဲ စားပြီး အိုးထဲက ငါးဖတ်တွေကိုတော့ အကုန်စားရမယ်“

စုလုရီ ရှုံ့မဲ့ကာ ခေါင်းကို မော့လိုက်သည် : အဲ့တာက တစ်အိုးလုံးပဲလေ ...

အိုးတစ်ဝက်စာလောက် ငါးဖတ်တွေကို စားပြီးနောက် ယုရှင်းရန်က အလုပ်သမားကို ခေါ်ကာ သူ့ကို ဆေးလိမ်းပေးခိုင်းလိုက်သည်။ သူက စုလုရီရဲ့ခေါင်းသေးသေးလေးကို ကိုင်ပြီး သက်ပြင်းချလိုက်၏။

“တော်သေးတာပေါ့၊ မင်းမှာ ဆံပင်ထူထူရှိပြီး ဘုသီးလေးကို ကွယ်ထားနိုင်လို့။ မဟုတ်ရင် မင်း ပါတီပွဲသွားတဲ့အခါကျရင် ဒီအခြေအနေက ဘယ်လို ပြန့်သွားမယ်ဆိုတာ သိမှာ မဟုတ်ဘူး”

စုလုရီက စပ်စုလိုက်သည်။

“ဘယ်လို ကောလဟာလမျိုး ဖြစ်လောက်လဲ”

ယုရှင်းရန်ရဲ့မျက်လုံးက သူ့ကိုကြည့်လာပြီး ...

“အဲ့တာက ရှင်းပါတယ်။ သူတို့က မင်းက စုမိသားစုမှာ အပယ်ခံဖြစ်နေပြီး စုမိသားစုက မင်းကို နှိပ်စက်တယ်၊ မင်းရဲ့ညီအစ်ကိုတွေနဲ့ ဆက်ဆံရေး ဆိုးဝါးပြီး မင်းက ကလေးဆိုးလေး ဖြစ်တယ်လို့ ပြောလိမ့်မယ်”

စုလုရီက နာနာခံခံပဲ နားထောင်ကာ သူ့စိတ်ထဲပြောလိုက်သည်။ ဒုတိယတစ်ခုက အမှန်တရားနဲ့တော်တော်လေးနီစပ်တာပဲ။

ယုရှင်းရန်က အဲ့တာကို ပြောလိုက်ရလို့ ဒေါသထွက်လာခဲ့သည်။

“အဲ့အကြောင်း မပြောကြရအောင်။ ဘာပဲဖြစ်ဖြစ် လူတွေဆိုတာ မျိုးစုံရှိတယ်။ အထက်တန်းလွှာလူတန်းစားက ရှုပ်ထွေးပြီး အတင်းအဖျင်းတွေပြောရတာ သဘောကျကြတယ်။ ညကျရင် မင်းအစ်ကိုကြီး အနားကပ်နေပြီး အခြားသူတွေကို မင်းကို အနိုင်ကျင့်တာမခံနဲ့...မှတ်ထား”

စုလုရီက သူမကို စိတ်ချစေရန် ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော် အိမ်သာသွားရင်တောင် အစ်ကိုကြီးကို ကျွန်တော်နဲ့အတူ ခေါ်သွားမယ်”

ယုရှင်းရန်က သူ့ခေါင်းလေးကို လက်နဲ့ရိုက်လိုက်သည်။

“အဲ့လိုမျိုး မဟုတ်ဘူးလေ”

“…”

ညစာစားချိန်နီးလာတဲ့အခါမှာတော့ စုချီ ပြန်လာခဲ့သည်။ စုလုရီက အပေါ်ထပ်ကို မြန်မြန်တက်သွားပြီး နောက်တစ်ခါ ရေချိုးကာ ဂန္ဓမာပန်းအဆီနံ့ကိုပျောက်အောင်လုပ်ပြီး အင်္ကျီလဲလိုက်သည်။

ယုရှင်းယန်က စုချီကို ဧည့်ခန်းထဲမှာထိုင်ပြီး အသေးစိတ် ညွှန်ကြားနေလေသည်။ လှေကားက အသံကြားတော့ သူက ခေါင်းကို လှည့်ကာ မျက်လုံးတွေက မြင့်တက်သွားရ၏။

စုလုရီမှာ ကောင်းမွန်တဲ့ပုံစံလေး ရှိသည်။ သူ‌ ခြေထောက်တွေက ရှည်လျားသွယ်လျနေသည်။မီးခိုးရောင်းဖျော့ဖျော့ဘောင်းဘီက သူ့တင်ပါနဲ့ခြေထောက်တွေရဲ့ကောက်ကြောင်းကို ကောင်းစွာဖော်ပြထားလေသည်။ ရှပ်အင်္ကျီအောက်က သူ့ခါးက သေးသွယ်ပေမယ့် ချိနဲ့ နေတာတော့ မဟုတ်ပေ။မင်း ကိုင်စရာမလိုဘဲနဲ့တောင် အဲ့တာက လှပကောင်းမွန်တဲ့ခါးမှန်း သိနိုင်သည်။ ခါးလှမှန်းသိရဖို့ ဆုပ်ကိုင်စရာ မလိုအပ်ပေ။

သူက လှေကားကနေ ဆင်းလာခဲ့သည်။ သူ့ ဆံပင်တွေက နက်မှောင်နေပြီး နှုတ်ခမ်းတွေကလည်း နီရဲနေလေသည်။ သူမှာ လှပကျော့ရှင်းခြင်းတွေအပြည့်ပဲဖြစ်သည်။

နာမည်ကြီးမိသားစုက မြင့်မြတ်တဲ့တော်ဝင်တွေကို ပ်ျုးထောင်ပေးတယ်ဆိုရင် စုလုရီက ကောင်းကောင်းမွန်မွန်လေး ပျိုးထောင်ခံခဲ့ရသည်။

“အဲ့တစ်ခုက အရမ်းကြည့်ကောင်းတာပဲ”

ယုရှင်းရန်က သူ့ကို လက်ယက်ခေါ်ကာ စုချီနဲ့အတူရပ်ခိုင်းထားလိုက်သည်။

“ငါ့မှာ တော်တော်လေး ကောင်းမွန်တဲ့အမြင်ရှိတာပဲ။ ဒီနှစ်ခုက ညီအစ်ကိုတွေနဲ့ တူတယ်”

စုချီရဲ့ဝတ်စုံက မီးခိုးနက်နက်ဖြစ်ပြီး တည်ငြိမ်တဲ့ လေထုနဲ့ အရမ်းကြီးလည်း မှိုင်းမနေပေ။ သူကအရပ်ရှည်တာကြောင့် အခုလို ဝတ်စုံနဲ့ဆို သူ့အရှိန်အဝါက ကြီးမားလှသည်။ သူ သွားတဲ့နေရာတိုင်းက လူတိုင်းကို ဖိအားပေးနိုင်‌လေသည်။

ယုရှင်းရန် ကြည့်လေလေ၊ ကျေနပ်လာလေဖြစ်သည်။ ဘယ်သူကမှ သူ့ သားကြီးရဲ့အရှိန်အဝါနဲ့တည်ရှိမှုကို မယှဉ်နိုင်ဘူး။ သူမ မွေးရကျိုး တကယ်နပ်တယ်။

“အမေ၊ ကျွန်တော်တို့ သွားတော့မယ်”

စုချီက သူ့လက်ကိုမြှောက်ကာ အချိန်ကိုကြည့်လိုက်သည်။

ယုရှင်းယန်က ပြန်ပြောလိုက်သည်။

“သွား...သွား”

နှစ်ယောက်သားက သီးသန့်ကားထဲ ဝင်သွားပြီး အဝေးပြေး လမ်းမပေါ် မောင်းထွက်သွားတော့သည်။

ကျဉ်းမြောင်းတဲ့နေရာထဲမှာ လေထုက မသက်သာလှပေ။ စုလုရီက မသက်မသာ ဖြစ်နေတာမို့ ကော်လံကို နည်းနည်းဆွဲချလိုက်သည်။ ကားရဲ့ပုံရိပ်က ပြတင်းပေါက်မှန်မှာ ထင်နေပြီး သူ့အကြည့်တွေကလည်း စုချီရဲ့ လက်ကောက်ဝက်မှာ ကျောက်ချနေလေသည်။

Blancpain နာရီ၊ နီလာနဲ့ လုပ်ထားတဲ့မှန်၊ ခရစ်စတယ်နဲ့ လုပ်ထားတဲ့ မှန်ဘီလူး၊ နီရွှေရောင်မှန်ဘောင်၊ ခမ်းနားပြီး ကြီးကျယ်လှသည်။ သူနဲ့တော်တော်လေးလိုက်တယ်။

“ကြိုက်လား”

“ဘာကိုလဲ”

စုလုရီက လှည့်ကာ စုချီ သူ့လက်ကောက်ဝတ်ကိုမြှောက်ပြတာကို ကြည့်လိုက်သည်။ သူက တကယ်စိတ်ပျက်စရာကောင်းတာပဲ။ စုချီရဲ့အမြင်က အဲ့လောက် စူးရှလိမ့်မယ်လို့ သူ မထင်ထားပေ။

“မဟုတ်ပါဘူး၊ အစ်ကိုကြီးက အဲ့လိုတွေ ဝတ်တာနဲ့လိုက်တယ်လို့ တွေးနေရုံပါ”

စုချီက ရယ်လိုက်ကာ ...

“ဘယ်လိုဟာတွေလဲ”

စုလုရီ ; “ဈေးကြီးတာတွေ”

“…”

စုချီတစ်ယောက် နဖူးတွေ တွန့်ကျိုးသွားသည်။

“俗”

{TN _ 俗 အဲ့တာက ကျော်ကြားတယ် ကြီးကျယ်တယ်ဆိုတဲ့အဓိပ္ပါယ်ပါ၊ e tran မှာ အဲ့အတိုင်းရေးထားလို့ အဲ့အတိုင်းရေးလိုက်တာပါ}
.

ပါတီက ကော့တေးပါတီနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး ညခြောက်နာရီမှာ စမှာဖြစ်သည်။ သူတို့ပွဲကိုရောက်တော့ မစခင် ဆယ်မိနစ် အလိုလောက်ဖြစ်ကာ အခြားဧည့်သည်တွေလည်း အခုမှ လာကြတုန်းဖြစ်သည်။

စုချီနဲ့ စုလုရီ ကားထဲက ထွက်လိုက်တာနဲ့ ပတ်ဝန်းကျင်က ရှစ်ဆလောက် တိတ်သွားသလိုပင်။

အမျိုးမျိုးသော အကြည့်တွေက သူတို့ကို ကြည့်နေလေသည်။ အံ့ဩခြင်းတွေ စပ်စုခြင်းတွေ မထီမဲ့မြင်ပြုတဲ့ အကြည့်တွေနဲ့ တွန့်ဆုတ်နေတဲ့အကြည့်တွေ...

စုချီရဲ့မျက်နှာကတော့ သူ့ဘေးက လူတွေနဲ့ ဘာကိစ္စမှမရှိသလို မပြောင်းလဲပေ။

စုလုရီရဲ့အမူအရာလည်း မပြောင်းလဲပေ။ အဆုံးမှာတော့ အကြည့်တွေ အကုန်လုံးက သူ့ကို ဦးတည်နေတာပဲလေ။

အဲ့တာ မူလပိုင်ရှင်ကြောင့်ပဲလေ သူက ဘာလို့ ဂရုစိုက်ရမှာလဲ။

အခုချိန်မှာ စုချီက တကယ်ကောင်းတဲ့သူဆိုတာ သိနိုင်သည်။ သူက သူ့ (စုလုရီ) ကို မကျေနပ်ပေမယ့် သူ့ကို ဒီလို အခြေအနေကြီးမှာတော့ တစ်ယောက်တည်း ထားမသွားဘူးလေ။

စုလုရီက စုချီရဲ့အပြူအမူတွေကို ခွင့်လွှတ်ပေးဖို့ဆုံးဖြတ်လိုက်သည်။

သူက စုချီကို တိုးတိုးလေး ပြောလိုက်သည်။

“ဒီလို ခက်ခဲတဲ့ စမ်းသပ်မှုတွေကို ငါတို့အတူတူဖြတ်သန်းမယ်လို့ မျှော်လင့်ပါတယ်”

စုချီကလည်း သူ့လိုမျိုး အသံတိုးတိုးလေးနဲ့ ပြန်ပြောလာသည်။

“အခုလို ကမောက်ကမတွေ ဖြစ်အောင်လုပ်တာ မင်းလေ”

“…”

ခန်းမထဲ ဝင်လိုက်တာနဲ့ ကြိုဆိုရေးဝန်ထမ်းတွေက သူတို့ကို ဖိတ်စာပြခိုင်းလေသည်။ စုချီက လှည့်လိုက်ပြီး စုလုရီကို ပြောလိုက်သည်။

“နေရာတစ်နေရာရှာပြီး အရင်ထိုင်နေလိုက်။ ငါတစ်ယောက်ယောက်နဲ့ စကားပြောစရာရှိသေးလို့ ပါတီ မစခင် ပြန်လာခဲ့မယ်”

သူပြောပြီးတာနဲ့ သူက တစ်ခုခုကို အမှတ်ရသွားကာ စိတ်ဆင်းရဲနေတဲ့ အမူအရာနဲ့ ပြောလိုက်သည်။

“အရင်တစ်ခေါက်ကလို လျှောက်မလုပ်နဲ့တော့နော်၊ နားလည်လား”

စုလုရီကတော့ ဘာမှ နားမလည်တော့ပေ...ဘာကြီးတုန်း ...

စုချီက ပြောပြီးတာနဲ့ ထွက်သွားတော့သည်။ စုလုရီက တစ်ယောက်ထဲ ရှုပ်ထွေးစွာနဲ့ ပွဲထဲ ဝင်သွားကာ ဘယ်သူမှ မထိုင်တဲ့ နေရာကို ရှာတွေ့သွား၏။ အဲ့တာ စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာပဲ ဖြစ်လိမ့်မယ်။ ခဏလောက် ထိုင်နေပြီးနောက် စုလုရီ သူ့နောက်က တီးတိုးပြောသံ ကြားလိုက်ရသည်။

“အဲ့တာ စုမိသားစုက အယောင်ဆောင်ကောင်မဟုတ်ဘူးလား။ သူက ဘာလို့ ဒီမှာရှိနေတာလဲ”

“တော်တော် အရည်ထူတာပဲ။ အရင် တစ်ခေါက်တုန်းက သူက ဖန်မိသားစုရဲ့သခင်လေးဆီ ပြေးဝင်သွားပြီး သူ့ကိုယ်သူ ဝိုင်နဲ့ လောင်းလိုက်လေ။ သခင်လေးက သူ့ကို လျစ်လျူရှုတာနဲ့ သူက နောက်ထပ် ဒုတိယ သခင်ငယ်လေးဆီ ပြေးဝင်ပြီ ဖြားယောင်းဖို့ ကြံစည်ပါလေရော”


စုလုရီ ; " ... "

မဖြစ်နိုင်ဘူး။ သူမှာ ကိုယ်လုပ်တော် နှစ်ယောက်ရှိပြီး သူ့ ကျောပေါ်မှာ လေးလံတဲ့ အချစ်အကြွေးတွေကိုများ သယ်ဆောင်ထားသလား။

“အို၊ အဲ့တာပြီးတာနဲ့ သူက သခင်လေး ကု၊ ဒုတိယသခင်လေး ဆန်း၊ ဒုတိယ သခင်လေး ကျောက် နဲ့နောက်ထပ် သခင်လေး သုံး၊ လေးယောက်ပဲ...အဲ့တာက ခန်းမ အပြည့်နီးပါပဲ”

စုလုရီ...သူ လွန်ကဲစွာ တွေးလိုက်မိသည်။ အဲ့တာက ကြွေသားဘုရင် ဖြစ်ရခြင်း အကြောင်းပေါ့ ...

“ဟ…အံ့ဩစရာပဲ။ မြို့ပတ်ရထား ရှောင်းဟော်ချီ”

“ဟုတ်တယ်။ ဖန်မိသားစုရော၊ ကျောက်မိသားစုရော၊ ဆန်းမိသားစုပါ ဒီကိုလာကြမှာတဲ့။ ရှောင်းဟော်ချီ အခြားသူတွေနဲ့ဘယ်လိုချိတ်မလဲဆိုတာမြင်ရဖို့ မစောင့်နိုင်တော့ဘူး”

စုလုရီ : " ... "

——

စုလုရီ : ဖိတ်ကြားမှုတွက်ကျေးဇူးတင်ပါတယ်။ အိမ်က ကျွန်တော် ခံစားဖို့ လုံလောက်နေပါပြီ။

စုချီ : ဟီးဟီး ...
_____

Footnotes:

ကြာပန်းဖြူ - အပြင်ပန်းမှာဖြူစင်ပြီး အတွင်းစိတ်ထဲတွင် ဆန့်ကျင်ဘက်ဖြစ်နေသောသူ

Zawgyi

Chapter 3 - ေႂကြသားဘုရင္


သည္ျမင္ကြင္းက ေနာက္တစ္ႀကိမ္ထပ္ျဖစ္လာၿပီး သူ႕အမူအရာေတြက လုံးဝရႈပ္‌ေထြးေနခဲ့သည္။

“မင္း ဒီမွာ ဘာလုပ္ေနတာလဲ”

တသ္ ...

က်ယ္ေလာင္တဲ့အသံက အိပ္ရာေအာက္ေန ထြက္လာခဲ့သည္။ သူက ဖင္ကို ဟိုရမ္းလိုက္ ဒီရမ္းလိုက္လုပ္ေနၿပီး သူ႕အကၤ်ီက ၾကယ္သီး ျပဳတ္ထြက္သြားတာျဖစ္သည္။ ေပၚသြားတဲ့ခါးေလးက အနည္းငယ္တုန္ယင္သြားသည္။

ေသစမ္း...စုလုရီ ကုတင္နဲ႕ ေဆာင့္မိတာေၾကာင့္ ေသမတက္ နာသြားေလသည္။

စုခ်ီရဲ႕ မ်က္လုံးေတြက အရင္ညက တစ္ပုံစံထဲျဖစ္သည္။ တစ္ခုေလးမွ ေျပာင္းလဲမသြားေပ။ အဲ့တာ ရည္႐ြယ္ခ်က္ရွိရွိ လုပ္တာ ထင္ရွားေနတာပဲ။

“ေရွာင္ရီ၊ မင္း အဆင္ေျပရဲ႕လား”

ယုရွင္းရန္လည္း ထိတ္လန႔္သြားသည္။ သူမက ထကာ သူ႕ကို စစ္ေဆးလိုက္သည္။ ၿပီးတာနဲ႕ သူမက ေနာက္လွည့္လိုက္ၿပီး စုခ်ီကို စိုက္ၾကည့္ကာ ...

"မင္း ဘာလို႔ သူ႕ကိုေျခာက္လန႔္ရတာလဲ"

စုလုရီက မ်က္လုံးထဲ မ်က္ရည္ေတြ ဝိုင္းလ်က္ အိပ္ရာေအာက္က ကုန္း႐ုန္းထြက္လာခဲ့သည္။ သူက ေခါင္းကိုေမာ့ကာ စုခ်ီကို ၾကည့္လိုက္သည္။သူက လက္ဝါးကိုျဖန႔္ကာ ၾကယ္သီးေလးကို ျပၿပီးေျပာလိုက္သည္။

“အစ္ကိုႀကီး၊ ငါ မင္းရဲ႕ၾကယ္သီး ရွာေတြ႕ခဲ့ၿပီ”

မင္း နည္းနည္းေလာက္ေလးပဲ အားနာစိတ္ေလးဝင္လိုက္မယ္ဆိုရင္...

စုခ်ီက တည္ညိမ္တဲ့အမူအရာနဲ႕ပဲ ယုရွင္းရန္ကို ျပန္ၾကည့္လိုက္သည္။

“ကြၽန္ေတာ္က ေရွာင္ရိီကို ဂ႐ုစိုက္ေပး႐ုံေလးတင္ပါ။ အဲ့တာက သူ႕ကို ေၾကာက္လန႔္သြားေစမယ္လို႔ မထင္မိဘူး”

စုလုရီ၏ မ်က္လုံးျပဴးသြားရသည္။

ဘယ္လိုေတာင္ ၾကာပန္းျဖဴဆန္လိုက္လဲ။ စုခ်ီက သူ႕လိုမ်ိဳး ၾကာပန္းျဖဴပုံဟန္ေဆာင္ၿပီး သူ႕ကို ႏွိမ္နင္းဖို႔ႀကံစည္ေနတာလား။

ယုရွင္းရန္ သူ႕ကို အျပစ္မတင္နိုင္ေတာ့ေပ။ သူမက သနားစိတ္ေလးနဲ႕ပဲ စုလုရီရဲ႕နီရဲေနတဲ့ နဖူေလးကိုပြတ္ေပးေနလိုက္ေတာ့သည္။

စုခ်ီက စုလုရီရဲ႕အမူအရာကိုၾကည့္လိုက္ၿပီး သူတို႔အခုလို ေျပာင္းလဲလိုက္တဲ့အခ်ိန္မွာ အနည္းငယ္ ေပ်ာ္႐ႊင္သြားသလို ခံစားလိုက္ရသည္။လက္စသတ္ေတာ့ ၾကာပန္းျဖဴ ျဖစ္ရတယ္ဆိုတာ သည္လို ခံစားခ်က္ပါလား...

သူ ေနာက္ထပ္ပညာတစ္ခု ထပ္ရလိုက္တာပဲ။

ညေရာက္ေတာ့ စုလုရီက သူ႕အခန္းသူျပန္သြားၿပီး ေရခ်ိဳးၿပီးတာနဲ႕ သူ႕နဖူးသူလွန္ကာ မွန္ၾကည့္ေနလိုက္သည္။ သူ႕ဆံပင္ေတြက ေကာင္းတဲ့ထဲပါသည္။ အဲ့တာေတြက နက္ေမွာင္ၿပီး ထူထဲသည္။သူ႕ဆံပင္ေတြက ေပ်ာ့ေပ်ာင္းတာေၾကာင့္ ေထာင္ေထာင္ေလးျဖစ္ေနဖို႔က ေတာ္ေတာ္ေလးခက္ခဲသည္။

အဲ့မွာ ဘုသီးေလးရွိသင့္သည္။ သူက တိုးတိုးေလးေအာ္လိုက္ေလသည္။ သူက မွန္ေသးေသးေလးကိုယူၿပီး သူ႕ေခါင္းထိပ္ေလးကို ၾကည့္လိုက္သည္။ဒါေပမဲ့ မွန္က မၿငိမ္တဲ့အျပင္ အလင္းပါ ျပန္ေနတာေၾကာင့္ သူအၾကာႀကီး ၾကည့္ေနတာေတာင္ ေကာင္းေကာင္းမျမင္ရေပ။ သူ သူ႕ဆံပင္ထူထူၾကားမွာ အနီအျပာကြက္ကြက္ႀကီးကိုသာ မႈန္ဝါးဝါးျမင္လိုက္ရသည္။

သည္ခႏၶာကိုယ္က နည္းနည္းေလး ထိခိုက္မိရင္ေတာင္ ဒဏ္ရာ အလြယ္တကူရနိုင္တဲ့ ခႏၶာကိုယ္ျဖစ္ေၾကာင္း စုလုရီ သိသြားသည္။ သူ သည္ေန႕ သူေခါင္းကို ေဆာင့္မိေတာ့ ၾကမ္းျပင္ေပၚကိုလည္း တံေတာင္နဲ႕ ေဆာင့္မိသြားေသးသည္။ အဲ့အခ်ိန္မွာပဲ ေဆာင့္မိတဲ့ေနရာက ပြန္းသြားခဲ့သည္။ နာတာကေတာ့ အဲ့ေလာက္ႀကီး မနာေပမယ့္ ၾကည့္ရတာေတာ့ ေၾကာက္စရာေကာင္းေနသည္။

သူ အရင္ခႏၶာကိုယ္ပိုင္ရွင္ရဲ႕အေၾကာင္းကို ဖတ္ခဲ့တဲ့အခ်ိန္တုန္းက ...

(စုခ်ီရဲ႕အိပ္ရာေပၚကို လွဲလိုက္ကာ သူက သူ႕လက္နဲ႕လည္ပင္းေပၚမွာ အနီစက္တစ္စက္ က်န္ေအာင္ လုပ္လိုက္သည္။)

အဲ့တာက ေတာ္ေတာ္ေလး ေဒါသထြက္စရာေကာင္းတယ္လို႔ သူထင္ခဲ့ဖူးသည္။ သူ ဘယ္လိုေတာင္ အဲ့လိုမ်ိဳး အမွတ္အသား လုပ္နိုင္ရတာလဲ။

အခုေတာ့ သူနားလည္သြားၿပီ : သူက တကယ္ကို ေတာ္တဲ့သူမွန္း သိလာခဲ့၏။

သူ အိပ္ရာဝင္တဲ့အခ်ိန္မွာေတာ့ ဆယ္နာရီေတာင္မထိုးေသးေပ။ မနက္ျဖန္ပါတီပြဲမွာ မူလပိုင္ရွင္ရဲ႕မိတ္ေဆြနဲ႕ ေတြ႕ရမွာကို ေတြးလိုက္ၿပီး စုလုရီ WeChat က မိတ္ေဆြအခ်ိဳ႕နဲ႕ ေျပာထားတာေတြကို ဖြင့္ၾကည့္လိုက္သည္။

မက္ေဆ့ အေဟာင္းေတြကို ဖြင့္ျခင္း....

[စုလုရီ] : သခင္ေလးဖန္၊ ကြၽန္ေတာ္က စု မိသားစုက ေလးေယာက္ေျမာက္ သခင္ေလး စုလုရီပါ။ ခင္ဗ်ား ကြၽန္ေတာ္နဲ႕ တစ္ခ်ိန္ခ်ိန္ေလာက္ ထမင္းအတူတူစားၾကမလား...

[စုလုရီ] : သခင္ေလး႐ူ၊ ကြၽန္ေတာ္က စုမိသားစုက ေလးေယာက္ေျမာက္ သခင္ေလး စုလုရီပါ။ ကြၽန္ေတာ္တို႔ ဒီေန႕ေလးတင္ေတြ႕ခဲ့ၾကေသးတယ္ေလ မွတ္မိလား...

[စုလုရီ] : သခင္ေလးေက်ာက္၊ ကြၽန္ေတာ္က စုမိသစုရဲ႕ေလးေယာက္ေျမာက္ သခင္ေလး စုလုရီပါ။ ခင္ဗ်ားက ပန္းေတြနဲ႕သစ္ပင္ေတြကို သေဘာက်တယ္လို႔ ကြၽန္ေတာ္ၾကားမိလို႔၊ ဒီအပတ္ပိတ္ရက္ နာမည္ႀကီးတဲ့ ပန္းျပပြဲကို သြားၾကည့္ဖို႔ စိတ္ဝင္စားလား...


အကုန္လုံးက ဝင္ဖတ္ေပမယ့္ ျပန္ေျဖတာမ်ိဳး မရွိေပ။

ၾကည့္ရတာ ေနာက္ထပ္နံပါတ္ေတြကိုလည္း စစ္စရာ မလိုေတာ့ဘူး ထင္တာပဲ။

စုလုရီ သက္ျပင္းခ်လိဳက္သည္။ သူက ဖုန္းကိုပိတ္ကာ ေအာက္ဆင္းၿပီး ေရေသာက္ဖို႔လုပ္လိုက္သည္။ သူမီးဖိုေခ်ာင္ထဲကို ဝင္ဝင္ခ်င္းပဲ စုခ်ီနဲ႕ထိပ္တိုက္တိုးေလသည္။ အဲ့ေအးစက္ေနတဲ့မ်က္လုံးေတြက သူ႕တံေတာင္ဆစ္ကို ဒဏ္ရာကို စစ္ေဆးေနသလိုမ်ိဳး ခဏေလာက္ရပ္သြားေလ၏။

စုလုရီရဲ႕ေခါင္းက အခုထိ နာေနတုန္းပဲျဖစ္သည္။ေလာေလာဆယ္ေတာ့ သူ ဘာမွလုပ္ခ်င္စိတ္ မရွိေပ။ သူက စုခ်ီကို ေက်ာ္သြားၿပီ ေသာက္ဖို႔ ေရထည့္လိုက္သည္။

သူ ေရေသာက္လို႔ၿပီးသြားတာနဲ႕ အေပၚထပ္ ျပန္တက္သြားသည္။ သူ အိပ္ရာေပၚထိုင္ေန႐ုံရွိေသး တံခါးေခါက္သံ ထြက္လာခဲ့သည္။ အဲ့ေနာက္ တံခါးက ပြင့္သြားၿပီး အထဲဝင္လာတဲ့သူက အံ့ဩစရာေကာင္းေအာင္ စုခ်ီ ျဖစ္ေနေလ၏။

စုလုရီခမ်ာ အံ့ဩလြန္းလို႔ ပါးစပ္ေတာင္ မထိန္းခ်ဳပ္နိုင္ဘဲ ဟသြားရသည္။

ပြင့္ေနတဲ့ ပါးစပ္ကို လ်စ္လ်ဴရႈၿပီး စုခ်ီက အဲ့လူဆီ တည့္တည့္ေလွ်ာက္သြားလိုက္သည္။ သူ ခပ္နီးနီးကို ေရာက္သြားတဲ့အခါမွာေတာ့ သူလက္ထဲက ပုလင္းေသးေသးေလးကို စုလုရီ လက္ထဲပစ္ခ်လိဳက္သည္။

အဲ့တာက ဂႏၶာပန္း ဆီပုလင္း ျဖစ္သည္။

{TN _ အမွန္ေတာ့ safflower oil ပါ။ ဒါေပမယ့္ safflower ဆိုၿပီး ျမန္မာနာမည္နဲ႕ပန္း မရွိလို႔ google မွာရွာလိုက္ေတာ့ ဂႏၶမာ ပန္းမ်ိဳးႏြယ္လို႔ေျပာတာေၾကာင့္ ဂႏၶမာ ပန္းလို႔ သုံးလိုက္ရတာပါ}

“မင္းဘာသာ လိမ္းလိုက္”

စုလုရီက သူ႕တံေတာင္ဆစ္က ခရမ္းေရာင္ဒဏ္ရာႀကီးကိုၾကည့္ၿပီး ...

“အဲ့တာက မနာပါဘူး..အခုလိုမ်ိဳးေတြ မလိုပါဘူး”

စုခ်ီက ႐ြဲ႕သလို ေျပာလိုက္သည္။

“အခ်ိန္က်လာတဲ့ အခါက်ရင္ မင္းက အေဖ့ကို ငါမင္းကို အနိုင္က်င့္တယ္ဆိုၿပီး ေျပာေတာ့မွာ မဟုတ္လား”

စုလုရီ ရွင္းျပလိုက္ရသည္။

“မဟုတ္...မဟုတ္ဘူး...ငါ တံေတာင္ဆစ္က တကယ္ မနာတာပါ။ အဲ့တာက ၾကည့္လို႔သာ ေၾကာက္စရာေကာင္းတာ..တကယ္ေတာ့ ေခါင္းက ဒဏ္ရာကမွပိုနာတာ”

“အဲ့တာဆိုလည္း မင္း ေခါင္းကိုလိမ္းလိုက္”

စုခ်ီက ေျပာၿပီးတာနဲ႕ လွည့္ထြက္လာခဲ့သည္။ဒါေပမယ့္ စုလုရီက အေလာတႀကီး ...

“ငါ ေခါင္းထိပ္ကို မျမင္ရလို႔”

စုခ်ီ ; “သာမာန္လူေတြက သူတို႔ေခါင္းထိပ္ သူတို႔မျမင္ရဘူး”

စုလုရီက အဲ့တာကို နားလည္သည္။

“ဒါေပမယ့္ ငါတို႔က တျခားတစ္ေယာက္ရဲ႕ေခါင္းကို ျမင္ရတယ္ေလ”

စုခ်ီက ေခါင္းညိတ္ကာ ...

“ဟုတ္တယ္ေလ။ ငါ မင္းေခါင္းေပၚက ဘုသီးႀကီးကို ျမင္သားပဲ”

“…”

စုလုရီက သူ႕လက္ကို ေထာက္ထားလိုက္ၿပီး ...

“မင္းက ငါ မင္းကိုေတာင္းဆိုတာကိုလိုခ်င္တာလား”

ငါးမိနစ္အၾကာ ...

ႏွစ္ေယာက္လုံးက ေရခ်ိဳးခန္းထဲတြင္ မတ္တပ္ရပ္ေနၾကသည္။

ေလထုထဲတြင္ ဂႏၶမာပန္းအဆီနံ႕က ပ်ံ့လြင့္ေနေလၿပီး အဲ့တာက အနည္းငယ္ ေညွာ္နံ႕နံေလသည္။ စုခ်ီက ငုံ႕လိုက္ကာ စုလုရီရဲ႕ဆံပင္ေတြကို ဆြဲလိုက္ၿပီး ဂႏၶမာပန္းအဆီကို လိမ္းေပးလိုက္သည္။ ညိုညစ္ညစ္အရည္ေတြက ဆံပင္ၾကားထဲ စိမ့္ဝင္သြားၿပီး သူ႕လက္နဲ႕ လက္သည္းေတြၾကားထဲလည္း စီးက်သြား၏။ သူ႕လက္တစ္ခုလုံး အဲ့တာအနံ႕နဲ႕ ျပည့္ေနေလသည္။

စုလုရီက စုခ်ီ သူ႕ေခါင္းထိပ္ကို အတင္းဖိေနတာကို ခံစားမိေတာ့ ...

“နာတယ္ ...အစ္ကိုႀကီး.. ညင္ညင္သာသာေလး လုပ္ပါ၊ သာသာေလး...”

“ငါ ညင္ညင္သာသာေလး မလုပ္တတ္ဘူး”

“အဲ့တာဆိုလည္း တစ္ခါေလာက္ ေလနဲ႕မႈတ္ေပးစမ္းပါ”

ေရခ်ိဳးခန္းထဲက အသံေတြက အလႊာေတြၾကားပဲတင့္သံထပ္ေနၿပီး စုခ်ီကေတာ့ သူ႕ေအာ္သံေတြေၾကာင့္ ေခါင္းကိုက္ခ်င္သလိုလို ျဖစ္သြားသည္။သူက ခပ္ျမန္ျမန္ပဲ ေခါင္းထိပ္ေလးကို မႈတ္ေပးလိုက္၏။

တကယ္ကို ခဏေလးပါပဲ...ေလကလည္း အဲ့ေလာက္ အားမမ်ားေပ။

ဆံပင္ေလးႏွစ္ေခ်ာင္းက သူကိုေလမႈတ္ေပးလို႔ ေက်းဇူးတင္ေနသလိုမ်ိဳး ေသးေသးေလးေထာင္လာေလသည္။

စုခ်ီ သူ႕ စိတ္ထဲေတြးလိုက္သည္။ ဆံပင္ကေတာင္ ပိုင္ရွင္ထက္ ပိုယဥ္ေက်းေသးတယ္။

စုလုရီက တစ္ခုခုကို ခံစားမိသြားကာ ...

“ဘာလို႔ ငါ့ေခါင္းက က်ဥ္လာတယ္လို႔ ခံစားရတာလဲ။ မင္း ငါ့ကို အေတြးေတြထဲမွာ ေနာက္တစ္ႀကိမ္ အနိုင္က်င့္ေနျပန္ၿပီမလား”

ေဆးလိမ္းေပးေနတဲ့ စုခ်ီရဲ႕လက္ေတြကို အားနည္းနည္း ထပ္ထည့္လိုက္သည္။

“အာ့၊ နာတယ္”

“ေနာက္ထပ္ မက်ဥ္ေတာ့ဘူးေလ”

ေဆးလိမ္းေပးတာက အမွိုက္ပုံကို ရွင္းေပးလိုက္သလိုပင္။ သူတို႔ရဲ႕ညီအစ္ကို ခ်စ္ျခင္းက ထူးျခားေလသည္။ စုလုရီက သူ႕ ႏွလုံးသားထဲက စိတ္မေကာင္းျခင္းမ်ားစြာနဲ႕ ေခါင္းစဥ္ေျပာင္းလိုက္သည္။

“အစ္ကိုႀကီး၊ ငါ လူေတြနဲ႕ ဆက္ဆံရာမွာ ေတာ္ေတာ္ညံ့လား”

စုခ်ီက လုံးဝ မပါးနပ္ေပ။

“ဟုတ္တယ္”

စုလုရီက အနည္းငယ္ နင္သြားေလသည္။ ၿပီးတာနဲ႕ သူက စိတ္မေကာင္းစြာ ေျပာလိုက္သည္။

“သူငယ္ခ်င္းေလး တစ္ေယာက္၊ ႏွစ္ေယာက္ေလာက္ေတာ့ရွိမွာပါ၊ ဟုတ္တယ္မလား”

သူက ရက္စက္တဲ့ ဗိီလိန္ႀကီးဆိုရင္ေတာင္မွ သူမွာလည္း သူ႕လို ရပ္စက္တဲ့ ဗီလိန္ သူငယ္ခ်င္းေတြရွိမွာပဲေလ၊ အာ့ ... စုလုရီက တကယ္ၾကည့္ေကာင္းလွသည္။ သူ႕ မ်က္ႏွာေလးကို ေထာက္ထားၿပီးေတာ့ ပဲျဖစ္ျဖစ္ သူငယ္ခ်င္း မရွိဘူးဆိုတာ မျဖစ္နိုင္ဘူး။

စုခ်ီ ; “မင္း ဖားေတြကို ဘယ္လိုေခၚလည္း သိလား”

စုလုရီ ; “....”

ဟုတ္ၿပီ၊ သူသိသြားၿပီ..အထီးက်န္သမားေလးတဲ့
.

ေနာက္တစ္ေန႕ စုလုရီ အိပ္ရာနိုးေတာ့ သူ႕လက္က ဒဏ္ရာေတြက မေန႕ကထက္ ပိုဆိုးလာတာကို သိလိုက္သည္။ အဲ့တာက နည္းနည္းေတာင္ ျပန႔္လာသလိုပင္။

သူ မနက္စာ စားဖို႔ ေအာက္ဆင္းသြားခ်ိန္မွာေတာ့ စုက်စ္ထုံနဲ႕ စုခ်ီက ကုမၸဏီကို သြားၿပီျဖစ္သည္။ ယုရွင္းရန္တစ္ေယာက္ထဲသာ အဲ့မွာရွိေနၿပီး ငါးဆန္ျပဳတ္ပန္းကန္ကို ကိုင္ကာ ေသခ်ာေလးခ်ထားလိုက္သည္။

“ေရွာင္ရီ၊ ငါးဆန္ျပဳတ္ေလး နည္းနည္းေလာက္ေသာက္လိုက္ပါအုန္း။ မင္း မေန႕တုန္းက ေခါင္းခိုက္မိထားတယ္ေလ၊ အဲ့တာက သက္သာေစလိမ့္မယ္“

စုလုရီက သူေရွ႕က ငါးဆန္ျပဳတ္အိုးအႀကီးႀကီးကိုၾကည့္ၿပီး အခ်ိန္အၾကာႀကီး ဆြံ႕အသြားေလ၏။

ငါးက ဦးေႏွာက္အတြက္ အေထာက္အကူျပဳတာမဟုတ္လား။ သူမက ငါ ဦးေႏွာက္ပ်က္သြားတယ္လို႔ ထင္ေနတာလား။

“အေမ၊ ကြၽန္ေတာ္ ဒီေလာက္အမ်ားႀကီး မစားနိုင္ဘူးေလ”

“မင္း ဆန္ျပဳတ္နည္းနည္းေလးပဲ စားၿပီး အိုးထဲက ငါးဖတ္ေတြကိုေတာ့ အကုန္စားရမယ္“

စုလုရီ ရႈံ႕မဲ့ကာ ေခါင္းကို ေမာ့လိုက္သည္ : အဲ့တာက တစ္အိုးလုံးပဲေလ ...

အိုးတစ္ဝက္စာေလာက္ ငါးဖတ္ေတြကို စားၿပီးေနာက္ ယုရွင္းရန္က အလုပ္သမားကို ေခၚကာ သူ႕ကို ေဆးလိမ္းေပးခိုင္းလိုက္သည္။ သူက စုလုရီရဲ႕ေခါင္းေသးေသးေလးကို ကိုင္ၿပီး သက္ျပင္းခ်လိဳက္၏။

“ေတာ္ေသးတာေပါ့၊ မင္းမွာ ဆံပင္ထူထူရွိၿပီး ဘုသီးေလးကို ကြယ္ထားနိုင္လို႔။ မဟုတ္ရင္ မင္း ပါတီပြဲသြားတဲ့အခါက်ရင္ ဒီအေျခအေနက ဘယ္လို ျပန႔္သြားမယ္ဆိုတာ သိမွာ မဟုတ္ဘူး”

စုလုရီက စပ္စုလိုက္သည္။

“ဘယ္လို ေကာလဟာလမ်ိဳး ျဖစ္ေလာက္လဲ”

ယုရွင္းရန္ရဲ႕မ်က္လုံးက သူ႕ကိုၾကည့္လာၿပီး ...

“အဲ့တာက ရွင္းပါတယ္။ သူတို႔က မင္းက စုမိသားစုမွာ အပယ္ခံျဖစ္ေနၿပီး စုမိသားစုက မင္းကို ႏွိပ္စက္တယ္၊ မင္းရဲ႕ညီအစ္ကိုေတြနဲ႕ ဆက္ဆံေရး ဆိုးဝါးၿပီး မင္းက ကေလးဆိုးေလး ျဖစ္တယ္လို႔ ေျပာလိမ့္မယ္”

စုလုရီက နာနာခံခံပဲ နားေထာင္ကာ သူ႕စိတ္ထဲေျပာလိုက္သည္။ ဒုတိယတစ္ခုက အမွန္တရားနဲ႕ေတာ္ေတာ္ေလးနီစပ္တာပဲ။

ယုရွင္းရန္က အဲ့တာကို ေျပာလိုက္ရလို႔ ေဒါသထြက္လာခဲ့သည္။

“အဲ့အေၾကာင္း မေျပာၾကရေအာင္။ ဘာပဲျဖစ္ျဖစ္ လူေတြဆိုတာ မ်ိဳးစုံရွိတယ္။ အထက္တန္းလႊာလူတန္းစားက ရႈပ္ေထြးၿပီး အတင္းအဖ်င္းေတြေျပာရတာ သေဘာက်ၾကတယ္။ ညက်ရင္ မင္းအစ္ကိုႀကီး အနားကပ္ေနၿပီး အျခားသူေတြကို မင္းကို အနိုင္က်င့္တာမခံနဲ႕...မွတ္ထား”

စုလုရီက သူမကို စိတ္ခ်ေစရန္ ေျပာလိုက္သည္။

“တကယ္လို႔ ကြၽန္ေတာ္ အိမ္သာသြားရင္ေတာင္ အစ္ကိုႀကီးကို ကြၽန္ေတာ္နဲ႕အတူ ေခၚသြားမယ္”

ယုရွင္းရန္က သူ႕ေခါင္းေလးကို လက္နဲ႕ရိုက္လိုက္သည္။

“အဲ့လိုမ်ိဳး မဟုတ္ဘူးေလ”

“…”

ညစာစားခ်ိန္နီးလာတဲ့အခါမွာေတာ့ စုခ်ီ ျပန္လာခဲ့သည္။ စုလုရီက အေပၚထပ္ကို ျမန္ျမန္တက္သြားၿပီး ေနာက္တစ္ခါ ေရခ်ိဳးကာ ဂႏၶမာပန္းအဆီနံ႕ကိုေပ်ာက္ေအာင္လုပ္ၿပီး အကၤ်ီလဲလိုက္သည္။

ယုရွင္းယန္က စုခ်ီကို ဧည့္ခန္းထဲမွာထိုင္ၿပီး အေသးစိတ္ ၫႊန္ၾကားေနေလသည္။ ေလွကားက အသံၾကားေတာ့ သူက ေခါင္းကို လွည့္ကာ မ်က္လုံးေတြက ျမင့္တက္သြားရ၏။

စုလုရီမွာ ေကာင္းမြန္တဲ့ပုံစံေလး ရွိသည္။ သူ‌ ေျခေထာက္ေတြက ရွည္လ်ားသြယ္လ်ေနသည္။မီးခိုးေရာင္းေဖ်ာ့ေဖ်ာ့ေဘာင္းဘီက သူ႕တင္ပါနဲ႕ေျခေထာက္ေတြရဲ႕ေကာက္ေၾကာင္းကို ေကာင္းစြာေဖာ္ျပထားေလသည္။ ရွပ္အကၤ်ီေအာက္က သူ႕ခါးက ေသးသြယ္ေပမယ့္ ခ်ိနဲ႕ ေနတာေတာ့ မဟုတ္ေပ။မင္း ကိုင္စရာမလိုဘဲနဲ႕ေတာင္ အဲ့တာက လွပေကာင္းမြန္တဲ့ခါးမွန္း သိနိုင္သည္။ ခါးလွမွန္းသိရဖို႔ ဆုပ္ကိုင္စရာ မလိုအပ္ေပ။

သူက ေလွကားကေန ဆင္းလာခဲ့သည္။ သူ႕ ဆံပင္ေတြက နက္ေမွာင္ေနၿပီး ႏႈတ္ခမ္းေတြကလည္း နီရဲေနေလသည္။ သူမွာ လွပေက်ာ့ရွင္းျခင္းေတြအျပည့္ပဲျဖစ္သည္။

နာမည္ႀကီးမိသားစုက ျမင့္ျမတ္တဲ့ေတာ္ဝင္ေတြကို ပ္်ဳးေထာင္ေပးတယ္ဆိုရင္ စုလုရီက ေကာင္းေကာင္းမြန္မြန္ေလး ပ်ိဳးေထာင္ခံခဲ့ရသည္။

“အဲ့တစ္ခုက အရမ္းၾကည့္ေကာင္းတာပဲ”

ယုရွင္းရန္က သူ႕ကို လက္ယက္ေခၚကာ စုခ်ီနဲ႕အတူရပ္ခိုင္းထားလိုက္သည္။

“ငါ့မွာ ေတာ္ေတာ္ေလး ေကာင္းမြန္တဲ့အျမင္ရွိတာပဲ။ ဒီႏွစ္ခုက ညီအစ္ကိုေတြနဲ႕ တူတယ္”

စုခ်ီရဲ႕ဝတ္စုံက မီးခိုးနက္နက္ျဖစ္ၿပီး တည္ၿငိမ္တဲ့ ေလထုနဲ႕ အရမ္းႀကီးလည္း မွိုင္းမေနေပ။ သူကအရပ္ရွည္တာေၾကာင့္ အခုလို ဝတ္စုံနဲ႕ဆို သူ႕အရွိန္အဝါက ႀကီးမားလွသည္။ သူ သြားတဲ့ေနရာတိုင္းက လူတိုင္းကို ဖိအားေပးနိုင္‌ေလသည္။

ယုရွင္းရန္ ၾကည့္ေလေလ၊ ေက်နပ္လာေလျဖစ္သည္။ ဘယ္သူကမွ သူ႕ သားႀကီးရဲ႕အရွိန္အဝါနဲ႕တည္ရွိမႈကို မယွဥ္နိုင္ဘူး။ သူမ ေမြးရက်ိဳး တကယ္နပ္တယ္။

“အေမ၊ ကြၽန္ေတာ္တို႔ သြားေတာ့မယ္”

စုခ်ီက သူ႕လက္ကိုျမႇောက္ကာ အခ်ိန္ကိုၾကည့္လိုက္သည္။

ယုရွင္းယန္က ျပန္ေျပာလိုက္သည္။

“သြား...သြား”

ႏွစ္ေယာက္သားက သီးသန႔္ကားထဲ ဝင္သြားၿပီး အေဝးေျပး လမ္းမေပၚ ေမာင္းထြက္သြားေတာ့သည္။

က်ဥ္းေျမာင္းတဲ့ေနရာထဲမွာ ေလထုက မသက္သာလွေပ။ စုလုရီက မသက္မသာ ျဖစ္ေနတာမို႔ ေကာ္လံကို နည္းနည္းဆြဲခ်လိဳက္သည္။ ကားရဲ႕ပုံရိပ္က ျပတင္းေပါက္မွန္မွာ ထင္ေနၿပီး သူ႕အၾကည့္ေတြကလည္း စုခ်ီရဲ႕ လက္ေကာက္ဝက္မွာ ေက်ာက္ခ်ေနေလသည္။

Blancpain နာရီ၊ နီလာနဲ႕ လုပ္ထားတဲ့မွန္၊ ခရစ္စတယ္နဲ႕ လုပ္ထားတဲ့ မွန္ဘီလူး၊ နီေ႐ႊေရာင္မွန္ေဘာင္၊ ခမ္းနားၿပီး ႀကီးက်ယ္လွသည္။ သူနဲ႕ေတာ္ေတာ္ေလးလိုက္တယ္။

“ႀကိဳက္လား”

“ဘာကိုလဲ”

စုလုရီက လွည့္ကာ စုခ်ီ သူ႕လက္ေကာက္ဝတ္ကိုျမႇောက္ျပတာကို ၾကည့္လိုက္သည္။ သူက တကယ္စိတ္ပ်က္စရာေကာင္းတာပဲ။ စုခ်ီရဲ႕အျမင္က အဲ့ေလာက္ စူးရွလိမ့္မယ္လို႔ သူ မထင္ထားေပ။

“မဟုတ္ပါဘူး၊ အစ္ကိုႀကီးက အဲ့လိုေတြ ဝတ္တာနဲ႕လိုက္တယ္လို႔ ေတြးေန႐ုံပါ”

စုခ်ီက ရယ္လိုက္ကာ ...

“ဘယ္လိုဟာေတြလဲ”

စုလုရီ ; “ေဈးႀကီးတာေတြ”

“…”

စုခ်ီတစ္ေယာက္ နဖူးေတြ တြန႔္က်ိဳးသြားသည္။

“俗”

{TN _ 俗 အဲ့တာက ေက်ာ္ၾကားတယ္ ႀကီးက်ယ္တယ္ဆိုတဲ့အဓိပၸါယ္ပါ၊ e tran မွာ အဲ့အတိုင္းေရးထားလို႔ အဲ့အတိုင္းေရးလိုက္တာပါ}
.

ပါတီက ေကာ့ေတးပါတီနဲ႕ ခပ္ဆင္ဆင္ျဖစ္ၿပီး ညေျခာက္နာရီမွာ စမွာျဖစ္သည္။ သူတို႔ပြဲကိုေရာက္ေတာ့ မစခင္ ဆယ္မိနစ္ အလိုေလာက္ျဖစ္ကာ အျခားဧည့္သည္ေတြလည္း အခုမွ လာၾကတုန္းျဖစ္သည္။

စုခ်ီနဲ႕ စုလုရီ ကားထဲက ထြက္လိုက္တာနဲ႕ ပတ္ဝန္းက်င္က ရွစ္ဆေလာက္ တိတ္သြားသလိုပင္။

အမ်ိဳးမ်ိဳးေသာ အၾကည့္ေတြက သူတို႔ကို ၾကည့္ေနေလသည္။ အံ့ဩျခင္းေတြ စပ္စုျခင္းေတြ မထီမဲ့ျမင္ျပဳတဲ့ အၾကည့္ေတြနဲ႕ တြန႔္ဆုတ္ေနတဲ့အၾကည့္ေတြ...

စုခ်ီရဲ႕မ်က္ႏွာကေတာ့ သူ႕ေဘးက လူေတြနဲ႕ ဘာကိစၥမွမရွိသလို မေျပာင္းလဲေပ။

စုလုရီရဲ႕အမူအရာလည္း မေျပာင္းလဲေပ။ အဆုံးမွာေတာ့ အၾကည့္ေတြ အကုန္လုံးက သူ႕ကို ဦးတည္ေနတာပဲေလ။

အဲ့တာ မူလပိုင္ရွင္ေၾကာင့္ပဲေလ သူက ဘာလို႔ ဂ႐ုစိုက္ရမွာလဲ။

အခုခ်ိန္မွာ စုခ်ီက တကယ္ေကာင္းတဲ့သူဆိုတာ သိနိုင္သည္။ သူက သူ႕ (စုလုရီ) ကို မေက်နပ္ေပမယ့္ သူ႕ကို ဒီလို အေျခအေနႀကီးမွာေတာ့ တစ္ေယာက္တည္း ထားမသြားဘူးေလ။

စုလုရီက စုခ်ီရဲ႕အျပဴအမူေတြကို ခြင့္လႊတ္ေပးဖို႔ဆုံးျဖတ္လိုက္သည္။

သူက စုခ်ီကို တိုးတိုးေလး ေျပာလိုက္သည္။

“ဒီလို ခက္ခဲတဲ့ စမ္းသပ္မႈေတြကို ငါတို႔အတူတူျဖတ္သန္းမယ္လို႔ ေမွ်ာ္လင့္ပါတယ္”

စုခ်ီကလည္း သူ႕လိုမ်ိဳး အသံတိုးတိုးေလးနဲ႕ ျပန္ေျပာလာသည္။

“အခုလို ကေမာက္ကမေတြ ျဖစ္ေအာင္လုပ္တာ မင္းေလ”

“…”

ခန္းမထဲ ဝင္လိုက္တာနဲ႕ ႀကိဳဆိုေရးဝန္ထမ္းေတြက သူတို႔ကို ဖိတ္စာျပခိုင္းေလသည္။ စုခ်ီက လွည့္လိုက္ၿပီး စုလုရီကို ေျပာလိုက္သည္။

“ေနရာတစ္ေနရာရွာၿပီး အရင္ထိုင္ေနလိုက္။ ငါတစ္ေယာက္ေယာက္နဲ႕ စကားေျပာစရာရွိေသးလို႔ ပါတီ မစခင္ ျပန္လာခဲ့မယ္”

သူေျပာၿပီးတာနဲ႕ သူက တစ္ခုခုကို အမွတ္ရသြားကာ စိတ္ဆင္းရဲေနတဲ့ အမူအရာနဲ႕ ေျပာလိုက္သည္။

“အရင္တစ္ေခါက္ကလို ေလွ်ာက္မလုပ္နဲ႕ေတာ့ေနာ္၊ နားလည္လား”

စုလုရီကေတာ့ ဘာမွ နားမလည္ေတာ့ေပ...ဘာႀကီးတုန္း ...

စုခ်ီက ေျပာၿပီးတာနဲ႕ ထြက္သြားေတာ့သည္။ စုလုရီက တစ္ေယာက္ထဲ ရႈပ္ေထြးစြာနဲ႕ ပြဲထဲ ဝင္သြားကာ ဘယ္သူမွ မထိုင္တဲ့ ေနရာကို ရွာေတြ႕သြား၏။ အဲ့တာ စာအုပ္ထဲမွာ မပါတဲ့ အေၾကာင္းအရာပဲ ျဖစ္လိမ့္မယ္။ ခဏေလာက္ ထိုင္ေနၿပီးေနာက္ စုလုရီ သူ႕ေနာက္က တီးတိုးေျပာသံ ၾကားလိုက္ရသည္။

“အဲ့တာ စုမိသားစုက အေယာင္ေဆာင္ေကာင္မဟုတ္ဘူးလား။ သူက ဘာလို႔ ဒီမွာရွိေနတာလဲ”

“ေတာ္ေတာ္ အရည္ထူတာပဲ။ အရင္ တစ္ေခါက္တုန္းက သူက ဖန္မိသားစုရဲ႕သခင္ေလးဆီ ေျပးဝင္သြားၿပီး သူ႕ကိုယ္သူ ဝိုင္နဲ႕ ေလာင္းလိုက္ေလ။ သခင္ေလးက သူ႕ကို လ်စ္လ်ဴရႈတာနဲ႕ သူက ေနာက္ထပ္ ဒုတိယ သခင္ငယ္ေလးဆီ ေျပးဝင္ၿပီ ျဖားေယာင္းဖို႔ ႀကံစည္ပါေလေရာ”


စုလုရီ ; " ... "

မျဖစ္နိုင္ဘူး။ သူမွာ ကိုယ္လုပ္ေတာ္ ႏွစ္ေယာက္ရွိၿပီး သူ႕ ေက်ာေပၚမွာ ေလးလံတဲ့ အခ်စ္အေႂကြးေတြကိုမ်ား သယ္ေဆာင္ထားသလား။

“အို၊ အဲ့တာၿပီးတာနဲ႕ သူက သခင္ေလး ကု၊ ဒုတိယသခင္ေလး ဆန္း၊ ဒုတိယ သခင္ေလး ေက်ာက္ နဲ႕ေနာက္ထပ္ သခင္ေလး သုံး၊ ေလးေယာက္ပဲ...အဲ့တာက ခန္းမ အျပည့္နီးပါပဲ”

စုလုရီ...သူ လြန္ကဲစြာ ေတြးလိုက္မိသည္။ အဲ့တာက ေႂကြသားဘုရင္ ျဖစ္ရျခင္း အေၾကာင္းေပါ့ ...

“ဟ…အံ့ဩစရာပဲ။ ၿမိဳ႕ပတ္ရထား ေရွာင္းေဟာ္ခ်ီ”

“ဟုတ္တယ္။ ဖန္မိသားစုေရာ၊ ေက်ာက္မိသားစုေရာ၊ ဆန္းမိသားစုပါ ဒီကိုလာၾကမွာတဲ့။ ေရွာင္းေဟာ္ခ်ီ အျခားသူေတြနဲ႕ဘယ္လိုခ်ိတ္မလဲဆိုတာျမင္ရဖို႔ မေစာင့္နိုင္ေတာ့ဘူး”

စုလုရီ : " ... "

——

စုလုရီ : ဖိတ္ၾကားမႈတြက္ေက်းဇူးတင္ပါတယ္။ အိမ္က ကြၽန္ေတာ္ ခံစားဖို႔ လုံေလာက္ေနပါၿပီ။

စုခ်ီ : ဟီးဟီး ...
_____

Footnotes:

ၾကာပန္းျဖဴ - အျပင္ပန္းမွာျဖဴစင္ၿပီး အတြင္းစိတ္ထဲတြင္ ဆန႔္က်င္ဘက္ျဖစ္ေနေသာသူ

Continue Reading

You'll Also Like

325K 19.7K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
461K 9.4K 9
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
211K 17.6K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...